Saturday, March 31, 2012

ကလောမြို့နယ် ကြိုတင်မဲအခြေအနေ

မွေခေါဝ်

ကလောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် ယမန်နေ့နှင့်ယနေ့ ကြိုတင်မဲများ ပေးလျက် ရှိသည်။ သက်ဆိုင်ရာ ကျေးရွာ အုပ်စုကော်မရှင်ရုံးများ၌ ကြိုတင်မဲထည့်ရပြီး တစ်ရုံးလျှင် မဲအရေအတွက် ၃၅ စောင်မှ အစောင် ၄၀ ထိသာ ပေးထားသည်ဟုဆို၏။

“ကြိုတင်မဲတွေ အများကြီးမပေးထားဘူး။ နာမကျန်းဖြစ်နေတဲ့သူတွေ ဝန်ထမ်းတွေ မဲရုံမှူးတွေ ကြိုတင်မဲ ပေးသင့်တဲ့ ပုဂ္ဂိုလ်တွေ အတွက် ဘဲ ပေးထားတယ်။ အခြေအနေကောင်းပါတယ်။ ဒီနှစ်ရက်အတွင်း ကြို တင်မဲထည့်တဲ့သူလဲ လွတ်လပ်တယ်လို့ ပြောလို့ရတယ်” ဟု ကျား ဖြူပါတီကိုယ်စားလှယ်လောင်း စဝ်သာဦး က ပြောသည်။

ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့နယ်အတွင်း မဲရုံပေါင်း ၁၃၁ ရုံ ထားရှိသည်ဟု သိရှိရသည်။

ခွဲထွက် မွန်တပ်ဖွဲ့ ခေါင်းဆောင် ကိုရင် သန်းလွင် တိုက်ပွဲတွင် ကျဆုံး

ခတ္တာနန်း

ယမန်နေ့က မွန်အမျိုးသားကာကွယ်ရေးတပ် အမည်ခံ ကိုရင်သန်းလွင် ဦးဆောင်သည့် မွန်တပ်ဖွဲ့တဖွဲ့ နှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားရာ အဖွဲ့ခေါင်ဆောင် ကိုရင်သန်းလွင်နှင့် အတူ လက်ထောက်တစ်ဦး ကျဆုံးသွားပြီး တစ်ဦးဒဏ်ရာရကြောင်း သိ ရသည်။

“တိုက်ပွဲက မနေ့မနက် ရ နာရီခွဲလောက်က ဖြစ်တာ၊ ကိုရင်သန်းလွင်တို့ဘက်က အင်အား ၁၅ ယောက်လောက်တော့ ရှိလိမ့်မယ်၊ တိုက် ပွဲမှာ ကိုရင်သန်းလွင် ကျသွားတယ်” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်တွင်းရှိ ကြာအင်းဆိတ်ကြီးမြို့နယ် တောင်ပေါက်ရွာနှင့် နောင်ဘုရင့်ရွာကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိ ရသည်။

“ တိုက်ပွဲကနေ လက်နက်ကြီးတစ်လက်ရယ် M -16 တစ်လက်၊ ကာဗိုင်တစ်လက်နဲ့ စကားပြောစက် ၃ လုံး သိမ်းဆည်း ရခဲ့တယ်၊ နောက် ပြီး ခေါင်ဆောင် ကိုရင်သန်းလွင်နဲ့ သူ့ရဲ့လက်ထောက်တဦး ကျဆုံးသွားတယ် တစ်ယောက်ဒဏ်ရာရတယ် တိုက်ပွဲအချိန်က သိပ်မကြာ ပါ ဘူး မိနစ် ၂၀ ဝန်းကျင်လောက်ပါပဲ” ဟု မော်လမြိုင်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

မွန်ပြည်သစ်ပါတီနှင့် ထိုမွန်တပ်ဖွဲ့တို့သည် ယခုမတ်လဆန်းတွင် ကျိုက်မရောမြို့နယ် တောင်ကလေးရွာသစ် (ကနာလိုရွာ) တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးမှ တစ်ဦးတစ်ယောက်မျှ သေကျေဒဏ်ရာ ရမှု မရခဲ့ကြောင်း သိရသည်။

ကိုရင်သန်းလွင်ဦးဆောင်သည့် မွန်တပ်ဖွဲ့သည် ယမန်နှစ်က မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာတွင်လည်း ဆက်ကြေး ကောက် ခံ ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးထံ စာရေးသားပေးပို့ပြီး တောင်းခံခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင်လည်း ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့နှင့် ပူပေါင်းပြီး မုဒုံ – သံဖြူဇရပ်ကားလမ်း ကန်ထရိုက် ရရှိထားသည့် အေကို (AK) လမ်းတံတား ဆောက်လုပ် ပြုပြင်ရေးကုမ္မဏီ အလုပ်သမားဝန်ထမ်းတစ်ဦးအား ပြန်ပေးဆွဲကာ ငွေတောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ

လင်းဘိုဘို | စနေနေ့၊ မတ်လ ၃၁ ရက် ၂၀၁၂


ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ ရွေးကောက်ခံ မဲဆန္ဒ နယ်မြေ ဖြစ်သည့် ကော့ မှူး မြို့နယ်သို့ သွားရောက်ရန် ယနေ့ ညနေ လေးနာရီအချိန်တွင် နေအိမ်မှ ထွက်ခွာသွားခဲ့သည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ ဝါးသိင်္ခကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည်ဖြစ်သည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါသတင်းယူမည့် ပြည်တွင်း ပြည်ပ သတင်း သမားများ တရာကျော်က မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်းနေခဲ့သည်။

နေအိမ်မှထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့် ရွေးကောက်ပွဲ သတင်း အချက် အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ်တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ကော့​မှူး​မြို့​နယ်မှာ မဲဆွယ်သည့်​ ကြံ့​ခိုင်​ရေး​ပါတီနှင့်​ ​ဒေသခံများ​ ပြဿနာဖြစ်

ရွှေအောင်

ရန်ကုန်တိုင်း​ ​ကော့​မှူး ​မြို့​နယ် ထဲမှာ ကြံ့​ခိုင်​ရေး​ပါတီက ​မော်​တော် ယာဉ်​တွေနဲ့​ လှည့်​လည် မဲဆွယ်ရင်း​ ​ဒေသခံ​ တွေကို ဆဲဆို ရန်စ တာ​တွေ ပြုလုပ်​ နေတယ်လို့​ ​ကော့​မှူး​ အန်အယ်လ်ဒီ ​အောင်နိုင်​ရေး​ တာဝန်ခံ ဦး​အေး​သိန်း​က ​ပြောပါတယ်။

“ကြံ့​ခိုင်​ရေး​ ပါတီက ပြည်သူ​ တွေနဲ့​ ဖြစ်တာပါ။ ကျ​နော် တို့​နဲ့​တော့​ မဟုတ် ပါဘူး​။ သူတို့​လည်း​ လှည့်​လည်​ရေး​ လမ်း​ကြောင်း​ ကျ​နော်တို့​လည်း​ လှည့်​လည်​ရေး​ လမ်း​ကြောင်း​ ရှိတယ်​လေ။ ကျ​နော်တို့​ က​လေး​တွေ အကုန်လုံး​ အပါ အဝင် ထိပ်တိုက် မ​တွေ့​အောင် ကျ​နော် တို့​က​တော့​ ​ရှောင်​ရှောင်​ ပေး​နေ ရပါတယ်။ ဘာလို့​လဲ ဆို​တော့​ ကျ​နော်တို့​က ဒီပွဲကို အပျက် မခံ နိုင်ဘူး​လေ။ ကျ​နော် တို့​က ကျိမ်း​သေ နိုင်မှာ သူတို့​က ကျိမ်း​သေ ရှုံး​မှာ သိ​နေတဲ့​ အခါ ဒီပွဲကို သူတို့​ ပျက်​စေ ချင်တဲ့​ သ​ဘောနဲ့​ ရန်စ တာ​တွေ၊​ မခံ ချင်​အောင် လုပ်​တာ​တွေ အများ​ကြီး​ ​တွေ့​နေ ရပါ တယ်။”

ဒီလိုလှည့်​လည်ရာမှာ ပါဝင်တဲ့​ လူတ​ယောက်ကို ​ငွေ ၃၀၀၀ ကျပ် ​ပေး​တယ်လို့​လည်း​ ဆိုပါတယ်။

“သူတို့​လှည့်​နေတဲ့​ထဲမှာ​တော့​ ကျ​နော်တို့​ ​ကော့​မှူး​မြို့​နယ်ကလူ နည်း​တယ်။ သူတို့​ အခြား​မြို့​နယ်က လူ​တွေကို ​ခေါ်လာတာ တ​ယောက်ကို ၃၀၀၀ ​ပေး​တယ်လို့​ ​ပြောတယ်။ ထမင်း​လည်း​ ​ကျွေး​တယ်။ သူတို့​ လက်​ဆောင် ဘာညာလည်း​ ​ပေး​တယ်​ပေါ့​။ သူတို့​က​တော့​ လူ​တွေ ငှား​လာတာ။ သို့မဟုတ် အခြား​မြို့​နယ်က မျက်နှာစိမ်း​တွေကို ​ခေါ်လာတာ။”

အဖွဲ့​ချုပ်အ​နေနဲ့​ ပြသာနာမတက်​အောင် ထိန်း​ထိန်း​သိမ်း​သိမ်း​ ​ဆောင်ရွက်​နေတယ်လို့​လည်း​ ဆိုပါတယ်။

ကော်မရှင်က ထုတ်ပြန်ထား​တဲ့​ မဲရုံနဲ့​ ကိုက် ၅၀၀ အကွာအတွင်း​ မဲဆွယ်တာ မလုပ်ရဆိုတဲ့​ အချက်ကလည်း ​ကော့​မှူး​မြို့​နယ်ထဲရှိတဲ့​ ရွာတ ချို့​အတွက် အခက်​တွေ့​နေရပုံကို ဦး​အေး​သိန်း​က ​ပြောပြပါတယ်။

“ကိုက် ၅၀၀ အတွင်း​မှာ မဲဆွယ်စည်း​ရုံး​မှု မလုပ်ရဘူး​ဆို​တော့​ ရွာ​တွေက ကိုက် ၂၀၀ ​လောက်​တောင် မရှိတဲ့​ ရွာ​တွေ ရှိတယ်။ မဲရုံကို ​ကျောင်းက မြို့​လယ်​ခေါင်မှာ လုပ်​တော့​ ​ကျ​နော်တို့​ ပါတီရုံး​တွေ ဆိုလည်း​ တော်​တော်ကို အခက်အခဲ​တွေ ​တွေ့​တာ ရွာပြင်ထွက်​နေရမယ့်​ကိန်း​ ဖြစ်​နေတယ်။ ကိုက် ၅၀၀ အတွင်း​မှာ မဲဆွယ်စည်း​ရုံး​ခြင်း​တို့​၊​ ပိုစတာတို့​၊​ ဗွီနိုင်း​တို့​၊​ ပါတီ​တွေနဲ့​ ပတ်သက်တဲ့​ စာ​တွေ ဘာမှ မရှိရဘူး​။ ​နောက်ပြီး​တော့​ လုပ်တာကိုင်တာ မရှိရဘူး​ဆို​တော့​ ကျ​နော်တို့​က ​တော်​တော်ကို အကျပ်​တွေ့​တာ​ပေါ့​။ ရုံး​ကို​တောင်မှ ကျ​နော်တို့​က ပိတ်ထား​ရမလို ဖြစ်​နေတယ်။”

ကော့​မှူး​က ဝင်ပြိုင်မယ့်​ ပါတီဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မတ် ၃၁ ရက်ညမှာ ​ကော့​မှူး​မြို့​နယ်၊​ ဝါသင်္ခ​ကျေး​ရွာမှာ လာ​ရောက် ည အိပ်ပြီး​၊​ ဧပြီ ၁ ရက်​နေ့​မှာ မြို့​နယ်ထဲ မဲ​ပေး​သူ​တွေကို လိုက်လံအား​ပေး​မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ်အတွင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ညီညွတ်​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီက ဦး တင် ရီနဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက ​ဒေါက်တာစိုး​မင်း​တို့​ ဝင်​ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြို့​နယ်ထဲ မဲ​ပေး​နိုင်သူ​ပေါင်း​ ၉၀,၀၀၀ ဝန်း​ကျင်ရှိပြီး​ မဲရုံ​ပေါင်း​ ၁၂၉ ခု ရှိပါတယ်။

ရွေးကောက်ပွဲအကြို စစ်တမ်းအရ အများစု NLD ကို မဲပေးဖွယ်ရှိ

ကိုပေါက် | စနေနေ့၊ မတ်လ ၃၁ ရက် ၂၀၁၂


ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ ရက်သတ္တပတ်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်မြေများတွင် ကောက်ခံရရှိခဲ့သည့် စစ်တမ်းများအရ ၆ဝ ရာခိုင်နှုန်းသော မဲဆန္ဒရှင် များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အား မဲပေးမည်ဟု တွေ့ရှိရသည်။

အဆိုပါစစ်တမ်းအား မဇ္ဈိမ က ရန်ကုန်အခြေစိုက် COMREG မှ သုတေသန ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု ဖြင့် မတ်လ နောက် ဆုံးအပတ်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး စစ်တမ်းမှ တွေ့ရှိရချက်အချို့အား မဇ္ဈိမ အယ်ဒီတာချုပ်က ရှင်းပြထားသည်။

“၆ဝ ရာခိုင်နှုန်းက NLD ကို မဲပေးမယ်လို့ပြောတယ်။ ၃၂ ရာခိုင်နှုန်းကတော့ ကြံ့ခိုင်ရေးကို မဲပေးမယ်ပြောတယ်။ ၅၈ ရာခိုင်နှုန်းက NLD နိုင်မယ်လို့ ယူဆကြတယ်။ ၃၁ ရာခိုင်နှုန်းက ကြံ့ခိုင်ရေး နိုင်မယ်လို့ ယူဆကြတယ်” ဟု အယ်ဒီတာချုပ် ဦးစိုးမြင့် က ပြောသည်။

စစ်တမ်းကို နေပြည်တော်ရှိ မဲဆန္ဒနယ်မြေ လေးခု၊ ဧရာဝတီတိုင်းအတွင်းမှ မဲဆန္ဒနယ်မြေ လေးခုနှင့် ရန်ကုန်တိုင်း အတွင်းမှ မဲဆန္ဒနယ် မြေ ခြောက်ခုအတွင်း လိုက်လံကောက်ခံခဲ့ခြင်း ဖြစ်သည်။ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ပေးသူ ၃၆၂ ဦး အနက် အများစုမှာ ဘွဲ့ရ ပညာ တတ်များ ဖြစ်ကြပြီး ဖြေဆိုသူအများစုမှာ အသက် ၄ဝ မှ ၆ဝ အတွင်းနှင့် အသက် ၂၅ မှ ၃၉ နှစ်အရွယ်များ ဖြစ်ကြသည်။

ကောက်ခံရရှိသည့် ဒေသကြီးသုံးခုမှ ရရှိချက်များအရ NLD အား အများစု မဲပေးကြမည်ဟု တွေ့ရှိရသော်လည်း နေပြည်တော် တွင်မူ ကြံ့ ခိုင်ရေးပါတီမှ ကြိုတင် မက်လုံးပေး စည်းရုံးထားမှုများ ရှိနေ၍ မဲဆန္ဒရှင်များအတွက် အခက်အခဲများရှိနေကြကြောင်း ပြောသည်။

“အစိုးရဝန်ထမ်းတွေ အများစု ပြောတာကတော့ ဥပမာ နေပြည်တော်လို နေရာမျိုးမှာ သူတို့ကို ငွေကြိုတင်ချေးထား ပြီးတော့ ပစ္စည်းတွေ ပေးထားတာမျိုးတွေ ပြောပြတယ်။ သူတို့အနေနဲ့ကတော့ ကြံ့ခိုင်ရေးကိုပဲ မဲပေးရမယ့် အနေအထား ရှိတယ်။ ဒါပေမယ့် တကယ်လို့ နိုင်ငံ တကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ရှိတယ်၊ လွတ်လပ်တဲ့ atmosphere ပေါ့၊ လွတ်လပ်တဲ့ အနေအထား ရှိတယ်ဆိုရင်တော့ သူတို့အနေနဲ့လည်း NLD ကို မဲပေးဖို့ စိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းတော့ ပြောပြတယ်” ဟု COMREG အဖွဲ့မှ ကိုရဲ က စစ်တမ်းကောက်ယူမှု အတွေ့အကြုံအား ရှင်းပြသည်။

တွေ့ဆုံမေးမြန်းရာမှ ရရှိသည့် တုန့်ပြန်မှု (feedback)များအရလည်း နေပြည်တော်တွင် အစိုးရဝန်ထမ်းများအား ကြံ့ခိုင်ရေးပါတီမှ ချေး ငွေဖြင့် လက်ကိုင်ဖုန်းများ ဝယ်ခွင့်ပြုထား၍ ကြံ့ခိုင်ရေးပါတီအား မဲပေးရဖွယ်ရှိနေသည်။ သို့သော် အကယ်၍ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများဖြင့် လွတ်လပ်စွာ မဲပေးရပါက NLD အား မဲပေးမည်ဟုလည်း ဆိုကြသည်။ ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့် သတင်းရယူအတွက် နိုင်ငံတကာ သတင်းမီဒီယားမား ၁၅ဝ ခန့်သာ အစိုးရက ခွင့်ပြုထားသည်။

သောကြာနေ့က ပြုလုပ်သည့် NLD သတင်းစာရှင်းလင်းပွဲတွင် လက်ရှိအနေအထားအရ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ မ ဖြစ်နိုင် သေးသော်လည်း ရွေးကောက် ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားသည်။

“လုံးဝ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ မထင်ပါဘူး။ ကျမတို့ရဲ့ ပါတီဆိုင်းဘုတ်တွေ၊ ပိုစတာ တွေကို ဖျက်ဆီး တာ မျိုးကအစ အနှောင့်အယှက်တွေ အများကြီး၊ အများကြီးပဲ။ ဒါပေမယ့် ဒီကြားဖြတ်ရွေးကောက်ပွဲက အမျိုးသား ပြန်လည် ရင်ကြား စေ့ ရေးအတွက် လှေကားထစ်တခု ဖြစ်မယ်လို့ ကျမတို့ မျှော်လင့်တယ်။ ဒါကြောင့် လူထုလိုလားတဲ့ အမျိုးသား ပြန်လည် ရင်ကြား စေ့ ရေး အတွက် ရှေ့ဆက်သွားဖို့ ကျမတို့ ဆုံးဖြတ်ခဲ့တယ်” ဟု NLD ဥက္ကဋ္ဌ က ပြောသည်။

NLD အား မဲပေးမည့်သူ အများစုမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်သက်၍ ပေးရခြင်းဖြစ်ကြောင်း ကောက်ခံ ရရှိ သည့် စစ်တမ်းတုန့်ပြန်မှုများတွင် တွေ့ရှိရသည်။

ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းမှာ ကြားဖြတ်ရွေးကောက်ပွဲတွင် သွားရောက်မဲပေးကြမည်ဖြစ်ပြီး ၈၄ ရာခိုင်နှုန်းက မဲပေးပုံပေး နည်းကို သိရှိနား လည်ထားပြီးဖြစ်သည်ဟု ဆိုသည်။ ထိုသို့သိရှိရခြင်းမှာ လက်ကမ်းကြော်ငြာများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းများမှတဆင့် အများစုက သိရှိလာကြခြင်းဖြစ်သည်။

သို့သော် မိမိမဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၏ အမည်အား မသိရှိသေးသူ ၁၃ ရာခိုင်နှုန်း ရှိနေသေး သည်။

မဲပေးရေး သဘောထား ကွဲလွဲမှုကြောင့် ၁၄ စုံတွဲ လင်မယား ကွာ ရှင်းပြတ်စဲ

KHONUMTHUNG NEWS

စစ်ကိုင်းမြို့နယ် ဒေါင်းမ နှင့် ဆင်မြေ ရွာတို့တွင် ကြားဖြတ်ရွေးကောက်ပွဲမဲပေးရေးနှင့် ပါတ်သက်ပြီး လင်မယားများ အကြား သဘော ထားကွဲလွဲမှုကြောင့် တရားဝင်ကွာရှင်းပြတ်စဲသူ လင်မယား ၁၄ စုံတွဲရှိ သည်ဟု သတင်းရရှိသည်။

“ရပ်ကွက်ရုံးမှာ တရားဝင်ကွာရှင်းတာ ၁၄ တွဲရှိပြီ၊ မိန်းမတွေက ကြံ့ခိုင်ရေးပါတီက လမ်းခင်းပေးမယ်၊ လမ်းမီး တိုင်တွေ ဆောက်ပေးမယ် ဆိုပြီး ကြံ့ခိုင်ရေးကို မဲပေးဖို့လုပ်နေကြတယ်၊ ဒါကို လင်ယောကျာင်္းတွေက မဲမပေး ရဘူး အန်အယ်ဒီ ကိုပဲမဲပေးရမယ်ဆိုပြီး လင်မယား ကွဲကုန်ကြတော့တာပဲ” ဟုစစ်ကိုင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မဲရုံကိုယ်စား လှယ် တဦးက ပြောသည်။

အလားတူ ပါတီအကြိုက်ချင်းမတူညီသည့် သဘောထားကွဲလွဲမှုကြောင့် သမက်နှင့် ယောက္ခဖြစ်သူများ ကြား တွင် လည်း ပြဿနာ များ ဖြစ်နေကြောင်း ထပ်မံသိရသည်။

“ဒေါင်းမရွာက ယောက္ခမဖြစ်တဲ့သူက သမက်ရှိတဲ့ ညောင်ကုန်းရွာကိုသွားတော့ သမက်ဖြစ်သူက ယောက္ခမ ကို ခင်ဗျား က ကြံ့ခိုင်ရေး၊ ကျုပ်က NLD။ ကျုပ်တို့ရွာကိုမလာရင်ကောင်းမယ် ဆိုပြီး အကြီးအ ကျယ် စကား များကြတော့ တာပဲ” ဟု ပြောသည်။

ထို့အပြင် ဒီပါတီကို မဲပေးယင် “သေခန်းပြတ်ပဲ၊ မလာတော့နဲ့” ဆိုတဲ့အထိ အငြိုးအတေးထားခြင်းများလည်း ရှိနေကြောင်း အခြား ဒေ သ ခံတဦးက ပြောသည်။

မနေ့ ဖြန်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် စစ်ကိုင်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်တွင် အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ် (NLD) ပါတီမှ ဦးခင်မောင်သိန်း နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးနိုင် တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လားရှိုးမြို့နယ် မဲရုံအချို့ လက်နက်ကိုင်အဖွဲ့မှ ပိတ်ပင်ရန် ကြိုးပမ်း

KNG

ရှမ်းပြည် မြောက်ပိုင်း လာရှိုး မြို့နယ် အ မှတ် (၃) မဲ ဆန္ဒနယ် အ တွင်းရှိ မဲရုံ အချို့တွင် ကြားဖြတ် ရွေးကောက်ပွဲမပြုလုပ်ရန်ဒေသ တွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့တခုက ပိတ် ပင် လိုက်သည် ဟု မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြောင်း ဒေသခံ များက ပြောသည်။

တန့်ယန်း မြို့နယ်ရှိ ကျေးရွာ အုပ်စု (၁၀) ခုမှ မဲရုံ (၁၁) ခု အား ရှမ်း ပြည် တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည် တိုးတက်ရေးပါ တီ SS A/ SSPP တပ်ဖွဲ့က ပိတ်ပင်ရန်စာပို့လိုက်ခြင်းဖြစ်သည်ဟု တန့် ယန်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဦးဖီး လစ် ၀င်းက ပြော ကြောင်း တန့်ယန်းမြို့မှ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါ တီ အောင်နိုင်ရေး လုပ်ငန်း များကို ဆောင်ရွက် နေသူ တဦးက အခုလို ပြောသည်။

“အဲဒီမှာ ၀င်ခွင့် မပေးဘူး လို့ SSA က ပြောတယ်တဲ့။ အဲဒါကို တန့်ယန်း ကော်မရှင်က ခရိုင်နဲ့ ပြည်နယ် ကော်မရှင်ကို စာတင် ထားပြီ တဲ့။”

ယင်းကိစ္စနှင့် ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ပြောကြားလိုက်သည်ဟု လားရှိုးမြို့နယ် အမှတ်(၃) မဲဆန္ဒနယ် တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင်က ပြောသည်။

“ကျနော်ခရိုင်ကော်မရှင်နဲ့တွေ့တယ်။ အခု အဲဒီရွေးကောက်ပွဲနေရာ မဲရုံပိတ်ဖို့ဆိုတာ အချိန်လည်းမရှိတော့ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ဆက်လုပ်သွားမယ်။ မဲရုံဖွင့်မယ်၊ လူစုမယ်၊ လုံခြုံရေးတွေတိုးမြင့်မယ်လို့ ခရိုင်ကော်မရှင်က ပြောပါတယ်။”

လုံခြုံရေး အကြောင်းပြချက်ဖြင့် SSA/ SSPP တပ်ဖွဲ့က တားမြစ်ခြင်း ဖြစ်သော်လည်း ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကျင်းပသွား မည်ဟု ကော်မရှင်ကပြောဆိုခဲ့သည်။

ယင်းကိစ္စ SSA/ SSPP ထံ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ရှမ်းပြည်မြောက်ပိုင်းရှိ အမှတ် (၃) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွင်းရှိ လားရှိုး၊ သိန္ဒီ၊ ကွမ်လုံ၊ မိုင်းရယ်နှင့် တန့်ယန်းမြို့နယ်များ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP၊ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကိုးကန့်အမျိုးသား သွေးစည်းညီညွတ်ရေးပါတီ နှင့် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်။

လွန်ခဲ့သည့် မတ်လ (၂၈) ရက်နေ့က အမှတ်(၃) မဲဆန္ဒနယ်အတွင်းရှိ သိန္ဒီမြို့မှ မူဆယ်မြို့သို့ သွားသည့် တံတားနှင့် သိန္ဒီမှ ကွန်းလုံမြို့ သို့သွားသည့် တံတားအောက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

နေပြည်​တော် ဇမ္ဗူသီရိမြို့​နယ်မှာ ကြိုတင်မဲများ​ ကြံ့​ခိုင်​ရေး​ကို ထည့်​ရန် တိုက်တွန်း

နော်နိုရင်း

နေပြည်​တော် ဇမ္ဗူ သီရိမြို့​ နယ်မှာ​ တော့​ ကြိုတင်မဲ​ကောက်ခံ ရမှာ ကြံ့​ခိုင်​ရေး​ ပါတီကို မဲထည့်​ ပါဆိုတဲ့​ တိုက်တွန်း ​ပြောဆိုမှု​တွေ ရှိ​ပေမယ့်​ ပြဿနာ ကြီး​တွေ ဖြစ်တာမျိုး​ မရှိ ဘူး​လို့​ အန် အယ်လ်ဒီ ပါတီ ကိုယ်စား​ လှယ်အ​ နေ နဲ့​ ဝင်​ရောက် ယှဉ်ပြိုင်တဲ့​ ​ဒေါ်စန္ဒာမင်း​က ဒီဗွီဘီကို ​ပြောပါတယ်။

မတ် ၃၀ ရက်​ နေ့​က ​ကောက်ခံတဲ့​ ကြိုတင် မဲစာရင်း​ အရ ကြိုတင်မဲ ​ပေး​သူ​ပေါင်း​ ၄၁၅ ဦး​ ရှိပြီး​ သူ့​စာ ရင်း​နဲ့​ ကိုက်ညီမှု ရှိတယ်လို့​ ​ဒေါ် စန္ဒာမင်း​က ​ပြောပါတယ်။

“ကြိုတင်မဲ ​ကောက်တယ်ဆိုတာ ကျမတို့​ကောက်တာ မဟုတ်ဘူး​။ ရပ် ကွက် ​ကော်မရှင်က​နေ ​ကောက်တာဖြစ်တယ်။ မ​နေ့​ကဆိုရင် ကျမ တို့​ မ သိလိုက်​တော့​ အ​နောက်က​နေ လိုက်မကြည့်​နိုင်ဘူး​။ ဒီ​နေ့​မှာ​တော့​ ကျမ တို့​ ကြည့်​ခွင့်​ရပါတယ်။ ကျမတို့​အဖွဲ့​တွေလည်း​ ကြိုတင်မဲ သွား​ကောက်တဲ့​ နေရာမှာ လိုက်ပါခဲ့​ကြတယ်။ အခက်အခဲ​တွေ မရှိပါဘူး​။ တခု​တော့​ရှိတယ်။ ရပ်ကွက်​ကော်မရှင် ဆိုတဲ့​ဟာက ကြံ့​ခိုင်​ရေး​ပါတီဝင်က ၅ ​ယောက်မှာ ၄ ​ယောက်ရှိတယ်။ ကြိုတင်မဲ​ပေး​တဲ့​နေရာမှာ ၁ ​ယောက်၊​ ၂ ​ယောက်​လောက်က မခြစ်တတ်​တော့​ ​မေး​ရင် ဒီဟာ​လေး​ကိုပဲ ခြစ်လိုက်​ပေါ့​ဆိုတာမျိုး​၊​ သိပ်ကြီး​ကြီး​မား​မား​တော့​ မဟုတ်ဘူး​။ ပြဿနာ ဖြစ်​လောက်​အောင်​တော့​ ကြီး​ကြီး​မား​မား​ အဟန့်​အတား​၊​ အ​နှောင့်​အယှက်​တွေ ကျမပြိုင်တဲ့​နေရာမှာ မရှိ​သေး​ပါဘူး​။”

နေပြည်​တော် ဇမ္မူသီရိမြို့​နယ်မှာ မဲရုံ​ပေါင်း​ ၃၆ ရုံရှိပြီး​ မဲ​ပေး​နိုင်သူ​ပေါင်း​ ၅၃,၂၆၁ ဦး​ရှိပါတယ်။

အမှတ် ၃ မဲဆန္ဒနယ် အတွင်း မဲစာရင်း မမှန်သေး

သျှမ်းသံတော်ဆင့်


တနင်္ဂနွေနေ့၌ ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ မဲဆန္ဒနယ် ၌ မဲပေးမည့်သူဦးရေ စာရင်း ယနေ့အထိ မှန်ကန်မှုမရှိသေးကြောင်း ကျားဖြူပါတီ အမတ် တဦးက ပြောပါ သည်။

“ကျနော်တို့ မိုင်းရယ်မှာလေ မဲပေးမယ့်သူဦးရေ စာရင်းက အသစ်ပြန်လုပ်တယ်။ စာရင်းမှန်ကန်ဖို့လဲ ပြန်လုပ်ဖို့လိုအပ်တယ်လေ။ ဒါပေ မယ့် အခုထိမမှန်မကန်ဖြစ်နေတယ်၊ မဲရုံမှာ စောင့်ကြည့်ဖို့ တာဝန်ကျတဲ့ သူရဲ့ နာမည်တောင်မပါဘူး” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ (ကျားဖြူ) SNDP ပြည်သူ့လွှတ်တော်အမတ် စိုင်းဟတ် ကပြောပါသည်။

မကြာခင်ရက်ပိုင်းအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မိုင်းရယ်မြို့နယ် ဆိုင်ရာ အာဏာ ပိုင်များက ၂၀၁၀ ရွေးကောက် ပွဲ မဲစာရင်းမယူဘဲ အသစ်ပြန်လည်ပြုလုပ်ကြောင်း၊ မှန်ကန်မှုအတွက် လုပ်သော်လည်း အကြိမ်ကြိမ် မှားနေသေးကြောင်း၊ တချို့ရပ် ကွက် /ကျေးရွာ ၌ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၇၀၀ ၌ ၄၀၀ ကျော်လောက်သာပါကြောင်း၊ သေဆုံးသူဦးရေစာရင်းပြန်ပါလာပြီး ၂၀၁၀ ရွေး ကောက်ပွဲ နောက်ပိုင်း အသက် ၁၈ နှစ်ပြည့်သူလူဦးစာရင်းမှာမူ မပါလာကြောင်း၊ ထိုကိစ္စအားစိစစ်ပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားထားကြောင်း ပြောပါသည်။

“ဒီစာရင်းက ဘယ်သူပြုစုလဲဆိုတာ ကျနော်လဲ အတိကျမသိဘူး၊ အဲဒီ့ဘက်ကျနော်လဲ မကျွမ်းကျင်ဘူးလေ။ ကျနော် လုပ်ပေး နိုင်တဲ့ အ ပိုင်းကတော့ အသက်ပြည့်သူတိုင်းမဲပေးနိုင်ဖို့ ကြိုးစားပေးမယ်၊ ရွေးကောက်ပွဲကော် မရှင်ကို ဒီကိစ္စပြောပြထားတယ်” - စိုင်းသီဟကျော် ခေါ် စိုင်းဟတ်က ပြောပါသည်။

မိုင်းရယ်မြို့နယ်အတွင်း မဲရုံအချို့အားလည်း ဆိုင်ရာအာဏာပိုင်များက လုံခြုံရေးမပေးနိုင်သောကြောင့် အနည်းဆုံး မဲရုံသုံးခု ပြောင်းရွှေ့ရန် သတင်းရရှိထားကြောင်း၊ သို့သော် စာနှင့်ပေနှင့်တကွ ယနေ့ မွန်းလွဲ ပိုင်းအထိ တရားဝင်ထုတ်ပြန် ခြင်းမရှိသေးကြောင်း မိုင်းရယ် ဒေ သခံ ကျားဖြူ အမတ် စိုင်းဟတ်က ဆက်၍ပြောပြပါသည်။

သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် လားရှိုး၊ သိန္နီ၊ ကွန်လုံ၊ မိုင်းရယ်၊ တန့် ယန်းမြို့နယ် တွင် ပြည်ခိုင်ဖြိုး ပါတီက ဒေါက်တာနန်းကိန်ဖေါင်းတစ်၊ NLD က စိုင်းမြင့်မောင်၊ ကိုးကန့်ပါတီ က လော်ရှင်းကွမ်း၊ ကျားဖြူပါတီ စိုင်းစံမင်းနှင့် လား ဟူ ပါ တီမှ ဦးယောသပ်တို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပါသည်။

ဟင်္သာတတက္ကသိုလ်မှာ ဗကသများ​ စစ်​ဆေး​ခံ​နေရ

အေး​နိုင်

ဟင်္သာတ မြို့​နယ်မှာ ပညာ​ရေး​ တာဝန် ရှိသူ​တွေ က ဗမာ နိုင်ငံလုံး​ ဆိုင်ရာ​ ကျောင်း​သား​ သမဂ္ဂ များ​ အဖွဲ့​ချုပ် (ဟင်္သာတ) အဖွဲ့​ဝင် ​ကျောင်း​သား​ ၈ ဦး​ကို စစ်​မေး​ နေတယ်လို့​ ဟင်္သတာ ဗကသ ဥက္ကဋ္ဌ ကိုသန့်​ဇင်က ​ပြောပါ တယ်။

“ဟင်္သာတ တက္က သိုလ်က ​ကျောင်း​သား ​တွေကို ဒီ​နေ့​ အဆင့်​​မြင့်​ ပ​ညာ ဦး​စီး ​ဌာ​န​က​ လာတဲ့ ​ အဖွဲ့​ တွေက ​ခေါ်​တွေ့​ တယ်​ပေါ့​။ ​ကျောင်း​အုပ်ကြီး​က​ တ ဆင့်​ ဟင်္သာတ တက္က သိုလ်ထဲက က​လေး​ တွေချည်း​ပဲ သီး​သန့်​ ခေါ်ပြီး​ စစ်​ဆေး​တယ်။ အခု ကျ​နော် တို့​လည်း​ ​ကျောင်း​ရှေ့​မှာ အခု​ လော​လော ဆယ် ရှိ​နေတယ်။ ဖိအား​ပေး​ အင်အား​ သုံး​တဲ့​ ခြိမ်း​ခြောက်တဲ့​ စကား​ မျိုး​တော့​ မ​ပြော ဘဲနဲ့​ ပညာ​ ရေး​ကို ထိခိုက် နိုင် တယ်၊​ ပညာ​ရေး​ကို အ နှောင့်​ အယှက် ဖြစ်နိုင်တယ် ဆိုတဲ့​ ဟာမျိုး ​နဲ့​ပေါ့​။ သူတို့​က လူမှု​ရေး​နဲ့​ အဲဒီ လိုမျိုး​ ဝင်တာ​ပေါ့​။ မိဘ​တွေ က​တော့​ နား​မလည် တဲ့​အခါ ကျ​တော့​ အခု ကျ​နော် တို့​မြို့​မှာ​ တော့​ အထိတ် တလန့်​တော့​ ဖြစ်သွား​ တာ​ပေါ့​။”

အဆင့်​မြင့်​ပညာဦး​စီး​ဌာနက ဒု – ညွှန်ချုပ် ​ဒေါက်တာမျိုး​သိန်း​နဲ့​ ဟင်္သာတက္ကသိုလ် ပါ​မောက္ခချုပ် ​ဒေါက်တာစံလင်း​တို့​က ​ကျောင်း​သူ ​ကျောင်း​သား​ ၈ ဦး​ကို မိဘ​တွေနဲ့​အတူ ပါ​မောက္ခချုပ်အခန်း​မှာ ​ခေါ်ယူ​တွေ့​ဆုံ​နေတာ ဖြစ်ပါတယ်။

ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ် (ဗကသ-ဟင်္သာတ)ကို ဟင်္သာတမြို့​ပေါ်က တက္ကသိုလ် ၄ ခုက ​ကျောင်း​သား​တွေက စတင်ဖွဲ့​စည်း​ခဲ့​ပြီး​ ဗကသ ဥက္ကဋ္ဌ ကို​ကျော်ကိုကိုက မတ် ၂၉ ရက်​နေ့​မှာ အသိအမှတ်ပြုပြီး​ ဗကသအလံ လွှဲအပ်ခဲ့​ပါတယ်။

ဟင်္သာတမြို့​နယ် ဗကသ ဥက္ကဋ္ဌ ကိုသန့်​ဇင်တို့​က ​ဒေါက်တာမျိုး​သိန်း​တို့​နဲ့​ ​တွေ့​ခွင့်​ ​တောင်း​ပေမယ့်​ မရတာ​ကြောင့်​ က​လေး​တွေရဲ့​ အ​ခြေအ​နေကိုပဲ ​စောင့်​ကြည့်​ ​နေကြရတယ်လို့​ ​ပြောပါတယ်။

ဒေါ်စုပါတီ၏ မဲဆွယ် စည်းရုံးရေးကို ကော့မှူးလူထုအားလုံး ကြိုဆို

(ကေအိုင်စီ)


ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင် ပါတီဆိုင်းပုဒ်တင်ပွဲနှင့် မဲဆွယ်စည်းရုံးရေးကို ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် NLD မဲအောင်နိုင်ရေး အ ဖွဲ့ဝင်များက မတ်လ ၃၀ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်လူထုအားလုံး ကြိုဆိုကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတစ်ဦးက “ဒီနေ့ ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာမှာ အမျိုးသားဒီမိုကရေစီဆိုင်းပုဒ်တင်ပွဲ ပြု လုပ်တာ လူဦးရေ ၃၀၀ကျော် တက်ရောက်ပါတယ်။ ကွမ်းခြံကုန်းလူငယ်တွေ စုဖွဲ့ထားတဲ့ စနေသင်း (လူမှုရေးအသင်း)က ပါဝင် အားဖြည့် ပေးတယ်။ ဆိုင်းပုဒ်တင်ပွဲပြီးတာနဲ့ ကျေးရွာတွေကို မဲအောင်နိုင်ရေး စည်ရုံးရေးဆင်းပါတာမှာလည်း လူထုအားလုံး ၀မ်းပမ်းတသာ ကြိုဆို ကြတာ တွေ့ရတယ်။”ဟု ဆိုသည်။

ကျေးရွာများမှ ကလေးသူငယ်များမှစ၍ သက်ကြီးရွယ်အိုအဆုံး ကြိုဆိုကြသည့် NLD ၏ မဲဆွယ် စည်းရုံးဟောပြောခြင်းကို ကော့မှူးမြို့ NLD မဲအောင်နိုင်ရေးတာဝန်ခံ မန်းဘရွှေမှ ဦးဆောင်ခြင်းဖြစ်ပြီး ပုပ္ပါး၊ မှော်တော၊ မဆယ်ဆိပ်နှင့် ကော့မှူးမြို့တစ်လျှောက်ရှိ ကျေးရွာ များ သို့ စည်းရုံးရေးဆင်းခဲ့ကြခြင်း ဖြစ်သည်။

ကော့မှူးမြို့တွင် ဆိုင်ကယ်အစီး ၅၀၊ ထော်လာဂျီ ၁၀စီးဖြင့် သွားခဲ့သည့် NLD ၏ မဲဆွယ်စည်းရုံးရေးတွင် မဲဆန္ဒရှင်များ မဲပေး တတ်ရန် နှင့် ၎င်းတို့ပါတီကို မဲထည့်ရန် ရွာတိုင်း၌ ဟောပြောခဲ့ရာ ဒေသခံလူထုက စည်းကမ်းတကျ လက်ခုပ်တီးကာ ကြိုဆိုအားပေးခဲ့ကြသည်။

စည်းရုံးရေးခရီးတွင် ပါဝင်သူတစ်ဦးက ““ဆိုင်းပုဒ်တင်ပွဲက ၁၁ခွဲကနေ ၁၂နာရီအထိ လုပ်တယ်။ မဆယ်ဆိပ်ကျေးရွာမှာ ဆိုင်းပုဒ်တင်ပြီး တာနဲ့ ထော်လာဂျီတွေ၊ ဆိုင်ကယ်တွေနဲ့ စည်းရုံးရေးဆင်းတာပဲ။ လူတွေကတော့ ရွာတိုင်းမှာ လူတွေကတော့ အများကြီးပဲ။ ကရင်ရွာတွေ မှာတော့ ကရင်တွေက ကြိုဆိုတယ်။ ကရင်ရွာမဟုတ်တဲ့ အခြားရွာတွေလည်း ကြိုဆိုတာ တရွာကို အနည်းဆုံး ၁၀၀ရှိမယ်။ ညနေပိုင်းမှာ ကော့မှူးကိုဝင်တော့ အဲဒီမှာ လူတွေပိုများလာတယ်။”ဟု NLD အဖွဲ့ဖြင့် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ပုပ္ပါး၊ မှော်တော၊ ၀ါးသင်္ခ၊ ဆုံရှမ်း၊ မဆယ်ဆိပ်၊ ဥတို၊ သပြုဆမ်း၊ သံအိုင်၊ နတ်ရေတွင်း၊ ဖရဲနီ၊ သမဲ့၊ အောက် ကျောင်း၊ ကျုံတံတား၊ မကျီးကန၊ ရေဖြူတွင်း၊ အင်းလျားချောင်၊ ခလောင်၊ ဘန့်ဘွေးအိုင်ရွာများမှာ ကရင်ကျေးရွာများဖြစ်ကြပြီး လယ်စ ပါး စိုက်ပျိုးခြင်းကို လုပ်ကိုင်နေကြသည်။

NLD အဖွဲ့ကို ကြိုဆိုသူ အဖွားအိုတစ်ဦးက “အခု ရွေးကောက်ပွဲမှာ ဒေါ်စုနိုင်မယ်ဆိုတာ သူတို့ ကြိုသိနေတယ်လေ။ အဲဒီအတွက် ကျေ နပ်တယ်။ ပျော်တယ်။”ဟု ဆိုသည်။

ထိုနေ့မနက်ပိုင်းတွင် ကော့မှူးမြို့နယ် ကြံ့ခိုင်ရေးပါတီမှလည်း နယ်လှည့်စည်းရုံးရေးကို လုပ်ဆောင်နေသည့်အပြင် ကျန်းမာရေးဝန်ကြီး က ကျေးလက်ကျန်းမာရေးရုံး ဖွင့်လှစ်ခြင်းများလည်း လုပ်ဆောင်ပေးခဲ့ရာ ၎င်းမှာ ကြံ့ခိုင်ရေးပါတီ-USDP ၏ စည်းရုံးရေးနှင့် ပတ်သက် နေ ကြောင်း လူထုအတွင်း ထင်ကြေးပေးနေကြသည်။

“အဲဒီ ကျေးလက်ကျန်းမာရေးရုံးဖွင့်တာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက တစ်အိမ်တစ်ယောက် မလာမနေရဆိုပြီး လိုက်ကြေညာတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက ကြံ့ဖွံ့ပါတီထောက်ခံသူဆိုတော့ ဒါဟာ ကြံ့ခိုင်ရေးရဲ့ စည်းရုံးရေးနဲ့ ပတ်သက်နေမယ် ထင်တယ်။”ဟု မြို့ခံ တစ်ဦးက ပြောသည်။

ယင်းသို့ NLD နှင့် USDP ပါတီတို့ ကော့မှူးတွင် အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေရာ၌ လူထုအားလုံး၏ ၉၀ရာခိုင်နှုန်းမှာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်-NLD အပေါ် ထောက်ခံမှု ပိုအားသာနေသည်ဟုလည်း စောင့်ကြည့်သူများက ပြောဆိုသည်။

ထိုနေ့ညနေဘက်တွင် ကော့မှူးမြို့၌ ဒေါ်စုမဲဆွယ်သီချင်းများ သီဆိုကာ ကခုန်နေကြသူ ဆိုက္ကားသမားများကို ကြံ့ခိုင်ရေးပါတီမဲဆွယ်သူ တစ်ဦးက “ဒေါ်စု သေပြီ”ဟု လှမ်းပြောဆိုလိုက်သည့်အပေါ် နှစ်ဖက် လူဦးရေ ၂၀ခန့် စကားများရန်ဖြစ်ခဲ့ကြရာ ကြံ့ဖွံ့ပါတီခေါင်းဆောင် များက လာရောက်လူခွဲလိုက်သဖြင့် ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ပေ။

နေပြည်​တော် ပုဗ္ဗသီရိ မြို့​နယ်အတွင်း​ မဲရုံ ၁၈ ရုံတိုး

နော်နိုရင်း

နေပြည်​တော် ပုဗ္ဗ သီရိ မြို့​နယ် မှာ​တော့​ ဒီတပတ် အတွင်း​မှာ မဲရုံ ၁၈ ရုံ ထပ်မံ တိုး​ချဲ့​ လိုက်ပါ တယ်။

ဆန္ဒမဲ​ ပေး​သူ​တွေ တိုး​လာပြီး​ မဲ​ရေ တွက်မှု မြန်ဆန်​ အောင်ဆိုပြီး​ မဲရုံ​တွေ ထပ်တိုး​ လိုက်တာလို့​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်က မတ် ၂၉ ရက်က ​ပြော ဆို​ကြောင်း​ ပုဗ္ဗ သီရိမြို့​ နယ်မှာ အန်အယ်လ်ဒီ အ​နေနဲ့​ ဝင်​ရောက် ယှဉ်ပြိုင် တဲ့​ ဦး​ဖြိုး​ဇေယျာ​ သော်က ​ပြောပါတယ်။

“ကျ​နော် တို့​ဆီမှာ စုစု​ပေါင်း​ မဲရုံ ၁၈ ရုံထပ် တိုး​တယ်။ ​နောက်တိုး​တဲ့​ လူဦး​ရေ စာရင်း​ အရရယ်၊​ မဲ​ရေတွက် တဲ့​နေရာမှာ မြန်ဆန်​ ချော​မွေ့​စေဖို့​ အ တွက် ဖြစ်တယ်လို့​ ​ပြောပါတယ်။ ကျ​နော့်​ အ​နေ နဲ့​က​တော့​ မတ် ၂၉ ရက်​နေ့​ကမှ ရက်ချိန်း ​ပေး​လိုက်တယ် ဆို​တော့​ မဲရုံ ကိုယ် စား​လှယ်နဲ့​ အကူ ကိုယ်စား​ လှယ်ရ ဖို့​က အ​ရေး ​တကြီး​ ပြန်လုပ် ရတယ်။ အမှန် တကယ် မဲဆန္ဒ စာရင်း​ထဲမှာ ပါသင့်​ ပါထိုက်တဲ့​ သူ​တွေ မပါ ခဲ့​ တာ​တွေ လည်း​ ရှိခဲ့​တယ်။ ဒီဟာ​တွေ အတွက် ကျ​နော် တို့​ဘက်က ပြန်ပြီး​ ​တောင်း​ဆို ထား​တဲ့​ လူဦး​ရေ စာရင်း​ တွေလည်း​ ရှိပါတယ်။ နှစ်ဖက် ညှိနှိုင်း ​ပြီး​တော့​ လူဦး​ရေ စာရင်း​တွေ ထပ်တိုး​ လာတာ လည်း​ ပါတယ်။”

ပုဗ္ဗသီရိ မြို့​နယ်အတွင်း​မှာ​တော့​ မဲဆွယ်စည်း​ရုံး​ရေး​ကား​တွေ အပြိုင်အဆိုင် မဲဆွယ်စည်း​ရုံး​ပေမယ့်​ ပြဿနာမရှိဘဲ အား​လုံး​ပြေလည် တယ် လို့​ ဦး​ဖြိုး​ဇေယျာ​သော်က ​ပြောပါတယ်။

ပုဗ္ဗသီရိမြို့​နယ်မှာရှိတဲ့​ တိုင်း​တပ်မကို​တော့​ အန်အယ်လ်ဒီအ​နေနဲ့​ မဲဆွယ်စည်း​ရုံး​ဖို့​ ​တောင်း​ဆိုထား​ပေမယ့်​ ခုချိန်ထိ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က အ​ကြောင်း​မပြန်​သေး​လို့​ မဲဆွယ်စည်း​ရုံး​နိုင်​တော့​မှာ မဟုတ်​ကြောင်း​ ​ပြောပါတယ်။

သူ့​အ​နေနဲ့​ ​ရွေး​ကောက်ပွဲရက်မတိုင်ခင် ရွာ​တွေအထိ လိုက်လံစည်း​ရုံး​မှု လုပ်​နေပြီး​ တက်ကြွလှုပ်ရှား​သူ​တွေ ရှိ​ပေမယ့်​ တချို့​ရွာသား​တွေက​တော့​ ​ကြောက်ရွံ့​မှု ​အောက်မှာပဲ ရှိ​သေး​ကြောင်း​ကို ဦး​ဖြိုး​ဇေယျာ​သော်က ဒီဗွီဘီကို ​ပြောပါတယ်။

မတရားလည်း ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆက်မည်

လင်းဘိုဘို


တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝ လွတ်လပ်ပြီး တရားမျှတမည့် ရွေးကောက်ပွဲ ဖြစ်မည်ဟု မထင်သော် လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြိုးပမ်းမှုကို လက်လျှော့မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

သောကြာနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲကြို ကာလအတွင်း ပါတီ၏ လှုပ်ရှားမှုများအပေါ် နှောင့်ယှက်မှုများ ရှိနေကြောင်း မည်သို့ပင် ရှိစေကာမူ လူထုလိုလားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့ခြင်း ဖြစ်သည်။

“လုံးဝ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ မထင်ပါဘူး။ ကျမတို့ရဲ့ ပါတီဆိုင်းဘုတ်တွေ၊ ပိုစတာတွေကို ဖျက်ဆီး တာ မျိုးကအစ အနှောင့်အယှက်တွေ အများကြီး၊ အများကြီးပဲ။ ဒါပေမယ့် ဒီကြားဖြတ် ရွေးကောက် ပွဲက အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး အတွက် လှေကားထစ်တခု ဖြစ်မည်လို့ ကျမတို့ မျှော်လင့် တယ်။ ဒါကြောင့် လူထုလိုလားတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ ရေးအတွက် ရှေ့ဆက်သွားဖို့ ကျမတို့ ဆုံးဖြတ် ခဲ့တယ်” ဟု NLD ဥက္ကဋ္ဌ က ပြောသည်။

တိုင်းရင်းသား အရေးကိစ္စနှင့် ပတ်သတ်၍ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ရန် အခွင့်အလမ်းများရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆို ခဲ့ပြီး ပင်လုံ စာချုပ်ပါ အတိုင်း တန်းတူညီတူရှိမှု၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် စသည့် ကိစ္စများတွင် ညီညွတ်စွာ ဆောင်ရွက်ရန် လိုသည် ဟု ဆိုသည်။

“မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားတွေရဲ့ တုံ့ပြန်မှုကြောင့် ကျမတို့တွေ အတော်လေး အားတက်မိပါတယ်။ တိုင်းရင်းသားဒေသက ပြည်သူတွေ လိုချင်တာနဲ့ ကျမတို့တွေ လိုချင်တာနဲ့ကြားမှာအဓိကကျတဲ့ ခြားနား မှုတွေ မတွေ့ ရပါဘူး။ အဲ့တာ ကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ဖို့ အခွင့်အလမ်းတွေ ရှိပါတယ်”

သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် အစိုးရအဖွဲ့အတွင်း နေရာပေးရန် ကမ်းလှမ်းပါက လက်ခံမည်လော ဟု သတင်းထောက် တဦး က ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းရာ “ကမ်းလှမ်းမှု မရှိသေးဘဲ လက်ခံမယ် လက်မခံဘူး ပြောတာက သဘာဝမကျပါဘူး။ ခက် ခက်ခဲခဲ ကြိုးစားဝင်ရတဲ့ လွှတ်တော်ထဲကနေတော့ ကျမ ထွက်ခွာသွားမှာ မဟုတ်ပါဘူး” ဟု ပြန်လည်ဖြေဆိုခဲ့သည်။

ရွေးကောက်ပွဲသတင်းရယူရန် နိုင်ငံတကာ သတင်းမီဒီယာသမား ၁၅၀ ဝန်းကျင်ခန့်သာ အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပေးခဲ့ သော်လည်း ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ နှစ်ရက်အလို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်၌ ပြုလုပ်သည့် NLD သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပ မီဒီယာသမား ၃၃၈ ယောက် လာရောက်သတင်းယူသည်ဟု သိရသည်။

၁၉၉၀ ရွေးကောက်ပွဲ အပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် ပြန်လည်ရွေးကောက်ခံမည့် ဒေါ် အောင်ဆန်း စုကြည် သည် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်မြို့မှ မိုင် ၄၀ ဝန်းကျင် ခန့်ကွာဝေးသည့် ကော့မှူးမြို့နယ်ကို ကိုယ်စားပြု ယှဉ်ပြိုင်မည် ဖြစ် သည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ခန့်အပ်ပြီး (သေဆုံးသူ လွှတ်တော်အမတ်တဦး အပါအဝင်) လစ်လပ်သွားခဲ့ သည့် လွှတ်တော် အ မတ်နေရာ ၄၈ ခု အနက် လုံခြုံရေးအရ ၃ နေရာတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။ NLD အနေဖြင့် လက်ကျန် ၄၅ နေရာဝင်ရောက် ယှဉ်ပြိုင်ရာ စစ်ကိုင်းတိုင်းအတွင်းမှ အမျိုးသားလွှတ်တော်တနေရာတွင် ကော်မရှင်မှ ပယ်ဖျက်ခံရ၍ ၄၄ နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

“ဒီကြားဖြတ်ရွေးကောက်ပွဲက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် ခြေလှမ်းတခုပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ခဲ့သည့် ဒေါ် အောင် ဆန်းစု ကြည်က ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ၂၀၁၅ ခုနှစ်တွင် နောက်တကြိမ် အနိုင်ရရှိရန် ကြိုးပမ်း သွား မည်ဟု ဆိုသည်။

NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲအကြို ပါတီစည်းရုံးရေးကာလအတွင်း ကြုံတွေ့ရသည့် အနှောင့် အယှက်များ၊ စစ်ဆေးတွေ့ရှိရသည့် မဲစာရင်းပါ လူဦးရေ ကွာဟမှု၊ ရွေးကောက်ပွဲဥပဒေနှင့် မညီညွှတ်သည့် ပြိုင်ဘက်ပါတီများ၏ အပြုအမူများ စသည်တို့ကို ရက် သတ္တပတ် အနည်းငယ်ကတည်းက စာရင်းပြုစု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့သည့် NLD ပြန်လည်ပါဝင် ယှဉ်ပြိုင်မည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲသို့ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၊ ဥရောပနှင့် အမေရိကန်နိုင်ငံတို့မှ စောင့်ကြည့် လေ့လာသူ အချို့ လာရောက်ရန် အစိုးရက ခွင့် ပြုခဲ့သည်။

အောင်နိုင်ရေး အတွက် ကျားဖြူ ဒု-ဥက္ကဌ ဦးဆောင် စည်းရုံး ရေးဆင်း

သျှမ်းသံတော်ဆင့်


မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် လစ်လပ်နေရာ၌ အောင်နိုင်ရေးအတွက် ကျားဖြူပါတီ ဒုဥက္ကဌ စိုင်းဆောင်ဆီကိုယ်တိုင် ဦး ဆောင်ကာ စည်းရုံးရေး ဆင်းနေကြောင်း မြို့ခံများကပြောပါသည်။

“ ၂၀၁၀ နဲ့စာရင် ကြိုတင်မဲကောက်ယူမှုက ရုပ်ပျက်ဆင်းပျက်မရှိဘူး။ အိုကေတယ်လို့ပြောနိုင်တယ် ” ကျားဖြူပါတီ ဒု- ဥက္ကဌ စိုင်းဆောင် ဆီက ပြောသည်။

မဲဆွယ်စည်းရုံးရာတွင်လည်း ကျေနပ်မှုရှိကြောင်း၊ ယခုကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေသခံလူထုတို့ တက်ကြွပါဝင်သည် ကိုတွေ့ရ ကြောင်း ဆက်လက်ပြောပြသည်။

“ ဗိုလ်မွန်းခြိမ်းခြောက်တဲ့ကိစ္စ ကျနော်တို့ ဖြေရှင်းလို့ အိုကေသွားပြီလေ။ ဒါကြောင့် အဲဒီ မန်ပန်ဒေသဖက်လဲ စည်းရုံးရေး ဆင်း နိုင်တယ်။ လူထုလဲ ကျနော်တို့ကို သောင်းသောင်းဖြဖြ ကြိုဆိုမှုရှိတယ်။ ဆိုတော့ တန့်ယန်း၊ သိန္နီ၊ မိုင်းရယ် ဘက်မှာ တော့ ကျနော်တို့ ကျားဖြူက ကျေနပ်အားရဖွယ်ကောင်းလောက်အောင်ဘဲ” - စိုင်းဆောင်ဆီက ဆက်လက်ပြောပြသည်။

ကွန်လုံဒေသ၌မူ တရုတ်လူဦးရေများပြားလှကြောင်း၊ သို့သော် ဒေသခံသျှမ်းများအား ကျားဖြူပါတီက စည်းရုံးမဲဆွယ် ထား ကြောင်း၊ လားရှိုးမြို့တွင်မူ ပါတီကြီး ၄ ခုအပြိင်အဆိုင် စည်းရုံးရေးဆင်းနေသည်ကို ကြည့်ခြင်းအားဖြင့် မဲပြန့်သွားနိုင် သော်လည်း တခြားမြို့နှင့် ပေါင်းလျှင် ကျားဖြူပါတီ အောင်နိုင်ရေးအတွက် အခက်အခဲသိပ်မရှိနိုင်ဟု ထင်ရကြောင်း ဒုဥက္ကဌက ဆက်လက်ပြောပြသည်။

“ လူငယ်တွေလဲ စည်းရုံးရေးဆင်းထားတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုတွေ အင်တိုက်အားတိုက် လုပ်ထားတယ်၊ ဆိုတော့ လူ ထုက အရင်ကလို သိပ်မကြောက်တော့ဘဲ တက်တက်ကြွကြွ ပါဝင်လာတာကိုတွေ့ရတယ်။ ဒါကြောင့် ဒီကြား ဖြတ် ရွေးကောက်ပွဲ အ တွက် တော့ ကျနော်တို့ အောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုဆိုပါသည်။

မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် (ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏) လစ်လပ်နေရာ၌ ပါတီကြီး ၄ ခု ဖြစ် သော ကျားဖြူ ပါတီမှ စိုင်းစံမင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းမြင့်မောင်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ နန်းကိန် ဖောင်းတစ်၊ လားဟူ အမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ LNDP ဦးယောသပ် နှင့် ကိုးကန့်ပါတီ Kokang Democracy and Unity Party မှ လော်ရှင်းကွမ်းတို့ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းတွင် ကြံ့ခိုင်ရေးပါတီက NLD အား ပုတ်ခတ် မဲဆွယ်ဟုဆို

ဖနိဒါ


မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မြေအတွက် ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အား ပုတ်ခတ်ပြောဆိုခဲ့သည်ဟု NLD ပါတီက စွပ်စွဲ ပြောဆိုလိုက်သည်။

ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပြား၊ ကျုံရွာ၊ စက်ထိန်း၊ ဆုံကုန်း စသည့် ကျေးရွာများ၌ ဦးအောင်သောင်း စည်းရုံး ဟောပြောစဉ် အတွင်း NLD ပါတီမှ အမတ်လောင်းများ ပုတ်ခတ် ပြောဆိုခဲ့ကြောင်း ကျောက်ပန်းတောင်း မြို့နယ် NLD အောင်နိုင်ရေးအဖွဲ့တာဝန်ခံ ဦး အေးခိုင် က ပြောသည်။

“‘ကျုပ်တို့ပါတီက ထောင်ထွက်တွေ မဟုတ်ဘူး။ ကျနော်တို့က ကျောင်းဆောက်ပေးမယ်’ တဲ့။ ‘ပြိုင်ဘက်လူက ထောင်ထွက်၊ ထောင် ထွက် တွေကို မဲပေး မှာလား၊ မဲပေးစရာ မလိုဘူး။ ဒီမြို့နယ် သားလည်း မဟုတ်ဘူး။ သူ ဘာမှ ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး’လို့ပြောတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဦးအောင်သောင်းမှာ ပြည်ထောင်စုအဆင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တဦးအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး၊ မိုင်းလား၊ UWSA စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပြင် ကျောင်းသားတပ်မတော် ABSDF နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနေသူတဦးလည်းဖြစ်သည်။

ဦးအောင်သောင်း သည် သောကြာနေ့တွင်လည်း ပုပ္ပါးကျေးရွာတွင် စည်းရုံး ဟောပြောနေသည်ဟု သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းကြည်နှင့် NLD ပါ တီမှ ဒေါက်တာဇော်မြင့်မောင် တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

NLD မှ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ အရွေးချယ်ခံ အမတ်တဦး ဖြစ် ပြီး ထိုနှစ်ထဲတွင်ပင် နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးခံရပြီး ၁၉၉၁ ခုနှစ်တွင် ထောင်တွင်းမှနေ၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မ ဟာမင်းကြီးထံ ထောင်တွင်း ချိုးဖောက်မှုများကို တင်ပြခဲ့သဖြင့် ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရကာ ၂ဝ၁၁ ခုနှစ် လွတ်ငြိမ်း ချမ်းသာ ခွင့် ဖြင့် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

အလားတူ ကျောက်ပန်းတောင်းမြို့နယ် ဝက်လွတ်ချဉ် ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက မဲဆွယ် ဟောပြောစဉ် ဒေါ်အောင် ဆန်း စုကြည်အား ဂုဏ် သိက္ခာကို ညှိုးနွမ်းစေရန် ပုတ်ခတ်ထားသည့် မေးခွန်းပေါင်း ၂၁ ခု မေးမြန်းထားသည့်စာပါ CD ခွေကို ဖွင့်ပြခဲ့ သဖြင့် မြို့နယ် ကော်မရှင်ထံ ကြာသာပတေးနေ့တွင် တိုင်ကြား ခဲ့သည့်ဟု ဆိုသည်။

“ကျနော်တို့ ဝက်သချဉ်ကျေးရွာမှာ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးက အဲဒီခွေကို ဖွင့်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချနေတယ်။ အဲ ဒါ ကော်မရှင်ကို အရေးယူပေးဖို့ တိုင် ထားပါတယ်၊ အထက်ကို တင်ပြမယ်လို့ ပြောတယ်” ဟု ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက် ပွဲ အောင်နိုင်ရေး တာဝန်ခံ ဦးအေးခိုင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD က မြို့နယ်၊ ခရိုင်၊ တိုင်းကော်မရှင်ထံလည်း ၎င်း CD ခွေနှင့်အတူ တိုင်ကြားထားပြီး မြို့နယ် ကော်မရှင် က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြပေးသွားမည်ဟု ဆိုသည်။

ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆ သန်းကျော်ရှိပြီး မဲပေးပိုင်ခွင့် ရှိသူများ၏ အမည် စာရင်းများကို မတ်လ ၂၄ ရက်နေ့နောက်ဆုံးထား ပြင်ဆင်လိုက်ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်က ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

မြန်မာအစိုးရမှ ထိုင်းသို့ ဂက်စ်တင်ပို့မှု ယာယီရပ်ဆိုင်းမည်

ရွှေဟင်္သာ


မြန်မာ့ ကမ်းလွန် ပင်လယ်ပြင်မှ နေ၍ ထိုင်းနိုင်ငံသို့ တင်ပို့လျက် ရှိသော သဘာဝ ဓါတ်ငွေ့ များကို ဧပြီလ ၈ ရက်နေ့မှ ၁၇ ရက်နေ့ထိ တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်းမည် ဖြစ်ကြောင်း ထိုင်းပုဂ္ဂလိက စွမ်းအင် ကုမ္ပဏီ PTT မှ ရွှေဟင်္သာ သတင်းဌာနသို့ ယမန်နေ့က အတည်ပြု ပြောကြားခဲ့ပါသည်။

“ကျွန်မတို့ ဘက်က သိရှိရတဲ့ အကြောင်းချက်တွေ အရကတော့ မြန်မာဘက်က သဘာဝဓါတ်ငွေ့ လုပ်ကွက် တွေကို ဖွံဖြိုး ရေး အစီ အ စဉ် နဲ့ တိုးချဲ့ ကိရိယာတွေ တပ်ဆင်မှု တွေအတွက် ခေတ္တ ရပ်ဆိုင်းမှာ ဖြစ်တယ်၊ အဲဒီ ရပ်ဆိုင်းမှုဟာ ဧပြီလ (၈) ရက်နေ့ကနေ စပြီး (၁၇) ရက်နေ့ထိ ဖြစ်ပါတယ်” ဟု ထိုင်းပုဂ္ဂလိက စွမ်းအင် ကုမ္ပဏီ PTT မှ ပြန်ကြားရေး ဝန်ထမ်းမှ ပြော ပြပါသည်။

PTT သည် လိုအပ်သောပြုပြင်မှုများ ဖြစ်လာသည့်အခါ မြန်မာအစိုးရကို အကြောင်းကြားပြီး ပြုပြင်ခဲ့ပါသည်။ မြန်မာအ စိုးရဖက်ကမူ ပြုပြင်ရေးကို အကြောင်းပြပြီး ပိုက်လိုင်း ယာယီ ပိတ်ခဲ့ရသည့် အဖြစ်မရှိသလောက် ပင်ဖြစ်ပါသည်။

“မြန်မာဘက်က ဒီလိုဂက်စ်တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်းတာဟာ ကျွန်မတို့ ထိုင်းနိုင်ငံရဲ့ ဂက်စ်လိုအပ်ချက်ကို ပိုပြီး အားဖြည့် ပေးမည့်အနေအထား ရှိပါတယ်။ အဲဒီလို ပိုရောင်းလာမဲ့ အခြေအနေ အတွက်ကိုလည်း ကျွန်မတို့ဘက်က ကြိုတင်ပြင် ဆင်ထားပါတယ်။ စွမ်းအင်သုံးစွဲမှု မြင့်တက်လာပေမဲ့ စွမ်းအင်ဈေးနှုန်း တက်မလာအောင် ထိန်းချုပ်ဖို့ အစီအစဉ်တွေလည်း ချမှတ်ထားပြီးပါပြီ” ဟု PTT ကုမ္ပဏီ၏ ဂက်စ် အဝင်အထွက် စီစစ်ရေးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ပါသည်။

ထိုသို့ ယာယီ တင်ပို့မှု ရပ်ဆိုင်းခြင်းကြောင့် PTT ကုမ္ပဏီ အနေနှင့် စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းပေးရေး အတွက် အရှေ့ အလယ်ပိုင်း ဒေသနှင့် ထိုင်းကမ်းလွန် ပင်လယ်ပြင်မှ ထွက်ရှိသည့် ဂက်စ်များဖြင့် အစားထိုး ဖြည့်ဆည်းသွားမည် ဖြစ် ကြောင်း PTT ကုမ္ပဏီ ပြန်ကြားရေး အရာထမ်းမှ ပြောကြားပါသည်။

ယခုအခါ ထိုင်းနိုင်ငံနှင့်အဝှမ်း လောင်စာဆီ လိုအပ်ချက် မြင့်တက်လျက်ရှိပြီး လောင်စာဆီဈေးနှုန်းများ လည်း တဖြည်းဖြည်း မြင့်တက် လာလျက်ရှိသည်။ ဤသို့ကြောင့် လွန်ခဲ့သည့်လတွင် ဈေးပေါသည့်ပြည်ပ ရေနံစိမ်းများကို တရားမဝင် လမ်းကြောင်းမှ တဆင့် တင် ဆောင် လာသည့် သင်္ဘောအား ထိုင်းနိုင်ငံ စမုတ်ဆာခွန်၌ ဖမ်းဆီးခဲ့ပါသည်။ ဤရေနံစိမ်းများကို စမုတ်ဆာခွန် ခရိုင်ရှိ အကြီးစား စက် မှုလုပ်ငန်းရှင်များ အတွက် ဖြန့်ဖြူးရောင်းချရန် ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံကဇောတိ M9 လုပ်ကွက်၏ စီမံခန့်ခွဲရေးရုံးကို တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကန်ဘောက်၌ ထားရှိပြီး ၂၀၁၁ ခုနှစ် ဇန်နဝါ ရီလ ၂၉ ရက်နေ့တွင် ရုံးဖွင့်ခဲ့ပါသည်။ ၄င်းဖွင့်ပွဲသို့ PTT ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် Mr.Anon Sirisaengtaksin နှင့် စွမ်းအင် ဝန် ကြီး ဦးလွန်းသီ တို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ PTT ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ အိုမန်၊ အီဂျစ်၊ အယ်ဂျီးရီးယား၊ ဘာရိန်း၊ သြစတြေးလျ နှင့် နယူးဇီလန်နိုင်ငံများတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူး ဖော်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် စွမ်းအင် ကုမ္ပဏီ တစ်ခုဖြစ်သည်။

စွမ်းအင်လိုအပ်ချက် ကြီးမြင့်လာသည့် ထိုင်းနိုင်ငံသည် ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းမှစပြီး မြန်မာနိုင်ငံမှ စွမ်းအင်များကိုဝယ် ယူလာခဲ့ သည်။ ဇောတိကလုပ်ကွက်မှ စွမ်းအင်တင်ပို့မှုသည်၊ ပြည်ပမှ ရေနံစိမ်းတင်သွင်းမှု၏ တစ်နှစ်လျှင် အမေရိကန် ဒေါ် လာဘီလျံ ၂ ဒသမ ၄ သန်းခန့် ( ဘတ်ငွေ ဘီလျံ ၄၀၀ ခန့် ) သက်သာစေမည် ဖြစ်သည်ဟု ထိုင်းစွမ်းအင်ဝန်ကြီး Mr. Wannarat Charnnukul က The Nation သတင်းစာသို့ ပြောကြားခဲ့ပါသည်။

PTT ကုမ္ပဏီသည် ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ၌ အကြီးဆုံး ပုဂ္ဂလိက ကုမ္ပ ဏီ တစ်ခုဖြစ် သည်။ မြန်မာ့ကမ်းလွန် ဇောတိက လုပ်ကွက်မှ တစ်ရက်လျှင် သဘာဝဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၃၀၀ ကို လက်ခံနေပြီး တစ်ရက် လျှင် ကုဗီတာ သန်းပေါင်း ၂၄၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့နေပြီး ကျန်ရှိနေသည့် ကုဗပေသန်း ၆၀ ကို ပြည်တွင်း လျှပ်စစ်ဓါတ်အား ထုတ် လုပ်မှု အတွက်သုံးစွဲ နေပါသည်။ ၂၀၁၁ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အစိုးရနှင့် နှစ်(၃၀) စာချုပ်ဖြင့် ချုပ်ဆိုထားပါသည်။ PTT ၏ ကုမ္ပ ဏီခွဲ တခုဖြစ်သော PTT PIc မှလည်း မြန်မာ့ပင်လ်ာထဲက လုပ်ကွက် M3, M4, M4, M7 နှင့် M11 တို့တွင် လုပ်ကိုင် နေလျှက်ရှိသည်။

မြန်မာ စစ် အာဏာ ပိုင်များ အထူး ဒေသ ၄ နယ်မြေ အတွင်း လည်ပတ် ခွင့်တောင်း

သျှမ်းသံတော်ဆင့်


သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်းရုံးမှ စစ်အာဏာပိုင်များ အထူးဒေသ ၄ ခေါ် မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း လည်ပတ်ခွင့် ပြု ရန်တောင်းဆိုသဖြင့် ယမန်နေ့က သွားရောက်လည်ပတ်ခွင့်ပေးလိုက်ကြောင်း မိုင်းလား အာဏာပိုင်များအသိုင်းအဝိုင်းကပြောပါသည်။

“ တြိဂံစစ်တိုင်းရုံးက စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးခင်မောင်ထွေးနဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးသက်နိုင်ဝင်း။ သူတို့ က လူသူ လက်နက် အင် အား ၂၅ ယောက်နဲ့အတူ မိုင်းလားနယ်မြေရဲ့ ဒုတိယမြို့တော် ဆီလူးကို ဝင်လည်ချင် တယ်လို့ အကြောင်းကြားလာတယ်။ မရောက်ဖူးလို့လည်ချင်ရုံ သက်သက်ဘဲ လို့ပြောတယ်။ တပ်ဖွဲ့ စည်းပုံ၊ မြေပြင်နေရာ လေ့လာချင်လို့ဝင်လာတာလို့ လူတွေက ထင်ကြေးပေး နေကြ တယ်” - မိုင်းလားအရာရှိ တဦးကပြောသည်။

မတ်ခ်ျ ၂၈ ရက်နေ့က တြိဂံတိုင်း G1 က စစ်ယာဉ်တန်း ၄ စီး လူသူလက်နက်အင်အား ၂၅ ယောက်နှင့်အတူ မိုင်းလားမြို့သို့ရောက်ရှိ ကြောင်း၊ ထိုမှတဆင့် မိုင်းလားမြို့မြောက်ဘက် ၁ နာရီခန့်အကြာသွားရသည့် ဆီလူးသို့ သွားရောက်လည်ပတ်ခြင်းဖြစ်ကြောင်း၊ မိုင်း လားတာဝန်ရှိသူများက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ စာသင်ကျောင်းများ၊ စက်ရုံများ လိုက်လံပြသခဲ့ကြကြောင်း၊ မိုင်းလားသို့ ညပြန်အိပ်ပြီး ၂၉ ရက်မနက်ပိုင်း တရုတ်မြန်မာနယ်ခြားကော်မတီ တရုတ်အာဏာပိုင်များအား ကြိုဆိုကာ ကျိုင်းတုံဘက် ပြန်သွား ကြောင်း မိုင်းလားခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူတဦးကပြောပါသည်။

“ မြန်မာစစ်အာဏာပိုင်တွေ နိုင်ငံရေး၊ စစ်ရေးနဲ့ပတ်သက်တာ ဘာမှမမေးဘူး။ ကျနော်တို့ဖက်ကတော့ မြန်မာ အစိုးရဝန်ထမ်းတွေ မိုင်း လားကိုဘယ်တော့လာမလဲ လို့မေးတော့လဲ သူတို့က မသိဘူးဘဲဖြေတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့တော့ ထူးဆန်းတယ်လို့ ဆိုရမှာ ပေါ့ဗျာ။ အကြောင်းမရှိဘဲကိုး” ဟု ၎င်းကပြောသည်။

၂၉ ရက်နေ့ ကျုင်းတုံမြို့၌ တရုတ်-မြန်မာနယ်ခြားကော်မတီဝင် နှစ်နိုင်ငံ အာဏာပိုင်များ အစည်း အဝေးထိုင်ကြ ကြောင်း၊ ယနေ့နေ့ခင်း ပိုင်း တရုတ်အာဏာပိုင်များအား တာလော့တရုတ်နိုင်ငံဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင် ကြကြောင်း အမည်မဖေါ်လိုသည့် မိုင်းလား အ ရာရှိအသိုင်းအဝိုင်းကပြောပြသည်။

မြန်မာ၊ တရုတ် အာဏာပိုင်တို့ တရုတ်-မြန်မာ နယ်ခြားကော်မတီ အစည်းအဝေးအား ၃ လ တကြိမ် ပုံမှန်ကျင်း ပရာ နှစ်နိုင်ငံစလုံး အလှည့်ကျ တာဝန်ယူကျင်းပလေ့ရှိကြောင်း သိရပါသည်။

မဲပေးခွင့် ရှိသည့် ကျောင်းဆရာ/ဆရာမ များ ကြိုတင်မဲ ထည့်ရန် ကော်မရှင် ခွင့်မပြု

ဂျူရီချိုင်း


မော်လမြိုင် မဲဆန္ဒနယ်မှ အခြေခံပညာအထက်တန်းကျောင်း ဆရာ/ဆရာမများမှ ကြိုတင်မဲထည့်ရန် လျှောက်တင်ထားသော်လည်း ရွေး ကောက်ပွဲ ကော်မရှင်မှ ခွင့်မပြုကြောင်း မွန်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဌက ပြောသည်။

မဲပေးမည့်ရက်တွင် မော်လမြိုင်မြို့ပေါ်ရှိ အ.ထ.က အမှတ် (၆၊ ၈၊ ၉) စသည့် စာသင်ကျောင်းမှ ဆရာ/ဆရာမ (၄၀) ဦးက ဧပြီလ (၁) ရက်နေ့တွင် ရန်ကုန်မြို့သို့ တက္ကသိုယ်ဝင်တန်း စာစစ်သွားရန်အတွက် ကြိုတင်မဲထည့်ရန် လျှောက်တင်ထားသည်ကို ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌက ခွင့်မပြုကြောင်း နိုင်အောင်ချမ်းက ပြောသည်။

ကြိုတင်မဲထည့်ရန် ပြီးခဲ့သည့် နှစ်ပတ်က ဆရာ/ဆရာမများက ရွေးကောက်ပွဲကော်မရှင်ထံ စာဖြင့် လျှောက် တင်ထားခဲ့ခြင်းသည်။

မဲပေးမည့်ရက်တွင် ဆရာ/ဆရာမများက မဖြစ်မနေ ခရီးသွားမည့်သူများ မဟုတ်ကြောင်း မဲပေးပြီး နောက်ရက်များမှာလည်း ခရီးသွား နိုင်မည့် အခြေအနေရှိနေခြင်းကြောင့် ကော်မရှင်က ခွင့်မပြုနိုင်ဟု မော်လမြိုင် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ ကိုယ် စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် တစ်နေရာဖြစ်သည့် မော်လမြိုင်မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီပါတီ (NLD) ၊ မွန် ဒေသ လုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ် ရေးပါတီ (တစည) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဝင် ရောက် ယှဉ်ပြိုင်ကြ မှာဖြစ်သည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ထိုကိစ္စအား စုံစမ်းရန် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အား ဆက်သွယ်ရန် ကြိုးစားသော် လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

တရား မျှတ လွတ်လပ်မှု တကယ်ရှိမှာလား

သျှမ်းသံတော်ဆင့်


လာမယ့် တနင်္ဂနွေနေ့ဆိုရင် လွှတ်တော် သုံးရပ်မှာ လစ်လပ်နေတဲ့ အမတ်နေရာ ၄၅ နေရာကို အစားထိုးဖို့ ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပတော့မှာဖြစ်ပါတယ်။ အမေရိကန်၊ UN ကလည်း စောင့်ကြည့်လေ့လာဖို့ ကိုယ်စားလှယ် အသီးသီးစေ လွှတ် မှာဖြစ်ပါတယ်။ ကြား ဖြတ်ရွေးကောက်ပွဲ အကြိုကာလ သျှမ်းပြည်မှာ အခြေအနေဘယ်လိုရှိလဲ၊ ရွေးကောက်ပွဲ ကျရင်ကော တရားမျှတ လွတ်လပ်ပါ့မလား ကျ နော်တို့ သျှမ်းသံတော်ဆင့်ကနေ စောင့်ကြည့်လေ့လာ စုစည်းတင်ဆက်သွားမှာဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာခင်ကမှ ထောင်ကနေလွတ်မြောက်လာတဲ့ သျှမ်းတိုင်း ရင်းသားများဒီမို ကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က အခုကြားဖြတ် ရွေးကောက် ပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အာဏာရထားတဲ့ ဒီအစိုးရ အတွက် ဒီ ၄၈ နေရာလေးနဲ့ ဘာမှ မဖြစ်စလောက်ဘူး။ အဲဒါကြောင့် ဒီကြားဖြတ် ရွေးကောက်ကို တရားမျှ တ အောင် အစိုးရက လုပ်ပြလိမ့်မယ်”

သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ်ဦးခွန်စိုင်းကတော့ ဒီလစ်လပ်နေတဲ့ ၄၈ နေရာ စလုံးဟာ အရေးပါတဲ့ နေရာတွေဖြစ်တဲ့ အတွက် လက် ရှိ ဦးသိန်းစိန်အစိုးရ လက်လွှတ်မှာမဟုတ်ဘူးလို့ပြောပါတယ်။

“ဒီ ၄၈ နေရာ စလုံးဟာ အရေးပါတဲ့ နေရာတွေဘဲ။ ဥပမာ လားရှိုးမှာ ဆိုရင် ဒုသမ္မတ ဖြစ်တဲ့ဒေါက် စိုင်းမောက်ခမ်း နေရာ၊ ကလောမှာ ကျတော့ ၀န်ကြီးဦးတင်နိုင်သိန်းနေရာ၊ နေပြည်တော်မှာလဲဘဲ အဲဒီလိုဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကိုဘဲကြည့် သမ္မတ ဦးသိန်းစိန် နဲ့ ဒုသမ္မ ဦးတင်အောင်မြင့်ဦး အနိုင်ရထားတဲ့ ၂ မြို့နယ်မှာ ဒေါ်အောင်ဆန်း စုကြည် တရားဟော ခွင့်တောင်မရဘူး၊ အဲဒါကိုကြည့်ခြင်း အားဖြင့် လွယ်လွယ်နဲ့ အရှုံ့းပေး မှာမဟုတ်ဘူးလို့ ခန့်မှန်း နိုင်တယ်”

နာမည်ကြီးပါတီကြီးတွေနဲ့အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်ဆိုပေမယ့်အောင်နိုင်ရေးအတွက် ကိုယ့်ကိုယ် ကိုယုံကြည်မှု ရှိတယ်လို့ သျှမ်း ပြည် တောင်ပိုင်း ကလောမြို့ ကျားဖြူပါတီ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း စဝ်သာဦး ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်လဲ ကျနော်တို့နဲ့ သိနေတာဘဲ၊ မဲစာရင်း လွဲချော်တာ တွေလဲ သိပ်မရှိဘူး ကျနော်တို့ဘက်။ အဲဒါကြောင့် ဒီကြား ဖြတ်ရွေးကောက်ပွဲက မျှတ လိမ့်မယ်လို့ကျနော် ယုံတယ်”

ကျားဖြူပါတီ အောင်နိုင်ရေးအခြေအနေကို တော့ အခုလို ဆက်ပြောပါတယ်။

“ NLD ဆိုရင်လဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်နေတယ်။ အင်အားကြီးတဲ့ပါတီ၊ တကမ္ဘာလုံးက သိတဲ့ပါတီ။ ထောက်ခံ မှု အများကြီး ရှိတဲ့ပါတီ ။ NUP ပါတီက ဝင်ပြိုင်မယ့်ပုဂ္ဂိုလ်ကလဲ ဒေသတွင်း မှာဆိုရင် နိုင်ငံရေးဖက်မှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်။ USDP ဆိုရင်လဲ အငြိမ်း စား ဗိုလ်ချုပ် တယောက်က ဝင်ပြိုင်မှာ ဆိုတော့ သူတို့တွေနဲ့ ကျနော်က အကြိတ်အနယ် ယှဉ်ရမှာဖြစ်တယ်။ ဒါပေမယ့် ကျနော်လဲ ဒီဒေ သမှာ ကြီးပြင်းလာတဲ့သူ၊ လူထုရဲ့လိုအပ်ချက်ကို ကျနော်က သိနေတယ်။ လူထုကလဲကျနော့်ကို သိနေတယ်။ ဒီအတွက် အောင်နိုင် လိမ့် မယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါတယ်”

ကြံ့ခိုင်ရေးပါတီကတော့ ကလောမြို့တွင်းမှာ အသည်းအသန် စည်းရုံးရေးဆင်းနေတယ်လို့ ဆိုပါတယ်။ ပလောင်နဲ့ တောင်ရိုး အမျိုးသား တွေကိုလည်း- ကြံ့ခိုင်ရေးပါတီကို မဲပေးရင် ပိုက်ဆံ ကျပ် ၁ သိန်း ချေးပေးမယ်။ လုပ်ငန်းအပေါ် မူတည်ပြီးတော့ ကျပ် ၃ သိန်းနဲ့ အ ထက်အထိ ချေးပေးမ ယ် ၊ ဗိုလ်ချုပ်မြဝင်း ကလွဲပြီး မဲမပေးရလို့ ပြောတဲ့အတွက် ဒေသတွင်းက နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေ မကျေ မနပ်ဖြစ်ပြီး မြန်မာပြည်က MNN သတင်းဌာနကိုဖြေကြား ခဲ့တာလဲတွေ့ရပါတယ်။

လားရှိုးမြို့ ကျားဖြူ ဥက္ကဌ စိုင်းအောင်ကြီး ကတော့ တာဝန်ရှိသူတွေ မဲစာရင်း ထုတ်ပြန်တာ မှန်ကန်မှု မရှိဘူးလို့်ပြောပါတယ်။

“ကျနော်တို့ အိမ်ဆို မိသားစု ရ ယောက်ရှိတယ်။ ၄ ယောက်ပဲ မဲစာရင်းထဲပါတယ်။ ကျန်တဲ့သုံး ယောက် ကို ထပ် ထည့် ပေးဖို့ သွားပြော ထားတယ်။ သေတဲ့သူစာရင်းက မဖြုတ်၊ မနှစ် တစ်နှစ်က အသက်ပြည့်တဲ့သူ ရဲ့ စာရင်းကျတော့မပါ၊ အထက်ပိုင်းတော့ တရား သယောင် လုပ်တယ်။ အောက်ပိုင်းကျတော့ ညစ်ညစ် လာနေတာတွေ့ရတယ်”



အမျိုးသားလွှတ်တော် လစ်လပ်နေရာ သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ မဲဆန္ဒနယ် ပါဝင်တဲ့ လားရှိုး မြို့ အနီး အချို့ ကျေးရွာများမှာတော့ မဲထည့်ဖို့ ရွာလုံးကျွတ် နာမည်စာရင်း မပါတာလဲရှိတယ်လို့ လားရှိုးဒေသခံတွေကပြောပါတယ်။ ဒီကိစ လလယ်ပိုင်းတုန်းက ရပ်ကွက် ဆိုင်ရာ အာဏာပိုင်တွေကို သွားရောက်သတိပေးအကြောင်းကြားထားပေမယ့် ဒီနေ့အထိ အမည် စာရင်း မတွေ့ရသေးဘူးလို့ပြောပါ တယ်။ ‘ပြည်ခိုင်ဖြိုးပါတီကိုသာမဲထည့်ပေးပါမယ်’ လို့ လူခွဲပြီး သွားပြောခိုင်း တော့ နှစ်ရက်သုံးရက်အတွင်း နာမည်ပြန် ပါလာ တယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် လောင်း စိုင်း မြင့်မောင် က မဲစာရင်းမှန်ကန်ဖို့ခက်ခဲကြောင်း ပြောပါတယ်။

“ကျနော်တို့ ကြားရတာက အမျိုးမျိုးဘဲ၊ ရွေးကောက်ပွဲ နီးလေလေ ညစ်ဖို့ ပြင်ဆင် လာ လေလေတွေ့ ရတယ် ဗျာ့။ တချို့ NLD ဘက် စောင်းတဲ့ နေရာတွေဆိုရင် ကြံ့ခိုင် ရေးက ပုဂ္ဂိုလ် တွေက ခင်ဗျားတို့ NLD ကို ကြိုက်တယ်မဟုတ်လား၊ အမှန်ခြစ်လိုက်ပေါ့၊ ကျနော်တို့ ပြည် ခိုင်ဖြိုးကို မကြိုက် ဘူး မဟုတ်လား ကြက်ခြေခတ်လိုက်ပေါ့။ စသဖြင့်ပေါ့။ ပယ်မဲဖြစ်သွားအောင်လုပ်တာလေ”


ကြံ့ခိုင်ရေးပါတီကအတွင်းရေးမှူး ဦးအောင်သောင်းကတော့ - ဒီ ၄၈ နေရာလေးမရရင်တောင် ကြံ့ခိုင်ရေး ကစိတ်ပူ စရာမရှိဘူး။ ၂၀၁၀ မှာ နေရာတော်တော်များများရထားတော့ ရှေ့ဆက် ဦးဆောင်ဦးရွက်ပြုသွားနိုင်မှာဘဲ လို့ မြန်မာပို့စ် သတင်းမှာဖြေထားတာကိုတွေ့ရပါ တယ်။

သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် လားရှိုး၊ သိန္နီ၊ ကွန်လုံ၊ မိုင်းရယ်၊ တန့် ယန်းမြို့ နယ်တွေမှာ ပြည်ခိုင် ဖြိုးပါတီက ဒေါက်တာနန်းကိန်ဖေါင်းတစ်၊ NLD က စိုင်းမြင့်မောင်၊ ကိုးကန့်ပါတီ က လော်ရှင်းကွမ်း၊ ကျားဖြူပါတီ စိုင်းစံမင်းနှင့် လား ဟူ ပါတီမှ ဦးယောသပ်တို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ပါတယ်။

လားရှိုးမြို့နယ်မှာသျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို မတ်လ ၁၈-၁၉ ရက် မှာ တစ်သုတ်၊ မတ်လ ၂၁-၂၂ ရက်မှာ တစ်သုတ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း တက်ရောက် လေ့လာသူ ၁၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။သင်တန်းမှာ ကျား ဖြူ ပါတီအောင်နိုင်ရေးအတွက် ခေတ်ပညာတတ် သျှမ်းလူငယ်တွေ၊ NGO၊ Media၊ အသိုင်းအဝိုင်းက မျိုးချစ်လူငယ်တွေက ရွေးကောက် ပွဲနဲ့ပတ်သက်တဲ့ အသိပညာ တွေကို ပို့ချပေးခဲ့ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း တရာမျှတမှု ရှိမရှိ အနီးကပ် စောင့်ကြည့် လေ့ လာမှာဖြစ်ကြောင်း သိရပါတယ်။

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့လွှတ်တော်လစ်လပ်နေရာမှာ ယှဉ်ပြိုင်ကြမယ့် ကလော၊ အောင်ပန်း နဲ့ ဟဲဟိုး ဘက်မှာ တော့ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး ပါတီမှ သီလကော်(ခ) ဦးခင်မောင်လှ၊ NLD မှ ဒေါက်တာဒေါ်သန်းငွေ၊ PNO မှ ဦးခွန်သန်းမောင်(ခ) ဦးခွန် ပေါလိုင်း၊ ကျားဖြူပါတီမှ ဦးစဝ်သာဦး နှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ် ဦးမြဝင်းတို့ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ၀န်ထမ်းပေါင်း ၇၂၅၀၉ ဖြင့်ကျင်းပမည်

ရွှေဟင်္သာ


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြီးခဲ့သည့် ရက်များက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ အဆိုအရ လာ မည့် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ နှင့် အဝှမ်းတွင် မဲပေးပိုင်ခွင့် ရှိသူ ဦးရေမှာ ၆ သန်း ၄ သိန်းကျော် ရှိကြောင်း သိရှိရပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြီးခဲ့သည့် ရက်များက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ အဆိုအရ လာ မည့် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ နှင့် အဝှမ်းတွင် မဲပေးပိုင်ခွင့် ရှိသူ ဦးရေမှာ ၆ သန်း ၄ သိန်းကျော် ရှိကြောင်း သိရှိရပါသည်။ မဲပေးပိုင်ခွင့် ရှိသည့် စုစုပေါင်း လူဦးရေမှာ ၆,၄၈၄,၅၆၂ ဦး ဖြစ်ပြီး ပြည့်သူ့လွှတ်တော် လစ်လပ် နေရာ ၄၀၊ အမျိုးသား လွှတ်တော် လစ်လပ်နေရာ ၆ နေရာ နှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ ရှိပါသည်။

ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းများအတွက် မဲရုံ ၆,၀၈၃ ရုံ ထားရှိမည် ဖြစ်ပြီး၊ မဲရုံ အမှုထမ်း ပေါင်း ၅၁,၀၇၉ ဦးဖြင့် တာဝန် ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း များအတွက် မဲရုံပေါင်း ၂,၁၀၃ ရုံ ထားရှိမည်ဖြစ်ပြီး၊ မဲရုံ အမှု ထမ်းပေါင်း ၂၀,၂၉၀ ဦးဖြင့် တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်သည်။ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း များ အ တွက် မဲရုံ ၁၃၈ ရုံ ထားရှိမည် ဖြစ်ကြောင်းနှင့် မဲရုံ အမှုထမ်း ၁,၁၄၀ ဦးတို့မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ တပြည်လုံး၌ မဲရုံပေါင်း ၈,၃၂၄ ရုံ ရှိပြီး၊ မဲရုံ အမှုထမ်းပေါင်း ၇၂,၅၀၉ ဦးတို့ ရှိမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းစာ ရှင်းလင်းပွဲ အဆိုအရ သိရှိရပါသည်။

ပြည်သူ့လွှတ်တော် လစ်လပ်နေရာ ၄၀ နေရာ အတွက်မူ မြန်မာနိုင်ငံနှင့် အဝှမ်းရှိ ခရိုင်ပေါင်း ၂၇ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်နှင့် တွင် ကျင်းပပေးမည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၁၅ ပါတီမှ ကိုယ်စားလှယ်လောင်း ၁၂၉ ဦးတို့ ပါဝင် ယှဉ်ပြိုင် အရွေးခံ ကြမည်ဖြစ်သည်။ ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း များအတွက် မဲပေးခွင့် ရှိသူ ဦးရေမှာ ၄,၆၈၂,၀၄၀ ဦးဖြစ်သည်။

အမျိုးသားလွှတ်တော် လစ်လပ်နေရာ ၆ နေရာအတွက်မူ ခရိုင်ပေါင်း ၇ ခရိုင် မြို့နယ်ပေါင်းနှင့် ၁၈ မြို့နယ် တို့တွင် ကျင်းပပေးမည် ဖြစ် ဖြစ်ကာ နိုင်ငံရေးပါတီ ၉ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၂၂ ဦးတို့က ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်သည်။ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်းများအတွက် မဲပေးပိုင်ခွင့် ရှိသူ ဦးရေမှာ ၁,၆၆၉,၁၉၂ ဦး ရှိပါသည်။

တိုင်းဒေသကြီး လွှတ်တော် လစ်လပ်နေရာ အတွက်မူ ခရိုင် ၂ ခရိုင်နှင့် မြို့နယ် ၂ မြို့နယ်တို့တွင် ကျင်းပပေးမည် ဖြစ်ကာ နိုင်ငံရေး ပါ တီ ၃ ပါတီမှ ကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ရောက် အရွေးခံကြမည် ဖြစ်သည်။ တိုင်းဒေသကြီး လွှတ်တော်အတွက် မဲပေးခွင့် ရှိသူ ဦး ရေမှာ ၁၃၃,၃၃၀ ဦး ဖြစ်သည်။

ထိုလစ်လပ် ကိုယ်စားလှယ်လောင်း ၄၈ ဦးအတွက် ကချင်မဲဆန္ဒနယ် (၃) နေရာဖြစ်သည့် ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း ဒေသတို့တွင် လုံခြံ ရေး အနေအထားကြောင့် ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခြင်း မရှိကြောင်း အစိုးရမှ တရားဝင် ထုတ်ပြန်ထားပါသည်။ ထိုသုံးနေရာ၌ NLD မှ ရွေးကောက်ပွဲ ပြည်လည်ကျင်းပရန် KIO နှင့် ဆွေးနွေး လိုကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါသည်။ KIO ဘက်မှလည်း ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးနိုင်ရန် ကူညီလိုသည့် ဆန္ဒရှိကြောင်း မီဒီယာများတွင် ဖော်ထုတ်ရေးသား နေကြသော်လည်း အစိုးရကမူ မည်သို့မျှ တုန့်ပြန်မှု မရှိခဲ့ခြေ။

ထိုမဲန္ဒနယ်များသည် NLD ပါတီအား အများစု ထောက်ခံသည့် မဲဆန္ဒနယ်များ ဖြစ်နိုင်ခြေရှိပြီး ရွေးကောက်ပွဲ ကျင်းပခွင့် မရသောကြောင့် ထိုဒေသမှ NLD ထောက်ခံမဲများ လျော့နည်းနိုင်ဖွယ် ရှိပါသည်။

ကော့မှူးတွင် USDP နယ်လှည့် စည်းရုံးရေးဆင်း

(ကေအိုင်စီ)


ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP သည် ၎င်းတို့၏ နယ်လှည့် စည်းရုံးရေး ခရီးစဉ် အ တွက် ယနေ့မနက် ၉နာရီခန့်တွင် ကော့မှူးမြို့မှ ကား၊ ဆိုင်ကယ်များဖြင့် ကျေးရွာများသို့ စတင် ထွက်ခွာသွားပြီးဖြစ်သည်။

ကိုယ်တိုင် မြင်တွေ့ခဲ့သူတစ်ဦးက “ကားအစီး ၂၀လောက်၊ ဆိုင်ကယ်အစီး ၃၀လောက်ရှိတယ်။ သူတို့ပါတီဝင်တွေချည်းပဲ။ ကားပေါ်မှာ သူတို့ရဲ့ စည်းရုံးရေးသီချင်းတွေ ဖွင့်သွားတယ်။ ရဲရင့်တဲ့ ခြင်္သေ့၊ အားရှိတဲ့ ခြင်္သေ့ အဲဒါတော့ ကြားမိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ခန့်မှန်းခြေ လူဦးရေ ၂၀၀ခန့်ရှိသည့် အဆိုပါ စည်းရုံးရေးခရီးတွင် ပါဝင်သူများမှာ ရွှေပြည်သာ၊ အင်းစိန်၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလမြို့နယ်များမှ USDP ပါတီဝင်များဖြစ်ကြပြီး ၎င်းတို့သည် ကော့မှူးမှ ကျိုက်ထော်၊ ထိုမှတဆင့် အခြားရွာများသို့ သွားရောက်မည်ဟု လည်း စည်းရုံးရေးခရီးစဉ်တွင် ပါဝင်သူ ၎င်းပါတီဝင်တစ်ဦးက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကော့မှူးမြို့နယ်တွင် မတ်လ ၂၂ရက်နေ့က မဲဆွယ်စည်းရုံးခဲ့ပြီး ယမန်နေ့ညကလည်း သူမ၏ NLD ပါတီဝင်များက မဲထည့်ရန် ထော်လာဂျီကားစီးကာ မိုက်ခရိုက်ဖုန်းဖြင့် လိုက်လံကြေညာခဲ့ကြောင်းလည်း သိရသည်။

ကော့မှူးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သော်လည်း ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ စည်းရုံးရေးလုပ်ငန်း စတင် လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။

စည်းကမ်းရှိတဲ့သင်္ကြန်နဲ့ သံချပ်ကြောက်သူများ

မစပ်စု


စည်းကမ်းရှိတဲ့သင်္ကြန်

မစပ်စုတို့ မြန်မာပြည်ကြီးရဲ့ ရာသီအလိုက် အထင်ကရ ပွဲတော်ကြီးတခု ဖြစ်တဲ့ မဟာသင်္ကြန် ပွဲတော်ကြီးလည်း နီးကပ်လို့ လာပါပြီ။ အခု ဆိုရင်ဒီပွဲတော်ကြီးအတွက် လိုအပ်တာတွေ ပြင်ဆင်လို့ နေကြလေရောပေါ့။

သင်္ကြန်နီးလာပြီ ဆိုရင် ဘယ်နေရာကတော့ ဘာဖြစ်လို့ မဏ္ဍပ်ဆောက်ခွင့် မပေးနိုင်ဘူး၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးကိုတော့ သရုပ် ပျက်ပွဲတော်ကြီး မဖြစ်အောင် ထိန်းသိမ်းကြဖို့၊ အရက်သေစာတွေ မရောင်းချကြဖို့ စတဲ့ စတဲ့ စည်းကမ်းချက်တွေ ထုတ်လာတာကတော့ မလုပ်မနေရ ကိစ္စ တရပ်လို့ပဲ ပြောရမှာပါ။ အဲ … ပွဲတော်ကြီး တကယ်ဖြစ်ပြီ ဆိုရင်တော့ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေက ဝေးလို့ ဘယ်သူကတော့ ဘယ်သူနဲ့ ပတ်သက်လို့ ခွင့်မပြုထားတဲ့ နေရာလည်း ခွင့်ပြုမိန့်တွေ တသီတတန်း ကြီး ရသွားသလို အာဏာပါဝါကြီး မားသူတွေရဲ့ ရိုးရာသင်္ကြန်ကြီးကလည်း သရုပ်ပျက်သင်္ကြန်ကြီး ဖြစ်ချင်ဖြစ် သွားတတ်ပါတယ်။

အဲ့ဒီ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ လွန်ခဲ့တဲ့ ၂၀၁၀ သင်္ကြန်ကစလို့ မဏ္ဍပ်တွေရဲ့ အပြင် အဆင်တွေကို ရိုးရာ ယဉ်ကျေး မှု ဆန်ဆန် ပြင်ဆင်ဖို့နဲ့ မဏ္ဍပ် အမည်တွေကိုလည်း မြန်မာဆန်ဆန် ပေးကြဖို့၊ ဧည့်ခံတဲ့နေရာမှာလည်း မြန်မာ့ရိုးရာ အစားအစာတွေနဲ့သာ ဧည့်ခံကျွေးမွေးဖို့ စည်းကမ်းချက်တွေ ထပ်တိုးလာတာပါ။

ဒီလို တိုးလာပေမယ့်လည်း သင်္ကြန်ရောက်ပြီဆိုရင်တော့ ဒါတွေက သင်္ကြန်ရေနဲ့အတူပဲ မျောပါသွားလား ဘယ်ပျောက် သွားလဲ ဆိုတာ တော့ မစပ်စု ပြောနေဖို့ လိုမယ် မထင်တော့ပါဘူး။

သင်္ကြန်မဏ္ဍပ်တွေကို ဆောက်လုပ်ခွင့်ရသူတွေဟာလည်း သာမာန်သူတွေမှ မဟုတ်ပေဘဲ။ သက်ဆိုင်ရာနဲ့ နီးစပ်ရင် နီးစပ်၊ ဒါမှ မဟုတ် ဘယ်သူ့ရဲ့ သား၊ သမီး၊ အမျိုး၊ တပည့်တပန်း၊ အပေါင်းအဖော် စတဲ့ စတဲ့ သူတွေ ဆိုတော့လည်း ဒီ စည်းကမ်း လောက်က တော့ “ပျင်း တောင် ပျင်းသေးတယ်”များ ထင်နေကြလားတော့ မသိ။

ထူးခြားတာကတော့ ဒီလိုစည်းကမ်းတွေကို ထပ်မံတိုးချဲ့ သတ်မှတ်လိုက်တဲ့ ၂၀၁၀ သင်္ကြန်ကပဲ စလိုက်တယ် လို့ပဲ ပြောရ မလိုဖြစ် နေ ပါပြီ။ အဲ့ဒီနှစ်သင်္ကြန်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင်နဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦး တေဇတို့ အမည်ခံ ဆောက်လုပ်ထားတဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်က မဏ္ဍပ်တွေ ဆိုရင် မဏ္ဍပ်ရဲ့ နောက်မှာ အိပ်ခန်းတွေတောင် ရှိနေ ပြီး ညဆိုရင် ကလပ် သဘောမျိုး ပျော်ပါးလို့ ရအောင်တောင် စီစဉ်ပေးထားခဲ့ကြတာပါ။

အခုလာမယ့် မဟာသင်္ကြန်ပွဲတော်ကြီးအတွက် ပြဋ္ဌာန်းမှာကလည်း ထုံးစံအတိုင်း ရေထဲမျောမယ့် စည်းကမ်းချက်တွေလား၊ တကယ်ပဲ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မယ့် စည်းကမ်းချက်တွေလားတော့ မသိပါ။

စည်းကမ်းရှိတဲ့ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နေတဲ့ ဗိုလ်ချုပ်ကြီးများက ရေသဘင်ပွဲကိုလည်း စည်းကမ်းရှိတဲ့သင်္ကြန်ပွဲကြီး ဖြစ် စေချင်ပုံရပါတယ်။

ကဲ …. ဒီနှစ်မှာ ရိုးရာမပျက်တဲ့ သင်္ကြန်ပွဲတော်ကြီး ဖြစ်လာပါစေလို့ ဆန္ဒပြုရင်း…။

သံချပ်ကြောက်သူများ

သင်္ကြန်မတိုင်ခင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီနေ့ သံချပ်ထိုးဖို့ ပြင်ဆင်ထားကြပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ခွင့် မပြု တော့ပါဘူး တဲ့။ သင်္ကြန်သံချပ်တွေ ပြန်လည်ရှင်သန်ရေး ကြိုးပမ်းနေတဲ့ ရန်ကုန်မြို့ Regent Business Academy ကျောင်းက တာဝန် ရှိသူ ဆရာကောင်းက ဧရာဝတီကို ပြောပါတယ်။

“ကျင်းပခွင့်မပြု(ခွင့်မပြု) ကြောင်း အကြောင်းကြားပါသည် ဆိုပြီး ၀န်ကြီးချုပ် ကိုယ်စား ဦးဌေးဝင်း (ညွှန်ကြားရေးမှူး) ဆိုပြီး စာထွက် လာတယ်။ ကျနော်တို့တွေ ဒီကိစ္စကို လူကြီးတွေနဲ့ တွေ့ဖို့လည်း ကြိုးစားတယ်။ ဒါပေမယ့် မရဘူး။ ဘာအကြောင်းပြချက်မှ မပေးဘဲ ခွင့် မပြု ဆိုတာ တခွန်းတည်းနဲ့ ပြီးသွားတာပါ” လို့ ဆရာကောင်းက ပြောပါတယ်။

Regent Business Academy ကျောင်းသားများက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ ငြိမ်သက်နေတဲ့ သင်္ကြန်သံချပ်တွေကို ပြန်လည် ဖော်ထုတ်နိုင်ဖို့အတွက် ဒါရိုက်တာ မောင်သီ၊ မေတ္တာ၊ အရိုင်း၊ ကုသိုလ်၊ ဗေလုဝ စတဲ့ အနုပညာသမားတွေနဲ့ အတူ ကြိုးပမ်းခဲ့ကြတာပါ။

ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်အလိုမှာ ပြုလုပ်ဖို့ ပြင်ဆင်ခဲ့ကြတဲ့ ဒီပွဲကို စီစဉ်သူတွေထဲမှာ ကျောင်းသားတွေ ပါဝင်နေတဲ့အတွက်၊ သံ ချပ် စာသားတွေက နိုင်ငံရေးနွယ်တဲ့အတွက်၊ သံချပ်စာသားတွေကို သက်ဆိုင်ရာမှာ တင်ပြထားပေမယ့်လည်း “က” လို့ စာရွက် ပေါ်မှာ ရေးထားတာက စင်ပေါ်ရောက်ရင် “ယ” ဖြစ်တတ်တဲ့အတွက် ပိတ်ပင်ခံရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

သံချပ်စာသားတွေမှာ ကွန်မြူနစ်အငွေ့အသက်တွေပါဝင်နေတယ်လို့ ယူဆပြီး ပိတ်ပင်တာ ဆိုတဲ့ အသံကိုလည်း ကြားရပါတယ်။

ဒီမိုကရေစီ လမ်းကြောင်းမှန်ကို ဦးတည်လျှောက်လှမ်းနေပါပြီလို့ ကြွေးကြော်နေတဲ့ တိုင်းပြည်တပြည်အနေနဲ့ သံချပ်ထိုးသူတွေဆီက အ ပြုသဘောဆောင်တဲ့ စကားတွေကို လက်မခံနိုင်တဲ့ အနေအထားဖြစ်နေသလား ဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီအစီအစဉ်လုပ်ခွင့်မပြုတာနဲ့ ရောချပြီး သင်္ကြန်အတွင်း သံချပ်ကားတွေ ထွက်ရှိမယ့် အစီအစဉ် ခွင့်မပြုတော့မှာကိုတော့ အများအပြားက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ “သင်္ကြန်သံချပ်များ ပြန်လည် နားသောတ ဆင်နိုင်မည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ပျောက်ကွယ်နေတဲ့ သံချပ်သရုပ်ပြ၊ အက အလှ ဟာသ ဖျော်ဖြေရေးအစီအစဉ်တွေကို မကြာခင် ပြန်လည် ခံစားနိုင်ဖို့အတွက် စီစဉ်လျက်ရှိနေပါတယ် ဆိုတဲ့ သတင်း ရေးသားထားပါသေးတယ်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနှစ်သာရတခုဖြစ်တဲ့ သင်္ကြန်အငွေ့အသက် သံချပ် အစီအစဉ်တွေကို ပိတ်ပင်မယ် ဆိုရင်တော့ “မြန်မာ့ရိုးရာ မဟာသင်္ကြန်”လို့ အမည် မပေးဘဲ “ခေတ်ပေါ် သင်္ကြန်” လို့ ပြောင်းလဲ ခေါ်ဆိုရင် ပိုအဆင်ပြေမယ်လို့ ထင်မိပါတော့တယ်။

ကြိုတင်မဲ​ပေး​ပွဲစတင်၊​ မဲမသမာမှုများ​ရှိ​နေဟု ​စောင့်​ကြည်သူများ​ ​ပြောကြား

ရွှေအောင်

၂၀၁၂ ကြား​ဖြတ်​ ရွေး​ကောက် ပွဲအတွက် လစ်လပ် မဲ ဆန္ဒနယ် ၄၅ ခု စလုံး​မှာ ကြိုတင်မဲ ​ပေး​ချင် တဲ့​သူ ​တွေအတွက် မတ် ၃၀ နဲ့​ ၃၁ ရက်​ တွေမှာ ကြို တင် မဲ​တွေ စတင် ​ပေး​နေ ကြ ပြီ ဖြစ်ပါ တယ်။

ရွေး​ကောက်ပွဲ​ ကော်မရှင်ရဲ့​ ထုတ်ပြန် ချက်အရ မဲရုံ တာဝန် ကျတဲ့​ ဝန်ထမ်း​၊​ တာဝန်နဲ့​ ခရီး​ ထွက်ရ မယ့်​ ဝန်ထမ်း​တွေ အပါ အဝင် သက် ကြီး​ ရွယ်အို​တွေ၊​ ကျန်း​မာ​ရေး​ ချို့​ယွင်း ​နေတဲ့​ သူ​တွေ၊​ အချုပ် ကျ​နေတဲ့​ သူ​တွေက ကြို တင်မဲ ​ပေး​ခွင့်​ ရတာ ဖြစ်ပါတယ်။

ဧရာဝတီ တိုင်း​ဒေ သကြီး​ ပုသိမ်မြို့​ နယ် ထဲက ရပ်ကွက် တချို့​မှာ ဒီက​နေ့​ မနက်က ကြိုတင်မဲ ​ပေး​ရာမှာ မဲရုံ တာဝန် ရှိသူ​ တွေက ပါတီ ကိုယ်တာ ဝန်ရှိသူ ​တွေကို ဟန့်​တား ​မှု​တွေ ရှိခဲ့​ တယ်လို့​ အန်အယ်လ် ဒီပါတီ ကိုယ်စား​ လှယ်​လောင်း ​က ​ပြောပါ တယ်။

ကြိုတင်မဲ​ပေး​တဲ့​အတွက် ပါတီကိုယ်စား​လှယ်​လောင်း​တွေ မဲရုံကို ​စေလွှတ်ပြီး​ ​စောင့်​ကြည့်​ခိုင်း​ရာမှာ ၁၄ ရပ်ကွက်က မဲရုံတာဝန်ရှိသူ​တွေ က အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်​လောင်း​ရဲ့​ ကိုယ်စား​လှယ် ၂ ဦး​ကို မဆိုင်ရင် ဝင်မရှုပ်နဲ့​လို့​ ခြိမ်း​ခြောက် တား​မြစ်တယ်လို့​ အန်အယ် လ်ဒီ ကိုယ်စား​လှယ် ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

“ကြိုတင်မဲ​တွေ​တော့​ ​ပေး​ပြီး​ဗျ၊​ တချို့​ရပ်ကွက်က​တော့​လည်း​ မှန်မှန်ကန်ကန်​ပေါ့​လေ။ တချို့​ရပ်ကွက်က မဟုတ်ဘူး​။ ဟိုတုန်း​က အကျင့်​ ရှိ​သေး​တယ်။ ကျ​နော်တို့​ဆီက မဲရုံကိုယ် စား​ လှယ်၊​ အကူကိုယ်စား​လှယ်​တွေကို အဲဒီ ကြိုတင်မဲကို ​စောင့်​ခိုင်း​ထား​တဲ့​အခါမှာ ဘာမှ ကြည့်​ခွင့်​ သိခွင့်​မရှိ​အောင် ဟိန်း​ဟောက်ထား​ပြီး​ ဘာမှကြည့်​စရာ မလိုဘူး​၊​ သိစရာမလိုဘူး​ ဆိုပြီး​ပြောဆို တာကို ကျ​နော့်​ဆီ ​ရောက်လာပြီး​ ​ပြောပြ​တော့​ ​ကော်မရှင်ဆီကို တခါတည်း​ ဆက်ပြီး​တော့​ ဒီလို မလုပ်ပါနဲ့​ ခင်ဗျား​တို့​ ​အောက်​ခြေက ​ကော်မရှင်​တွေ ဒီလိုဖြစ်​နေတယ်ဆိုပြီး​ လှမ်း​ အ​ကြောင်း​ကြား​ ရ​သေး​တယ်။”

ပုသိမ်မြို့​မှာ ​ရွေး​ကောက်ပွဲ အကြိုကာလ မဲဆွယ်စည်း​ရုံး​နေတဲ့​ ​နေရာမှာလည်း​ သက်ဆိုင်ရာ​ဒေသ အာဏာပိုင်တချို့​နဲ့​ ဒု-ဝန်ကြီး​အဆင့်​ ရှိသူတဦး​ဟာ ကြံ့​ခိုင်​ရေး​ပါတီ ကိုယ်စား​လှယ်အတွက် မဲဆွယ်ခဲ့​တာနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သိက္ခာချတဲ့​ စာရွက်စာတမ်း​တွေကို မြို့​နယ်ထဲမှာ ဖြန့်​ဝေတာမျိုး​လည်း​ ရှိ​နေတယ်လို့​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

အလား​တူ ဧရာဝတီတိုင်း​ ဖျာပုံမြို့​ပေါ်က ရပ်ကွက်တချို့​မှာလည်း​ ဒီ​နေ့​ ကြိုတင်မဲ ​ပေး​ခဲ့​ကြရာမှာ လျို့​ဝှက် ကြိုတင်မဲကိုပိတ်ထား​တဲ့​အိပ်မှာ ချိတ်​တွေ ကွာ​နေပြီး​ ပွင့်​နေတာကို ​တွေ့​ရတယ်လို့​ ဖျာပုံ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ရေး​ ကွန်ရက်က ကိုဘသက်​အောင်က ​ပြောပါတယ်။

“ဒီ​နေ့​မှာ ၁၀ ရပ်ကွက်၊​ ၈ ရပ်ကွက်၊​ ၁၄ ရပ်ကွက်၊​ ၉ ရပ်ကွက်​တွေဆီကို သွား​ပြီး​စုံစမ်း​တော့​ အဲဒီမှာ မဲရုံမှာ ကြိုတင်မဲ လိုက်ပြီး​တော့​ ​ကောက်ခံတဲ့​အခါမှာ ချိတ်ပိတ်ထား​တဲ့​ စာအိတ်​တွေက ​ဘေး​တ ဖက်တချက်မှာ ပွင့်​နေတယ်။ ဒါကို သွား​တွေ့​တဲ့​အခါ ​ကော်မရှင်ကို သူတို့​ ​ပြောတယ်​ပေါ့​။ တချို့​ရပ်ကွက် ​ကော်မရှင် ဥက္ကဋ္ဌက ပြင်​ပေး​တယ်။ ဥပမာ – ၉ ရပ်ကွက် ​ကော်မရှင် ဥက္ကဋ္ဌ ဆိုရင် ပြန်ပြီး​တော့​ ပြင်​ပေး​တယ်။ တချို့​ ရပ်ကွက်​တွေက​တော့​ ပြင်မ​ပေး​သေး​ဘဲနဲ့​ ဒီအတိုင်း​ ထား​ထား​တယ်’လို့​ပြောပါတယ်။

ဒါ့​ပြင် ၁၄ ရပ်ကွက်မှာ ကြိုတင်မဲ စာရွက်မှာ ရပ်ကွက်​ကော်မရှင် တံဆိပ်တုံး​နဲ့​ လက်မှတ်​တွေ မပါဝင်​ကြောင်း​ ​တွေ့​ရပြီး​ ကိုး​အိမ်တန်း​ကျေး​ရွာမှာ​တော့​ ကြိုတင်မဲ ​ကောက်ခံတဲ့​ အခါမှာ ပါတီကိုယ်စား​လှယ်​တွေကို လိုက်ပါခွင့်​ မရှိဘူး​ ဆိုပြီး​ ရပ်ကွက်​ကျေး​ရွာ ​ကော်မရှင် ဥက္ကဋ္ဌက​နေပြီး​တော့​ ​အော်​ငေါက်ပြီး​ ​ပြောတာမျိုး​တွေလည်း​ ​တွေ့​ရပါတယ်။”လို့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေရဲ့​ ​ရွေး​ကောက်ပွဲ​စောင့်​ကြည့်​ရေး​ ကွန်ရက်က ကိုဘသက်​အောင် ​ပြောပါတယ်။

စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ်အတွင်း​မှာ မြို့​နယ်​ရွေး​ကောက်ပွဲ ​ကော်မရှင်က ကြိုတင်မဲ ​ကောက်ယူမှုဟာ တရား​ဥပ​ဒေနဲ့​ မကိုက် ညီ ဘဲ မသမာတဲ့​ဘက်ကို ဦး​တည်​နေတယ်လို့​ အန်အယ်လ်ဒီ အမတ်​လောင်း​ ​ဒေါ်ခင်စန်း​လှိုင်က ​ပြောပါတယ်။

“အန်တီတို့​မြို့​နယ်မှာ မနက်ကတည်း​က ကြိုတင်မဲ​တွေ ရွာတိုင်း​စေ့​ လိုက်ပြီး​ ​ကောက်​နေကြပြီ။ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌက​နေပြီး​တောမှ တအိမ်တက် တအိမ်ဆင်း​ လိုက်ပြီး​တော့​မှ ကြိုတင်မဲကို ​ကောက်​နေတယ်။ ဥပ​ဒေအရ ဆိုလို့​ရှိရင် ကြိုတင်မဲ ​ပေး​ချင်တဲ့​လူက ​ကော်မရှင် ကို အ​ကြောင်း​ကြား​မှ ​ကော်မရှင်က​နေ ကြိုတင်မဲ ​ပေး​ချင်တဲ့​ လူရဲ့​အိမ်ကို သွား​ပြီး​တော့​ ယူရမှာ။ အခုဟာက မဟုတ်ဘဲနဲ့​ ​ကျေး​ရွာ​ကော်မရှင်က​နေပြီး​တော့​မှ တအိမ်တက် တအိမ်ဆင်း​ လိုက်ပြီး​တော့​ ကြိုတင်မဲကို လိုက်​ကောက်​နေတာဆို​တော့​ ဒါ ဥပ​ဒေနဲ့​ လုံး​ဝ မညီညွတ်ဘူး​’လို့​ပြောပါတယ်။

ဒီကိစ္စကို မြို့​နယ်​ကော်မရှင်ကို တင်ပြထား​ပေမယ့်​ အ​ရေး​ယူ ​ဆောင်ရွက်တာ မရှိဘူး​တဲ့​ အ​ကြောင်း​နဲ့​ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌက ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ဖြစ်​နေတဲ့​အ​ကြောင်း​လည်း​ဒေါ်ခင်စန်း​လှိုင်က ​ပြောပါတယ်။

ရှမ်း​ပြည်နယ် က​လောမြို့​နယ်ဟာ တပ်နယ်ဆို​ပေမယ့်​ မြို့​နယ်ထဲ ကြိုတင်မဲ​ပေး​တဲ့​သူ အ​ရေအတွက် ​ပြောပ​လောက်​အောင် မရှိဘူး​လို့​ သိရ ပါတယ်။ မြို့​နယ်အတွင်း​ မဲ​ပေး​ပိုင်ခွင့်​ ရှိသူ​ပေါင်း​ ၉ ​သောင်း​ကျော် ရှိတဲ့​အနက် တပ်မ​တော်သား​ မဲ​ပေး​နိုင်သူ​ပေါင်း​က​တော့​ ၁ ​သောင်း​ကျော်ပဲ ရှိပြီး​တော့​ တိုင်း​ရင်း​သား​မဲက အများ​စု ဖြစ်တဲ့​အတွက် တိုင်း​ရင်း​သား​ပါတီ​တွေ အ​ခြေအ​နေ ​ကောင်း​နိုင်တယ်လို့​ ကျား​ဖြူပါတီ ကိုယ်စား​လှယ် ဦး​စပ်သာဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

Suu Kyi's election run test of Burma's democracy

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၃)

ထက်အောင်ကျော်


တပ်ရင်းညီလာခံ ခေါ်ယူခြင်းနဲ့ ရှေ့တန်းခရီးစဉ်

ဒီလိုမလွယ်တာတွေ အတော်များများကို ကြုံရပြီးတဲ့အခါမှာတော့ ရှေ့တန်း၊ နောက်တန်းက တပ်မှူးအားလုံးနဲ့ စခန်းကော်မတီဝင်တွေတွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ် ဆွေးနွေးမှဖြစ်မယ်လို့ စခန်းကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတွက် တပ်မှူးတွေ အစုံအညီတက်နိုင်မဲ့ တပ် ရင်းညီလာခံ ခေါ်လိုက်ပါတယ်။ အဲဒီညီလာခံ မတိုင်မီလေးမှာ ရှေ့တန်းတခါမှ မရောက်ဖူးဘဲ ဗိုလ်ဖြစ်နေတဲ့ ကျနော့်အတွက် ရှေ့တန်း သွားရေး ရှားရှားပါးပါး အခွင့်ရေးတခု ပေါ်လာပါတယ်။ ညီလာခံခေါ်ရခြင်းကိစ္စ ရှင်းပြဖို့၊ ကျည်ဆံပို့ရေး၊ မိုးကာပို့ရေး စသည်ဖြင့် အ ကြောင်းပြပေမယ့် တကယ်ကတော့ အထူးစစ်ကြောင်းကနေ နောက်တန်း ခဏပြန်လာပြီး ရှေ့တန်းပြန်သွားဖို့ပြင်နေတဲ့ တပ်ရေး ဗိုလ် ကြီး ကိုအေးသော်နဲ့အတူ လူကြုံ၊ လှေကြုံရှိတုန်း အလည်သဘော လိုက်သွားခြင်းသာ ဖြစ်ပါတယ်။

တော်လှန်ရေးသက်တမ်း တနှစ်ကျော်ကြာလာပြီဆိုတော့ ကျနော်တို့ ကျိုးဖိုးတွေလည်း တောခိုခါစကလို ကုန်းကြောင်းချည်း လျှောက် စ ရာ မလိုတော့ပါ။ တခြားတော်လှန်ရေး အဖွဲ့တွေလို ကားတွေ၊ စက်လှေကြီးတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်မှု မရှိသေးပေမယ့် လူ ၇ ယောက်လောက် စီးနိုင်တဲ့ စက်လှေငယ်တစီးတော့ ကျနော်တို့တပ်ရင်းက ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီလှေကိုစီးပြီး ကျနော်တို့ ခစန်း ကနေ တနင်္သာရီမြစ်အတိုင်း စုန်ဆင်းလာတော့ ပထမဆုံး တွေရတဲ့နေရာက အမရာရွာပဲဖြစ်ပါတယ်။ ကျနော်တို့စခန်းနဲ့ မိနစ် ၂၀ ခန့်အ ကွာ တနင်္သာရီမြစ်ရဲ့ တဖက်တချက်မှာ ရှေးဟောင်းပုံစံ အိမ်တွေကိုတွေ့ရပြီး ထူးထူးခြားခြား အိမ်အများစုဟာ မြစ်ရဲ့အနောက်ဖက်ကမ်း၊ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ KNU က ဆောက်ပေးထားတဲ့ ထီးထာ၊ အမိုရွာတွေလို မြစ်ရှေ့ဖက်ခြမ်း ထိုင်းဖက်ကို မီခို ဆောက် ထားတာ မဟုတ်ဘဲ မြစ်အနောက်ဘက်ကမ်း မြန်မာဘက်ကို မှီခိုဆောက်ထားတာကို သတိပြုမိပါတယ်။

နောက်တခါ အမရာမှာတွေ့ရတဲ့အိမ်တွေဟာ ထီးထာ၊ အမိုဖက်ကလို အခု ဆယ်စုနှစ်အတွင်း ဆောက်ထားတဲ့ ထိုင်းပုံစံ အိမ်သစ်တွေ မ ဟုတ်ပဲ ကျနော်တို့ ထားဝယ်ဘက်က အိမ်တွေလို နိုင်တီးဂွမ်တီး ဒီဇိုင်း၊ အိမ်အို၊ အိမ်ဟောင်းတွေ ဖြစ်ပါတယ်။ နောက် ဒီရွာက လူတွေ အားလုံးဟာ ခရစ်ယာန် ဘာသာဝင်တွေ မဟုတ်ဘဲ မိရိုးဖလာ ဗုဒ္ဓဘာသာကိုးကွယ်သူနဲ့ နတ်ကိုးကွယ်သူတွေ များတာကို တွေ့ရပါတယ်။ အိမ်ခြေ ၅၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရတဲ့ ဒီရွာဟာ ရဲဘော်သုံးကျိပ်အဖွဲ့ အများတောင်ကြားလမ်းကနေ ၀င်မလာခင်ကတည်းက ရှိနေတဲ့ ရွာဟောင်းဖြစ်မယ်လို့ ယူဆရပေမယ့် တောထဲမှာ နေစဉ်တုန်းကတော့ ဒီလိုအရေးကြီးတဲ့ အချက်လက်တွေကို အသေချာ မေး မြန်း စုံစမ်းရကောင်းမှန်း ကျနော်မသိခဲ့ပါ။

အဲဒီ ရာဇ၀င်ထဲက အမရာရွာကိုကျော်ပြီး ဆက်ဆင်းလာတော့ ပေါလိုက်တဲ့ ကျောက်ဆောင် ကျောက်တန်းတွေ။ လှေကိုခဏခဏရပ်ပြီး လမ်းဆင်းလျှောက်ရပါတယ်။ တနင်္သာရီမြစ်ဟာ သံလွင်တို့၊ သောင်ရင်းတို့လို မဟုတ်။ ရေတိမ်ပြီး ကျောက်ဆောင်တွေ ပေါတဲ့အတွက် သံလွင်-သောင်ရင်းဘက်ကလို စက်လှေကြီးတွေ သွားလို့မရ။ သစ်လုံးကို ထွင်းထားတဲ့ ထွင်းလှေကို အပေါ်မှာ သစ်ပြား နည်းနည်း ထပ် ဆင့်ပြီး ဆောက်ထားတဲ့ ဒေသသုံးလှေတွေနဲ့ပဲ သွားလို့ရပါတယ်။ အဲဒီလို ဆင်းလိုက် တွန်းလိုက် သုံးခါလောက် လုပ်ပြီးချိန်မှာတော့ ရှေ့မှာကျနော်ပြောခဲ့တဲ့ ရတ်ချပူရီ-တဂိုလန်း (အခုထန်းဟင် ဒုက္ခသည်စခန်းအနီးကရွာ) ထောမမောဘက်ကနေ ၀င်ရင် အနီးဆုံး စခန်း ဖြစ် တဲ့ မောထာ ကုန်သွယ်ရေးစခန်းကြီးကို တွေ့ရပါတယ်။ ထီးထာ၊ အမိုရွာတွေလိုပဲ တနင်္သာရီမြစ်ရဲ့ အရှေ့ဘက်မှာ ရွာတည်ထားတာကို တွေ့ရပြီး ထိုင်းဒီဇိုင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရွာဟာ တကယ့်ဈေးတန်းကြီးဖြစ်ပြီး ထီးထား၊ အမိုတို့ထက် များစွာ စည်ကားနေပြီး ကုန်စုံဆိုင်ကြီးတွေ၊ ဗီဒီယိုရုံတွေနဲ့ မက်သလေစခန်းနဲ့ ခပ်ဆင်ဆင်တူတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းထောက်ရွာကြီးတရွာအဖြစ် ကျနော် အမှတ်ရနေပါတယ်။

မောထရွာကအထွက်မှာတော့ အခြေခံ ဒေသမြို့နယ်အုပ်ချုပ်ရေးရုံး KNU စစ်ဆေးရေးဂိတ်မှာ ကျနော်တို့အားလုံး အစစ်ဆေးခံရပါတယ်။ ထီးထာ၊ ထီးခီးလမ်းနဲ့ ထိုင်းနိုင်ငံထဲကနေ အထွက်ဂိတ်တွေမှာ တဦးချင်းခရီးသွားရင်းနဲ့ KNU ဂိတ်တွေမှာ အစစ်ခံရတာကို စိတ်ထဲမှာ က သိကအောက်ဖြစ်ပေမယ့် အထူးအထွေ ခံစားမှုမဖြစ်ခဲ့ပါ။ ဒါပေမယ့် အခုလို ယူနီဖောင်း အပြည့်အစုံ၊ လက်နက်အပြည့်အစုံနဲ့ ခရီး သွား တဲ့တပ်တခုက အရာရှိတွေကို အခြားတပ်တခုက စစ်သားလေးတွေက စစ်ဆေးတဲ့အပေါ်မှာတော့ စိတ်ထဲ အတော်ခံစားလိုက်ရပါတယ်။ KNU နဲ့ ကျနော်တို့ ABSDF ဟာ အိမ်ရှင်နဲ့ ဧည့်သည်လိုဖြစ်နေမလားပါပဲ။ KNU နယ်မြေထဲ ခရီးသွားတာအပြင် အခုလို ရှေ့တန်းထွက် တာကိုတောင် KNU ဆီက ခရီးသွားလက်မှတ်ယူရပြီး ဒီလို စစ်ဆေးရေး ဂိတ်တွေရောက်ရင် အဲဒီလက်မှတ်ကို ထုတ်ပြ အစစ်ခံရပါတယ်။ ဂိတ်တာဝန်ကျ ရဲဘော်လေးတွေရဲ့ စစ်ပုံစစ်နည်းကလည်း ကြည့်ပါဦး။ ကုန်သည်လှေကို စစ်တာထက်တောင် ကျနော်တို့လှေကို စစ်တာ က ပိုအသေးစိတ်နေပါတယ်။

“တပ်ထောက်၊ ခင်ဗျားတို့နောက်တန်းမှာ မမိုက်ပါဘူးဗျာ။ ဟိုဂိတ်မှာ အဟောက်ခံရ၊ ဒီဂိတ်မှာအတားခံရနဲ့။ ကျနော်တို့ရှေ့တန်းကိုသာ လာခဲ့စမ်းပါ။ ဘာလက်မှတ်မှ မလိုဘူး” ဆိုပြီး တပ်ခွဲမှူးတွေ၊ ဒုခွဲမှူးတွေ နောက်တန်းရောက်တိုင်း ပြောခဲ့ဖူးတဲ့စကားတွေကို အခု ဒီဂိတ်မှာ ကိုယ်တိုင်အစစ်ခံရတော့မှာပဲ ကျနော်လည်း နည်းနည်း သဘောပေါက်သလို ရှိလာပါတယ်။ တဆက်တည်းမှာပဲ သူပုန်လေး တခါဖြစ်ဖို့အရေး ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရလို့ အဓိပ္ပာယ်ရတဲ့ အဲဒီကာလက ကျနော်တို့ သူပုန်ပေါက်စတွေကြား နာမည်ကြီးခဲ့တဲ့ ၆၀၁ တပ် ရင်းမှူး ကိုတိုက်မောင်းရဲ့ ကဗျာ ”မိခင်၏စာမျက်နှာနှင့် မြင့်မိုရ်တောင်တမ်း ခြင်း” ထဲက စာသားတချို့ကို သွားသတိရ မိပါတယ်။

“ကံကောင်းလို့ သူပုန်လေး တခါလာဖြစ်မိ
ဟိုလူ့မျက်နှာကြည့်
သည်လူ့မျက်နှာကြည့်
ကြည့်ရ၊ ရှောင်ရ၊ ကြောက်ရ …

သူပုန် မဖြစ်လိုက်မှာစိုးလို့
ရိုရိုကျိုးကျိုး ဆက်ဆံရ
ဒေါသတွေ ရောင်းလို့ရရင်
ဘီလျံနာတောင် ဆင်ထိန်းခန့်လို့ရမယ် …”



ကျဆုံးသွားပြီဖြစ်တဲ့ ရဲဘော်ကြီးတိုက်မောင်း ဘယ်နေရာမှာ ဘာတွေကြုံလို့ ဒီကဗျာကို ရေးဖြစ်ခဲ့မှန်း ကျနော်မသိပါ။ ဒါပေမယ့် ကျနော် ကြုံလိုက်ရတဲ့ ခံစားချက်နဲ့ သူ့ကဗျာထဲက စာသားတွေ ကွက်တိဖြစ်နေတာကတော့ အမှန်ပါပဲ။ ဒီလိုနဲ့ “ရောင်းလို့မရတဲ့ ဒေါသတွေကို တ နင်္သာရီမြစ်ထဲ မျောချ” ပြီး ရှေ့ခရီး ဆက်နိုင်ဖို့ ကျိုးစားရပါတယ်။ အဲဒီ စစ်ဆေးရေးဂိတ်ကနေ နည်းနည်း ဆက်ဆင်းလာတော့ လှေဆက် သွားလို့ ဘယ်လိုမှ မရနိုင်တော့ဘူးလို့ ထင်ရတဲ့ ရှမ်းသုံးထောင်အကွေ့ကို ရောက်ပါတယ်။ မီတာ ၅၀ ကျော်လောက် အရှည်ရှိတဲ့ ကျောက် ဆောင်၊ ကျောက်တုံးတွေက ရေလမ်းကြောင်းကို ပိတ်ထားပြီး အဲဒီ ကျောက်တုံးတွေကြားကနေ လှေကို ခဲရာခဲဆစ် ဆွဲသွားရတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီ ရှမ်းသုံးထောင်ကို ကျော်ပြီး နောက်တွေ့ရတဲ့ရွာက အောင်သာဝရဖြစ်ပါတယ်။ ဒီအမည်ဟာ ကရင်အမည်နဲ့ မတူတဲ့ အ တွက် ရှေ့မှာပြောခဲ့တဲ့ ရှမ်းသုံးထောင် ရာဇ၀င်၊ အမရာ ရာဇ၀င်တွေနဲ့ ဒီရွာဆက်စပ် နေပုံရပါတယ်။ ဒါပေမယ့် အဲဒီကာလကတော့ ရာဇ၀င်လှန်နေဖို့ အချိန်မရပါ။ (အခုတော့ အဲဒီ အောင်သာဝရရွာဟာ မြန်မာအစိုးရ စစ်ဗျုဟာတခု အခြေစိုက်ထားတဲ့ ရွာကြီး တရွာ အဆင့် တောင် ဖြစ်နေပြီလို့ သိရပါတယ်)။

အဲဒီ အောင်သာဝရရွာက ဘုန်းကြီးကျောင်းမှာ တညအိပ်ပြီး ဆက်ဆင်းလာတော့ KNU တပ်ခွဲ ၄ အခြေစိုက်တဲ့ ဒေသအခေါ် ချောင်းမကြီး ဆိုတဲ့နေရာကို ရောက်ပါတယ်။ ဒီနေရာမှာ ချောင်းလက်တက်တခုကို တွေ့ရပြီး အဲဒီ ချောင်းရိုးလေးကနေတဆင့် တောင်တန်းတွေကို ကျော်ပြီးဆက်သွားရင် ပြည်ခြား-ပုလောဘက်ကို ရောက်နိုင်ပါတယ်။ ချောင်းလက်တက်ကို ကျော်ပြီး ဆက်ဆင်းလာတော့ မြစ်ပြင်က နည်းနည်းပိုကျယ်လာပြီး ရှမ်းသုံးထောင်လို ကျောက်ဆောင်တွေလည်း မရှိတော့ပါ။ မြစ်ထဲမှာတွေ့ရတဲ့ လှေအမျိုးစားတွေကလည်း ပြောင်းလာတာကို ကျနော် သတိထားမိပါတယ်။ ကျနော်တို့စီးလာတဲ့ သစ်လုံးထွင်းလှေတွေအပြင် တရုတ်တုံကင်းလို လှေကြီးတွေ။ ကမ်းရိုးတန်းသွား လှေကြီးတွေကိုပါ မြင်လာရပြီး ငါးပိ၊ ငါးခြောက်၊ ကုန်မျိုးစုံတင်ကာ လှည့်ပတ် ရောင်းချနေတဲ့ ကုန်တင် လှေကြီးတွေ ကို လည်း မြင်လာရပါတယ်။

စော်လ၀ချောင်းဝမှ မြိတ်မြို့ဆင်ခြေဖုံးဒေသသို

ဒီလိုနဲ့ လှေငယ်လေးပေါ်မှာ နှစ်ရက်ခွဲလောက် အောင့်အည်းသည်းခံ စီးပြီးတဲ့အခါမှာတော့ တနင်္သာရီမြစ်နဲ့ စော်လ၀ချောင်းဆုံရာ KNU တပ်ခွဲ ၅ အခြေစိုက်စခန်းကို ရောက်သွားပါတယ်။ စော်လ၀ချောင်းဖျားမှာ ဗကပ မြိတ်ခရိုင်ဘက်က ဗိုလ်မှူးစိုးလွင် ဦးစီးတဲ့တပ်ဖွဲ့ရှိ တယ် လို့ သိရပေမယ့် အဲဒီအခေါက်က ကျနော်သွားဖို့ အချိန် မရလိုက်ပါဘူး။ (ဗိုလ်မှူးစိုးလွင်ဟာ ဗကပတောခိုကတည်းက ပါလာတဲ့ လွတ်လပ် ရေးတိုက်ပွဲဝင် BIA အရာရှိဖြစ်ပြီး တနင်္သာရီတိုင်းတပ်မှူးနဲ့ ဗဟိုကော်မီတီဝင် တာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၉ မှာ ကွယ်လွန် သွားပါတယ်။ ဗကပတိုင်း နိုင်ငံရေးမှူးက ပီကင်းပြန် ဦးစောဟန်ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်သွားပါတယ်။)

အဲဒီကာလ KNU တပ်ခွဲ ၅ မှူးက ဗိုလ်ဂျဲနီလို့ထင်ပါတယ်။ ဗိုလ်ဂျဲနီ တပ်ခွဲရုံးရဲ့ တဘက်ကမ်းရှိ ကြီးမားလှတဲ့ သစ်သားအိမ်ကြီးပေါ်မှာ တ ည အိပ်ပြီးတဲ့နောက် ဆင်ငိုတောင် (မြင့်လွန်းလို့ ဆင်တောင်မတက်နိုင်ဘဲ ငိုပြီး လှည့်ပြန်သွားရတယ်လို့ အဆိုရှိပါတယ်) ဆိုတဲ့ တောင် ကြီး ကို တမနက်လုံး တက်ရပါတယ်။ ဒီိတောင်ဟာ တောခိုကာစ ဆောင်ပါး အခန်း ၃ မှာ ဖေါ်ပြခဲ့တဲ့ ဗကပ-ထားဝယ်ခရိုင်ဘက်က တောင်သုံးဆယ်ထက် နှစ်ဆလောက်မြင့်မယ်လို့ ထင်ရပါတယ်။ မနက် ၇ နာရီလောက်ကတည်းက တောင်စတက်လိုက်တာ မွန်းတည့် ၁၁ နာရီလောက်မှ တောင်ထိပ်ကို ရောက်ပါတယ်။ ဒါပေမယ့် တောတွင်း သက်တမ်း တနှစ်ကျော် အတွေ့အကြုံရှိနေပြီဆိုတော့ တောခို ခါစကာလို ငိုယိုအော်ဟစ်သူ မရှိတော့ပါ။ တမနက်လုံးတက်၊ တညနေလုံးဆင်းပြီးလို့ ညနေ ၄ နာရီလောက် ရောက်တဲ့အခါ ပင်လယ် ကမ်းစပ်နဲ့ သိပ်မဝေးတော့တဲ့ မြိတ်-ထားဝယ်-ကားလမ်းပေါ်က တပို၊ ကျဲရွာတွေ အနီးဝန်းကျင်ဆီ ကျနော်တို့အုပ်စု ရောက်လာပါတယ်။

ဆင်ငိုတောင် ၀န်းကျင်မှာ တောနက်လွန်းလို့ နေရောင်တောင် ကောင်းကောင်းမမြင်ရပေမယ့် အခု ရွာတန်းနဲ့ နီးလာတာနဲ့အမျှ သစ်ပင် တောအုပ်တွေက တဖြည်းဖြည်းသေးငယ်သွားပြီး တခါတလေဆိုရင် ကျနော်တို့အုပ်စု သွားနေတာကို အဝေးက န၀တတပ်များ မြင်သွား မလားလို့ စိုးရိမ်ရလောက်အောင် တောအုပ်က ပါးလွန်းလှပါတယ်။

“ဒက် ဒက် ဒက် … ဂျိမ်း …”

တောအုပ်ပါးလွန်းလို့ စိတ်ထဲ မလုံမခြုံဖြစ်နေတုန်း သေနတ်သံတွေ ကြားလိုက်ရပါတယ်။ လူတရပ် မရှိတရှိသာမြင့်တဲ့ တောအုပ်ထဲ ကျ နော်တို့အုပ်စု ခဏနားပြီး အခြေအနေကို စောင့်ကြည့်ပါတယ်။ “ကျနော်တို့လူတွေနဲ့ ရန်သူတပ် ထိပ်တိုက်တိုးတာဖြစ်မယ်။ ပူစရာ မရှိပါ ဘူး။ ကျနော်တို့လူတွေက နယ်မြေကျွမ်းပါတယ်” လို့ ကိုအေးသော်က ပြောပါတယ်။ သူက ပူစရာမရှိဘူး ပြောနေပေမယ့် ကျနော်တို့ အင် အားက တပ်ရေးဗိုလ်၊ တပ်ထောက်ဗိုလ်နဲ့ ရုံးအဖွဲ့သား သုံးဦးပေါင်းမှ ငါးဦးတည်းရယ်။ ရန်သူနဲ့သွားတိုးလို့ မဖြစ်။ ပြီးတော့ ကျနော်တို့မှာ တယောက်ကို AK ကျည် ၅၀၀ စီလောက် သယ်လာတဲ့အတွက် ကျောပိုးအိတ်ကလည်း အတော်လေးနေပြီး ပြေးလွှားဖို့ သိပ်မကောင်း လှပါ။ ကျနော်တို့ရှေ့တန်းတပ်တွေနဲ့ ဆက်သွယ်ဖို့ ဝေါ်ကီတော်ကီကလည်း မပါပါဘူး။



နောက်ဆုံးမှာတော့ သေနတ်တွေကို အသင့်ပြင်ပြီး ရှေ့မှာမြင်နေရတဲ့ ရော်ဘာပင်တန်းအောက်က ရွာကို သတိကြီးစွာနဲ့ ချဉ်းကပ် ရပါ တယ်။ အသံမကြားအောင် လျှို့ဝှက်ဝင်လာပါတယ်ဆိုမှ ရွာအ၀င်ဝလည်း ရောက်ရော ခွေးကဟောင်လိုက်တာ လွန်ပါရော။ ဘာမှ မတတ် နိုင်။ ရွာသား နှစ်ဦးကို လမ်းပြခေါ်ပြီး ကျနော်တို့တပ်တွေရှိရာ ရွာဆီကို ပို့ခိုင်းရပါတယ်။ “ကြည့်လုပ်နော်ကိုယ့်ဆရာ၊ လူမှားပြီး အပစ်ခံ နေရဦးမယ်” ဆိုပြီး ကျနော်ကပြောတော့ သူပိုင်ပါတယ်ဆိုတဲ့သဘောနဲ့ ကိုအေးသော်က လက်ကာပြပါတယ်။ ဒီလိုနဲ့ ရော်ဘာတော တွေ အတိုင်း လျှောက်၊ ကားလမ်းကူးပြီးတော့ နောက်တရွာမှာ ကျနော်တို့ တပ်တွေနဲ့တွေနဲ့ ချောချောမောမောသွားတွေ့ပါတယ်။

“ဘာမှမပူနဲ့ တပ်ထောက်။ ဒီကောင်တွေအင်အားက ၂၀ တောင်မပြည့်ဘူး။ သူ့လူနာသူသယ်ပြီး ပြန်ပြေးသွားပြီ” ဆိုပြီး စစ်ကြောင်းမှူး ကို ဂွမ်ရှိက တွေ့တွေ့ချင်း ကျနော်မျက်နှာကိုဝကြည့်ပြီး ရှင်းပြပါတယ်။ ဒီတော့မှ “ငါ့မျက်နှာမှာ ကြောက်ရိပ်များ ပေါ်နေသသလားမသိဘူး” ဆိုပြီး ဗိုလ်ကြီးအိနြေ္ဒကို အမြန် ပြန်ဆည်လိုက်ရပါတယ်။ တကယ်က ဒီလိုရှေ့တန်းမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တာနဲ့ ကျနော်ကြုံဖူးတဲ့ ကော့မူး ရာက ခံစစ်သေတိုက်ပွဲ ပုံသဏ္ဍန်ချင်းက ဘာမှမဆိုင်။ ခံစစ်သေမှာက ရန်သူ့နေရာ၊ မိမိနေရာ အတိအကျ သိထားပြီး ကတုတ်ကျင်းထဲ နေရာယူပစ်တဲ့အတွက် ဘာမှသိပ်ပူစရာမလို။ ဒါကေမယ့် ဒီလိုရှေ့တန်းမှာကတော့ ရန်သူ့သတင်း ကြိုရမထားဘူးဆိုရင် အခုလို စစ် ကြောင်းသွားရင်းနဲ့ ထိပ်တိုက်တိုးပြီး သူပစ်ကိုယ်ပစ်၊ သူဆုတ် ကိုယ်ဆုတ်နဲ့ နယ်မြေကျွမ်းသူ နေရာယူမြန်သူက အသာစီးရလေ့ရှိပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပြီးရင် တိုက်ပွဲနေရာကနေ အမြန်ရှောင်၊ ရွာထဲမှာ စခန်းမချနဲ့ဆိုပြီး ကျနော် ကြားဖူးနားဝရှိပေမယ့် ကျနော်တို့ ကျိုးဖိုး တပ် သားတွေကတော့ အေးအေးဆေးဆေးပါပဲ။ တိုက်ပွဲဖြစ်တဲ့ရွာရဲ့ နောက်တရွာကိုဆုတ်ပြီး ရွာထဲမှာပဲ စခန်းချ ညအိပ်လိုက်ပါတယ်။ ရွာ သားတွေကလည်း ကြောက်လန့်ပုံမပြ။ ကျောင်းသားတွေကို ထမင်းချက်ကျွေးရတာကိုတောင် ပျော်နေသလို မြင်နေရပါတယ်။ နောက် ပိုင်း မှ သိရတာကတော့ ဒီရွာတန်းတလျှောက်မှာ ဒီလိုတိုက်ပွဲဖြစ်တာဟာ အထူးအဆန်း မဟုတ်တော့ဘဲ အမြဲတမ်းလိုလို ဖြစ်လေ့ ရှိ တယ်လို့ သိရပါတယ်။

ဒီဒေသကို ပပြင်ခွင်လို့ ကျနော်တို့ကခေါ်ဆိုပြီး တပ်ခွဲ ၁ အခြေစိုက်လှုပ်ရှားတဲ့ အဓိကနေရာဖြစ်ပါတယ်။ အဲဒီကာလ စစ်ကြောင်းမှူးက ကိုဂွမ်ရှိဖြစ်ပြီး တပ်ခွဲမှူး ကိုဖေသင်နဲ့အတူ အင်အား ၆၀ ကျော်လောက် ရှိမယ်လို့ ထင်ပါတယ်။ နောက်တရက်မှာတော့ အဲဒီရွာက နေ ထွက်ပြီး ယာယီရှေ့တန်း ရုံးခန်းဖွင့်ထားတဲ့ တခြားရွာတခုကို ထပ်ပြောင်းရပါတယ်။ ထားဝယ်-မြိတ် ကားလမ်းအရှေ့ဘက်ခြမ်း တောင် ကုန်းလေးပေါ်က ဘုန်းကြီးကျောင်းမှာ ရုံးခန်းဖွင့်ထားတာကို တွေ့ရပြီး ဒေသခံလူထုက ကျောင်းသားတွေကိုလည်း ဘုန်းကြီးလိုပဲ သ ဘောထားပြီး ရိက္ခာနဲ့စားစရာတွေ လာလှူထားတာ တွေ့ရပါတယ်။ အဲဒီ ၀န်းကျင်မှာ ဒူးရင်းခြံတွေရှိတာ၊ ဒူးရင်းသီးကို မုန်းအောင် စားခဲ့ရ ဖူးတာကို ကျနော် အမှတ်ရနေပါတယ်။

ရှေ့တန်းရုံးခွဲမှာ တရက်နား၊ ပြီးတော့ တပ်ရင်းညီလာခံ ခေါ်ရခြင်းအခြေအနေ၊ နောက်တန်းက အခြေအနေ၊ ဗဟိုဘက်က အခြေပနေ၊ ရွေးကောက်ပွဲရလဒ် နောက်ဆက်တွဲ အခြေပနေ၊ လက်တလော နိုင်ငံရေး အခြေကနေတွေကို ကျနော်နဲ့ ကိုအေးသော်က ရဲဘော်ထုကို ရှင်းပြခဲ့ပါတယ်။ နောက်တရက်မှာတော့ စစ်ကြောင်းနဲ့အတူ ထားဝယ်-မြိတ် ကားလမ်းပေါ်က ရွာစဉ်တွေကို လမ်းလျှောက်ပြီး စည်းရုံး ရေးတရား ဟောခဲ့ပါတယ်။ ဒီလို လွတ်လပ်စွာ သွားနေတာကို ကြည့်ရင်းနဲ့ ခွဲမှူးတွေ၊ ဒုခွဲမှူးတွေ တပ်ရင်း ပြန်ရောက်ရင် ပြောလေ့ ရှိ တဲ့ “ခင်ဗျားတို့ နောက်တန်းက မမိုက်ပါဘူးဗျာ။ ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရနဲ့။ ကျနော်တို့ ရှေ့တန်းကိုသာ လာခဲ့စမ်းပါ” ဆိုတဲ့ စ ကားနဲ့ ဘာကြောင့် သူတို့နောက်တန်းမှာ ကြာကြာ မနေချင်ကြတာလဲ ဆိုတာကို ကျနော် ပိုပြီး သဘောပေါက်လာပါတယ်။

ရှေ့တန်းမှာ စစ်မြေပြင်ကင်းထောက်မှုကို ဘယ်လိုလုပ်ရတယ်၊ ရှေ့ပြေးကင်းသမား လေးဦးက ဘယ်လို ပွိုင့်ထွက်ရတယ်၊ စစ်ကြောင်းမှူး နဲ့ ရုံးအဖွဲ့က ဘယ်နားမှာ နေရတယ်၊ ဆက်သွယ်ရေးသမား၊ ဆေးတပ်သားနဲ့ ရုံးအဖွဲ့ကို ဘယ်လိုခေါ်ထားရမယ် စသဖြင့် ရှေ့တန်းတခါမှ မရောက်ဖူးတဲ့ တပ်ထောက်ဗိုလ်ကြီး ကျနော့်ကို စစ်ကြောင်းမှူးကြီး ကိုဂွမ်ရှိက လက်ချာရိုက်ခဲ့တာကိုလည်း မှတ်မိနေဆဲဖြစ်ပါတယ်။ နောက်တခါ လူ ၅၀ ကျော်သာရှိတဲ့ ကျနော်တို့တပ်ဖွဲ့ ကားလမ်းတလျှောက် စစ်ကြောင်း ချီလာတာကို မြင်တဲ့ရွာသားတွေက အင်အား ၁၀၀ ကျော်ရှိတယ်လို့ ထင်ကြာတာကိုလည်း ကျနော် ထူးထူးခြားခြား အမှတ်ရနေပါတယ်။ ယူနီဖောင်း အပြည့်အစုံ၊ လက်နက် အီးကွေး မင့် အပြည့်အစုံပါတဲ့ လူတန်းကြီးဟာ တဦးနဲ့တဦး ၂ လံ အကွာစီလောက် နေရာယူပြီး တန်းစီလျှောက်လိုက်တော့ ရွာဦးကနေ ရွာပြင်အ ထိ ရှည်သွားတဲ့သဘော။ လူ ၅၀ ကျော်ကို ၁၀၀ ကျော်လို့ မြင်ရတဲ့သဘောတွေကိုလည်း ကျနော် လေ့လာခွင့်ရခဲ့ပါတယ်။

အဲဒီ ရှေ့တန်းမှာ သတင်း ၂ ပတ်ခန့်ကြာပြီး အပြန်မှာတော့ ကျနော်နဲ့အတူ တပ်ခွဲ ၁ မှ ကိုဖေသင် အပါအ၀င် တပ်မှူးတွေ အတော်များ များ ပြန်ပါလာပါတယ်။ ဒီညီလာခံဟာ တပ်ရင်းမှူးကနေ တပ်စိပ်မှူးအထိပါတဲ့ ကျနော်တို့တပ်ရင်း သက်တမ်း ၁၀ နှစ် ၀န်းကျင်ကာလမှာ အဲဒီတခါပဲ အစုံအညီလုပ်ဖြစ်ခဲ့ဖူးတဲ့ ညီလာခံလို့ ထင်ပါတယ်။ ကျနော်တို့ တပ်ရင်းဟာ အင်အား ၃၀၀ ကျော်ရှိတဲ့အတွက် ကျောင်းသား နည်း ကျောင်းသားဟန် တပ်ရင်းဖွဲ့စည်းပုံ အပြည့်ဖွဲ့နိုင်တဲ့ တပ်ရင်းဖြစ်ပါတယ်။ တပ်စိပ်တစိပ်မှာ ၁၁ ဦး၊ တပ်စုတစုမှာ ၃၃ ဦး၊ တပ်ခွဲ တ ခွဲမှာ ၁၂၀ ၀န်းကျင်နဲ့ တပ်ခွဲ ၃ ခွဲ ဖွဲ့စည်းပုံအပြည့်နဲ့ နောက်တန်းလခြုံရေး တပ်စုတစုပါ ဖွဲ့ထားနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းအရ ရှေ့တန်းက လာတဲ့ တပ်မှူး ၄၀ နီးပါး၊ ဆက်သွယ်ရေးတပ်ဆွယ်၊ ဆေးတပ်ဆွယ်၊ ထောက်လှမ်းရေးတပ်ဆွယ်နဲ့ နောက်တန်းတပ်မှူးများ၊ စခန်းကော် မတီဝင်များပါ အားလုံးပေါင်းလိုက်တော့ ကိုယ်စားလှယ် ၆၀ လောက်အထိ ရှိသွားတဲ့ညီလာခံကြီး ဖြစ်သွားပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Mar,31st,2012

( 38 )ရွေးကောက်ပွဲသတင်းများ အန်အယ်လ်ဒီ တိုက်ရိုက် ထုတ်ပြန်သွားမည်

( 37 )Burmese polls will be neither free nor fair, warns Suu Kyi

( 36 )လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း

( 35 )Aung San Suu Kyi Stoops to Conquer Burma

( 34 )ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းရက် ပြောင်းလဲ

( 33 )Suu Kyi not to join government

( 32 )အောက်ခြေ ကော်မရှင်များ ဆောင်ရွက်ချက် အားနည်း

( 31 )Burma Army Burns Villagers’ Homes To The Ground

( 30 )၂၀၁၀ ရွေးကောက်ပွဲမျိုးမဖြစ်ဖို့ အရေးကြီးလို့ ကင်တာနားသတိပေး

( 29 )Burma poll not free or fair, says Suu Kyi

( 28 )ဟပွေးသန်းလွင် ကို မွန်ပြည်သစ် အသေဖမ်းမိ

( 27 )Burmese refugees not rushing home yet

( 26 )အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံ

( 25 )The Burmese elections will be broadcast on YouTube

( 24 )တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြအလုပ်သမားများ ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းဖြစ်

( 23 )Suu Kyi says poll will not be fair

( 22 )ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲစပေးပြီ

( 21 )Burma in transition

( 20 )ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်း သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြု

( 19 )Feel like you’re all alone in Myanmar’s lost islands

( 18 )NLD မဲဆန္ဒပညာပေးပွဲသွားစဉ် ဝင်းကုန်းရွာလုံးကျွတ်နီးပါး မီးလောင်

( 17 )EU says won't be pushed into lifting Myanmar sanctions

( 16 ) "စားပြီးနားမလည် လုပ်မနိန်ကေ့" ၂၀၁၂- ရခိုင် သင်္ကြန် သံချပ်ခွေ ဘင်္ဂလာဒေခ်ျ့တွင် ၀ယ်ယူသူများ

( 15 )In Myanmar, voters prepare for clash of symbols

( 14 )ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ

( 13 )Myanmar community in Thailand to closely watch polls

( 12 )အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ဆွေးနွေးပွဲကို ကမ္ဘောဒီးယား အစိုးရက ကန့်သတ်

( 11 )Slingshot possession lands fisherman in jail

( 10 )ထက်ထက်မိုးဦးကို ဒဏ်ငွေကျပ် ၁ ထောင် ပြစ်ဒဏ်ချ

( 9 )Low risk, big payoff from April Fool’s Day vote

( 8 )ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ

( 7 )Suu Kyi complains of irregularities in Myanmar election

( 6 )“စနစ်ဆိုးနဲ့စစ်ဂျိုးခွာစို့” သင်္ကြန်သံချပ် စတင်ဖြန့်ဝေ

( 5 )Suu Kyi committed to win, says Myanmar vote unfair

( 4 )ဥပဒေခုံရုံး ဆုံးဖြတ်ချက် လွှတ်တော်မဏ္ဍိုင် ထိခိုက်ကြောင်း အမတ်များပြော

( 3 )Suu Kyi: Burma's poll 'not fair'

( 2 )ပြည်ပစောင့်ကြည့်သူနှင့် မီဒီယာတွေ မဲရုံနားကပ်ခွင့်မရ

( 1 )Burma is Not Old Wine in New Bottle

Friday, March 30, 2012

စာပေစိစစ်ရေးက မန္တလေးဂျာနယ်တခုကို တပတ်ပိတ်

အေး​နိုင်

မန္တလေး အခြေစိုက် မြနန္ဒာ စီးပွား ရေးနှင့် ယဉ် ကျေးမှု ဂျာနယ်က တနင်္ဂ နွေနေ့ ဖြန့်ချိမယ့် ဂျာနယ်ကို မြန်မာ နိုင်ငံ စာပေ စိစစ် ရေးက တား မြစ် လိုက်တယ်လို့ ဂျာနယ် တာဝန် ရှိသူ တဦးက ပြောပါ တယ်။

မြန်မာ နိုင်ငံ စာပေ စိစစ် ရေးက တာဝန် ရှိသူ တဦးက မြနန္ဒာ ဂျာနယ် လာမယ့် တပတ် မထုတ်ဘဲ နားထားဖို့ မတ် ၂၉ နေ့လည် မှာ ဖုန်း ဆက် အသိပေး တယ်လို့ ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုလင်းလင်း ထွန်းက ပြောပါ တယ်။ ဒါပေမယ့် တရားဝင် တားမြစ် စာ တော့ မရ ရှိသေး ဘူးလို့ ပြောပါ တယ်။

ပြီးခဲ့တဲ့ သီတင်း ပတ်က သူတို့ ဂျာနယ်က ဖော်ပြတဲ့ ဆောင်းပါးနဲ့ သတင်း မှာ ရွေးကောက်ပွဲ သတင်းနဲ့ ဆောင်းပါး ပါရှိ ခဲ့တဲ့ အ ပေါ်တား မြစ် တာလို့ ဆိုပါတယ်။

မြနန္ဒာဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုလင်းလင်းထွန်းက “မဲရေတွက်မှု ကိစ္စတွေ ရယ်၊ ကြားဖြတ်ရွေးကောက်ပွဲ အကြောင်းတွေကို ကျ နော်တို့က သတင်းဆောင်းပါး အနေနဲ့ရော၊ သတင်းအဖြစ်နဲ့ပါ ဂျာနယ်မှာ ဖော်ပြတဲ့ အတွက် တနင်္ဂနွေကို နားဖို့ ပြောပါတယ်။”လို့ ရှင်း ပြပါတယ်။

မြနန္ဒာဂျာနယ်ဟာ မြန်မာနိုင်ငံစာပေစိစစ်ရေးကို ဂျာနယ်ထုတ်ပြီးမှ တင်နိုင်တဲ့ စီးပွား ရေးနဲ့ယဉ်ကျေးမှု အမျိုးအစား ဂျာနယ်ဖြစ်ပြီး ဒီနှစ် ဆန်းပိုင်းက စတင်ထုတ်ဝေပြီး ရန်ကုန်နဲ့ မန္တလေးကို ဖြန့်ဝေနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း ဆောင်းပါးတပုဒ်နဲ့ စပ်လျဉ်းပြီး မော်ဒန်ဂျာနယ်ကို အစိုးရ တာဝန်ရှိသူတဦးက တရားစွဲဆိုခဲ့ပြီးမှ ကျေ အေး ခဲ့ပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ် ရေးဌာနကို မကြာခင် ကာလအတွင်းမှာ ဖျက် သိမ်းတော့မယ်လို့ ထုတ်ဖော်ပြောကြား ထားပါတယ်။

ကြိုတင်မဲ စပေးပြီ

လင်းသန့် on March 30, 2012


မြန်မာ နိုင်ငံတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေး ခြင်းကို ယနေ့ စတင် နေပြီ ဖြစ်ကြောင်း သတင်း ရရှိ သည်။

“ကြိုတင်မဲတွေက ဒီနေ့က စပေးခွင့်ရပြီ။ဒီနေ့နဲ့ မနက်ဖြန်ပေါ့။ စီစဉ်ထားတာက ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွေက မနက် ၆ နာရီက ညနေ ၆ နာရီအထိ ရုံးဖွင့်ပြီး ကြိုတင်မဲ တောင်းခံလာတဲ့သူတွေကို ကြိုတင်မဲ ပေးခွင့်ရှိတဲ့သူ ဟုတ် မဟုတ်ပေါ့၊ ဒါကို စိစစ် ခိုင်း ထားတယ်”ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကိုက ဧရာဝတီကို ပြော သည်။

ကြိုတင်မဲ ပေးခွင့်ရှိသူများမှာ မဲဆန္ဒနယ်မြေ ပြင်ပရောက်နေသူများ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ မဲစာရင်း အမည်ပါ ဒေ သမှ ကျော် လွန်ခရီးသွားရန်ရှိသူများ၊ အနာကြီး ရောဂါအပါအ၀င် ကူးဆက်ရောဂါ ရှိနေသူများ၊ အသက်ကြီးရင့် နေသူများ၊ ရဲအချုပ်ခန်းနှင့် အကျဉ်း ထောင် စခန်းများတွင်ရောက်နေသူများ၊ နိုင်ငံဝန်ထမ်း အနေဖြင့် မဲစာရင်းအမည်ရှိဒေသမှ ကျော်လွန် တာဝန်ထမ်းနေရသူများ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာတောင်ညွန့်၊ သုံးခွ၊ လှည်းကူး၊ ဒဂုံဆိပ်ကမ်း စသည့်မြို့နယ်များ၊ ပျဉ်း မနား၊ နေ ပြည်တော်ရှိ မြို့နယ် ၄ ခုနှင့် အခြားသော မြို့နယ်များတွင်လည်း ကြိုတင်မဲပေးမှုများ စတင်လုပ်ဆောင်နေကြောင်း ရွေးကောက်ပွဲ စောင့် ကြည့်လေ့လာရေး ကွန်ရက်ကလည်း ပြောပြသည်။

“လှည်းကူးမှာလည်း ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ ကြိုတင်မဲ ပေးလို့ရနေပါပြီ။ ဒါပေမယ့် ဒီမြို့နယ်က ကြိုတင်မဲ အများကြီး မရှိလောက် ဘူး၊ အခုထိလည်း ပြဿနာတက်တာ မကြားရသေးဘူး”ဟု လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းက ဆိုသည်။

လှည်းကူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှတာဝန်ရှိသူ ဦးအေးမြင့်ကလည်း လွတ်လပ်၊ သန့်ရှင်း တရားမျှတ သည့် ရွေး ကောက်ပွဲဖြစ်စေရေးအတွက် အကောင်းဆုံး လုပ်ဆောင်နေကြောင်း ပြောဆိုသည်။

သို့သော် နေပြည်တော် မြို့နယ် ၄ ခုတွင် သက်ဆိုင်ရာ အာဏာပိုင်များက တပ်မတော်သားများနှင့် မိသားစုဝင်များကို အာဏာရ ကြံ့ခိုင် ရေး ပါတီကိုသာ ကြိုတင်မဲပေးရန် ဖိအားပေးပြောဆိုနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

မန္တလေးတိုင်း သမန်းကုန်းကျေးရွာတွင် ကြိုတင်မဲ ပေးသူများက NLD ပါတီအား မဲပေးခဲ့ရာ ရွေးကောက်ပွဲ ကော်မရှင်က မဲစာရွက်များကို ဖွင့်ကြည့်ပြီး NLDအတွက်မဲပေးထားသော မဲစာရွက်များကို လွှင့်ပစ်ခဲ့သည်ဟု သတင်းပေးပို့ လာကြောင်း၊ အလားတူ ပခုက္ကူ အပါအ၀င် တချို့သော မဲဆန္ဒနယ်များတွင်လည်း ကြိုတင်မဲဆိုင်ရာ အငြင်းပွားဖွယ် တိုင်ကြားမှုများ လက် ခံ ရရှိနေကြောင်း ၈၈ မျိုးဆက် ကျောင်း သားများ ဦးဆောင်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန် ရက်မှ ကိုဇော်မင်းက ပြောသည်။

ဧရာဝတီက သက်ဆိုင်ရာ ဒေသ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ အတည်ပြုချက်ရယူရန် ဆက်သွယ်သော်လည်း မရရှိပေ။

သို့သော် ဦးကိုကိုကမူ ကြိုတင်မဲများကို မည်သူ့ကို မဲပေးသည်ကို မသိစေရန် စာအိတ်ဖြင့် သိမ်းဆည်းထားမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့၊ နံနက် ၆ နာရီ မဲရုံ မဖွင့်မီ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်များက သက်ဆိုင်ရာ မဲရုံမှူးများထံ ပေးအပ်ခြင်း၊ ကြိုတင် မဲပေးထားသူများက ထပ်မံ မဲပေးခြင်း မရှိရန်အတွက် စာရင်းဇယားနှင့်တကွ လက်ခံရယူပြီး ဧပြီလ ၁ ရက်နေ့ ညနေ မဲရုံ ပိတ်ချိန်ရောက်မှသာလျှင် အဆိုပါ စာအိတ်များကို ဖောက်၍ မဲများထုတ်ပြီး ရေတွက်မှုပြုမည် ဖြစ်ကြောင်း ရှင်းပြသည်။

“မဲရုံမှူးတွေက ပုံစံ ၁၃ ထဲမှာ ဘယ်သူတွေဟာ ကြိုတင်မဲပေးထားပြီးပြီလည်း ဆိုတာ မဲရုံမဖွင့်ခင်မှာ ကြိုတင်မှတ်ထားမှာပါ။ အဲဒီလို မှတ် ထားခြင်းအားဖြင့် မဲရုံဖွင့်တဲ့အခါကျတော့ ဒီလူတွေ ၂ ခါ ထပ်ပြီး လာပေးလို့ မရတော့ဘူး”ဟု သူက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း၂၈ ဦးနှင့်လည်း ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း၊ မဲစာရင်း နှင့်ပတ်သက်ပြီး တင်ပြပြောဆိုမှုများကိုလည်း ပြင်ဆင်နိုင်သည်များကို ပြင်ဆင်ပြီးကြောင်း၊ မဲစာရင်း ထပ်ခဲ့ သည် ရှိသော်၂ ကြိမ်လည်း မဲပေးနိုင်မည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ထဲက ဥပဒေနှင့်ငြိစွန်းမှု တချို့ရှိကြောင်း၊ ပါတီ ခေါင်းဆောင်ပိုင်းများကို ကြပ်မတ် ထိန်းသိမ်းပေးရန် ပြောဆိုခဲ့ကြောင်းလည်း သူက ဆက် ပြောသည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခု ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၊ သန့်ရှင်း၍ တရားမျှတသော ရွေး ကောက် ပွဲ ဖြစ်ရေးမျှော်လင့်ချက် အပြည့်ထားရှိသော်လည်း လက်တွေ့တွင် ကော်မရှင်အဖွဲ့ခွဲများအပါအ၀င် နိုင်ငံရေးပါတီ များ၊ ကိုယ်စား လှယ်များ၊ မဲဆန္ဒရှင်များ စသည့် အဘက်ဘက် က အားနည်းချက်များ ရှိနေသည့်အတွက် မဖြစ်နိုင်ကြောင်း သူက ပြောဆိုသည်။

“ကျနော်ကတော့ ၅၀ ရာခိုင်နှုန်းကတော့ ကျော်မယ်လို့ ခန့်မှန်းတာပဲ။ ဒါတောင် ကျနော် လျှော့ပြောထားတာပါ၊ အဆိုးနည်းပြီး အကောင်း ဘက်ကို များသွားရင် ကျေနပ်ပါတယ်”ဟု သူက ဦးကိုကိုက ဆိုသည်။

ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားလွှတ်တော် များအ တွက် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာ၊ မဲရုံပေါင်း ၈၃၂၄ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆၄ သိန်းကျော်ရှိပြီး နိုင်ငံရေးပါတီ ပေါင်း ၁၇ ပါတီ နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ရွှေငါး၊ ဖားပြုပ်၊ စက်ရုပ်နှင့် ပဂျဲရိုး တို့ ကားဈေးကွက်အတွင်း နေရာယူ

အောင်ကြည် | သောကြာနေ့၊ မတ်လ ၃၀ ရက် ၂၀၁၂


ကားဟောင်း အစားထိုး လဲလှယ်ရေး အစီအစဉ်အရ ကားသစ်များကို ၂ဝဝ၆ ခုနှစ် မော်ဒယ် အထိ တင်သွင်းခွင့် ပြုနေသော်လည်း လက် ရှိ ကားဈေးကွက်အတွင်း ၂ဝဝဝ ခုနှစ် ဝန်းကျင် မော်ဒယ် ကားများသာ နေရာယူဆဲ ဖြစ်သည်ဟု ကားဝယ်ရောင်းများနှင့် ဈေးကွက် လေ့ လာသူများက ဆိုသည်။


ချင်းပြည်နယ် ဘတ်ဂျက် လျာထားချက် ၀.၁ ရာခိုင်နှုန်းသာရှိ

သန့်စင်ငြိမ်းချမ်း on March 30, 2012


ချင်းပြည်နယ်၏ တနှစ်တာ အသုံးစရိတ် လျာထားချက်မှာ မြန်မာတနိုင်ငံလုံး အသုံးစရိတ်၏ ၀ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရ သည်။

၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတနိုင်ငံလုံး၏ အသုံးစရိတ် ဘတ်ဂျက် လျာထားချက်မှာ ကျပ် ၁၃,၀၄၀ ဒသမ ၆၇၅ ဘီ လီ ယံ ဖြစ်ပြီး ချင်းပြည်နယ်အတွက် လျာထားချက်မှာ ကျပ်သန်း ၁၃,၀၀၀ ဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၀ ဒသမ ၁ ရာခိုင်နှုန်း သာ ရှိနေ သည်။

ချင်းပြည်နယ်အစိုးရက တနှစ်တာ အသုံးစရိတ်အဖြစ် မူလက ကျပ်သန်း ၁၄,၀၀၀ လျာထားခဲ့ပြီး သန်း ၆,၀၀၀ ကို မိမိဘာသာ ရှာဖွေ ဖြည့်စွက်မည်ဖြစ်ကာ ကျန်ငွေများကို ဗဟိုအစိုးရက ထောက်ပံ့ပေးရန် တင်ပြခဲ့သည်ဟု ချင်းအမျိုးသားပါတီ(CNP) အတွင်း ရေး မှူး ဆ လိုင်း ကျဲအိုဘစ်ခ်ထောင်း က ဧရာဝတီကို ပြောသည်။

ဗဟိုအစိုးရက ချင်းပြည်နယ်၏ တောင်းခံငွေထဲမှ ကျပ်သန်း ၅,၀၀၀ သာ ထောက်ပံ့ကာ ကျန်ငွေများကို ထုတ်ချေးမည်ဟု အကြောင်းပြန် ခဲ့ကြောင်း သူက ဆက်ပြောသည်။

သို့သော် မတ်လ ဒုတိယပတ်တွင် ချင်းပြည်နယ်အတွက် အထူးကိစ္စရပ် အသုံးပြုရန်ဟုဆိုကာ ပြည်ထောင်စုအသုံးစရိတ်ထဲမှ ကျပ် သန်း ၂,၀၀၀ ထပ်တိုးပေးခဲ့ကြောင်း ချင်းတိုးတက်ရေးပါတီ(CPP) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇိုလှယ်ထန်းက ပြော သည်။

“လွှတ်တော်မှာ ဘဏ္ဍာရေးကော်မရှင်ဆီက စာလာတယ်။ စာမှာ ချင်းပြည်နယ်အတွက် နဂိုတင်ထားတာထက် ကျပ်သန်းပေါင်း ၂၀၀၀ ပို ပေးတယ်ဆိုတာ ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအားလုံးကို ဝေတယ်”ဟု သူက ပြောသည်။

ထို့ကြောင့် လာမည့် ဧပြီလ ၁ ရက်နေ့ကစတင်ကာ နောင်နှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ် အတွက် ချင်းပြည်နယ်၏ အသုံးစရိတ်သည် မူလ လျာထားသည့်ပမာဏထက် ကျပ်သန်း ၁,၀၀၀ လျော့နည်း သွားခဲ့သည်။

ကျပ်သန်း ၂၀၀၀ ထပ်တိုးပေးခြင်းနှင့် ပတ်သက်၍ ဆလိုင်း ကျဲအိုဘစ်ခ်ထောင်းက“ကျနော်တို့ ထင်တာကတော့ ထုတ်ချေးမယ့်ငွေကို ကူ ညီထောက်ပံ့တဲ့ ပုံစံမျိုး လုပ်လိုက်တာလို့ ထင်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အစိုးရ၏ အသုံးစရိတ်လိုငွေပြမှုမှာ ကျပ်သန်း ၆,၀၀၀ ကျော် (၆ ဘီလီယံ ကျော်) ရှိခဲ့သည်ဟု ချင်းပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးကျော်ငြိမ်းက ပြည်ပမီဒီယာတခုတွင် ထုတ်ဖော်ပြော ဆိုထားသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ သတ္ထုနှင့် သစ်တော၊ ဆက်သွယ် ရေး၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်း၊ စက်မှုနှင့် လျှပ်စစ်ဟူ၍ ဝန်ကြီးဌာန ၉ ခုရှိသည်။ ယင်းဌာနများတွင် ချင်းပါတီ ၂ ခုမှ ဝန်ကြီးတဦးစီသာ ပါဝင်ပြီး ကျန်ဌာနများမှာ စစ်ဘက်နှင့် ကြံ့ခိုင်ရေးပါတီ တို့မှ ဖြစ်သည်။

ချင်းပြည်နယ်လွှတ်တော်တွင် အမတ်၂၄ နေရာရှိပြီး CPP နှင့် CNP က ၅ ဦးစီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ(ENDP) မှ တ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၇ ဦး၊ တပ်မတော်သား အမတ် ၆ ဦးတို့ ပါရှိသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခု အနက် အဆင်းရဲဆုံးဖြစ်ကြောင်း၂၀၁၁ ခုနှစ် ဇွန်လအတွင်းကထုတ်ပြန် သော ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)၏ စစ်တမ်း၌ ဖော်ပြထားသည်။

ဆန္ဒပြရန် ပြင်ဆင်သည့်​ အလုပ်သမား​များ​နှင့်​ အာဏာပိုင်များ​ ရုန်း​ရင်း​ ဆန်ခတ် ဖြစ်

အေး​နိုင်

လုပ်အား​ခ တိုး​မြှင့်​ ရရှိ​ရေး​ ဆန္ဒပြဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ အတွင်း​ တိုင်ရီ ဖိနပ် စက်ရုံ အလုပ် သမား​ တွေရဲ့​ ကြိုး​ပမ်း​ မှုကို အုပ်ချုပ်​ ရေး​ အာ ဏာပိုင်​ တွေက တား​မြစ်မှု အပြီး​ ရုန်း​ရင်း​ဆန် ခတ်မှု ဖြစ်ပွား ​ရာမှာ မြို့​နယ် အုပ်ချုပ်​ ရေး​မှူး ​ဖြစ်သူ ဒဏ်ရာ အနည်း​ငယ် ရသွား​ ပါတယ်။

ဒီအဖြစ်အပျက်နဲ့​ပတ်သက်ပြီး​ ကိုယ်တိုင်သွား​ကြည့်​သူ တဦး​ကို ​နေ့​လည် ၁၂ နာရီမှာ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

အခု တိုင်ရီစက်ရုံ​ရှေ့​မှာ​ပေါ့​။ ဖြစ်ပျက်​နေတဲ့​ အ​ခြေအ​နေ​တွေကို ​ပြောပြပါဦး​။

“အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​အချက် မ​ပြေလည်တဲ့​အတွက် ဆက်ပြီး​ ဆန္ဒပြဖို့​ လုပ်တာကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​နဲ့​ ခရိုင်ရဲမှူး​က လာ တား​တယ်။ လမ်း​ပေါ်မှာ ဆန္ဒပြတာဟာ ဥပ​ဒေအရ တရား​မဝင်ဘူး​။ တရား​မဝင်တဲ့​အတွက် ဆန္ဒပြလို့​ မရတဲ့​အ​ကြောင်း​ကို လာ​ပြော တယ်။ အလုပ်သမား​တွေက မြို့​နယ် အုပ်ချုပ်​ရေး​မှူး​တွေ အရင်က ညှိခဲ့​တာမှာ အဆင်မ​ပြေတဲ့​ အခံရှိခဲ့​တဲ့​ အတွက် သူတို့​ ညှိတာကို လက် မခံ​တော့​ဘဲ ခဲ​တွေနဲ့​ပေါက်တာတို့​၊​ တွန်း​ထုတ်တာတို့​ လုပ်လိုက်တယ်။

မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ ဦး​တင်စိုး​ဆိုတဲ့​ လူရဲ့​ဗိုက်မှာ ပွန်း​ရှဒဏ်ရာ တခု ရသွား​တယ်။ ရဲ​တွေက အလုပ်သမား​တွေနဲ့​ ကိုက် ၅၀၊​ ၁၀၀ ​လောက် ကို ပြန်ဆုတ်လိုက်တယ်။ ပြီး​တော့​ အ​ခြေအ​နေကို ထိန်း​ဖို့​အတွက်ဆိုပြီး​ လုံထိန်း​တွေကို ​ခေါ်လိုက်တယ်။ ဒါ​ပေမယ့်​ ​နောက်ပိုင်း​ ဘာမှမဖြစ်​တော့​ဘဲ မြို့​နယ်အလုပ်သမား​ရုံး​နဲ့​ ညှိတဲ့​အဆင့်​လုပ်​နေတဲ့​အတွက် လုံထိန်း​တွေက ပြန်ရုပ်သွား​တယ်။ ပြဿနာ အကြီး​အကျယ် မတတ်​တော့​လို့​ပေါ့​။ ဒါက ​နောက်ဆုံး​ အ​ခြေအ​နေပါ။ ၁၁ နာရီ ၁၅ မိနစ်မှာ လုံထိန်း​တွေ ပြန်ရုပ်သွား​တာပါ။ သူတို့​ရောက်လာတာက ၉ နာရီ ဝန်း​ကျင် ​ရောက်လာတာ။ ပြဿနာတတ်တာက ၉ နာရီ​ကျော်မှာ ဖြစ်တာပါ။ အလုပ်သမား​ အင်အား​က ၅၀၀ ​ကျော်​လောက်​တော့​ ရှိမယ်။”

အခု အလုပ်သမား​တွေ ဘယ်​ရောက်သွား​ပါလဲ။

“အခုထိ ဆက်ညှိ​နေတုန်း​ပဲ။”

တိုင်ရီအလုပ်သမား​တွေက သူတို့​ရဲ့​ လုပ်အား​ခနစ်နာမှုနဲ့​ ပတ်သက်ပြီး​ ဝါဏိဇ္ဇပဋိပက္ခ ခုံရုံး​က ဆုံး​ဖြတ်​ပေး​လိုက်တဲ့​ လုပ်ခ လ စာနဲ့​ ပတ်သက်ပြီး​ မ​ကျေနပ်တာလား​။ ဘယ်လိုဖြစ်တာပါလဲ။

“ဟုတ်ပါတယ်။ ဝါဏိဇ္ဇခုံရုံး​က ဆုံး​ဖြတ်ချက်ကို မ​ကျေနပ်တဲ့​လူ​တွေက ဆက်ဆန္ဒပြတာ။”

လက်ရှိတည်ဆဲ ဥပ​ဒေအရ ဝါဏိဇ္ဇခုံရုံး​ကို တတ်ပြီး​ပြီ ဆိုရင် ဆန္ဒပြခွင့်​ မရှိ​တော့​ဘူး​လို့​ ကြား​သိရတယ်။ ဒီကိစ္စက ဟုတ်ပါ သ လား​။

“ဥပ​ဒေအရ​တော့​ ဟုတ်ပါတယ်။ အလုပ်သမား​တွေဘက်က အခွင့်​အ​ရေး​ အ​နေနဲ့​ ကြည့်​မယ်ဆိုရင် သူတို့​လုပ်ပိုင်ခွင့်​ထဲမှာ ဆန္ဒပြခွင့်​ရှိတယ်​လေ။ မရမချင်း​ ကြိုး​စား​ခွင့်​ရှိတယ်။”

ဆန္ဒပြအလုပ်သမား​တွေက လုန်ငန်း​ခွင်မဝင်ဘဲ ​နေကြ​တော့​ ဝင်​ငွေ ဘယ်ကရကြပါလဲ။

“ဒါ အခက်အခဲ ရှိ​နေပါတယ်။ အလုပ်သမား​သမဂ္ဂ​တွေ ဖွဲ့​ပြီး​ပြီ ဆို​ပေမယ့်​လည်း​ ဘဏ္ဍာ​ရေး​ပိုင်း​မှာ ​တောင့်​တင်း​မှုလည်း​ ရှိတာမဟုတ်​တော့​ အခက်အခဲ​တော့​ ရှိတယ်။ အလုပ်သမား​တွေထဲမှာ မိသား​စုနဲ့​ ​နေထိုင်တဲ့​သူ​တွေ ပါသလို၊​ အ​ဆောင်မှာ​နေတဲ့​ လူ​တွေလည်း​ ရှိ​တော့​ ဆန္ဒ ပြတဲ့​ ရက်ကလည်း​ ကြာလာပြီဆို​တော့​ ​နေ​ရေး​ထိုင်​ရေး​လည်း​ အခက်အခဲရှိတာ ​သေချာပါတယ်။”