Friday, December 28, 2012

သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ သစ်တောရုံးအား အမည်မသိအဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ရာ သစ်တောဦးစီးမှူး ဒဏ်ရာရရှိသဖြင့် လားရှိုးဆေး ရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက် က ဆိုပါသည်။

“ ဒီမနက် ၂ နာရီမှာ ဖြစ်တာ။ သစ်တောရုံးထဲကို လက်ပစ်ဗုံး တလုံးပစ်ဝင်တယ်။ ဦးစီးမှူးရဲ့ ဗင်ကား ပေါ်ကျတယ်။ ရုံးမှာ အိပ်တဲ့ ဦးစီးမှူး ဦးလှမြင့်ဦး ဒဏ်ရာရတယ်။ အဲဒါ ဒီနေ့ လားရှိုးဆေးရုံကိုပို့လိုက် ရတယ်” ဟု နီးစပ်သည့် လားရှိုးဒေသခံတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

သိန္နီမြို့အထွက် ကွတ်ခိုင်အသွားလမ်း အေးရှားဝေါလ်ဂိတ်အလွန်ရှိ သစ်တောရုံးဝင်းအတွင်းသို့ အမည် မသိလူတစုက ဒီဇင်ဘာ ၂၇ ရက် မနက် ၂ နာရီက လက်ပစ်ဗုံး ပစ်သွင်းခဲ့ခြင်းဖြစ်သည်။ လက်သည်မှာ မည်သူမှန်း မသိသော်လည်း KIA ၏လက်ချက်ဖြစ်သည်ဟု အစိုးရဝန်ထမ်းများက ပြောဆိုခဲ့ကြသည်။

အခုပစ်တဲ့ ဗုံးက လက်လုပ်ဗုံးဘဲဗျ။ KIA ဆိုရင် အဲသလောက်အားပျော့တဲ့ဗုံး သုံးမှာမဟုတ်ဘူး” ဟု ၎င်းက သုံးသပ်ပြောဆိုပါသည်။

သစ်တောရုံးသည် ၂ ထပ်ဆောင် ပျဉ်ထောင်အဆောက်အဦးဖြစ်ပြီး ထိုရုံး၌ လူ ၄-၅ ဦးထက်မနည်း ရှိနေတတ်သည်ဟုလည်းဆိုပါသည်။

ဗုံးကြောင့် သစ်တောဦးစီးမှူး ၏ ဗင်ကား ပျက်စီးကာ ရုံးဆောင်တချို့တဝက် ကိုပါထိမှန်ကြောင်း မျက်မြင်သက်သေများကပြောပါသည်။

သိန္နီမြို့ မြို့နယ်သစ်တောရုံးသည် လားရှိုး - မူစယ် လမ်းမှပေါ် (သိန္နီမြို့မှ ကွတ်ခိုင်မြို့သို့အထွက်) ကွန်လုံလမ်းခွဲ နှင့် ၄ ဖာလုံခန့်သာ ဝေးပါသည်။

No comments: