ရွှေဟင်္သာ
ဒီမိုကရေစီ အကျိုးပြု ကရင့်အမျိုးသား တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ် သည်ပြီးခဲ့သည့် ဒီဇင်ဘာ (၂၃) ရက်နေ့တွင် ရန်ကုန်မြို့ပုဂ္ဂလိက အထူး ဆေး ရုံတခုသို့ အရေးပေါ် တင်ထားရ သည်ဟု အမည်မဖေါ်လိုသော အရာရှိတဦးက ဆိုပါသည်။
“ ဘာရောဂါ လည်းတော့ မပြောတတ်ဘူး။ နဂိုကတော့ ကြက်ရိုးဆူး ခံထားရတဲ့ လည်ချောင်းနာ ရောဂါ ရှိတယ် လို့ တော့ ကြားပါတယ်။ အခုအဲဒါ ပြန်ထလို့ နေမှာပါ။ အဲဒီ ခရီးစဉ်ကို ဒုဦးစီးချုပ် လိုက်ပါသွားတယ်။ အဲဒီလောက်ဘဲ သိတယ်”ဟု ဆိုပါသည်။
ဗိုလ်မှူးချုပ်စောလားဖွယ် သည် ရန်ကုန် ပုဂ္ဂလိအထူး ဆေးရုံ တခုသို့ ရောက်ရှိစဉ် ၀န်ကြီး ဦးအောင်မင်းသည် ယမာန် နေ့က သွားရောက် တွေ့ဆုံ အားပေးခဲ့ပါသည်။ တက်ရောက်သော ဆေးရုံနှင့် ရောဂါအနေ အထားကိုမူ မိသားစုက ထုတ်ဖေါ်ပြောဆိုလို ခြင်းမရှိဟု MPC အကြီးတန်း အရာရှိ တဦးက ဆိုပါသည်။
ဝန်ကြီးနှင့် အတူ MPC အရာရှိများ လိုက်ပါခဲ့ပြီး ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ကြိုဆိုခဲ့ပါ သည်။ MPC ၀န်ထမ်းများကမူ ဗိုလ်ချုပ်စောလားဖွယ်အတွက် နိုင်ငံကူး လက်မှတ် လုပ်ပေးခဲ့ရသည်ဟု ဆိုပါသည်။
ဤသို့ကြောင့် ရောဂါ အခြေအနေသည် ဆိုးဝါးပါက နိုင်ငံခြား ဆေးရုံတခုခုသို့ သွားရောက် ကုသရန် ရှိနေကြောင်း ဆို ပါသည်။ သို့သော် ဗိုလ်ချုပ်စောလားဖွယ်သည် မူးရစ်ဆေးဝါး ကုန်ကူးမှုဖြင့် ထိုင်းနိုင်ငံမှ အလိုရှိနေသူ တဦး ဖြစ်သည့် အတွက် ထိုင်းနိုင်ငံသို့ သွားရောက် ကုသမည်မဟုတ်ဘဲ စင်ကာပူသို့ သွားရောက်ကုသဖွယ် ရှိနေကြောင်း ဆိုပါသည်။
No comments:
Post a Comment