Wednesday, May 27, 2009

မော်လမြိုင်မြို့တွင်ဗုံးနှစ်နေရာပေါက်ကွဲ

ပနွတ်ကျား Wed 27 May 2009

မော်လမြိုင်မြို့ နံနက် ၈နာရီ နှင့် ၉နာရီကြား မှာ ဗုံးနှစ်လုံး ပေါက်ကွဲ မှုဖြစ်ပွားပြီး တစ်စုံ တစ်ယေက် ထိခိုက်မှု မရှိပဲ ဒေသခံ မော်လမြိုင် မြို့သား တစ်ဦး ကပြော သည်။

ပေါက်ကွဲရာနေရာက မော်လမြိုင်ကမ်းနားလမ်းနှင့် (ရယက)ရုံးမှာပေါက်ကွဲသွားတယ် လို့သိရပါတယ် နေရာအသိအကျကိုတော့မသိရှိသေးပါဘူး။ မည်သူဖေါက်ခွဲသွားသည်ကိုလည်း မသိသေးပဲ ရဲတွေက စုံစမ်းနေဆဲပင်ဖြစ်သည်။

ယခုဆိုရင် မော်လမြိုင်မြို့တစ်ခုလုံးကိုလုံခြုံရေးတင်းကျပ်စွာချထားပြီး ကားနှင့်မော်တော်ဆိုင်ကယ်အဖုံးတွေလှန်ပြီးစစ်ဆေးနေဆဲပင်ဖြစ်သည်ဟု ၄င်းကဆက်ပြောပါသည်။

ယခင်ကတည်းက လုံခြုံရေးဟာ ဓါတ်တိုင်သုံးလေးတိုင်ဆိုရင် ရဲနှင့်စစ်သားတစ်ဦးစီ ချထားပါတယ်။ ယခုလို လုံခြုံရေးကို တင်းကျပ်စွာ ချထားရင်းနဲ့ ယခုလိုဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံကပြောပါသည်။

No comments: