ABC
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေအပေါ် လေးစားဖို့ စီမံအုပ်ချုပ်ရေးပိုင်းမှာ နိမ့်ကျနေသေးတဲ့အ တွက် ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ကိုင်ဖို့နဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ ဝန်ကြီးအဖွဲ့နဲ့ အစိုးရအရာရှိတွေကို မှာ ကြားလိုက် ပါတယ်။
မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန် ပြောသွားခဲ့တာဖြစ်ပြီး ပြည်သူနဲ့ အာဏာပိုင်တချို့အကြား ဆက် ဆံ ရေးတွေ တိုးတက်မှုမရှိတဲ့အကြောင်း တချို့အာဏာပိုင်တွေက အရင်စစ်အစိုးရလက်ထက် က လိုပဲ တာဝန်ယူမှုမရှိသလို ပြည် သူတွေရဲ့ထင် မြင်ယူဆချက်တွေကို လစ်လျူရှုတဲ့အကြောင်း၊ လုပ်ငန်းကိုလည်း ပွင့်လင်းမြင်သာမှုရှိ အောင်မလုပ်သလို အဂတိလိုက်စား မှုကို ဦးတည်နိုင် တဲ့လုပ်ငန်းစဉ်တွေကိုလည်း အရေးမယူကြဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
တိကျခိုင်မာတဲ့ စီမံမှုတွေရှိမှသာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာနိုင်မယ်လို့လည်း ပြောပါတယ်။
အစိုးရပိုင် ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ မိနစ် ၂၀ ကြာ မိန့်ခွန်းအတွင်း သမ္မတက လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အဂတိလိုက်စား မှုကို တိုက်ဖျက်ပြီး သန့်ရှင်းတဲ့အုပ်ချုပ်ရေးစနစ်ကို တည်ထောင်ဖို့တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံတကာအုပ်ချုပ်ရေးစနစ်နဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက နိမ့်ကျနေသေးတယ်လို့ ပြောပါတယ်။
ဒီလိုအခြေအနေကြောင့် ရပ်ကွက်တွင်း၊ ရွာတွင်းမှာရှိတဲ့ အစိုးရဝန်ထမ်းတွေဟာ စိတ်ဓာတ်တွေပြုပြင်ပြီး ပြည်သူ့ဝန်ထမ်းတွေဖြစ်ရမယ့် အ ကြောင်းလည်း ပြောသွားခဲ့ပါတယ်။
No comments:
Post a Comment