သျှမ်းသံတော်ဆင့်
သျှမ်းပြည် မြောက်ပိုင်း ကွန်လုံမြို့နယ်အတွင်း ယခင်အပတ်က ဖြစ်ပွါးခဲ့သော ချိန်ကိုက်ဗုံး ပေါက်ကွဲမှု ကြောင့် ယနေ့တိုင် ခရီးသွားများအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရ ပါသည်။
“မြို့အဝင်အထွက် စစ်ဆေးတယ်။ ခရီးသွားတွေရော ညအချိန်မတော်သွားလာနေတာရော စစ်ဆေး တယ်။ လက်သည်တော့ ခုထိမတွေ့သေးဘူး။ ဗုံးကတော်တော်ပြင်းတာကိုး ။ ၅ ယောက်တောင်သေ တယ်ဆိုတော့လဲ အစစ်အဆေးတော့ ကြမ်းတာပေါ့” ဟု ကွန်လုံရောက် မူဆယ်မြို့သားကပြောသည်။
ယခုလ ၁၇ ရက်နေ့က ကွန်လုံမြို့ ပြည်သူ့ဆောက်လုပ်ရေးရုံးရှေ့တွင် လူ သုံးဦးတင်လာသော ထော် လာဂျီတစီးမှ ဗုံးပေါက်ကွဲရာ အဆိုပါ ၃ ဦးအပြင် လမ်းပေါ်မှ လူ ၂ ဦး စုစုပေါင်း လူ ၅ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
ချင်းရွှေဟော်မှလာသော ထော်လာဂျီဖြစ်ပြီး တာလီသို့ ဦးတည်ကြောင်း ဆိုပါသည်။
“ချိန်ကိုက်ဗုံးဖြစ်နိုင်တယ်လို့ ရဲတွေကပြောတယ်။ ကွန်လုံတံတားမရောက်ခင်နားလေးမှာ ပေါက်တော့ တံတားကိုဖျက်ချင်တဲ့ဆန္ဒရှိတယ်လို့လဲယူဆတယ်။ ထော်လာဂျီပေါ်ပါလူ ၃ ယောက်က အေးရှားဝေါက လူတွေလေ။ တစ စီလွင့်ကုန်တာ။ လမ်းပေါ်မှာလဲ ၁၂ ပေအကျယ် တွင်းကြီးဖြစ်သွားတာ။ လမ်းပေါ်က လူ ၂ ယောက်ကတော့ တယောက် က မြန်မာစစ်တပ်က လို့ပြောတယ်။ တယောက်ကတော့ မြို့ခံပေါ့။ တပတ်တောင်ရှိပြီ စစ်ဆေးမှုတွေတော့ မပြတ်သေးဘူး။ သွားလာလို့ခက်ခဲနေတုန်းဘဲ” - ဟု အဆိုပါ မူဆယ်မြို့သားက ဆက်လက်ပြောပြသည်။
ကွန်လုံမြို့သည် ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသနှင့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြားတွင်တည်ရှိသော သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိမြို့ဖြစ်ပါသည်။ တရုတ်နိုင်ငံသို့ အဓိက ကုန်သွယ်ရေးလမ်းတခုလည်း ဖြစ်ပါသည်။
No comments:
Post a Comment