ရွှေအောင်
နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာက ကျောင်းထိုင်ဘုန်းကြီး လုပ်ဆောင်နေပုံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ခုလိုပြောပြပါတယ်။
“ကျောက်ခဲအင်း ရွာမှာဆိုရင် ကြံ့ခိုင်ရေးကလာပြီး ဘုန်းဘုန်းတပါးကို မီးစက်တလုံးနဲ့ ၁၅ သိန်း လှူလိုက်တယ်။ အဲဒီ့ ဘုန်းကြီးက အော် လံ နဲ့ အော်ပြီးတော့ ကျနော်တို့ကို မကြိုဆိုဖို့၊ ပြီးခဲ့တဲ့ တပတ်လုံး အော်နေတာပဲ။ ကျနော်တို့က ဘာမှ မလုပ်ပေးဘူးဆိုပြီး ရွာသားတွေကို စည်းရုံး သလို ခြိမ်းခြောက်ပြောနေတာပါ။”
အခုလို ဟောပြောနေတာနဲ့ ပတ်သက်ပြီး မြို့နယ် သံဃမဟာနာယကအဖွဲ့ဆီ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် နှစ်ဦး၊ ယှဉ်ပြိုင် အရွေးခံကြမှာ ဖြစ်ပြီး၊ မြို့နယ်တွင်း မဲပေးနိုင်သူပေါင်း ၁သောင်း၆ထောင်ကျော် ရှိပါတယ်။
မြို့နယ်မှာ တောင်သူလယ်သမားအများစု နေထိုင်လျက်ရှိပြီး၊ ကျေးရွာတွေမှာ မဲဆွယ် စည်းရုံးခဲ့တဲ့ အနေအထားအရ အန်အယ်လ်ဒီပါတီ ကျိန်းသေပေါက် အနိုင်ရမယ်လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းဟာ အရင် ရခိုင်စစ်တိုင်းမှူး အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဦး မောင်ရှိန် ဖြစ်ပါတယ်။
No comments:
Post a Comment