ABC
မလေးရှားနဲ့ ဘရူနိုင်းနယ်စပ်မှာရှိတဲ့ သဘောင်္ကျင်း စက်ရုံ တခုမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာလူမျိုးနှစ်ဦးနဲ့ အင်ဒိုနီးရှားလူမျိုးနှစ်ဦးတို့ စကားများရာကနေ စခဲ့တဲ့ ပြဿနာကြောင့် ဒီဇင်ဘာလ ၂၃ ရက်နေ့က စပြီး စက်ရုံနံဘေးက ဂိုဒေါင်ထဲမှာ ပုန်းအောင်း နေထိုင်နေကြရတယ်လို့ သတင်းရရှိပါတယ်။
အဲဒီ ကုမ္ပဏီမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားပေါင်း ၉၇ ဦးရှိပြီး အင်ဒိုနီးရှား အလုပ်သမားပေါင်း ငါးရာ နီးပါးရှိတာကြောင့် အင်အားချင်းမမျှတဲ့အတွက် မိမိတို့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရလို့ အခုလိုမျိုး ရုံးနံဘေးက ဂိုဒေါင်ထဲမှာ နေထိုင်နေရတာလို့ သိရပါတယ်။
အခုလို အကူအညီမဲ့နေတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံကို တရားဝင် နိုင်ငံကူးလက်မှတ်တွေနဲ့ ရောက်လာကြသူတွေ ဖြစ်ပြီး သူတို့ကို အကူအညီပေးဖို့ မြန်မာသံရုံးနဲ့ လူမှုရေး အသင်း အဖွဲ့တွေဆီကို အကူအညီတောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ လုံခြုံရေး ကိစ္စအတွက် ဒီအလုပ်သမား တွေကို စေလွှတ်တဲ့ ရန်ကုန် အခြေစိုက် အေးဂျင် ကုမ္ပဏီ အာဘာဖီ ကုမ္ပဏီ နဲ့ မလေးရှားမှာ ရှိတဲ့ မြန်မာ အလုပ်သမား အရာရှိတို့က ဒီကိစ္စအတွက် ပူးပေါင်း လုပ်ဆောင်နေကြတဲ့ အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးကိုယ်တိုင် ဦးစီးပြီး မလေးနှင့် ဘရူနိုင်းမှာရှိတဲ့ မြန်မာသံရုံးတွေကနေတဆင့် ၂ နိုင်ငံအစိုးရတွေနဲ့ ဆက် သွယ်ပြီး အကာအကွယ်ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေကြောင်း မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က လူမှုကွန်ယက် အင်တာနက် စာမျက်နှာ ပေါ်မှာ ရေးသား ဖော်ပြ ထားပါ တယ်။
လောလောဆယ်မှာတော့ အဲဒီ သင်္ဘောကျင်း စက်ရုံကို ပိတ်ထားရတယ်လို့ သတင်းရရှိပါတယ်။
No comments:
Post a Comment