Tuesday, December 25, 2012

ခရစ္စမတ်နေ့မှာ အပြီး ဆုတ်ခွာဖို့ မြန်မာစစ်က ကချင်ကို စာပို့ထား

ABC

ကချင်ပြည်နယ်အတွင်းမှာ ​ဖြစ်ပွားနေတဲ့ ​ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ​နဲ့ ​အစိုးရတပ်တွေ ကြား ​တိုက်ပွဲတွေ ​ပိုမိုပြင်းထန်လာ နေ တဲ့အချိန်မှာ ​လက်ဂျားယန်လမ်းတလျှောက်မှာရှိတဲ့ ​KIAတပ်စခန်းတွေအားလုံး ​ဒီဇင်ဘာ ​၂၅ရက် ​ခရစ္စမတ်နေ့​နောက်ဆုံးထားပြီးဆုတ်ခွာပေး ဖို့ ​မြောက်ပိုင်းတိုင်း ​တိုင်းမှူးဗိုလ်မှူးချုပ် ​ထွန်းထွန်းနောင်က ​စာပေး ​ပို့ခဲ့တယ်လို့ ​သိရပါ တယ်။

ဒီရက်ပိုင်းအတွင်း ​ကချင်ပြည်နယ်နေရာ ​အတော်များများမှာ ​တိုက်ပွဲတွေ ​ဖြစ်ပွားလာနေတာဖြစ်ပြီး ​KIA ​ဌာနချုပ် ​လိုင်ဇာကို ​မိုးမောက်-ဒေါ့ ဖုန်း ယန်လမ်းကြောင်း၊ ​နမ့်ဆန်ယန် ​-မြစ်ကြီးနားကားလမ်းကြောင်းနဲ့ ​ရှဒန်ပါ-နားလုံ ​လမ်းကြောင်း ​၃ခုထဲက ​ခုလောလောဆယ် ​ရှ ဒါန်ပါ-နားလုံလမ်းကြောင်းမှာ ​တိုက်ပွဲတွေပြင်းထန်လာနေတဲ့ ​အချိန်လည်းဖြစ်တယ်လို့ ​ပြောပါတယ်။

မြောက်ပိုင်းတိုင်းတိုင်းမှူးက ​ကချင်လွတ်မြောက်ရေးတပ်(KIA)ဆီကို ​ဒီဇင်ဘာ ​၂၃ရက်နေ့စွဲနဲ့ ​ပေးပို့ခဲ့တဲ့စာနဲ့ ​ပတ်သက်ပြီး ​ကျောင်းသား တပ် မတော် ​မြောက်ပိုင်းအလုပ်အဖွဲ့ခေါင်း ​ဆောင်ဦးလှဆိုင်းက ​အခုလိုပြောပါတယ်။

မဟာမိတ်KIA/KIO ​ဆီကို ​ငြိမ်းချမ်းရေးတွေဆုံဆွေးနွေးရေး ​အကျိုးတော်ဆောင် ​ဦးယွမ်ဇော်ခေါင်ကနေ တဆင့် ​တိုင်းမှူးထွန်းထွန်းနောင် က ​လက်ဂျားယန်မှာရှိတဲ့ ​KIAတပ်စခန်းတွေ ​အကုန်လုံး ​၂၅ရက်နောက်ဆုံးထားပြီး ​ဆုတ်ပေးပါပေါ့၊ ​ရာဇသံပေးလာတယ် ​ခရစ်စမတ်ရက် ​နောက် ဆုံးထားပြီး ​အခု ​၂၅ရက်တောင် ​မရောက်သေးဘူး ​၂မိနစ်မှာတလုံး ​လက်နက်ကြီးပစ်နေပြီ ​၁၀၅ ​၊ ​၁၂၀မမတွေနဲ့ ​တဖက်သတ်ဆန် လွန်း တဲ့ ​အပြုအမူပေါ့နော့။ 

မြောက်ပိုင်းတိုင်းတိုင်းမှူးပေးပို့ခဲ့တဲ့စာနဲ့ ​ပတ်သက်ပြီး ​KIOငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ​ဦးဆွမ်လွတ်ဂမ်ကစာပါအကြောင်း အ ရာကို ​ကန့်ကွက်တဲ့အကြောင်း ​ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ​ငန်းကော်မတီ ​ဒုတိယဥက္ကဌ ​ဦးအောင်မင်းထံကို ​ဒီဇင်ဘာ ​၂၄ရက်ရက်စွဲနဲ့ ​အကြောင်းပြန်ကြားခဲ့တယ်လို့ ​ပြော ​ပါတယ်။

ဒီဇင်ဘာ ​၂၃ရက်နေ့က ​KIA ​ရှေ့တန်းပို့တွေဖြစ်တဲ့ ​ကုန်ကိုင်ပို့၊ ​ကုန်ရှောင်ပို့နဲ့ ​ခိုင်မွတ်ခါပို့ကို ​လေယာဉ် တွေကို ​လက်နက်ကြီးတွေအ သုံးပြု တိုက်ခိုက်မှုတွေကြောင့် ​ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမှာ ​ဒီဇင်ဘာ ​၂၄ရက်နေ့ ​နေ့လည် လောက် ကနေ ​လျှပ်စစ်မီးပြတ်တောက်သွား တယ်လို့ ​ကျောင်းသားတပ်မတော် ​မြောက်ပိုင်း ​အ ​လုပ်အဖွဲ့ခေါင်းဆောင် ​ဦးလှဆိုင်းက ​အခု လိုပြောပါတယ်။

မလိရေအားလျှပ်စစ်က ​မြစ်ကြီးနားကို ​မီးပေးတာ ​ဂျာခဘက်မှာရှိတယ်၊ ​အဲဒီဘက်ကိုလည်း ​လက်နက်ကြီးနဲ့ ​အသကုန်ကိုဆော်တာတ နေ ကုန်ပဲ ​အဲဒါနဲ့ ​ထရန်ထဖာ ​ပါဝါတိုင် ​ဓါတ်တိုင်တွေ ​သုံးလေးခု ​ပျက်တယ်လို့ ​ကြားတယ်၊ ​အဲဒါနဲ့ ​နေလည်ကနေစပြီး ​မြစ်ကြီးနား ​မီးမ လာတော့ ဘူးတဲ့၊ ​မီးပျက်သွားပြီတဲ့ ​၊ ​အဲဒါဒီဘက်က ​KIO/ ​KIA ​တွေလုပ်တာမဟုတ်ဘူး၊ ​စစ်တပ်ကနေပစ်လိုက်တဲ့ ​လက်နက်ကြီး ကျည် ကြောင့်ဖြစ်တာ။ 


အစိုးရဘက်က ​တပ်အင်အားတွေကို ​ဗန်းမော်-မိုးမောက်လမ်းကြောင်းကနေ ​ဖြည့်တင်းတာတွေလုပ်ဆောင် ​နေပြီး ​ဒီကနေ့ဒီဇင်ဘာ ​၂၄ရက်နေ့ ​ခရစ္စမတ်အကြိုနေ့မှာ ​လိုင်ဇာအနီးဝန်းကျင်မှာ ​တိုက်ပွဲတွေဖြစ်ပွားခဲ့သ ​လို ​ညနေပိုင်းမှာတော့ ​KIA ​တပ်စခန်းတွေကို ​လက်နက်ကြီးတွေနဲ့ ​၂မိနစ်ကိုတကြိမ်လောက် ​ပစ်ခတ်နေတယ် ​လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: