Wednesday, June 26, 2013

၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာ စီစစ်တဲ့ ကော်မတီဖွဲ့ဖို့ရှိ

ABC

၂၀၀၈ ​ခုနှစ် ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြင်ဆင်ရေးနဲ့ ​ပတ်သက်ပြီး ​လေ့လာစီစစ်သုံးသပ်ရေးကော်မတီ ​အဖွဲ့ဖွဲ့ဖို့အတွက် ​ရှေ့လာမယ့်တပတ် ​လွှတ်တော် ​အစည်းအဝေးအတွင်းမှာ ​ဆွေးနွေးသွားဖို့ရှိတယ်လို့ ​သိရပါတယ်။

နေပြည်တော်က ​လွှတ်တော်အစည်းအဝေးတွေကို ​ပြီးခဲ့တဲ့မတ်လကနေစပြီး ​၃လကြာ ​ရပ်နားထားတဲ့ခဲ့တာ ​ဖြစ်ပြီးတော့ ​မနေ့က ​ပြန်လည်စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ​၂၀၀၈ခုနှစ် ​ဖွဲ့စည်းပုံ ​လေ့လာစီစစ်သုံးသပ်ရေး ​ကော်မတီကို ​ပြည်ထောင်စုလွတ်တော်အစည်းအဝေးမှာ ​ဖွဲ့စည်းဖို့ရှိနေတယ်လို့ ​ပြည် ​သူ့လွှတ်တော် ​ကိုယ်စားလှယ် ​ဦးသိန်းညွန့်က ​အခုလိုပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကနေ ​ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ​ပတ်သက်တဲ့ ​ကိစ္စတွေနဲ့ ​ပတ်သက်ပြီး ​လေ့လာစီစစ်သုံးသပ်ရေး ​ကော်မတီဆိုတာကို ​အရင်ဖွဲ့မှာပါ၊ ​အဲဒီကော်မတီက ​ဖွဲ့ပြီးမှ ​အဲဒီကော်မတီရဲ့ ​လုပ်ငန်းဆောင်တာတွေကို ​သတ်မှတ်မှာပါ၊ ​ဇူလိုင် ​၁ရက်နေ့မှာ ​ပြည်ထောင်စုလွှတ်တော် ​ကျင်းပမှာ ​လေ၊ ​အဲဒီအချိန်ကျမှ ​လေ့လာစီစစ်သုံး ​သပ်ရေးကော်မတီကို ​ဘယ်လိုဖွဲ့မယ်ဆိုတာ ​သိရမှာပါ။”

ဒီကနေ့စတင်တဲ့ ​ပြည်သူ့လွှတ်တော်အစည်းဝေးမှာ ​အဆိုတခုတင်သွင်းခဲ့ပြီး ​ဥပဒေကြမ်းတခု ​ဆွေးနွေးခဲ့တယ်လို့ ​သင်္ကန်းကျွန်းမြို့နယ် ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ​ဦးသိန်းညွန့်က ​အခုလိုဆက်ပြောပါတယ်။

“ဒီနေ့ကတော့ ​အဆိုတခုတင်တယ်၊ ​ပြီးတော့ဥပဒေကြမ်းတခုဆွေးနွေးတာပေါ့၊ ​အထူးဇုံဒေသ ​စီးပွားရေးနဲ့ ​ပတ်သက်ပြီးတော့ ​အရင်တပတ်က ​မပြတ်ပဲကျန်နေတဲ့ကိစ္စကို ​ဒီနေ့လွှတ်တော်မှာ ​ပြန်ပြီး ​တော့ ​အတည်ပြုချက်ယူတာပါ၊ ​ပြီးတော့ ​ဥပဒေကြမ်းပြင်တာပါ၊ ​ဖျာပုံမြို့နယ် ​ပြည်သူ့လွတ်တော် ​ကိုယ်စားလှယ် ​ဦးစိုးလွင်က ​တင်ပြခဲ့တာပါ၊ ​သူ့အဆိုကို ​ပြည်သူ့လွတ်တော်က ​လက်ခံဆွေးနွေးဖို့ ​သဘောတူပြီးပါပြီ။”

အဲ့ဒါအပြင် ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလွင်တင်ပြခဲ့တဲ့ ​တောင်သူလယ်သမား ​အကျိုးစီးပွား ​မြင့်တင်ရေး ​ဥပဒေကြမ်းကို ​ဆွေးနွေးသွားဖို့ ​လက်ခံဆုံးဖြတ်ခဲ့ပြီးတော့ ​ဒီအဆိုကို ​ဥပဒေကြမ်းကော်မတီကိုပို့ပြီး ​ဥပဒေကြမ်းကော်မတီရဲ့ ​သုံးသပ်ချက်နဲ့ ​လွှတ်တော်ကို ​တင်ပြသွားမှာ ​ဖြစ်တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: