Thursday, December 26, 2013

ပြည်သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရန် တောင်းဆိုသင့်ဟု ဆောင်းဦးလှိုင်ဆို

ဘုန်းနေလ (ဒဂုံတက္ကသိုလ်)

၂၀၁၄ ခုနှစ်ကစပြီး အဆိုပိုင်း တွင်ရပ်တည်မှုသည် နည်းပါးသွားမည် ဖြစ်ကြောင်း အဆိုတော်ဆောင်းဦး လှိုင်က မဇ္ဈိမသို့ ပြောသည်။ ယင်းကဲ့သို့ဖြစ်ရခြင်း သည် လူမှုရေးလုပ်ငန်းများတွင် ရပ်တည် သွားရန် အစီအစဉ်များရှိနေခြင်းဖြစ်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်း စုကြည်၏ သမ္မတအဖြစ် နေရာရရှိလာခြင်း အတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည် ဟု ယင်းက ပွင့်လင်းစွာပြောကြားသည်။

“ဒီလိုလုပ်ခြင်းကလည်း ကျွန်တော့်ရဲ့ အနုပညာသက်တမ်း နှစ်၂၀ အတွင်းမှာ ပြောင်းလဲမှုတွေလို အပ်မယ်ထင်လို့ လုပ် တာပါပဲ။ နောက်ပြီး ကျွန်တော့်ကို အား ပေးကြတဲ့ပရိသတ်တွေက အခုအချိန်ထိ စားဝတ်နေရေးတွေ မပြည့်စုံသေးတာကို တွေ့ရတာ စိတ်မကောင်းဖြစ်မိတယ်။ ကျွန် တော်တို့နိုင်ငံက ဒီမိုကရေစီ ရပြီလို့သာ ပြောနေတာ အခုအချိန်ထိ အမှန်အကန် မရရှိသေးပါဘူး။ တကယ်ကို ပြောင်းလဲ ပေးနိုင်မယ့်သူ၊ အမှန်တကယ်ကို ပြည်သူ လူထုအတွက် လုပ်ပေးနိုင်သူကို ကျွန်တော် တို့တွေ ပံ့ပိုးပေးကြရမှာပါ” ဟု ယင်းက ပြောသည်။

အဆိုတော်ဆောင်းဦးလှိုင်သည် NlD ပါတီဝင်မဟုတ်ဘဲ ၎င်းကိုယ်တိုင်အသိစိတ် ဖြင့် တိုင်းပြည်တွင် ခေါင်းဆောင်နိုင်မည့်သူကို တတ်နိုင်သည့်ဘက်က ကူညီနေခြင်း ဖြစ်သည်။ ဆောင်ဦးလှိုင်သည် နာရေးကူ ညီမှုအသင်း၏ ရာသက်ပန်အသင်းဝင်ဖြစ် သည်။ ပြည်သူများအနေဖြင့် ၂၀၁၄ တစ်နှစ် အတွင်း တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင် ပြောင်းလဲရန်အတွက် ယခုအချိန်ကတည်း က တောင်းဆိုမှုများ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ယင်းအပြင် ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြသည့်အစိုးရသည် ယူနီဖောင်း ၀တ်အစိုးရနှင့် ယူနီဖောင်းချွတ်အစိုးရတို့ သာ ကွာခြားပြီး အုပ်ချုပ်ခဲ့ခြင်းဖြစ်ကြောင်း ပွင့်လင်းစွာဆိုသည်။ အရပ်သားအစိုးရ အနေဖြင့် နေ့ချင်းပြောင်းလဲမှုများ၊ ချမ်းသာမှုများသည် ချက်ချင်းပြောင်းလဲခြင်းများ မရှိသော်လည်း အရပ်သားအစိုးရ အုပ် ချုပ်ပါက တိုင်းပြည်အတွက် ပြောင်းလဲမှုများစွာရနိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြော ကြားခဲ့သည်။

ဒီမိုကရေစီရရှိခြင်းသည် ပြည်သူများ အတွက် အမှန်တကယ်ရရှိနေသေးသည် မဟုတ်သည့်အပြင် ဆန္ဒပြခြင်းသည်လည်း လွတ်လပ်စွာဆန္ဒပြခွင့်မရှိသေးကြောင်း၊ ဆန္ဒပြမည်ဆိုပါက သက်ဆိုင်ရာသို့ တင်ပြ ခြင်းများရှိနေပြီး တင်ပြခြင်းမရှိသူများကို ဖမ်းဆီးမှုများသည်လည်း ရှိနေခြင်းကြောင့် ဒီမိုကရေစီလို့ မဆိုနိုင်ကြောင်း ယင်းက ဆိုသည်။

ပြည်သူများအနေဖြင့် ၂၀၁၅ အတွက် သမ္မတဖြစ်ခွင့်တွင် မဲပေးသည့်စနစ်သည် များစွာအရေးကြီး ကြောင်း ဆိုခဲ့ပြန်သည်။ ယင်းသည် ယခုအချိန်တွင် လူမှုရေးလုပ် ငန်းများတွင်သာ အဓိကထားဆောင် ရွက်မည်ဖြစ်သည်။ အဆိုတော်ဆောင်ဦးလှိုင် သည် ၁၉၉၀-၁၉၉၁ တွင် အဆိုတော် ကိုသီဟန်၏ “ဘယ်တော့မှ” သီချင်းကို ရေးစပ်ပေးခဲ့သည့် တေးရေးဆရာဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် “မင်းရဲ့သူရဲ ကောင်း”၊ “ခရီးသွားငါးယောက်”၊ “၁၉း ၁၈” သီချင်း အခွေများကို ထွက်ရှိခဲ့သည့်အပြင် နှစ်သစ် ကူးအထိမ်းအမှတ်ဖြစ်သည့် “၉၈၊ ၉၉၊ ၂၀၀၀” ခုနှစ်အမည်များဖြင့် တေးသီချင်း များစွာကို သီဆိုခဲ့သလို ယင်းစီးရီးများသည် အောင်မြင်ထင်ရှားပြီး ပရိသတ်များ လက်ခံ အားပေးခြင်းကို ရရှိခဲ့သူဖြစ်သည်။

No comments: