ရွှေရည်ဝင်းထက်
အစိုးရသစ်လက်ထက် ၈၈ မျိုးဆက်ကျောင်းသားများ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီး နောက် ပထမဦးဆုံးပါဝင်မည့် ဆန္ဒဖော်ထုတ်ပွဲကို လာမည့် လွတ်လပ်ရေးနေ့တွင် ပြုလုပ်မည်ဟု ဒီဇင် ဘာ ၂၄ ရက်က ၈၈ မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းတွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ခွင့်ပြုချက်မယူဘဲဆန္ဒပြသည့် ပုဒ်မ ၁၈ အပါအ၀င် ဒီမိုကရေစီစနစ်နှင့်မကိုက်ညီဘဲ ပြည်သူလူထုအပေါ် ကန့်သတ်ချုပ်ချယ်သကဲ့သို့ ဖြစ်နေသည့် ဥပဒေများကို ဖျက်သိမ်းပေးရန် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ကိုဂျင် မီ၊ကိုမြအေး စသည့် ၈၈ မျိုးဆက်ကျောင်သားများ ဦးဆောင်ပြီး အရပ်ဘက်အဖွဲ့အစည်း ၆၀ ခန့်က ဆန္ဒ ဖော်ထုတ်ကြမည်ဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမာကီးက ပြော သည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအတွက် ဒီဇင်ဘာ ၂၄ ရက်တွင် ကျောက်တံတားမြို့နယ်ရဲစခန်းသို့ ခွင့်ပြုချက် တင်ထားပြီး ဖြစ်သည်။ ဇန်န၀ါရီလ ၁ ရက်တွင် ခွင့်ပြုမိန့်ရမရ သိရမည်ဟု ဆိုသည်။
“ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဆန္ဒပြမယ်။ လူအင်အား ၃၀၀ နဲ့ ခွင့်ပြုချက် တင်ထားပါတယ်။ မဟာဗန္ဓုလပန်းခြံဘေး ညာဘက်လမ်း ဘဏ်လမ်းမှာ စုမယ်။ အဲဒီတစ်လမ်းလုံး ပိတ်လိုက်ပြီးတော့ စု ဝေးပြီးတော့ ဆန္ဒပြမယ်။ စကားပြောကြမယ်။ ဆိုင်းဘုတ်တွေကိုင်ပြီး တောင်းဆိုမှုတွေလုပ်မယ်”ဟု ဦး မာကီးက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အခြေခံ ပညာကျောင်းသားများသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အပါအ၀င် အ ခြား လူမှုအဖွဲ့အစည်းများ စုပေါင်းပြီး စုစုပေါင်းအဖွဲ့ ၆၀ ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။
ပေးပို့တောင်းဆိုသည့် အချက်များမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဖော်ဆောင်မှုများ၊ နိုင်ငံသားတို့ မူလ အခွင့်အရေးများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းများအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခွင့်သည် နိုင်ငံသားများအားလုံးအတွက် အာမခံချက်ရှိသော အခွင့်အရေးဖြစ် သဖြင့် ပြည်သူလုထုအပေါ် နိုင်ငံရေးအရ တစ်ဖက်သတ် ဖိနှိပ်ချုပ်ချယ်မှုများ မပြုလုပ်ရန်၊ နိုင်ငံရေးအရ တစ်ဖက်သတ် ဖိနှိပ်ချုပ်ချယ် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရန်၊ တရားစွဲဆိုဆဲအမှုများအား ဖျက်သိမ်းပေးရန်၊ ထပ်မံ ဖမ်းဆီးအရေးယူမှုများ မပြုလုပ်ရန်တို့ ဖြစ်သည်။
“သမ္မတပြောထားတဲ့ နှစ်ကုန်ရင်နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမယ်ဆိုတဲ့ စကားကို စောင့် ကြည့်ရမှာပါ။ ပုဒ်မ ၁၈၊ ၅၀၅(ခ) နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါး ရှိသေးတယ်။ နိုင်ငံတကာမှာလည်း ဆန္ဒပြမယ်ဆိုရင် ဆန္ဒထုတ်ဖော်ခွင့် လျှောက်ရတယ်။ ဆန္ဒပြနေတဲ့လူတွေကို ဖမ်းဆီး တာ မှန်ကန်တယ်လို့ ပြောလို့မရဘူး”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန် မာနိုင်ငံ AAPP-B အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ပုဒ်မ ၁၈ အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ကဲ့သို့သော ပုဒ်မများဖြင့် တ ရားစွဲဆိုခံထားရသည့် အမှုပေါင်း ၂၅၆ မှုအထိ ရှိနေသည်။
No comments:
Post a Comment