ABC
ရခိုင်ပြည်နယ် အရေးအခင်းကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ မလေးရှားနိုင်ငံကနေတင့် လှေတွေနဲ့ ခိုလှုံခွင့်တောင်းဖို့ သြ စ တြေးလျနိုင်ငံကို လာဖို့ ဆက်ကြီး ကြိုးပမ်းနေကြတယ်လို့ အေဘီစီသတင်းထောက် Zoe Daniel က သတင်းပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ လှေတွေနဲ့ ထွက်ပြေးရင်း လှေတချို့ တိမ်းမှောက်ရာကနေ လူပေါင်း ရာနဲ့ချီ သေဆုံးပေမယ့် လူတွေဟာဆက်လက်ပြီးလှေ တွေနဲ့ မလေးရှားနိုင်ငံကို ထွက်ဖို့ ကြိုးပမ်းနေကြတဲ့အကြောင်း၊ ဆက်ပြီးတော့လည်း ထွက်လာနေကြတဲ့အကြောင်း၊ နစ်မြုပ်သွားတဲ့ လှေတွေ ရှိသလို၊ လမ်းပျောက်ပြီး လို ရာ ပန်းတိုင် ရောက်မလာကြသူတွေလည်း ရှိတဲ့ အပြင် မလေးရှားနိုင်ငံကနေတဆင့် အင်ဒိုနီးရှား နိုင်ငံ၊ အဲဒီ ကတဆင့် သြစတြေးလျနိုင်ငံကို လာဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။
တတိယတနိုင်ငံမှာ နေရာချထားပေးမှုမှာ မျော်လင့်ချက် ကင်းနေတယ်လို့ ခံစားနေကြရပြီး နှစ်ရှည်လများ မလေးရှားနိုင်ငံမှာ သောင် တင်နေ ကြသူတွေဟာ အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံကို လှေတွေနဲ့ လာဖို့ ဆက်လက်ကြိုးပမ်းနေကြတာ ဖြစ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခ သည်တစ်ဦး က အေဘီစီသတင်းထောက်ကို ပြောပြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တစ်ဦးရဲ့အဆိုအရ ဒုက္ခသည်တွေဟာ မလေးရှားနိုင်ငံကနေ အမြန်ထွက်လိုကြတဲ့အတွက် လှေတွေနဲ့ သြစတြေးလျ နိုင် ငံ ကို လာဖို့ ကြိုးစားနေကြတယ်လို့ပြောပြီး ဆက်တိုက် လာကြဦးမယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံအကူမှာတင် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ လှေတွေမှောက်ရာကနေ သေဆုံးခဲ့ကြပြီး ဖြစ်တယ်လို့ အေ ဘီ စီသတင်းထောက်က သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment