Thursday, December 26, 2013

နယ်စပ်တင်းမာမှုကြောင့် အိန္ဒိယ-မြန်မာ ဂိတ်၂ခု မြန်မာပိတ်ချထား

ABC

အိန္ဒိယနဲ့ ​မြန်မာနိုင်ငံတို့အကြား ​နယ်စပ်ဆိုင်ရာ ​တင်းမာမှုတွေ ​ဖြစ်ခဲ့ပြီးတဲ့နောက် ​မြန်မာအစိုးရဖက်က ​နယ်စပ်ဂိတ်နှစ်ခုကို ​ပိတ်ချလိုက်ကြောင်း ​သိရပါတယ်။

မြန်မာ-အိန္ဒိယ ​နယ်စပ်ဂိတ် ​၁ ​နဲ့ ​၂ ​ကို ​ပိတ်ချလိုက်တဲ့အတွက် ​အိန္ဒိယနိုင်ငံသားတွေ ​မြန်မာနိုင်ငံထဲ ​ဝင်ခွင့်မရတော့သလို ​ကုန်သွယ်မှုတွေလည်း ​ရပ်တန့်နေရပါတယ်။

နန့်ဖာလုံဈေးကနေ ​တမူးမြို့ ​အနီးအနားမှာ ​မြန်မာနိုင်ငံဖက်ကနေ ​နိုင်ငံတကာနယ်စပ်ဥပဒေကို ​အိန္ဒိယအနေနဲ့ ​လိုက်နာ ​အသိအမှတ်ပြုသင့်တယ်ဆိုပြီး ​မြန်မာပြည်သူတွေက ​တောင်းဆို ​ဆန္ဒပြတာတွေလည်း ​မနေ့တုန်းက ​ပြုလုပ်ခဲ့ပါတယ်။

အတည်တကျ ​ဆုံးဖြတ်မှု ​မရှိသေးတဲ့ ​အိန္ဒိယ-မြန်မာနယ်စပ်မှာ ​အိန္ဒိယက ​ခြံစည်းရိုးကာတာတွေ ​နယ်စပ်ဂိတ်တည်ဆောက်တာတွေ ​လုပ်ဖို့ ​စီစဉ်တဲ့အတွက် ​မဏိပူရ ​ပြည်နယ်အစိုးရနဲ့ ​မြန်မာဖက်က ​ကန့်ကွက်မှုတွေကြောင့် ​ခြံကာတဲ့ ​ကိစ္စကို ​အိန္ဒိယက ​ရပ်တန့်ပေးခဲ့ရပါတယ်။

အိန္ဒိယအစိုးရက ​နယ်စပ်ပိုင်ဆိုင်ရေးအငြင်းပွားမှုကို ​သံတမန်နည်းအရ ​ဖြေရှင်းသွားမယ်လို့ ​ပြောခဲ့တယ်လို့လည်း ​ဒီဟိန္ဒူ ​သတင်းအရ ​သိရပါတယ်။

No comments: