ABC
မြန်မာ နိုင်ငံ ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်မှာ ဆင်းသက်ရာက ပျက်စီးလောင်ကျွမ်းသွားတဲ့ လေယာဉ်ခရီးသည်တွေထဲက အသက်ဘေး ကင်း လွတ်ခဲ့သူတွေထဲက ခရီးသည် ၅ ယောက်ဟာ သြစတြေးလျ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် သြစတြေးလျ သတင်းမီဒီယာတွေမှာ အဲဒီ လေ ယာဉ်ပျက်စီးတဲ့သတင်းက ထိပ်ဆုံးသတင်းဖြစ်ခဲ့ပြီး - သတင်းစာမျက်နှာဖုံးတွေမှာ အဲပုဂံလေယာဉ်ပျက်စီးလောက်ကျွမ်းတဲ့ ပုံ တွေ ဖေါ်ပြ ထားတာတွေကို မြင်ရပါတယ်။
ခရီးသည် Anna Bartsh က လေယာဉ်ဟာ ပုံမှန်ပဲ ဆင်းသက်ခဲ့တယ်လို့ ယူဆခဲ့တဲ့အကြောင်း၊ ဆင်းပြီး နောက်ပိုင်းမှာ လေယာဉ်က ဒယိမ်း ဒယိုင် တအား ခုန်ခဲ့ပြီး ရပ်တန့်သွားတဲ့အခါမှာ စိတ်အေးရမယ်လို့ ထင်မှတ်နေတုန်း မီးတွေ လောင်ပြီး၊ မီးခိုးတွေ လေယဉ်ထဲ ပိတ်လာတဲ့အ ကြောင်းတွေ ကို ပြောပြပါတယ်။
အဲဒီ အချိန်မှာ သူတို့အနေနဲ့ လေယာဉ်ပေါ်ကနေ အသက်ရှင် ပြီး ထွက် နိုင်တော့မှာ မဟုတ် တော့ ဘူးလို့ ထင်တဲ့အကြောင်းပြန်ပြော ပြခဲ့ပါ တယ်။
မီးလောင်နေတဲ့လေယာဉ်တွင်းက နေ ပထမတော့ တခါးကို ဖွင့်လို့မရတဲ့အကြောင်း၊ခရီးသည်တွေကလဲအလုအယက်ထွက်ကြပြီးတဲ့ နောက် မှာ မျက်နှာမှာ သွေး တွေ စီးကျနေတဲ့ လေယာဉ်မှူး ၂ဦးကို တွေ့ ခဲ့ရတဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်။
လေယာဉ် ဆင်းသက်ရာ က ကမ္ဘာလှည့် ခရီးသည်လမ်းပြတဦး၊ အသက် (၁၁)နှစ်အရွယ် ကလေး တဦး နဲ့ မြေပြင် ကားလမ်းမပေါ်မှာ မော် တော် ဆိုင်ကယ်မောင်းနှင်လာသူ တဦး လေ ယာဉ်ပျက်ကနေ လွင့်စင်တာတွေ နဲ့ ထိခိုက် ဒါဏ် ရာက သေဆုံးသွားကြပြီး၊ နိုင်ငံခြား သားသေ ဆုံးမှုမရှိဘဲ၊ ထိခိုက်ဒါဏ်ရာတွေ တော့ ရှိခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment