Thursday, April 9, 2009

မြန်မာဘက်က ၀င်ရောက် ပစ်ခတ်မူကြောင့် ဘင်္ဂလီ ငါဖမ်းသမား တဦးသေ ၂ ဦးဒဏ်ရာရ

Narinjara News

မြန်မာ ဘက်က ၀င်ရောက် ပစ်ခတ်မူကြောင့် နတ်မြစ်ဝ အုန်းကျွန်း အနီး ငါးဖမ်း နေသော ဘင်္ဂလာဒေခ်ျ့ စက်လှေ တစီးပေါ်မှ ငါးဖမ်းသမား တဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိသွား ခဲ့သည်။

သေဆုံးသွားသူမှာ မစ္စတာ အာဘာ၏သား ဟာဆူမျာ (၃၀ နှစ်) ဖြစ်ပြီး ဒဏ်ရာ ရရှိသွားသူ နှစ်ဦးမှာ နော်ဇီရာမောက် (၅၅ နှစ်) နှင့် အဒူ ရာမန် (၆၅ နှစ်) တို့ ဖြစ်သည်။သူတို့ သုံးဦး စလုံးမှာ ဆင်အဖြူကျွန်း ဆင်မဖြူ ကျေးရွာမှ ဖြစ်ကြသည်။

ကျွန်းပေါ်တွင် ရှိနေသူ မြန်မာနိုင်ငံသား တဦးက “သူတို့ကို ဒီကနေ့ နေ့လည်က ဆင်မဖြူကျွန်းကို ယူဆောင်လာပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ဒဏ်ရာ ရတဲ့သူတွေကို ဆေးရုံကို ပို့ပြီး သေဆုံးသွားသူတွေကို စစ်ဆေးမူတွေ ပြုလုပ်နေပါတယ်” ဟု ပြောသည်။

ပစ်ခတ်ခံရပုံနှင့် ပတ်သက်ပြီး သူက ယခုကဲ့သို့ ဆက်လက်ပြောသည်။

“သူတို့က အုန်းကျွန်းက တမိုင်ခွဲအကွာမှာ ငါးဖမ်းနေတုန်း မြန်မာဘက်က စက်လှေ တစီး ၀င်ရောက်လာပြီး သေနတ်တွေနဲ့ ပစ်ခတ်တယ်လို့ ပြောတယ်။ မြန်မာရေတပ်ကလို့ ပြောတယ်။ တိတိကျကျတော့ မသိရသေးဘူး။”

ယခုကဲ့သို့ ပစ်ခတ် ခံရမူကြောင့် ဘင်္ဂလာ အာဏာပိုင် များဘက်က အထူးမကျေမနပ်ဖြစ်နေသည်ဟု သိရသည်။

နယ်စပ် တလျောက် မြန်မာဘက်က ခြံစည်းရိုး ကာရံနေ၍ ဘင်္ဂလာ-မြန်မာ နယ်စပ် တင်းမာမူု ဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ ပစ်ခတ်မူ ဖြစ်ပွား ခဲ့သဖြင့် နယ်စပ် ပြည်သူများက အထူးစိုးရိမ်မူများ တိုးပွားနေသည်ဟု သူက ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား ရေပြင်ပိုင်နက် သတ်သတ်မှတ်မှတ် မရှိသောကြောင့် ယခုကဲ့သို့ ပစ်ခတ်မူ များနှင့် အတူ ဖမ်းဆီးမူများလည်း နယ်စပ်တွင် မကြာခဏ ရှိနေသည်ဟု သိရသည်။

No comments: