ABC
မြန်မာ နိုင်ငံရဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေ( ပုဒ်မ ၁၈)နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု (ပုဒ်မ ၅၀၅ -ခ) ဥပဒေတွေကိုရန်ကုန်နဲ့မန္တလေး မြို့ကြီးတွေမှာ ဆန်ကျင်ကန့် ကွက်သွားမယ်လို့ သိရပါတယ်။
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့သူတွေကို -- အခုလို --ပုဒ်မတွေတပ်ပြီး စွဲချက်တင် ဖမ်းဆီးတာတွေရှိနေတဲ့အတွက် ကုန်ဈေးနှုန်းကျဆင်း ရေး အဖွဲ့က ကန့်ကွက်တာ ဖြစ်တဲ့အကြောင်း အဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က ပြောပါတယ်။
မနက်ဖြန်ကို ကျနော်တို့က ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းမှာ ပုဒ်မ ၅၀၅(ခ)နဲ့ စီတန်းလှည့်လည် ပုဒ်မ ၁၈ကို အယုံ အကြည်မရှိကြောင်း ကျ နော်တို့ လက်ကမ်းစာစောင်တွေဖြန့်မယ်၊ ဖမ်းဆီးထားတဲ့လူတွေကို မတရားဖမ်းဆီး တာဖြစ် တဲ့အတွက် ချက်ချင်းလွတ်ဆိုတဲ့ လက်ကမ်း စာစောင်တွေဖြန့်ဝေမယ်၊ စီတန်းလှည့်လည် ပုဒ်မ ၁၈ ပုဒ်မ ၊ ၅၀၅(ခ)အကြည်ညိုပျက်စေ မှုကို ကြက်ခြေခတ်ပြီးမှ ကန့်ကွက် ကြောင်း တောင်းဆိုသွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေကို ပုဒ်မတွေတပ်ဖမ်းဆီးပြီး ဥပဒေကိုလိုသလိုသုံးနေတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ကုန် ဈေးနှုန်းကျဆင်ရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က အခုလို ဆက် ပြောပါ တယ်။
ဘာကြောင့်ကန့်ကွက်လည်းဆိုရင် မူလဖွင့်ဆိုထားတဲ့အထဲမှာ ၅၀၅(ခ)က အာမခံမရှိပါဘူး၊ အာမ ခံမပေးရဘူး ပြောပြီးတော့ အခုကျ တော့ ၅၀၅(ခ)ကို သူတို့အာမခံပေးတယ်၊ မပေးချင်တဲ့လူလည်း မပေးဘူး၊ ဥပဒေကိုလိုသလိုသုံးနေ တဲ့ ပုဒ်မတွေကို ကျနော်တို့က လုံးဝအယုံအ ကြည်မရှိဘူး၊ လက်ရှိတာဝန်ယူနေတဲ့ အစိုးရကသာလျှင် ဥပဒေချိုးဖောက်နေတာဖြစ်တဲ့အ တွက် ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ် ပါတယ်။
လက်ပန်းတောင်းတောင် သံဃာတော်များအကြမ်းဖက်နှိပ်နင်းခံရတာနဲ့ ပတ်သက်ပြီး ၁၂၊ ၁၂၊၁၂ရက် နေ့က ဆန္ဒဖော်ထုတ်တဲ့နေရာမှာ ပူး ပေါင်းပါဝင်မှုနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်နဲ့ ဗကသကျောင်းသားကိုအောင်မှိုင်းဆန်း၊ ကိုမင်းနိုင်လွင်၊ ကို သန်း ထိုက် တို့ကို ဒီပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတာ ဖြစ်ပါတယ်။
ဆန္ဒပြမှုမှာ ပါဝင်တဲ့ မိုးထိမိုးမိရွှေလုပ်သားခေါင်းဆောင်တွေကိုလည်း ဒီပုဒ်မတွေနဲ့ တရားစွဲထားတာဖြစ်ပြီး ဒီကနေ့မှာ ရွှေလုပ်သားတွေနဲ့ အ မျိုးသားကြီးပွားတိုးတက်ရေးကုမဏီက တာဝန်ရှိသူတွေ ရမည်းသင်းမှာ ဆွေးနွေးဖို့ ရှိနေတယ်လို့ ဆိုတဲ့အကြောင်း ရေဒီယိုသြစတြေး လျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ ခဲ့ပါတယ်။
No comments:
Post a Comment