Friday, November 6, 2009

ပြည်တွင်း ပြည်ပ ဘုံကထိန်ပွဲများ ကျင်းပကြ (ရုပ်သံသတင်း)

မဇ္စျိမသတင်းဌာန

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,6th,2009

( 46 )US diplomatic initiative on Burma

( 45 )Burmese Rally against Then Sein in Tokyo

( 44 )နအဖ၏ ဖိအားကို ဝိုင်းဝန်းဆန့်ကျင်သွားရန် မွန်လူငယ်အစည်းအရုံးက ဆုံးဖြတ်

( 43 )၈၈ ကျောင်းသူ မမီးမီး ထောင်ပြောင်းရွှေ့ခံရ

( 42 )ပြည်ပမီဒီယာနှင့် ဆက်သွယ်မူကြောင့် ထောင်ချမှတ်ခံရသူ ကိုညွန့်မောင် လွှတ်မြောက်လာ

( 41 )မြန်မာ့ရေးရာမူဝါဒ အပြောင်းအလဲကို အမေရိကန်က ရှင်းလင်းပြောပြ

( 40 )ကယန်းကြေးကွင်းပတ် အမျိုးသမီးမြေပဲခြံ ဖျက်သိမ်းခံရ

( 39 )ဂျီအက်စ်အမ်ဖုန်းများ ချပေးနေ

( 38 )Myanmar Woman Pleads Not Guilty To Bribery

( 37 )ဒီကေဘီအေ ထိန်းချုပ်နယ်မြေတွင် ဆေးဝါးရှားပါး

( 36 )Mongla wants same wine under new brand

( 35 )ရွှေလုပ်ငန်းဘက် ကူးပြောင်းလုပ်ကိုင်သူ ပိုများလာ

( 34 )Daughters of former Burmese PMs to campaign in Chin state

( 33 )ရန်ကုန်ယူနိုက်တက် FC နှင့် ရတနာပုံ FC ပွဲစဉ် အခြေအနေများ ရှုပ်ထွေးနိုင်

( 32 )လူရွှင်တော်ကြီး ဦးဆိုနီ ကွယ်လွန်

( 31 )Burma vote plan clouds new US dialogue

( 30 )အလုပ်သမားသက်သေခံလက်မှတ်ကိုင်သူများသာ တရားဝင်အလုပ်သမားအခွင့်အရေးရမည်ဟုဆို

( 29 )Extortion from car owners on border trade route

( 28 )ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း အောင်မြင်ရန်မလွယ်

( 27 )Chairman of Rakhine State CCI to Run in 2010 Election

( 26 )ရွေးကောက်ပွဲ မတိုင်မီ ကွန်ပြူတာတက္ကသိုလ်အပြီး ဆောက်ရမည်ဟုဆို

( 25 )UNHCR Holds Two-Day Discussion with Burmese Refugees

( 24 )ညဂျူတီကျ သူနာပြုဆရာမများအတွက် ငွေပေးရ

( 23 )လယ်ယာများ ရေမြုပ်၍ တောင်သူများ အခက်ကြုံ

( 22 )US envoy snubs pro-government party on Myanmar visit

( 21 )ဦးခင်မောင်ကြည်ကို ထောင်ချတာ ဥပဒေနဲ့ မညီဟုပြော

( 20 )US Mission's Meeting with Burmese Ethnics Signals Hope

( 19 )၈၈ မျိုးဆက်ကျောင်းသူ မနီမိုလှိုင် ကျန်းမာရေး အခြေအနေ ဆိုးနေ

( 18 )Junta urged by US envoys to open talks

( 17 )အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မယ့် ခရီးစဉ်အဖြစ် ရှုမြင်

( 16 )Sanctions to stay unitl Burma reforms

( 15 )Scant details on reaction to U.S. envoys' Burma visit

( 14 )တပတ်ရစ် ဆိုင်ကယ်ဈေးကွက် ထိုင်းမှိုင်း

( 13 )တပတ်အတွင်း အင်းစိန်ထောင်တွင် သေဆုံးသူ ၆ ဦးရှိ

( 12 )Man sentenced over nuclear arms-convertible exports to Myanmar

( 11 )KNU နေအိမ်များကို ထိုင်းက ဆက်လက်ရှာဖွေ

( 10 )ဒေါ်အောင်ဆန်းစုကြည် မပါဝင်က ရွေးကောက်ပွဲ ယုံကြည်မှုမရနိုင်ဟု အမေရိကန်ပြော

( 9 )A Rebel Stronghold in Myanmar on Alert

( 8 )Dialogue Among Key Myanmar Players Is First Step To Reconciliation

( 7 )အမေရိကန် အဆင့်မြင့် အရာရှိအဖွဲ့နှင့် တိုင်းရင်းသား ပါတီ ၈ ဖွဲ့တွေ့ဆုံ

( 6 )US warns Burma on election credibility

( 5 )Myanmar PM leaves for first Mekong-Japan summit in Tokyo

( 4 )ဒေါ်စုနှင့် အမေရိကန် အဆင့်မြင့် အရာရှိ အဖွဲ့ ၂ နာရီကြာတွေ့ ခွင့်ရ

( 3 )Burma poll 'credible' only with Suu Kyi

( 2 )ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံနဲ့ ဆွေးနွေးဖို့ အမေရိကန် တိုက်တွန်း

( 1 )Myanmar to launch anti-malaria project in three state, divisions

Thursday, November 5, 2009

ဗဟိုအလုပ်အမှုဆောင်စုံညီ တွေ့ခွင့်မရ၍ ဒေါ်အောင်ဆန်းစုကြည် မကျေနပ်

ကိုထွေး Thursday, 05 November 2009

ဦးတင်ဦးမှ လွဲ၍ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှု ဆောင်အဖွဲ့ (CEC) များနှင့် တွေ့ဆုံရန် စစ် အစိုးရက စီစဉ် သည်ကို ဒေါ်အောင်ဆန်း စုကြည်က ငြင်းဆို ခဲ့ခြင်းမှာ ကျေနပ်မှု မရှိ၍ ဖြစ်ကြောင်း NLDက ပြောသည်။

အမေရိကန် ကိုယ်စားလှယ် တို့ မတွေ့ ဆုံမီ ဦးတင်ဦး မှလွဲ၍ NLDဗဟို အလုပ် အမှုဆောင် အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေး သော်လည်း ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ် ခဲ့သည့် အတွက် ယင်းတွေ့ဆုံ မှုမှာ ဖြစ်မြောက် ခဲ့ခြင်း မရှိဟု အစိုးရပိုင် သတင်းစာ တွင် ရေးသား ထားသည်။

NLDပြောခွင့်ရ ဦးဉာဏ်ဝင်း က“ကျနော် သိတာ ကတော့ ဦးတင်ဦးကို ဖယ်ထား တာကို ဒေါ်အောင်ဆန်း စုကြည်က လက်မခံ နိုင်ဘူး၊ သူက စုံညီစွာ အားလုံး ပါရမယ်၊ ဦးတင်ဦး ကလည်း ထိန်းသိမ်းခံ ထားရတာ သူ့ကို ပါခေါ် ပေးရမယ်၊ ချန်ထား စရာ အကြောင်း မရှိဘဲ ချန်ထား တဲ့အတွက် ဒေါ်အောင်ဆန်း စုကြည် ကျေနပ်မှု မရှိဘူး” ဟု ဧရာဝတီ သို့ ပြောသည်။

၂၀၀၃ ခုနှစ်မှ ၂၀၀၉ခုနှစ်ထိ ၆ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD၏ CECတို့ တွေ့ခွင့်ရသည့် အချိန်စုစုပေါင်းမှာ ၇ နာရီ နှင့် ၂၅ မိနစ် သာရှိခဲ့သည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က“ ဦးတင်ဦးကို ကွက်ပြီးချန်ထားတယ် ဆိုတာကတော့ မကောင်းဘူးပေါ့၊ ဒီအပေါ်မှာ ဒေါ်စုက မူအရ လက်မခံတာ ဖြစ်တာပါ” ဟုဆိုသည်။

အသက် ၈၁ နှစ် ရှိ NLDဒု ဥက္ကဌ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည် နှင့်အတူ ဖမ်းဆီးခံခဲ့ရရာ ယခု ဆိုလျှင် ၅ နှစ် ကျော်ပြီဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ် သို့ ပြောင်းလဲ၍ ရန်ကုန်နေအိမ်တွင်ထားရှိ ခဲ့ခြင်း ဖြစ်သည်။

၁၉၉၈ ခုနှစ် ဇူလိုင်လတွင်လည်းစစ်အစိုးရက ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ၅ လ အပါအဝင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလမှ ၂၀၀၁ ခုနှစ် သြဂုတ်လ အထိ နေအိမ်အကျယ်ချုပ် ချခဲ့သည်။

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခံရစဉ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ သက်သေများ အဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်တို့ကိုလည်း အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုခေါင်းဆောင်နှစ်ဦးနှင့် တွေဆုံခွင့်ရရန် အတွက် ကြိုးပမ်းခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ ခရီးစဉ်အတွင်း စစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား နှင့် NLDကိုယ်စားလှယ်များကိုလည်း တွေ့ဆုံခဲ့သည်။

တောင်ပိုင်း ၀ အား ဖဲ့ယူရန် နအဖ ကြိုးပမ်းနေ

သျှမ်းသံတော်ဆင့်

ဝ ပြည် သွေးစည်း ရေးတပ်မတော် UWSA ပြိုကွဲရေး နှင့် တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စစ်အစိုးရ ဖဲ့ထုတ်ရန် ကြိုးစားစည်း ရုံးနေ ကြောင်း နယ်စပ် သတင်း ရပ်ကွက်က ပြောသည်။

ပုံပါကျင် ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီးကျော်သူက ခက်ထန်မာကြောတယ်။ အောက်တိုဘာ ၅ ရက်နေ့က အသစ် ရောက် လာတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဝင်းဦးကအဘက်ဘက်ကိုအ၀င် အထွက်လုပ်တတ်တယ်။ ရောက်ရောက်ချင်းဘဲ ဆိုင်ရာ ပြည်သူ့စစ် နဲ့ အပစ်ရပ်တပ်ဖွဲ့တွေကို သွားတွေ့တယ်” - ဟု မိုင်းတုံဒေသခံတဦး က ပြော၏။

ဦးခွန်ဆာဦးဆောင်သည့် MTA ခေါ် မုန်တိုင်းတပ်မတော် ပြိုကွဲရခြင်းမှာ အဓိကအကြောင်းရင်း ၂ ခုရှိကြောင်း - (၁) နောက် ဖေးပေါက်ဖြစ်သည့် ထိုင်းနယ်စပ်ဘက် ထိုင်းအစိုးရပိတ်လိုက်ခြင်း၊ (၂) တပ်တွင်းစည်းလုံးမှု ပြိုကွဲခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ၀ ပြည်သွေးစည်းရေးတပ်မတော်ပြိုကွဲအောင်လည်း အဆိုပါအကြောင်းအချက်ပေါ် မူတည်ကြောင်း - “ အမှတ် ၁၇၁ စစ်ဒေသဖြစ်တဲ့ တောင်ပိုင်း ၀ တပ်ဖွဲ့တွေကိုဖဲ့ထုတ်နိုင်ရမယ်၊ နောက်ကျောရိုးဖြစ်တဲ့ တရုတ်နယ်စပ်တလျှောက်တရုတ် အစိုးရပိတ်ပေးခိုင်းနိုင်ရင်တော့ ၀ ကို နအဖအပိုင်စီးနိုင်မယ်။ ပထမခြေလှမ်းအနေနဲ့ ဗျူဟာမှူးအပြောင်းအလဲလုပ်နေတယ်” - ဟု နယ်စပ်နေစစ်ရေးအကဲခတ်တဦး က သုံးသပ်ပါသည်။

အမည်မဖေါ်လိုသည့် တောင်ပိုင်း ၀ အရာရှိတဦးကလည်း မည်သူမှ စစ်မဖြစ်ချင်ကြောင်း သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြ၏။

“လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဌာနချုပ် ပန်ဆန်းကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်ကိုလနဲ့ချီ ခြေလျှင်လျှောက်ဆင်းလာ ရတယ်။ အခုတော့ အဲကွန်းကားနဲ့ နာရီပိုင်းခရီးသာ သွားလာနိုင်ပြီ။ ဘယ်သူမှ အရင်ကလို ဒုက္ခတွေ ရင်မဆိုင်ချင်တော့ ဘူး။ အဲဒီအားနည်းချက်ကို နအဖ သိလို့ ပိုမိုဖိအားပေးစည်းရုံးလာတာဖြစ်တယ်” - ဟု ပြောပါသည်။

ကိုးကန့်အရေးအခင်းကာလ ၀ နှင့် နအဖ တင်းမာမှု ပစ်ခတ်လုနီးနီးဖြစ်ခဲ့ရာမှ ယခုအခါ ထိုင်း - မြန်မာနယ်စပ် တလျှောက် ၀ ကားများ နအဖ တပ်စခန်း/ဂိတ်ဖြတ်သန်းသွားလာလျှင် အစစ်အဆေး လျှော့ပေါ့လာသည့်အပြင် သွားလာရေးလည်း လွယ်ကူလာကြောင်း၊ ထို့အပြင် ၀ တပ်စောင့် ဂိတ်တွင်လည်းဖြတ်သန်းခ/ခွန် ပြန်လည်ကောက်ခံနေပြီဖြစ်ကြောင်း - ၀ တပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

အမေရိကန် အစိုးရသဘောထား ဖော်ပြခွင့်ရ

NEJ / ၅ နိုဝင်ဘာ ၂၀၀၉

ယနေ့ထုတ် ပြည်တွင်း အပတ်စဉ်ဂျာနယ် (၂) စောင်တွင် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်သဘောထားကို မူရင်းအတိုင်း ဖော်ပြခွင့်ရရှိသည့်အတွက် ထူးခြားမှုတခုဖြစ်ကြောင်း ပြည်တွင်း ဂျာနယ်အယ်ဒီတာများက သုံးသပ် ပြောဆိုနေကြသည်။

အဆိုပါ သတင်း၊ တွေ့ဆုံခန်းတို့မှာ Bi Weekly Eleven ဂျာနယ် အချပ်ပို A တွင် ဖော်ပြထားသည့် အမေရိကန် လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး ခရီးစဉ် သတင်း စာရှင်းလင်းပွဲ သတင်းနှင့် မြန်မာ တိုင်းမ်ဂျာနယ် စာမျက်နှာ (၂) တွင် ဖော်ပြထားသည့် အမေရိကန် သံရုံး ယာယီ တာဝန်ခံ မစ္စတာ လယ်ရီဒင်းဂါး၏ အင်တာဗျူးတို့ ဖြစ်သည်။

Bi Weekly Eleven ဂျာနယ်၏ ဖော်ပြချက် တွင် နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် မစ္စတာ ကာ့တ်ကမ်ဘဲလ်၏ သတင်းစာ ရှင်းလင်းပွဲ ပြောဆိုချက် များဖြစ်သည့် မြန်မာ အစိုးရ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား တွေ့ဆုံ ဆွေးနွေး ရန်အတွက် အမေရိကန်က လိုလားကြောင်း၊ တွေ့ဆုံ ဆွေးနွေး မှုမှ တဆင့် အမျိုးသားပြန် လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာရန် ရည်ရွယ်ကြောင်းတို့ကို ဖော်ပြထားသည်။

မြန်မာတိုင်းမ်ဂျာနယ်ပါ အမေရိကန် သံရုံးယာယီတာဝန်ခံ လာရီဒင်းဂါး အင်တာဗျူးမှာလည်း သံအမတ်ကြီးရာထူးအဆင့်ကနေ တာဝန်ခံသံမှူးအဆင့်ကို ပြောင်းလဲလိုက်တာဟာ စိတ်မကျေနပ်မှုကို ဖော်ပြတာပဲ။ ခုထိလည်း ဒီအတိုင်းပါပဲ၊ ဆိုလိုချင်တာက လက်ရှိ နိုင်ငံရေးအခြေအနေဟာ ရှိသင့်ရှိထိုက်တဲ့ အခြေအနေလို့ ကျနော်တို့ အခုထိ မယုံကြည်ပါဘူးဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရ သဘောထား ဘယ်တော့ပြောင်းလဲမလဲဆိုသည့် မေးခွန်းကိုမူ “တကယ်လို့ အပြုသဘောဆောင်တဲ့ အဓိက တိုးတက်ဖြစ်ပေါ်မှုရှိရင် အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ အစိုးရနဲ့ ဒီမိုကရေစီ အုပ်စုတွေကြားမှာ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတရပ် ပေါ်ပေါက်ရေးနဲ့ အားလုံးသဘောတူညီနိုင်တဲ့ နိုင်ငံရေး အနာဂတ်တခုစီ ဦးတည်တဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ လှုပ်ရှားမှုတွေကို ဆွေးနွေးခဲ့တဲ့ ပြန်လည်သုံးသပ်ချက်က အဓိက နိုင်ငံရေးပြဿနာတွေမှာ အပြုသဘောဆောင် တိုးတက်မှုရှိရင် အတော်များများ ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလို တကယ် စစ်မှန်ပြီး ထူးခြားထင်ရှားတဲ့ ဖြစ်ပေါ်တိုးတက်မှုမျိုးတွေ မရှိဘဲနဲ့တော့ စောစောက ပြောတဲ့ အပြောင်းအလဲမျိုး လုပ်ဖို့ ခဲယဉ်းပါလိမ့်မယ်” ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ ဖော်ပြထားချက်နှင့် ပတ်သက်၍ ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာတဦးက “ခါတိုင်း စာပေစိစစ်ရေးရဲ့ သဘောထားအရဆိုရင် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်သတင်းကို သတင်းစာမှာ ဖော်ပြထားတာထက် ပိုပြီး ဖော်ပြလို့ မရဘူး။ အရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း သတင်းတွေ၊ မစ္စတာမ်ဘာရီ သတင်းတွေဆိုလည်း သတင်းစာထဲပါတာထက် ပိုပြီး မရေးရဘူး။ ခုဟာက မစ္စတာ ကာ့တ်ကမ်ဘဲလ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုတာတွေကို ဖော်ပြခွင့်ပေးခဲ့တယ်။ နောက်ပြီး ရှေ့ပိုင်းကာလတွေတုန်းက အမေရိကန် သံရုံးယာယီတာဝန်ခံနဲ့ တွေ့ဆုံတဲ့ အင်တာဗျူး စာမူ ပိတ်ပင်ခံရတာ ရှိခဲ့ဖူးတယ်။ ခုတော့ ဖော်ပြခွင့်ရရုံမက သံရုံးတာဝန်ခံပြောတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကိုပါ ဖော်ပြခွင့်ပေးခဲ့တယ်။ ဒါဟာ ထူးခြားတယ်။ ဒါကိုကြည့်ခြင်းဖြင့် စစ်အစိုးရဟာ အခြားနိုင်ငံတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေထက် အမေရိကန်အစိုးရကို ပိုပြီး အရေးထားတာ သိနိုင်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ ဝါရင့် သတင်းစာဆရာကြီးတဦးကမူ အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုသည် စစ်အစိုးရ ထပ်ပိုင်းခေါင်းဆောင်များကို အတော်အထိနာစေခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါပိတ်ဆို့မှုများ ရုပ်သိမ်းရန် သို့မဟုတ် လျော့ပေါ့ရန် ယခုကဲ့သို့ အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေကို ထူးထူးခြားခြား လိုက်လျောမှုပြုခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုသည်။

ကန်ပိုက်တီးနယ်စပ်ဂိတ် ဖြတ်ကျော်ခွင့်မြန်မာငွေ မယူဘဲ တရုတ်ငွေဖြင့် ကောက်ခံ

ပေါက်ပေါက် / ၅ နိုဝင်ဘာ ၂၀၀၉

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ကန်ပိုက်တီးတွင် တာဝန်ကျသည့် လူဝင်မှု ကြီးကြပ်ရေးဌာန (လဝက) က နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်များကို တရုတ်ငွေ ယွမ် (၅ဝ) နှုန်းဖြင့် လုပ်ပေးနေပြီး ကျသင့်ငွေကို မြန်မာငွေဖြင့် လက်မခံကြောင်း သိရသည်။

ကန်ပိုက်တီး လဝက ဂိတ်တွင် လဝကအရာရှိ ဦးကျော်စိုးအောင်၊ ကိုယ်ပိုင်နံပါတ် (I-5960) က ဦးစီးနေပြီး လဝကဝန်ထမ်း (၅) ဦးခန့်ရှိကာ တရုတ်ပြည်ဘက်သို့ ဖြတ်ကျော်လိုသူများအနေဖြင့် နယ်စပ်ဖြတ်ကျော် စာအုပ်အနီများ ထုတ်ပေးရာတွင် တရုတ်ငွေ (၅ဝ) ယွမ်အစား မြန်မာငွေဖြင့် ပေးမည်ဆိုပါက လက်မခံဘဲ တရုတ်ငွေသာ ပြန်လဲခိုင်းနေကြောင်း နယ်စပ်ဖြတ်ကူးလာသည့် ဝိုင်းမော်မြို့သားတဦးက ပြောသည်။

၎င်းက “အခု ငွေဈေးနဲ့ဆို ဗမာငွေ (၇,၈ဝဝ) လောက်ကျမယ်၊ ကျပ် (၈) ထောင် ပေးရင်တောင် မရဘူး။ တရုတ်ငွေ သွားလဲဆိုပြီး လဲရမယ့်နေရာတောင် သူတို့က လမ်းညွှန်ပေးလိုက်သေးတယ်။ ဗမာပြည်ထဲမှာဖြစ်ပြီး အခုလို ဗမာငွေ လက်မခံတာတော့ အတော်ကို အံသြစရာဗျာ။ ဘာကြောင့် ဒီလို လက်မခံရသလဲဆိုတာ ကျနော်တို့လည်း ဘယ်မေးရဲမလဲ။ သွားလဲခိုင်းနေမှတော့ ဗမာငွေ မရချင်လို့ပေါ့။ ကျနော်တယောက်တည်း မဟုတ်ဘူး။ အားလုံးကို ဒီလိုပဲ ဗမာငွေ မယူဘူး။ တရုတ်ငွေပဲ ယူနေတာ” ဟု ပြောသည်။

ဝိုင်းမော်၊ မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်အတွင်းမှ ဒေသခံများမှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ မိုးမောက်မြို့နယ်၊ လိုင်ဇာမှလည်းကောင်း၊ လွယ်ဂျယ်မြို့မှလည်းကောင်း တရုတ်ပြည်ဘက်သို့ ဖြတ်သန်းသွားလာမှုများ ရှိနေခဲ့ရာ အောက်တိုဘာ (၁) ရက်တွင် ဖွင့်လှစ်ခဲ့သည့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တဖက် တရုတ်ပြည် ထိန်ချုံးမြို့သို့ လာရောက်မှုများ ယခင်ထက် ပိုများလာသည်ဟု ထိန်ချုံးဒေသခံတဦးက ပြောသည်။

၎င်းက “ဂိတ်ဖွင့်တဲ့နောက်ပိုင်းတော့ အဝင်အထွက် နည်းနည်းပိုရှိလာတယ်။ အဓိကတော့ ဆိုင်ကယ် လာဝယ်ကြတာ များတယ်။ အချို့လည်း ဒီဘက်ထဲ ဆေးလာကုကြတာ။ ဗမာပြည်က တရုတ်တွေလည်း ဒီထိန်ချုံးကို အလာများတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးတွေက ဒီမှာ ရှိနေတာလေ။ မော်စီတုန်း အာဏာရတဲ့ ၁၉၄၉-၅ဝ တုန်းက တကြိမ်၊ ၁၉၆ဝ ယဉ်ကျေးမှုတော်လှန်ရေးတုန်းက တကြိမ် ဒီထိန်ချုံးက မြေရှင်ယာရှင် တရုတ်တွေ ဗမာပြည်ထဲ ထွက်ပြေးရတာတွေ ရှိခဲ့တယ်။ အခုတော့ ပြန်လာလည်တာမျိုးတွေ ရှိနေတာ” ဟု တရုတ်ပြည် ထိန်ချုံးဒေသခံတဦးက ပြောသည်။

မူဆယ်၊ လွယ်ဂျယ်နှင့် လိုင်ဇာ ဝင်ပေါက်တို့မှတဆင့် တရုတ်ပြည်ထဲဝင်ရောက်ရာတွင် တနှစ်သက်တမ်း အသုံးပြုခွင့်ရှိသည့် နယ်စပ်ဖြတ်ကျော်စာအုပ်လုပ်ခမှာ တနေရာနှင့်တနေရာ မတူဘဲ ကျပ် (၃,ဝဝဝ) မှ ကျပ် (၆,ဝဝဝ) အထိရှိပြီး မြန်မာငွေဖြင့်သာ ပေးဆောင်ရသည်။

စစ်ရေးလှုပ်ရှားမှုကြောင့် ရွာသူရွာသား ၂၅၀၀ခန့် ရွှေ့ပြောင်းပုန်းအောင်း

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်ထားရာ ညောင်လေးပင်ခရိုင်အတွင်း နအဖ စစ် ကြောင်းများ ဝင်ရောက်စစ်ဆင်လှုပ်ရှားမှုကြောင့် ဒေသခံရွာသူရွာသား ၂၅၀၀ခန့်က အိုးအိမ်နှင့် လုပ်ငန်းများကိုစွန့်ပြီး တောတောင် ထဲတွင် ရွှေ့ပြောင်းပုန်းအောင်းနေကြရသည်ဟု သိရသည်။

ညောင်လေးပင်ခရိုင်၊ မုံးမြို့နယ် အခြေစိုက် နအဖ ခမရ (၅၉၉)၊ ခလရ (၇၃)နှင့် (၃၉)တပ်ရင်းတို့က စစ်ကြောင်း ၂ကြောင်းဖြင့် မုံး မြို့နယ်၏ အရှေ့ဘက်ခြမ်းးရှိ ဒေသများအတွင်းသို့ အောက်တိုဘာလဆန်းပိုင်းကစပြီး ဝင်ရောက်လှုပ်ရှားခဲ့ခြင်းကြောင့် ထိုဒေသရှိ ရွာသူရွာသားများသည် အဆိုပါ နအဖ စစ်တပ်ရန်မှ လွတ်မြောက်ရန် တောတွင်းသို့ ထွက်ပြေးပုန်းအောင်းနေထိုင်ကြရခြင်းဖြစ် သည်ဟု ကရင့်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး(ကေအိုအာရ်ဒီ)မှ တာဝန်ရှိသူတဦးက ပြောသည်။

“ကျနော်သိရတာက အဲဒီဒေသတွေမှာ နအဖ တပ်တွေ ဝင်လှုပ်ရှားလာတော့ ဒေသခံရွာသူရွာသားတွေ (၂၅၀၀)လောက်ရှိမယ်၊ တောထဲမှာ ထွက်ပြေးပုန်းအောင်းနေထိုင်ရတယ်။ နအဖ တပ်တွေ လှုပ်ရှားနေဆဲပဲဆိုတော့ အဲဒီရွာသူရွာသားတွေက အစားခက်ခဲ၊ အနေခက်ခဲနဲ့ တောထဲမှာပဲ ပုန်းအောင်းနေကြတယ်”ဟု ကေအိုအာရ်ဒီ အတွင်းရေးမှူး စောထူးကလိက ကေအိုင်စီကို ယနေ့ ပြောဆိုသည်။

မုံးမြို့နယ်အရှေ့ခြမ်းတွင် နေထိုင်ကြသည့် ရွာသူရွာသားများက ဝမ်းရေးအတွက် တောင်ယာစပါးကို အဓိကထား လုပ်ကိုင်ကြသူများ ဖြစ်ပြီး ယခု စပါးရိတ်သိမ်းနေဆဲအချိန်မှာ နအဖ တပ်များ ဝင်ရောက်လှုပ်ရှားလာသည့်အတွက် တောင်ယာခင်းပေါင်း (၂၀၀)ထက် မနည်း ပျက်ဆီးသွားမည့်အနေအထားတွင် ဖြစ်နေသည်ဟု စောထူးကလိက ဆိုသည်။

သူက “အခုချိန်မှာ ရွာသားတွေ စပါးရိတ်တဲ့အချိန်လည်းဖြစ်တယ်။ တောင်ယာခင်းပေါင်း (၂၀၀)ထက်မနည်း ရှိတယ်လို့ ကျနော်တို့ သိရတယ်။ နအဖ တပ်တွေ ဝင်လာတော့ ရွာသားတွေ တောင်ယာထဲ မသွားရဲကြတော့ဘူး။ လုပ်ရင်းတန်းလန်းနဲ့ ချန်ထားခဲ့ရ တယ်။ အဲဒီအတွက် နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ စားရေးသောက်ရေးအခက်အခဲတွေက အများကြီး ကြုံလာရအုံးမယ်”ဟု ပြောသည်။



အဆိုပါနအဖတပ်များသည် အောက်တိုဘာ(၇)ရက်နေ့မှစ၍ မုံးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြင်တွေ့သမျှ ရွာသူရွာသားများကို လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ကာ အိုးအိမ်များကို မီးရှို့ပြီး တောင်ယာများကိုလည်း ဖျက်ဆီးခဲ့သည်ဟု မြန်မာပြည်လွတ် မြောက်ရေးကူညီစောင့်ရှောက်ရေးအဖွဲ့(အက်ဖ်ဘီအာရ်)က အောက်တိုဘာ ၃၀ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

မုံးမြို့နယ်အရှေ့ခြမ်းရှိ နွားလေးခို၊ နွားထာ့၊ ကွီးဘလေးထာ့၊ ဆောဖိုးထာ့၊ နားထီးခို၊ ညာမူခီး၊ တောဖိုးထာ့၊ သေခေးယူ၊ ထီးတောခီး၊ တာနာထာ့ စသည့်ကျေးရွာများအတွင်း နေထိုင်ကြသည့် ရွာသူရွာသားများသည် နအဖတပ်များကို အတွေ့မခံသည့် ရွာပုန်းရွာ ရှောင်များဖြစ်ကြသည့်အတွက် ညောင်လေးပင်ဒေသအတွင်း နအဖတပ်များ ဝင်ရောက်လှုပ်ရှားချိန်ကတည်းကစ၍ ယခုအချိန်ထိ နေရာတည်ငြိမ်မှုမရှိဘဲ အမြဲလိုလို ရွှေ့ပြောင်းနေထိုင်ကြရသည်။

AMI ဒေသဆိုင်ရာ ရုံများ အားလုံးကို ပိတ်ထားလိုက်ပြီ

Narinjara News

AMI ဌာနေ ရုံးကို ဒေသခံ ရခိုင်လူမျိုးများမှ တိုက်ခိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့ တောင်မြို့ နယ် များတွင် ဖွင့်လှစ် ထားသော အဆိုပါ အဖွဲ့၏ ရုံးခွဲများ အားလုံးကို စစ်အစိုးရ တာဝန် ရှိသူများမှ ပိတ်ထား လိုက်ကြောင်း သတင်း ရရှိသည်။

“ ရုံးတွေအားလုံးကို ခုချိန်ထိ ပိတ်ထားတုန်းဘဲ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်ပွားပြီးကတည်းက ရုံးတွေ ဖွင့်ခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်တားမြစ်ထားလိုက်တာ ဖြစ်ပါတယ်။ ပြဿနာတွေ ဆက်ဖြစ်နိင်တဲ့ အတွက် ရုံးတွေကို ပိတ်ထားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဒေသခံ တဦးက ပြောသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ရခိုင်အမျိုးသား ၂၀၀၀ကျော်ခန့်က ဘူးသီးတောင်မြို့တွင် ဖွင့်လှစ်ထားသော နိုင်ငံခြား အန်ဂျီအိုတခု ဖြစ်သည့် AIDE MEDICINE INTERNATIONAL (AMI) ဗဟိုရုံးကို ရုံဝန်ထမ်းတဦးမှ ရခိုင်အမျိုးသမီး တဦးကို စော်ကားမူ ပြုလုပ်ခဲ့သဖြင့် တုတ်၊ ဓါး ၊ ပုလင်းများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခဲ့သဖြင့် အဆိုပါ အန်ဂျီအိုပိုင် ကားများ၊ ဆိုင်ကယ်များနှင့် ရုံး အဆောက်အဦးများ ပြိုပျက်သွားခဲ့သည်။

၎င်းနောက်ပိုင်းတွင် သက်ဆိုင်ရာမှ အခြေအနေကို ၀င်ရောက် ထိန်းသိမ်းခဲ့ရပြီး အမျိုးသမီးကို စော်ကားသူ မူဆလင် ၀န်ထမ်းနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ၎င်းအပြင် နိုင်ငံခြား (၂) ဦးနှင့် ရုံးဝန်ထမ်း ၁၇ ဦးကိုလည်း ကယ်ထုတ်ခဲ့ရပြီး ဘေးလွတ်ရာတွင် စောင့်ရှောက်ထားရသည်ဟု သိရသည်။

“ အခုလောလောဆယ်တော့ ဒီပြဿနာကြောင့် ပြည်နယ် ဒုရဲမင်းကြီး ဘူးသီးတောင်ကို ရောက်နေပါတယ်။ ပြဿနာ ဖြစ်ပွားတာကို လာရောက် စစ်ဆေးနေတယ်လို့သိရပါတယ်။ ဖမ်းမယ် ဆီးမယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ခုချိန်ထိတော့ AMI ကိုတိုက်ခိုက်တဲ့ လူတဦး တယောက်ကိုမှ ဖမ်းဆီးတာ မရှိသေးပါဘူး” ဟု သူကပြောသည်။

အန်ဂျီအိုအား တိုက်ခိုက်သူများအား ဖမ်းဆီးမည် ဖြစ်ကြောင်း ကောလဟလ သတင်းများ ထွက်ပေါ်နေသဖြင့် အဆိုပါ တိုက်ခိုက်မူကို ဦးဆောင်သူ လူငယ်များ အနေဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၌ တိမ်းရှောင်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသခံ ရခိုင်များက နိုင်ငံခြား အန်ဂျီအို တခုကို တိုက်ခိုက်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ယခုတိုက်ခိုက်မူကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကျန်းမာရေး အကူအညီများပေးနေသော AMI အန်ဂျီအို၏ လုပ်ငန်းများမှာ အနာဂတ်တွင် ရပ်ဆိုင်းသွားနိုင်သည်ဟု လေ့လာ သုံးသပ် တဦးက ပြောသည်။


တာဝန်မထမ်းဆောင်လိုတော့ကြောင်း အရာရှိတဦး ဖွင့်ဆို

ဗထူး

တပ်မတော်အတွင်း တပ်မှူးများ၊ အရာရှိများအနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်းလိုခြင်းမရှိတော့ကြောင်း အမည်မဖော်လိုသည့် တပ်မတော်အရာရှိတဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်လာမည့် အစိုးရနှင့် အနာဂါတ်ကို ယုံကြည်မှုမရှိသည့်အတွက် ယင်းကဲ့သို့ ဆက်လက် မနေလိုတော့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုဆို တချို့တပ်မှူးတွေ၊ အရာရှိတွေ အရပ်ဖက်ကို ငွေပေးပြီး ပြောင်းနေကြတယ်။ အဲဒါကလည်း တိုင်းမှူးတွေနဲ့ အဆင်ပြေပြီးမှ ရတာ။ အနိမ့်ဆုံး လေးသိန်းလောက် ကုန်တယ်။ အခုဟာက တချို့တပ်တွေမှာဆိုရင် အမိန့်မနာခံရင် ပင်စင်လစာပါ မရဘူးဖြစ်နေတာ။ အရာရှိတော်တော်များများလည်း အထက်က ဖိအားပေးတာတွေ ခံနေရတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို တပ်မတော်အရာရှိများအပါအဝင် ကြံ့ဖွံ့အသွင်ပြောင်းများ၊ စစ်မှုထမ်းဟောင်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များကို ပြင်ဆင်ဖွဲ့စည်းထားကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောသည်။

စစ်အစိုးရခေါင်းဆောင်ပိုင်းအနေဖြင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများအပေါ် မည်ကဲ့သို့ သဘောထားသည်ဖြစ်စေ မိမိတို့အနေဖြင့် အားလုံးအဆင်ပြေစေလိုကြောင်း ၎င်းက ပြောသည်။

“အတိုက်အခံပဲပြောပြော၊ ဒေါ်စုကြည်နဲ့ပဲဖြစ်ဖြစ် ပြေလည်အောင် လုပ်စေချင်ပါတယ်။ တဆက်တည်းပြောချင်တာက ကျနော်တို့ တပ်မတော်သားတွေအနေနဲ့ကတော့ တပ်မတော်နဲ့ ပြည်သူ ကြည်ကြည်ဖြူဖြူပဲ သွားချင်ပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်အစိုးရ အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ကြားဖြတ်အစိုးရဖွဲ့ရန် မဖြစ်နိုင်ကြောင်းနှင့် တပ်မတော်အတွင်း တစုံတရာ မကြားသိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

မကြာသေးခင်ကလည်း တပ်မတော်အင်ဂျင်နီယာတပ်မှ အရာရှိတဦးက အင်ဂျင်နီယာတယောက်အနေဖြင့်သော်၎င်း၊ တပ်မတော်သားတယောက်အနေဖြင့်သော်၎င်း အပြောင်းအလဲသည် အရေးကြီးကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၅


(၁၂၂)
ဂန္ဒီတောင်းဆိုချက်အတိုင်း စစ်အုပ်စုက စက်တင်ဘာလအတွင်း လွှတ်တော် မခေါ်ပေးခဲ့လျှင်….၊ မည်သို့ ဆက်လုပ်မည်နည်း….။


ဤမေးခွန်းက …. အဖွဲ့ချုပ်၏ ခေါင်းဆောင်များအတွင်း၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွင်း….၊ အဖွဲ့ချုပ်အဖွဲ့ဝင်များအတွင်း….၊ ညီနောင် ဒီမိုကရေစီလိုလားသည့် နိုင်ငံရေး အင်အားစုများအတွင်း ….၊ ပြည်သူလူထုကြီးအတွင်း…၊ ဖြေရှင်းကြရမည့် ပုစ္ဆာတပုဒ်…..။

စစ်ခေါင်းဆောင်များက …. အာဃာတကင်းစင်သော အထွေထွေ သဟဇာတဖြစ်မှုဆီသို့ ရှေးရှုလိုဟန်မရှိ၊ တမျိုးသားလုံး ပြန်လည်သင့်မြတ် စေရေးအတွက် ငြိမ်းချမ်းချောမွေ့သော နည်းလမ်းကို ရွေးလိုသည့် ဆန္ဒမတွေ့ရ…..။ သူတို့၏ ကြေညာချက်အမှတ် ၁/၉ဝ ကိုသာ အသေဆုပ်ကိုင်ပြီး အရာရာကို အာဏာစက်နှင့် ရှင်းမည့်ဟန်….။
၁/၉ဝ တွင် …

“ ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းခြင်းအား လုပ်ဆောင်ပေးမည်”။

ရက်ပေါင်း ၆ဝ အတွင်းတော့မဟုတ်….။ ဘယ်နေ့ဟူ၍လည်း အတိအကျမပြော….။ မဆလ ၏ နောက်ဆုံးမင်းဆက် ဒေါက်တာမောင်မောင် ပြောသကဲ့သို့ မိုးလေသာသည့် နေ့တနေ့….။

“ယာယီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်ခံမည်မဟုတ်….၊ ပြင်းပြင်းထန်ထန် အရေးယူမည်။ အာဏာစက်သုံး၍ အရေးယူမည်”။ ၁/၉ဝ ကို နိုင်ငံရေးပါတီ အဖွဲ့အစည်းများကလည်း လိုက်နာကြရန် အမျိုးမျိုး ဖိအားပေး၏။ အဓမ္မ အကျပ်ကိုင်နေ၏။

ရက် ၆၀ က တရွေ့ရွေ့နှင့် နီးကပ်၍လာပြီ။


(၁၂၃)
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နှင့် ထိန်းသိမ်းခဲ့ပြီးသည့်နောက်တွင် …. စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ လှုပ်ရှားမှုများက ရန်ကုန်တွင် အနည်းငယ်ငြိမ်၍သွား၏။ ရန်ကုန်လှုပ်ရှားမှု ဖော်ဆောင်ရာတွင် အနည်းငယ် အေးနေခဲ့သော်လည်း အထက်ဗမာပြည်၊ မန္တလေးတွင်မူ …. ဆရာတော် ဦးရေဝတ ဦးဆောင်သည့် “သံဃာသမဂ္ဂီ” က NISC ကို လျှို့ဝှက်ဖွဲ့စည်းခဲ့၏။ NISC တွင် (ဗကသ) အထက်ဗမာပြည်၊ ဖျက်သိမ်းခြင်း ခံခဲ့ရသည့် အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (မနတ) ၊ ပြည်သူ့တိုးတက်ရေးပါတီ၊ အမြဲစိမ်းလူငယ်များအဖွဲ့၊ ကျောင်းဆရာများသမဂ္ဂ၊ ရှေ့နေများသမဂ္ဂ၊ ဈေးချိုတော်သမဂ္ဂ၊ လယ်သမားသမဂ္ဂ တို့ပါဝင်ပြီး၊ ရှစ်လေးလုံး ၂ နှစ်ပြည့် တိုက်ပွဲမှသည် …. ရက် ၆ဝ ပြည့် ပြည်သူ့လွှတ်တော် ဖွဲ့စည်းရေးတိုက်ပွဲဆီသို့ … လူထုလှုပ်ရှားမှု ဖော်ဆောင်ရန် ကြိုးပမ်းလှုပ်ရှားလျက်ရှိ၏။

၁၉၉၀ ခုနှစ် သြဂုတ်လ ၅-၆-၇ ရက်များတွင် … မန္တလေးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း … အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၅)၊ အမှတ် (၉)၊ အမှတ် (၁၅)၊ အမှတ် (၁၆) တို့တွင် ကျောင်းသားဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့၏။

၁၉၉၀ ခုနှစ် သြဂုတ်လ ၈ ရက်၊ ရှစ်လေးလုံး ၂ နှစ်မြောက် … နံနက်တွင် မန္တလေးမြို့ရှိ လေးပြင်လေးရပ်မှ သံဃာအပါး ၁ဝဝဝ ကျော်ခန့်က မြို့ပြရှိ လမ်းများထက် စီးတန်း၍ “ရှစ်လေးလုံး ၂ နှစ်မြောက်” အထိမ်းအမှတ် ဆွမ်းခံထွက်ကြ၏။ လူထုကလည်း လမ်းလုံးပြည့် ဆွမ်းထွက်လောင်းကြ၏။ လုံခြုံရေးတပ်သားတို့ကလည်း လမ်းများပေါ်တွင် ပစ်ခတ်ရန်အသင့်…။ အခြေအနေက တင်းတင်းမာမာ….။ အဆုံးတော့ သွေးစွန်းခဲ့ရသည်။


(၁၂၄)
၁၉၉ဝ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်….။

အမှတ် (၃၉၃)၊ ဗိုလ်အောင်ကျော်လမ်း….။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဌာနချုပ်ရုံးခန်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ တွေ့ဆုံ၍ မျက်မှောက်ဖြစ်ရှိနေသော နိုင်ငံရေးအခြေအနေများ ဆွေးနွေးကြ၏။

၁၉၉ဝ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၇ဝ ကို ကိုယ်စားပြုသည့် ဆွေးနွေးပွဲဟု ဆိုရမည်။ အဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များအားလုံး တက်ရောက်ကြပြီး၊ ပြည်နယ် ၇ ပြည်နယ်မှ ဗဟိုဦးစီးအဖွဲ့ဝင် ၇ ဦးလည်း တက်ရောက်သည်။

အဖွဲ့ချုပ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဗိုလ်အောင်ကျော်လမ်း တွေ့ဆုံမှုက …. ယခုအကြိမ်သည် ဒုတိယအကြိမ် တွေ့ဆုံခြင်းဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခြင်း မခံရမီ ရက်ပိုင်းခန့်က ….. အမှတ် (၃၉၃) ၊ ဗိုလ်အောင်ကျော်လမ်းရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြ၏။ ထိုစဉ်က….. အဓိကဆွေးနွေးခဲ့ကြသည်က …. “ ပြည်ထောင်စု တည်ဆောက်ရေး” …..။

အဖွဲ့ချုပ်က ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် အဖွဲ့ချုပ်၏ ကြေညာချက် အမှတ် ၉ ကို ရှင်းပြ၍ “ပြည်ထောင်စုသစ် တည်ဆောက်ရေး” လုပ်ငန်းစဉ်ကို ဆွေးနွေး၏။
ဖက်ဒရယ်နှင့် ပတ်သက်၍ မူ…. ထိုဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က သူ၏ အမြင်ကို ရိုးရိုးရှင်းရှင်းပင် ဆွေးနွေးခဲ့၏။

“(Federal) ဆိုတာကလည်း စောစောက သဘာပတိကြီး ရှင်းပြသွားတဲ့အတိုင်းပဲ (Federal) ဆိုတာကတော့ အင်္ဂလိပ်စကားလုံး တခုပဲဖြစ်ပါတယ်။ (Federal) ဆိုတာဟာ ခွဲထွက်ရေးမဟုတ်ပါဘူး။ ကျမတို့ အားလုံးသိပြီးသားပါ။ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ ကျမတို့ လက်ခံပါတယ်။ ဒါပေမဲ့ (Federal) ဆိုတာ အမျိုးမျိုးရှိပါတယ်။ (Federal) ဆိုတော့ (Central Government) နဲ့ (Local Government) တို့ကြားထဲမှာ ဘယ်လို အာဏာခွဲရလဲ။ ဒါဟာ (Federal) ရဲ့ အဓိကပြဿနာပဲ၊ ဒါကို ဆုံးဖြတ်ရမှာပဲ” ယခု ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲက ….. ပြည်ထောင်စုသစ် တည်ဆောက်ရေး မူပိုင်းဆိုင်ရာ မျှော်မှန်းချက်များကို ဆွေးနွေးကြခြင်းမဟုတ်….။ လျှောက်လှမ်းမည့် လမ်းအတွက် လမ်းညွှန်မြေပုံကို ဆွေးနွေးခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ ၉၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ဆွေးနွေးပွဲ…။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအရ၊ ပြည်သူလူထု ၉၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသူတို့၏ ဆွေးနွေးပွဲ….။
ဆွေးနွေးပွဲပြီးသည်နှင့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်၏။

“ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက် …. အမှတ် (၁)” ဟူ၍ ဖြစ်သည်။ ကြေညာချက်၏ အဓိက အနှစ်သာရက ….

“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအခန်း (၂)၊ ပုဒ်မ (၃) အရ ပြည်သူ့လွှတ်တော်ကို ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလအတွင်း ခေါ်ယူဖွဲ့စည်းရေးအတွက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ တောင်းဆိုကြောင်းနှင့် ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာပြီးလျှင် ပြည်သူ့လွှတ်တော်က တင်မြှောက်သော အစိုးရဖွဲ့စည်းပြီး အလျင်အမြန်ဆုံးသော ကာလအတွင်း ပြည်သူ့လွှတ်တော်၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား လူမျိုးများနှင့် ပါဝင်သင့်၊ ပါဝင်ထိုက်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပါဝင်သည့် အမျိုးသား ညှိနှိုင်းမှု ညီလာခံကြီးတရပ် ကျင်းပ၍ ပြည်ထောင်စု ထူထောင်ရေးအတွက် လမ်းညွှန်မှုများ ချမှတ်မည်။

ယင်းလမ်းညွှန်မှုများနှင့်အညီ ပြည်သူ့လွှတ်တော်က ရေရှည်တည်တံ့ခိုင်မြဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲပြဋ္ဌာန်းအတည်ပြုရမည်ဟု ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က တညီတညွှတ်တည်း သဘောတူကြသည်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် …..

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့နှင့် (နဝတ) အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့တို့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းရေးအတွက် တိုက်တွန်း၏”

စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းရေး တောင်းဆိုမှုတိုက်ပွဲက ပိုမို၍ကျယ်ပြန့်ပြီး အင်နှင့်အားနှင့်…..။


(၁၂၅)
၁၉၉ဝ ခုနှစ် စက်တင်ဘာလအတွင်း စစ်အုပ်စုမှ လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးခြင်း မရှိလျှင် …. အဖွဲ့ချုပ်အနေနှင့် မည်သို့ လုပ်ဆောင်မည်နည်း….။ အဖွဲ့ချုပ်ခေါင်းဆောင်မှုအတွင်း အုပ်စု ၃ စုဖွဲ့၍ နည်းလမ်း ၃ သွယ်ကို စဉ်းစားကြ၏။ အပျော့…အမာ၊ အထူ….အပါး၊ အရင့်….အဖျော့၊ အလိုက် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် နည်းလမ်း ၃ သွယ်….။

အဖွဲ့ချုပ် လျှောက်လှမ်းမည့် ရွေးလမ်း ၃ ခု…။ မည်သည့်ရွေးလမ်းကို ရွေးချယ်၍ လျှောက်လှမ်းမည်ကိုမူ …. မသတ်မှတ်ကြရသေး….။ မဆုံးဖြတ်ကြရသေး….။ စစ်ဗိုလ်ချုပ်ကြီးများကမူ …. အဖွဲ့ချုပ်ကို ၁/၉ဝ မှလွဲ၍ မည်သည့် ရွေးချယ်ခွင့်ကိုမျှ ခွင့်မပြု….။ အဖမ်းအဆီးများ စတော့၏။ ၁၉၉ဝ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ ဦးကြည်မောင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးချစ်ခိုင်တို့ကို ဖမ်း၏။ အဖွဲ့ချုပ်၏ အလံကိုင်သူများကို ပစ်ချခြင်း….။ ပြီးလျှင် …. အဖွဲ့ချုပ်၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုဦးစီးအဖွဲ့ဝင်များကို ဆက်၍ ဆက်၍ … ဖမ်းဆီး၏။

စက်တင်ဘာလ ဒုတိယပတ်အတွင်း၌ အဖွဲ့ချုပ်မှတ်တမ်းလွှာ ၁၃/၉ဝ နှင့် ပတ်သက်၍ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဦးစိန်လှဦးတို့ကို အာဏာပိုင်တို့က ထိန်းသိမ်းထားလိုက်၏။ ဗဟိုအလုပ်မှုဆောင်အဖွဲ့အတွင်း …. မျိုးချစ်ရဲဘော်ဟောင်းများမှ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးရွှေတို့ ၃ ဦး ကျန်ရှိပြီး၊ တတ်သိပညာရှင်များမှ …. ဒေါ်မြင့်မြင့်ခင်၊ ဦးကျော်မင်း (ဗိသုကာ ကျော်မင်း)၊ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးစိုးသိမ်း (မောင်ဝံသ) တို့ ၄ ဦး ရှိကြ၏။

၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး ကျင်းပ၏။ အစည်းဝေးအတွင်း အယူအဆရေးရာ ငြင်းခုန်မှုများက ပြင်းပြင်းထန်ထန်….။ ဗဟိုအလုပ်မှုဆောင် အဖွဲ့အတွင်းမှာပင်….. အယူအဆရေးရာက တသဘောတည်းမကျ….။ ဒေါ်မြင့်မြင့်ခင်၊ ဦးကျော်မင်း (ဗိသုကာကျော်မင်း) တို့က … ဂန္ဒီလမ်းကြောင်းအတိုင်း ဆက်၍ ချီတက်ရန်ဖြစ်ပြီး၊ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးစိုးသိမ်း (မောင်ဝံသ) တို့က ဂန္ဒီလမ်းကြောင်းကို သွေဖယ်၍ စဉ်းစားလာကြ၏။ စစ်အုပ်စု၏ ၁/၉ဝ စီးကြောင်းအတွင်းသို့ မျှော၍ ဝင်လိုနေကြသည်။

နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအစည်းအဝေးက အများသဘောတူညီမှုဖြင့် ဆုံးဖြတ်ချက်များ ချ၏။ ကြေညာချက် ထုတ်ပြန်၏။ အဖွဲ့ချုပ်၏ ကြေညာချက် အမှတ် ၅/၉ဝ ….။

၅/၉ဝ တွင်က …. စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးရေး မတောင်းဆို….။ ဂန္ဒီတွင် ချမှတ်ခဲ့သည့် …. အဖွဲ့ချုပ်မှ ရေးဆွဲထားပြီးဖြစ်သည့် ၁၉၉ဝ ခုနှစ် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ဖြင့် ဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်ကို ကြောခိုင်းလိုက်၏။ ပြီးလျှင် ….
“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ရေးဆွဲရမည်ဖြစ်သည်” ဟူ၍ အနှစ်ချုပ်သည်။

ထိုအတွင်း …. ဦးချမ်းအေး (မောင်စူးစမ်း) ၏ “အားလုံးပြီးစီးနေသော အခြေအနေများမှ ရလဒ်ကောင်းများ ထွက်ပါစေ” စာတမ်းတစောင် ထွက်လာ၏။

ထိုနေ့က …. ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း မတရား ထိန်းသိမ်းခံနေခဲ့ရသည့် ရက်ပေါင်း ၄၂၄ ရက်မြောက်သည့်နေ့ ……။


နိုင်ငံကျော် မင်းသား ကျော်သူ အသက် ၅၀ ပြည့် မွေးနေ့ကျင်းပ (ရုပ်သံသတင်း)

မဇ္စျိမသတင်းဌာန

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,5th,2009

( 57 )A Victim of the Junta’s Dog-Eat-Dog World

( 56 )U.S. encourages Burma junta to embrace rivals

( 55 )Beijing in support of the Burmese junta: work on a new oil pipeline begins

( 54 )ဒေါ်အောင်ဆန်းစုကြည် သတင်းပါဝင်သော ဂျာနယ်များ အရောင်းသွက်

( 53 )ကရင်အဆိုတော် စောဘီးချာ (Beecher)ကွယ်လွန်

( 52 )Suu Kyi Rejects NLD Meeting

( 51 )Junta Continues Crackdown

( 50 )မနီမိုလှိုင်အတွက် ဆေးကုသရန်လိုအပ်နေ

( 49 )မြန်မာထုတ် ကားများ အိန္ဒိယကားပြပွဲတွင် ပြသမည်

( 48 )Burma offered chance of better relations

( 47 )နိုင်ငံရေးအကျဉ်းသူ မနီမိုလှိုင် ကျန်းမာရေး ဆိုးရွားနေ

( 46 )တွေ့ဆုံဆွေးနွေးမှုများ အချိန်ကာလ အပိုင်းအခြားရှိရန် လိုအပ်ဟု အန်အယ်လ်ဒီ ဗဟိုအမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ပြော

( 45 )Film festival opens with moving story of refugees' first year in Yorkshire

( 44 )တိုင်းရင်းသားပါတီများ ဖွဲ့စည်းပုံပြင်ဆင်ရေးသာ လိုလား

( 43 )Questions follow junta’s drug bonfire in Kokang

( 42 )မြဝတီမြို့တွင် လောင်းကစားဖြင့် စီးပွားရှာသူ တနေ့တခြား များပြားလာ

( 41 )Burma in Crisis

( 41 )နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းသည် လက်နက်ချခြင်းထက် ပိုမိုဆိုးဝါးဟု SSA ပြော

( 40 )Indian rebels construct road in Burma

( 39 )ရန်ကုန်-မန္တလေး လမ်းမကြီး အသုံးပြုခ ၂ ဆတိုးမြှင့် ကောက်ခံ

( 38 )Myanmar's uncertain post-election future

( 37 )မန္တလေးဘုရားပွဲကြေး လပေးနဲ့ တောင်းရမ်းနေ

( 36 )Myanmar election needs Suu Kyi involvement

( 35 )နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင် အင်းစိန် ထောင်တွင်းတွင် ကွယ်လွန်

( 34 )US ready to improve ties

( 33 )ပဲဈေးတက်ချိန် ပဲစိုက်ခွင့်မရဘဲ တောင်သူတွေ နွေစပါး စိုက်နေရ

( 32 )U.S. envoy: Ties could improve if Myanmar makes progress

( 31 )US will not lift Myanmar sanctions

( 30 )ရွှေ့ပြောင်းအလုပ်သမားများ ယာဉ်မောင်းလိုင်စင် မကြာမီ ပြုလုပ်ခွင့် ရမည်

( 29 )ရှမ်းပြည်အရှေ့ပိုင်းဒေသ၌ သံဃာတော်နှင့် သက်ဆိုင်သည့်စာရင်းများကောက်ယူ

( 28 )ငွေစက္ခူအစုတ်များကို ပလတ်စတစ်ထဲထည့်၍ အသုံးပြုနေကြ

( 27 )အလုပ်သမာများ နေရပ်သို့ အပြန်များနေ

( 26 )Former Myanmar foreign minister dies in jail

( 25 )ထော်လာဂျီကားများကို ယာဉ်ထိန်းလိုင်စင်ပြုလုပ်ခိုင်း

( 24 )နိုင်ယက္ခ၏ ကျန်းမာရေးအခြေအနေကောင်း

( 23 )ကော့သောင်းမြို့အထွက် လှေတစ်စင်းနစ်

( 22 )မြန်မာနိုင်ငံသား ၃၆ ဦးကို ဘင်္ဂလာရဲက ဖမ်းဆီး

( 21 )စစ်ပြေးဒုက္ခသည်များ မျက်စိနာရောဂါ ကူးစက်ဖြစ်ပွားနေ

( 20 )ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီများကို လွတ်လပ်စွာ သယ်ယူခွင့် ပြုရန် ညွန်ကြား

( 19 )US envoy meets Suu Kyi

( 18 )ကိုဌေးကြွယ် ကွယ်လွန်သည်ဆိုခြင်းမှာ မမှန်ကန်

( 17 )နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် ကွယ်လွန်

( 16 )Washington to take steps to improve ties with Myanmar

( 15 )တောင်ပိုင်းရှိ ၀ တပ်ဖွဲ့များကို နအဖ ဖဲ့ထုတ် စည်းရုံးနေ

( 14 )တိုင်းရင်းသားနှင့် NLD ကိုယ်စားလှယ်များ အမေရိကန်အဖွဲ့နှင့် တွေ့ဆုံ

( 13 )၂ လအတွင်း စိတ်ကြွဆေးပြား ၁၁ သန်းကျော် ဖမ်းဆီးရမိ

( 12 )US offering golden opportunity to Burma, Asean

( 11 )ဖမ်းဆီးခံရသူများ သတင်း အစပျောက်နေ

( 10 )Senior US envoy holds rare talks with Suu Kyi

( 9 )တောင်ကုတ်မြို့ ဇနီရွာတွင် ပေါက်ကွဲမှု ဖြစ်ပြီး ၁၅ ယောက် ဒဏ်ရာရ

( 8 )Suu Kyi meets senior US diplomat

( 7 )အဖွဲ့ချုပ် လူငယ် မောင်ကိုကိုဝင်း အတွက် ၂ နှစ်ပြည့်ဆွမ်းသွတ်

( 6 )On free Suu Kyi mission

( 5 )မြန်မာစစ်အစိုးရ ခိုင်မာတဲ့ နိုင်ငံရေး ခြေလှမ်းတွေ လှမ်းဖို့ အမေရိကန် ထိပ်တန်းသံတမန် တိုက်တွန်း

( 4 )Campbell Vows Dialogue in Burma

( 3 )အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနဲ့တွေ့

( 2 )Burmese 'Trafficked' To Thailand

( 1 )Mission of Burma make plans for the Paradise

Wednesday, November 4, 2009

အမေရိကန်ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့

ကိုထွေး Wednesday, 04 November 2009

မြန်မာပြည်တွင် ရောက်နေသော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ယနေ့ ၂ နာရီကြာ တွေ့ဆုံ ခဲ့ကြောင်း အမေရိကန်သံရုံးက ဧရာဝတီသို့ ပြောသည်။

နံနက် ၁၁း၄၀ နာရီမှ နေ့လယ် ၁း၄၀ နာရီ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်သံရုံးအရာရှိတဦးက ပြောသည်။

“အသေးစိတ် ကိုတော့ မစ္စတာ ကာတ့်ကမ်း ဘဲလ်က ဒီနေ့ ညနေ ၆ နာရီ ခွဲ ရန်ကုန် လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါ လိမ့်မယ်” ဟု အမေရိကန် သံရုံး အရာရှိက ဆိုသည်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် ဒေါ်အောင်ဆန်း စုကြည်နှင့် မတွေ့ ဆုံမီ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နေပြည်တော်တွင် ယနေ့ နံနက် ပိုင်းက တွေ့ခဲ့ ကြောင်းလည်း ၎င်းက ဆိုသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာတွင် သတင်းထောက်များကို တက်ရောက်ခွင့် ပြုသည်ဟု သိရသည်။ သို့သော်လည်း ဓာတ်ပုံရိုက်ခွင့်သာ ပြုပြီး တစုံတရာ မေးမြန်းပြောဆိုခြင်း မပြုရန် သတင်းထောက်များကို ကြိုတင် တားမြစ်ထားသည်ဟု ဆိုသည်။

ထိန်းသိမ်းခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရာရှိများ ယခင်က တွေ့ဆုံဖူးသော်လည်း သတင်းထောက်များအား ဓာတ်ပုံရိုက်ရန် ခွင့်ပြုခဲ့ခြင်းမှာ ဤအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင် ရောက်နေသော အမေရိကန်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ အစိုးရ ချုပ်ကိုင်ထားသည့် သတင်းဌာနများတွင် တစုံတရာ ဖော်ပြခြင်းမရှိသေးပေ။

အမေရိကန်အဖွဲ့တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ဦးဆောင်ပြီး အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်တို့အပြင် တခြား အရာရှိ ၂ ဦး ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ပြုလုပ်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ၀န်ကြီးချုပ် သိန်းစိန်က မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အတွက် အခန်းကဏ္ဍတခု ရှိကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ညနေ ၂း၃၀နာရီတွင် NLD ဌာနချုပ်သို့ သွားရောက်ပြီး NLD ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။

အမေရိကန်အဖွဲ့နှင့် တွေ့မည့် NLD ခေါင်းဆောင်များမှာ ဦးသန်းထွန်း၊ ဦးတင်ငွေ၊ ဦးလှဖေ၊ ဦးခင်မောင်ဆွေ၊ ဦးဝင်းတင်၊ ဦးစိုးမြင့်တို့ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင် နှင့် ဦးလွန်းတင်တို့သည် ကျန်းမာရေး ချို့တဲ့နေသဖြင့် ဆွေးနွေးပွဲ တက်ရောက်မည် မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

ဤခရီးစဉ်အတွင်း အမေရိကန် ကိုယ်စားလှယ်များသည် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် အဆင်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ပြီးခဲ့သည့် ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။

ကွတ်ခိုင်တွင် ဘိန်းဖြူစွဲသည့် ရဲတပ်ဖွဲ့ဝင် များပြားလာ

ခိုင်လင်း / ၄ နိုဝင်ဘာ ၂၀၀၉

ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ နယ်အတွင်း ဘိန်းနှင့် ဘိန်းဖြူ လက်လီ ရောင်းချ သည့်အိမ် များပြား လာနေပြီး နယ်မြေခံ ရဲတပ် ဖွဲ့ဝင် များက ဆက်ကြေး တောင်းနေ သကဲ့သို့ ၎င်းတို့ ကိုယ်တိုင် သုံးစွဲ မှုများ ရှိနေသည်။

ကွတ်ခိုင်မြို့ရှိ စုစည်းရပ်ကွက်တခုလုံးနီးပါး ဘိန်းနှင့်ဘိန်းဖြူ ရောင်းချနေပြီး ရဲတပ်ဖွဲ့ဝင်များလည်း ဘိန်းဖြူသုံးစွဲနေကြောင်း ဘိန်းသုံးစွဲဖူးသူ ကွတ်ခိုင်ဒေသခံတဦးက ပြောသည်။

၎င်းက “စုစည်းရပ်ကွက်မှာ အိမ်ခြေ (၁၀၀) လောက်ရှိမယ်။ ကချင်နဲ့တရုတ်တွေ များတယ်။ သူတို့က အိမ်တွေမှာ ကျပ် (၁,ဝဝဝ) လောက် လိုက်တောင်းတယ်။ အချို့အိမ်ကျတော့ ငွေမတောင်းဘူး၊ ဆေးတောင်းပြီး သူတို့ကိုယ်တိုင် ရှူတယ်။ အချို့ကျတော့လည်း ကျပ် (၅,ဝဝဝ) ဖိုးလောက် ရှူသွားရင် (၂,ဝဝဝ - ၃,ဝဝဝ) ပေးတာမျိုးတော့ ရှိတယ်။ အဲဒါက သူတို့ ရေတွေလျှံတဲ့အချိန် စိတ်ကောင်းဝင်တဲ့ အချိန်မျိုး၊ မပေးတာကတော့ များတယ်။ ဒီကောင်တွေ အိမ်ထဲ ရောက်နေပြီဆိုရင် အိမ်ရှင်တွေက အိမ်ရှေ့ထွက်ပြီး ဖောက်သည်တွေကို ပြန်လွှတ်ပေးနေရတယ်။ သူတို့ရှူနေရင် တခြားသူတွေကို ပေးမဝင်ခိုင်းဘူး” ဟု ပြောသည်။

ကွတ်ခိုင်ရဲတပ်ဖွဲ့ဝင်များသည် ဘိန်းခန်းမှရရှိသည့်ငွေများ၊ ဒေသအတွင်း ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်မှောင်ခို၊ နွားမှောင်ခိုနှင့် ကယ်ရီသမားများထံမှ တောင်းခံရရှိသည့် ငွေကြေးများကို အထက်ရဲအရာရှိများကို ခွဲဝေပေးကမ်းနေသကဲ့သို့ တပ်ဖွဲ့ရန်ပုံငွေများထဲ ထည့်ဝင်ပေးနေသဖြင့် ဘိန်းခန်းများအတွင်း လှည့်လည်ဘိန်းသုံးစွဲခွင့် လွတ်လပ်စွာ ရရှိနေသည်ဟု အဆိုပါ ကွတ်ခိုင်ဒေသခံက ပြောသည်။

၎င်းက “တခါတလေ ကျနော်တို့က ခတ်ခူး (ဘိန်းမဲ ) ရှူနေတုန်း သူတို့တွေ ရောက်လာတာမျိုး ရှိတတ်တယ်။ အဲဒီအခါ ကျနော်တို့ကလည်း မြန်မြန်လေးလုပ်ပြီး ရှောင်ပေးရတာတွေရှိတယ်။ အဲဒီမှာ ငွေတောင်းတဲ့ကိစ္စ၊ ဘယ်အရာရှိ ဘယ်လောက်ပေးလိုက်ရတဲ့အကြောင်း သူတို့အချင်းချင်း ပြောတတ်ဆိုတတ်တယ်။ သူတို့က အောက်ကတော့ ဘောင်းဘီပေါ့။ အပေါ်ကတော့ အရပ်ဝတ်နဲ့။ အချို့လည်း ရိုးရိုးအရပ်ဝတ်နဲ့ လာနေကြတာပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်း ကိုးကန့်အရေးအခင်းကာလအတွင်း အထက်မှတာဝန်ပေးချက်အရ ကွတ်ခိုင်ရဲစခန်းမှ အင်အားဖြည့်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များအား လောက်ကိုင်သို့ စေလွှတ်ခဲ့ရာတွင် ဘိန်းမစွဲသည့် ရဲများကိုသာ ထုတ်နုတ်ပြီး အင်အားအနည်းငယ်သာ ပို့ပေးနိုင်ခဲ့ကြောင်း ရဲစခန်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်စု ဆွေးနွေး

မဇ္စျိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 04 ရက် 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန် သံတမန်ကြီး များနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့ဟာ ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ယနေ့ နံနက်တွင် တွေ့ဆုံ ဆွေးနွေး ကြသည်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် Mr. Kurt Campbell နှင့် အာဆီယံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သံအမတ်ကြီးလည်းဖြစ်၊ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ စကော့ မာဆီယယ် (Scot Marciel) တို့သည် နံနက် ၁၁ နာရီခွဲခန့်တွင် ဟိုတယ်သို့ ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် ၁၀ မိနစ်အကြာတွင် ရောက်လာခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

မြန်မာ့အရေး ပြန်လည်သုံးသပ်ပြီး တိုက်ရိုက် ထိတွေ့ဆက်ဆံမှု၏ ”အချက်အလက်ရှာဖွေရေး” ခရီးစဉ်အဖြစ် အမေရိကန် သံတမန်ကြီးများသည် မြန်မာနိုင်ငံသို့ ၂ ရက်တာ ခရီးစဉ်အဖြစ် ယမန်နေ့က စတင်ရောက်ရှိခဲ့သည်။ နေပြည်တော်တွင် ယမန်နေ့က စစ်အစိုးရအရာရှိများနှင့် တွေ့ဆုံ ခဲ့သည်။


မြန်မာကို အရေးယူရန် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များက အိန္ဒိယ၌ ပြောကြား (ရုပ်သံသတင်း)

မဇ္ဈိမသတင်းဌာန

အမေရိကန်အဆင့်မြင့်အဖွဲ့၏ခရီးစဉ် မြန်မာပြည်အတွက် ပြောင်းလဲမှုမရှိဟု အတိုက်အခံများကဆို

ကို(၂)

ယခုရက်ပိုင်း ၃ရက်နေ့မှ ၄ရက်နေ့ထိ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် မြန်မာပြည်အတွက်ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်မည်ဟု မျော်လင့် မထားကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ဆိုသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး (Kurt Campbell) အပြင် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး (Scot Marciel) နှင့် အခြားသော အရာရှိ ၂ ဦးတို့နှင့်အတူ မြန်မာနိုင်ငံကို လက်ရှိအချက်အလက် ရှာဖွေရာဦးတည်ချက်နှင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရမှ တဘက်သတ်ရေးဆွဲထားသော၂၀၀၈ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြီးရန်အတွက် ဆွေးနွေးမှုများ မလုပ်ပါက ပြုပြင်ပြောင်းလဲခြင်းများ ဖြစ်ပေါ် လာနိုင်မည်မဟုတ်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယခုအမေရိကန် အဆင့်မြင့် အဖွဲ့၏ ခရီးစဉ်အရ ကြီးမားသော အပြောင်းအလဲများ ချက်ချင်း ဖြစ်ပေါ်စေနိုင်မည်ဟု မျော်လင့်မထားကြောင်း ဆိုပါသည်။

အမေရိကန် သမ္မတ အိုဘားမားက ပိတ်ဆို့အရေးယူထားမှုများကို ရုတ်သိမ်းခြင်းမပြုပဲ စစ်အစိုးရနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံသွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ မူဝါဒသစ်ကို ထုတ်ပြန်ခဲ့သည်။

ကေအဲန်ပီပီမှ အတွင်းရေးမှူး ခူဦးရယ်က “အမေရိကန်နဲ့ အီးယူက မြန်မာနိုင်ငံအပေါ် Sanction လုပ်ထားပြီလေ၊ ဒီတခုကို အစိုးရက ပြန်လည်ရုတ်သိမ်းခိုင်းစေချင်လို့ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် ချင်တာ အဲ့ဒီတခု ပဲ။ အခြားက ဘာမှမရှိဘူး ကျနော့်အမြင်ပေါ့” ဟုပြောပါသည်။

ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရေးအတွက် စစ်အစိုးရသည် အမေရိကန်အစိုးရနှင့် တွေ့ဆုံရန် အားသန် နေသော်လည်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဆန္ဒမရှိသည့်အတွက် အမေရိကန်၏ ဆောင်ရွက်ချက် အောင်မြင်နိုင်မည်မဟုတ်ဟု ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ)က သုံးသတ်ထားပါ သည်။

ယခု အမေရိကန်အဆင့်မြင့် အရာရှိများမြန်မာပြည်ခရီးစဉ်သည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း အောလ်ဘရိုက် Madeleine Albright ခရီးစဉ်နောက်ပိုင်း ၁၀ စုနှစ်အတွင်း ပထမဆုံးအကြိမ်ခရီးစဉ် ဖြစ်သည်ဟုသိရသည်။

ကမ္ဘာမပြားပါ

အောင်ဇော်

ထိုင်းအစိုးရက အင်္ကျီအနီဝတ် ဆန္ဒပြသူများကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်း အဝေး ကျင်းပရာ ထိုင်းနိုင်ငံ ချာ့အမ်းမြို့သို့ ရောက်မလာနိုင်စေရန် လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့သည်။ ယခင်တကြိမ် ပတ္တရားမြို့တွင် ကျင်းပစဉ် အာဆီယံအစည်းအဝေးပျက်၍ အရှက်တကွဲ ဖြစ်ရခဲ့သည့် အဖြစ်မျိုး မကြုံရစေရန် ကြိုတင် ပြင်ဆင်ထားခြင်းလည်း ဖြစ်သည်။


ယခုတကြိမ်တွင်တော့ အင်္ကျီအနီဝတ် အုပ်စုများက ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့သည်။ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့သူက ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဟွန်ဆန်ပင် ဖြစ်သည်။ သူက ထိုင်းနိုင်ငံမှ ပြည်ပြေးရာဇ၀တ်သား ဖြစ်နေသူ ယခင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထာဝရမိတ်ဆွေဟု ခေါ်ဆိုခဲ့သလို မြန်မာနိုင်ငံမှ အထိန်းသိမ်းခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပင် နှိုင်းယှဉ်ပြောကြားခဲ့သေးသည်။

ယခင် ခမာနီခေါင်းဆောင်တဦး ဖြစ်ခဲ့သူ ဟွန်ဆန်က “လူတွေက ဒေါ်အောင်ဆန်းစုကြည် အကြောင်းကျတော့ ပြောကြတယ်၊ ဘာဖြစ်လို့ မစ္စတာ သက်ဆင်ကိစ္စကြတော့ မပြောကြတာလဲ။ ဒီကိစ္စပြောတာဟာ ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်တာလို့ မဆိုနိုင်ပါဘူး” ဟု ဆိုခဲ့သည်။

ကမ္ဘောဒီးယား အစိုးရ၏ အကြီးအကဲတဦးထံမှ မဆင်မခြင် ထွက်ပေါ်လာသည့် မှတ်ချက်က အာဆီယံခေါင်းဆောင်များ၏ ခေါင်းဆောင်မှု အရည်အသွေးကို ဖော်ပြနေပါသည်။ ဟွန်ဆန်က ရယ်စရာအဖြစ် ပြောနေသည်တော့ မဟုတ်ပါ။

ဟွန်ဆန်ပြောခဲ့သည့် မှတ်ချက်သည် ထိုင်းနိုင်ငံအတွက်မျှသာ မဟုတ်။ မြန်မာနိုင်ငံအပေါ်လည်း စော်ကားရာ ရောက်စေ သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် အနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆင်အကြား လုံးလုံးလျားလျား ခြားနား ကြောင်း သတိမူသင့်သည်။ ဤသို့နှိုင်းယှဉ်ပြောဆိုလာခြင်းအပေါ် ပယ်ချရန် အကြောင်းပြချက် ထောင်သောင်းချီ၍ ရှိပါ သည်။ သို့သော် တချို့သောအချက်အလက် အနည်းငယ်မျှကိုသာ တင်ပြလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များအတွက် သံန္နိဌာန်ချ၍ ဘ၀ကိုနှစ်မြှုပ်လုပ်ကိုင် နေသူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည် ခေါင်းဆောင် ဖြစ်လာ၊ ဖြစ်မလာ ဆိုသည့်အချက်က အရေးကြီး လှသည် မဟုတ်ပါ။ ယခု လက်ရှိ အနေအထားတွင်ပင် သူက မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေး အတွက် ပြယုဂ် မီးရှုးတန်ဆောင်သဖွယ် ဖြစ်နေပေပြီ။ ဖိနှိပ်နေသူ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သူ့ ကိုယ်ပိုင် နေအိမ်အတွင်း၌ပင် နှစ်ပေါင်းများစွာ အကျဉ်းချထားရင်း သေးသိမ်စေရန် နည်းပေါင်းစုံဖြင့် မည်မျှကြိုးပမ်းကြသည် ဖြစ်စေ လူအများ၏ မျှော်လင့်ချက်အဖြစ် ရှိနေဆဲ ဖြစ်သည်။

သက်ဆင်က တယ်လီကွန်မြူနီကေးရှင်း ဆက်သွယ်ရေးကုမ္ပဏီ သန်းကြွယ်သူဌေးဖြစ်ပြီး ၂၀၀၆ ခုနှစ်က သွေးထွက်သံယို မှု မရှိ သည့် အာဏာသိမ်းပွဲတွင် ဖြုတ်ချခံခဲ့ရသော့ ၀န်ကြီးချုပ်ဖြစ်သည်။ ခြစားမှုများဖြင့် တရားရုံးတွင် စီရင်မည့် ပြစ်မှုများအပေါ် တိမ်းရှောင်နေသည့် တရားခံပြေးလည်း ဖြစ်သည်။ ဤကာလအတွင်းတွင် သူက နီကာရာဂွာ၊ မွန်တီနီဂရို၊ ယူအေအီး စသည့် နိုင်ငံအများတွင် လှည့်လည် နေထိုင်နေခဲ့သည်။

သူက ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရှိခဲ့စဉ်ကာလကလည်း ထိုင်းနိုင်ငံ၏ လွတ်လပ်သည့်သတင်းမီဒီယာကို ဇက် ကြိုးတပ်ကာ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သလို လူ ၂၀၀၀ ကျော် သေဆုံးခဲ့ရသည့် “မူးယစ်ဆေး နှိမ်နင်းရေးစစ်ပွဲ” ကိုလည်း ဦးဆောင်ဆင်နွှဲခဲ့သူ ဖြစ်သည်။ အကယ်၍ ဥပဒေကြောင်းအတိုင်းသာ ရင်ဆိုင်ပါက အမှန်တကယ် ပြစ်ဒဏ်ကျခံရမည့်သူ လည်း ဖြစ်သည်။ အမှန်တကယ် ထောင်ဒဏ် ကျခံထိုက်သူလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အလျှောက် မြန်မာနိုင်ငံ၏ အခြေအနေကို သက်ဆင်နှင့် သူ၏ထိုင်းအစိုးရက ကောင်းစွာသိသည်ဟု ပြောခဲ့ဖူးသည်။ အောက်ဖော်ပြပါ အချက်များက သက်သေဖြစ်သည်။

သက်ဆင်က မြန်မာစစ်အစိုးရ၏ မိတ်ဆွေကြီး ဖြစ်သည်ကိုလည်း လူအများ သိထားပြီး ဖြစ်သည်။ သူ့အစိုးရက မြန်မာစစ် အစိုးရနှင့် နယ်စပ်ကုန်သွယ်ရေး တိုးတက်လာစေရန် အကြွေးငွေများ ထုတ်ချေးခဲ့ပြီး ရန်ကုန်သို့လည်း ကိုယ်စားလှယ် အဖွဲ့များ အကြိမ်ကြိမ်စေလွှတ်၍ ကူးလူးဆက်ဆံခဲ့သည်။

၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် သက်ဆင်က ထိုအချိန်က မြန်မာနိုင်ငံတွင် လူအများကြောက်ရွံ့နေကြရသည့် ထောက်လှမ်းရေးအကြီးအကဲ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် မည်မျှ ရိုးသားတည်ကြည်မှုရှိကြောင်း အမွှမ်းတင်ကာ အတင်းကာရော ထောက်ခံချီးကျူးခဲ့သဖြင့် တက်ရောက် လာသူ ကိုယ်စားလှယ်များကို အံ့အားသင့်စေခဲ့သေးသည်။

သက်ဆင်က မြန်မာစစ်အစိုးရကို အာဆီယံထိပ်သီး အစည်းအဝေး တလျှောက်လုံး ကာကွယ်ဖေးမ ပေးနေခဲ့သည်ဟု ဖိလစ်ပိုင်သမ္မတ ဂလိုရီယို အာရိုယိုက နောက်ပိုင်းတွင် သတင်းထောက်များကို ပြန်ပြောပြခဲ့သည်။

ဒေသတွင်းနှင့် ကမ္ဘာတ၀န်းရှိ အစိုးရများက မြန်မာစစ်အစိုးရကို ဝေဖန်ပြောဆိုနေကြချိန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အချိန်မဆိုင်းဘဲ လုပ်ဆောင်ရန် ပြောဆိုတိုက်တွန်းနေကြချိန်၌ သက်ဆင်က စစ်အစိုးရ ဗိုလ်ချုပ် များကို ကာကွယ်ပေးနေခဲ့သည်။ မြန်မာစစ်အစိုးရထံ ရင်းနှီးမြှုပ်နှံမှုများ ပြုနေခဲ့ပြီး တိုးတက်မှုများ တခုပြီးတခု ရနေသည် ဟု ရှေ့နေ လိုက်ပေးခဲ့သူလည်း ဖြစ်သည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွက် တတိယမြောက် အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံ လည်းဖြစ်သည်။ ထိုင်းနိုင်ငံက နှစ်စဉ် လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁.၂၆ ဘီလီယံခန့်ကို မြန်မာနိုင်ငံသို့ တင်ပို့နေသည့် နိုင်ငံဖြစ်သည်။

သက်ဆင်၏ အကျိုးစီးပွားကိစ္စနှင့် ပတ်သက်၍ မြန်မာနှင့် ဆက်ဆံရေး ရှိနေသည်ကိုလည်း လူအများက သိထားကြပါ သည်။ မကြာသေးမီကာလအထိ သက်ဆင်၏ မိသားစုက ပိုင်ဆိုင်ခဲ့သော ရှင် ကော်ပိုရေးရှင်း (Shin Corp) ဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံမှ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ သားဖြစ်သူ ပိုင်ဆိုင်သည့် ပုဂံဆိုင်ဘာတက်နှင့် ၂၀၀၃ ခုနှစ်တွင် စီးပွားရေးသဘောတူညီမှု စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသေးသည်။

၂၀၀၄ ခုနှစ်တွင် သက်ဆင်က မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော် ပုဂံသို့ သွားရောက်လည်ပတ်ခဲ့ပြီး သူ၏အကြံအစည် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာကိုလည်း ရောင်းထုတ်ခဲ့သေးသည်။ မြန်မာနိုင်ငံသို့ အထောက်အပံ့ နှင့် ကူညီမှုများ ဒေါ်လာ ၄၅ သန်းဖိုး ပေးပါမည်ဟုလည်း ကတိပြုခဲ့သေးသည်။

ထိုမျှမက သူက မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း၏ အံ့မခန်း အထူးကောင်းမွန်လှသည့် အလားအလာ ကိုလည်း မျက်စိ ကျနေခဲ့သေးသည်။ မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်ရှိ ရေခဲတောင်များတွင် ရေခဲပြင်လျှောစီး အပန်းဖြေတည်းခို ခန်းများ တည်ဆောက်နိုင်ရန်နှင့် လူသူမရောက်သေးသည့် ရခိုင်ပြည်နယ်ကမ်းခြေများတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နိုင်ရန် အဆိုပြုခဲ့သေးသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရှေ့တလှမ်းတိုးနိုင်စေရေးအတွက် သက်ဆင်ဦးဆောင်သည့် ထိုင်းအစိုးရက "ဘန်ကောက်လုပ်ငန်း စဉ်" အမည်ရှိ ဆွေးနွေးညှိနှိုင်းပွဲများကိုလည်း ခေါ်ယူကျင်းပခဲ့သည်။ ဒုတိယအကြိမ်ကျင်းပရန် ပြင်ဆင်ထားသည့် အစည်း အဝေးသို့ မြန်မာကိုယ်စားလှယ်များ မလာရောက်ခဲ့သည့်အတွက်ကြောင့် ဤအစည်းအဝေးများလည်း ရပ်နား ခဲ့ရသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် မြန်မာစစ်ဗိုလ်ချုပ်များကပင် သက်ဆင်ကို အလေးပေးထည့်သွင်း စဉ်းစားခြင်း မရှိသည် ကို ပြသနေသည်။

ထိုင်းနိုင်ငံတွင်လည်း သက်ဆင်က ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကြောင့် ခိုလှုံလာကြသည့် ဒုက္ခ သည်များကို ပိတ်ဆို့ဟန့်တား နှိမ်နင်းခဲ့သည်။ လူအများက စီးပွားရေးအကျိုးအမြတ်အပေါ် အခြေခံသည့် လုပ်ရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်စိတ်ပွားခဲ့ကြသလို၊ မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်း ပြေလည်စေရေးအတွက် ထိုင်း နိုင်ငံက ကြား ခုံသမာဓိ လုပ်ပေးပါမည်ဆိုသည့် အခန်းကဏ္ဍကိုလည်း သံသယ ရှိခဲ့ကြသည်။

ဝမ်းနည်းဖွယ် ကောင်းသည်မှာ သက်ဆင် ဦးဆောင်သည့် အစိုးရက ထိုင်းနိုင်ငံတွင်း ခိုလှုံနေကြသည့် မြန်မာဒုက္ခသည်များ နှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် ထားရှိခဲ့သည့် မူဝါဒ၊ သဘောထားပင် ဖြစ်သည်။ သူက တခြားကိစ္စများကို အလေး မထားဘဲ အမျိုးသားရေးကို ရှေ့တန်းတင် အသုံးချကာ သူ၏ ၀န်ကြီးချုပ်သက်တမ်းတွင် လူကြိုက်များစေရေး ထောက်ခံမှု ရရေးကိုသာ ကြိုးပမ်းခဲ့သည်။

၂၀၀၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံ ဟီနာ ဂျီလာနီ ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ် ထိုင်းနိုင်ငံအတွင်း ရှိနေသူ မြန်မာ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးနေကြသူများက ထိုင်း နိုင်ငံအတွင်း လွတ်လပ်စွာ လှုပ်ရှားလုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ အထူး မလုံမခြုံ ခံစားနေကြရသည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ အံ့သြဖွယ် မဟုတ်ပါ။ ဤမှတ်ချက်ကြောင့် ဂျီလာနီလည်း ဘန်ကောက်အစိုးရ၏ အေးစက်စက် ဆက်ဆံ တုံ့ပြန်သည်ကို ကြုံခဲ့ရသည်။

၂၀၀၆ ခုနှစ် အာဏာသိမ်းပွဲ မဖြစ်ပွားမီ ကာလ၌ပင် ဗုံးခွဲတိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက်မှုများကြောင့် သက်ဆင်သည် အစောင့်အကြပ် တင်းကျပ်ထားသည့် စံအိမ်တွင်း၌ တရက်တာ နေခဲ့ရသေးသည်။ သူက သူ့ကိုယ်သူ ဒေါ်အောင်ဆန်း စုကြည်နှင့် နှိုင်းယှဉ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို သနားမိသည်ဟုလည်း ဆိုခဲ့သေးသည်။ မည်သည့်ကိစ္စအတွက် ကိုယ်ချင်းစာမိပါသနည်း။ တရက်ဈေးဝယ် မထွက်နိုင်သည့်အတွက်ကြောင့်လောဟု မေးစရာ ရှိနေသည်။

နောက်ဆုံးအနေနှင့် ဟွန်ဆန်ကြားသိစေရန် တကြိမ်တည်းနှင့် အပြတ်ပြောရလျှင် သက်ဆင်က ဒေါ်အောင်ဆန်းစုကြည် နှင့် လားလားမျှ မတူပါ။ ဒေါ်အောင်ဆန်းစုကြည်တွင် အားနည်းချက်များ ရှိနိုင်သော်လည်း သူက မြန်မာနိုင်ငံတွင် ဒီမိုကရေစီအပြောင်း အလဲများ ဖြစ်ပေါ်စေရေးအတွက် ရုန်းကန်လှုပ်ရှားမှုတွင် များစွာ ကိုယ်ကျိုးစွန့်လွှတ်ပေးဆပ်နေသူ ဖြစ်သည်။ သူက မိသားစုနှင့် ခွဲ၍ နေထိုင်ခဲ့ရသလို၊ နောက်ဆုံး ၁၉၉၉ ခုနှစ် လန်ဒန်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ သည့် ချစ်ခင်ပွန်း မိုက်ကယ်အဲရစ် ဈာပနသို့ပင် မတက်ရောက်နိုင်ခဲ့သူ ဖြစ်သည်။

အာဆီယံထိပ်သီး အစည်းအဝေးတွင် ဟွန်ဆန်၏ မှတ်ချက်ကြောင့် ရှုပ်ထွေးခဲ့ရသလို မြန်မာစစ်အစိုးရကိုယ် စားလှယ်အဖွဲ့နှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကြောင့်လည်း အရှက်ရစရာ ရှိခဲ့သည်။ ဗိုလ်ချုပ်ကြီးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ်ကို “အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကောင်းကောင်းမွန်မွန် နေထိုင်ပါက သူ့အပေါ် ချမှတ်ထားသည့် နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်များ လိုက်လျော လျှော့ပေးဖွယ်ရှိသည်” ဟု ဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်၏ မယုံကြည်နိုင်ဖွယ် အပြောက သူ၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အဆိုနှင့်လည်း တထပ် တည်း ကျနေသည်။ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုဆုံးဖြတ်ခဲ့သော အတုအယောင် တရားခွင်သို့ ပေးပို့ခဲ့သည့် သူ့စာ၌ အကယ်၍ ဒေါ်စုက သူ၏ အင်းလျားကန်စောင်းနေအိမ်တွင် ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ပြစ်ဒဏ်များ မပြီးဆုံးမီ ကာလတွင် လွတ်ငြိမ်းချမ်းသာခွင့် ခံစားနိုင်ဖွယ်ရှိသည်ဟု ရေးသားထားသည်။

အံ့သြဖွယ်ပင်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်အပေါ် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက စိတ်ပျက် မိသည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စိတ်စေတနာကို အပြုသဘော တုံ့ပြန်ချီးကျူးခဲ့သေးသည်။ မြန်မာစစ်အစိုးရက ၎င်းတို့၏အချုပ်အခြာအာဏာ အခွင့်အရေးများကို အသုံးချ၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို တ၀က်လျှော့ ပေးခြင်း၊ ထောင်တွင်းတွင် ချုပ်နှောင်ထားသည်နှင့် စာလျှင် နေအိမ် အကျယ်ချုပ် ပြန်၍ ထားခြင်းက တော်သေးသည်ဟု ရှာကြံ ချီးကျူးခဲ့သည်။

ကမ္ဘာကြီးက ပြားနေခြင်းတော့ မဖြစ်တန်ရာ၊ ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီဟု ထင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်ကာလအတွင်း ကောင်းမွန်စွာ ပြုမူနေထိုင်ရန် ဆိုသည်မှာ ဗိုလ်ချုပ်မှူးကြီးက မည်သည့်အချက်ကို ဆိုလိုပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်စီးပွားရေးကို ကမောက်ကမ ဖြစ်အောင် ပြုနေပါသလား၊ သယံဇာတပေါကြွယ်ဝလှသည့် တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေရန် နေအိမ်အကျယ်ချုပ် အတွင်းမှ ဆောင်ရွက်နေပါသလား၊ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်များကို အမိန့်ပေး၍ သံဃာများနှင့် လမ်းမပေါ်ရှိ ဆန္ဒပြနေသူများကို ပစ်သတ်စေရန် စေလွှတ်နေပါသလား၊ သို့တည်းမဟုတ် ထိုသူများကို ထောင်သွင်း အကျဉ်းချ နေပါသလား၊ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလူနည်းစုကို သတ်ဖြတ် မုဒိမ်းပြုကျင့်စေရန် စစ်သားများကို အမိန့်ပေးနေပါသလား ရယ်စရာ ကောင်းလှပါသည်။

အနည်းဆုံးတော့ ဟွန်ဆန်နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်အား အာဆီယံ ထိပ်သီးအစည်းအဝေးကို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်စေရန် ဆောင်ရွက်ပေးသူများ အဖြစ် ကျေးဇူးတင်ထိုက်သည်ဟု ဆိုနိုင်သည်။ အာဆီယံအစည်းအဝေးတွင် ဖျော်ဖြေပေးမည့် လူရွှင်တော်များ မရှားလှပါ။

အောင်ဇော်ရေးသားသည့် The World is not Flat ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

စစ်တပ်မှ အကြွေးဖြင့် ၀ယ်ထားသော လယ်ယာဖိုး ဒေသခံများထံ တောင်းခံ

ပါးရယ်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အခြေစိုက် ခမရ ၄၂၁ တပ်ရင်းသည် ကျပ်ငွေ သိန်း ၄၀ တန်ဖိုးရှိသည့် ရွာသားတဦး၏ လယ်ယာတခင်းကို အကြွေးဖြင့် ၀ယ်ယူ ထား၍ မဆပ်နိုင်သောကြောင့် နောင်လှိုင်ကျေးရွာ အုပ်စုအား ငွေတောင်းခံထားကြောင်း ဒေသခံများက ပြောသည်။

ဗိုလ်မှူးကြီး ရဲထွဋ်း ဦးဆောင်သည့် ခြေမြန်တပ်ရင်းသည် ဖယ်ခုံမြို့နယ် နောင်လှိုင်ကျေးရွာအုပ်စုရှိ ကျေးရွာ ဥက္ကဌများနှင့် အတွင်းရေးမှူးများကို ပြီးခဲ့သည့် သြဂုတ်လက ခေါ်ယူဆွေးနွေးခဲ့ပြီး စာချုပ်လက်မှတ် ရေးထိုးကာ လာမည့် ဒီဇင်ဘာလကုန်းပိုင်းတွင် ရွာသူ/သားများက ပေးဆောင်ရတော့မည် ဖြစ်သည်။

နောင်လှိုင်ကျေးရွာအုပ်စုများ ဖြစ်သော နောင်လှိုင်၊ အပေါ်ကုန်း၊ ကွမ်လုံနှင့် လာဟွဲ စသည့် ကျေးရွာများအနက် တရွာချင်းစီနှင့် တအိမ်ထောင်ချင်းစီလျှင် မည်မျှပေးဆောင်ရမည်ကို မသိရသော်လည်း ထောင်ဂဏန်းနှင့် သောင်းဂဏန်း ဟူ၍ ပေးကြသည်ကို တွေ့ရှိရကာ အချို့ရွာသားများက ပေးဆောင်မည် မဟုတ်ဟု ပြောဆိုသူ များလည်း ရှိနေသည်။

နောင်လှိုင်ကျေးရွာ ဒေသခံတစ်ဦးမှ “ကျနော်တို့ ရွာသားတွေအတွက် ခက်တယ်ပေါ့။ တနှစ်တစ်နှစ်မှာ လယ်ယာလုပ်စားဖို့တောင်မှ မရှိဘူးလေ။ လယ်ယာလည်း မရှိဘူး။ နောက်ပြီးတော့ တရက်လုပ် တရက်ပဲ စားနေတော့ သူတို့ တောင်းထားတဲ့ ဟာလောက်တော့ ပေးနိုင်စရာအကြောင်း မရှိဘူး” ဟု ပြောသွားပါသည်။

စစ်အစိုးရတပ်သည် အခြားသော ကျေးရွာအုပ်စုများကို မတောင်းထားဘဲ နောင်လှိုင်ကျေးရွာအုပ်စုတခုကိုသာ တောင်းခံထားသည့်အတွက် ရွာသူ/သားများက စကားများနေကြကြောင်း၊ ယင်းကျေးရွာအုပ်စုသည် ၎င်းတို့ တပ်စခန်းနှင့် အနီးစပ်ဆုံး နေရာရှိနေ၍ တောင်းထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။

ယခု စစ်အစိုးရတပ် ၀ယ်ယူထားသည့် လယ်ယာသည် ဖယ်ခုံမြို့နယ် ကရင်ကျေးရွာအုပ်စုမှ ရွာသားတဦး၏ လယ်ယာ ဖြစ်ပြီး လယ်ယာများအနက် ပိုမိုကောင်းသည့် လယ်ယာကို ရွေးချယ်ထားခြင်း ဖြစ်သည်ဟု ငွေကြေးတောင်းခံထားခြင်းခံရသော ဒေသခံရွာသားတစ်ဦး ကပြောသည်။

“ရွာသားတွေက မခံနိုင်ဘူးလေ။ မပေးချင်ဘူးပေါ့။ ဘာဖြစ်လဲဆိုတော့ သူတို့ အုပ်ချုပ်မှု စနစ်တွေက ရွာသား တွေအတွက် မကိုက်ညီဘူးလေ။ သူတို့က တိုင်းပြည်ကို အုပ်ချုပ်ရမှာ။ တိုင်းပြည်ကို မအုပ်ချုပ်ပဲနဲ့ ရွာသူ၊ သား တွေ သွားပြီး အနိုင်ကျင့်နေတယ်။ ဒီလယ်ယာကို လုပ်မယ်ဆိုလည်း သူတို့ ကိုယ်တိုင်လုပ်မှာ မဟုတ်ဘူး။ ရွာသူ၊ သားတွေကို လုပ်ခိုင်းအုံးမှာ” ဟုဆိုသည်။

မြန်မာစစ်အစိုးရတပ်များသည် ထောက်ပံ့ကြေး အလုံအလောက် မရရှိတော့၍ ၎င်းတို့ ကိုယ်တိုင်ရှာဖွေလုပ်ကိုင် စားသောက်ရန် လယ်ယာ ၀ယ်ထားရခြင်းဖြစ်သည်။ ရှမ်းနှင့် ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ နောင်လှိုင် ကျေးရွာအုပ်စုတွင် ကယား၊ ကယန်း (ပဒေါင်)နှင့် ပအိုဝ်း စသည့်လူမျိုးများ နေထိုင်ကြပြီး ကယားလူမျိုး အများ ဆုံးရှိသည်။

ရုန်းကန်နေရသော နယူးဒေလီက မြန်မာများ (ရုပ်သံသတင်း)

မဇ္မျိမ သတင်းဌာန

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,4th,2009

( 49 )နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် ကွယ်လွန်

( 48 )China keeps wary eye on U.S.-Burma relations

( 47 )ရှားရှားပါးပါး သတင်းစာဆရာများနှင့် တွေ့ခွင့်ရသော ဒေါ်အောင်ဆန်းစုကြည်

( 46 )၄ လပတ် စည်းဝေးအပြီးတွင် အပြောင်းအလဲများ ဖြစ်နိုင်

( 45 )Suu Kyi meets US officials

( 44 )လိုင်စင်မဲ့ကား သိမ်းဆည်းမှုကြောင့် ပို့ဆောင်ရေးထိခိုက်

( 43 )ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အာဆီယံ - အမေရိကန် ထိပ်သီးညီလာခံတွင် ဆွေးနွေးမည်

( 42 )Myanmar pipeline project begins in China

( 41 )ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့တွေ့ဆုံ

( 40 )ချင်းမိုင်မီးမျှောပွဲ ကြက်ပျံမကျ စည်ကား

( 39 )Migrants granted access to legally owned vehicles

( 38 )ပါတီရုံးခွဲများ ပြန်ဖွင့်နိုင်ရေးကိစ္စ အန်အယ်လ်ဒီနှင့် တိုင်းရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ

( 37 )Names of people abroad deleted from family list

( 36 )ငွေစက္ကူအကြွေ တိုးမလာဘဲ ပိုမိုရှားပါး

( 35 )Works starts on pipeline

( 34 )ဖမ်းဆီးခံ စာနယ်ဇင်းသမားများ မည်သည့်နေရာ ရောက်နေမှန်း မသိရ

( 33 )US envoy meets Myanmar pro-democracy icon Aung San Suu Kyi

( 32 )ရွေးကောက်ပွဲ လွပ်လပ်မျှတရေး ဗြိတိန် သံအမတ်ပြော

( 31 )US envoy in rare talks with Suu Kyi

( 30 )MNDA armed group threatens stability in Mon State, conflict looms

( 29 )အများအကျိုး သယ်ပိုးသူကို ထောင် ၂ လ ချမှတ်

( 28 )Former DEA agent wins settlement in suit against Justice Dept

( 27 )US diplomats meet Burmese leaders

( 26 )ထိုင်းနိုင်ငံရောက် မြန်မာများကို ဆိုင်ကယ် စီးနင်းခွင့်ပေးတော့မည်

( 25 )US envoys in historic meeting with Myanmar PM

( 24 )အသက် မပြည့်သေးသူ စစ်ထဲ အတင်း အဓမ္မ သွတ်သွင်းခံရ

( 23 )CNPC begins work on oil port in Myanmar

( 22 )အမေရိကန် အဆင့်မြင့် အရာရှိအဖွဲ့ နေပြည်တော်ကို ရောက်ရှိ

( 21 )US diplomatic drive under way in Burma

( 20 )CNPC begins work on oil port in Myanmar

( 19 )အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမည်

( 18 )US envoys to meet Myanmar PM

( 17 )US diplomats' visit will test Obama's new policy on Burma

( 16 )တရုတ် ရေနံကုမ္ပဏီ မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း စတင်ဖောက်လုပ်

( 15 )Hyundai Heavy Wins Deal to Build Burma Pipeline

( 14 )Burmese Refugees Battle Oppression in U.S. Plant

( 13 )ကွမ်းသီးဈေးမရှိ၍ ခြံရှင်များ အခက်အခဲဖြစ်

( 12 )Reaching Out to Burma

( 11 )US and Burmese officlals meet

( 10 )ဒီချုပ်ရန်ကုန်ရုံးခွဲ ဖွင့်ခွင့်ပြန်ရလိမ့်မည်ဟု အကောင်းမြင် မျှော်လင့်နေ

( 9 )US resumes direct links with Burmese junta

( 8 )US envoys' visit a first step with Myanmar junta

( 7 )မူးယစ်ဆေးဝါး အတု အစားထိုးဖျက်ဆီး၍ မူးယစ် အဖွဲ့ဝင်များ ဖမ်းဆီးစစ်ဆေးခံရ

( 6 )US visit first step in new Burma policy

( 5 )Visit of high-ranking US officials to Burma signals relations thaw

( 4 )ကိုယ်တိုင်ရေး ပန်ချီကားများကို ကျော်သူ့မွေးနေ့မှာ ပြသ

( 3 )US resumes talks with Burmese junta

( 2 )အမေရိကန် အထူးသံတမန်တွေနဲ့ မြန်မာအာဏာပိုင်တွေ နေပြည်တော်မှာ တွေ့ဆုံ

( 1 )ASEAN-US summit to discuss Suu Kyi

Tuesday, November 3, 2009

မသမာနည်းဖြင့် တတိယနိုင်ငံမသွားနိုင်ရန် ဒုက္ခသည်များကို စိစစ်မည်

ရဲရင့် / ၃ နိုဝင်ဘာ ၂၀၀၉


တတိယနိုင်ငံများသို့ မရိုးသားသော နည်းလမ်းများဖြင့် သွားရောက်အခြေချသူများထဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် စခန်း (၉) ခုအနက် မယ်လဒုက္ခသည်စခန်းမှ ထွက်ခွာသူများမှာ (၉၅) ရာခိုင်နှုန်းရှိသဖြင့် ယခုလလယ်မှစတင်ကာ ယူအန်အိပ်ခ်ျစီအာမှ စိစစ်မှုများ ပြုလုပ်မည်ဖြစ်သည်။

မယ်လစခန်း ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “တတိယနိုင်ငံကို မရိုးမသားနဲ့ ထွက်တာ မယ်လစခန်းက (၉၅) ရာခိုင်နှုန်းရှိတယ်လို့် ယူအန်ကပြောတယ်။ ဒါကြောင့် ဒီလကစပြီး နှစ်ကုန်တဲ့အထိ စိစစ်မှုတွေလုပ်မှာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ၏ ဒေသဆိုင်ရာ ဒု-တာဝန်ခံ သည် လွန်ခဲ့သည့်လက မယ်လစခန်းသို့ရောက်ရှိလာစဉ် စခန်းတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အဆိုပါကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မရိုးသားသည့် နည်းလမ်းများဖြင့် တတိယနိုင်ငံများသို့ ထွက်ခွာရာတွင် ပွဲစားများမှတဆင့်ငွေပေးပြီး ဓာတ်ပုံအစားထိုးကာ ဒုက္ခသည်အစစ်အမှန် မဟုတ်သူများဖြစ်သည့် လူသစ်များကို သွားခွင့်ပြုခြင်းဖြစ်သည်ဟု စခန်းတွင် သီတင်းသုံးသည့် ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

အဆိုပါကိစ္စရပ်များတွင် မိမိတို့တစုံတရာ ပါဝင်ပတ်သက်ခြင်းမရှိဟု မယ်လစခန်း၏ တာဝန်ရှိသူများက ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာဒုက္ခသည်စခန်း (၉) ခုတွင် တတိယနိုင်ငံများသို့ ထွက်ခွာသူများထဲတွင် မယ်လစခန်းမှ အများဆုံးဖြစ်ပြီး ၂၀၀၆ ခုနှစ် နှောင်းပိုင်းမှ ယနေ့အထိ (၁၇,၀၀၀) ခန့်ရှိပြီဖြစ်သည်။

တတိယနိုင်ငံသို့ ထွက်ခွာခွင့်ရရှိရန် မယ်လစခန်းမှ ယူအန်အိပ်ခ်ျစီအာသို့ လျှောက်ထားသူများမှာ လက်ရှိစာရင်းများအရ (၇) ထောင်ခန့်ရှိသည်ဟု စခန်းတာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါလျှောက်ထားသူ လူဦးရေ (၇) ထောင်ကို ယူအန်အိပ်ခ်ျစီအာမှ ကွင်းဆင်း၍ ဒုက္ခသည်အစစ်အမှန်များ ဟုတ်မဟုတ် စိစစ်သွားမည်ဟု သိရသည်။

ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုခြင်းကို ယူအန်အိပ်ခ်ျစီအာနှင့် ထိုင်းပြည်ထဲရေးဌာန၏ အဆုံးအဖြတ်တွင်သာ မူတည်ပြီး အသိအမှတ်မပြုခံရသူများအနေဖြင့် ပြန်လည်ပို့ဆောင်ခြင်း ခံရနိုင်သည်ဟု ထိုင်းဝန်ထမ်းတဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဘန့်တုံယမ်း၊ ထမ်းဟင်၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်လာမို၊ မယ်လာအူးနှင့် ကရင်နီဒုက္ခသည်စခန်း
(၂) ခု အပါအ၀င် စခန်း (၉) ခုရှိပြီး လက်ရှိဒုက္ခသည် (၁၃၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။

တောင်ဒဂုံမြို့နယ်မှ ကလေးတဦး စစ်သားအဖြစ် စုဆောင်းခံရ

မင်းနိုင်သူ / ၃ နိုဝင်ဘာ ၂၀၀၉

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လပိုင်းက ပျောက်ဆုံးသွားခဲ့သည့် သားဖြစ်သူမှာ သထုံမြို့နယ်ရှိ တပ်မ (၄၄) တွင် ကလေးစစ်သားအဖြစ် သွပ်သွင်းခံထားရကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ကလေးစစ်သားအဖြစ် စုဆောင်းခံရသူ ချစ်ဇော်နိုင် (ခ) ဂျူနိုသည် အသက် (၁၆) နှစ်သာရှိသေးပြီး တောင်ဒဂုံမြို့နယ်တွင် မိဘများနှင့်အတူနေထိုင်ကာ ရှစ်တန်းအဆင့်ဖြင့် ကျောင်းထွက်ထားသူတဦးဖြစ်ကြောင်း သိရသည်။

“ကျနော့်သားက ကျောင်းထွက်ထားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာတွေ ဘာတွေရှိတယ်ဗျ။ သူပါသွားတဲ့ နေ့က (၅၄) ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီးအပြန် သူ့ကိုခေါ်သွားမယ့် လှိုင်မိုးမင်းဆိုတဲ့ စစ်သားနဲ့တွေ့တယ်တဲ့။ ကလေးနဲ့ စကားပြောကြရာကနေ ကလေးက စိတ်ညစ်တယ်၊ ဘာညာပြောတော့ အဲဒီစစ်သားက စိတ်ညစ်ရင် သူတို့တပ်ထဲကို လိုက်လည်ပါလားဆိုပြီး ခေါ်သွားရာကနေ ပါသွားတော့တာ” ဟု ဖခင်ဖြစ်သူ ဦးသက်နိုင်က ပြောသည်။

ယခုအခါ မောင်ချစ်ဇော်နိုင်သည် သထုံမြို့နယ်ရှိ တပ်မ (၄၄) ၏ တပ်သားသစ်လေ့ကျင့်ရေးသင်တန်း အပတ်စဉ် (၉) တွင် တက်ရောက်နေရကြောင်းနှင့် ၎င်းစစ်သားအဖြစ် သွပ်သွင်းခံရပုံများကို လွန်ခဲ့သောတလခန့်က မိဘများထံပေးပို့သော စာတွင် ထည့်သွင်းရေးသားထားမှသာ မိဘများက စစ်တပ်ထဲရောက်နေကြောင်း သိရှိခဲ့ကြရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူက ပြောသည်။

၎င်းက “ကျနော်တို့ကလည်း ပျောက်သွားကာစက ရဲစခန်းမှာ လူပျောက်မှုဖွင့်ဖို့ စဉ်းစားသေးတယ်။ နောက်တော့ စစ်တပ်က ခေါ်သွားရင်တော့ လူပျောက်မှုဖွင့်လည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးထင်လို့ မတိုင်ဘဲ စောင့်ကြည့်နေကြတာ။ ထင်တဲ့ အတိုင်းပဲ သူစစ်တပ်ထဲရောက်သွားတာ” ဟု ပြောသည်။

မောင်ချစ်ဇော်နိုင်ကို ခေါ်ဆောင်သွားသည့် လှိုင်မိုးမင်းဆိုသည့် တပ်မ (၄၄) မှ စစ်သားသည် မိဘများရှိသည့်အိမ်သို့ လွန်ခဲ့သည့် တလခန့်က ရောက်ရှိလာသေးကြောင်း သိရသည်။

“ကျနော်ထင်တာတော့ သူစနည်းလာနာတယ် ထင်တာပဲ။ ကျနော်တို့ ကလေးပျောက်လို့ ဘာများ လုပ်ကြသေးလဲလို့ လာပြန်ကြည့်တဲ့ သဘောနေမှာပေါ့။ သူက ကျနော့်သား လက်ရေးမဟုတ်တဲ့စာကို ကျနော့်သားရေးထားတာပါဆိုပြီး ပြောတယ်။ စာထဲမှာက ကလေးက တပ်ထဲမှာပျော်ကြောင်း၊ နေရေးထိုင်ရေး အဆင်ပြေကြောင်း၊ သူငယ်ချင်းတွေကိုလည်း လာလည်စေချင်ကြောင်းတွေ ရေးထားတာဗျ” ဟု ဦးသက်နိုင်က ပြောသည်။

စာတိုက်မှတဆင့် ပို့သည့်မောင်ချစ်ဇော်နိုင်၏စာတွင်မူ ယခုဒီဇင်ဘာလထဲတွင် သင်တန်းဆင်းရတော့မည်ဖြစ်ပြီး သင်တန်းမဆင်းမီ ၎င်းအားလာခေါ်စေလိုကြောင်း၊ နေရေးထိုင်ရေးဆင်းရဲသည့်အကြောင်းများ ရေးထားသည်ဟု ဖခင်ဖြစ်သူ ဦးသက်နိုင်က ပြောသည်။

၎င်းက “ကလေးကို ကျနော်တို့ ပြန်ခေါ်ချင်ပါတယ်။ ကျနော်တို့ အဲဒီတပ်ကို လိုက်သွားမှာပါ။ အခုထိ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ကျနော်တို့လိုချင်တာက ကလေးကို ပြန်ခေါ်ချင်တာပါပဲ” ဟု ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် ယခင်က ကလေးစစ်သားမရှိပါဟု ငြင်းဆိုနေရာမှ ပြည်ပအဖွဲ့အစည်းအသီးသီး၏ ဖော်ထုတ်ချက်များကြောင့် ၂၀၀၄ ခုနှစ်မှစတင်ကာ ကလေးစစ်သားပပျောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း
ယနေ့အချိန်ထိ ကလေးစစ်သားစုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။

တပ်မတော်က စုဆောင်းထားသော ကလေးစစ်သားအမှုများမှာ တပ်မတော်မှ ဖွဲ့စည်းထားသည့် ကလေးစစ်သား ပပျောက်ရေးကော်မတီ၏ ဖော်ထုတ်ချက်များအရ ပေါ်ပေါက်လာသည်မရှိဘဲ မိဘဆွေမျိုးများ၏ တိုင်ကြားချက်များအရသာ ပေါ်ပေါက်လာလေ့ရှိသည်ဟု ကလေးစစ်သားပပျောက်ရေး အိုင်အယ်လ်အိုနှင့်လက်တွဲ ဆောင်ရွက်နေသူများက ပြောသည်။

နအဖ ခေါင်းဆောင် နာဂစ်သင့်ဒေသ ခရီးထွက်ပြန်

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ နိုဝင်ဘာလ 03 ရက် 2009

ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့တွင်လည်း နာဂစ်ဆိုင်ကလုံးဒဏ်သင့် လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့များသို့ သွားရောက်ကြောင်း သိရှိရသည်။

ယခုခရီးစဉ်အတွင်း ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ညအိပ်မည် ဖြစ်ပြီး၊ ရန်ကုန်သို့ နိုဝင်ဘာလ ၄ ရက်နေ့မှသာ ပြန်ရောက်လာမည်ဟု စစ်ဘက် သတင်းရပ်ကွက်များအရ သိရသည်။ ဧရာဝတီတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အကြီးအကဲဖြစ်သူ နယ်စပ်စည်ပင် ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွှန့်က စစ်အစိုးရ ခေါင်းဆောင်နှင့် အဖွဲ့ကို ကြိုဆိုရန် စီစဉ်ထားသည်။

ယမန်နေ့ကလည်း နအဖ ခေါင်းဆောင် အပါအဝင် ၃၃ ဦးသော အဖွဲ့သည် ရဟတ်ယာဉ် ၃ စင်းဖြင့် ဘိုကလေးနှင့် ဖျာပုံသို့ နေ့ချင်းပြန် သွား ရောက်ခဲ့သည်။ သူ၏ ခရီးစဉ်ကို အောက်တိုဘာလဆန်းပိုင်းတွင် စီစဉ်ခဲ့သော်လည်း ရုတ်တရက် ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့ပြီး၊ ပြီးခဲ့သည့်လ ၃၀ ရက်နေ့မှသာလျှင် ခရီးစဉ်တွင်း လိုက်ပါရမည့်သူများကို အသိပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး၏ နာဂစ်ဒေသ ခရီးစဉ်များသည် အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်နှင့် တိုက်ဆိုင် နေသည်။ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ်၊ အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ဟာဘီယမ်တို့ ပါဝင်သော ၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ ယနေ့ ရောက်ရှိလာသည်။

မစ္စတာကမ်းဘဲလ်နှင့်အဖွဲ့သည် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ သိပ္ဗံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့အပါအဝင် စစ်အစိုးရ အရာရှိများနှင့် တွေ့ဆုံပြီး နေပြည်တော်တွင် ညအိပ်ရပ်နားမည် ဖြစ်သည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့နေအိမ်၌ ထိန်းသိမ်းခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်းလျားလိတ်ဟိုတယ်၌ မနက်ဖြန် နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားပြီး ညနေတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။


တောင်ကြီး-မီးပုံးပျံပွဲတော် (ရုပ်သံသတင်း)