ABC
ကချင်လွှတ်လပ်ရေးတပ် KIA တပ်မဟာ(၅) နယ်မြေဒေသတွေဖြစ်တဲ့ မြစ်ကြီးနားလိုင်ဇာလမ်းတလျောက်မှာ KIA တပ်ဖွဲ့တွေနဲ့ အစိုးရ စစ် ကြောင်းတွေကြား နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲ တွေ ပြင်းထန်လာနေတယ်လို့ ကေအိုင်အေကပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ဒီဇင်ဘာလ လဆန်း ၁ရက်နေ့ကနေ တိုက်ပွဲတွေရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မနေ့က အချိန်အထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလိုပြောပါတယ်။
နေ့တိုင်းလိုလိုဖြစ်ပါတယ်၊ အခုဖြစ်တဲ့တိုက်ပွဲတွေကတော့ ဗဟိုနဲ့ နီးတဲ့ တ၀ိုက်မှာဖြစ်တာခင်ဗျ။ ဒီနေ့ဖြစ်တဲ့ နေရာကလည်း ကျနော်တို့ဗဟို ဒေသ တပ်မဟာ (၅) ဂွင်ပေါ့၊ ၀ိုင်းမော်မြို့နယ်အတွင်းမှာတော့ ဒီနေ့ဖြစ်တယ်၊ အစိုးရစစ်တပ်နေ ပြီးတော့ ရဟတ်ယာဉ်၂စင်းနဲ့ လာပြီး တော့ ပစ်ခတ်တာမျိုးလုပ်တယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်၊ နောက်ပြီးတော့ မြေပြင်မှာ လည်း ရင်ဆိုင်တိုက်ပွဲတွေရှိတယ်။
ဒီရက်ပိုင်းအတွင်းမှာ မြစ်ကြီးနားဘက်ကနေ စစ်ယာဉ်တန်းတွေဝင်ရောက်လာတာတွေရှိပြီး အခုနောက်ပိုင်း တိုက်ပွဲတွေရက်ဆက်ဖြစ် လာ တာဟာ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှုတရပ်အဖြစ် မြင်တယ်လို့ ဦးလနန်က ပြောပါတယ်။ အခုဖြစ် ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာများတယ်လို့ လည်း ဦးလနန်က ဆက်ပြောပါ တယ်။
သူတို့တော်တော်များများကတော့ လက်နက်ကြီးကို အဓိကထားပြီးတော့ ပစ်ခတ်တိုက်ခိုက်တာမျိုးလုပ်တယ်၊ အဲဒီလက်နက်ကြီးပစ်ခတ် တဲ့ နေရာမှာ မြစ်ကြီးနားမြို့နဲ့ ၀ိုင်းမော်မြို့ကို လျှပ်စစ်မီးအားပေးနေတဲ့ မလိရေအား လျှပ်စစ်စက်ရုံအနီးတ၀ိုက်မှာလည်း လက်နက်ကြီး ကျည် တွေ လာကျတယ်ဆိုတဲ့ကိစ္စသတင်းတွေရတယ်ခင်ဗျ။
အစိုးရဘက်က ၁၀၅မမ ဟောင်ဝပ်ဇာအမြောက် တွေ၊ ၁၂၀ မမလက်နက်ကြီးတွေ ၊ ၈၁မမတွေကို အဓိကအသုံးပြုတာတွေရပြီး လေ ယာဉ် တွေ အသုံးပြုပြီး ပစ်ခတ်တဲ့နေရာမှာ ဒုံးကျည်နဲ့ စက်လတ်ကျည်တွေ အသုံးပြုပစ်ခတ်တာမျိုးရှိတယ်လို့ ဦးလနန်က ပြောပါတယ်။
အစိုးရဘက်က နောက်ထပ်ဆွေးနွေးပွဲတွေပြုလုပ်ဖို့အတွက် ဒီဇင်ဘာ ၁၃ရက်နေ့က စာတစောင်ပေးပို့ ခဲ့ပေမဲ့ လက်ရှိအခြေအနေမှာ က ချင် ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် နှစ်ဘက်တွေ့ဆုံနိုင်ဖို့ နှောင့်နှေးလာနိုင်တယ်လို့ ဦးလနန်က ပြောခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်တွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ပြေးဒုက္ခသည် အယောက်ပေါင်း သောင်း နဲ့ချီ ရှိနေပြီး ကူညီကယ်ဆယ်ရေးတွေရဖို့ ခက်ခဲရှိနေတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်း ပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment