Wednesday, September 30, 2009

ဝန်ကြီး ဦးသောင်း အမေရိကန် အရာရှိနှင့် ဆွေးနွေး

ကိုထွေး Wednesday, 30 September 2009

သိပ္ပံနှင့် နည်းပညာ ၀န်ကြီး ဦးသောင်းနှင့် အမေရိကန် ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့ကမ့်ဘဲလ်တို့ နယူးယောက်မြို့တွင် ယမန်နေ့က တွေ့ဆုံ ဆွေးနွေး ကြကြောင်း သိရသည်။


ယခုတွေ့ဆုံမှုသည် ၁၉၈၈ ခုနှစ်တွင် အမေရိကန်က မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး လျှော့ချခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံကြား အဆင့်မြင့် အရာရှိများ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခြင်း ဖြစ်သည်။

ဆွေးနွေးသည့် အကြောင်းအရာနှင့် ပတ်သက်၍ နှစ်ဘက်စလုံးက ယခုအချိန်အထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

မြန်မာပြည်အပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒသစ်ကို ထုတ်ပြန် ကြေညာပြီး နောက်တနေ့တွင် ယင်းသို့ တွေ့ဆုံကြခြင်း ဖြစ်သည်။

အမေရိကန် အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို တနလာင်္နေ့တွင် ကြေညာခဲ့သည်။ မူဝါဒသစ်အရ မြန်မာ့ဒီမိုကရေစီအရေး တစုံတရာ ပြောင်းလဲတိုးတက်မှု မရှိသရွေ့ အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည် ဖြစ်ပြီး မြန်မာအစိုးရနှင့်လည်း တိုက်ရိုက် ဆက်ဆံသွားမည် ဟု ဆိုသည်။

တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံ တောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စုသည် ၁၉၉၇ ခုနှစ်မှ စတင်၍ စစ်အစိုးရကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ စတင် ပြုလုပ်ခဲ့သည်။ သို့သော်လည်း မြန်မာပြည် အပြောင်းအလဲကို ဆောင်ကြဉ်း မပေးနိုင်သည့် ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒကို အိုဘားမား အစိုးရက ပြန်လည် သုံးသပ်ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မူဝါဒသစ်ကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် ရုရှားနိုင်ငံတို့က စောင့်ကြည့်လျက် ရှိသည်။

အမေရိကန် နိုင်ငံခြားရေးဌာန ခေါင်းဆောင်တဦးနှင့် တွေ့ဆုံခဲ့သော ဦးသောင်းသည် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့ပြင် မြန်မာပြည်ဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ သြဇာလွှမ်းရန် ကြိုးစားနေသော အမေရိကန် အရာရှိများနှင့်လည်း ရင်းနှီးသူ ဖြစ်ကြောင်း သိရသည်။

ဦးသောင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁) တွင် တက်ရောက်ခဲ့ပြီး နိုင်ငံရေး အရ သဘောထား တင်းမာသူအဖြစ် လူသိများသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တပတ်လျှင် တကြိမ်ခန့် တွေ့ဆုံ ဆွေးနွေးလေ့ ရှိသကဲ့သို့ မြန်မာပြည်တွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် အကြံပေးခဲ့သူလည်း ဖြစ်သည်ဟု သိရသည်။

ဦးသောင်းသည် နယူးယောက်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ သွားရောက်ခဲ့သည့် မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သူတဦး ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူမှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဖြစ်သည်။

ယခင်က ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေး ၀န်ကြီး အဆင့် ရှိသူကသာ ဦးဆောင်လေ့ ရှိသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ နေပြည်တော်သို့ မကြာသေးမီက သွားရောက်ခဲ့သော အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်က ကုလသမဂ္ဂ ညီလာခံတွင် မြန်မာပြည်အပေါ် အရေးယူ ပိတ်ဆို့မှုများမှာ တရားမျှတမှု မရှိကြောင်း၊ မြန်မာစစ်အစိုးရက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အာဆီယံ ဖိအားဆက်ပေးသင့်ဟု ဦးဝင်းတင်ပြော

မင်းနိုင်သူ / ၃၀ စက်တင်ဘာ ၂၀၀၉

အာဆီယံ အသင်းကြီး အနေဖြင့် အနောက် နိုင်ငံများ၏ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒကို သေချာ လေ့လာ သင့်ပြီး ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် မြန်မာ စစ်အစိုးရကို ဆက်လက် ဖိအား ပေးသင့်ကြောင်း အန်အယ်လ်ဒီပါတီ ဗဟို အလုပ် အမှုဆောင် အတွင်း ရေးမှူး ဦးဝင်း တင်က ပြောသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်း နိုင်ငံခြားရေး ၀န်ကြီး မစ္စတာကဆစ်ပီရွန်းက ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် မြန်မာ စစ်အစိုးရထံ မေတ္တာရပ်ခံစာ ပေးပို့မည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်း နယူးယောက်မြို့တွင် ထုတ်ဖော်ပြော ဆိုမှု အပေါ် ဦးဝင်းတင်က တုံ့ပြန်ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

“အဓိကက အမေရိကန်ပေါ့ဗျာ။ အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲအပေါ် မူတည်ပြီး လုပ်နေကြဟန်တူပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့မူဝါဒက တဘက်က sanction ကို ကိုင်ထားမယ်။ တဘက်က engagement လည်း လုပ်မယ်ဆိုတဲ့ သဘောပဲဗျ။ လုံးလုံးကြီး engagement လုပ်သွားမယ့် သဘောမဟုတ်ဘူးဗျ။ ဒါကို သတိပြုသင့်တယ်ဗျ။ အာဆီယံအနေနဲ့ ဘာတွေဘယ်လို ဆွေးနွေးပြီး ဒီလိုဆုံးဖြတ်ချက်ချတယ်ဆိုတာကို ကျနော်တို့ အသေးစိတ်မသိရပေမယ့် ဒီလို နောက်ပြန်ဆုတ်တဲ့သဘောမျိုးက မဖြစ်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးဟာ ဆက်လက်တောင်းဆိုနေရမယ့်ကိစ္စ” ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မေတ္တာရပ်ခံစာပေးပို့မည့် အစီအစဉ်ဖျက်သိမ်းရခြင်းသည် ကုလသမဂ္ဂ၊ အမေရိကန်နှင့် အီးယူနိုင်ငံတို့က ၎င်းတို့၏မူဝါဒများကို ပြန်လည်သုံးသပ်နေကြပြီး မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံမည့် အလားအလားများ ရှိနေသည့်အတွက်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ (၂၈) ရက်တွင် နယူးယောက်မြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ပိုပြီးပြင်းထန်သည့် ရပ်တည်ချက်များ ချမှတ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အာဆီယံ နိုင်ငံများကို တိုက်တွန်းခဲ့ခြင်းမရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရွန်းက ပြောဆိုခဲ့ကြောင်းလည်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုနေချိန်မှစ၍ တကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀ိုင်းဝန်းတောင်းဆိုနေချိန်တွင် အာဆီယံအသင်းကြီးက ပိုမိုဖိအားပေးသင့်သည်ဟု ဦးဝင်းတင်က ပြောသည်။

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာ့နိုင်ငံရေးအတွက် ဖိအားပေးပြောဆိုတာမျိုး နည်းနေရင်တောင် ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အသင်းကြီးအနေနဲ့က ပိုပြီးဖိအားပေးပြောဆိုသင့်တယ်။ လုပ်ဆောင်သင့်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်လလောက်က ထိုင်းနိုင်ငံအနေနဲ့ ဒေါ်စုလွတ်မြောက်ရေးအတွက် ဖိအားပေးပြောဆိုတာတွေရှိခဲ့လို့ သူတို့ရပ်တည်ချက်တွေဟာ မှန်ကန်လာတယ်လို့ ကျနော်တို့ယူဆခဲ့တာ။ အခုလိုကိစ္စမျိုးကို ထိုင်းနိုင်ငံကပဲ စပြောတယ်ဆိုတော့ ကျနော်တို့ အံ့သြတယ်” ဟုလည်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် မြန်မာ့နိုင်ငံရေးအတွက်သာမက ဒေသတွင်းနိုင်ငံရေးအတွက်ပါ အခရာ ကျနေပြီး အန်အယ်လ်ဒီပါတီအနေဖြင့်လည်း တရုတ်၊ အာဆီယံတို့နှင့် အနီးကပ်ဆက်ဆံမှုများပြုလုပ်ရန် အမြဲတမ်းတံခါးဖွင့်ထားသည်ဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “ကျနော်တို့ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒမှာ တရုတ်နဲ့အာဆီယံတို့ကိုလည်း အလေးထားပါတယ်။ သို့သော်လည်း အာဆီယံအနေနဲ့က အစိုးရချင်းဆက်ဆံရေးကိုပဲ အလေးထားနေတာ တွေ့ရတယ်။ ကျနော်တို့အနေနဲ့ကတော့ အားလုံးနဲ့ အနီးကပ်ဆက်ဆံဖို့ ဆန္ဒရှိတယ်။ ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒကို အာဆီယံနိုင်ငံတွေက သတင်းမီဒီယာတွေက သတင်းရယူလိုတာမျိုးတွေရှိရင်လည်း ထုတ်ဖော်ပြောဆိုဖို့ အသင့်ပါပဲ” ဟု ပြောဆိုသည်။


မြို့တော်ခန်းမကြီးတ၀ိုက်နှင့် ရန်ကုန်မြို့အနှံ့ရေကြီးရေလျှံဖြစ်

မျိုးချစ်သူ / ၃၀ စက်တင်ဘာ ၂၀၀၉


ယမန်နေ့ညနေက သည်းထန်စွာရွာသွန်းခဲ့သောမိုးကြောင့် ရန်ကုန်မြို့အနှံ့ ရေကြီးရေလျှံဖြစ်ကာ ပြည်သူအများ သွားရေးလာရေး အဆင်မပြေဖြစ်ကြရကြောင်း မြို့ခံများက ပြောသည်။

မိုးရွာသွန်းပြီး ရေကြီးခဲ့သဖြင့် မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်းနှင့် အခြားမြို့နယ်တို့တွင် လိုင်းကားများ ရပ်သွားခဲ့သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

“ကားတွေ ရေထဲနစ်သွားတယ်၊ စက်တွေရပ်သွားတဲ့အတွက် ကားစီးရေလျော့သွားတယ်။ ဒါကြောင့် ခရီးသည်တွေ စုပုံသွားတာ။ မနေ့က ညနေမှာ တက္ကစီငှားပြန်ရတဲ့သူတွေချည်း တွေ့ရတယ်ဗျ၊ လိုင်းကားတွေက ရပ်သွားတာကိုး” ဟု ၎င်းက ပြောသည်။

ယမန်နေ့ကရွာသည့် မိုးရေချိန်သည် (၇) လက္မကျော်ရှိကြောင်း မိုးလေ၀သစခန်းမှသိရသည်ဟု စည်ပင်အရာရှိတဦးက ပြောသည်။

မကြာသေးမီက ထုတ်ဝေသည့် The Voice ပြည်တွင်းသတင်းဂျာနယ်တွင် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ရန်ကုန်မြို့ ရေကြီးရေလျှံဖြစ်ခြင်းကို ရေစုပ်စက် (၁၄) လုံးဖြင့် ကာကွယ်မည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် မြို့နယ်တိုင်းလို ရေလျှံခဲ့ကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ရေကြီးရေလျှံခြင်း မဖြစ်စေရန်အတွက် ယခုနှစ်တွင် ရေမြောင်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့တောင်စည်ပင်က ယခင်နှစ်ထက် ပိုမိုဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်တွင်းထုတ်သတင်းဂျာနယ်များက ရေးသားကြသည်။

အငြိမ်းစားစည်ပင်အရာရှိတဦးကမူ ရန်ကုန်မြို့ကို စနစ်တကျပြုပြင်ရန်အတွက် ငွေအင်အား၊ လုပ်သားအင်အားနှင့် စေတနာအင်အားများလိုအပ်ကြောင်း၊ စည်ပင်အရာရှိများသည် မြို့တော်ဝန်ချပေးသည့် project တခုရပါက ကိုယ့်အတွက် မည်မျှကျန်မည်ဆိုသည်ကို တွက်၍ လုပ်နေကြသည်ဟု ပြောဆိုသည်။

၎င်းက “ရန်ကုန်က လူတွေက စည်ပင်အကြောင်းကို သိပြီးသားဖြစ်နေကြပြီ။ သူတို့လုပ်တာကိုသာ မြင်တာ၊ လူတွေအတွက် အကျိုးခံစားရတာ နည်းတယ်” ဟု ပြောသည်။

ယမန်နေ့က ရွာခဲ့သောမိုးကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် ရန်ကုန် စည်ပင်သာယာရေး ကော်မတီရှိရာ မြို့တော်ခန်းမကြီးဘေး ပတ်ဝန်းကျင်တွင်လည်း ရေကြီးရေလျှံခဲ့သည်။

မြန်မာဝန်ကြီးချုပ်က ကုလမိန့်ခွန်းကို ပြောနေကျ အတိုင်းပြော

မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 30 ရက် 2009

မဇ္ဈိမသတင်းဌာန ။ ။ ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင် ယခင် ပြောနေကျ အတိုင်းပင် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်က စစ် အစိုးရ၏ ကြာရှည်စွာ စွဲကိုင်ထားသော နိုင်ငံရေး အမြင်နှင့် စစ်အစိုးရ ၏ စံကျသော အတွေးအခေါ်ကို ပဲ့တင်ထပ်ကာ ဓာတ်ပြားဟောင်း ကြီး အတိုင်း တိုတို တုတ်တုတ်ပင် ပြောကြား သွားသည်။

`ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်ဆောင်ရွက်နေပါတယ်။ ကျနော်တို့ အာရုံစိုက်လုပ်နေတာက တဦး တယောက်၊ တသင်းတဖွဲ့၊ ပါတီတရပ် စတဲ့ ကျဉ်းမြောင်းတဲ့ အကျိုးစီးပွားအတွက် လုပ်နေတာမဟုတ်ဘဲ တနိုင်ငံလုံးက ပြည်သူတွေရဲ့ ကျယ်ပြန့်တဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်´ ဟု သူတို့တလျှောက်လုံး စွဲကိုင်ခဲ့သည့် စစ်တပ်၏ အကျိုးစီးပွားသည် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် တထပ်ထဲပင် ဖြစ်သည်။ နိုင်ငံတော် မပြိုကွဲရေးအတွက် အစဉ်အမြဲ စောင့်ကြပ်ကြည့်ရှုနေရမည်ဟူသော အယူအဆအတိုင်း ပြောဆိုသွားခဲ့သည်။

၂၀၀၈ ခုနှစ် မေလတွင် ကျင်းပခဲ့သော ဖွဲ့စည်းပုံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၏ ခိုင်မာတရားဝင်မှုကို သူက ထပ်လောင်းအတည်ပြု ပြောဆိုခဲ့ပြီး မဲဆန္ဒရှင် ၉၂.၄၈ ရာခိုင်နှုန်းက အတည်ပြုထောက်ခံခဲ့သည်ဟု ပြောသည်။ ဤမြန်မာကိုယ်စားလှယ်က သူတို့၏ `ဒီမိုကရေစီလမ်းပြ မြေပုံ´ အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို သံသယဖြစ်ဖွယ်မလိုအောင်ပင် ပြောဆိုသွားခဲ့သည်။ သို့သော် ယင်းလမ်းပြမြေပုံကို မြန်မာ့ဒီမိုကရေစီအတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်နေခဲ့ကြသည်။

`ဒီမိုကရေစီကို ပြင်ပမှ သွတ်သွင်းပြဋ္ဌာန်းခြင်း မပြုနိုင်ဘဲ မြန်မာနိုင်ငံနှင့် သင့်လျော်သော ဒီမိုကရေစီစနစ်သည် မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှသာ ပေါ်ထွက်လာနိုင်သည်´ ဟုလည်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။

မြန်မာဝန်ကြီးချုပ်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းသည် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသော နိုင်ငံခြားရေး မူဝါဒ၏ တရားမျှတမှုမရှိခြင်းနှင့် အကြမ်းဖက်မှုပင် ဖြစ်သည်ဟု အပြင်းအထန် ထိုးနှက်တိုက်ခိုက်ခဲ့သည်။

`ပိတ်ဆို့အရေးယူမှုများကို ထင်သလို အရမ်းကာရော ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းပိတ်ဆို့အရေးယူမှု ကိုယ်တိုင်ကပင် အကြမ်းဖက်မှု ဖြစ်နေသည်။ ယင်းကို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမြှင့်တင်ရေးအတွက် လက်နက်အဖြစ် အသုံးပြုခဲ့သည်ဟု တရားဝင် ယူဆရန် မဖြစ်နိုင်ပါ´ ဟု ဝန်ကြီးချုပ်က ဒေါကြီးမောကြီး ပြောကြား သွားသည်။ ပိတ်ဆို့အရေးယူမှုများကို သမိုင်းရေးနှင့် ယဉ်ကျေးမှုရေးရာ နောက်ခံများအရ ထည့်သွင်း စဉ်းစားခြင်းမပြုဘဲ နိုင်ငံရေးနှင့် စီးပွားရေးတွင် သြဇာလွှမ်းမိုးမှုရှိစေရန် အသုံးချခဲ့ခြင်းသာဖြစ်သည်ဟု သူက ပြောသည်။

ဤသို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေမည့်အစား ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများကို တရားဝင် တိုက်ရိုက်အကူအညီ (ODA) ကို ပိုမိုပေးအပ်သင့်သည်ဟု မြန်မာကိုယ်စားလှယ်က ပြောသွားသည်။ ဤသို့သော ချဉ်းကပ်မှုမျိုးသည် တရုတ်နိုင်ငံက မကြာသေးမီ နှစ်များအတွင်း ကျင့်သုံးခဲ့သော နိုင်ငံခြားရေးမူဝါဒ၏ အဓိကအချက် ဖြစ်သည်။ ယင်းပုံသေနည်းကို ဆန့်ကျင်သူများက လူ့အခွင့်အရေး ပြဿနာများကို လျစ်လျူရှုထားသည်ဟု ဝေဖန် ကြသည်။

အထွေထွေ ညီလာခံသို့ တက်ရောက်လာသော အခြားနိုင်ငံ အများအပြားနည်းတူပင် ကုလသမဂ္ဂကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်၊ ဆုံးဖြတ်ချက်ချမှတ်သည့် ဖြစ်စဉ်တွင် ပိုမို၍ ဒီမိုကရေစီရှိစေရေး ရည်ရွယ်ချက်ထားရှိရန် ဦးသိန်းစိန်က ပြောဆိုသွားသည်။

သို့သော် မြန်မာကိုယ်စားလှယ်က မကြာသေးခင်က ကျင်းပပြီးစီးသွားသော လုံခြုံရေးကောင်စီ ထိပ်သီးအစည်းအဝေး ကို သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့သော အမေရိကန်သမ္မတ အိုဘားမားကိုမူ နျူကလီးယားလက်နက်များ ပပျောက်ရေး ဦးစားပေး ပြောကြားခဲ့သည့်အတွက် ချီးကျူး ပြောကြားခဲ့သည်။

`နျူကလီးယားလက်နက်များ လုံးဝပပျောက်ရေး ကြန့်ကြာနေသည့် အတွက် ကျနော်တို့အနေဖြင့် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခြင်း မရှိသော နိုင်ငံများအတွက် လုံခြုံရေး အာမခံချက်ရှိစေမည့် တကမ္ဘာလုံး လွှမ်းခြုံသည့်၊ ခြွင်းချက်မရှိသည့်၊ တရားဝင် စည်းနှောင်မှုရှိသည့် စာချုပ်တရပ် ပေါ်ပေါက်လာရေး ဦးတည်ကြိုးပမ်းသင့်သည်ဟု ယူဆပါကြောင်း´ ဦးသိန်းစိန်က ပြောသွားသည်။ ထို့ပြင် နိုင်ငံတိုင်းသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ခွင့်လည်း ရှိသင့်သည်ဟု သူက ပြောဆိုသွားသည်။

လက်ရှိ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနှင့် ပတ်သက်၍မူ ဝန်ကြီးချုပ်က လက်ရှိကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ကြောင့် ပြည်တွင်းတွင် စားနပ်ရိက္ခာနှင့် လောင်စာဈေးနှုန်းများ တက်ခြင်းကဲ့သို့သော လူမှုရေးရောဂါများ ဖြစ်ပွားစေခဲ့သည်ဟု ပြောဆိုသွားသည်။ ထိုသို့ အစားအသောက်နှင့် လောင်စာဈေးနှုန်းများ တက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးဟု ခေါ်ကြသည့် လူထုဆန္ဒပြပွဲများကို ဖြစ်ပွားစေခဲ့သည်။

စကားပြောစင်မြင့်မှ ပြန်လည်မထွက်ခွာမီ ဦးသိန်းစိန်က ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သော အဖျက်စွမ်းအား ကြီးမားလှသည့် နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်များကို ချီးကျူး ပြောဆိုခဲ့ သည်။

နာဂစ်နှင့် ဆက်နွယ်သော နာလန်ထူရေး လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်သော စီမံကိန်း ရန်ပုံငွေများ ပေးအပ်ပါရန်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြားပြောဆိုခဲ့သည်။ နာဂစ်လွန် နာလန်ထူရေးနှင့် အသင့်ပြင်ရေး စီမံကိန်း (PORNREPP) အတွက် လိုအပ်သော ဒေါ်လာ ၆၉၁ သန်းအတွက် အလှူရှင် နိုင်ငံများက ထက်ဝက်မျှသာ ထည့်ဝင်ရသေးသည်ဟုလည်း သူက ပြောသည်။

ရွှေဝါရောင် တော်လှန်ရေးထဲမှာ …

ကြည်ဝေ

၂၀၀၇၊ စက်တင်ဘာ ၂၆
နေ့လယ် ၁၂ နာရီ ၀န်းကျင် အချိန်
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား။

ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်သို့ ရောက်ရှိသွားချိန်တွင် ယူနီဖောင်း အပြည့်အစုံဝတ်ပြီး လက်နက်များ၊ ဒိုင်းများ ကိုင်ဆောင်ထားသော လုံထိန်းများနှင့် စစ်သားများက သံဃာတော် များအား တားမြစ်နေသည်ကို မြင်တွေ့ရသည်။

အရှေ့ဘက်မုခ်မှဆိုင်ခန်းများရှေ့တွင်ရပ်ကြည့်နေကြသော လူအုပ်ကြီးကလည်း အခြေအနေကို စောင့် ကြည့် နေဆဲ၊ သံယာတော်များက သံဆူးကြိုး ဘယ်ရီများဖြင့် ပိတ်ထားသော နေရာထိပ်နားမှာပင် ရွှေတိဂုံ စေတီ ဘက်သို့ မျက်နှာမူထိုင်ကာ စတင်ဘုရားရှိခိုးတော့သည်။

ထိုဘုရားရှိခိုးသံများ မဆုံးမီပင် ရွှီးခနဲအသံတသံကြားလိုက်ရပြီးရှေ့ထိပ်မှ သံဃာများကို လုံထိန်းများက လက်ကိုင်တုတ်များဖြင့် တခွပ်ခွပ်နှင့် စတင်ရိုက်နှက်သံကို ကြားလိုက်ရသည်။

ထို့နောက် ရွီးခနဲနောက်တသံကို ကြားလိုက်ရစဉ် ကိုယ့်မျက်နှာသည် ဖြန်းခနဲ မီးနှင့်ပက်ခံလိုက်ရသလို ပူ လောင်သွားသည်။ ထိုစဉ် လက်တဘက်က လက်ကောက်ဝတ်ကို လာဆွဲခေါ်သည်ကို သိလိုက်ပြီးအားတင်း ကာ မျက်လုံးဖွင့်လိုက်သော်လည်း အပြာရောင် လွင်ပြင်ကြီးမှ အပ ဘာကိုမှ မမြင်ရတော့။

ဘေးမှာ ရှေ့မှာ တခွပ်ခွပ်နှင့်ရိုက်သံ၊ တရွှီးရွှီးနှင့်ပစ်သံတို့အပြင်အော်ဟစ်သံတွေ ပြေးသံလွှားသံတွေက လည်း တခုခုဖြစ်နေပြီ ဆိုသည်ကိုသိလာစေပြီး၊ ကြောက်စိတ်ဖြင့် လာဆွဲခေါ်သောလက်ကို အားတင်းဆုပ် ကိုင်ကာ သွေးရူးသွေးတန်း ပြေးလိုက်လာမိသည်မှာ ဘုန်းကြီးကျောင်းဝင်းတခုထဲ ပြေးဝင်မိကြောင်း သိရ သည်။

အိတ်ထဲမှ ရေသန့်ဘူးကိုထုတ်ကာ မျက်နှာပေါ်သို့လောင်းချလိုက်မိသည်။ သို့သော်လည်း ပူလောင်မှုက ပျောက်မသွားသလို မျက်လုံးနှစ်လုံးစလုံး ကျိန်းနေပြီး မြင်ကွင်းတို့သည်လည်း မသည်းကွဲသေး။ နောက်မှ သိရသည်က မျက်ရည်ယိုဗုံးနှင့် အပေါက်ခံရခြင်းဖြစ်သည်။

ထိုဘုန်းကြီးကျောင်း၏ အုတ်တံတိုင်းကွက်ပေါက်ကလေးများကနေ အပြင်ဘက်ကို ချောင်းကြည့်မိသည်။ မသည်းမကွဲနှင့်ပင် မြင်ရသမျှကတော့ သင်္ကန်းဝတ်နှင့် သံဃာတော်များအား လုံထိန်းများက နောက်က ပြေး လိုက်ပြီး ရိုက်သည်။

လဲကျသွားသော သံဃာများ၊ သီလရှင်များနှင့် လူများအား စစ်သားများက ဒယဥ့်တိုက်ဆွဲကာ အသင့်ခေါ် ဆောင်ထားသော ဒိုင်နာ ကားများပေါ်သို့ ပစ်တင်ကြသည်ကို တွေ့နေရသည်။

ကြောက်စိတ်၊ ၀မ်းနည်းစိတ်ဖြင့် ဒူးများတဆတ်ဆတ်တုန်၊ လက်များ တဆတ်ဆတ်တုန်နေသည့်ကြားက အိတ်ထဲက ကင်မရာကို ဆွဲထုတ်ပြီး အုတ်တံတိုင်းကွက်များကြားက မြင်မြင်သမျှကို ရိုက်နေမိသည်။

အချိန်မည်မျှကြာပြီး ဓာတ်ပုံမည်မျှ ရိုက်မိသွားသလဲ ဆိုသည်ကို မသိတော့ပေ။ အမျိုးသားတဦးက ဦးထောင် ဘို လမ်းမဘက်ကို ဖောက်ထွက်ကြမယ်ဟု အော်သံကြားရပြီး ကျောင်းဝင်းထဲမှ သံဃာလေးပါးနှင့် အမျိုး သား၊ အမျိုးသမီးစုစုပေါင်း ၇ ဦးခန့်နှင့်အတူ ဘုန်းကြီးကျောင်းဝင်းထဲမှ ထွက်ကာ ကုန်းကမူတခုကို ကျော် လွှားတက်ရင်း ဦးထောင်ဘိုလမ်းမဆီသို့ ရောက်လာခဲ့သည်။

ဦးထောင်ဘိုလမ်းမပေါ်မှာ ကိုယ်လိုပင် ပြေးလာကြသူများကို တွေ့ရသည်။ သွေးများနှင့် ရွှဲနေသူများ၊ ဦးခေါင်းတွင် ဒဏ်ရာများနှင့် ရဟန်း သံဃာများ၊ ဒေါသတကြီး အော်ဟစ်နေသော ကျောင်းသား လူငယ်များ၊
သွေးများဖြင့် မျက်နှာ တပြင်လုံး နီရဲနေသည့်သူများ စသည့် လူများစွာ ပြန်လည် စုမိကြသည်။

ထိုစဉ် ဘတ်စ်ကားတစီး ဦးထောင်ဘိုလမ်းမပေါ်သို့ဆိုက်လာကာ ထိုကားပေါ်မှသံဃာအပါး ၁၀၀ ၀န်းကျင် ခန့်ဆင်းပြီး အရိုက်ခံထားရသော သံဃာများ၊ အရိုက်ခံထားရသော ကျောင်းသားနှင့်ပြည်သူများအား ကြည့် သည်။

ထို့နောက်“ဦးဇင်းတို့ကို ပစ်သတ်လို့ သေချင်သေပါစေ၊ ဆူးလေဘုရားဆီကို မေတ္တာပို့ရင်း ဆက်လမ်း လျှောက် ကြမယ်”ဟု သက်တော် ၃၀ ကျော်အရွယ် သံဃာတပါးက မိန့်ဆိုလိုက်သည်။ ထိုသံဃာနှင့်အတူ တခြားသော သံဃာများနှင့်ကျောင်းသားလူငယ်များ ဆူးလေဘုရားဆီကို အရောက်သွားကြတော့သည်။

လက်ထဲရှိ ကင်မရာထဲတွင် သံဃာများကို ရိုက်နေသည့် ဓာတ်ပုံများရှိသည်။ ဖမ်းဆီးနေသော ဓာတ်ပုံများရှိ သည်။ ထိုဓာတ်ပုံများကို အယ်ဒီတာဆီ အရောက်ပို့ရမလား၊ မေတ္တာပို့ လမ်းလျှောက်ရာနောက်သို့ ဆက် လိုက် ရမလား ဝေခွဲ မရဖြစ်နေမိသည်။

မီဒီယာချင်း မတူသော်လည်း လုပ်ဖော်ကိုင်ဖက်သတင်းထောက်တဦး ရောက်ရှိလာပြီး သူ့ကို ပေးလိုက်ပါ၊ ပို့ချင်တဲ့ လိပ်စာလည်း ရေးပေးလိုက်ပါဟု ဆိုတော့ ကိုယ်ပေးရမည့် လိပ်စာကိုပေးသင့်မသင့်စဉ်းစားရ ပြီ၊ သူ့ကို ကိုယ်သိသော်လည်း သူသည် ဘယ်ဘက်က လူမှန်းကိုယ်မဝေခွဲနိုင်ပါ။

ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် ဓာတ်ပုံများကို လူအများမြင်တွေ့ရရေးက အဓိကကျသည်ဟု စဉ်းစားမိပြီး ကင်မရာထဲက မယ်မိုရီစတစ်ကို ထုတ်ကာသူ့လက်ထဲ ထည့်ပေးလိုက်သည်။ မည်သည့်နေရာပို့ရန် မပြော တော့ပါ၊ မီဒီယာအားလုံးဆီကိုပဲ ပို့ပေးရန် ပြောလိုက်မိသည်။ သူသည် ကိုယ့်ကင်မရာထဲက မယ်မိုရီကတ် အပြင်၊ အခြားသတင်းထောက်များဆီက မယ်မိုရီကတ်များကို လည်း ယူကာ အင်တာနက်ဆိုင်များရှိရာ ရန်ကုန်မြို့ထဲဆီသို့ ထွက်သွားတော့သည်။

“အခုအချိန်မှာ မီဒီယာမရွေးတာ မှန်တယ်၊ ဒီပုံတွေ အပြင်ကို ရောက်သွားဖို့အရေးကြီးတယ်”ဟု ၀ါရင့် သတင်းထောက်တဦးက ဘေးနားလာရပ်ရင်း ပြောသည်။

ဦးထောင်ဘိုလမ်းကနေ ကန်တော်ကြီးကို ပတ်၊ မင်္ဂလာဈေးဘက်ကို လျှောက်လာခဲ့သော လမ်းတလျှောက် လုံးမြင်မြင်သမျှ လူကြီးလူငယ်မရွေး ၀င်ရောက်လက်ချိတ်ရင်း လိုက်ပါလာကြရာ ဆူးလေဘုရားအနီးသို့ ရောက်သောအခါ သံဃာတော်များ ဦးဆောင်ခဲ့သော လူအုပ်ကြီးမှာ ၁ သိန်းနှင့်အထက် ရှိနေပြီ ဖြစ်သည်။

ဆူးလေဘုရားရှေ့မှာ စောင့်ကြိုနေသော လူအုပ်ကြီးကလည်းလက်ခုပ်သံတဖြောင်းဖြောင်းနှင့် စောင့်ကြိုနေ သည်မှာ လူပေါင်း ရေတွက်၍ပင် မရတော့ချေ။
ကင်မရာထဲမှ မယ်မိုရီစတစ်များယူသွားပေးသော မိတ်ဆွေသတင်းထောက်က လူအုပ်ကြားထဲမှာ လက်မ ထောင်ပြရင်း အခုပဲ ပုံတွေ တက်နေပြီဟု ပါးစပ်လှုပ်ကာ ပြောပြတော့ ရင်ထဲက အလုံးကြီးတခုလုံး ပြုတ်ကျ သွားသလို ခံစားလိုက်ရသည်။

ထိုပုံများသည် စစ်အစိုးရ၏ ရက်စက်မှု၊ ယုတ်မာမှု သက်သေ၊ ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်ပြီး ရဟန်း သံဃာများ ကို ရက်ရက်စက်စက် ရိုက်သတ်နေသည့် သက်သေ များဖြစ်သည် ဟု တွေးရင်း မျက်နှာတပြင်လုံး ပူပြီး စပ် နေ သော ဝေဒနာများကိုပင် မေ့လျော့ကာ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကို ကျေနပ်နေမိသည်။ ထိုပီတိ ကို နှစ်သက်မိသောကြောင့် ကိုယ်သည် သတင်းထောက်အဖြစ် မည်မျှပင် ပင်ပန်း ဆင်းရဲပါစေ ယနေ့အထိ နေနိုင်နေခဲ့ခြင်းဖြစ်သည်။


စက်တင်ဘာ ၂ရ
နံနက် ၅နာရီ ခွဲဝန်းကျင်
ရန်ကုန်မြို့။

နံနက်စောစော ၀င်လာသည့် တယ်လီဖုန်းကသည်မျှလောက် ဆိုးဝါးသော သတင်းတို့ကို သယ်ဆောင်လာ လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါ။

“ငွေကြာယံကျောင်းတို့ မဂ္ဂင်ကျောင်းတို့ အဲဒီလို နာမည်ကြီးကျောင်းတိုက်တွေကို စစ်တပ်ဝင်သွားတယ်၊ ဦးပဉ္ဇင်းတွေကို ရိုက်နှက်ပြီးဖမ်းခေါ်သွားကြတယ်တဲ့၊ ပက်ပက်စက်စက်ကို လုပ်သွားတာ ၊သွေးကွက်တွေ ဆိုတာ မြင်မကောင်းဘူးတဲ့ အဲဒါ သွားမလို့”ဟု ဆိုလာသောသူငယ်ချင်းတယောက်၏ အသံမှာ ငိုသံ ပေါက် နေခဲ့သည်။

တယ်လီဖုန်းချပြီးပြီးချင်း မခံချင်စိတ်က ဟုန်းခနဲထွက်ပေါ်လာသည်၊ လက်နက်သာ ရှိရင် ပြန်တိုက်လိုက် မည်ဆိုသည့် စိတ်အတွေးက ရုန်းကြွလာခဲ့သည်။

မျက်နှာသစ်ရင်း မေးခွန်းထုတ်မိသည်။ ကိုယ်က ဘယ်သူလဲ၊ ကိုယ်ကနိုင်ငံရေးသမားလား၊ သတင်းထောက် လား။ အမှန်တကယ်တော့ ကိုယ်က သတင်းထောက်ပဲ။

ကိုယ့်တာဝန်က အဖြစ်မှန်များကို ပြည်သူများသိရန်၊ ကမ္ဘာကသိစေရန်လုပ်ဆောင်ရေး၊ ဤတာဝန်ကိုကျေပွန် ရန် ကိုယ်ကစိတ်ရှည်ရှည်နှင့် ကြိုးပမ်းရမည်ဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမရင်း ကင်မရာကို အိတ်ထဲထည့်ကာ ငွေကြာယံကျောင်းဆီသို့ ထွက်လာခဲ့သည်။

ငွေကြာယံကျောင်းဝင်း အ၀င်ဝကတည်းက မြေကြီးပေါ်မှာ သွေးကွက်တချို့ကို တွေ့ရသည်။ ကျောင်းဝင်းထဲ မှာ လာကြည့်သူများ၊ သတင်းထောက်များရှိသည်။ ဓာတ်ပုံရိုက်သူ၊ ဗီဒီယိုရိုက်နေသူများ တွေ့ရတော့အား တက် လာမိသည်။ သို့သော် အခဲလိုက်ကျနေသော သွေးကွက်များကို မြင်ရတော့ ရင်သည်တဆတ်ဆတ် တုန်လာပြန်ကာ စို့နစ် ၀မ်းနည်းလာသည်။

“ဘယ်လောက်တောင် ပြင်းပြင်းထန်ထန်ရိုက်ခဲ့လို့ ဒီလို သွေးခဲတွေထွက်ကြရတာလဲ မသိဘူး၊ အတော့်ကို ရက်စက်တာပဲ”ဟု ၀ါရင့်နိုင်ငံခြားသတင်းထောက်တဦး၏ ပြောဆို နေသံကိုကြားရသည်။

လက်ထဲမှာ ကင်မရာကို ငြိမ်ငြိမ်မကိုင်နိုင်တော့ဘဲ မူးနောက်လာသည်။ မြင်မြင်သမျှ ရိုက်နှက်ချိုးဖျက်ထား သည့် အပျက်အစီးများ၊ ဦးခေါင်းကျိုးပြတ်နေသော ဗုဒ္ဓဆင်းတုတော် တဆူကိုလည်း သွေးကွက်များကြား၊ အပျက်အစီးများကြားတွင်တွေ့ရသည်။

ကျောင်းတွင်ကျန်ရစ်ခဲ့သူများကို မေးကြည့်တော့ ကျောင်းဝင်းတံခါးကို စစ်ကာားဖြင့် တိုက်ဖျက်ကာ စစ်သား များက ကြမ်းတမ်းရိုင်းပြစွာပင် ကျောင်းဆောင်များထဲ ၀င်လာခဲ့သည်။ ထို့နောက် မြင်မြင်သမျှ သံဃာများကို ရိုက်နှက်ခေါ်သွားကြရုံမျှမက ကျောင်းတွင် လာရောက်တည်းခိုနေကြသော နယ်မှ အမျိုးသား၊ အမျိုးသမီး များပါမကျန် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း သိရသည်။

ထိုကျောင်းက အပြန်တွင် ၁၉၈၈ တုန်းက ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာလည်း ဒီလို ပဲ ဖြစ်မှာဟု ကိုယ်မမြင်ခဲ့ဘူးသောအဖြစ်အပျက်တို့ကို မှန်းဆပုံဖော်ကြည့်မိသည်။ယခုလည်း ကျောင်းသား ခေါင်းဆောင်များကိုဖမ်းဆီးထောင်ချခဲ့သကဲ့သို့ သံများကိုလည်း နှိပ်စက်ဦးမည်၊ ထောင်ထဲထည့်ဦးမည် ဆိုသည်ကို စိတ်မသက်မသာဖြင့် တွေးမိပြန်သည်။

ဆူးလေကို မရောက်ခင်မှာပင် တောင်ဥက္ကလာမှာ ပစ်နေပြီဟူသော သတင်းက ၀င်လာသည့်အတွက် အငှား ကားဆရာကို တောင်ဥက္ကလာပ ဘက်ကို ပြန်မောင်းပေးရန် ပြောတော့ အငှားကားဆရာက မလိုက်ရဲတော့ ဟု ပြောသည်။ နောက်ကားတစင်းငှားပြီး တောင်ဥက္ကလာပမြို့နယ် ၇၈ ကွေ့အနီးရောက်သည်နှင့်ပင် ပြေး လာ သော လူအုပ် ကြီးကိုတွေ့ရသည်။

ကားပေါ်က ဆင်းပြီး လူအုပ်ကြီးဆီသို့ပြေးသွားရင်း ဓာတ်ပုံရိုက်တော့ သူငယ်ချင်း တယောက်က လက်ကို လာဆွဲသည်။ “လာလာ အရမ်းနီးလာပြီ ပြေးကြမယ်”ဟု ပြောရင်း သူက လက်ကို ဆွဲပြေးပြန်သည်။

လက်ထဲက ကင်မရာကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပြေးခဲ့ကြသည်။ မည်မျှကြာကြာ ပြေးနေမိသည် မသိ၊ နောက်ဆုံး လမ်းဘေးတွင် အငှားကားစီတစီးရပ်ထားသည်ကိုတွေ့တော့ ဆူးလေကို မောင်းရန် ပြောပြီး ကားပေါ် တက်လိုက်မိသည်။ ဈေးနှုန်းပင် မမေးမိတော့ချေ။

နေ့လယ် ၁ နာရီ ဆူးလေမှာ ပြန်ဆုံတတ်ကြသည့်အတွက် ယနေ့တွင်လည်း နေ့လယ် ၁၂ နာရီ ခန့် ကတည်းက ဆူလေးတွင် လူစုမိနေသည်။ သံဃာများကို ရက်ရက်စက်စက်နှိမ်နှင်းလိုက်သောသတင်းကို လူတော်တော်များများက ကြားထားပြီးဖြစ်သည်။

ထို့အတူ စစ်သွေးကြွနေဟန်တူသော စစ်သားများကိုလည်း ဆူးလေဘုရားတ၀ိုက်တွင် မြင်တွေ့နေရပြီ။ ယူနီဖောင်းအပြည့်အစုံဝတ်ထားသော သူတို့က ဒိုင်းများ၊ သေနတ်များ ကိုင်ဆောင်၍ ဆူးလေဘုရားအနီးသို့ လူအများကပ်မလာနိုင်စေရန် တားထားကြသည်။

၎င်းစစ်သားများနှင့် ခပ်လှမ်းလှမ်းမှနေ၍“ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး”ဟု အော်နေသော လူငယ် ကျောင်းသားများကိုလည်း တွေ့မြင်နေရသည်။

ခဏအကြာတွင် ထိုသို့ အော်နေသော လူအုပ်ကြီး ဆီကို စစ်သားများက သေနတ်ဖြင့် စပစ်သည်။

“ပစ်တယ်ဟေ့”ဟု အော်ပြီး လူအုပ်ကြီးကပြေးသည်။

ထို့နောက် ရာဘာကျည် ဆန်ဖြင့် ပစ်ခြင်းဖြစ် သည်ဟူသော ပြောသံကြောင့် လူအုပ်ထဲမှ လူတချို့က မပြေးကြ တော့ဘဲ ရောက်သည့်နေရာတွင် ရပ်ကာ တို့အရေး အော်လိုက်၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာအော်လိုက်နှင့် ဦးဆောင်သူမဲ့သော တိုက်ပွဲတခုကို ဆင်နွဲကြပြန်သည်။ ထို့နောက် တဖြည်းဖြည်း နှင့်လူအုပ်များ လာပြီး လူအုပ်ကြီးသည် ဆူးလေဘုရားအနီးသို့ကပ်နိုင်သမျှ ကြိုးစား ကပ်လာကြသည်ကိုတွေ့ရသည်၊

ခဏအကြာတော့ ဒက်…ဒက်…ဒက် ဟူသော သေနတ်သံများနှင့်အတူ“ပစ်ပြီ ပစ်ပြီ လူတွေ ထိကုန်ပြီ”ဟူ သော အသံကြားလိုက်ရပြီး လူအုပ်ကြီးကြားထဲကနေ ဆူးလေလမ်းပေါ် ဗိုလ်ချုပ်လမ်းပေါ်ထိ ပြေးရသည်။

ဗိုလ်ချုပ်လမ်းပေါ်ကနေ ၃၅ လမ်းထဲ ချိုးဝင်လိုက်တော့ လက်မှနာရီပြုတ်ကျကျန်ခဲ့တာကို သိသည်။ ထိုစဉ်မှာ ပင် ဆူးလေလမ်းပေါ်ပြေးရင်းလွှားရင်း ကျန်ခဲ့သောသူငယ်ချင်းက ဖုန်းဆက်လာသည်။ နိုင်ငံခြားသတင်း ထောက် တဦးကို သေနတ်ထိသွားသည်၊ ဂျပန်လား၊ တရုတ်လား ၊ ကိုရီးယားလား မသိ၊ အသားဖြူဖြူနှင့် ကင်မရာ ကိုင်ထားသော သတင်းထောက်ပဲဟု သူက ဆိုသည်။

“ဒီနေ့တော့အားလုံးပဲ သတိထားရမယ်၊ ကြားတာက ဒီနေ့ရှေ့ကနေ အော်လံကိုင်ထားတဲ့သူ၊ အလံကိုင်တဲ့ သူနဲ့ကင်မရာကိုင်တဲ့သူတွေကို ပစ်မိန့်ပေးထားတယ်လို့ ကြားတယ်၊ ကင်မရာကို ပေါ်တင်မကိုင်ကြနဲ့”ဟု
သူငယ်ချင်း တဦး၏ သတိပေးစကားကို ပြန်အမှတ်ရလိုက်သည်။လက်ထဲက ဆိုနီကင်မရာလေး ကို ခပ်တင်း တင်းဆုပ်ကိုင်လိုက်မိသည်။

သတင်းထောက်တဦးထိသွားသောသတင်းကို အယ်ဒီတာကို ပြောရန် သတိရလာသည်။ ဖုန်းရှိသော သူငယ် ချင်းကို ရှာကာ အယ်ဒီတာထံဖုန်းခေါ်ပေးရန် ပြောရသည်။ ကိုယ့်တွင် လက်ကိုင်ဖုန်း မရှိသည့်အတွက် ဖုန်းရှိသောမိတ်ဆွေတို့ကိုရှာကာ သူတို့နှင့်အတူ တွဲသွားရသည်။ သို့မှသာ သတင်းပို့ပေးနိုင်မည် ဖြစ်သည်။

ခဏအကြာအယ်ဒီတာ ထံမှဖုန်းရသည်။ ထိသွားသည့် သတင်းထောက်ကို စုံစမ်းခိုင်းသည်။ ထိုစဉ်မှာပင် ဘူတာကြီး ခုံးတံတားပေါ်ကနေ စစ်ကားများတက်လာကာ ဆူးလေဘက်က ပြေးလာသော လူများကို စစ် သားများက ပစ်နေပြန်သည်။ ပြေးရင်းနှင့်ပင် ဖုန်းပြောရသည်။ ထိုအချိန်က အင်တာနက်လိုင်းအားလုံး ဖြတ်ပစ်လိုက်သည့်အတွက် တယ်လီဖုန်းကိုသာ အားကိုးရသော အချိန်ဖြစ်သည်။

လမ်း၅၀ ဘက်သို့ ပြေးရင်း ဘူတာကြီး ခုံးထိပ်နားမှာ လူတချို့ထိသွားကြောင်း သတင်းရသည်။ အလံကိုင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင် လူငယ်တဦး ကျသွားသည်ဟု မြင်ခဲ့ရသူ တဦးက ပြောပြသည်။

“ခေါင်းကို ထိသွားတာ၊ ဖွာခနဲပဲ ခေါင်းက ပွင့်ပြီး အထဲက ဦးနှောက်တွေကော ကျေပြီး ကျလာတာ”ဟု သူက ပြောသည်။

ထိုသူနှင့်အတူ ပြေးရင်းလွှားရင်းနှင့်ပင် လမ်း ၄၅လမ်းထိပ်ရောက်လာသည်။ ဗိုလ်ချုပ်လမ်းမကြီးနှင့် ပန်းဆိုး တန်း လမ်းပေါ်က လူများကို ကားများဖြင့် ဖမ်းခေါ်သွားပြီ ဟူသော သတင်းများကို ဆက်တိုက်ကြားလာခဲ့ သည်။

ညနေ ၃နာရီ ၀န်းကျင် ၄၇လမ်းထိပ်မှ လက်ဖက်ရည်ဆိုင်ထဲ ၀င်ထိုင်လိုက်မှ နေ့လယ်စာ မစားရသေး ကြောင်း သတိရလာပြီး ဗိုက်ကလည်း ဆာလာသည်။ သို့သော် စားချင်စိတ်က မရှိချေ။

ထိုစဉ်မှာပင် တာမွေကျောင်းရှေ့မှာ ပစ်နေပြီ ဟု သတင်းထောက်တယောက်က ပြောသည်။ ကလေးများ စွာ ထိသည်ဟု ကြားရသည့်အတွက် တာမွေဘက်ကို သွားရန် စဉ်းစားမိသည်။ သို့သော် ဆူးလေလမ်းပေါ်တွင် ကျန်ခဲ့သော သူငယ်ချင်းက ခုချိန်ထိ ပေါ်မလာသေး။

သူ့ကို စောင့်ရမည်လား၊ တာမွေကို သွားရမလား၊ သူနှင့် မနက်ကတည်းက အတူတူထွက်လာခဲ့သည်၊ အတူ တူ ဓာတ်ပုံရိုက်ခဲ့ကြသည်၊ အတူတူ ပြေးခဲ့ကြသည်၊ ခုတော့သူက တနေရာမှာ ကျန်ခဲ့ပြီး ကိုယ်က တနေရာ မှာ ရောက်နေသည်။ သူ့ဆီကို ဖုန်းဆက်တော့ သူက အိမ်တအိမ်ထဲမှာ ၀င်ပုန်းနေရကြောင်း ပြန်ပြောသည်။

“ညနေ ၆ နာရီမှာ မာရှယ်လောထုတ်မယ်လို့ ကြားတယ်၊ ညနေ ၃ နာရီ ထိပဲ မြို့ထဲမှာ ကားရှိတော့မယ်၊ ခုတောင် ကားပါးသွားပြီ ပြန်သင့်ပြီ”ဟု သူငယ်ချင်းကပြောရင်း ပြန်သည့်အခါ စုပြီး ပြန်ကြရန်သူက မှာနေ သေးသည်။

ညနေ ၃ နာရီကျော်စပင် ရှိသေးသော်လည်း မြို့ထဲမှဆိုင်ခန်းများ အားလုံးပိတ်ပြီ၊ အိမ်တွေကလည်း အဝင် တံခါးတွေကော ပြတင်းပေါက်တွေကောအားလုံးပိတ်ထားကြပြီ။

လမ်းတွေပေါ်မှာတော့ “ဗိုလ်ချုပ်ပေးသော စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး”ဟု အော်နေသော ကျောင်းသား လူငယ်တွေ ရှိသေးသည်၊ သူတို့သည် ပြေးလိုက်၊ စစ်ကားဖြင့် လိုက်ပစ်သည့်အခါ အော်လိုက် နှင့်ပင်။

ညနေ ၄နာရီထိုးခါနီးမှာတော့ စစ်ယူနီဖောင်း ၀တ်ထားသူများက လော်စပီကာနှင့်မြို့ထဲကနေ အိမ်ပြန်ကျရန် လိုက်အော်သည်၊ လိုင်းကားတချို့ကို မတွေ့ရ၊ အငှားကားခတွေကလည်း အိမ်ပြန်ရန် ဈေးပိုတောင်း နေ ကြပြီ။ သို့နှင့်ပင်သေနတ်သံတွေ တလှည့် ၊ တို့အရေးအော်သံတွေက တလှည့်စီပေါ်နေသောမြို့လယ်ခေါင် ကို ထားခဲ့ကာ အိမ်ပြန်ခဲ့ရသည်။

အိမ်ပြန်ရောက်သည့်အခါ ညနေ ၅ နာရီကျော်ပြီး ၆နာရီထိုးတော့မည်၊အိမ်သားအားလုံး လူစုံသည့်အတွက် စိတ်ချသွားရသည်။

သို့သော်လည်း တာမွေအခြေခံပညာကျောင်းရှေ့မှာ၊ လမ်းမပေါ်မှာ အိမ်ပြန်မလာသော သား ပျောက်နေ သည့် မိခင်တို့၏ သားခေါ်သံများ၊ အော်ဟစ် ငိုကျွေးသံများကတော့ ဆူညံစွာကြားနေဆဲဖြစ်သည်။


စက်တင်ဘာ ၂၈
အချိန် ၁၂ နာရီ
ရန်ကုန်မြို့။

မည်မျှပင် ရက်ရက်စက်စက်နှိမ်နင်းစေကာမူ ရန်ကုန်မြို့နေပြည်သူတို့သည် နေ့လယ် ၁၂ နာရီကျော် သည်နှင့်ပင် မြို့ထဲက ဆူးလေအနီးတ၀ိုက်တွင် စုစည်းမိနေကြသည်။

ဆူးလေမှတ်တိုင်အနီးတွင် ရပ်လာသမျှသော ဘတ်စ်ကားများအား ယူနီဖောင်းအပြည့်အစုံနှင့် စစ်ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦးနှင့်စစ်သားတဦးတို့က ဆင်းလာသမျှသူများကို မေးမြန်းစစ်ဆေးပြီး ကျောပိုးအိတ်များ၊ လက်ကိုင်အိတ်များ၊ ခြင်းတောင်းများကိုလည်း တခုချင်းစီရှာဖွေ စစ်ဆေးနေကြသည်။

ကင်မရာကို အသေအချာ ဖွက်ယူလာခဲ့သော်လည်း အသေးစိတ်စစ်ဆေးနေသည်ကို မြင်ရသောအခါ စိတ်ပူ ပန်စွာ ရင်တထိတ်ထိတ် ခုန်လာသည်။

ကျောပိုးအိတ်ထဲမှာ ပစ္စည်းများတခုချင်းစီ ထုတ်ပြနေရင်း မကြာခင်ကင်မရာကိုတွေ့သွားတော့မှာပဲဟု ပူပန် စိတ်က သွေးတိုးလာကာ မျက်နှာတပြင်လုံး ပူလာသလိုဖြစ်လာသော်လည်း လက်ဖျားတို့က အေးစက် လာ သည်။

အိတ်ကို ရှာနေသော တပ်ကြပ်ကြီးက အောက်ဆုံးမှာ ထည့်ထားသော စက္ကူဘူးကို ထုတ်လာပြီး ဒါဘာလဲ ဟု မေးလိုက်သောအခါ ဖိနပ်ထည့်ထားတာဟု ဖြေလိုက်သောအသံသည် ပုံမှန်ဖြစ်သည်။ သူသည် ထိုဘူးကို လက်ဖြင့် ဆကြည့်ရင်း အိတ်ထဲပြန်ထည့်ပေးကာ နောက်တယောက်ကို စစ်ဆေးရန် ခေါ်လိုက်ချိန်တွင် တစက္ကန့်မျှပင်အချိန်မဆိုင်းတော့ဘဲ ထိုနေရာကနေ တချိုးတည်း ထွက်လာတော့သည်။

ဆူးလေလမ်းမကြီးပေါ်မှာတော့ လူများရှင်းလျက်ရှိသညကို တွေ့ရသည်။ လုံထိန်းများနှင့် စစ်သားများကိုမူ ဆူးလေတ၀ိုက် တွင်တွေ့မြင်နေရဆဲပင်။

အနော်ရထာလမ်းမကြီးပေါ်မှာတော့ လူငယ်တချို့ရှိနေသည်ကိုတွေ့ရသည်။ သူတို့သည် အင်္ကျီဖြူများ အောက်တွင် တီရှပ် အနက်ရောင်၊ တီရှပ် အနီရောင်၊ တီရှပ် အ၀ါရောင်တို့ကို ၀တ်လာခဲ့ကြောင်း ပြောပြ သည်။

တဖြည်းဖြည်းနှင့် ပန်းဆိုးတန်းလမ်းမပေါ်တွင် လူများပြန်စုမိလာသည်။ ဗိုလ်ချုပ်လမ်းပေါ်က လူတချို့က လည်း ပန်းဆိုးတန်းလမ်းမပေါ်ကို ရောက်လာကြသည်။

နေ့လယ် ၁ နာရီ ၀န်းကျင်မှာတော့ လူ ၂၀၀ ကျော်ကနေ ၃၀၀ လောက်ထိ ရှိသော လူအုပ်သည် ဆူးလေ ဘုရား နားမှာ စောင့်နေသော စစ်သားများအား မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်နေရာ ကနေ “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဟု အော်၍ ဆန္ဒပြကြပြန်သည်။

တချို့ကလည်း စစ်သားများမြင်သာစေရန် ရှေ့သို့ပိုတိုးကပ်လာကြပြီး တံထွေးထွေးပြကြသည်။ တချို့က တော့ စစ်သားများအား အော်ဟစ်ဆဲဆိုနေကြသည်။ ထိုချိန်တွင်ပင် ပန်းဆိုးတန်း ဘူတာကြီး ခုံးတံတားပေါ် ကနေ စစ်ကားများ ဆင်းလာသည်ကို တွေ့ရသည်။

တဘက်ကလည်း မဟာဗန္ဓုလလမ်းပေါ်မှ စစ်သားတချို့က ပန်းဆိုးတန်းထိပ်တက်လာသည်။ လူအုပ်ကြီး သည် စစ်သားများနှင့် စစ်ကားများ ကြားညှပ်မိသောကြောင့်ကြောက်အား လန့်အားနှင့်ပင် ဘေးတဘက် တချက်ရှိနေအိမ်များထံသို့ပြေးဝင်ပုန်းကြသည်။

အိမ်အချို့မှာ တံခါးဖွင့်ပေးပြီး ပြေးဝင်လာသော ကျောင်းသားများအားလက်ခံကြသော်လည်း အချို့ကမူ မည်မျှပင် တံခါးခေါက်ခေါက် ဖွင့်မပေးဘဲ ပိတ်ထားကြသည်။ တချို့က တိုက်ခန်းတွေပေါ် တွယ်တက်သူက တက်သည်၊ ဖွင့်မပေးသော တံခါးတို့ကို တဒုံးဒုံးထုရင်းနှင့်ပင် စစ်သားတွေ ဆွဲခေါ်သွားသည့်နောက် ပါသွားကြသူများလည်း ရှိသည်။

ရှေ့မှာ စစ်သား၊နောက်မှာလည်း စစ်သားဖြစ်နေသည့်အတွက် နီးစပ်ရာ ရပ်ထားသော ထရပ်ကားတစင်း အောက်သို့ဝင်ပုန်းလိုက်သည်။ ကား၏ ဘားတန်းကို လက်နှစ်ဘက်နှင့်ယှက်ပြီး ခိုထားရင်း ကင်မရာပါသည့် အတွက် ဖမ်းမိပါက မလွယ် ကြောင်း စဉ်းစားမိကာ ကင်မရာကို လွင့်ပစ်လိုက်ရမလားဟုစိတ်ကူးမိသည်။ သို့သော်လည်း မလုပ်ရက်ပါ၊ မလုပ်နိုင်ပါ၊

ကင်မရာကို ပြုတ်မကျစေရန် လည်ပင်းမှာ ချိတ်ထားလျက်နှင့်ပင် ကားဘားတန်းမှာခိုနေရင်း အသံတွေကြား နေရသည်။ အိမ်တွေပေါ် ၀င်ပြေးသော လူတွေကို စစ်သားတွေက ပြန်ဖမ်းခေါ်လာပြီး ပန်းဆိုးတန်းထိပ်ရှိ ကုလားဘုရားကျောင်းရှေ့မှာဒူးထောက်ထိုင်ခိုင်းကာ ပါးရိုက်သံကြားရသည်။ အမျိုးသမီးများ၏ ကြောက် လန့် တကြား အော်ဟစ်သံ၊ ငိုယိုသံများ ၊ အမျိုးသားများ၏ တောင်းပန်သံများ စသည့်အသံတို့ကို ကြားနေရ သည့်အတွက် ရင်သည် တဒိတ်ဒိတ်ခုန်လာသည်။

လက်နှစ်ဘက်လုံး အံသေလာသည့်အတွက် လူတကိုယ်လုံး ဘုတ်ခနဲ မြေပေါ်ကို ကျသည်။ ကမန်းကတန်း ပင် ကြောက်လန့်စွာနှင့် ကားဘားတန်းကို ပြန်ခိုသည်။

ထိုသို့နှစ်ခါလောက်ပြုတ်ကျပြီးသည့်အခါမှာတော့ ဖြစ်ချင်ရာဖြစ်တော့ ဟု စဉ်းစားကာ ကားနောက်ရှိ လေး ပေခန့်ရှိသော မီးစက်နောက်တွင် ၀င်ပုန်းမည် ဟူသော ရည်ရွယ်ချက်ဖြင့် ကားအောက်ကနေ တွားသွားပြီး ထွက်လာခဲ့သည်။

မီးစက်နားအရောက်မှာပင် အိမ်ရှေ့တံခါးတဘက် ဖျတ်ခနဲပွင့်လာတာတွေ့ရပြီး၊ အသက် ၆၀အရွယ်အဖိုးကြီး တယောက်ပေါ်လာကာ လက်ဟန်ဖြင့် လက်ယက်ခေါ်လေသည်။ ၀မ်းသာစိတ်ဖြင့် ထိုအိမ်ထဲပြေးဝင် လိုက် သည့် တိုင်ကိုယ့်ကိုယ်ကိုယ်လုံခြုံပြီဟု မသတ်မှတ်ရဲသေးပါ။ စစ်သား များက အိမ်များကို တံခါးဖွင့်ခိုင်းပြီး လိုက်ရှာနေဆဲဖြစ်သည်။

ဖုန်များ၊မျက်ရည်များနှင့်ညစ်ပေနေသော မျက်နှာ၊ တုန်နေသောခန္ဓာကိုယ်ကို တချက်ကြည့်ပြီး ရေတခွက် ခပ်တိုက်ပါသည်။ ထိုရေကို သောက်အပြီးမှာတော့ အမေ ဟု တကာ ငိုလိုက်မိသည်။ ကားအောက်မှာ ၀င် ပုန်း စဉ်တုန်းကလည်း ပထမဆုံး အမေ့ကို သတိရသည်။ ယနေ့မနက် အိမ်ကမထွက်ခင် မသွားရန်အမေ တားခဲ့သည်ကိုလည်း ပြန်မှတ်မိနေသည်။ ပြီးမှကိုယ့်မိသားစုဝင်တွေ၏ မျက်နှာတွေကို တယောက်ချင်းစီ ပြန်မြင် ယောင်ကာ စိတ်အားတင်းခဲ့ခြင်းဖြစ်သည်။

အခြေအနေငြိမ်သက်ပြီဟုထင်ရသောအခါမှ အိမ်ရှင် အဘွားက နောက်တံခါးပေါက်နေ ထွက်ပြီး တဘက် အိမ်ကို ကူးရန် ထိုအိမ်၏ အရှေ့ဘက်ကနေ ထွက်သွားရန် ပြောသည်။ သူပြောသည့်အတိုင်း ထွက်လာသည့် အခါ စစ်သားမျးမရှိသောတဘက်လမ်ပေါ်သို့ရောက်သွားပြီး စုရပ်အဖြစ် သတ်မှတ်ထားသော ၄၇ လမ်းရှိ လက်ဖက်ရည်ဆိုင်ဆီသို့ ရောက်ခဲ့ခြင်းဖြစ်သည်။

ဆိုင်ထဲမှာ သူငယ်ချင်းမျးကိုတွေ့ရသော်လည်း မျက်နှာမကောင်းကြ၊ သတင်းထောက်တချို့ အဖမ်းခံရ ကြောင်း ပြောပြသည်။ ပြီးတော့ အဖမ်းအဆီးကြမ်းကြောင်း ပြောပြကြသည်။

ညနေ ၃ နာရီတွင် ထိုဆိုင်က ထခဲ့သော်လည်း လမ်းမကြီးက ရှင်းနေပြီ။ ဘတ်စ်ကားတွေ အငှားကားတွေ လည်း မရှိတော့။ သို့သော်လည်း ဆူးလေဘုရားအနီးမှာတော့ သေနတ်သံ တဒက်ဒက်နှင့်ကြားနေရဆဲဖြစ် သည်။

“ဗိုလ်ချုပ်ပေးသည့် စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” ဆိုသည့် အော်သံ များ ကတော့ တိုးလျစွာ ပျောက်ကွယ်လျက်ရှိပေပြီ။


ရွှေဝါရောင် အထိမ်းအမှတ် ဘင်္ဂလားဒေ့ရှ်တွင် ကျင်းပ (ရုပ်သံသတင်း)

မဇ္ဈိမသတင်းဌာန

အဖမ်းခံခဲ့ရသော ရန်ကုန်တိုင်းရဲမှူးကြီး ထွက်ပြေးလွတ်မြောက်

အေးချမ်းမြေ့

လာဘ် စားမှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ ရသော မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ရန်ကုန်တိုင်း ရဲမှူးကြီးဝင်းနိုင် ထွက်ပြေး လွတ်မြောက် သွားပြီ ဖြစ်ကြောင်း ကြားသိ ရသည်။

စက်တင်ဘာ လလယ်ခန့်က ရဲမှူးကြီး ဝင်းနိုင် နှင့် မြို့နယ်မှူး ၁၄ ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့၍ ရန်ကုန်တိုင်း အထူး စစ်ဆင်ရေး ကွပ်ကဲ ရေးအဖွဲ့ (ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက စစ်ဆေးခဲ့ပြီး နေပြည်တော်သို့ လွှဲပြောင်းစဉ် ရဲမှူးကြီးဝင်းနိုင် ထွက်ပြေး လွတ် မြောက် သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ရဲမှူးကြီး ဝင်းနိုင်ကို လာဘ်စား မှုနဲ့ ရာထူး ကနေရပ်စဲ ထားတဲ့အချိန်မှာ ထွက်ပြေးသွားတာ။ သူထွက်ပြေး သွားတော့မှ အရင်ထက် ပိုကြီးတဲ့ အမှုတွေ ထပ်တွေ့တဲ့အချိန်မှာ သူက မရှိတော့ဘူး” ဟု အာဏာပိုင် များနှင့် နီးစပ်သူ တဦးက ဆိုသည်။

ရဲမှူးကြီး ဝင်းနိုင် အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား မှုများနှင့် ပတ်သက်နိုင် သည်ဟု သူက သုံးသပ်သည်။ ရဲမှူးကြီး ဝင်းနိုင်သည် ရန်ကုန်တိုင်း ရဲမှူးအဖြစ် တာဝန်မထမ်း ဆောင်မီက ရှမ်းပြည်နှင့် တရုတ်ပြည် နယ်စပ်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။


အတည်မပြုနိုင်သော သတင်းရပ်ကွက်၏ အဆိုအရ ရဲမှူးကြီးဝင်းနိုင် ထွက်ပြေးလွတ်မြောက် သွား သောကြောင့် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကိုပါ ထိန်းသိမ်းစစ်ဆေးနေကြောင်း ကြားသိရသည်။

ရဲမှူးကြီးဝင်းနိုင်နှင့်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်ရပ်သည် ၎င်း၏ဇနီး ဒေါ်မွှေးမွှေး ပိုင်ဆိုင်သော ကာရာအိုကေ ဆိုင်တဆိုင်ကို ရန်ကုန်တိုင်း အထူးသတင်း တပ်ဖွဲ့ (SB) က ဝင်ရောက်စစ်ဆေးစဉ် ရဲမှူးကြီး ဝင်းနိုင်က မကျေနပ်သဖြင့် အချင်းများကြပြီး တခြားသော ၎င်း၏ လာဘ်စားမှုများပေါ်ပေါက်ခဲ့ရာမှ စတင်သည်ဟု သိရသည်။

“ရဲမှူးကြီးဝင်းနိုင်ရဲ့ မိန်းမ ပိုင်တဲ့ ဆိုင်တွေကအများကြီးပဲ။ ကာရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ အလှပြင်ဆိုင်တွေပိုင်တယ်။ ပြီးတော့ တခြား ဥပဒေနဲ့မညီတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ပုံမှန် ဆက်ကြေးသဘောမျိုးကောက်တယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေးသမားတဦးက ပြောသည်။

စက်တင်ဘာ ၁၅ ရက် ဝန်းကျင်က ရဲမှူးကြီးဝင်းနိုင်နှင့် တခြား မြို့နယ်မှူး များကို ဖမ်းဆီး ထိန်းသိမ်းခဲ့စဉ် ရန်ကုန်မြို့ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များနှင့် ရဲကို ငွေပေး၍ ဖွင့်ထားသော နှလုံးထီ၊ သုံးလုံးထီ အစရှိသည့် လောင်းကစား ဒိုင်များပိတ်ထားခဲ့ကြောင်း ကြားသိရသည်။

“ကျနော်တို့က မသိဘဲ တာမွေ၊ ရွှေဗဟို တာဝါမှာ ဖွင့်ထားတဲ့ အိုအေစစ် အနှိပ်ခန်းကို သွားမိတာ၊ ပိတ်ထားတယ်၊ ရဲတွေအများကြီး စောင့်နေတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောပြသည်။

မကြာသေးမီကမှ ဖွင့်ထားသော ဘောက်ထော်ရှိ IQ အမည်ရှိ အနှိပ်ခန်းလည်း ထိုရက်များက ပိတ်ထားကြောင်း ၎င်းကဆိုသည်။

“အိုအေစစ် အနှိပ်ခန်းက ရဲမှူးကြီးဝင်းနိုင်ရဲ့ မိန်းမ ပိုင်တာလို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။

ရန်ကုန် အဝေးပြေးကားဂိတ်အတွင်းရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ အပါအဝင် ရန်ကုန် တမြို့လုံးရှိ အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များအားလုံးမှာ ရဲမှူးကြီးထံသို့ တလလျှင် ဆတ်ကြေး သဘော ကျပ် ၆ သိန်းဝန်းကျင်ဆီပေးရလေ့ရှိကြောင်း ထို ဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ယခုအသစ်ပြောင်းလာသည့် ရန်ကုန်တိုင်း ရဲမှူးကြီးအောင်နိုင်သူမှာ ယခင် ရဲမှူးကြီးဝင်းနိုင်လက်ထက်က ဆက်ဆံထားသည့် ဥပဒေနှင့် မညီသော အလုပ်များကို ဝင်ရောက်စစ်ဆေး နှိမ်နင်းနေသောကြောင့် အဆိုပါ ဆိုင်များ ပိတ်ထားရသည်ဟုလည်း သိရသည်။

“ဒါကတော့ အရင်လူလက်ထက်က လုပ်ခဲ့သမျှတွေကို နောက်လူက လိုက်ရှင်းတာ ထုံးစံပဲ” ဟု ရန်ကုန် စီးပွားရေးလောကသား တဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၈

မင်းဟန်

(၉၈)
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများက ‘အာဏာဖီဆန်ရေး’ တိုက်ပွဲအား ဆင်နွှဲရင်း…. အမိန့်အမှတ် ၂/၈၈၊ ၈/၈၈ အား ရုပ်သိမ်းပေးရန် စစ်အုပ်စုအား တောင်းဆို၏။ ဖိအားပေး၏။ စစ်အုပ်စုက မလျော့….။ မတရားသည့် အမိန့်တို့အား ရုပ်သိမ်းမပေး….။

ရုပ်သိမ်း၍ မပေး သည့်အပြင် ‘ကန့်သတ်’ မှုများက တိုး၍ပင် ကန့်သတ်ချုပ်ချယ်လာ၏။ နဝတ က ‘ဇူလိုင် ၁၉ ရက်နေ့တွင် ကျင်းပသည့် ၄၂ နှစ်မြောက် အာဇာနည်နေ့’ အခမ်းအနားနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ အဖွဲ့အစည်းများအား ညွှန်ကြားချက် ထုတ် ပြန်၏။ ညွှန်ကြားချက်အမိန့်က …. ကန့်သတ်ချုပ်ချယ်မှုများနှင့်….။

“နိုင်ငံရေးပါတီ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်မှ ကြီးမှူးကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ရန် ပါတီအဖွဲ့အစည်း တဖွဲ့လျှင် ၁၀ ဦးသာလျှင် တက်ရောက်ခွင့်ပြုမည်။ တက်ရောက်ကြမည့် ပုဂ္ဂိုလ် ၁၀ ဦး၏ အမည် စာရင်းများအား ကြိုတင်၍ စာရင်းပေး ပို့ကြရမည်” …. ဟူ၍ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့လည်း အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်မည့် သူ၏ အမည်စာရင်း အား တောင်းခံသည့်စာ ပို့၏။

နဝတ ၏ အာဇာနည်နေ့ အခမ်းအနားသို့ တပါတီလျှင် ၁၀ ဦးသာ တတ်ရောက် ‘ဂါဝရ’ ပြုရန် ခွင့်ပြုသည် ဆိုသည့် အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် လုံးဝ လက်မခံနိုင်ချေ….။ အာဇာနည်နေ့က အများပြည်သူ အားလုံးနှင့် သက်ဆိုင်သည့်နေ့ ဖြစ်သည်။ အများပြည်သူ အားလုံး လွတ်လပ်စွာ တက်ရောက်၍ ချီတက်အလေးပြုနိုင်ကြရမည်။ ယခုကဲ့သို့ ၁ဝ ဦးသာ တက်ရောက်ခွင့် ပြုမည်ဟူသည့် နဝတ ၏ ကန့်သတ်ချက်သည် မတရားသော ကန့်သတ်သည့် အမိန့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ သဘောပေါက်မိ၏။ ယခင် ပါလီမန်ဒီမိုကရေစီခေတ်က ….. အာဇာနည် နေ့တွင် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် တက်ရောက်၍ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါဝရပြု၏၊ အလေးပြု ကြ၏။ မဆလ ခေတ်မှစ၍ တဖြည်းဖြည်း အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် အလေးထား လေးစားမှု လျော့နည်း လာခဲ့ရာ ….. အာဇာနည်နေ့ အခမ်းအနားများတွင် သာမန်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးတဦးက သာလျှင် ကြီးမှူး၍ တက် ရောက်အလေးပြုကြတော့၏။ ယခုတွင်မူ …. လူထုပရိသတ်မှ တက်ရောက်အလေးပြုရေးကိုပင် …. ၁၀ ဦးဟူ၍ ကန့် သတ်လာလေပြီ။

ဤကား….. အာဇာနည် ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍအား မှေးမှိန်အောင် အစီအစဉ်တကျ လုပ်ဆောင်နေခြင်း ဖြစ်၏။ အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းအား ဖျောက်ပစ်ရန် တစတစ ကြိုးစားနေကြခြင်းသာ ဖြစ်၏။ ဤသို့ ပင်…. ဒေါ်အောင်ဆန်းစုကြည် ခံစားရ၏၊ တွေးမြင်မိ၏။ မဖြစ်…..။ ဤအတိုင်း ….စစ်အုပ်စုမှ လုပ်ဆောင်နေခြင်းအား ငြိမ်၍ ကြည့်နေ၍ မဖြစ်….။


(၉၉)
၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင်အဖွဲ့ အစည်းအဝေး အား ခေါ်ယူပြီး နဝတ ၏ အာဇာနည်နေ့ အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေး၏။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဦးဝင်းတင် (အတွင်းရေးမှူးအဖွဲ့ဝင်၊ ဗဟို အလုပ်မှုဆောင် အဖွဲ့) မှလွဲ၍ အားလုံး စုံညီစွာ တက်ရောက်ကြ၏။ ဦးဝင်းတင် က လွန်ခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့မှစ၍ နဝတ ၏ ဖမ်းဆီး ထိန်းသိမ်း ထားခြင်းအား ခံနေရ၏။ အမှုဆင်၍ ဖမ်းဆီး ထိန်းသိမ်း ထားခြင်း ဖြစ်သည်။ သာမန် အာမခံပေး၍ရသည့် ပုဒ်မဖြစ်သော်လည်း စစ်အုပ်စုက ညစ်ပြီး ဦးဝင်းတင်အား အာမခံ မပေးဘဲ ဖမ်းဆီးထားခြင်း ဖြစ်သည်။

အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးက စစ်အုပ်စု၏ အာဇာနည်နေ့ အစီအစဉ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားအား ဆွေးနွေး ဆုံးဖြတ် ကြ၏။ ဆုံးဖြတ်ချက်က….

- နဝတ ၏ အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားသို့ ပါတီအဖွဲ့အစည်းတဖွဲ့လျှင် ၁၀ ဦးသာ တတ်ရောက်ခွင့် ပြုမည် ဟူသည့် ကန့်သတ်ချက် အမိန့်သည် မတရားသော အမိန့်အာဏာ ဖြစ်သည့် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လိုက်နာ နိုင်မည် မဟုတ်။ နဝတ မှ ဦးစီးပြုလုပ်မည့် အာဇာနည်နေ့ အခမ်းအနားသို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် တက်ရောက် မည်လည်း မဟုတ်….။

- မိမိတို့အဖွဲ့ချုပ်၏ အစီအစဉ်နှင့် မိမိတို့ ပြည်သူလူထုကြီးနှင့်အတူ လက်တွဲ၍ လွတ်လပ်စွာ ချီတက်၍ အာဇာနည်နေ့ အခမ်းအနားအား အာဇာနည်ကုန်းတွင် ပြုလုပ်မည်…ဟူ၍ ဖြစ်သည်။

ပြီးလျှင် …… အဖွဲ့ချုပ်၏ သဘောထားအား နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်ထံသို့ ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးအနေဖြင့် စာရေးသား၍ ပေးပို့သွားရန် ဆုံးဖြတ်၏။ အစည်းအဝေး ပြီးသည့်နှင့် နဝတ ဥက္ကဋ္ဌထံသို့ ပေးပို့မည့် စာကြမ်းအား ဒေါ်အောင်ဆန်းစုကြည် ရေး၏။


သို့

ဗိုလ်ချုပ်ကြီးစောမောင်
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့။

ရက်စွဲ။ ။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။

အကြောင်းအရာ။ ။ အစိုးရမှ ဦးစီးပြုလုပ်မည့် ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားအား ပေးပို့ခြင်း။

၁။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ဦးစီး၍ ကျင်းပပြုလုပ်မည့် ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ မိမိတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် တက်ရောက်မည် မဟုတ်ကြောင်း ကြိုတင်၍ အသိပေး အပ်ပါသည်။
၂။ မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထုကြီးနှင့်အတူ လက်တွဲ၍ မိမိတို့၏ အစီအစဉ်နှင့် မိမိတို့ ဘာသာ အာဇာနည်ဂူဗိမာန်သို့ ချီတက်၍ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးအနက် ဂါဝရပြုကြမည် ဖြစ် သည်။
၃။ ပြည်သူလူထုကြီးသည် အာဇာနည် ဂူဗိမာန်သို့ ချီတက် အလေးပြု ကြရာတွင် ဆူပူအုံကြွမှု မဖြစ်ရန် မိမိတို့အနေနှင့် အပြည့်အဝ တာဝန်ယူသွားမည် ဖြစ်သည်။
၎။အာဏာပိုင်များအနေနှင့် ချီတက် အလေးပြုကြမည့် ပြည်သူလူထုကြီးအား စစ်သားများ စေလွှတ်၍ နှောင့်ယှက် ခြင်း၊ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ပါရန်လည်း အလေးအနက် အသိပေးအပ် ပါသည်။

ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ …..

ပုံ

အောင်ဆန်းစုကြည်
အထွေထွေ အတွင်းရေးမှူး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်။


(၁ဝဝ)
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၄-၁၅-၁၆-၁၇…. ရက်နေ့များက ဒေါ်အောင်ဆန်းစုကြည်အတွက် နားချိန်ပင် မရှိ ….။ တနေ့ တာအလုပ် Time Table တွင် အစီအစဉ်များက ဆက်၍နေသည်။

ရန်ကုန်တိုင်း အတွင်းရှိ အဖွဲ့ချုပ်မြို့နယ်ရုံးများသို့ သွားရောက်၍ အဖွဲ့ဝင်များနှင့်တွေ့၏။ ပြည်သူလူထုကြီးနှင့် တွေ့၏။ စစ်အစိုးရမှ ကျင်းပမည့် ၄၂ နှစ်မြောက် အာဇာနည်နေ့အစီအစဉ်… ‘ကန့်သတ်မိန့်များ ဖီဆန်ရေး’ တရားဟောရ၏။ အဖွဲ့ချုပ်၏ သီးသန့်အစီအစဉ်အား ဆွေးနွေးရ၏။

အဖွဲ့ဝင်ထုနှင့် ပြည်သူလူထုကြီးက ‘မတရားသည့် အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ရေး’ အလံတော်အောက်၌ ….တတ်တတ်ကြွကြွ၊ ထက်ထက်သန်သန်….။ ကျောက်တံတား….၊ ပန်းပဲတန်း….၊ တာမွေ….၊ စမ်းချောင်း….၊ ဗိုလ်တထောင်။ တရုံးပြီး တရုံးကူး၍ ဟောပြောရသည်။ အင်းစိန်မြို့နယ် အဖွဲ့ချုပ်ရုံး၌ ဒေါ်အောင်ဆန်းစုကြည်က ….. ဗိုလ်ချုပ်ကြီးစောမောင်အား ပြင်းပြင်းထန်ထန်ပင် ဝေဖန်ခဲ့၏။

“ကျမအနေနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားကို မတက် ဘဲ ပြည်သူလူထုနဲ့အတူ အလေးပြုဖို့ စီစဉ်ထားပါတယ်။ နဝတ အနေနဲ့ လက်နက်ကိုင် တပ်များကို ရုပ်ပေးပါ။ မချထား ပါနဲ့။ လက်နက်ကိုင် တပ်များကို ချထားခြင်းအားဖြင့် ဆူပူအောင် လှုံ့ဆော်တယ်လို့ ကျမတို့သတ်မှတ်ရမှာဖြစ်တယ်။ နဝတကို အသိပေးချင်ပါတယ်။ လက်နက်ကိုင် တပ်များနဲ့ ခြိမ်းခြောက်တာ မသင့်တော်ပါဘူး။ ဗိုလ်ချုပ်ကြီးစောမောင် နောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ စိတ်မချမ်းသာစရာ ကိစ္စကတော့ ဒါပါပဲ။ ဗိုလ်ချုပ်ကြီး စောမောင်ဟာ ကျမတို့ကို ခြိမ်းခြောက်ခဲ့တာပဲ။ ပြည်သူလူထုကို ခြိမ်းခြောက်တာပါ။ ငါတို့လက်ထဲမှာ သေနတ်ရှိတယ်၊ သုံးချင်ရင်သုံးနိုင်တဲ့ အနေ အထားနဲ့ ပြောသွားတာပါ။ အင်မတန်မှ ဂုဏ်သိက္ခာ မရှိတဲ့ စကားမျိုး ဖြစ်ပါတယ်။

အခုအချိန်မှာဆိုရင် အန္တရာယ်ဟာ အင်မတန်မှ များပါတယ်။ ကျမတို့က သတိထားရမယ်။ ကြောက်စိတ်ရှိတာ၊ မရှိတာ အရေးမကြီးဘူး။ ကြောက်စိတ် ရှိရှိ၊ မရှိရှိ လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန်နဲ့ ဆက်ပြီး လုပ်သွားရမှာပဲ”
ဟောပြောပွဲများ၊ ဆွေးနွေးပွဲများအား ဇယ်ဆက်သကဲ့သို့ ပြုလုပ်ရင်း….. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်၌ အခြားသော နိုင်ငံရေး ပါတီအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းပြ၏။

“ကျမတို့အနေနဲ့ စစ်အစိုးရရဲ့ ၄၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပါတီအဖွဲ့အစည်း တဖွဲ့ကို ဘယ်လောက်စီ တက်ရောက်ခွင့်ပြုမယ်ဆိုတဲ့ အစီအစဉ်ကို သဘောမတူပါဘူး….။ ဒီအတွက်လည်း စစ်အစိုးရဆီကို NLD မှ တက် ရောက်မယ့် ကိုယ်စားလှယ် အမည်စာရင်းကို မပေးပါဘူး။ ဒါဟာ …. မတရားတဲ့ အမိန့်အာဏာပါပဲ။ မတရားတဲ့ ကန့်သတ်အမိန့်ပါပဲ။ ဒီအတွက် …. တာဝန်အရ ကျမတို့ ဖီဆန်သွားရမှာ ဖြစ်ပါတယ်။ တက်ရောက် လာကြတဲ့ နိုင်ငံရေး ပါတီများအနေနဲ့လည်း စစ်အစိုးရရဲ့ အစီအစဉ်အတိုင်း အာဇာနည်နေ့ အခမ်းအနားကို မတက်ရောက်ဘဲ အာဏာ ဖီဆန် ကြစေလိုပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ မိမိတို့ရဲ့ သီးခြားအစီအစဉ်နဲ့ အာဇာနည်ဂူ ဗိမာန်သို့ ချီတက်ပြီး ပန်းခွေချ၊ အလေးပြုသွားမှာ ဖြစ်ပါတယ်။ အခြားပါတီအဖွဲ့အစည်းများအနေနဲ့လည်း မိမိတို့ အဖွဲ့ချုပ်နဲ့အတူ ပူးပေါင်းပြီး အာဇာနည်နေ့ အခမ်းအနားကို အတူတကွ လက်တွဲပြီး တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်”

ပါတီ၊အဖွဲ့အစည်း အသီးသီးမှလည်း … အဖွဲ့ချုပ်၏ အစီအစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အောက်၌ အတူ လက်တွဲပြီး ၄၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ချီတက်ကြရန် သဘောထား ပေးကြ၏။

အာဏာ ဖီဆန်ရေးတိုက်ပွဲက တစ်ထစ်ပြီး တစ်ထစ် တက်လှမ်းကာ ဒီရေမြင့်၍ လာလေပြီ……။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,30th,2009

( 47 )တာချီလိတ်မှာ စိတ်ကြွဆေးနှင့် လက်နက်များ ဖမ်းဆီးရမိ

( 46 )Chemical laced mortars to be used against ethnic rebels

( 45 )ရန်ကုန်တွင် မိုးသည်းထန် ရေလွှမ်း

( 44 )Mon migrant workers in Malaysia invited to register with the UN

( 43 )မွန်ခေါင်းဆောင်တဦးကို အာဏာပိုင်တို့ သတိပေး

( 42 )အရှေ့တောင်တိုင်းလက်အောက်ခံ တပ်ရင်းအချို့ အား ပေါ်တာဆွဲခွင့်ပြု

( 41 )Large Drug Cache Found in Kokang

( 40 )ထူးခြားသည့် ဟစ်ပ်ဟော့ပ်ပွဲ ကျင်းပမည်

( 39 )နိုင်ငံသားစိစစ်ပြီးသူများကို နိုင်ငံကူးလက်မှတ် ထုတ်ပေး

( 38 )Dhaka, Delhi agree to erect 320 pillars along common border

( 37 )ကိုးကန့်ဒေသတွင် စိတ်ကြွဆေးပြား ၁ သန်းကျော်ဖမ်းမိ

( 36 )အက်ဖ်ဒီအေ၏စစ်ဆေးမှု လုပ်ငန်းရှင်များ စိုးရိမ်

( 35 )When visa's rejected, where to go?

( 34 )မြစ်ကြီးနားမြို့နယ်အတွင်း ရပ်ကွက်အလိုက် ပါတီစည်းရုံးရေးကော်မတီများ ဖွဲ့စည်း

( 33 )Burma-US meeting held in New York

( 32 )U.S. Engagement Must Understand Burma’s Diversity

( 31 )နိုင်ငံတကာ ဒုက္ခသည်အဖွဲ့က အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို ကြိုဆို

( 30 )Boom days over for Wa

( 29 )ထိုင်း-မြန်မာဒုက္ခသည်စခန်းတွင် ကလေးများ A(H1N1) ကူးစက်ခံရ

( 28 )Brokers to provide 800 tons of teak for scorched earth victims

( 27 )ပဲခူးတိုင်းဖက် ပြည်ဖက်တွင် မိုးကြီး၍ ရွားများတွင် ရေလွှမ်း

( 26 )အမေရိကန်၊ မြန်မာ အဆင့်မြင့် အရာရှိများ နယူးယောက်မှာ တွေ့ဆုံဆွေးနွေး

( 25 )Suu Kyi letter backs the end of sanctions on Burmese junta

( 24 )နအဖနှင် တိုက်ရိုက်ဆွေးနွေးမည်ဟု အမေရိကန် အစိုးရ အတည်ပြု

( 23 )ကိုးကန့်တွင် တရုတ်နိုင်ငံ သားများ မောင်းထုတ် ခံနေရမှုအပေါ် တရုတ်အစိုးရ စိုးရိမ်

( 22 )အဖွဲ့ချုပ် တောင်းဆိုချက်များကို ဒီမိုကရေစီ အင်အားစုများ ထောက်ခံ

( 21 )US-Myanmar meet in NY

( 20 )အဖွဲ့ချုပ် သာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ကွယ်လွန်

( 19 )Don't lift Myanmar sanctions

( 18 )စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး နအဖ အစိုးရကို ဒေါ်စုစာတင်

( 17 )Talks and sanctions

( 16 )ဂျက်စတား လေကြောင်းလိုင်း မြန်မာပြည်ကို စတင်ပြေးဆွဲ

( 15 )Sanctions against Burma not working, author says

( 14 )နိုင်ငံတကာ ဒုက္ခသည်အဖွဲ့က အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို ကြိုဆို

( 13 )Restive China border area now stable, says Myanmar

( 12 )အမေရိကန်က စစ်အစိုးရနှင့် ဆက်ဆံကာ ပိတ်ဆို့အရေးယူမှု ဆက်ထားမည်

( 11 )US to commence talks with Myanmar

( 10 )ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းခိုင်းသဖြင့် ရန်ကုန် ဒေသခံများ မကျေနပ်

( 9 )US and Burma plan high-level meetings in New York

( 8 )ဆည်ဖောက်ချ သဖြင့် ရွာသား ၃၅၀ ခန့် အိုးအိမ်များ စွန့်ခွာရ

( 7 )U.S., Myanmar envoys to meet Tuesday

( 6 )ဒေါ်စုလွှတ်ရေး အာဆီယံ ပန်ကြားမယ့် အစီအစဉ် ဖျက်သိမ်း

( 5 )As an American is Tortured in Burma, Where's the Outrage?

( 4 )မြန်မာဝန်ကြီးချုပ် ကုလသမဂ္ဂမှာ ဝိုင်းဆန္ဒပြခံရ

( 3 )U.S. Dep. Sec. of State Urges Burma & North Korea to Open Up

( 2 )U.S., Burma to Meet in New York on Tuesday

( 1 )နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ မစ္စတာဘန်ကီမွန်း မြန်မာဝန်ကြီးချုပ်ကို တိုက်တွန်း

Tuesday, September 29, 2009

Protesters Throw Shoes at Military Regime's Foreign Minister

(VOA Burmese)

၁၈ နှစ်အောက်ကလေးများ စစ်သားအသစ်အဖြင့် စုဆောင်းခြင်းခံရ

IMNA,Tue 29 Sep 2009

အရွယ် မရောက်သော ၁၈ နှစ်အောက် ကလေးငယ်များ မွန်ပြည်နယ် အရှေ့တောင်တိုင်း စစ်ဌာန ချုပ်တွင် စစ်သား အသစ်အဖြစ် စုဆောင်းခြင်း ခံရသည်ဟု စစ်ဌာန ချုပ်နှင့် နီးစပ် သူတို့ထံမှ သိရသည်။

စစ်သားအသစ်အဖြင့် စုဆောင်းခြင်ခံရသော ကလေးများသည် အသက် ၁၄ နှစ်ခန့်ရှိပြီး ၄င်းတို့မှာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်မှ ဖြစ်သည်ဟု ကလေးနှင့် နီးစပ်သူမှ သိရသည်။

“တိုင်းဌာနချုပ်မှာ ကလေးတွေကို ပွဲစားလွှတ်ပြီး ပေးရှာခိုင်းတယ်။ ကလေးတစ်ယောက်ကို ၂ သိန်းပေးပြီး ပွဲစားတွေက ခေါ်လာတယ်၊ ကလေးရဲ့ မိဘတွေက ဆင်းရဲပြီး ပိုက်ဆံမရှိလို့ အခုလိုရောင်းလိုက်တာ၊ ကလေးမိဘတွက ပိုက်ဆံရပြီး မိမိသားလည်း စစ်သားဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ရောင်းလိုက်တာ” ဟု စစ်ဌာနချုပ်မှ တပ်သားတစ်ဦး၏ ပြောပြချက်အရသိရသည်။

ယခုနှစ် ဇန်နဝါရီလမှ စတင်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ပွဲစားနှင့် ကလေးစစ်သား စုဆောင်းခဲ့ပြီး တစ်လလျင် ကလေး ၂ ယောက် ရရှိရန် ညွန်းကြားထားခဲ့သည်ဟု ၄င်းတပ်သားက ပြောသည်။

မော်လမြိုင်မြို့ရှိ မြေနီကုန်း၊ မြိုင်သာယာ ရပ်ကွက်တွင်လည်း အရှေ့တောင်တိုင်း စစ်တပ်မှ လမ်းပေါ်မှ လျေက်သွားနေသည် ကလေး ၁၀ ယောက်ခန့်ကို ခေါ်ယူပြီး စစ်သားအသစ်ဖြင့် စုဆောင်းခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရသိရသည်။

ကလေးများအတွက် ကုလသမဂ္ဂက ဆုံးဖြတ်ချက်အမှတ် ၁၈၈၂ ကို သြဂုတ်လ ၄ ရက်နေ့က ချမှတ်လိုက်သည်။ ၄င် ဆုံးဖြတ်ချက်သည် လက်နက်ကိုင် ပဋိပက္ခမှာရောက်နေသည့် ကလေးတွေကို သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ပြန်ပေးဆွဲခြင်း၊ ကျောင်းတွေ ဆေးရုံတွေကို တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာထေက်ထားမှု နှင့်ပေးသည့် အကူအညီတွေကို တာမြစ်ခြင်းနှင့် ကလေးစစ်သား အသုံးပြုတာက နိုင်ငံတာကဥပဒေတွေကို ချိုးဖောက်တာ ဖြစ်သည့် ဖော်ပြထားသည်။

၎င်းဆုံးဖြတ်ချက်သည် ယခုရှိပြီးသား ကုလသမဂ္ဂ၏ ယခင်ရှိပြီးသား ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ ထက် ပိုပြည်စုံပြီး ထိုဆုံးဖြတ်ချက်ကို လူအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းတွေက ကြိုဆိုကြောင်း ပြင်ပ သတင်းမီဒီယာဌာနတွေမှာ ရေးသားဖော်ပြထားသည်။

ဇူလိုင် ၂၂ ရက်နေ့တွင် ရိုးမ သတင်စာဌာနမှ “မြန်မာသားကောင်းများ ဝမ်းနည်းဖွယ်ရာ ကလေးစစ်သာများ” အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ မြန်မာစစ်အစိုးရ၏ စစ်အင်အားပြည့်မီရေး စီမံချက်ကြောင်း ကလေးငယ်များက ယခုလို စစ်သားအသစ် စုဆောင်းခြင်းခံရသည်ဟု သိရသည်။

မြန်မာစစ်အစိုးရသည် ၂၀၀၈ ခုနှစ်တွင် စစ်အင်အား (၅) သိန်း ပြည့်မီရန် စီမံချက်တစ်ခုချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းစစ်ဌာနချုပ် ၁၃ ခု၊ တပ်မဌာနချုပ် ၁၁ ခု၊ စကခ ၂၁ ခုရှိသည်။ ခြေလျင်၊ ခြေမြန် တပ်ရင်းပေါင်း ၅၀၀ ကျော်မှ တပ်ရင်းတရင်းလျင် တစ်လ ပျမ်းမျ ကလေး အယောက် ၂၀ မှ ၃၀ ဦးအထိ တပ်တွင်းမှ စစ်သားများ ထွက်ပြေးလျက်ရှိကြောင်း ရိုးမ သတင်းဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနှင့် အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်ဆက်ဆံသွားမည်

Agency news / ၂၉ စက်တင်ဘာ ၂၀၀၉

အမေရိကန် အစိုးရက မြန်မာ စစ်အစိုးရ နှင့် တိုက်ရိုက် ဆက် ဆံပြောဆို မှုများ ပြုလုပ် သွားမည်ဖြစ် သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့ တားမြစ်မှုကို ဆက်လက် ထားရှိမည်ဟု အမေရိကန် အစိုးရက တရားဝင် ထုတ်ဖော် ပြောကြား လိုက်သည်။

အမေရိကန် အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်ဘဲလ်က မြန်မာ နိုင်ငံနှင့် ပတ်သက်သည့် ပေါ်လစီ သစ်တရပ်ကို ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

မြန်မာ စစ်အစိုးရ အာဏာပိုင် များနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံ မှုများ စတင်ပြု လုပ်ရန် ရည်ရွယ် ကြောင်းလည်း မစ္စတာ ကမ်ဘဲလ်က သတင်းထောက် များကို ပြောကြား ခဲ့သည်။

“ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးလမ်းကြောင်း ချမှတ်သွားဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက် စတင်ပြောဆိုဆွေးနွေးဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားပြီး ပိတ်ဆို့တားမြစ်မှုများကိုမူ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများ တိုးတက်ကောင်းမွန်မှု မရှိမချင်း ဆက်လက်ထားရှိသွားမည်ဟု မစ္စတာ ကမ်ဘဲလ်က ပြောဆိုသည်။

၎င်းက “အခုအချိန်မှာ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းပေးလိုက်ရင် မှားယွင်းတဲ့လက္ခဏာအသွင် ဆောင်သွားပါလိမ့်မယ်။ အမေရိကန်အစိုးရရဲ့ အဓိက စိုးရိမ်ပူပန်မှုတွေအပေါ် မြန်မာအာဏာပိုင်တွေက အရေးတယူဆောင်ရွက်ပေးမှသာ ပိတ်ဆို့တားမြစ်မှုတွေကို ရုပ်သိမ်းပေးဖို့ ကျနော်တို့ ဆွေးနွေးနိုင်လိမ့်မယ်လို့ မြန်မာအစိုးရကို ပြောရမှာပါ” ဟု ရှင်းလင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် (၇) လခန့်မှစ၍ အမေရိကန်သမ္မတ အိုဘားမားအစိုးရက မြန်မာစစ်အစိုးရအပေါ် ချမှတ်ခဲ့သည့် အထီးကျန်ထားရေး ပေါ်လစီနှင့် ချဉ်းကပ်ဆက်ဆံသည့် ပေါ်လစီ (၂) ခုစလုံးကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် ပေါ်လစီသစ်တရပ်ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပိတ်ဆို့တားမြစ်မှုတခုတည်းဖြင့် မြန်မာပြည်သူလူထု မျှော်လင့်တောင့်တနေသည့် ရလဒ်များကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မစ္စတာကမ်ဘဲလ်၏ ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား လွှတ်ပေးရေး၊ လူ့အခွင့်အရေးများ လေးစားလိုက်နာရေး၊ လက်နက်ကိုင် တိုင်းရင်းသား လူမျိုးစုများနှင့် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ အတိုက်အခံပါတီနှင့် တိုင်းရင်းသားပါတီတို့မှ ခေါင်းဆောင်များနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်သွားရန်အတွက်လည်း မြန်မာစစ်အစိုးရအား ဖိအားပေးသွားမည်ဟု သိရှိရသည်။

သက္ကရာဇ် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးအတွက် အမေရိကန် အစိုးရက ဆက်လက်ဖိအားပေးသွားမည်ဟု မစ္စတာကမ်ဘဲလ်က ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆက်ဆံရေးအရာရှိတဦး ခန့်အပ်ရန်အစီအစဉ်ရှိကြောင်းလည်း အမေရိကန် လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာကမ်ဘဲလ်က ပြောကြားခဲ့သည်။

“ဝ” ဒေသတွင် စစ်ရေးပြင်ဆင်မှုများ ထပ်မံတိုးမြှင့်

သန်းထိုက်ဦး Tuesday, 29 September 2009

တရုတ် - မြန်မာ နယ်စပ် တလျှောက်ရှိ “၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့များ ထိန်းချုပ် ထားသည့် ဒေသ တွင် မြန်မာ စစ်အစိုးရ တပ်များက စစ်ရေး ပြင်ဆင်မှုများ ထပ်မံတိုး မြှင့်ထားကြောင်း သိရှိရသည်။

အဆိုပါ စစ်အစိုးရတပ်များက မိုင်းလား နှင့် ပန်ဆန်း ဒေသများရှိ UWSAအဖွဲ့များ၏ လှုပ်ရှားမှုနယ်မြေနှင့် မျက်နှာချင်းဆိုင်ရှိသော ဒေသတ၀ိုက်အတွင်း တပ်ရင်း ၅၀ ခန့်ကို ထပ်မံတိုးမြှင့်ထားခြင်းဖြစ်သည်။

SSA -S မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက“ကိုးကန့် ကိစ္စပြီးသွားတဲ့နောက်ပိုင်း နအဖ တပ်တွေက တပ်အင် အား ရုပ်သိမ်းထားတာတွေ မရှိဘူး၊ မရုပ်သိမ်းတဲ့အပြင် တပ်အင်အားတွေ ဖြည့်ထားတယ်လို့သိရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဝ တပ်ဖွဲ့မှ အရာရှိများ၏ ပြောဆိုချက်အရ တပ်ရင်း ၅၀ ခန့်ကို တိုးချဲ့ထားပြီး ယင်း ဒေသအတွင်း တြိဂံတိုင်း စစ်ဌာနချုပ်မှ တပ်မများ အပါဝင် တပ်မ ၃၃ နှင့် တပ်မ ၇၇ တို့ပါဝင်ကြောင်းလည်း စိုင်းလောင်ဆိုင်း ကဆိုသည်။

ကိုးကန့်ဒေသတွင်လည်း ယခင်က စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲ ထားသော်လည်း ယခုအခါ လောက် ကိုင်မြို့ တောင်ဘက် နှင့် မြောက်ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္နီ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ် ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်ရင်းများရှိနေသေးကြောင်း သိရသည်။

ထို့အပြင် မိတ္ထီလာ အခြေစိုက် ခြေလျင် တပ်မ ၉၉ ကိုလည်း တပ်လှန့်ထားကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ စစ်တပ်များကိုလည်း အသင့် အနေအထား ပြင်ဆင် ထားရန် အမိန့်ပေးထားကြောင်း စစ် တပ်နှင့် နီးစပ်သော အသိုင်း အ၀န်းက ဆိုသည်။

ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်( NDD )မှ စစ်ရေးလေ့လာသူ ဦးဌေးအောင်ကမူ စစ်အစိုးရက အပစ်အခတ်ရပ်စဲထားသော တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေးအတွက် နောက်ဆုံး အဖြေ ပေးရန်ယခုကဲ့သို့ ဖိအားပေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“စစ်အစိုးရ ကမ်းလှမ်းချက်ကို လက်ခံ လက်မခံဆိုတာ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အားလုံးကအဖြေပေး ရမယ်၊ အဖြေပေးရမယ့်ရက်ကလည်း နီးနေပြီဆိုတော့ အဲဒီအပေါ်မှာ နအဖက စစ်ရေးပြင်ဆင်တာတွေ စစ်ရေး ခြိမ်းခြောက်တာတွေလုပ်လာတယ်လို့ထင်တယ်”ဟု ဦးဌေးအောင်ကပြောသည်။

စစ်အစိုးရက အပစ်အခတ်ရပ်စဲထားသော တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေး အတွက် အဖြေပေးရန် ၆ လခန့် အချိန်ပေးထားရာ လာမည့် အောက်တိုဘာလအတွင်း နောက်ဆုံးဖြစ်သည်။

“ဝ” နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေးယူ ခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အလားတူ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဘုရားသုံးဆူ ဒေသတွင် စစ်အစိုးရက လက်နက်ကြီးတပ်ခွဲ တခွဲကို ထပ်မံချထားသည်။

၎င်းအပြင် ပြည်တွင်းဒုက္ခ သည်စခန်း တခုဖြစ်သော ခလော့ ခနီ ရွာအနီးတွင် ရဲစခန်းတခုဖွင့်လှစ်ရန် မွန်ပြည်သစ်ပါတီအား စစ်အစိုးရက တောင်းဆိုထားကြောင်း မွန်ပြည်သစ်ပါတီ နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

၂၀၁၀ ပြည့်နှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရက အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့် တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရန်အတွက် စစ်ရေးအရလည်းကောင်း၊ စစ်အစိုးရ သတင်းစာများတွင် ရေးသားခြင်းဖြင့် လည်းကောင်း ဖိအားများပေးလာရာ အပစ်ရပ်အဖွဲ့များအနေဖြင့် တခြားရွေးချယ်စရာလမ်း မရှိတော့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

စွမ်းအားရှင်များ တုတ်ရိုက် လေ့ကျင့်

မျိုးကြီး

ရွှေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်တွင် ယခု တလော ညပိုင်းတွင် လျှပ်စစ်မီး အမှောင်ချကာ လမ်းများပေါ်တွင် စွမ်းအားရှင်များ တုတ်ရိုက်နည်း လေ့ကျင့် နေကြောင်း သံဃာ တပါးက မိန့်ဆိုသည်။

“တုတ်တွေနဲ့ပေါ့။ ညဘက်ကို မီးအမှောင် ချပြီးမှပေါ့။ ရိုက်ပုံ ရိုက်နည်း၊ လုပ်ပုံ လုပ်နည်း၊ ကိုင်ပုံ ကိုင်နည်းတွေ လေ့ကျင့် နေတယ်။ ညဘက်ကို မီးတွေ ပျက်ပျက်နေတာ စွမ်းအားရှင် အဖွဲ့တွေက မီးတွေ အမှောင်ချပြီး လေ့ကျင့် နေတာ။ မြို့ထဲ တင်ပေါ့။ အဲလို ဖြစ်နေတာ'' ဟု ကြည့်မြင်တိုင် မြို့နယ် ဘုန်းကြီးကျောင်း တကျောင်းမှ ဦးဇင်းက မိန့်သည်။

အဆိုပါ စစ်အစိုးရမှ ကျောထောက် နောက်ခံပြု၍ ဖွဲ့စည်း ပေးထားသည့် စွမ်းအားရှင် အဖွဲ့မှ အဖွဲ့ဝင်တဦးကို တရက် လျှင် ကျပ် ၃၀၀၀ ပေး၍ ခေါ်ယူ လေ့ကျင့် ခိုင်းကြောင်းနှင့် သံဃာ့ လှုပ်ရှားမှုများ ပေါ်ပေါက် ခဲ့သည်ရှိသော် တရက် လျှင် ကျပ် ၅၀၀၀ အထိ ပေးမည်ဟု ဒေသ အာဏာပိုင်များက ပြောဆိုထားကြောင်း ဦးဇင်းက ဆက်လက် မိန့်ဆို သည်။

ထို့အပြင် ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်မြောက် နှစ်ပတ်လည် ကာလတွင် ရန်ကုန်ရှိ ဘုန်းကြီးကျောင်း များအား အာဏာပိုင်များက စောင့်ကြည့် နေကြောင်းနှင့် လုံခြုံရေးများ လှည့်လည် နေကြောင်း သိရသည်။

“ညတိုင်ကျရင် ဆိုင်ကယ် ၅ စီး၊ ၆ စီး ပတ်လှည့် နေတာ။ လမ်းထောင့် လမ်းထောင့်တွေမှာ အစောင့်အကြပ်တွေ ရှိတာပေါ့။ ရွှေတိဂုံဘုရား မှာတော့ လာစောင့်နေတယ်” ဟု ဦးဇင်းက ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ အတွင်းက သံဃာတော်များ ဦးဆောင်သည့် မေတ္တာပို့ စီတန်း လမ်းလျှောက်သည့် ဆန္ဒပြပွဲများ ရန်ကုန်နှင့် မြို့ကြီးတချို့တွင် ပေါ်ပေါက်ခဲ့ရာ အာဏာပိုင်များ ပစ်ခတ် ဖြိုခွဲမှုများ ပြုလုပ်ခဲ့သည်။ ထိုနှစ် စက်တင်ဘာလ ၂၆-၂၇ ရက်နေ့များတွင် ပစ်ခတ် နှိမ်နင်းရာ သံဃာနှင့် ပြည်သူ ၃၀ ခန့် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောဆိုပြီး၊ ဒီမိုကရေစီရေး လှုပ်ရှားသူများကမူ ဦးရေ ၂၀၀ ခန့် ရှိသည်ဟု ဆိုခဲ့သည်။

ထိုသို့သော သံဃာတော်များ အပေါ် ကျူးလွန်ခဲ့သည့် လုပ်ရပ်များနှင့် ဆက်လက်၍ ဖမ်းဆီး အကျဉ်းချထားမှုများ ရှိခဲ့သဖြင့် ပြည်တွင်း ပြည်ပရှိ သံဃာ့ အဖွဲ့အစည်းကြီးများက စစ်အစိုးရ အနေဖြင့် ဝန်ချ တောင်းပန်ရန်နှင့် ဖမ်းဆီး ထားသော သံဃာတော်များအား ပြန်လွှတ်ပေးရန် တောင်းဆို နေကြပြီး၊ မလိုက်လျောပါက ဆန္ဒပြပွဲများ နောက်ထပ် တကြိမ် ပြုလုပ်သွားမည်ဟု ကြေညာချက်များ မကြာသေးခင် လပိုင်းအတွင်း က ထုတ်ပြန် ထားသည်။

ရဲမှူးကြီးဝင်းနိုင် အချုပ်ခံထားရာမှ ထွက်ပြေးလွတ်မြောက်

ပေါက်ပေါက် / ၂၉ စက်တင်ဘာ ၂၀၀၉

အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှု စသည့် စွဲချက် များဖြင့် သြဂုတ်လ အတွင်း ရာထူးဖြုတ် ချခံရကာ ဖမ်းဆီး ခံထားရ သည့် ယခင် ရန်ကုန်တိုင်း၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင် သည် ပြီးခဲ့သည့် အပတ်အတွင်း ထွက်ပြေး လွတ်မြောက် သွားသည်။


ရဲမှူးကြီး ဝင်းနိုင်အား ဖမ်းဆီးစစ်ဆေး နေစဉ်အတွင်း ရဲတပ်ဖွဲ့ အတွင်း မမှန်မကန်လုပ်ရပ် များအား သက်သေထွက် ဆိုခဲ့သဖြင့် နေပြည် တော်တွင် အကျယ်ချုပ်ဖြင့် ဆက်လက်ချုပ်ထား ရာမှ ထွက်ပြေး ခဲ့ခြင်းဖြစ် သည်ဟု နေပြည်တော်ရှိ ရဲသတင်း တပ်ဖွဲ့နှင့် နီးစပ်သူ တဦး က ပြောသည်။

၎င်းက “သူက ဖော်ကောင် လုပ်ခဲ့တာ။ ဒါနဲ့ သူ့ကို အကျယ်ချုပ်လို ချုပ်ထားတုန်း ထွက်ပြေး သွားတာ။ သူပြေးတာက ပြီးခဲ့တဲ့အပတ် ကြာသပတေး နေ့ကလို့ သိရတယ်။ သူက ဖော်လိုက်တော့ ရဲမှူးတွေ အတော်များများ အစစ်ဆေးခံရ၊ အဖမ်းခံ ရတာတွေ ဖြစ်နေတယ်။ ရဲချုပ် ခင်ရီ ကိုလည်း ဖမ်းထားတယ်။ အခု ရဲအပေါ်ပိုင်းမှာ အတော်လေး ရှုပ်နေကုန်ပြီ” ဟု ပြောသည်။

ရဲမှူးကြီး ဝင်းနိုင်သည် ရှမ်းပြည် မြောက်ပိုင်း ပြည်နယ် ရဲမှူးအဖြစ် လားရှိုးတွင် မကြာ သေးမီနှစ်ပိုင်း များက တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ရှိ စီးပွားရေး သမားများနှင့် ရင်းနှီးဆက်စပ် မူများလည်းရှိ၍ ၎င်းတို့၏ အကူအညီဖြင့် တရုတ်ပြည် ဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားခြင်း ဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

၎င်းက “၂ဝဝ၅-၂ဝဝ၆-၂ဝဝ၇ လောက်ကထင်တယ်။ လားရှိုးမှာ သူ တာဝန်ကျ သွားသေးတယ်။ ဆိုတော့ အဲဒီ ကတည်းက တရုတ် နယ်စပ်က မှောင်ခိုလုပ် နေတဲ့ စီးပွားရေး သမားတွေနဲ့ ဆက်စပ်ပတ်သက် နေတာတွေ အများကြီး ရှိခဲ့တယ်။ အဲဒါ ကြောင့်လည်း တရုတ် ဘက်ကို ထွက်ပြေး လို့ရနိုင်တာ။ နယ်စပ်နဲ့ နီးတဲ့ ကျယ်ဂေါင်၊ ရွှေလီလို နေရာ တွေတော့ ဘယ်နေရဲမလဲ။ မံစီတို့၊ ရင်ကျန်းတို့လို နည်း နည်း အတွင်းကျတဲ့ နေရာ တွေကို ပြေးမှာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ် တဦး အင်္ဂါနှင့် အညီ ပို့ဆောင် နုတ်ဆက် မခံရ

Narinjara News


မင်းဆက်ခိုင်(နိရဉ္စရာ) အမေရိကန် နိုင်ငံတွင် ကျင်းပမည့် (၆၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် ထွက် ခွာသွားခဲ့သည့် ၀န်ကြီးချုပ် သိန်းစိန်အား နအဖ ထိပ်ပိုင်း စစ် အာဏာပိုင် များက လိုက်လံ ပို့ဆောင် နုတ်ဆက် ရာတွင် နိုင်ငံ တော် ၀န်ကြီး ချုပ် တဦး၏ အင်္ဂါရပ်နှင့် အညီ ပို့ဆောင် နုတ်ဆက်ခြင်း မခံခဲ့ရဟု သတင်းရရှိသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် မျက်နာဖုံး စာမျက်နှာ၌ ဝန်ကြီးချုပ် သိန်းစိန်အား နအဖ စစ်အာဏာရှင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှ စက်တင်္ဘာလ ၂၆ ရက်နေ့က နေပြည်တော် လေဆိပ်တွင် အခြံအရံနှင့် လိုက်ပါ ပို့ဆောင်စဉ် ၀န်ကြီးချုပ်သိန်းစိန်မှာ ပို့ဆောင် နုတ်ဆက်သူများ၏ ဘေးသို့ ရောက်ရှိနေသဖြင့် ၀န်ကြီးချုပ်သိန်းစိန်မှာ ၀န်ကြီး တဦး၏ ဂုဏ်အင်္ဂါရပ်နှင့် အညီ လိုက်ပါ ပို့ဆောင်ခြင်း မခံရဟု သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၀န်ကြီးချုပ် သိန်းစိန်၏ ခရီးစဉ်အား လိုက်ပါပို့ဆောင်သော ဓါတ်ပုံအား ကြေးမုံသတင်းစာတွင် စက်တင်္ဘာလ ၂၇ ရက်နေ့က ဖေါ်ပြပါရှိသည်ကို တွေ့ရှိပြီးနောက် ၀န်ကြီးချုပ်သိန်းစိန်၏ အနေအထားနှင့် သူ၏ ၀န်ကြီးချုပ် တာဝန် အပေါ် လူများက မေးခွန်းထုတ်လာခဲ့ကြသည်ဟု အမည်မဖေါ်လိုသူ လုပ်ငန်းရှင် တဦးက ယခုကဲ့သို့ ပြောသည်။

“ မြန်မာနိုင်ငံ ၀န်ကြီးချုပ်တဦးရဲ့ ကုလသမဂ္ဂ ခရီးစဉ်အတွင်း ကြိုဆို လိုက်လံ ပို့ဆောင်တဲ့ နေရာမှာ ၀န်ကြီးချုပ် တဦးရဲ့ ဂုဏ်အင်္ဂါနှင့် အညီ ပို့ဆောင်မခံရဘဲ ပို့ဆောင်သူတွေရဲ့ဘေးက တပည့်တပန်း တဦးလို လိုက်ပါနေတာကို မြင်ရတော့ ၀န်ကြီးချုပ်သိန်းစိန်ဆိုတာ ဘာမှ ပါဝါ အာဏာမရှိတဲ့ ၀န်ကြီးချုပ်ကြီးပါလား ဆိုပီး လူတွေက သဘော ပေါက်သွားကြတာပါဘဲ။”

တချို့လူများက ကြေးမုံသတင်းစာတွင် ဖေါ်ပြသော ဓါတ်ပုံကို ကြည့်ပြီး ၀န်ကြီးချုပ် သိန်းစိန်သည် တချိန် တခါက အာဏာပါဝါ အစွမ်းထက်ခဲ့သော ဝန်ကြီးချုပ်ဟောင်း ခင်ညွှန့်ကဲ့သို့ ဘေးဖယ်ခံရမည့် အတိတ် နမိတ် အဖြစ် တချို့လူများက ပြောဆိုနေကြသည်ဟုလည်း သိရှိရသည်။

“ဝန်ကြီးချုပ် တယောက်အနေနဲ့ကတော့ဗျာ ခုလို ပို့ဆောင် နုတ်ဆက်တဲ့ နေရာမှာ ရှေ့ဆုံးနေရာက မဟုတ်ရင်တောင် အလယ်က နောက်နေရာလောက်မှာတော့ ပါသင့်တာပေါ့၊ အခုက ထီးမိုး မခံရတဲ့ အပြင် ဘေးကိုပါ ရောက်နေတော့ ဓါတ်ပုံကို ကြည့်ပီး လူတွေက ဝန်ကြီးချုပ် သိန်းစိန်ရဲ့ အနေအထားကို သဘောပေါက်သွားကြတာ ဖြစ်ပါတယ်။ သူဟာ နအဖထဲမှာ ဘာမှ အာဏာပါဝါ အစွမ်းအစ မရှိတဲ့ လူဆိုပီးတော့ ကြေးမုံ သတင်းစာက ပြည်သူတွေသိအောင် ထုတ်ဖေါ် ပြသလိုက်တာပေါ့ဗျာ” ဟု စစ်တွေမြို့ခံ နောက်တဦးကလည်း (ရယ်လျက်) ပြောဆို သွားခဲ့သည်။

သျှမ်းပြည်အရှေ့ပိုင်း စွမ်းအားရှင်အား စစ်ရေးလေ့ကျင့်ပေးနေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း စွမ်းအားရှင်အဖွဲ့များအား စစ်ရေးလေ့ကျင့်ပေးနေသည့်အပြင် မိုင်းဆတ်၊ မိုင်းတုံမြို့မှ လား ဟူပြည်သူ့စစ် အရာရှိ ၃၀ ခန့်လည်း ပျဉ်းမနား နေပြည်တော်သို့ ပို့ဆောင် သင်တန်းပေးနေကြောင်း နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။


မိုင်းခတ်အခြေစိုက် ဗျူဟာမှူးဗိုလ်မှူးကြီးနေလင်း၏ညွန်ကြားချက်ဖြင့် ယခုလ ၂၃ ရက်မှစ၍ မိုင်းယန်းမြို့ စွမ်းအားရှင်များအား သေနတ်ြုဖတ်နည်း၊ တပ်ဆင်နည်းမှအစ ပစ်နည်းခတ်နည်းများ လေ့ကျင့်ပေးနေသည်ဟု တာချီလိတ်ရောက် မိုင်းယန်းဒေသခံတစ်ဦးကပြောပြ၏။

“ မိုင်းယန်းမှာ စွမ်းအားရှင်တွေကိုစစ်ရေးလေ့ကျင့်ပေးနေတာ အခုတစ်ခေါက်ဆို ၂ ကြိမ်မြောက်။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က လေ့ကျင့်ပေးတာ စွမ်းအားရှင်အင်အား ၅၀ ကျော်ရှိတယ်။ အခုတခေါက် ၄၀ ကျော်ရှိတယ်၊ ၂ သုတ်ပေါင်း ၉၀ ကျော်ရှိပြီ။ သူတို့ခေါင်းဆောင်က ရဲထွက်၊ ဒုရဲအုပ်စံသိန်းတဲ့ အသက် ၅၀ ကျော်ပြီ။ မိုင်းယန်း ဈေးတန်းရပ်ကွက်မှာနေတယ် ” - ဟုဆို၏။

စစ်ရေးလေ့ကျင့်ပေးသည့်ကာလမှာ တစ်သုတ် ၁၀ ရက်၊ ဆင့်ခေါ်ခံရပြီး မသွားလိုပါက လူစားငှါးပေးရကြောင်း၊ တရက်လျှင် တရုတ်ငွေ ယွမ် ၂၅- ၃၅ အထိ ပေးရကြောင်း - ၎င်းင်းကဆက်ပြောပြ၏။

“စစ်ရေးသွားလေ့ကျင့်ရတဲ့စွမ်းအားရှင်တွေ ဗမာစစ်တပ်က တပ်ထွက်တွေအများဆုံးဘဲ။ နောက် ပလောင်၊ လားဟူ၊ သျှမ်း လဲပါတယ်။ အများအားဖြင့် ဆေးစွဲသူတွေ၊ ဆေးဖြတ်နေတဲ့ပိန်ညောင်ရိုးခြောက်တွေလဲပါတယ်” ဟု ကားသမား တစ်ဦးကလဲပြောပြ၏။

ထို့အပြင် မိုင်းတုံ မိုင်းဆတ်မှ လားဟူပြည်သူ့စစ် အရာရှိ အယောက် ၂၀-၃၀ ခန့်ကိုလဲ နေပြည်တော်သို့ စစ်သင်တန်း သွားတက်ရန်စစ်အာဏာပိုင်များစေလွှတ်ခဲ့သေးသည်ဟု မိုင်းဆတ်မှ စစ်တပ်ချောကား စတဲန်းပိုင်သွားစောင့် ပေးရသည့် ကားဆရာတစ်ဦးကပြောပြ၏။

“ကြပ်ပြေး မှာ ၂ လ ၃ လ လောက်ကြာမယ်တဲ့။ ပြည်သူ့စစ်တွေက အနဲဆုံး ၁၀ တန်းအောင်တွေချည်းဘဲ။ ဗမာစစ်တပ် က လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို တိုက်ရင် ဒီပြည်သူ့စစ်တွေကို ထုတ်သုံးမှာ သေချာ တယ်လို့ဒေသခံတွေ ပြောနေကြတယ်” - ဟု ဆို၏။

သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ မိုးနဲ၊ လင်းခေးတို့တွင်လည်း မီးသတ်အဖွဲ့အား အစိုးရစစ်တပ်က စစ်ရေးလေ့ကျင့်ပေးနေကြောင်း၊ များသောအားဖြင့် သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ ၌ဖြစ်ကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်လည်း ဆိုပါသည်။

နအဖတပ်ဖွဲ့ဝင်အထင်အမြင်လွဲမှားပစ်ခတ်မှုကြောင့် မဲဇလီရွာရယကအဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်နေ

Kaowao

တိုက်ပွဲများမကြာခဏဖြစ်ပွားနေတတ်သော ကရင်ပြည်နယ်၊ ဘုရားသုံးဆူ- အနန်းကွင်းရွာအကြား၌ မဲဇလီရွာရယကအဖွဲ့ဝင် ဦးကျော်လှ ဆိုသူကို ယနေ့နံနက်စောစော ၂ နာရီခန့်တွင် နအဖစစ်သားတစ်ဦး အထင်အမြင်လွဲ မှားယွင်းပစ်ခတ်မှုကြောင့် သေနတ်ဒဏ် ရာပြင်း ထန်စွာဖြင့် ထိုင်းနိုင်ငံဆေးရုံတစ်နေရာသို့ ဆေးကုသရောက်ရှိလာကြောင်း လိုက်ပါလာသူဆွေမျိုးများ ပြောပြချက်အရ သိရသည်။


ဦးကျော်လှ၏ အသက်စိုးရိမ်ဖွယ်အခြေအနေရောက်ရှိနေပြီး ယောက်ျားအင်္ဂါဇတ်၊ ပေါင်တံအရိုးနှင့် ခြေထောက်တွင်တစ်ချက်စီ စုစုပေါင်း ၃ ချက်တိတိ ဒဏ်ရာထိမှန်ခဲ့၍ အပလုံရွာ၊ ကျန်းမာရေးမှူးအကူအညီဖြင့် ဘုရားသုံးဆူမြို့ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

ဘုရားသုံးဆူမြို့ပေါ်ရှိ မြန်မာဆေးရုံမှာ ဦးကျော်လှ၏ ဒဏ်ရာသွေးလွန်နေ၍ မကုသနိုင်ဟု ဆုံးဖြတ်သဖြင့် ထိုင်းနိုင်ငံ၊ကန်ချနပူရီခရိုင် ဆေးရုံတစ်ရုံ၌ ဆက်လက်တက်ရောက် ခွဲစိတ်ကုသခံနေရသည်။ စိတ်ချရသည့်အခြေအနေ မရောက်ရှိသေးပေ။

ဦးကျော်လှနှင့်အတူ လိုက်ပါလာသူများပြောပြချက်အရ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ပုံမှာ မဲဇလီရွာသို့ ရောက်ရှိလာသော ခမရ ၃၅၆ စစ်ကြောင်းအင်အား ၂၀ ခန့်သည် ရွာဥက္ကဌဦးကျော်ဦး နေအိမ်တွင် စခန်းချနေပြီး KNU ပြောက်ကျားများကို စိတ်မချရသည့်အတွက် ရယကအဖွဲ့ဝင် ဦးကျော်လှအား မဖြစ်မနေအကူလာရောက် အိပ်စောင့်ပေးရန် နအဖစစ်ကြောင်းအရာရှိက ဆင့်ခေါ်ခဲ့သည်။

ညနေပိုင်းမှစ၍ ခြေတံရှေအိမ်အောက်တွင် ဦးကျော်လှ ကုလားထိုင်တစ်လုံးနှင့် အိပ်စောင့်ပေးနေစဉ် နံနက် ၂ နာရီခန့်၌ မိုးစက်များ ကျလာသည့်အတွက် နေရာအနည်းငယ်ရွေ့လိုက်ရာမှ အနီးရှိကင်းစောင့်ရဲဘော်က မည်သို့မျှမမေးမမြန်းတော့ဘဲ သေနတ်ဖြင့် တရစပ်ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။

တစ်ခဏအတွင်း ဖြစ်ရပ်မှန်ကိုသိနားလည်လာကြပြီး နအဖစစ်ကြောင်းမှအရာရှိက အသက်မပျောက်၊ ဒဏ်ရာရရှိ ငိုမြည်းနေသူ ဦးကျာ်လှကို ရွာသားများအကူအညီဖြင့် အပလုံရွာသို့ထမ်းပို့စေသည်။ ထိုမှတဆင့် ပဲချိပ်လှေဖြင့် ချောင်းဆုံလှေဂိတ်သို့၎င်း၊ ချောင်းဆုံလှေဂိတ်မှတဆင့် မော်တော်ကားဖြင့် ဘုရားသုံးဆူမြို့ ဆေးရုံသို့ နံနက် ၈ နာရီခန့်၌ ရောက်ရှိလာသည်။

ဤဒေသရောက် နအဖတပ်ဖွဲ့တို့သည် ဒေသခံကရင်ရွာလူကြီးများအား KNU သတင်းပေးအဖြစ် မှတ်ယူထားကြကာ မသင်္ကာရသူများဟု မှတ်ယူထားကြပြီး ၄င်းတို့နအဖတပ်ဖွဲ့များ ရွာကိုရောက်ရှိလာလျှင် ရွာလူကြီးများကို ဒိုင်းသဖွယ်အစောင့်ထားရှိစေကာ KNU တို့ရန်မှ ကာကွယ်ထားရှိသည့် နည်းကိုကျင့်သုံးနေကြသည်ဟု သိရသည်။
ယခုပစ်ခတ်မှုဖြစ်ပွားခဲ့ရသည်မှာ ဦးကျော်လှ နေရာအနည်းငယ်ရွေ့လိုက်သည်ကို မယုံသင်္ကာဖြစ်မိပြီး နေရာမှရွေ့လျှင်ပစ်ခတ်နိုင်သည့် အမိန့်ကို သက်ဆိုင်ရာအရာရှိက အဆိုပါကင်းတာဝန်ကျရဲဘော်အား ကြိုတင်ခွင့်ပြုအမိန့် ပေးထားခဲ့သည်ဟု လေ့လာသူများသုံးသပ်နေကြသည်။

အဆိုပါ ခမရ ၃၅၆စစ်ကြောင်းစစ်ကြောင်းသည် ဘုရားသုံးဆူမြို့မှ အနန်းကွင်းရွာဖက်သို့အပြန် မဲဇလီရွာအနီး၌ ယခုလ ၂၄ ရက်နေ့တွင် KNU မှခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာတပ်ကြပ်တစ်ဦး ပေါင်တွင်သေနတ်မှန် ဒဏ်ရာရရှိခဲ့သည်ကို ရွာသားများမြင်တွေ့ခဲ့ရသည်ဟုဆိုပါသည်။

အဆိုပါ ခမရ ၃၅၆ စစ်ကြောင်းသည် ဘုရားသုံးဆူဒေသတစ်ဝိုက်သို့ လာရောက်စဉ် တစ်လမပြည့်မီကာလ အတောအတွင်း KNU ၏ ရှေ့ထွက်မိုင်းဒဏ်နှင့် ပြောက်ကျားချုံခိုပစ်ခတ်မှုများကြောင့် ကျဆုံးမှုအရေအတွက် အများဆုံးစစ်ကြောင်းဖြစ်ပြီး တပ်ဖွဲ့ဝင်အများအပြားလည်း သွေးလန့်နေကြသည်ဟု အကဲခတ်များက ပြောဆိုနေသည်။

ထမင်းစားတိုင်း သတိရတယ်

ကျော်ခ

မဇ္ဈိမ (ချင်းမိုင်)။ ။ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှ ယခုလ ၁၇ ရက်နေ့တွင် ပြန်လွတ်လာသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တဦးက ထမင်းစားတိုင်း ထောင်တွင်း၌ ကျန်ရစ်ခဲ့သော လုပ်ဖော်ကိုင်ဘက်များကို သတိရနေ သည် ဟု ဆိုသည်။

လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် မကွေးတိုင်း ပခုက္ကူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) မြို့နယ်စည်း ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်အေးက မဇ္ဈိမကို ထိုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

သူသည် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲနှင့် သံဃာတော်များ မေတ္တာပို့ ဆုတောင်းပွဲတွင် ပါဝင်ခဲ့ပြီးနောက် ထိုနှစ် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခံခဲ့ရကာ၊ ဆူပူမှုဖြစ်စေရန် စည်းရုံးလှုံ့ဆော် သည်ဟုဆိုပြီး အာဏာပိုင်များက ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ်ချခဲ့သည်။

လွတ်ရက် စေ့ရန် ၆ လခွဲခန့် အကြာတွင် ယခုလို လွတ်မြောက်လာခြင်း ဖြစ်သည်။

သူ ဖမ်းဆီး ခြင်းခံရသည့် အခြေအနေများနှင့် ထောင်တွင်း အတွေ့အကြုံများကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထား ပါသည်။


အန်ကယ်ရဲ့ ပါတီ တာဝန်တွေကို သိပါရစေခင်ဗျား။

ဟုတ်ကဲ့။ ကျနော်က ပခုက္ကူ အန်အယ်ဒီ မြို့နယ်စည်း ဥက္ကဋ္ဌပါ။ နောက်ပြီး ပခုက္ကူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ပါ။ ၁၉၉၀ ခုနှစ်မှာ ဖြစ်တာပါ။

အန်ကယ်က ကလေးထောင်ကနေ ဘယ်နေ့က လွတ်လာတာလဲခင်ဗျား။ လွတ်မယ် ဆိုတာကိုရော ဘယ်လိုမျိုး စသိလဲ။

လွတ်မယ့်နေ့ ၁၇ ရက်နေ့ ညနေ ၃ နာရီလောက်မှ သိရတာဗျ။ ၁၇ ရက်နေ့ ညနေလွတ်တယ်။ အဲဒီနေ့ ညနေက ကလေးမှာပဲ အိပ်လိုက်တယ်။ ကလေးနဲ့ ပခုက္ကူကလည်း မိုင်၂၀၀ကျော် ဝေးတာကိုး။ ၁၉ ရက်နေ့မှ အိမ်ပြန် ရောက်တယ်။

အန်ကယ်ကို ဘယ်လိုပုဒ်မတွေနဲ့ ဖမ်းတာလဲ။ အခုက လွတ်ရက်စေ့လို့ လွတ်လာတာမျိုးလား။

လွတ်ရက်စေ့ဖို့က ၂၀၁၀ သင်္ကြန်ကျမှ ဧပြီလ ၁၂ ရက်နေ့မှလွတ်မှာ။ ၆ လခွဲလောက် ကျန်သေးတာပေါ့။ ၅၀၅ (ခ) က ၂ နှစ်။ ၁၄၃ က ၆ လဆိုတော့။ ခုက ၂ နှစ်လောက် ကျပြီးသွားပြီဆိုတော့။ နောက်ထပ် ၆ လခွဲလောက် ကျန်တာပေါ့။ ၅၀၅ ကတော့ ဆူပူမှုဖြစ်အောင် စည်းရုံးလှုံ့ဆော်ခြင်း။ ၁၄၃ ကတော့ ဆရာတော်တွေနဲ့ စီတန်းလှည့်လည်မှုပေါ့။
ထွက်လာတော့ ဝန်ခံကတိများ လက်မှတ်ထိုးခဲ့ရသေးလား။

၄၀၁ နဲ့ ထိုးခဲ့ရတယ်။ ၄၀၁ ဆိုတာက နောက်တခါ ပြစ်မှု ထပ်ကျူးလွန်လာရင် အခု ကျန်တဲ့ ၆ လက ထပ်ပြန်ဆောင်း ပြီးခံရမယ်။ ဟိုဟာမလုပ်ရ။ ဒါမလုပ်ရဆိုတဲ့ ဝန်ခံကတိ လက်မှတ်မျိုးတော့ မဟုတ်ပါဘူး။

အဲဒီဟာ ထိုးတာ မထိုးတာက ပြဿနာမဟုတ်ဘူး။ အဓိကက အပြင်မှာ ဘာပြောပြော၊ ဘာလုပ်လုပ် လုပ်ချင်တာ လုပ်လို့ ရတယ်လေ။

အန်ကယ်ကို ဘယ်လို လာဖမ်းတယ်ဆိုတာလေး ပြောပြပေးပါလားခင်ဗျား။

၂၀၀၇ အောက်တိုဘာလ ၂ ရက်နေ့ ညသန်းခေါင်ကျော် ၁ နာရီလောက်မှာ လာဖမ်းတာပေါ့။ ဖမ်းတုန်းက ပခုက္ကူမှာ ဖမ်းတယ်။ ပြီးတော့ မြင်းခြံထောင်ကို ပို့တယ်။ ပို့ပြီးတော့ အဲဒီမှာ စစ်ကြောရေး ဝင်စစ်တော့လည်း မြင်းခြံထောင်မှာပဲ စစ်တယ်။ ထောင်ထဲမှာ ခေါ်ပြီးတော့ စစ်တယ်။ မြင်းခြံထောင်မှာ ၁ နှစ်နေရတယ်။ ပြီးတော့ ကလေးထောင်ကို ပို့လိုက်ပြီး ၁ နှစ် ထပ်နေရတယ်။

ဘာကြောင့် အန်ကယ် အဖမ်းခံရတာလဲ။

အဲဒီတုန်းက ဓာတ်ဆီ၊ ဒီဇယ်တွေ တက်တဲ့ အချိန်ပေါ့လေ။ အဲဒီလို တက်တော့ တခြား ကုန်ဈေးနူန်းတွေရော လိုက်တက်တယ်ပေါ့လေ။ အဲဒီတက်သွားတဲ့ ဈေးတွေက ၂ ဆလောက် တက်သွားတယ်။ အဲဒါကြောင့် သင့်တင့် လျောက်ပတ်တဲ့ ဈေးနှုန်းကို ပြန်ချပေးပါဆိုပြီး ကျနော်တို့က ဗိုလ်ချူပ်မှူးကြီးဆီကို တောင်းဆိုတယ်လေ။

နံပါတ် ၁ အချက်ကတော့ အထွေထွေ ကုန်ဈေးနူန်း ကျဆင်းရေး၊ နံပါတ် ၂ က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးခြင်းမှ လွှတ်ပေးပါ ဆိုတာ တချက်။နံပါတ် ၃ အချက်ကတော့ နိုင်ငံမှာ ဖြစ်နေတဲ့ စားဝတ်နေရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖြေရှင်း ပေးပါဆိုပြီးတော့ အဲဒီ ၃ ခု တောင်းတာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိပ်မူပြီးတော့ ရေးတယ်။ ရေးပြီးတော့ ပခုက္ကူ မဝတ (မြို့နယ်ကောင်စီ) ဥက္ကဋ္ဌထံကို ကျနော်ကိုယ်တိုင် လမ်းလျှောက်သွားပြီးတော့ မိတ္တူပို့တယ်။

နောက် ၅ ရက်နေ့ကျတော့ ပခုက္ကူက ဆရာတော်၊ သံဃာတော်တွေ လမ်းမှာထွက်ပြီးတော့ မေတ္တာပို့ထွက်ကြတယ်။ ဆရာတော်တွေ ထွက်တဲ့ကိစ္စ ကျနော်တို့က လှုံ့ဆော်တယ် ဆိုပြီးတော့ ၅၀၅ (ခ) နဲ့ ဆွဲတာ။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်တွေကရော ဘယ်လိုရှိလဲခင်ဗျား။

ထောင်ထဲမှာကတော့ဗျာ။ ဟင်းကတော့ ပဲကုလားဟင်းပေါ့။ တပတ် ၂ ခါ အသားဟင်း ပေးတယ်။ အသား ပေးတယ် ဆိုတာကလည်း ကြက်ဥ ပေးတာပါပဲ။ အပြင်မထွက်ရတာတို့၊ လမ်းလျှောက်ရတာတို့တော့ အခက်အခဲ ရှိတာပေါ့။ ကလေးကျတော့ နေရာကျဉ်းတော့ ပိုပြီးခက်ခဲတယ်။ ကလေး ရာသီဥတုကြောင့်လည်း ပိုဆိုးတယ်။ ကျနော်က သွေးတိုး ရှိတယ်။ ဒူးကလည်း မကောင်းဘူးဆိုတော့ ကျန်မာရေးက မကောင်းဘူး။

လွတ်လာတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဘက်တွေထဲက ဘယ်သူတွေ အတူပါလာပြီး၊ ဘယ်သူတွေ ကျန်ခဲ့သေးလဲခင်ဗျား။

ကျန်ခဲ့တာတော့ တော်တော်များများ ကျန်ခဲ့ ပါသေးတယ်။ ၁၆ ယောက်တောင် ကျန်နေခဲ့ သေးတယ်။ လွတ်လာတာ ၇ ယောက်ခင်ဗျ။ လွတ်လာတဲ့အထဲက ပခုက္ကူက ဦးဆန်းပွင့်၊ သူကလည်း ပခုက္ကူမြို့နယ်စည်းပဲ။ နောက် ကလေးမြို့ခံ ၃ ယောက် ပါတယ်။ သူတို့က ဦးဘမင်းရယ်၊ ဦးညိုမြရယ်၊ မိုက်ကယ်ဝင်းကျော်ရယ်။ သုံးခွက ကိုတွတ်ပီ (ခေါ်) ဝင်းဇော် ပါတယ်။ ရန်ကုန်က မြန်မာနေရှင်း အယ်ဒီတာ ကိုသက်ဇင် ပါတယ်။ ကျန်နေတာကတော့ ဦဂမ္ဘီရတို့၊ ဦးအုန်းသန်းတို့ (တကိုယ်တော်ဆန္ဒပြသူ) ၁၆ ယောက်တောင် ကျန်ခဲ့သေးတယ်။


အခုလို လွတ်မြောက်လာပြီး ရှေ့ကို ဘာတွေဆက်လုပ်ဖို့ ရှိပါသလဲခင်ဗျား။

အခုဟာက အေးချမ်းသာယာပြီး၊ လွတ်လပ်သွားတဲ့ အနေအထားမျိုး မဟုတ်တော့ ကျနော်တို့က ပြည်သူ့ ဆန္ဒအတိုင်း လုပ်ရတာကိုး။ ပြည်သူ့ကိုယ်စား ပြည်သူတွေလုပ်ချင်တဲ့အတိုင်း ကျနော်တို့က ပြည်သူ့ဆန္ဒအတိုင်း ကျနော်တို့ လုပ်ရတာ ဆိုတော့ ကျနော်တို့မှာ တာဝန်ရှိတာပေါ့။

လွတ်လာတဲ့အတွက်ရော အန်ကယ့်အနေနဲ့ ဝမ်းသာကျေနပ်ရဲ့လား။

ထောင်ထဲကနေပြီး လွတ်လာတာကိုတော့ သဘောကျတယ်ပေါ့ဗျာ။ ဒါပေမဲ့ ဒီလူတွေချည်း လွှတ်ရတာမှ မဟုတ်ဘဲ။ ၇ ယောက်ပဲ လွှတ်တယ်ဆိုတော့၊ အခုဆို ဒေါ်အောင်ဆန်းစုကြည် မပါဘူးဗျာ။ ဒိုင်ယာလော့ လုပ်ကြတော့မယ် ဆိုတော့ ဘယ်လိုလုပ်ကြ မတုန်းဗျာ။ ဦးတင်ဦးနဲ့၊ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အခြား အဖွဲ့အစည်းတွေ မပါသေးဘူးဗျာ။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမှ အဆင်ပြေမယ်လို့ ကျနော်ကတော့ အဲလိုသဘောပေါက်တာပဲ။

အထဲမှာ အများကြီး ကျန်ခဲ့သေးတာပဲ။ အပြင် ရောက်ပေမယ့် မပျော်ဘူး။ ထမင်းဝိုင်း ရောက်တာနဲ့ ကျန်ခဲ့တဲ့ သူငယ်ချင်း ရဲဘော်တွေကို ဟင်းပေးချင်တော့ တာပဲဗျာ။ ကျနော်တို့ အနေအထိုင်၊ အစားအသောက် ဆင်းရဲခြင်းက လွတ်သလို သူငယ်ချင်းတွေကိုလည်း လွတ်စေချင်တာကိုး။

အန်ကယ် ထောင်ကျဖူးတာ၊ အချုပ်ကျဖူးတာ ဘယ်နှကြိမ် ရှိသွားပြီလဲ ခင်ဗျား။

ထောင်ကတော့ အခု တခါပဲ ကျတာပါ။ ၉၈ တုန်းက အချုပ် ၂ နှစ် ကျသေးတယ်။ ၉၈ တုန်းက လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံး ခြေချုပ် ဥပဒေနဲ့ တရားစွဲပြီးတော့ သင်္ကာမကင်း ပုဒ်မနဲ့ နေ့စဉ် သွားပြီးတော့ လက်မှတ်ထိုး ရတယ်။

အဲဒီအချိန်မှာ ကျနော်တို့ ဥက္ကဋ္ဌကြီး ဦးတင်ဦးက သွားပြီး လက်မှတ်ထိုးစရာ မလိုဘူးလို့ ပါးစပ်မိန့်နဲ့ ကြေညာလိုက် တော့ သွားမထိုးတော့ဘူး။ ဟိုက မေးတယ်၊ လက်မှတ် လာမထိုးတော့ဘူးလားတဲ့။ မထိုးတော့ဘူးလို့ပြောတော့ မထိုးတော့ရင် ဖမ်းတယ် ဆိုပြီးတော့။ ကိစ္စကတော့ဗျာ၊ နေ့စဉ်လက်မှတ် သွားမထိုးတဲ့ ကိစ္စနဲ့ ဖမ်းတာပေါ့။

အဲဒီတုန်းက ဘယ်မှာ ဖမ်းပြီး ချုပ်ထားတာလဲခင်ဗျား။

ပခုက္ကူမြို့နယ် အခြေစိုက် ၂၃၅ တပ်ထဲမှာ ၂ နှစ် အချုပ်ခံရတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ

ဖနိဒါ

မဇ္ဈိမ (ချင်းမိုင်) ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်တို့အား မြန်မာ့အရေး လှုပ်ရှားသူများက ယနေ့ ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသူ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား သူတို့ တည်းခိုနေသော နယူးယောက်မြို့ရှိ East Gate Hotel ရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၃၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“သိန်းစိန်နဲ့ ဦးဥာဏ်ဝင်းကို ဆန္ဒပြတယ်။ ဟိုတယ်ရှေ့မှာ ၇ နာရီ (မနက်) ကနေ ပိတ်ပြီး စောင့်နေတာ။ ၉ နာရီထိ လုပ်မယ်။ ကျနော်တို့က လူဦးရေ ၃ဝ လောက် ရှိတယ်။ ဘုန်းကြီး ၂ ပါး ကြွလာတယ်။ ဦးဥာဏ်ဝင်းက ထွက်လာတော့ ဖိနပ်နဲ့ ပေါက်လိုက်တယ်။ ဒို့ထဲက တယောက် ဖမ်းခံထိတယ်။ လုံခြုံရေးတွေ အများကြီးပဲ” ဟု ဆန္ဒပြပွဲ ဦးဆောင် သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲတွင် သာသနာ့ဥသျှောင်အဖွဲ့ သံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ (Free Burma federation)၊ Women on the move for Burma စသည့် အဖွဲ့များက ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲအား လက်မခံကြောင်း၊ ဗိုလ်ချုပ်ပေးသည့် စစ်ပညာ ကျောင်းသားပြည်သူ သတ်ရန် မဟုတ်၊ Free Burma ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်လွှတ်ပေး” စသည်တို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့မှ တာဝန်ခံ ဦးမိုးသီးဇွန်ကလည်း “ဒီစစ်အစိုးရက တရားမဝင် သူတို့ ကုလသမဂ္ဂမှာ စကားပြောခွင့် မရှိဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတယ်။ ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် ယခုလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိခဲ့သည်။

ယခုလ ၂၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီ မြို့တော်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှ ဆပ်ကော်မတီ မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb တွေ့ဆုံခဲ့သည်။

မစ္စတာဝက်ဘ်သည် ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ခိုးဝင်ရောက်သူ မစ္စတာယက်တောကိုလည်း အမေရိကန်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သူ ဖြစ်သည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Sep,29th,2009

( 61 )Landmines halt refugee return in Karen State

( 60 )ရွှေစည်းခုံ ပုံစံတူစေတီ အမေရိကန်တွင် တည်မည်

( 59 )RI hails US’s new Burma policy

( 58 )နေအိမ် ပြုပြင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆို

( 57 )US to engage Burmese regime, sanctions to remain

( 56 )မဲဇလီရွာမှ သေနတ်ဒဏ်ရာ ရရှိထား သူ ကန်ချနပူရီဆေးရုံသို့ ဆေးကုသခံယူနေ

( 55 )Generals Attend Chinese Anniversary Event

( 54 )နိုင်ငံခြားရေး ၀န်ကြီးဦးဉာဏ်ဝင်း ဖိနပ်ဖြင့် ပစ်ပေါက် ခံရ

( 53 )A Rising Four-star General

( 52 )Row over Burma

( 51 )မြန်မာ့ရုပ်သေး ဆန်ဖရန်စစ္စကိုမှာ ပြသမည်

( 50 )China's foreign policy evolves over past 60 years: ambassador

( 49 )US to consult India, China on its Burma policy

( 48 )မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ်စခန်းနှင့်ဂိတ်တည်ရန် နအဖပြင်ဆင်

( 47 )US-Burma Policy Outlined at UN

( 46 )Burma campaign targets Jetstar

( 45 )တကျောင်းလျှင် ၂ ပါးသာ ဆွမ်းခံထွက်ရန် ကန့်သတ်

( 44 )Sanctions Against Myanmar ‘Unjust'

( 43 )ကေအိုင်အိုနှင့် မြောက်ပိုင်းတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ

( 42 )Torture Is State Policy

( 41 )Ban demands release of Suu Kyi

( 40 )ရန်ကုန်တောင်ပိုင်းခရိုင် လယ်ယာမြေများ စပါးအထွက်နှုန်း ထက်ဝက်မျှကျဆင်းနိုင်

( 39 )Junta’s response to Suu Kyi will judge Burma’s future

( 38 )၈၈ မျိုးဆက် ကျောင်းသားများက စစ်အစိုးရကို တိုက်တွန်း

( 37 )Eighth meeting between Burmese and KIO officials

( 36 )စီးပွားရေး ပိတ်ဆို့မှုမှ တစ်ဆင့် နိုင်ငံရေး ဆွေးနွေးရန် နအဖကို မေတ္တာရပ်ခံ

( 35 )ဒေါ်စုမှ ဗိုလ်ချုပ်ကြီးသို့ ပေးစာပါ အကြောင်း အရာများ

( 34 )မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒသစ် ထုတ်ပြန်

( 33 )မြန်မာ အနောက်ဘက် နယ်စပ်တွင် စစ်ဗျူဟာ တခု ထပ်မံတိုးချဲ့

( 32 )မြန်မာဝန်ကြီးချုပ် ကုလသမဂ္ဂမှာ ဝိုင်းဆန္ဒပြခံရ

( 31 )Scientists Announce Trove of Fragile New Species in Mekong

( 30 )စစ်တွေမြို့ သီးတင်းကျွတ် လပြည့်နေ့ ဆွမ်းတော်ကြီးလောင်းပွဲသို့ ကြွရောက်မည့် သံဃာများ အရေအတွက်ကို ကန့်သတ်

( 29 )နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ မစ္စတာဘန်ကီမွန်း မြန်မာဝန်ကြီးချုပ်ကို တိုက်တွန်း

( 28 )U.S. Planning New Overtures to Burma

( 27 )ဟင်းရှာထွက်သူ ကရင်နီဒုက္ခသည်အား စစ်အစိုးရတပ် ပစ်ခတ်၍ တစ်ဦးသေဆုံး

( 26 )ရဲချုပ် ခင်ရီကို နေပြည်တော်တွင် ဖမ်းဆီးထားဟု သတင်းများ ထွက်ပေါ်နေ

( 25 )Myanmar blasts sanctions

( 24 )Burma's PM criticises sanctions

( 23 )မြန်မာနိုင်ငံရေး အတွက် အာဆီယံ နိုင်ငံများက တွန်းအားပေးရန် ဘန်ကီမွန်းပြော

( 22 )မစ္စတာဂျင်မ်ဝက်ဘ် မြန်မာဝန်ကြီးချုပ်နှင့် တွေ့မည်

( 21 )Documentary on Myanmar protesters, clashes previewed in Tokyo

( 20 )အန်အယ်ဒီ ရုံးချုပ်တွင် စည်းရုံးရေးသင်တန်း ကျင်းပ

( 19 )Asean scraps plan to appeal over Suu Kyi

( 18 )မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက်အခမ်းအနားကျင်းပ

( 17 )Myanmar PM - Reforms can't be imposed from outside

( 16 )၅၀၀၀ တန်ထက် ငွေအကြွေကို ပိုမိုလိုလား

( 15 )UN chief reiterates call for Myanmar's release of all political prisoners

( 14 )U.S. prepares for direct dialogue with Myanmar

( 13 )၅၀၀၀ ကျပ်တန် ထုတ်သည်မှာ ယတြာ ချေခြင်းဟု ပညာရှင် ပြောဆို

( 12 )Sanctions imposed on Myanmar ‘have no moral basis ‘ – Prime Minister Tells UN General Assembly

( 11 )Myanmar PM slams Western sanctions

( 10 )US to open dialogue with Myanmar

( 9 )ပြင်းထန်သည့် ပြည်တွင်းစစ် ပေါ်ပေါက်လာနိုင်ဟု သုံးသပ်သူများ ပြောဆို

( 8 )US opens dialogue with Myanmar

( 7 )တရုတ်ကို ကျေးဇူးတင်သည့် ၀န်ကြီးချုပ် သိန်းစိန်၏ ကုလမိန့်ခွန်း

( 6 )At UN, Myanmar blasts sanctions, pledges democracy

( 5 )Myanmar urges West to stop sanctions

( 4 )U.S. Policy Toward Burma

( 3 )Webb to Meet Burmese Prime Minister in New York

( 2 )အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်နဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန် တွေ့ဆုံမည်

( 1 )Faint Hopes for Myanmar

Monday, September 28, 2009

အရှင်ဆန္ဒဓိက ထောင်တွင်းဆေးရုံတွင် ဆေးကုသနေရ

ရိုးမ ၃ Monday, 28 September 2009

ရန်ကုန်တိုင်း၊ ရဲချုပ်ရုံး အချုပ်တွင် အာဏာပိုင်များရိုက်နှက်မှုကြောင့် အူကျသည့်ဝေဒနာကို ခံစားနေရသူ အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ ထောင်ဆေးရုံတွင် ဆေးကုသမှု ခံနေရသည်။

အာဏာပိုင်များဘက်က အရှင်ဆန္ဒာဓိကကို နိုင်ငံရေးပုဒ်မ ဖြစ်နေသည့်အတွက် ထောင်ပြင်ထွက် ဆေးဝါးကုသခွင့်ကို မပေးဘဲထားခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ခြေထောက်တွေ ပေါင်တွေမှာ ရိုက်ထားတဲ့ ဒဏ်ရာတွေ များတယ်။ ဝါးရင်းတုတ်နဲ့ ရိုက်ထားတဲ့ အရာတွေ တော်တော်များတယ်။ အပြင်ထွက်မရတော့ ထောင်ဆေးရုံမှာပဲ ကုနေရတယ်” ဟု ပြောသည်။

အာဏာပိုင်များဘက်က အရှင်ဆန္ဒာဓိကကို ဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းအကြပ် ထွက်ဆိုခိုင်းကာ ရုံးတင် တရားစွဲဆိုမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ အမှုဖွင့်တရားစွဲဆိုထားသော်လည်း အမှုစတင်စွဲဆိုသည့် တကြိမ်သာ တရားလိုဘက်က လာရောက်ခဲ့ပြီး ရုံးချိန်း လေးကြိမ် ပျက်ကွက်နေကြောင်း မိသားစုဝင်က ဆက်ပြောသည်။

“တရားလိုလုပ်တာက ဒုရဲအုပ် ဇော်ဖုန်းဝင်း၊ တခါပဲ တရားရုံးကို လာတယ်၊ နောက်ထပ် ရုံးချိန်းတွေ သူတို့ဘက်က သက်သေခံဖို့ တခေါက်မှမလာတော့ဘူး။ သူတို့ ပျက်ကွက်တာများပြီ” ဟု ဆက်လက်ပြောသည်။

အရှင်ဆန္ဒာဓိကသည် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချသည့်နေ့က တရားရုံးသို့ သွားရောက်ကြားနာပြီး အပြန်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထား၍ ယနေ့ရုံးချိန်း ထပ်မံ ချိန်းဆိုထားသည်။

သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

NEJ / ၂၈ စက်တင်ဘာ ၂၀၀၉

နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံအချို့မှ သံတမန်များနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သွင်းတောင်းဆိုထားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့် စပ်လျဉ်းသည့် အဆိုပါစာတွင် ထိုကဲ့သို့ သံတမန်များ နှင့် တွေ့ လိုကြောင်း ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။

အဆိုပါတောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်အမှတ် ၆/၀၉/၀၉ အဖြစ် ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။


နအဖဥက္ကဋ္ဌထံပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏စာတွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စကို သူ့အနေဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ (၁၂) ရက်တွင် အထက်အာဏာပိုင်များထံ တင်ပြအသိပေးနိုင်ရန် သတင်းတပ်ဖွဲ့မှတဆင့် နှုတ်ဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဦးစွာဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံး သိရှိနားလည်စေရေး၊ ပိတ်ဆို့မှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရန် ပိတ်ဆို့မှု ချမှတ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံအစိုးရများ၏ သဘောထားများကို သိရှိနားလည်နိုင်ရေးတို့အတွက် အမေရိကန်သံမှူး၊ အီးယူသံအမတ်ကြီး၊ သြစတြေးလျ သံအမတ်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ပါတီ၏သဘောထားကို ညှိနှိုင်းရယူနိုင်ရေးကိုလည်း ခွင့်ပြုပေးရန် မေတ္တာရပ်ခံကြောင်း အဆိုပါစာတွင် ရေးသားထားသည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများအပေါ် ဖိနှိပ်မှုများကြောင့် အနောက်နိုင်ငံများက ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ အရေးယူဒဏ်ခတ်မှုများ ပယ်ဖျက်ရေး၊ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ် စွန့်လွှတ်ရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပိတ်ဆို့ရေး စသည့်အချက် (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ စွန့်လွှတ်ပါက တွေ့ဆုံမည်ဟု နအဖဥက္ကဋ္ဌက ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအချက်များကို သူလုပ်ဆောင်ထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ သဘောထားသာဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ထံမှတဆင့် သဘောထားထုတ်ပြန်ပြောဆိုခဲ့သည်။

၅၀၀၀ ကျပ်တန်ကြောင့် စီးပွားရေးပိုမို ကြပ်တည်းမည်ဟုဆို

အောင်သက်ဝိုင်း Monday, 28 September 2009

၅၀၀၀ ကျပ်တန်ငွေစက္ကူသစ် ထုတ်ဝေသုံးစွဲမည့် စစ်အစိုးရ၏ အစီအစဉ်ကို မြန်မာပြည်သူ အများစုက တိုင်းပြည် စီးပွားရေး ယခုထက် ပိုမို ယိုယွင်းပျက်စီးမည့် အရိပ်လက္ခဏာ အဖြစ် ရှုမြင်နေကြကြောင်း လေ့လာ သိရှိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး ၅၀၀၀ ကျပ်တန် ငွေစက္ကူကို သုံးစွဲမည်ဟု တရားဝင် ကြေညာလိုက်သောကြောင့် ရွှေဈေးနှုန်း ရုတ်တရက်မြင့်တက်ကာ မြန်မာငွေ တန်ဖိုး ကျဆင်း၍ ကုန်ဈေးနှုန်းများ ရုတ်တရက် တိုးမြင့်တက်လာမည်ကို လူအများက စိုးရိမ်နေကြသည်ဟု ကြားသိရသည်။

ကျပ် ၅၀၀၀ တန် ထွက်လာမည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်ရှိ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အစိုးရ၀န်ထမ်းများ၊ တက္ကသိုလ် ကျောင်းသားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပျံကျဈေးသည်များနှင့် နေ့စားပျံကျ လုပ်သားများ၏ အမြင်များကို တွေ့ဆုံမေးမြန်းရာ အများစုမှာ ကုန်ဈေးနှုန်းများ မြင့်တက်လာမည်၊ ငွေ အကြွေ ပိုမို ရှားပါးလာမည်၊ စားဝတ်နေရေး ပိုမိုကျပ်တည်းလာမည် စသည့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ် လာမည်ဟု ထင်မြင်ချက် ပေးကြသည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် နိုင်ငံတကာတွင် ကုန်ပစ္စည်းဈေးများ ကျဆင်းပြီး မြန်မာငွေ တန်ဖိုး ပြန်လည်မြင့်တက် တည်ငြိမ်လာချိန်တွင် ကျပ် ၅၀၀၀ တန် ထုတ်ဝေ ခြင်းသည် မှားယွင်းသော လုပ်ရပ် ဖြစ်သည် ဟု ရန်ကုန်ရှိ စီးပွားရေးပညာရှင် တဦးက ပြောသည်။

“စီးပွားရေး အကျပ်အတည်းမှာ မြန်မာငွေတန်ဖိုး မာလာတယ်။ လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေကြားမှာ ရွှေတို့၊ ဒေါ်လာတို့ထက် မြန်မာငွေပဲ စုထား၊ ကိုင်ထားတဲ့အထိ တန်ဖိုးတက်ခဲ့တယ်။ ရွှေဈေးတွေထိုးကျ၊ အမေရိကန်ဒေါ်လာ မတည်မငြိမ်ဖြစ်နေလို့ ကျပ်ငွေအပေါ် ယုံကြည်မှု တိုးနေချိန်မှာ မြန်မာငွေတန်ဖိုးက တည်ငြိမ်နေတာကို ဆက်ထိန်းသင့်တယ်” ဟု ထိုစီးပွားရေးပညာရှင်က ဆိုသည်။

ဘဏ်စနစ်နှင့် ချက်လက်မှတ် အသုံးပြုမှု မတွင်ကျယ်ခြင်းကြောင့် လက်ငင်း ငွေသားပေးချေစနစ်ဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငွေစက္ကူ အမြောက်အမြား ကိုင်တွယ်ရခြင်းမှ သက်သာ သွားနိုင် သော်လည်း ၅၀၀၀ ကျပ်တန် ထွက် ပေါ်လာခြင်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုးသာ များပြားကြောင်း စီးပွားရေးပညာရှင် တချို့က သုံးသပ်သည်။

ယခုအခြေအနေတွင်ပင် အကြွေရှားပါးမှုပြဿနာ အကြီးအကျယ်ကြုံတွေ့နေရပြီး ၅၀၀၀ ကျပ်တန် ထွက်ရှိလာချိန်တွင် ပိုမိုအခက်ကြုံနိုင်သည်ဟုလည်း စီးပွားရေး ကျွမ်းကျင်သူများက ဆိုကြသည်။

“အခုတောင် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန်တွေ ရှားနေတာ ၅၀၀၀ တန်ထွက်လာ ရင် ၅၀၀ နဲ့ ၁၀၀၀ တန် ထပ်ရှားသွားမယ်။ အကြွေရှားပါးမှုကြောင့် ကုန်စည်ဈေးနှုန်း တက်မယ်။ ဥပမာ - ၂၅၀ တန် ပစ္စည်းတခုကို အကြွေရှားလို့ ၃၀၀ နဲ့ တင်ရောင်းတယ်။ ၄၀၀ တန်ကိုလည်း အကြွေရှားလို့ ၅၀၀ တင်ရောင်းတယ်။ ဒီလိုနဲ့ နောက်ဆုံး ကုန်ပစ္စည်းတွေရဲ့ အနိမ့်ဆုံးတန်ဖိုးက ၅၀၀ ဖြစ်လာလိမ့်မယ်။ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် ပစ္စည်းတွေ လုံးဝ ပျောက်သွားလိမ့်မယ်” ဟု ဒဂုံတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ ဆရာတဦးက ဆိုသည်။

၅၀၀၀ ကျပ်တန်များ ထုတ်ဝေရခြင်း၏ အဓိက အကြောင်းရင်းမှာ စစ်အစိုးရအနေနှင့် အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းလိုခြင်းကြောင့် ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

“နေပြည်တော်ဆောက်တယ်။ အစိုးရ ၀န်ထမ်းတွေကိုလည်း လစာ အဆပေါင်းများစွာ တိုးပေးတယ်။ စစ်တပ်ရဲ့ အသုံးစရိတ်ကလည်း တနေ့တခြားပိုများလာတယ်။ အရာရှိက စပြီး စစ်သားအဆုံး တပ်မတော် သားတွေကို တိုင်းပြည်က ရှာကျွေးနေရတယ်။ အစိုးရမှာ ခုလို ဘတ်ဂျက်လိုငွေတွေ ပြနေလွန်းလို့ ၅၀၀၀ တန်ထုတ်ရတာဆိုတာ ထင်ရှားပါတယ်” ဟု ရန်ကုန် စီးပွားရေးပညာရှင်တဦးက ပြောသည်။

၅၀၀၀ ကျပ်တန် ထွက်ရှိလာခြင်းကြောင့် ငွေကြေးဖောင်းပွမှုများ သေချာပေါက် ကြုံတွေ့ရမည်ဖြစ်ပြီး ချက်ချင်းလက်ငင်း ငွေကြေးဖောင်းပွမှု ကြီးကြီးမားမား ဖြစ်ပေါ်လာမည် မဟုတ်ဘဲ တဖြည်းဖြည်း ခြောက်လမှ တနှစ်အကြား ငွေကြေး ဖောင်းပွမှု ပြဿနာများ ကြုံတွေ့ရမည်မှာ သေချာသည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။

“၅၀၀၀ တန်ထုတ်မယ်လို့ ကြေညာပြီး ရွှေဈေး၊ ဒေါ်လာဈေးတွေ တက်သွားတာက လန့်လို့ တက်သွားတာ။ တကယ် ငွေကြေးဖောင်းပွလို့ မဟုတ်သေးဘူး။ တကယ်က ၅၀၀၀ တန်ထွက်ပြီး ခြောက်လနဲ့ တနှစ်အတွင်း
ကျမှ ဖြစ်မှာ။ နောက်ဆုံး ဈေးကွက်မှာ အဆပေါင်းများစွာ ဈေးတက်မယ်။ ဒါက သီအိုရီအရ သေချာပေါက် ပြောနိုင်တာပါ” ဟု ရန်ကုန်အခြေစိုက် စီးပွားရေး သုတေသီတဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးပညာရှင် အများစုမှာ ၅၀၀၀ ကျပ်တန်ထွက်ရှိမည့်အပေါ် ဆိုးကျိုးသာ များသည်ဟု ထောက်ပြနေချိန်တွင် သာမန် မြန်မာပြည်သူများ အကြားတွင်လည်း ၅၀၀၀ ကျပ်တန် ထွက်ပေါ်လာမည့် အရေးကို စိုးရိမ်လျက် ရှိသည်။

၅၀၀၀ ကျပ်တန်ကြောင့် လုပ်ငန်းရှင်များအကြားတွင် မြန်မာငွေအပေါ် ယုံကြည်မှု လျော့ကျလာပြီး ငွေအစား ခိုင်မာမှုရှိသော အရာများကို ပြောင်းလဲ စုဆောင်းရန် စဉ်းစားနေကြကြောင်း ကြားသိရသည်။

“လုပ်ငန်းရှင်က သူပိုင်ဆိုင်မှုလျော့သွားမှာ ကြောက်တယ်။ ဒီတော့ ကျပ်ငွေအစား ခိုင်မာတဲ့ ပိုင်ဆိုင်မှုကို ပြောင်းလဲချင်တယ်။ ရွှေ၊ ဒေါ်လာ၊ အိမ်၊ ခြံမြေ၊ တိုက်တာ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်လာ လိမ့်မယ်” ဟု ရန်ကုန် စီးပွားရေးသမားတဦးက ပြောသည်။

၅၀၀၀ ကျပ်တန်ထွက်ရှိလာခြင်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာဏာတည်မြဲရေး ယတြာလည်း ဖြစ်နိုင်သည် ဟု သုံးသပ်သူများ ရှိနေသည်။

“ဦးနေ၀င်း လက်ထက်ကလည်း ၉ ဂဏန်း ယတြာသဘောနဲ့ ၄၅ ကျပ်တန်၊ ၉၀ တန် ထုတ်တယ်။ ခုလည်း ငါးထောင်တန် ထုတ်တယ်ဆိုတာက ငါထောင်တယ်၊ ငါမလဲဘူး ဆိုတဲ့ အတိတ်နမိတ်တဘောင်နဲ့ ထုတ်တာ ဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။

စစ်အစိုးရ သက်တမ်းတလျှောက် ခြင်္သေ့ပုံကိုသာ ငွေစက္ကူများတွင် ထည့်သွင်းရိုက်နှိပ်ခဲ့ရာမှ အသစ် ထွက်ရှိမည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူ တော်ပုံ ပြောင်းလဲ ရိုက်နှိပ်ခြင်းမှာ ယတြာသဘောဖြစ်သည်ဟု
ဗေဒင်ဆရာတဦးက ပြောသည်။

“တိုင်းပြည် အုပ်ချုပ်တဲ့သူတွေ ဘုန်းတန်ခိုးကြီးမားလာရင် ဆင်ဖြူတော်ပေါ်တယ်။ ဒါမှမဟုတ် ဆင်ဖြူတော် ကို တခြားတိုင်းပြည်တွေက ဆက်သရတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း ဘုန်းတန်ခိုးကြီးတဲ့ မင်းတပါး အဖြစ် ယတြာချေတဲ့အနေနဲ့ ဆင်ဖြူတော်ပုံကို တမင် ငွေစက္ကူမှာရိုက်တာ။ ဗေဒင်သဘောတွေ၊ ဓာတ်ဆင် ဓာတ်ရိုက်သဘော တွေအများကြီး ပါတယ်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့နိုင်ငံများတွင် ငွေစက္ကူ ရိုက်နှိပ်ရာ၌ ငွေစက္ကူထုတ်လုပ်မည့် သက်ဆိုင်ရာ နိုင်ငံအလိုက် အထင်ကရ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး သူရဲကောင်းများ၊ ကမ္ဘာ့အလယ်တွင် ထင်ရှား ကျော်ကြား အသိအမှတ်ပြု ခံရသော ယဉ်ကျေးမှု အမွေအနှစ်နေရာ များ၏ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေလေ့ ရှိသော်လည်း မြန်မာနိုင်ငံကဲ့သို့ တိရစ္ဆာန်ရုပ်ပုံများကို ငွေစက္ကူတွင် ရိုက်နှိပ်အသုံးပြုသည့်နိုင်ငံ ရှားပါး လှသည်ဟု မြန်မာ နိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းဝင်တဦးက ရှင်းပြသည်။

“ကျနော် ကမ္ဘာပတ်လာတာ ဘယ်နိုင်ငံမှာမှ ငွေစက္ကူပေါ် တိရစ္ဆာန်ပုံ ရိုက်နှိပ်ပြီး သုံးတာ မတွေ့ဖူးသေးဘူး။ သူတို့နိုင်ငံတွေရဲ့ အကျော်အမော်တွေ၊ နိုင်ငံ့ခေါင်းဆောင် ပုံတွေကိုပဲ ငွေစက္ကူပေါ်မှာ အမြတ်တနိုး ရိုက်နှိပ် ကြတာ။ ငွေစက္ကူ မြင်တာနဲ့ သူတို့ တိုင်းပြည်အကြောင်းကို စိတ်ဝင်စားမိတယ်” ဟု သင်္ဘော ကပ္ပတိန် တဦးက ပြောသည်။

ငွေစက္ကူများပေါ်တွင် တိရစ္ဆာန်ပုံများရိုက်နှိပ်သုံးစွဲခြင်းသည် ငွေကြေးအပေါ် ယုံကြည်မှု လျော့နည်း စေနိုင်သည်ဟုလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေဆဲ ပါမောက္ခ တဦးက ရှင်းပြသည်။

“ဗိုလ်ချုပ်အောင်ဆန်း ပုံပါတဲ့ ပိုက်ဆံတွေကို လူတွေ တန်ဖိုးထားသိမ်းကြတယ်။ ပိုက်ဆံပေါ်မှာ ဗိုလ်ချုပ်ပုံ မြင်လိုက်ကတည်းက ပိုက်ဆံအပေါ် ယုံကြည်မှုရှိတယ်။ ပိုက်ဆံကို လူတွေ တန်ဖိုး ထားဖို့ဆိုရင် ပိုက်ဆံ မှာလည်း လူတွေ တန်ဖိုး ထားနိုင်လောက်တဲ့ အရာတွေ၊ ပုံ သဏ္ဌာန်တွေရှိရမယ်” ဟု သူက ဆိုသည်။