Sunday, March 29, 2015

လီကွမ်ယု ဈာပန ကမ္ဘာခေါင်းဆောင်များနှင့်အတူ သမ္မတဦးသိန်းစိန်တက်

DVB

မတ် ၂၉ ရက် မွန်းလွဲပိုင်းမှာ ကျင်းပမယ့် စင်ကာပူ ခေါင်းဆာင်ကြီး လီကွမ်ယုရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားကို ကမ္ဘာခေါင်းဆောင်တွေနဲ့ အတူ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဈာပနာ အခမ်းအနားကို တက်ရောက်ဖို့ ကမ္ဘာခေါင်းဆောင်ဟောင်းတွေလည်း စင်ကာပူမှာ ရောက်ရှိနေပါပြီ။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားနဲ့ အတူ အာဆီယံခေါင်းဆောင်တွေ ဖြစ်တဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒို၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွမ်ဆန်၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒေါင်းတို့လည်း တက်ရောက်မှာ ဖြစ်ပါ တယ်။

ဒါအပြင် တရုတ် ဒုတိယ သမ္မတ လီ ယွမ် ချွာ၊ ဂျပန် ၀န်ကြီးချုပ်ရှင်ဇို အာဘေး၊ တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး၊ သြစတြေလျ ၀န်ကြီးချုပ် တိုနီ အဘော့၊ အိန္ဒိယ ၀န်ကြီးချုပ် ရိန်ဒြာ မိုဒီတိုလည်း တက်ရောက်ဖို့ ရှိပါတယ်။

ဗြိတိန်နဲ့ ရုရှားတို့က အဆင့်အမြင့် အရာရှိတွေ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေလည်း စေလွှတ်ထား ပါတယ်။

ခေတ်သစ် စင်ကာပူကို ထူထောင်ခဲ့သူ လီကွမ်ယုဟာ အင်္ဂလိပ်ကိုလိုနီ ကျွန်းကလေးကို ကမ္ဘာ့စီးပွားရေး ထိပ်တန်း တနိုင်ငံဖြစ်အောင် ဦးဆောင်မှုပေးခဲ့သူအဖြစ် ချီးကျူးခံရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ် ရှိပြီ ဖြစ်ပါတယ်။

No comments: