Sunday, December 30, 2012

ကေအဲန်ယူအဖွဲ့တွင်းဝေဖန်ခံရဆုံးပုဂ္ဂိုလ် အဖွဲ့ရဲ့ဥက္ကဌဖြစ်လာ

ABC

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ​ကရင်အမျိုးသားအစည်းအရုံး ​ကေအဲန်ယူနဲ့ ​မြန်မာအ စိုးရတို့ကြား ​ငြိမ်းချမ်းရေးဆွေးနွေးမှု ကိစ္စနဲ့ ​ပတ်သက်လို့ ​အဖွဲ့အတွင်း ​ဝေဖန်အခံရဆုံး ​ပုဂ္ဂိုလ်ဖြစ်တဲ့ ​ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးဟာ ​မ ကြာသေးခင်ကပဲ ​အဖွဲ့ရဲ့ဥက္ကဌဖြစ် လာခဲ့ပါတယ်။

နိုဝင်ဘာလ ​၂၆ရက်ကနေ ​ဒီဇင်ဘာလ ​၂၆ရက်နေ့အထိ ​ကေအဲန်ယူထိမ်းချုပ်နယ်မြေ ​ဖားအံခရိုင်အတွင်းရှိ ​တပ်မဟာ ​၇မှာ ​အဖွဲ့ရဲ့ ​၁၅ကြိမ် မြောက်ညီလာခံကို ​ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​ဇန္န၀ါရီလ ​၄ရက်နေ့တုန်းက ​ကေအဲန်ယူ ​နဲ့ ​မြန်မာအစိုးရတို့ကြား ​ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲ ​ပြုလုပ်ခဲ့စဉ် ​ကေအဲန်ယူဖက်က ​ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးဦးဆောင်ခဲ့ပြီး ​ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ​ပါတဲ့အချက်တချို့ကို ​မြန်မာအ စိုးရနဲ့ ​သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါ တယ်။ ​အဲဒီကိစ္စနဲ့ပတ်သက်ပြီး ​ကေအဲန်ယူ ​ခေါင်းဆောင်ပိုင်းအတွင်းမှာ ​သဘောထားကွဲလွဲ မှုတွေဖြစ်ခဲ့ပြီး ​အောက်တိုဘာလ ​အ စောပိုင်းက ​ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအပါအ၀င်ကေအဲန်ယူခေါင်းဆောင်ပိုင်း ​မှာ ​တာဝန်ရှိသူ သုံး ဦးကို ​အဖွဲ့ရဲ့ ​ရာထူးကနေဖြုတ်ချခဲ့ပါတယ်။

ဒါပေမယ့် ​နောက်ပိုင်းမှာ ​ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို ​အဖွဲ့ရဲ့ ​၁၅ကြိမ်မြောက်ညီလာခံအထိ ​တာဝန်ထမ်းဆောင် စေခဲ့ပြီးညီလာခံအ တွင်း ကေအဲန်ယူနယ်မြေ ​၅ခုက ​ကိုယ်စားလှယ်တွေရဲ့ ​ထောက်ခံမှုနဲ့ ​အခုလိုအဖွဲ့ရဲ့ဥက္ကအဖြစ် ​ရွေးကောက်ခဲ့ကြတာ ​ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ ​နော်စီဖိုးရာစိန်ကတော့ ​ဒု-ဥက္ကဌဖြစ်လာခဲ့ပြီး ​ဗိုလ်မှူးချုပ်စောဂျော်နီက ​စစ်ဦးစီးချုပ်ဖြစ်လာခဲ့တယ်လို့ ​အဖွဲ့ရဲ့ကြေ ညာချက်ထဲမှာ ​ဖေါ်ပြထားပါတယ်။ ​ဗိုလ်မှူးချုပ်စောဘောကျော်ဟဲ ​ကတော့ ​ဒု-စစ်ဦးစီးချုပ်အ ဖြစ်နဲ့ရွေးကောက် ​တင်မြောက်ခံခဲ့ရပြီး ​အတွင်း ရေးမှူးချုပ်ရာထူးကိုတော့ ​ပဒိုစောကွယ်ထူးဝင်းကို ​ရွေးချယ်တင်မြောက်ခဲ့ပါတယ်။ ​အခု လို ​ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ​ဥက္ကဌဖြစ် လာ တာနဲ့ပတ်သက်လို့ ​ကရင်လူမျိုးတွေကြားထဲမှာ ​ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်နေတယ်။

ညီလာခံအတွင်းမှာ ​မြန်မာအစိုးရနဲ့ ​ကေအဲန်ယူတို့ ​ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်အတွင်း ​မြန်မာအစိုးရကနေ ​လူ့ခွင့်ရေးချိုးဖောက်မှုအ တွက် ​စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့စည်းခဲ့ခြင်းကို ​ကေအဲန်ယူဖက်က ​ကြိုဆိုခဲ့ကြောင်းလည်းသိရပါတယ်။

No comments: