Saturday, May 30, 2015

ထုတ်ပြန်ကြေညာထားသည့် အခြေခံမဲစာရင်းများတွင် အမှားအယွင်းပေါင်းစုံပါဝင်နေ

နော်နိုရင်း


ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်နဲ့ နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ ကြေညာထားတဲ့ အခြေခံမဲပေးခွင့်ရှိသူ စာရင်းတွေမှာ အမည်နဲ့ မွေးသက္ကရာဇ်တွေပါအ၀င် လွဲချော်မှားယွင်းမှုတွေ အများအပြား တွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇာနည်စိန်ဝင်းက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်ကောင်စီ ၈ မြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်က စုပေါင်း ၂၂ မြို့နယ်မှာ မေလ ၂၅ ရက်နေ့က အခြေခံ မဲစာရင်းတွေကို မဲဆန္ဒရှင်တွ စိစစ်နိုင်ဖို့ သီတင်း ၂ ပတ်ကြာ ကြေညာထားရာမှာ မှားယွင်းမှုတွေ ရှိနေတာလို့ ဦးဇာနည်စိန်ဝင်းက ပြောပါတယ်။

“ဥပမာ မွေးသက္ကရာဇ်တွေမှားနေတယ်။ နောက်တခုကကျတော့ စာလုံးပေါင်း မှားခြင်းပြဿ နာတွေရှိတယ်။ နောက် အဖ နာမည်တွေ လွှဲချော်မှုတွေရှိတယ်။ မှားတာကတော့ ပေါင်းစုံမှားနေတာ။ နောက်တခုက သူတို့ ကပ်လိုက်တဲ့ မဲစာရင်းက အရမ်းသေးတယ်။ အရမ်းသေးတဲ့အတွက် အသက်ကြီးတဲ့ ရွယ်အိုပိုင်းတွေက ကြည့်တဲ့နေရာမှာပြသနာရှိ နိုင်တယ်။ မျက်စိလျှန်းနိုင်တယ်။ အဲဒီပြသနာတွေရှိတယ်။ ပြီးတော့ အခြေခံမဲစာရင်းဆိုတာက ၆၆/၆ ကို အခြေခံပြီး ကောက်ထားတာ။ ဒါပမေယ့် တချို့ကျတော့ ယာယီသန်းခေါင်စာရင်းပါ ပါလာပြီ။ အဲဒါမျိုးက ယာယီသန်းခေါင်စာရင်းက ပါစရာ အကြောင်းမရှိဘူးလေ။ ဒါပေမယ့် ပါလာတယ်ပေါ့။ ဒါတွေ ကျနော်တို့ တွေ့ရတယ်။”

ဒါ့အပြင် နေပြည်တော်မှာ ကွယ်လွန်သွားသူတွေ မဲစာရင်းမှာ ပါနေတာတွေလည်းရှိပြီး သက်ရှိထင်ရှားရှိနေပါလျက် မဲစာရင်းမှာ နာမည်မပါသူတွေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

ရန်ကုန် သင်္ကန်းကျွန်းအခြေစိုက် အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကလည်း အခြေခံမဲပေးပိုင်ခွင့်ရှိသူ စာရင်းကြညာတဲ့နေရာမှာ သူ့နာမည်မပါဘူးလို့ ပြောပါတယ်။

“ကျနော်က သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရပ်ကွက်မှာနေပါတယ်။ မဲစာရင်းကပ်တဲ့အခါမှာ ၂၇ ရက်နေ့ကညမှာ ကျနော့်ကို ရပ်ကွက်ကော်မရှင်က လာပြောတယ်။ ဦးကျော်နာမည်မပါဘူးတဲ့။ အဲဒါ သူတို့ထည့်ဖို့အတွက်ကို သဘောထားပြောတော့ အဲဒါဆို ကျနော်က ခင်ဗျားတို့ ပြောတဲ့အတွက် မထည့်လိုဘူး။ ကျနော့် တာဝန်မရှိဘူး။ ကျနော်ဟာ ရွေးကောက်ပွဲတိုင်းမှာ မဲပေးခွင့်ရခဲ့တယ်။ အခုလည်း ကျနော် သန်းခေါင်စာရင်းရှိတယ်။ ကျနော် မဲပေးခွင့် ကျနော်မပါတာကတော့ ဒီအပေါ် ကျနော် သံသယဖြစ်တယ်လို့ ကျနော် အဲလိုပဲ ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကျနော် လွတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့တောင် မဲစာရင်းထဲမှာမပါဘူး ဆိုရင် ကျန်တဲ့သာမှန်လူထုအတွက်ကို မဲစာရင်းတွေကို ဘယ်လောက်ထိ သူတို့ ဝေ့လည်ကြောင်ပတ်လုပ်ထားမလဲတော့ ကျနော်မပြောနိုင်ဘူးလို့။ ဒီကိစ္စနဲပတ်သက်ပြီးတော့ လည်း ကျနော်လက် မခံဘူး။ ”

ဒါ့အပြင် လက်ရှိ ထုတ်ပြန်တဲ့မဲစာရင်းတွေဟာ လ၀က က ပေးထားတဲ့စာရင်းကို အခြေခံပြီး မဲပေးပိုင်ခွင့်ရှိသူကို ထုတ်နုတ်ပြီး စာရင်းပြုထားတဲ့အတွက် ဒါဟာ ခိုင်မာမှု မရှိဘူးလို့လည်း ဦးကျော်က ဝေဖန်ပါတယ်။ ဒါ့အပြင် ဒီခိုင်မာမှုမရှိတဲ့ မဲစာရင်းကို လူထုကို လာကြည့်ခိုင်းတာဟာ လူထုကို ၀န်ပိအောင်လုပ်ဆောင်နေတာလို့ ပြောပါတယ်။

ရန်ကုန်တိုင်း ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကတော့ ကြေညာထားတဲ့ ဒီမဲစာရင်းဟာ အခြေခံမဲစာရင်းဖြစ်တဲ့ အတွက် မည်သူမဆို လာရောက်ပြင်ဆင်နိုင်ဖို့ ဖိတ်ခေါ်ထားတာဖြစ်လို့ ပြောပါတယ်။

“အခုကျနော်တို့ လုပ်နေတဲ့ မဲစာရင်းက အခြေခံ မဲဆန္ဒရှင် ဆိုတဲ့ အခြေခံဆိုတဲ့ စာကားလုံးပါပါ တယ်။ အဲဒီတော့ ကျနော်တို့ ကြေညာကတည်းကလေ ကျနော်တို့ မဲစာရင်းက ပြည့်စုံပြီလို့ ပြောပြီး ကြေညာတာမဟုတ်ပါဘူး။ ကျနော်တို့ မဲစာရင်းသည်မှားနိုင်တယ်။ အားနည်းချက်တွေရှိ တယ်။ ဒါကြောင့် အားနည်းချက်တွေ ပြင်နိုင်အောင်လို့ မဲဆန္ဒရှင်တွေကို လာကြည့်ခိုင်းတာပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အဲလိုပါ။ အမှားအယွင်းတွေ ရှိမယ်လေ။ အဖေအမေနာမည်လွှဲ တာတွေရှိမယ်။ မှတ်ပုံတင်နံပါတ်တွေ ကိန်းဂဏန်းတွေ လွဲတာတွေရှိမယ်။ လိပ်စာမှားတာ တွေရှိမယ်။ မှားနိုင်ပါတယ်”

ခုကြေညာထားတဲ့ မဲစာရင်းဟာ အပြီးသတ် မဲစာရင်းမဟုတ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲအတွက် လက်၇ှိစာရင်းကို အခြေခံပြီး နောက်ထပ် မဲစားရင်ထပ်ပြီး ပြုစုရမှာဖြစ်တယ်လို့လည်း ဦးကိုကိုကပြောပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှာ ကိုယ့်နာ မည်ပါမပါ သွားရောက်ကြည့်ရှုကြဖို့၊ မဲစာရင်းမှာ နာမည်မပါသူတွေအနေနဲ့ ပုံစံ (၃)နဲ့ လျှောက်ထားဖို့၊ အချက်အလက် မှားနေပါက ပုံစံ (၄-ဂ) နဲ့ ကန့်ကွက်ဖို့၊ မဲစာရင်းမှာ မပါသင့် သူတွေဖြစ်တဲ့ ကွန်လွန်သူတွေနဲ့ ထောင်ကျနေသူတွေ ပါနေရင် ပုံစံ (၄)နဲ့ ကန့်ကွက်ဖို့ေ၇ွးကောက်ပွဲ ကော်မရှင်ကနှိုးဆော် ထားပါတယ်။

လက်ရှိ မဲစာရင်းတွေကြေညာထားတဲ့ ရန်ကုန်တိုင်းဒေသကြီး ၁၄ မြို့နယ်မှာ မဲဆန္ဒပေးနိုင်သူ ၁ဒသမ ၈ သန်းရှိပြီး နေပြည်တော် ကောင်စီ ၈ မြို့နယ်မှာ ခြောက်သိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က စာရင်း ထုတ်ပြန် ထားပါတယ်။

တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးနိုင်ရန် ရှမ်းပြည်တပ်မတော် ပူးပါင်းကြိုးပမ်းမည်

ရွှေအောင်


သတ်မှတ်ထားတဲ့အချိန်အတွင်း တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးနိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းဖို့ အစိုးရနဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းလို့ လူသိများတဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ ဆွေးနွေး သဘောတူခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ မေ ၂၉ ရက်က ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်တဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေတို့ တွေ့ဆုံဆွေးနွေးမှုအတွင်း အခုလို သဘောတူခဲ့ကြတာလို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

“တနိုင်ငံလုံး အပစ်ရပ်စာချုပ် အန်စီအေကို သတ်မှတ်ထားတဲ့အချိန်အတွင်း လက်မှတ်ထိုးနိုင်ဖို့ အရေးကြီးတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်း လက်မျတ်ထိုးနိုင်ဖို့ ၀ိုင်းပြီး ကြိုးပမ်းကြဖို့လည်း ၀န်ကြီးဦးအောင်မင်းတို့က တိုက်တွန်းတယ်၊ အာစီအက်စ်အက်စ် ကလည်း သူတို့ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ပါ့မယ်လို့ ပြောပါတယ်။”

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအနေနဲ့ ဇွန်လဆန်း ကရင်နယ်မြေ လော်ခီးလာမှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ လော်ခီး လာညီလာခံကို မတက်ဘူးလို့ အကြောင်းပြန်ထားပြီး အစိုးရနဲ့ ဒီနေ့ဆွေးနွေးပွဲမှာ လော်ခီးလာညီလာခံကို ကိုယ်စားလှယ်စေလွှတ်ဖို့ အစိုးရဘက်က တိုက်တွန်းခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာစီအက်စ်အက်စ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက “၀န်ကြီး ဦးအောင်မင်းက ကျနော်တို့ကို လော်ခီးလာညီလာခံ တက်စေချင်တယ်ပေါ့နော်၊ အန်စီအေ တပြည်လုံးအပစ်ခတ်ရပ်စဲရေးကိစ္စကလည်း အရေးကြီးတော့ ကျနော်တို့ အဖွဲ့အနေ နဲ့ သွားရောက်အားပေးပြီး ၀ိုင်းဝန်းဆောင်ရွက်ဖို့ ပြောတယ်။ ကျနော်တို့က အန်စီစီတီအဖွဲ့ ၀င်လည်း မဟုတ်တော့ လော်ခီးလာညီလာခံဟာ ကျနော်တို့နဲ့ တိုက်ရိုက်မပတ်သက်ဘူး၊ သူတို့ဖာသူတို့ လွတ်လွတ်လပ်လပ်ဆွေးနွေးပြီး သဘောထားထုတ်ပြန်ချက်တွေ ထွက်လာမှ အဲဒီကြေညာချက်ပေါ်မူတည်ပြီး အစိုးရအနေနဲ့ လက်မှတ်ထိုးတဲ့ထိ စောင့်ကြည့်မယ်။ ပြီးမှ အစိုးရက ကျနော်တို့ကို ဘာလုပ်စေချင်သလဲ ဆိုတဲ့ပေါ်မှာ မူတည်ဆောင်ရွက်သွားမယ်လို့ ပြန်ပြောခဲ့ပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ရဲ့ အလွတ်သဘောဆွေးနွေးပွဲ မနေ့ကပြီးစီးသွားပြီးနောက် ဒီကနေ့ ရှမ်းနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲကတွေ ဆက်လက်တွေ့ဆုံကြတာဖြစ်ပြီး ကေအိုင်အေအဖွဲ့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် မတွေ့ဖြစ်ခဲ့ကြပါဘူး။

အစိုးရဘက်က တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေကို ဇွန်လအတွင်း လက်မျတ်ထိုးနိုင်ဖို မျှော်မှန်းလုပ်ဆောင်နေပြီး အချိန်မီ လက်မျတ်ထိုးနိုင်ဖို့က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ လော်ခီးလာညီလာခံရလဒ်ပေါ်မူတည်နေပါတယ်။

ကုလနှင့် နိုင်ငံတကာ မီဒီယာများအားကန့်ကွက်ဆန္ဒပြပွဲ ရဟန်းရှင်လူ ၁ဝဝဝ ကျော် ပူးပေါင်းပါဝင်



ရွှေ့ပြောင်း ဘင်္ဂလီများအား နိုင်ငံ သားအဖြစ် လုပ်ကြံ လိမ်ညာ စွပ်စွဲမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာ မီ ဒီယာများအား ရဟန်း၊ ရှင်လူ ပြည်သူ ၁ဝဝဝ ကျော် က မေလ ၂၇ ရက် ယနေ့တွင် ရန်ကုန်မြို့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ကန့်ကွက် ဆန္ဒပြပွဲကို ဗိုလ်စိန်မှန် ကွင်းမှ နေ့လည် တစ်နာ ရီခွဲတွင် ကျိုက္ကဆံ လူထု ဟစ်တိုင်အထိ ကြွေးကြော်သံများ ကြွေးကြော်ကာ ချီတက် ကန့်ကွက်ဆန္ဒပြခဲ့ ကြသည်။ ကြွေးကြော်သံများမှာ “ ခိုးဝင် ဘင်္ဂလီအားပေးသူ (တို့ရန်သူ)” ၊ “ ကုလသ မဂ္ဂ( ဘက်မလိုက်ရ)” ၊ “ မတရားဖိအား (တို့ မလိုလား)” ၊ “ ရိုလိမ်ညာ မြန်မာမှာမရှိ” စ သည်တို့ ဖြစ်ကြသည်။

ဆန္ဒပြ ကန့်ကွက်ရာတွင် ဦးဆောင်ပါဝင်သူ အရှင် ဦးသုမန က “ ဒါဟာ တစ်မျိုးသားလုံးနဲ့ သက် ဆိုင်ပါတယ်။ ကိုယ့်နိုင်ငံသား မဟုတ်တဲ့ သူတွေကို အတင်း လက်ခံ ခိုင်းနေတာဟာ လူ့အခွင့်အရေး မဟုတ်ဘူးဆိုတာ ကမ္ဘာက သိစေဖို့ ဒီဆန္ဒပြပွဲကို ပါဝင်လာခဲ့ တာပါ” ဟု မိန့်ကြားသည်။

ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကို နောင်တော်လေးမှလည်း “ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မီဒီယာတွေက ခိုးဝင် ဘင်္ဂလီ တွေကို နိုင်ငံသားအဖြစ် အတင်းအဓမ္မ အသိအမှတ် ပြုခိုင်းနေတာတွေကို နိုင်ငံသား တစ်ယောက် အနေနဲ့ လက်မခံ လိုတဲ့ အတွက်ပါ” ဟု ဆိုသည်။

“ မြန်မာနိုင်ငံသား မဟုတ်တဲ့ ခိုးဝင် ဘင်္ဂလီတွေကို လက်မခံဖို့၊ ‘ရိုဟင်ဂျာ’ ဆို တဲ့ အလိမ်အညာ နာမည်ကို နိုင်ငံတကာ မီဒီယာတွေ သုံးစွဲ တွန်းအားမပေးဖို့ အတွက် တောင်းဆိုပါတယ် ” ဟု ဆန္ဒပြရခြင်း ရည်ရွယ်ချက် အား ယင်းက ဆက်လက်ပြောကြားသည်။

ဆန္ဒပြရာတွင် ပါဝင်သူ မသန္တာခိုင်မှ “ လှေစီး ဒုက္ခသည်တွေလို့ ကမ္ဘာက ဖိအားပေးနေသူတွေဟာ မြန်မာ နိုင်ငံသား တွေ မဟုတ်သလို ရိုဟင်ဂျာ ဆိုတာဟာ လည်း ကမ္ဘာမှာ မရှိပါဘူးဆိုတာ ကမ္ဘာက သိစေဖို့ အတွက်ပါ” ဟု ပြော သည်။

မြန်မာရေပိုင်နက်အတွင်း ဖမ်းမိ သည့် လှေစီး ဒုက္ခသည် ၂ဝဝ ကျော်မှာ ဘင်္ဂလာဒေရှ့် နိုင်ငံသားများ ဖြစ်ကြောင်းကို ၀န်ခံလိုက်ပြီ ဖြစ်သဖြင့် သူတို့အား မြန်မာ အစိုးရမှ သူတို့ မူရင်းနိုင်ငံကို ပြန်ပို့ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖမ်းရသူများကို ကြည့်ခြင်းအားဖြင့် မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတွင် ဖမ်းမိသား အများစုမှာ ဘင်္ဂလာဒေရှ့်မှ လာသူများ ဖြစ်ကြောင်းကို သက်သေ ပြနေသဖြင့် လှေစီးရေမျောကမ်းတင်များမှာ ဘင်္ဂလာဒေရှ့်နိုင်ငံသားများသာ ဖြစ်ကြောင်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ မီဒီယာများ သိရှိသင့်ကြောင်း မသန္တာခိုင်မှ ပြောဆိုသွားပါသည်။

အကျိုးတူလယ်ယာစနစ် အောင်မြင်ရန် ပြည်ပရင်းနှီးမြုပ်နှံသူတွေကိုလဲ ဖိတ်ခေါ်ဖို့ လို


NCCT နှင့် UPWC တို့ နိုင်ငံရေးမူဘောင် ဆွေးနွေး

ဖနိဒါ

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနှင့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ လော်ခီးလာ ထိပ်သီးအစည်းအဝေး ကျင်းပမည် ဖြစ်၍ မူကြမ်းအပေါ် ပြင်ဆင်မှုများ ရှိမရှိ လာရောက် ညှိနှိုင်းဆွေးနွေးခြင်းနှင့် နိုင်ငံရေးပွဲ မူဘောင် ရေးဆွဲရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များကို ပြောသည်။

“NCA ကို လက်မှတ်ထိုး ပြီးလို့ ရှိရင် အဖွဲ့နှစ်ဖွဲ့ ဖွဲ့မယ်။ အခု ဒီမှာ Frame Workနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီတွေက ပိုပြီးတော့ တက်ကြွနေတယ်။ သူတို့ဘက်က ဆွဲနေကြပါပြီ။ အဲတော့ ကျွန်တော်တို့ဘက်ကလည်း ဒါကိုတော့ ကြိုပြီးတော့ လုပ်သင့်တယ်။ ကျွန်တော်တို့တော့ မပါဘူး။ လုပ်ငန်းအဖွဲ့ ကြိုပြီးတော့ ဆွေးနွေးကြရမယ်။ ဒီကိစ္စကို လော်ခီးလာမှာ သူတို့ ကြိုလုပ်ချင်တဲ့ အကြောင်းကို သူတို့ အမိန့်တောင်းပါတယ်။ ကျွန်တော်တို့ဘက်ကလည်း လူကြီးတွေကို ပြန်လည် ပြောပြမယ်။ ပြောပြပြီးတော့ ရတယ်ဆိုရင် လုပ်ငန်းအဖွဲ့က စဆွေးနွေးပါ့မယ်။ လုပ်ငန်းအဖွဲ့က ထွက်လာတဲ့အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့က ဆက်ပြီး လုပ်ပါ့မယ်”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint monitoring committee) ဖွဲ့စည်းခြင်းနှင့် နိုင်ငံရေးမူဘောင်ရေးဆွဲရေးကော်မတီ (Political Dialodge Committee) တို့ ပူးတွဲ ဖွဲ့စည်းကာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ရေးဆွဲမည် ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။

ထို့ပြင် NCCT တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့မှ ၁၅ ဖွဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီး အာင်းတပ်မတော် (TNLA)သည် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းပြီးပါက ဆက်လက် ပါဝင်ဆွေးနွေးနိုင်သည်ဟု ဦးအောင်မင်းက ပြောဆိုခဲ့သည်။

ကိုးကန့် (MNDAA)၊ တအာင်းတပ်(TNLA)နှင့် ရခိုင်တပ်မတော်(AA) အဖွဲ့အစည်း သုံးဖွဲ့အား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးမှုတွင် ပါဝင်ခြင်း ရှိမရှိဟူသော မေးမြန်းမှုကိုမူ တိုင်းရင်းသား အဖွဲ့ အစည်းများအား တံခါးပိတ်ထားခြင်း မရှိသော်လည်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် လုပ်သင့်သည်ဟု ပြောဆိုခဲ့သည်။

NCA လက်မှတ်ရေးထိုးမှုတွင် လက်ရှိ အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားနေသော အဆိုပါ အဖွဲ့အစည်း သုံးဖွဲ့အား ချန်ထားခြင်း မရှိစေမည့် အာမခံချက်နှင့် ယင်းအဖွဲ့အစည်းများအား စစ်ရေးအရ စစ်ဆင်တိုက်ခိုက်ခြင်းများ မရှိစေရန် ဟူသော အာမခံချက်များ တင်ပြခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“တိုင်းရင်းသားတွေဘက်ကတော့ ဘယ်သူမှ မချန်ချင်ဘူး။ သို့သော် အစိုးရဘက်ကတော့ မချန်လို့ မဖြစ်တာ ရှိတယ်ဆိုပြီးတော့ ငြင်းတယ်။ အဲဒီ မချန်လို့ မဖြစ်ဘူးဆိုရင် ပါနိုင်တဲ့ နည်းလမ်းကို အာမခံချက်ပေးပါလို့ ကျနော်တို့က တောင်းတယ်။ လောလောဆယ် မပါနိုင်သေးဘူးဆိုရင် အဲဒီ ချန်ထားတဲ့အဖွဲ့ကို စစ်ရေးအရ ချယ်မုန်းတာတို့ စစ်ဆင် တိုက်ခိုက်တာတို့ မလုပ်ဖို့ အာမခံနိုင်သလား။ အဲဒီအာမခံချက်တွေရှိရင် ကျွန်တော်တို့ ခေါင်းဆောင်တွေက ဒို့ ရဲဘော် ရဲဘက်တွေ ချန်နေတယ်ဆိုရင်လည်း သူတို့ကို နစ်နာအောင် မလုပ်ဘူး အာမခံချက်ရှိရင် ကျွန်တော်တို့ ခေါင်းဆောင်တွေက သဘောတူရင် တူမှာပေါ့။ NCAကို။ သက်ဆိုင်ရာ အစိုးရကို ပြန်တင်ပြဖို့တော့ ကျွန်တော်တို့ မှာလိုက်တယ်”ဟု ၎င်းက ပြောသည်။

NCA လက်မှတ်ရေးထိုးပွဲတွင် ပါဝင်မည့် သက်သေများ၊ သက်သေများ ပါဝင်ရေးနှင့် ပတ်သက်၍ နှစ်ဖက် သဘောတူညီမှု မရသေးကြောင်း သူက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရန် ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းနှင့် မူဘောင်ရေးဆွဲရေး ပူးတွဲ ကော်မတီတို့ မူဘောင်ရေးဆွဲနိုင်ရန် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

UPWC နှင့် မတွေ့ဆုံမီ MPC နှင့်NCCT တို့ ၃၀ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် UPWC ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်မောင်ကြီး၊ ဦးသန်းဌေးတို့ ပါဝင်ပြီး MPC မှ ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦးနှင့် ဦးညိုအုန်းမြင့်တို့ ပါဝင်၍ NCCT ဘက်မှ နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Wangtarn resort တွင် မေလ ၂၈ ရက်တွင် မွန်းလွဲပိုင်းက ၂ နာရီကျော်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များသည် မနက်ဖြန် မေလ ၂၉ ရက်တွင် ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့နှင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

မြန်မာ့လူဦးရေနောက်ဆုံးစာရင်း ရှေ့ပြေးစာရင်းထက် ၇ သောင်းသာကွာ

ဟိန်းကိုစိုး

မြန်မာနိုင်ငံ၏ နောက်ဆုံးလူဦးရေစာရင်းသည် ရှေ့ပြေးထုတ်ပြန်ထားသည့် စာရင်းထက် လူဦးရေး ၇ သောင်းသာကွာနေကြောင်း ၂၀၁၅ ခုနှစ် မေလ ၂၉ရက်တွင် ထုတ်ပြန်သည့် သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ထုတ်ပြန်ချက်မှ သိရှိရသည်။

"ဟုတ်ပါတယ် ရှေ့ပြေးစားရင်ထက် ၇သောင်းလောက်ပဲကွာပါတယ်။ အရင်ကတည်းက ကွာဟမှုရှိနိုင်တာကို ကျွန်တော်တို့ အရင်ကလည်း ပြောထားခဲ့ပါတယ်" ဟု ဗဟိုသန်းခေါင်းစာရင်းကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က ပြောသည်။

၂၀၁၅ခုနှစ်မေလ ၂၉ရက်တွင် ထုတ်ပြန်သည့် လူဦးရေးစာရင်းအရ မြန်မာနိုင်ငံလူဦးရေသည် ၅၁ ဒဿမ ၄၈ သန်းရှိပြီး ၂၀၁၄ခုနှစ် သြဂုတ်လ ၃၁ရက်ထုတ်ပြန်သည့် စာရင်းတွင် ၅၁ ဒဿမ ၄၂ သန်းဖြစ်သည်။ ယင်းစာရင်းများတွင် သန်းခေါင်းစာရင်းကောက်ခံသည့် ၂၀၁၄ခုနှစ် မတ်လ ၂၉ရက်မှ ဧပြီလ ၁၀ ရက်ထိ ကောက်ယူရရှိ သည့် စာရင်းများအပြင် ကောက်ယူမရသည့် စာရင်းများလည်း ပါဝင်သည်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းတွင် ရခိုင်မှ ဘင်္ဂါလီများ၊ ကချင်ပြည်နယ် ကေအိုင်အို(ကချင်လွတ်မြောက်ရေး အဖွဲ့) နှင့် ကရင်ပြည်နယ် ကေအန်င်ယူ (ကရင်အမျိုး သားအစည်းအရုံး) နယ်မြေအချို့ လူဦးရေစုစုပေါင်း ၁ ဒသမ ၂ သန်းကို ကောက်ယူရရှိခဲ့ခြင်းမရှိပေ။

သန်းခေါင်စာရင်း နောက်ဆုံးရလဒ်အရ လူဦးရေ ၅၁ ဒဿမ ၄၈ သန်းတွင် အမျိုးသမီးဦးရေ ၂၆ ဒသမ ၇ သန်းခန့်(၅၁.၇၈ ရာခိုင်နှုန်း) နှင့် အမျိုးသားဦးရေ ၂၅ ဒဿမ ၈ သန်း(၄၈.၂၂ ရာခိုင်နှုန်း) ထိပါရှိပြီး၊ အမျိုးသမီးက အမျိုးသားဦးရေထက် ၂ရာခိုင်နှုန်းကျော် များပြားကာ အမျိုးသမီး ၁၀၀ဦးရှိတိုင်း အမျိုးသား ၉၃ဦး သာရှိသည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများမှာ ၂သန်းကျော်သာရှိကြောင်း သန်းခေါင်းစာရင်း ရလဒ်တွင် ဖော်ပြထားသည်။

၂၀၁၄ခုနှစ် မတ်လ ၂၉ရက်မှ ဧပြီလ ၁၀ ရက်ထိအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ကောက်ခံနိုင်မှု မရှိသည့် ကချင်၊ ကရင်နှင့် ရခိုင်ပြည်နယ်မှ လူဦးရေ ၁ ဒဿမ ၂ သန်း၏ စာရင်းများကို အမျိုးသားသန်းခေါင် စာရင်းဆိုင်ရာ ကော်မတီ၊ နိုင်ငံတစ်ကာ သန်းခေါင်စာရင်းဆိုင်ရာ နည်းပညာာ အထောက်အကူပြုအဖွဲ့ ITAB အဖွဲ့၊ ပြည်တွင်း ပြည်ပ၊လူဦးရေပညာရှင်များနှင့် ခန့်မှန်းတွက်ချက် ထည့်သွင်းခြင်းဖြစ်ကြောင်း သန်းခေါင်စာရင်း ကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင် ကပြောထား သည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ၁ ဒသမ ၀၅ သန်းထိရှိပြီး ၇သိန်းကျော်မှာ ယာယီသက်သေခံ ကဒ်ပြားကိုင်ဆောင်သူများဖြစ်ကြောင်း

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဆိုထားသည်။ ၂၀၁၅ခုနှစ် မေလ ၂၉ရက်တွင် ထုတ်ပြန် သည့် သန်းခေါင်စာရင်းရလာဒ်သည် ကျန်ရှိသူ ကောက်ယူရရှိမှု မရှိသည့် ဦးရေကိုသာ ခန့်မှန်းတွက်ချက်ထည့်သွင်းထားပြီး ကောက်ယူမရသည့် ပြည်သူများ၏ ကျန်အချက်အလက်များကိုမူ ထည့်သွင်းထားခြင်းမရှိကြောင်း ဦးမြင့်ကြိုင်က မဇ္ဈိမကိုပြောသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ လွိုင်ကော်မြို့တော်ခန်းမတွင် တွေ့ဆုံ

ကျော်ခ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ၎င်းတို့ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လွိုင်ကော် မြို့တော်ခန်းမတွင် မေ ၂၈ ရက်မှ ၃၀ ရက် အထိ ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲကို လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ လွိုင်ကော်မြို့ ဆက်ဆံရေးရုံးမှ တာဝန်ခံများ တက်ရောက်ကြပြီး အစိုးရ၊ တပ်မတော်တို့နှင့် ဆက်ဆံရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား အဖြေရှာနိုင်ရေးကို ဆွေးနွေးဖလှယ်ကြခြင်း ဖြစ်ကြောင်း KNPP လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ပြောသည်။

“အဓိက ကတော့ ကျနော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လို အဖြေရှာပြီး ဖြေရှင်းကြမလဲ ဆိုတာကို ညှိနှိုင်း ဆွေးနွေးကြတာပါ ” ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ဆိုသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ KNPP အပါအဝင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။

ယခုကဲ့သို့ တွေ့ဆုံမှုသည် တတိယ အကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ယခင်က တကြိမ်စီ အလှည့်ကျ ပြုလုပ်ခဲ့သည်။

အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့ ၁၄ ဖွဲ့ ရှိသော်လည်း ယခု ၇ ဖွဲ့သည် ဥရောပ မြန်မာရုံး (EBO) ၏ ဒေသဖွံ့ဖြိုးရေး အထောက်အပံ့ ရယူထားသည့် အဖွဲ့များအဖြစ် သီးခြားတွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းးသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများကို တရားဝင် ဖွင့်ခွင့်ပြုထားသော်လည်း လက်တွေ့၌ အစိုးရ၊ တပ်မတော်တို့နှင့် ဆက်သွယ် ညှိနှိုင်းလုပ်ဆောင်ရသည့် ကိစ္စရပ်များ၌ အခက်အခဲများ ကြုံတွေ့နေရပြီး ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင်လည်း ဟန့်တားပိတ်ပင်မှုများ ရှိနေဆဲဖြစ်သည်ဟု တိုင်းရင်းသားများဘက်က ပြောသည်။

“ဒေသခံတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း တခုလုပ်ရင် တားမြစ်တာတွေ ရှိတယ်။ အထက်ကို စာတင်ပါ ပြောတယ်။ တင်တယ်၊ အကြိမ်ကြိမ် တင်တယ်၊ ကျမလာဘူး၊ အကြောင်းလည်း မပြန်ဘူး” ဟု KNPP ဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ပြောသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၄ ဖွဲ့ အကြား ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားပြီး ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားသော်လည်း အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မေလဆန်းက ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ပေါ်ရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ၏ ဆက်ဆံရေးရုံးကို သေနတ်များ ကိုင်ထားသည့် စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) က အကြောင်းပြချက် မရှိဘဲ ဝင်ရောက် စီးနင်းရှာဖွေမှု ဖြစ်ပွားခဲ့သည်ဟု တိုင်းရင်သားများက ပြောသည်။

ဘီဘီစီသတင်းထောက်ကို တတိယအကြိမ်ရုံးထုတ် စစ်ဆေး


ရန်ကုန် - ဒလ ကြိုးတံတားတွင် ဒလ ဒေသအတွက် ရေပိုက်များလည်း ပါဝင်မည်ဟု ဆို

စိုးသန်းလင်း

ကိုရီးယား - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်မည့် ရန်ကုန် - ဒလမြစ်ကူးတံတားတွင် ဒလသို့ သောက်သုံးရေပို့မည့် ရေပိုက်များ ထည့်သွင်းရန် တံတားဒီဇိုင်း၌ ရေပိုက်များထည့်သွင်းရေးဆွဲထားသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ပြောကြားသည်။

“ဒလမှာ ရေရှားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မလှမ်းမကမ်းမှာရှိတဲ့ ဒဂုံတံတားကြီးကို တည်ဆောက်စဉ်တုန်းက ဒီတံတားကြီးပေါ်ကနေဖြတ်ပြီးတော့ ပိုက်သွယ်ပြီး ဒလကို ရေပေးဖို့ဆိုပြီးတော့ တင်ပြခဲ့တာ ရှိပါတယ်။ မူလဒီဇိုင်းမှာ ပါဝင်ခြင်း မရှိတဲ့အတွက် မလုပ်ပါနဲ့၊ရေပေးတာ သီးခြားလုပ်ပါဆိုပြီး အဲဒီတုန်းက နိုင်ငံတော်အကြီးအကဲက မိန့်ကြားခဲ့တာ ရှိပါတယ်။ ဒါကြောင့် အခု တံတားအတွက် အကြို အင်ဂျင်နီယာ လုပ်ငန်းတွေ လုပ်နေချိန်ဖြစ်လို့ တံတားမှာ ရေပိုက်တွေ ထည့်သွင်းဖို့ကိစ္စကို တံတားဒီဇိုင်းမှာ ပါဝင်အောင် ထည့်သွင်းသွားပါမယ်” ဟု ၎င်းက ပြောကြားသည်။

ဒလမြို့သည် ရန်ကုန်မြစ်ဝမှ ၃၄ ကီလိုမီတာ အကွာတွင်ရှိပြီး ရန်ကုန်နှင့် ရန်ကုန်မြစ်တစ်ခုသာ ခြားသော်လည်း ရန်ကုန်နှင့် အလှမ်းကွာနေကြောင်း၊ ရန်ကုန်မြို့သည် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ တွံတေးတူးမြောင်း၊ ပုဇွန်တောင်ချောင်း စသည်တို့က ၀ိုင်းရံထားသည့်အတွက် တစ်နေရာမှ တစ်နေရာကို ကူးသွားနိုင်ဖို့ တံတားများ လိုအပ်လာသဖြင့် ယခုကဲ့သို့ မြစ်ကူးတံတားဆောက်လုပ်ရခြင်း ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောသည်။

“ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေဟာ Road Network (လမ်းပန်းကွန်ရက်) အားနည်းနေလို့ အခုလို တံတားတွေ ဆောက်ရတာပါ၊ ရန်ုကုန် - ဒလ တံတားရဲ့ ရေလမ်း ကင်းလွတ်အမြင့်ဟာ ၄၉ မီတာ (၁၆၀ ပေ) ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမြင့်ဆုံး ပေးထားတဲ့ရေလမ်းကင်းလွတ်မှုလည်း ဖြစ်ပါတယ်” ဟုလည်း ဒုဝန်ကြီးက ပြောသည်။

တံတားတည်ဆောက်မှု ကုန်ကျစရိတ် ရန်ပုံငွေနှင့် ပတ်သက်ပြီး EDCF က ၈၂ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက ၁၈ ရာခိုင်နှုန်း ပါဝင်ကြမည် ဖြစ်ရာ EDCF က အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း ပါဝင်ပြီး မြန်မာနိုင်ငံက ၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံ ကိုရီးယား ကုမ္ပဏီများကို တင်ဒါခေါ်ယူပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်ဖမ်းဆီးထားသူများကို ရုံးထုတ်စစ်ဆေး

နော်နိုရင်း


ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးထားသူတွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးမှာ မတရားအသင်းပုဒ်မ ၁၇(၁) စွဲချက်နဲ့ တရားစွဲဆို ရုံးထုတ်စစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ် နေရာပေါင်းစုံက လူတွေကို စစ်တပ်က ဖမ်းဆီးပြီး ၁၁ ဦးကို မေ ၂၈ ရက်နဲ့ အယောက် ၂၀ ကို မေ ၂၉ ရက်နေ့တွေမှာ ရုံးထုတ်စစ်ဆေးတယ်လို့ ဖမ်းဆီးခံရသူဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးဦးထွန်းလှက ပြောပါတယ်။

“ဒီနေ့က အယောက် ၂၀ ထုတ်ပါတယ်။ ၁၀ ယောက်က ၁ မှု၊ ၇ ယောက်က ၁ မှု၊ ၃ ယောက်က ၁ မှု စုစုပေါင်း အမှု ၃ မှုပေါ့နော်။ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ ပုဒ်မ ၁၇ (၁ -၂ ) အရ တရားစွဲဆိုတာပေါ့နော်။ အဲဒီမှာ ဒီကနေ့ ကျနော်တို့ ရှေ့နေပါဝါတင်ပြီးတော့ တရားလို စစစ်ပါတယ်။ တရားလိုက ကျောက်တော်မြို့နယ်စခန်းမှူး ဦးမင်းလွင်ပေါ့နော်။ ဒီနေ့ ထူးခြားတာကတော့ စကခ (၉) က ဗိုလ်ကြီးက တရားခံပါ သက်သေတွေပစ္စည်းတွေ လာအပ်တဲ့အတွက် သူက အမှုဖွင့် တရားစွဲဆိုတယ်ဆိုတဲ့အချက်က ပေါ်ပေါက်ပါတယ်။ သူတို့ကို ကိုယ်တိုင်က ဖမ်းမိတာတော့မဟုတ်ဘူး။ စရဖကနေ စစ်ဆေးပြီးမှ လာအပ်တဲ့အတွက် သူက အမှုဖွင့် တရားစွဲဆိုရတယ်ဆိုတဲ့အကြောင်း ပေါ်ပေါက်ပါတယ်။”

မေ ၂၈ ရက်နေ့ကလည်း ၁၁ ဦးကို ရုံးထုတ်ခဲ့ပြီး လာမယ့် ဇွန် ၂ ရက်နေ့မှာ နောက်ထပ် ၁ ဦးကို သီးသန့်ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီကနေ့ ရုံးထုတ်တဲ့ အယောက် ၂၀ ကိုတော့ ဇွန် ၄ ရက်နေ့ ပြန်လည်ချိန်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံ၊ ပလဲဝ အစရှိတဲ့ နယ်ပေါင်းစုံက လူ ၃၂ ဦးကို စစ်တပ်က ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထားသူအများစုဟာ ရက္ခိုင့်တပ်မတော်က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ကျောက်တော် မြို့မရဲစခန်းမှူး ရဲမှူးဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။

မင်းပြားမြို့နယ် ငါးဇင်ရိုင်းချောင်း ကျေးရွာက ကျောင်းဆရာ ဦးရွှေလုံးက ပြီးခဲ့တဲ့လက ဖမ်းဆီးခံရတာလို့ သူ့အတွက် ကူညီပေးတဲ့ ရွာသားတဦးက ပြောပါတယ်။

“သူ့နာမည်က ရွှေလုံး၊ အုတ်ဖုတ်လုပ်နေတဲ့အချိန်မှာ သူ့ကို ဖမ်းဆီးသွားတာပဲ။ သူက ရက္ခိုင့်တပ်မတော်နဲ့ အဆက်အသွယ်ရှိလား၊ မရှိလားတော့ ကျနော်တို့ မသိဘူး။ သူက စစ်ကိုင်းကျောင်းဆင်း ကျောင်းဆရာလေ။ သူက မဟုတ်ဘဲနဲ့ အဖမ်းခံလိုက်ရတာ၊ သူက လူမှုရေးလုပ်နေတဲ့သူတယောက်၊ သူ့ကို အဲလို ဖမ်းဆီးတော့ စိတ်မကောင်းဖြစ်မိတာပေါ့။”

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရ စစ်ကြောင်းတွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရာနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

ဒီပဲယင်းကျောက်စာ ရုပ်သံမှတ်တမ်း


လူနှစ်ဦးကို လက်ပြန်ကြိုးတုပ်သတ်ပြီး အင်းတကော်တွင် လာရောက်စွန့်ပစ်သွားသည့် အဖွဲ့မှ နှစ်ဦးကို တရားခံပြေး ကြေညာမည်

ကျော်စိုးမိုး

ညီအစ်ကို နှစ်ဦးကို လက်ပြန်ကြိုးတုပ် သတ်ပြီး ကားဖြင့် လာရောက်စွန့်ပစ်ခဲ့သည့် အဖွဲ့မှ ပူးပေါင်းပါဝင်သူ နှစ်ဦးကို ဖမ်းဆီးမိရန် ကျန်ရှိနေပြီး ၎င်းတို့ကို တရားခံပြေးများအဖြစ် ကြေညာရန် ဆောင်ရွက်နေကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး လှဦးက မေ ၂၇ ရက်တွင် ပြောသည်။

ဒုတိယ ရဲမှူးကြီး လှဦးက “အဓိက ကျူးလွန်သူ အပါအ၀င် လေးဦးကို ဖမ်းမိထားပါတယ်၊ ပူးပေါင်းပါဝင်သူ နှစ်ဦး လွတ်နေပါသေးတယ်၊ တရားခံပြေးအဖြစ် ကြေညာသွားမှာပါ” ဟု ပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိထားသည့်သူလေးဦးကို ပဲခူးခရိုင် တရားရုံးတွင် တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်နေပြီး ကျန်နှစ်ဦးကိုလည်း အမှုဖွင့်၍ တရားခံပြေးများအဖြစ် ကြေညာသွား မည် ဖြစ်သည်။

အမှု၏ အဓိက ကျူးလွန်သူ ကိုမျိုးသက်ကို မေ ၇ ရက်က ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင်းနှင့် ကိုကျော်သူရမှာ မေ ၁၄ ရက် ညပိုင်းက ဘားအံ ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းပါဝင်ခဲ့သည့် ကားသမားနှစ်ဦးကို လှိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ မေ ၅ ရက်၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အင်းတကော်နယ်မြေတွင် လက်ပြန်ကြိုးတုပ် အနေအထားဖြင့် လူနှစ်ဦးကို သတ်ပြီး ပရိုဘောက်ကားဖြင့် လာရောက်စွန့်ပစ် သွားကာ သေဆုံးသူမှာ စမ်းချောင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်များတွင် နေထိုင်သည့် အသက် ၅၀ အရွယ် ဦးညွန့်ဝေနှင့် ဦးညွန့်ဆွေတို့ ညီအစ်ကိုနှစ်ဦး ဖြစ်သည်။

ဖမ်းဆီးရမိထားသူများကို စစ်ဆေးချက်အရ ငွေကြေးလိမ်လည်မှုကြောင့် လူသတ်ခဲ့ခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်ဟု ပဲခူးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်ကို အင်းတကော်နယ်မြေ ရဲစခန်းက (ပ) ၅၈/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်သည်။

ပုဒ်မ(၅-ည) အပေါ် နိုင်/ကျဉ်းဟောင်းများ ပြောစကား


အော်ရီဒူးဖုန်းတိုင် တည်ဆောက်မည့်နေရာ ကန့်ကွက်ကြောင်း အစိုးရထံ တင်ပြ

ဆန်းဖြိုးထွန်း

လွိုင်ကော်မြို့မင်္ဂလာရပ်ကွက်ရှိ အာဇာနည် ကျောက်တိုင်ကွင်း နှင့် တောင်ကွဲစေတီ ရှေ့တွင် အော်ရီဒူးဖုန်း ကုမ္ပဏီက တာဝါတိုင် စိုက်ထူးနေခြင်းကို ဒေသခံများ ကန့် ကွက်ကြောင်း ပြည်နယ်အစိုးရထံ တင်ပြကြသည်။

မေ ၁၉ ရက်က ကန့်ကွက်သူ ၈၉ ဦး လတ်မှတ်ရေးထိုးထားသည့်စာကို ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများထံ တင်ပြခဲ့ကြသည်။

လွိုင်ကော်မြို့ခံ ဦးသက်တင်က “ကယားပြည်နယ်ရဲ့ အမွေနစ် တောင်ကွဲစေတီကြီး ကွယ်သွားမှာ တခုရယ် နောက်ပြီးတာဝါတိုင် အာဇာနည် ကျောက်တိုင်ကုန်းမြေ တဝက်ပါတာရယ်ကို ကန့်ကွက်ထားတာ” ဟု ပြောသည်။

တာဝါတိုင်မတည်ဆောက်မီက မင်္ဂလာရပ်ကွက်ရပ်ကျေးဥက္ကဋ္ဌ ရုံးတွင် အစည်းအဝေး ခေါ်ပြီး မဲခွဲဆုံးဖြတ်ရာ ၉ မဲ ၃ မဲ ဖြင့် ကန့်ကွက်သူများက အနိုင်ရခဲ့သည်။

သို့သော် စည်ပင်သာယာရေး အမှုဆောင် ကိုယ်စားလှယ်က အိမ်နီးချင်းများ ထောက်ခံမှုကို ရယူပြီး တာဝါတိုင် စိုက်ထူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

တာဝါတိုင်ကို တောင်ကွဲစေတီရှေ့တွင် စိုက်ထူခြင်းကို ကန့်ကွက်ပြီး ဆန္ဒပြတောင်းဆို ပါက လူထုကို ၀န်းရံမည်ဟု ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင် ကပြောသည်။

“ကျနော်တို့က ကန့်ကွက်တယ်၊ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ဆောင်ရင်လည်း ဝန်းရံပါဝင်သွားမယ်” ဟု သူက ပြောသည်။

ကန့်ကွက်မှုကြောင့် တာဝါတိုင် တည်ဆောက်မှုများကို ခေတ္တရပ်နားထားပြီး လက်ရှိ ဖောင်ဒေးရှင်းများ တူးဖော်ပြီးစီးနေပြီဟု ဆိုသည်။

ထိုကိစ္စအတွက် မြို့နယ်စည်ပင်သာယာကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ငပလီ တွင်အများပြည်သူပိုင် အပမ်းဖြေနေရာဆိုတဲ့ ဆိုင်းဘုတ်တွေစိုက်ထူ


သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးနှင့် လက်နက်များ တာချီလိတ်တွင် ဖမ်းမိ

ကျော်စိုးမိုး

ကျပ်သိန်း တစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ် မေ ၂၆ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

နေပြည်တော် မူးယစ်တပ်ဖွဲ့၊ တာချီလိတ် မူးယစ်တပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်နှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ၀မ်လုံးအုပ်စု၊ လွယ်စတုံ(အပေါ်) ရွာတွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ဦးလီရှား၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ WY စာတမ်းပါ ပန်းရောင် ဆေးပြား ၄,၅၄၆ ပြား၊ တန်ဖိုးငွေကျပ် ၁၁၃ သိန်းကျော်ဖိုး သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ်၊ မ ကာဟိုခမ်းရပ်ကွက်၊ ဘုရင့်နောင်လမ်း ရှိ အသက် ၄၇ နှစ်အရွယ် ဦးအားဆူ၏ နေအိမ်ကို ဆက်လက်၍ ၀င်ရောက်ရှာဖွေရာ ဦးအားဆူကို မတွေ့ဘဲ ၎င်း၏ သားဖြစ်သူ အသက် ၂၀ အရွယ် စိုင်းမြတ်နိုးကျော်နှင့်အတူ အမျိုးသားတစ်ဦးကိုတွေ့ပြီး နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၃၅,၆၀၀ ပြား၊ တန်ဖိုးငွေကျပ်သိန်း ၈၉၀ ခန့်၊ ပစ္စတိုသေနတ် ၂ လက်နှင့် ကျည် ၂၁ တောင့်၊ လေသေနတ် အတိုတစ် လက်၊ ကျည်အမျိုးအစားပေါင်းစုံ ၇၈ တောင့်နှင့် ကျောက်စိမ်းအရိုင်းတုံး ၂ တုံးကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးကိုဖမ်းဆီးပြီး ဦးအားဆူကို ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေသည် ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များမှ မူးယစ်ဆေးဝါးတန်ဖိုးကျပ် ၁,၀၀၃ သိန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်သူများကို တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှာ လူဦးရေတိုးပွားနှုန်းကိုထိန်းချုပ်ဖို့မလိုသေးဘူးပြော


တိုင်းရင်းသား မျိုးနွယ်စု ပိုများလာဟု ၀န်ကြီး ဦးခင်ရီပြော

သူဇာ

၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာနှင့် သန်းခေါင်စာရင်း ကောက်ယူမှုအရ မြန်မာနိုင်ငံတွင် ယခင်ရှိပြီးသား တိုင်းရင်းသား ၁၃၅ မျိုးထက် မျိုးနွယ်ပေါင်း ငါးဆခန့် ပိုများလျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောဆိုလိုက်သည်။
နေပြည်တော်ရှိ Myanmar International Convention Center (2) အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက ကျင်းပသော လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှု အသေးစိတ် ရလဒ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီး ဦးခင်ရီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးခင်ရီက“အရင် တိုင်းရင်းသား ၁၃၅ မျိုးထက်ကို လေး၊ ငါးဆလောက် ပိုများလာတယ်။ နောက်ပြီး ကုဒ်နံပါတ်တွေလည်း ပိုလာတော့ အဲဒါတွေကို အသေးစိတ် ထွက်လာဖို့ ဆိုရင် ၂၀၁၆ ခုနှစ်လောက်မှ ထုတ်ပြန် နိုင်မယ်။ ဒီကြားထဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ မျိုးနွယ်စု အမည်မှန်တွေကို ရရှိအောင် ဆွေးနွေးဖို့ ရှိတယ်”ဟု ပြောဆိုသည်။

သန်းခေါင်စာရင်းများ ကောက်ခံမှုရလဒ် အသေးစိတ်ကို ယခင်ကြေညာထားသည့်အတိုင်း ယခုနှစ် မေလကုန်တွင် အပြီးသတ် မည်ဟု ကြေညာထားသော်လည်း လူမျိုး၊ ဘာသာ၊ အလုပ်အကိုင်၊ လုပ်ငန်း စသည့် အချက်များကိုမူ လာမည့် ၂၀၁၆ ခုနှစ်အတွင်းမှ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရီက ပြောကြားသည်။

အိုးအိမ် ပိုင်ဆိုင်မှုအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် တွက်ချက်လျှင် ပျမ်းမျှ အိမ်ထောင်စု ၈၆ ရာခိုင်နှုန်းသည် အိုးအိမ် ပိုင် ဆိုင် ရှိကြောင်း၊ အိမ်ငှား နေထိုင်မှုသည် ၇ ရာခိုင်နှုန်းနှင့် အစိုးရ ၀န်ထမ်းအိမ်ရာ နေထိုင်မှုတွင် ၃ ရာခိုင်နှုန်း၊ အခမဲ့ နေထိုင်မှု ၂ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ၀န်ထမ်းအိမ်ရာတွင် နေထိုင်မှု ၁ ရာခိုင်နှုန်းနှင့် အခြား ၁ ရာ ခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။

သို့သော် တိုင်းပြည်တွင် အိမ်ထောင်စု မည်မျှရှိသည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

ယနေ့ ထုတ်ပြန်သည့် သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်း ၄ သိန်း ကျော် (၅၁၄၈၆၂၅၃) ဦးရေ ရှိပြီး အမျိုးသား ဦးရေ ၂၄ သန်း ၈ သိန်းကျော် (၂၄၈၂၄၅၈၆)၊ အမျိုးသမီး ဦးရေ ၂၆ သန်း ၆ သိန်းကျော် (၂၆၆၆၁၆၆၇) ရှိကြောင်း သိရသည်။

ကချင်၊ ကရင်၊ ရခိုင်ပြည်နယ်များတွင် စာရင်းမကောက်ယူနိုင်သည့် ဒေသတချို့ရှိပြီး ယင်း ဒေသများအတွက် ခန့်မှန်း လူဦးရေ ၁.၂ သန်းကျော်(၁၂၀၆၃၅၃) ထည့်သွင်း တွက်ချက်ထားသည်ဟုလည်း ဆိုသည်။

သန်းခေါင်စာရင်း ရလဒ်၌ မြန်မာနိုင်ငံ၏ လူဦးရေနှုန်းသည် အာဆီယံနိုင်ငံများတွင် အဆင့် ၅ နေရာတွင် ရှိနေသည်ဟု ပါရှိသည်။

ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူစဉ် အိမ်ထောင်စုများ၏ ဖြေကြားချက်အရ အိမ်ထောင်စုဝင် ၂ သန်းခန့်သည် နိုင်ငံခြားသို့ ရောက်ရှိနေကြောင်း၊ နိုင်ငံခြားသို့ ရောက်ရှိနေသူများထဲမှ ၇၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသို့ သွားရောက်ကြပြီး ၁၅ ရာခိုင်နှုန်းသည် မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်မှု အများဆုံးသည် မွန်ပြည်နယ်မှ ဖြစ်ပြီး ဒုတိယနေရာနှင့် တတိယ နေရာတွင် ကရင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်သည်။ ထို့အပြင် အသက် ၁၅ နှစ်နှင့် ၂၉ နှစ်အကြား လူငယ် လူ ရွယ်များအတွင်း အလုပ်လက်မဲ့နှုန်း ၇.၇ ရာခိုင်နှုန်း ရှိကြောင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းက ဆိုသည်။

အိမ်ထောင်စုအားလုံး၏ ၄၉.၅ ရာခိုင်နှုန်းသည် ရုပ်မြင်သံကြားစက်များ ရှိပြီး ရုပ်မြင်သံကြားစက်ရှိသည့် အိမ်ထောင်စုအချိုးသည် မြို့ပြတွင် ၇၆ ရာခိုင်နှုန်းနှင့် ကျေးလက်၌ ၄၀ ရာခိုင်နှုန်း ရှိသည်။

တနိုင်ငံလုံးရှိ အိမ်ထောင်စု အားလုံး၏ ၃၃ ရာခိုင်နှုန်းသည် လက်ကိုင်ဖုန်း သုံးစွဲကြပြီး လက်ကိုင်ဖုန်းရှိသည့် အိမ်ထောင်စု အချိုးသည် မြို့ပြတွင် ၆၃.၅ ရာခိုင်နှုန်း ဖြစ်ပြီး ကျေးလက်တွင် ၂၁ ရာခိုင်နှုန်း ဖြစ်သည်ဟု သန်းခေါင်စာရင်းက ဆိုသည်။

ပို့ဆောင်ရေးယာဉ်များ သုံးစွဲမှု အခြေအနေများတွင် မြန်မာနိုင်ငံ၏ ၃.၁ ရာခိုင်နှုန်းတွင် ပစ်ကပ် ကား၊ ထရပ် ကား၊ ဗင်န်ကားများ ရှိကြောင်း၊ အိမ်ထောင်စု ၃၈.၇ ရာခိုင်နှုန်းသည် မော်တော်ဆိုင်ကယ် (သို့မဟုတ်) လျှပ်စစ်စက်ဘီးများ ရှိကြောင်း၊ ၃၆ ရာခိုင်နှုန်းခန့်သည် စက်ဘီး ရှိကြောင်း သိရသည်။

မြန်မာတနိုင်ငံလုံး၏ လူဦးရေ သန်းခေါင်စာရင်းကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်အထိ ကောက်ယူ ခဲ့ခြင်း ဖြစ်သည်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာဥပဒဟာ လူ့အခွင့်အရေးနဲ့ကိုက်ညီတယ်လို့ပြော


လိမ်လည်မှုဖြင့် တရားစွဲခံထားရသည့် အဆိုတော် တစ်ဦး၏ မိခင်စွဲချက်ပြင်ရန် လျှောက်ထားမှု ပယ်ချခံရ

ကျော်စိုးမိုး

လိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် နာမည်ရ အဆိုတော် တစ်ဦး၏ မိခင် ဒေါ်ဆွေဆွေအုန်းက ၎င်း၏ စွဲချက်ကို ပယ်ဖျက်ပေးရန် အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်တင်ထားမှု ပယ်ချခံခဲ့ရသည်ဟု တရားလိုဖြစ်သည့် မြန်မာပြည် သိန်းတန်၏ ဇနီး ဒေါက်တာ နုနန္ဒာသန်းက မေ ၂၆ ရက်၊ အနောက်ပိုင်းခရိုင် တရားရုံး ရုံးချိန်းအပြီးတွင် ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က လက်ဝတ်ရတနာ ပစ္စည်းများ ကျပ်သိန်း နှစ်ထောင်ဖိုးနှင့် ငွေ သိန်းလေးရာ စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၂,၄၀၀ ကျော်ဖိုးခန့် လိမ်လည်ခဲ့သဖြင့် ဒေါ်ဆွေဆွေအုန်းကို အရေးယူပေးပါရန် ဒေါက်တာ နုနန္ဒာတင်က တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

အမှုမှာ ၂၀၁၄ ခုနှစ်အတွင်း စမ်းချောင်းမြို့နယ် တရားရုံးတွင် ဒေါ်ဆွေဆွေအုန်းကို တရားစွဲဆို တင်ပို့ခဲ့ပြီး စွဲချက်တင်ခံထားရသည့် ပြစ်မှုပုဒ်မ ၄၂၀ ကို ၎င်းက မကျေနပ်သဖြင့် စွဲချက်ပုဒ်မ ပြင်ဆင်ပေးရန် ၂၀၁၅၊ ဖေဖော်ဝါရီ ၂၅ ရက်က အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်တင်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ နုနန္ဒာတင်က “တရားသူကြီးက လက်ရှိစွဲချက်တင်ထားတဲ့ ပုဒ်မနဲ့ပဲ ဆက်စစ်ဖို့ အမိန့်ချလိုက်ပါတယ်။ စမ်းချောင်း တရားရုံးမှာပဲ ဆက်လက်စစ်ဆေးသွားမှာပါ" ဟု ပြောသည်။

ဒေါ်ဆွေဆွေအုန်းသည် နာမည်ကြီး အနုပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်များ ထံမှ ကျပ်သိန်းပေါင်းများစွာ လိမ်လည်ထားမှုများ ရှိနေပြီး တရားစွဲရန် စီစဉ်နေသူများလည်း ရှိနေသည်ဟု ၎င်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ဒေါ်ဆွေဆွေအုန်းသည် ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ဆောက်လုပ်ပစ္စည်းများကို အလွဲသုံးစားပြုမှု ပုဒ်မ ၄၀၆ ဖြင့် ၂၀၁၄၊ ဒီဇင်ဘာလအတွင်းက ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ထောင်ဒဏ်တစ်နှစ်ခွဲ အမိန့်ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်ကျခံနေရသူ တစ်ဦး ဖြစ်သည်။

(Ecotourisim)လုပ်ငန်းဟာ၂၀၂၀လောက်မှာ ပြည့်စုံတဲ့လုပ်ငန်းတခုဖြစ်လာနိုင်


မြန်မာအိမ်ထောင်စု ၂၀ ရာခိုင်နှုန်းကျော် ဖယောင်းတိုင်မီး အသုံးပြုနေရ

DVB

မန်မာနိုင်ငံရှိ အိမ်ထောင်စု ၅ ပုံ ၁ ပုံဟာ အလင်းရောင်အတွက် ဖယောင်းတိုင်မီးကို အသုံးပြုနေရတယ်လို့ မေလ ၂၉ ရက်နေ့ ထုတ်ပြန်တဲ့ ၂၀၁၄ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းမှာ ဖော်ပြပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကနေ ရခဲ့တဲ့ အချက်အလက်တွေအရ မြန်မာပြည်ရှိ အိမ်ထောင်စုအားလုံးရဲ့ ၃၂ ဒသမ ၄ ရာခိုင်နှုန်းဟာ အလင်းရောင်အတွက် လျှပ်စစ်မီးကို အသုံးပြုနေရပြီး ၂၀ ဒသမ ၇ ရာခိုင်နှုန်းဟာ ဖယောင်းတိုင်မီး သုံးနေရတယ်လို့ ဖြေဆိုခဲ့ကြတာပါ။

ဒါ့အပြင် ရေနံဆီမီး၊ ဘက်ထရီမီး၊ ပုဂ္ဂလိက မီးစက်၊ ပုဂ္ဂလိက ရေအားလျပ်စစ်၊ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြား စတာတွေ အလင်းရောင်အတွက် အသုံးပြုကြတယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီးကို အဓိက အသုံးပြုတဲ့နေရာမှာ ကျေးလက်နဲ့ မြို့ပြကွာဟချက် ကြီးမားပြီး မြို့ပြဒေသမှာ လျှပ်စစ်မီးကို အဓိကသုံးစွဲတာဖြစ်ပါတယ်။ မြို့ပြဒေသမှာ ၇၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ကျေးလက်ဒေသမှာ ၁၄ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

အစားအစာချက်ပြုတ်ဖို့အတွက် သစ်သားထင်းသုံးစွဲသူက အိမ်ထောင်စုအားလုံးရဲ့ တ၀က်ကျော် ၆၉ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးဖြစ်ပြီး လျှပ်စစ်မီးက ၁၆ ဒသမ ၄ ရာခိုင်နှုန်း၊ မီးသွေးလောင်စာတောင့်က ၁၁ ရာခိုင်နှုန်းကျော်နဲ့ ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ ရေနံဆီမီး၊ ဘိုင်အိုဂက်စ် စတာတွေ အသုံးပြုကြတယ်လို့ စစ်တမ်းအရ သိရပါတယ်။

မြန်မာနိုင်ငံရှိ အိမ်ထောင်စု ၅ စုမှာ ၄ စုဟာ အိမ်ပိုင်ဆိုင်ကြကာ နေအိမ်အများစုမှာ ၀ါးထရံကာအိမ်တွေဖြစ်ကြပြီး အိမ်သာလုံးဝမရှိတဲ့ အိမ်ထောင်စုပေါင်း ၁၄ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးပစ္စည်း သုံးစွဲနိုင်မှု အခြေအနေနဲ့ ပတ်သက်လို့တော့ လက်ကိုင်ဖုန်း သုံးစွဲသူ ၃၃ ရာခိုင်နှုန်းကျော်၊ ကြိုးဖုန်းသုံးသူ ၄ ဒသမ ၈ ရာခိုင်နှုန်း၊ အိမ်မှာ အင်တာနက်တပ်ဆင်သူ ၆ ဒသမ၂ ရာခိုင်နှုန်း၊ ကွန်ပျူတာသုံးသူ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ရုပ်မြင်သံကြားရှိသူ ၄၉ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ရေဒီယိုသုံးစွဲသူ ၃၅ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ဘာပစ္စည်းမျှမရှိသူ ၃၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။

သယ်ယူပို့ဆောင်ရေးယာဉ် သုံးစွဲနိုင်မှု အခြေအနေမှာတော့ ကားရှိသူ ၃ ရာခိုင်နှုန်းကျော်၊ ဆိုင်ကယ်ရှိသူ ၃၈ ရာခိုင်နှုန်းကျော်၊ စက်ဘီးရှိသူ ၃၅ ရာခိုင်နှုန်းကျော်၊ ထော်လာဂျီ ၂ ဒသမ ၅ ရာခိုင်နှုန်း၊ လှေသမ္ဗာန်ရှိသူ ၃ ဒသမ ၉ ရာခိုင်နှုန်း၊ စက်လှေ မော်တော်ရှိသူ ၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့ လှည်းရှိသူ ၂၁ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။

ဒီအစီရင်ခံစာဟာ ပြီးခဲ့တဲ့ ၂၀၁၄ မတ်လ ၂၉ ရက်ကနေ ဧပြီလ ၁၀ ရက်နေ့ထိ နိုင်ငံတ၀န်းမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွေ ကောက်ယူရာမှာ ရခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

ပြည်ပရင်းနှီးမြုပ်နှံသူတွေကိုလဲ ဖိတ်ခေါ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကပြော


ရန်ကုန် - ဒလ ကြိုးတံတားတွင် ဒလ ဒေသအတွက် ရေပိုက်များလည်း ပါဝင်မည်ဟု ဆို

စိုးသန်းလင်း

ကိုရီးယား - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်မည့် ရန်ကုန် - ဒလမြစ်ကူးတံတားတွင် ဒလသို့ သောက်သုံးရေပို့မည့် ရေပိုက်များ ထည့်သွင်းရန် တံတားဒီဇိုင်း၌ ရေပိုက်များထည့်သွင်းရေးဆွဲထားသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ပြောကြားသည်။

“ဒလမှာ ရေရှားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မလှမ်းမကမ်းမှာရှိတဲ့ ဒဂုံတံတားကြီးကို တည်ဆောက်စဉ်တုန်းက ဒီတံတားကြီးပေါ်ကနေဖြတ်ပြီးတော့ ပိုက်သွယ်ပြီး ဒလကို ရေပေးဖို့ဆိုပြီးတော့ တင်ပြခဲ့တာ ရှိပါတယ်။ မူလဒီဇိုင်းမှာ ပါဝင်ခြင်း မရှိတဲ့အတွက် မလုပ်ပါနဲ့၊ရေပေးတာ သီးခြားလုပ်ပါဆိုပြီး အဲဒီတုန်းက နိုင်ငံတော်အကြီးအကဲက မိန့်ကြားခဲ့တာ ရှိပါတယ်။ ဒါကြောင့် အခု တံတားအတွက် အကြို အင်ဂျင်နီယာ လုပ်ငန်းတွေ လုပ်နေချိန်ဖြစ်လို့ တံတားမှာ ရေပိုက်တွေ ထည့်သွင်းဖို့ကိစ္စကို တံတားဒီဇိုင်းမှာ ပါဝင်အောင် ထည့်သွင်းသွားပါမယ်” ဟု ၎င်းက ပြောကြားသည်။

ဒလမြို့သည် ရန်ကုန်မြစ်ဝမှ ၃၄ ကီလိုမီတာ အကွာတွင်ရှိပြီး ရန်ကုန်နှင့် ရန်ကုန်မြစ်တစ်ခုသာ ခြားသော်လည်း ရန်ကုန်နှင့် အလှမ်းကွာနေကြောင်း၊ ရန်ကုန်မြို့သည် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ တွံတေးတူးမြောင်း၊ ပုဇွန်တောင်ချောင်း စသည်တို့က ၀ိုင်းရံထားသည့်အတွက် တစ်နေရာမှ တစ်နေရာကို ကူးသွားနိုင်ဖို့ တံတားများ လိုအပ်လာသဖြင့် ယခုကဲ့သို့ မြစ်ကူးတံတားဆောက်လုပ်ရခြင်း ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောသည်။

“ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေဟာ Road Network (လမ်းပန်းကွန်ရက်) အားနည်းနေလို့ အခုလို တံတားတွေ ဆောက်ရတာပါ၊ ရန်ုကုန် - ဒလ တံတားရဲ့ ရေလမ်း ကင်းလွတ်အမြင့်ဟာ ၄၉ မီတာ (၁၆၀ ပေ) ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမြင့်ဆုံး ပေးထားတဲ့ရေလမ်းကင်းလွတ်မှုလည်း ဖြစ်ပါတယ်” ဟုလည်း ဒုဝန်ကြီးက ပြောသည်။

တံတားတည်ဆောက်မှု ကုန်ကျစရိတ် ရန်ပုံငွေနှင့် ပတ်သက်ပြီး EDCF က ၈၂ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက ၁၈ ရာခိုင်နှုန်း ပါဝင်ကြမည် ဖြစ်ရာ EDCF က အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း ပါဝင်ပြီး မြန်မာနိုင်ငံက ၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံ ကိုရီးယား ကုမ္ပဏီများကို တင်ဒါခေါ်ယူပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဘီဘီစီ သတင်းထောက်ကို တတိယအကြိမ် ရုံးထုတ်စစ်ဆေး


ANP ပုဏ္ဍားကျွန်း လွှတ်တော်ကိုယ်စားလှယ် ရွေးမည်

နိရဉ္စရာ


ရခိုင်အမျိုးသားပါတီ ( ANP) ၏ ပုဏ္ဍားကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ပွဲကို မေလ ၂၈ ရက် နံနက် ၇ နာရီမှ ၄ နာရီထိ လောကမာရဇိန်ဘုရားတွင် ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

မေလ ၂၆ ရက်နေ့ နေ့လယ် တစ်နာရီမှ ညနေ ၄ နာရီ ပါတီကိုယ်စားလှယ်များသည် လောကမာရဇိန် ဘုရားကြီးတွင် သူတို့၏ မူ လမ်းစဉ်နှင့် ရှေ့ဆောင်ရွက်မည့် အခြေအနေများကို ဟောပြောပြီး တက်ရောက်လာသူ ပါတီကိုယ်စားလှယ်များမှ မဲထည့်ရန် ဆော်သြခဲ့သည်ဟု မြို့နယ် ကော်မတီဝင် ဦးကျော်မြင့်တင်က ပြောသည်။

တက်ရောက်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ပုဏ္ဍားကျွန်းမြို့နယ် အမှတ် (၁) နယ်မြေမှ ပြည်နယ် အဆင့်တွင် ယှဉ်ပြိုင်ကြမည့် ဦးစံကျော်လှ၊ ဦးလှေရွှေ၊ အမှတ် (၂) မြေမှ ပြည်နယ်အဆင့်တွင် ပါဝင် ယှဉ်ပြိုင်ကြမည့် ဦးအောင်သန်းတင် ( ပြည်နယ် ၀န်ကြီး)၊ ဦးစံရွှေကျော်၊ ဦးအောင်လှသံ၊ ဦးနေလင်း၊ ဦးအောင်သန်းတို့ ဖြစ်ကြသည်။

ပြည်သူ့လွှတ်တော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးမှလည်း လူထု အား ရှင်းလင်း ဟောကြားမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ပြည်သူ့ လွှတ်တော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးမှာ ဦးထွန်းအောင်ကျော် (လက်ရှိ ပြည်သူ့ လွှတ်တော် အမတ်)နှင့် ဦးးလှရွှေ ( မြို့နယ် ဥက္ကဋ္ဌ) တို့ ဖြစ်ကြသည်။

လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ပွဲသို့ ကျေးရွာ၊ ရပ်ကွက် ကိုယ်စားလှယ် ၃၀၀ ကျော်ခန့် တက်ရောက်မည် ဖြစ်ကာ ကိုယ်စားလှယ် လောင်းများကို မဲစနစ်ဖြင့်ရွေးချယ်ကြမည်ဟု သိရသည်။

လှေစီးဒုက္ခသည်တွေအရေး မြန်မာကိုလက်ညှိးဝိုင်းထိုးအပြစ်ပြောတာ ဖြေရှင်းရာ မရောက်နိုင်


၂၀၁၅ ရွေးကောက်ပွဲအတွက် ဗမာစကား ကောင်းမွန်စွာ ပြောတတ်သည့် ကိုယ်စားလှယ်လောင်းကို ဦးစားပေးမည်ဟု မွန်အမျိုးသားပါတီဆို

ယုဝေ

မွန် အမျိုးသားပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများကို ရွေးချယ်နေဆဲ ဖြစ်ပြီး ရွေးချယ်ရာတွင် ဗမာစကား ကောင်းမွန်စွာ ပြောဆိုတတ်သူကို ဦးစားပေး ရွေးချယ်မည်ဟု မွန် အမျိုးသားပါတီ ဗဟိုအဖွဲ့ဝင် နိုင်သောင်းရှိန်က ပြောသည်။

မွန် အမျိုးသားပါတီသည် ရွေးကောက်ပွဲတွင် အနည်းဆုံး ကိုယ်စားလှယ် ၆၀ ဦး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး စာရင်း အတိအကျကို ဇွန်လကုန်တွင် ကြေညာမည် ဖြစ်သည်။

နိုင်သောင်းရှိန်က “ကိုယ်စားလှယ်က ပါတီ မူဝါဒအတိုင်း လိုက်နာတင်ပြ ပြောဆိုရမယ်။ ရေရေလည်လည် ဗမာလို ပြောဆိုနိုင်တဲ့ ကိုယ်စားလှယ်ကို ရွေးမယ်။ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ နိုင်ထားသူတွေကို ဦးစားပေးရွေးချယ်သွားမယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ဗမာစကားကို ကောင်းမွန်စွာ ပြောဆိုတတ်သူကို ဦးစားပေး ရွေးချယ်ရခြင်းမှာ လွှတ်တော်အတွင်း ဆွေးနွေးပြောဆိုရာတွင် ဗမာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်သူသာ ပိုမိုအဆင်ပြေမည့်အတွက် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မွန် အမျိုးသားပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကာ မြို့နယ်များတွင် ပါတီမူဝါဒကို ပြည်သူလူထု နားလည်စေရန် ရှင်းပြပေးလျက် ရှိသည်ဟုလည်း နိုင်သောင်းရှိန်က ဆိုသည်။

ပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၌ အမတ်နေရာ ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟုလည်း မွန် အမျိုးသားပါတီထံမှ သိရသည်။

မွန် အမျိုးသားပါတီဝင် မွန်ဝါရင့် နိုင်ငံရေး ခေါင်းဆောင်များဖြစ်သည့် နိုင်ငွေသိမ်း(ကြီး)နှင့် နိုင်ငွေသိန်း(လေး) တို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟုလည်း မဇ္ဈိမကို ပြောကြားထားသေးသည်။

မွန် ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှ ပူးပေါင်းလိုသည့် အင်အားစုများ စုပေါင်းကာ မွန် အမျိုးသားပါတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ပါတီနှစ်ခု စုပေါင်းဖွဲ့စည်းထားသည့် မွန်အမျိုးသား ပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် ၁၀ မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ တနင်္သာရီတိုင်းမှ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ရေဖြူနှင့် ပဲခူးတိုင်းတို့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် အပြင် တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာတို့ကို ဝင်ရောက်မည် ဖြစ်သည်။

မွန် အမျိုးသားပါတီကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ ထူထောင်ခွင့် ပြုခဲ့သည်။ မွန် အမျိုးသားပါတီသည် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်၊ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း အဖွဲ့ဝင်ပါတီ တစ်ခုလည်း ဖြစ်သည်။

ဖွဲ့ စည်းပုံပြင်ရေး လွှတ်တော်ဥက္ကဌ နဲ့ ပါတီတွေသဘောတူ


မြန်မာပြည်လူဦးရေ ၅၁ သန်းခွဲခန့်ရှိ၊ အမျိုးသမီးအရေအတွက် ပိုများ

DVB

မန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁ သန်းခွဲနီးပါးရှိပြီး တ၀က်ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ မေလ ၂၉ ရက်နေ့ထုတ်ပြန်တဲ့ ၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မရလဒ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (ယူအန်ပီအက်ဖ်) နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းကောက်ယူ ခဲ့တဲ့ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အပြီးသတ် အစီရင်ခံစာကို မေလ ၂၉ ရက်နေ့က နေပြည်တော်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ လူဦးရေဟာ သန်း ၆၀ ရှိတယ်လို့ အရင်က ခန့်မှန်းခဲ့ကြပေမယ့် ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ ရှိနေကြတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁,၄၈၆,၂၅၃ ရှိတယ်လို့ သိရပါတယ်။

ဒီအထဲမှာ အမျိုးသားဦးရေက ၂၄,၈၂၄,၅၈၆၊ ရာခိုင်နှုန်းအားဖြင့် ၄၈ ဒသမ ၂၂ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးဦးရေကတော့ ၂၆,၆၆၁,၆၆၇၊ ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်း ရှိပါတယ်။

မြန်မာတွေရဲ့ သက်တမ်းမှာလည်း အမျိုးသမီးက အမျိုးသားထက် အသက်ပိုရှည်တာတွေ့ရပြီး အမျိုးသားက မျှော်မှန်းသက်တမ်း ၆၃ ဒသမ ၉ နှစ်ရှိပြီး အမျိုးသမီးက ၆၉ ဒသမ ၉ နှစ်ရှိပါတယ်။

အသက်အရွယ်အလိုက် လူဦးရေရာခိုင်နှုန်းတွေကတော့ အသက် ၁၄ နှစ်အောက် အရွယ်မရောက်သေးတဲ့ ကလေးအရေအတွက် ၂၈ ဒသမ ၆ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အတွက် လူဦးရေ ၅ ဒသမ ၈ ရာခိုင်နှုန်းနဲ့ အသက် ၁၅ နှစ်နဲ့ ၆၄ နှစ်အကြား အလုပ်လုပ်နိုင်သူ ဦးရေက ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

မသန်စွမ်းသူဦးရေကတော့ ၂,၃၁၁,၂၅၀ ရှိပြီး မျက်မမြင်ဦးရေ ၁,၂၄၉,၇၃၇ နဲ့ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာလူဦးရေ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်မှာ နေထိုင်ကြပြီး မြို့ပြလူဦးရေကတော့ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ သန်းခေါင်စာရင်း အချက်အလက်အရ ရန်ကုန်တိုင်းမှာ လူဦးရေ ၇ ဒသမ ၃၆ သန်းနဲ့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၆ ဒသမ ၁၈ သန်း၊ မန္တလေးတိုင်းက ၆ ဒသမ ၁၆ သန်း၊ ရှမ်းပြည်နယ်မှာ ၅ ဒသမ ၈၂ သန်း၊ စစ်ကိုင်းတိုင်းမှာ ၅ ဒသမ ၃၂ သန်း၊ မကွေးတိုင်းမှာ ၃ ဒသမ ၉ သန်း၊ နေပြည်တော်ကောင်စီမှာ ၁ ဒသမ ၁၆ သန်းနဲ့ တနင်္သာရီတိုင်းမှာ ၁ ဒသမ ၄၀ သန်းရှိပါတယ်။

လူဦးရေ အနည်းဆုံး ဒေသတွေဖြစ်တဲ့ ကယားပြည်နယ်မှာ ၀ ဒသမ ၂၈ သန်း၊ ချင်းပြည်နယ်မှာ ၀ ဒသမ ၄၇ သန်း၊ မွန်ပြည်နယ်မှာ ၂ ဒသမ ၀၅ သန်း၊ ရခိုင်ပြည်နယ်မှာ ၂ ဒသမ ၀၉ သန်း၊ ကရင်ပြည်နယ်မှာ ၁ ဒသမ ၅ သန်းရှိပြီး ကချင်ပြည်နယ်မှာ ၁ ဒသမ ၆၄ သန်းရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ မတ်လ ၂၉ ရက်ကနေ ဧပြီလ ၁၀ ရက်နေ့ထိ နိုင်ငံတ၀န်းမှာ ပြည်လုံးကျွတ် သန်းခေါင်းစာရင်းတွေ ကောက်ယူခဲ့တာဖြစ်ပြီး ကနဦးအဆင့် ရရှိထားတဲ့ ရှေ့ပြေးလူဦးရေ စာရင်း အစီရင်ခံစာကိုတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၉ ရက်နေ့က ကြေညာခဲ့ရာမှာ မြန်မာ နိုင်ငံရဲ့ လူဦးရေဟာ ၅၁,၄၁၉,၄၂၀ ရှိတယ်လို့ ခန့်မှန်းခဲ့တာပါ။

ဒါဟာ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ်က မြန်မာနိုင်ငံမှာရှိခဲ့တဲ့ လူဦးရေ စာရင်းထက် ၄၆ ရာခိုင်နှုန်း ပိုများလာတာလည်း ဖြစ်ပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ရခိုင်ပြည်နယ်က ဒေသတချို့၊ ကချင်ပြည်နယ်က ကျေးရွာပေါင်း ၉၇ ရွာနဲ့ ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်မြို့နယ်အတွင်း ကျေးရွာတွေမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့ပါဘူး။

NCA ကို ထောက်ခံဖို့ UPWC က RCSS/SSA နဲ့ တွေ့ဆုံချိန်မှာ ပြောကြား


စာရေးဆရာမ ရွှေရေးထင်ထင်နဲ့ တွေ့ဆုံခြင်း

ဧရာဝတီ

အခု ရက်ပိုင်းအတွင်း Facebook ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စာရေးဆရာမ ရွှေရေးထင်ထင်ရဲ့ ဓာတ်ပုံနဲ့အတူ ထင်မြင်ဝေဖန်ပြောဆိုမှုကို ရေးသားပြီး Share ကြတာ တွေ့ရပါတယ်။ စာပေရေးသားတဲ့ စာရေးဆရာမ ရွှေရေးထင်ထင် ဆိုတာထက် သူ့ရဲ့ မော်ဒယ်ပို့စ် ဓာတ်ပုံတွေကို စိတ်ဝင်စားတာက ပိုတယ် ဆိုရင်လည်း မမှားပါဘူး။ ရွှေရေးထင်ထင် ဆိုတာကို စိတ်ဝင်စားလာကြတဲ့ အွန်လိုင်းပရိသတ်တွေ များပြား လာတာကြောင့် ရွှေရေးထင်ထင်ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုစာပေတွေ ရေးသားတာလဲ၊ ဘာကြောင့် သူ့ရဲ့ စာပေထက် လူကို ပိုပြီးစိတ်ဝင်စား လာကြတာလဲ ဆိုတာကို သိရှိစေဖို့ ဖော်ပြပေးချင်တာကြောင့် စာရေးဆရာမ ရွှေရေးထင်ထင်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ ရွှေရေးထင်ထင်ဆိုတာ နာမည်အရင်းပဲလား၊ ဘယ်လိုစာပေ အမျိုးအစားတွေ ရေးပါသလဲ။

ဖြေ။ ။ ရွှေရေးနာမည်အရင်းက ရွှေရေးထင်ထင်ပါပဲ။ မေမေပေးထားတဲ့ နာမည်ပါ။ ကလောင်နာမည်ကိုလည်း အထွေအထူး ရွေးထားတာ မဟုတ်ပါဘူး။ စာရေးတော့လည်း မေမေပေးထားတဲ့ နာမည်ရင်းကိုပဲ ပြန်ပြီး သုံးထားတာပါ။ ပညာအရည်အချင်းက Business နဲ့ ကျောင်းပြီးထား ပါတယ်။ ရွှေရေးရဲ့ Life က သာမန်ပါပဲ။ တခြား ထွေထွေထူးထူးကြီး မရှိပါဘူး။ ပညာသင်ခဲ့တဲ့ အချိန်ကတည်းက ကိုယ့်ဘာသာ ကဗျာလေးရေး၊ စာလေးရေး လာခဲ့တယ်။ ဒါပေမယ့် ဘယ်ကိုမှတော့ ချပြခဲ့ခြင်း မရှိခဲ့ပါဘူး။ နောက်တော့ မဂ္ဂဇင်းတိုက်တွေကို ၀တ္ထုတိုလေးတွေ ပို့ဖြစ်တယ်။ မြင်ကွင်းတို့၊ အိုင်ဒီယာ၊ Fashion Image မဂ္ဂဇင်းတွေကိုပေါ့။ အဲဒီတုန်းက ရွေးခံခဲ့ရခြင်း မရှိဘူးပေါ့။ နောက်တော့ စာရေးတာ ကြာလာခဲ့တော့ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လက စိတ်ကူးချိုချို စာပေတိုက်က ထုတ်တဲ့ ကလေးပုံပြင်စာအုပ်မှာ ရွှေရေး ပထမဆုံးအနေနဲ့ စာမူ စပါခဲ့တယ်။ ကိုယ်က အချစ်ဝတ္ထု၊ ကဗျာ၊ အဆွေးစာတွေ ရေးပေမယ့် စစခြင်းပါတဲ့ စာမူကျတော့ မှတ်မှတ်ရရ ကလေးပုံပြင် ဖြစ်နေတာပေါ့။ နောက်ပိုင်း ကလေးမဂ္ဂဇင်းတွေမှာ ပုံပြင်လေးတွေ လိုက်ပြီးပို့ခဲ့တယ်။ အဲဒီမှာတော့ ပါလာတယ်။ နောက်တော့ ရွှေရေးဖေဖေက ထိုင်းမှာရှိတဲ့ အတွက် ဖေဖေ့ဆီ ခဏအလည်သွားတဲ့အချိန်မှာ ဟိုရောက်တော့ ရွှေရေးအတွက် ဘာမှလည်း အထွေအထူး လုပ်စရာမရှိတဲ့ အချိန်ပေါ့။ ပညာရေးဘက်မှာလဲ Study လုပ်တာကို ခဏနားထားတဲ့အချိန်လေ။ အချိန်က အများကြီးရှိနေတယ်။ အဲဒီအချိန်မှာ Facebook ကို စသုံးလာခဲ့တယ်။ အဲမှာက လိုင်းကလည်း ကောင်းတဲ့အခါကျတော့ သုံးဖြစ်လာတယ်။ အဲဒီမှာ Facebook မှာ ကဗျာလေးတွေ တပုဒ်စ၊ နှစ်ပုဒ်စ တင်ဖြစ်တယ်။ ဘာရည်ရွယ်ချက်နဲ့မှ မဟုတ်ဘူး။ အွန်လိုင်းမှာ ကဗျာဆရာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း မဟုတ်ဘူး။ ဒီအတိုင်း ဘယ်သူကိုမှ ချမပြဘူးတဲ့ ကဗျာလေးတွေကို အွန်လိုင်းမှာအရင်ချပြခဲ့တယ်။ အဲဒီအချိန်မှာ ပရိသတ်တွေက ထပ်ပြီးတင်ပါဦး၊ သူငယ်ချင်းတွေ ကလည်း ထပ်ပြီးတော့ တင်ပါဦးဆိုပြီး အားပေးကြတယ်။ အဲဒီမှာ တပုဒ်ကနေနှစ်ပုဒ်၊ နှစ်ပုဒ်ကနေ သုံးပုဒ် တင်လာဖြစ်တယ်။ အဲဒီမှာ အွန်လိုင်းမှာလက်စွမ်းပြလာတဲ့ ကဗျာဆရာအနေနဲ့ပဲ လူတွေသိလာကြတယ်။

မေး။ ။ ကဗျာတွေရေးပြီး သိလာကြတယ်ဆိုတော့ ဘယ်လိုကဗျာတွေ ရေးဖြစ်လဲ။

ဖြေ။ ။ ရွှေရေးအဓိက ရေးဖြစ်တဲ့ကဗျာတွေက အလွမ်းအဆွေး ကဗျာတွေ ပိုများပါတယ်။ ဘာ အထွေအထူး အကြောင်းအရာ မျိုးရယ်တော့ မရှိပါဘူး။ ရွှေရေး ရေးဖြစ်တာကလည်း ရွှေရေးက သီချင်းနားထောင်ရင်လည်း အလွမ်းအဆွေး သီချင်းမျိုးလေးတွေပဲ ကြိုက်ပြီး နားထောင်ဖြစ်တာကိုး။ အဲဒီတော့ ကိုယ်နားထောင်တာများတဲ့ အလွမ်းသီချင်းအတိုင်းပဲ ကိုယ်ရေးတဲ့ ကဗျာကလည်း အလွမ်းအဆွေး ကဗျာလေးတွေ ဖြစ်တယ်။ နောက်တခုက ရွှေရေးကဗျာမှာ ကာရန်တွေ သုံးတာများတယ်။ အခုခေတ်ကတော့ မော်ဒန်ကဗျာတွေ ရေးတာ များတာပေါ့နော်။ ဒါပေမယ့် ရွှေရေး နှစ်သက်တာက ဟိုးအရင်က ဦးပုညရဲ့ လေးချိုးတို့၊ ရတုတို့ ဖတ်တာတွေ များပြီးတော့ နှစ်သက်တဲ့ အပိုင်းကလည်း အဲဒီအပိုင်းဆိုတော့ ရွှေရေး ရေးဟန်က အခုပုံစံနဲ့ နည်းနည်းလေး ကွဲတာပေါ့။ ကဗျာကလည်း ကာရန်ပါတဲ့ အလွမ်းကဗျာလေးတွေ ဖြစ်လာတာပေါ့။ နောက်ပိုင်းကျတော့ ကဗျာ Group Page လေးတခု စပြီး ထူထောင်ဖြစ်တယ်။ ဒါကလည်း သူငယ်ချင်းတယောက်က အကြံဉာဏ်ပေးပြီး ကမ်းလှမ်းခဲ့တာ မို့လို့ပါ။ သူကလည်း တက်သစ်စ ဓာတ်ပုံဆရာ တဦးဖြစ်တယ်၊ သူက သူ့ရဲ့ ဓာတ်ပုံလေးတွေနဲ့ ရွှေရေးရဲ့ ကဗျာတွေနဲ့ပေါင်းစပ်ပြီးတော့ Page လေးမှာတင်မယ်ဆိုတဲ့ အိုင်ဒီယာလေးနဲ့ ကမ်းလှမ်းလာတော့ ရွှေရေးလည်း အဲဒါလေးကို သဘောကျမိတယ်။ အဲဒီမှာ ရွှေရေးရေးတဲ့ ကဗျာတွေက အချစ်ကဗျာ၊ အဆွေးကဗျာတွေ မဟုတ်တော့ဘဲနဲ့ ဘဝနဲ့ရသ ကဗျာလေးတွေ ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ပုံလေးတွေကလည်း ဘ၀နဲ့ရသကို ပြတဲ့ ပုံလေးတွေဖြစ်နေတယ်။ အဲဒီမှာ ဘဝရသ သရုပ်ဖော်ကဗျာလေးတွေကို ပြောင်းပြီးတော့ ရေးဖြစ်လာတယ်။ အဲဒီက Group Page မှာ တင်ပြီးတော့ လူနည်းနည်း ပိုပြီးတော့ သိလာတယ်ပေါ့။

မေး။ ။ ဝတ္ထုကရော ဘယ်လိုအကြောင်းအရာတွေ ရေးဖြစ်တာလဲ။ ဘယ် မဂ္ဂဇင်းတွေမှာ ဖော်ပြခံခဲ့ရဖူးလဲ။

ဖြေ။ ။ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေကလောင်သစ် ကဏ္ဍမှာ သဝေထိုးခခွေး ဝစ္စနှစ်လုံးပေါက် ခွေးဆိုတဲ့ ဝတ္ထုတိုလေး စပြီး ဖော်ပြခြင်း ခံခဲ့ရပါတယ်။ ဝတ္ထုရဲ့ အကြောင်းအရာကတော့ အဆောင်မှာနေတဲ့ မိန်းကလေးတယောက်က ခွေးလေးတကောင်ကို အစပြုပြီး အချစ်ဖြစ်ပေါ်လာတဲ့ အကြောင်းလေးပါ။ အချစ်ဇာတ်လမ်းလေး သက်သက်ပါပဲ။ အဲဒါလေးကလည်း ရွှေရေး ပထမရေးထားတုန်းက တော်တော်လေး ရှည်တယ်။ မဂ္ဂဇင်းတိုက်ကို ပို့မယ်ဆိုတော့ အတိုချုံ့ပြီးတော့ ပို့လိုက်တာပါ။ နောက်ထပ်လည်း ဝတ္ထုတိုလေးတွေ ရွှေအမြုတေကို ပို့ထားတာလေးတွေ ရှိပါသေးတယ်။ အမှန်အတိုင်းပြောရရင် ရွှေရေးကြိုက်တာ၊ အားသန်တာက စုံထောက်ဝတ္ထု၊ နောက်ပြီးတော့ အချစ်ဝတ္ထုပေါ့။ အချစ်ဝတ္ထုဆိုပေမယ့် စုံထောက်နဲ့ အချစ်ကို ရောထားတဲ့ ဝတ္ထုကို ပိုကြိုက်တယ်။ ဒါကြောင့်ကိုယ်တိုင်လည်း အချစ်၊ စုံထောက်၊ ဟာသ ရောထားတာကို ရေးဖြစ်တယ်။ ပိုကြိုက်တယ်။ ဒါပေမယ့် ဝတ္ထုတိုကျတော့ အဲဒီလိုပုံစံက နည်းနည်းခဲယဉ်းတယ်။ စာမျက်နှာ အခက်အခဲကြောင့်ပေါ့။ ဝတ္ထုရှည်တွေ ရေးရင်တော့ အဲဒီလိုပုံစံမျိုးပဲ ရေးတယ်။

မေး။ ။ စာရေးဆရာထဲမှာရော ဘယ်သူ့ စာတွေအဖတ်များလဲ၊ ဘယ်သူရဲ့ စာပေးရေးသားမှုက ကိုယ့်ကို လွှမ်းမိုးမှုတွေရှိလဲ။

ဖြေ။ ။ ငယ်ငယ်ကတည်းက မေမေဝယ်ပေးခဲ့ပြီး ရွှေရေးစဖတ်ဖြစ်တာက ဆရာကြီးရွှေဥဒေါင်းရဲ့ ဝတ္ထုတွေပါပဲ။ နောက် ဆရာကြီး ဒဂုန်တာရာကို ကြိုက်တယ်။ နောက်ပိုင်း ဆရာမဂျုး၊ ကလျာ (၀ိဇ္ဖာ၊သိပ္ပံ) ကိုကြိုက်တယ်။ မောင်သန်းဆွေ (ထားဝယ်) ရဲ့ သမိုင်းစာအုပ်တွေလည်း အရမ်းကြိုက်တယ်။ စာတော့ အစုံဖတ်ပါတယ်။

မေး။ ။ ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက် Facebook ပေါ်မှာ စာရေးဆရာမ ရွှေရေးထင်ထင်ဆိုပြီး နာမည်ကြီးလာပြီး လူတွေ သတိထားလာမိကြတာ ဘာကြောင့်လို့ ထင်မိလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ဒါက ပြောရမယ်ဆိုရင် သုံးပိုင်းရှိပါတယ်။ ပထမအပိုင်းကတော့ ရွှေရေးက Facebook သုံးကြတဲ့ သူတွေ ထုံးစံအတိုင်း ကိုယ့်ရဲ့ ဓာတ်ပုံ အလှလေး တင်လိုက်တယ်။ ဒီဓာတ်ပုံကလည်း ရွှေရေးအမြင်ကို ပြောရမယ်ဆိုရင် ဘာမှ အထွေအထူး ပြောစရာမရှိဘူးပေါ့။ မိန်းကလေးတွေ အမြင်ဆိုရင် သူဟာ ကိုယ်လုံးပေါ် အင်္ကျီလေး ဝတ်ပြီး ရိုက်ပြီးတင်ထားတယ်လို့ပဲ မြင်မယ်။ ရွှေရေးအနေနဲ့ လည်း ဒီလိုပဲ ကိုယ်လုံးပေါ် Fitting ဖြစ်တဲ့ အင်္ကျီင်္ီလေး ဝတ်ပြီး ရိုက်ထားတယ်။ အပြင်သွားခါနီးလေးမှာ မေမေက ဧည့်ခန်းမှာ ဖမ်းပြီးဖုန်းနဲ့ ရိုက်လိုက်တာပဲ ရှိတယ်။ ဒါပေမယ့် ပို့စ်ကတော့ ကိုယ်က ကိုယ်ဖတ်ဖူးထားတဲ့၊ မြင်ဖူးထားတဲ့ မဂ္ဂဇင်းတွေထဲက မော်ဒယ်လေးတွေ ပုံစံအတိုင်းပဲ ပေးလိုက်မိတာ။ ဓာတ်ပုံတင်မယ် ဆိုတော့ ဒီပုံလေးကတော့ သူများနဲ့မတူဘူး၊ ဆန်းတယ်၊ ဒီပုံလေးတော့ တင်လိုက်မယ်ဆိုပြီး တင်ဖြစ်လိုက်တယ်။ အဲဒီပုံကို တင်ပြီးတော့မှ ဒီပုံကို လူတွေက ဘယ်လို အာရုံစိုက်မိသွားကြလဲ မသိဘူး။ တော်တော် Share သွားကြတယ် ။ Share သွားကြတာကလည်း အမျိုးသား Account တွေက များတယ်။ မိန်းကလေးတွေ အမြင်မှာ ဘာမှမဟုတ်ပေမယ့် ပုရိသတွေရဲ့ အမြင်မှာတော့ ဒီဓာတ်ပုံဟာ ဘာကို အာရုံစိုက်ချင်စရာ ဖြစ်လဲ ဆိုတာတော့ ရွှေရေးမသိဘူး။ အဲဒီလို ဓာတ်ပုံကို Share ပြီးတော့ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုတော့ သူတို့က ရွှေရေးကို စာတွေ၊ ကဗျာတွေ ရေးတဲ့ စာရေးသူဆိုတော့ သူတို့က Share ရင် စာရေးဆရာမ၊ ကဗျာဆရာ ဆိုပြီး ခေါင်းစဉ်တပ်ပြီး Share တယ်။ နောက်ပိုင်းကျတော့ ပုံတွေ ပိုပြန့်လာတော့ နောက်တမျိုး ခေါင်းစဉ်တပ်တယ်။ နာမည်ကြီး စာရေးဆရာမဆိုပြီး ထပ်ရေးတယ်။ အဲဒီတော့ လူတွေက ပိုပြီးသိလာပြီးပိုပြီး ပွပွ၊ပွပွ လာပြီး နာမည်ကြီး စာရေးဆရာမ ဆိုပြီး ဓာတ်ပုံရိုက်ထားတာကလည်း မော်ဒယ် ပုံစံမျိုးနဲ့ဆိုပြီးတော့ အဲဒီမှာသူတို့ ဝေဖန်လို့ရတဲ့ ဘောင်ထဲ ဝင်သွားပြီးတော့ ပိုပြီး ပြန့်ကားသွားတဲ့ သဘောပါ။

မေး။ ။ ဓာတ်ပုံကရောအရင်က တင်ဖူးလား။ အရင်တုန်းက တင်တာနဲ့ အခုကရော ဘာတွေများ ကွာခြား သွားလဲ။

ဖြေ။ ။ ဓာတ်ပုံက အရင် ရွှေရေး ဘန်ကောက်မှာ Facebook စသုံးထဲက တင်ဖြစ်ခဲ့ပါတယ်။ ပုံတွေ တင်လာခဲ့ ပါတယ်။ အမြဲတမ်းတော့ တင်တာမဟုတ်ပါဘူး။ ကိုယ်ဓာတ်ပုံ ရိုက်ရင် ရိုက်ဖြစ်သလို၊ ရိုက်တဲ့ အထဲကလည်း ကိုယ် လှမယ်ထင်တဲ့ ပုံတွေကို တင်ဖြစ်တာပါပဲ၊ အခု Share နေကြတဲ့ ပုံကိုလည်း ဘယ်အချိန်က စတင်ဖြစ်လဲ ဆိုတာတောင် သေချာ မမှတ်မိတော့ဘူး။ ဒီမေလအတွင်းမှာပဲ တင်ဖြစ်တာပါ။

မေး။ ။ ဓာတ်ပုံတင်ပြီး နေ့ချင်းညချင်း ကိုယ့်ကိုလူတွေ Share ကြ၊ စိတ်ဝင်တစား ပြောကြတဲ့အပေါ်မှာရော ဘယ်လိုများ ခံစားမိလဲ။

ဖြေ။ ။ ဒီပုံကိုတင်ပြီး ၃၅ မိနစ်အတွင်းမှာ ရွှေရေး အကောင့်ထဲကပဲလား၊ အပြင်ကလား မသိဘူး။ ရွှေရေးရဲ့ တခြားပုံ၊ သုံးလေးပုံကို တွဲပြီးတော့ သူ့ကိုလည်း ဝန်းရံကြပါဆိုပြီး ပုံတင်ပြီး Share လိုက်တာတွေ့တယ်။ သူက တခြား Page မှာ တင်လိုက်တာကို ရွှေရေးရဲ့ သူငယ်ချင်းတယောက်က မြင်ပြီး ရွှေရေးကို Screen Shoot လုပ်ပြီး ပို့လာတယ်။ အဲဒီလို ပို့လာတော့ ပထမ တော်တော် အံ့သြသွားမိတယ်။ နောက်ပိုင်းတွေလည်း အဲဒီလိုမျိုးတွေ ရေးပြီး တင်လာကြတာ တွေ့တော့ သူငယ်ချင်းတွေ ကလည်း သူတို့ တွေ့သမျှ လာလာ ပြကြတယ်။ အံ့သြမိတာနဲ့အမျှ နောက်ပိုင်းမှာ Comment ပေါင်းစုံလည်း ဝင်လာကြတာ အများကြီးပဲ။ တစ် အချက်က အံ့သြတယ်၊ နောက်ပိုင်း တဖြည်းဖြည်း များလာတော့ ရွှေရေး ထိတ်လန့်လာတယ်။ ကိုယ်မသိလိုက်တဲ့ အချိန်မှာ ဖြစ်တာလေ။ ကိုယ်က အိမ်မှာ တီဗီလေး ကြည့်လိုက်၊ စာရေးဖို့ အကြံထုတ်လိုက် လုပ်နေတဲ့အချိန်၊ အကြံမရလို့ ရေခဲသေတ္တာကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေတဲ့ အချိန်လေ။ စားလိုက်သောက်လိုက်နဲ့ အဲဒီလို အချိန်ကုန်နေတဲ့ အချိန်မှာ Facebook မှာ ကိုယ့်ကို ဘာတွေလုပ်နေမှန်း မသိလိုက်ဘူး။ သိလိုက်တဲ့အချိန်မှာ တော်တော်လေး ပြန့်နှံ့နေတာကို တွေ့လိုက်ရတော့ တော်တော်လေး ထိတ်လန့်ပြီး ကြောက်သွားမိတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီဝင်လာတဲ့ Friend Request တွေကလည်း အများကြီး၊ Follower တွေကလည်း အများကြီး ဖြစ်နေပြီ၊ Message တွေ ပို့တာလည်း အများကြီး ဖြစ်လာတယ်။ ဘယ်လောက်ထိ များလာလဲဆိုရင် ရွှေရေး Chat Box ဆိုရင် ဖွင့်ဖတ်လို့ မရတော့ဘူး။ အကောင့်က အရမ်းလေးလာတယ်။ သူတို့ကို Accept လုပ်ပေးဖို့ ပြောလာတဲ့ သူတွေအများကြီးမှာ လူကောင်း တချို့ကို ရွှေရေး ပြန်လုပ်လိုက်တယ်။ သို့သော်လည်း Fake Account လို့ထင်ရတဲ့သူ တချို့ကိုတော့ ရွှေရေး မလုပ်ပေးဘူး။ အဲဒီမှာ သူတို့ဆီက အမုန်းပွားတဲ့စာတွေ ထပ်ပို့လာကြတယ်။ အဲဒီစာတွေကို ရွှေရေး လျစ်လျူရှု လိုက်တယ်။ နောက်ပိုင်း သိလာရတာက ရွှေရေး Fake Account လို့ ထင်ပြီးလျစ်လျူရှုလိုက်တဲ့ Account ထဲက လူတချို့က ရွှေရေးတင်ထားတဲ့ ပုံတွေအောက်မှာ မကောင်းတဲ့ Comment တွေ၊ ပိုပြီးဆိုးရွားတဲ့ Comment တွေကို ရေးပြီး ပိုပြီး ဖြန့်ဝေလာတာကို တွေ့ရတယ်။ အမုန်းပွားစရာ တခုကြောင့်၊ မကျေနပ်မှု တခုကြောင့် သူတို့ ပိုပြီး ဖြန့်ဝေလေ၊ ရွှေရေးကို ပိုပြီးသိလာလေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့ ကိုယ့်အကြောင်းတွေ ဖြန့်တဲ့ Post တွေကို အများကြီး မြင်ရတာ များလာတော့ ရယ်ချင်လာတယ်။ ဘယ်လိုမှ စိတ်ထဲမရှိတော့ဘူး။ သူတို့ရေးတာ၊ ပြောတာကို ရယ်ချင်တာပဲ ရှိတော့တယ်။ နောက်ပိုင်းမှာ ရွှေရေး အကြောင်းကိုမှ မဖွရင်၊ မပြောရင် သူတို့ နာမည် မကြီးတော့ သလိုပဲ ဖြစ်လာလို့ ရွှေရေးကိုပဲ ဖွနေကြတာလို့ သူငယ်ချင်းတွေ ပြောတာကို သိရတယ်။ ရွှေရေး အကြောင်းနဲ့ ပတ်သက်ပြီး၊ ကဗျာတွေ၊ Post တွေ ရေးတင်ကြတယ်။ ဝေဖန်သံတွေရှိတယ်။ တချို့ကကျတော့ ရွှေရေးဘက်ကနေ ရပ်တည်ပြီးတော့ အကောင်းဘက်နေ ရေးပေးကြတာ ရှိတယ်။ ဝေဖန် တိုက်ခိုက်တဲ့သူတွေကို သူတို့ဘက်က ပြန်ပြီး ရေးပေးတဲ့ Post တွေ တင်ပေးကြတယ်။ ကိုယ့်ဘက်က ရပ်တည်ပေးတဲ့ သူတွေ၊ ကိုယ့်ဘက်က ရေးပေးကြတဲ့ သူတွေကို ရွှေရေး အရမ်း ကျေးဇူးတင်မိတယ်။ ဒါပေမယ့် ရွှေရေးက ဖြူလား၊ မည်းလား၊ ဝလား၊ ပိန်လား၊ ပုလား၊ မသိဘဲ ဝေဖန် နေကြတဲ့ သူတွေကိုတော့ အံ့သြမိတယ်။ ရယ်လည်း ရယ်ချင်မိတယ်။

မေး။ ။ တချို့ ရွှေရေးထင်ထင်ဆိုတာ မိန်းကလေး အစစ်မဟုတ်ဘူး၊ အကောင့်ကလည်း Fake account လို့ ထင်နေကြတဲ့သူတွေ ရှိတယ်နော်။

ဖြေ။ ။ အဲဒီလို Fake Account လို့ အထင်ခံရတာက ကနဦး စသုံးတုန်းကပါ။ ဘာကြောင့်လဲ ဆိုတော့ ရွှေရေး အကောင့် စသုံးတုန်းကဆိုရင် ဓာတ်ပုံတွေ မတင်ရဲဘူးပေါ့နော်။ ဓာတ်ပုံမတင်ဘဲ ကဗျာတွေပဲ တင်တော့ ရွှေရေးက ကိုယ်တိုင် ကဗျာမရေးဘဲ တခြားသူ တဦးဦးရေးတဲ့ ကဗျာတွေကို ကူးယူပြီး ပြန်တင်တယ်လို့ ထင်ကြတယ်။ အဲဒီမှာ မဖြစ်တော့ဘူး၊ ငါတော့ ဓာတ်ပုံလေးတွေ တင်မှပဲဆိုပြီး ဓာတ်ပုံလေးတွေ ရိုက်ပြီး တင်လိုက်တယ်။ အဲဒီလို ဓာတ်ပုံ တင်နေတဲ့ကြားက အခုအချိန်အထိ Fake Account လားလို့ အမေးခံရတယ်။ အခုနောက်ပိုင်း ဘယ်လို ပိုဆိုးလာလဲ ဆိုတော့ ရွှေရေးရဲ့ ပုံတွေနဲ့ Fake Accountတွေ ဖွင့်ပြီး သုံးနေကြတယ်။ ဒီတော့ သူငယ်ချင်းတွေတောင် ပြန်မေး လာကြတယ်။ ဟိုဘက်မှာ နင့်ပုံနဲ့သုံးနေတာက အစစ်လားတဲ့။ ရွှေရေးကရော အတုလားတဲ့၊ တခြား မိန်းကလေး တယောက်ပုံကို ရွှေရေးကယူပြီး သုံးထားတာလား၊ ကဗျာတွေကလည်း သူများရေးထားတဲ့ ကဗျာတွေကို ယူသုံး နေတာလား၊ အဲဒီလို မျိုးတွေ ခဏခဏ မေးလာကြတယ်။ အဲဒီအတွက် ရွှေရေးစိတ်မဆိုးပါဘူး။ ဒါက အချိန်တန်ရင် အမှန် ပေါ်ပေါက်လာမယ့် ကိစ္စပဲလေ။ အခု ရွှေရေးသုံးနေတဲ့ Account က Shweyae Htin Htin ဆိုတဲ့ Account နဲ့ Shweyae Htin Htin ဆိုတဲ့ Page ဆိုတာ နှစ်ခုပဲ သုံးပါတယ်။ နောက်တခုက ပေါင်းစပ်ခြင်း အနုပညာ အလင်္ကာ ဆိုတဲ့ Page လေးကို သုံးပါတယ်။ နောက်တခုက ရွှေရေးက အပြင် သိပ်မထွက် ဖြစ်ဘူး။ ဖုန်းနံပါတ် လာတောင်းရင်လည်း မပေးဘူး။ ဒါကြောင့် ပွဲတွေ ဖိတ်ရင်လည်း သိပ်မသွားဖြစ်ဘူး။ အပြင်ထွက်တာ နည်းတဲ့အတွက် ရွှေရေးကို အပြင်မှာ သိပ်မတွေ့ဖူးကြဘူး။ ရွှေရေးထင်ထင် ဆိုတာကို သေချာမသိကြဘူး။ ဒါကြောင့်လည်း Fake Account လုပ်ပြီး တင်နေတယ်ပဲ ထင်ကြတာ ပါပါတယ်။

မေး။ ။ ရွှေရေးထင်ထင်ကို မင်းသမီး၊ မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းလာကြတာ ရှိတယ်လို့လည်း သိရတယ်။ အဲဒါရော လုပ်ဖြစ်မှာလား။ စာရေးတာအပြင် တခြား ဘယ်လို အနုပညာ ဖန်တီးမှုတွေရော ရှိပါသလဲ။

ဖြေ။ ။ အဲဒါတော့ မလုပ်ဖြစ်ပါဘူး။ ရွှေရေး ဒါရိုက်တာဦးသိန်းဟန်(ဖီးနစ်)နဲ့သိတာက သူနဲ့က ရွှေရေးက ဇာတ်ညွန်းလေးတွေ ရေးထားတာ ရှိတယ်လို့ ပြောပြထားဖူးတာ ရှိပါတယ်။ ဇာတ်ညွှန်း ကိစ္စလေးတွေ ပြောထားတာ ရှိတာပါ။ အဆိုတော် ကိုမိုးမိုးနဲ့လည်း ရွှေရေး သီချင်းလေးတွေ ရေးထားတာရှိတယ်လေ။ ရွှေရေး ရေးထားတဲ့ သံစဉ်လေးတွေ ရှိတယ်။ သီချင်းလေးတွေ ရှိတာ ကိုမိုးမိုးကို ပြချင်တာကြောင့် ကိုမိုးမိုးတို့နဲ့ တွေ့ဆုံဖြစ်တာ ရှိပါတယ်။ ရွှေရေးစိတ်ဝင်စားတာ အဓိက စာရေးသားခြင်းပါပဲ၊ ဇာတ်လမ်းဇာတ်ကွက် ရေးသားတာ၊ ၀တ္ထုရေးမယ်၊ ကဗျာရေးမယ် ဒါကတော့ အဓိကပေါ့။ သီချင်းရေးတာကတော့ ရွှေရေးရဲ့ အဓိက ဝါသနာမဟုတ်ပါဘူး။ ဒါပေမယ့် သူကလည်း ကဗျာနဲ့ သက်ဆိုင်နေတယ်၊ စကားလုံးတွေ၊ ကာရန်တွေ ရေးတာပဲပေါ့။ အရမ်း မရေးဖြစ်သော်ငြားလည်းပဲ ရံဖန်ရံခါ စိတ်ကူးထဲမှာ ပေါ်လာတဲ့ အခါကျရင် ရေးဖြစ်တယ်ပေါ့။ တခြားတခြားသော လူတွေကလည်း ရွှေရေးပုံတွေကို မြင်တဲ့အခါ သရုပ်ဆောင် လုပ်သင့်တယ်၊ သရုပ်ဆောင်လုပ်ပါလား ဆိုပြီး ပြောကြတာရှိတယ်။ တော်တော်များများ လာပြောကြတယ်။ ကမ်းလှမ်းတာလည်းရှိတယ်။ အဲဒီလို လုပ်ဖို့တော့ ရွှေရေး စိတ်မဝင်စားသေးပါဘူး။ နောက်တခုလည်း ရှိသေးတယ်။ ရွှေရေးကဗျာတွေ ရေးပြီး Group Page လေး လုပ်ပြီးတဲ့ အချိန်မှာ သူတို့က ကဗျာစာအုပ်တွေ ထုတ်မယ်ဆိုပြီး ကမ်းလှမ်း လာကြတာတွေလည်း ရှိတယ်။ ဒါပေမယ့် ရွှေရေးက ကနဦး ထုတ်ဝေတဲ့ စာအုပ်က ကဗျာစာအုပ် မဖြစ်ချင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီခေတ်မှာက ကဗျာစာအုပ်ကို ပိုက်ဆံ ပေးပြီး ဝယ်ဖတ်တဲ့သူဆိုတာ အရမ်းရှားပါတယ်။ အွန်လိုင်းမှာသာ တွေ့ရင် ဖတ်ကြတာ များတယ်။ ဒါကြောင့် ကဗျာစာအုပ်အနေနဲ့က အောင်မြင်ပြီး ပေါက်ဖို့က ခဲယဉ်းတယ်။ ဒါကြောင့်ရွှေရေးက ပထမဆုံးစာအုပ်ကို လုံးချင်း ဝတ္ထုပဲ ထုတ်ချင်တယ်။ ဒါကြောင့် ကဗျာစာအုပ်ကိုလည်း ရွှေရေး အခုထိ မထုတ်ဖြစ်တာပါ။ အရင်တုန်းက လုံးချင်းဝတ္ထု အရှည်တွေ အများကြီးရေးဖူးတယ်။ အဲဒီတုန်းကတော့ ကိုယ့်ဇာတ်ကို ကိုယ် တော်တော်ကောင်းလှပြီ ထင်နေတာလေ။ ဒါပေမယ့် လတွေ တော်တော်ကြာသွားလို့ ပြန်ဖတ်ကြည့်တဲ့ အခါကျတော့ သိပ် အားမရတော့ဘူး။ ပရိသတ်ကို ချပြလောက်တဲ့အထိ မကောင်းသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် မြင်မိတယ်။ အဲဒီအထဲကမှ ရွှေရေး ကြိုက်တဲ့ အချစ်ရယ်၊ ဟာသရယ်၊ စုံထောက်ရယ် ပေါင်းပြီရေးထားတဲ့ ဝတ္ထုရှည်တပုဒ်ကို တော်တော်ကြိုက်တုန်းပဲ၊ ကနဦး ဝတ္ထု ထုတ်ဖြစ်မယ်ဆိုရင် အဲ့ဒီဝတ္ထုကို ရွှေရေး အရင်ဆုံးထုတ်ဖြစ်မယ် ထင်ပါတယ်။ ပရိသတ်ကို ချပြရင်လည်း ပရိသတ် တော်တော်များများ ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ Facebook မှာလည်း အခန်းဆက်အဖြစ် တင်သွားဖို့ အစီိအစဉ်ရှိပါတယ်။

မေး။ ။ ကိုယ်က စာပေရေးသားပြီး ဖန်တီးသူတယောက်အဖြစ် သတ်မှတ်ခံချင်တဲ့အခါမှာ ကိုယ့်ကို ဓာတ်ပုံကြောင့်ပဲ ပရိသတ်က ပိုပြီးသတိထား၊ အားပေးတဲ့အပေါ် ခံစားချက်က ဘယ်လိုရှိလဲ။

ဖြေ။ ။ အဲဒါကိုလည်း စိတ်ထဲ နည်းနည်း မကျေနပ် ဖြစ်မိတယ်ရှင့်။ ရွှေရေးက ချပြတာက ရွှေရေးရဲ့ အလုပ်အနေနဲ့၊ ဝါသနာအနေနဲ့ ချပြတာက စာပေ၊ ဓာတ်ပုံတင်တာက ရွှေရေးရဲ့ ကိုယ်ပိုင် Life အနေနဲ့ ဓာတ်ပုံလေးတွေတင်တာ။ ဒါပေမယ့်သူတို့ပိုပြီး စိတ်ဝင်စား သွားကြတာက ဓာတ်ပုံဖြစ်နေတယ်။ စာပေကိုတော့ သူတို့မေ့နေကြတယ်။ ရွှေရေးက စာရေးသူတယောက် ဆိုတာကို တော်တော်များများက မေ့နေကြတယ်။ ဒါပေမယ့် အဲဒီအထဲမှာ တချို့သော ခင်မင် အားပေးတဲ့ ပရိသတ်တွေ ရေးလာကြတာရှိတယ်။ ဓာတ်ပုံကြောင့် ရွှေရေးကို ပိုသိလာတယ်။ Wall ထဲက စာတွေကို လာဖတ်ကြတယ်။ ဓာတ်ပုံကြောင့် စာတွေကို နောက်ပိုင်းမှာ အားပေးလာကြတဲ့ သူတွေလည်း အများကြီးရှိလို့ ဝမ်းသာပါတယ်။

မေး။ ။ ပရိသတ်စိတ်ဝင်စားကြတဲ့ စာရေးဆရာမ ရွှေရေးထင်ထင်ရဲ့ အပြင်က Lifestyle နဲ့ ကာရိုက်တာက ဘယ်လိုမျိုးလဲ။

ဖြေ။ ။ ရွှေရေးအပြင်မှာနေဖြစ်တဲ့ ပုံစံက အမြဲလိုလို အိမ်တွင်းပုန်းပြီး စာရေးမယ်၊ စားမယ်၊ သောက်မယ်။ အဲဒီလို ပုံစံပဲ။ နောက်ပြီးတော့ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်း နည်းတယ်။ Facebook မှာသာခင်မင်ကြတဲ့ သူငယ်ချင်းတွေ ရှိတာ၊ အပြင်မှာကျတော့ ငယ်ပေါင်းကြီးဖော်လို ပေါင်းတဲ့သူငယ်ချင်းလည်း မရှိဘူး။ နည်းတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ စွဲစွဲမြဲမြဲနဲ့ စာရေးဖြစ်လာတာ။ အပြင်ကလည်း မေမေနဲ့ တခါတရံ Shopping ထွက်တာကလွဲရင် သိပ်မထွက်ဖြစ်ဘူး။ Lifestyle က ပေါ့ပေါ့ပါးပါး နေတတ်တယ်။ စာရေးစာဖတ်တာ ဝါသနာပါတယ်၊ တီဗီကြည့်တာ ဝါသနာပါတယ်၊ မုန့်စားတာ ဝါသနာပါတယ်။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပဲ နေတတ်ပါတယ်။

မေး။ ။ ရွှေရေးထင်ထင်က ထိုင်းကိုလည်း သွားခဲ့တယ်ဆိုတော့ အဲဒီမှာ ကျောင်းကော တက်ခဲ့တာလား။

ဖြေ။ ။ ကျောင်းတက်ခဲ့တာ မဟုတ်ပါဘူး။ ထိုင်းမှာက ရွှေရေး ဖေဖေရှိတယ်လေ။ ဖေဖေ့ ကျန်းမာရေး မကောင်းတော့ ရွှေရေက ဖေဖေ့နားကို သွားခဲ့တာပါ။ ဒါပေမယ့် သတ်မှတ်ထားတာထက် ကြာကြာလေး နေဖြစ်တယ်ပေါ့။

မေး။ ။ ရွှေရေးထင်ထင်ကို ပလတ်စတစ် ဆာဂျရီ လုပ်ထားတယ်ဆိုတဲ့ ပြောသံလည်း ကြားရပါတယ်။ အဲဒီအပေါ်ကိုရော ဘယ်လိုများ ဖြေရှင်းချက်ပေးချင်ပါလဲ။

ဖြေ။ ။ ဖြေရှင်းချက် မပေးခင် အရမ်းအရမ်း ရယ်ချင်ပါတယ်။ အဲဒီစကားကို အဲဒီလိုပဲ ပြောချင်ပါတယ်။ ဒီကိစ္စက ကိုယ်က စိတ်ဆိုးပြီး သက်သေပြမယ်ဆိုပြီး သက်သေပြလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူးလေ။ လူတွေကရွှေရေးကို တိုက်ရိုက်လာမေးကြတာလည်း ရှိတယ်။ အဲဒီအခါကျရင် ရွှေရေးဘာမှမပြောဘဲ လျစ်လျူရှုလိုက်တယ်။

(ဘေးမှာ ထိုင်နေသည့် ရွှေရေးထင်ထင်၏ မိခင်။ ။ အဲဒါက သမီးရဲ့ ငယ်ငယ်က ဓာတ်ပုံလေးတွေ ကြည့်ရင် သိပါတယ်။ နောက်ပြီးဒါက သူက သေးဖို့ပဲ ခွဲစိတ်သင့်ရင်တောင် ခွဲစိတ်ရမှာပါ။ ဟုတ်တယ်လေ။ ဒီဒဏ်ကို ခံနိုင်ရင်ခံ၊ မခံနိုင်ရင် ခွဲစိတ်ပေါ့။)

မေး။ ။ ရွှေရေးထင်ထင်က ဘာလူမျိုးလဲ။ အခု အသက်ဘယ်လောက်ရှိပါပြီလဲ။

ဖြေ။ ။ ဗမာစစ်စစ်ပါပဲ။ သူငယ်ချင်းတွေကတောင် နောက်နေသေးတယ်။ အဖေကလည်း ဗမာ၊ အမေကလည်း ဗမာဖြစ်ရဲ့သားနဲ့ သူတို့ဗမာလို့ မထင်ကြဘူးဆိုတော့ ဘိုးဘိုးနဲ့ဘွားဘွားကိုပဲ မေးကြည့်ရမယ်ဆိုပြီး ရယ်စရာ ပြောနေသေးတယ်။ ရွှေရေးက 91 Born ပါ။

မေး။ ။ ရွှေရေးထင်ထင်နဲ့ ပတ်သတ်တဲ့ လူတော်တော်များများ ပြောကြတဲ့ အကြောင်းအရာတွေ အပေါ်မှာရော ဖြေရှင်းပြောပြဖို့ အစီအစဉ်မရှိဘူးလား။

ဖြေ။ ။ အဲဒီလိုတော့ ရွှေရေးဖြေရှင်းမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ Facebook ရဲ့ သဘောကိုက အစ တခုကို အမြဲဆွဲထုတ်ဖို့ ရှာနေကြတဲ့ သဘောမှာ ရှိတယ်လေ။ ဥပမာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းတရား တခု ပေါ်လာရင်လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းတရားကို သူတို့ ဆွဲထုတ်ကြမယ်။ လူမှုရေးနဲ့ ပတ်သက် ရင်လည်း မကြီးကြီးလာအောင် ဆွဲပြီးဖွကြမယ်။ ဒါမှမဟုတ် ရုပ်ရှင်ဇာတ်ကားလေး နာမည်တခု ထွက်လာရင်တောင်မှ အဲဒီ ဇာတ်ကားနာမည်ကို လှပတဲ့ နာမည်လေးတခုကိုတောင်မှ သူတို့ ပျက်သွားအောင် လုပ်ချင်လုပ်ကြမယ်၊ စိတ်ဝင်စားစရာတခုခုကို အချိန်ပေးပြီးတော့ အမြဲ ရှာဖွေနေကြတဲ့ သူတွေအတွက်ကျတော့ ကိစ္စတွေဆိုတာ တခုပြီးတခု ပေါ်လာနေမှာပဲလေ။ လတ်တလော ရေပန်းအစားဆုံး ဖြစ်နေတာကတော့ ရွှေရေးအကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ သူတို့အတွက် နောက်ထပ် စိတ်ဝင်စားစရာ အကြောင်းအရာ တခုခု ထပ်ရသွား ပါလိမ့်မယ်။ အဲဒီအခါကျရင် ရွှေရေးအကြောင်းက ငြိမ်ပြီးတော့ အေးသွားမှာပါ။

မေး။ ။ ရှေ့ဆက်ပြီး ဆရာမရွှေရေးထင်ထင်ရဲ့ ဘယ်လိုအနုပညာ ချပြမှုမျိုးကို ပရိသတ်က တွေ့မြင်ရမှာပါလဲ။

ဖြေ။ ။ ရွှေရေးအဓိက လုပ်ဖို့ကတော့ စာရေးခြင်းနဲ့ ပတ်သက်လို့ပါပဲ။ နံပါတ်တစ် စာတွေရေးမယ်၊ လုံးချင်း ဝတ္ထု ထုတ်နိုင်ဖို့ ရွှေရေးကြိုးစားမယ်။ နောက်တခု ရွှေရေး ဇာတ်ညွန်းတွေ ရေးပါမယ်။ နောက်ပြီးတော့ ကဗျာတွေ ဆက်ရေးပါမယ်။ တခြား ပြောချင်တာကတော့ အွန်လိုင်းမှာ ရွှေရေးနဲ့ ပတ်သက်လို့ သူတို့ ဘယ်လောက်ပဲ မကောင်းပြောပါစေ၊ ဝေဖန်နေပါစေ ရွှေရေးထင်ထင်ကတော့ ရယ်စရာလို့ မြင်တာကလွဲပြီး တခြားဘာမှ ပြောစရာ မရှိပါဘူးလို့။

မေး။ ။ ရွှေရေးထင်ထင်ရဲ့ အနာဂတ်ကကော စာရေးတာတခုပဲလား။ တခြား စီးပွားရေး၊ ဒါမှမဟုတ် အလုပ်တခုခု လုပ်ဖို့ရော ရှိပါသလား။

ဖြေ။ ။ ဟုတ်ကဲ့။ ရွှေရေး အိမ်မှာ ပဲ Home ကျူရှင်အနေနဲ့ စာသင်နေပါတယ်။ သင်တာက အဓိက TOFEL ၊ IELTS အတွက် အင်္ဂလိပ်စာပေါ့။ နောက်ပြီး Accounting နဲ့ပတ်သတ်တာကိုလည်း သင်ပါတယ်။ အဲဒါက ပြင်ပက သူတွေထက် ရွှေရေးနဲ့ နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်း၊ ကလေးတွေကို သင်ပေးဖြစ်တာပါ။

အပြာရောင်ကဗ္မည်းပြားတန်ဖိုးကို လူအများနားမလည်ဘူးလို့ ဦးရဲထွဋ် ပြော


White card မဲပေးခွင့် မရှိကြောင်း လွှတ်တော် အတည်ပြု

ဇူးဇူး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီ သက်သေခံ လက်မှတ်(White card) ကိုင်ဆောင်ထားသူများ မဲပေးခွင့် မပြုကြောင်း မေလ ၂၈ ရက် က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ အတည်ပြုလိုက်သည်။

အဆိုပါ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်း ကော်မတီ က မေလ ၂၁ ရက် တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် ဖတ်ကြားရှင်းလင်းခဲ့သည်။

အစီရင်ခံစာအား ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များကို မေလ ၂၄ ရက် နောက်ဆုံး ထားပြီး အမည်ပေးသွင်းရန် ကြေညာထားခဲ့သော်လည်း ယနေ့အထိ ပြင်ဆင်ချက်အဆို တင်သွင်းလာခြင်း မရှိသည့်အတွက် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာက ပြောကြားသည်။

“ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုလိုက်ကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၁ အရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု လည်း ၎င်းက ပြည်သူ့လွှတ်တော်တွင် အတည်ပြုပေးခဲ့သည်။

ယင်းဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်တွင် အတည်ပြုပြီး ဖြစ်သော်လည်း White card ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံနှင့်မညီကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြန်လည်ပြင်ဆင်၍ အတည်ပြုရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

White card ကိုင်ဆောင်ခွင့်သည် ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနရုံးသို့ ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

ယင်းသို့အပ်နှံသူများကို ၁၉၈၂ နိုင်ငံသားဥပဒေအရ စိစစ်မှုများ ပြုလုပ်ပြီးပါက နိုင်ငံသားဖြစ်ကြောင်း သက်သေခံ ကတ်တမျိုးမျိုးကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးဌာနမှ သိရသည်။

“ဒီလူတွေဟာ ၁၉၄၇ ကတည်းက ၂၀၁၀ အထိ မဲစာရင်းမှာပါပြီး ရွေးကောက်ပွဲမှာ မဲထည့်လို့ရတဲ့ ပြည်သူတွေဖြစ်တယ်။ ဒီလူတွေကို အဲဒီဥပဒေကြောင်းအရပဲ မဲထည့်လို့ရမယ့် စာရင်းမှာ ပါနိုင်အောင်ဖြစ်စေချင်တယ်။ ဒီနေ့ White card ကိုင်ဆောင်သူတွေဆီက ပြန်သိမ်းပြီး ချလန်ပေးထားတယ်။ ဒီလူတွေရဲ့ မူလအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးမှာကို ကျနော်တို့ စိုးရိမ်တယ်” ဟု ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံအတွင်း ယာယီသက်သေခံ လက်မှတ်များအား ထုတ်ပေးထားသည့် နံပါတ်စဉ်အရ ၇၆၂၃၇၂ ဦး ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။

၂၀၁၅ ခုနှစ် မေ ၂၄ ရက်အထိ ပြန်လည် အပ်နှံလာသည့် White Card ပေါင်း ၄၁၅၈၆၀ ရှိပြီး အများစုသည် ရခိုင်ပြည်နယ်မှ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်ချစ်က ဧရာဝတီသို့ ပြောဆိုထားသည်။

အိမ်ထောင်စု ၁၀၀ မှာ ၂၀ ကျော် အလင်းရောင်အတွက် ဖယောင်းတိုင်မီး သုံးနေရ



ဒေသစရိတ်ခံစားခွင့်ရ မြို့နယ်များရှိ စည်ပင်သာယာ ဝန်ထမ်းလစာကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထုတ်ပေးမည်

စိုးသန်းလင်း

ဒေသစရိတ် ခံစားခွင့်ရှိသော မြို့နယ်များတွင် နေထိုင်လျက်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများသည် အခြားအစိုးရအဖွဲ့ ဝန်ထမ်းများကဲ့သို့ လစာ နှစ်ဆ ခံစားခွင့်ရရှိနိုင်ရန် လိုအပ်သည့် တစ်လစာကို၎င်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ နှစ်စဉ် ကောက်ခံရရှိသော အခွန်ငွေများထဲမှ ခွဲဝေပေးနေရခြင်းတို့အတွက်
စည်ပင်သာယာရေး အဖွဲ့၏ လိုအပ်ငွေကို ၂၀၁၅-၁၆ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျခံပေးမည်ဟု ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်က ဖြေကြားခဲ့သည်။

“၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစ၍ တိုင်းဒေသကြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော စည်ပင် သာယာရေး ကော်မတီများနှင့်စည်ပင်သာယာရေးအဖွဲ့ များ၏ လိုငွေကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ချေးငွေအဖြစ် မသတ်မှတ်တော့ဘဲ ထောက်ပံ့ငွေအဖြစ်သာ ဖြည့်ဆည်းပေးမည် ဖြစ်ပါသည်။ စည်ပင်ဝန်ထမ်းများ၏ လစာများ၊ စည်ပင်လုပ်ငန်းများအတွက် အသုံးစရိတ်များကို ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ထည့်သွင်းရေးဆွဲရမည်ဖြစ်ပြီး စည်ပင်ရငွေထက် ပိုလာသော အသုံးစရိတ်အတွက် လိုငွေကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ငွေတွင် ထည့်သွင်း ရေးဆွဲနိုင်ကြောင်း၊ လိုအပ်သည်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့တို့သို့ တင်ပြညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာ ရဲအောင်က ပြောခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မာန်အောင်မြို့ တွင် ဝေးလံခေါင်သီဒေသမှ ဝန်ထမ်းများ လစာ နှစ်ဆ ရရှိသဖြင့် မြို့ နယ် စည်ပင်သာယာရေး ၀န်ထမ်းများကိုလည်း လစာ နှစ်ဆ ရစေရန် မြို့နယ်က ကောက်ခံရရှိ သော အခွန်ငွေထဲမှ ခွဲပေးနေရခြင်း အစား သက်ဆိုင်ရာ အစိုးရအဖွဲ့က ထိုတစ်လစာကို ပေးရန် အစီအစဉ်ရှိ မရှိ ဟူ၍ မာန်အောင်မြို့ နယ် အမတ် ဦးအောင်စိန်၏ အမေးကို ဒေါက်တာရဲအောင်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

စည်ပင်သာယာရေး ကော်မတီနှင့် စည်ပင်သာယာရေး အဖွဲ့အစည်းများ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းအရ လိုငွေများကို ချေးငွေအဖြစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေထဲမှ ယခင်က ခွင့်ပြု ပေးခဲ့ကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့ ပြလူဦးရေနှင့် ကျေးလက်လူဦးရေ၊ တစ်ဦးချင်းစီ၏ ပျမ်းမျှအသားတင် ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး စသည့် ညွှန်းကိန်းများအရ တွက်ချက်၍ သင့်လျော်သည့် ပမာဏကို ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း လည်း ဒုတိယ၀န်ကြီးက လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ကျောက်မီးသွေးသုံးစက်ရုံ ပယ်ဖျက်ပေးဖို့ ငရုတ်ကောင်းဒေသခံ ၈ထောင်ကျော် တောင်းဆို


မြန်မာ-အမေရိကန် ယူ ၂၀ ပွဲကြို

ကို​ထွေး

မ ၃၀ ရက် နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူ ၂၀ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ အဖြစ် အုပ်စု (က)က မြန်မာနဲ့ အမေရိကန် အသင်းတို့ မြန်မာစံတော်ချိန် ၁၀ နာရီခွဲ ကစားမှာ ဖြစ်ပါတယ်။

ဖန်ဂရိုင်မြို့မှာ ၁၉၆၅ ခုနှစ်က တည်ဆောက်ထားတဲ့ Northland Events Centre ကွင်းမှာကစားမယ့် ဒီပွဲမှာ မြန်မာအသင်းကိုအားပေးတဲ့ ပရိသတ်တွေက မြန်မာအသင်းကို အနိုင်ရစေချင်တဲ့ ဆန္ဒရှိတာကတော့ ငြင်းလို့မရတဲ့ အချက်လည်း ဖြစ်ပါတယ်။

အနိုင်ရမယ်ဆိုတဲ့ ဆန္ဒကို ခဏဖယ်ထားပြီး ၂ သင်း စလုံးနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း အချက်အလက်တွေနဲ့ ဘောလုံးပွဲကို လက်တွေ့ကျကျ သုံးသပ်ချင်ပါတယ်။

သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင်တော့ အမေရိကန်အသင်းဟာ ၁၃ ကြိမ်တိတိ ယူ ၂၀ ကမ္ဘာ့ဖလားကို ၀င်ရောက် ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့ အသင်းဖြစ်သလို ဒီတကြိမ်ဟာ ၁၄ ကြိမ် မြောက်ဖြစ်ပြီး ၁၉၈၉ ခုနှစ်က စတုတ္ထနေရာအထိ ရရှိခဲ့တဲ့အတွက် ကမ္ဘာဖလားပြိုင်ပွဲနဲ့ ရင်းနှီးနေတဲ့ အသင်းဖြစ်ပါတယ်။

မြန်မာအသင်းအတွက်ကတော့ ပထမဆုံးအကြိမ် ကမ္ဘာဖလားကို ၀င်ရောက် ယှဉ်ပြိုင်ကစားတာကြောင့် ကစားသမားတွေအတွက် စိတ်လှုပ်ရှားမှုနဲ့ ဖိအား တချို့ ရှိနေနိုင်ပါတယ်။

ဒီအသင်း ၂ သင်းရဲ့ ခြေစစ်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ ခြေစစ်ပွဲတွေမှာ အမေရိကန် အသင်းက ရုန်းကန်ခဲ့ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အမေရိကန် အသင်းက အယ်ဆာဗာဒေါကို Play-off ကစားခဲ့ပြီးမှ ခြေစစ်ပွဲအောင်လာ တာ ဖြစ်ပါတယ်။ မြန်မာအသင်းကတော့ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

ခြေစစ်ပွဲတွေ အောင်ပြီးတဲ့နောက် ကမ္ဘာ့ဖလား ပြိုင်ပွဲအဖြစ် မြန်မာအသင်းကလည်း ဥရောပ နိုင်ငံတွေကို သွားရောက်ပြီး လေ့ကျင် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့သလို ခြေစမ်းပွဲတွေ ကစားခဲ့ပါတယ်။

သြစတြေးလျမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မြန်မာအသင်းဟာ ကာတာ အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အလားတူ အမေရိကန် အသင်းကလည်း ခြေစမ်းပွဲတွေကစားခဲ့ပါတယ်။ ကစားခဲ့တဲ့ ခြေစမ်း ပွဲတွေမှာ မြန်မာ အသင်းနဲ့ ကစားခဲ့ဖူးတဲ့ ကာတာအသင်းနဲ့ ခြေစမ်းကစားတာက မြန်မာ အသင်းနဲ့ ခြေစွမ်းကို သွယ်ဝိုက်ခန့်မှန်းနိုင်ဖို့ ဖြစ်တယ်လို့ ယူဆလို့ ရနေပါတယ်။

ဒီပွဲမှာ ကာတာ အသင်းနဲ့ ၂ ဂိုး စီသရေကျခဲ့ပါတယ်။ အမေရိကန် အသင်းက ဦးဆောင် ကစားခဲ့ပြီးမှ ကာတာ အသင်းက နောက်က လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာ အသင်းနည်းပြကအမေရိကန် အသင်းကစားခဲ့တဲ့ ခြေစမ်းပွဲတွေကို သွားရောက် ကြည့်ရှုခဲ့ပြီး ပြင်ဆင်မှုတွေ လုပ်ထားမှာကတော့ မလွဲဧကန် ဖြစ်ပါတယ်။

ကစားသမား အနေအထားကို ကြည့်မယ်ဆိုရင်တော့ ဒီအုပ်စု (က) ထဲမှာ အမေရိကန် အသင်းဟာ အတောင့်တင်းဆုံးအသင်း ဖြစ်တယ်ဆိုတာကတော့ ငြင်းစရာ မရှိပါဘူး။

မေဂျာလိဂ်က ကစားသမား ၉ ဦးနဲ့ အသင်းကို တည်ဆောက်ထားသလို အင်္ဂလန် ပရီးမီးယားလိဂ် အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ချန်ပီယံရှစ် ဖူလ်ဟမ်အသင်း ဘောလုံးအကယ်ဒမီက လူငယ်ကစားသမား ၃ ဦးကိုလည်း ခေါ်ယူထားပါတယ်။

ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ အတွေ့အကြုံပိုင်းဆိုင်ရာကတော့ အမေရိကန် အသင်းက အစအစ အရာရာ သာလွန်နေတယ်လို့ ဘောလုံးပွဲ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

မြန်မာ အသင်းမှာက အားထားရတဲ့ ကစားသမား ငြိမ်းချမ်းအောင် ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေတာကလည်း အသင်းကို ပိုအားနည်းစေပါတယ်။

ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)ကတော့ အစဉ်အလာရ သော်လည်းကောင်း၊ ဘောလုံးအင်အားကြီးအရသော်လည်းကောင်း မြန်မာအသင်းက အားနည်းတဲ့အတွက် နိုင်ဖို့ထက် အနည်းဆုံး သရေကျဖို့ ဂိုးပြတ်နဲ့ မရှုံးဖို့ မျှော်လင့်ထား တယ်လို့ ပြောပါတယ်။

“လူတိုင်းကတော့ နိုင်ချင်တာပေါ့၊ နိုင်သင့်မနိုင်သင့် နိုင်နိုင်မနိုင်နိုင်ကတော့ ထည့်စဉ်းစားရမှာပေါ့။ သာမန် အရပ်သားတွေလို မြန်မာအသင်းကန်တယ်၊ နိုင်ရမယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။

မြန်မာအသင်းက ပြိုင်ပွဲအတွက် နှစ်ရှည်လများ အတူလေ့ကျင်ထားသလို ဥရောပတခွင် သွားကစားတာက အသင်း အားသာချက်ဖြစ်သလို ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းမှုကတော့ အားနည်းတယ်လို့ သူက ပြောပါတယ်။

အားကစားကလောင်ရှင် ကိုစိုးညီကတော့ မြန်မာနဲ့ အမေရိကန် ကစားခဲ့ဖူးတာ မရှိတဲ့ အတွက် ၂ သင်းစလုံး ကစားခဲ့ဖူးတဲ့ ကာတာနဲ့ ခြေစမ်းပွဲ ရလဒ်တွေကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ခြေစွမ်းအရ အမေရိကန်က သာတယ်လို့ သုံးသပ်ပါတယ်။

“နိုင်မှာကတော့ ရှင်းပါတယ်၊ အမေရိကန် အသင်းနိုင်မယ်၊ အမေရိကန် အသင်းနိုင်မယ့် အပြင် ဂိုးလည်းတော်တော်များများ သွင်းနိုင်မယ် အခြေအနေမျိုးရှိတယ်၊ ကျနော်တို့ မြန်မာ အသင်းက နိုင်ဖို့ သရေကျဖို့ ဆိုတာထက် ဂိုးပြတ်မရှုံးအောင်ပဲ တော်တော်ကြီး ကြိုးစား ရမယ့် အနေအထားမျိုး ရုန်းကန်ရမယ့် အနေအထားမျိုးရှိတယ်” လို့ သူက ပြောပါတယ်။

မြန်မာအသင်းဟာ ကမ္ဘာအဆင့်ပြိုင်ပွဲကို ပထမဆုံး ကစားရတဲ့ အတွက် ကမ္ဘာအဆင့်ပြိုင်ပွဲ အတွေ့အကြုံမရှိသလို ဒီအဆင့်ကို ရောက်လာတာကို ကျေနပ်နေရပြီလို့ သူက ပြောပါတယ်။

ဆောက်လက်စတိုက်ပေါ်မှာ မြန်မာအလုပ်သမား ၂ ဦး ရိုက်သတ်ခံရ


ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် ဆက်စပ်၍ မြို တိုင်းရင်းသားများကို ဖမ်းဆီးထားမှု အမြန်ဆုံး လွှတ်ပေးရန် တောင်းဆို

ယုဝေ

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်များနှင့် ဆက်စပ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ကျောက်တော်မြို့နယ်၊ စပါးဆိပ်အုပ်စုမှ မြိုအမျိုးသား ရှစ်ဦး အပါအဝင် ဒေသခံ တိုင်းရင်းသားများကို အမြန်ဆုံးလွှတ်ပေးရန် မြိုနိုင်ငံရေးပါတီများက တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့တွင် မေလ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပသည့် မြိုနိုင်ငံရေးပါတီများ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် မေလ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထား ကြေညာချက်၌ ယင်းကဲ့သို့ တောင်းဆိုထားခြင်း ဖြစ်သည်။

မြိုအမျိုးသား ဒီမိုကရေစီပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးယက်သက်အောင်က “ကျွန်တော်တို့ သဘောထားက အမှန်တရားကို လိုချင်ပါတာပါ။ ဟိုဘက်တပ်ဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းသွားတာပါ။ တကယ်တော့ သူတို့က ရွာသားတွေဆိုတာ စစ်မှန်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဒေသခံ ၂၀ ဦးခန့်ကို ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်မှု ရှိသည်ဟုဆိုကာ ဖမ်းဆီးထားခြင်းဖြစ်ပြီး မေလဆန်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို ရုံးတင်စစ်ဆေး မည်ဟုလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်က မဇ္ဈိမကို ပြောကြားထားသေးသည်။

ကြေညာချက်ကို မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြို အမျိုးသား ဒီမိုကရေစီ ပါတီတို့ ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စပါးဆိပ်ကျေးရွာ ဥက္ကဋ္ဌ ဦးဇံဦးက “ရွာသားတွေပါ။ တကယ်တော့ ရက္ခိုင့်တပ်မတော်နဲ့ အဆက်အသွယ် မရှိပါဘူး။ အဆက်အသွယ် ရှိတယ်ဆိုပြီး လာဖမ်းသွားတာ။ စစ်တပ်က လာဖမ်းတာတော့ မဟုတ်ပါဘူး။ ဒုရဲအုပ် တစ်ဦးက လာဖမ်းသွားတာပါ။ အခု ပုဒ်မ ၈၇၁ နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်” ဟု ပြောသည်။ ၎င်းတို့ကို မေလဆန်းပိုင်းက ဖမ်းဆီးခဲ့ သည်ဟုလည်း ဦးဇံဦးက အတည်ပြုသည်။

ယင်း ကြေညာချက်တွင် မြို၊ ခမီ မျိုးနွယ်စုများသည် ရခိုင်ပြည်နယ်၌် ရှေးယခင်ကပင် နေထိုင်လာကြသည့် ယဉ်ကျေးမှုနှင့် ဘာသာစကားတူ ဌာနေ တိုင်းရင်းသားများဖြစ်ပြီး မျိုးနွယ်စုများအား ရခိုင်တိုင်းရင်းသား မျိုးနွယ်ဝင်များအဖြစ် မှားယွင်းဖော်ပြခြင်းများကို အလေးအနက် ကန့်ကွက်သည်ဟုလည်း ဖော်ပြထားသည်။

ယင်းအပြင် မြို နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်တိုင်းရင်းသားများအပါအ၀င် အခြားဌာနေ တိုင်းရင်းသားမျိုးနွယ်စုဝင်များနှင့် ဆက်လက်၍ အပြုသဘော လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကျေးလက်ဖွံ့ဖြိုးရေးလား၊ ဆီးသီးဗန်းလား

ဇော်မင်း

မန်မာပြည်မှာ ကျေးလက်ဖွံ့ဖြိုးရေးဟာ အခုအထိ အဓိကကျတယ်လို့ပြောတိုင်း ဒီလူဟာ ကွန်မြူနစ်လား၊ လက်ဝဲကြောင်လားဆိုပြီး လူတချို့ရဲ့ အကြည့်ခံရပါတယ်။ ကျေးလက်ကို အခြေခံတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ရင် ဒီလို ချဉ်းကပ်မှုမျိုးဟာ လက်ဝဲတွေပဲလုပ်လေ့ ရှိတယ်လို့ အထင်ခံရလေ့ရှိပါတယ်။

နိုင်ငံတခုချင်းစီမှာ မတူညီတဲ့ သဘာဝတွေ ရှိပါတယ်။ ဥပမာ စင်ကာပူလိုနိုင်ငံမျိုးမှာ ကျေးလက် ဖွံ့ဖြိုးရေးလို့ သွားပြောရင် လူရယ် စရာ ဖြစ်မှာပါ။ ဘာကြောင့်တုန်းဆိုတော့ မူလသဘာဝကို၌က လယ်သမားမရှိသလို ကျေးလက်ဆိုတဲ့ဒေသမျိုးလည်း မရှိတာကြောင့် ပါ။ နိုင်ငံသေးတာလည်း ပါတာပေါ့။ နိုင်ငံသေးတာကြောင့် ကူးသန်း ရောင်းဝယ်ရေးကို အဓိကထားပါတယ်။ နိုင်ငံတကာက စီးပွားရေး အဖွဲ့အစည်း ကြီးငယ်လတ်တွေ အခြေစိုက်ခွင့်ပြုပါတယ်။ အဲဒီ နိုင်ငံတကာ စီးပွားရေးအဖွဲ့ အစည်းတွေအပေါ်မှာ အမျိုးစုံတဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ လုပ်ပါတယ်။

ထိုင်းနဲ့ မလေးရှားလို နိုင်ငံမျိုးမှာတော့ နိုင်ငံတကာ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းတွေ တည်ရှိနေသလို၊ စက်မှုပိုင်းဆိုင်ရာမှာလည်း အနောက်နိုင်ငံများကို မမီသေးသော်လည်း အတော်လေးထွန်းကား လာနေပါတယ်။ တချိန်တည်းမှာလည်း ကျေးလက်ဒေသနဲ့ လယ်သမား ဆိုတဲ့ အဝန်းအဝိုင်းလည်း ဆက်လက် တည်ရှိနေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆိုတာ ကျေးလက်ကို အခြေခံရတာ ဖြစ်တာကြောင့် လယ်သမား လူတန်းစားကို ပစ်မထားဘဲ အစိုးရများအနေနဲ့ ပံ့ပိုး ကူညီရပါတယ်။ နည်းပညာ၊ လျှပ်စစ်စွမ်းအင်၊ ဓာတ်မြေဩဇာ၊ လယ်ယာသုံး စက်မှုပစ္စည်းအထွေထွေနဲ့ ထွက်လာတဲ့ စိုက်ပျိုးကုန် တွေကို ပြည်တွင်းဈေးကွက် နိုင်ငံတကာ ဈေးကွက်တွေမှာ အမြတ် ရရှိအောင် အစိုးရလုပ်သူက ဖန်တီးရှာဖွေပေးပါတယ်။

အိန္ဒိယနိုင်ငံကို ကြည့်လိုက်ရင်လည်း သဘောချင်းတူနေတာကို တွေ့ရပါတယ်။ ကျေးလက်ဒေသနဲ့ ကျေးလက် လူ့အဖွဲ့အစည်း ဟာ ထုကြီးထည်ကြီးနဲ့ တည်ရှိနေတုန်းပါ။ ဒါကြောင့် အိန္ဒိယ အစိုးရဟာ ကျေးလက်ဖွံ့ဖြိုးရေးအတွက် နည်းမျိုးစုံသုံးပြီး မဖြစ် မနေဆောင်ရွက်ပါတယ်။ မြန်မာအစိုးရလို လယ်သိမ်း၊ မြေသိမ်း လယ်သမားထောင်ချတဲ့ နိုင်ငံမျိုး မဟုတ်ဘူးဆိုတာ မြင်ရပါတယ်။ အိန္ဒိယ အစိုးရဟာ စိုက်ပျိုးရေး အမှီပြုနေတဲ့ လယ်သမား လူတန်း စားရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ပြိုဆင်းမသွား ရအောင် ဂရုတစိုက် လုပ်ပါတယ်။ ကျေးလက် လူ့အဖွဲ့အစည်းက ထုထည်ကြီးမားတာကြောင့် ပြိုဆင်းသွားတယ်ဆိုရင် တိုင်းပြည် နစ်နာတာနဲ့ အတူတူဖြစ်တာကြောင့် ဂရုစိုက်တာ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း တသီးပုဂ္ဂလ စက်မှုလုပ်ငန်းတွေ တိုးတက် လာအောင်လည်း လမ်းဖွင့်ပေးပါတယ်။ ကန့်သတ်ထားတာမျိုး မရှိပါဘူး။ ကန့်သတ်ချုပ်ချယ်တာ မရှိဘူးဆိုပေမယ့် ငွေရှင်ကြေးရှင် တွေ လုပ်ချင်သလို မလုပ်နိုင်အောင်တော့ စောင့်ကြည့်ထိန်းညှိပါတယ်။

တောင်အာရှနိုင်ငံတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေ (စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံများကလွဲလို့) မှာ ကျေးလက်လူ့အဖွဲ့ အစည်းဆိုတာ အင်အားကောင်းကောင်းနဲ့ ဆက်လက် တည်ရှိနေပါတယ်။ အရှေ့ အာရှနိုင်ငံများထဲက ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံများမှာတော့ ကျေးလက်ဆိုတာ ဆက်လက် တည်ရှိနေသေး ပေမယ့်ထုထည်သေးသွားပါပြီ။ စိုက်ပျိုးရေးကို မှီခိုရတဲ့ ဂျပန် လယ်သမား ကိုရီးယားလယ်သမား လူတန်းစားဟာ မြို့နေလူတန်း စားထက် လူဦးရေအရ သေးငယ်သွားတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အတိုင်းအတာတခုအရ ကျေးလက်ဒေသဟာ ဆက်လက် တည်ရှိနေပါတယ်။

ဒုတိယကမ္ဘာစစ် မတိုင်ခင်က ဂျပန်နိုင်ငံမှာကျေးလက်နေ လူဦး ရေဟာမြို့နေလူဦးရေထက် ပိုများခဲ့ပါတယ်။ စိုက်ပျိုးရေးကိုအမှီ ပြုတဲ့ လယ်သမားယာသမား လူတန်းစားများခဲ့တာပါ။ စစ်ကြီး အတွင်း အာရှတိုက်က နိုင်ငံအတော်များများကို ဂျပန်တွေသိမ်းပိုက်တုန်းက ပါဝင်ခဲ့တဲ့ အောက်ခြေဂျပန်စစ်သား အများစုဟာ လယ် ကွင်းတွေထဲကနေ မဖြစ်မနေ စစ်ထဲကိုဝင်လာရတဲ့သူများ ဖြစ်ပါတယ်။ စစ်ကြီးပြီးတော့ စက်မှုလုပ်ငန်းတွေ အရှိန်အဟုန် မြင့်မားအောင် ဆောင်ရွက်မယ်လို့ ဂျပန်အစိုးရက ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ရိုးရာအရ အလွန်အင်မတန် ချမ်းသာတဲ့ မြေပိုင်ရှင်ကြီးတွေဆီက လယ်တွေကို အစိုးရက ဝယ်ယူပြီး ဒေသခံမြေမဲ့ လယ်သမားတွေကို ဝေခြမ်းပါတယ်။ ပထမတော့ မြေရှင်ကြီးတွေက သူတို့မြေတွေကို မရောင်းလိုပါဘူး။ ဒါပေမယ့် မရောင်းရင်လည်း အစိုးရက သိမ်းမှာဆိုတော့ ရောင်းရပါ တယ်။

ဒီတော့ အစိုးရဘက်က ဘာပြန်လုပ်ပေးသလဲဆိုတော့ မြေရှင်ကြီး တွေသူတို့မြေကို ရောင်းချပြီး စွန့်လွှတ်လိုက်ရတဲ့အတွက်မြေရောင်းလို့ ရတဲ့ ငွေများကို စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံစေပါတယ်။ နောက် ပိုင်းမှာတော့ စက်မှုလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ စိတ်ချသေချာ မှုရှိတယ်ဆိုတာ မြင်လာပါတယ်။ ဒါကြောင့် ဂျပန် မြေပိုင်ရှင်တွေဟာ တဆင့်ချင်း ဆိုသလို မြေရှင်ဘဝကို စွန့်လွှတ်ပြီး စက်မှုလုပ်ငန်းရှင်တွေ ဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်မှာအခု မြေယာတွေကို အစုလိုက်အပြုံ လိုက် ပိုင်ဆိုင်နေတဲ့ မြေပိုင်ရှင်ကြီး တွေရှိပါတယ်။ ဘယ်သူတွေပါလဲ။ တခေတ်တခါက ဂျပန်မြေပိုင်ရှင်ကြီးတွေလို ရှေးနှစ်ပေါင်း လေးငါးရာ ကတည်းက အစဉ်အဆက် ပိုင်ဆိုင်တာမျိုးလား၊ ဒါမှမဟုတ်နောက်ပိုင်း ကာလကျမှဇွတ်အတင်း သိမ်းယူလို့ ပိုင်တာမျိုးလား ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဂျပန်မြေရှင်တွေက သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေကို လယ်မဲ့ယာမဲ့ လယ်သမားတွေဆီ ရောက်စေခဲ့ပါတယ်။ မြေရှင်ကနေ စက်မှုလုပ်ငန်းရှင်တွေ ဖြစ်လာခဲ့ပါတယ်။

မြန်မာပြည်မှာက ပြောင်းပြန်ပါ။ အခုခေတ်အထိ မြေမဲ့လယ်သမား တွေကို မြေယာပြန်လည် ဝေခြမ်းရမယ့်အစား လယ်သမားဆီက လယ်မြေယာမြေတွေကို သိမ်းကောင်းနေတုန်းပါ။ ဒီလိုဖြစ် နေတာက ဘာကိုပြနေသလဲဆိုရင် မြန်မာပြည်မှာ အဆင့်ဆင့်သော စက်မှုလုပ်ငန်း များ တိုးတက်လာဖို့အတွက် သေချာတဲ့ အခြေအနေ တရပ် မရှိသေးဘူး ဆိုတာကို မီးမောင်းထိုးပြနေတာပါ။

ကောင်းပါပြီ၊ မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးလာဖို့ အခြေ အနေက မပေးသေးဘူးရင်ဆိုရင် စိုက်ပျိုးရေးကို အခြေခံနေတဲ့ ကျေးလက်ဖွံ့ဖြိုးရေးကို ပိုပြီးဦးစားပေး မလုပ်သင့်ဘူးလားလို့ မေးစရာ ဖြစ်လာပါ တယ်။ တခါ ကျေးလက်ဖွံ့ဖြိုးဖို့ လုပ်မယ်ဆိုတော့ ငွေကလိုလာပါတယ်။ သမဝန်ကြီးက တရုတ်ဆီက အတိုးများတဲ့ငွေကြေး ချေးယူမှု လုပ်ပါတယ်။ အဲသလို အတိုးများတဲ့ ချေးငွေဟာ ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးအတွက်အမှန်တကယ် အလုပ်မဖြစ်နိုင်ဘူးဆို တာ လူတိုင်း သဘောပေါက်နေပါတယ်။ ဒီကြားထဲ အဲဒီချေးငွေကို လည်သလိုလုပ် စားမယ့် ဆိုင်ရာပိုင်ရာတွေ ကလည်း ရှိပါသေးတယ်။

အဲသလိုဆိုတော့ စီးပွားရေး ပညာရှင်ခေါ်ပြီးတွက်ချက်ခိုင်းစရာ တောင်မလိုပါဘူး။ ပရမ်းပတာ စီမံမှုအောက်က အတိုးများတဲ့ ချေးငွေကို တနေ့ ပြန်ဆပ်ရတဲ့ အခါ ကိုယ့်ဘက်ပဲ နာမယ်ဆိုတာ အားလုံးမြင်နေကြပါတယ်။ သမဝန်ကြီးရဲ့ စဉ်းစားမြော်မြင်မှု ဟာဘယ်လောက် တိမ်သလဲဆိုတာ မြင်ရပါတယ်။ အင်္ဂလိပ်လို ဆိုရင်တော့ Common Sense လောက်တောင် မရှိဘူးလို့ ဆိုနိုင်ပါတယ်။

အခု ကမ္ဘာ့ဘဏ်က ကျေးလက် ဒေသ ဖွံ့ဖြိုးရေးအတွက် အတိုးမဲ့ချေးငွေပေးဖို့ ဖြစ်လာပါတယ်။ ကြားရတဲ့ သတင်းများအရတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၀ဝ အထိ ပမာဏများတယ်လို့ ဆိုပါတယ်။ နှစ်အလိုက်ပေးသွားမယ်လို့ ကြားရပါတယ်။ နည်းနည်းနောနော မဟုတ်ပါ။ စိုက်ပျိုးရေး အတွက်သာမဟုတ်ဘဲ၊ ကျေးလက်မှာ လျှပ်စစ်မီး ရရှိရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေအတွက်လည်း ပါဝင်ပါတယ်။ ဒီနေရာမှာ အဲသလောက် ပမာဏ များပြားလှတဲ့ ငွေကြေးကို ဘယ်သူတွေက ဘယ်လို စီမံမှာလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အစိုးရများလက်ထက်ကလို ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်ကြဦးမှာလား။ အမှန်တကယ် အကူအညီလိုအပ်နေတဲ့ လယ်သမားတွေလက်ထဲ အဲသည့်ငွေက ဒုတ်ဒုတ်ထိ ရောက်မှာလား။ ဒါမှမဟုတ် ဘာကော်မတီ ညာကော်မတီနဲ့ ဟိုဝန်ကြီးဌာန ဒီဝန်ကြီးဌာန တွေအကြားမှာ ဆီးသီးဗန်းကြီး မှောက်ကျဦးမှာလား။ နောက်တချက်ကလည်း လယ်သမားတွေလက်ထဲ အမှန်တကယ်ရောက်ဖို့ လိုတယ်လို့ ထောက်ပြတော့ ခေတ်သစ်မြေပိုင်ရှင်ကြီးတွေက တခြားဟုတ်ရိုးလား ကျနော်တို့က အဲဒီလယ် မြေတွေပိုင်ဆိုင်တဲ့ လယ်သမားတွေပါလို့ ရိုက်စားလုပ်ကြဦးမှာလား။

အတိုးမဲ့ချေးတဲ့ငွေ ဆိုပေမယ့် ချေးငွေဆိုတာ တနေ့ပြန်ဆပ် ရမယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ အခုတောင် အစိုးရအပြောအရ နိုင်ငံသားတဦးချင်းစီမှာ တင်နေတဲ့ နိုင်ငံခြားကြွေးမြီဟာ ကျပ်ငွေ ငါးသိန်းခန့်စီ ရှိတယ်လို့ ပြောထားတယ်မဟုတ်လား။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်က ချေးမဲ့အတိုးမဲ့ ငွေကြေးဟာ ဘယ်လောက်အထိ အကျိုးရှိရှိ သုံးစွဲမယ်ဆိုတာကို အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ နိုင်ငံသားများကို ချပြဖို့ လိုတယ်လို့ ထောက်ပြလိုပါတယ်။ အဲသလိုမှ မဟုတ်ရင်တော့ နောက်လာမယ့် သုံးလေးနှစ်ကျမှ မြန်မာနိုင်ငံသား တဦးချင်းစီအပေါ်မှာ တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီဟာ ဆယ်သိန်းကျော်သွားပါပြီဆိုတဲ့ အစီရင်ခံစာမျိုးတော့ မဖတ်လို မကြားလိုပါကြောင်း။

အင်ဒိုနီးရှားမှာ ကျွန်ပြုခိုင်းစေခံရတဲ့ မြန်မာရေလုပ်သားတွေ တတိယအသုတ် ပြန်ရောက်


ကော်ဖီစိုက်ပျိုးမှု ပိုမိုကျယ်ပြန့်လာစေရန် အပင်ပေါက်များကို ထက်ဝက်ဈေးဖြင့် ရောင်းပေးမည်

မိုးသူ

မြန်မာနိုင်ငံတွင် ယခုထက်ပိုပြီး ကော်ဖီစိုက်ပျိုးမှု ကျယ်ပြန့်လာစေရေးအတွက် မြန်မာနိုင်ငံ ကော်ဖီအသင်းကကော်ဖီ အပင်ပေါက်များကို ထက်ဝက်ဈေးဖြင့် ရောင်းချသွားရန် စီစဉ်နေသည်ဟု အသင်း ဥက္ကဋ္ဌ ဦးရဲမြင့်က မဇ္ဈိမကို ပြောသည်။

ကော်ဖီ စိုက်ပျိုးမှု ကျယ်ပြန့်လာစေရန် မြန်မာနိုင်ငံ ကော်ဖီအသင်းသည် ၂၀၁၆ ခုနှစ် မိုးရာသီအမီ ကော်ဖီအပင်ပေါက်များကို စိုက်ပျိုးနိုင်ရန် ကူညီပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

“အခုလက်ရှိကတော့ တစ်ပင်ကို ငါးရာနဲ့ ရောင်းတယ်။ ထက်ဝက်ဆိုတော့ ၂၅၀ လောက်တော့ ဖြစ်မယ်။ ကော်ဖီအမျိုးအစားကမြေနိမ့်ကော်ဖီနဲ့ ကုန်းမြင့်ကော်ဖီဆိုပြီး နှစ်မျိုးရှိပါတယ်။ ကုန်းမြင့် ကော်ဖီက များသောအားဖြင့် ပင်လယ်ရေပြင် ၃,၅၀၀ အထက်ကို စိုက်ရပါတယ်။ အဲဒီလို စိုက်နိုင်တဲ့ ဧရိယာက ကမ္ဘာမှာ တော်တော်ကို နည်းပါတယ်။ အဲဒီထဲကမှ ကျွန်တော်တို့ မြန်မာနိုင်ငံက ကုန်းမြင့်ကော်ဖီ စိုက်နိုင်တဲ့ နေရာ တော်တော်များများ ရှိပါတယ်” ဟု ဦးရဲမြင့်က ပြောသည်။

၎င်းက မြန်မာနိုင်ငံ ကော်ဖီအသင်းက ကြီးမှူးကျင်းပသည့် ဒေသထွက် ကော်ဖီများကို အရည်အသွေး အကဲဖြတ်ပြိုင်ပွဲ ပထမနေ့တွင် ပြောကြားခြင်းဖြစ်သည်။

အဆိုပါ ကော်ဖီပြိုင်ပွဲကို မေ ၂၈ ရက်မှ ၃၀ ရက်အထိ မင်းနန္ဒလမ်း၊ ဒေါပုံမြို့နယ်ရှိ ရွှေပုစွန်ဆိုင်တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ကော်ဖီ နမူနာများကို အမေရိကန်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံများမှ အကဲဖြတ်ပညာရှင်များက လာရောက်အကဲဖြတ်ခြင်း ဖြစ်သည်။

ယခုလက်ရှိတွင် ကော်ဖီဖြစ်ထွန်းမှု များပြားလျက်ရှိသည့် ဒေသများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြင်ဦးလွင် စသည်တို့ဖြစ်ပြီး အခြားသော ကော်ဖီပင် စိုက်ပျိုးနိုင်သည့် နေရာများသည် မိုးကုတ်၊ ချင်း၊ ကချင်၊ ကယား စသည့် ဒေသများဖြစ်သည်။

ကော်ဖီ အကဲဖြတ်ပြိုင်ပွဲတွင် ပါဝင်အကဲဖြတ်ပေးသည့် ၀ါရှင်တန်မြို့မှ အတ်လက်စ် ကော်ဖီတင်ပို့သည့် အဖွဲ့ပိုင်ရှင် ကရက်ခ်ဟော့တ် က “ မြန်မာနိုင်ငံမှာရှိတဲ့ ကော်ဖီတွေထဲက အရည်အသွေးပြည့်မီတဲ့ ကော်ဖီကို တွေ့ရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ကျင်းပနေသည့် ကော်ဖီအကဲဖြတ် ပြိုင်ပွဲအတွက် ပေးပို့လာသည့် ကော်ဖီ နမူနာများသည် ရှမ်းပြည်နယ်တောင်ပိုင်းမှတောင်သူငယ်များနှင့် ပြင်ဦးလွင်မှ စီးပွားဖြစ် စိုက်ပျိုးခြံများမှ ၂၀၁၅ ခုနှစ်အတွင်း ရိတ်သိမ်းထာသည့် ကော်ဖီ နမူနာများ ဖြစ်သည်။

ထိုသို့ ကော်ဖီ အကဲဖြတ်ပြိုင်ပွဲ ပြုလုပ်ခြင်းဖြင့် အကဲဖြတ်သူများ၏ ထောက်ခံချက်နှင့် အသိအမှတ်ပြု လက်မှတ်ရရှိထားခြင်းသည်မြန်မာ့ကော်ဖီမှာ နိုင်ငံတကာနှင့် တန်းတူ ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ဦးရဲမြင့်က ပြောသည်။

ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးကျင်းပ

ပိုင်စိုး

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ စတုတ္ထအကြိမ် ဗဟိုကော်မတီအစည်အဝေးကို နေပြည်တော်မှာ ဒီကနေ့ မွန်းလွဲပိုင်း ကျင်းပဖို့ရှိပါတယ်။

ဒီအစည်းအဝေးဟာ ပါတီရဲ့ မူဝါဒပိုင်းရော၊ ရွေးကောက်ပွဲဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပိုင်းပါ ဆွေးနွေးမယ့် အရေးကြီးတဲ့ ဗဟိုကော်မတီ အစည်းအဝေးဖြစ်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဇော်မြင့်ဖေက ဒီဗွီဘီ ကို ပြောပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲ ရာသီနဲ့လည်း နီးကပ်နေပြီဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပါတီရဲ့သဘောထားတွေကို ဆွေးနွေးဖို့ ဖြစ်ပါတယ်။ မူဝါဒတွေကို ဆွေးနွေးသလို လူအပိုင်းလည်း ပါလာနိုင်တယ်လို့ မှန်းဆရပါတယ်။ ပါတီတိုင်းပါတီတိုင်းအနေနဲ့ ဒီအချိန်မှာ မူရော လူရော စဉ်းစားနေရတဲ့ အချိန်ဖြစ်ပါတယ်။ အဲတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေနဲ့လည်းပဲ အလားတူပဲ စဉ်းစားဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက်၊ လူလျာထားမှုတွေဘာတွေကတော့ ဗဟိုကော်မတီအစည်းအဝေးမှာတင်မလား၊ ပါတီ အလုပ်အမှုဆောင်အဖွဲ့မှာပဲ ဆုံးဖြတ်မလား၊ ပါတီဗဟိုကော်မတီကပဲ ပါတီဗဟိုအလုပ်အမှုဆောင် စီအီးစီကိုလွှဲမလား မူပိုင်းအရ ဗဟိုကော်မတီကပဲ ဆုံးဖြတ်သွားမယ်လို့ ယူဆပါတယ်။ သိသလောက် ပြောရမယ်ဆိုရင် ဒါဟာ မူပိုင်းရော လူပိုင်းပါ စဉ်းစားမယ့် အရေးကြီးတဲ့ ဗဟိုကော်မတီ အစည်းအဝေးဖြစ်တယ်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ဆင်ဖို့ ပါတီဗဟိုကော်မတီအနေနဲ့ ယခင်အစည်းအဝေးကတည်းက အသေးစိတ် မူဝါဒချမှတ် သဘောတူထားပြီး ဖြစ်တဲ့အတွက် ဒါကို ဆွဲကိုင်ပြီး ဆက်လက်ဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်နေရာ ပေါင်း ၁၁၅၄ နေရာအနက် လွှတ်တော်ကိုယ်စားလှယ် ၈၈၃ နေရာနဲ့ အများဆုံး အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ May, 30th,2015

( 20 )အဖြူရောင်ကတ်အပ်နှံသူတွေကို အစိမ်းရောင်ကတ်တွေ ထုတ်ပေးမည်

( 19 )Myanmar says it won't take blame for migrant crisis

( 18 )မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းခွဲနီးပါး ရှိကြောင်း သတင်းထုတ်ပြန်

( 17 )A global obligation to Myanmar's Rohingya refugees

( 16 )အခြေခံဥပဒေပြင်ဆင်ရေး သူရဦးရွှေမန်းနဲ့ ပါတီခေါင်းဆောင်တွေ ဆွေးနွေး

( 15 )British campaign group calls for action on protest law

( 14 )မြန်မာ့ လူ့အခွင့်အရေး လုံခြုံရေးကောင်စီဆွေးနွေး

( 13 )Myanmar Hits Back At Bangkok Regional Conference On Sea's Migration Crisis

( 12 )အော်စကာ မင်းသား Forest Whitaker မြန်မာ ပြည် ရောက်

( 11 )Burma rebukes UN at Bangkok migrant crisis talks

( 10 )စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေကို ၁၉၉၀ အမတ်ဟောင်းတွေ တရားစွဲဆိုမည်

( 9 )Myanmar warns against ‘finger pointing’ at migrant meeting

( 8 )မြန်မာ့လူ့အခွင့်အရေး ချိုးဖေါက်မှု ကုလသမဂ္ဂ ဆွေးနွေး

( 7 )UN Can't Single Us Out on Illegal Immigration Issue

( 6 )ရန်ကုန်နဲ့ နေပြည်တော်မှာ မဲစာရင်း မှားယွင်းမှုများပြား

( 5 )Myanmar’s football team to prepare for the 2018 World Cup

( 4 )ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်ကြောင်း စွပ်စွဲခံရသူ ၁၁ ဦးကို တရားစွဲဆို

( 3 )Burma slams ‘finger pointing’ by UN at migrant crisis talks

( 2 )ကရင်ဒုက္ခသည်စခန်း ၆ခုမှ ကရင်ကျောင်းသားကွန်ရက်အဖွဲ့ဝင်များအား FM ရေဒီယိုထုတ်လွှင့်နိုင်ရန် သင်တန်းပေး

( 1 )Myanmar population 51.5m, excluding 'Rohingya'