ABC
ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူနဲ့ မြန်မာအ စိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့အတွင်း ဝေဖန်အခံရဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးဟာ မ ကြာသေးခင်ကပဲ အဖွဲ့ရဲ့ဥက္ကဌဖြစ် လာခဲ့ပါတယ်။
နိုဝင်ဘာလ ၂၆ရက်ကနေ ဒီဇင်ဘာလ ၂၆ရက်နေ့အထိ ကေအဲန်ယူထိမ်းချုပ်နယ်မြေ ဖားအံခရိုင်အတွင်းရှိ တပ်မဟာ ၇မှာ အဖွဲ့ရဲ့ ၁၅ကြိမ် မြောက်ညီလာခံကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန္န၀ါရီလ ၄ရက်နေ့တုန်းက ကေအဲန်ယူ နဲ့ မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ် ကေအဲန်ယူဖက်က ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးဦးဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါတဲ့အချက်တချို့ကို မြန်မာအ စိုးရနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါ တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကေအဲန်ယူ ခေါင်းဆောင်ပိုင်းအတွင်းမှာ သဘောထားကွဲလွဲ မှုတွေဖြစ်ခဲ့ပြီး အောက်တိုဘာလ အ စောပိုင်းက ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအပါအ၀င်ကေအဲန်ယူခေါင်းဆောင်ပိုင်း မှာ တာဝန်ရှိသူ သုံး ဦးကို အဖွဲ့ရဲ့ ရာထူးကနေဖြုတ်ချခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို အဖွဲ့ရဲ့ ၁၅ကြိမ်မြောက်ညီလာခံအထိ တာဝန်ထမ်းဆောင် စေခဲ့ပြီးညီလာခံအ တွင်း ကေအဲန်ယူနယ်မြေ ၅ခုက ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုနဲ့ အခုလိုအဖွဲ့ရဲ့ဥက္ကအဖြစ် ရွေးကောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ နော်စီဖိုးရာစိန်ကတော့ ဒု-ဥက္ကဌဖြစ်လာခဲ့ပြီး ဗိုလ်မှူးချုပ်စောဂျော်နီက စစ်ဦးစီးချုပ်ဖြစ်လာခဲ့တယ်လို့ အဖွဲ့ရဲ့ကြေ ညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ ဗိုလ်မှူးချုပ်စောဘောကျော်ဟဲ ကတော့ ဒု-စစ်ဦးစီးချုပ်အ ဖြစ်နဲ့ရွေးကောက် တင်မြောက်ခံခဲ့ရပြီး အတွင်း ရေးမှူးချုပ်ရာထူးကိုတော့ ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြောက်ခဲ့ပါတယ်။ အခု လို ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဥက္ကဌဖြစ် လာ တာနဲ့ပတ်သက်လို့ ကရင်လူမျိုးတွေကြားထဲမှာ ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်နေတယ်။
ညီလာခံအတွင်းမှာ မြန်မာအစိုးရနဲ့ ကေအဲန်ယူတို့ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်အတွင်း မြန်မာအစိုးရကနေ လူ့ခွင့်ရေးချိုးဖောက်မှုအ တွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့စည်းခဲ့ခြင်းကို ကေအဲန်ယူဖက်က ကြိုဆိုခဲ့ကြောင်းလည်းသိရပါတယ်။
No comments:
Post a Comment