ကျော်စိုးမိုး
ညီအစ်ကို ဝမ်းကွဲချင်း စကားများ ရန်ဖြစ်ပြီး ညီကဓားနှင့် ခုတ်သဖြင့် အစ်ကိုဖြစ်သူ သေဆုံးခဲ့သည့်ဖြစ်စဉ် တစ်ခု ဇန်နဝါရီ ၁၉ ရက်၊ည၉နာရီခန့်က ရွှေပြည်သာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်၊ (၂ဝ) ရပ်ကွက်၊ မကွေးလမ်းမပေါ်တွင် အဆိုပါမြို့နယ်အတွင်း နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်ကို ကျော်ဝင်းခိုင်နှင့် အသက်၂၅ နှစ်အရွယ်ကို အောင်ကြည်မြင့်တို့ ညီအစ်ကို ဝမ်းကွဲနှစ်ဦးတို့သည် ယခင်က ဆဲဆိုခဲ့ဖူးသည့် ကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ကြသည်။ ထိုသို့ စကားများရန်ဖြစ်ရာမှ ကိုအောင်ကြည်မြင့်က ဓားမနှင့် ခုတ်ခဲ့သဖြင့် ကိုကျော်ဝင်းခိုင်၏ လည်ပင်း၊ ဦးခေါင်းနှင့် လက်ကောက်ဝတ်များတွင် ပြတ်ရှဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူ ကိုအောင်ကြည်မြင့်ကို ရွှေပြည်သာမြို့မ ရဲစခန်းက (ပ) ၄၂/ ၂ဝ၁၅၊ ပြစ်မှုပုဒ်မ၃ဝ၂ ဖြင့်အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment