Sunday, November 30, 2014

“ရိုဟင်ဂျာ” ဟု သုံးနှုန်းမှုအပေါ် ဘန်ကီမွန်းကို ရန်ကုန်တွင် ဆန္ဒပြ

ခင်မြတ်မြတ်ဝေ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ လူနည်းစုတစ်ရပ်အား "ရိုဟင်ဂျာ" သုံးနှုန်းခဲ့မှုအား မကျေနပ်သောကြောင့် သံဃာများနှင့် လူအင်အားသုံးရာခန့် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၂၉ ရက်က လှည့်လည် ဆန္ဒပြခဲ့ကြသည်။

“မရှိတာကို ရှိသယောင်ပြောတာကို မကျေနပ်ဘူး။ ကိုယ့်မင်းကိုယ့်ချင်းနဲ့နိုင်ငံကို လာမစွက်ဖက်နဲ့၊ နောက် ၁၃၅ မျိုးထဲမှာ လာမထည့်နဲ့” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် မြန်မာအမျိုးသားရေးကွန်ယက်မှ ဒု-ဥက္ကဌ ကိုချစ်ကိုက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၁၂ ရက် ညနေက နေပြည်တော်တွင် ပြုလုပ်သည့် ဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲ၌ "ရိုဟင်ဂျာ" ဟု သုံးစွဲခဲ့ခြင်းကို ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြသူများက ရွှေတိဂုံမြောက်ဘက်မုဒ်ရှိ ကြေးသွန်းဘုရားမှ တာမွေမြို့နယ်ရှိ အရှေ့မြင်းပြိုင်ကွင်းအထိ လမ်း လျှောက်ချီတက်ခဲ့ကြပြီး “တိုင်းရင်းသား(၁၃၅)မျိုး ထပ်တိုးမည့် အကြံ တို့လက်မခံ”၊ “ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နှောက်ယှက်သော ဘန်ကီမွန်း အလိုမရှိ”၊ “လူမျိုးအတုအယောင် ဖန်တီးသုံးစွဲသူ တို့ရန်သူ ” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဘန်ကီမွန်း၏ “ရိုဟင်ဂျာ” ဟု သုံးနှုန်းခဲ့မှုသည် နှစ်ဖက်လူ့အဖွဲ့အစည်းကြား ကွဲပြားမှုကို ပိုမိုဖြစ်ပေါ်စေမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးမောင်မောင်အုန်းက ဘန်ကီမွန်းထံ နိုဝင်ဘာ ၁၃ ရက်က ပေးစားတစ်စောင် ပေးပို့ ခဲ့သေးသည်။

ဘန်ကီမွန်းကမူ ''အဓိက ကတော့ အမည်နာမထက် လူသားချင်းစာနာရေးအထောက်အပံ့တွေ၊ ဖွံ့ဖြိုးမှု အ ထောက်အပံ့တွေက အရေးကြီးပါတယ်” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

မြန်မာဘက်သို့ ထွက်ပြေးရန်ကြံရွယ်သည့် အကြမ်းဖက်သမားတစ်ဦးကို ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိဟုဆို

နိရဉ္စရာ

မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးရန် ကြံရွယ်ပုံရသည့် အကြမ်းဖက်သမားတစ်ဦးကို ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မြန်မာ နယ်စပ် အနီး နတ်ကျောက်ဆရီမြို့နယ်တွင် ဖမ်းဆီးမိကြောင်း ကော့စ်ဘာဇားခရိုင်ထုတ် သတင်းတပုဒ်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူမှာ ဟာဖေ့စ်မိုဟာမတ် ဆူဇ်နိုင် (၂၉) နှစ်ဖြစ်ပြီး သူကို ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် စက်ဒါလာ နယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဖမ်းမိခြင်းဖြစ်သည်။

သူ့ကို ပထမဆုံး အင်ဆာ (ခေါ်) ကျေးလက် ပြည်သူ့စစ် အရံတပ်ဖွဲ့မှ ဖမ်းဆီးစဉ် မြန်မာဘက်ကိုထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးစဉ် အမှတ် (၅၀) ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်စခန်းမှ ဖမ်းမိခြင်းဖြစ်ကြောင်း ကောစ်ဘာဇား သတင်းတွင်ဖော်ပြသည်။

သူ့ထံမှ RSO အဖွဲ့ ဥက္ကဌ ဆာလာမ်အုလ္လာဟ် နှင့် ဒုဥက္ကဌဖြစ်သူ ချောဖီအူလ္လာရုပ်ပုံအပါအ၀င် အမျိုးသား မှတ်ပုံတင်ကတ်၊ မဲစာရင်းအပါအ၀င် တခြားပစ္စည်းတချို့ကို တွေ့ရှိရကြောင်းလည်း သတင်းတွင်ဖော်ပြသည်။

ယခုဖမ်းဆီးခံရသူမှာ နတ်ကျောက်ဆိုးရီမြို့သို့ လွန်ခဲ့သည့် ၆ ရက်က ရောက်ရှိနေသူဖြစ်ပြိး နတ်ကျောက်ဆိုးရီမြို့ လက်ရှိအစိုးရပါတီခေါင်းဆောင် နေအိမ်နှင့်တခြား အကြမ်းဖက်သမား နေအိမ် များကို သွားရောက်ခဲ့သည်ဟု နတ်ကျောက်ဆိုးရီ ရဲစခန်းမှ အရာရှိဖြစ်သူ တော်ဟီးရ်ဒူလ် ကော်ဘီက ပြောဆိုကြောင်းလည်း သတင်းတွင်ဖော်ပြသည်။

ယခုဖမ်းဆီးရသူသည် နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်တကောင်းမြို့တွင် ပါကိစ္စတန်နိုင်ငံသား တစ်ဦး နှင့်အတူ ဖမ်းဆီးမိသူ ၅ ဦးနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း banglanews24 သတင်းတပုဒ်တွင် ဖော်ပြသည်။

ထိုင်းရောက် အထောက်အထားမဲ့ မြန်မာလုပ်သား ငါးသိန်းကျော် အလုပ်သမားအခွင့်အရေး နစ်နာ

ဇေယျာချမ်းအေး

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားငါးသိန်းကျော်သည် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များတွင် ခေါင်းပုံဖြတ်ခံရမှု များ ကြုံတွေ့နေရသည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက နိုဝင်ဘာ ၂၆ တွင် မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့အထဲမှ ၁ ဒသမ ၇ သန်း ခန့်က ယာယီနိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ထားကြသည်။ လေးသိန်းခွဲခန့်မှာ ထိုင်းနိုင်ငံက ထုတ် ပေးသော ယာယီအလုပ်သမားကတ် (ပန်းရောင်ကတ်)ရရှိထားပြီး ကျန်ရှိသော လုပ်သား ငါးသိန်းခန့်မှာ အထောက်အထားမဲ့ ရပ်တည်နေရပြီး အခက်အခဲများကြုံတွေ့နေရသည်ဟု ၎င်းက ရှင်းလင်းသည်။

“ထိုင်းအစိုးရက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလစာမရတာ၊ ထိုင်းအစိုးရက ပြဋ္ဌာန်းထားတဲ့ လုပ်သား ကာကွယ်စောင့်ရှောက်ရေး ဥပဒေပါ နားရက်တွေမရတာ၊ အလုပ်ထုတ်နစ်နာကြေးမရတာ၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုမရှိတာ၊ ထိုခိုက် ဒဏ်ရာရသေဆုံးတာတွေအတွက် နစ်နာကြေး မရတာ၊ အလုပ်ရှင်တွေ က လူမှုဖူလုံရေး မလုပ်ပေးတဲ့အတွက် ကျန်းမာရေး ကုသခွင့်မရတာ၊ အလုပ်ရှင်က အလုပ်သမားရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်တွေ အားလုံးကို သိမ်းထားတာ အဲဒီလိုပြဿနာ တွေ အများကြီးရှိပါတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။

“ရွှေ့ပြောင်း အလုပ်သမားရေးရာ ပြဿနာများကို ပူးတွဲဖြေရှင်းရန် မြန်မာနှင့် ထိုင်းအစိုးရတို့ MOU ရေးထိုး ထားသော်လည်း အကြို သဘောတူညီမှု အချက်အလက်များမှာ အလုပ်သမားများကို လုံလောက်စွာ အကာအကွယ်ပေးနိုင်ခြင်း မရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားများရေးရာ အကြံပေးပုဂ္ဂိုလ် Mr. Andy Hall က သုံးသပ်သည်။

“ဥပဒေမဲ့ဖြစ်နေတာတွေရှိသေးတယ်။ မြန်မာသံရုံးကပေးတဲ့ ကာကွယ်ထောက်ပံ့မှုတွေဟာ ဒေသတွင်း တခြားနိုင်ငံသံရုံးတွေနဲ့ ယှဉ်ရင် အားနည်းနေပါသေးတယ်” ဟု Mr. Andy Hall က ဝေဖန်ထားသည်။

ထိုင်းနိုင်ငံတွင်း ယာယီပတ်စ်ပို့ ပြုလုပ်ခြင်း၊ မှတ်ပုံတင်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၀န်ထမ်းအချို့နှင့် ပွဲစားများက နှစ်နိုင်ငံ အစိုးရက သတ်မှတ်ထားသော ဈေးနှုန်းထက် ပိုမိုကောက်ခံခြင်းများ ရှိနေပြီး ထိုင်းရဲများက အထောက်အထား အပြည့်အစုံရှိသည့် မြန်မာ လုပ်သားများကိုပင် ဖမ်းဆီးငွေညှစ် ခြင်းများပြုလုပ်လျက်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ငွေကြေးရလိုမှုများကြောင့် ဘိန်းစိုက်ပျိုးမှုများ ရှိနေကြောင်း ဆို

Super User

ကယား(ကရင်နီ) ပြည်နယ် အတွင်းရှိ ဒေသခံအချို့၏ ငွေးကြေးရလိုမှုများကြောင့် ဘိန်းစိုက်ပျိုးမှုများ များလာခြင်းဖြစ်ကြောင်း မူးယစ်တားဆီးနိမ်နင်းရေး တပ်ဖွဲ့စုမှူး ဒုတိယ ရဲမှူးလှလွင်က ဖရူဆိုမြို့နယ် မူဆိုကျေးရွာ အုပ်စု သို့ ဘိန်းခင်းလာရောက်ဖျက်ဆီးစဉ်တွင် ကန္တာရ၀တီတိုင်း(မ်) သို့ပြောသည်။

“ဒေသခံတွေကတော့ အဓိကတော့ စားဝတ်နေရေးကြောင့်ပေါ့လေ အဲ့လိုစိုက်ပျိုးတဲ့သူက ခြောက်ဆယ် ရာခိုင်နူန်းလောက်ရှိပါတယ် သုံးဆယ်ရာခိုင်နှုန်းလောက်ကတော့ ငွေကြေးရလိုမှုကြောင့် စိုက်ပျိုးနေကြတာ ပေါ့” ဟု ဒုရဲမှူးလှလွင်က ဆိုသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၂၂ ရက်နေက ရဲတပ်ဖွဲ့ ဝင်များ၊ မူးယစ်တားဆီးနိမ်နင်းရေး တပ်ဖွဲ့များ၊ နှင့်အစိုးရ ဌာနဆိုင်ရာများက မူဆိုကျေးရွာအုပ်စုအတွင်း ဘိန်းစိုက်ခင်းဧက ပေါင်း ၃၇ ဧကကို သွားရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒုရဲမှူး လှလွင်၏ အဆိုအရ ကယားပြည်နယ်အတွင်း ရှိကျေးရွာများတွင်း ဘိန်းစိုက်ပျိုးမှုများ တိုးပွားလာနေကြောင်းသိရသည်။

“ဘိန်းစိုက်တောင်သူတွေ ကိုလည်း ဘိန်းမစိုက်ဖို့ ဘိန်းအစား အခြားအစားထိုးသီးနှံတွေ စိုက်ပျိုးဖို့ ပညာပေးတယ် ဒါပေမယ် တချို့ကျတော့ လည်းသူတို့ရဲ့ အခြေနေအရပ်ရပ်ကြောင့်ပေါ့ ကျနော်တို့ လက်လှမ်းမမှီတဲ့ နေရာတွေ မှာ လျှို့ဝှက်စိုက်ပျိုးတာတွေ ရှိတယ် ဒါတွေကို ကျနော်တို့က မြေပြင်သတင်းနဲ့ အမာခံသတင်းပေးတွေ နဲ့စုံစမ်းပြီးတော့ ဖော်ထုတ်ဖျက်ဆီးနေတာပါ” ဟုကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

ဘိန်းစိုက်တောင်သူများ အနေနှင့်လည်း စားဝတ်နေရေး အခက်ခဲများ ကြောင့် ရာသီ ဥတုဒဏ် ခံနိုင်ပြီး စိုက်ပျိုးရန် မြေမရွေးသည့် ဘိန်းကို သာအားထား ၍ စိုက်ပျိုးနေရခြင်း ဖြစ်ကြောင်း မူဆိုကျေးရွာ ဥက္ကဌ ဦးလွီဇီ ကပြောသည်။

“အခုကျနော်တို့ မူဆိုက သုံးလေးရွာပေါ့နော် ဘိန်းစိုက်လာတဲ့အခါကျတော့ ဆိုင်ကယ်တို့ ထော်လဂျီ တို့ဝယ်နိုင်လာတယ် နောက်စားဝတ်နေရေး အဆင်ပြေလာတယ် ကလေးတွေပေါ့ ကျောင်းနေဖို့ ကျောင်းစရိတ်တွေ ဘာတွေ ကောင်းကောင်း အဆင်ပြေလာတယ် ပြောရမှာပေါ့” ဟု ဦးလွီးဇီ ပြောသည်။

ဖရူဆိုမြို့နယ် ၊မူဆိုကျေးရွာ အုပ်စုတွင်းရှိ မော်တီဒို ကျေးရွာတွင် ဧက (၃၀) နှင့် ထီးသော်ကူး ကျေးရွာတွင် (၇)ဧက စုစုပေါင်း ၃၇ ဧက အားဖျက်ဆီးခဲ့ကြောင်း မူးယစ်တားဆီးနိမ်နင်းရေးတပ်ဖွဲ့ မှ သိရသည်။

“အခုလိုကျနော်တို့ ဖျက်ဆီးလိုက်တဲ့အတွက် သူတို့ ရင်းနှီးထားတဲ့ အရင်နှီးတွေ ဆုံးရှုံးကုန်တာပေါ့ ဒါကြောင့်မို့တရားဥပဒေ ဘောင်ထဲကနေပဲ တရားဝင်တဲ့ သီးနှံတွေကိုသာ စိုက်ပျိုးစေချင်ပါတယ် ”ဟု ဒုရဲမှူး လှလွင်ပြောသည်။

မူဆိုကျေးရွား အုပ်စုအတွင်း ဘိန်းစိုက်ပျိုးလာသည်မှာ ဆယ်စုနီးတခု နီးပါး ရှိလာပြီးဖြစ်ကြောင်း မူဆို ကျေးရွာ ဥက္ကဌ ထံမှသိရသည်။ ၎င်းအုပ်စုတွင် ကျေးရွာပေါင်း ခြောက်ရွာခန့် ရှိပြီး အိမ်ခြေ သုံးရာနှင့်လူဦးရေ တစ်ထောင်ကျော် ရှိကြောင်း သိရသည်။

ယခု ၂၀၁၄ ခုနှစ်အတွင်းယခု ချိန်ထိ ဒီမော့ဆိုတွင် ဘိန်းခင်း (၂၀)ဧက၊ ဖရူဆိုမြို့နယ်တွင်(၃၇)ဧက စုစုပေါင်း (၅၇)ဧက ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

ရောင်နီဦး Taxi on call ဝန်ဆောင်မှုအား ကားအစီးရေ ၁၀၀ ကျော်ဖြင့် ဇန်နဝရီစတင်မည်

နိုင်နိုင်ဇော်

ရောင်နီဦး Taxi on call ဝန်ဆောင်မှုလုပ်ငန်းအား ကားအစီးရေ ၁၃၀ ဖြင့် ၂၀၁၅ ဇန်နဝါရီတွင် စတင်သွား မည်ဖြစ်ကြောင်း ရောင်နီဦး ဆားဗစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောသည်။

Taxi ဆားဗစ်ဝန်ဆောင်မှု စတင်ရန် အွန်လိုင်းနှင့် ဖုန်းဝန်ဆောင်မှု လုပ်ငန်းအတွက် call center တည်ထောင်ခြင်း၊ ကိုယ်ပိုင်ဆာဗာ တည်ဆောက်ခြင်း၊ ကားများတွင် မီတာတပ်ဆင်ခြင်းနှင့် GPS system အသုံးပြုနိုင် ရန်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းကပြောသည်။

ဦးအောင်ဝင်းက “တယ်လီဖုန်းဖြင့် Taxi on call အတွက်စတင်စီစဉ်နေပြီ။ ကားအရေအတွက် ၁၃၀ နဲ့ စမယ်။ on call system ဖြစ်တဲ့ အတွက် ကိုယ်ပိုင်ဆာဗာရှိမှ ပဲရမယ်။ လာမယ့် ဇန်န၀ါရီလောက်ဆိုရင် ၀န်ဆောင်မှု ပေးနိုင်ပါပြီ” ဟု ဆိုသည်။

အဆိုပါဝန်ဆောင်မှုအတွက် ကားမောင်းသူနှင့် ကားအရည်အသွေးပိုင်းအား စိတ်ချမှုရှိအောင်အသေး စိတ်ပြင်ဆင်သွားမည်ဖြစ်ပြီး ယင်းဝန်ဆောင်မှုလုပ်ငန်းစဉ်တွင်ပါဝင်မည့် ၀န်ထမ်းများ၊ ကားမောင်းသမားများကို customer ဆက်ဆံပုံအပြင် on call ၀န်ဆောင်မှုတွင် လိုက်လျောညီထွေဖြစ်စေရန် လေ့ကျင်ရေး သင်တန်း ၂ လပေးသွားမည် ဖြစ်သည်။

ယင်းဝန်ဆောင်မှုလုပ်ငန်းအောင်မြင်ပါက ကားအစီးရေတိုးချဲ့ခြင်းနှင့်အခြားသောခရီးသွားကုမ္ပဏီများ နှင့်ချိတ်ဆက်ကာ နိုင်ငံခြားသား သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကိုပါ တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရောင်နီဦး ကုမ္ပဏီကပြောသည်။

Taxi on call ၀န်ဆောင်မှုတွင် စီးနင်းသူစိတ်ချမ်းသာမှုနှင့် ငွေကြေးအရသက်သာမှုရှိစေရန် စီစဉ်ထားပြီး အောင်မြင်မှုရှိလာပါက ပြင်ပ တက္ကစီများ ကိုအသင်းဝင်အဖြစ် လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမန်နေဂျာက ပြောသည်။

Taxi ကားဝန်ဆောင်မှုအတွက် ကုမ္ပဏီအများစုလုပ်ကိုင်နိုင်ရန်ကားတင်သွင်းမှုများရှိသော်လည်း လက် တွေလုပ်ကိုင်ရန် ငွေကြေးစိုက် ထုတ်မှု မြင်မားခြင်းကြောင့် ယင်းဝန်ဆောင်မှုလုပ်ငန်းများ ရှားပါးနေခြင်းဟုလည်း ဦးအောင်ဝင်းက ထပ်မံပြောဆိုသည်။

ယင်းဝန်ဆောင်မှု လုပ်ငန်းစဉ်တွင် ကားကျပ်တည်းမှုကြောင့် ခရီးသည်အချိန်လင်ဟင်းမှုမရှိစေရန်အ သေးစိတ်အစီစဉ်များကိုပါ ထည့်သွင်းစီစဉ်ထား သည်။

၆ ပွင့်ဆိုင်တွေ့ဆုံမှု ဗိုလ်ချုပ်မှူးကြီး ငြင်းဆို

ရွှေအောင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၆ ပွင့်ဆိုင်တွေ့ဆုံမှုကို ငြင်းဆိုလိုက်သလို ဖက်ဒရယ်တပ်မတော်တည်ထောင်ဖို့ကိုလည်း လုံးဝလက်မခံဘူးလို့ ကာချုပ်နဲ့တွေ့ခဲ့တဲ့ ကေအန်ယူအဖွဲ့ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ စောမူတူးဆေး ဖိုး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နေပြည်တော်က ဘုရင့်နောင်ရိပ်သာ မှာ နိုဝင်ဘာ ၂၉ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြား လိုက်တာလို့ ပြောပါတယ်။

“ကာချုပ်အနေနဲ့ အခြေအနေမှန်တချို့ကို မသိသေးဘူး၊ တချို့ကိစ္စတွေမှာ အမ်ပီစီ (မြန်မာငြိမ်းချမ်းရေး စင်တာ) နဲ့ အဆက်အသွယ်အားနည်းနေသေးတယ်။ ယူအန်အက်ဖ်စီ (ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) ရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် တပ်မတော်အနေနဲ့အမြင်မရှင်းဘူး။ အဓိကကတော့ ကာချုပ်အနေနဲ့ ယူအန်အက်ဖ်စီ ဖွဲ့စည်းပုံအရ ဖက်ဒရယ်တပ်မတော်နဲ့ပတ်သက်ပြီးတော့ လုံးဝလက်မခံဘူး။”
ကာချုပ်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကဆုံးဖြတ်ထားတဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးရေးကို လက်မခံဘဲ အင်အားစုအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲမျိုး လိုလားတယ်လို့လည်း ဆိုပါတယ်။

လွှတ်တော်ထဲ ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ အတည်ပြုခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ရှေဆင့်နောက်ဆင့်ဆိုသလို ငြင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု ပါတီ (အက်ဖ်ယူပီ) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြည်ထောင်စုလွှတ်တော်ဟာ သမ္မတနဲ့ ကာချုပ်တို့ကို ညှိနှိုင်းခြင်း မရှိဘဲ ဆုံးဖြတ်ခဲ့ကြလို့ အခုလိုငြင်းဆိုနေကြတာဖြစ်နိုင်ပြီး ဒီလို ငြင်းဆိုတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

“ကျနော့်အမြင်ပေါ့နော် ပြည်ထောင်စုလွှတ်တော်အနေနဲ့ သမ္မတနဲ့ ကာချုပ်တို့ကို ညှိနှိုင်းမှု မရှိဘဲနဲ့ လွှတ်တော်ပိုင်းကနေပဲ ဆုံးဖြတ်လိုက်တယ်လို့ ထင်ရတယ်ဗျ။ ကျနော်တို့ကတော့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အဓိကပါဝင်တဲ့ပုဂ္ဂိုလ်တွေ ဆွေးနွေးကြမှာကို လက်ခံတယ်။ ဒါပေမယ့် အခုတော့ စိတ်မကောင်းစွာနဲ့ပဲ ဒီအစီအစဉ်က ပျက်ပြီလို့ပဲ ထင်ရတာပေါ့ဗျာ။”
ပြည်ထောင်စုလွှတ်တော်က သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်၊ ကာချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တယောက်တို့ ပါဝင်တဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီမတိုင်မီက အစိုးရစီစဉ်တဲ့ အင်အားစု ၅ စုပါ ၁၄ ယောက်ဆွေးနွေးပွဲ ကျင်းပခဲ့ပါသေးတယ်။

စက်မှုဇုန်များရှိ မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးများကို သင်တန်းပေးမည်

ယုဝေ

နိုင်ငံအဝှမ်းရှိ စက်မှုဇုန်များမှ မန်နေဂျာများနှင့် ကြီးကြပ်ရေးမှူးများအား ညနေပိုင်းတွင် အလုပ်သမားရေးရာနှ င့် ပတ်သက်သည့် သင်တန်းပို့ချသွားမည်ဟု မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာန ၊အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောဆိုလိုက်သည်။

“တိုင်းနှင့်ပြည်နယ် အသီးသီးမှာရှိတဲ့ စက်မှုဇုန်များမှာ အလုပ်သမားရေးရာနဲ့ ပတ်သတ်ပြီးတော့ အသိပညာပေးဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိသလို ကျွန်တော်တို့ ညနေပိုင်းမှာ မန်နေဂျာနဲ့ ကြီးကြပ်ရေးမှူးတွေကို ငါးရက်တာသင်တန်းတွေ ပို့ချပေးသွားမှာဖြစ်ပါတယ်” ဟု ဦးဝင်းရှိန်က ပြောသည်။

တောင်ဒဂုံမြို့နယ်ခန်းမတွင်ပြုလုပ်သည့် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(FTUM)၏ ဒုတိယ အကြိမ် ညီလာခံနှင့် မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ်(CTUM) သို့ ပြောင်းလဲဖွဲ့စည်းခြင်း ညီလာခံတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ထုတ်ပြန်ထားသည့်အလုပ်သမားရေးရာနှင့်ပတ်သတ်သည့် ဥပဒေပါ အချက်များကို နားလည် သဘောပေါက်စေရန်၊ စည်းကမ်းရှိ၍ ကျွမ်းကျင်မှု မြင့်မားသည့် အလုပ်သမားများ ပေါ်ထွက်လာစေရန်၊ ခေတ်မှီလုပ်ငန်းခွင် စနစ် ဆက်ဆံရေးပေါ်ပေါက်လာစေရန်ရည်ရွယပြီး သင်တန်းပေးခြင်းဖြ စ်သည်ဟု ၎င်းကပြောသည်။

“အလုပ်ရှင်အလုပ်သမားများအနေဖြင့်ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ အစိုးရ အလုပ်သမား၊ အလုပ်ရှင်သုံးပွင့် ဆိုင်အားနဲ့ နိုင်ငံရဲ့ စီးပွားရေး ၀ိုင်းဝန်းပြီး အရှိန်ကောင်းကောင်းနဲ့ လုပ်ဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရချိန်၊ အလုပ်သမားများ၏ အနည်းဆုံးလုပ်ခနှင့် လစာ အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးချိန်တွင် ထိုကဲ့သို့ သင်တန်းများ ပို့ချပေးရန် စီစဉ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)၏ ဒုတိယ ဥက္ကဌဦးသန်းလွင်ကမူ အလုပ်ရှင်များအနေဖြင့် လုပ်ငန်းခွင်တွင် သမာသမတ်ကျကျဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောသည်။

“ အလုပ်ရှင်တွေအနေနဲ့ လုပ်ငန်းခွင်သက်သာချောင်ချိရေးနဲ့ လုပ်ငန်းခွင်အန္တရယ် ကင်းရှင်းရေးတွေကို လုပ်ဖို့လိုအပ်ပါတယ်” ဟု ဦးသန်းလွင်က ဆိုသည်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUM)တွင် မတူညီသော လုပ်များကဏ္ဍများမှ အခြေခံနှင့် မြို့နယ်အဆင့် အလုပ်သမားအဖွဲ့ အစည်းပေါင်း(၆၂၃)ဖွဲ့ ပါဝင်ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ဦးရေမှာ ၄၃၆၀၇ ယောက်ရှိပြီဖြစ်သည်။

ယင်းအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ်တွင် အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့် အလုပ်သမား အဖွဲ့အစည်းများပေါ်ပေါက်ရေး၊ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီအလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများကို ကူညီဖြေရှင်းပေးခဲ့သည်။

UN အတွင်းရေးမှူးချုပ်ဘန်ကီမွန်းအား ရန်ကုန်တွင် ဆန္ဒပြခွင့်သက်ဆိုင်ရာက ခွင့်ပြု

နိရဉ္စရာ

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား ရန်ကုန်မြို့တွင် ဆန္ဒပြရန် အတွက် ခွင့်ပြုချက်တောင်းခံရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သို့အတွက် နိုဝင်ဘာလ ၂၉ ရက် စနေနေ့ နေ့လယ် (၁) နာရီ အချိန်မှ စတင်ကာ (၃) နာရီထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အား ကန့်ကွက် ဆန္ဒပြသွားမည်ဟု သိရသည်။

ဆန္ဒပြရန် ရွှေတိဂုံ အရှေ့ဘက်မုခ် ကြေးသွန်ဘုရားကြီးရှေ့ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် စုရပ် အဖြစ် ယခင်က သတ်မှတ်ထားသော်လည်း ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်း (အနောက်ဘက်) ဟစ်တိုင်တွင် လူပေါင်း ၁၀၀၀ ခန့်ဖြင့် ဆန္ဒပြရန် ခွင့်ပြုခဲ့သည်ဟု သိရသည်။

ကျူးကျော်ဝင်ရောက်နေထိုင်ကြသော ဘင်္ဂလီများအား မြန်မာနိုင်ငံတွင် တစ်ခါဖူးမျှ မရှိခဲ့ဖူးသည့် နာမည်အား ကုလသမဂ္ဂ အတွင်းရေးမှူးမှ မြန်မာခရီးစဉ်တွင် ပြောကြားခဲ့ခြင်း၊ ယခုလ ၂၁ ရက်နေ့က UN ညီလာခံတွင် EU ကတင်သွင်းသော ဘင်္ဂလီများကို မြန်မာတိုင်းရင်းသား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်လူ့အခွင့်အရေးကော်မရှင်က တစ်ဖက်သတ် အတည်ပြု ဆုံးဖြတ်ချက် ချခြင်းတို့သည် နိုင်ငံတကာ သံတမန်ကျင့်ဝတ်များကို ချိုးဖေါက်၍ မြန်မာနိုင်ငံ၏ အချုပ်အချာနှင့် ဥပဒေများကို ၀င်ရောက် စွက်ဖက်ခြင်းတို့ကြောင့် ယခုလို ဆန္ဒပြကန့်ကွက်သွားမည်ဟု သိရသည်။

ဆန္ဒပြရန် ခွင့်ပြုချက်ကို တင်ပြလျှောက်ထားသူ ဦးစောသာမောင်အား ယခုလ ၂၆ ရက်နေ့စွဲဖြင့် ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လိပ်ကျွန်းလူသတ်မှု အာမခံရရေး ပထမ အယူခံ ငြင်းပယ်ခံရ၊ ရက်ပိုင်းအတွင်း ဒုတိယ အယူခံတင်မည်

ဟင်္သာနီ (မွန်မြေ)

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှု၌ တရားခံဟု ထိုင်းအာဏာပိုင်များက စွပ်စွဲထားသည့် မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့၏ အမှုအတွက် အာမခံပေးရန် ကော့စမွေ မြို့နယ် တရားရုံးက နိုဝင်ဘာ ၂၆ ရက်တွင် ငြင်းဆို လိုက်သော်လည်း ၎င်းတို့ နှစ်ဦး၏ ယခု ရမန် မကုန်မီ ထပ်မံအယူခံဝင်၍ အာမခံ တင်နိုင်ရေး ကြိုးစားသွားမည်ဟု မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံ ကော့စမွေ မြို့နယ် တရားရုံးသို့ အမျိုးသားလွှတ်တော် စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးကိုကိုမောင်နှင့် ဦးဆန်းလွင် တို့လိုက်ပါ၍ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ အမှုမှန်ပေါ်ရေး ဆောင်ရွက်နေသည့် အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့များ အာမခံ သွားရောက် လျှောက်ထားခဲ့သည်ကို ကော့စမွေခရိုင် တရားရုံးက ငြင်းဆိုလိုက်သည်။

ဦးအောင်မျိုးသန့်က “ကျွန်တော်တို့ အခု သံအမတ်ကြီးနဲ့ ပြန်ပြီး အစည်းအဝေး ထိုင်ပါ့မယ်၊ အခုလို သံရုံးရဲ့ အာမခံ တစ်ခုတည်းနဲ့ မဟုတ်ဘဲ လူအာမခံ၊ ငွေကြေးအာမခံတွေ ထည့်ပြီးတော့ နောက်တစ်ခေါက် ပြန်ပြီး အာမခံလျှောက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားပါ့မယ်” ဟု ပြောသည်။

အဆိုပါ အမှုအား ပုဒ်မပေါင်းများစွာနှင့် ဆွဲဆိုထားပြီး နိုင်ငံခြားသား နှင့် ပတ်သက်၍ လည်းကောင်း၊ သေဒဏ်ထိုက်သည့် အမှုများ ဖြစ်ခြင်းကြောင့် လည်းကောင်း စသည့် အကြောင်းပြချက်များဖြင့် ငြင်းဆိုခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးအောင်မျိုးသန့်က ပြောသည်။

အဆိုပါ အာမခံ ရရှိရေးအတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅သိန်းထက် မနည်း လျောက်ထားရမည် ဖြစ်သော်လည်း ယခုအမှုတွင် နှစ်နိုင်ငံ၊ သုံးနိုင်ငံ အစိုးရ တို့အကြား ဖြစ်ပွားနေသည့် အမှုဖြစ်ခြင်းနှင့် ပစ်မှုစွဲချက် သုံး၊ လေးခုဖြင့် စွဲဆိုထားသော အမှု ဖြစ်ခြင်းတို့ကြောင့် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅) သိန်းထက်ကျော်လွန်၍ အာမခံကြေး တင်နိုင်မှသာ အာမခံ ရရန် သေချာနိုင်ဖွယ်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ဦးအောင်မျိုးသန့်က “လူအာမခံ ဆိုတာက အဲဒီ ပစ္စည်းပိုင်ရှင်ကို ပြောတာပါ၊ အိမ်ကို အာမခံ တင်လိုက်မယ်ဆိုရင် ဒီလူဟာ သူရဲ့ ပိုင်ဆိုင်မှုအတွက် သူကိုယ်တိုင် လက်မှတ် ရေးထိုးရပါမယ်” ဟု ဆိုသည်။

ဒုတိယ အကြိမ် အာမခံရရေး အယူခံကို ခရိုင်တရားရုံး၌ ဆက်လက် တင်သွားရန် စီစဉ်နေသည်ဟုလည်း အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးကျော်သောင်းက မဇ္ဈိမကို နိုဝင်ဘာလ ၂၆ ရက်တွင် ပြောသည်။

ဦးကျော်သောင်းက “ထိုင်းရှေ့နေများ ကောင်စီနဲ့ တိုင်ပင်ပြီးတော့ ပထမ အယူခံမှာ အားနည်းခဲ့တဲ့ အချက်တွေကို အားဖြည့်ပြီး ဒီကလေးတွေ အာမခံ ရဖို့ ဒုတိယအကြိမ် အယူခံ ဆက်ဝင်ဦးမယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့ နှစ်ဦးအား ထိုင်းအာဏာပိုင်များမှ လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှု၊ တရားမဝင် ထိုင်းနိုင်ငံတွင်း ဝင်ရောက်နေထိုင်မှု၊ သေဒဏ်ထိုက်သည့် ပစ်မှုအား ဖုံးကွယ်ထားခြင်း စသည့် စွဲချက်များဖြင့် တရားစွဲဆို ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး၏ ပဉ္စမ ရမန်မှာ လာမည့် ဒီဇင်ဘာလ ၂ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦး တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ (၁၄) ရက်၌ ဗြိတိသျှ စုံတွဲ ကမ္ဘာလှည့်ခရီးသည် နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် လူသတ် တရားခံများအဖြစ် ထိုင်းအာဏာပိုင်များက စွပ်စွဲထားသည်။

စည်းလုံးညီညွတ်ဖို့ သျှမ်းအကြီးအကဲများ တိုက်တွန်း

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့ သိန္နီ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း နန်းသစ် တက်ခြင်း နှစ်တရာ ပြည့် ပွဲကို နိုဝင်ဘာလ ၂၄ ရက်က စတင်ရာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ သျှမ်းပြည်သားများ စည်း လုံးညီညွတ် ရေးအတွက် တက်ရောက် အားပေးသည့် ဒုသမ္မတကြီးနှင့် အတူ အထင်ကရ ပုဂ္ဂိုလ်များက တိုက်တွန်း သွားခဲ့ပါသည်။

နိုဝင်ဘာ ၂၄ ရက်ပွဲတော်ဖွင့်ပွဲတွင် နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် သျှမ်းပြည်နယ် ၀န်ကြီး ချုပ် ဦးစဝ်အောင်မြတ်ကပွဲဖွင့်လှစ်ပေးပြီးနောက် သမိုင်းပညာရှင် ဆရာစိုင်းအောင်ထွန်းက သျှမ်းစာပေပျံ့နှံ့ မှုအကြောင်း ဟောပြောခဲ့သည်။

ပွဲအစီအစဉ်အရ ၂၅ ရက်နေ့တွင် ရွှေလီမြို့ ဟော်ခမ်းမိုင်းမောဝ်ကျောင်းတိုက် ဆရာတော်ဝိသုတိဉာဏ (စဝ်တင်းတိုင်း)က ကနေ့ သျှမ်းတို့၏လုပ်ငန်းတာဝန်အကြောင်း၊ ဆရာစိုင်းအောင်ထွန်းက ဟောပြောခဲ့ ပါ သည်။ နိုဝင်ဘာ၂၆ ရက်တွင် ဆရာစိုင်းဆန်အိုက်က ကြာကြာမအိပ်နှင့်ဟူသည့်အကြောင်း၊ဒေါက်တာ စိုင်းခမ်းလိတ်ကလည်း သိန္နီမြို့ဖွံ့ဖြိုးရေးအကြောင်း၊ ၂၇ ရက်နေ့တွင် ဆရာစိုင်းဆာက ရှမ်းစာပေ သမိုင်းနှင့် သိန္နီမြို့သမိုင်း တို့အသီးသီး ဟောပြောသွားမည်ဖြစ်ပါသည်။

“နေရာဒေသအသီးသီးမှာနေထိုင်တဲ့ ရှမ်းလူမျိုးတွေစည်းလုံးဖို့လိုပါတယ်။ စည်းလုံးညီညွတ်တယ်ဆို တာသူများ ကို သွားဖျက်ဆီးဖို့မဟုတ်။ ကိုယ့်အပေါ်ကျူးကျော်အနိုင်ကျင့်လာသူတွေကို ကာကွယ်ဖို့ အတွက် ဖြစ်တယ်။ စည်းလုံးညီညွတ်တယ်ဆိုတာ တယောက်တည်းအားနဲ့လုပ်လို့မရပါဘူး။ လူတိုင်း မှာ တာဝန်ရှိပါတယ်။” - ဟု နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောဆိုပါသည်။

၂၆ ရက်နေ့ ဆရာ ဒေါက်တာစိုင်းခမ်းလိတ်က သိန္နီမြို့လက်ရှိအခြေအနေအကြောင်း ဟောပြောရာ တွင်လည်း စည်းလုံးညီညွတ်ကြဖို့တိုက်တွန်းပြောဆိုခဲ့ပါသည်။

“လောကကြီးထဲရောက်လာတာဟာ အရာရာကို ရင်ဆိုင်ဖို့အတွက်ပါ။ သူတပါးဟာ ကိုယ့်ရဲ့ ဆရာပါ။ ကျနော် တို့ကို ဦးဆောင်ဦးရွက်မယ့် ဆရာကောင်းလိုအပ်ပါတယ်။ တဖက်ကလည်း စည်းလုံးညီညွတ် ရေး ဟာ အရေး ကြီးပါတယ်။ ကျနော်ပြောချင်တာက ပွဲလမ်းသဘင်ရှိမှ စည်းလုံးတာ ခဏတဖြုတ် တွေ့တုန်း ညီညွတ်တာ ကိုတော့ မဖြစ်ကောင်းဘူး။ အမြဲတမ်းလက်တွဲစည်းလုံးဖို့လိုအပ်ပါတယ်။”


ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏သား စဝ်ဟန်ယောင်ဟွေ က လည်း တိုင်းရင်းသားလူထုအား ဒီမို ကရေစီဖော်ဆောင်ရာတွင် ပါဝင်စေချင်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပင်လုံကဲ့သို့သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်အောင်ကြိုးစားကြမည်ဖြစ်ရာ နိုင်ငံရေးပါတီများကြောင့်ပြိုကွဲမှု မဖြစ်စေလို ကြောင်းပြောဆိုပါသည်။

“ ပြဿနာရှိရင် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ပါ။ ဒီမိုကရေစီဖော်ဆောင်မယ်ဆိုရင် စည်းလုံးညီညွတ် ဖို့လိုတယ်။ ဥပမာဒီပွဲ ကျင်းပသလိုပေါ့။ ပြည်သူလူထု မစည်းလုံးရင်ပွဲ ဖြစ်မှာမဟုတ်ပါဘူး။”

သိန္နီမြို့ပွဲတော်ကို နိုဝင်ဘာလကုန်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလတလျှောက် ရိုးရာအကအလှ များ ဖြင့်ကပြဖျော်ဖြေခြင်း၊ ခေတ်သစ်ခေတ်ဟောင်းတေးဂီတများဖြင့်ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။ မြို့နယ်အသီးသီးမှ စာပေယဉ်ကျေးမှုအဖွဲ့မှလည်း အကအလှများဖြင့် ၀င်ရောက် ကပြခဲ့ကြောင်းသိရသည်။

သိန္နီစော်ဘွား ခွန်ဆန်တုန်ဟုန်းသည် ၁၉၁၄ တွင် နန်းသစ်ဆောက်ပြီးစီးပြီး နန်းသစ်တက်အထိမ်း အမှတ်ပွဲနှင့် အတူ မဟာမြတ်မုနိဘုရား စံကျောင်းတော်အားလည်း ထိုနှစ်တွင်ပင် ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။

ထိုသို့နန်းသစ်တွင်စံမြန်းပြီး ၃ နှစ်ခန့်အကြာ နတ်ရွာစံခဲ့လေသည်။ ယခုနှစ် ၂၀၁၄ တွင် နန်းသစ် တက်ခြင်း နှစ် ၁၀၀ ပြည့်ပွဲနှင့်အတူ မဟာမြတ်မုနိဘုရားနှစ် ၁၀၀ ပြည့်ပွဲ ပူးတွဲကျင်းပရခြင်းဖြစ် ကြောင်းပွဲဖြစ်မြောက်ရေး ကော်မတီများကပြောဆိုပါသည်။

ပန်းတောင်းမြို့မှ တံတား အမြန်ဆုံးပြုပြင်ရန် လိုအပ်

DVB

'ဝ' ဒေသ ဖွံ့ဖြိုးရေးလိုအပ်ချက် လာမည့်နှစ်တွင် တင်ပြရန် အစိုးရဖိတ်ခေါ်

ဖနိဒါ

'ဝ' ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ခေါင်းဆောင်များနှင့် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော ကိုယ်စားလှယ်များ အပါအဝင် ၉ ဦးတို့သည် 'ဝ' ဌာနချုပ် ပန်ဆန်းတွင် နိုဝင်ဘာလ ၂၈ ရက်က ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ သည်ဟု UWSP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

“သူတို့က ဒေသရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လာလေ့လာတာပေါ့။ လာလေ့လာပြီး သူတို့ နှစ်စဉ်နိုင်ငံတော်ကနေပြီးတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ စီမံကိန်းတွေ ရှိတယ်။ ဒီစီမံကိန်းနဲ့တွဲပြီးတော့ လိုတဲ့ကူညီမှုတွေ လုပ်ပေးမယ်ပေါ့” ဟု ဦး အောင်မြင့်က မဇ္ဈိမကို ပြောသည်။

UWSP မှ ဒု-ဥက္ကဋ္ဌ ဦးရှောင်မီးလျံက ဒေသဖွံဖြိုးရေးအတွက် လမ်းတိုးချဲ့ဆောက်လုပ်ရေး၊ ကားလမ်းကတ္တရာခင်းရေး၊ ရေအားလျှပ်စစ် စီမံကိန်းများနှင့် မြို့ပြ၊ ကျေးရွာများတွင် သောက်သုံးရေနှင် လယ်ယာစိုက်ပျိုးရန် ရေရှိရေး၊ မြို့သစ် ဆောက်လုပ်ရေးနှင့် မြို့ဟောင်း လမ်းပန်းပြင်ဆင်မှုများ စသည့် လိုအပ်ချက်များကို အစိုးရ ကိုယ်စားလှယ်များအား တင်ပြ ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

အဆိုပါ စီမံကိန်း အသေးစိတ်ကို လာမည့် ၂၀၁၅ ခုနှစ်တွင် UWSPမှ ရှမ်းပြည်နယ် အစိုးရ၊ တနလ ဝန်ကြီးဌာန၊ သမ္မတရုံးမှ ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးများသို့ တင်ပြရန် အစိုးရ ကိုယ်စားလှယ်များက ပြောဆိုခဲ့သည်ဟုလည်း သူက ဆိုသည်။

“ပန်ဆန်းရဲ့ ဖွံ့ဖြိုးမှုအခြေအနေနဲ့ ပန်ဆန်းရဲ့ စီမံကိန်းတွေ သူတို့လည်း နည်းနည်းတော့ အံ့အားသင့်တယ် ထင်တယ်။ ဒီလို ၅ နှစ် စီမံကိန်းဆောင်ရွက်နေတာတွေကို နှစ်စဉ် နှစ်အလိုက်တင်ပြပေးဖို့ သူတို့လည်း စဉ်းစားပေးမယ်ပေါ့ဗျာ။ အစိုးရက နိုင်ငံတော် တခုလုံးရဲ့ စီမံကိန်းတွေကို ဆောင်ရွက်နေတာဖြစ်တယ်။ ဒီတော့ ပြည်နယ်၊ တိုင်းတွေရဲ့ စီမံကိန်းကိုလည်း အချိုးကျ ကူညီဖို့ ရှိတယ်။ ဒါကြောင့် ဒီစီမံကိန်းတွေကို တိုင်းတို့ အစိုးရတို့ကို တင်ပြဖို့ အစိုးရရဲ့ စီမံကိန်းမှာ ခွဲဝေသုံးစွဲဖို့ ကူညီပေးမယ်ဆိုတာ ပြောပါတယ်” ဟု သူက ပြောသည်။

သို့သော် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အစိုးရက ငြိမ်းချမ်းစွာဖြေရှင်းရန် လိုအပ်ကြောင်း UWSPမှ ဆွေးနွေးခဲ့သော်လည်း အစိုးရ ကိုယ်စားလှယ်များ ဘက်မှ ၄င်းတို့လာရောက်ခြင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းကို တာဝန်ယူနေခြင်း ဖြစ်၍ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ဦးအောင်မင်းဦးဆောင်သည့် UPWC ၏ တာဝန်သာဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ယခုခရီးစဉ်တွင် သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးအောင်တိုး၊ ကျန်းမာရေး ဒုဝန်ကြီး ဒေါ်သိန်းသိန်းတို့ အပါအဝင် ကိုယ်စားလှယ် ၉ ဦးတို့ သွားရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်များသည် ညနေ ၄ နာရီချိန်တွင် ပြန်လည် ထွက်ခွာခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်ကလည်း ရှမ်းပြည်နယ် မိုင်းလားမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် UWSP တို့ “ပြည်လုံးကျွတ် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ” ခေါင်းစဉ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ထိုတွေ့ဆုံမှုတွင်လည်း UWSP က ဒေသဖွံ့ဖြိုးရေးအတွက် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် လျှပ်စစ်စီမံကိန်း၊ ရှမ်းပြည်နယ် သီပေါမြို့နယ် အတွင်း တည်ဆောက်မည့် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးနှင့် မိုင်းလားတွင် တည်ဆောက်ဆဲဖြစ်သော ရေအားလျှပ်စစ်စက်ရုံကို အချိန်မီ ပြီးမြောက်တည်ဆောက်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို ဆွေးနွေးခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲမှ စစ်သည်အင်အား အကြီးဆုံးဖြစ်သော UWSP သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလက အစိုးရနှင့် ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ၄င်းအစိုးရ ကိုယ်စားလှယ်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ခေါ် မိုင်းလား (NDAA) အဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ဒေါက်တာအေးမောင် ၆ ပွင့်ဆိုင်တွင် ပါဝင်မည့် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရ

မာန်ယုကျော် (ရွှေဝမြေ)

မြန်မာနိုင်ငံရေးအား အဖြေရှာမည့် နိုင်ငံတော်သမ္မတ၊ ကာချုပ်၊ လွှတ်တော် ဥက္ကဌ ၂ ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်မည့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွင် တိုင်းရင်းသားများဘက်မှ ကိုယ်စားလှယ် တစ်ဦးပါဝင်ရမည် ဖြစ်ရာ ယင်းနေရာကို အမျိုးသားလွှတ်တော်မှ ရခိုင်အမျိုး သားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား မဲစနစ်ဖြင့် ရွေးချယ်လိုက်သည်ဟု သိရသည်။

ရွေးချယ်မှုကို နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တိုင်းရင်း သားပါတီ ၁၄ ခုမှ ကိုယ်စားလှယ် ၁၄ ဦးမှ မဲဖြင့် ရွှေးချယ်ရာ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာ မဲ ၅ မဲဖြင့် ရွေးချယ်ခံခဲ့ရသည်။

ယခုကဲ့သို့ တိုင်းရင်းသားများ အားလုံးအတွက် တာဝန်ယူ ရွေးချယ်ခံရသဖြင့် သူ့အတွက် တာဝန် ပိုကြီးသွားသည်ဟု ရွေးချယ်ခံရခြင်းနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်း တွင် နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ဒေါက်တာအေးမောင်ကထိုသို့ စတင် ဖြေကြား ပြောဆို သည်။

“ကျွန်တော်တို့အခုလိုရွေးချယ်တာဟာ တိုင်းရင်းသားပါတီအားလုံးအတွက်ကိုယ်စားပြုပြီးရွေးတာဖြစ်လို့ တာဝန် ပိုကြီးသွားပါတယ်” ဟု ဆိုသည်။

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီများအားလုံး၏ဆန္ဒနှင့်အညီ လိုလားချက်များ၊ ဆွေးနွေးစေလိုသည့် အချက်များကို အမျိုးအစားအလိုက်ခွဲပြီး အဓိက အချက် ၃ ခုကိုတင်ပြဆွေးနွေးသွားမည်ဖြစ်ဟု ဒေါက်တာ အေးမောင်က ဆက်ပြောသည်။

“ ပထမအချက်အနေနဲ့ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ရန်၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်း ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်လိုလားနေသည့်အချက်များကို ဦးစားပေး ဆွေးနွေးဖို့ စဉ်းစားထားပြီး၊ ဒုတိယ အချက်ကတော့ ၂ဝဝ၈ ဖွဲ့ စည်းပုံထဲက တစ်နိုင်ငံလုံးက ပြုပြင်ပြောင်းလဲလိုတဲ့ ပုဒ်မ ၄၃၆ ကဲ့သို့သော အခြား ပုဒ်မများ အားလုံးအပေါ် တိုင်းရင်းသား ပါတီများရဲ့ သဘောထားနဲ့ ကိုက်ညီတဲ့ အယူအဆများကို တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။

နောက်ဆုံးအချက်အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲအလွန်တွင်ဖြစ်ပေါ်လာမည့် အစိုးရသစ်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းထားနိုင်အောင် တိုင်းရင်းသားပါတီများက မည်သို့ပံ့ပိုးပေးသင့်သည်ဆိုသည့်အချက်ကို ဆွေးနွေးသွားရန် စဉ်းစားထားကြောင်းလည်း ဒေါက်တာအေးမောင်က ဆက်လက် ပြောဆိုသည်။

“ဒီသုံးချက်ကို အဓိက ကိုယ့်ကဏ္ဍနဲ့ ကိုယ်ခွဲပြီး တင်ပြသွားဖို့စဉ်းစားထားပါတယ်”ဟု ယင်းက ဆက်ပြောသည်။

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားပါတီများထဲမှ ကိုယ်စားလှယ်တစ်ဦးကိုရွေးချယ်နိုင်ရန် အတွက် နိုဝင် ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရရွှေမန်းနှင့် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်းက ၆ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးခြင်း၏ အဓိကရည်မှန်းချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဆင်ရန်ရည်ရွယ်ပြီး ယင်းဥပဒေကိုပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်တွင်သာဆွေးနွေးနေကြမည် ဖြစ်သည် အတွက် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်ပြင်ပမှကိုယ်စား လှယ်များပါဝင်ရန်မလိုဘဲ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်သာဖြစ်ရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေါက်တာအေး မောင်၏ပြောပြချက်အရ သိရသည်။

“ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆိုတာ သိပ်သဘာဝမကျပါ ဘူး။ ကျန်တဲ့ တိုင်းရင်းသားလူမျိုးတွေအလိုက် တစ်ဦးစီပါဝင်နိုင်ဖို့ကို စီစဉ်ပေးသင့်ပါတယ်” ဟု ၆ ပွင့်ဆိုင်ဆွေးနွေးရာတွင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာ ပါဝင်ခွင့်ပြုခြင်း အပေါ် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌက မီဒီယာများသို့ ပြောဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်ရန် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ပြည်ထောင်စုလွှတ်တော် နာယက) သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တို့ပါဝင်သည့် ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

သို့သော် ယင်းတွေ့ဆုံဆွေးနွေးမှုမှာ လတ်တလောတွင် ဖြစ်နိုင်ဖွယ်မရှိသေးကြောင်း သမ္မတ၏ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က မီဒီယာများသို့ပြောကြားထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ သက်တမ်းတိုး

DVB

အမျိုးသားမြေ အသုံးမှု မူဝါဒ(မူကြမ်း)ကို ကန့်ကွက်ကာ ကချင်တွင် ဆန္ဒပြ

ဖနိဒါ

အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)အပေါ် ကန့်ကွက်ကာ ကချင်ပြည်နယ်ရှိ တောင်သူလယ်သမားများ၊ လူထုအခြေပြု အဖွဲ့အစည်းများမှ လူဦးရေ ၁၅၀ ခန့်က နိုဝင်ဘာ ၂၈ ရက် နံနက်က ဆန္ဒပြခဲ့သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဆန္ဒပြရာတွင် ပါဝင်သည့် မြစ်ကြီးနားမြို့မှ ရာဘာလုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်တာက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၂၈ ရက် နံနက် ၉ နာရီမှာ ၁၁ နာရီခွဲထိ မြစ်ကြီးနားမြို့ မန္တလေးဘုန်းကြီးကျောင်းတိုက်မှ စတင်၍ လမ်းလျှောက်ခဲ့ရာ စီတာပူတံတားထိ စီတန်းလှည့်လည် လမ်းလျှောက် ဆန္ဒပြခဲ့သည်။

“ကျွန်တော်တို့ စာရေးထားတယ်။ အဓိကတော့ လွန်ခဲ့တဲ့ အောက်တိုဘာလက ထွက်ပေါ်လာတဲ့ အင်တာနက်မှာထွက်လို့ ကူးယူလာတဲ့စာအုပ်က နိုင်ငံတော် အစိုးရထုတ်တဲ့ အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) စာအုပ်က စာမျက်နှာ ၉၀ ရှိတယ်။ အဲဒီ ၉၀ ရှိတာကို မနေ့က အလုပ်ရုံဆွေးနွေးပွဲလုပ်တယ်။ အတိုချုပ်ပြီးတော့ ပြောလိုက်ရင် ပြည်သူ့အကျိုးမပြုလို့ ဆန္ဒဖော်ထုတ်တဲ့ သဘောမျိုးပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ တနိုင်း၊ ဝိုင်းမော်၊ မော်ဖောင်း၊ မိုးကောင်း၊ နမ္မတီး စသည့် မြို့နယ်များမှ တောင်သူလယ်သမား ကိုယ်စားလှယ်များက ဆရာစံ ဓါတ်ပုံနှင့် စာတမ်းပါ အင်္ကျီဆင်တူ ဝတ်ဆင်၍ မြေယာအသုံးချမှု မူဝဒါ(မူကြမ်း)အပေါ်ကန့်ကွက်ကြောင်း စာတမ်း ၇ ခုခန့် ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်ရခဲ့ရာ ကြွေးကြော်ခွင့် ရခဲ့သော်လည်း ပွဲမိန့်ကျခါနီးတွင် ကြွေးကြော်ခြင်း မပြုရန် ထပ်မံ ညွန်ကြားလာသဖြင့် အေးချမ်းစွာ ဆန္ဒပြခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၂၇ ၇က်ကလည်း အမျိုးသားမြေအသုံးချမှု မူဝါဒအပေါ် သုံးသပ်သော အလုပ်ရုံဆွေးနွေးပွဲကို ကချင်ပြည်နယ်အတွင်းရှိ လယ်ယာမြေနှင့် ဥယျဉ်ခြံမြေများ နစ်နာသောတောင်သူများ၊ မြို့နယ်အသီးသီးမှ တောင်သူလယ်သမား ကွန်ယက်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ခန့်က မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် ကက်သလစ်ဘုရားကျောင်း ခန်းမတွင် ပြုလုပ်၍ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီ ရေးဆွဲထားသော အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) ရေးဆွဲသည့်အဆင့်ဆင့်တွင် ပြည်သူထုထု အမှန်တကယ် နစ်နာသော တောင်သူလယ်သမား၊ တိုင်းရင်းသား၊ အမျိုးသမီး၊ ပြည်သူ့ဘက်ရပ် တည်ပေးသော ပညာရှင်များဖြင့် ပါဝင်ရေးဆွဲထားသော မူဝါဒ မဟုတ်သောကြောင့် လက်မခံနိုင်ကြောင်း နိုဝင်ဘာလ ၂၇ ရက်က ထုတ်ပြန်လိုက်သည်။

၎င်းမူကြမ်းသည် ပြည်သူလူထု၊ တောင်သူလယ်သမား၊ တိုင်းရင်းသားများအား အကျိုးပြုမှု အလွန်နည်းပါးနေပြီး ရင်းနှီးမြှပ်နှံ့မှုကိုသာဦးစားပေးထားကြောင်း မြေယာ သိမ်းဆည်းခြင်းကို တွန်းအားပေးပြီး လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော မြေယာပြဿနာကို ပိုမိုများပြားလာစေကာ လူတစ်စု၏ အကျိုးစီးပွားနှင့် ကောင်းစားရေးအတွက်သာ အားပေး၊ ကာကွယ်ပေးသော မူဝါဒဖြစ်သည်ဟု ဆိုထားသည်။

တိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲဆုံးဖြတ်ပိုင်ခွင့်ကို အာမခံသော အချက်အလက်များ ပါဝင်ခြင်း မရှိသောကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတည်ဆောက်မှုကို ပိုမိုနှောင့်နှေး ကြန့်ကြာစေသလို၊ စစ်အစိုးရ လက်ထက်က သိမ်းဆည်းထားသော မြေနှင့် လက်ရှိ ဖြစ်ပေါ်နေသော မြေယာ အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်သော အချက် ပါဝင်ခြင်း မရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

မူကြမ်းအား ပြည်သူလူထုအကြား ချပြရန် နေပြည်တော် အပါအဝင် ၁၇ နေရာတွင်သာ ၁၅ ရက်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ ပြုလုပ်ခြင်းသည် တိုင်းရင်းသား ပြည်သူလူထုနှင့် တောင်သူလယ်သမားများ၏ သဘောဆန္ဒကို လစ်လျှုရှုနေသည်ဟု ဆိုထားသည်။

နိုင်ငံတကာအစိုးရက သဘောတူလက်ခံ ချမှတ်ထားသော အမျိုးသား စာနပ်ရိက္ခာမူလုံရေးအတွက် မြေယာ၊ သားငါးနှင့် သစ်တောများ၏လုပ်ပိုင်ခွင့်အား စီမံခန့်ခွဲရန် လိုက်နာသည့်သည့် လမ်းညွန်ချက်ဘောင်အတွင်း မဝင်သည့်အပြင် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာစံနှုန်းနှင့်လည်း ကိုက်ညီမှု မရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပွင့်လင်းမြင်သာမှုရှိသည့် မူကြမ်းသစ်တစ်ရပ်ကို ပြန်လည်ရေးဆွဲရန်လည်း လိုအပ်သည်ဟု တိုက်တွန်းထားသည်။

၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒရှင် အမည်စာရင်း ရန်ကုန်တွင် စတင်ပြုစုနေ

နန်းလွင်နှင်းပွင်

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီး တရာမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် မဲဆန္ဒရှင် အမည် စာရင်း မှန်ကန်စွာ ရရှိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်ကို စံပြအဖြစ် စတင်ပြုစုနေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။

ထိုသို့ မဲဆန္ဒရှင် စာရင်းပြုစုခြင်းကို နိုဝင်ဘာ ၁၃ ရက်ကစတင်ပြီး ဒီဇင်ဘာလကုန်အထိ ပြုစုသွားမည် ဖြစ်ကြောင်းနှင့် ရရှိလာသော စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (နေပြည်တော်) သို့ ပေးပို့သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော် မရှင် အဖွဲ့ဝင်များက ဧရာဝတီသို့ ပြောသည်။

မဲဆန္ဒရှင်စာရင်း မှန်ကန်မှသာ ရွေးကောက်ပွဲတွင် ရရှိသည့် မဲအရေအတွက်များလည်း မှန်ကန်တိကျစေရန် ရည်ရွယ်၍ ကွန်ပျူတာ ဖြင့် စာရင်းသွင်းခြင်း နည်းစနစ်ကို အသုံးပြုကြောင်း၊ ထိုသို့စာရင်းသွင်း အသုံးပြုသည့်စနစ်အား ရွေးကောက်ပွဲနှင့်နိုင်ငံရေး လုပ်ငန်း စဉ်များအား အကူအညီ ပေးနေသည့် အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် အဖွဲ့အစည်း(IFES/ Elections and Political Processes Assistance) မှ ကူညီပံပိုးခြင်း ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများကို ကွန်ပျူတာ ဆော့ဖ်ဝဲလ်များဖြင့် စာရင်းသွင်းရာတွင် တချို့မြို့နယ်များ၌ တနေ့လျှင် လူဦးရေ ၁၀၀၀ ခန့် စာရင်းသွင်း နိုင်သော်လည်း လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ စက်ချွတ်ယွင်းမှုများ ရှိခြင်းတို့ကြောင့် မြို့နယ်တချို့တွင် လူဦးရေ ၃၀၀ ခန့်သာ စာရင်းသွင်းနိုင်သည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။

“မဲဆန္ဒရှင်စာရင်း လက်ရေးနဲ့ပြုစုတာတော့ အကြောင်းမဟုတ်ဘူး။ အချက်အလက်တွေကို ကွန်ပျူတာထဲ ထည့်နေတာလေ။ မီး မလာရင် ကွန်ပျူတာက ရိုက်လို့မရဘူး”ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဧရာဝတီကို ပြောပြသည်။

ဦးကိုကိုက စာရင်းပြုစုခြင်းနှင့် စာရင်းများ မှန် မမှန် ပြန်လည် စစ်ဆေးရန် အချိန်ရရှိမှု လုံလောက်သော်လည်း လျှပ်စစ်မီးပြတ်ခြင်းကြောင့် စာရင်းသွင်းရာတွင် နှောင့်နှေးမှုများ ရှိသည်ဟုလည်း ပြောဆိုသည်။

မဲဆန္ဒရှင် စာရင်းသွင်းရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သင်တန်းပေးထားသည့် ၀န်ထမ်းများကသာ စာရင်းသွင်း ရခြင်း ဖြစ်ကြောင်း၊ ထိုအဖွဲ့ဝင်များသည် ပါတီများ၌ ပါဝင်ပတ်သက်ခြင်း မရှိသူ၊ ဒေသခံများက ယုံကြည် လက်ခံကြသူများကို ရွေးချယ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့မဲဆန္ဒရှင်စာရင်း ကောက်ယူနေခြင်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက“အင်မတန် အရေးကြီး ပါတယ်၊ ဒီစာရင်းတွေ မမှန်ရင် လူထုရဲ့ ယုံကြည်မှုကို ပျက်ပြားစေမယ်၊ ဒါက နိုင်ငံတော်ရဲ့ ပုံရိပ်ဖြစ်တယ်”ဟု ပြောဆိုသည်။

မဲဆန္ဒရှင်စာရင်း ကောက်ယူရာတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီးသူများကိုသာ မဲပေးရန် စာရင်း ကောက် ယူနေခြင်း ဖြစ်ပြီး သာသနာ့ ၀န်ထမ်းများ၊ ထောင်ကျ ခံနေရသူများ၊ စိတ်ရောဂါ ရှိသည်ဟု သတ်မှတ် ခံထားရသူများနှင့် လူမွဲအဖြစ် သတ်မှတ်ခံထားရသူများကို စာရင်းသွင်း ကောက်ယူခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ တွင် ပါဝင်ပြီး ရပ်ကွက်၊ မြို့နယ်တွင် အမှန်တကယ် နေထိုင်နေသူတို့ကို ဦးစွာလိုက်လံ ကောက်ယူနေခြင်း ဖြစ်ကြောင်း၊ သေဆုံးသွားကြသူများကို စာရင်းပါဝင်ခြင်း မရှိရန် စိစစ် လုပ်ဆောင်နေပြီး ဧည့်စာရင်းဖြင့် နေထိုင် သူများ၊ သန်းခေါင်စာရင်း မရှိသူများကို ရွေးကောက်ပွဲ နီးကပ်လာသည့် အချိန်တွင် ထပ်မံစာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးရှိ စံပြမြို့နယ် အဖြစ် မဲဆန္ဒရှင်စာရင်း ကောက်ယူနေသော မြို့နယ် ၁၀ ခု မှာ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ်ကမ်း၊ ဒဂုံ၊ လသာ ၊ ကျောက်တံတား ၊ လမ်းမတော် ၊ ကမာရွတ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များ ဖြစ်ကြောင်း သိရသည်။

ကလေး အလုပ်သမား စာရင်းကောက်မည်

DVB

အမျိုးသားလွှတ်တော် ကြယ်ပွင့်ပြေမေးခွန်း ၃၇ ရက်တွင် ၁၅၃ ခုသားမေးနိုင်ခဲ့

မောင်သင်တုန်း

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးကို ၃၇ ရက် ကျင်းပရာတွင် ကြယ်ပွင့်ပြမေးခွန်း ၁၅၃ ခုနှင့် အဆိုခြောက်ခု အတည်ပြုနိုင်ခဲ့သည်ဟု အမျိုသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်ကျင်းပရက် နောက်ဆုံးနေ့ တွင် ပြောကြားလိုက်သည်။

ထို့အပြင် ပြည်သူ့ လွှတ်တော်က ပေးပို့လာသည့် ဥပဒေကြမ်း အအပါအဝင် စုစုပေါင်းဥပဒေကြမ်း ၁၁ မျိုးကို အမျိုးသားလွှတ်တော်တွင်အဆိုတင်သွင်းခြင်း ဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်ဟုဆိုသည်။

အမျိုးသားလွှတ်ကအဆိုတင်းသွင်းပြီး အတည်ပြုထားသည့် ဥပဒေကြမ်း ကိုးခုအား ပြည်သူလွှတ်တော်တွင် အတည်ပြုဆွေးနွေးရန် ပေးပို့ ထားနိုင်ခဲ့သည်ဟု အမျိုးသားလွှတ်တော်ဦးခင်အောင်မြင့်က ပြောသည်။

သယံဇာတများအားလုံး မူလပိုင်ရှင်သည် နိုင်ငံတော်ဖြစ်ကြောင်း မူကြမ်းကို တောင်သူများ ကန့်ကွက်

KNG

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူထုအခြေပြုအဖွဲ့အစည်းများ၊ တောင်သူလယ်သမားများ အပါအဝင် လူထု ၁၅၀ ကျော်သည် အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)အပေါ် သုံးသပ်သော အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်၍ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်ခဲ့သူများက ပြောသည်။

နိုဝင်ဘာလ ၂၈ ရက် နံနက် ၉ နာရီမှာ ၁၁ နာရီခွဲထိ မြစ်ကြီးနားမြို့ရှိ မန္တလေးဘုန်းကြီးကျောင်းတိုက်မှ စီတာပူ တံတားအနီးထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ခဲ့သူလည်းဖြစ်၊ မြစ်ကြီးနားမြို့နယ် ရာဘာလုပ်ငန်းရှင်များ ဥက္ကဌ ဒေါက်တာမောင်မောင်တာ က ပြောသည်။

“နိုင်ငံတော် အစိုးရထုတ်တဲ့ အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) စာအုပ်က စာမျက်နှာ ၉၀ ရှိတယ်။ အဲဒါကိုမနေ့က အလုပ်ရုံဆွေးနွေးပွဲ လုပ်တယ်။ အတိုချုပ်ပြီးတော့ ပြောလိုက်ရင် ပြည်သူ အကျိုးမပြုလို့ ဆန္ဒဖော်ထုတ်တဲ့ သဘောမျိုးပါ” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ ဝိုင်းမော်၊ နမ္မတီး စသည့် မြို့နယ်များမှ တောင်သူလယ်သမား ကိုယ်စားလှယ်များက မြေယာအသုံးချမှု မူဝါဒ(မူကြမ်း)အပေါ် ကန့်ကွက်ကြောင်း စာတမ်းများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု သူကပြောသည်။

အဆိုပါမူကြမ်းသည် ပြည်သူလူထုအတွက် အကျိုးတစုံတရာမရှိသည့်အပြင် ရရှိထားသောနယ်မြေများပင် ဆုံးရှုံးဖွယ်ရှိသောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု NDF ပါတီဝင် တောင်သူများဖက်မှ တာဝန်ခံ တဦးလည်းဖြစ်သူ ဒေါ်ဘောက်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

"ဒီမူကြမ်းကိုလိုမရှိဘူး ဒီမူကြမ်းရေးဆွဲချိန်မှာ ပြည်သူတွေမသိလိုက်ဘူး လယ်ယာမြေ ဆုံးရှုံးနေတဲ့ တောင်သူလယ်သမားတွေ ဘာမှမသိလိုက်ဘူး။ ပြည်သူတွေ အကျိုးခံစားခွင့်ဘာမှမရှိဘူး။ ကျနော်တို့နယ်မြေကို သိမ်းပိုက်ဖို့ ဒီမူကြမ်းမှာ တွေ့နေရတယ်။ ဒါကြောင့် လုံးဝလက်မခံဘူး" ဟု ပြောသည်။

အဆိုပါ မူကြမ်းပါ မြန်မာ သယံဇာတများအားလုံး၏ မူလပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည်ဟု ဖော်ပြထားသဖြင့် မည်သည့် မြေယာအမျိုးအစား လုပ်ပိုင်ခွင့် ရရှိထားသူ မည်သူမဆို နိုင်ငံတော် အစိုးရက တရားဝင် သိမ်းပိုင်ခွင့်ရှိသည် ဆိုသော အချက်ကိုလည်း ကန့်ကွက်ကြောင်းပြောသည်။

နယ်မြေများ မြေလွတ်မြေရိုင်းများအား ဂြိုလ်တုဖြင့်တိုင်းတာမည်ဖြစ်ကြောင်း မြေလွတ်မြေရိုင်းများသည် ယခင်ကတည်းက ဖိုးဘွားပိုင်နယ်မြေများ ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ဆန္ဒဖော်ထုတ်သူများသည် အင်္ကျီအရှေ့ခြမ်းတွင် ဆရာစံ၏ ဓါတ်ပုံနှင့် နောက်ကြောတွင် တောင်သူ လယ်သမားအခွင့်အရေး၊ လယ်ယာမြေ အရေးလှုပ်ရှားသူများအဖွဲ့ ကချင်ပြည်နယ်ဆိုသော စာသားပါ အင်္ကျီများ ဆင်တူ ဝတ်ဆင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဖားကန့်မြို့နယ် တောင်သူလယ်သမားများအဖွဲ့မှ ဦးလဆိုင်း က ပြောသည်။

“မြေသိမ်းယာသိမ်းဖို့ ကျနော်တို့ လက်မခံဘူး။ အချုပ်အချာအာဏာ ဗဟိုချုပ်ကိုင်စနစ်ကို အလိုမရှိဘူးဆိုတာတွေ စာတန်းတွေ ကိုင်တယ်။ တောင်သူလယ်သမား အခွင့်အရေးရရှိရေးဆိုတာတွေ ရေးထားတယ်။ ဆိုင်းဘုတ်တွေ ကိုင်ပြီးတော့ မြို့တပတ်ပတ်တယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၂၇ ရက်တွင် ကချင်ပြည်နယ်အတွင်းရှိ လယ်ယာမြေနှင့် ဥယျဉ်ခြံမြေများ နစ်နာသော တောင်သူများ၊ မြို့နယ်အသီးသီးမှ တောင်သူလယ်သမားကွန်ယက်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ခန့်က အမျိုးသားမြေအသုံးချမှု မူဝါဒအပေါ် သုံးသပ်ဆန်းစစ်သော အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့အောင်နန်းရပ်ကွက် ရိုမင်ကက်သလစ်ဘုရားကျောင်း ဟောခန်းမတွင် ပြုလုပ်၍ ကြေငြာချက် ထုတ်ပြန်၍ ဆန္ဒဖော်ထုတ်မှုလည်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချမည်ဟု ဆိုသော်လည်း ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများသည် အထက်မှ ခန့်ထားသောကြောင့် လက်မခံနိုင်သလို၊ ဌာနေ တိုင်းရင်းသားများ၏ရိုးရာဓလေ့မြေယာအသုံးချမှုများကို အကာအကွယ်ပေးမည်ဟု ဖော်ပြထားသော်လည်း တရားဝင် အသိအမှတ် ပြုခြင်းနှင့် လွတ်လပ်စွာ အသုံးပြု စီမံခန့်ခွဲခွင့်ကို အာမခံထားခြင်းမရှိကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံ မြေယာခွဲဝေ အသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီ ရေးဆွဲထားသော မြန်မာနိုင်ငံ မြေယာခွဲဝေ အသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီ ရေးဆွဲထားသောအမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) ရေးဆွဲသည့်အဆင့်ဆင့်တွင် ပြည်သူထုထု အမှန်တကယ် နစ်နာသော တောင်သူလယ်သမား၊ တိုင်းရင်းသား၊ အမျိုးသမီး၊ ပြည်သူ့ဖက်ရပ်တည်ပေးသော ပညာရှင်များဖြင့် ပါဝင်ရေးဆွဲထားသော မူဝါဒ မဟုတ်သောကြောင့် လက်မခံနိုင်ကြောင်း ထုတ်ပြချက်က ဖော်ပြထားသည်။

တိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲဆုံးဖြတ်ပိုင်ခွင့်ကို အာမခံသော အချက်အလက်များ ပါဝင်ခြင်း မရှိသောကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်မှုကို ပိုမိုနှောင့်နှေး ကြန့်ကြာ စေသလို၊ စစ်အစိုးရ လက်ထက်က သိမ်းဆည်းထားသော မြေနှင့် လက်ရှိ ဖြစ်ပေါ်နေသော မြေယာ အငြင်းပွားမှုများကိုဖြေရှင်းပေးနိုင်သော အချက် ပါဝင်ခြင်း မရှိကြောင်း ဆိုထားသည်။

၎င်းမူကြမ်းအား ပြည်သူလူထုအကြား ချပြရန် နေပြည်တော် အပါအဝင် ၁၇ နေရာတွင်သာ ၁၅ ရက်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ ပြုလုပ်ခြင်းသည် တိုင်းရင်းသားပြည်သူလူထုနှင့် တောင်သူလယ်သမားများ၏ သဘောဆန္ဒကို လစ်လျှုရှုနေသည်ဟု ထောက်ပြထားသည်။

လူထုနှင့် တောင်သူလယ်သမားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လူငယ်များ၊ လွတ်လပ်ပြီး ဘက်မလိုက်သော ဥပဒေ ပညာရှင်များနှင့် ပါဝင်ထိုက်သာ ပုဂ္ဂိုလ်များဖြင့် ပွင့်လင်းမြင်သာစွာ မူကြမ်းအသစ် ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်သည်။

ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံမေးမြန်းခန်း (၃)

DVB

ဦးထင်လင်းဦးကို သံဃာတော်များမှ ပတ္တနိကောစ္ဆန ကံဆောင်သွားမည်

အောင်ကိုဦး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာ စာပေဟောပြောပွဲတွင် ဟောပြောခဲ့သည့် စာရေးဆရာ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြန်ကြားရေး အဖွဲ့ဝင်လည်းဖြစ်သူ) ဦးထင်လင်းဦးကို သာသနာကို အကြည်အညိုပျက်စေသော ဟောပြောချက် များကြောင့် ချောင်းဦးမြို့နယ်ရှိ သံဃာတော် ၂၀၀ ပါးက နိုဝင်ဘာ ၂၉ ရက်တွင် ပတ္တနိကောစ္ဆနကံ ဆောင်သွားမည်ဟု ညောင်ပင် ပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော် ဦးပဝရ က မဇ္ဈိမကို မိန့်ကြားသည်။

"ဘုန်းကြီးတို့က ပါတီကိုလုပ်တာ မဟုတ်ဘူး။ သူ့မိသားစုကို လုပ်တာမဟုတ်ဘူး။ သူတစ်ဦးတည်းကိုပဲလုပ်တယ်။ သူကိုယ်တိုင် ဝန်ချတောင်းပန်မှ ကံဆောင်မှုကိုရပ်မယ်" ဟု ဆရာတော်က မိန့်သည်။

ထိုသို့ပြုလုပ်ခြင်းသည် တစ်သာသနာလုံး သံဃာတော်များကိုယ်စား လုပ်ဆောင်ခြင်းဖြစ်ပြီး ကံဆောင်နေစဉ်တွင် တစ်နိုင်ငံလုံးရှိ သံဃာတော်များမှ ဦးထင်လင်းဦးအား ဆရာတကာ ဆက်ဆံမှု မပြုလုပ်တော့ကြောင်းနှင့် လုပ်သော သံဃာတော်များ ရှိပါကလည်းအာပတ်သင့်မည်ဟု ဆရာတော်က မိန့်ကြားသည်။

"ဆရာတကာ ဆက်ဆံမှု မလုပ်တော့ဘူး။ သူ့အိမ်မှာ သာရေးရှိရှိနာရေးရှိရှိဘာမှ လုပ်မပေးတော့ဘူး။ သူနဲ့နီးတဲ့ ရဟန်းတွေလည်း သူလှူတာမယူရဘူး။ ယူရင်လုပ်ရင် အာပတ်သင့်တယ်။" ဟု ဆရာတော်က မိန့်ကြားသည်။

ဘုရားတရားကို အပြစ်တင်ကဲ့ရဲ့ခြင်း၊ ရဟန်းသံဃာတွေကို လာဒ်လာဘပိတ်အောင်စသည့် အချက်များ ပြောဆိုကျူးလွန်မိပါက ပတ္တနိကောစ္ဆန ကံဆောင်နိုင်သည်ဟု ဆရာတော်က ရှင်းပြသည်။

"သူ့ဟောပြောမှုတွေက ဝါးလုံးရှည်နဲ့သိမ်းပြီး ရမ်းသွားတယ်။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို ပုတ်ခတ်ချင်တာနဲ့ ရောပြီး လုပ်သွားတယ်။ သူ့အနေနဲ့ဒါကို တာဝန်ယူ တောင်းပန်စေချင်တယ်။ သူတရားစွဲခံရတာ ဘုန်းကြီးတို့ အလုပ်မဟုတ်ဘူး" ဟု ဆရာတော်က မိန့်ကြားသည်။

ဦးထင်လင်းဦးကမူ ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် သံဃာထုအား စော်ကားလိုစိတ်ဖြင့် ပြောဆိုခြင်း မဟုတ်ခဲ့သော်လည်း ပြင်းထန်သော အသုံးအနှုန်း သုံးမိသည်ကို ဝန်ခံထားပြီး ဆရာတော်များအား ဝန်ချတောင်းပန်သည်ဟု ရေးသားထားသည်။

အဆိုပါဟောပြောမှုကြောင့် ချောင်းဦးမြို့နယ် သာသနာရေးဦးစီးဌာနမှ တရားစွဲဆိုထားပြီး ဒီဇင်ဘာ ၄ ရက်တွင် တရားရုံး တင်သွားမည် ဟုလည်း သိရသည်။

မန္တလေးမြို့အခြေစိုက် ပါတီ ၉ ပါတီကလည်း နိုဝင်ဘာ ၂၃ ရက်တွင် ဦးထင်လင်းဦးအား ရှုတ်ချကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားသည်။

တိုင်းရင်းသားဗိုလ်လောင်း ၂၃ သုံးဦးအတွက် ရန်ကုန်မြို့ ကချင်ခရစ်ယာန် ဘုရားကျောင်း၌ဆုတောင်းပွဲပြုလုပ်

စံမောင်သန်း

မြန်မာ့တပ်မတော် တပ်ဖွဲ့တစ်ခုမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KIA ဗိုလ်သင်တန်းကျောင်း၌ သင်တန်းတက်နေသူ တိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရပြီး သူတို့အား ရည်စူး၍ ဆုတောင်းပွဲ တစ်ခုကိုရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကချင်ခရစ်ယာန် ဘုရားကျောင်း၌ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီကပြုလုပ်ခဲ့သည်။

ယင်းဆုတောင်းပွဲအခမ်းအနားသို့ ကချင်တိုင်းရင်းသားများအပြင် ရခိုင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးနှစ်ပါးနှင့် ရခိုင်မျိုးချစ်များ၊ ချင်းလူမျိုးများ၊ ဗမာအမျိုးသားများနှင့် အခြားတိုင်းရင်းသားများလည်းတက်ရောက်ခဲ့ကြသည်။

“ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိစေဖို့နဲ့ ၁၉/၁၁ ရက်နေ့မှာ ကျဆုံးသွားတဲ့ တိုင်းရင်းသား ဗိုလ်လောင်းများကို သတိရအောက်မေ့ခြင်းအတွက် ဆုတောင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း” ယင်းဆုတောင်းပွဲ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ အခမ်းအနားကို ဦးဆောင်ကျင်းပသူ ကချင်လူငယ်တစ်ဦးကပြောသည်။

အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မီတီဝင်နှင့် အာရက္ခဖေါင်ဒေးရှင်း အဖွဲ့ဝင် တဦးဖြစ်သူ ရခိုင်အမျိုးသမီးတစ်ဦးကလည်း သူ့မ၏ ရင်တွင်းခံစားချက်များကို ယခုလို ပြောကြားခဲ့သည်။

“အခုလိုမျိုးအခြေအနေဆိုးတွေနဲ့ ကြုံတွေ့ပြီးတော့အမျိုးသားရေး စိတ်ဓါတ်နဲ့ မိမိတိုင်းပြည်နဲ့ လူမျိုးကို အသက်ပေးစွန့်လွှတ်ခဲ့ကြတဲ့ မျိုးချစ်ရဲဘော်တွေအတွက် ဒီနေရာကနေပြီးတော့ ပြောကြားချင်ပါတယ်။ ဘ၀ဘသ၀ ဆက်တိုင်းမှာ ဒီလိုစစ်ဘေးဒဏ် မကြုံပါရစေနဲ့လို့ ဒီနေရာကနေပြီးတော့ ဆုတောင်း ပေးလိုက်ရပါတယ်။ တိုင်းရင်းသားညီအကိုမောင်နှမတွေလည်းခေတ်အဆက်ဆက် ဘ၀ အဆက်ဆက်မှာ စစ်ဘေးဆိုးကနေကင်းလွတ်နိုင်ကြပါစေလို့ ကျွန်မဆုတောင်း မေတ္တာပို့သ လိုက်ပါတယ်” ဟုပြောကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်သူချင်းအမျိုးသား ဆလိုင်းဝီလျံကလည်း ညီအကိုဗမာတို့အနေဖြင့် တိုင်းရင်းသား ဒေသတွေမှာ လာနေကြည့်ပြီး တိုင်းရင်းသားတွေလို လာခံစားကြည့်စေချင်ပါတယ်ဟု ပြောသည်။

“ကျွန်တော်တို့ ဘယ်လောက်ထိ ငြိမ်းချမ်းရေးလိုလားတယ်ဆိုတာ ကျွန်တော်တို့ စစ်ဖြစ်နေတဲ့နေရာတွေက ပြည်သူလူထုတွေက ပိုပြီးနားလည်ပါတယ်။ သဘောပေါက်ပါတယ်။ အဲဒါ ကျွန်တော်တို့ ညီအကိုဗမာတွေ အနေနဲ့ လာကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ နေရာတွေမှာလာနေကြည့်ပါ။ ကျွန်တော်တို့လိုခံစားကြည့်ပါ။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေကိုသွားကြည့်ပါ။ ဒုက္ခသည်စခန်းတွေမှာဘယ်သူတွေရှိနေလဲ။ တောတောင်ထဲမှာ တောတိရစ္ဆာန်လို ပြေးလွှားနေတဲ့သူတွေ ဘယ်သူတွေလဲ၊ အဲဒါနားလည်ပေးပါ”ဟု ဆလိုင်းဝီလျံက ပြောသည်။

သူကဆက်လက်၍ “ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုချင်လို့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တွေမှာ ဆန္ဒပြခဲ့ကြပြီ၊ ရန်ကုန်လမ်းမတွေမှာ၊ မန္တလေးလမ်းမတွေမှာလည်း ဆန္ဒပြခဲ့ပြီးပြီ။ နောက်တခြားဒေသမှာလည်း ကျွန်တော်တို့ ဆန္ဒပြခဲ့ပြီးပြီ။ တောတောင်ထဲမှာသေနတ်ကိုင်ပြီးတော့ တိုက်ပွဲဝင်ခဲ့ပြီးပြီ။ ကျွန်တော်တို့ ဂျီနီဗာမှာ၊ နယူးယောက်မှာ၊ ကုလသမဂ္ဂမှာ၊ ကမ္ဘာ့ဒေသနေရာအသီးသီးမှာ ဆန္ဒတွေကိုဖေါ်ပြခဲ့ပြီးပြီ။ ကျွန်တော်တို့ ဆန္ဒအရ ပြောရရင် တိုက်ခိုက်မှုတွေ တော်ပါပြီ၊ ရပ်သင့်ပါပြီ”ဟု ပြောကြားခဲ့သည်။

အခမ်းအနားကို ညနေ ၅ နာရီတွင်စတင်ပြီး ၇ နာရီကျော်ခန့်တွင် ပြီးဆုံးခဲ့သည်။ ယင်းဆုတောင်းပွဲ အခမ်းအနားသို့ လူပေါင်းနှစ်ရာခန့်တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံမေးမြန်းခန်း (၂)

DVB

ကြည်ညိုဖွယ်ရာ မဖြစ်အောင် နေထိုင်သော ရဟန်း၊ သာမဏေ၊ သီလရှင်များကို ထိန်းသိမ်း အရေးယူမည်

အေးမြင့်စန်း

သမဏသာရုပ္ပ (ကြည်ညိုဖွယ်ရာ ကောင်းအောင် ပြောဆိုနေထိုင်သော) မဖြစ်သော အမှုများ ကျူးလွန်သည့် ရဟန်း၊ သာမဏေ၊ သီလရှင်များကို ထိန်းသိမ်း အရေးယူနိုင်ရေးအတွက် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းသွားမည်ဟုတိုင်းသာသနာရေးမှူး ဦးစိန်မော်က မဇ္ဈိမကို ပြောသည်။

အဆိုပါ အဖွဲ့များ ဖွဲ့စည်း၍ ထိန်းသိမ်းအရေးယူခြင်း ဆောင်ရွက်ရန်အတွက် နိုဝင်ဘာ၂၆ ရက်က ပြုလုပ်သည့် ဂိုဏ်းပေါင်းစုံ တိုင်း၊ မြို့နယ်သံဃာ့နာယက အဖွဲ့ ဆရာတော်များနှင့် သီလရှင် အမှုဆောင်များ ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များတွင် မြို့နယ်/တိုင်း သံဃနာယက အဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ သာသနာရေးမှ ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ပြီး နိုဝင်ဘာလကုန်တွင် အပြီးသတ် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။ အဆိုပါ အဖွဲ့က မြို့နယ်တိုင်းကို လှည့်လည် စစ်ဆေးမည်ဖြစ်သည်။

လက်ရှိအချိန်တွင် သာသာတော် ညှိုးနွမ်းစေသည့် ကိစ္စများ ဖြစ်ပေါ်နေသည်မှာ ကြာနေပြီဟုလည်း ရွှေညဝါဆရာတော် အရှင်ပညာသီဟက မဇ္ဈိမကို မိန့်သည်။

ဆရာတော်က "နိုင်ငံတော်အခင်းကျင်းမှာရော၊ ကမ္ဘာမှာပါ သံဃာတော်တွေ ဂုဏ်သိက္ခာကျ ဆင်းရတယ်။ အကုန်လုံး အသိတရားရှိအောင် အရေးယူသင့်တာတွေယူ၊ လုပ်သင့်တာတွေလုပ်ရမှာ သံဃာနာယကအဖွဲ့ကြီးရဲ့အလုပ်ဖြစ်တယ်" ဟု မိန့်သည်။

မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခကလည်း ယင်းကဲ့သို့ အရေးယူမှုများ ပြုလုပ်သည်ကို ကြိုဆိုသည်ဟု မိန့်သည်။

ဆရာတော်က "သံဃာ့ဝိနည်းနဲ့မကိုက်ညီတဲ့ အပြုအမူတွေလုပ်နေတဲ့ သံဃာတွေကြောင့် သာသနာ ညှိုးနွမ်းရတယ်။ အရေးယူတဲ့ အနေမှာလည်း တိုင်း၊ မြို့နယ် သာသနာရေး အဖွဲ့တွေ၊ သံဃာတွေဘက်ကလဲ ထုတ်ပြန်ထားတဲ့ ဥပဒေတွေအတိုင်း ကိုယ်တိုင်က လိုက်နာဖို့လိုပါတယ်။ ဘက်မလိုက်သော အရေးယူမှုတွေပဲ ဖြစ်သင့်ပါတယ်" ဟု ရွှေညဝါဆရာတော်က မိန့်ကြားသည်။

ယင်းကဲ့သို့ ညွှန်ကြားချက်များ ထုတ်ပြန်ရခြင်းမှာ အချို့သော မြို့နယ်များ၌ ရဟန်းသာမဏေအချို့သည် စားသောက်ဆိုင်များ၌ နေ့လွှဲညစာ စားသုံးခြင်း၊ အရက်သေစာ သောက်စားမှုကို ကျူးလွန်ခြင်း၊ ဘာသာခြားဆိုင်များကို ဝင်ရောက်ဖျက်ဆီးခြင်း၊ အုပ်စုဖွဲ့၍ အနိုင်ကျင့်ခြင်း စသည့် ကြည်ညိုဖွယ်ရာ မကောင်းသော အမှုများကို ကျူးလွန်နေသည်။ ယင်းအပြင် အချို့သော ရဟန်းသာမဏေများသည် မြတ်ဗုဒ္ဓ၏ ဝိနည်းသိက္ခာပုဒ်တော်များကို ကျူးလွန်ဖောက်ဖျက်လျက်ရှိခြင်း၊ ပါတီနိုင်ငံရေးများတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိခြင်း၊ အားပေးလှုံ့ဆော်ရေး များ ဟောပြောစည်းရုံးလျက်ရှိခြင်းကို ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့မှာ စိတ်နှလုံးမချမ်းမသာ ဖြစ်နေကြပါ၍ ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုလည်း အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းအပြင် ကျောင်းတိုက်စည်းမျဉ်း၊ စည်းကမ်းမလိုက်နာနိုင်မှု၊ ကျောင်းအဖြစ် အသိအမှတ်မပြုသော အဆောက်အအုံ၌ နေထိုင်မှု၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ခေါ်ယူဆုံးမမှုကို မလိုက်နာ ဆန့်ကျင်နေမှုတို့ကို အရေးယူရန် နည်းလမ်းများကို သံဃနာယက အဖွဲ့ကြီး၏ ညွှန်ကြားလွှာများချမှတ်ကာ စည်းကမ်းထိန်းသိမ်းမည် ဖြစ်သည်။

ထို့အပြင် ဝါဆို၊ ကထိန်သင်္ကန်းအတွက် ဆွမ်းပဒေသာပင်အတွက်၊ ကျောင်းပြင်ဆင်ဆောက်လုပ်ရန် စသည်ဖြင့် အကြောင်းအမျိုးမျိုးပြ၍ သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ အလှူခံနေကြကြောင်း၊ သာမဏေငယ်များသည် စားသောက်ဆိုင်အတွင်း စားသောက်နေသူများ အကြား ဝင်ရောက်၍ အလှူခံနေကြကြောင်း တွေ့မြင်ရသည်ဟုလည်း အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းကြောင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် အာဏာပိုင် အဖွဲ့အစည်းတို့ ပူးပေါင်းညှိနှိုင်းလျက် အရေးယူနိုင်ရန် စီမံချက်ရေး ဆွဲခြင်း ဖြစ်သည်။

လိုင်ဇာ ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းရေး နှောင့်နှေးမှာ စိုးရိမ်ဟု ABSDF ပြော

ကျော်ခ

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်မှာကို စိုးရိမ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကပြောဆိုလိုက်ပါတယ်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စမှာအတားအဆီးဖြစ်မှာကို ကျနော်တို့ စိုးရိမ်ခဲ့တယ်။ စိုးလည်း စိုးရိမ်နေ ဆဲပါ”လို့ ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီ က ဧရာဝတီကို ပြောပါတယ်။

ABSDF နဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့အကြား ဆွေးနွေးညှိနှိုင်းမှု တွေ ထပ် မံပြုလုပ်နိုင်ရေး မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ကိုယ်စားလှယ် တွေနဲ့ ABSDF ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က အကြိုဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် ဗိုလ်သင်တန်းကျောင်းကို နိုင်ဝင်ဘာ ၁၉ ရက်မှာ အစိုးရ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် ABSDF ဗိုလ်လောင်း ၂ ဦး အပါအဝင် ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ၁၁ ဦး၊ ရခိုင်တပ်မတော် (AA) က ၈ ဦး ၊ ချင်း အမျိုးသား တပ်ဦး (CNF) က ၂ ဦး သေဆုံးသွားခဲ့ရပြီး ဗိုလ်လောင်းနဲ့ သင်တန်းသား ၄၀ ကျော် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

လိုင်ဇာပစ်ခတ်မှုကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်တွေအကြား ကချင်ပြည်နယ် အတွင်းမှာ တိုက် ပွဲ တွေထပ်မံဖြစ်ပွားနေသလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း TNLA နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

“ဒီလိုဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် ဘက်နှစ်ဘက်စလုံးက တာဝန်ယူရပါလိမ့်မယ်၊ ဖြစ်သွားတဲ့အပေါ်မှာ တာဝန်ယူပြီးတော့ ဖြေရှင်း ပေးနိုင်တဲ့ ကိစ္စရပ်ကိုလည်း တာဝန်ယူပြီးတော့ တိတိကျကျ ဆောင်ရွက် နိုင်ရပါမယ်။ ဒါတွေကို နည်းလမ်းတကျနဲ့ ဆက်လက် ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ ရဲဘော် ဆန်နီ ကပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှောင်နှေးမနေစေရေး လိုင်ဇာပစ်ခတ်မှုမျိုး ထပ်မဖြစ်စေရန် အစိုးရ စစ်တပ်နဲ့ တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြားမှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နဲ့ UPWC ခေါင်းဆောင်တွေ အကြား ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှုတွေမရခဲ့တဲ့ နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လိုင်ဇာပစ်ခတ်မှုဟာ အစိုးရအပေါ် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ အစိုးရအကြား ရပ်တန့်နေ တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ NCCT အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ MPC အဖွဲ့ ကိုယ်စားလှယ် တွေ တွေ့ဆုံညှိနှိုင်းခဲ့ကြပေမယ့်လည်း တိကျတဲ့ အခြေအနေတရပ်ကို ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပါဘူး။

အစည်းအဝေး အပြီးမှာ NCCT ခေါင်းဆောင် နိုင်ဟံသာ က“လိုင်ဇာမှာဖြစ်သွားတဲ့ ကိစ္စအပေါ်မှာ တချို့ခံစားချက်တွေ မကောင်း ဘူး၊ အဲဒါတွေရှိနေတော့ ကျနော် တို့ကြားမှာ ရှင်းလင်းပြီးတော့မှပဲ အဖြေပေးနိုင်မယ်”လို့ သတင်းထောက် တွေကို ရှင်းပြပါတယ်။

MPC ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရအကြား ဆွေးနွေးပွဲတွေပြန်စနိုင်ရေးအတွက် NCCT၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ABSDF တို့နဲ့ တွေ့ဆုံခဲ့ပြီး လိုင်ဇာ ပစ်ခတ်မှု အလွန် ဆွေးနွေးမှုတွေလုပ်နိုင်ခဲ့တဲ့ အပေါ် အားရမှုရှိတယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အဓိက ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အရမ်းအရေးကြီးတယ်လို့ယူဆပါတယ်။ ဒါကြောင့် ယုံကြည်မှု ပိုရှိလာရင် ညှိနှိုင်းရတာက ပိုပြီးလွယ်ကူတတ်ပါတယ်။ ဒီဟာက ကျနော်တို့ အတွက် နံပါတ်တစ် ကတော့ ယုံကြည်မှု တည် ဆောက် တဲ့ ခရီးလို့ပြောလို့ရတယ်။ နောက်ပြင်ဆင်စရာရှိတဲ့ အစည်းအဝေးအတွက် အချက်အလက်တွေ ပြင်ဆင်လို့ ရခဲ့တယ်”လို့ MPC ရဲ့ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက သတင်းထောက်တွေကို ပြောပါတယ်။

MPC အဖွဲ့အနေနဲ့ ဒီခရီးစဉ်မှာ အစိုးရဘက်က ဆွေးနွေးလိုတဲ့ အချက်တွေကို တိုင်းရင်းသားအဖွဲ့တွေထံ ရှင်းပြခဲ့သလို တိုင်းရင်း သား တွေဘက်က အပြန်အလှန်ဆွေးနွေးလိုတဲ့ အချက်တွေကိုလည်း UPWC ကို ပြန်တင်ပြသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးပွဲပြန်စနိုင်ဖို့အတွက် UPWC နဲ့ NCCT တို့အကြား ခရစ္စမတ်ကာလ မတိုင်မီ တွေ့ဆုံကြဖို့ မူအားဖြင့် သဘောတူထားပြီး ABSDF နဲ့လည်း ဒီဇင်ဘာလအတွင်းမှာပဲ တွေ့ဆုံဖြစ်ဖို့ များတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံမေးမြန်းခန်း (၁)

DVB

တစိတ်တ၀မ်းတည်း စုပေါင်းဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း

အေးအေးကြူ (ကျေးလက်ဦးစီး)

နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝသယံဇာတ ပေါကြွယ်ဝရုံတင်မက မြို့ပြနှင့်ကျေးလက် ကွာဟချက်မရှိဘဲ အချိုးညီညီ တိုးတက်ရန် လိုအပ်ပါသည်။ မြို့ပြနှင့် ကျေးလက်သည် တခုနှင့်တခု အမှီသဟဲပြုနေပါသည်။ မြို့ပြနှင့်ကျေးလက် အချိုးညီညီ တိုးတက်ရန်အတွက် မြို့ပြနှင့်ကျေးလက် ဆင်းရဲချမ်းသာ ကွာဟချက် ကျဉ်းမြောင်းလျော့နည်းရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်နယ်/တိုင်း ဒေသကြီး ၁၄ ခု၊ ပြည်နယ်ခွဲ ၂ ခု၊ ခရိုင် ၆၀၊ မြို့နယ် ၃၃၀ နှင့် ကျေးရွာပေါင်း ၆၄၉၁၇ ရွာရှိပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများ ဖြစ်ပါသည်။ ကျေးလက်ဦးရေ၏ ၂၉ ဒသမ ၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြပါသည်။

2၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအရ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင်အထည် ဖော်ဆောင်လျက်ရှိပါတယ်။

ရည်ရွယ်ချက်မှာ “ကျေးလက်နေ ဆင်းရဲသား ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်” ဖြစ်ပါသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား နိုင်ငံတော် ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် လူထုဗဟိုပြု ဖွံ့ဖြိုးရေးစီမံကိန်း (Community Driven Development – CDD) ကို ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၈၀ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းရွေးချယ်မှု

စီမံကိန်းကျေးရွာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ အထောက်အကူပြု၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆင်းရဲသောကျေးရွာ၊ မွေးမြူရေး၊ စိုက်ပျိုးရေး အကောင်အထည်ဖော်နိုင်မှု၊ တရားဥပဒေစိုးမိုးခြင်း၊ ကျေးရွာသူ ကျေးရွာသားများ၏ စိတ်အားထက်သန်မှု၊ ပညာရေမြင့်မားရေး လိုလားမှု၊ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ဆောင်ရွက်နိုင်မှုရှိတဲ့ ကျေးရွာများကို ပွင့်လင်းမြင်သာစွာဖြင့်မှ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၁၁၅၀ ရွာ ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြစိမ်းရောင် ရန်ပုံငွေ

မြစိမ်းရောင် ရန်ပုံငွေအတွက် လိုအပ်သော ငွေကြေးပမာဏကို နိုင်ငံတော် အရအသုံးငွေစာရင်းမှ ခွင့်ပြုပေးပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ ခန့်မှန်းခြေဘတ်ဂျတ်ရေးဆွဲပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ရန်ပုံငွေစာရင်းတွင် ထည့်သွင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြတောင်းခံရပါသည်။ ခွင့်ပြုဘဏ္ဍာငွေ ရရှိပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ်ရှိ မြစိမ်းရောင်စီမံကိန်း စာရင်းရှင်သို့ ချက်လက်မှတ်ဖြင့် လွှဲပြောင်းပေးပြီး၊ နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှတဆင့် စီမံကိန်းအကောင်အထည်ဖော်မည့် ကျေးရွာများရှိ မြို့နယ်များ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြစိမ်းရောင်စီမံကိန်း ငွေစာရင်း စာရင်းရှင်မှတဆင့် စီမံကိန်းကျေးရွာများသို့ “မြစိမ်းရောင် ရန်ပုံငွေ” စာရင်းရှင်သို့ လွှဲပြောင်းပေးရပါသည်။ မြစိမ်းရောင် ရန်ပုံငွေစာရင်းကိုလည်း ကျေးရွာအမည်တွဲပြီး မိမိဒေသရှိ မြန်မာ့စီးပွားရေး ဘဏ်များမှ စာရင်းဖွင့် အပ်နှံဆောင်ရွက်ကြရပါသည်။

သက်ဆိုင်ရာကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီတို့မှ သတ်မှတ်စည်းကမ်းချက်နှင့် ညီညွတ်တဲ့ ချေးငွေအောင်သူကို ငွေချေးပေးပါသည်။ အတိုးနှုန်းက ငွေတရာကျပ်အတွက် တလကို ၅၀ ပြားနှုန်းမှ ၁ ကျပ် ၅၀ ပြားအတွင်းဖြစ်ပြီး၊ ရတဲ့အတိုးကိုလည်း အရင်းထဲမှာ ထားရှိမှာဖြစ်သဖြင့် အရင်းက ပိုမိုတိုးပွားလာစေမည် ဖြစ်ပါသည်။ ရန်ပုံငွေများအား ကြီးကြပ်ထိန်းသိမ်းရန်အတွက် ဒေသခံ ရွာသူ၊ ရွာသားများ ပွင့်လင်းမြင်သာစွာ ရွေးချယ်ထားသည့် ဒေသခံ ရွာသူ၊ ရွာသားများ ပါဝင်သည့် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရပါသည်။

အရင်းမပျောက် လှည့်ပတ်ရံပုံငွေ

ကျေးရွာ ၁ ရွာအတွက် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ဖြစ်ပြီး ကျေးရွာ ၁၁၅၀ ရွာအတွက် စီမံကိန်း ကုန်ကျစရိတ် စုစုပေါင်း ၃၂ ဒသမ ၅ ဘီလီယံကို နိုင်ငံတော်မှ မတည်ပေးပါသည်။ ယခုဆောင်ရွက်နေသည့် စီမံကိန်းမှာ ရှေ့ပြေးစီမံကိန်း (Pilot Project) ဖြစ်ပါသည်။ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေသည့် ကျေးရွာများမှာ ကချင်ပြည်နယ် ၄၂ ရွာ၊ ကယားပြည်နယ် ၁၁ ရွာ၊ ကရင်ပြည်နယ် ၃၆ ရွာ၊ ချင်း ၂၄ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး ၁၀၁ ရွာ၊ တနသာင်္ရီတိုင်းဒေသကြီး ၂၁ ရွာ၊ ပဲခူးတိုင်းဒေသကြီး ၁၁၆ ရွာ၊ မကွေးတိုင်းဒေသကြီး ၈၃ ရွာ၊ မန္တလေးတိုင်းဒေသကြီး ၈၃ ရွာ၊ မွန်ပြည်နယ် ၂၁ ရွာ၊ ရခိုင်ပြည်နယ် ၆၃ ရွာ၊ ရန်ကုန်တိုင်းဒေသကြီး ၄၂ ရွာ၊ ရှမ်းပြည်နယ် ၂၆၀ ရွာ၊ ဧရာဝတီတိုင်းဒေသကြီး ၂၀၉ ရွာ၊ နေပြည်တော် ၁၃ ရွာ၊ ပအို့ဝ်ဒေသ ၅ ရွာ၊ ပလောင်ဒေသ ၅ ရွာ၊ ဓနုဒေသ ၅ ရွာ၊ ကိုးကန့်ဒေသ ၅ ရွာ၊ နာဂဒေသ ၅ ရွာ စုစုပေါင်း ၁၁၅၀ ရွာ ဖြစ်ပါသည်။

အကျိုးကျေးဇူး

ကျေးလက်နေအချို့ ဆင်းရဲနွမ်းပါးသူများသည် မိသားစု စားဝတ်နေရေးအတွက် အရင်းအနှီးရရှိရန် ရေခြားမြေခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသဖြင့် နိုင်ငံအတွက် လူစွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခဲ့ရသည့်အပြင် တချို့ ကျေးရွာသူ၊ ကျေးရွာသားများမှာ လူကုန်ကူးမှု ခံခဲ့ရပါသည်။ နိုင်ငံတော်အစိုးရမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာပြီး လူကုန်ကူးမှုကို တားဆီးကာကွယ်နိုင်မည့် အကျိုးကျေးဇူးများအပြင် ကျေးရွာသူ၊ ကျေးရွာသားများ ပါဝင်သည့်ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီတို့မှ စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆွေးနွေး တိုင်ပင်ညှိနှိုင်းပြီး ငွေချေးပေးခဲ့သဖြင့် ဒေသ၏ လူမှုရေးအရင်းအမြစ် (Social Capital) ကို တိုးတက်စေပြီး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပါသည်။

ကျေးရွာသူ၊ ကျေးရွာသားများသည် ရင်းနှီးငွေလိုအပ်ပါက အတိုးနှုန်းကြီးမားစွာဖြင့် ပြင်ပတွင် ငွေချေးခဲ့ရသဖြင့် အကြွေးသံသရာထဲ လည်ပတ်နေသည့် အခြေအနေမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကြောင့် အကြွေးသံသရာမှ ကင်းဝေးစေပါသည်။

စီမံကိန်း တိုးချဲ့ဆောင်ရွက်နေသာ ကျေးရွာများ

မြစိမ်းရောင်းကျေးရွာ စီမံကိန်းကြောင့် စီမံကိန်းကျေးရွာများတွင် လူမှုစီးပွားဘ၀များ တိုးတက်လာသဖြင့် “ပန်းသတင်း လေးညှင်းဆောင် လူသတင်း လူချင်းဆောင်” ဆိုသကဲ့သို့ အခြားကျေးရွာသူ၊ ကျေးရွာသာများ၏ တင်ပြချက်အပေါ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် ချေးငွေဖြင့် ပဲခူးတိုင်းဒေသကြီးတွင် ကျေးရွာ ၆ ရွာ၊ ဧရာဝတီတိုင်းတွင် ၂၄ ရွာ၊ နေပြည်တော်ကောင်စီ နယ်မြေတွင် ၂၄ ရွာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ ရွာ၊ စုစုပေါင်း ၆၆ ရွာတွင် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ (Challenges)၊ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတွင် စုပေါင်းရင်ဆိုင် ဖြေရှင်းဆောင်ရွက်ကြပြီး မြစိမ်းရောင်ရန်ပုံငွေမှ ရရှိသည့်အတိုးရငွေဖြင့် မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်နိုင်မည် ဖြစ်ပါသဖြင့် မြစိမ်းရောင်ရန်ပုံငွေ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် တစိတ်တ၀မ်းတည်း ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ပတ်သက်၍ အကြံဉာဏ်များပေးလိုပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၀၆၇ ၄၀၉၄၀၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်ပေးပို့ အကြံပြုနိုင်သည့်အပြင် မြစိမ်းရောင်ချေးငွေဖြင့် လက်တွေ့အကောင်အထည် ဆောင်ရွက်နေမှုများကို လေ့လာလိုပါက Myanmar MSY facebook, http://msy.drdmyanmar.org တွင် ဖတ်ရှုလေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ရမ်းဗြဲအထက်တန်းကျောင်းကိုကျပ်သိန်းပေါင်း ၁၈၀၀ ကျော်အကုန်ကျခံပြီးအကြီးစားမွမ်းမံ

နိရဉ္စရာ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ အထက်တန်းကျောင်းကို ကျပ်သိန်းပေါင်း ၁၈၃၀ အကုန်အကျခံပြီး အကြီးစား မွန်းမံပြင်ဆင်မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

“ ပြင်ဆင်နေတာက တစ်လ လောက်ရှိပါပြီ။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရမ်းဗြဲမြို့ကို ရောက်လာတုန်းက ရမ်းဗြဲမြို့ အထက်တန်းကျောင်းအခြေအနေကို မြင်သွားတယ်။ မြို့မိ မြို့ဖတွေကလည်း တင်ပြကြတော့ ကျောင်းပြင်ဆင်ရေး အတွက် ကျပ်သိန်းပေါင်း ၁၈၃၀ ချပေးပါတယ်” ဟု မြို့ခံ တစ်ဦးဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးထွန်းကြည်က ပြောသည်။

ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ်တာဝန် စတာဝန်ယူပြီး ဇူလိုင်လ အတွင်းက ရမ်းဗြဲမြို့သို့ ရောက်ရှိလာစဉ် ၎င်းကျောင်းအား ပြုပြင်ရန် ခွင့်ပြုငွေ ချပေးခဲ့ခြင်း ဖြစ်သည်။

ယခုကျောင်းပြင်ဆင်ရေးအား Global Rambree ကုမ္မဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျောင်းဖွင့်ပွဲ ပြန်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရမ်းဗြဲမြို့ အထက်တန်းကျောင်းကို အကြီးစားပြင်ဆင်မွန်းမံမှု ပြုလုပ်နေသဖြင့် ကျောင်းသားများကိုလည်း အချိန် (၂) ပိုင်းခွဲကာ စာသင်ပြနေရသည်ဟု သိရသည်။

“ ပထမပိုင်း အချိန်က နံနက် ၈ နာရီကနေ ၁၂ နာရီ တစ်သုတ်ပါ။ နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီထိ တစ်သုတ် ဖြစ်ပါတယ်။ ခုလို အချိန်ခွဲပြီး စာသင်ရပေမယ့် အဆင်ပြေပါတယ်” ဟု ရမ်းဗြဲ အထက်တန်းကျောင်း၊ ၁၀ (စီ) မှ ကိုကျော်ညွှန့်က ပြောကြားသည်။

ယခုကဲ့သို့ ရမ်းဗြဲမြို့ အထက်တန်းကျောင်းကို ပြည်တော်သာကျောင်းဟု ခေါ်ပြီး ယခုလို အကြီးစား ပြုပြင် မွန်းမံ တည်ဆောက်မှုပြုလုပ်နေသဖြင့် အထူးဝမ်းသာကြောင် သူက ဆက်လက် ပြောဆိုသည်။

၆ ပွင့်ဆိုင်ကို သမ္မတဘက်က လက်ခံဖို့ လွှတ်တော်အမတ်တွေ တုန့်ပြန်

DVB

ဂျပန် နီဆန်းကားကုမ္ပဏီမှ နောက်ဆုံးပေါ် ကားသစ်နှစ်မျိုး ဈေးကွက်တွင် စတင်ဖြန့်ဖြူး

နိုင်နိုင်ဇော်

Nissan Motor (ETCM) ကုမ္ပဏီမှ နောက်ဆုံးထွက် Altima နှင့် X-Trail Model ကားသစ်နှစ်စီးကို မြန်မာ ပြည်ဈေး ကွက်သို့ စတင် ဖြန့်ဖြူးပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်ဒေါ်လာ ခြောက်သောင်း ဝန်းကျင်တန်ကြေးရှိ ယင်းကားမော်ဒယ်သစ် နှစ်စီးကို ဒီဇင်ဘာလ မတိုင်မီဝယ်ယူသူများအတွက် ကန်ဒေါ်လာ ၃၀၀ နှင့် ညီမျှသည့် ကားဆီဖြည့်တင်းပေးခြင်းနှင့် နှစ်နှစ်အခမဲ့ လုပ်အားဝန်ဆောင်မှုနှင့် အပိုပစ္စည်းဝန်ဆောင်မှု များ ပေးအပ်သွားမည်ဟု ယင်းကုမ္ပဏီထုတ်ပြန်ချက်၌ ဖော် ပြထားသည်။

ETCM ၏ Senior Regional Director Dr. Ang Bon Beng က “အခုမိတ်ဆက်တဲ့ ကားတွေကို ဝယ်ယူတဲ့ သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်အောင် ဖန်တီးပေးထားပါတယ်။ ပြည်တွင်းရဲ့ မော်တော်ကားလုပ်ငန်းကြီးထွားမှုနဲ့ လိုအပ်ချက်ကိုလည်း အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မှာပါ”ဟု ဆိုသည်။

ကားလိုအပ်ချက်ကြီးမားစွာမြင့်တက်နေသည့် မြန်မာပြည်ဈေးကွက်နှင့် ကိုက်ညီစေရန် Nissan Altima ကို ကန်ဒေါ်လာ ၆၀,၅၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး Nissan X-Trail ကို ကန်ဒေါ်လာ ၅၉,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ့ လူ့အခွင့်အရေး မတိုးတက်လျှင် ဥရောပသမဂ္ဂ ပိတ်ဆို့ဒဏ်ခတ်မှု ပြန်ထားရန် တိုက်တွန်း

လင်းသန့်

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ လာမည့် ၁၂ လအတွင်း တိုးတက်လာခြင်းမရှိပါက ဥရောပသမဂ္ဂ အနေဖြင့် ပိတ် ဆို့ဒဏ်ခတ်မှု ပြန်လည် ထားရှိရန် ဗြိတိန်အစိုးရက ဖိအားပေးမှုတခုအဖြစ် လုပ်ဆောင်သင့်ကြောင်း ဗြိတိန် ပါလီမန် နိုင်ငံခြား ရေး ကော်မတီက တိုက်တွန်းလိုက်သည်။

“လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်စိတ်ကျေနပ်စရာ မကောင်းဖြစ်နေဆဲမို့ ဗြိတိန်အစိုးရက မြန်မာအစိုးရ ကို ဖိအားပေးဖို့ ကျနော်တို့က တိုက်တွန်းတယ်၊ ဆိုလိုတာက မြန်မာအစိုးရအနေနဲ့ လာမယ့် ၁၂ လကျော်ကာလမှာ အခြေအနေ တိုးတက်မှု မရှိဘူးဆိုရင် ဥရောပသမဂ္ဂက အရင်က အရေးယူထားခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ပြန်လုပ်ဖို့ ဗြိတိန်က ပြင်းပြင်းထန်ထန် တိုက်တွန်းပေးဖို့ တောင်းဆိုခဲ့တာပါ”ဟု ဗြီတိန် ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ၏ ယခု သီတင်းပတ်ထုတ် အစီရင်ခံ စာတွင် ဖော်ပြထားသည်။

ဗြိတိန်ပါလီမန် နိုင်ငံခြားရေးရာကော်မတီသည် ထင်ရှားပြီး သြဇာကြီးသည့် ဗြိတိန်အမတ်များစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မြန်မာ့အရေး လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများက ဗြိတိန်အစိုးရသည် စီးပွားရေး ဆက်သွယ်မှု အားကောင်းရေး အပေါ်အလေးပေးလွန်းနေကြောင်းနှင့် မြန်မာ့လက်ရှိ လူ့အခွင့်အရေး အခြေအနေဆိုးများကို ထောက်ပြဝေဖန်ခဲ့ပြီးနောက် ဗြိတိန် ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီက အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီက ဗြိတိန်အစိုးရနှင့် ဥရောပ သမဂ္ဂတို့အနေဖြင့် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး ဖိအားပေးရန်လည်း ပါဝင်ပြီး ရိုဟင်ဂျာ မွတ်စလင်များ၏ အခြေအနေ တိုးတက်စေရေးလည်း တိုက်တွန်းပြောဆိုထားသည်။

ယခုကဲ့သို့ ဗြိတိန် ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာမှုသည် ဗြိတိန် ကုန်သွယ်ရေး ကော်မတီက လမ်းညွှန်ထားသည့်“မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းသစ်များ လုပ်ကိုင်ခြင်း”ဆိုသည့် စာတမ်းထွက်လာချိန်နှင့် တိုက်ဆိုင် နေ သည်။

“ဗြိတိန်အစိုးရက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ဗြိတိသျှကုန်သွယ်မှု အသင်းအတွက် ရန်ပုံငွေ ပေးတယ်။ ဒါဟာ သူတို့ရဲ့ အတွင်းသရုပ်မှန် ဦးစားပေးမှုတခုပဲ၊ သူတို့ဟာ ကုန်သွယ်ရေး အခွင့်အလမ်းတွေမြင့်လာဖို့ပဲ ပြောဆိုနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘေးချပစ်ကြတယ်”ဟု မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့(UK)က ဒါရိုက်တာ မာ့ခ်ဖာမင်နာက ဧရာဝတီကို ပြော သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေမှန်များကို ကိုယ်ပိုင် သုံးသပ်မှု မရှိဘဲ မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ သံတမန်ရေး စသည့် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုများကို အချိန်မတိုင်ခင် ဖယ်ရှားခဲ့ကြောင်း၊ ပိတ်ဆို့ဒဏ်ခတ်မှုများ ဖယ်ရှား ပေးပြီးကတည်းက မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် နောက်ပြန် ဆုတ်နေကြောင်း၊ အမှန်တကယ် မြန်မာ့ပြုပြင်ပြောင်းလဲရေးဆက်လက် အရှိန်မြှင့် လုပ်ကိုင်စေရန် ယခုကဲ့သို့ ပိတ်ဆို့ ဒဏ်ခတ်မှုကို ပြန်လည် အသက်သွင်းထား သင့်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့(UK)က ထောက်ပြသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(AI)က မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းမှုကို တာဝန်ပျက်ကွက်နေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ယခုအထိ ရှိနေသေးကြောင်း အလွတ် သတင်း ထောက် ကိုပါကြီးအသတ်ခံရမှုကို ဥပမာပေး ဖော်ပြထားပြီး တောင်သူ လယ်သမားများ၏ လယ်ယာမြေ သိမ်းဆည်းခံရမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေဆဲဖြစ်ကာ ယခုထိ ဖြေရှင်းမပေးခြင်းတို့ ရှိနေကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သေးသည်။

ထို့အပြင် လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေးဆန္ဒပြ သံဃာတော်များနှင့် ရွာသားများအား အစိုးရ ရဲတပ်ဖွဲ့က မီးလောင် ဗုံးသုံး၍ အကြမ်းဖက်ဖြိုခွဲခဲ့သည့် ကိစ္စ ယခုအထိ တာဝန်ယူမှုမရှိသေးကြောင်း၊ ထိုစဉ်က ဖြစ်ရပ်တွင် တာဝန်ရှိ ရဲ အရာရှိတဦး ဦးကိုလည်း အရေးယူအပြစ်ပေးခြင်း မရှိသေးကြောင်း၊ ထို့အပြင် အစိုးရကလည်း နှိမ်နင်းခံလိုက်ရသူများအပေါ် ကူညီထောက်ပံ့ မှုများပေးရန် ပျက်ကွက်ခဲ့ကြောင်းလည်း AI က ထောက်ပြပြီး ဗြိတိန် နိုင်ငံခြားရေးရုံးအနေဖြင့် လူ့အခွင့်အရေးကိစ္စအပေါ် ချဉ်း ကပ် နေမှုအား စိုးရိမ်ကြောင်း ဖော်ပြထားသည်။

ကိုပါကြီး သေဆုံးမှု အရပ်ဘက် တရားရုံးကို လွှဲပေးဖို့ တောင်းဆို

DVB

တောင်သမန်အင်း ဆောင်းခိုငှက်များ ဝင်ရောက်မှုကို နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစားကြည့်ရှု

မြတ်မင်း

တောင်သမန်အင်းအတွင်းသို့ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဆောင်းခိုငှက်များ စတင်ဝင်ရောက်လာ၍နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစား ကြည့်ရှုလာသည်ဟု မန္တလေးပတ်ဝန်းကျင် ငှက်စောင့် ကြည့်လေ့လာသူ ဦးဇေမောင်သိန်းက မဇ္ဈိမကို ပြောသည်။

“ပုလိပ်အင်းအတွင်းကို ငန်းရိုင်း၊ ဘဲရိုင်း ၁၀ မျိုးလောက်ဝင်တယ်။ ဘဲရိုင်းတွေများ ပါတယ်။ ပုလိပ်အင်းက သွားရေးလာရေးလွယ်ကူပြီးတော့ ငှက်ကြည့်ဖို့ အကောင်းဆုံးပါပဲ။ ဒီအချိန် အဲဒီဘက်ကို နိုင်ငံခြားသားတွေ စိတ်ဝင်တစားသွားကြတယ်” ဟု ၎င်းက ပြောသည်။

တောင်သမန်အင်းအတွင်းသို့ ဝင်ရောက်လာသည့် ဆောင်းခိုငှက်များတွင် ဒေါင်းလန်ခြေထောက်၊ ငဟစ်မွဲ၊ ဟင်္သာ၊ စင်ရော်၊ ဘဲရိုင်း(ဂျာမ) စသည့်ငှက်များ ရောက်ရှိနေပြီဖြစ်သည်။ စကျင်တောင် အင်း၊ တောင်အင်း၊ ရေမျက်ကြီးအင်း၊ ရေခါးအင်း၊ ပြူကန်၊ စကားအင်း၊ ချောင်းမနက်အင်း၊ စွန်ရဲအင်း၊ ပုလိပ်အင်း၊ တောင်သမန်အင်းစသည့် အင်းများသည် ဆောင်းခိုငှက်များ လာရောက်ရာ အင်းများ ဖြစ်သည်။ ၎င်း အင်းများမှ ပုလိပ်အင်းအတွင်းသို့ ဆောင်းခိုငှက်များ အဓိက ဝင်ရောက်ကြသည်ဟု သိရသည်။

“တောင်သမန်အင်းအတွင်းကို ငှက်မျိုးစုံ ရောက်လာပြီးဖြစ်ပေမယ့် အကောင်ရေကတော့ နည်းပါသေးတယ်။ ဒီဇင်ဘာ လလယ်လောက်မှာ အပြည့်အစုံရောက်မယ်လို့ ထင်ပါတယ်။ အရင် ဆောင်းခိုရာသီတွေ တုန်းကလည်း ဒီဇင်ဘာလ လယ်လောက်မှ အကောင်ရေ များများ တွေ့နိုင်မှာပါ” ဟု ၎င်းက ပြောသည်။

ကမ္ဘာပေါ်တွင် ဆောင်းခိုငှက်များ ပြောင်းရွှေ့သည့် လမ်းကြောင်းကိုးခုရှိရာမှ အာရှတိုက် အလယ်ပိုင်းလမ်းကြောင်းနှင့် သြစတြေးလျ-အာရှ လမ်းကြောင်း နှစ်ခုသည် မြန်မာနိုင်ငံကို ဖြတ်သည့် လမ်းကြောင်းများဟု သိရသည်။

မိုးကျရွှေကိုယ်များ

ကျော်စွာမိုး

လွန်ခဲ့တဲ့ ၁၂ နှစ်က အာဏာရှင် ဦးနေဝင်း ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမယ့် သူချန်ထားခဲ့တဲ့ အမွေဆိုးကတော့ မြန်မာနိုင်ငံမှာ ဆက်လက်ရှင်သန်နေတုန်းပါ။ ဆယ်စုနှစ်နှစ်ခုကြာ သူ့အုပ်ချုပ်မှုရဲ့ အဆိုးဝါးဆုံးတွေထဲက တခုကတော့ “မိုးကျရွှေကိုယ်” တွေကို ဖန်တီးပေးခဲ့တာပါပဲ။

အစိုးရ ဝန်ကြီးဌာနတွေနဲ့ အခြားအုပ်ချုပ်ရေးပိုင်း ရာထူးကြီးကြီးတွေကို စစ်တပ်ခေါင်းဆောင်တွေရဲ့ တိုက်ရိုက်ခန့်အပ်မှုနဲ့ နေရာအခန့်သား ဝင်ယူကြတဲ့ တပ်မတော် အရာရှိတွေကို မိုးကျရွှေကိုယ်လို့ မြန်မာတွေက ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးစနစ် ပျက်စီးခဲ့ရတာဟာ ဒီမိုးကျရွှေကိုယ် စနစ်ကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်လို့ ဒီစနစ်ထဲ မြန်မာပြည်ကို မသွတ်သွင်းခဲ့ရင် နိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ နာလန်မထူနိုင်ဖြစ်ပြီး အာရှရဲ့ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။

အုပ်ချုပ်ရေး ဗျူရိုကရေစီယန္တရားထဲမှာဝန်ကြီး ဌာနတွေရဲ့ အရာရှိငယ်တွေကနေ သမ္မတရာထူးအထိ ရာထူးပေါင်းစုံကို တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်း စား တပ်မတော်အရာရှိတွေကို ခန့်အပ်တဲ့ ကျင့်သုံးမှု ဟာ (စေတနာကောင်းနဲ့လို့ဆိုဆို) နိုင်ငံတကာအစိုးရ တွေရဲ့ အုပ်ချုပ်ရေးမှာမရှိသလောက်ကိုရှားပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီး အာဏာရလာတဲ့အခါ ဗိုလ်ချုပ်ကြီး နေဝင်းဟာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ် အချိန် က တည်းက အရပ်သားတွေ လွှမ်းမိုးထားတဲ့ အစိုးရ အုပ်ချုပ်ရေးယန္တရားကို မြေလှန်ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီမှာဗြိတိသျှ လက်အောက် ကနေ လွတ်လပ်ရေးရလာတဲ့အချိန်မှာ မြန်မာနိုင်ငံ ရဲ့ ပထမဆုံးအစိုးရအဖွဲ့ကို နိုင်ငံရဲ့ပထမဆုံးဝန်ကြီး ချုပ်ဖြစ်သူ ဦးနုက အရပ်သားအများစုနဲ့ ဖွဲ့စည်းခဲ့ ပါတယ်။ ဝန်ကြီး ၁၉ ယောက်ထဲမှာ ၃ ယောက်က သာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် အငြိမ်းစား တပ်မတော် အရာရှိဟောင်းတွေ ဖြစ်ပါ တယ်။ အစိုးရအဖွဲ့ရဲ့ ၈၅ ရာခိုင်နှုန်း နီးပါးဟာ အရပ်သားဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

၁၉၅၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးပါလီ မန်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ဦးနုရဲ့ပါတီကပဲ အနိုင်ရခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ် မှာတော့အစိုးရအဖွဲ့ကိုဝန်ကြီး ၂၂ ယောက်နဲ့ဖွဲ့စည်း ခဲ့ပြီးသူတို့ထဲက ၂ ယောက်ကသာ အငြိမ်းစား တပ်မတော် အရာရှိဟောင်းတွေ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ ဒီအရပ် ဘက် စစ်ဘက် အချိုးအစားဟာ မပြောင်းလဲဘဲရှိခဲ့ပြီး ဦးနုကနေ ဗိုလ်ချုပ်နေဝင်းရဲ့ ကြားဖြတ်အစိုးရကို အာဏာလွှဲပေးခဲ့တဲ့ ၁၉၅၈ ကနေ ၁၉၆၀ အထိ ၂ နှစ်တာကာလသာြွခင်းချက်အနေနဲ့ ရှိခဲ့ပါတယ်။

ဒီအရပ်ဘက်အုပ်ချုပ်ရေးစနစ်ကြောင့် အစိုးရ အဖွဲ့တွေမှာ မတူကွဲပြားပြီး အရည်အချင်းပြည့်ဝတဲ့ လုပ်ငန်း ကျွမ်းကျင်သူ ပရော်ဖက်ရှင်နယ်တွေက အစိုးရအုပ်ချုပ်ရေးမှာ နေရာယူနိုင်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ တာဝန်ယူခဲ့တဲ့အစိုးရတွေဟာ ပြည်နယ်တွေမှာသက်ဆိုင်ရာ တိုင်းရင်းသားဝန်ကြီး အများအပြားကိုလည်း ခန့်အပ်ခဲ့ပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းလိုက်ချိန်မှာတော့ ဒါတွေအားလုံးပြောင်း လဲသွားပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရရဲ့ ဥက္ကဋ္ဌအနေနဲ့ သူဟာ အဖွဲ့ဝင် ၈ ယောက်ပါတဲ့အစိုးရ အဖွဲ့ကိုဖွဲ့စည်းခဲ့ရာမှာတော့ ၇ ယောက်ဟာ တပ်မ တော်အဆင့်မြင့် အရာရှိကြီးတွေဖြစ်ပြီး နိုင်ငံခြားရေး နဲ့ အလုပ်သမားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံ ရတဲ့ ဦးသီဟန် တယောက်သာ အရပ်သားပါပါတယ်။

ဒီအချိန်ကနေစပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အစိုးရ အဖွဲ့ကို တပ်မတော်သားတွေကသာ စိုးမိုးခဲ့ပါတယ်။ တခါတရံမှာ သူ့အစိုးရအဖွဲ့မှာ အရပ်သားဝန်ကြီး တယောက်တောင် မပါတဲ့ အခါတွေ ရှိခဲ့ပါတယ်။

၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးတဲ့နောက်မှာတောင်မှ တာဝန်ထမ်းဆောင် ဆဲနဲ့ အငြိမ်းစားတပ်မတော်အရာရှိတွေဟာ အစိုးရ အဖွဲ့ရဲ့ အရေးပါတဲ့ နေရာအားလုံးကို ယူထားခဲ့ကြ တာပါ။

ဒါပေမယ့် ဒါဟာ အဲဒီကာလရဲ့ အစိုးရတွေ လုံးဝ ဆိုးဝါးတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် ပီသပြီး အရည်အချင်းပြည့်ဝတဲ့ အုပ်ချုပ် ရေးအရာရှိတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ အမြဲတမ်းလိုလို ကိုယ်တာဝန်ယူထားတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး အနည်းငယ်သာသိတဲ့ ဒါမှမဟုတ် ဘာမှမသိတဲ့ တာဝန်ထမ်း ဆောင်ဆဲနဲ့ အငြိမ်းစားတပ်မတော်အရာရှိတွေရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့ရပါတယ်။

ဒီလိုလုပ်ဆောင်မှုကြောင့် ယိမ်းယိုင်ပြိုပျက်လာတဲ့ စာရိတ္တပြဿနာကို စာဖတ်သူတို့ မျက်ဝါးထင်ထင် မြင်နေရပါပြီ။ အသိပညာရှင်၊ အတတ်ပညာရှင် တွေ မြန်မာနိုင်ငံကိုစွန့်ခွာပြီး နိုင်ငံခြားကိုဘာကြောင့် ထွက်သွားလဲဆိုတာ သိနေကြပြီဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ယိုရှီဟီရိုနာကနိရှိ ရေးတဲ့ “သန်မာသော စစ်သားများနဲ့ ကျရှုံးသော တော်လှန်ရေး” စာအုပ်မှာ ၁၉၇၀ ခုနှစ်များ အလယ်ပိုင်း ကာလတွေကနေ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းကာလ တွေအထိ မြန်မာအစိုးရဝန်ကြီး ၉၄ ရာခိုင်နှုန်းဟာ တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား တပ်မတော်အရာရှိတွေ ဖြစ်ပါတယ်။ ယိုရှီဟီရို နာကနိရှိက မြန်မာနဲ့ ထိုင်းနိုင်ငံကို နှိုင်းယှဉ်ဖော်ပြခဲ့ပြီး အဲဒီကာလအတွင်း ထိုင်းနိုင်ငံအ စိုးရအဖွဲ့အတွင်း စစ်အရာရှိတွေ ပါဝင်မှုဟာ အကြမ်းဖျင်း ၂၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

နာကနိရှိရဲ့ ခန့်မှန်းချက်အရ ၁၉၇၂ ကနေ ၁၉၇၈ အထိ ၆ နှစ်တာ ကာလအတွင်း စစ်တပ်ဟာ အစိုးရဝန်ကြီးဌာနတွေ အပါအဝင် ဦးနေဝင်းဖွဲ့စည်း တည်ထောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှာ တန်ခိုးအာဏာထွားခဲ့တဲ့ ဒေသန္တရ ပြည်သူ့ကောင်စီ တွေဆီကို တပ်မတော်အရာရှိ ၂၀ဝ၀ ကျော်ရွှေ့ပြောင်း ခန့်အပ်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အရပ်ဖက်ဝန်ထမ်းတွေရဲ့ လွှမ်းမိုးမှု ကျဆင်းခြင်းဟာ စစ်တပ်အရာရှိတွေနဲ့ လွှမ်းမိုးမှု မြင့်တက်လာခြင်းနဲ့ လုံးဝ ပတ်သက် ဆက်စပ်နေပါတယ်​” လို့  နာကနိရှိက ရေးသားထားပါတယ်။

ဦးနေဝင်းဟာ မြန်မာနိုင်ငံရဲ့ အရပ်ဘက်အုပ် ချုပ်ရေးကို စနစ်တကျ ဖျက်ဆီးခဲ့ပြီး တိုင်းပြည်တိုးတက်မှုကို ရာစုနှစ်တဝက်နီးပါး နှောင့်နှေးစေခဲ့တဲ့ စစ်အုပ်ချုပ်ရေးကိုအစားထိုးခဲ့ပါတယ်။ သူ့ရဲ့နောက် က စစ်အစိုးရတွေဟာလည်း ၂၀၁၁ခုနှစ်အထိ သူ့ခြေရာကို လိုက်နင်းခဲ့ပါတယ်။

ပိုဆိုးတာကတော့ လက်ရှိသမ္မတဦးသိန်းစိန်ဟာ အရပ်ဘက်အစိုးရ အမည်ခံနေပေမယ့် ဒီမူဝါဒကို ကောင်းကောင်းကြီး ဆက်လက်ကျင့်သုံးနေတာပါပဲ။ “ပြုပြင်ပြောင်းလဲရေးသမား”တွေ ဦးစီးတဲ့ အစိုးရအဖွဲ့ ထဲမှာ တာဝန်ထမ်းဆောင်ဆဲနဲ့အငြိမ်းစားတပ်မတော် အရာရှိတွေဟာ အဓိကဝန်ကြီးနေရာတွေနဲ့ ရာထူးကြီးကြီးနေရာတွေကို ယူထားဆဲပါပဲ။

၂၀၁၁ ခုနှစ် မတ်လမှာ ဦးသိန်းစိန်ဟာ သူ့ရဲ့ “အရပ်သားအစိုးရ” ကို စတင်ဖွဲ့စည်းခဲ့ချိန်မှာအစိုးရ ဝန်ကြီး ၃၆ နေရာမှာ ၂၉ နေရာကို တာဝန်ထမ်း ဆောင်ဆဲနဲ့ အငြိမ်းစား တပ်မတော်အရာရှိတွေကို ခန့်အပ်ခဲ့ပါတယ်။ ဒါဟာ အံ့ဩစရာတော့ မဟုတ် ပါဘူး။ ဒါပေမယ့် ဒါဟာ ဦးသိန်းစိန်အနေနဲ့ ဦးနေ ဝင်း စတင်ကျင့်သုံးခဲ့တဲ့ “မိုးကျရွှေကိုယ်”မူဝါဒကို ဆက်လက်ကျင့်သုံးနေကြောင်း ခိုင်မာတဲ့သက်သေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်းလည်းဒီသမ္မတ တဖြစ်လဲ ဗိုလ်ချုပ်ကြီးဟောင်းရဲ့ အစိုးရအဖွဲ့အတွင်း ဝန်ကြီးအပြောင်းအလဲတွေ အကြိမ်အနည်းငယ်ပြု လုပ်ခဲ့ပေမယ့် လက်ရှိအနည်းဆုံးတာဝန်ထမ်းဆောင် ဆဲနဲ့ အငြိမ်းစားတပ်မတော်အရာရှိ ၂၉ ယောက်ဟာ အဓိက ဝန်ကြီးဌာနတွေကို တာဝန်ယူထားဆဲပါ။

အချုပ်အားဖြင့် တပ်မတော်ရဲ့ ဆယ်စုနှစ်များ စွာကြာ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုဟာနိုင်ငံ ရဲ့ အုပ်ချုပ်ရေးယန္တရားကို ကောင်းကောင်းကြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဦးသိန်းစိန်က ဒီမူဝါဒဆိုးကို ကုစားပစ်ဖို့ ရည် ရွယ်ချက်ရှိပုံ မပေါ်ပါဘူး။ သူ့ရဲ့ စစ်တပ်အသိုင်း အဝိုင်းကို အခွင့်ထူးမပေးဘဲ လူမှန်နေရာမှန် ရာထူး ခန့်အပ်ဖို့ စိတ်ကူးရှိတဲ့ပုံ မပေါ်ပါဘူး။ တကယ်လို့ သူသာ ရည်ရွယ်ရင်းရှိခဲ့ရင် ပြီးခဲ့တဲ့သုံးနှစ်အတွင်း သူ့မှာ အချိန်အများကြီး ရှိခဲ့ပါတယ်။ သူလုပ်လို့ ရတာပေါ့။

ဒါပေမယ့် ဦးသိန်းစိန်ဟာ သူ့ရဲ့ဘော့စ်အငြိမ်း စား ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ စောင်မမှုနဲ့ ၂၀၁၁ ခုနှစ်မှာ သမ္မတဖြစ်လာတယ်ဆိုတာ ဘယ် သူမှ သံသယမရှိပါဘူး။ ၂၀၁၁ ခုနှစ်​ကစလို့မြန်​မာ နိုင်​ငံဟာ အနည်းငယ်​ ပွင့်​လင်းလာ​ပေမယ့် အစိုးရက​တော့ အရပ်​ဘက်​ ဝတ်​စုံပြောင်းလဲ ဝတ်​ဆင်ထားတဲ့ စစ်​တပ်​အရာရှိတွေ ဆက်လက်ကြီးစိုးနေဆဲပါပဲ။

ဒီပုံအတိုင်းဆို ရှေ့မှာလည်း အစိုးရရာထူးတွေ သာမက နိုင်ငံရဲ့ထိပ်ပိုင်းရာထူးတွေအတွက် မိုးကျ ရွှေကိုယ်တွေကို ခန့်အပ်မှုဟ ဆက်လက်ရှိနေနိုင် ပါတယ်။ ဒီမိုးကျ​ရွှေကိုယ်​ စနစ်​ရှိ​နေသမျှ ကာလပတ်​လုံး​တော့ မြန်​မာနိုင်​ငံဟာ နှစ်​​ပေါင်းများစွာ ရှာ​ဖွေ​နေတဲ့ ​ကောင်းမွန်​တဲ့ အုပ်​ချုပ်​​ရေးနဲ့ ဒီမိုကရေစီကို ရရှိဖို့ ဦး​ဆောင်​​ပေးမယ့်​ ခေါင်း​ဆောင်​​တွေကို တွေ့မြင်​ခွင့်​ရဦးမှာ မဟုတ်​ဘူး ဆိုတာက​တော့ အသေအချာပါပဲ။

(၂၀၁၄ နိုဝင်ဘာလထုတ် The Irrawaddy မဂ္ဂဇင်းပါ From Top Brass to a Bureaucratic Class ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဝန်ထမ်းလစာတိုးတာ ပြန်စဉ်းစားဖို့ တပ်မတော်လွှတ်တော် ကိုယ်စားလှယ်တွေ ပြော

DVB

ABSDF နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် သဘောတူထားသည့် အချက်များ ပြန်သုံးသပ်ရန် ဒီဇင်ဘာ ဒုတိယပတ်တွေ့မည်

ဖနိဒါ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ သဘောတူညီမှု ရရှိပြီးဖြစ်သည့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာအချက်များ ကို ပြန်လည်သုံးသပ်ရန် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း တွေ့ဆုံဆွေးနွေးမည်ဟု သဘောတူခဲ့ကြသည်ဟု နှစ်ဖက်ခေါင်းဆောင်များ က ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sheik Istana Hotel တွင် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)မှ
ကိုယ်စားလှယ်များနှင့် ABSDF ကိုယ်စားလှယ်များက အစိုးရနှင့် ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေး ဆွေးနွေးခဲ့ပြီး သဘောတူညီ ခဲ့ခြင်း ဖြစ်သည်ဟု ABSDF ၏ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီက ပြောသည်။

“ကျွန်တော်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ အဲ့တစ်နှစ်ကျော်တဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ကြားမှာရှိနေတဲ့
သဘောတူညီချက်တွေကို အကောင်အထည် ဆောင်ရွက်တဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ ဆောင်ရွက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒုတိယအကြိမ် ဆွေးနွေးမယ့်ကိစ္စကို လာညှိနှိုင်းတာဖြစ်ပါတယ်”ဟု ရဲဘော်ဆန်နီက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေး ထိုးပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ပြန်လည် သုံးသပ်ရန် ဒီဇင်ဘာလတွင် တွေ့ဆုံမည်ဖြစ်သည်။

ထို့ပြင် နိုဝင်ဘာ ၂၈ ရက် ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် UPWC တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ ယင်းအပြင် အစိုးရတပ်က ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဗိုလ်သင်တန်းကျောင်းမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှုနှင့် ပတ်သက်၍ အစိုးရက အရေးယူမှုများ၊ တာဝန်ခံမှုများ ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းခဲ့သည်ဟု ရဲဘော်ဆန်နီ ကလည်း ပြောသည်။ ကျဆုံးခဲ့သည့် ၂၃ ဦးတွင် ABSDF မှ ၂ ဦးပါဝင်ခဲ့သည်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ကိစ္စမှာ တစ်ဆို့မှာ စိုးရိမ်ခဲ့တယ်။ စိုးရိမ်ဆဲပါ။ ဒီလို ဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် အဖက်ဖက်မှာ ဘက်နှစ်ဖက်က ဆက်လက် တာဝန်ယူရပါလိမ့်မယ်။ ဒီဖြစ်သွားတဲ့ ဖြစ်စဉ်အပေါ်မှာ ဒီကိစ္စတာဝန်ယူ ဖြေရှင်းပေးနိုင်တဲ့ ကိစ္စရပ်ကိုလည်း တိတိကျကျ ဆောင်ရွက်နိုင်ရပါမယ်။ ဒါက ကျွန်တော်တို့ နည်းလမ်းအရ ဆက်သွယ်ဆောင်ရွက်နေတာပါတယ်” ဟု သူက ဆိုသည်။

ABSDF နှင့် ဒီဇင်ဘာလအတွင်း တွေ့ဆုံဆွေးနွေးနိုင်ရန် UPWC ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း၏ သဘောကို MPC က လာရောက်ရှင်းပြခြင်းဖြစ် သည်ဟုလည်း MPC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

“ဝန်ကြီး ဦးအောင်မင်းက ABSDFနဲ့ တွေ့ဖို့ မူအားဖြင့် သဘောတူထားပြီ။ ဒါပေမဲ့ တွေ့မယ့်ရက်ကို နှစ်ဖက် ညှိဖို့ပါပဲ။ အဓိကတော့ NCCT က အဓိက ဆွေးနွေးတာ ဖြစ်လို့ NCCT ဆွေးနွေးပွဲနဲ့ သိပ်မကွာခင် တွေ့နိုင်ဖို့ပါပဲ။ ဖြစ်နိုင်တာက ၁၄၊ ၁၅ ရက်ဝန်းကျင်လောက်မှာ တစ်ကြိမ်တွေ့နိုင်ဖို့ ရှိတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။

ABSDF သည် ၂၀၁၂ ခုနှစ်ကုန်ပိုင်းက မြန်မာပြည်တွင်းသို့ ပထမဦးဆုံးအကြိမ်အဖြစ် လေ့လာခွင့်ရခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်း ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့သည်။

အစိုးရနှင့် ကေအိုင်အေတိုက်ပွဲ ကြားသက်သေထား စုံစမ်းစစ်ဆေးရန် လိုအပ်ဟုဆို

ရွှေအောင်

အစိုးရစစ်တပ်နဲ့ကေအိုင်အေတပ်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ရည်ရွယ်ချက်ရှိရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေလားဆိုတာ ကြားသက်သေထားပြီး စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်က ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်က ဒီဗွီဘီနဲ့ သီးသန့်မေးမြန်းခန်းမှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပြီး ကုလကိုယ်စားလှယ်၊ တရုတ်ကိုယ်စားလှယ်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ ကြားသက်သေထား စုံစမ်းစစ်ဆေးဖို့ ပြောလိုက်တာပါ။

ဗိုလ်ချုပ်ဂွန်မော်က “တိုက်ပွဲတွေဟာ ဆုံတွေ့ပြီးမှ မမျှော်လင့်ဘဲဖြစ်တဲ့ တိုက်ပွဲတွေလည်း ရှိတယ်။ သို့သော်လည်းပဲ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တဲ့ တိုက်ပွဲတွေ ပါသလားဆိုတာ ဖြစ်နိုင် လို့ရှိရင် ကြားသက်သေတွေပါပြီးမှ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေ၊ အရပ်ဘက်အ ဖွဲ့အစည်းတွေ၊ နောက် အခု ဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ ကုလသမဂ္ဂနဲ့ တရုတ်ကိုယ်စားလှယ်တွေ ရှိပါတယ်။ လိုအပ်လာရင် ကျနော်တို့က ယူအန်ကိုယ်စားလှယ်နဲ့ တရုတ်ကိုယ်စားလှယ်တွေ ပါပြီးတော့ ပြည်တွင်းမှာရှိတဲ့ CSO (လူမှုအခြေပြုအဖွဲ့အစည်း) တွေ အကူအညီနဲ့ ဖြေရှင်းဖို့ သင့် မသင့် ကျနော်တို့ ဗဟိုကော်မတီမှာ ဆွေးနွေးနေပါတယ်” လို့ ပြောပါတယ်။

လိုင်ဇာ ဗိုလ်သင်တန်းကျောင်း ပတ်ခတ်မှုနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ သတိပေးပြီး ပစ်လိုက်တာဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့တော့ ဘယ်လို သတိပေးတာလဲ၊ ပြင်းပြင်းထန်ထန်သိပေးတာလားဆိုတာကို လူထုက အဆုံးအဖြတ်ပေးလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

လိုင်ဇာ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှု အဖြစ်မှန်ကို ကေအိုင်အိုအနေနဲ့ နှစ်ဘက်ညှိနှိုင်းပြီးအဖြေရှာဖို့ တောင်းဆိုထားပါတယ်။

လိုင်ဇာပတ်ခတ်မှုနဲ့ ပတ်သက်ပြီး နောင်တချိန်ချိန်မှာ အစိုးရကလည်း သူရထားတဲ့ သတင်းအချက်အလက်ကို အခြေခံပြီးပြော၊ ကေအိုင်အိုဘက်ကလည်း သူတို့ရထားတဲ့ အချက်အလက်ကို အခြေခံပြီးပြောကြတဲ့အတွက် ပြည်သူအနေနဲ့ အဖြစ်မှန်သိခွင့် မရမှာ ကေအိုင်အိုအနေနဲ့ စိုးရိမ်နေတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ကေအိုင်အေရဲ့ ဗိုလ်သင်တန်းကျောင်းကို အစိုးရစစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့ ဖြေရှင်းပုံက တဖက်သတ် ဆန်နေတယ်လို့ ကေအိုင်အေ ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီအဖြစ်အပျက်မှာ ကေအိုင်အေရဲ့ မဟာမိတ် ဗိုလ်လောင်း ၂၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အစိုးရကတော့ သတိပေးပစ်ခတ်တာသာ ဖြစ်တယ်လို့ ပြောသလို ၂ ဖက်အပြန်အလှန် စွပ်စွဲမှုတွေကလည်း ရှိနေပါတယ်။ ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ ၂ ဖက်တပ်တွေ အခြေအနေတွေ ဆက်ပြီး တင်းမာနေပါတယ်။

ကေအိုင်အေဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးနောက် အစိုးရက ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားအပေးခဲ့တဲ့အတွက် ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

ယနေ့ မြန်မာ့ရေးရာသတင်းများ November, 30th,2014

( 40 )ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံး မြစ်ကြီးနားမှာ ဖွင့်လှစ်

( 39 )Conflict Negotiation Committee ineffective, says KIO spokesman

( 38 )ဘန်ကီးမွန်းရဲ့ ရိုဟင်ဂျာ အမည် သုံးနှုန်းမှုအပေါ် ရန်ကုန်မှာ ထောင်နဲ့ ချီ ကန့်ကွက်ဆန္ဒပြ

( 37 )Conform to parliamentary norms, Myanmar’s Speaker tells Military MPs

( 36 )ဘိန်းခင်းဧက ကိုးထောင်ကျော် ဖျက်ဆီးနိုင်ခဲ့လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ပြောကြား

( 35 )Burma’s digital present and future

( 34 )အိမ်တွေဖယ်ရှားဖို့ အင်းတကော်စစ်တပ် အမိန့်ထုတ်

( 33 )Australia to help secure Myanmar's borders

( 32 )မန္တလေးတက္ကသိုလ်တွေ အတွင်း ဆွေးနွေးပွဲ ကျင်းပခွင့် ကျောင်းသားတွေ ရရှိ

( 31 )‘Myanmar Needs to Talk About How to Deal With Its Past’

( 30 )ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် ကွယ်လွန်

( 29 )Myanmar losing billions to jade black market

( 28 )စစ်တွေမှာ တရားမ၀င် ဒိုင်ယာဇီပင်ထိုးဆေး သုံးသောင်းခွဲ သိမ်းဆည်းရမိ

( 27 )Sexual violence continues for Myanmar women

( 26 )ကချင်တောင်သူတွေ မြစ်ကြီးနား မှာ ဆန္ဒပြ

( 25 )The urgency of reforming madrasa education in Myanmar

( 24 )ကာကွယ်ရေး ဦးစီးချုပ် နဲ့ ကေအဲန်ယူခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံမည်

( 23 )Walking the Walk

( 22 )KIO ဌာနချုပ်အနီးက အစိုးရတပ်တွေ ရုပ်သိမ်းပေးဖို့ အဖွဲ့ တစ်ရာကျော် တောင်းဆို

( 21 )Questions Surround 4th Telecom License, After Military Firm Name Emerges

( 20 )စစ်ဘေးဒုက္ခသည်တွေ ကူညီရေး ရန်ပုံငွေဖြေဖျော်ပွဲ မြစ်ကြီးနားမှာ စတင်ကျင်းပ

( 19 )Lawmakers Slam Hesitation on Six Party Talks

( 18 )ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို ကန့်ကွက်ဆန္ဒပြ

( 17 )88 Gen leader Hla Myo Naung, passes away, aged 47

( 16 )စုပေါင်းတရားရုံး ဟိုတယ်အဖြစ်လုပ်ပိုင်ခွင့်ပြုမှု ရှေ့နေများကွန်ရက် တရားစွဲ

( 15 )Suu Kyi reiterates call for dialogue after sexpartite talks flounder

( 14 )ဆူဇူကီးဖလား မြန်မာနှင့်ထိုင်း ဒီနေ့ ယှဉ်ပြိုင်ကစားမည်

( 13 )Information Access on Agenda as Media Prepare for Military Meeting

( 12 )မန်းတိုင်းတွင် ဆင်ခြေထောက် ကူးစက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးမည်

( 11 )ICRC Sets Record $30m Budget For Burma

( 10 )လာမည့်နှစ် သြဂုတ်လမှ စတင်၍ ထောက်ခံချက် မပါရှိလျှင် ဥရောပနိုင်ငံများ ဈေးကွက်သို့ ပဲတီစိမ်း တင်ပို့ခွင့်ရမည်မဟုတ်

( 9 )Thailand not taking it easy against Myanmar in final AFF Cup group match

( 8 )ငွေကြေးဖောင်းပွမှု နှစ်ဆခန့် မြင့်တက်နေခြင်းကြောင့် သတိပြု ထိန်းချုပ် ကိုင်တွယ်ရမည့် အခြေအနေဖြစ်နေ

( 7 )300 new jobs hope at Burma Drive business park in Hedon Road, east Hull

( 6 )၃၇ လအတွင်း မော်တော်ကား အစီးရေ ၃၈၀,၀၀၀ ကျော် တင်သွင်းခွင့်ပြု

( 5 )ADB to Loan $80M for Upgrade of Irrawaddy Delta Road

( 4 )ရန်ကုန်မြို့ ကမ္ဘာအေး ကျောက်မျက်ဈေးကို ဆိုင်ခန်း ၁၀၀ ကျော်အထိ တိုးချဲ့သွားမည်

( 3 )Money, Jewelry Pilfered From Famed Inle Lake Pagoda

( 2 )အခြေခံ လုပ်သားများအတွက် အလုပ်ရှာဖွေရေး ဝက်ဆိုက် အလုပ်မဖြစ်သေး

( 1 )NGO seeking partners