Thursday, December 26, 2013

ရာဇ၀တ်မှုဖြင့် ထောင်ချခံထားရသည့် နိုင်ကျဉ်းများအရေး လက်ကျန်နိုင်ကျဉ်းကော်မတီနှင့် သမ္မတရုံး ဆွေးနွေး

ဟိန်းကိုစိုး

နိုင်ကျဉ်းစာရင်းဝင်သော်လည်း ရာဇ၀တ်မှုပုဒ်မများဖြင့် ရှုပ်ထွေးနေသည့် နိုင်ငံရေးအကျဉ်းသားများ ဒီဇင် ဘာလကုန်တွင် လွတ်မြောက်နိုင်ရေး သမ္မတထံတင်ပြနိုင်ရန်အတွက် ဒီဇင်ဘာ ၂၄ ရက်တွင် သမ္မတရုံး ဒုတိယ၀န်ကြီး ဦးအောင်သိန်းနှင့် ဆွေးနွေးခဲ့သည်ဟု လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားများအပေါ်တွင် ယခင်အစိုးရလက်ထက်က စွဲဆိုထားသည့် နိုင်ငံရေးပုဒ်မများအပြင် သက်ဆိုင်မှုမရှိသည့် ရာဇ၀တ်မှုပုဒ်မများဖြင့်ပါ စွဲဆိုထားခြင်းများရှိသဖြင့် ကော်မတီအတွင်း စိစစ်ဆွေးနွေးမှုများမှာလည်း များစွာခက်ခဲလျက်ရှိကာ အချိန်မီမတင်ပြနိုင်မည့်အခက်အခဲများ ရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့ ဆွေးနွေးခြင်းဖြစ်သည်ဟု ဆိုသည်။

“ကိုသံချောင်းကိုဆိုရင် နိုင်ကျဉ်းမဟုတ်ဘူးလို့ ပြောတာတွေ ရှိတယ်။ အမြင်မတူတာတွေ ရှိတယ်။ ဒါ တွေကြောင့် ကော်မတီအတွင်း ဆွေးနွေးတဲ့အခါမှာ ကြန့်ကြာနေတာရှိလို့၊ အခုကျန်တဲ့စာရင်းထဲမှာ ဒီလို အမှုတွေနဲ့ ပါနေသူတွေက အများဆုံးပဲ”ဟု ဦးရဲအောင်က ပြောသည်။

သမ္မတရုံးသို့ ယနေ့သွားရောက်ဆွေးနွေးမှုကို လက်ကျန်နိုင်ကျဉ်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌမှတစ်ဆင့် သမ္မတထံသို့ ပေးပို့သွားမည်ဖြစ်သည်။ လက်ရှိ ထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၅၀ နီးပါး ကျန်ရှိနေသေးပြီး သမ္မတကတိအတိုင်း ယခုနှစ်ကုန် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးနိုင် ရေးမှာ ယနေ့ထိ သမ္မတထံ စာရင်းတင်ပြနိုင်ခြင်း မရှိသေးပေ။ အဆိုပါကော်မတီ၏ စိစစ်တင်ပြမှုဖြင့် ခြောက်ကြိမ်တိုင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခဲ့ပြီးဖြစ်သည်။

No comments: