Monday, December 31, 2012

ရခိုင်ပြည်နယ်တွင်းရှိ ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး ကြန့်ကြာနေဆဲ

နန်းသီရိလွင်

ရခိုင် ပြည်နယ် ပဋိပက္ခကြောင့် နေရပ် စွန့်ခွာလာရသူ ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပြန်လည် ထူထောင်နိုင်ရေးတို့မှာ ကြန့်ကြာနေဆဲ ဖြစ် ကြောင်း သိရသည်။

“ဒီကို ရောက်တာ ၂ လ ရှိပြီ။ ရွာကလည်း မရှိတော့ဘူး။ တနေရာရာမှာ အခြေချချင်တယ်။ ဒီအ တိုင်းပဲ ကြုံရာအလုပ်လုပ်၊ လာဝေတဲ့ ဆန်စား နေရတယ်” ဟု ကျောက်ဖြူမြို့နယ် ဘုရားကြီးကွင်း ဒုက္ခသည် စခန်းသို့ ရောက် ရှိနေသူ ဒေါ်စန်းမေက ဆိုသည်။ ဒေါ်စန်းမေသည် ကျောက် ဖြူ မြို့နယ် ကုလားပိုက်ဆိပ် ကျေးရွာတွင် နေထိုင်ခဲ့ပြီး အောက်တိုဘာလ က ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့်ပဋိပက္ခများအတွင်းကျောက်ဖြူ မြို့သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့သူ ဖြစ်သည်။

“အခုအချိန်အထိတော့ ပြန်နေရာချထားပေးဖို့ မကြားသေးဘူး။ လူတွေကတော့ ကိုယ့်နေရာကိုယ် ပြန်နေချင်ကြတယ်။ဒါပေမယ့်အစိုးရဘက် က ဘာမှ မလုပ်ပေးသေးတော့ စခန်းတွေမှာပဲ သောင်တင်နေကြတုန်းပဲ။ စားရေးအတွက် အစိုးရက တော်တော် ကူညီပေမယ့် အလုပ်ထွက် လုပ်ကြတဲ့ သူတွေလည်း ရှိတယ်” ဟု စစ်တွေမြို့ ၀ံလက် ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ကိုထွန်းမင်းသိန်းက ဆိုသည်။

ယခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် မောင်းတော၊ ကျောက်ဖြူ၊ စစ်တွေ၊ မြောက် ဦး စသည့် ဒေသများတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်ဘာသာဝင်များသည် နေအိမ်များကို စွန့်ခွာထွက်ပြေး ခဲ့ပြီး နီးစပ်ရာ မြို့များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံခဲ့ရသည်။ ပဋိပက္ခဖြစ်ပြီး နောက်ပိုင်းတွင် ပြည်နယ်အစိုးရက ဒုက္ခသည် စ ခန်းများဖွင့်လှစ်ပေး ခဲ့သော်လည်း အိမ်ထောင်စု ဇယားနှင့် နေအိမ် ဂရန် မရှိသည့် ရခိုင်တိုင်းရင်းသားများမှာ ဘုန်းတော်ကြီးကျောင်းများ တွင် ခိုလှုံနေရဆဲ ဖြစ် ကြောင်း သိရသည်။

“ကျနော်တို့ ရရှိထားတဲ့ ရံပုံငွေအပေါ် မူတည်ပြီးတော့သက်ဆိုင်ရာကိုမြေယာတောင်းဆိုမယ်၊ပြီး တော့ကျပ်ဆယ်သိန်း၊ဆယ့်ငါးသိန်းလောက် ကုန်ကျမယ့် အိမ်ယာမျိုးတွေဆောက်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒီလူတွေ ပြန်လည် ထူ ထောင်ရေး အတွက် နိုင်ငံတော်အနေနဲ့ တာဝန်မယူ နိုင်ဘူးဆိုရင် ကျနော်တို့ သွေးချင်းဆွေမျိုးတွေအတွက် ကျနော်တို့ကပဲ တာဝန်ယူ ဆောင်ရွက်မယ်” ဟု ကျောက်ဖြူ မြို့နယ် ပြန်လည်ထူ ထောင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမျိုးကျော်က ဆိုသည်။

ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရက ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်းများနှင့် မွတ်စလင် ဒုက္ခသည် စခန်းများ ကို အစားအသောက်၊ ဆေးဝါးနှင့် ကယ်ဆယ်ရေးတဲများ ထောက်ပံ့လျှက်ရှိကာ ဒေသဆိုင်ရာအဖွဲ့ အစည်းနှင့် NGO များကလည်း ထောက်ပံ့ပေး လျှက်ရှိကြောင်း သိရသည်။ ဒုက္ခသည်များ၏ နေရပ်ပြန်ရေးနှင့် ပြန်လည် ထူထောင်နိုင်ရေး တို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ဆက် သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

“ကျမတို့ အရင်က ဈေးရောင်းပါတယ်။ ကျမ ယောက်ျားက ရေလုပ်ငန်းလုပ်တယ်။ အခုတော့ ကျမ ယောက်ျားမှာ အလုပ်မရှိဘူး။ တခါ တလေ ကြုံရာ ကျပန်း၊ သူများခေါ်ခိုင်းတဲ့အခါ အလုပ်လေး ရတယ်။ ကျမလည်း အ၀တ်လျှော်တို့၊ သန့်ရှင်းရေးတို့ ခေါ်သူရှိရင် အလုပ်ရှိတယ်။ ဖြစ်နိုင် ရင်တော့ အရင် နေရာမှာပဲ ပြန်နေချင်တယ်။ ဒါပေမယ့် မွတ်စလင်တွေနဲ့ နေဖို့ အ ဆင်မပြေလောက်ဘူးလို့လည်း တွေးမိတယ်။ ပေးထားတဲ့ တဲတွေကလည်း မိုးရာသီ မိုးသာရွာလာမယ်ဆိုရင် နေလို့ ဖြစ်မှာ မဟုတ်ဘူး” ဟု ဘုရားကြီးကွင်း ဒုက္ခသည် စခန်းတွင်လာရောက်ခိုလှုံ နေရ သည့် ကုလားပိုက်ဆိပ်ကျေးရွာသူ တဦးက ပြောသည်။

ဇွန်လ ၈ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်တွင်းရှိ ဒေသများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပြီး အောက် တို ဘာလ ၂၁ ရက်နေ့တွင် ထပ်မံဖြစ်ပွားခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း အရေးပေါ် အခြေအနေကြေညာခဲ့ရသည်။

စစ်တပ်က သီးစားခ အတွက် လယ်သမားများထံမှ ကျပ်ငွေ ၆ သိန်း တောင်းယူ

မောင်အေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကုလားပုန်းကျွန်း နတ်ချောင်း ကျေး ရွာအုပ်စုနေ လယ်သမား (၇) ဦးထံမှ စစ်တပ်က သီးစားခ အတွက်ဟု ဆိုကာ ကျပ်ငွေ (၆) သိန်း တောင်းယူသွားသည်ဟု သိရသည်။

“ သူတို့က သီးစားခ စပါး လာတောင်းပါတယ်။ ရွာသားတွေက ဒီနှစ် စပါးလည်းမ ကောင်း၊ စပါး ဈေးလည်း မရှိတဲ့ အတွက် မပေးနိုင်ဘူးလို့ ငြင်းတဲ့ အခါ အမ်းတပ်ရင်း ကို လာရှင်းပါလို့ စစ်တပ်က ခေါ်ပါတယ်။ ရွာသားတွေက တပ် ရင်းကို သွားရှင်းဖို့ ကြောက်တော့ သီးစားခ အ တွက် ငွေတောင်းတော့ ကျပ်ငွေ (၆) သိန်း ပေးလိုက်ရ ပါတယ်” ဟု အမည် မဖေါ်လိုသူ လယ်သမား တစ်ဦးက ပြောသည်။

ငွေစု ပေးလိုက်ရသော လယ်သမားများမှာ နတ်ချောင်း ကျေးရွာ အုပ်စုမှ ဦးမောင်ဝင်းနု၊ ဦးလှစိန်ထွန်း၊ ဦးသိန်းထွန်း၊ ဦးမောင်ဘသာ၊ ဦး စိန် ထွန်းလှနှင့် ဦးဦးထွန်းလှတို့ဖြစ်သည်။

မြောက်ဦး မြို့နယ်မှ ကုလားပုန်းကျွန်း နတ်ချောင်းကျေးရွာမှ လယ်မြေဧက ၁၇၀ ကျော်ကို ၁၉၉၅ ခုနှစ်ခုနှစ်မှ စပြီး အမ်းအခြေစိုက် ခ မရ- ၃၇၁ ၊ အဆရ-၈ ဆက်သွယ်ရေး တပ်ရင်း၊ ဆေးတပ်ရင်းနှင့် ကျောက်တော်အခြေစိုက် စကခ-၉ တပ်ရင်းများက သိမ်းယူခဲ့သည်။

သိမ်းယူပြီးနောက် လယ်သမားများကို သီးစား ပြန်ချပြီး စပါးများကောက်ခံခဲ့သည်။

စစ်တပ်က သီးစားခလာကောက်သည့် မြေများမှာ နတ်ချောင်းကျေးရွာနှင့် ညောင်ပင်လယ် ကျေး ရွာအကြားရှိ ရွာသားများ စုပေါင်း ပိုင် ဆိုင် သည့် လယ်မြေများနှင့် ကျွဲ၊ နွား စားကျက်မြေများ ဖြစ်ကြသည်။

အဆိုပါ မြေများကို အစိုးရ အဆောက်အဦးများ ဆောက်ရန် အတွက်လည်း မဟုတ်၊ စစ်တပ် တပ်ရင်းများ ချရန် အတွက်လည်း မဟုတ် ဘဲ နိုင်ငံတော်နှင့် တပ်မတော် နာမည်ကို အသုံးချ ခုံတုံး လုပ်ကာ ဒေသခံ စစ်အရာရှိများက သိမ်းယူခဲ့ပြီး မရှိ ဆင်းရဲသော တောင်သူ လယ်သ မားများကို ပြန်လည် ဌားရမ်း သီးစားချကာ နှစ်စဉ် စပါးနှင့် ငွေများ တောင်းစားလာခဲ့ကြသည်။

ဒေသခံ တောင်သူ လယ်သမားများမှာ ၎င်းတို့၏ လယ်ကို ၎င်းတို့ လုပ်ကိုင်စားသောက်၍ ၀မ်းစာ မလုံ ဆင်းရဲ ဒုက္ခရောက်နေကြသည့် ကြား ထဲ စစ်တပ်က လယ်မြေများကို သိမ်းယူသွားပြီး အဆိုပါ လယ်များကို စစ်တပ်က တဖန် ပြန်ဌားပြီး သီးစား စနစ်ဖြင့် လုပ်ကိုင် စား သောက် လာရသော အခါ ပိုမို၍ အခက်အခဲတွေ့ကာ ဆင်းရဲသထက် ဆင်းရဲ လာခဲ့ကြရသည်။

ဒဏ်ရာရသံဃာများ အသက်အန္တရာယ်မစိုးရိမ်ရတော့

အေး​နိုင်

ထိုင်းနိုင်ငံမှာ ထွက်ပြီး ဆေးဝါးကုသနေတဲ့ မီးလောင်ဒဏ်ရာရ ကိုယ်တော် ၂ ပါးစလုံး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဒဏ်ရာ ရသံ ဃာတွေကို ကူညီနေတဲ့ ဦးသု ခေါ် ဦးသုဇနက မိန့်ကြားပါတယ်။

“ဦးတိက္ခဥာဏက အသက်အန္တရယ် မစိုးရိမ်ရပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကတော့ လောလောဆယ် လှုပ်ရှားမှုအပိုင်းတွေမှာ တော်တော်အားနည်း လာပါပြီ။ မန္တလေးမှာတုန်းကတောင် လက်ကလေးတွေကို ဟိုဘက်စောင်း ဒီဘက်စောင်း လုပ်လို့ရတယ်။ လက်ကလေးတွေ ခြေထောက်က လေးတွေ လှုပ်လို့ရတယ်။ အခုလက်ရှိမှာတော့ အသက်ကလည်းကြီးတယ် ဆိုတော့ လှုပ်လှုပ်ရှားရှားလုပ်တဲ့အခါမှာကို မလုပ် နိုင် တော့တဲ့ အခြေအနေမျိုးတွေ ဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆို ၀မ်းလျားမှောက်ကြီးနဲ့ အ ကြာကြီးနေရ။ ပက်လက်ကြီးလှန်ပြီး အကြာကြီးနေရတော့ ချိသွားလေမလားလို့ စိုးရိမ်နေရပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ဆေးရုံမှာကုနေတဲ့ ကိုရင်လေး သဇ္ဇနနဲ့ ပတ်သက်လို့ ရန်ကုန်ဆေးရုံကြီးမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုက အားကောင်း တဲ့ အတွက် ရန်ကုန်အရေပြားဆေးရုံမှာတင် တော်တော် သက်သက်သာသာ အနေအထားမျိုးဖြစ်တယ်လို့ မိန့်ပါတယ်။

ရန်ကုန်အရေပြားဆေးရုံမှာ ကျန်ရှိတဲ့ ဦးပဉ္စင်း ၃ ပါးအခြေအနေနဲ့ ပတ်သက်လို့တော့ သူက “ဦးဇင်း ၃ ပါးထဲမှာမှ ၂ ပါးက အရေပြားကပ် ပြီး ပါပြီ။ ပထမ မန္တလေးမှာ ကုခဲ့တဲ့ ဦးပဉ္စင်း ဦးပုစိတ္တကတော့ မျက်နှာအရေပြား ကပ်ထားတာဖြစ်တဲ့အတွက် သူက လက်ရှိလောလော ဆယ်မှာ အကြောပိုင်းတွေ ပြန်လည်ရှင်သန်လာအောင် လေ့ကျင်းခန်းပိုင်းဆိုင်ရာတွေ အကြောပိုင်းဆိုင်ရာ ဆရာဝန်ကြီးတွေ လာရောက် ပြီး တော့မှ လေ့ ကျင်းခန်းတွေ လာလုပ်ပေးနေတဲ့ အနေအထားတွေ တွေ့နေရပါတယ်” လို့ မိန့်ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းတွေကို ရဲက နိုဝင်ဘာ ၂၉ ရက်နေ့ မနက် အရုဏ်မတက်ခင် ဖြိုခွင်းရာမှာ သံဃာ အပါး ၁၀၀ ခန့်နဲ့ လူပုဂ္ဂိုလ် ၂၀ လောက် မီးလောင်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အစိုးရက ဒဏ်ရာရသံဃာတွေကို တောင်းပန်ခဲ့ပါတယ်။

ပြည်ပထွက်ကုတဲ့ သံဃာ ၂ ပါးအတွက် ဆေးကုသစရိတ်ကို နိုင်ငံတော်က ကျခံမှာဖြစ်ပါတယ်။

NLD သတင်းစာထုတ်မည်

သာလွန်ဇောင်းထက်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပတ်စဉ် ထုတ်ဝေလျက်ရှိသော ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် လာမည့် ၂၀၁၃ ခုနှစ် ဧပြီလမှ စ တင် ပြောင်းလဲထုတ်ဝေသွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောဆိုလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၃၀ ရက်နေ့က တာမွေမြို့နယ်တွင် ကျင်းပသော ဒီလှိုင်း ဂျာ နယ် ရုံးဖွင့်ပွဲအခမ်းအနားတွင် ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် အသွင်ပြောင်းထုတ်ဝေမည်ဟု ပြောဆိုလိုက်ပြီး ယင်းညွှန်ကြား ချက်အ တိုင်း သတင်းစာအဖြစ် အသွင်ပြောင်းထုတ်ဝေရန် ယနေ့လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က မနေ့ကပဲ သတင်းစာအဖြစ် အသွင်ပြောင်းဖို့ပြောတယ်။ ကျနော်တို့ ဒီကနေ့ သတင်းစာပြောင်းထုတ်ဖို့စလုပ် နေ ပါပြီ။ အစိုးရ ထုတ်ပြန်ထားတဲ့အတိုင်း ဖေဖော်ဝါရီလမှာ ကျနော်တို့ သတင်းစာထုတ်ဝေခွင့် လျှောက်လွှာတင်မယ်။ ဧပြီလမှာစပြီးထုတ်နိုင်အောင်လုပ်နေပြီ” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ဒီလှိုင်းဂျာနယ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒများနှင့် သတင်းများကို အဓိက ထားဖော်ပြခဲ့သော ဂျာနယ်အဖြစ် ရပ်တည် ခဲ့ သော် လည်း သတင်းစာအဖြစ် အသွင်ပြောင်းထုတ်ဝေပါက ပါတီဝါဒဖြန့်သတင်းစာ အဖြစ်မဟုတ်ဘဲ ပြည်သူ့သတင်းစာ၊ ကမ္ဘာ့သတင်း စာ များ၏ မူအတိုင်းထုတ်ဝေပြီး “ပြည်သူလူထုအကျိုး ဒီမိုကရေစီစနစ်ထွန်းကားရေး”ကို အဓိက ဦးတည်ထုတ်ဝေသွားမည်ဟု သိရှိရသည်။

“မနက်ကပဲ ဟံသာဝတီဦးဝင်းတင်နဲ့တိုင်ပင်ပါတယ်။ ကျနော်တို့က ဒီလှိုင်းဂျာနယ်လို ပါတီမူဝါဒ၊ သတင်းတွေကို ဦးစားပေးထုတ်တဲ့ သတင်း စာမျိုးမဟုတ်ဘူး။ တကယ့် သတင်းစာကြီးတွေလို၊ ကမ္ဘာ့သတင်းစာ ကြီးတွေမှာ ရှိသင့်ရှိ ထိုက် တဲ့ အင်္ဂါရပ်တွေနဲ့အညီ ထုတ်ဝေမှာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

ဒီလှိုင်း သတင်းစာ ထုတ်ဝေရာတွင် ပြင်ပမှ သတင်းစာဆရာများ၊ အယ်ဒီတာများနှင့်သတင်းထောက်များကို ခေါ်ယူခန့်ထားသွားရန်ရှိ သည်ဟု သိရှိရသည်။

အပတ်စဉ် တင်္နလာနေ့တွင် ထုတ်ဝေနေသော ဒီလှိုင်းဂျာနယ်ကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင်စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး စောင် ရေ တစ်သိန်းဝန်းကျင် ရောင်းအားရှိသည်။

အစိုးရက လာမည့် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး ထုတ်ဝေခွင့်ကို ၁၉၆ ၂ ခုနှစ် ပုံနှိပ်ဥပဒေဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေမှာ မီဒီယာလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်သော ဥပဒေပြဋ္ဌာန်းချက်များပါရှိ ပြီးယင်းဥပဒေမှာကွယ်လွန်သူစစ်အာဏာ သိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေ၀င်း အစိုးရက ရေးဆွဲခြင်းဖြစ်ပြီး သတင်းစာ ထုတ်ဝေခွင့် လိုင်စင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထိန်း ချုပ်ထားပြီး တနှစ်တခါ သက်တမ်းတိုးရန် လိုအပ်သဖြင့် မီဒီယာအပေါ် ထိန်းချုပ်နိုင်သော အခွင့်အာဏာ ပြန်ကြားရေး ၀န်ကြီးဌာနတွင်ရှိနေ ကြောင်း ပြည်တွင်း သတင်းစာဆရာများက သုံးသပ်ဝေဖန်နေကြသည်

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်

ထက်နောင်နောင်

ဒီဇင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေး ခွန်း ထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။

“ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကြိုးစား ဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊လက်ရှိအ ခြေ အနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီးဆိုးရွာလာတာတွေ တွေ့လာရတဲ့အခါမှာ လက်ရှိအစိုးရကိုမေးခွန်းထုတ်စရာ အများကြီးရှိ လာပါတယ် ၊ နောက်ကြောင်းပြန်လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီးတပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကို တိတိလင်းလင်းပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီး လုပ် နေတဲ့စေ့စပ်ဆွေးနွေး ပွဲ တွေဟာအာရပ်အစ္စရေး ကို ပြန်ကြည့်ပါ ။အခုထိမပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်း ပြီးတော့မှအကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလားဆိုတာ ကို ကျွန်တော် မေးချင်ပါတယ် ” ၄င်းကပြောကြားခဲ့သည် ။

ဆက်လက်ပြီး “အခုလက်ရှိုကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ပြည်တွင်းစစ်မှာ ကြောက်စရာ ကောင်းတဲ့ စစ်လက်နက် ပစ္စည်းတွေအပြင် လေ ယာဉ်တွေ ၊ ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာအကျိုးကျေး ဇူး ရှိပါသလဲ ၊ အဲတာတွေကို ကျွန်တော်တို့ ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ။ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေ တဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန် တော်ပြောချင်ပါတယ်။ ” ဟု ထပ်မံပြောကြားသွားသည် ။

ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင်တပ်မတော် ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရပြည်တွင်းစစ်တွင် အသုံးမပြုရန် တားမြစ်ထားသော စစ်ဂျက်လေယဉ်များ ၊ ၁၀၅မမ ၊ ၁၂၀မမ ကဲ့သို့သော အဖျက်စွမ်းအားမြင့် အမြောက်များနှင့် မူးဝေအော့အန်စေသော ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကိုအ သုံးပြုနေ ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏ပြောကြားချက်အရသိရသည် ။

ဒီလှိုင်း သတင်းစာထုတ်မည်

ရွှေအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ပါတီစာစောင် ဒီလှိုင်းကို နေ့စဉ်ထုတ် သတင်းစာ အဖြစ် ပြောင်းလဲထုတ်ဝေသွားမယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြား လိုက် ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ဒီလှိုင်းစာစောင် ၁ နှစ်ပြည့် ရုံးခန်းသစ်ဖွင့်ပွဲကို တက်ရောက် လာတုန်း အခုလို ပြောကြားလိုက်တာလို့ ဒီလှိုင်းစာစောင် တာဝန်ခံအယ်ဒီတာဦးအုန်းကြိုင်(မောင် အောင်ဝင့်) က ပြောပါတယ်။

“ဆရာ ဦးဝင်းတင်ကပဲ အစိုးရက သတင်းစာတွေ ထုတ်ဝေခွင့်ပေးတော့မယ်လို့ကြေညာထား တယ် ဆိုတော့ ဥက္ကဋ္ဌ သဘောထားတခုခုပေးဖို့ ရှိလားမေးတော့ ဥက္ကဋ္ဌက သတင်းစာထုတ်မယ်။ ဒီလှိုင်းကို သတင်းစာအဖြစ်ထုတ်မယ်။ ဒီလှိုင်းဂျာနယ်ကိုလည်း ပုံမှန်မပြတ် သတင်းစာနဲ့တွဲပြီး ဘယ်လိုထုတ်ဝေနိုင်အောင် စီစဉ်နိုင်မလဲ ဆိုတာကို အသေးစိတ် စီစဉ်မယ်လို့ ပြောသွားတယ်။”

သတင်းစာကို ဒီလှိုင်း နာမည်နဲ့ပဲ ထုတ်ဝေသွားမှာဖြစ်ပြီး ပါတီအကျိုးထက် ပြည်သူ့အကျိုးကိုဦးစားပေးဆောင်ရွက်သွားမယ့်အကြောင်း လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီလှိုင်းဂျာနယ်ဟာ ပါတီဝင်ထုအတွက်ထက် ပြည်သူ့အတွက် ရေးသားနေတာ အားလုံးသိပါတယ်။ ထို့အတူပဲ ဒီလှိုင်းသတင်းစာထွက်လာရင် လည်း အဖွဲ့ချုပ်ကထုတ်လို့ အဖွဲ့ချုပ်ရဲ့ အာဘော်၊ အဖွဲ့ချုပ်အကျိုးအတွက်ပဲ ဆောင်ရွက်တာမ ဟုတ်ဘဲ ပြည်သူတရပ်လုံး အလွန်တောင့်တနေ တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ၊ မြန်မာနိုင်ငံမှာ ထာဝရတည်ထွန်းနိုင်အောင်၊ ငြိမ်းချမ်းဖွံ့ဖြိုး သာယာတဲ့ ခေတ်သစ်ကြီးတခုဖြစ်အောင် အကျိုး ဆောင် သွားမယ့် စာစောင်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။”

အဖွဲ့ချုပ်ဟာ ပါတီအနေနဲ့ သတင်းစာထုတ်မယ်ဆိုရင် ပါတီသတင်းထက် အများပြည်သူ သိသင့်တဲ့သတင်းတွေ ဦးစားပေးထည့်သင့် တယ် လို့ စာရေးဆရာသတင်းစာဆရာ ဦးဇင်လင်းက ပြောပါတယ်။

“ပါတီအစိတ်အပိုင်းက သတင်းစာရဲ့ ဘယ်လောက်ယူမှာလဲ။ လေးပုံတပုံ ယူရင်တောင် များတယ်။ ပါတီအာဘော်က ငါးပုံတပုံ၊ ခြောက်ပုံတပုံ ဒီထက် ပိုမယူသင့်ဘူး။ ကျန်တာကတော့ နိုင်ငံတကာ အများပြည်သူ မီဒီယာသဘောဆောင် တဲ့သမာသမတ်ကျကျဘက်မလိုက်ရဘူးလို့တော့ မဟုတ်ဘူး။ ဘက်က ပြည်သူဘက်က အမှန်တရားဘက်ကတော့ လိုက်ရမှာပဲ။ မှန် တာကို ရေးရဲရမယ်၊ ပြောရဲရမယ်။ ပြည်သူကို အကျိုးပြု တဲ့ကဏ္ဍနဲ့ ပတ်သက်ပြီး အယ်ဒီတာ ဘုတ်အဖွဲ့ကိုတော့ လွတ်လွတ်လပ်လပ် ကျနော်တို့က ပေးနိုင်ရင်တော့ ကောင်းတယ်။ အယ်ဒီတာအဖွဲ့ အနေနဲ့ကလည်း ပါတီလမ်းကြောင်းလွဲနေရင် ရေးခွင့်၊ ဝေဖန်ခွင့် ရှိရမယ်။ ပါတီသတင်းစာမို့လို့ ပါတီကို ပြန်မဝေဖန်ရဘူးဆိုရင်လည်းဒီသ တင်း စာက ၀ါဒဖြန့်ချိရေး သတင်းစာပဲ ဖြစ်သွားမှာပေါ့။ အဲလိုတော့ မဖြစ်သင့်ဘူး။”

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတက်ခါစ ၁၉၆၃ ခုနှစ်က မဆလပါတီအာဘော် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ ထုတ်ဝေခဲ့ဘူးပါ တယ်။

Year in review: 2012

ကချင် ငြိမ်းချမ်းရေး ၈၈ ကျောင်းသားများ ကြားဝင်စေ့စပ်မည်

သာလွန်ဇောင်းထက်

စစ်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရေး ကေအိုင်အေနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့က ၀င်ရောက်စေ့စပ်ညှိုနှိုင်းပေးမည် ဖြစ်သည်။

ကေအိုင်အေ ဌာနချုပ်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံမည့် ၈၈ မျိုးဆက်ကျောင်းသားများတွင် ကိုမြအေး၊ ကိုထွန်းမြင့် အောင်၊ မ စန်းစန်းမော်၊ မမီမီလွင်တို့ ပါဝင်မည်ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် အခြားခေါင်းဆောင်များက အစိုးရတာဝန်ရှိသူ များနှင့်တွေ့ဆုံ ညှိုနှိုင်းရန် အစီအစဉ် ရှိသည်ဟု သိရှိရသည်။

ကေအိုင်အေနှင့် အစိုးရအကြား ၁၈ လကျော်ကြာသည်အထိ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် လူတသိန်းကျော် အိုးအိမ်များ စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးဒုက္ခသည်များမှာ ဆိုးရွားသော ရာသီဥတုဒဏ်၊ အငတ်ဘေး ဒုက္ခများကြုံတွေ့နေရကြောင်း၊ လက်ရှိအချိန် တွင် အစိုးရတပ်များက အပြင်းအထန်ထိုးစစ်ဆင်ပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့်

အမြောက်ကြီးများကို အသုံးပြုလာသဖြင့် စစ်ဘေးသင့်ပြည်သူများ များစွာကြောက်ရွံ့ထိတ်လန့်နေကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖြစ် ပွားသော အပြန်အလှန် ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ရွာသားတဦး သေဆုံးပြီး ၄ ဦးပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း၊ ထို့ကြောင့် စစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပြီး နှစ်ဦးနှစ်ဖက်စလုံးကို တောင်းဆိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၊ကချင်ငြိမ်းချမ်းရေးကွန်ရက်အ ပါအ၀င် လူမှု အခြေပြုအဖွဲ့အစည်းများက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဒီဇင်ဘာလ ၃၀ရက်နေ့က ကျင်းပပြုလုပ်သော သတင်း စာရှင်းလင်း ပွဲ တွင် ထုတ်ပြန်တောင်းဆိုသည်။

ကေအိုင်အေနှင့်တွေ့ဆုံရန် ကိုမြအေးဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် က ချင် ပြည်နယ် လိုင်ဇာသို့ ခရီးစတင်ထွက် မည်ဖြစ်သည်။

“စစ်ပွဲတွေကိုရပ်ချင်တယ်။ အစိုးရနဲ့ ကေအိုင်အို ကြားထဲမှာ ၀င်ရောက်ညှိုနှိုင်းပေးဖို့ အဓိကပဲ။ ဘယ်လိုညှိုနှိုင်းလို့ရမလဲ။ လမ်းစကို ရှာဖွေရမှာ ပဲ။ ကျနော်တို့ သွားလို့ စစ်ရပ်သွားမယ်လို့ အာမခံဘူး။ ထူးခြင်း မထူးခြင်းဆိုတာက သက် ဆိုင်ရာ ကာယကံရှင်များရဲ့အလုပ်။ ကျနော်တို့က ဆက်ပြီးကြိုးစားရမှာပဲ။ ကျနော်တို့က အတတ်နိုင်ဆုံး လမ်းစရှာမှာပဲ။ပစ်ထားလိုက်လို့မှမရတာ” ဟု ကိုမြအေးက ဧရာဝတီသို့ပြောသည်။

ကေအိုင်အေ ဌာနချုပ် လိုင်ဇာသို့ သွားရောက်မည့် ခရီးစဉ်ကို ငြိမ်းချမ်းရေးခရီးစဉ်ဟု အမည်တပ်ထားသည်။ ၈၈ မျိုးဆက် ကျောင်းသား များ အနေနှင့် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ကေအိုင်အေဌာနချုပ်လိုင်ဇာသို့ တခေါက်သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ သည်။ ယင်း နောက် အစိုးရငြိမ်းချမ်းရေးခေါင်းဆောင် သမ္မတရုံး ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော်လည်း အကျိုးမထူးခဲ့ကြောင်း၊ အဓိကအားဖြင့် နှစ် ဦးနှစ်ဖက်ကြားတွင် ယုံကြည်မှု တည်ဆောက်ရန် အရေးကြီးကြောင်း ကိုမြအေးက ဆက်လက်ရှင်းပြသည်။

“ငြိမ်းချမ်းရေးကိစ္စမှာ တဖက်ဖက်ကို အပြစ်မတင်ဖို့နဲ့ ယိုင်မသွားဖို့ဘဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆို တာ အလွတ်သဘောဆွေးနွေးလို့မရဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်ကို ကိုယ်စားပြုတဲ့ ဆွေးနွေးပွဲဖြစ်ရမယ်။ တိကျတဲ့ လမ်း စဉ်ရှိရမယ်။ အလွတ်သဘော ဆွေးနွေးတယ် ဆိုတာ ပုဂ္ဂိုလ်ရေးဆန်တယ်။ ငြိမ်းချမ်းရေး စင်တာဆိုတာ ရှိတယ်။ ငြိမ်းချမ်းရေး စင်တာဆို တာပြည်ထောင်စုအစိုးရကိုဘယ်လောက်ကိုယ် စားပြုလဲ။ ကိုယ်စားပြုတယ်ဆိုရင် ဘာဖြစ်လို့ ဒီစစ်ပွဲဖြစ်နေတာလဲ” ဟု ကိုမြ အေးက ဆိုသည်။

ကချင်ပြည်နယ်တွင် စစ်ပွဲများ ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ကျောင်းသားများ၊ ပြည်သူများပါဝင်သော လှုပ်ရှားမှုမျိုးစုံ ပြုလုပ်သွားရန် ရှိ ကြောင်းလည်း သတင်းရရှိသည်။ ၂၀၁၃ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ မဟာဗန္ဓုလ ပန်းခြံဘေးတွင် ကချင်စစ် ပွဲရပ် စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲတခု ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဆုတောင်းပွဲကို အာဏာ ပိုင် များ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း အဖြူရောင်တွဲလက်များအဖွဲ့မှ မဖြူအိသိမ်းက ဆိုသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကချင်ဒေသ ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီး မြောက်ပိုင်း တောင်ပိုင်း မခွဲဘဲ နိုင်ငံ သား အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ဒီဇင်ဘာလနှောင်းပိုင်း သွားရောက်ခဲ့သော တနင်္သာရီတိုင်းခရီးစဉ်အတွင်း ပြောဆို ခဲ့ သည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် အစိုးရနဲ့ ကေအိုင်အေ တို့ ဆွေးနွေးကြရုံနဲ့ မ လုံလောက်ဟု ရှမ်းနီပါတီက ဆို

ကော့လီ

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားနေချိန်မှာ ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အစိုးရနဲ့ ကေအိုင်အေ တို့ပဲ ဆွေးနွေးညှိနှိုင်း သ ဘောတူရုံနဲ့ မလုံလောက်ပဲ ရှမ်းနီ (တိုင်းလိုင်) လူမျိုးများ အပါအဝင် ရှမ်းမျိုးနွယ်စုဝင်များ အခြား ဒေသခံ တိုင်းရင်းသားများရဲ့ ဆန္ဒသ ဘောထားများကိုလည်း ငြိမ်းချမ်းရေး အတွက် ဆွေးနွေးညှိနှိုင်းရာမှာ ထည့်သွင်းစဉ်းစားသင့်တယ်လို့တိုင်းလိုင်(ရှမ်းနီ)အမျိုး သားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်ပါ တယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ၎င်းပါတီရဲ့ သထောထား ကြေညာချက်နဲ့ ပတ်သက် ပြီး ကော့လီ မီဒီယာ က အထွေ ထွေအတွင်းရေးမှူး ဖြစ်သူ ဦးစောဝင်းထွန်း ကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ အခုလို ပြောကြား လိုက် တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မှာ ကချင် လူမျိုး တစ်မျိုးတည်း ရှိတာ မဟုတ်ဘူး။ ရှမ်းနီ အပါအဝင် ရှမ်းမျိုးနွယ်စုတွေ ချည်းပဲ ပြည်နယ် လူဦးရေရဲ့ ၆၀ ရာ ခိုင်နှုန်းလောက် ရှိတယ်။ အဲဒီတော့ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင်တော့ ဒီလူဦးရေ အရေအတွက်ရဲ့ ဆန္ဒသဘော ထားတွေကို လျစ်လျူရှုထားဖို့ မသင့်ပါဘူး။ အနည်းဆုံးတော့ ဒီလူတွေရဲ့ ဆန္ဒသဘောထားကို နားထောင် ထည့်သွင်း စဉ်းစားပေး သင့်ပါ တယ် – လို့ ဦးစောဝင်းထွန်း က ကော့လီကို ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားနေသည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ စစ်ပွဲများကြောင့် ဒေသခံ ရှမ်း၊ ကချင် ပြည် သူ များ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ပြီး လုံခြုံမှုရှိရာ ဒေသများမှာ ဖြစ်သလို နေထိုင် စားသောက်နေ ကြ ရ ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကချင်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ကေအိုင်အိုနဲ့ ပတ်သက်လို့ ကေအိုင်အို တပ်ဖွဲ့ဝင်များက မီးရထားလမ်း၊ တံတားများ ကို ဖောက်ဖွဲခြင်း၊ ရှမ်းနီ လူမျိုးများထံမှာ ဆက်ကြေး ကောက်ခံခြင်း၊ စစ်သား အဖြစ် အဓမ္မ စုဆောင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်း အဖြစ် အသုံးချခြင်း၊ တပ်မတော်က ရှမ်းရွာသားများ အပေါ် အထင်အမြင် လွဲမှားစေရန် ရှမ်းရွာများ အနီးမှာ မိုင်းထောင် ဖောက်ခွဲခြင်း၊ ရှမ်းအမျိုး သမီးများအား မုဒိန်းကျင့်ခြင်းများ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက်မှန်ကန်မှု ရှိသလဲလို့ ဦးစောဝင်းထွန်းကို မေးမြန်းရာမှာ ၎င်းက – ဒါတွေဟာ ကျနော်တို့ ပါတီ မြို့နယ်အ ဆင့်တွေ တင်ပြလာတဲ့ အစီရင်ခံစာတွေအရ ဖော်ပြထားတာ ဖြစ်ပါတယ်။ ကေအိုင်အေ ဆက် ကြေးတောင်းတဲ့ပြီး မပေးရင် ဘာလုပ်မယ် ညာ လုပ်မယ် ဆိုတဲ့စာတွေလည်း ကျနော်တို့မှာ သက်သေ အနေနဲ့ရှိပါတယ်။ ကျနော်တို့ ရှမ်း နီတွေချည်း ခံရတာတော့ မဟုတ်ဘူး။ တခြား တိုင်း ရင်းသားတွေလည်း အနည်းနဲ့အများခံရတာပါပဲ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာဆို ရင် ကေအိုင်အေဘက်ကရော၊ တပ်မတော် ဘက်က ရော ကျူးလွန်တာတွေ ရှိမယ်။ ဒါပေမယ့် ကေအိုင်အေ ကတော့ တိုက်ပွဲနဲ့ဝေးတဲ့ ငြိမ်းချမ်းတဲ့ မြို့တွေပေါ်အထိ ဆက်ကြေးတောင်းတာ၊ လူစုတာ တွေ ရှိနေတယ် – လို့ ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တိုင်းလိုင်​ (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရဲ့ သဘောထား အဖြစ်

(၁) ဤဒေသ အတွင်း နေထိုင်ကြသော တိုင်းရင်းသားများ အချင်းချင်း တစ်ဦးအပေါ် တစ်ဦး လူညွန့်ခူး ခေါင်းပုံဖြတ်ခြင်းကို လက်မခံပါ။

(၂) လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသော မည်သည့် အဖွဲ့အစည်း၏ လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချသည်။

(၃) ကချင်ပြည်နယ် အတွင်း စစ်ပွဲများ အမြန်ဆုံး ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြရန် တောင်းဆိုသည်။

(၄) ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲများတွင် ဒေသခံ ရှမ်းနီပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိမှသာ အောင်မြင်နိုင် မည် ဟု ယုံကြည်သည်။လို့ ကြေညာချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ရိုဟင်ဂျာတွေ သြစတြေးလျနိုင်ငံလာဖို့ ကြိုးပမ်း

ABC

ရခိုင်ပြည်နယ် ​အရေးအခင်းကနေ ​ထွက်ပြေးကြတဲ့ ​ရိုဟင်ဂျာလူမျိုးတွေဟာ ​မလေးရှားနိုင်ငံကနေတင့် ​လှေတွေနဲ့ ​ခိုလှုံခွင့်တောင်းဖို့ ​သြ စ တြေးလျနိုင်ငံကို ​လာဖို့ ​ဆက်ကြီး ​ကြိုးပမ်းနေကြတယ်လို့ ​အေဘီစီသတင်းထောက် ​Zoe ​Daniel ​က ​သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ ​လှေတွေနဲ့ ​ထွက်ပြေးရင်း ​လှေတချို့ ​တိမ်းမှောက်ရာကနေ ​လူပေါင်း ​ရာနဲ့ချီ ​သေဆုံးပေမယ့် ​လူတွေဟာဆက်လက်ပြီးလှေ တွေနဲ့ ​မလေးရှားနိုင်ငံကို ​ထွက်ဖို့ ​ကြိုးပမ်းနေကြတဲ့အကြောင်း၊ ​ဆက်ပြီးတော့လည်း ​ထွက်လာနေကြတဲ့အကြောင်း၊ ​နစ်မြုပ်သွားတဲ့ လှေတွေ ရှိသလို၊ ​လမ်းပျောက်ပြီး ​လို ​ရာ ​ပန်းတိုင် ​ရောက်မလာကြသူတွေလည်း ​ရှိတဲ့ အပြင် ​မလေးရှားနိုင်ငံကနေတဆင့် ​အင်ဒိုနီးရှား နိုင်ငံ၊ ​အဲဒီ ကတဆင့် ​သြစတြေးလျနိုင်ငံကို ​လာဖို့ ​ကြိုးပမ်းနေကြတယ်လို့ ​ဆိုပါတယ်။

တတိယတနိုင်ငံမှာ ​နေရာချထားပေးမှုမှာ ​မျော်လင့်ချက် ​ကင်းနေတယ်လို့ ​ခံစားနေကြရပြီး ​နှစ်ရှည်လများ ​မလေးရှားနိုင်ငံမှာ ​သောင် တင်နေ ကြသူတွေဟာ ​အင်ဒိုနီးရှားနဲ့ ​သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​လာဖို့ ​ဆက်လက်ကြိုးပမ်းနေကြတာ ​ဖြစ်တယ်လို့ ​ရိုဟင်ဂျာ ​ဒုက္ခ သည်တစ်ဦး က ​အေဘီစီသတင်းထောက်ကို ​ပြောပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးရဲ့အဆိုအရ ​ဒုက္ခသည်တွေဟာ ​မလေးရှားနိုင်ငံကနေ ​အမြန်ထွက်လိုကြတဲ့အတွက် ​လှေတွေနဲ့ ​သြစတြေးလျ နိုင် ငံ ကို ​လာဖို့ ​ကြိုးစားနေကြတယ်လို့ပြောပြီး ​ဆက်တိုက် ​လာကြဦးမယ်လို့လည်း ​ပြောပါတယ်။

ဒါပေမဲ့ ​မြန်မာနိုင်ငံနဲ့ ​မလေးရှားနိုင်ငံအကူမှာတင် ​ရာနဲ့ချီတဲ့ ​ဒုက္ခသည်တွေဟာ ​လှေတွေမှောက်ရာကနေ ​သေဆုံးခဲ့ကြပြီး ​ဖြစ်တယ်လို့ ​အေ ဘီ စီသတင်းထောက်က ​သတင်းပေးပို့ခဲ့ပါတယ်။

လက်ပံတောင်းတောင်ကိစ္စစုံစမ်းဖို့ သိပ္ပံပညာရှင်ကိုတာဝန်ပေး

ABC

လက်ပတောင်းတောင်စီမံကိန်း ​နဲ့ပတ်သက်ပြီး ​သဘာဝ ​ပတ်ဝန်းကျင်ထိ ​ခိုက်မှု ​နဲ့ ​လူမှုဘဝအကျိုး ​သက်ရောက်မှု ​အကဲဖြတ်ဖို့ ​မြန်မာ့ သဘာဝပတ်ဝန်းကျင်သိပ္ပံကို ​စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ​တာဝန်ပေး ​လိုက်တဲ့အကြောင်း ​မနေ့က ​ကော်မရှင်ရဲ့သတင်းထုတ်ပြန် ချက်ထဲမှာ ​ပါရှိ ပါတယ်။

မုံရွာလက်ပံတောင်းတောင် ​စီမံကိန်းဟာ ​Myanmar ​Economic ​Holding ​Ltd ​နဲ့ ​တရုတ် ​Wanbao ​Mining ​Ltd ​and ​Yang ​Tze ​Copper ​Ltd ​တို့စပ်တူပူးပေါင်း ​လုပ်ဆောင်နေတဲ့ ​စီမံကိန်းဖြစ်ပါတယ်။

တရုတ်နိုင်ငံထုတ် ​Xinhua ​သတင်းထဲမှာ ​ဒီစီမံကိန်းဟာ ​မြန်မာနိုင်ငံက ​ထုတ်ပြန်ထားတဲ့ ​နိုင်ငံခြား ​ရင်းနှီး ​မြှုပ်နှံမှု ​ဥပဒေနဲ့ ​ကိုက်ညီတဲ့ ​ပူး ပေါင်းဆောင်ရွက်မှုရှိတဲ့ ​လုပ်ငန်းတရပ် ​ဖြစ်တယ်လို့ ​ဖေါ်ပြထားပါတယ်။

ကျွမ်းကျင် ​ပညာရှင် ​၁၂ ​ဦး ​ပါဝင်တဲ့ အဖွဲ့ဟာ ​၂ ​ပါတ်အတွင်း​တွေ့ရှိချက်တွေကိုအစီရင်ခံရမှာဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင် တဲ့ ​အဖွဲ့ဝင် ​(၁၆)ဦး ​ပါဝင်တဲ့ ​စုံစမ်း ​စစ်ဆေးရေး ​ကော်မရှင်က ​ဇန္နဝါရီလ ​၃၁ ​ရက်နေ့မှာ ​လက်ပံတောင်းတောင် ​စီမံကိန်းဟာ ​တိုင်းပြည်နဲ့လူ ထု ​တွေအဖို့ ​အကျိုးရှိ ​မရှိ၊ ​စီမံကိန်းဆက်လက် ​ပြုလုပ်သင့် ​မသင့်ဆိုတဲ့ ​အကြံပြု ချက် အစီရင်ခံစာကို ​တင်သွင်းရမှာ ​ဖြစ်ပါတယ်။

ကြေးနီတောင် ​စီမံကိန်းက ​နေ ​ထွကပေါ်လာတဲ့ ​အမြတ်တွေထဲကနေ ​မြန်မာအစိုးရ ​က ​၁၆.၈ ​% ​Myanmar ​Economic ​Holding ​Ltd ​၁၃.၈% ​နဲ့ ​ရင်းနှီးမြှုပ်နှံမှု ​မှာ ​အပြည့်အဝ ​ထည့်သွင်းထားတဲ့ ​တရုတ် ​ကုမ္ပဏီက ​၁၃.၃၃% ​ဝေစု ​ခွဲဖို့ ​သဘောတူညီထားကြတယ်လို့ ​တ ရုတ်နိုင် ငံထုတ် ​China ​Daily ​မှာ ​ဖေါ်ပြထားပါတယ်။

လက်ပံတောင်းတောင်စီမံကိန်း ​စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ​သတင်းထုတ်ပြန်ချက်ထဲမှာ ​ကြေးနီ စီမံကိန်းသပိတ်စခန်း က​နေမီး လောင် ​ဒဏ်ရာရတဲ့လူနာတွေအတွက် ​နိုင်ငံတော်က ​တာ ​ဝန်ယူဆောင်ရွက်နေတဲ့ ​အကြောင်း၊ ​မီးလောင် ခံရတဲ့ ​သံဃာတော် ​၂ ​ပါး ​ဟာလည်း ​ထိုင်း နိုင်ငံမှာ ​ဆေးကုသမှုခံယူနေပြီဆိုတဲ့အကြောင်း ​သတင်းထုတ်ပြန်ခဲ့ပါတယ်။

မွတ်စလင် ဒုက္ခသည်များအတွက် တပ်ရင်းမှူးအမိန့်ဖြင့် ရိက္ခာဝယ်သည်ကို ရခိုင်အ စွန်းရောက်များ တားဆီး

M-Media

၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင် အစွန်းရောက်သမားများ၏ အကြမ်းဖက်မှု့လုပ်ရပ်များ ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့ပေါ်တွင် နေထိုင်သော ကမန်လူမျိုး အများစုဖြစ်သော မွတ်စလင်မ်များအား ကျောက်ဖြူမြို့ ဆားကွင်း များသို့ ခြိမ်းခြောက်ကာအတင်းအဓမ္မရွှေ့ပြောင်း စေခဲ့ပါသည်။ ကျောက်ဖြူမြို့မှ မွတ်စလင်မ်အများစု နေထိုင်သော ပိုက်စိတ်ရွာနှင့် အ ခြားရွာများမှာ ရွာလုံးကျွတ် မီးရှို့ခံရပြီး အဆိုပါရွာများ မှ အသက်မသေဘဲ ကျန်ရစ်တဲ့ မွတ်စလင်မ်များမှာ ရေလမ်းခရီးဖြင့် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများကို လူဦးရေသောင်းနှင့်ချီပြီး ထွက် ပြေး ခဲ့ရပါသည်။

ဆားကွင်းသို့ ရွှေ့ပြောင်းခံရသူအများစုမှာ ကျောက်ဖြူမြို့ပေါ်တွင် ရခိုင်အိမ်များနှင့် ရောနှောနေသည့် အတွက် ရခိုင်အကြမ်းဖက်များမှာ ၄င်း တို့ ရခိုင်အိမ်များပါ မီးလောင်မည် ဆိုးသောကြောင့် မွတ်စလင်မ်များအား အကြမ်းဖက်ပြီး အတင်းအဓမ္မ နေအိမ်များမှ ဆားကွင်းသို့ ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်သည်။ အဆိုပါရွှေ့ပြောင်းစဉ်အတွင်း လုံထိန်းနှင့် သက်ဆိုင်ရာ လုံခြုံရေးများမှာ လုံလောက်စွာ ကာကွယ်မပေး သည့် အတွက် မွတ်စလင်မ်များ သေဆုံး ဒဏ်ရာရမှု့များဖြစ်ပေါ်ခဲ့သည်။


ဆားကွင်းများသို့ အကြမ်းဖက်ပြီးရွှေပြောင်းစေခဲ့သော မွတ်စလင်မ်များအား စားရေ ရိက္ခာဖြတ်တောက်ထားပြီး ကုလသမဂနှင့် ကမ္ဘာစား နပ် ရိက္ခာအဖွဲ့များ စစ်တပ်မှ တဆင့် ပေးပို့သည့် များကို မှီခိုပြီး အသက်ဆက်နေခဲ့ရကြောင်းသိရသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လည်ပိုင်းတွင် ဆားကွင်းဒုက္ခသည် စခန်းကို လုံခြုံရေးပေးနေသည့် စစ်တပ်မှ ရဲဘော်တချို့လိုက် ပါပြိး ဒုက္ခသည် မွတ်စလင်မ်များမှာ ကျောက်ဖြူစည်ပင်သာယာဈေးသို့ ရိက္ခာဝယ်ယူရန်သွားခဲ့သည်။ ဈေးသို့ရောက်သည်နှင့် ရခိုင်လူမျိုး အများစု ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင် အစွန်းရောက်များရောက်လာပြီး ဈေးအတွင်းသို့ ပေးမဝင်ကြောင်း၊ မွတ်စလင်မ်များကို ရိက္ခာ မ ရောင်းပေး နိုင်ကြောင်း ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့မှ မွတ်စလင်ဒုက္ခသည်တစ်ဦး မှ ဖုန်းဆက်ပြီး အကြောင်းစုံကိုပြောပြရာတွင် ကျောက်ဖြူမြို့နယ် ဒုက္ခသည်စခန်တွင် လုံခြုံရေး ယူပေးထားသော စစ်တပ်မှ ရဲဘော်အချို့လိုက်ပါလျှက်.ကျောက်ဖြူဈေးသို့ ရိက္ခာပြတ်နေ၍ ဈေးဝယ်ထွက်ရာ ဈေးသို့ရောက်သော် ရခိုင်ရဲများဝိုင်းလာပြီး.. “ဘာကြောင့် ဒီကုလားတွေကိုခေါ်လာတာလဲ.. ဒီကောင်တွေပြဿနာရှာမယ့် ကောင်တွေ ဒီ ကောင်တွေကို ငါတို့ဘယ်သူမှဈေးမရောင်းဘူး” ဟုဆိုရာ စစ်တပ်ကရဲဘော်က “ကျုပ်တို့ကို တပ်ရင်းမှူးခိုင်းလို့ လာတာဖြစ်ကြောင်း” ပြော နေ ချိန် ရခိုင် လူအုပ်စုကြီးက ၀ိုင်းရိုက်ရန် ၀ိုင်းရံလာသဖြင့် စစ်တပ်လုံခြုံရေးဖြင့် ဒုက္ခ သည်စခန်းကိုပြန်လာခဲ့ရကြောင်း။ ဒုက္ခသည်စခန်းတွင် ပိုက်ဆိပ်ရွာမှ ဒုက္ခသည် ၂၀ကျော်လည်းရောက်နေကြောင်း၊ အများစုကလူငယ် များဖြစ်ကြောင်း၊ တချို့ပိုက်ဆိပ်ရွာသားများက မိဘနှင့်အ ဆက်သွယ်ရှိသလို၊ တချို့က မိဘများနှင့်အဆက်သွယ်ပြတ်နေကြောင်း။ ခယ ကဥက္ကဌ ကိုယ်တိုင် ကြိုးကိုင်ပြီး မတရားညှဉ်းပန်းနေကြောင်း၊ ယခင်က ဗိုလ်မှူးကျော်မင်းလတ် ကကူညီကြောင်း၊ ဗိုလ်မှူးကျော်မင်း လတ် ဆိုသူ ထွက်သွားသည့်နေ့ကစပြီးဒုက္ခမျိုးစုံပေးကြောင်း၊ ဗိုလ်မှူး ကျော်မင်းလတ် ပြောင်းရွှေ့သွားပြီးနောက်နေ့တွင် ပိုက်ဆိပ်ရွာမှ ၁၆ နှစ်အရွယ် အမျိုးသား လူငယ်တစ်ဦးနှင့်အသက် ၂၀ အရွယ်လူငယ်တစ် ဦးကို ဖမ်းဆီးသွားရာ ယနေ့ထိ ဒုက္ခသည်စခန်းသို့ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း၊ ၎င်းတို့ကို တရားရုံးတင်ကာ မီးရှို့သူ၊ လူသတ် သူ ဟု မတရားစွပ်စွဲပြီး ရုံးတင်စစ်ဆေးကြောင်း သက်သေ အဖြစ်ရခိုင် လူ(၄၀)လောက်က လာရောက် အစစ်ခံကြောင်း၊ အမှန်တကယ်အပြစ်ရှိ သည့် ရခိုင်များကိုမဖမ်းဆီးကြောင်း၊ တပ်မမှူး (မည် သည့်တပ်ဆိုတာ သူတို့မသိကြောင်း) ခ.ယ.က ဥက္ကဌနှင့် ရဲမင်းကြီး ကိုခေါ်လာပြီး လို အပ်တာတင်ပြခိုင်းကြောင်း ထိုအခါ ကင်ဆာဝေဒ နာရှင် မစုမြတ်စံ(၄၄) နှစ်က ရင်သားကင်ဆာ ကုသရန် ဆေးရုံတက်လိုကြောင်း၊ ခ.ယ.က က အထက်ကိုတင်ပြပေးမယ်လို့ တပ်မမှူးရှေ့တွင်ပြောကြောင်း ကျွန်မတို့သေသွားရင်တောင် အထက်က အမိန့်ကကျမှာမို့လို့လားဟုဆိုရာ ခ.ယ.က ဥက္ကဌက ကြိမ်းမောင်းပြစ်တင် ကြောင်း မကျေနပ်ရင် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရကို စာတင်လိုက်ကျုပ်ကဂရုမစိုက်ကြောင်း၊ ရခိုင်အစွန်းရောက်များမှ မွတ် စလင်မ်များ အိုးအိမ်ကို ဖျက်ဆီးရာတွင်လည်း ခ.ယ.က ဥက္ကဌ ကိုယ်တိုင်က ကုလားတွေဟာ ကြိုက်တာလုပ်ဟု ဆိုကြောင်း ဒုက္ခသည်စ ခန်းတွင် တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာ တစ်ပတ်သုံးရက် ဆေးခန်း လာဖွင့်ကြောင်း၊ဆေးမှူးများအနက်ကလေးအ ထူး ကု ဆရာဝန် ဒေါ်လှ မူ က ကျွန်မတို့ကိုဆေးခန်းသာလာ ဖွင့်ခိုင်းထားတာ ဆေးကျတော့ တစ်လုံးမှမပေးဘူးဟု ဆိုကြောင်း မွတ်စလင်မ် ဆေး ဆိုင်ပိုင်ရှင် တစ်ဦးက ထွက်ပြေးလာရင်း ယူဆောင်လာသည့် ဆေးဝါးများဖြင့်သာ ကလေးလူကြီးအားလုံး ကုသမှုပြုလုပ်နေရကြောင်း လော လော ဆယ် အလွန်ကို ဒုက္ခရောက်နေကြသဖြင့် ဒုက္ခသည်စခန်းရှိ လူပေါင်း (၁၅၆၀ ) ခန့်မှာအနေဆင်းရဲအစားဆင်းရဲဖြင့်အမျိုးစုံ ရင်ဆိုင် နေ ရပါသဖြင့် သက်ဆိုင်ရာသို့ အသိပေးကြပါရန် တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီပေးကြပါရန် ပြောကြားသွားခဲ့ပါသည်။

ရခိုင်ပြည်နယ်ရှိ ရခိုင်အကြမ်းဖက်သမားများမှာ ဒုက္ခသည်မွတ်စလင်များအား လူသားခြင်းစာနာမှု့ဖြင့် ကူညီသူ မည်သူမဆို ရခိုင်လူမျိုး ပင် ဖြစ်လင့်ကစား နည်းမျိုစုံဖြင့် ဒုက္ခပေးလျှက်ရှိကြောင်းသိရှိရပါသည်။ မွတ်စလင်များကို စားရေရိက္ခာေ၇ာင်းချသဖြင့် လည်ပင်းတွင် “ကုလား ကျွန်ပါ “ဟူသော စာတမ်းချိတ်ပြီး လူဘုံလည်မှာ လှည်ပတ်ပြီး အရှက်သိက္ခာချခြင်း။ သက်ကြီး ရွယ်အိုတယောက်အားလည်း ခေါင်း တွင် မိန်းမ ထဘီ ဝတ်ဆင်ပြီး လူသိက္ခာကျစေသည် နည်းလမ်းပေါင်းစုံဖြင့် ပြုကျင့်မှုများ ရှိကြောင်း သတင်းများ ဓါတ်ပုံများ ထွက်ရှိလာ ခဲ့ပြီးဖြစ် ပေသည်။

အဲပုဂံကလျော်ကြေးငွေပေးမယ်လို့ပြော

ABC

ခရစ္စမတ်နေ့တုန်းက ​ရှမ်းပြည်နယ် ​ဟဲဟိုးမြို့လေဆိပ်ကို ​ဆင်းသက်ရာက ​ပျက်ကျခဲ့တဲ့လေယာဉ်နဲ့ ​ပတ်သက်ပြီး ​စုံစမ်းစစ်ဆေးမှုတွေ ​ဆက်လက်လုပ်ကိုင်နေပြီး ​အဲပုဂံကလည်း ​လျော်ကြေးတွေ ​ပေးမယ်လို့ ​ပြောပါတယ်။

လျော်ကြေးကို ​ရရှိမယ့်သူတွေထဲမှာ ​သြစတြေးလျနိုင်ငံသား ​၅ ​ယောက်ပါဝင်ပြီး ​ငါးယောက်စလုံးက ​အသက်ဘေးကင်းခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ​လေယာဉ်ပေါ် ​လိုက်ပါလာသူနှစ်ဦး ​သေဆုံးခဲ့ရပြီး ​လမ်းမပေါ်မှာ ​ဆိုက်ကယ်စီးနှင်းသူတစ်ဦးကတော့ ​လေယာဉ်ပျက် ကနေ ​လွှင့်စင်ထွက်လာတဲ့ ​အပိုင်းအစထိမိပြီး ​သေဆုံးခဲ့တဲ့အတွက် ​စုစုပေါင်း ​၃ ​ဦး ​သေဆုံးခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ​ခရီးသည် ​၆၃ ​ယောက်ပါဝင်ပြီး ​အများစုက ​နိုင်ငံခြားသာတွေ ​ဖြစ်ပါတယ်။

နိုင်ငံတကာကလည်း ​အဖြေကို ​သိလိုနေကြတဲ့အတွက် ​ပုဂံလေကြောင်းအနေနဲ့ ​ဖိအားပေးခံနေရပြီး ​စုံစမ်းစစ်ဆေးမှုတွေ ​ပြုလုပ်နေပါ တယ်။

အဲပုဂံရဲ့ ​မန်နေဂျင်းဒါရိုက်တာ ​ဦးထူးသက်ထွေးက ​မြန်မာ့သယ်ယူပို့ဆောင်ရေးဝန်ကြီး ​ကိုယ်တိုင် ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်တစ်ရပ်ဖွဲ့ပြီး ​စုံစမ်းမှုတွေ ​လုပ်နေတဲ့အကြောင်း ​လေယာဉ်ရဲ့ ​မှတ်တမ်းတွေပါဝင်တဲ့ ​Black ​Box ​သို့မဟုတ် ​FDR ​ကိုလည်း ​စင်္ကာပူနိုင်ငံကို ​ပို့ဆောင်ပြီး ​စစ်ဆေးမှုတွေ ​လုပ်နေတယ်လို့ ​ပြောသွားခဲ့ပါတယ်။

အပျော်တမ်း မန္တလေးလား …၊ ပရို မန္တလေးလား …

ဆူးငှက်

“အပျော်တမ်း” ဆိုတဲ့ စကားလုံးက မန္တလေးမှာ အထူးသဖြင့် အသုံးများခဲ့တယ် လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၊ ၉၀ လောက်က တည်းက “အပျော်တမ်း” စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြတာပါ။ “အပျော်တမ်း ခြင်းလုံး အသင်း”၊ “အပျော်တမ်း တူရိယာ အသင်း”၊ “အပျော်တမ်း ကြက်တောင်အသင်း”၊ “အပျော်တမ်း အလေးမ အသင်း” စသည် … စသည်ဖြင့် ဖြစ်ပါတယ်။

တကယ်တော့ မန္တလေးကို စတင် မြို့ပြဖွဲ့စည်း ကတည်းက “တူရာ တူရာ” စုကြတဲ့ မြို့ပြပုံစံ ဖြစ်တယ်။ အမရပူရ နေပြည်တော်က ပြောင်းရွှေ့လာကတည်းက အမရပူရ နေပြည်တော်မှာ အခြေတကျ နေထိုင်ခဲ့ကြတဲ့ ရပ်ကွက်တွေ အတိုင်း “တူရာအိမ်နီးချင်း” တွေကို စုစည်းစေတယ်။ ဥပမာ – ဈေးချို၊ ဝါးတန်း … စသည်ဖြင့် ဖြစ်တယ်။ မိဖုရား၊ မင်းသမီး၊ မင်းညီ မင်းသား၊ မှူးတော် မတ်တော်များကို အပိုင်စား ပေးတဲ့ ဝင်း များလည်း ရှိခဲ့တယ်။

ဥပမာ – ရွှေတိုက် အတွင်းဝန်မင်း ဝင်း၊ ဆင်ဝန်ထောက် ဝင်း၊ တိုင်းတာမင်းကြီး ဝင်း၊ တောင်ခွင်မင်းကြီး ဝင်း၊ ကျော်ရဲမိဖုရား ဝင်း၊ အရှင်နှမတော်ဘုရားဝင်း….စသည်ဖြင့်ပေါ့။ လူမျိုးဆိုင်ရာ အစုအဝေး တွေကိုလည်း “တူရာ” နေရာချထား ပေးပြန်တယ်။ ဥပမာ – ကုလားစု၊ ကသည်းစု၊ တရုတ်စု၊ မြန်မာစု၊ မွန်စု၊ ယိုးဒယားစု၊ ရခိုင်စု… စသည်တို့ ဖြစ်တယ်။ ဒါ့အပြင် အတတ်ပညာ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး လည်း “တူရာ”နေရာများ ရှိပြန်တယ်။ ဥပမာ – ကြေးသွန်း၊ ခတ်တန်း၊ ကျောက်ဆစ်တန်း၊ ဆိုင်းတန်း၊ မဲအိုးတန်း၊ အချုပ်တန်း၊ အနှိပ်တော်၊ ဂုန္တာန်ဝင်း၊ ကြယ်ခတ်ဝင်း၊ မျက်ပါးရပ် စသည်တို့ ဖြစ်ပါတယ်။ ဒါကြောင့် မန္တလေးမြို့ပြဖွဲ့စည်းမှုဟာ မြန်မာ့ကျေးလက် လူနေမှု ပုံစံကို အခြေခံ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ တဦးတယောက် ပုဂ္ဂလိက သဘော သီးခြားနေထိုင်လို့ မရတဲ့သဘော…။

ဘဝရပ်တည်ရေး ပင်တိုင်ပင်မ မဟုတ်တဲ့ ဝါသနာပါရာ လုပ်ငန်း အသီးသီး ကလည်း စီးပွားရေးနဲ့ မပတ်သက်ဘဲ ရင်းနှီးမှု စိတ်ရင်း စိတ်ဓာတ် အခြေခံကြောင့် ပါဝင်ပူးပေါင်း ကြတယ်။ ဥပုသ်နေ့လို အလုပ်အား၊ အလုပ်နားတဲ့ ရက်တွေက အစ အလုပ်ပြီးတဲ့ အချိန် လုပ်ငန်း သိမ်းချိန် တွေမှာ “တူရာ” စုဝေးကာ ခြင်းခတ်ကစားခြင်းတို့၊ တူရိယာ တီးမှုတ်ခြင်းတို့၊ ကြက်တောင် ရိုက်ခြင်းတို့၊ အလေးမခြင်းတို့ … စသည်ဖြင့် ပေါ့။ စီးပွားရေး ကိစ္စတွေ မပါတဲ့ အတွက် “အပျော်တမ်း” ဆိုတဲ့ ကမ္ဗည်း ထိုးခဲ့ကြ တယ်။ မှတ်တမ်း တင်ခဲ့ကြတယ်။ အားကစားလည်း အားကစား အလျောက်၊ အနုပညာလည်း အနုပညာ အလျောက် “အပျော်တမ်း” ဆိုပြီး သတ်မှတ်ထား ခဲ့သော်လည်း စီးပွားရေး၊ ငွေကြေး၊ တန်ဖိုးမပါတဲ့၊ အတတ်ပညာ စံချိန် မပါတဲ့ အတိမ်အနက်နဲ့ လုံးဝ မသက်ဆိုင်တာ ကိုလည်း အစဉ်အဆက် နားလည်သဘော ပေါက်ပြီး ဖြစ်တယ်။

ရှေ့တော်ပြေးဝင်း မြောက်ပေါက် ၂၈ လမ်းပေါ်က အိမ်ဝင်းအတွင်း သစ်သားကွပ်ပျစ် တချပ်ပေါ်မှာ ဘင်ဂျို တဒေါင်ဒေါင် တီးခတ်နေတဲ့သူ တဦးကို “သူက အပျော်တမ်း ဂီတသမား တဦးပါ” ဆိုပြီး နယ်က လာလည်သူ တဦးကို မန္တလေးသားက ညွှန်ပြ ပြောဆိုသည် ဆိုသော်ငြားလည်း ထိုဘင်ဂျိုတဒေါင်ဒေါင်နဲ့ တီးခတ်နေတဲ့ လူငယ် အနုပညာရှင်က “အလင်္ကာကျော်စွာ မြို့မငြိမ်း” ဖြစ်နေတယ်။ အဲဒီလိုပဲ ဘောက်စ်ဝက်ဂွန်း ကားလေးနဲ့ ဓာတ်ပုံ လှည့်ရိုက်၊ အပေါင်းအသင်း တွေနဲ့ ပျော်ပွဲစားထွက်၊ တိုက်ကြီး တွေပေါ်မှာ ဆိုင်းဝိုင်းကြီးတွေ ဆင်ပြီး တီးခတ်ကြ၊ ဓာတ်စက်ဖွင့်ပြီး ဆင်ဖိုနီ ဓာတ်ပြားတွေ နားထောင်နေတဲ့ ဓားတန်းရပ်က သူဌေးသားတဦးကို “အပျော်တမ်း” ပါ ဆိုပြီး ပြောဆိုသော်ငြား အဲဒီ သူဌေးသားကလည်း စွယ်စုံအနုပညာရှင်ကြီး “ဓားတန်း ဦးသန့်” ဖြစ်နေတယ်။

လက်ကိုင်ပုဝါ ခေါင်းစည်း၊ စွပ်ကျယ်လက်စက အင်္ကျီနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး ဆေးလိပ်တတို သောက်ကာ လူငယ်တွေနဲ့ တရုန်းရုန်း နေသူ ရှေ့တော်ပြေး ဝင်းသားကြီး ကလည်း “အပျော်တမ်း ပန်းချီဆရာ” ဖြစ်သော်လည်း၊ နာမည်ကျော် ပန်းချီဆရာကြီး ဦးဘသက် ဖြစ်တယ်။ နန်းတော်ရှေ့ ဆရာတင်သည် လည်းကောင်း၊ အေဝမ်းဆရာသည် လည်းကောင်း၊ ဆရာထာသည် လည်းကောင်း၊ ဦးသက်တင်သည် လည်းကောင်း၊ ဂီတဘသိန်းသည် လည်းကောင်း၊ ဦးဘဒင်သည် လည်းကောင်း၊ ဦးလှဒင်သည် လည်းကောင်း ထိုထို လည်းကောင်းပေါင်း များစွာသည်လည်း အပျော်တမ်း သမားတွေ ဖြစ်ခဲ့တယ်။ ဝါသနာပါတဲ့ သူဌေးတွေစုပြီး ကုမ္ပဏီ ထောင်ကြ၊ အပျော်တမ်း ရုပ်ရှင်ရိုက်ကူး ကြတဲ့အခါ … ဘဝ သံသရာ၊ ဤလူ့ဘောင်တွင်၊ ရေမြေဆုံးတိုင် … စတဲ့ … စတဲ့ ရုပ်ရှင်လောကကို ကိုင်လှုပ် လိုက်တဲ့ ရုပ်ရှင်ကားပေါင်း များစွာ အဖတ်တင် ကျန်ရစ်ခဲ့တယ်။

သီချင်းဆို၊ စန္ဒရား တီးတဲ့ ဝါသနာရှင် အပျော်တမ်း ဂီတသမားလူငယ် ကိုလှမြင့်က အပျော်တမ်း ဒါရိုက်တာလုပ်ပြီး “ကံ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကိုလည်း အပျော်တမ်း ရိုက်ကူးခဲ့တာ အဲဒီဇာတ်ကားက ပရိသတ်ကြား အရည်အချင်းရှိရှိ ပေါက်မြောက် အောင်မြင် သွားခဲ့တယ်။ ဒါ့အပြင် အစုစပ် ရုပ်ရှင် ကုမ္ပဏီ ရှယ်ရာဝင်သူဌေးကလည်း စမ်းကြည့် သေးတာပေါ့ ဆိုပြီး “ကျောက်ဘီလူးနှင့် ပပဝင်း” ဆိုတဲ့ ရုပ်ရှင်ကားကို အပျော်တမ်း ရိုက်ကူးခဲ့တယ်။ ဒီဇာတ်ကားကလည်း ပြောစမှတ် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကား တကားဖြစ်တယ်။ ဒီလိုနဲ့ ဦးဘသက်လည်း အပျော်တမ်း ပန်းချီဆရာ ဖြစ်တယ်။ ဘဏ် ဦးခင်မောင်လည်း အပျော်တမ်း ပန်းချီဆရာဖြစ်တယ်။ ပေါ်ဦးသက်လည်း အပျေုာ်တမ်း ပန်းချီဆရာ ဖြစ်တယ်။ အုပ်ကြီး (ခ) အညိုလည်း အပျော်တမ်း ပန်းချီဆရာ၊ အပျော်တမ်း ဒါရိုက်တာ၊ အပျော်တမ်း ဝတ္ထုတိုဆရာ ဖြစ်ခဲ့တယ် မဟုတ်ပါလား။

“အပျော်တမ်း” ဆိုတဲ့ စကားလုံးကို Amateur လို့ သဘောပေါက် နားလည်ထားတဲ့ အခါ အဲဒီ စကားလုံးရဲ့အဓိပ္ပာယ်က အဘိဓာန်မှာ “မကျွမ်းကျင်သေးသူ၊ အတွေ့အကြုံ နုသေးသူ၊ လက်သင်” လို့ ဖွင့်ဆိုခဲ့တယ်။ ဒီလို ဖွင့်ဆိုချက်အရ ဆိုရင်ဖြင့် ၁၉၂၅ ခုနှစ်က စတင် ဖွဲ့စည်းပြီး ဒီကနေ့ထက်တိုင် တည်တံ့ခိုင်မြဲ ရှင်သန်ဆဲဖြစ်တဲ့ “မြို့မ အပျော်တမ်း တူရိယာ အသင်း” ကိုလည်း “မကျွမ်းကျင်သေးသော ဂီတ အသင်းကြီး”၊ “လက်သင်တူရိယာ အသင်းကြီး”လို့ ပြောဆိုရလိမ့်မယ်။

ဒီအသင်းကြီးက ဓားတန်း ဦးသန့်လို၊ မြို့မငြိမ်းလို ပုဂ္ဂိုလ်မျိုးကိုလည်း မကျွမ်းကျင်သေးသော ဂီတသမား၊ လက်သင် သီချင်းရေး ဆရာလို့ ပြောရမလိုဖြစ် နေတယ်။

တကယ်တော့ သေချာပေါက် ဆိုရရင် မန္တလေး အနှစ် ၁၀၀ သက်တမ်း အတွင်း အပျော်တမ်းလို့ မိမိကိုယ်ကိုယ်လည်း ခံယူ၊ အများကလည်း သမုတ်ခဲ့ ကြတဲ့ မန္တလေးသား ပညာရှင် အသီးသီးဟာ Professional ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက် အစိတ်အပိုင်း တစ်ခုသာဖြစ်တဲ့ “ကြေးစား” မဟုတ်ခြင်း တခုကြောင့်သာ “အပျော်တမ်း” ဖြစ်ခဲ့ကြပြီး “အပျော်တမ်း” ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် “Amateur” မဟုတ်ခဲ့ကြတာကလည်း သူတို့ လုပ်ရပ်နဲ့ သမိုင်းက သက်သေပြ ခဲ့ပြီးပြီ။ မန္တလေး “အပျော်တမ်း” က “Professional” စစ်စစ်တွေ ဖြစ်ပါတယ်။ “အတတ်ပညာ ဆိုင်ရာ၊ ပညာရှင် ပီသသော၊ ကျွမ်းကျင် အတတ်ပညာရှင်၊ ပညာရှင်ပီသသူ” ဆိုတဲ့ “Professional” ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ကိုက်ညီတဲ့ သူတွေ၊ ကိုက်ညီတဲ့ လုပ်ရပ်တွေ ဖြစ်နေတာက ထူးခြားမှု တခုဖြစ်တယ်။

ပြန်လှန် စဉ်စားလိုက်တော့ ဒီလို “အပျော်တမ်း” အမည်ခံတဲ့ ပုဂ္ဂိုလ်အသီးသီး အသင်းအဖွဲ့ အသီးသီးက သာမာန်မျှတော့ မဟုတ်ကြဘူး။ စာတတ်၊ ပေတတ် ပညာတတ်တွေ အများစုဖြစ်တယ်။ သူတို့ကိုယ် သူတို့ “အပျော်တမ်း” ဆိုတဲ့ စကားလုံးကို ရဲရဲဝံ့ဝံ့ သုံးနှုန်းလိုက်ခြင်းက သူတို့ရဲ့ အလွန်ရိုးသားတဲ့၊ အလွန်နှိမ့်ချတတ်တဲ့၊ မြန်မာဆန်တဲ့ စိတ်ဓာတ်တွေပါ။ သူတို့ ပညာ မပြည့်ဝသေးပါ။ သမုဒ္ဒရာ ကဲ့သို့ အလွန် ကျယ်ဝန်း၊ အလွန် နက်နဲခက်ခဲလှတဲ့ ပညာရပ်ကြီးအတွက် ရေတခွက် မျှသာ ဖြစ်ပါတယ်။ မပြည့်အိုး မျှသာ ဖြစ်ပါတယ်။ လေ့လာသင်ယူ စရာတွေ အများကြီး ရှိပါသေးတယ်။ အသက်ရှင် သရွေ့ “တချောင်းတည်း စိတ်” နဲ့ ဆက်လက် သင်ယူပါဦးမယ် … ဆိုတဲ့ မြင့်မြတ် ကြီးကျယ်တဲ့ စိတ်ဓာတ် ကြောင့်လည်း ဖြစ်တယ်။ ဒါကြောင့် သားပစ်၊ မယားပစ်၊ အိုးပစ်၊ အိမ်ပစ်နဲ့ ပညာရပ် အပေါ် ပြောစမှတ်ပြု လောက်အောင် စူးစိုက်ခဲ့သူများ အဖြစ် ထင်ရှားခဲ့တယ်။

ဒါကြောင့် အစဉ်အဆက် မန္တလေးမှာ ဘယ်အနုပညာ ဘာသာရပ်ကိုမဆို ၁၀ဝ ရာခိုင်နှုန်း သိရှိတတ်ကျွမ်းသူပင်လျှင် Amateur အမည်ခံပြီး ၄၀ ရာခိုင်နှုန်း လောက်ပဲ လွန်ရော၊ ကျွံရော လူသိခံကြတယ်။ ၆၀ ရာခိုင်နှုန်းလောက် သိရှိသူက တီးမိ ခေါက်မိရုံ ၂၀ ရာခိုင်နှုန်း လောက်သိတာပါလို့ ပြောဆို ဖော်ပြကြတယ်။ ဒီလိုနဲ့ “မန္တလေးမှာ ဘာမှ သုံးမရလို့ မြစ်ထဲ ကန်ချ လိုက်တော့ မျောပါသွားပြီး ရန်ကုန် ဆိပ်ကမ်း သွားတင်တာနဲ့ ရုပ်ရှင် ဒါရိုက်တာတော့ ဖြစ်သေးတာပဲ” လို့ အပြောင်အပျက် စကားကလည်း ဒီစရိုက်၊ ဒီသရုပ်ကို ဖော်ပြလိုက်တာဖြစ်တယ်။

ကျနော့် ဆောင်းပါးကို ဖတ်ပြီး မန္တလေးသား မဟုတ်သူတွေ၊ အထူးသဖြင့် ရန်ကုန်သား တွေကတော့ ကောင်းကောင်း ကျိန်ဆဲ မေတ္တာပို့ ကြတော့မှာပဲ။ ကံမကောင်းရင် တစ်တစ်ခွခွ ဆဲပြီး ဂျာနယ်တောင် လွှင့်ပစ်လိုက်နိုင်တယ်။

မိတ်ဆွေတို့ … နည်းနည်း သည်းခံပါခင်ဗျာ။ ကျနော် ဒီဆောင်းပါးကို ရေးတဲ့အထဲမှာ “သေချာပေါက် ဆိုရရင် မန္တလေး အနှစ် ၁၀ဝ သက်တမ်းအတွင်း” လို့ သေသေချာချာ၊ တခုတ်တရ၊ မှတ်မှတ်သားသား၊ ဂရုတစိုက်၊ မမေ့မလျော့ ရေးသားခဲ့ပါတယ်။ မန္တလေး အနှစ် ၁၀ဝ သက်တမ်းအတွင်း မွေးဖွားခဲ့ကြတဲ့ မန္တလေးသားကြီးများကို ဆိုလိုတာပါ။

အနှစ် ၁၀ဝ ပြည့်တဲ့ အချိန် ၁၉၅၉ ခုမှာပင်လျှင် အနုပညာ အလုပ်တွေ ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက် နိုင်သူတွေကို ဆိုလိုတာပါ။ ဒါကြောင့် အဲဒီ ပါရမီရှင် ပုဂ္ဂိုလ်ကြီးတွေ ထဲမှာ ၁၉၅၉ နောက်ပိုင်း မွေးဖွားသူတွေရဲ့ အနုပညာ အလုပ်တွေကို မပြောလိုသေးပါ။ ကျနော့် ဆောင်းပါးနဲ့ အကျုံးမဝင်သေးပါ။ ဒါကြောင့် ဒီနေ့လက်ရှိ မန္တလေး အနုပညာ လောကအတွင်း အားကောင်း မောင်းသန် လှုပ်ရှားနေကြဆဲ အသက် ၅၀ နဲ့ ၅၀ အောက် လူလတ်၊ လူငယ်များ မပါဝင်ပါ။ ဒီနေ့ အသက် ၆၀ ကျော်၊ ၇၀ ကျော်၊ ၈၀ ကျော်၊ ၉၀ ကျော် ရှိတဲ့ အနုပညာရှင် ပုဂ္ဂိုလ်ကြီးတွေကပဲ ဒီ “အပျော်တမ်း” ဆိုတဲ့ စံချိန်နဲ့ ကိုက်ညီခဲ့ ကြသူတွေလို့ သူတို့ရဲ့ အနုပညာအလုပ်၊ အနုပညာသမိုင်းကို ခိုင်မာစွာ စိုက်ထူခဲ့ကြတဲ့ ဖြစ်ရပ်တွေပေါ် ကြည့်ပြီး တင်ပြခြင်း ဖြစ်ပါတယ်။

ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရရင် ကျနော်တို့ ဖြတ်သန်းရတဲ့၊ ကျနော်တို့ လုပ်ကိုင်နေကြတဲ့ ပုံစံတွေကတော့ တကယ့် “အပျော်တမ်း” စစ်စစ် ပါပဲ။ အင်္ဂလိပ် ဝေါဟာရရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ အကိုက်ညီဆုံး ပါပဲ။ “မကျွမ်းကျင်သေးသော၊ အတွေ့အကြုံနုနယ်သူ၊ လက်သင်” ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အတိုင်းပါပဲ။

ကျနော်တို့ ကတော့ ဟိုးရှေးရှေး မန္တလေး အနှစ် ၁၀ဝ အတွင်း ပါရမီရှင် ပုဂ္ဂိုလ်ကြီးများရဲ့ ရွှေထီးဆောင်း ကာလ တွေကို အခုထိ အရိပ်ခို နေကြပြီး သူတို့ရဲ့ စိန်နားကပ်အရောင်နဲ့ ကိုယ့်ကိုယ်ကို ပါးပြောင်နေ တယ်လို့ အခုထိ ထင်နေကြဆဲ မဟုတ်ပါလား။ ။

ယနေ့ မြန်မာ့ရေးရာသတင်းများ December,31st,2012

( 30 )၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၁)

( 29 )Myanmar to fete 2013 with first public countdown

( 28 )၂၀၁၃ နှစ်သစ် ဆုတောင်းများ

( 27 )Rohingya boatpeople reportedly forced to swim ashore to Malaysia

( 26 )NLD ရဲ့ ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် ထုတ်ဝေဖို့ပြင်ဆင်

( 25 )Asian nations giving enthusiastic welcome to 2013

( 24 )၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၂)

( 23 )Japan’s Deputy PM to visit Naypyitaw, Thilawa

( 22 )တရုတ်နိုင်ငံသားတွေ သစ်ထုတ်လုပ်ဖို့ အင်အားရာနဲ့ချီ ရောက်ရှိ

( 21 )450 Myanmar asylum seekers reach Malaysia, 1 dead

( 20 )၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၃)

( 19 )Asia-Pacific nations greeting 2013 eagerly; Myanmar celebrating with 1st public countdown

( 18 )လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် ကရင်လူငယ်များ ကွန်ယက်ဖွဲ့စည်း

( 17 )The Kachin Cage Fighter

( 16 )အမေရိကန်အခြေစိုက် ရခိုင်အမျိုးသားရေးအသင်းမှ (၂၂၈)နှစ်မြောက် ရခိုင်နိုင်ငံအချုပ်အချာအာဏာ ကျဆုံးသည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

( 15 )Cabbies with a Conscience

( 14 )နန်းစံဖူးချောင်းတံတား ကျိုးကျပျက်စီးနေ

( 13 )Govt Appeals to Monks to Lift Boycott

( 12 )၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၄)

( 11 )Myanmar refugee drowns off Langkawi

( 10 )‘ထာဝရအလင်းတန်း’ ရုပ်ရှင် အကယ်ဒမီ ၈ ဆုရ

( 9 )Burma reformist regime will bring the horrible Kachin-war into 2013

( 8 )ဘီလျံနာ သူဌေးကြီး George Soros နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးမည်

( 7 )Will 2013 be Burma’s Triskaidekaphobia?

( 6 )ကချင်အရေး စာပေအနုပညာရှင်များ စိတ်မအေး

( 5 )Aso to visit Myanmar for 4 days from Tues

( 4 )NLD ရဲ့ ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် ထုတ်ဝေဖို့ပြင်ဆင်

( 3 )Japan Deputy PM Aso to travel to Myanmar, meet Thein Sein

( 2 )လက်ပံတောင်းတောင် တလပြည့် ဆုတောင်းပွဲ

( 1 )Japan's finance minister Aso to travel to Myanmar, meet president Thein Sein

Sunday, December 30, 2012

မြန်မာတပ်နဲ့ ကေအိုင်အေတိုက်ပွဲ ဆက်လက်ဖြစ် အရပ်သား ၂ဦးသေ

ABC

မြန်မာစစ်တပ်ရဲ့ ​မြောက်ပိုင်းတိုင်းတိုင်းမှူးကနေ ​လက်ဂျားယန်လမ်းတလျှောက်မှာရှိတဲ့ ​ကချင်လွတ်မြောက်ရေး ​(KIA) ​တပ်စ ခန်းတွေ ဖယ် ပေးပို့ ​စာပေးပို့ခဲ့ပြီးနောက်ပိုင်း ​လက်နက်ကြီးတွေနဲ့ ​ရက်ဆက်ဆိုသလိုပစ်ခတ်ခဲ့ရာက ​ဒီဇင်ဘာ ​၂၇ရက်နေ့မှာ ​ဒေသခံရွာသားတွေ ​ထိ ခိုက် ဒဏ်ရာရရှိခဲ့ပြီး ​၂ဦးသေဆုံးသွားတယ်လို့ ​ကျောင်းသား ​တပ်မတော်က ​ပြောပါတယ်။

အစိုးရတပ်ဘက်က ​ပစ်ခတ်ခဲ့တဲ့ ​လက်နက်ကြီးတွေ ​မုန်းလဲချောင်းဘေးမှာ ​ဖရဲခြံတွေ၊ ​စိုက်ခင်းတွေ ​လုပ်ကိုင်နေတဲ့ ​ဒေသခံရွာသားတွေ ​ထိ မှန် ခဲ့ပြီး ​သေဆုံးတာတွေလည်း ​ရှိတယ်လို့ ​ကျောင်းသားတပ်မတော် ​မြောက်ပိုင်းတာဝန်ခံ ​ဦးလှဆိုင်းက ​ပြောပါတယ်။

“၂၅ရက်နေ့ကတည်းက ​ပစ်နေတာ ​တောက်လျှောက်ပစ်နေတာ၊ ​လက်နက်ကြီးတွေနဲ့ပဲ ​ကျနော်တို့ ​ကျောင်း ​သားတွေ ​နေရာယူထားတဲ့ ​လ ဂျားယန်တ၀ိုက်ကို ​ဒီမနက်ပိုင်းတော့ ​ဟန်းကိုင်ကနေပစ်တဲ့ ​လက်နက်ကြီးက ​မုန်းလဲ ​ချောင်း ​ဘေးနားမှာ ​ဖရဲခြံလုပ်တဲ့ရွာသားတွေကို ​လာထိ တယ်၊ ​အဲမှာ ​ရွာသား ​၅ယောက် ​ဒဏ်ရာရတယ်၊ ​အဖိုးကြီး ​တယောက်က ​ပွဲချင်းပြီး၊ ​အ မျိုးသမီးတယောက်က ​ဆေးရုံရောက်တဲ့အခါမှာ ​သေ သွားတယ်၊ ​ကျန်တဲ့၃ ​ယောက်ကတော့ ​လိုင်ဇာပြည်သူ့ဆေးရုံမှာပဲ ​ဆေးကုသခံ ယူနေတယ်၊ ​အဲဒီဆုံးသွားတဲ့အမျိုးသမီးတယောက်နဲ့ ​အ ဘိုး ကြီးတယောက်ကတော့ ​ဒဏ်ရာတော်တော်ပြင်းလို့။”

ဒီလိုအဆက်မပြတ်ပစ်ခတ်မှုတွေကြောင့် ​မုန်းလဲချောင်းဘေးက ​ရွာသားတွေဟာ ​ဒုက္ခသည်ခစန်းဘက်ကို ​ထွက်ပြေးလာနေတယ်လို့ ​ဦး လှ ဆိုင်းက ​ဆက်ပြောပါတယ်။

“မုန်းလဲချောင်းဘက်မှာ ​သွားလုပ်တဲ့သူတွေ ​အကုန်ပြန်ပြေးလာကြတယ်၊ ​ကိုယ့်ရဲ့အလုပ်တွေ ​အ ကုန်ပစ်ထားပြီးမှ ​တချို့ကတော့ ​အပြီးအပိုင် ​စစ်ပြေးဒုက္ခသည်စခန်းထဲကို ​ထွက်ပြေးတယ်၊ ​တချို့ကတော့ ​ဒီလိုင်ဇာထဲကို ​ထွက်ပြေး တယ်၊ ​အဲဒါမျိုးတွေ့ရတယ်၊ ​အများကြီးပေါ့ ​ဒီနေ့ပြန် ပြေးလာတာ၊ ​ရွာတွေမှာပဲ ​သွားကျတာကို ​လက်နက်ကြီးပစ်တာ။”

ကချင်စစ်တပ်ရဲ့ ​ဌာနချုပ်ဖြစ်တဲ့ ​လိုင်ဇာအနီးကို ​မြန်မာတပ်တွေ ​ချည်းကပ်လာနေပြီး ​တိုက်ပွဲတွေကြီးလာနိုင်တဲ့အတွက် ​ရွာသူရွာသား တွေနဲ့ ​ဒုက္ခသည်စခန်းမှာနေထိုင်တဲ့သူတွေကိုစခန်းပြင်မထွက်ကြဖို့ ​ကချင်တပ်က ​သတိပေးထားပါတယ်။ ​လောလောဆယ်မှာတော့ ​တက်လာတဲ့ ​မြန်မာ စစ်ကြောင်းတွေဟာ ​ကချင်KIA ​က ​ထောင်ထားတဲ့ ​မိုင်းတွေကြောင့် ​နောက်ပြန်ဆုတ်သွားတယ်လို့ ​ပြောပါတယ်။

အစိုးရတပ်ကနေ့စဉ်ရက်ဆက် ​လက်နက်ကြီးတွေပစ်နေသလို ​ဒေါ့ဖုန်းယန်၊ ​ဂန်ဒေါင်ယန်၊ ​ရှဒါန်ပါဘက်မှာ ​တပ်အင်အားတွေအများကြီး ဖြည့် ထားပြီး ​လက်ရှိအခြေအနေအရ ​လိုင်ဇာအနီးတ၀ိုက်မှာ ​တပ်ရင်း ​၁၂ရင်း၊ ​ဗျူဟာ ​၃ခုလှုပ်ရှားနေတဲ့အတွက် ​နှစ်ဘက်ကြားမှာတိုက် ပွဲတွေ ဟာ ​ဒီထက်ပိုပြီးပြင်းထန်လာ ​နိုင် ​တယ်လို့ ​ပြောခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

ကေအဲန်ယူအဖွဲ့တွင်းဝေဖန်ခံရဆုံးပုဂ္ဂိုလ် အဖွဲ့ရဲ့ဥက္ကဌဖြစ်လာ

ABC

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ​ကရင်အမျိုးသားအစည်းအရုံး ​ကေအဲန်ယူနဲ့ ​မြန်မာအ စိုးရတို့ကြား ​ငြိမ်းချမ်းရေးဆွေးနွေးမှု ကိစ္စနဲ့ ​ပတ်သက်လို့ ​အဖွဲ့အတွင်း ​ဝေဖန်အခံရဆုံး ​ပုဂ္ဂိုလ်ဖြစ်တဲ့ ​ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးဟာ ​မ ကြာသေးခင်ကပဲ ​အဖွဲ့ရဲ့ဥက္ကဌဖြစ် လာခဲ့ပါတယ်။

နိုဝင်ဘာလ ​၂၆ရက်ကနေ ​ဒီဇင်ဘာလ ​၂၆ရက်နေ့အထိ ​ကေအဲန်ယူထိမ်းချုပ်နယ်မြေ ​ဖားအံခရိုင်အတွင်းရှိ ​တပ်မဟာ ​၇မှာ ​အဖွဲ့ရဲ့ ​၁၅ကြိမ် မြောက်ညီလာခံကို ​ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​ဇန္န၀ါရီလ ​၄ရက်နေ့တုန်းက ​ကေအဲန်ယူ ​နဲ့ ​မြန်မာအစိုးရတို့ကြား ​ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲ ​ပြုလုပ်ခဲ့စဉ် ​ကေအဲန်ယူဖက်က ​ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးဦးဆောင်ခဲ့ပြီး ​ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ​ပါတဲ့အချက်တချို့ကို ​မြန်မာအ စိုးရနဲ့ ​သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါ တယ်။ ​အဲဒီကိစ္စနဲ့ပတ်သက်ပြီး ​ကေအဲန်ယူ ​ခေါင်းဆောင်ပိုင်းအတွင်းမှာ ​သဘောထားကွဲလွဲ မှုတွေဖြစ်ခဲ့ပြီး ​အောက်တိုဘာလ ​အ စောပိုင်းက ​ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအပါအ၀င်ကေအဲန်ယူခေါင်းဆောင်ပိုင်း ​မှာ ​တာဝန်ရှိသူ သုံး ဦးကို ​အဖွဲ့ရဲ့ ​ရာထူးကနေဖြုတ်ချခဲ့ပါတယ်။

ဒါပေမယ့် ​နောက်ပိုင်းမှာ ​ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို ​အဖွဲ့ရဲ့ ​၁၅ကြိမ်မြောက်ညီလာခံအထိ ​တာဝန်ထမ်းဆောင် စေခဲ့ပြီးညီလာခံအ တွင်း ကေအဲန်ယူနယ်မြေ ​၅ခုက ​ကိုယ်စားလှယ်တွေရဲ့ ​ထောက်ခံမှုနဲ့ ​အခုလိုအဖွဲ့ရဲ့ဥက္ကအဖြစ် ​ရွေးကောက်ခဲ့ကြတာ ​ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ ​နော်စီဖိုးရာစိန်ကတော့ ​ဒု-ဥက္ကဌဖြစ်လာခဲ့ပြီး ​ဗိုလ်မှူးချုပ်စောဂျော်နီက ​စစ်ဦးစီးချုပ်ဖြစ်လာခဲ့တယ်လို့ ​အဖွဲ့ရဲ့ကြေ ညာချက်ထဲမှာ ​ဖေါ်ပြထားပါတယ်။ ​ဗိုလ်မှူးချုပ်စောဘောကျော်ဟဲ ​ကတော့ ​ဒု-စစ်ဦးစီးချုပ်အ ဖြစ်နဲ့ရွေးကောက် ​တင်မြောက်ခံခဲ့ရပြီး ​အတွင်း ရေးမှူးချုပ်ရာထူးကိုတော့ ​ပဒိုစောကွယ်ထူးဝင်းကို ​ရွေးချယ်တင်မြောက်ခဲ့ပါတယ်။ ​အခု လို ​ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ​ဥက္ကဌဖြစ် လာ တာနဲ့ပတ်သက်လို့ ​ကရင်လူမျိုးတွေကြားထဲမှာ ​ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်နေတယ်။

ညီလာခံအတွင်းမှာ ​မြန်မာအစိုးရနဲ့ ​ကေအဲန်ယူတို့ ​ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်အတွင်း ​မြန်မာအစိုးရကနေ ​လူ့ခွင့်ရေးချိုးဖောက်မှုအ တွက် ​စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့စည်းခဲ့ခြင်းကို ​ကေအဲန်ယူဖက်က ​ကြိုဆိုခဲ့ကြောင်းလည်းသိရပါတယ်။

ညောင်ကိုင်းချောင်းထဲသို့ သဲသယ်သည့်ကားတစီး ပြုတ်ကျသွားခဲ့

ကယားထဲ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအဝင်ရှိ ညောင်ကိုင်းချောင်းထဲသို့ သဲသယ်သည့်ကားတစီး ညဘက် ကြီး တွင် မတော်တဆ ထိုးစိုက်ကျသွားခဲ့တယ်လို့သိရပါတယ်။

ညောင်ကိုင်းချောင်းမှာ လမ်းမပေါ်သို့ ကားကို ဂရိန်းကားဖြင့် လာရောက်ဆွဲတင်နေစဉ် ကူညီပေးနေသည့် ဒေသခံအမျိုးသားတဦး က “မော် တော်ယာဉ်ကြီးရုံးက အဝေးပြေးကားကြီးကွင်း ရပ်နားစခန်းလုပ်နေတဲ့ သဲသွားသယ်မဲ့ဟာကို ယူဘိုးပြတ်ပြီးတော့ ပျက်ကျသွား တယ် ကား မောင်းသမားကိုတော့ ရဲစခန်းကခေါ်သွားလိုက်ပါတယ်။ လွိုင်ကော်က ကိုဇော် လို့ခေါ်ပါတယ်” လို့ပြောပါတယ်။

သဲသယ်သည့် ကားမှာအနည်းငယ်မျှ ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာမရှိဘူးလို့ သိရပါတယ်။ ၎င်းသဲသယ်သည့်ကားမှာ ပြီးခဲ့သည့် ဒီဇင် ဘာ လ ၂၇ ည ၉ နာရီခန့်အချိန်၌ ကားယူဘိုးပြတ်သွားခြင်းကြောင့် ညောင်ကိုင်းချောင်းထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ပါတယ်။

ကွန်ပျူတာကျောင်းသူတစ်ဦး သေဆုံးမှုသတင်း ပွင့်လင်းမြင်သာမှုရှိရန် ရန်ကုန်ကွန် ပျူတာ(တ.က.သ) တောင်းဆို

မိုးဇော်

ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းဝင်းအတွင်း ဖယ်ရီကြိုပို့ယဉ်ဖြင့်တိုက်မိပြီး သေဆုံးသွားခဲ့သော ကွန် ပျူ တာတက္ကသိုလ်ကျောင်းသူ မချောသဇင်ဝတ်မှုံသိန်း သေဆုံးမှုသတင်းကို ပါမောက္ခချုပ်အပါအဝင် ကျောင်းဆရာ/ဆရာများက ဖုံးဖိ ထား ခြင်းကို ပွင့်လင်းမြင်သာမှုရှိစေရန် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တောင်းဆိုလိုက်ကြောင်း သတင်းရရှိ သည်။

ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ အသက် (၁၉)နှစ် မချောသဇင်ဝတ်မှုံသိန်း(တတိယနှစ်)သည် ၄င်းသူငယ်ချင်းနှစ်ဦးနှင့် ကျောင်းဆင်း ချိန် လျှောက်လမ်းရှည်သို့ လမ်းလျှောက်ထွက်လာခဲ့ရာ၌ ဖယ်ရီကားနှင့်တိုက်မိပြီး မိုးပေါ်သို့မြင့်တက်သွားကာ အောက်သို့ပြန်ကျလာချိန် တွင် ကား ရှေ့မှန်ဖြင့်ထိမိပြီး သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ယင်းသေဆုံးမှုနဲ့ပက်သက်၍ သတင်းအဖြစ်မှန်ကို ပါမောက္ခများနှင့် တက္ကသိုလ်ကျောင်းဆရာ/ဆရာမများက တက္ကသိုလ်ကျောင်းဝင်းအ တွင်း မှာသာမက အပြင်ကိုပါပြန့်မသွားအောင် ဖုံးဖိထားကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားလူ့အခွင့်ရေး ကာကွယ်ရေးကော်မတီ အ မှု ဆောင် မ၀တ်ရည်မောင်က ယခုလိုပြောသည်။

" ကျောင်းဆရာ/ဆရာမတွေရော၊ ပါမောက္ခချုပ်ပါ သေဆုံးသွားတဲ့ ကျမတို့ကျောင်းသူအတွက်တစ် စုံတစ်ရာဘာမှမလုပ်ပေးဘူး။ ကျောင်း ဝင်း ထဲမှာဖြစ်သွားတဲ့ ကိစ္စဖြစ်နေတဲ့အတွက် ကျောင်းကဆရာ/ဆရာမတွေမှာ တာဝန်အပြည့်အဝ ရှိပါတယ်။ အဲဒါကို သူတို့က အဲလိုမျိုးမ ဟုတ်ဘူး ကျောင်းအထဲမှာပဲ သူ့အတွက်ကိုပေါ့နော် တနင်္ဂနွေ့နေ့ကို ဆရာမအနည်းနဲ့ သပိတ် ဖြည့် ပေးမယ်တဲ့။ အကျဉ်းလေးပဲလုပ်မယ်တဲ့။ ကျမတို့က သေဆုံးသွားတဲ့ ကျောင်းသူရဲ့ အမေအဖေတွေကို သွားပြီးတော့ပြောတယ်။ အမှန်အတိုင်းပြောရရင် သူ့မရဲ့ အမေအဖေတွေက လည်း အကျဉ်းလေးမဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမီးတစ်ယောက်ကို တောင် ဆုံးရှုံးသွားပြီးပြီလေ။ စည်စည်ကားကားနဲ့ရေစက် ချပေးချင်တာပေါ့။ ကျမတို့ကျောင်းသူ/ကျောင်းသားတွေအနေနဲ့လည်း အ ကျဉ်းလေးလုပ်ပေးတာကို လက်မခံဘူး။ ဘာအတွက်လဲဆိုတော့ ကိုယ့်ကျောင်းသူ တစ်ယောက်လဲဖြစ်တယ်၊ သူ့သူငယ်ချင်းတွေက လည်း စည်စည်ကားကားနဲ့ သူ့ရဲ့ရေစက်ချတရားနာပွဲ လုပ်စေချင်တယ်။ ဆရာမတွေက အဲလိုမျိုးမဟုတ်ဘူး။ ကျောင်းသူ/ကျောင်းသား တွေလည်းမပါဘူး။ တနင်္ဂနွေ့နေ့မှာ သူတို့ဟာသူတို့ လုပ်လိုက်မယ်တဲ့။ အဲဒါကို လက်မခံကြဘူး။ လက်မခံကြတဲ့အတွက် ကျမတို့ဟာကျ မတို့ လုပ်တယ်။ လုပ်တာကို သူတို့က ခွင့်မပြုဘူး။ ခွင့်မပြုဆိုတော့ ကျမတို့ ကျောင်း ထိပ် ထွက်လုပ်တယ်။ စုံစမ်းစစ်ဆေးတဲ့ ရဲတွေက လည်း သေဆုံးတဲ့သတင်းကို သေသေချာချာမပြောပြဘူး။ ကျောင်းသူတစ်ယောက် သေဆုံး သွားတယ်ဆိုတဲ့ သတင်းကို သေသေချာချာ ပွင့်ပွင့်လင်းလင်း မပြောပါဘူး။ အဓိကတော့ ပွင့်လင်းမြင်သာမှုမရှိဘူး။ " ဟု ပြောသည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကွန်ပျူတာတ.က.သ)မှ သေဆုံးသူ မိသားစုများနှင့် သွားရောက်တွေ့ဆုံ အားပေး စ ကားပြောကြားပြီးနောက် ကျောင်းဝင်းအတွင်းရှိ မချောသဇင်ဝတ်မှုံသိန်း သေဆုံးခဲ့သည့်နေရာတွင် သေဆုံးသူအားရည်စူးပြီး သာဓုခေါ် ရန် သံဃာတော်များအားပင့်ဖိတ်ကာ အမျှအတန်းပေးဝေပွဲကို မနေ့က ဒီဇင်ဘာလ ၂၉ ရက်နေ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းဝင်းအ တွင်းရှိ ကုက္ကိုလ်ပင်အောက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ကျောင်းအာဏာပိုင်များမှ ထိုကဲ့သို့ သေဆုံးသည့်သတင်း ပေါက် ကြား သွားမည်ကို စိုးရိမ်သောကြောင့် အမျှအတန်းပေးဝေပွဲအားမပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့ခြင်းကြောင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်း သားများသမဂ္ဂမှ ဦးဆောင်ပြီး ကျောင်း၏မုခ်ဦးဝတွင်ခုံများခင်းကျင်းကာ ကျောင်းသား/ကျောင်းသူပေါင်း (၁၀၀)နီးပါးခန့်နှင့် အတူ ရေစက်ချ အမျှအတန်းပေးဝေခဲ့ပြီး ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်သော ၀မ်းနည်း ကြောင်းသ၀ဏ်လွှာအား ဖတ် ကြား ခဲ့ခြင်းကိုလည်း သိရသည်။

" ကျမတို့ ကွန်ပျူတာ ကျောင်းသားသမဂ္ဂအနေနဲ့ ဦးဆောင်ပြီးတော့ မနေ့က ရေစက်ချတရားနာပွဲ ကို လုပ်ပေးခဲ့တယ်။ နောက်တစ်ခုက သူ့အတွက် အမှတ်တရလည်းဖြစ်အောင် ရက်လည်ဆွမ်းကျွေးပွဲလုပ်ပေးဖို့ရှိတယ်။ သူမအခုလိုမျိုး ဆုံးပါးသွားတဲ့ဟာကို သာဓကယူပြီး တော့ သူမအခုလို ဆုံးပါးသွားတာက ကျောင်းမှာတက္ကသိုလ်ဆေးရုံ၊ ဆေးပေးခန်းမရှိလို့ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့က အတတ်နိုင်ဆုံး ကျောင်း မှာ အရေးပေါ်တစ်ရပ်ဖြစ်လာလို့ရှိရင် အရေးပေါ်အခြေအနေကို ကုသပေးနိုင်ဖို့ ဆေးရုံ၊ အဲဒီလိုမျိုးမဟုတ်ဘဲ တက္ကသိုလ် ဆေးခန်းတစ်ခု ဖွင့် လှစ်နိုင်အောင် ကျမတို့ကြိုးစားပါမယ်။ " ဟု ဆက်လက်ပြီး ရန်ကုန်ကွန် ပျူတာ(တ.က.သ)မှကျောင်းသားထုအခွင့်ရေးကာ ကွယ် ရေးကော်မတီအမှုဆောင် မ၀တ်ရည်မောင်က ပြောကြားသွားခဲ့သည်။

ယခုသေဆုံးသွားခဲ့သည့် မချောသဇင်ဝတ်မှုံသိန်းမှာ ဆင်းရဲချို့တဲ့သောမိသားစုဖြစ်၍ မိသားစုဝင် လေးယောက်သာရှိပြီး ရန်ကုန်မြိ့ ရန် ကင်း အနီးအနားက ဖြစ်သည်ကိုသိရသည်။ အမေ ဒေါ်မီမီလွင်၊ အဖေ၊ အစ်မဖြစ်သူနှင့် မချောသဇင်ဝတ်မှုံသိန်းတို့ ဖြစ်သည်ကို သိရ သည်။ ဖယ်ရီ ကားနှင့်တိုက်ခဲ့သော ကားဒရိုင်ဘာကို ပုဒ်မ ၃၀၄ နှင့်တရားစွဲဆိုထားပြီး ရွှေပြည်သာရဲစခန်းတွင် အမှုဖွင့်ဆိုထားကြောင်း သိရသည်။

ယခင်ကလည်း ဤကွန်ပျူတာတက္ကသိုလ်ကျောင်းတွင် ကျောင်းသားနှစ်ဦး မြွေကိုက်ခံရ၍ သေဆုံးသွားခဲ့သော သတင်းနှင့်ပတ်သက်ပြီး တက္က သိုလ်ဆရာ/ဆရာမများက သူတို့ကိုယ်သူတို့လုပ်ကြပြီး ကျောင်းသား/ကျောင်းသူများကို အသိမပေးဘဲ သတင်းကို အမှောင်ချခဲ့ ခြင်း ဖြစ်သည် ကိုလည်း သိရသည်။

တောင်ကုတ်ဒေသ ကောလိပ်ကျောင်း ဒီဇင်ဘာ (၃၁) ရက်နေ့တွင် စတင်လည် ပတ်တော့မည်

အာရ်ကန်တိုင်းမ်စ်

၂၀၁၁ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့က စတင်တည်ဆောက်ခဲ့သည့် တောင် ကုတ်ဒေသ ကောလိပ်ကျောင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် စတင် လည်ပတ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

" ကျောင်းဆောက်လုပ်မယ့်ညွှန်ကြားချက်အမိန့် လက်ခံရရှိတာနည်းနည်း နောက်ကျတော့ ဒီနှစ်မကုန် ခင် ကောလိပ်ကျောင်း ပြီးစီးအောင် အား တိုက်အင်တိုက်ကြိုးစား ဆောက်လုပ်နေကြပါတယ်။ ဒီဇင်ဘာ (၃၁)ရက် နေ့မှာ စတင်ဖွင့်လှစ် လည်ပတ်တော့မှာပါ။ ဒီကောလိပ်ကျောင်း မဖွင့်ခင် ကတည်းကပင် တောင်ကုတ်မြို့ အ.ထ.က ကျောင်းမှာ ဒီဇင်ဘာလ (၁)ရက်နေ့ က တည်းက ပထမနှစ် ကောလိပ်ကျောင်းသားတွေကို လက်ခံ ပြီးတော့ ယာယီစတင်လည်ပတ်နေခဲ့ပါတယ်။ ကောလိပ်ကျောင်း အုပ်ချုပ် ရေးပိုင်းမှာ ကျောင်းအုပ် ပါမေက္ခချုပ်အပါအ၀င် ရုံးအုပ်ထိတစ်ဆယ့်နှစ်(၁၂)ယောက်၊ကောလိပ်ကျောင်းဆရာ၊ဆရာမငါးဆယ့်ခုနှစ်(၅၇)ယောက် နှင့် လောလောဆဲ ကောလိပ်ကျောင်းသား/ကျောင်းသူ (၄၇၇)ယောက် တက်ရောက်သင်ကြားနေပါတယ်။ ဒီဇင်ဘာ (၃၁)ရက် နေ့ ဆို ရင်တော့ ကောလိပ်ကျောင်းသို့ ပြောင်းရွေ့နိုင်ပါပြီ။ " ဟု တောင်ကုတ်ဒေသ ကောလိပ်ကျောင်း တည်ဆောက်ရေးတာဝန်ခံ ဦးကျောက်တောင်က အာ ရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

တောင်ကုတ်ဒေသ ကောလိပ်ကျောင်း၏ ကျောင်းအုပ် ပါမေက္ခချုပ်မှာ ဒေါက်တာ သာထွန်းမောင်ဖြစ်ပြီး ၄င်းမှာ ဗွီအိုအေ အမေရိကန်မြန် မာ ပိုင်း အစီအစဉ်တွင် တာဝန်ထမ်းဆောင်နေသော ဦးကျော်ဇံသာ၏ ညီဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ကျောင်းသားသမဂ္ဂမှ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတွင် အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့သော အ ချက် (၅)ချက်အနက် နံပါတ် (၂)အချက်ဖြစ်သည့် တောင်ကုတ်မြို့နယ် ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲ ဖွင့်လှစ် ပေးရန်အချက်နဲ့ ပတ်သက်၍

" ဒီရခိုင်ကျောင်းသားသမဂ္ဂက ကျောင်းသားခေါင်းဆောင်တွေ မကြာခင်သေးခင်က ကျနော်တို့ ဆီကို ရောက်လာပြီးတော့ အကျေအလည် ဆွေး နွေး ညှိနှိုင်းခဲ့ကြပါတယ်။ ကျနော်တို့ဖက်က ဒီကောလိပ်ကျောင်း ဆောက်လုပ်ရတဲ့ ရည်ရွယ် ချက်နဲ့ တောင်ကုတ်မြို့နယ် ဒေသခံတွေရဲ့ သဘောထားကို သေသေချာချာနားလည် သဘောပေါက်အောင် ရှင်းပြလိုက်ပါတယ်။ ဒီ ကျောင်းသားလေးတွေ နားလည်သဘောပေါက် သွား ပြီး သူတို့ရဲ့တောင်းဆိုချက်ကိုလည်း ပြန်လည်ရုပ်သိမ်းပေးပါ့မယ်လို့ ကတိပေး သွား ပါတယ်။ဒီတောင်ကုတ်ဒေသကောလိပ်ကျောင်းဆောက် လုပ်ခွင့် အမိန့်ညွှန်ကြားချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီး တော့ ကျနော်တို့ကို ခွင့်ပြုထားတာဖြစ်ပါတယ်။ ကောလိပ်ကျောင်းကို စီး ပွားရေး တက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့ပဲဖြစ်ဖြစ် ရပ်စဲဖို့ပဲပဲ ပြည်သူ့လွှတ်တော်ကသာ ပြောင်းလဲရပ်စဲလို့ ရမှာဖြစ်ပါတယ်။ " ဟု ဦး ကျောက်တောင်မှ အာရ်ကန်တိုင်းမ်စ်သို့ ရှင်းလင်း ပြောကြားသွားခဲ့သည်။

ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ

ရွှေဟင်္သာ

Napaw campကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို ထိုးစစ်ဆင်နေသည့် အစိုးရကြည်းတပ်ဖွဲ့များအား လေ တပ် တိုက်လေယာဉ်များက အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလနန် က ဆိုသည်။

“ဒီလိုဗျ။ အလုံးအရင်းနဲ့ တက်လာတယ်။ သူတို့တပ်တွေကို ပိတ်ပြီး တိုက်တော့ လေကြောင်းအကူ ပေးရတဲ့ သဘော ပါဘဲ။ တိုက်ပွဲဖြစ်တဲ့နေ ရာကတော့ မြစ်ကြီးနား - လိုင်ဇာ လမ်းပိုင်းမှာ ဂန်တောင်ယန်မှာ တစ်ပွဲ- ဘန်ဒေါင် -နန်ယာရဲ့ အရှေ့ ဘက် ဂန်ဒေါင်ဒုကျေးရွာ ဘက်မှာဖြစ် တယ်။ တိုက်ပွဲကြီး၂ ပွဲ ပေါ့ဗျာ။ နေ့လည်တစ်နာရီ ကျော်ကျော်မှာဖြစ်တယ်။ သူတို့က တိုက်လေယာဉ်နဲ့ ပစ်ခတ် နေပေမဲ့ ကျနော်တို့ဘက် က ထိခိုက်တာမျိုး မရှိဘူး ခင်ဗျ။” ဟု ဆိုသည်။

ယမန်နေ့ နေ့လည်က လေတပ်မှ ဗုံးကျဲ ချထားသော နေရာများသို့ ကြည်းတပ်က နေရာ ၀င်ယူနိုင်ရန် အမြောက်တပ်က တနေကုန် ပစ် ကူ ပေး နေခြင်း ဖြစ်သည်။

ဗန်းမော်- လိုင်ဇာ လမ်းကြောင်း အပါအ၀င် လဂျားယန် တ၀ှိုက် နေရာယူထားသည့် တပ်ဖွဲ့များအပြင် မြစ်ကြီးနား လိုင်ဇာလမ်းကြောင်း နှင့် စ တန်ပါ - လိုင်ဇာ လမ်းကြောင်းများရှိ အစိုးရတပ်များကိုပါ KIA က တန်ပြန်တိုက်ခိုက်နေ ခြင်းဖြစ်သလို အစိုးရတပ်ဖွဲ့များ အထိနာ ပြီး ရှေ့တိုး၍ မရသဖြင့် လေကြောင်းအကူ ယူရခြင်းဖြစ်သည်ဟု KIA က ယူဆထားသည်။

KIO ဌာနချုပ် အနီး တိုက်ပွဲများ ဖြစ်ပွားနေသလို ယမန်နေ့ကမှ မြစ်ကြီးနားကို ရထားစင်းလုံးဖြင့် ရောက်လာ သော အစိုးရတပ်ဖွဲ့ တပ်မ ၁၀၁ မှ စစ်ကူများသည် ယနေ့တွင် ဂန်ဒေါင်ယန်ကို ရောက်ရှိလာခဲ့သည်ဟု KIA က ဆိုသည်။

“မနေ့က သူတို့ လေယာဉ်နဲ့ ပစ်ရှင်းခိုင်းထားတယ်။ အဲဒီနေရာမှာ သူတို့ စစ်ကြောင်းတွေ ဝင်လာ တယ်။ အလွယ်တကူ ဝင်လာ တာပေါ့ဗျာ။ သူတို့ နေရာယူ ထားပြီး မနေ့ ညနေမှာ စပြီးတော့ မြေပြင်တိုက်ပွဲ စဖြစ်တယ်။ ဒီနေ့မနက် လဲ ဖြစ် တယ်။ ကျနော်တို့ တပ်ဖွဲ့တွေက နောက် ကနေ ဝိုင်းပြီးတော့ ပိတ်ဆို့လိုက်တဲ့ အခါမှာ ဒီလဂျားယန်ဘက်မှာသူတို့ စစ်ကြောင်း တွေ ပိတ်မိကုန်တယ်။ အဲတာကြောင့်သူတို့လေယာဉ် နဲ့ နေ့လယ်မှာ တကြိမ် ညနေပိုင်းမှာ တကြိမ် ပြန်လာပစ်ပေးတယ်။” ဟု ဆိုသည်။

အစိုးရ၏ အမြောက်တပ် ပစ်ကူများနှင့် လေယာဉ်ဗုံးကျဲမှုများသည် ထိရောက်မှုမရှိသလို ကြည်းတပ်များ သည်လည်း တိုက်ခိုက်ရေးစွမ်း ရည် ထက် အင်အားအဆမတန် သုံးပြီး ဖိအားပေးသည့် နည်းကို အသုံးပြုနေ ရသည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။ သို့သော် ဖိ အား ပေး သလောက် မထိရောက်သဖြင့် နောက်ထပ်စစ်ကူများ ပို့ပေးနေရခြင်းဖြစ် ဖွယ်ရှိကြောင်း ပြောဆိုသည်။

လောလောဆယ်တွင် မြစ်ကြီးနား မြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းတလျှောက်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ သွားလာခွင့်မပြုရန် အမိန့်ထုတ်၍ ရက်အကန့်အသတ် မရှိ ပိတ်ပင်ထားကြောင်း သိရသည်။

လက်ပစ်ကူးမလား အနစ်ခံမလား

M. ထက်ခေါင်

(၁)

ကရင်သတင်းစဉ်အယ်ဒီတာနှင့် အွန်လိုင်း ဂျီမေးလ်ချတ်မှာ စာအပြန်အလှန်ရိုက်ရင်း အသံတိတ် စကားပြောဆိုခဲ့ရာတွင်ယခုလ ဆောင်း ပါး ၌ ဒေါ်အောင် ဆန်းစုကြည်ကို ဝေဖန်ထောက်ပြသည့် အကြောင်း အချက် များနှင့် တိုင်းရင်းသား ပြည်သူလူ ထုများ လက် ငင်းကြုံတွေ့နေ ရ သည့် အခြေအနေ အပေါ် ကေ အဲန်ယူမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို အကြံပြု တိုက်တွန်းမှု များ ပါရှိမည့်အ ကြောင်း ကျ နော်ရေးခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘောမကျသည်မှာ သူမ အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် လူထုဟောပြောပွဲ လုပ်ရာတွင် သူ့အိမ် ပေါက်ဝကို စောင့်ကြပ်ပေးသည့် လုံခြုံရေးတာဝန်ခံ စစ်သားများကိုပါ ကျေးဇူးတင်ကြောင်း ပြော ရာမှစသည်။ ဂျွန်ယက်တော အင်းယားကန် ကို ကူးဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ၀င်သည့်ကိစ္စတွင် အိမ်ဝန်းကျင်ကို လုံခြုံရေး ယူပေးနေသော စစ်တပ်၏ အခန်းကဏ္ဍလည်း မလွဲမရှောင်သာ ပါရှိနေမည်ဖြစ်ကြောင်း ထိုနှစ် ထိုလထုတ် ကရင်သတင်းစဉ်၌ ကျနော် ရေးခဲ့သည်။ နောက်ပိုင်းတွင်လည်း ဒေါ်အောင် ဆန်း စုကြည်၏ အားနည်းလစ်ဟာချက်များ၊ နည်းလမ်းမကျသော ပြော ဆိုပြုမူမှုများကို ကြုံလျှင်ကြုံသလို ကျနော်ထောက်ပြ ခဲ့သည်။ ရှေးယခင် က ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ဖူးသော စကား များကို သူမကိုယ်တိုင် ပြန်၍ မှတ်မိလာစေရန်နှင့် လူထုဘက်က ခိုင်မာပြတ်သားစွာ ရပ် တည်နိုင်ရန်အတွက်လည်း အခွင့်သင့် သလို ကျနော် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်း အတိမ်အနက်ကို ကောင်းစွာ လေ့လာသိမြင်မှုမရှိဘဲ သူမ လုပ်သမျှ မျက်စေ့မှိတ် ထောက်ခံ တတ် သူ အချို့နှင့် ရန်သူ့ဒလံများထံမှ ပုတ်ခတ်ဝေဖန်မှု အချို့တက်လာကြသည်ကို ကျနော်အရေးမထား။

ပြီးခဲ့သည့်လ ဆောင်းပါးမှာတော့ ဗမာ မြန်မာကိစ္စ အငြင်းပွားနေမှုများနှင့်ပတ်သက်၍ ဗမာနိုင်ငံကို အင်္ဂလိပ်လို ဘားမားဟုသာ ဆက်၍ ခေါ် မည်။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားမည်။ လက်ပံတောင်းတောင်ဒေသခံလူထုကို သွားရောက်တွေ့ဆုံမည် စသဖြင့် ဒေါ် အောင်ဆန်း စုကြည် ပြောခဲ့သည့်အပေါ် စစ်အုပ်စုအကြိုက် မဟုတ်ပဲ လူထုဘက်က ရပ်တည်ပြောဆိုလာသည့်အ တွက် နွေးထွေးစွာ ကြို ဆိုရမည်ဖြစ် ကြောင်း ကျနော် ရေးခဲ့သည်။ ထိုဆောင်းပါးကို ၀က်ဘ်ဆိုက်၌ မဖော်ပြရသေးမီမှာပင် လက်ပံတောင်းတောင် သပိတ်စ ခန်းများမှ ဆန္ဒပြသံ ဃာတော်များနှင့် ကျေးရွာလူထုကို စစ်အုပ်စု လက်ပါးစေများက မီးလောင်ဗုံးများသုံး၍ အကြမ်းဘက် ဖြိုခွဲလိုက် သည့် ကိစ္စနှင့် နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည် ထိုဒေသသို့ ရောက်ရှိပြီး လူထုကို ဟောပြောရာတွင် လူထုဘက်က ရပ်တည်နိုင်မှု မရှိသည့် အပြောအဆိုအမူအယာ များကို တွေ့လာရသည့်အခါမှာ တော့ ပြီးခဲ့သည့်လက သူမအား နွေးထွေးစွာ ကြိုဆိုခဲ့သည့်ကိစ္စကို ဘေးချိတ်ကာ လက်ရှိအခြေအနေများနှင့် ပတ်သက်၍ နွေးထွေးစွာပင် ဝေဖန်ထောက်ပြသည့် ဆောင်းပါးကို ရေးရတော့မည်ဖြစ်သဖြင့် အယ်ဒီတာအားကြိုတင်စကားဦးသန်းခဲ့ခြင်း ဖြစ် သည်။

သို့ရာတွင် ယခုလအစောပိုင်းမှာပင် လက်ပံတောင်းတောင်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား လူထုဘက်က ရပ်တည်နိုင် ရေး တိုက်တွန်းသည့် ဆောင်းပါးအချို့နှင့် သူမ ဦးဆောင်သော စုံစမ်းရေးကော်မရှင်အပေါ် ဝေဖန်ထောက်ပြကြ သော ဆောင်းပါးအချို့ ပေါ်ထွက် လာခဲ့သလို၊ မကြာသေးမီ ရက်များအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်းဆိုသည့် ဆောင်းပါးတွဲတခု ထွက်ပေါ်လာခဲ့ပြန်ရာဒေါ်အောင်ဆန်းစုကြည်၏ချွတ်ယွင်း ချက်များကို ထောက် ပြဝေဖန်အကြံပြုကြသည့် ဆောင်းပါးတွေများလွန်းပြီး ဟုန်သွားနိုင် သည့်အတွက် ရေးထားပြီးဖြစ်သောဒေါ်အောင် ဆန်းစုကြည်အပေါ် ဝေဖန်ချက် စာမူကြမ်းကို ကျနော်ပြန်၍ ဖြုတ်ပစ်ခဲ့သည်။ ဆောင်းပါးအများစုမှာ ကျနော်တင်ပြလိုသောအ ကြောင်းအ ရာအချို့ ပါရှိနေပြီးဖြစ် သည့် အပြင် အချို့ဆောင်းပါးများမှာ အချက် အလက် ပိုမိုပြည့်စုံသောကြောင့်လည်း ကျနော့်စာတွေ ကို ပြန်ဖြုတ် ခဲ့ခြင်း ဖြစ်သည်။

အများပြည်သူလူထု၏အကျိုးနှင့် တတိုင်းတပြည်လုံး ကျွန်အဖြစ် နွံနစ်ကြရမည့် အဖြစ်ဆိုးများမှ ကယ်တင်နိုင်ရေး ဒေါ်အောင် ဆန်းစု ကြည် အပေါ် စေတနာရှေ့ထား၍ လမ်းကြောင်းမှန်သို့ ရောက်အောင် တည့်မတ်ပေးသော ပုဂ္ဂိုလ်များ ယခင်ထက်ပိုမို ပေါ်ထွက် လာ ကြပြီဖြစ်သော ကြောင့် မလွဲမရှောင်သာလွန်း၊ မပြောမဖြစ်လွန်းသည့် အခါကျမှသာ ပြည်သူ့အကျိုးကို မျှော်ကိုး လျက် ၀င်ရောက် နှိုး ဆော်ရမည် ဖြစ်သည်။ ၁၅ ကြိမ်မြောက်ကွန်ကရက်မှ ခေါင်းဆောင်သစ်များ ရွေးကောက်ပြီးစီးခဲ့သည့် ကေအဲန်ယူနှင့် ပတ်သက်၍လည်း သီးခြားအကြံ ပြုတော့မည် မဟုတ်ပဲ တော်လှန်သော အဖွဲ့အစည်းများအားလုံးအပေါ် ခြုံငုံ တိုက်တွန်းမှုများကိုသာ တင်ပြသွားမည် ဖြစ် သည်။

(၂)

ကေအဲန်ယူ ဒူးပလာယာခရိုင် ၁၉၉၇ခုနှစ်တုန်းက အဘယ့်ကြောင့် လက်လွတ်ကျရှုံးခဲ့ရသနည်း။ ကိုယ့်အချင်းချင်းထဲစည်းလုံးမှုမရှိခဲ့၍ ဖြစ်၏။ ရန်သူကို သွေးပူအောင်ပင် မတိုက်ခိုက်ပဲ ရှောင်ခဲ့ကြ၍ ဖြစ်၏။ တကယ်တမ်းသာ တိုက် ခိုက်ပစ်ခတ်မည်ဆိုလျှင် ရန်သူ မခံနိုင်။ ရန်သူကို မ တိုက်ပဲ ရန်သူ့ထံသွား၍ ဒူးထောက် အညံ့ခံသူတွေ၊ သွေဖည်လမ်းလွဲသူတွေ ပေါ် ပေါက်လာခဲ့သည့် နောက်တွင် (မိမိ၏ ညီနောင်ရင်းချာ ဒီ ကေဘီအေကြောင့် မာနယ်ပလောကို လက်လွှတ်ခဲ့ရသည့် ပုံစံအတိုင်း) စိတ် ဓာတ်ပျက် ပြားကာ မိမိတို့နယ်မြေကို ရက်အနည်းငယ်အတွင်း မှာ ပင် လက်လွှတ်ခဲ့ခြင်းသာ ဖြစ်လေသည်။

မိမိတို့ အချင်းချင်း စည်းလုံးညီညွှတ်နေကြသည့် အချိန်များ၌ ရန်သူသည် ဘယ်သောအခါကမျှ စစ်ရေးအရ အသာစီး မရနိုင်ခဲ့။ ရပ်ရွာ လူထု တွေကိုပါ ပေါ်တာများအဖြစ် ခိုင်းစေကာ ဟိတ်နှင့်ဟန်နှင့် အလုံးအရင်းနှင့် တက်လာကြသော်လည်း ပြောက်ကျား တို့၏ အမှည့် ချွေ ချွေခြင်း ခံရကာ ၎င်းတို့ ရည်မှန်းချက်သို့ ရောက်ရှိပြီးနောက်ပိုင်းတွင်လည်း အမြဲတမ်းလိုလိုပင် သေကြေဒဏ်ရာများစွာဖြင့်အလဲလဲ အကွဲကွဲဆုတ်ပြေး ခဲ့ကြရသည်ချည်း ဖြစ်သည်။

တကယ်တမ်းသာ သွေးစည်းညီညွှတ်မှု ရှိထားမည်ဆိုလျှင် ရန်သူသည် နယ်ခံတော်လှန်ရေး အဖွဲ့အစည်းများကို မည်သည့်အခါမျှ မောင်း ထုတ် နိုင်မည် မဟုတ်။ လူထုအပေါ်တွင်လည်း အနိုင်ကျင့် စော်ကားရဲမည် မဟုတ်။

တတိုင်းပြည်လုံး၏ ရန်သူကို လူထုက ခုချိန်ထိ ဘာ့ကြောင့် အောင်ပွဲမခံနိုင်ရသလဲဆိုသည့် အမေး ပုစ္ဆာနှင့် ပတ်သက်၍ ပုဂ္ဂိုလ် တယောက် သုံး သပ်သွားပုံမှာ တွေးဆဆင်ခြင်ဖွယ် ကောင်းသည်။

လူထုအတွင်း နိုးကြားတက်ကြွသူများ ရှိလာသော်လည်း ရန်သူ၏ သပ်လျှိုသွေးခွဲထားမှုအပေါ် တ ဦးနှင့်တဦးသံသယများရှိနေ သေး၍လည်း ကောင်း၊ မိမိတို့အချင်းချင်း ညီညွှတ်မှု မရှိကြသောကြောင့်လည်းကောင်း၊ ကိုယ်ကျိုးငဲ့ တဒင်္ဂ ပြေလည်ရေးထွက်ပေါက်ရှာကြသူတွေများ သော ကြောင့်လည်းကောင်း၊ ရရှိလာသော စီးပွားဥစ္စာနေရာဌာနအပေါ် ခင်တွယ်သာယာ နေသော ကြောင့်လည်းကောင်း၊ ဖိနှိပ်ခံရသည့် အ ခြေအနေမှ ရုန်းထွက်သည့်အခါ မအောင်မြင်ပါက သည့်ထက်ပိုဆိုးမည့်ဘ၀ ရောက် သွားမည်ကို စိုးရိမ်၍လည်းကောင်း၊ တော်လှန်ပြီးသည့် နောက် ခေါင်းဆောင် ဘယ်သူ ဆက်တက်မလဲဆိုသည်ကို မဆုံးဖြတ် နိုင်၍လည်း ကောင်း၊တဗိုလ်ကျတဗိုလ်တက်မလုပ်နိုင်၍လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ မပြတ်သားသော ရှေ့ဆောင် မှုကို ယုံကြည်ခြင်း မရှိသော်လည်း ဟုတ်နိုးနိုးဖြင့် စောင့်ကြည့်နေရသောကြောင့် လည်းကောင်း၊ လက်နက်ကိုင် တိုက်မည်ဆိုပါ က ရန်သူ့တပ် အတော်များ များပါ လူထုဘက်ကို ပါလာကြမည်ဖြစ်သည့်တိုင် လက်နက်ကိုင် များ ကြီးစိုးပြီး တဗိုလ်တမင်းများ ပေါ်လာကာ တိုင်းပြည် ပို၍နာသွား မည်ကို စိုးရိမ်သောကြောင့်လည်းကောင်း စစ်အုပ်စုအား အပြုတ်နှံရေး နှောင့်နှေးနေကြခြင်း ဖြစ်သည်ဟု ဆို၏။

တကယ်တော့ တဦးပေါ်တဦး သံသယရှိခြင်း၊ မညီညွတ်ခြင်း၊ နေရာဌာန ဥစ္စာပစ္စည်းအပေါ် မက်မောတွယ်တာ ကိုယ်ကျိုးရှာ ခြင်းများမှာ အ ဖိနှိပ်ခံဘ၀မှ ရုန်းထွက်နိုင်ရေး ရန်သူနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လာရသည့်အခါ၌ လွင့်စင်ကွယ်ပျောက်သွားကြမည်ဖြစ်ပြီးအဖိနှိပ် ခံ အချင်း ချင်း စည်းလုံးညီညွှတ်မှုဖြင့် ဘုံရန်သူကို ဦးတည် တိုက်ခိုက်နိုင်ကြမည် ဖြစ်သည်။ တော်လှန်ပြီး သည့်နောက် ခေါင်းဆောင် မည် သူဖြစ်လာ မည်နည်း ဆိုသည်တော့ လူထုတော်လှန်ရေးကြီးကပင် ဆုံးဖြတ်သွားလိမ့်မည်ဖြစ်သ လို လက်နက်ကိုင်များကြီးစိုးပြီး တဗိုလ် တမင်းများပေါ် လာမည့်ကိစ္စကိုလည်း စဉ်းစားဆင်ခြင်တတ်သော လူထုခေါင်းဆောင် များက ကိုင်တွယ် ထိန်းကွပ်သွားနိုင်မည် ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ ကလေး၊ စစ်တွေ၊ စသည့်မြို့များ၌ လက်ပံတောင်း တောင်အရေး ဆန္ဒပြ သံဃာ တော်များအား အကြမ်းဖက် ဖြိုခွဲသည့်ကိစ္စနှင့် ပတ်သက်၍ ဗမာပြည်တ၀ှမ်းမှ သံဃာတော်များ၏ ငြိမ်းချမ်း စွာ ဆန္ဒပြတောင်းဆို သည့်အသံများ၊ ရွှေလုပ် သား၊ စက်ရုံလုပ်သား၊ မြေယာ အိုးအိမ် ကျူးကျော် သိမ်းယူခံရသူတို့၏ အသံများမှာ အ ကြောင်းကြောင်းသော အကြောင်းကြောင်းတို့ဖြင့် ယ ခုအချိန်၌ အနည်းငယ် ငြိမ်သက်သွားခဲ့သော်လည်း လုံးဝ အရှိန်သေ ပြီးပြတ်ပြေ ငြိမ်းသွားခြင်း မရှိသော တအုံနွေးနွေး မီးခဲသည် လများမ ကြာ မီပင် ထတောက်ပေလိမ့်ဦးမည်။

လူထုအရေး ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှာ လူထုနှင့်အတူ ရုန်းကြရမည် ဖြစ်၏။ လူထု အုံကြွမှုကြီးအတွင်း အဖွဲ့အ စည်း များအနေဖြင့် ပီပြင်စွာ ပါဝင်နိုင်ဖို့ လိုအပ်သည်။ စစ်အုပ်စု၏ ဘက်တော်သား မဖြစ်စေပဲ လူထုဘက်သား တော်လှန် ရေးသမား ပီသစွာ ဆောင် ရွက်ကြရမည် ဖြစ်သည်။

လူထုဘက်က မရပ်တည်နိုင်သူ၊ စစ်အုပ်စုနှင့် ပူးပေါင်း၍ လူထုကို သိက္ခာမဲ့သော အရှုံးပေး အညံ့ခံရေး လမ်းကြောင်းတွင်းသို့ တွန်းပို့သူ၊ ခေါင်း ဆောင်မပီသသူတို့၏ လမ်းညွှန်မှုကိုမူ လူထုအနေဖြင့် ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။

(၃)

ပြီးခဲ့သော နှစ်အတန်ကြာမှစ၍ ကျနော်ရေးခဲ့သော ဆောင်းပါးများတွင် စစ်မက်ဖြစ်ပွားမှုကို လိုလားသော စစ်သွေးကြွ အရေးအ သားများ သာ ဖုံးလွှမ်းနေသည်ဟု မိတ်ဆွေအချို့က ဆိုသည်။

စစ်သွေးကြွဆိုသည်မှာ တိုက်လိုခိုက်လိုစိတ် ပြင်းထန်သူများ၊ သူတပါးအပေါ် ကျူးကျော်စော်ကားလိုသူများ၊ အင်အားသုံးအကြမ်းဖက် လိုသူ များကို ခေါ်ဆိုခြင်း ဖြစ်သည်။ ကျနော့်မှာ ထိုကဲ့သို့သော သဘောထား မရှိ။ ကျူးကျော်စော်ကားသူများကို ပြန်လည်တွန်းလှန်လို သည့် သ ဘောထားသာ ရှိသည်။ ပြေလည် အေးချမ်းစေရေး ညှိနှိုင်းဆောင်ရွက်မှု၊ မေတ္တာရပ်ခံ တောင်း ပန်မှုများကို လျစ်လျူရှု ငြင်းပယ် ကာ အတင်း အဓမ္မ နိုင်ထက်စီးနင်း နှိပ်စက်သတ်ဖြတ်လိုကြသူများကို ဘာတခုမျှ ပြန်မလုပ်ပဲ သူတို့ပြုသမျှ နုကြရမည်လား၊ ပြန်လည် တွန်းလှန်တိုက် ခိုက် ရမည်လား ဆိုသည်ကို အသိဉာဏ်ရှိသူတိုင်း စဉ်းစားတတ်ကြမည် ဖြစ်၏။

ကချင်ပြည်နယ် ကေအိုင်အို ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော စစ်အုပ်စုတပ်များအား လဂျားယန်တွင် ဦးချိုးနှိပ် ကွပ်ပစ်လိုက် သည့် သတင်းကို ကြားရသည်မှာ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းနေလေသည်။ စစ်အုပ်စု ၏အမိန့်ပေးရာနောက်အစဉ်းစားအဆင်ခြင် မဲ့စွာ လိုက်ပါလုပ်ဆောင်ကြသော လက်ကိုင်တုတ်တပ်များ၏ သေကြေဒဏ်ရာရခြင်းများကို လူလူချင်းစာနာထောက်ထားတတ်သူများ၊ တိုင်း ပြည် ကောင်းကျိုး စေတနာထား ဆောင်ရွက်တတ်သူများအနေဖြင့် ၀မ်းပမ်းတသာ ဖြစ် ကြလိမ့်မည် မဟုတ်သော်လည်း တိုင်းရင်းသားပြည် သူလူထုအပေါ် ညှာတာထောက်ထားမှုမရှိသည့် စစ်အုပ်စု၏ လုပ်ရပ်များ ကို ကြုံတွေ့ကြားသိကြရသူတို့ အနေဖြင့်မူ ၎င်းတို့၏ ကျရှုံးဆုတ်ခွာ ပြေးရှောင်ရမှုများအပေါ် မည်သည့်နည်းနှင့်မျှ ၀မ်းနည်းပက် လက် ဖြစ်ကြလိမ့် မည် မဟုတ်ချေ။ လက်နက်ကိုင် တော်လှန်တိုက်ခိုက်သူ များ ကို မယှဉ်သာတိုင်း လက်နက်မဲ့ လူထုအပေါ်မဲ ကာ နှိပ်စက်ကလူ ပြုကြ မည့် ၎င်းတို့စစ်အုပ်စု လက်ကိုင်တုတ်များ အား ထိုအပြု အ မူမျိုး နောက်နောင် မလုပ်နိုင်တော့အောင် လက်တွေ့ကျကျ ဆုံးမပေးမည့်သူ များသာ နေရာအနှံ့ ပေါ်ထွက်လာပေလိမ့်မည်။

လာမည့် ဇန္န၀ါရီလအတွင်းဆွေးနွေးကြရန် စစ်အုပ်စု၏ အယောင်ပြကမ်းလှမ်းထားမှုကို ကေအိုင်အိုအနေဖြင့် မည်သို့မျှ ဂရုပြု စရာအ ကြောင်း မရှိ။ ကချင်ကို လူမျိုးတုန်း အမှုန့်ချေပစ်ရန် နေ့စဉ်နှင့်အမျှ ကြိုးပမ်းနေသည့် သူတွေထံမှ ကမ်းလှမ်းမှုကိုယုံကြည်၍မရ။ ငြိမ်း ချမ်းရေးကိစ္စ ဦး စီးဆောင်ရွက်နေသူ ဦးအောင်မင်းမှာ အရေခြုံသမ္မတ သိန်းစိန်ရုံးမှ ၀န်ကြီး ဖြစ်၏။ ဦးသိန်းစိန်မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ကပင်သူ့တပ် တွေ ကို မိမိကိုယ်မိမိ ကာကွယ်ရုံမှအပ ထိုးစစ်မဆင်ရန် ကြေညာခဲ့သူဖြစ်၏။ တပ်တွေက ကချင်ပြည်နယ်ထဲ အများအပြား ရောက်ရှိကာ ထိုးစစ် များ ဆက်တိုက် ဆင်နေသည်။ သမ္မတစကားကို စစ်တပ်က မလိုက်နာသလို ဖြစ်နေသည်။ တကယ်တော့မဟုတ်။ ၎င်းတို့အားလုံးပင်တကျိတ် တည်း တဉာဏ်တည်း ဖြစ်လေသည်။ ၀န်ကြီး ချုပ်ဘ၀ကပင် ကချင်နှင့် ရ၀မ်ကို သွေးခွဲခဲ့သူမှာ ဦးသိန်းစိန် ဖြစ်သည်။ နိုင်ငံရေးမဆွေး နွေး၊ အပစ်အခတ်ရပ်စဲရေးလည်း မလို အပ်၊ လက်နက်ချဖို့သာ လိုသည်ဟု ကေအိုင်အေကို အမိန့်ပေးခဲ့သူမှာ ဦးသိန်းစိန် ဖြစ်သည်။ ကေအိုင်အို အ နေဖြင့် ဘာမျှတွေ ဝေနေစရာမရှိ။ ခရစ်စမတ် အခါသမယကိုပင် မရှောင် ကျူးကျော်ထိုးစစ်များ ဆင်နွဲနေသောစစ်အုပ်စုတပ်များကိုခုခံတွန်း လှန် ရေးထက် ပိုမိုသည့် စစ်ဆင်ရေးဖြင့် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ကချင်သည် မိမိ နယ်မြေတွင်း ခုခံတွန်းလှန်စစ်၌ အောင်ပွဲ တွေတ သီကြီး ရရှိနေ၏။

ကချင်၏ အောင်ပွဲရ သတင်းများကို အားကျဖွယ်ရာ ဖတ်ရင်းမှာပင် ကချင်ကို မဟာမိတ်တပ်များက ၀ိုင်းဝန်းကူညီကြမည့်အကြောင်း ၀မ်း မြောက်ဖွယ်သတင်းကို ကြားကြရသည်။ လူထုကလည်း အုံကြွလိုနေကြပြီ ဖြစ်၏။ တိုင်းရင်းသား ပြည်သူလူထုအ ပေါ် မည်သည့်အခါကမျှ ညှာတာထောက်ထားမှု မရှိသော စစ်အုပ်စု လက်ကိုင်တုတ်တပ်များအား ယခုလို အခြေအနေ အခွင့်အ ခါကောင်းခိုက်တွင် ၀ိုင်းဝန်းတိုက် ဖျက်ကြရပေ လိမ့်မည်။ ဤအချိန်အခါမျိုး၌ စစ်အုပ်စုကို တိုက်ခိုက်ဖို့ရန် တွေဝေနှောင့်နှေးနေ မည်ဆိုလျှင် နောက်နောင် ဘယ်သောအ ခါမျှ နာလံထူနိုင်လိမ့်မည်မဟုတ်ပဲ သားစဉ်မြေးဆက် စစ်ကျွန်အဖြစ် ဘ၀ဆုံးကြဖို့သာ ရှိလေ သည်။

သူတို့က အင်အားများတယ်၊ လက်နက်ကောင်းတွေလည်း ရှိတယ်၊ ကျနော်တို့ တိုက်လို့နိုင်ပါ့မလားဟု ဆိုလာကြမည့် စစ်အုပ်စု ဒလံများ၊ လူ ကြောက်များနှင့်ပတ်သက်၍မူ ရာဇဓိရာဇ်နှင့် မင်းရဲကျော်စွာတို့၏ ထုံးကို နှလုံးမူရမည် ဖြစ်၏။ လူကြောက်တို့၏ လမ်းစဉ်ကို မလိုက်ပဲ တတိုင်း တပြည်လုံး လွတ်မြောက် ငြိမ်းချမ်း ရှင်သန်ရေးအတွက် တိုက်ကြရမည် ဖြစ်လေသည်။

တပ်မတော်ကို တိုက်လို့ တပ်မတော် အင်အားချိနဲ့သွားရင် ပြည်ပရန်တွေကို မကာကွယ်နိုင်တော့ပဲ တပါးကျွန်ဖြစ်ကြရမည်ဟု အချို့က ဆိုကြ သည်။ ဗိုလ်ချုပ်ကျော်ဇောလက်ထက် နောက်ပိုင်း မဆလ ခေတ်မှစ၍ ဤတပ်မတော်မှာ မည် သည့်အခါကမျှ ပြည်ပရန်ကို ကာကွယ်ခဲ့သည့် တပ်မတော်မဟုတ်။ ပြည်တွင်းစစ်ကို အတောမသတ် တောက်လောင်စေပြီး တိုင်းရင်း သား နယ် မြေများသို့ ကျူးကျော်စစ်များပြုကာ တနိုင် ငံလုံးကို ဖိနှိပ်အုပ်စိုးခဲ့သည့် အာဏာရှင်၏ လက်ကိုင်တုတ်တပ်တွေသာ ဖြစ်သည်။

၎င်းတို့၌ ပြည်ပရန်ကို ကာကွယ်နိုင်သည့် အရည်အချင်းလည်း မရှိ။ ပြည်ပရန် မပြောနှင့် အင်အား အနည်းငယ်ကြီးသော ပြည် တွင်းမှ ၀တပ်ဖွဲ့များကိုပင် တိုင်းရင်းသားများအား အမှည့်ချွေ တိုက်ခိုက်ရာ၌ ၀င်ရောက်ကူညီမှု မပြုစေရန်အတွက် အခွင့်အရေး များပေးကာ အပစ် အခတ် ရပ်ရေး လုပ်ထားရသူတွေ ဖြစ်သည်။ တိုင်းရင်းသားများ ပေါင်းစည်းမည့်အရေးကိုလည်း မလိုလားပဲ တဖွဲ့ချင်းစီ သပ်လျှိုသွေးခွဲ ကာညီညွှတ် မှုမရှိအောင် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ပြည်မမှ ၀န်ထမ်းများနှင့် ပြည်သူလူထုအပေါ် တွင်လည်း မလောက်မင မ၀ရေစာတို့ဖြင့်မွဲတေမှုဆင်း ရဲနွမ်းပါးမှုများမှတဆင့် အကျင့်ပျက်ချစားမှုများဖြစ်စေပြီး အချို့ကို အခွင့်အရေးများပေးလျက် လက်ကိုင်တုတ်များလုပ် ကာလူထုအ တွင်း သွေးကွဲအောင် ဖန်တီးခဲ့သူတွေ ဖြစ်သည်။

တိုင်းရင်းသား ပြည်သူလူထု၏ ခုခံတွန်းလှန်စစ်မှာ တရားဥပဒေရေးရှုဒေါင့်မှ ကြည့်လျှင်ပင် တရားမျှတမှုရှိ နေပြီး ဖြစ်သည်။ တရားဥပဒေ အ ထက်က စစ်အုပ်စု ရှိနေသော ဗမာနိုင်ငံအတွက်မူ တရားဥပဒေရေး၊ နိုင်ငံရေး ၊ လူ့အခွင့်အရေးတို့ဖြင့်သာမက တွန်းလှန်တိုက်ခိုက် ရေး ဖြင့်ပါ ဆောင်ရွက်ကြရမည် ဖြစ်သည်။ စစ်အုပ်စုအနေဖြင့် မည်သည့်တိုင်းရင်းသား ပြည်သူလူထုကိုမျှ အမြစ်ပြုတ် မျိုးတုန်းအောင် တိုက် ခိုက်နိုင် မည်မဟုတ်ပဲ တိုင်းရင်းသားပြည်သူလူထုကသာ စစ်အုပ်စုကို အမြစ်ဖြုတ် တွန်းလှန် နိုင်ကြမည် ဖြစ်၏။

မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးသော တပ်များမဟုတ်ပဲ မိမိတို့အား ပို၍ ၀န်လေး ပင်ပန်းစေသည့် ထိုကဲ့သို့သော သူ ခိုးဓားပြစစ်တပ်မျိုးကို အင်အားနည်းပါးရုံမက ပြုတ်ပြုတ်ပြုန်း သွားစေရန်အတွက် တိုင်းရင်း သားတော်လှန် ရေးအဖွဲ့အစည်းများ၏ အင်အား၊ ပြည်သူလူထု၏ အင်အားတို့ဖြင့် တိုက်ခိုက်ရှင်းလင်းပြီးမှသာ တကယ်တမ်း တိုင်းပြည် ကောင်း ကျိုးဆောင်လိုသည့် စိတ်ဓာတ်ခံယူချက် ပြည့်ဝပြီး လူထုအရေးကို ဦးထိပ်ထားလျက်၊ လူထုအပေါ် ကျရောက်လာမည့် ပြည် တွင်းပြည်ပ ရန်စွယ် အန္တရာယ်များအား ရွပ်ရွပ်ချွံချွံ တွန်းလှန် ကာကွယ်မည်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုစစ်တပ် စစ်စစ်၊ ကမ္ဘာက လေးစားအားကျရမည့် တကယ့် တပ်မတော်စစ်စစ်တို့ကို ပြန်လည် ဖွဲ့စည်းထူထောင်ကြရမည် ဖြစ်သည်။

(၄)

တနှစ်တာ လျှောက်လှမ်းခဲ့သည့် ခရီးလမ်းကို ပြန်လည်စောင်းငဲ့ကြည့်ရာတွင် ပြီးခဲ့သည့်လ အမေရိကန် သမ္မတ အိုဘားမား ဗမာပြည်ကို နာရီ အနည်းငယ်အကြာ လာရောက်လည်ပတ်ပြီး ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောသွားသည့် ကိစ္စတခုကလွဲ၍ တနှစ်ပတ်လုံးပင် အ ကောင်း နည်း နည်း အဆိုးများများ ရောပြွမ်းနေသည့် ဖြစ်ရပ်များနှင့် အကောင်းမြင်စရာ တကွက်တလေမျှ မရှိသည့်အဖြစ်တို့ကို အံ့သြမှု ကင်းစွာ တွေ့မြင်ရလေသည်။

အရေခြုံ သမ္မတသိန်းစိန်၏ တွန့်ဆုတ်တွန့်ဆုတ် ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ် အုပ်စု၏ အချိတ်အဆက်အလိမ်အညာအဖုံး အဖိ မသမာမှုများ၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အကြောင်းပြလျက် နယ်စပ်ဒေသဖွံ့ဖြိုးရေး စီးပွားရေး ဦးတည်ချက်များဖြင့်ကေအဲန်ယူ နှင့် စစ်အုပ်စု အပစ်ရပ်ရေး ပဏာမသဘောတူညီမှုများ၊ မင်းကိုနိုင် အပါအ၀င် ၈၈ ကျောင်း သားခေါင်းဆောင်အချို့နှင့် နိုင်ငံရေး အကျဉ်း သားအချို့ကို ပုဒ်မ၄၀၁/၁ အနှောင်အတည်းဖြင့် လွှတ်ပေးခြင်းများ၊ ပါတီမှတ်ပုံ တင်ကာကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည့်ဒေါ်အောင်ဆန်း စု ကြည်၏ ပီပြင်ပြတ်သားမှုမရှိသော ခေါင်းရှောင်မှုများ၊ ကေအဲန် ယူတွင်း လမ်းလွဲသွေဖည်မှုများ အာဏာလွန်ဆွဲမှုများနှင့် မညီမညွတ်ဖြစ် လာမှုများ၊ စစ်အုပ်စုနှင့် အပစ်အခတ် ရပ်စဲထားသော ကလိုထူးဘောဗျူ ဟာက ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကိုတာဝန်မှရပ်ဆိုင်းလိုက်သည့် ဖြစ်ရပ်၊ ကချင်နယ်မြေကို လဖြင့်၊ နှစ်ဖြင့် ချီ၍ ကျူးကျော်စော်ကား နေမှုများ၊ ကရင်ပြည်နယ်ထဲ လူထုပိုင် လယ်မြေဧကပေါင်းသောင်းသိန်း ချီ၍ အသိမ်းခံရခြင်းများ၊ တောင်ငူနယ်အတွင်း လေကြောင်း စစ် ရေး လေ့ကျင့်မှုများလုပ်ကာ ကရင်လူထုကို ခြိမ်းခြောက်မှုများ၊ အပစ်အ ခတ်ရပ်ရေး လက်မှတ်ထိုးထားပြီးဖြစ်သည့် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ကိစ္စများ၊ ကရင်နီပြည်နယ် တွင်းမှ စစ်အုပ်စု၏ သံချပ်ကာကားများ၊ အလိမ်ခံရသော မိုးထိမိုးမိ ရွှေလုပ်သားများကိစ္စ၊ စက်ရုံအလုပ်သမားဆန္ဒပြပွဲများနှင့် အကြမ်းဖက်ရိုက်နှက် ဖြိုခွဲခံရမှုများ၊ လယ်ယာမြေအသိမ်းခံရသော ရွှေမြယာမှ လယ်သမားကြီးများနှင့် စစ်အုပ်စု အချစ်တော် ၀ါဝါ၀င်း ကုမ္ပဏီ၏ စော်ကားပြောဆို မှုများ၊ ၀ါတွင်းကာလမရှောင် အိမ်ကြီးရခိုင်များရှိ သည့် ရပ်ကွက်တွေ ရွှေ့ပြောင်းခိုင်း၊ ဘုန်းတော်ကြီး ကျောင်းတွေဖျက်ဆီးမီးရှို့သည့်လုပ် ရပ်များ၊ စစ်အုပ်စုလုပ်သမျှ မြှောက်ပင့်ထောက် ခံကာ ကိုယ်ကျိုးရှာကြသော နိုင်ငံများ၊ ရခိုင် နှင့် ဘင်္ဂလာလီရိုဟင်ဂျာ အဓိကရုဏ်း ဖန်တီး မီးမွှေးခြင်းနှင့် နှစ်ဘက် သေပျောက်ခြင်းများ၊ စစ်အုပ်စု လက်ပါးစေများ၏ ၀င် ရောက်ပစ်ခတ် သတ်ဖြတ်ခြင်းများ၊ ကြေးနီစီမံကိန်း ကြောင့် လက်ပံတောင်းတောင်ဝန်းကျင် ကျေးရွာလူ ထု တွေ့ကြုံကြရသည့် အန္တရာယ်များ၊ စွန့်ပစ်မြေစာများကြောင့်ပတ်ဝန်းကျင်လယ်မြေများမည် သည့်သီးနှံမျှ စိုက်ပျိုးရန် မဖြစ်ထွန်း၊ အငွေ့အသက်များ နှင့် ရေတွင်းများပါ ထိခိုက်၊ လူတွေရောဂါဆိုးများရပြီးသေကြရ၊တရုတ်ကိုကြောက် တတ်သူများ၏ မီးလောင်ဗုံးဒဏ် သင့် ခဲ့ရသည့် လက်ပံတောင်းတောင်သပိတ်စခန်းမှ ဆန္ဒပြ သံဃာတော်များ၊ ကျေးရွာလူထုများ၊ လွတ် လပ်သော ဈေးကွက်စီး ပွားရေးကို ဖော်ဆောင်နေသည့် နိုင်ငံတွင် ကျပ်ငွေ သိန်းထောင်ချီ တန်ဘိုးရှိသော အိမ်များကို ဈေးကစားရန်ရည် ရွယ်လျက် ၀ယ်ယူသည်ဟုဆိုကာ မိမိတို့စီးပွားရေးကို မိမိတို့ ရိုးသားစွာ လုပ်နေသော တိုင်းရင်းသူကလေးနှင့် ခင်ပွန်းသည် ဂျပန်အမျိုးသား ကြီးကို ဖမ်းဆီးနှိပ်စက် စစ်ဆေး လျက် တိုင်းရင်းသူကလေးကို သတ်ဖြတ်ကာ တိုက်ပေါ်မှ ပစ်ချခဲ့ပြီး၊ ထောင်တွင်းမှနေ၍ ရောဂါရ လာ သော ခင်ပွန်းသည် ဂျပန်ကြီး၏ အာမခံ လျှောက်ထားမှုကို ငြင်းပယ်သော စစ်အုပ်စု လက်ပါးစေများ၏လူမဆန်သည့်သူခိုးဓားပြလုပ်ရပ်များ၊ တိုင်း ပြည်ထဲ ကျူးကျော် လာသော တရုတ်ဖြူတို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ပြီးနောက်၊ အသက်အရွယ် အိုမင်းသည့်တိုင် ပြည်သူလူထု အကျိုး အ တွက် စွမ်းစွမ်း တမံ တော်လှန်တိုက်ပွဲဝင် ရေးသားဟောပြောခဲ့သော ဗိုလ်ချုပ် ကျော်ဇော ပြည်ပမှာပင် ကွယ်လွန်ခဲ့သည့်သတင်း၊လူထုအ ကျိုးပြုစာများ ရေးသားခဲ့ရေးသားဆဲ ဆရာမောင်ဝံသ ကင်ဆာ ရောဂါ ရရှိသည့်သတင်းနှင့် တော်လှန်သောလူငယ်ထုအတွက် စိတ်ဓာတ် မြှင့် တင်ရေး တေးသီချင်းများ သီကျူးခဲ့သည့် အဆို တော် ခင်မောင်တိုး ကွယ်လွန်သောသတင်း၊ စစ်အုပ်စု၏ ကျေးဇူးရှင်တဦး ဖြစ်သောမူးယစ် ရာဇာ နော်ခမ်းကို တရုတ်တရားရုံးက သေဒဏ်ပေးသည့်သတင်း၊ ခရီးသည်တင် လေယာဉ်လမ်းကြောင်းမှားဆင်းပြီးထိခိုက်ပျက်စီးသေကြေ ဒဏ်ရာရသည့်သတင်း၊ လူသေ အပါအ၀င် အပုပ်ကောင်များကို ထိုးဆွ စားသောက်တတ်သည့် ကျက်သရေယုတ်သော အမင်္ဂလာ သတ္တ၀ါ ဠင်းတငှက် အချို့ ရွှေတိဂုံ စေတီတော် ငှက်ပျောဖူးအရင်းတွင် နားနေခဲ့ကြသည့် သတင်းများ … စသည် စသည်ဖြင့် ပျော်စရာ ရွှင်စ ရာ စိတ် ချမ်းသာစရာဟူ၍ တစက်မျှ မရှိ၊ မကျေနပ်စရာ၊ ဒေါသဖြစ်စရာ၊ မချိတင်ကဲ ကြေကွဲဝမ်းနည်းစရာ အနိဌာရုံဖြစ်ရပ် သတင်းများ သာလွှမ်းခြုံ နေခဲ့သည့်နှစ် ဖြစ်လေသည်။

ရှေ့လာမည့်နှစ်ကတော့ ယခုထက် အခြေအနေ ပိုမိုဆိုးဝါးလိမ့်မည်ဟု နက္ခတ်ဗေဒင်ဆရာအချို့က ဟောကိန်းထုတ်ထားကြ သည်။ ဗမာနိုင် ငံ၏ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အခြေအနေ အရပ်ရပ်ကလည်း အဆိုးဘက်ကို တွန်းပို့နေကြသည်။ ကမ္ဘာ့နိုင်ငံများက ငွေရေး ကြေးရေးအရလည်းကောင်း၊ နည်းပညာအရလည်းကောင်း၊ လူသုံးကုန်ပစ္စည်းများ အခြေခံ စားနပ် ရိက္ခာများဖြင့်လည်းကောင်း မည် မျှပင် ထောက်ကူမှုများ ပြုစေကာမူ၊ ပြည်သူလူထုအနေဖြင့် မိမိတို့၏ မကျေနပ်မှုနှင့် တွန်းလှန် လိုစိတ်များကို ချုပ်တည်းသည်းခံကာ တိုင်းပြည် ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် မည်မျှပင် ကြိုးစားဆောင်ရွက်စေကာမူ စစ်အုပ်စု လက် အောက် ဗမာနိုင်ငံမှာ ကမ္ဘာ့အလယ် အောက်တန်းနောက် တန်း။ အောက်ကျ နောက်ကျဘ၀မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ယနေ့ မြန်မာ့ရေးရာသတင်းများ December,30th,2012

( 36 )Japan to help build a new radar system in Burma

( 35 )Political Prisoners Penning Prose

( 34 )50th Street Café Escape the Madding Crowd

( 33 )Tycoon Fights Protesters with Feng Shui

( 32 )ရန်ကုန်ရောက် လက်ပန်းတောင်းတောင် ဒေသက သံဃာတွေကို နေ့ဆွမ်းဆက်ကပ်

( 31 )Myanmar to allow daily private newspapers

( 30 )ဒေါက်တာစင်သီယာမောင် KSNG နှစ်ပတ်လည် အစည်းအဝေး တက်ရောက်အားပေး

( 29 )Auction raises $123,000 for Suu Kyi party

( 28 )လက်ပန်းတောင်း အကြမ်းဖက်ခံရမှု တစ်လပြည့် အခမ်းအနား ကျင်းပ

( 27 )New light in Myanmar

( 26 )အစိုးရစစ်တပ်နဲ့ကေအိုင်အိုနှစ်ဖက် တိုက်ပွဲ ပြင်းထန်

( 25 )Deputy prime minister Aso to visit Myanmar to help Japanese firms tap lucrative new market

( 24 )လက်ပံတောင်းတောင် တလပြည့် ဆုတောင်းပွဲ

( 23 )Free Myanmar press a work in progress

( 22 )NLD ရဲ့ ပညာရေးကွန်ယက်ဖျော်ဖြေပွဲကနေ အလှုငွေ ၂၆၅၄ သိန်းကျော်ရရှိ

( 21 )Maritime boundary with India: Tough days ahead

( 20 )DPNS ကိုယ်စားလှယ်တွေ မန္တလေးအခြေစိုက် နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံ

( 19 )Myanmar to lift newspaper ban

( 18 )KIA လဂျားယန်ကို မြန်မာလေတပ် ဆက်လက်တိုက်ခိုက်

( 17 )Century Plyboards to set up unit in Myanmar

( 16 )ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်စဲဘို့ မင်းကိုနိုင် တိုက်တွန်း

( 15 )Daiwa Institute of Research, Fujitsu, and KDDI Build Myanmar’s First Cloud-Computing Environment

( 14 )မြန်မာနိုင်ငံမှာ အဆိုတော် ဒေါ်မာမာအေး က ဖျော်ဖြေပွဲ ကျင်းပမည်

( 13 )In Myanmar, Muslim survivors recall Buddhist assault that forced mass exodus

( 12 )မြန်မာ ဘတ်စ်စကက်ဘောအဖွဲ့ အမေရိကန်လေ့လာရေး ထွက်မည်

( 11 )Myanmar Muslims recall Buddhist assault

( 10 )ကားအရောင်းအဝယ် ဆက်အေးမြဲ၊ ဈေး ဆက်ကျဖွယ် ခန့်မှန်း

( 9 )Airplane Crash Will Not Hurt Tourism, Says Govt

( 8 )ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ဧပြီ ၁ တွင် စတင်ထုတ်ဝေခွင့်ပြုမည်

( 7 )Burma plane crash survivors arrive home

( 6 )လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု

( 5 )Time to Embrace the West

( 4 )ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် CPJ ကြိုဆို

( 3 )Myanmar Moving Forward?

( 2 )စမ်းသပ်ပျံသန်းမှုပြုစဉ် လေယာဉ်ဘီးများပေါက်

( 1 )Myanmar Gears Up for Tourism

Saturday, December 29, 2012

နယ်ခြားစောင့်တပ်က ရေးမြို့နယ်တွင် လောင်းကစားဝိုင်းဖွင့် စီးပွားရှာ

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာအခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(တပ်ခွဲရုံး)က လောင်းက စား ဝိုင်းများဖွင့်လှစ်ကာ စီးပွားရှာနေကြသည်ဟု ဒေသခံများ ပြောကြားချက် အရ သိရသည်။

နှင်းစုံရွာတွင် ကြက်ဝိုင်းမှအစ ဖဲဝိုင်း၊ အနီထောင်၊ အန်ဂလုံကစားနည်းမျိုးစုံမှ နယ်ခြားစောင့်တပ်ဖွဲ့က အကောက်ကြေးငွေကောက်ခံရယူပြီး လုံခြုံရေးစောင့်ရှောက်ပေးကာ လောင်းကစားဝိုင်းများ နေ့ညဖွင့်လှစ်ခွင့်ပြု ထားခြင်း ဖြစ်သည်။

မော့ကနင်ရွာမှ အနီထောင်ဒိုင်တစ်ဦးက “အနီးအနားပတ်ဝန်းကျင်တဝိုက် လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ဘုံ၊ အာရုတောင်ရွာတွေက ကစားသမားတွေစုံလို့ပါပဲ၊ ဘုရားပွဲလိုပဲ သိပ်ကိုစည်ကား နေတာ” ဟု ပြောသည်။

ယခု-နတ္တော်လတွင် ဒေသတွင်းဘုရားပွဲတော်များမရှိသည့်ကာလဖြစ်သည့်အတွက် နှင်းစုံရွာသည် လောင်း ကစားဒိုင်များ အလုပ်စခန်း ဖြစ် ရာ နေရာဟုလည်း သူကဆက်ပြောသည်။

လောင်းကစားဝိုင်းအကောက်ငွေ တစ်နေ့လျှင် ပျမ်းမျှဝင်ငွေ ၁၅ သိန်းကျပ်ဝန်းကျင်ရရှိနေသည်ဟုလည်း နှင်းစုံရွာအခြေစိုက် နယ်ခြား စောင့် တပ်ဖွဲ့အရာရှိတစ်ဦးနှင့် နီးစပ်သူတစ်ဦးပြောကြားချက်အရ သိရသည်။

“နှင်းစုံရွာလောင်းကစားဝိုင်းတွေမှာ မြင်းဆေးတွေကိုလည်း ဝယ်လို့ရတယ်၊ သူ့အဆက်အသွယ်နဲ့သူပေါ့၊ တခြားမှာဝယ်ရင် ရဲတို့ကိုသတိ ထား နေရတယ်” ဟု လမိုင်းမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းရှိ လူငယ်အတော်များများသည် မူးယစ်စိတ်ကြွ ဆေးဝါးဖြစ်သည့် ရာဘ(ခေါ်) မြင်းဆေးအပြင် ဘိန်းစာရွက်များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေ သည်ကိုလေ့လာတွေ့ရှိရသဖြင့် မွန်ပြည်သစ်ပါတီက မူးယစ် ဆေးဝါးနှိမ်နင်းရေးအစီအစဉ်များ ချမှတ်အကောင်အထည်ဖေါ်နေသည်ကို တွေ့ရှိနေရသည်။

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ အရာရှိတစ်ဦးက “မူးယစ်ဆေးဖြန့်တဲ့ နေရာတွေဟာ လောင်းကစားဝိုင်းတွေ ရှိ တဲ့နေရာတိုင်းလိုလိုမှာ ဖြစ်နေတယ်၊ သံဖြူဇရပ်မြို့နယ်က လောင်းကစားဝိုင်း၊ ကော့ဘိန်း ကော့ပေါက်က လောင်းကစားဝိုင်းတွေမှာ အလား တူဖြစ်ပေါ်နေတယ်” ဟု ပြောသည်။

လက်နက်ချအလင်းဝင်အဖွဲ့အစည်းများနှင့် နယ်ခြားစောင့်တပ်ဖွဲ့အချို့သည် ၄င်းတို့ရပ်တည်နိုင်ရေးအတွက် လောင်းကစားဝိုင်းဖွင့်လှစ် ကာ တဖက်တလမ်းမှရံပုံငွေရှာဖွေနေကြသည်ဟု ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ပေါ်လာပြီး လက်နက်ချအလင်းဝင်များလည်း အဖွဲ့အစည်းကဲ့သို့ရပ်တည်ပြီး ဒေ သ တွင်းလက်နက်များကိုင်ဆောင်သွားလာနေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ရခိုင်အမျိုးသမီးများ အခွင့်အရေးရရှိရေး မြေပုံမြို့ အမျိုးသမီးများ ကွန်ယက်ဖွဲ့စည်း

မိုးဇော်

ရခိုင်ပြည်နယ် မြေပုံမြို့၌ ခေတ်အဆက်ဆက်ဆုံးရှုံးနစ်နာနေသော ရခိုင်အမျိုးသမီးများ၏ ဘ၀လုံခြုံရေးနှင့် အမျိုးသမီးအခွင့်အရေးများ ကို ပြန်လည်ရရှိစေရေးအတွက် ဒေသခံအမျိုးသမီးများက ကွန်ယက်တစ်ခု ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

အမျိုးသမီးများအတွက် တရားဥပဒေနှင့် သင့်လျော်သောရပိုင်ခွင့်များကို အမျိုးသမီးများအပြည့်အ၀ ရရှိစေရေးအတွက် ကြိုးပမ်းဆောင် ရွက် ရန်၊ ယခု ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသော ပြဿနာများတွင် ရခိုင်အမျိုးသမီးများ တစ်ဖက်တစ်လမ်းမှ ပူပေါင်းပါဝင် ကူညီ ဖြေရှင်း ပေးရန်၊ မြေပုံမြို့နယ်အပါအ၀င် ရခိုင်ဒေသ၌ အဘက်ဘက်က နိမ့်ကျလျှက်ရှိသော စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသော အခြေခံလို အပ်ချက်များ ဖွံ့ဖြိုးတိုးတတ်အောင် တစ်ဖက်တစ်လမ်းမှပါဝင်ဆောင်ရွက်နိုင်ရန်နှင့်ရခိုင်ပြည်နယ်နှင့်အခြားဒေသများရှိအမျိုး သမီးကွန်ယက် များနှင့် ပူးပေါင်းကာ မြေပုံမြို့နယ်အပါအ၀င် ရခိုင်ပြည်နယ်အရေး ကိစ္စမှန်သမျှကို လိုအပ်သလို ပူးပေါင်းဆောင်ရွက် ရန် စသောရည် ရွယ် ချက်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

" အခုလို ရခိုင်ပြည်အရေးနှင့် ပတ်သတ်ပြီးတော့ အမျိုးသမီးများလည်း တစ်ဖက်တစ်လမ်းက ပူး ပေါင်းပါဝင်ဆောင်ရွက်လာတဲ့အတွက် ကျ နော်တို့က ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ပါတီက ရခိုင်ပြည်အရေးနှင့် ပတ်သတ်ပြီးတော့ အစစအရာရာအားလုံးကို လိုက် မလုပ်နိုင်ပါဘူး။ ဒါကြောင့် ရခိုင်ပြည်မှာ လူမှုကွန်ယက်တွေ အားကောင်းလာဖို့ဟာ ကို ကျနော်တို့က လိုလားပါတယ်။ ပါတီဆိုတာကလဲ ရခိုင် ပြည်ရဲ့ အကျိုးကို ဦးစားပေးလုပ်နေရတာဖြစ်တယ်။ ဒါပေမယ့် လူထုလူတန်း စားအားလုံး ပါဝင်နိုင်အောင် စည်းရုံးလာဖို့အတွက်က ပါတီအ နေနဲ့ အများကြီးကြိုးပမ်းရပါဦးမယ်။ အဲဒီအတွက်ကြောင့် ပါတီမဟုတ်ဘဲနဲ့ သီးခြားလူမှုရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကွန်ယက်တွေက ကိုယ်အ မျိုးသားရေးအတွက် လုပ်ဆောင်လာတဲ့အတွက် ပါတီအနေနဲ့ ကြိုဆို ပါတယ်။ လူမှုအဖွဲ့အစည်းတွေ ကွန်ယက်တွေက ပူးပေါင်းပါဝင်လုပ် ဆောင်လာမှ ပါတီတွေလည်းအားကောင်းလာမယ်၊ ပြည်သူလူထု တွေ လည်း စည်းရုံးလာကြမယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေကို ကြိုဆို ပါတယ်။ " ဟုမြေပုံမြို့ ရခိုင်တိုင်းရင်းသား များ တိုး တက်ရေးပါတီ(RNDP) မှ ဦးဖေသန်းက ရခိုင်ပြည်အတွင်း ပေါ်ပေါက်နေသော လူမှုအဖွဲ့အစည်းများ အားလုံးကို ကြိုဆိုလိုက်ကြောင်း ပြောဆို ခဲ့ခြင်းဖြစ်သည်။

မြေပုံမြို့ အမျိုးသမီးများ ကွန်ယက်သည် ရခိုင်ပြည်အတွင်း အခြားအမျိုးသမီးများကွန်ယက်၊ ပါတီ၊ လူငယ်များကွန်ယက်၊ လူမှုကွန်ယက် စ သောအဖွဲ့ပေါင်းစုံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်ကိုလည်း သိရသည်။

သီရိမင်္ဂလာကျောင်းမှ ဆရာတော် သိရောမဏိနှင့် မြို့မိမြို့ဖများတို့ ဦးဆောင်မှုဖြင့် မြေပုံမြို့ မြို့ပေါ်ရပ်ကွက် (၉)ခုမှ တစ်ရပ်ကွက်က အ မျိုး သ မီးကိုယ်စားလှယ်(၅)ဦးကျစီနှင့် အားလုံး အမျိုးသမီး(၄၅)ဦးနှင့် မြေပုံမြို့ အမျိုးသမီးများ ကွန်ယက်ကို ဒီဇင်ဘာလ ၂၈ ရက် မနေ့က နေ လည်(၂)နာရီတွင် သီရိမင်္ဂလာတောင်ကျောင်း၌ ဖွဲ့စည်လိုက်ခြင်းဖြစ်သည်။

မြေပုံမြို့၏ လက်ရှိအခြေအနေကိုလည်း RNDP မှ ဦးဖေသန်းက ဆက်လက်၍ " ကျနော်တို့ မြေပုံမြို့အနီးအနားမှာရှိတဲ့ ဘင်္ဂလီတွေကို အာ ဏာပိုင်တွေက မြေပုံမြို့နဲ့နီးတဲ့ တစ်နေရာမှာ ဒုက္ခသည်စခန်းဖွင့်ပြီးထားဖို့ ဆန္ဒရှိကြပါတယ်။ မြို့နဲ့နီးတဲ့အတွက် မြို့ပေါ်မှာရှိတဲ့ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေဟာ နောက်ထပ်ပြဿနာ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဘင်္ဂလီ တွေကလည်း စိုးရိမ်ကြပါတယ်။သူတို့ကအဲဒီနေ ရာမှာ မနေချင်ကြပါဘူး။ တခြားနေရာကို ပို့ပေးဖို့ကိုလည်း တောင်းဆိုထားတာကို တွေ့ရပါတယ်။ " ဟု မြေပုံမြို့၏ လက်ရှံကြုံတွေ့နေရသော ဘင်္ဂလီများနှင့် ရခိုင်များအကြား အခက်အခဲကို ပြောသွားခဲ့သည်။

မြေပုံ မြို့သူမြိုသားများက ဘင်္ဂလီများနှင့် အတူယှဉ်တူ၍ မနေလိုဟု သက်ဆိုင်ရာတာဝန်ရှိသူများထံတွင် တင်ပြထားပြီး၊ သံဃာတော် များ၊ မြို့မိမြို့ဖများကလည်း ရခိုင်ကျေးရွားများနှင့် ဝေးကွာသော တခြားနေရာဒေသများသို့ ဘင်္ဂလီများအား ပြောင်းရွှေ့ပေးမှုကို လိုလား နေကြ သော် လည်း အာဏာပိုင်များက မူလနေရာတွင် နေရာချထားရန်လုပ်ဆောင်နေကြောင်း သိရှိရသည်။