ရွှေဟင်္သာ
နှစ်ပတ်ကျော် ကြာကျင်းပ ရန်ရှိသော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ ပထမ အကြိမ် ပြည်တွင်း လူထု ရှင်းလင်းရေး ခရီးစဉ်ကို ယနေ့စ တင်ပြီး ဖြစ်ကြောင်း ဒုတိယဥက္ကဌ ခူဦးရယ်က ဆိုပါသည်။ ယင်းခရီးစဉ်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အခြေအနေ နှင့်ရှေ့ဆက် အကောင် အထည် ဖေါ်မည့် လုပ်ငန်းစဉ်များ ကိုတင်ပြရန် သွားရောက်ခြင်း ဖြစ်ပါသည်။
“ကျနော်တို့နဲ့ အစိုးရကနှစ် ကြိမ်ရှိပြီးလေ။ ပြည်ထောင်စုအဆင့် တရား ၀င်ဆွေးနွေးတာ ။အဲဒါကို လူထုကို ချပြဖို့အခုမှ ပထမ အကြိမ်သွား တာပေါ့နော်။ ဒီကိစ္စ ဟာလည်း အစိုးရနဲ့ သဘောတူထား တဲ့ကိစ္စတွေ ဘဲလေ။” ဟုဆိုပါသည်။
လူထုရှင်း လင်းပွဲကို လွိုင်ကော်မြို့နယ်၊ ဒီမောဆိုးနှင့် ဖရူးဆိုးမြို့နယ် ထဲကနေရာ (၉)နေတွင် ကျင်းပရန် ရှိပါသည်။ ဤမြို့နယ်များ သည် KNPP မှတကြိမ် တခါ မျှသွားရောက် ရှင်းလင်းခြင်း မရှိခဲ့သောနေ ရာများဖြစ် သည်ဟု ဆို ပါသည်။ အချိန်နှစ်ပါတ် ကျော်ကြာပြီး လူထုများ၏ ပါဝင်မှုအနေ အထား၊အမြင် သဘော ထားစု စည်းမှုနှင့် တချိန်ထဲတွင် လူ့အခွင့် အရေးနှင့် ဒီမိုကရေစီ ရေးအကြောင်း ပညာပေးလုပ် ငန်းများပါ စီစဉ်ဆောင် ရွက်မည်ဖြစ် ပါသည်။
ယခင် လူထုရှင်းလင်း ပွဲများတွင် လူထုများ အကြံပေးမှု သိပ်မရှိ လှသော်လည်း ၄င်းတို့၏ လိုအပ်မှုများကို တင်ပြကြ လေ့ရှိပြီး နှစ်ပေါင်း (၆၀) ကျော်ကြာပြည် တွင်းစစ် ကြောင့် ဒုက္ခမျိုးစုံရင် ဆိုင်ခဲ့ကြ သဖြင့် ငြိမ်းချမ်းရေး ကို ဆက်လက် ထိမ်းသိမ်း ကြရန် လိုလားကြကြောင်း အကြံပြု ခဲ့ကြပါသည်။
ဤပထမ အကြိမ် လူထု ရှင်းလင်းပွဲ ကို (KNPP) အတွင်းရေးမှူး (၁) ဖြစ်သူ ကိုအောင်ဆန်းမြင့်နှင့် အတွင်းရေးမှူး (၂) ကိုရွှေမျိုးသန့် တို့ကဦးဆောင် ခဲ့ပါသည်။ အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး ပွဲအခြေအနေ သည် လူထုပိုမိုစိတ်ဝင် စားကြသော ကိစ္စဖြစ်ပြီး၊ အပစ်အခတ် ရပ်စဲရေး အတွက် လူထုစောင့် ကြည့်ပါဝင် မှုသည် စိတ်ဝင်စား မှုနည်း ပါးကြောင်း လွိုင်ကော်မြိ့ပ်ါရှိကရင်နီ လူငယ်အဖွဲ့များ ကဆိုပါသည်။
KNPP သည် အစိုးရနှင့်၂၀၁၂ခုနှစ် မတ်လတွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ လက်မှတ် ထိုးပွဲကိုပြည် နယ်အဆင့် တွင်တကြိမ် နှင့်ပြည်ထောင်စု အဆင့် တွင် နှစ် ကြိမ် ဆွေးနွေးခဲ့သော် လည်းမည်သည့် သဘောတူညီ ချက်မျှ အကောင်အထည် ဖေါ်ခဲ့ခြင်း မရှိသေးပေ။ သို့သော် လူထုရှင်း လင်းပွဲကျင်း ပရေးတွင် အစိုးရခွင့်ပြု ချက်ဖြင့် အကောင်အ ထည်ဖေါ် နေခဲ့ပါသည်။
KNPPသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အတွက်အစိုး ရနှင့်နိုင်ငံရေး အရတဖွဲ့ တည်းဆွေးနွေး မည်မဟုတ် ဘဲညီညွတ်သော တိုင်းရင်း သားလူမျိုး များဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် များနှင့် စုပေါင်းဆွေးနွေး ကြမည်ဖြစ်ပါသည်။
No comments:
Post a Comment