Tuesday, December 31, 2013

RCSS ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ၀န်ကြီး ဦးအောင်မင်း တို့နှင့် တွေ့ဆုံဆွေးနွေး

ရွှေဟင်္သာ

ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ (RCSS) ကိုယ်စား လှယ်များ သည် ထိုင်းနိုင်ငံ ဇင်းမယ် မြို့သို့ ရောက် ရှိနေသော ၀န်ကြီး ဦးအောင် မင်းနှင့် အဖွဲ့ အား ယနေ့နေ့ လည်ပိုင်း တွင် တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု ၀န်ကြီး ခရီးစဉ်နှင့် အတူပါ လာသော MPC အဖွဲ့ဝင် ဦးညို အုန်းမြင့် ကဆိုပါသည်။

“ တလခွဲ တခါ (Review) လုပ်တဲ့ ဆွေးနွေး ပွဲပါဘဲ။ လောလော ဆယ်ရှိနေ တဲ့ အခြေ အနေ လေးတွေ၊ လိုအပ်ချက် လေးတွေ ၊တင်ပြစ ရာ လေးတွေ ကို ဆွေးနွေး ကြ ဖို့ပါဘဲ” ဟုဆိုပါသည်။

(RCSS) ကိုယ်စား လှယ်များသည် မူးရစ်ဆေး တိုက်ဖျက်ရေး ပြသနာ၊ တပ်နေရာ ပြန်လည် ချထားရေး ပြသနာနှင့် တနိုင်ငံ လုံးအ ပစ်အ ခတ်ရပ် စဲရေးဆွေးနွေး ပွဲများတွင် တခြား တိုင်းရင်း သားများနှင့် အတူ (RCSS) လည်း အတူ တကွ တက်ရောက် နိုင်ရန် တောင်း ဆိုခဲ့ပါသည်။

မူးရစ် ဆေးဝါး တိုက်ဖျက်ရေး အခြေအနေ တွင် ဘိန်းခင်း များစိုက် ပျိုးမှု များ တိုး လာနေကြောင်း ၊အထူးသဖြင့် အစိုးရ လက်အောက် ခံပြည်သူ စစ် ဒေသ များနှင့် တချို့ အပစ် အခတ် ရပ်စဲရေး တပ်ဖွဲ့များ ထိမ်းချုပ် ထားသည့် နေရာများ တွင်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။

တချို့ကိစ္စများ သည် တပြည်လုံး အပစ်အခတ် ရပ်စဲနိုင် မှဖြေရှင်းနိုင် မည်ဖြစ်ကြောင်း၊ သို့သော် အစိုးရ အနေနှင့် ဥပဒေ ကြောင်း အရ ကျော်လွန်သော ကိစ္စမှန် သမျှကိုမူ အရေးယူ သွားရန် အတွက် ဆက်လက်ဆောင် ရွက်ရန် ရှိကြောင်း နယ်စပ်ရေး ရာဌာန ဆိုင်ရာ (နတလ) ဗိုလ်ချုပ် မောင်မောင် အုန်းမှ ပြန်လည် ရှင်း လင်းတင်ပြ ခဲ့ပါသည်။

အထူးသဖြင့် လက်နက်ကိုင် အဖွဲ့ အချင်းချင်း တပ်ဖွဲ့နေရာ ချထားမှု၊ နယ်မြေစိုး မှုများသည် လောလော ဆယ်ဖြေရှင်း ၍ မရနိုင်သေး ခြင်းဖြစ်ပါသည်။

ယင်းဆွေးနွေး ပွဲ သို့ ဗိုလ်ချုပ် ခွန်မုန်း(မ်) ခေါင်းဆောင်သော (RCSS) ကိုယ်စား လှယ်များ က တက်ရောက် ဆွေးနွေး ခဲ့ကြပြီး ငြိမ်းချမ်း ရေး ညစာစား ပွဲသို့ (RCSS) ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ကိုယ် တိုင် တက်ရောက် ခဲ့ပါ သည်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော(UPWC) အဖွဲ့ တွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ (နတလ) မှ ဗိုလ်ချုပ် မောင်မောင်အုန်း၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်း ထွန်းဦး အပါဝင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေ ခေါင်းဆောင် သည့် အဖွဲ့ဝင် အားလုံး စုစုပေါင်း ကိုယ်စာလှယ် (၁၀) ဦးခန့် ရှိပါသည်။

ကြံ့ခိုင်ရေး အခြေခံဥပဒေ ပြင်ဆင်ချက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန် ခက်ခဲဆဲ

ထက်နိုင်ဇော်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် ပုဒ်မ ၅၉(စ) အပါအ၀င် အချက် ၅၀ ကျော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)က ပြင်ဆင်ရန် စီစဉ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရေးအတွက် ခက်ခဲနေဆဲ ဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၇ ရက် မှ ၃၀ ရက် အထိ ကျင်းပခဲ့သော ကြံ့ခိုင်ရေး ပါတီ ဗဟို ကော်မတီ အဆင့် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အချက် ၇၃ ချက် တင်ပြရာ၌ ၂၂ ချက်ကို ပယ်ဖျက်၍ ၅၁ ချက် ကို ပြင်ဆင်ရန် အတည်ပြုခဲ့ကြောင်း ကြံ့ခိုင်ရေး ပါတီက ပြောသည်။

ပြင်ဆင်ချက်များ ထဲတွင် သမ္မတ အရည်အချင်း ပြင်ဆင် သတ်မှတ်ခြင်း အပါအ၀င် တိုင်း ဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ခန့်အပ်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက ရွေးချယ်ခွင့် ရရှိ စေရန်၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဥပဒေ ပြဋ္ဌာန်း၍ တာဝန်ပေး ဆောင်ရွက်ရန် ဆိုသော အချက်များ ပါဝင်ကြောင်း လည်း ကြံ့ခိုင်ရေး ပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြော ပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် ပုဒ်မ ၅၉(စ)တွင် တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရဆိုသော အချက်ကို ကြံ့ခိုင်ရေး ပါတီက ပြင်ဆင်ပေးရန် လွှတ်တော်သို့ တင်သွင်းမည်ဟု သဘောတူခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာ ရန် အတားအဆီးများစွာ ရှိနေသေးကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာသူများက ပြောဆိုကြသည်။

NLD နေပြည်တော် ခရိုင် ဥက္ကဋ္ဌ ဦးမင်းသူက ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သားနှစ်ဦးကို မွေးဖွားခဲ့သည့် အချိန်တွင် မြန်မာ သံရုံးသို့ သွားရောက်ပြီး နိုင်ငံသား မှတ်ပုံတင် ခဲ့ကြောင်းကို ၁၉၈၉ ခုနှစ်က ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ထုတ်ဖော် ပြောဆိုထားကြောင်း၊ သားနှစ်ဦးလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းကို ရှင်း လင်း ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးသည် ယခုအခါ ဗြိတိန်နိုင်ငံသားများ ဖြစ်ကြပြီး မွေးဖွားချိန်မှ ၁၉၈၉ ခုနှစ် အထိ မြန်မာနိုင်ငံ သားများ ဖြစ်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် နိုင်ငံရေးအရ တပ်မတော် အစိုးရက မြန်မာနိုင်ငံသား အဖြစ် ရုပ်သိမ်းခဲ့သည့် အတွက် ၎င်းတို့နှစ်ဦးကို (Stateless) နိုင်ငံမဲ့ ဖြစ်မသွားစေရန် ဗြိတိန်နိုင်ငံက နိုင်ငံသား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော့် အမြင်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က သေသွားပြီ ဆိုတော့ ပြဿနာ မရှိတော့ဘူး။ ဒါပေမယ့် သူ့ရဲ့သားနှစ်ယောက် မြန်မာနိုင်ငံသား ခံလိုက်ရင် ရပြီ။ ဒါဆို သူ သမ္မတအဖြစ် အရွေးခံခွင့် ရှိပြီ”ဟု ဦးလှဆွေက ဧရာဝတီသို့ ပြော သည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ လက်ရှိ အာဏာရ ပါတီဖြစ်သော ကြံ့ခိုင်ရေး ပါတီ၏ သဘောထား တခု တည်းနှင့်သာ ဒေါ်ဆောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘဲ ဖြတ်ကျော်ရမည့် အဆင့်များစွာ ရှိနေသေးကြောင်း၊ လွှတ်တော်ထဲတွင် ယင်းအချက်ကို ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်မှု အပါအ၀င် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ ပြုလုပ်ရမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။

နိုင်ငံရေး သဘောအရ ကြံ့ခိုင်ရေး ပါတီ အနေဖြင့် သမ္မတ အရည်အချင်း ကန့်သတ်ချက်ကို ပြင်ဆင်ပေးလိုကြောင်း သဘောထား ရှိသည်ဟု ထုတ်ပြရုံသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သမ္မတ ဖြစ်ခွင့် ပုဒ်မကို ပြင်ဆင်နိုင်ရန် လွှတ်တော်ထဲတွင် အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းကျော် ရှိရန် လိုအပ်သည့် အတွက် တပ်မတော်၏ သဘောထားမှာ အရေးကြီး လာကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောဆိုသည်။

“ကြံခိုင်ရေး ပါတီက ပြင်ပေးဖို့ သဘောတူရုံလောက်နဲ့ ဒေါ်စု သမ္မတ မဖြစ်နိုင်သေးဘူး။ လွှတ်တော်ထဲမှာ ဒီကိစ္စကို ပြန်ဆွေးနွေးရင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတယ်။ ကြံ့ခိုင်ရေး အပါအ၀င် တခြားပါတီတွေနဲ့ တိုင်းရင်းသားတွေ ထောက် ခံဦး။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တယောက် မထောက်ခံရင် ဘာမှလုပ်လို့ မရဘူး။ လွှတ်တော်က သဘောတူ သွားရင်တောင် ဖွဲ့စည်းပုံမှာပါတဲ့ အချက် ၇၄ ချက်လောက်က တနိုင်ငံလုံးမှာ လူထု ဆန္ဒခံယူပွဲ လုပ်ပြီး ပြင်မှရမယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။

တနိုင်ငံလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ မဲပေးပိုင်ခွင့် ရှိသည့် လူဦးရေ အားလုံးထောက်ခံမှ သာလျှင် ပြင်ဆင်နိုင်မည် ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတ ဖြစ်နိုင်ခြေ နည်းပါးသည်ဟုလည်း ၎င်းက ပြောသည်။

တပ်မတော် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပြီး ဖြစ်သော်လည်း အသေးစိတ် မထုတ်ပြန်နိုင် သေး ကြောင်း ၊ သို့သော် မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဝေလင်းက ဧရာဝတီသို့ ပြောကြားသည်။

NLD ပါတီကလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စီစဉ်နေကြောင်း၊ ဖွဲ့စည်းပုံ အခန်း(၁၂)၌ ပြင်ဆင်ခွင့် ပေးထားရာ ထိုအခန်း (၁၂) ကိုပင် ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း ပြောသည်။

“အခန်း(၁၂)ကိုလည်း ပြင်ဖို့လုပ်မှာပါ။ ဟို ၇၅ ရာခိုင်နှုန်းကျော် ဆိုတာလည်း ပြင်ရမယ်။ ကျနော်တို့ ၅၉(စ) ကိစ္စအပါအ၀င် ပြင် ရမယ့် အကြောင်းတွေ အားလုံးကို မကြာခင်ထုတ်ပြန်ပေးဖို့ ရှိပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၂)တွင် ပုဒ်မ ၇၀ ကျော်ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၉ ရက်တွင် NLD ပါတီ၏ ၂၀၁၃ ခုနှစ် အတွက် ဒုတိယအကြိမ် ဗဟို ကော်မတီ အစည်းဝေး ကျင်းပခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည် ဖြစ်စေ၊ မပြင်သည် ဖြစ်စေ NLD ပါတီ အနေဖြင့်၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက အစည်းဝေး အပြီးတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။

“ဒီလို အခြေအနေမှာ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ မ၀င်သင့်ဘူးဆိုတာ သဘောတရားရေး အရ ပြောတာ။ ဒေါ်စုက NLD အတွက် ပြောခဲ့တာ မဟုတ်ဘူး။ သဘောတရားရေးအရ ပြောခဲ့တာ။ ဒီနေ့အစည်းဝေးက NLD ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်တဲ့ အစည်းဝေး မဟုတ်ဘူး။ ရွေးကောက်ပွဲ ၀င်ဖို့ အရင်ကတည်းက ဆုံးဖြတ်ပြီးသား။ ဒါကြောင့် ၀င်ဖြစ်အောင် ၀င်မယ်လို့ ကျနော် ပြောတာ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

NLD ပါတီသည် ယင်း၏ ပြိုင်ဖက်ပါတီ ကြံ့ခိုင်ရေး ပါတီနှင့် နှလုံးရည်အရ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ပြင်း ထန်မည် ဖြစ်ကြောင်း၊ NLD အနေဖြင့် ပုဒ်မ ၅၉(စ) အပါအ၀င် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြင်ဆင် လိုသော အချက် ၁၆၈ ချက် ရှိကြောင်း ထုတ်ပြန် ပြောဆိုသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အကြံပြုချက် များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီသို့ ဒီဇင်ဘာလ ၂၄ ရက်က ပေးပို့ခဲ့သည်ဟု ထုတ်ပြန်သည်။

အကြံပြုချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် အရွေးခံနိုင်မည့် ပုဒ်မကို ပြင်ဆင်ပေးရန် တောင်းဆိုမှု မပါဝင်ဘဲ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးမှု ၊ ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ဖြစ်စဉ် ၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားမှ ဆုံးဖြတ်ထားသော အမျိုးသား အင်အားစု အားလုံး ပါဝင်သည့် ညီလာခံ တရပ် ဖြစ်ပေါ်လာရေး ကြိုးပမ်းနေမှု ဖြစ်စဉ်များ အားလုံးကို ဆက်စပ် ညှိနှိုင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပေဒေ ပြင်ဆင် ပြောင်းလဲမှုများကို ဥပဒေကြောင်းအရ ခိုင်မာစွာ အတည်ပြုနိုင်ရန် အကြံပြုထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ခက်ခဲ တင်းကျပ်လွန်းပါက ဥပဒေအရ ဖြေရှင်းနိုင်မှု မရှိဘဲ သွေးထွက် သံယိုမူများ၊ အုံကြွမှုများဖြင့် ပြောင်းလဲရသည့် အခါ နိုင်ငံ အတွက် များစွာသော နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ယင်း အကြံပြုစာတွင် ပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထောက်ခံ ဆန္ဒ ခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ ၁၅ ရက်တွင် တပ်မတော် အစိုးရက မြို့နယ်ပေါင်း ၂၇၈ မြို့နယ်တွင် ပြုလုပ်ခဲ့ရာ လူဦးရေ ၉၉.၀၇ ရာခိုင်နှုန်း တက်ရောက်ခဲ့ပြီး ယင်းတို့အနက်မှ ၉၂.၄ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း ထိုအချိန်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုး က ကြေညာခဲ့သည်။

ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ အပစ်ရပ် မူကြမ်းသစ် ထွက်ပေါ်ရန်ရှိ

သစ်နေမိုး

ကရင်ပြည်နယ် ဘားအံမြို့၌ ဇန်န၀ါရီလကုန်ပိုင်းတွင် ကျင်းပမည့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူညီမှု မူကြမ်းတခု ထွက်ပေါ်လာရန် ရှိကြောင်း သိရ သည်။

ယင်း ဆွေးနွေးပွဲကို လာမည့် ဇန်န၀ါရီ ၂၄ ရက်နေ့မှ ၂၅ ရက်အထိ ဘာအံမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကာ ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားများဘက်မှ ဖွဲ့စည်းထားသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့က ၄င်းတို့၏ နှစ်ဘက်မူကြမ်းများကို ညှိနှိုင်းကြမည်ဖြစ်ကြောင်း NCCT ဒု ဥက္ကဌ စောကွယ်ထူးဝင်း က ဧရာဝတီ သို့ ပြောသည်။

“သူ့ မူကြမ်း ကိုယ့်မူကြမ်းကိုင်ပြီး ဆွေးနွေးနေတာနဲ့ ဆွေးနွေးပွဲက ပြီးမှာ မဟုတ်တော့ဘူး၊ အခုဟာက မူကြမ်းတခုတည်း ဖြစ် အောင် ညှိနှိုင်း နေတာပါ၊ လက်ရှိ တော်တော်များများက အဓိပ္ပာယ်တူတာတွေ များတယ်၊ စကားလုံးတွေ ပြန်ညှိကြတာပေါ့၊ ဘာအံ ဆွေးနွေးပွဲမှာ မူကြမ်း တခု ထွက်လာဖို့ ရှိပါတယ်၊ နှစ်ဘက်သဘောတူတဲ့ မူကြမ်းပေါ့”ဟု ဖဒိုစောကွယ်ထူးဝင်း က ပြောသည်။

ယင်းမူကြမ်းနှင့် ပတ်သက်ပြီး ယခုလ ၂၉ ရက်နေ့က ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့သော အလွတ်သဘော တွေ့ဆုံမှု၌လည်း နှစ်ဘက် အမြင်အားဖြင့် ရာခိုင်နှုန်း အများစု တူညီကြောင်း သိရသည်။

ထိုတွေ့ဆုံမှုတွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဘက်မှ ညှိနှိုင်းသည့် မူကြမ်းမှာ ယခင်အပစ်အခတ် ရပ်စဲရေး ဆိုင်ရာမူကြမ်းအတိုင်း မဟုတ်ဘဲ အသစ်ရေးဆွဲလာသည့် သဘော ဖြစ်ကြောင်းလည်း NCCT ဥက္ကဌ ဦးနိုင်ဟံသာ ပြောသည်။

“အမြင်အားဖြင့် ၈၀ ရာခိုင်နှုန်းလောက် တူညီတယ်၊ ဒီတခါမှာ သူတို့ဘက်က အသစ်ရေးလာတယ်၊ အဲ့ဒီဟာမှာ ယေဘုယျအနေနဲ့ ခြုံပြောရရင်တော့ ဖက်ဒရယ်မူကို ဦတည်တဲ့ဟာပေါ့”ဟုလည်း ၄င်းက ဆိုသည်။

လက်ရှိ ညှိနှိုင်းမှု အခြေအနေများအရ တိုးတက်မှုရှိလာသော်လည်း လာမည့် ဇန်န၀ါရီ၌ ကျင်းပမည်ဖြစ်သော ဘာအံ ဆွေးနွေးပွဲ တွင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွက် အဆုံးသတ် ညှိနှိုင်းရေးမှာ မသေချာသေးကြောင်း နိုင် ဟံသာ က ပြောဆိုသည်။

“ဒီပွဲမှာ အဆုံးသတ်ညှိနှိုင်း နိုင်မယ်၊ မညှိနှိုင်းနိုင်ဘူး ဆိုတာက ရာနှုန်းပြည့်တော့ မပြောနိုင်သေးဘူးဗျ”ဟု ၄င်းက ပြောသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT အနေဖြင့် လက်ရှိ ညှိနှို်င်း အကောင်အထည် ဖော်နေ မှုနှင့် ပတ်သတ်ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ဘာအံခရိုင် အတွင်းရှိ လောစီးလား ဒေသ တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပေါင်းစုံစုစည်း၍ မူကြမ်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးရန် ရှိကြောင်း သိရသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆွေးနွေးမည့် ညီလာခံသည် KNU က ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ပြီး ဘာအံဆွေးနွေးပွဲ မတိုင်ခင် ဇန်န၀ါရီ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုမှာ အောက်တိုဘာ လကုန်ပိုင်းက ကျင်းပခဲ့သည့် လိုင်ဇာ တိုင်းရင်းသား ညီလာခံပြီးလျှင် ဒုတိယ အကြိမ်မြောက်ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံသည့် ညီလာခံလည်း ဖြစ်သည်။

ယင်းညီလာခံမှ ဆုံးဖြတ်ချက်များနှင့် အစိုးရဘက်မှ ညှိနှိုင်းမည့် မူကြမ်းကို ဘာအံဆွေးနွေးပွဲတွင် ညှိနှိုင်းပေါင်းစည်းကြမည်ဟု လည်း သိရသည်။

ဘာအံဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွက် အဖြေတခု ထွက်လာနိုင်မည်ဖြစ်သည်နှင့်အညီ လေ့လာစောင့်ကြည့်သူများအဖြစ်လည်း ထပ်မံတိုးကာ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

“အရင်တက်ခဲ့တဲ့ ကုလ ကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ နဲ့ တရုတ်ကိုယ်စာလှယ်လည်း ပါမယ်။ အင်္ဂလန်၊ ဂျပန် ထပ်ဖိတ်မယ်၊ ဒေါ်စုနဲ့ ဦးခွန်ထွန်းဦးတို့ကိုလည်း ဖိတ်ဖို့ သဘောတူထားပါတယ်”ဟု ၄င်းက ဆက်ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုများကို လက်ရှိ အစိုးရသစ် တက်လာပြီး နောက် ပိုင်းမှစ၍ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီမှုများဖြင့် လုပ်ဆောင်လာခဲ့ပြီး လက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့နှင့် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ယခုအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူမှုကို လက်မှတ်ထိုးရန် လုပ်ဆောင်လျက်ရှိပြီး သမ္မတ ဦးသိန်းစိန် ၏ ဥရောပခရီးစဉ် လန်ဒန် ချာတန်ဟောက် မိန့်ခွန်းတွင်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးနိုင် မည်ဟု နိုင်ငံတကာ မျက်နှာစာ အလယ်တွင် ပြောကြားထားသည်။

ပန်းလှိုင်မြစ်ကမ်းမှ ကျူးကျော်များအား နှင်ထုတ်ခြင်း မပြုလုပ်ရန် သမ္မတထံ အသနားခံသွားမည်

ဇော်ဇော်ထွေး

တွံတေးမြို့နယ် ပန်းလှိုင်မြစ်ကမ်းရှိ ကျူးကျော်များကို တရားစွဲနှင်ထုတ်ခြင်းမပြုလုပ်ရန် နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော်အကြီးအကဲများထံသို့ အသနားခံ တောင်းဆိုသွားမည်ဟု ကျူးကျော်များကို ဦးဆောင်ခဲ့သည့် ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ လှိုင်သာယာမြို့နယ်တာဝန်ခံ ကိုကျော်ထက်နိုင်က ဒီဇင်ဘာ ၃၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

လှိုင်သာယာမြို့နယ် ညောင်ကျေးရွာ၊ ကနောင်မင်းသားကြီးလမ်း၊ အုတ်သဲကျောက် ရောင်းဝယ်ရေးနောက်ဘက်ရှိ ပန်းလှိုင် မြစ်ကောမနုမြေရိုင်းကျွန်းပေါ်တွင် ခေတ္တယာယီတဲထိုးဆောက်လုပ် နေထိုင်ကြသော ဆင်းရဲသားမိသားစုများကို နှင်ထုတ်မောင်းနှင်ခြင်း မပြုပါရန်နှင့် ကျူးခွန် (မြေခွန်)ဆောင်၍ ယာယီဆက်လက်နေထိုင်ခွင့်ပြုပါရန် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အသနားခံတင်ပြထားခဲ့ကြ သည်။

“အမြဲတမ်းနေထိုင်ခွင့် ရရင်လည်း နေသွားချင်ပါတယ်။ အဲလိုမှ မဟုတ်ရင်လည်း ယာယီနေထိုင်ခွင့်လေးတော့ လိုချင်တယ်။ တရားဝင် အခွန်ဆောင်ပြီးတော့ ယာယီနေထိုင်ခွင့်လေး ရချင်တယ်” ဟု ကိုကျော်ထက်နိုင်က ပြောခဲ့သည်။

ကျူးကျော်တဲများမှာ လတ်တလောစာရင်းအရ ပျမ်းမျှ ၅၀၀၀ ကျော်ရှိပြီး ရှိတွံတေးမြို့နယ် ပန်းလှိုင်တံတား အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်း မြေနုကျွန်းများပေါ်သို့ ကျူးကျော်တဲများ တည်ဆောက်ထားသည်ကိုလည်း တွေ့ရှိရသည်။

“ကျွန်တော်တို့ ကျူးထားတာက အစိုးရပိုင် မြေနုကျွန်းပါ။ ဒါက မြစ်ကောလို့ သောင်ထွန်းလာတာ ၃ နှစ်လောက်ရှိပါပြီ၊ ဘယ်သူမှ မပိုင်ပါဘူး၊ တွံတေးလမ်းဘေး ဝဲယာတစ်လျှောက်က ကျူးတွေအတွက်တော့ ကျွန်တော်တို့အနေနဲ့ တာဝန်ယူမှု မရှိပါဘူး” ကိုကျော်ထက်နိုင်က ဆိုသည်။

သို့သော်လည်း ယင်းတို့ကျူးကျော်ထားသည့် ပန်းလှိုင်မြစ်မြေနုကျွန်းဟုဆိုသော်လည်း တွံတေးမြို့နယ် ပဒန်ရေကျော်ကျေးရွာနှင့် ခလောက်ချိုက်ကျေးရွာတို့မှ ဒေသခံများပိုင်ဆိုင်သော ဥယျာဉ်ခြံမြေများလည်း ပါဝင်နေသည်ဟု ဒေသခံမြေပိုင်ရှင်များက ဆိုသည်။

“ကျွန်တော်တို့ ဒီကိစ္စကို အမှုဖွင့်တာ အရေးမယူသေးလို့ သမ္မတထံကိုပါ ဖြေရှင်းဆောင်ရွက်ပေးဖို့ စာတင်ထားပါတယ်။ ကျွန်တော်တို့ ပိုင်မြေ ၇၈ ဧကလောက်ပါနေပါတယ်။ ဒါက ပိုင်ဆိုင်မှုအထောက်အထားရှိပြီး နှစ်စဉ် အခွန်ပေးဆောင်နေရတဲ့ ဥယျာဉ်မြေပါ” ဟု ပဒန်ရေကျော်ကျေးရွာမှ မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသာဆိုင်က ဆိုသည်။

ယင်းအပြင် ပန်းလှိုင်တံတားအဆင်းမှ စ၍ တွံတေး လမ်းဝဲယာတစ်လျှောက်တွင်လည်း ဒေသခံနှင့်ပုဂ္ဂလိကပိုင်မြေများ၊ အစိုးရပိုင်မြေ များကိုလည်း ကျူးကျော်ဆောက်လုပ်ထားမှုများ ရှိနေပြီး အဆိုပါ ကျူးကျော်တဲများမှာ တွံတေးကြိုးတံတားထိပင် ရောက်ရှိနေပြီဖစ်သည်။

သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက် ရေပေးဝေနိုင်ရေး စီစဉ်နေ

မင်းထူးသစ်

မွန်ပြည်နယ်၊သံဖြူဇရပ်မြို၊ အောင်သာယာရပ်ကွက်နေ ပြည်သူများအာ ရေလုံလောက်စွာပေးဝေနိုင်ရေးအတွက် World vision Myanmar အဖွဲ့ဝန်ထမ်းနှင့် ပညာရှင်အချို့တို့ မြို့အရှေ့ခြမ်းရှိ ဘင်္ဂလန်ရေတံခွန်သို့ ဒီဇင်ဘာ၂၃ ရက်နေ့တွင် သွားရောက်ကြည့်ရှုလေ့လာခဲ့ ကြောင်းသိရှိရသည်။

အဓိက ရေရှားချိန်ဖြစ်သည့် မတ်လနှင့် ဧပြီလများတွင် ဘင်္ဂလန်ရေတံခွန်မှ ရေအရင်းအမြစ် မည်မျှရရှိနိုင်မည်ကိုလေ့လာပြီး ရေပေးဝေရေးကုန်ကျစရိတ်ငွေများ တွက်ချက်နိုင်မည်ဟု World vision Myanmar အဖွဲ့ဝန်ထမ်း ကိုတင်မောင်လတ်က ပြောသည်။

ကိုတင်မောင်လတ်က “ကျနော်တို့အဖွဲ့အနေနဲ့ မြိုမိမြို့ဖ လူမှုအဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေ၊ မြို့နယ်စည်ပင် တို့နဲ့လည်း ပူပေါင်းဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

သံဖြူဇရပ်မြို့ပေါ်ရှိ ရပ်ကွက်အချို့၌ သောက်သုံးရေရရှိရေး ရေတွင်းရေကန် တူးဖော်စမ်းသပ်မှုများ မအောင်မြင်သဖြင့် မြို၏အ ရှေ့ဘက်(၃)မိုင်ခန့်အကွာ မုဒုံမြိုနယ်ဧရိယာဘက်ရှိ ဘင်္ဂလန်တောင်ကျ ရေတံခွန်မှ သံဖြူဇရပ်မြို၊ အောင်သာယာရပ်ကွက်၊ မြို့တော်ဦး မွန်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းအရောက် သောက်သုံးရေ သယ်ယူသွယ်တန်းဖြန့်ဝေနိုင်ရေးအတွက် ပဏာမဆောင်ရွက်သွားမည်ဟု သိရသည်။

အောင်သာယာရပ်ကွက်သားတစ်ဦးက “နွေရောက်ရင် မိုးလင်းပြီဆိုတာနဲ့ အလုပ်လုပ်ဖို့ထက် ရေ ဘယ်လိုရမလဲ အရင်စဉ်းစားနေရပါတယ်၊ အလုပ်တွေမသွားနိုင်တဲ့အထိ ရေမရရှိတဲ့ဒုက္ခနဲ့ ကြုံခဲ့ရပါတယ်” ဟု ပြောသည်။

လက်ရှိအောင်သာယာရပ်ကွက်၌ အိမ်ထောင်စု ၁၁၂၅ တွင် လူဦးရေ ၅၂၀ဝ ဦးခန့်နေထိုင်လျှက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စာရင်းအရ သိရသည်။

သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များ၌ နှစ်စဉ်ပွင့်လင်းရာသီ ဖြစ်သော ဖေဖေါ်ဝါရီ၊ မတ်နှင့် ဧပြီလများတွင်သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လေ့ ရှိသဖြင့် ရေဖြန့်ဖြူးရောင်းချသော မော်တော်ယာဉ်များမှ ဝယ်ယူသုံးစွဲနေကြရသည်။

မလေးရှားတွင် မြန်မာအလုပ်သမား ၂ ဦး အသတ်ခံရ

ကိုဈာန်

မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ဂျာလမ်ဘာရူးဒေသ ကမ်ပွန်ဆီတိုးလ်က မီးရထားလမ်း တခုဘေးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ နဂါစာရီ စက်မှုဇုန်နားမှာ အသတ်ခံရတာလို့ အလုပ်သမား ၂ ဦးရဲ့ နာရေးကို လိုက်လံ ကူညီပေးနေတဲ့ ပီနန် နာရေးကူညီမှု အသင်းမှ ဦးပုညက ပြောဆိုပါတယ်။

“စက်မှုဇုန်နားမှာပါ။ ငွေကြေးအရှုပ်အရှင်းကြောင့် ဖြစ်နိုင်ခြေ ရှိပါတယ်။ မုဒိန်းမှုလုံးဝ မပါပါဘူး။ နှစ်ယောက်လုံးက အသတ်ခံရတာ။ နောက်ပြီးတော့ ပစ္စည်းလုတာတွေ ဘာတွေလည်း မပါဘူး။ ရဲက မသင်္ကာသူတွေကို ဖမ်းထားတယ်။”
အသတ်ခံရသူ ၂ ဦးဟာ အသက် ၁၉ နှစ်အရွယ် မဌေးဌေးသန်းနဲ့ အသက် ၄၁ အရွယ် မငယ်တို့ ဖြစ်ကြပြီး မသင်္ကာဖွယ်ရာ မြန်မာ ၂ ဦးကို ခေါ်ယူ စစ်ဆေးနေတယ်လို့ ပြည်နယ်မှုခင်း စုံစမ်းရေးဌာနရဲ့ လက်ထောက်အကြီးအကဲ မာဇလန်ကီဇာက ပြောကြောင်း သည်စတား အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့နေရာအနီးက ဘတ်စကားမှတ်တိုင်မှာ ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူတွေ အသက် ၃၀ အရွယ် မြန်မာအမျိုးသား ၂ ယောက်ကို မျက်မြင် သက်သေတဦးရဲ့ ပြောပြချက်တွေအပေါ် မူတည်ကာ အခင်းဖြစ်ပြီး မိနစ် ၃၀ အတွင်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီး ၂ ဦးဟာ စက်ရုံအလုပ်သမားဟောင်းတွေ ဖြစ်ကြပြီး လမ်းလျှောက်လာတုန်း တိုက်ခိုက်ခံရတာလို့ စုံစမ်းစစ်ဆေးရေးအရာရှိ ကီဆာက ပြောပါတယ်။

လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ပြီး ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာ ရှိရင် အနီးဆုံး ရဲစခန်းကို ဆက်သွယ်သတင်းပေးကြဖို့လည်း မက်ဇလန်ကီဆာက တိုက်တွန်းထားပါတယ်။

မြန်မာအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားရေးရာ တာဝန်ရှိသူကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရ ဖြစ်နေပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကလည်း မြန်မာအလုပ်သမားတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အတွက် မြန်မာအလုပ်သမား ၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားဦးရေဟာ တရားဝင် ၃ သိန်းနဲ့ တရားမဝင် ၄ သောင်း ရှိတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ စာရင်းအရ သိရပါတယ်။

မန္တလေး ကျုံးဘေးပတ်လည်တွင် လေးထပ်ထက် ပိုဆောက်ခွင့်မပြုတော့

ဖြိုး

မန္တလေးမြို့၊ ကျုံးဘေးပတ်လည်တွင် လေးထပ်ထက်မြင့်သော အဆောက်အအုံများ ဆောက်လုပ်ခွင့် မပြုတော့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးဦးမျိုးအောင်က ပြောသည်။

“အဆောက်အအုံတစ်ခု ဆောက်လုပ်တဲ့နေရာမှာ အထပ်ဘယ်လောက်အထိဆောက်ရမယ်ဆိုပြီး သတ် မှတ်ခွင့်ပြုထားတာ မန္တလေးမှာ မရှိပါဘူး။ ဒါပေမဲ့ ကျုံးဘေးပတ်လည်မှာတော့ လေးထပ်ထက် ပိုမ ဆောက်ရဘူး။ လေးထပ်အထိပဲ ခွင့်ပြုထားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါကန့်သတ်ချက်ကို ၂၀၁၀ ခုနှစ်၊ အစိုးရသစ် တာဝန်ယူချိန်မှ စတင် သတ်မှတ်ခဲ့သော်လည်း မန္တလေးဒေသခံများ သိရှိမှုနည်းသေးသဖြင့် ကျုံးဘေးပတ်လည်တွင် လေးထပ်အထက် အဆောက်အအုံ တည်ဆောက်မှုများရှိခဲ့ရာ ပြန်လည် ဖြိုဖျက်ရမှုများလည်း ရှိနေသေးကြောင်း သိရသည်။ မန္တလေးမြို့၏ အထင်ကရ အမှတ်အသားတစ်ခုဖြစ်သည့် ကျုံး၏ ပုံရိပ်နှင့် အလှကို ဖုံးကွယ်သွားစေမည့် အထပ်မြင့် အ ဆောက်အအုံများကို ဌာနဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ ဆောက်လုပ်ခွင့်ပြုမည်မဟုတ်ပေ။

အဆိုပါခွင့်ပြုမိန့်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒအတိုင်း ဆောက်ရွက်ခြင်းဖြစ်ပြီး တောင်ကျုံးနှင့် အရှေ့ကျုံးထောင့်တွင်ရှိသော ဆီဒိုးနားဟိုတယ် အဆောက်အအုံမှာ လေးထပ်ထက်ပိုသော်လည်း အ ဆောက်အအုံပုံစံနှင့် ဆောက်လုပ်စဉ်က သက်ဆိုင်ရာတာဝန်ရှိသူတို့၏ ခွင့်ပြုခြင်းတို့ကြောင့် ဖြစ်သည်။

မန္တလေးမြို့တွင် အဆောက်အအုံဆောက်လုပ်ပါက အထပ်မည်မျှဟု ကန့်သတ်ထားခြင်းမရှိသော်လည်း ကျုံးဘေးပတ်လည်ကိုမူ ခြွင်းချက်အဖြစ် ကန့်သတ်ထားခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးဖို့ သမ္မတ အမိန့်ထုတ်ပြန်

ABC

မြန်မာနိုင်ငံမှာ ​နိုင်ငံရေး ​ပြစ်မှုနဲ့ ​အကျဉ်းကျခံရသူတွေ၊ ​နိုင်ငံရေး ​ပြစ်မှုနဲ့ ​တရားစွဲဆို ​ခံထားရသူတွေ ​အားလုံးအတွက် ​သမ္မတ ​ဦးသိန်းစိန်က ​ဒီကနေ့ ​ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ​ပေးမှာ ​ဖြစ်ပါတယ်။

နိုင်ငံတော် ​တည်ငြိမ်းရေး၊ ​ထာဝရ ​ငြိမ်းချမ်းမှု ​ဖော်ဆောင်နိုင်ရေး၊ ​အမျိုးသား ​ပြန်လည် ​စည်းလုံးညီညွတ်ရေးနဲ့ ​နိုင်ငံရေး ​လုပ်ငန်းစဉ်မှာ ​အားလုံးပါဝင်နိုင်ဖို့အပြင် ​လူသားချင်း ​စာနာထောက်ထားတဲ့အနေနဲ့ ​ခုလို ​ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ​အမိန့်ထုတ်ပြန်တာဖြစ်တယ်လို့ ​သမ္မတရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ​၃၁ ​ရက်နေ့ ​မတိုင်မီ ​အချိန်အထိ ​အပိုဒ် ​၃ ​ပါ ​ပြစ်မှုနဲ့ ​ဆက်စပ်ပြီး ​ပြစ်ဒဏ်ချခံရသူတွေ ​လွတ်ငြိမ်းခွင့်နဲ့ ​တရားရုံးမှာ ​ကြားနာနေဆဲ ​အမှုတွေ၊ ​စုံစမ်းအရေးယူနေဆဲ ​အမှုတွေ ​အားလုံးကို ​ပိတ်ချဖို့ ​ပါရှိပါတယ်။

အဲဒါ့အပြင် ​မတရားအသင်း ​အက်ဥပဒေပါ ​ပြစ်မှုတွေ၊ ​နိုင်ငံတော် ​သစ္စာဖောက် ​ပုန်ကန်မှုတွေ၊ ​အကြည်ညိုပျက်အောင် ​ပြုလုပ်မှုတွေ၊ ​နိုင်ငံတော်ကို ​ဖျက်ဆီးလိုသူတွေ ​ပြစ်မှုတွေအပြင် ​ငြိမ်းချမ်းစွာ ​စုဝေးခွင့်နဲ့ ​အရေးပေါ် ​စီမံမှု ​ပြစ်မှုအရ ​အရေးယူခံရသူတွေကိုပါ ​လွတ်ငြိမ်းခွင့် ​ပေးဖို့ ​ပါရှိပါတယ်။

ဒီလို ​ကြေညာချက်ကြောင့် ​လွတ်ငြိမ်းခွင့်နဲ့ ​လွတ်လာမယ့်သူ ​ဦးရေကို ​ဒီကနေ့ ​သိရမှာ ​ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ​ပြီးခဲ့တဲ့ ​ဇူလိုင်လကတည်းက ​နိုင်ငံရေးအကျဉ်းသား ​အားလုံးကို ​၂၀၁၃ ​ခုနှစ် ​မကုန်မီ ​လွတ်ပေးမယ်လို့ ​ကတိပေးခဲ့ပါတယ်။

တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရေး တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ကူညီကြရန် ၀န်ကြီးဦးခင်ရီ ကမ်းလှမ်း

ဖနိဒါ

လာမည့် ၂၀၁၄ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ရေးသည် အမျိုးသားရေးလုပ် ငန်းစဉ်ဖြစ်၍ အားလုံးပါဝင်ကူညီကြရန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများကို ရှင်းလင်း ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၃၀ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Inn ဟိုတယ်တွင် ၀န်ကြီးဦးခင်ရီက သန်းခေါင်စာ ရင်းကောက်ခံရေး လုပ်ငန်းစဉ်များကို တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်များ၊ လူထုအခြေပြုအ ဖွဲ့ကိုယ်စားလှယ်များ ၃၀ ကျော် တက်ရောက်ခဲ့သော ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ် သည်။

“၂၀၁၄ ခုနှစ်၊ သန်ခေါင်းစာရင်းကောက်ခံခြင်းဟာ အမျိုးသားရေးလုပ်ငန်းစဉ်ဖြစ်တယ်။ အဲတော့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သီးခြားဆောင်ရွက်ပေးတဲ့ နိုင်ငံတော်ကနေ ဆောင်ရွက်ပေးတဲ့ ကိစ္စဖြစ်တယ်။ တ ကယ်အကျိုးခံစားရမှာက အကောက်ခံရတဲ့လူတွေက ခံစားရမှာပါ။ ကောက်ခံတဲ့လူတွေ မှန်မှန်ကန်ကန် ဖြေပေးရင် အကျိုးခံစားရမှာဖြစ်တဲ့အတွက်ကြောင့် ဒါကို တစ်နိုင်ငံလုံးက နားလည်ပြီးတော့ ၀ိုင်းဝန်း ကူ ညီပေးဖို့ လိုပါတယ်”ဟု ၀န်ကြီးဦးခင်ရီက မဇိ္ဈမကို ပြောသည်။

အဓိကရည်ရွယ်ချက်သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးခြင်းသာဖြစ်ပြီး အဓိက အခက်အ ခဲသည် သန်းခေါင်းစာရင်းကောက်ရေး သဘောတရားကို နားမလည်ခြင်းသာ အခက်အခဲ ဖြစ်နေသည် ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ရန် လာမည့်နှစ် မေလ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့ထိ ၁၂ ရက်ကြာ ပညာရေးဝန်ကြီးဌာနမှ မူလတန်းပြဆရာ၊ ဆရာမများနှင့် အရန် ကျန်းမာရေးဝန်ကြီးဌာနမှ ၀န် ထမ်းများအပါအ၀င် စုစုပေါင်း ၈၂,၀၀၀ ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ နိုင်ငံရေးအရ အခွင့်အရေး ဆုံးရှုံးသွားနိုင်မလား၊ တိုင်း ရင်းသားလူဦးရေ လျော့နည်းသွားလျှင် ရွေးကောက်ပွဲအတွက် လူဦးရေလျော့နည်းသွားမလားဟူသည့် အချက်များကို တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ စိုးရိမ်မှုများရှိနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးပြည့်စုံသည့်ငြိမ်းချမ်းရေး မရရှိသေးသဖြင့် တိုင်းရင်းသားဒေသများတွင် ပစ်ခတ်မှုများ ရှိနေသလို၊ စစ်ပြေးဒုက္ခသည်များ၊ ပြည်ပတွင်ထွက်ခွာ၍ အလုပ်လုပ်နေသည့် နိုင်ငံသားများ ရှိနေသဖြင့် ၎င်းတို့ ကျန်ရစ်မှာကို စိုးရိမ်မှုများ ရှိနေသည်ဟု ကရင်အမျိုးသားအစည်းအရုံးမှ ပဒိုမန်းမန်းက ပြော သည်။

“အဓိကစိုးရိမ်ချက်က တိုင်းရင်းသားလူမျိုးစုတွေကို သတ်မှတ်တဲ့နေရာမှာ မျိုးနွယ်စုဝင်တွေကအများကြီး ရှိနေပေမဲ့လည်း လူမျိုးစုတွေက တစ်စုတည်းမှာဖြစ်တယ်။ ဒါမှမဟုတ်ရင် မျိုးနွယ်စုအားလုံးက လူမျိုးစု တစ်စု ပြန်ပေါ်လာရင် နိုင်ငံတော်က ဖော်ပြထားတဲ့ ၁၃၅ မျိုး ရှိပါတယ်ဆိုတဲ့ အနေအထားပေါ်မှာ ဖြစ် သွားနိုင်တယ်။ရှိနေတဲ့လူမျိုးစုဝင်တွေက လူမျိုးစုတစ်စုတည်းမှာပဲ ထည့်သွင်းရမယ်ဆိုတဲ့အပိုင်းက ကျွန် တော်တို့ စဉ်းစားချက်ဖြစ်တယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ခံခြင်းသည် ပြည်သူလူထုဘက်မှ သန်းခေါင်စာရင်းကောက်ခံမှုအပေါ် ယုံကြည်မှုရှိရန်လိုအပ်ပြီး အကယ်၍ ယုံကြည်မှုမရှိပါက လူထုထံမှ အချက်အလက်များ ရရှိရန် အခက် အခဲဖြစ်လာနိုင်သည်ဟု ယနေ့ ရှင်းလင်းပွဲတက်ရောက်ခဲ့သူ အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB မှ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက ထည့်သွင်း ပြောဆိုခဲ့သည်။

“တစ်ခု ကျွန်မတို့စိုးရိမ်တာက ကျွန်မတို့နိုင်ငံမှာ ခုချိန်အထိ ပြည်တွင်းစစ်က မရပ်နေသေးဘူး။ နိုင်ငံရေး တည်ငြိမ်မှု မရှိသေးဘူး။ ဒီလိုအနေအထားက ပဋိပက္ခဖြစ်တဲ့ ပြည်သူတွေ၊ အပြင်ဘက်မှာရှိနေတဲ့ ပြည် သူတွေက ဒီအပေါ်မှာ ယုံကြည်မှု ဘယ်လောက်အထိ ရှိနိုင်မလဲ၊ ယုံကြည်မှုမရှိဘူးဆိုရင် နောက်ပိုင်းမှာ လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့အပိုင်းတွေ စဉ်းစားတဲ့အခါမှာ လိုအပ်ချက်တွေ ရှိလာနိုင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလ ၁၂ ရက်ကလည်း UNFPA က အွန်လိုင်းမှတစ်ဆင့် သန်းကောင်စာရင်းကောက်ယူရေး လုပ်ငန်း စဉ်များ ရှင်းပြခဲ့စဉ် ၀န်ကြီးဦးခင်ရီ တက်ရောက်လာခြင်း မရှိသည့်အပေါ် အဆက်အသွယ် လိုအပ်ချက် ကြောင့် ပျက်ကွက်ခဲ့ရသည်ဟု တောင်းပန် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ခံခြင်း သည် နိုင်ငံရေးအရ စဉ်းစားရမည်ဖြစ်ကာ တိုင်းရင်းသားများ၏ အခွင့်အရေးများအတွက် အာမခံကြောင်း ၀န်ကြီးဦးအောင်မင်းက ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အနောက်နိုင်ငံများဖြစ်သော သြစတြေးလျ၊ နော်ဝေး၊ ဆွိစ လန်၊ အင်္ဂလန်၊ ဖင်လန်၊ ဂျာမနီ၊ ဆွီဒင်နှင့် အီတလီနိုင်ငံများမှ အလှူရှင် ရှစ်ဦးက အလှူ ၃၅ သန်း ရရှိ နေပြီဖြစ်ပြီး ဂျပန်၊ ကနေဒါ၊ ဥရောပနိုင်ငံများထံမှလည်း ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟို သန်းခေါင် စာရင်းကော်မရှင်ကို အဓိက ကူညီဆောင်ရွက်ပေးနေသော United Nations Populations Fund Activities-UNFPA မှ UNFPAမှ မြန်မာနိုင်ငံဆိုင်ရာ Ms Ms Janet Jacksonက ရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။ သန်းခေါင်းစာရင်းကောက်ခံမှုတွင် လိုအပ်သည့် ရန်ပုံငွေ ၄၅ သန်း သုံးစွဲမည် ရည်ရွယ် ထားသည်ဟု ဆိုသည်။

ရန်ကုန်ဆေးရုံကြီးတွင် တင်ထားရသော ဆရာဦးကျော်ထွန်းအောင် သတိမရ ဖြစ်နေ

နိရဉ္စရာ

ရခိုင်သမိုင်းသုတေသီ ရှေးဟောင်း သုတေသန ဌာန လက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဆရာ ဦးကျော်ထွန်းအောင်သည် ကျန်းမာရေး အခြေအနေ အထူးဆိုးရွားနေပြီး ယခုအခါ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် သတိမရဘဲ ဖြစ်နေသည်ဟု သိရသည်။

ရခိုင်-မြန်မာ ပဏ္ဍတိတ် ဆရာကြီး ဦးသာထွန်း၏ သားကြီး ဖြစ်သူ ဆရာဦးကျော်ထွန်းအောင်အား နှလုံးရောဂါကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို တင်ခဲ့ရပြီး ယခုအခါ သတိမရဘဲ ဖြစ်နေကြောင်း ဆရာ၏ ဇနီးဖြစ်သူက ပြောသည်။

“ အခုထိ သတိမရသေးဘူး။ ဆရာ အခြေအနေက စိုးရိမ်ရတယ်။ ကျွန်မကတော့ ရမှ ရပါ့မလားလို့ ထင်မိပါတယ်” ဟု ဆိုသည်။

ဆရာဦးကျော်ထွန်းအောင်တွင် နှလုံးရောဂါ အခံရှိပြီး ရုတ်တရက် နှလုံးထိခိုက်ခဲ့ပြီး ယင်းနောက်ပိုင်း ဥဏှောက်ကိုပါ ထပ်မံ ထိခိုက်သွားခဲ့သည်ဟု ယင်းက ဆိုသည်။

ဆရာအား ဆေးရုံတင်ထားရသည်မှာ (၇) ရက်ခန့်ရှိနေပြီ ဖြစ်ကြောင်း။ အခြေအနေမှာ အထူးဆိုးရွားနေသဖြင့် မိသားစုများက အထူး စိုးရိမ် ပူပန်နေကြကြောင်း သတင်း ရရှိသည်။

ပုဂ္ဂလိကလုပ်ကိုင်ခွင့် လေဆိပ်အားလုံးကိုမပေးဟု လေကြောင်း/ဦးစီးဆို

သီဟကိုကို

ပြည်တွင်းလေဆိပ် ၃၀ အတွက် လုပ်ငန်း ၁၀ မျိုးအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရာတွင် လေဆိပ် အားလုံးကို လုပ်ကိုင်ခွင့်ပေးမည်မဟုတ်ဘဲ ပြည်တွင်းရှိ လေဆိပ်ခေါ်ယူမည့်တင်ဒါအား လုပ်ငန်းရှင် များဘက်မှတင်ပြမည့် အဆိုပြုလုပ်ငန်း (Registry of Interest (ROI)) အပေါ် အခြေပြု၍ လုပ်ကိုင် ခွင့်ပြုမည့် လေဆိပ်အား ရွေးချယ်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက မဇ္ဈိမသို့ ဒီဇင်ဘာ ၃၀ ရက်က ပြောကြားသည်။

ပြည်တွင်းရှိ လေဆိပ် ၃၀ တွင် လေဆိပ်တည်ဆောက်ရေး၊ လေဆိပ်ထိန်းသိမ်းရေးဝန်ဆောင်မှု၊ ၀န်စည်စလယ်ထိန်းသိမ်းရေးဝန်ဆောင်မှု၊ ကားပါကင်၊ လေဆိပ်ဟိုတယ်ဝန်ဆောင်မှု၊ လေကြောင်း ကုန် စည်ပို့ဆောင်ရေးဝန်ဆောင်မှု စသည်တို့အပါအ၀င် လုပ်ငန်း ၁၀ မျိုးအား ပုဂ္ဂလိကသို့လုပ်ကိုင်ခွင့်ပေး ရန် တင်ဒါခေါ်ယူရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာကို မနက်ဖြန် ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ ၃၁ ရက် နောက်ဆုံးထား၍ တင်ပြရမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။

ဦးဝင်းဆွေထွန်းက “လုပ်ငန်းရှင်တွေကတော့ ရင်းနှီးလုပ်ကိုင်လို့ အကျိုးဖြစ်မယ့် လေဆိပ်လုပ်ငန်းတွေကို တင်ပြလာမှာပဲ။ သူတို့တင်ပြတဲ့အပေါ်မူတည်ပြီး တင်ဒါပေးမယ့်လေဆိပ်ကို ပြန်ရွေးချယ်မယ်။ အခု ထုတ်ပြန်ပေးထားတဲ့ လေဆိပ် ၃၀ လုံးတော့ ပုဂ္ဂလိက တင်ဒါပေးမှာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

လုပ်ငန်းရှင်များဘက်မှ ဖြည့်စွက်တင်ပြလာမည့် Registry of Interest (ROI) အပေါ်မူတည်၍ လေ ဆိပ်လုပ်ငန်းဆိုင်ရာ ကဏ္ဍအလိုက် စိစစ်ဆုံးဖြတ်သွားမည်ဖြစ်ပြီးနောက်မှ တင်ဒါပေးမည့်လေဆိပ်များ ကို ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကာ လုပ်ငန်းရှင်များမှ တင်ဒါပြိုင်သွားရမည်ဖြစ်သည်။

ဦးဝင်းဆွေထွန်းက “စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေက ROI မှာ ပါတဲ့အချက်တွေကိုဖြည့်ပြီးတင်ရမယ်။ သူတို့တင်ပြရမယ့် အချက်အလက်တွေကိုကြည့်ပြီး ဘယ်လေဆိပ်တွေကို ရင်းနှီးမြှုပ်နှံချင်ကြတယ်။ ဘယ်လေဆိပ်ကို တင်ဒါပေးမယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံပေးနိုင်မလဲဆိုတဲ့ အချက်တွေကို ဆုံးဖြတ်သွား မှာ။ ဘယ်လေဆိပ်တွေကို ပေးရင်ကောင်းမလဲဆိုတာ Survey (စစ်တမ်း) ကောက်လိုက်တဲ့ သဘော ပါပဲ” ဟု ရှင်းပြသည်။

လေဆိပ်တစ်ခုလုံးအား ၁၀၀ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခြင်းအပြင် လုပ်ငန်းကဏ္ဍအလိုက် ရင်းနှီး မြှုပ်နှံခြင်းတို့ကို ပေးသွားမည်ဖြစ်ပြီး ROI ပုံစံဖောင်တွင် လုပ်ငန်းဆိုင်ရာ ကဏ္ဍ ၁၀ ခု ဖော်ပြထားသည်။

ပုဂ္ဂလိကသို့ လေဆိပ်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးမည့် လေဆိပ်များမှာ ပုဂံ၊ ညောင်ဦး၊ ဟဲဟိုး၊ ထားဝယ်၊ ပူတာအို၊ မိုင်းဆတ်၊ ကော့သောင်း၊ မြစ်ကြီးနား၊ ပုသိမ်၊ မြိတ်၊ ဗန်းမော်၊ လားရှိုး၊ ဘုတ်ပြင်း၊ ကလေး၊ မကွေး၊ မော်လမြိုင်၊ ခန်္တီး၊ ပခုက္ကူ၊ ဘားအံ၊ ဟုမ္မလင်း၊ ကျောက်ထု၊ အနီးစခန်း၊ လွိုင်ကော်၊ အမ်း၊ ကိုကိုး ကျွန်း၊ မုံရွာ၊ စစ်တွေ၊ သံတွဲ၊ တာချီလိတ်၊ ကျိုင်းတုံနှင့် ကျောက်ဖြူတို့ဖြစ်သည်။

ကယားပြည်ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းအပြောင်းအရွေ့ ခန့်ထားရေး ပြည်နယ်အစိုးရ ကိုင်တွယ်ခွင့်ရ

ဆန်းဖြိုးထွန်း

ကယား/ကရင်နီ ပြည်နယ်တွင် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ ပြောင်းအရွှေ့နှင့် ခန့်ထားရေးကို ပြည်နယ် အစိုးရမှ တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိန်ဦးကပြောသည်။

၎င်းက“ကိုယ့်ပြည်နယ်မှာရှိတဲ့ ကျောင်းအခြေအနေနဲ့ ဆရာ၊ဆရာမ လိုအပ်ချက်ကို ပြည်နယ်ကပဲ သေချာသိ နိုင်မှာဆိုတော့ ၀န်ထမ်း အပြောင်းအလဲတွေနဲ့ ရာထူးတိုးဖို့ကို ပြည်နယ်ကပဲ ဆောင်ရွက်ဖို့ ခွင့် ပြုထားတယ်” ဟုပြောသည်။

ယခင်က တနိုင်ငံလုံးရှိ ပညာရေးနှင့် ကျန်းမာရေးအပါအ၀င် အစိုးရ၀န်ထမ်းများပြောင်းရွှေ့ရေးနှင့် ခန့်ထားရေးကို ယခင်စစ်အစိုးရက ကိုင်တွယ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာပြီးသည့်နောက်ပိုင်း ပြည်ထောင်စုအစိုးရက ကိုင်တွယ်ခဲ့သည်။

ယခု၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစပြီး ကယားပြည်နယ်ရှိ ပညာရေးဝန်ထမ်းခန့်အပ်ထားရေးနှင့် ပြောင်းရွှေ့ရေးအပါအ၀င် ကျန်းမာရေးဝန်ထမ်းပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ပေးရေးကိစ္စကိုလည်း ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်ရရှိသွားပြီဖြစ်သည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့၏ တိုင်းရင်းသားရေးရာဝန်ကြီးလည်းဖြစ်သည့် ဦးစိန်က ပြောသည်။

“ဆရာ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အဆင်ပြေအောင်သူတို့ရဲ့ ခန့်ထားရေးနဲ့ သူတို့ရဲ့ပြောင်းရွှေ့ရေးကိစ္စကို ပြည်နယ်အစိုးရကပဲ ဆောင်ရွက်မှာဖြစ်တဲ့အတွက် အခြေခံပညာကဏ္ဍနဲ့ ကျန်းမာရေး ကဏ္ဍမှာဆရာ၊ဆရာမများ ဖြည့်ဆည်းရေးနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းတွေဟာ များစွာ အဆင်ပြေကောင်းမွန်တော့မယ်” ဟု ၄င်းကပြောသည်။

ယခင်က နေရပ်ရင်းဇာတိတွင် တာဝန်ထမ်းဆောင်ရန်အတွက် အခက်အခဲရှိခဲ့သော်လည်း ယခုတွင်မူ ပြည်နယ်အစိုးရ၏ ဆောင်ရွက်ပေးမှုကြောင့် အဆင်ပြေနေပြီဖြစ်သည်ဟု ဒီးမော့ဆိုမြို့နယ် အ.ထ.က ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ရှားမိုက ပြောသည်။

၎င်းက “ဆရာမတို့ ပညာရေးဝန်ထမ်းတွေအတွက် ကောင်းလာပါတယ်။ ကိုယ်ပြောင်းချင်တဲ့ဒေသကို ပြန်ပြောင်းလို့ရအောင်လည်း လုပ်ပေးတယ်လေ။ ဆရာမဆို ဒီးမော့ဆိုပြန်ပြောင်းတာ အခုရပြီပေါ့။ ခုလည်း (အစိုးရ)ကပြောနေတယ်၊ ကိုယ်ပြောင်းချင်တဲ့ဒေသကိုတင်လို့ရတယ်လို့”
လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် ဒေသခံဘာသာစကားမတတ်ကျွမ်းခြင်း စသည့် အခက်အခဲများကြောင့်  ကယားပြည်နယ် ကျေးလက်ဒေသများရှိ စာသင်ကျောင်းများနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်လိုသူ နည်းပါးနေဆဲဖြစ်ကြောင်း ဒေသခံ ပညာရေးဝန်ထမ်းများကပြောသည်။

ထို့ပြင် ယခင်က ကယားပြည်နယ်အတွင်းရှိ လူငယ်များအနေနှင့် သက်ဆိုင်ရာကျေးရွာများတွင်သာ တာဝန်ထမ်းဆောင်လိုသဖြင့် လျှောက်လွှာတင်သော်လည်း ပြည်ထောင်စုအစိုးရမှ ၀န်ထမ်းများကို တိုက်ရိုက်ခန့်အပ်သည့် အတွက် ဒေသခံများအနေဖြင့် ရွေးချယ်ခံရခြင်းမရှိပဲ အခြားဒေသမှ ဆရာဆရာမများကိုသာ ခန့်အပ်ထားပြီး အမှန်တကယ် တာဝန်ထမ်းဆောင်နိုင်သူ မရှိသလောက်ဖြစ်လာရာမှ ကျေးရွာများတွင် ဆရာ၊ ဆရာမ လိုအပ်ချက် များနေခြင်း ဖြစ်ကြောင်း ကရင်နီပြည် လူငယ်များ သမဂ္ဂမှ ပြောခွင့်ရရှိသူ ခွန်အာသန်းကပြောသည်။

ကယားပြည်နယ်တွင် အခြေခံပညာ ကျောင်းပေါင်း ၄၁၂ ကျောင်းရှိသည့် အနက်ကျောင်းပေါင်း ၁၂၆ ကျောင်းကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ပြီးဖြစ်ကာ ကျောင်းဆောင်သစ် ၉၂ ကျောင်းကို ကျပ် သန်းပေါင်း ၅၄၀၀ တင်ပြ တောင်းခံထားပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၁၀ နှစ်အောက် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

ဇော်ဇော်ထွေး

၁၀ နှစ်အောက် ကလေးသုံးဦးအဓမ္မပြုကျင့်ခံရပြီးနောက် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံအဓမ္မပြုကျင့်ခံရမှုတစ်ခု လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ ၂၇ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လှည်ကူးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၃ နာရီအချိန်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် မြို့ပေါ်တွင် ဈေးရောင်းနေသည့် အသက် (၃၈)နှစ်အရွယ် ကလေးငယ်ဖခင်ကို တစ်ခြံ တည်းနေထိုင်သူက သမီးငယ်ဖြစ်သူမှာ နေအိမ်တွင် မရှိကြောင်းလာရောက်အသိပေးခဲ့ရာမှတစ်ဆင့် သိရှိခဲ့ရသည်ဟု ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်လာစဉ်တွင် သမီးငယ်ဖြစ်သူကို Max ဓာတ်ဆီအရောင်းဆိုင်ရှေ့အရောက် တွင် တွေ့ရှိခဲ့သဖြင့် ယင်း၏ဈေးဆိုင်သို့ ခေါ်ယူပြီး မေးမြန်းခဲ့သည်ဟု ဖခင်ဖြစ်သူက ရဲစခန်းသို့ အမှု ဖွင့်ရာတွင် ပြောဆိုထားသည်။

သမီးဖြစ်သူက ပြောပြရာတွင်လည်း နေအိမ်တွင် တစ်ဦးတည်း အိပ်ပျော်နေစဉ် ညသန်းခေါင်အချိန်၌ တစ်ခြံတည်းနေ သက်ပိုင်ဦး (၁၈)နှစ်က နေအိမ်နောက်ဘက် မြေပြင်ပေါ်သို့ ခေါ်သွားကာ သားမယား အဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် သမီးဖြစ်သူကို သားမယားပြုကျင့်ခဲ့သူအပေါ် အရေးယူပေးရန် ဒီဇင်ဘာ ၂၈ ရက်တွင် ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် လှည်းကူးရဲစခန်းက (ပ) ၅၇၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး အဓမ္မပြု ကျင့်သူအဖြစ် စွပ်စွဲတိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေကာ အမှန်တကယ်ပြစ်မှု ကျူးလွန် ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့ကဆိုထားသည်။

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)တွင် မီးလောင်၍ လူသေဆုံးဒဏ်ရာရမှုရှိ

စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)၊ ရပ်ကွက်(၂)တွင် ဒီဇင်ဘာ ၂၈ရက်နေ့ မွန်းလွဲ တစ်နာရီတွင် မီးလောင်မှုဖြစ်ပွား၍ အဖွားအိုတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လူနေအိမ် ၃လုံး မီးလောင်ကျွမ်းပြီး မီးထပ်မံမကူးရန် အိမ်(၁၇)လုံးကို ဖျက်ခဲ့ရသည့် ၎င်းမီးလောင်မှုဖြစ်စဉ်၌ မီးလောင်ချိန်အ တွင်း ထွက်မပြေးနိုင်သော အသက် ၆၈နှစ်အရွယ် အဖွားစိုးမယ် သေဆုံးကာ အမျိုးသားနှင့် အမျိုးသမီး လူငယ်နှစ်ဦး ဒဏ်ရာရ ရှိခဲ့ခြင်းဖြစ်သည်ဟု ကရင်နီဒုက္ခသည်ကော်မတီ(KnRC) အတွင်းရေးမှူး(၁) နော်ထူးလွဲက ကေအိုင်စီသို့ ပြောသည်။

“အခု မီးလောင်သွားတာ အိမ်နှစ်အိမ်နဲ့ လူငယ်ရုံးတစ်ရုံးပါ။ စလောင်တဲ့အိမ်က မီးလောင်တဲ့အချိန် ဘယ်သူမှ မရှိကြဘူး။ မီး လောင်တဲ့အချိန်မှာ ဘေးအိမ်က အဖွား(စိုးမယ်)က ပြေးမနိုင်လို့ သေရတာပါ။ နောက် အဖွားစိုးမယ်ရဲ့သမီးနဲ့ မီးငြိမ်းသတ်တဲ့ လူငယ်တစ်ဦး ဒဏ်ရာရသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မီးလောင်ရသည့် အကြောင်းရင်း အတိအကျကို ဒုက္ခသည်စခန်းဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး အိုး အိမ်မဲ့သွားသူ ၁၀၁ဦးဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ဒဏ်ရာရရှိသွားသူနှစ်ဦးကို ကရင်နီအမှတ်(၁)စခန်းရှိ ဆေးရုံတွင် ကုသထားသော်လည်း ဒဏ်ရာရ အမျိုးသမီးမှာ မိခင် ဆုံးပါးသွားသောကြောင့် စိတ်ဝေဒနာ ခံစားနေရသည်ဟု သိရသည်။

နေအိမ်မီးလောင်သွားသည့် မိသားစုများနှင့် မီးမကူးနိုင်ရန် နေအိမ်ဖျက်ပစ်ရသည့် မိသားစုများမှာ မီးလောင်မှုဖြစ်ပွားပြီးနောက် စခန်းအတွင်းရှိ နီးစပ်ရာ ဆွေမျိုးနှင့် မိတ်ဆွေများ၏ အိမ်များတွင် ယာယီနေထိုင်လျက်ရှိကာ ပြန်လည်ထူထောင်ရေးနှင့် ပတ် သက်၍ လိုအပ်သည့်ကူညီမှုများ ရရှိရန် ဒုက္ခသည်များကို ကူညီပေးနေသည့်The Border Consortium (TBC)နှင့် ဆွေးနွေး သွားမည်ဟု KnRC က ဆိုသည်။

၎င်းမီးလောင်မှုကြောင့် ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်များ၊ လူသားချင်းစာနာသည့် အဖွဲ့အစည်းများနှင့် စခန်းကော်မတီဝင်များ က မီးဘေးဒုက္ခသည်များအတွက် အကူအညီများ ချက်ချင်းဆောင်ရွက်ပေးခဲ့သလို ယမန်နေ့မွန်းလွဲ ၃နာရီက စခန်းရုံးတွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး စောင်၊ အနွေးထည်နှင့် လိုအပ်သည့် အစားအသောက်များကို TBC နှင့် စခန်းအနီး ရှိ ထိုင်းကျေးရွာများကလည်း ကူညီပေးခဲ့ကြောင်း TBC ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

အလားတူ ယခုနှစ် မတ်လ ၂၂ရက်နေ့ကလည်း ကရင်နီဒုက္ခသည်စခန်း အမှတ်(၂)တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် လူ ၃၀ကျော် သေဆုံးကာ ၂၀၀ကျော် ဒဏ်ရာရရှိခဲ့ပြီး အိမ်အဆောက်အဦးပေါင်း ၄၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ ကရင်နီဒုက္ခ သည်စခန်း အမှတ်(၁)ကို ၁၉၉၂ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိ ရပ်ကွက်ပေါင်း ၁၇ခု၌ အိမ်ခြေနှစ်ထောင်ကျော်နှင့် လူဦးရေ တစ်သောင်းကျော် နေထိုင်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကော်မတီနှင့် UNDP ပူးပေါင်း၍ ဥပဒေစိုးမိုးရေးစင်တာများ ဖွင့်မည်

ဟိန်းကိုစိုး

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ပူးပေါင်း၍ တိုင်းနှင့်ပြည် နယ်အသီးသီးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရေး လုပ်ငန်းဖော်ဆောင်နိုင်ရန် ဇန်န၀ါရီလ ၂ ရက်တွင် ရန်ကုန်မြို့၌ ဆွေးနွေးသွားမည်ဟု ယင်းကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။

ဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန် အစီအစဉ်သည် ပြည်ထောင်စုလွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့် အဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေးကာလအတွင်း သဘောတူညီခဲ့ခြင်းဖြစ်သည်။ ယခုအစည်းအဝေးမှာ အစီအစဉ် အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ဆောင်မည့် အစည်းအဝေးဖြစ်ပြီး တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် UNDP ကိုယ်စားလှယ်များ အပါအ၀င် ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းလည်း တက်ရောက်ဖွယ်ရှိသည်ဟု သိရသည်။

အဆိုပါ စင်တာများဖွင့်လှစ်မှုနှင့်ပတ်သက်၍ ကော်မတီအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က “ဒီလို စင်တာတွေကို ဖွင့်မှာကတော့ ဥပဒေနဲ့ပတ်သက်တဲ့ တရားရေးနဲ့ပတ်သက်သူတွေ၊ တရားသူကြီး ရှေ့နေ၊ ဆွဲချ(အစိုးရရှေ့နေ)နဲ့ ရဲတွေကို စွမ်းရည်မြှင့်သင်တန်းတွေ ပေးဖို့လုပ်မှာ။ ပြည်သူတွေက ဒီစင်တာတွေ ဖွင့်တဲ့အကျိုးကို တိုက်ရိုက်မခံစားရပေမယ့် တရားရေးမဏ္ဍိုင်ကြီးကို တည့်မတ်ပေးနိုင်မယ်”ဟု ဆိုသည်။

ယင်းစင်တာဖွင့်လှစ်ရန်အစီအစဉ်အတွက် အကူအညီများကို UNDP မှ တိုက်ရိုက်ပေးခြင်းဖြစ်ပြီး တရား ဥပဒေစိုးမိုးရေးစင်တာများကို ပြည်နယ်တစ်ခုနှင့် တိုင်းတစ်ခုတွင် စတင်အကောင်ထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပြည်နယ်နှင့်တိုင်းများအနှံ့တွင် ဖွင့်လှစ်ရန် ဆောင်ရွက်သွားမည်ဟု အဆိုပါကော်မတီမှ သိရသည်။

အစိုးရ၏ သန်း ကောင်စရင်း အစီစဉ် တိုင်းရင်းသား များအား ရှင်းလင်း တင်ပြ

ရွှေဟင်္သာ

ပည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နှင့် ဦးခင်ရီ တို့အဖွဲ့သည် UNFPA ကိုယ်စား လှယ်များ နှင့် အတူ တိုင်းရင်း သား ခေါင်း ဆောင်များ၊ အရပ်ဖက် လူ့မှု အဖွဲ့ အစည်း ကိုယ်စား လှယ်များ အား ပြည်လုံး ကျွတ် သန်းခေါင် စာရင်း ကောက်ယူ ရေးလုပ် ငန်းစဉ်၊ အခက် အခဲ များနှင့် ပူးပေါင်း ဆောင် ရွက်ရေး လုပ်ငန်းစဉ် များကို ထိုင်းနိင်ငံ ဇင်းမယ် မြို့၌ ယနေ့ တင်ပြ ဆွေးနွေးခဲ့ သည်ဟု ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ ခွန်ဥက္ကာ မှဆိုပါသည်။

“ လူမျိုးနာမည် ကို တိုးလို့ လည်းမရ ဘူး။ လျှော့လို့ လည်း ရတာ မဟုတ်ဘူး။ ကိုယ့် လူမျိုးကို ကိုယ်ကိုယ် တိုင် ပြော တဲ့ အတိုင်း ဘဲ ထည့်မှာ ဘဲတဲ့။ အခြေခံ စရာ မရှိလို့ လူမျိုး (၁၃၅)မျိုး နဲ့ အစပျိုး နေရတာပါ လို့ ဆိုပါတယ်။ အဓိက က တော့ သန်းကောက် စရင်းကောက် တဲ့အခါ ရင်ဆိုင်ရတဲ့ အခက် အခဲ တွေ ရယ် ။ ပြီးတော့ ပူးပေါင်း ဆောင်ရွက် မှု တွေရယ် တွေကိုဘဲ တင်ပြသွား ပါတယ်” ဟု ဆိုပါသည်။

တိုင်းရင်း သား ခေါင်းဆောင် များ ကလည်း ပူးပေါင်း ဆောင်ရွက်ကြ မည် ဖြစ်ကြောင်း တင်ပြ ခဲ့ကြ ပါသည်။ တိုင်းရင်း သား ဒေသတွင် တိုင်းရင်း သား များ က သာ ကောက်ခံ ပေးရန် လိုအပ်ကြောင်း။ အထူးသဖြင့် (၈)တန်းနှင့် (၁၀)တန်း ကျောင်းသား ကျောင်းသူများ ကို ကောက်ခံရေး သင်တန်း ပေးပြီး ကုန်ကျစရိတ် များကို ထုတ်ပေး မည်ဖြစ် သည် ဟု ဆိုပါသည်။

စရင်း ကောက် ခံရာ တွင် မေးခွန်း (၄၁) ချက်ကို စံထားပြီး ဖြေဆို ရမည် ဖြစ်ကြောင်း၊ အသက် (၁၅)နှစ်နှ င့် အထက် မည်သူ့ ကိုမဆို ကောက်ခံ သွား မည် ဖြစ် သည်။ မေးခွန်းများ သည်လည်း အစိုးရမှ ပြုစုထားခြင်း မဟုတ်ဘဲ နိုင်ငံတ ကာ စံဖြစ်ကြောင်း ၀န်ကြီး ဦးခင်ရီမှ ဆိုပါသည်။

နိုင်ငံ တနိုင်ငံ၏ သန်းကောင် စရင်း ကောက်ယူရေး သည် နိုင်ငံရေးအရ အသုံးချရန် မဟုတ်ဘဲ စီးပွားရေးအရ တွက် ချက်ရာတွင် လိုအပ်သည့် အတွက် နိုင်ငံတ ကာမှ ကောက်ယူစေ ချင်ကြောင်း ဆိုပါသည်။

ဆွေးနွေးပွဲ ကို နေ့လည်ပိုင်း တွင် အဆုံး သတ်ခဲ့ပြီး ၀န်ကြီး ဦးအောင်မင်း တို့ အဖွဲ့သည် ရှမ်းပြည်ပြန် လည် ထူထောင် ရေးကောင်စီ (RCSS) အဖွဲ့ နှင့်ထပ် မံ ဆွေးနွေး ခဲ့ပါသည်။

ဝန်ကြီး ဦးအောင်မင်း နှင့်အဖွဲ့သည် ဒီဇင်ဘာ (၂၇)ရက်နေ့ ကတည်းက ထိုင်းနိုင်ငံ ဇင်းမယ် မြို့သို့ ရောက်ရှိ နေပြီး၊ ဒီဇင်ဘာ (၂၉) ရက်နေ့တွင် လက်နက် ကိုင် တိုင်းရင်း သားများ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အဖွဲ့ (NCCT) နှင့် တွေ့ဆုံခဲ့ ပါသည်။

၎င်းတို့၏ ခရီးစဉ် သည် NCCT အပါဝင် သန်း ကောင်စရင်း ကောက်ယူရေး ဆွေးနွေးပွဲ နှင့် RCSS တို့နှင့် ပုံမှန်တွေ့ ဆု့ခြင်း ဖြင့် ခရီးစဉ်ကို အဆုံး သတ်မည်ဟု MPC အဖွဲ့ဝင် ဦးညို အုန်းမြင့် ကဆိုပါသည်။

မြန်မာဘက်ခြမ်း အိန္ဒိယ၏ ကျူးကျော်ဝင်ရောက်မှုများ ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ တင်ပြမည်

ဖိုးစိုးသူ

မြန်မာ-အိန်္ဒိယနယ်စပ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေနေရာများတွင် အိနိ္ဒယနိုင်ငံဘက်မှ ကျူးကျော် နေထိုင်မှုများကို တားဆီးရန်နှင့် လက်ရှိ ကျူးကျော်နေမှုကို ဖြေရှင်းပေးရန်အတွက် နိုင်ငံတော်သမ္မတထံ သို့ ဒီဇင်ဘာ၂၉ ရက် နေ့စွဲဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ချင်းတွင်းအထက် လူငယ်များကွန်ရက် မင်း ကင်းမြို့တာဝန်ခံ ကိုကျော်မင်းထွဋ်က မဇ္ဈိမကို ပြောသည်။

အိနိ္ဒယနိုင်ငံဘက်မှ ကျူးကျော်နေထိုင်မှုနှင့်ပတ်သက်ပြီး မင်းကင်းမြို့ရှိ ဒေသခံလူအင်းအား ၁၀၀ က ဒီ ဇင်ဘာ ၂၉ ရက်တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး ပြဿနာဖြေရှင်းပေးရန် ထုတ်ပြန်ကြေညာ ချက်အား နိုင်ငံတော်သမ္မတထံသို့ နေ့ချင်းအရောက် ပေးပို့တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ထုတ်ပြန်ချက်ကို သမ္မတထံ ပေးပို့တယ်။ ထူးခြားမှုမရှိဘူးဆိုရင် ပြည်သူတွေနဲ့ပူးပေါင်းပြီး အားလုံး ဆန္ဒ ဖော်ထုတ်နိုင်အောင် ဆက်လက် ကြိုးစားသွားမယ်”ဟု ကိုကျော်မင်းထွဋ်က ဆက်လက် ရှင်းပြသည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် နယ်စပ်ကျူးကျော်နေထိုင်မှုများနှင့် ပတ်သက်ပြီး ပုဒ်မ ၅၀၅ အရ နယ်စပ်ကျူးကျော်မှုများကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်ပေးရန်နှင့် ၂၀၀၄ ခုနှစ်တွင် ရေးဆွဲခဲ့ သော နယ်စပ်မြေပုံပါ နယ်နိမိတ်များအတိုင်း ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုချက်များပါရှိကြောင်း သိရသည်။

အဆိုပါ တမူးနယ်စပ်ပြဿနာများနှင့် ပတ်သက်၍ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က “ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အခုမနက် ဆန္ဒပြကြတယ်။ အမတို့အ နေနဲ့လည်း အားပေးတယ်။ ဘာကြောင့်ဆို ဒါဟာ အမျိုးသားရေးဖြစ်တယ်။ ဒါကို အစိုးရအနေနဲ့ ဖိဖိစီးစီး ဖြေရှင်းပေးသင့်တယ်။ မဟုတ်ဘူးဆိုရင် အုံကြွမှုတွေ အကြီးအကျယ်ထိ ဖြစ်လာနိုင်တယ်။ ကျွန်မအနေ နဲ့ကတော့ ဒီပြဿနာကို အခုလာမယ့်လွှတ်တော်မှာ တင်ပြဆွေးနွေးသွားမယ်”ဟု မှတ်ချက်ပြုပြောကြား ခဲ့သည်။

အိန်္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အပိုင်ဖြစ်သော မိုင်တိုင်အမှတ် ၇၆ နှင့် ၇၉ ကြားတွင် အိန်္ဒိယ နိုင်ငံ ဘက်မှ လူနေအိမ်လေးလုံးကို ၂၀၁၃ ခုနှစ် မေလအတွင်း လာရောက် ကျူးကျော်ဆောက်လုပ်ပြီး လက် ရှိမှာ အဆောက်အအုံဆောက်လုပ်ရန်အတွက် မြေများပြုပြင်ခြင်းကို စက်ကြီးများဖြင့် ဆက်လက်ဆောင် ရွက်နေသောကြောင့် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

တမူးနယ်စပ်ဒေသများအပြင် အခြား မည်သည့်နယ်စပ်နေရာတွင်မဆို ကျူးကျော်မှုများကို မပြုလုပ်ရန် နှင့် ဆက်လက် ကျူးကျော်မှုများ ပြုလုပ်မှုများကို မြန်မာအစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိ ပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ EITI အဖွဲ့ဝင်နိုင်ငံအဖြစ် အကောင်ထည်ဖော်မည့် အစီအစဉ်ကို လည်း ပါ ၀င်နိုင်ခြင်းမရှိအောင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ ထုတ်ပြန်ချက်များ ဖော်ပြပါ ရှိသည်။

တမူးနယ်စပ်ဘက်တွင် အိနိ္ဒယနိုင်ငံဘက်မှ လာရောက်ကျူးကျော် နေထိုင်မှုများနှင့်ပတ်သက်ပြီး မင်း ကင်းမြို့တွင် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက် နံနက် ၉နာရီအချိန်တွင် လူအင် အား ၁၅၀ ခန့်ဖြင့် ကလေးမြို့များတွင် နယ်စပ်ကျူးကျော်နေထိုင်မှုများနှင့်ပတ်သက်ပြီး ပထမအကြိမ် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် အိနိ္ဒယနိုင်ငံဘက်ခြမ်းရှိ မဏိပူရ်နိုင်ငံရေးပါတီများကလည်း အိနိ္ဒယအစိုးရအနေဖြင့် မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံကာ နယ်စပ်အငြင်းပွားမှု ပြဿနာကို ဆွေးနွေးဖြေရှင်းရန် ဒီဇင်ဘာ ၂၈ ရက်တွင် တောင်းဆိုထားသည်ဟု အာသံထရီဗျူး၏ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

နာဂစ်ဒဏ်သင့်ရွာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၀၀ကျော် ပျက်စီးခဲ

ABC

မြန်မာနိုင်ငံ ​ဧရာဝတီတိုင်းဒေသကြီး ​လပွတ္တာမြို့နယ် ​ကံဘဲ့ ​ကျေးရွာမှာ ​မနေ့က ​မီးလောင်ကျွမ်းမှု ​ဖြစ်ပွားခဲ့တဲ့အတွက် ​အိမ်ခြေ ​၂၀၀ ​ကျော် ​ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အဲဒီမီးလောင်မှုဟာ ​ဒီဇင်ဘာလ(၃၀)ရက်နေ့ ​နံနက် ​၁း၄၅ ​အချိန်လောက်မှာ ​မုန့်ဟင်းခါးဖိုကတဆင့် ​စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ​အိမ်ခြေ ​(၂၁၃)လုံး ​မီးထဲပါသွားတယ်လို့ ​ဧရာဝတီတိုင်း ​မီးသတ်ဦးစီးဌာနက ​ပြောပါတယ်။

မနက် ​တစ်နာရီကျော်လောက်က ​စတင်လောင်ကျွမ်းခဲ့တဲ့မီးကို ​မနက် ​၆း ​၀၀ ​နာရီ ​၀န်ကျင်လောက်မှ ​မီးငြိမ်းသတ်နိုင်ခဲ့တဲ့အကြောင်း၊ ​တိုင်းမီးသတ်ဦးစီးမှူးဦးဆောင်တဲ့အဖွဲက ​သွားနေဆဲဖြစ်တဲ့အတွက် ​ပျက်စီးဆုံးရှုံးမှု ​တန်ဖိုးအသေးစိတ်ကိုတော့ ​မသိရသေးတဲ့အကြောင်း ​တိုင်းမီးသတ်ဦးစီးဌာနက ​တာဝန်ရှိသူ ​တဦးက ​ပြောပါတယ်။

မီးလောင်မှုကြောင့် ​လူအသေအပျောက် ​မရှိတဲ့အကြောင်း၊ ​အိမ်ခြေမဲ့ဖြစ်သွားတဲ့ ​မိသားစုဝင်တွေကိုတော့ ​နီးစပ်ရာရွာက ​ဘုန်းကြီးကျောင်းနဲ့ ​စာသင်ကျောင်းတွေမှာ ​နေရာချထားတဲ့အကြောင်း၊ ​သူတို့ကို ​ကူညီချင်တယ်ဆိုရင်တော့ ​လပွတ္တာမြို့နယ် ​အုပ်ချုပ်ရေးအဖွဲ့ကို ​ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ​လပွတ္တာက ​လူမှုကယ်ဆယ်ရေး ​ကူညီဆောင်ရွက်နေသူတဦးက ​ပြောပါတယ်။

ကံဘဲ့ရွာဟာ ​လွန်ခဲ့တဲ့ ​၂၀၀၈ခုနှစ် ​နာဂစ်မုန်တိုင်းကာလက ​ရွာလုံးကျွတ်နီးပါး ​မုန်းတိုင်းဒဏ်ခံခဲ့ရတဲ့ ​ရွာတရွာဖြစ်ပြီး ​ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ ​အကူအညီတွေနဲ့ ​ပြန်လည်ထူထောင်နေ ​ဆဲကာလမှာပဲ ​အခုလို ​မီးလောင်ကျွမ်းမှု ​ဖြစ်ပွားခဲ့တာဖြစ်ပါတယ်လို့ ​မြစ်မခသတင်းအရ ​သိရပါတယ်။

ကံဘဲ့ကျေးရွာလိုပဲ ​ဒုက္ခရောက်လို့ ​ထိုင်းမြန်မာနယ်စပ်က ​ဒုက္ခသည်စခန်း ​နှစ်ခုမှာ ​လာရောက်ခိုလုံကြတဲ့ ​ဒုက္ခသည်တွေလည်း ​မကြာသေးမှီက ​စခန်းထဲမှာ ​မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ​အိမ်ခြေ ​ရာနဲ့ချီ ​မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့အတွက် ​လူသေဆုံးမှုတွေလည်း ​ရှိခဲ့ပါတယ်။

အရေးကြီးပုဒ်မများ အလွယ်ပြင်မရရန် ပြဋ္ဌာန်းထားသည့် ၄၃၆ ကို အရင်ပြင်သင့်ဟုဆို

စိုးသန်းလင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၂)ရှိ ပုဒ်မ ၄၃၆သည် အခြေခံဥပဒေပါ အခြားသော အရေးကြီး ပုဒ်မများကို အလွယ်တကူ ပြင်ဆင်ရန် မရနိုင်သဖြင့် အဆိုပါပုဒ်မ ၄၃၆ ကို ဦးစွာ ပြင်ဆင်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမသို့ ပြောသည်။

“အရေးကြီးတဲ့ပုဒ်မတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်နဲ့သာ ပြင်ဆင်ရမယ်ဆိုတဲ့ ပုဒ်မ ၄၃၆ ကို အရင်ပြင်သင့်ပါတယ်၊ နိုင်ငံတကာမှာတော့ အမတ်ဦးရေရဲ့ ၆၆ ဒသမ ၆၆ ရာခိုင်နှုန်းရှိရင် ဥပဒေကို ပြင်နိုင်တယ်။ ဒီမှာလဲ သုံးပုံနှစ်ပုံလောက်ထိပဲ ထားသင့်တယ်ထင်ပါတယ်”ဟု ၂၀၀၈ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး လည်းဖြစ်သူ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ၎င်း၏အမြင်ကိုသုံး သပ် ပြောဆိုသည်။

ပုဒ်မ ၄၃၆ သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁)ရှိ ပုဒ်မအားလုံး ၄၈ ခု၊ အခန်း (၂) ရှိ ပုဒ်မ အားလုံး ရှစ်ခု၊ အခန်း (၃)ရှိ ပုဒ်မ ၅၉နှင့် ၆၀၊ အခန်း (၄)ရှိ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁နှင့် ၁၆၁၊ အခန်း (၅)ရှိ ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈ နှင့် ၂၇၆၊ အခန်း (၆)ရှိ ပုဒ်မ ငါးခု၊ အခန်း (၁၁)ရှိ ပုဒ်မ နှစ်ခုနှင့် အခန်း (၁၂)ရှိ ပုဒ်မ ၄၃၆ စုစုပေါင်း ပုဒ်မ ၉၄ ခုတို့ကို အလွယ်တကူ ပြင်ဆင်ခွင့်မရစေရန် အခိုင်အမာထိန်းချုပ်ထား ကြောင်း အခြေခံဥပဒေစာအုပ်တွင် ဖော်ပြပါရှိသည်။

“ပုဒ်မ ၄၃၆ ကို ဖြုတ်ပစ်တာမျိုးအထိတော့ မလုပ်သင့်ပါဘူး။ ဘောင်လွတ်သွားနိုင်တယ်”ဟု ဦးအေးမောက်က ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက “ဒီလိုအချိန်မှာ ဘယ်ပါတီကမှ ပြည်ထောင်စုလွှတ်တော်မှာ ၇၅ ရာခိုင်နှုန်းရထားဖို့ မလွယ်ဘူး၊ ခက်ခဲပါတယ်။ တကယ် တော့ ၄၃၆ ဟာ ပြင်ဖို့မလွယ်အောင် ထားချင်တဲ့ကိစ္စတွေ ဒါမှမဟုတ် မပြင်စေချင်တဲ့ ပုဒ်မတွေကို ဆက် ထားနိုင်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ပုဒ်မလို့ ကျွန်တော်မြင်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကမူ “ဒီပုဒ်မ ၄၃၆ မှာ အခန်းတွေ၊ ပုဒ်မတွေ အများကြီးပါနေတယ်၊ ဒါတွေကို တစ်ပြိုင်တည်းပြင်လို့ မရနိုင်ဘူး၊ တဖြည်း ဖြည်း ပြင်သွားရမှာပါ”ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်ကလည်း ပုဒ်မ ၄၃၆သည် ဥပဒေရှုထောင့်မှကြည့်လျင် ပြင်ဆင်ရန် မလွယ်ကူကြောင်း သုံးသပ် ပြောကြားသည်။

၂၀၁၂ အကယ်ဒမီနဲ့ နောက်ဆက်တွဲ စကားသံများ

မြတ်သူအောင်

အကယ်ဒမီပေးပွဲ အခမ်းအနားကို တက်ဖို့သွားတာ လမ်းတွေပိတ်နေတာကြောင့် နေ့လည် ၂ နာရီ မိနစ် ၄၀ ကျမှ ပွဲကျင်းပရာ သုဝဏ္ဏ အားကစားရုံကို ရောက်ခဲ့ပါတယ်။ ရောက်ရောက်ချင်း တွေ့လိုက်ရတာက ပရိသတ်တွေ တိုးကြိတ်နေတဲ့ အနုပညာရှင်တွေ ၀င်မယ့် လမ်းအပေါက်ပါပဲ။ အဲဒီနေရာမှာပဲ ဓာတ်ပုံဆရာတွေက ဓာတ်ပုံတွေ တိုးဝှေ့ရိုက်ကြတာလည်း တွေ့ရပါတယ်။ အနုပညာရှင်တွေက ရုံထဲကို ၀င်ဖို့ အဲဒီလမ်းကနေတက်ပြီး သွားရတာပါ။ အဲဒီလမ်းနေရာမှာပဲ လူတွေက အုံခဲနေပါတယ်။ အနုပညာရှင် တယောက် ကားပေါ်က ဆင်းလာတာနဲ့ “ဟယ် အေးမြတ်သူဟေ့” ဆိုပြီး ပရိသတ်တွေ ၀ိုင်းအော်လိုက်တာနဲ့ ဓာတ်ပုံဆရာတွေရော၊ လူတွေပါ အုံခဲပြီး လမ်းပိတ်သွားပါတော့တယ်။ အနုပညာရှင်တွေနဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့ ပရိသတ်တွေကလည်း အဲဒီနေရာမှာပဲ ရပ်စောင့်နေကြပါတယ်။ ဒါကတော့ ရောက်ရောက်ချင်း မြင်ကွင်းလေးပါ။

အချိန်အနည်းငယ် အကြာမှာ အကယ်ဒမီမင်းသား ဝေဠုကျော်ကား ရပ်ပြီးနောက်မှာတော့ သူက ကြက်ခြေနီ တပ်ဖွဲ့ဝင်ဆိုတော့ ကြက်ခြေနီ တပ်ဖွဲ့ဝင် ဆယ့်ငါးယောက်ခန့်ကို ညွှန်ကြားဟြေဆိုနေတာ တွေ့ရပြန်ပါတယ်။ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေက သူပြောတာကို ခေါင်းညိတ်နားထောင် နေပါတယ်။

အဲဒီလမ်းအတိုင်း လျှောက်ဝင်လာတဲ့ အချိန်မှာတော့ ရုပ်သံမီဒီယာတွေရဲ့ Logo တွေ နောက်ခံပြုလုပ်ထားတဲ့ စင်မြင့်တွေကို တွေ့ရပါတယ်၊ အနုပညာရှင်တွေ ၀င်လာတာကို ခေါ်ပြီး မေးမြန်းနေပါတယ်။

အခမ်းအနားကျင်းပရာ ခမ်းမထဲ အရောက်မှာတော့ လှပသေသပ်စွာ တည်ဆောက်ထားတဲ့ အကယ်ဒမီစင်မြင့်ကို တွေ့ရ ပါတယ်။ စာနယ်ဇင်း မီဒီယာတွေ အတွက်ကတော့ အရင်က စင်ရဲ့ဘယ်ဘက် (သို့) ညာဘက်မှာ နေရာပေးခဲ့ပေမယ့် ဒီနှစ် မှာတော့ ပွဲကြည့်စင်ရဲ့ အပေါ်ဘက်ဘေး တဖက်တချက်မှာပဲ နေရာပေးထားတာ တွေ့ရပါတယ်။ ပွဲစင်မြင့်ရဲ့ ကွင်းထဲမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့်လားတော့ မသိပါဘူး၊ မီဒီယာက ဓာတ်ပုံဆရာတွေ အားလုံးက ဒီနှစ် အကယ်ဒမီပေးပွဲကို ဓာတ်ပုံရိုက်ရတာ အဆင်မပြေဘူးလို့ ဟြေကြပါတယ်။ ဓာတ်ပုံလည်း ကောင်းကောင်းမရဘူးလို့ ဟြေတာကိုလည်း ကြားခဲ့ရပါတယ်။

ဒီနှစ် ထူးခြားတာကတော့ အရင်နှစ်တွေက ဆိုရင် ပရိသတ်တွေက တီဗီမှာ ရှစ်နာရီသတင်းပြီးမှ ဒုတိယပိုင်း မြင်ကွင်းတွေကို သတင်းအပြီး စောင့်ကြည့်ရပေမယ့် ဒီနှစ် အကယ်ဒမီပွဲကိုတော့ အကြာကြီး စောင့်ကြည့်နေစရာ မလိုတော့တာပဲ ဖြစ်ပါတယ်။ ဒါကလည်း ပရိသတ် သဘောကျစရာ အစီအစဉ် ဖြစ်လိမ့်မယ် ထင်ပါတယ်။ နောက်ပြီး ပွဲကျင်းပတဲ့ အစီအစဉ်တွေ ဟြေင်းလိုက်တာ၊ ဖျော်ဖြေရေး အစီအစဉ်တွေ ထည့်သွင်းထားတာကလည်း ပရိသတ်တွေ အတွက် ထူးခြားတဲ့ အစီအစဉ်တွေ၊ သဘောကျတဲ့ အစီအစဉ်တွေပါလို့ ဟြေသံတွေ ကြားရပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား ဓာတ်ပုံအကယ်ဒမီ ဆုရတဲ့ “ကယန်းအလှ” ဇာတ်ကား ပါဝင်တာကြောင့် ကယန်းအမျိုးသမီးတွေပါ အကယ်ဒမီပွဲကို တက်ရောက်ကြတာ ကလည်း ပရိသတ်တွေအတွက် တမူ ထူးခြားနေပါတယ်။

ဒါပေမယ့် ပရိသတ်တွေရဲ့ ဘ၀င်မကျမှုတွေလည်း ရှိနေပြန်ပါတယ်။ ပရိသတ် ရစေချင်တဲ့ အနုပညာရှင်တွေ မရလိုက်တာ၊ အကယ်ဒမီ ပေးသင့်ပါရက်နဲ့ ဘာလို့မပေးတာလဲ ဆိုတဲ့ အသံတွေကိုလည်း ကြားရပါသေးတယ်။ ပရိသတ်ထဲက အသက် ၄၀ အရွယ် အမျိုးသမီး တယောက်ကဆို “ဟယ် န၀ရတ်ကို ရစေချင်တာ၊ သူရမယ်လို့ပဲ ထင်ထားတာ၊ သူ့ကို ဘာလို့ အကယ်ဒမီမပေးတာလဲ မသိဘူး” ဆိုတဲ့ စိတ်မကောင်းစွာ ဟြေတဲ့အသံကိုလည်း ကြားခဲ့ရပါတယ်။ နောက်ပြီး အသက် ၂၅ အရွယ် အမျိုးသားတယောက်က “ယွန်းယွန်းလေး ရသွားတာ ပျော်တယ်၊ ကလေးပေမယ့် သရုပ်ဆောင် ကောင်းသလို စကားဟြေတာလည်း ကလေးပေမယ့် တကယ်ကို ဟြေတတ်လိုက်တာ၊ အရမ်း ချစ်ဖို့ကောင်းတာပဲ” ဆိုပြီး ချီးမွမ်းနေတာ ကြားရပြန်ပါတယ်။ အသက် ၄၅ နှစ်အရွယ် အမျိုးသားကြီး တဦးကဆို “၀ိုင်းကို ဒါရိုက်တာဆု ပေးသင့်တယ်၊ ၀ိုင်းမရတာ စိတ်မကောင်းဘူးကွာ၊ သူ နှစ်ခါရှိပြီ” လို့ စိတ်မကောင်းစွာ ဟြေနေသံကို ကြားခဲ့ရပြန်ပါတယ်။

“ချောရတနာလေးလည်း မဆိုးပါဘူး၊ သူ အရူးမလေး လုပ်တာ တော်လိုက်တာ၊ ပီပြင်တယ်နော်၊ သူရတာကို တကယ် ၀မ်းသာပါတယ်” ဆိုပြီး ဟြေတဲ့ အသက် ၅၀ အရွယ်အမျိုးသမီးကြီး တယောက်ရဲ့ဝမ်းသာ စကား၊ “ဖွေးဖွေးလေးလည်း ရသင့်ပါတယ်၊ သူ့နေရာလည်း ကောင်းသလို၊ သရုပ်ဆောင်တာလည်း ကောင်းတာပဲ၊ ရသွားတာကို ၀မ်းသာတယ်” ဆိုတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးရဲ့ စကားတွေကိုလည်း ကြားခဲ့ရပါတယ်။

အများဆုံး ကြားခဲ့ရတာကတော့ န၀ရတ်ကို အရမ်းရစေချင်တယ် ဆိုတဲ့ န၀ရတ် ပရိသတ်တွေရဲ့ မကျေနပ်သံတွေပါပဲ။ အကယ်ဒမီ ဆုတွေက စင်ပေါ်မှာတင်ထားတာ ၁၂ ဆုတောင်၊ ပေးတော့ဖြင့် ၉ ဆုပဲ၊ န၀ရတ်နဲ့ ၀ိုင်းကို ပေးလိုက်တော့ ဘာဖြစ်သွားမှာလဲ ဆိုပြီး မကျေမနပ်ဟြေတဲ့ ပရိသတ်တွေလည်း ရှိနေပြန်ပါတယ်။

ဘာပဲဟြေဟြေ ၂၀၁၂ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါပြီ။ အနုပညာကို ချစ်တဲ့ အကယ်ဒမီ ပရိသတ်တွေ အတွက် ၂၀၁၃ အကယ်ဒမီ ပေးပွဲကို စောင့်မျှော်ပါဦးလို့ ဟြေကြားရင်း အနုပညာရှင်တွေနဲ့ ထပ်တူ ရင်ခုန်ခဲ့တဲ့ ပရိသတ်တွေ ကျေနပ်ပါစေကြောင်း …။

သမ္မတအရည်အချင်းသတ်မှတ်ချက် ပြင်ရန် သင့်၊မသင့် ပြည်ခိုင်ဖြိုး မဲခွဲမည်

ဟိန်းကိုစိုး၊ အောင်သူရထွန်း

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပြဋ္ဌာန်းချက် (ပုဒ်မ ၅၉) ကို ပြင်ရန် သင့်၊မသင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေး၌ ဒီဇင်ဘာ ၃၀ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဟု ဗဟိုကော်မတီဝင် ဦးလှဆွေက ဒီဇင်ဘာလ ၂၉ ရက်တွင် မဇ္ဈိမကို အတည်ပြုခဲ့သည်။

“ဒီနေ့ စီအီးစီအစည်းဝေးကနေပြီးတော့ ပြင်ဆင်ရေးအတွက် အချက်တွေကိုရွေးတယ်။ ဒီလိုရွေးတဲ့ထဲမှာ မကြိုက်သူတွေလဲ ရှိကြတယ်။ ဒီအတွက် အကြိတ်အနယ်ကို ဆွေးနွေးခဲ့ကြတယ်၊ ပြင်မယ့်ထဲမှာ ပုဒ်မ (၅၉)လဲ ပါတယ်။ ဒီဟာကို ပြင်၊ မပြင်က မနက်ဖြန် (ဒီဇင်ဘာ ၃၀) မှာ မဲခွဲဆုံးဖြတ်မယ်”ဟု ပြောသည်။

သို့သော် ပုဒ်မ(၅၉)မှာ ပုဒ်မခွဲ ခုနစ်ခုရှိသည့်အနက် မည်သည့်အချက်များ ပြင်ရန် ဆုံးဖြတ်မည်ကိုမူ အ သေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

“ဘယ်လိုအချက်တွေကို ပြင်မယ်ဆိုတာကိုတော့ နက်ဖြန်မှပဲ သိရမယ်”ဟု ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦးက ပြောသည်။

သမ္မတတာဝန်ယူလိုသည်ဟု ထုတ်ဖော်ပြောဆိုထားသူ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေသည့် ပုဒ်မ ၅၉(စ)ကို ပြင်ရန် ရှိ၊ မရှိ ကိုမူ ဒီဇင်ဘာ ၂၉ ရက် ညအထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုဒ်မ ၅၉(စ)တွင် ကိုယ်တိုင်၊ မိဘ၊ အိမ်ထောင်ဖက်၊ သားသမီးနှင့် သားသမီး၏ အိမ်ထောင်ဖက်သည် တိုင်းတစ်ပါး နိုင်ငံသားမဖြစ်ရန်၊ အခွင့်အရေး၊ ကျေးဇူးခံစားခွင့်၊ ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရန်နှင့် နိုင် ငံခြားအစိုးရ၏ လက်အောက်ခံ မဖြစ်စေရန် သတ်မှတ်ချက် ပါဝင်နေခြင်းဖြစ်သည်။

အဆိုပါဥပဒေပြဋ္ဌာန်းချက်သည် ၁၉၄၇ ခုနှစ်နှင့် ၁၉၄၇ ခုနှစ်တို့တွင် ပြဋ္ဌာန်းခဲ့ဖူးသော အခြေခံဥပဒေများ ထက် ပိုမိုကန့်သတ်ထားသကဲ့သို့ ဖြစ်နေသည်ဟု ဥပဒေပညာရှင်များက ထောက်ပြ ပြောဆိုထားသည်။ အဆိုပါဥပဒေတို့တွင် ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်၌သာ ယင်းသို့ ပြဋ္ဌာန်းထားခြင်းဖြစ် သည်။

“ဒေါ်အောင်ဆန်းစုကြည်အတွက် ပြင်မယ်ဆိုရင် ပြင်လို့ရပေမယ့် အနာဂတ်မှာ ဒီအချက်က အားနည်းမှု တစ်ခုဖြစ်သွားမလားလို့ စိုးရိမ်တာတွေလည်းရှိတယ်”ဟု ပြည်ခိုင်ဖြိုးပါတီမှ အမည်မဖော်လိုသူ ဗဟိုအ လုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ဆိုသည်။

လက်ရှိဖွဲ့စည်းပုံတွင် ပြင်ဆင်သင့်သည်ဟုယူဆထားသည့် ၅၂ ချက်နှင့် အပြီးပယ်ဖျက်သင့်သည်ဟု ယူ ဆထားသည့် ၂၁ ချက်ကို ယနေ့အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းကို ဒီ ဇင်ဘာ ၂၄ ရက်တွင် စတင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်မှုရလဒ်ကို ပြည်ခိုင်ဖြိုး၏ အကြံပြုချက်အဖြစ် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့ရန် စီစဉ်ထားသည်။

ပယ်ဖျက်ရန်ဟု မဲခွဲဆုံးဖြတ်မည်ဖြစ်သည့် ပြဋ္ဌာန်းချက်များတွင် ပြည်ထောင်စု ၀န်ကြီး၊ တိုင်း၊ ပြည်နယ် ၀န်ကြီးချုပ်များ ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မအချို့၊ နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မအချို့အပါအ၀င် ၂၁ ချက် ပါဝင်သည်။

ကယား စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည် ခေါ်ယူမည်

နန်းဆိုင်နွမ်

ထိုင်းနိုင်ငံနယ်စပ်နှင့် ပြည်တွင်း ဒုက္ခသည် စခန်းများရှိ ကယား (ကရင်နီ) စစ်ဘေးရှောင် ဒုက္ခသည်များကို ပြန်လည်နေရာ ချထား ပေးရန် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် ပြည်နယ် အစိုးရတို့ စီစဉ်နေကြကြောင်း သိရသည်။

“ဒုက္ခသည်တွေ အတွက် အိမ်ခြေ ၅၀ ဆောက်ပေးဖို့ လျာထားပါတယ်။ ၃ နှစ်စာ ထောက်ပံ့ကြေး ပေးဖို့တွေ၊ မိုင်း ရှင်းလင်းရေး ကိစ္စတွေ လုပ်ဆောင်နေ ပါတယ်။ အဲ့ဒါတွေ အားလုံး လုပ်ပြီးမှပဲ ပြန်ခေါ်ပါမယ်”ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

လက်ရှိ အချိန်တွင် ပြည်တွင်း စစ်ဘေးရှောင် (IDPs) များအတွက် ကယားပြည်နယ် ရှားတောမြို့နယ် မယ်လယု စံပြကျေးရွာတွင် ဦးစွာ ပြန်လည် နေရာ ချပေးမည်ဖြစ်ပြီး ပြန်လာသူများကို ကူညီ ထောက်ပံ့မည်ဟု ၄င်းက ပြောဆိုသည်။

ထိုင်းနိုင်ငံ နယ်စပ်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို ပြန်ခေါ်ရန် အတွက်ကိုမူ အစိုးရက တရားဝင် ခွင့်ပြုမိန့် မကျလာသေးကြောင်းနှင့် ယခု စစ်ဘေးရှောင် ပြည်တွင်း ဒုက္ခသည်များ (IDPs) ကို ထားရှိမည့် မယ်လယု စံပြကျေးရွာတွင် လမ်းများ မဖောက် လုပ်ရ သေးကြောင်းလည်း ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောသည်။

ကယား ဒေသတွင် ၁၉၈၄ ခုနှစ်မှစပြီး အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖြစ်ပွားသည့် စစ်ပွဲများကြောင့် ဒုက္ခသည်များသည် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့ (TBC) ၏ စားနပ်ရိက္ခာ ထောက်ပံ့မှု အကူအညီဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင်ရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ခိုလှုံနေထိုင် နေကြသည်။

ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင် အမှတ် ၁ နှင့်အမှတ် ၂ ဒုက္ခသည် စခန်း၂ ခုတွင် ယခင်က ဒုက္ခသည် ဦးရေ ၃၀,၀၀၀ နီးပါး နေ ထိုင်ခဲ့ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး(UNHCR) အစီအစဉ်ဖြင့် တတိယ နိုင်ငံသို့ ၁၀၀၀၀ ကျော် သွားရောက် အခြေချ နေထိုင်နေကြောင်း၊ ယခု လက်ရှိ စုစုပေါင်း ဒုက္ခသည် ဦးရေ ၁၆,၀၀၀ ခန့် ကျန်ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ဒုက္ခသည် (Refugee) များ နှင့် ပြည်တွင်း စစ်ဘေးရှောင် (IDPs)များ အားလုံးကို ပြန်လည် ခေါ်ဆောင်နိုင်ရန် ကယား ပြည်နယ် အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)တို့ ညှိနှိုင်း နေ ဆဲ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုသည်။

ဒလမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်၊ အုပ်ချုပ်ရေးမှူးကို အရေးယူ

ကျော်ကြား (ဒလ)

ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင် ကျွမ်းမှုတစ်ခု ဒီဇင်ဘာ ၂၉ ရက် နံနက် ၁နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ရာ ပေ ၃၀ × ပေ ၂၀ရှိသွပ်မိုး အုတ်ညှပ်ရုံးအဆောက်အအုံတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါညက ရုံးချိန်အပြီးတွင် ရုံးခန်းပိတ်သွားသော်လည်း မီးအားမြှင့်စက်အား ပိတ်ခဲ့ခြင်း မရှိသဖြင့် အပူလွန်ကဲမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း နှင့် အဆိုပါရုံးတွင် ညအိပ်ရုံးစောင့်မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ်တွင် ညအချိန်မတော်ဖြစ်သော်လည်း အောင်မင်္ဂလာရပ်ကွက်၊ ရှင်စောပုလမ်းမှ ကြည်ဖြူအပေါင်ဆိုင်တွင် ခရစ်စမတ်ပွဲတော်အဖြစ် ကျင်းပနေသည့် လူငယ်များက နံနက်ပိုင်း ကျွေးမွေးလှူဒါန်းရန် ချက်ပြုတ်နေကြစဉ် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်နေသည်ကိုသိရှိ ပြီး သက်ဆိုင်ရာ မီးသတ်ဦးစီးသို့ အကြောင်းကြားကာ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ မီးလောင်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးအပါအ၀င် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင် ကိုးဦး၊ အရန်မီးသတ်များ၊ ရပ်ကွက်နေ ပြည်သူများဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ရပ်ကွက်ရှိ နေအိမ်များသို့ မီးမကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် နံနက် ၂နာရီ ၅ မိနစ်တွင် မီးညွန့်ကြိုးသွားပြီး မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်ခုနစ်သိန်းငါးသောင်းခန့် ရှိသည်ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိုသည်။ အဆိုပါ မီးလောင်မှုကြောင့် လူအသေအပျောက် မရှိခဲ့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးကို မီးပေါ့ ဆစွာ အသုံးပြုမှုအတွက် ဒလမြို့နယ် မြို့မရဲစခန်းက (ပ) ၅၆၁/၂၀၁၃၊ ပြစ်မှု ပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

အကြွင်းမဲ့တန်ဖိုးစံ – ဒီမိုကရေစီ (၂)

အမတြာ ဆင်း

ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

ဒီမိုကရေစီ နည်းမကျသော အုပ်ချုပ်မှုစနစ်များက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပို၍ ကောင်းစွာ ဖြစ်ထွန်းစေနိုင်သည်ဟူသော အပြောအဆိုမျိုးလည်း ရှိတတ်ပါသည်။ ဤယုံကြည်မှုကို စင်ကာပူခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူ တင်သွင်းခဲ့သောကြောင့် “လီ၏ အနုမာန ယူဆချက်” ဟု အမည်တွင်ခဲ့သည်။ လီကွမ်ယူက (တောင် ကိုရီးယား၊ စင်ကာပူနှင့် ပြုပြင်ပြောင်းလဲရေး ကာလလွန် တရုတ်နိုင်ငံများ ကဲ့သို့သော) အာဏာရှင်ဆန်ဆန် စည်းကမ်းတင်းကြပ်သည့် နိုင်ငံများသည် (အိန္ဒိယ၊ ဂျမေကာနှင့် ကိုစတာရီကာ နိုင်ငံများကဲ့သို့) တင်းကြပ်မှု လျော့နည်းသော နိုင်ငံများထက် ပို၍ လျှင်မြန်စွာ စီးပွားရေး တိုးတက်ခဲ့သည်ဟု ခိုင်ခိုင်မာမာ ပြောဆိုခဲ့သည်။ သို့နှင့်တိုင် “လီ၏ အနုမာန ယူဆချက်” သည် ထုံ့ပိုင်းထုံ့ပိုင်း ရရှိခဲ့သည့် ကိုယ်တွေ့ မျက်မြင် အခြေစိုက် ဒဿန၀ါဒအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် အသင့်ရှိနေသော အချက်အလက်များကို စနစ်တကျ တွက်ချက်စစ်ဆေးပြီး ပေါ်ထွက်လာသည့် မည်သို့သော စာရင်းဇယားမျိုးကိုမှ အခြေခံထားခြင်း မဟုတ်ဘဲ အသေအချာ သီးသန့်ရွေးချယ်ထားပြီး အကန့်အသတ်ဖြင့် ရယူထားသော သတင်း အချက်အလက်များမှ ကောက်ချက်ဆွဲယူခဲ့ခြင်း ဖြစ်သည်။ ဤသို့သော ကောက်ချက်မျိုးဆိုသည်မှာ အသေအချာ သီးသန့်ရွေးချယ်ထားသည့် သက်သေ အထောက်အထားများအပေါ် အခြေခံပြီး တည်ဆောက်ယူ၍ မရနိုင်ပါ။

ဥပမာအနေဖြင့် ပြောရလျှင် စင်ကာပူ သို့မဟုတ် တရုတ်နိုင်ငံ၏ မြင့်မားသော စီးပွားရေးတိုးတက်မှုကို ကြည့်ရုံဖြင့် အာဏာရှင်ဝါဒသည် စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်ကြောင်း ခိုင်မာသည့် သက်သေ အထောက်အထားအဖြစ် ယူဆ၍မရနိုင်ပေ။ ဘော့ဆွာနာနိုင်ငံကို ကြည့်၍ ဆန့်ကျင်ဘက် အမြင်က ကောက်ချက် ဆွဲယူနိုင်ပေသေးသည်။ ဘော့ဆွာနာနိုင်ငံသည် အာဖရိကတိုက်တွင် ဒီမိုကရေစီ အိုအေစစ်တခု ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာခဲ့ပြီဖြစ်သည်။ အဆိုပါနိုင်ငံသည် အာဖရိကတိုက်၏ စီးပွားရေးတိုးတက်မှု အကောင်းဆုံး နိုင်ငံတခုဖြစ်ပြီး တကမ္ဘာလုံးတွင် စီးပွားရေးတိုးတက်မှု အကောင်းဆုံး မှတ်တမ်းဝင်သည့် နိုင်ငံများထဲမှ တခုဖြစ်ပါသည်။ ကျနော်တို့အနေဖြင့် အဆိုများနှင့် ဆန့်ကျင်ဘက် အဆိုများကို ခွဲခြားရွေးထုတ်ဖို့ရာ စနစ်ကျသော လက်တွေ့မျက်မြင်ကို အခြေခံသည့် လေ့လာမှုများ ပိုမိုပြုလုပ်ရန် လိုအပ်ပါသည်။

တကယ်တော့ အာဏာရှင်ဆန်သည့် အုပ်ချုပ်မှုနှင့် နိုင်ငံရေးနှင့် အများပြည်သူ အခွင့်အရေးများအပေါ် ဖိနှိပ်မှုများသည် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို အကျိုးကျေးဇူး ဖြစ်ထွန်းစေကြောင်း ယုံကြည်လောက်သည့် သက်သေ အထောက်အထား မရှိပေ။ တကယ်စင်စစ် အကြမ်းဖျင်း စာရင်းဇယား ပုံဖော်ထားမှုများသည် ဤသို့ ခြုံယူဆင်ခြင်ခြင်း တခုကိုမျှ ခွင့်ပြုထားခြင်း မရှိပေ။ (ဥပမာအားဖြင့် ရောဘတ်ဘာရိုနှင့် အဒမ်ပရက်ဇီဝါစကီးတို့ လုပ်ခဲ့သည့်) စနစ်ကျ၍ လက်တွေ့မျက်မြင် အခြေခံသော လေ့လာမှုများက စီးပွားရေးစွမ်းဆောင်နိုင်မှုနှင့် နိုင်ငံရေး အခွင့်အရေးများကြားတွင် ယေဘုယျအနေဖြင့် ပဋိပက္ခတရပ်ရှိသည် ဆိုခြင်းမျိုး အမှန်တကယ် ထောက်ခံမှု မပေးခဲ့ပေ။ လားရာတဖက်တည်းကို ဦးတည်ထားသည့် ချိတ်ဆက်မှုသည် တခြားသော အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်နေသည်ဟု ထင်ရတတ်သည်။ တချို့သော ကိန်းဂဏန်း အချက်အလက်များ၊ စာရင်းဇယားဆိုင်ရာ စူးစမ်းလေ့လာမှုများက အဖျက်သဘော ဆက်နွှယ်မှုများကို သတိပြုမိစေပြီး တချို့ကမူ ခိုင်မာသည့် အပြုသဘော ဆက်စပ်မှုများကို တွေ့ရှိစေသည်။ အကယ်၍ နှိုင်းယှဉ်လေ့လာမှုအားလုံးကို အတူတကွ ရှုမြင်သုံးသပ်ကြည့်မည် ဆိုပါက ဒီမိုကရေစီနှင့် စီးပွားရေးတိုးတက်မှု နှစ်ဖက်စွန်းကြားတွင် ရှင်းလင်းတိကျသည့် ဆက်နွှယ်မှု မရှိခြင်းဆိုသည့် အနုမာန မှန်းဆချက်ကသာ အလွန်အမင်း ဖြစ်နိုင်ချေရှိသည်။ ဒီမိုကရေစီ နှင့် နိုင်ငံရေး လွတ်လပ်မှုများအနေဖြင့် ၄င်းတို့ကိုယ်နှိုက်က အရေးပါနေခြင်းကြောင့် ဤအကြောင်းအရာနှင့် စပ်လျဉ်းသော ရပ်တည်ချက်များသည်လည်း မှေးမှိန် ပျောက်ကွယ်သွားဖွယ်ရာ မရှိပေ။

စီးပွားရေးဆိုင်ရာ သုတေသန နည်းလမ်းများနှင့် ပတ်သက်သည့် အခြေခံပြဿနာသည်လည်း အဆိုပါ သံသယဖြစ်မှုတွင် အကျုံးဝင်ပါသည်။ ကျနော်တို့အနေဖြင့် ကိန်းဂဏန်းဆိုင်ရာ အဆက်အစပ်များကို ကြည့်ရှုရုံသာမကဘဲ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကြောင်းကျိုးဆက်နွယ်သည့် လုပ်ငန်းစဉ်များကိုပါ စေ့စေ့စပ်စပ် စူးစမ်းလေ့လာရမည် ဖြစ်သည်။ အရှေ့အာရှ နိုင်ငံများ၏ စီးပွားရေးအောင်မြင်မှုဆီသို့ ဦးတည်စေခဲ့သည့် စီးပွားရေးပေါ်လစီများနှင့် စီးပွားရေး အခြေအနေများကို ယခုအချိန်တွင် အကျိုးသင့်အကြောင်းသင့် ကောင်းစွာ နားလည်နိုင်သလောက် ရှိပြီဖြစ်သည်။

မတူညီသည့် လက်တွေ့မျက်မြင် လေ့လာမှုများသည် အလေးအနက်ထားမှုကိုလိုက်၍ ပြောင်းလဲနေသော်လည်း၊ “အသုံးကျသော ပေါ်လစီ” များအပေါ် ကျယ်ပြန့်သော အများလက်ခံမှုကို ယခုအချိန်အထိ ရတန်သရွေ့ ရနေပြီဖြစ်ပါသည်။ အဆိုပါ ပေါ်လစီများတွင် ပွင့်လင်းမြင်သာမှုရှိရှိ ယှဉ်ပြိုင်စေခြင်း၊ နိုင်ငံတကာ ဈေးကွက်များအား အသုံးချနိုင်မှု၊ ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွဲဆောင်မှုများကို ကြိုတင် စီမံထားနိုင်ခြင်း၊ စာတတ်မြောက်မှုနှင့် ကျောင်းတက်ရောက်မှု မြင့်မားခြင်း၊ အောင်မြင်သော မြေယာ ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးချဲ့ထွင်မှု လုပ်ငန်းစဉ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်ပါဝင်နိုင်သည့် တခြား လူမှုရေးဆိုင်ရာ အခွင့်အလမ်းများ ပါဝင်သည်။ ဆိုခဲ့သည့် မည်သည့်ပေါ်လစီများကမှ ဒီမိုကရေစီ သဘောတရားများ ပိုမိုကျယ်ပြန့်လာခြင်းနှင့် လိုက်ဖက်သင့်လျော်မှု မရှိဟု ယူဆဖွယ်ရာ အကြောင်းမရှိပေ။ ထို့အပြင် တောင် ကိုရီးယား၊ စင်ကာပူ၊ တရုတ်တို့တွင် ကျင့်သုံးနေသော အာဏာရှင်ဝါဒ၏ အခြေခံ သဘောတရားတွင်က အဆိုပါ ပေါ်လစီများအပေါ် အတင်းအကျပ် အားဖြည့်ထောက်ကူ ပေးသည်ဟုလည်း ယူဆရန် အကြောင်းမရှိပေ။ တကယ်စင်စစ် စီးပွားရေး တိုးတက်မှုကို ပိုမို လျှင်မြန်စေရေးအတွက် လိုအပ်သောအရာမှာ ကြမ်းတမ်းရက်စက်သည့် နိုင်ငံရေးစနစ်ထက် ရင်းနှီးဖော်ရွေသော စီးပွားရေး အခင်းအကျင်းတရပ်သာ ဖြစ်ကြောင်း သက်သေပြဖို့ရာ အထောက်အထား ခိုင်ခိုင်လုံလုံရှိပါသည်။

ဤသို့သော စူးစမ်းလေ့လာမှုအပေါ် ပြည့်ပြည့်စုံစုံ ဖြစ်စေရန် ကျနော့်အနေဖြင့် စီးပွားရေးတိုးတက်မှုဆိုင်ရာ ကျဉ်းမြောင်းသော အကန့်အသတ် ဘောင်မှ ကျော်လွန်ရမည်ဖြစ်ပြီး စီးပွားရေးနှင့် လူမှုရေးလုံခြုံ စိတ်ချရမှု လိုအပ်ချက် အပါအ၀င် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သည့် တောင်းဆိုမှုများကို စေ့စေ့စပ်စပ် စူးစမ်းလေ့လာရမည် ဖြစ်သည်။ နိုင်ငံရေးနှင့် အများပြည်သူဆိုင်ရာ အခွင့်အရေးများက ပြည်သူလူထု၏ အထွေထွေ လိုအပ်ချက်များအပေါ် အာရုံစူးစိုက်ထားနိုင်ရေးနှင့် သင့်တင့်လျောက်ပတ်သော အများပြည်သူ လှုပ်ရှားမှုကို တောင်းဆိုနိုင်ရေး အခွင့်အလမ်းများကို ရရှိစေပါသည်။ (မဲပေးခွင့်၊ နိုင်ငံသားဖြစ်ခွင့်၊ ဆန္ဒပြခွင့်နှင့် အလားတူ အခွင့်အရေးများဖြစ်သော) နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို လက်ကိုင်ပြု ကျင့်သုံးခြင်းက အစိုးတရပ်အပေါ် အကျိုးသက်ရောက်စေသည့် နိုင်ငံရေးဆိုင်ရာ ဆွဲဆောင်မှုများနှင့် အမှန်တကယ် ကွဲပြားခြားနားစေပါသည်။

ကမ္ဘာကြီးတွင် ဆိုးဝါးလှသည့် ငတ်မွတ်မှု ကပ်ဘေးကြီးများ ဆိုက်ရောက်ခဲ့ရာတွင် စာနယ်ဇင်း လွတ်လပ်မှုရှိပြီး လွတ်လပ်သည့် မည်သည့် ဒီမိုကရေစီ နိုင်ငံများတွင်မဆို ကြီးမားသည့် ငတ်မွတ်မှုကပ်ဘေးကြီးများ မကြုံတွေ့ခဲ့ရဖူးသည့် အံ့သြဖွယ်ရာ အကြောင်းတရပ်ကို အခြားတနေရာတွင် ကျနော် ဆွေးနွေးခဲ့ဖူးသည်။ မည်သည့် နေရာတွင်မဆို ယင်းအချက်နှင့် ပတ်သက်သည့် ခြွင်းချက်သဘောကိုပင် မတွေ့နိုင်ခဲ့ပါ။ အီသီယိုးပီးယား၊ ဆိုမာလီယာနှင့် တခြားအာဏာရှင် အစိုးရများ အုပ်ချုပ်သည့် တိုင်းပြည်များတွင် လတ်တလော ငတ်မွတ်မှု ဘေးဒုက္ခများနှင့် ကြုံတွေ့နေရသည်။ ထို့အပြင် ၁၉၃၀ ပြည့်နှစ်တွင် ဆိုဗီယက် ပြည်ထောင်စု၏ ငတ်မွတ်မှုကပ်ဘေး၊ တရုတ်နိုင်ငံ၏ မဟာ ခုန်ပျံကျော်လွှားခေတ်ကြီး ကျဆုံးချိန် ၁၉၅၈-၆၁ ခုနှစ်များတွင် ကြုံတွေ့ခဲ့ရသော ငတ်မွတ်မှုကပ်ဘေး၊ တိုင်းတပါးအုပ်စိုးမှုအောက်မှ အိန္ဒိယနှင့် အိုင်ယာလန်နိုင်ငံများတွင် ဖြစ်ပွားခဲ့သော ငတ်မွတ်မှု ကပ်ဘေးကြီးများကို တွေ့နိုင်ပါသည်။

တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယထက် စီးပွားရေး အရာတွင် နည်းလမ်းမျိုးစုံဖြင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း အိန္ဒိယနှင့် မတူသည့်အချက်မှာ ငတ်မွတ်မှုကပ်ဘေးကြီးကို ကိုင်တွယ် ဖြေရှင်းနေရဆဲဖြစ်ပါသည်။ အဆိုပါ ငတ်မွတ်မှု ကပ်ဘေးကြီးသည် ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး ကပ်ဘေးကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အတွင်း လူပေါင်းသုံးသန်းခန့် သေကြေပျက်စီးခဲ့ရသည်။ အစိုးရ၏ မှားယွင်းသော ပေါ်လစီများကို သုံးနှစ်ကြာအောင် ပြန်လည်တည့်မတ်ခြင်း မပြုခဲ့ပေ။ ပါလီမန်ထဲတွင် အတိုက်အခံပါတီများ မရှိခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိခြင်း၊ ပါတီစုံ ရွေးကောက်ပွဲများ မရှိခြင်းများကြောင့် အဆိုပါ ပေါ်လစီများအပေါ် ဝေဖန်ပြစ်တင်ခြင်းများ မရှိခဲ့ပေ။ တကယ်စင်စစ် နှစ်စဉ် လူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့သော်လည်း အတွင်းကျကျ ချို့ယွင်းမှုများ ရှိနေသည့် ယင်းပေါ်လစီများကို ဆက်လက် ဆောင်ရွက်ခွင့်ပြုနေသည်မှာ ဝေဖန်ပြစ်တင်မှုများ မရှိသောကြောင့် ဖြစ်သည်။ မြောက်ကိုရီးယားနှင့် ဆူဒန်တွင် ယခုလက်ရှိ ဖြစ်ပွားနေသော ကမ္ဘာ့ခေတ်ပြိုင် ငတ်မွတ်မှုကပ်ဘေးကြီး နှစ်ခုနှင့် ပတ်သက်၍လည်း အလားတူပြောဆိုနိုင်ပါသည်။

ငတ်မွတ်မှုကပ်ဆိုးကြီးများကို သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများနှင့် ယေဘုယျအားဖြင့် ဆက်စပ် ပြောဆိုကြသည်။ တရုတ်ပြည်တွင် မဟာ ခုန်ပျံကျော်လွှား စီမံချက်ကြီး ကျဆုံးနေစဉ် ကာလအတွင်း ရေကြီးမှုများ၊ အီသီယိုးပီးယားတွင် မိုးခေါင်ရေရှားမှုများ၊ မြောက်ကိုရီးယားတွင် ကောက်ပဲသီးနှံ ပျက်စီးမှုများ စသည်တို့ကို အကြောင်းပြ၍ ငတ်မွတ်မှု ကပ်ဘေးကြီးများ ကျရောက်သည့်အပေါ် ခပ်လွယ်လွယ် ရှင်းပြလေ့ရှိရာ မျက်မှောက်ရေးရာများ ဟောပြောရေးသားသူတို့အဖို့ အောင့်သက်သက်နှင့်ပင် လက်ခံရတတ်ပါသည်။ သို့သော် တိုင်းပြည် အများအပြားတွင် အလားတူ သဘာဝဘေးအန္တရာယ်မျိုး ကြုံတွေ့ရတတ်စမြဲဖြစ်ပြီး တချို့ သော နိုင်ငံများတွင် ပို၍ပင် ဆိုးဝါးပြင်းထန်စွာ ကြုံတွေ့ရတတ်ပါသေးသည်။ ငတ်မွတ်မှု ကပ်ဘေးမှ လျော့ပါး သက်သာစေရေးအတွက် အစိုးရက မဆိုင်းမတွ တုံ့ပြန်ဖြေရှင်းပေးသောကြောင့် အလားတူ ပြဿနာမျိုးကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။

ငတ်မွတ်မှုကပ်ဘေး၏ ပထမအဆင့် သားကောင်များမှာ ဆင်းရဲနွမ်းပါးသူများဖြစ်သည်။ သို့ဖြစ်၍ ၄င်းတို့ကို ၀င်ငွေဝင်လမ်း ပြန်လည် ဖန်တီးပေးနိုင်သည်နှင့် အမျှ သေကြေပျက်စီးမှုများကို တားဆီးနိုင်မည်ဖြစ်သည်။ (ဥပမာ – အလုပ်အကိုင် ရရှိစေရေး အစီအစဉ်များမှတဆင့်) ၀င်ငွေဝင်လမ်း ရရှိခြင်းက ငတ်မွတ်မှုဘေးဒဏ် ခံနေရသူများကို အစာရေစာ ရရှိစေလိမ့်မည် ဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် အိန္ဒိယ သို့မဟုတ် ၁၉၉၀ ပြည့်လွန် အစောပိုင်းကာလများတွင် ဇင်ဘာဘွေနှင့် ဘော့ဆွာနာတို့ကဲ့သို့ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ တခြားသော သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသော ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများသည်ပင် ငတ်မွတ်မှုကပ်ဘေးများ မကြုံတွေ့ရဘဲ ၄င်းတို့၏ ပြည်သူများကို ကောင်းစွာ ကျွေးမွေး စောင့်ရှောက်နိုင်ခဲ့သည်။

ပြင်းပြင်းထန်ထန် ကြိုးပမ်းအားထုတ်၍ တားဆီးမည်ဆိုပါက ငတ်မွတ်မှုကပ်ဘေးကို တားဆီးရန် လွယ်ကူပါသည်။ အတိုက်အခံ ပါတီများနှင့် အမှီအခိုကင်းသည့် လွတ်လပ်သော သတင်းစာများ၏ ဝေဖန်ပြစ်တင်မှုများ၊ ရွေးကောက်ပွဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ဒီမိုကရေစီ အစိုးရတရပ်အနေဖြင့် အကူအညီ မပေးနိုင်သည့်တိုင် ဆိုခဲ့ပါ အားထုတ်မှုမျိုးကို ဆောင်ရွက်နိုင်ကြပါသည်။ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရန် ကြိုးပမ်းနေစဉ်ကာလတွင် အိန္ဒိယအနေဖြင့် ငတ်မွတ်မှုကပ်ဘေးများကို ဆက်တိုက်ဆိုသကဲ့သို့ ကြုံတွေ့နေခဲ့ရသည်။ နောက်ဆုံးအကြိမ်ဆိုလျှင် လွတ်လပ်ရေးမရခင် လေးနှစ်အလို ၁၉၄၃ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး ကျနော်ကလေးဘ၀တွင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပါတီစုံဒီမိုကရေစီ အဆောက်အအုံ ခိုင်ခိုင်မာမာ တည်ထောင်လာနိုင်သည်နှင့်အမျှ အဆိုပါ ကပ်ဘေးကြီးများမှာ ရုတ်ချည်းဆိုသလို ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။

ငတ်မွတ်မှု ကပ်ဘေးပြဿနာသည် ဒီမိုကရေစီစနစ်ကို နည်းမျိုးစုံဖြင့် ပိုင်းခြားစိတ်ဖြာကြည့်ဖို့ရာ အလွယ်ကူဆုံး အကြောင်းအရာတရပ် ဖြစ်သည့်အတိုင် တခုတည်းသော ဥပမာကား မဟုတ်ပေ။ ယေဘုယျ အနေဖြင့် ဆိုရလျှင် နိုင်ငံရေးနှင့် အများပြည်သူ အခွင့်အရေးများ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍသည် စီးပွားရေးနှင့် လူမှုရေး ကပ်ဘေးများကို အကာအကွယ်ပေးရာတွင် အထောက်အပံ့ ဖြစ်စေပါသည်။ အခြေအနေများက နှစ်လိုဖွယ်ရာ သာသာယာယာရှိနေပြီး အရာတိုင်းကလည်း ပုံမှန်အတိုင်း ကောင်းမွန်နေသည့် အခါမျိုးတွင်လည်း ဤသို့သော ဒီမိုကရေစီ၏ အရေးပါသော အခန်းကဏ္ဍကို ပစ်ပယ်မထားသင့်ပေ။ အကြောင်းတခုမဟုတ်တခုကြောင့် ကသောင်းကနင်း ပြဿနာများ ဖြစ်ရသည့်အခါ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုကပေးသော နိုင်ငံရေးဆိုင်ရာ မက်လုံးများက လက်တွေ့တွင် တန်ဖိုးကြီးမားလာပါသည်။

ဤနေရာတွင် အရေးကြီးသော သင်ခန်းစာတခု ရရှိသည်ဟု ကျနော်ယုံကြည်ပါသည်။ ဘောဂဗေဒ တက်ခနိုကရက်များ အနေဖြင့် ဒီမိုကရေစီစနစ်က အာမခံမှုပေးနိုင်သော နိုင်ငံရေးဆိုင်ရာ မက်လုံးများကို လျစ်လျူရှုထားပြီး ဈေးကွက်စနစ်က ဖန်တီးပေးသည့် စီးပွားရေး မက်လုံးများ၏ အသုံးဝင်မှုအပေါ် အကြံပြု ထောက်ခံတတ်ကြပါသည်။ ယင်းလုပ်ရပ်မှာ အလွန်တရာ တဖက်စောင်းနင်းကျသော အခြေခံ အခင်းအကျင်း တရပ်ကို ရွေးချယ်ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။ အစစ အဆင်ပြေ ချောမွေ့နေသည့်အခါ တိုင်းပြည်မှာ ပြင်းထန်သော ဘေးဆိုးကပ်ဆိုးတွေ မကြုံရဘဲ ကံကြမ္မာက မျက်နှာသာပေးနေသည့် အခါမျိုးတွေမှာလည်း ဒီမိုကရေစီစနစ်၏ အကာအကွယ်ပေးနိုင်သည့် ပါဝါကို ပစ်ပယ်မထားသင့်ပါ။ ဒေါင်ဒေါင်မြည် အခြေအနေ ကောင်းနေသော နိုင်ငံတော်၏ နောက်ကွယ်တွင်ပင် ဘေးအန္တရာယ်များက ပုန်းလျှိုးကွယ်လျှိုး ရှိနေနိုင်သည်သာ ဖြစ်ပါသည်။ ပြောင်းလဲသွားသော စီးပွားရေး အနေအထားများကြောင့်ဖြစ်စေ၊ တခြား အခြေအနေ များကြောင့်ဖြစ်စေ၊ ပေါ်လစီ အမှားများကို မပြုပြင်လိုက်နိုင်သောကြောင့်ဖြစ်စေ၊ မသေချာမရေရာသော အန္တရာယ်များက အချိန်မရွေး ပေါ်ထွက်လာနိုင်သည်သာ ဖြစ်ပါသည်။

အရှေ့နှင့် အရှေ့တောင်အာရှ၏ လတ်တလော ပြဿနာများသည် တခြားအရာများအနက်မှ ဒီမိုကရေစီ နည်းမကျသော အုပ်ချုပ်မှုများ၏ ဒုက္ခသုက္ခများ ဖြစ်သည်ဆိုခြင်းကို ပေါ်လွင်လာစေပါသည်။ ဤနေရာတွင် အလေးဂရုပြုစရာ အချက်နှစ်ချက်ရှိသည်။ ပထမအချက်အနေဖြင့် တောင်ကိုရီယား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများ အပါအ၀င် အဆိုပါ စီးပွားရေးနိုင်ငံအချို့တွင် ဘဏ္ဍာရေး အကြပ်အတည်း ပေါ်ပေါက်လာရခြင်းမှာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကို ပြန်လည် သုံးသပ်ရာတွင် အများပြည်သူများ ပူးပေါင်းပါဝင်မှုမရှိခြင်း၊ စီးပွားရေး လုပ်ငန်းကိစ္စများတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းများနှင့် နီးနီးကပ်ကပ် ဆက်နွှယ်ပတ်သက်နေပါသည်။ ထိရောက်သော ဒီမိုကရက်တစ်ဖိုရမ် မရှိခြင်းက ဤသို့ ဆုံးရှုံးနိမ့်ကျရခြင်း၏ အရင်းခံအကြောင်းတရား ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ဘဏ္ဍာရေးအကျပ်အတည်းမှ အထွေထွေ စီးပွားရေးဆုတ်ယုတ် ကျဆင်းမှုဆီသို့ ဦးတည်သွားသောအခါ အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံမျိုးသည် ဒီမိုကရေစီ၏ အကာအကွယ်ပေးနိုင်စွမ်းကို ဆိုးဝါးစွာပင် လက်လွတ်ဆုံးရှုံးခံခဲ့ရသည်။ ဤနေရာတွင် အကာအကွယ်ပေးနိုင်စွမ်း ဆိုသည်မှာ ဒီမိုကရေစီနိုင်ငံ များတွင်ငတ်မွတ်မှု ကပ်ဘေး မကျရောက်အောင် တားဆီးကာကွယ် ပေးခြင်းမျိုးနှင့် အတူတူပင်ဖြစ်ပါသည် ။ နောက်ထပ် ဆုံးရှုံးနစ်နာရသူများ အနေဖြင့်သူတို့၏ လိုအပ်ချက်များကို ထုတ်ဖော် ပြသခွင့်မရရှိကြခြင်း ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် နှစ်စဉ်နှစ်တိုင်း စီးပွားရေး တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်း သို့မဟုတ် ၁၀ ရာခိုင်နှုန်း မှန်မှန် တိုးတက်နေခဲ့ပြီး နောက်ပိုင်းတွင် စုစုပေါင်း တိုင်းပြည်ထုတ်ကုန် အားလုံးပေါင်း ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းခြင်းသည် သိပ်များများစားစား ဖြစ်သည်ဟုတော့ မဆိုနိုင်ပေ။ သို့နှင့်တိုင် ခံနိုင်ရည် အနည်းဆုံးဖြစ်သည့် အလုပ်လက်မဲ့ ဖြစ်သွားသူများ၊ ပိုလျှံဝန်ထမ်းများအပေါ် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခံစား စေခြင်းမပြုလျှင်၊ ထိုဆုတ်ယုတ်ကျဆင်းမှုက လူ့အသက်ပေါင်းများစွာကို သေကျေပျက်စီးစေနိုင်ပြီး သန်းပေါင်း များစွာသော ဘ၀များအပေါ် ကံဆိုးမိုးမှောင် ကျစေနိုင်ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ခုခံနိုင်စွမ်းနည်းပါးသော အောက်ခြေ လူတန်းစားများအဖို့ ဒီမိုကရေစီ အခွင့်အရေးများကို လက်လွတ် ဆုံးရှုံးနေခဲ့ရပါသည်။ အစစ အရာရာ အခြေအနေ ပြန်ကောင်းလာသည့်တိုင် ဖြစ်ပျက်ခဲ့သော အကျပ်အတည်းကို မမျှမတ ခံစားခဲ့ရသောကြောင့် ခုခံနိုင်စွမ်း နည်းပါးသော အောက်ခြေ လူတန်းစားများ၏ ဖွင့်ဟဖော်ထုတ်သံများကို အဆိုပါ ပျက်ကွက်ခဲ့မှုက တိုးတိုးတိတ်တိတ် ဖုံးအုပ်ထားခဲ့ပါသည်။ ဒီမိုကရေစီ၏ အကာအကွယ် ပေးနိုင်စွမ်းသော အခန်းကဏ္ဍကို အများဆုံး လိုအပ်နေသော အချိန်မှာပင် အဆိုးဝါးဆုံး လက်လွတ် ဆုံးရှုံးခဲ့ရသည်။

(ဆက်လက် ဖော်ပြပါမည်)

နာရေးကူညီမှုအသင်း၏ ပရဟိတလုပ်ငန်းများအသုံးစရိတ် တစ်လကျပ်သိန်း ၁၀၀၀ ခန့်ရှိ

ယုဝေ

နာရေးကူညီမှုအသင်း(ရန်ကုန်) လက်အောက်ရှိ ပရဟိတလုပ်ငန်းများ၏ အသုံးစရိတ်သည် တစ်လလျှင် ကျပ်သိန်း ၈၀၀ မှ သိန်း ၁၀၀၀ အတွင်းရှိသည်ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်က မဇ္ဈိမကို ပြောသည်။

“အသင်းအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို အလှုရှင်တွေဆီကပဲ ရတာပါ။ တစ်လတစ်လ လှူကြတဲ့ငွေ တွေကလည်း သိန်းတစ်ထောင်လောက်ရှိတယ်ဆိုတော့ အခုထိ ရန်ပုံငွေက လုံလောက်နေဆဲပါပဲ”ဟု ပြောသည်။

ပရဟိတလုပ်ငန်းများအတွက် တစ်လလျှင် သုံးရသည့်စရိတ်များတွင် သုခကုသိုလ်ဖြစ်ဆေးခန်းအတွက် သိန်း ၅၀၀ ကျော်၊ အသိပညာမြှင့်တင်ရေးသင်တန်းများ (ဘကဘုန်းကြီးကျောင်းရှိ ဆရာများအား အသိ ပညာမြှင့်တင်ခြင်း၊ သက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ နယ်တွင် ပရဟိတလုပ်ကိုင်နေသည့်သူ များအတွက် စွမ်းရည်မြင့်သင်တန်းများ၊ သုခပရဟိတပညာရေး) အတွက် သိန်း ၃၀ မှ ၅၀ ကြား၊ နာရေး ကူညီမှုအတွက် လိုအပ်သည့် အထွေထွေအသုံးစရိတ်အတွက် ကျပ်သိန်း ၁၀၀ ကျော်၊ အထွေထွေ ပရ ဟိတအလှူများအတွက် သိန်း ၁၀၀ ကျော် ရှိသည်။

အသင်း၏ တစ်လတာ အသုံးစရိတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ လ စဉ်ပေးပို့ပြီး ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တာ အသုံးစရိတ်စာရင်းများကိုလည်း လာမည့် ၂၀၁၄ ခုနှစ် ဇန်န ၀ါရီလ တတိယပတ်တွင် အသင်းဝက်ဘ်ဆိုဒ်နှင့် ကြေညာဘုတ်များမှတစ်ဆင့် ဖော်ပြပေးမည်ဖြစ်သည် ဟုလည်း ဒေါ်ဧရာမောင်မောင်က ပြောသည်။

လာမည့် ဇန်န၀ါရီ ၁ ရက်တွင် ကျရောက်မည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ၁၃ နှစ်မြောက် နှစ် ပတ်လည်နေ့တွင် အထိမ်းအမှတ်ပွဲအဖြစ် တရားပွဲများ သုံးရက်တိုင်ကျင်းပမည်ဖြစ်သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)ကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်တည်ထောင်ခဲ့သည်။

လပွတ္တာ မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ပျက်စီး

နော်နိုရင်း

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာမှာ ဒီဇင်ဘာလ ၃၀ ရက် မနက် အစောပိုင်း ၁ နာရီကျော်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက စီပွားရေး အချက်ချာကျတဲ့ ကမ်းနားရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၂၃၀ ကျော် မီးလောင်ကျွမ်းခဲ့သလို တော်တော်များများ ဆုံးရှုံးမှု ဖြစ်ခဲ့တယ်လို့ အဲဒီရွာ သွားရောက်ကူညီနေတဲ့ လပွတ္တာ နှလုံးသာ ကျန်းမာရေး စောင့်လျှောက်မှုအဖွဲ့ဝင် ကိုမင်းမင်းအောင်က ပြောပါတယ်။

“မနက် ၁ နာရီလောက်က စလောင်တယ်။ ကျနော်တို့ သွားတဲ့အချိန် မနက် ၅ နာရီ ကျော်ကျော်လောက်ရောက်တော့ ရွာက တ၀က်လောက် ကုန်သွားပြီ။ စဖြစ်တဲ့အချိန်မှာ ရွာသားတွေ ၀ိုင်းငြိမ်းကြတယ်။ ရွာသားတွေ မီးငြိမ်းတာ မနိုင်ဘူး။ အဲဒီအချိန်မှာ မီးသတ်စက်ကလည်း အဆင်သင့် မဖြစ်ဘူး။ မဖြစ်တော့ လူတွေက အနောက်ဆုတ်ပြီး ငြှိမ်းတယ်။ အိမ်ခြေ ၄၀၊ ၅၀ လောက်ကုန်တဲ့အချိန်မှာ အနားကို ကပ်လို့ မရတော့ဘူး။ သစ်သားအိမ်တွေများပြီး အိမ်ခြေ အရမ်းစိတ်တော့ မီးလောင်ဖို့ အရမ်းလွယ်သွားတာပေါ့။ နံနက် ၇ နာရီလောက်မှာ မီးငြှိမ်းသွားတယ်။ နောက်ပိုင်းတော့ မီးကျွမ်းမီးကျန်တွေ ဆက်လောင်တာပေါ့။ ရွာလယ်ပိုင်းက အကုန်ကုန်သွားတာပေါ့။”


မီးလောင်မှုကြောင့် လူတွေ သေဆုံးတာ မရှိပေမယ့် လူ ၁၅ ယောက်လောက် အသေးစား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒီမီးလောင်မှုဟာ မုန့်ဟင်းခါးဖိုကနေတဆင့် စလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ မီးလောင်မှုကြောင့် အထည်ဆိုင်၊ ဆန်ဆိုင်၊ ဆေးဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင် အစရှိတဲ့ ဆိုင်တွေက ပစ္စည်းတွေ မီးထဲပါသွားတဲ့အတွက် ပျက်စီးမှု အတော်များတယ်လို့လည်း သူက ပြောပါတယ်။

မီးဘေးသင့်သူတွေကိုတော့ မဟာအောင်မြေဇံကျောင်းမှာ နေရာချထားပြီး လူမှုအဖွဲ့အစည်းပေါင်းစုံက ကူညီကယ်ဆယ်မှုတွေ လုပ်ပေးနေတယ်လို့လည်း ကိုမင်းမင်းအောင်က ပြောပါတယ်။

“ကူညီတဲ့သူတွေကတော့ အစုံပါတယ်။ ပါတီတွေလည်း ပါတယ်။ ကြံခိုင်ရေးတို့ အန်အယ်ဒီတို့ လူမှုရေးအဖွဲ့တွေ နောက် နှလုံးသား ကျန်းမာရေး အခမဲ့စောင့်ရှောက်အဖွဲ့တို့ အခြားလူမှုရေးအဖွဲ့တွေ အကုန်လုံးပါတယ်။ ဘာတွေ လုပ်လဲဆိုတော့ လောလောဆယ် အာဏာပိုင်တွေအနေနဲ့ အိမ်ထောင်စုစာရင်းအတည်ပြုတာပဲ ရှိတယ်။ ပြီးတော့မှ သူတို့ ကူညီတာလုပ်မယ်။ လူမှုအဖွဲ့တွေကတော့ အလွယ်တကူ လက်ရှိ အသုံးပြုမယ့် စောင်တို့၊ အင်္ကျီအ၀တ်အစားတို့၊ ထမင်းထုတ်တို့၊ မုန့်မျိုးစုံ၊ ရေသန့်တို့၊ ခြောက်ဆွဲခြောက်တို့၊ ထမင်းထုတ်တို့ အဲဒါတွေကို အဓိက ကူညီတယ်။”

ကန်ဘက်ရွာဟာ လပွတ္တာမြို့နယ် ရေကြောင်းခရီး ၂ နာရီလောက် သွားရတဲ့ နေရာမှာ တည်ရှိပြီး အိမ်ခြေပေါင်း ၁၅၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ December,31st,2013

( 50 )DICA ရုံးခွဲများ မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီးမြို့များတွင် ထပ်တိုးဖွင့်လှစ်မည်

( 49 )Myanmar Says To Release All Remaining Political Prisoners In Year-End

( 48 )အမေရိကန်နိုင်ငံ Iowa တွင်ရခိုင့်ဘုရင့် နိုင်ငံတော်ကျဆုံးနေ့အခမ်းအနား ကျင်းပပြုလုပ်

( 47 )Myanmar declares 'no more political prisoners' after amnesty

( 46 )တရားဝင်သင်ကြားခွင့်ရ ကယန်းစာပေ ဆရာ၊ ဆရာမ အခက်အခဲရှိနေ

( 45 )Vigil to be held for deceased political prisoners

( 44 )ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် ထုတ်ပြန်

( 43 )Burma political prisoners to be pardoned

( 42 )ပရိသတ် နှစ်သောင်းကျော် လာရောက်ရန် ခန့်မှန်းထားသည့် Hppy New Year Grand Royal 2013 ဖျော်ဖြေပွဲ

( 41 )Burmese president pardons all remaining political prisoners

( 40 )ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ရှမ်းလူငယ်များ တောင်းဆု

( 39 )Myanmar says to release all remaining political prisoners

( 38 )နိုင်ငံခြားသားအမည်ပေါက် မြေကွက်များတွင် အဆောက်အအုံများ ဆောက်လုပ်ခွင့်တောင်းခံ

( 37 )Way Clear for Rangoon Bombing Memorial

( 36 )သန်းခေါင်စာရင်း ကောက်ယူမယ့် အခြေအနေ ဦးခင်ရီကို မေးမြန်းချက်

( 35 )Two Myanmar women brutally murdered

( 34 )တောင်သူအကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေမူကြမ်း ဖေဖော်ဝါရီလကုန် အစိုးရအဖွဲ့ထံ တင်မည်

( 33 )Myanmar to free most political detainees in year end amnesty

( 32 )အကျဉ်းထောင်နှင့် စစ်ကြောရေးတွင် ကျဆုံးသွားသည့် နိုင်/ကျဉ်းများကို ဂုဏ်ပြုမည်

( 31 )Myanmar's challenges as Asean chair

( 30 )ဒီမိုကရေစီဖော်ဆောင်မှုတွင် လူငယ်များ ပါဝင်နိုင်ရေး တိကျသည့် မူဝါဒမရှိသေး

( 29 )Burma Releasing Remaining Political Prisoners

( 28 )မြန်မာစစ်အရာရှိများကို ဒီမိုကရေစီစနစ် အုပ်ချုပ်မှုပုံစံ သင်တန်းပေးမည်

( 27 )Dawei ready to roll

( 26 )မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အုပ်ချုပ်သူနှင့် အတိုက်အခံ နိုင်ငံရေးပဋိညာဉ်ရှိရန်လိုဟု လာရီဒိုင်းမွန်း ပြောကြား

( 25 )Myanmar announces broad prisoner pardon

( 24 )အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် NCCT အဖွဲ့ချင်းမိုင်မြို့မှာ ထပ်မံ ဆွေးနွေး

( 23 )The world's largest gun to the Burma Spitfires: Top ten military history stories of 2013

( 22 )၂၀၁၄ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေး အလားအလာ ခန့်မှန်းချက်

( 21 )Myanmar to free most political detainees in year-end amnesty

( 20 )မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့

( 19 )Myanmar president issues pardon for political offenders; unclear how many covered

( 18 )အာဆီယံလူထု အသံအကြို မြန်မာ့လူထု အသံ နှီးနှောဖလှယ်ပွဲ

( 17 )Myanmar pardons political offenders

( 16 )မွန်ပြည်နယ် ပေါင်မြို့နယ် မှာ နေအိမ် ၁၁ လုံး မီးလောင် ဆုံးရှုံး

( 15 )Tracing the Last of Burma’s Once Influential Armenians

( 14 )၂၀၁၂ အကယ်ဒမီ ကလေး ဇာတ်ဆောင်ပါ ချီးမြှင့်

( 13 )Korea, Myanmar to build Yangon bombing memorial this year

( 12 )အားကစားကွင်းမှာ ၀န်ထမ်းအိမ်ရာ ဆောက်လုပ်မှု ရပ်ကွက်က လက်မခံ

( 11 )Two Myanmar Women Found Dead With Stab Wounds

( 10 )ပုဒ်မ ၁၈ ဖျက်သိမ်းရေး ဆန္ဒပြတောင်းဆိုဖို့ ရက်ပြောင်းရွှေ့

( 9 )MP warns border dispute with India could lead to “serious unrest”

( 8 )မြန်မာပိုင်နက်ထဲ အဆောက်အဦး တိုးချဲ့မှုထပ်မံ ဆန္ဒပြ

( 7 )Myanmar activists plan rally

( 6 )ကမန်တိုင်းရင်းသား လူဦးရေစာရင်း တစ်နိုင်ငံလုံးတွင် စတင်ကောက်ယူ

( 5 )Myanmar Payment Union to start accepting JCB Cards in Myanmar

( 4 )စီးပွား/ကူးသန်းဒု-၀န်ကြီးက ကုန်သွယ်မှုအခက်အခဲများဖြေရှင်းရန် လုပ်ငန်းရှင်များထံ အကြံပြုချက်တောင်း

( 3 )With no explanation, no Best Picture at Myanmar Academy Awards

( 2 )ပဋိပက္ခများကြား နစ်မွန်းခဲ့တဲ့ ၂၀၁၃ ပြည်ပအလုပ်အကိုင်ဈေးကွက်

( 1 )Directorate of Investment and Company Administration expands branches

Monday, December 30, 2013

ကျောက်ဖြူတွင် စက်လှေမှောက်၊ အမျိုးသမီး ၁၇ ဦး သေဆုံး

နော်နိုရင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဆင်ဘုတ်ကျေးရွာအုပ်စုက ထင်းခုတ်တဲ့ စက်လှေ ၁ စီး မတော်တဆ တိမ်းမှောက်မှုကြောင့် စက်လှေပေါ်ပါလူ ၅၀ လောက်ထဲက အမျိုးသမီး ၁၇ ဦး ရေနစ် သေဆုံးသွားပါတယ်။

ကျောက်ဖြူမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ဆင်ဘုတ်ကျေးရွာအုပ်စုက ကျွန်းကြီး ကျေးရွာသားတွေ အများစုပါဝင်တဲ့ စက်လှေတစီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က အိမ်သုံးဖို့အတွက် ဒီရေတောအနီး ထင်းသွားခုတ်ခဲ့ကြပြီး အပြန်မှာ စက်လှေ မှောက်ခဲ့တာလို့ ကျောက်ဖြူမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး အောင်အောင်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ဆင်ဘုတ်ကျေးရွာအုပ်စုက ကျွန်းကြီးကျေးရွာက လူအများစုပါတယ်။ ထင်းသွားခုတ်တာ စက်လှေကြီးနဲ့ စုပြီးသွားကြတာ။ ထင်းခုတ်ပြီး ညနေ ၄ နာရီလောက် ပြန်လာကြတယ်။ သင်္ဘောအလယ်မှာ ထင်းကြီးတွေ ထည့်တယ်၊ ခေါင်မှာထည့်တယ်။ သင်္ဘောအနောက်မှာ ပဲ့ပိုင်းမှာ စက်ခန်းရှိတယ်။ အဲဒီမှာ လူအများစုထိုင်ကြတယ်။ အဲဒီတော့ အပေါ်ဝိတ်များတဲ့ သဘောရှိတယ်။ အပေါ်ဝိတ်များတော့ စက်လှေလူးတယ်။ သူတို့ရွာနဲ့ နှစ်မိုင်အကွာ ဦးကင်းကွာ ကူးတို့ဆိပ်မှာ လှေက ၀ဲဘက်စောင်းပြီး နစ်တယ်။ နစ်တော့ အမျိုးသမီး ၁၇ ယောက် ရေနစ်ပြီး သေဆုံးတယ်။”
အဆိုပါစက်လှေမှာ စက်လှေမောင်းသူပါအ၀င် အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၄၀ လိုက်ပါခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ ၁၇ ယောက်ထဲက ၁၆ ယောက်ကို အခင်းဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့ ကျွန်းကြီးရွာနားက သင်္ချိုင်းမှာပဲ သဂြုင်္ိဟ်ပြီး မတင်အေးဆိုတဲ့ အမျိုးသမီးကိုတော့ မိသားစုရဲ့ ဆန္ဒအရ ကျောက်ဖြူမြို့မှာ မနေ့ က သင်္ဂြိုဟ်ပါတယ်။

လူသေဆုံးမှုနဲ့ ပတ်သက်ပြီး စက်လှေမောင်းသူ ဦးဘရွှေကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၀/၃၀၄ (က) ရေယာဉ်ကို ပေါ့လျော့စွာမောင်းမှု၊ လူသေစေမှုနဲ့ တရားစွဲဆိုထားတယ်လို့ ကျောက်ဖြူ ရဲစခန်းက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ စုပြီးထင်းရှာထွက်ရာမှာ စက်လှေပိုင်ရှင်တွေက စက်လှေနဲ့ လောင်စာ ဆီစိုက်ပြီး ထင်းခုတ်သူတွေဆီကနေ ထင်း ၁၀ စီးတစီး အချိုးကျယူပြီး ထင်သွား ခုတ်လေ့ရှိကြ တယ်လို့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။

MDP နှင့် AMDP ဥက္ကဌဦးဆောင်သောပါတီဝင်အချို့ပေါင်းပြီး မွန်အမျိုးသားပါတီဖွဲ့စည်း

ခတ္တာနန်း

မွန်ဒီမိုကရေစီပါတီ MDPနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌဦးဆောင်သော ပါတီဝင်အချို့တို့၏ မွန် ၂ ပါတီပူးပေါင်းရေးသဘောတူညီချက်အရ “မွန်အမျိုးသားပါတီ Mon National Party” ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် မွန်သံဃာတော်များဦးဆောင်သော နှစ်ပါတီပေါင်းစည်းရေး ညှိုနှိုင်းမှုအစည်းအဝေးဆုံးဖြတ်ချက် ၄ ရပ်မှာ (၁) မွန်အမျိုးသားပါတီ အမည်သစ်ကိုရွေးချယ်အတည်ပြုခြင်း၊ ၂။ AMDP ကိုယ်စားလှယ် ၁၅ ဦးဖြည့်စွက်ပေးရန်။ ၃။ လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆွေးနွေးပွဲဆက်လက်ပြုလုပ်ရန်၊ (၄) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်များကို မွန်အမျိုးသားပါတီသို့ အချိန်မရွေးဝင်ရောက်နိုင်ရန် အမြဲတမ်းလမ်းဖွင့်လက်ကမ်းကြိုဆိုနေခြင်းတို့ ဖြစ်ကြောင်း တွေ့ရှိရသည်။

မွန်ဒီမိုကရေစီပါတီ ဒုဥက္ကဌ(၂) နိုင်တင်အောင်က “AMDP က အားလုံးမပေါင်းနိုင်ပေမယ့် အခုအချိန်မှာ ပေါင်းနိုင်တဲ့လူတွေကို ကျနော်တို့ အရင်ပေါင်းထားမယ်၊ မပေါင်းနိုင်သေးတဲ့လူတွေကိုလည်း နောင်တချိန်မှာလာပေါင်းရင်လည်း အမြဲတမ်းတံခါးဖွင့်ထားပါတယ်” ဟု အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် မွန်အမျိုးသားပါတီအမည်သစ်ဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန် စီစဉ်ရဦးမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“မွန်အမျိုးသားပါတီကို ရွေးကောက်ပွဲကော်မရှင်က တရားဝင်ပါတီသတ်မှတ်ပေးပြီးမှလည်း ကျနော်တို့ MDP ပါတီကို တရားဝင်ဖျက်သိမ်းသွားမှာပါ၊ လောလောဆယ် AMDP နှစ်ခြမ်းကွဲသလိုဖြစ်နေတော့ သူတို့ပါတီအနေအထားကို ကျနော်မပြောနိုင်သေးပါ” ဟု နိုင်တင်အောင်က ဆက်ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက “၂ ပါတီပေါင်းစည်းဖို့ ၂ နှစ်လောက်ဆွေးနွေးလာခဲ့ကြတယ်၊ ဒါပေမယ့်မပေါင်းနိုင်တဲ့လူတွေရှိနေတော့ ပေါင်းနိုင်တဲ့လူတွေကပဲ အရင်ပေါင်းကြတာပေါ့”ဟု ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် အဖွဲ့ဝင်မည်မျှပါဝင်ပေါင်းစည်းသွားမည်ကို အတိအကျ မပြောနိုင်သေးကြောင်း နိုင်ငွေသိန်းက ဆက်ပြောသည်။

ယင်းညှိနှိုင်းအစည်းအဝေးကို မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ၊ ဓါတုမာလာ မွန်ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ရာတွင် မွန်ဒီမိုကရေစီပါတီဒုဥက္ကဌ(၂)နိုင်တင်အောင် ဦးဆောင်သော ၁၂ ဦးအဖွဲ့နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း ဦးဆောင်သော ၈ ဦးအဖွဲ့တို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ပါတီပေါင်းစည်းရေးညှိနှိုင်းရေးအဖွဲ့ဝင် သံဃာတစ်ပါးက “ ဆရာတော်တို့အနေနဲ့ကလည်း သူတို့ရဲ့ အခက်အခဲကို နားလည်ပါတယ်၊ မဖြစ်နိုင်တာကိုလည်း အတင်းအကျပ် ဖိအားမပေးပါဘူး၊ ဒါကြောင့် ပေါင်းနိုင်တဲ့သူတွေ ပေါင်းပါစေ၊ မပေါင်းနိုင် အချိန်မပေးနိုင်သေးတဲ့ သူတွေကိုလည်း လမ်းဖွင့်ထားပါတယ်” ဟု မိန့်တော်မူသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက “ တကယ်လို့ ကျနော်တို့မပေါင်းဘူးဆိုရင် လာမဲ့ ရွေးကောက်ပွဲမှာ ကျနော်တို့ NLD နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး၊ သူတို့က အင်အားများနေတယ်၊ ကျနော်တို့မွန်ပါတီအတွက်လည်း ဆန္ဒမဲတွေ ကွဲသွားနိုင်တယ်၊ ဒါကြောင့် ပြည်သူတွေရဲ့ ဆန္ဒအရ ကျနော်တို့ပေါင်းလိုက်တာပါ” ဟု ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး(၁) မင်းစံတင်က “နိုင်ငံရေးအခြေအနေတွေရယ်၊ ပါတီအခြေခံမူဝါဒတွေကွဲပြားမှုရှိနေတာတွေ၊ လက်ရှိကာလမှပေါင်းစည်းလို့မဖြစ်နိုင်သေးတဲ့အနေအထားတွေ အမျိုးမျိုးရှိနေတော့ ကျနော်တို့အနေနဲ့ မပေါင်းစည်းနိုင်သေးဘူး” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ပြုပြင်လိုသည်ဟုဆိုရာတွင် မွန်ဒီမိုကရေစီပါတီအနေဖြင့် အသစ်ရေးဆွဲမည်ဟုကြေညာထားခြင်း၊ မွန်ပြည်သစ်ပါတီမှ မွန်ဒီမိုကရေစီပါတီသို့ ဘက်ပြောင်းလာသူအချို့တွင် နာမည်ပျက်စာရင်းဝင်သူများပါရှိနေခြင်း၊ နှစ်ပါတီအနေဖြင့် Networking မတူညီကြခြင်းတို့ရှိနေပြီး အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲသပိတ်မှောက်မည်ဆိုလျှင် မွန်ဒီမိုကရေစီပါတီသည်လည်း ရွေးကောက်ပွဲဝင်မည်မဟုတ်ဟုလည်း သူကထောက်ပြသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါတီအလားတူ မွန်ဒီမိုကရေစီပါတီသည် ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်သကဲ့သို့ NLD ပါတီမှတ်ပုံပြန်တင်ပြီးသည့်နောက်ပိုင်းတွင် မွန်ဒီမိုကရေစီပါတီသည်လည်း ပါတီမှတ်ပုံတင်လာခဲ့ခြင်း ဖြစ်သည်။

တရားဝင် မွန်နိုင်ငံရေးပါတီနှစ်ခု ဖြစ်သည့် မွန်ဒေလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်ဒီမိုကရေစီပါတီ (MDP) တို့သည် ၂ဝ၁၄ နှစ်ကုန်၌ အမည်သစ်တခုဖြင့် ပေါင်းစည်းကြရန် ၂၀၁၂ အောက်တိုဘာလ ၁၃ ရက်နေ့က နှစ်ဖက်ပါတီခေါင်းဆောင်များသဘောတူညီကြပြီး ပူးတွဲသဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။