Wednesday, December 25, 2013

မွန်လူဦးရေ အမှန်ရရှိရေး ဆက်လက်ကြိုးပမ်း

ရွှေဟင်္သာ

တနင်္သာရီ တိုင်းဒေသကြီး၌ နေထိုင် ကြသော မွန်လူမျိုး များ၏ လူဦးရေ စာရင်း အမှန်သိရှိ နိုင်ရေးအတွက် စရင်း ကောက်မည့် ကော်မီတီတရပ် အား ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်မော်လမြိုင် မြို့၌ ဖွဲ့စည်းခဲ့ ကြပါသည်။ ဤ ကော်မီတီသည် လာမည့် ဇန္နာဝါရီလ ဆန်းတွင် စတင်အကောင် အထည် ဖေါ်မည်ဖြစ် သည်။

ကော်မီတီကို ယနေ့ နံနက် (၉) နာရီတွင် မော်လမြိုင်မြို့ ဈေးကြိုရပ် ဇောတိကာ ရာမ ကျောင်းတိုက်၌ ဖွဲ့စည်းခဲ့ကြ ပါ သည်။ ငြိမ်းဖောင်ဒေးရှင်း၊စေတနာ ဖောင်ဒေးရှင်း ၊ မော်လမြိုင် တက္ကသိုလ် ကျောင်းသား ဟောင်းများ အဖွဲ့ ၊ မွန် အမျိုးသမီးအဖွဲ့၊ မွန်လူငယ် အဖွဲ့များနှင့် မွန်နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ်ပေါင်း (၃၀)ကျော် တက်ရောက်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

စာရင်းကောက်ယူရေး အတွက် ဦးဆောင် ကော်မီတီ ကို အဖွဲ့ဝင် (၁၇) ဦးနှင့် ဖွဲ့စည်းခဲ့ပြီး၊ လုပ်ငန်း ကော်မီတီ များ ဖွဲ့စည်းကာတနင်္သာရီ တိုင်းဒေသကြီး ရှိ မြို့နယ် (၁၀) မြို့နယ်မှ မွန်လူဦးရေ များကို ကောက်ခံကြ မည်ဖြစ်သည်။

ကော်မီတီ၏ ရည်ရွယ်ချက်မှာ တနင်္သာရီတိုင်း ဒေသကြီးတွင် မွန်လူဦးရေ (၆)သောင်း ရှိခဲ့ပါက တိုင်းရင်းသား ရေးရာ ၀န်ကြီးတဦး ရရှိရန် ဖြစ်ပါသည်။

အထူး သဖြင့် ရေဖြူ မြို့နယ်မှ စတင်ပြီး ပုလော၊ ထားဝယ် ၊ လောင်းလုံ၊ သရက်ချောင်း၊ မြိတ်၊ ကျွှန်းစု၊ တနင်္သာရီ၊ဘုတ်ပြင်း၊ ကော့သောင်း စသည့် အဆင့်ဆင့် မြို့နယ် များသို့ ဆက်လက် ကောက်ယူ သွားမည် ဖြစ်သည်။

လိုအပ်မည့် ရံပုံငွေများကို တသီး ပုဂ္ဂလ မွန် အလှူရှင် များထံမှကောက်ခံ သွားမည် ဖြစ်ပြီး ကျပ်သိန်း ၇၀ မှ သိန်း ၁၀၀ ဝန်းကျင်အသုံး ပြုသွားရန် လျာထား ကြပါသည်။ အစီစဉ်ကို ဇန္နာဝါရီလနှင့် ဖေဖေါ်ဝါရီ နှစ်လ အတွင်း အပြီး အကောင် အထည်ဖေါ် မည်ဟုဆို ပါသည်။

မွန်လူဦးရေ စာရင်းမှန် ရရှိရေး လှုပ်ရှားမှုသည် ရန်ကုန်တိုင်း ဒေသကြီးတွင် ပထမဆုံး အကောင်အထည် ဖော်ခဲ့ပြီး အောင်မြင် သည်ဟု ဆိုပါသည်။ သို့သော် အားနည်းချက် များကိုသင်းခန်းစာ ယူပြီး တနင်္သာရီ တိုင်းတွင် ဒုတိယ အကြိမ် အဖြစ် အကောင်းဆုံး လုပ်ဆောင် သွား ကြမည် ဖြစ်သည်။

တနင်္သာရီ တိုင်းဒေသကြီးတွင် မွန်လူဦးရေ (၄၀၀၀၀)ဝန်းကျင်ခန့် ရှိသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် နိုင်အုန်းမြင့် မှ ပြောကြား ခဲ့ကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) တွဲဖက် အတွင်းရေးမှူး (၁) ဖြစ်သူ ကျိုက်မရော မဲဆန္ဒ နယ်မှ မွန်ပြည်နယ် လွှတ်တော် အမတ် နိုင်စံတင်က ဆိုပါသည်။

မွန်လူမှု အဖွဲ့ အစည်းများ သည် လူဦးရေ အမှန်ရရှိရေး အတွက် ရည်ရွယ် အကောင် အထည်ဖေါ် လျှက်ရှိရာ တတိ ယအကြိမ် အဖြစ် ပဲခူးတိုင်း တွင်လည်း ဆက်လက် အကောင် အထည်ဖေါ် ရန်ရှိနေပါသည်။

No comments: