Thursday, December 27, 2012

မြန်မာ့ဥပဒေနှစ်ရပ်ကို ဒီကနေ့မှာ ဆန့်ကျင်ကန့်ကွက် ကြမယ်

ABC

မြန်မာ ​နိုင်ငံရဲ့ ​စီတန်းလှည့်လည်ခွင့်ဥပဒေ( ​ပုဒ်မ ​၁၈)နဲ့ ​နိုင်ငံတော်အကြည်ညိုပျက်စေမှု ​(ပုဒ်မ ​၅၀၅ ​-ခ) ​ဥပဒေတွေကိုရန်ကုန်နဲ့မန္တလေး မြို့ကြီးတွေမှာ ​ဆန်ကျင်ကန့် ​ကွက်သွားမယ်လို့ ​သိရပါတယ်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့သူတွေကို ​-- ​အခုလို ​--ပုဒ်မတွေတပ်ပြီး ​စွဲချက်တင် ​ဖမ်းဆီးတာတွေရှိနေတဲ့အတွက် ​ကုန်ဈေးနှုန်းကျဆင်း ရေး အဖွဲ့က ​ကန့်ကွက်တာ ​ဖြစ်တဲ့အကြောင်း ​အဖွဲ့ ​ခေါင်းဆောင် ​ကိုထင်ကျော်က ​ပြောပါတယ်။

မနက်ဖြန်ကို ​ကျနော်တို့က ​ရန်ကုန်တိုင်းနဲ့ ​မန္တလေးတိုင်းမှာ ​ပုဒ်မ ​၅၀၅(ခ)နဲ့ ​စီတန်းလှည့်လည် ​ပုဒ်မ ​၁၈ကို ​အယုံ ​အကြည်မရှိကြောင်း ​ကျ နော်တို့ ​လက်ကမ်းစာစောင်တွေဖြန့်မယ်၊ ​ဖမ်းဆီးထားတဲ့လူတွေကို ​မတရားဖမ်းဆီး ​တာဖြစ် တဲ့အတွက် ​ချက်ချင်းလွတ်ဆိုတဲ့ ​လက်ကမ်း စာစောင်တွေဖြန့်ဝေမယ်၊ ​စီတန်းလှည့်လည် ​ပုဒ်မ ​၁၈ ​ပုဒ်မ ​၊ ​၅၀၅(ခ)အကြည်ညိုပျက်စေ မှုကို ​ကြက်ခြေခတ်ပြီးမှ ​ကန့်ကွက် ကြောင်း တောင်းဆိုသွားမှာဖြစ်ပါတယ်။ 

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့ ​ပြည်သူတွေကို ​ပုဒ်မတွေတပ်ဖမ်းဆီးပြီး ​ဥပဒေကိုလိုသလိုသုံးနေတဲ့အတွက် ​ကန့်ကွက်တာဖြစ်တယ်လို့ ​ကုန် ဈေးနှုန်းကျဆင်ရေးအဖွဲ့ခေါင်းဆောင် ​ကိုထင်ကျော်က ​အခုလို ​ဆက် ​ပြောပါ ​တယ်။

ဘာကြောင့်ကန့်ကွက်လည်းဆိုရင် ​မူလဖွင့်ဆိုထားတဲ့အထဲမှာ ​၅၀၅(ခ)က ​အာမခံမရှိပါဘူး၊ ​အာမ ခံမပေးရဘူး ​ပြောပြီးတော့ ​အခုကျ တော့ ​၅၀၅(ခ)ကို ​သူတို့အာမခံပေးတယ်၊ ​မပေးချင်တဲ့လူလည်း ​မပေးဘူး၊ ​ဥပဒေကိုလိုသလိုသုံးနေ တဲ့ ​ပုဒ်မတွေကို ​ကျနော်တို့က ​လုံးဝအယုံအ ကြည်မရှိဘူး၊ ​လက်ရှိတာဝန်ယူနေတဲ့ ​အစိုးရကသာလျှင် ​ဥပဒေချိုးဖောက်နေတာဖြစ်တဲ့အ တွက် ​ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ် ပါတယ်။ 

လက်ပန်းတောင်းတောင် ​သံဃာတော်များအကြမ်းဖက်နှိပ်နင်းခံရတာနဲ့ ​ပတ်သက်ပြီး ​၁၂၊ ​၁၂၊၁၂ရက် ​နေ့က ​ဆန္ဒဖော်ထုတ်တဲ့နေရာမှာ ​ပူး ပေါင်းပါဝင်မှုနဲ့ ​ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ​ကိုသိန်းအောင်မြင့်နဲ့ ​ဗကသကျောင်းသားကိုအောင်မှိုင်းဆန်း၊ ​ကိုမင်းနိုင်လွင်၊ ​ကို သန်း ထိုက် တို့ကို ​ဒီပုဒ်မတွေနဲ့ ​ဖမ်းဆီးတရားစွဲခံထားရတာ ​ဖြစ်ပါတယ်။


ဆန္ဒပြမှုမှာ ​ပါဝင်တဲ့ ​မိုးထိမိုးမိရွှေလုပ်သားခေါင်းဆောင်တွေကိုလည်း ​ဒီပုဒ်မတွေနဲ့ ​တရားစွဲထားတာဖြစ်ပြီး ​ဒီကနေ့မှာ ​ရွှေလုပ်သားတွေနဲ့ ​အ မျိုးသားကြီးပွားတိုးတက်ရေးကုမဏီက ​တာဝန်ရှိသူတွေ ​ရမည်းသင်းမှာ ​ဆွေးနွေးဖို့ ​ရှိနေတယ်လို့ ​ဆိုတဲ့အကြောင်း ​ရေဒီယိုသြစတြေး လျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ ​ခဲ့ပါတယ်။

No comments: