မင်းသုတ
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များ အသင်းတိုက် အ ဆောက်အအုံ၌ ယမန်နေ့တွင် စ တင်ကျင်းပခဲ့သော ပျူလူမျိုးနှင့် ပျူနိုင် ငံတော်စာတမ်းဖတ်ပွဲ ယနေ့ညနေပိုင်း၌ ကျင်းပပြီးစီးခဲ့ကြောင်းဦးဆောင် ကျင်းပသူ ဒေါက်တာချစ် စံဝင်းက ပြောသည်။
“အေးအေးဆေးဆေးစာတမ်းဖတ်ပွဲပြီးခဲ့တာကို ကျနော့်အနေနဲ့ကျေနပ် ပါတယ်၊ ပညာရေး၊ ကျန်း မာရေးဌာနတွေက ပုဂ္ဂိုလ်တွေမလာ ရောက် နိုင်လို့ မူလကစီစဉ်ထားတဲ့အတိုင်း ၃ ရက်အထိ ပြည့်စုံအောင် စာတမ်း ဖတ် ပွဲကိုမကျင်းပ ဖြစ်ခဲ့တာပါ၊ အတိုင်းအတာတစ်ခုအထိ တော့ ကျေနပ် အားရမိပါတယ်” ဟု ဒေါက်တာချစ်စံဝင်းက ပြောသည်။
ယင်းစာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ၂ ရက်နေ့အ ထိ ၃ ရက်တိတိကျင်းပမည်ဖြစ်ပြီး စာတမ်းပေါင်းအစောင် ၄၀ ကျော်အား ပြည်တွင်း၊ ပြည်ပမှ ပညာရှင် ၆၀ ကျော်တက်ရောက်ဆွေးနွေးကြမည်ဟု ကြေညာအသိပေးခဲ့သည်။
ယမန်နေ့တွင် စာတမ်းရှင် ၈ ဦး၊ ယနေ့တွင် စာတမ်းရှင် ၁၁ ဦး စုစုပေါင်း စာတမ်း ၁၉ ခုဖြင့် အခမ်းအနားကို အဆုံးသတ်ခဲ့စဉ် ဧည့်ပရိ သတ် ၇၀ ဦးခန့်သာရှိသည်ဟု သိရသည်။တက်ရောက်လေ့လာခဲ့သူ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်လှမောင်က “ သမိုင်းတွေကိုပြင်တာပဲ၊ ပျူနဲ့ဗမာအတူတူပဲလို့ ပြောတာပဲ” ဟု ပြော သည်။သို့ရာတွင် အပြန်အလှန်မေးခွန်းမေမြန်းရန် လေ့လာသူ ၁၃ ဦးမှတင်ပြလာသည်ကို အချိန်မပေးနိုင်သဖြင့် မေးမြန်းခွင့် မရခဲ့ကြပေ။
နိုင်လှမောင်က “ထင်ရှားတဲ့မြစေတီကျောက်စာမှာ ပျူစာလည်းရှိ ဗမာစာလည်း ဘာကြောင့်အတူ တူရှိနေတာလဲလို့ မေးခွန်းမေးချင်တာ အ ချိန်မရလို့ဆိုပြီးမေးခွင့်မရခဲ့ဘူး” ဟု ပြောသည်။
စာတမ်းရှင်များအနက် ဘုန်းတင့်ကျော်နှင့် သစ္စာဝါဒီ ဦးမြင့်အောင်တို့ နှစ်ဦးသာ မွန်သမိုင်းများနှင့်ကွဲလွဲသော သမိုင်းအချက်အလက်များ ဖတ် ကြားခဲ့သည်ဟု သိရသည်။
“ဘုန်းတင့်ကျော်ရဲ့ညီ ဦးနိုင်ဝင်းက သထုံဘုရင်မနုဟာကို အနော်ရထာမင်း စစ်တိုက်မတိုက် အ ထောက်အထားပြပါလို့ ကျနော်တို့ကို မေးခဲ့ တယ်” ဟု လေ့လာသူမွန်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။
အဆိုပါ ပျူစာတမ်းဖတ်ပွဲသည် မွန်တို့၏သမိုင်းကြောင်းများကို ဆေးဆိုးအရောင်ပြောင်းမည့် လုပ်ဆောင်ချက်များရှိခဲ့ပါလျှင် မွန်ပြည်သစ် ပါ တီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီတို့က ဦးဆောင်ပြီးဖြေရှင်းသွားမည်ဟု နိုဝင်ဘာလ ၂၉ ရက်နေ့တွင်ကျင်း ပခဲ့ သော မော်လမြိုင်မြို့ မွန်လူထုအစည်းအဝေးတွင် ပါတီခေါင်းဆောင်များက အသိပေးပြောကြားခဲ့သည်။
ယမန်နေ့စာတမ်းဖတ်ပွဲအခမ်းအနား၌ နိုင်ရဲဇော်က မွန်တို့နှင့်ပတ်သက်ဆက်နွယ်သော ပျူစာတမ်းများဖတ်ကြားရာတွင် “ကျနော်တို့ပြည် ထောင်စုမြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသားလူမျိုးစုများစွာနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တယ်၊ ဒီတိုင်းရင်းသားတွေရဲ့ချစ်ကြည်ရင်းနှီးမှု၊ တစ် ဦးပေါ်တစ်ဦးနားလည်မှု မလွဲမှားဖို့ကအရေးကြီးပါတယ်၊ ကျနော်တို့မှာ တင်ကျန်ရှိခဲ့တဲ့ အာဃာတအဟောင်းတွေ မချုပ်ငြိမ်းသေးပဲနဲ့ အာ ဃာတအသစ်တွေမတည်ဆောက်မိဖို့က အရေးကြီးပါတယ်” ဟု တင်ပြခဲ့သည်။
မွန်တိုင်းရင်းသားတို့ကန့်ကွက်တောင်းဆိုနေမှုကြောင့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း မွန်ပြည်နယ်မြို့တော် မော်လမြိုင်သို့ရောက်ခဲ့စဉ် ၄င်းပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲကို ပိတ်ပေးမည်ဟု ကတိပေးပြောကြားခဲ့သည်။
No comments:
Post a Comment