ABC
မြန်မာစစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းတိုင်းမှူးကနေ လက်ဂျားယန်လမ်းတလျှောက်မှာရှိတဲ့ ကချင်လွတ်မြောက်ရေး (KIA) တပ်စ ခန်းတွေ ဖယ် ပေးပို့ စာပေးပို့ခဲ့ပြီးနောက်ပိုင်း လက်နက်ကြီးတွေနဲ့ ရက်ဆက်ဆိုသလိုပစ်ခတ်ခဲ့ရာက ဒီဇင်ဘာ ၂၇ရက်နေ့မှာ ဒေသခံရွာသားတွေ ထိ ခိုက် ဒဏ်ရာရရှိခဲ့ပြီး ၂ဦးသေဆုံးသွားတယ်လို့ ကျောင်းသား တပ်မတော်က ပြောပါတယ်။
အစိုးရတပ်ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေ မုန်းလဲချောင်းဘေးမှာ ဖရဲခြံတွေ၊ စိုက်ခင်းတွေ လုပ်ကိုင်နေတဲ့ ဒေသခံရွာသားတွေ ထိ မှန် ခဲ့ပြီး သေဆုံးတာတွေလည်း ရှိတယ်လို့ ကျောင်းသားတပ်မတော် မြောက်ပိုင်းတာဝန်ခံ ဦးလှဆိုင်းက ပြောပါတယ်။
“၂၅ရက်နေ့ကတည်းက ပစ်နေတာ တောက်လျှောက်ပစ်နေတာ၊ လက်နက်ကြီးတွေနဲ့ပဲ ကျနော်တို့ ကျောင်း သားတွေ နေရာယူထားတဲ့ လ ဂျားယန်တ၀ိုက်ကို ဒီမနက်ပိုင်းတော့ ဟန်းကိုင်ကနေပစ်တဲ့ လက်နက်ကြီးက မုန်းလဲ ချောင်း ဘေးနားမှာ ဖရဲခြံလုပ်တဲ့ရွာသားတွေကို လာထိ တယ်၊ အဲမှာ ရွာသား ၅ယောက် ဒဏ်ရာရတယ်၊ အဖိုးကြီး တယောက်က ပွဲချင်းပြီး၊ အ မျိုးသမီးတယောက်က ဆေးရုံရောက်တဲ့အခါမှာ သေ သွားတယ်၊ ကျန်တဲ့၃ ယောက်ကတော့ လိုင်ဇာပြည်သူ့ဆေးရုံမှာပဲ ဆေးကုသခံ ယူနေတယ်၊ အဲဒီဆုံးသွားတဲ့အမျိုးသမီးတယောက်နဲ့ အ ဘိုး ကြီးတယောက်ကတော့ ဒဏ်ရာတော်တော်ပြင်းလို့။”
ဒီလိုအဆက်မပြတ်ပစ်ခတ်မှုတွေကြောင့် မုန်းလဲချောင်းဘေးက ရွာသားတွေဟာ ဒုက္ခသည်ခစန်းဘက်ကို ထွက်ပြေးလာနေတယ်လို့ ဦး လှ ဆိုင်းက ဆက်ပြောပါတယ်။
“မုန်းလဲချောင်းဘက်မှာ သွားလုပ်တဲ့သူတွေ အကုန်ပြန်ပြေးလာကြတယ်၊ ကိုယ့်ရဲ့အလုပ်တွေ အ ကုန်ပစ်ထားပြီးမှ တချို့ကတော့ အပြီးအပိုင် စစ်ပြေးဒုက္ခသည်စခန်းထဲကို ထွက်ပြေးတယ်၊ တချို့ကတော့ ဒီလိုင်ဇာထဲကို ထွက်ပြေး တယ်၊ အဲဒါမျိုးတွေ့ရတယ်၊ အများကြီးပေါ့ ဒီနေ့ပြန် ပြေးလာတာ၊ ရွာတွေမှာပဲ သွားကျတာကို လက်နက်ကြီးပစ်တာ။”
ကချင်စစ်တပ်ရဲ့ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာအနီးကို မြန်မာတပ်တွေ ချည်းကပ်လာနေပြီး တိုက်ပွဲတွေကြီးလာနိုင်တဲ့အတွက် ရွာသူရွာသား တွေနဲ့ ဒုက္ခသည်စခန်းမှာနေထိုင်တဲ့သူတွေကိုစခန်းပြင်မထွက်ကြဖို့ ကချင်တပ်က သတိပေးထားပါတယ်။ လောလောဆယ်မှာတော့ တက်လာတဲ့ မြန်မာ စစ်ကြောင်းတွေဟာ ကချင်KIA က ထောင်ထားတဲ့ မိုင်းတွေကြောင့် နောက်ပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။
အစိုးရတပ်ကနေ့စဉ်ရက်ဆက် လက်နက်ကြီးတွေပစ်နေသလို ဒေါ့ဖုန်းယန်၊ ဂန်ဒေါင်ယန်၊ ရှဒါန်ပါဘက်မှာ တပ်အင်အားတွေအများကြီး ဖြည့် ထားပြီး လက်ရှိအခြေအနေအရ လိုင်ဇာအနီးတ၀ိုက်မှာ တပ်ရင်း ၁၂ရင်း၊ ဗျူဟာ ၃ခုလှုပ်ရှားနေတဲ့အတွက် နှစ်ဘက်ကြားမှာတိုက် ပွဲတွေ ဟာ ဒီထက်ပိုပြီးပြင်းထန်လာ နိုင် တယ်လို့ ပြောခဲ့တဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
2 comments:
အရပ်သားဆိုတာလာမပြောနဲ့လေ မင်းတို့ KIA ဒေသမှာအရပ်သားဆိုတာတွေကို ဆက်လက်နေထိုင်ခြင်းမပြုပဲ ရှောင်နေဖို့ မင်းတို့တစ်နယ်လုံးကို အစိုးရကကြေညာပြီးမှ တိုက်တာပါကွ အရပ်သားဆိုတာမရှိဘူး အစိုးရအမိန့်မနာခံရင် သူပုန်ပဲကွ သေပစေပေါ့ ဘာဖြစ်လဲ
ကေအိုင်အေ အောင်ပွဲခံပါစေ။ ပြည်သူလူထု ပေါ် ရက်စက်တဲ့ တပ်မတော် ကျဆုံးပါစေ။
Post a Comment