Friday, December 28, 2012

စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦး SSPP/SSA အကြီးအကဲများအား ဝမ့်ဟိုင်း၌ သွားရောက်တွေ့ဆုံ

သျှမ်းသံတော်ဆင့်

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စိန်ကျော့ပြည်သူ့စစ် အကြီးအကဲနှစ်ဦး သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းသို့ သွားရောက်ကာ နာ ယကကြီး ဒု - ဗိုလ်ချုပ်ကြီး ဆေထဲန်အား ဂါရ၀ ပြုခဲ့ကြကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်း ရပ်ကွက်ကဆိုပါသည်။

“ ၂၆ ရက်နေ့တုန်းကပေါ့ စိန်ကျော့ဌာနေပြည်သူ့စစ်ခေါင်းဆောင် စဝ်လွယ်မောဝ်နဲ့ စဝ်ကိုင်ဖှတို့ ဝမ့်ဟိုင်းကိုရောက်လာ တယ်။ နာယကကြီးနဲ့ ဂါရ၀ပြုဖို့လာတယ်။ စဝ်ပန်ဖှကိုလည်း နှစ်သစ်ကူး နှုတ်ဆက်ဖို့လို့ပြောတယ်။ အသေးစိတ်ဘာတွေ ဆွေးနွေး သွားခဲ့သလဲတော့ မသိရဘူး။ ဝမ့်ဟိုင်းမှာ တညအိပ်တယ်” - ဟု SSPP/SSA နှင့်နီးစပ်သူတဦးက ပြောပြသည်။

စိန်ကျော့ဌာနေပြည်သူ့စစ်အကြီးအကဲနှစ်ဦးဖြစ်သော ဒု- ဗိုလ်ချုပ်ကြီး လွယ်မောဝ် နှင့် ဒု- ဗိုလ်ချုပ်ကြီး ကိုင်ဖှတို့ ဒီဇင်ဘာလ ၂၆ ရက် မွန်း လွဲပိုင်း က ဝမ့်ဟိုင်းဌာနချုပ်သို့ ရောက်ရှိကာ SSPP/SSA နာယကကြီး ဒု- ဗိုလ်ချုပ်ကြီးဆေထဲန် အားတွေ့ဆုံဂါရ၀ ပြုခဲ့ ကြောင်း ဒု- ဗိုလ်ချုပ် ကြီးဆေထဲန် SSPP/SSA ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီး ပန်ဖှ တို့က ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း အမည်မဖေါ်လို သည့် ဝမ့်ဟိုင်းအရာရှိတဦးက ပြောပြသည်။

လုံခြုံရေး ၈ ဦး ကား ၂ စီး နှင့်အတူ ဝမ့်ဟိုင်းသို့ရောက်ရှိလာသော စိန်ကျော့ဌာနေပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးအား ဗိုလ်ချုပ်ခေးတိုင်း၊ ဗိုလ် မှူးကြီး ခွန်ဆိုင်၊ ဗိုလ်မှူးကြီး ဆေအွန်၊ ဗိုလ်မှူးကြီးဆိုင်မိန်း၊ ဗိုလ်မှူးကြီးသျှံမိန်း တို့က ကြိုဆိုခဲ့ကြောင်း၊ စိန်ကျော့အကြီးအကဲတို့ ဝမ့်ဟိုင်း၌ ည အိပ်ရပ်နားခဲ့ကြောင်း ဆိုပါသည်။

၂၇ ရက်မနက်ပိုင်းတွင် ကွန်ဟိန်းမြို့နယ် ကာလိအခြေစိုက် ဦးလောင်ကွန်း ဦးဆောင်သည့် ဌာနေပြည်သူ့စစ် အမှတ် ၃ ( SSA -N တပ်မဟာ ၇ ဟောင်း ) သို့ ဆက်လက် ခရီးဆက်သွားကြောင်း ၎င်းက ပြောပြသည်။

၂၀၁၀ ဧပြီလက SSA-N (ဥက္ကဌ) ဗိုလ်ချုပ် လွယ်မောင်း နှင့် (ဒုဥက္ကဌ) ဗိုလ်ချုပ်ကိုင်ဖှတို့ ပြည် သူ့စစ် အသွင်ပြောင်းပြီး နောက်စိန်ကျော့ဌာ နချုပ်ကို ဌာနေပြည်သူ့စစ် အမှတ် ၁ ၊ သီပေါမြို့နယ် မိန်းခေး အခြေစိုက် ယခင်တပ် မဟာ ၃ ကို ဦးလှမြင့်ဦးဆောင်သည့် ဌာနေ ပြည် သူ့ စစ် အမှတ် ၂ ၊ ကွန်ဟိန်းမြို့နယ် ကာလိ (လွယ်ဖာ) အခြေစိုက် ယခင်တပ်မဟာ ၇ ကို ဦးလောင်ကွန်း ဦးဆောင်သည့် ဌာနေပြည် သူစစ် အမှတ် ၃ စသဖြင့် အသီးသီးပြောင်းလဲ သတ်မှတ်ခဲ့သည်။

၂၀၁၀ ဒီဇင်ဘာလက သျှမ်းပြည် တပ်မတော်မြောက်ပိုင်း ၀မ့်ဟိုင်းဌာနချုပ်တပ်မဟာ ၁ တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ၂၀၁၁ ဂျန္န ဝါရီလ ၁၅ ရက်နေ့က တပ်ဖွဲ့စည်းမှု ၊ စစ်ဒေသ နှင့် တပ်မဟာများ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ သည်။ ထို့အပြင် ၁၉၉၅ ကတည်းက လုပ်ငန်းလည်ပတ်မှု ရပ်နားခဲ့သော SSPP သျှမ်းပြည်တိုးတက်ရေးပါတီကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌအဖြစ် ဒု ဗိုလ်ချုပ်ကြီး ပန်ဖှ အား တင်မြောက်ခဲ့သည်။

Shan State Progress Party သျှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ သြဂုတ်လ ၁၆ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး ပါတီ၏ ပထမ ဆုံးဥက္ကဌမှာ ဦးခွန်ကြာနု (ခေါ်) စဝ်ဆိုင်စစ် ဖြစ်သည်။ ပါတီဖွဲ့စည်းတည်ထောင်သူတယောက်ဖြစ်သည့် ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်၏သား စဝ်ဇန့် ယောင်ဟွေ့က အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့သည်။ ဒုဥက္ကဌ ၁ မှာ စဝ်ပင်းတိုင်း ဖြစ်ပြီး ဒုဥက္ကဌ ၂ မှာ စဝ်ဆေခန် (ခေါ်) ခွန်အုန်း ဘောင် ဖြစ်သည်။ (ယခုအခါ အဆိုပါ ခေါင်းဆောင် ၄ ဦးစလုံး ကွယ်လွန် ခဲ့ပြီးဖြစ် သည်။) ပါတီ ဦးစီးဦးဆောင်သူ ၅ ယောက်မြောက်ဖြစ် သော (ဥက္ကဌ စဝ်ဆိုင်စစ်၊ ဥက္ကဌ စဝ်ပင်းတိုင်း၊ နောက်ပိုင်း အမြင့်ဆုံးရာထူး အ ထွေ ထွေ တွင်းရေးမှူးချုပ် စဝ်ဆေလင်း၊ စဝ်ဆေနွံ၊ စဝ်စိုင်း လိတ်) စဝ်စိုင်းလိတ်ကွယ်လွန်ချိန် ၁၉၉၅ မှစ၍ သျှမ်းပြည်တိုး တက်ရေးပါတီ လည်း ငုပ်လျှိုးသွားခဲ့ရာ ၂၀၁၁ ဂျန္နဝါရီလမှ ပြန်လည်ဖွဲ့ စည်း ခဲ့ခြင်းဖြစ်ပါသည်။

No comments: