ABC
လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံခဲ့ရာက ဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံကြီးမှာဆေးကု သမှုခံယူနေတဲ့ သံဃာတော် ၄ပါး ထဲက ကိုရင်သစ္စနရဲ့ဒဏ်ရာတွေကို ကုသနိုင်ဖို့အတွက် ထိုင်းနိုင်ငံကို ဒီဇင်ဘာ ၂၅ရက်နေ့ ညနေပိုင်းက ပင့်ဆောင်သွားတယ်လို့ သိရ ပါတယ်။
သက်တော် ၁၄နှစ်သာရှိသေးတဲ့ကိုရင် သစ္စနဟာ မုံရွာမြို့ မြို့မရွှေကူ ကျောင်းတိုက်ကဖြစ်ပြီး ကိုရင်သစ္စနနဲ့ အတူ သံဃာတော်တပါးနဲ့ ရန် ကုန် ဆေး ရုံက ဒေါက်တာအေးမြင့်ထွန်းတို့ လိုက်ပါသွားတယ်လို့ သိရ ပါတယ်။
ထိုင်းနိုင်ငံမှာဆေးကုသမဲ့ ကိုရင်သစ္စနရဲ့ ဆေးကုသစရိတ် တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင် တဲ့ စုံစမ်းစစ်ဆေး ရေးကော်မရှင်က တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဒဏ်ရာရသံဃာ တော်တွေကို ကူညီ စောင့်မှုပေးနေတဲ့အဖွဲ့က သံဃာတော်တပါးက အခုလိုမိန့်ကြားပါတယ်။
ဒဏ်ရာရတဲ့သံဃာ ရန်ကုန်မှာ ၄ပါးရှိပါတယ်၊ အဲဒီ ၄ပါးအနက် ကိုရင်သစ္စနဆိုတာ ဒီနေ့ညနေ ၄နာရီခွဲ က လေယာဉ်နဲ့ ထိုင်းနိုင်ငံကိုသွား ပြီး လေယာဉ်နဲ့ ဆေးသွားကုပါတယ်။ ဒဏ်ရာအခြေ အနေကတော့ တအားကြီးပြင်း ထန်လာတာရယ် လို့တော့ မဟုတ်ဘူး၊သူကတော့ ခန္စာကိုယ် အောက်ပိုင်းမှာ နှစ်ဘက်စလုံးပေါ့၊ ခြေထောက်ပေါင် အောက်ပိုင်းတွေအားလုံးပေါ့၊ ထိုင်းနိုင် ငံမှာ သွားကုလို့ရှိရင် ပိုပြီးတော့ ကောင်းလာနိုင် တယ်၊ ပိုပြီးတော့ အဆင်ပြေလာနိုင်တယ်လို့ ယူဆပြီး တော့ နိုင်ငံတော်သမတရဲ့အမိန့်နဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့က တာဝန်ယုပြီး တော့ ထိုင်း နိုင်ငံကို ပို့တာပါ၊ ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်အဖွဲ့ပါ။
ထိုင်းနိုင်ငံတွင်းမှာ ပထမဦးဆုံး ဆေးကုသမှုခံယူနေတဲ့ ဆရာတော်ဦးသိက္ခဥာဏရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးလည်း ဆရာ တော်က အ ခု လိုဆက်လက်မိန့်ကြားပါတယ်။
ဆရာတော်ဦးသိက္ခဥာဏရဲ့ အခြေအနေကတော့ ကောင်းတယ်လို့ ယူဆကြပါတယ်၊ ပြောလို့ရပါတယ်၊ အခု လက်တဖက်ကအရေပြား အစား ထိုး သူတို့ကုပြီးပြီလို့ပြောပါတယ်။ ဆရာတော် ဦးသိက္ခဥာဏရဲ့ ကုန်ကျစရိတ်ကို နိုင်ငံတော် ဘတ် ဂျက်နဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က တာဝန်ယူပြီးတော့ လုပ်ဆောင်နေတာတွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာဆေးကုသခံယူနေတဲ့ ဆရာတော်ဦးသိက္ခဥာဏရဲ့၁၀ရက်စာ ကုန်ကျစရိတ် ဟာ ဘတ် ၃သန်းကျော်ကုန်ကျနေပြီး ထိုင်းနိုင် ငံမှာ ရောက်နေတဲ့ သံဃာတော်တွေနဲ့ ဒဏ်ရာရတဲ့ အခြားသံဃာ တော်တွေကို ဒဏ်ရာပျောက်သွားတဲ့အထိ ကူညီစောင့်ရှောက်ပေးစေ ချင်တယ် လို့ ဆရာတော်က မိန့်ပါတယ်။
လောလောဆယ် ဆေးကုသခံယူနေတဲ့ သံဃာတော်တွေက ထိုင်းနိုင်ငံမှာ ၂ပါး၊ ရန်ကုန်ဆေးရုံကြီးမှာ ၃ပါးနဲ့ မန္တလေးဆေးရုံမှာ ၉ပါး ဖြစ် တဲ့ အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment