ABC
ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ အစိုးရတပ်တွေ ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ နေ တဲ့အချိန်မှာ လက်ဂျားယန်လမ်းတလျှောက်မှာရှိတဲ့ KIAတပ်စခန်းတွေအားလုံး ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်နေ့နောက်ဆုံးထားပြီးဆုတ်ခွာပေး ဖို့ မြောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က စာပေး ပို့ခဲ့တယ်လို့ သိရပါ တယ်။
ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်နေရာ အတော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားလာနေတာဖြစ်ပြီး KIA ဌာနချုပ် လိုင်ဇာကို မိုးမောက်-ဒေါ့ ဖုန်း ယန်လမ်းကြောင်း၊ နမ့်ဆန်ယန် -မြစ်ကြီးနားကားလမ်းကြောင်းနဲ့ ရှဒန်ပါ-နားလုံ လမ်းကြောင်း ၃ခုထဲက ခုလောလောဆယ် ရှ ဒါန်ပါ-နားလုံလမ်းကြောင်းမှာ တိုက်ပွဲတွေပြင်းထန်လာနေတဲ့ အချိန်လည်းဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ပိုင်းတိုင်းတိုင်းမှူးက ကချင်လွတ်မြောက်ရေးတပ်(KIA)ဆီကို ဒီဇင်ဘာ ၂၃ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့စာနဲ့ ပတ်သက်ပြီး ကျောင်းသား တပ် မတော် မြောက်ပိုင်းအလုပ်အဖွဲ့ခေါင်း ဆောင်ဦးလှဆိုင်းက အခုလိုပြောပါတယ်။
မဟာမိတ်KIA/KIO ဆီကို ငြိမ်းချမ်းရေးတွေဆုံဆွေးနွေးရေး အကျိုးတော်ဆောင် ဦးယွမ်ဇော်ခေါင်ကနေ တဆင့် တိုင်းမှူးထွန်းထွန်းနောင် က လက်ဂျားယန်မှာရှိတဲ့ KIAတပ်စခန်းတွေ အကုန်လုံး ၂၅ရက်နောက်ဆုံးထားပြီး ဆုတ်ပေးပါပေါ့၊ ရာဇသံပေးလာတယ် ခရစ်စမတ်ရက် နောက် ဆုံးထားပြီး အခု ၂၅ရက်တောင် မရောက်သေးဘူး ၂မိနစ်မှာတလုံး လက်နက်ကြီးပစ်နေပြီ ၁၀၅ ၊ ၁၂၀မမတွေနဲ့ တဖက်သတ်ဆန် လွန်း တဲ့ အပြုအမူပေါ့နော့။
မြောက်ပိုင်းတိုင်းတိုင်းမှူးပေးပို့ခဲ့တဲ့စာနဲ့ ပတ်သက်ပြီး KIOငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ကစာပါအကြောင်း အ ရာကို ကန့်ကွက်တဲ့အကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းထံကို ဒီဇင်ဘာ ၂၄ရက်ရက်စွဲနဲ့ အကြောင်းပြန်ကြားခဲ့တယ်လို့ ပြော ပါတယ်။
ဒီဇင်ဘာ ၂၃ရက်နေ့က KIA ရှေ့တန်းပို့တွေဖြစ်တဲ့ ကုန်ကိုင်ပို့၊ ကုန်ရှောင်ပို့နဲ့ ခိုင်မွတ်ခါပို့ကို လေယာဉ် တွေကို လက်နက်ကြီးတွေအ သုံးပြု တိုက်ခိုက်မှုတွေကြောင့် ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမှာ ဒီဇင်ဘာ ၂၄ရက်နေ့ နေ့လည် လောက် ကနေ လျှပ်စစ်မီးပြတ်တောက်သွား တယ်လို့ ကျောင်းသားတပ်မတော် မြောက်ပိုင်း အ လုပ်အဖွဲ့ခေါင်းဆောင် ဦးလှဆိုင်းက အခု လိုပြောပါတယ်။
မလိရေအားလျှပ်စစ်က မြစ်ကြီးနားကို မီးပေးတာ ဂျာခဘက်မှာရှိတယ်၊ အဲဒီဘက်ကိုလည်း လက်နက်ကြီးနဲ့ အသကုန်ကိုဆော်တာတ နေ ကုန်ပဲ အဲဒါနဲ့ ထရန်ထဖာ ပါဝါတိုင် ဓါတ်တိုင်တွေ သုံးလေးခု ပျက်တယ်လို့ ကြားတယ်၊ အဲဒါနဲ့ နေလည်ကနေစပြီး မြစ်ကြီးနား မီးမ လာတော့ ဘူးတဲ့၊ မီးပျက်သွားပြီတဲ့ ၊ အဲဒါဒီဘက်က KIO/ KIA တွေလုပ်တာမဟုတ်ဘူး၊ စစ်တပ်ကနေပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ကြောင့်ဖြစ်တာ။
အစိုးရဘက်က တပ်အင်အားတွေကို ဗန်းမော်-မိုးမောက်လမ်းကြောင်းကနေ ဖြည့်တင်းတာတွေလုပ်ဆောင် နေပြီး ဒီကနေ့ဒီဇင်ဘာ ၂၄ရက်နေ့ ခရစ္စမတ်အကြိုနေ့မှာ လိုင်ဇာအနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့သ လို ညနေပိုင်းမှာတော့ KIA တပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ၂မိနစ်ကိုတကြိမ်လောက် ပစ်ခတ်နေတယ် လို့ ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment