Saturday, August 22, 2015

ယနေ့ မြန်မာ့ရေးရာသတင်းများ August, 22nd,2015

( 10 )နယ်သာလန် ပညာရှင်များ ညောင်တုန်းမြို့ ရေဘေးကာကွယ်ရေးတာတမံ ကြံ့ခိုင်ရေးကို လေ့လာ

( 9 )Myanmar Lawmakers to Vote on Recall Bill Amid Political Turmoil

( 8 )ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး ၃ လသက်တမ်းတိုး

( 7 )Mandalay attacks same-sex couples

( 6 )ရေဘေးသင့် ရခိုင်ပြည်သူများကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ရန် လိုအပ်

( 5 )Kirin buys stake in Myanmar beer firm

( 4 )ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များမှ မသန်စွမ်းသူများကို ကူညီထောက်ပံ့မည့် သုံးနှစ် အစီအစဉ် စတင်

( 3 )Additional sentences for Latpadaung activists

( 2 )ထိုင်းဗုံးပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသားများ လုံးဝ ပါဝင်ခြင်းမရှိကြောင်း သံအမတ်ပြောကြား

( 1 )Govt Task Force Nabs ‘Illegal’ Materials from Flood Relief Vehicles

Friday, August 21, 2015

အမျိုးသားလွှတ်တော် အစည်းအဝေးရပ်နားမည်

ဦးလွင်

အမျိုးသား လွှတ်တော် အစည်းအဝေးကို ရပ်နားမည် ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်တွင် ကျင်းပနေ သည့် အမျိုးသားလွှတ်တော် အစည်းအဝေးမှ သိရသည်။

သြဂုတ် ၁၈ ရက်က အမျိုးသားလွှတ်တော်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒ အမှတ် ၂ မှ ကိုယ်စားလှယ် ဦးကြည်ထွန်းနှင့် စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာ ဝင်းမြင့်အောင် က အစည်းအဝေးရပ်နားပေးပါရန် အရေးကြီး အဆိုကို တင်သွင်းခဲ့ရာ လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် သြဂုတ် ၁၉ တွင် ဆွေးနွေးခဲ့ရာ ထောက်ခံသူများ၍ အနိုင်ရခဲ့သည်။

အဆိုကို လှို့ဝှက်ဆန္ဒပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရာ ကန့်ကွက်သူ ၃၄ ဦး၊ ထောက်ခံသူ ၁၂၈ ဦး ကြားနေသူ ၁၄ ဦး ဖြစ်၍ အမျိုးသားလွှတ်တော်အစည်း အဝေးရပ်နားပေးပါရန် အဆို အတည်ဖြစ် ခဲ့သည်။

ယင်းအဆိုအား အမျိုးသားလွှတ်တော်လွှတ်တော်တွင် သြဂုတ် ၁၉ ရက်က ဆွေးနွေးရာ သြဂုတ် ၁ ၈ ရက်က ကန့်ကွက်မဲ ပေးခဲ့သည့် ဦးဖုန်းမြင့် အောင် တစ်ဦးသာ ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုတွင် ဦးဖုန်းမြင့်အောင်က လွှတ်တော်ကိုယ်စား လှယ်များသည် ရွေးကောက်ပွဲကို ဖြတ်သန်း ပြီး၍ လွှတ်တော် ထဲသို့ ရောက် ရောက်လာခြင်း ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အတွေ့အကြုံ များ ကြောင်း ယင်း အတွက် စိုးရိမ်စရာ မလို ကြောင်း၊ ရေဘေးသည်လည်း အမျိုးသားလွှတ်တော် ရပ်လိုက်သည့်အတွက် ဝုန်းကနဲ ကျသွားမည်မဟုတ်ကြောင်း အမျိုးသားလွှတ်တော် အစည်းအဝေးရပ် နားပေးပါရန် အဆိုသည် အကျိုး ကြောင်း ဆီလျော်မှု မရှိကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

ဦးကြည်ထွန်းက ရေဘေးဒုက္ခသည်များအား ကာကွယ်ရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အနီးကပ် လုပ်ဆောင် ပေးနိုင်ရန် နှင့် ၂၀၁၅ ခု နှစ်ပါ တီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဆောင်ရွက်ရန် ရှိသည်များ လုပ်ဆောင် နိုင်ရန်အတွက် အမျိုးသား လွှတ်တော်အစည်းအဝေး ကို ရပ်နားပေးနိုင်ပါရန် အရေး ကြီးအဆိုကို သြဂုတ် ၁၈ ရက်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဒေါက်တာ ၀င်းမြင့်အောင်ကလည်း အလားတူ အဆိုမျိုး တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အရေးကြီးအဆို နှစ်ခု လုံးကို အမျိုးသားလွှတ်တော်ဥက္ကဌက အကြောင်းအရာ တူသည့်အတွက် လွှတ်တော်တွင် လက်ခံ ဆွေးနွေးရန်သင့်မသင့်ကို နှစ်ခု ပေါင်း၍ မတ်တပ်ရပ် မဲခွဲဆုံးဖြတ် ခဲ့ရာ ဦးဖုန်းမြင့်အောင် တစ်ဦးကသာ ကန့်ကွက်ခဲ့သည်။

ရေလွှမ်းကျေးရွာ တွေကို သွားလာရေး ခက်ခဲ


ရှောက်တောကျေးရွာက စည်ပင်သာယာဈေးမှာသန့်ရှင်းမလုပ်သေးကြောင့်ဈေးသည်လမ်းပေါ်ရောင်းချ


ချယ်ရီ အက်ဖ်အမ်က အများပြည်သူ ထိတ်လန့်စေမည့် အသံလွှင့်ချက်ပြုလုပ်မည်ကို စိုးရိမ် ဟုပြန်ကြားရေးဝန်ကြီး ဆို

ဦးလွင်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ပြဿနာများ ဖြစ်ပေါ်နေသည့် အချိန်တွင် ပါတီပူးတွဲ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရသည့် သူရဦးရွှေမန်း၏ ချွေးမ ဦးစီးလုပ်ကိုင်နေ သည့် ချယ်ရီ FM က အများပြည်သူ ထိတ်လန့်စေမည့် ဟောပြောချက်၊ အသံလွှင့်ချက်များကို ထုတ်လွှင့်မည်ကို စိုးရိမ် သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

၎င်းက သြဂုတ် ၁၈ ရက် နေ့လယ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမ အပြင် ဘက်၌ မီဒီယာများအား ရှင်းလင်းရာတွင် ပြောကြားခြင်း ဖြစ်သည်။

၎င်းက “ချယ်ရယ်ရီ FM နဲ့ ဖြစ်တဲ့ကိစ္စမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ပါတီတွင်းမှာ ဒီလို ပါတီတွင်းရေးရာ ကိစ္စဖြစ်နေတဲ့ အချိန်မှာ ချယ်ရီ FM ကနေ တစ်ဆင့် တစ်စုံတစ်ယောက်ကနေ ဖြစ်ဖြစ် သူရဲ့ ဝန်ထမ်းတွေကနေဖြစ်ဖြစ် လူတွေ အထိတ်တလန့် ဖြစ်စေမယ့် ဟောပြောချက်တွေ အသံလွှင့်ချက်တွေ လုပ်လိုက်မှာကို စိုးရိမ်တာ” ဟု ပြောသည်။

ထို့ပြင် ချယ်ရီ FM သည် သူရဦးရွှေမန်း၏သား ဦးတိုးနိုင်မန်း၏ ဇနီး လုပ်ကိုင်နေကြောင်း ၊ ဦးတိုးနိုင်မန်းသည်လည်း ပြည်ထောင်စုလွှတ်တော် နာယကကြီး၏ အားကိုးရသည့်သား ဖြစ်သည့် အပြင် ဦးတိုးနိုင်မန်း ကိုယ်တိုင်ပင်လျှင် ပြည်သူ့လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဖြစ်နေသောကြောင့် မလိုလားအပ်သည့် ကိစ္စများဖြစ်လာ မည်ကို စိုးရိမ်သည့်အတွက် ညှိနေသည့် သဘောရှိသည်ဟုလည်း ပြောသည်။

ချယ်ရီ FM က အစိုးရလိုချင်သည့် အဓိကအချက် နှစ်ချက်ဖြစ်သော မလိုလားအပ်သည့် ထုတ်လွှင့်မှုများ မထုတ်လွှင့်ရန်၊ ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲကာလတွင် အစိုးရ ချမှတ် ထားသည့် စည်းကမ်းအတိုင်း လုပ်ဆောင်နိုင်မည့် အစီအစဉ်များကို အစိုးရထံ ပို့ထားကြောင်းလည်း ဝန်ကြီးက သတင်းထောက်များအား ပြောသည်။

ချယ်ရီ FM တင်ပြချက်များကို လေ့လာသွားမည် ဖြစ်ပြီး ဆက်လက် ထုတ်လွှင့်ခွင့် ပြုမပြုကို ဆုံးဖြတ်သွားမည်ဟုလည်း ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံရေး အခြေအနေအရလည်းကောင်း၊ စာချုပ်နှင့် ကျင့်ဝတ်အရလည်းကောင်း နှစ်ဦးနှစ်ဖက် နစ်နာမှုများ ရှိနိုင်သောကြောင့် Cherry FM ထုတ်လွှင့်မှုကို အချိန်သုံးလကြာ ရပ်နားရန် နှစ်ဦးနှစ်ဖက် သဘောတူထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက မဇ္ဈိမကို ပြော ထားသည်။

ချယ်ရီ FMသည် ပြီးခဲ့သည့် ရက်ပိုင်းက အာဏာရပါတီ၏ ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချခံလိုက်ရသည့် သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ် ဦးဆောင်လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

ဂျပန်ရောက် မြန်မာ ပရဟိတလူငယ်လေးတွေ စုစည်းပြီးမြန်မာရေးဘေးအတွက်အလှူခံ


ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်မရခဲ့ရင် ညွှန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ပေါက်လာဖွယ်ရှိ


အာရှလမ်းမကြီးပေါ် ကုန်တင်ကားများ ပြေးဆွဲမှု ခေတ္တပိတ်ထား

ကျော်ခ

ကရင်ပြည်နယ် မြဝတီမြို့နှင့် ကော့ကရိတ်မြို့ အကြားရှိ အာရှလမ်းမသစ်ကြီးပေါ်၌ ကုန်တင်ယာဉ်ကြီးများ ပြေးဆွဲနေမှုအား ယခုလ ၁၇ ရက်မှ စတင် ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ကုန်တင်​ကားပဲ ပိတ်​တာ။ ဆောက်​လုပ်ရေးက ပိတ်​တာပါ”ဟု အာရှလမ်းမကြီးကို လုံခြုံရေးယူပေးနေသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က ဧရာဝတီကို ပြောသည်။

အာရှလမ်းမသစ်င်္ကြီးကို မကြာခင် လမ်းသစ်ဖွင့်ပွဲ ပြုလုပ်မည်ဖြစ်သဖြင့် လမ်းပိုင်းတချို့အား အပြီးသပ် ပြင်ဆင်ရန်နိုင်ရန် လမ်းဖွင့်ပွဲ မတိုင်ခင် အချိန်အတိုင်းအတာ တခုအထိ ယာဉ်ကြီးများ ဖြတ်သန်းမှု ရပ်ဆိုင်းထားပေးရန် အဆိုပါ လမ်းမကြီးကို ဖောက်လုပ်နေ သည့် ထိုင်းကုမ္ပဏီ See Sang Karn Yotah က အခုလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ကရင်ပြည်နယ် အစိုးရကို စာပို့ တောင်းဆိုထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အာရှလမ်းမကြီးပေါ်တွင် ကုန်တင်ကားများ ဖြတ်သန်းမောင်းနှင်ခွင့်ကိုသာ ပိတ်ပင်ထားခြင်းဖြစ်ပြီး ခရီးသည်တင် ကားသေးများကို ဖြတ်သန်းခွင့်ပြုထားကြောင်းနှင့် ခေတ္တပိတ်ထားစဉ် ကာလအတွင်း ကုန်တင်ကားများကို လမ်းဟောင်းအတိုင်း (ဒေါနတောင်ပေါ်လမ်း) သယ်ဆောင် မောင်းနှင်ခွင့်ပြုထားသည်ဟု သိရသည်။

အာရှလမ်းမကြီးကို နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူများက ယခုလကုန်ပိုင်းတွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည်ဟု ကရင်ပြည်နယ် အစိုး ရ နှင့် နီးစပ်သူများက ပြောဆိုနေကြသော်လည်း ကရင်ပြည်နယ် အစိုးရက ရက်အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

အဆိုပါ လမ်းမကြီးကို နှစ်နိုင်ငံ အစိုးရက ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် ဖွင့်လှစ်ရန် မူလက သတ်မှတ်ခဲ့သော်လည်း လုံခြုံရေးနှင့် လမ်းပိုင်းပြင်ဆင်မှု မပြီးပြတ်သေးသဖြင့် ရွှေ့ဆိုင်းထားခဲ့ရသည်ဟု ကရင်ပြည်နယ် အစိုးရက ပြောဆိုထားသည်။

အာရှလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂ ရက်က စတင်ပြီး အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ခေတ္တပိတ်လိုက်ရပြီး ခရီးသည် သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ ခေတ္တရပ်ဆိုင်း ခဲ့ရသည်။

တပတ်အကြာတွင် ထိုလမ်းမကြီးကို တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)တို့က ထိန်းချုပ်လိုက်ပြီးနောက် ပြန် လည်ဖွင့်ပေးခဲ့ပြီး လမ်းဟောင်းဘက်မှ သွားလာနေကြသည့် ကုန်တင်ယာဉ်ကြီးများကိုပါ ဖြတ်သန်းခွင့် ပြုခဲ့သည်။

မြဝတီ-ကော့ကရိတ် လမ်းကြောင်းသည် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး၏ အဓိက လမ်းကြောင်းပေါ်တွင် တည်ရှိပြီး နှစ်နိုင်ငံ ကုန်စည်ကူးသန်းရာတွင် အဆိုပါ မြို့နှစ်မြို့အကြားရှိ အာရှလမ်းမကြီးပေါ်မှသွားလျှင် ကားဖြင့် ၄၅ မိနစ်ခန့်သာ ကြာမြင့်ပြီး ယခင် လမ်းဟောင်းမှသွားလျှင် ၃ နာရီခန့် ကြာမြင့်သည်။

နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး နှင့် ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီမှ အကြံပြု

ဇော်ခမ်းဟိန်း

တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား အရပ်ဘက်လူမှု အဖွဲ့အစည်းများဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီက သြဂုတ်လ ၁၇ ရက်နေ့တွင် အကြံပြုတိုက်တွန်းစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အကြံပြုတောင်းဆိုချက်များမှာ (၁) လက်မှတ်မထိုးမီ အများပြည်သူ နားလည်သဘောပေါက်အောင် သက်ဆိုင်သော အဖွဲ့အစည်း အသီးသီးက ပွင့်လင်းမြင်သာစွာ ရှင်းလင်းဆွေးနွေးပြီးမှ လက်မှတ် ရေးထိုးရန်၊ (၂) အားလုံးပါဝင်သော နိုင်ငံရေးမူဘောင်ဆွေးနွေးမှုကို စတင်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို ပါဝင်ခွင့်ပြုရန်၊ (၃) အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများရှိနေခြင်းသည် လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆန့်ကျင်သောလုပ်ရပ်များ ဖြစ်သည့်အတွက် အမြန်ဆုံးရပ်တန့်ရန်နှင့် အရေးယူဆောင်ရွက်မှု များပြုလုပ်ရန်၊ (၄) တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးရသော ဒေသခံပြည်သူ များအတွက် လုံခြုံမှုနှင့် အခြေခံစားဝတ်နေရေးလို အပ်ချက်များအတွက် အကူအညီအထောက် အပံ့များရရှိရေး ချွင်းချက်မရှိ ဆောင်ရွက်ပေးရန်၊ (၅) ရင်းနှီးမြုပ်နှံမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို တိုးချဲ့လုပ် ကိုင်နေခြင်း များသည် သဘောတူစာချုပ် ချုပ်ဆိုနိုင်မှုမပြုနိုင်သေးမီ လုပ်ကိုင်ခြင်းမပြု သေးပဲ ဆိုင်းငံ့ထားရန်တို့ဖြစ်သည်။

''ဒီကြေညာချက်က ကွန်တော်တို့ရပ်တည်ချက် ယုံကြည်ချက်ကို ပြောတာပါ။ CSO တွေတင်မကပါဘူး။ ဒေသခံပြည်သူတွေကို မေးမြန်းထားတာတွေ ပါဝင်တယ်။'' ဟု အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖိုရမ်ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီဝင် ဦးအောင်မျိုးမင်း (ညီမျှခြင်းမြန်မာ) က မဇ္ဈိမသို့ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်ချက်ကို လက်ခံကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က အစိုးရနှင့် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ကြောင်း သြဂုတ် ၁၇ ရက်က ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။

ပွင့်လင်းမြင်သာ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ် အကောင်အ ထည်ဖော်နိုင်ရေးအတွက် နိုင်ငံတကာအထောက်အပံ့ရံပုံငွေနှင့် နည်းပညာအကူအညီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပိုမိုအကျိုးပြုခြင်းရှိ/မရှိ စနစ်တကျမှတ်တမ်းတင် စောင့်ကြည့်လေ့လာနိုင်မည့် နိုင်ငံတကာနှင့် ဒေသတွင်း စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖွဲ့စည်းလုပ်ဆောင်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီက တင်ပြတောင်းဆို ချက်တွင်ဖော်ပြထားသည်။

ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူတွေ လုပ်အားပေး ပါဝင်စေခိုင်ခြင်း ရှောင်ကြဉ်ရန်အဆို ရှုံးနိမ့်


မြစ်ရေတင်စီမံကွန်းကြောင့် လယ်မဲ့သွားတဲ့ လယ်သမားများ ဟသာင်္တမြို့ဆန္ဒပြပွဲ


NCA လက်မှတ်ထိုးပြီးပါက စစ်ရှောင် ဒုက္ခသည်များကို ကူညီစောင့်ရှောက်မည်ဟု ဆို

နန်းလွင်နှင်းပွင့်

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုပြီးပါက တိုင်းရင်းသား ဒေသများရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လူ့အခွင့်အရေးနှင့်အညီ ပူးပေါင်း စောင့်ရှောက်သွားမည်ဟု သိရသည်။

သမ္မတရုံး သတင်းနှင့် ပြန်ကြားရေး ၀န်ကြီးဌာနက သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည့် NCA ၏ အခန်း(၃) ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ ခေါင်းစဉ်အောက်တွင် စစ်ဘေးဒဏ်ခံ ပြည်သူများကို စောင့်ရှောက်မည့် ကတိက၀တ် ပါရှိလာခြင်း ဖြစ်သည်။

ထိုသို့ စစ်ဘေးရှောင် ဒုက္ခသည်များအား အစိုးရက ကူညီထောက်ပံ့မည့် အစီအစဉ်နှင့်ပတ်သက်ပြီး တိုင်းရင်းသားတို့၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) ခေါင်းဆောင် ပဒိုနော်ဇီဖိုးရာစိန်က NCA စာချုပ်အပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အတွက် အချိန်ကာလ ကြာမြင့်မည် မဟုတ်ကြောင်း ပြောဆိုသည်။

“တကယ်လို့ NCA ချုပ်ပြီးရင်တော့ ပြန်လည်နေရာချထားရေး ကိစ္စတွေက သိပ်မကြာပါဘူး။ ကျမအထင် NCAချုပ်ပြီး တလ၊ နှစ်လ နေတာနဲ့ အကောင်ထည် ဖော်ကြမယ်လို့ မျှော်လင့်ပါတယ်”ဟု နော်စီဖိုးရာစိန်က ဧရာဝတီကို ပြောသည်။

NCA စာချုပ်တွင် ပြည်သူများနှင့် ပတ်သက်သည့် ကတိက၀တ်များ၌ NCA စာချုပ် ချုပ်ဆိုပြီးပါက စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီပြီး လိုအပ်ပါက ရွာသစ်များ တည်ထောင်၍ ဒုက္ခသည်များဘ၀ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ပေးမည်ဟု ပါရှိသည်။

အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကချင်ပြည်နယ်တွင် စစ် ဘေးရှောင် ဒုက္ခသည် တသိန်းခွဲကျော် နှင့် ရှမ်းပြည်နယ်တွင် နှစ်သောင်းကျော်ရှိကြောင်း ဒုက္ခသည်စခန်းများ၏ စာရင်းများ၌ ဖော်ပြ ထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကရင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်များ ရှိသော်လည်း နယ်စပ်ရှိ ကုလသမဂ္ဂ(UN) က အကူအညီ ပေးထားသည့် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များစာရင်း မပါရှိပေ။ ဒုက္ခသည် အများစုသည် UN ၏ ထောက်ခံချက်ဖြင့် တတိယနိုင်ငံသို့ ရောက်ရှိ အခြေချသွားကြသူများလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် နှင့် ထိုင်းနယ်စပ်တွင် ဒုက္ခသည် စခန်း ၆ ခု ရှိပြီး ဒုက္ခသည်ဦးရေ ၇ သိန်းဝန်းကျင် ရှိသည်ဟုလည်း ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ (KNUPC) မှ တာဝန်ရှိသူများ ပြောသည်။ ထိုဒုက္ခသည်စခန်းများသည် လူအ၀င်အထွက် အမြဲရှိနေသဖြင့် စာရင်းများ အတိအကျ မဟုတ်ဟုလည်း ဆိုသည်။

KNUPC မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောကျော်စွာက“NCA ထိုးပြီးရင် ဒုက္ခသည်တွေကို နေရာပြန်ပေးဖို့ ဆိုပြီး အစိုးရနဲ့ KNU က မြေ တွေ ဖယ်ထားတာရှိတယ်၊ တမိသားစုကို ၁၀ ဧက လောက်ပေါ့၊ ဒါပေမယ့်ပြဿနာက အဲ့ဒီမြေတွေမှာ ဒေသခံမြေတွေပါနေတယ်”ဟု ဧရာဝတီကို ပြောသည်။

NCA စာချုပ်တွင် ပြည်တွင်းမှ ထွက်ပြေး တိမ်းရှောင်သွားသူများကိုပါ နေရပ်သို့ လူ့ဂုဏ်သိက္ခာနှင့်အညီ ပြန်လာနိုင်ရန် ပြန်လည် နေ ရာ ချထားရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

ထို NCA စာချုပ်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က“အချက်တွေ ထပ်လိုပါသေး တယ်။ စစ်ဘေးရှောင်တွေ နေရပ်ပြန်မယ်ဆို သူတို့ရဲ့ လယ်ယာမြေတွေ အိုးအိမ်တွေ အားလုံးပြန်စီစဉ်ပေးဖို့ လိုတယ်။ ဘ၀အာမခံချက်တွေပေးပြီး NCA လည်း ပြန် ဖောက်ဖျက်တာတွေ မလုပ်ဖို့ လိုပါတယ်”ဟု ပြောဆိုသည်။

NCA စာချုပ်တွင် ပြည်သူလူထု နေထိုင်ရာ အနီးတွင် တပ်စခန်းများ ချခြင်း၊ ကလေးစစ်သား စုဆောင်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ရပ်ရွာများအတွင်း လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခြင်းတို့ကို နှစ်ဖက်တပ်များက ပြုလုပ်ခွင့် မရှိကြောင်းလည်း ထည့်သွင်းရေးသားထားသည်။

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) က NCA စာချုပ် ချုပ်ဆိုပြီးပါက စာချုပ်ပါ အချက် အလက်များကို ၂၄ နာရီ အတွင်းမှ စ၍ အသက်ဝင် ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။

NCA ချုပ်ဆိုပြီးပါက လုပ်ဆောင်ရမည့် ပစ်ခတ်မှု ပြန်လည် မဖြစ်ပွားရေး၊ စစ်ဘက်ဆိုင်ရာ လိုက်နာရမည့် ကတိက၀တ်များ မဖောက်ဖျက်ရေးနှင့် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ကော်မတီ အသီးသီးဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

NCA စာချုပ်မူကြမ်းကို ၂၀၁၃ ခုနှစ်တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား တို့၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့က ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅ခုနှစ် သြဂုတ်လ ၇ ရက်တွင် အပြီးသတ် သဘောတူခဲ့ကြသည်။

NCA စာချုပ်ပါ အချက်အလက်များသည် ညှိနှိုင်းပြီး ဖြစ်သော်လည်း စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် လက်မှတ်ထိုးရေးကို အစိုးရက လက်မခံသေးသဖြင့် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်။

ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ကိုးရာနီးပါးရှိ

ကမ္ဘောဇတိုင်း/မဇ္ဈိမ

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းကြရာ စုစုပေါင်း ကိုးရာနီးပါး ရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ စာရင်းများ အရသိရသည်။

ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၁၄ ရက်အထိ ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းလွှာများကို လက်ခံခဲ့ရာ ပြည်သူ့လွှတ်တော် အတွက် ၂၆၃ ဦး၊ အမျိုးသား လွှတ်တော် အတွက် ၆၁ ဦး၊ ရှမ်းပြည်နယ် လွှတ်တော် အတွက် ၅၁၆ ဦး၊ တိုင်းရင်းသား လူမျိုးစု အတွက် ၃၇ ဦး ဖြစ်ပြီး စုစုပေါင်း ၈၇၇ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုများအရ အများဆုံး မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်၌ ၁၂ ဦး၊ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ နှင့် ၄ တို့၌ ရှစ်ဦးစီ၊ ရှမ်းပြည်နယ်လွှတ်တော် တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ၌ ၁၀ ဦး၊ တိုင်းရင်းသားလူမျိုးစုအတွက် လီဆူတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ရှစ်ဦးတို့ရှိသည်။

ချင်းပြည်နယ်မတူပီမြို့ကို ၈၈ ဆန်အိတ်တွေလှူဒါန်း


လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း


ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး တတိယအကြိမ် ရက် ၉၀ ထပ်တိုး

နန်းလွင်နှင်းပွင့်

အစိုးရ တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ကိုးကန့်အဖွဲ့(MNDAA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို တတိယအကြိမ် စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့် လိုက် ကြောင်း သိရသည်။

နေပြည်တော်၌ ယနေ့ကျင်းပသည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသကို တတိယအကြိမ် စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်ရန် နိုင်ငံတော် သမ္မတအမိန့်ဖြင့် ကာကွယ်ရေး ၀န်ကြီး ဌာန က အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အမတ် ၅၂၉ ဦးက မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၇၃ မဲ၊ ကန့်ကွက်မဲ ၂၇ မဲ ဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယခုတိုးမြှင့်လိုက်သည့် တတိယအကြိမ် စစ်အုပ်ချုပ်ရေး ကာလမှာ နိုဝင်ဘာ ၁၆ ရက်မှသာ ပြီးဆုံးမည် ဖြစ်သည်။

ထို့ကြောင့် ရွေးကောက်ပွဲ ကျင်းပချိန်တွင် စစ်အုပ်ချုပ်ရေး ကာလအတွင်း ကျရောက်နေမည် ဖြစ်သဖြင့် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ် မဖြစ်ကို စိုးရိမ်စရာ ရှိနေသည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောဆိုကြသည်။

ရခိုင်အမျိုးသားပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က “စစ်အုပ်ချုပ်ရေးစနစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လို မှ မဖြစ်သင့်ဘူး။ ဒီအမိန့်ကို ရုပ်သိမ်းပြီးမှ ရွေးကောက်ပွဲ လုပ်ဖို့လိုတယ်။ ဒီမိုကရေစီကို ဖီလာဆန့်ကျင်တယ်။ စစ်အုပ်ချုပ်ရေး ကာ လ မှာ ကျင်းပတယ်ဆိုတာ မဲတွေက စိုးရိမ်ရပါလိမ့်မယ်”ဟု ဧရာဝတီကို ပြောသည်။

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားခြင်းကြောင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို လောက် ကိုင် ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦးက တာဝန်ယူထားကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက“စစ်အုပ်ချုပ်ရေး ကာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကတော့ မဲတွေ စိုးရိမ်ရတာမျိုးတော့ ရှိနိုင်တယ်။ အုပ်ချုပ်တဲ့သူပေါ် မူတည်တယ်။ အဲဒီဒေသ လူတွေအနေနဲ့ ညှိနှိုင်းပြီး နားလည်မှုယူဖို့ လိုမယ် ထင် ပါတယ်”ဟု ပြောဆိုသည်။

ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလော်ဆင်ကွမ်းကမူ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် စစ်အုပ်ချုပ်ရေးကာလ တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ မှတ်ချက်မပေး လိုကြောင်း ဧရာဝတီကို ပြောသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ အစိုးရ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပုဒ်မ ၁၄၄၊ ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ပြီးနောက်၊ ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ပြီး အရေးပေါ် အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်ချုပ်ရေး ကာလသည် မေလ ၁၇ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း အခြေအနေ မတည်ငြိမ်သေးသဖြင့် ကာကွယ် ရေး ၀န်ကြီးဌာနက အဆိုတင်သွင်း၍ ဒုတိယအကြိမ် ရက်ပေါင်း ၉၀ ထပ်မံ တိုးမြှင့်ခဲ့ပြီးနောက် ယခု တတိယအကြိမ် ထပ်မံတိုးမြှင့်ခြင်း ဖြစ်သည်။

MNDAA သည် အစိုးရဖော်ဆောင်နေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) ဆွေးနွေးပွဲတွင် ပါဝင်လိုသဖြင့် တဖက် သတ် စစ်ရပ်စဲလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ယခုနောက်ပိုင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားကာ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်ဟု MNDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ဧရာဝတီကို ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ရှိလွှတ်တော်တွင် ပြဌာန်းမည်ဟု သူရဦးရွှေမန်းပြော

မင်းမင်း

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ရှိကျင်းပဆဲလွှတ်တော် အစည်းအဝေးတွင် အတည်ပြုပြဌာန်းသွားမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆို လိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အမြန်ဆုံးပြဌာန်းပေးရန် အကြောင်းကြားထားသည့် အဆိုပါ ဥပဒေကြမ်းအား လက်ရှိလွှတ်တော်တွင် ပြဌာန်းနိုင်ရေး ပါဝင်ဆောင်ရွက်ကြရန်လည်း သူရဦးရွှေမန်းက လွှတ်တော်အမတ်များကို အသိပေးပြောဆိုသည်။ “ရွေးကောက်ပွဲကော်မရှင်ရဲ့ စာကို အလေးအနက်ထားတဲ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ကျင်းပဆဲ လွှတ်တော်အစည်းအဝေးကာလ အတွင်းမှာ အတည်ပြုနိုင်ရေး စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဩဂုတ် ၁၈ ပြည်ထောင်စုလွှတ်တော်တွင် သူရဦးရွှေမန်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၉၆)၊ ပုဒ်မခွဲ(ခ)အရ ရွေးကောက်ခံလွှတ်တော်အမတ် တစ်ဦးဦးအား တာဝန်မှ ရုပ်သိမ်းရန် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင် (၁)ရာခိုင်နှုန်း လက်မှတ်ရေးထိုးတိုင်ကြားနိုင်သည်ဟု ပါရှိသော်လည်း အဆိုပါ မဲဆန္ဒရှင် (၁)ရာခိုင်နှုန်းအတိုင်း ထားရှိပါက လွှတ်တော်အမတ်အချင်းချင်း၊ ပါတီများအချင်းချင်း အားပြိုင်မှုများဖြစ်ပေါ်လာနိုင်သဖြင့် သင့်တော်သည့် မဲဆန္ဒရှင်ရာခိုင်နှုန်းပြင်ဆင်ရန် ယင်းဥပဒေကြမ်းအား တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ဒီလို တစ်ရာခိုင်နှုန်းက လက်မှတ်ထိုးမယ်ဆို လုပ်ရမယ့် ကိစ္စက အများကြီး လွှတ်တော်အတွင်းမှာ ဒါမျိုးတွေ ဖြစ်နေမယ်ဆိုရင် တခြားအလုပ်တောင် လုပ်ဖို့အချိန်ရှိမှာ မဟုတ်တော့ဘူး” ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုသည်။ ယင်းဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများ ဆွေးနွေးပြီး နှစ်ရက်အတွင်း လွှတ်တော်သို့ အစီရင်ခံရန်လည်း သူရဦးရွှေမန်းက တိုက်တွန်းထားသည်။

ထောင်တွင်းပြစ်မှုတစ်ခုကျူးလွန်မှုကို ပြစ်ဒဏ်နှစ်ခုအရေးယူမှုအပေါ်သူတို့ပြောစကား


ရခိုင်ပြည်နယ်အစိုးရ၀န်ကြီးများနဲ.ပြန်လည်ထူထောင်ရေးအခြေအနေ တွေ့ဆုံမေးမြန်းခြင်း


ကျားဖြူပါတီမှ ကိုယ်စားလှယ် ၂ ဦး နုတ်ထွက်၊ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည်

နန်းဆိုင်နွမ်


လာမည့် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ(ကျားဖြူပါတီ – SNDP) ကိုယ်စားလှယ် ၂ ဦးသည် ပါတီ မှ နုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုကိုယ်စားလှယ် ၂ ဦးမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် လွိုင်လင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောသန်း တို့ဖြစ်ကြသည်။

၎င်းတို့ ၂ ဦးကို SNDP ပါတီဗဟိုက ရွေးချယ်မှု မပြုဘဲ ကိုယ်စားလှယ်လောင်း နေရာတွင် လူစားထိုး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း SNDP က ပြောသည်။

SNDP ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းအောင်မြင့်ခိုင်က“ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေကို ဗဟိုကနေ ရွေးချယ်တာ မဟုတ် ပါဘူး။ အောက်ခြေကနေ တက်လာတဲ့စာရင်းကို အခြေခံပြီး ကိုယ်စားလှယ်လောင်းတွေကို ရွေးတာဖြစ်ပါတယ်။ အဲဒီအထဲက တယောက်စ နှစ်ယောက်စတော့ ပါလာပါတယ်။ ဒါပေမယ့် အောက်ခြေကသူတို့ကို မကြိုက်တဲ့အတွက် မတင်လာဘူး”ဟု ဧရာဝတီ ကို ပြောပြသည်။

လွိုင်လင်မြို့နယ် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစိုင်းကျော်ဇောသန်း ကလည်း ၎င်း ၀င်ရောက်ယှဉ်ပြိုင်ရမည့် လွိုင်လင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာ၌ လူစားထိုးထားသည်ကို သိရှိရ၍ တသီး ပုဂ္ဂလ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ပြောသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းကလည်း သီပေါမြို့နယ် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။

“တသီးပုဂ္ဂလ ဆိုရင်တော့ လွယ်တော့မလွယ်ဘူး။ ပါတီရှိရင်တော့ ပါတီပုံရိပ် ရှိတာပေါ့။ တသီးပုဂ္ဂလကတော့ ပုဂ္ဂိုလ်ရေး လေးစား မှုနဲ့ပါ”ဟု နမ့်စန်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းသူရိန်ဦးက ဧရာဝတီကို ပြောသည်။


စိုင်းသူရိန်ဦးသည် ယခင်က SNDP ပါတီမှ ဖြစ်ပြီး နောက်ပိုင်းတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(ကျားခေါင်းပါတီ – SNLD) သို့ ပြောင်းသွားခဲ့သူ ဖြစ်သည်။

ယခုကျင်းပနေသည့် လွှတ်တော်သက်တမ်းအတွင်း SNDP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးတို့နုတ်ထွက်ပြီး SNLDသို့ ပြောင်းသွားကြောင်းလည်း သိရ သည်။

လာမည့် ရွေးကောက်ပွဲတွင် SNDP ပါတီကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တဦးလျှင် SNDP ပါတီမှ ထောက်ပံ့ကြေးငွေ ကျပ် ၁၀ သိန်း ပေးသွားမည်ဟု သိရသည်။

နောင်လာမည့် လွှတ်တော်သက်တမ်း ၂၀၁၆-၂၀၂၀ အတွင်း လွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ရသည် ဖြစ်စေ၊ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရသည်ဖြစ်စေ တခြားပါတီ အဖြစ်သို့ ပြောင်းလဲမည် ဆိုပါက SNDP ပါတီ၏ ထောက်ပံ့ကြေးငွေ အဆ ၅၀၊ ကျပ်သိန်း ၅၀၀ ကို ပြန်လည်ပေးလျော် ရမည်ဟု ကတိကဝတ်ပြုထားကြကြောင်း SNDP ပါတီ အဖွဲ့ဝင်များက ပြောဆို သည်။

SNDP ပါတီသည် လာမည်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၂၁၀ လျာထားပြီး ရှမ်းပြည်နယ် တပြည်နယ်လုံး အပါအ၀င် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

အမြင်မတော် လုပ်ဆောင်မှုတွေရှိတဲ့ လိင်တူချစ်သူတွေကို အရေးယူမည် ဟုဆို


ကောလဟာလတွေကြောင့် ဘဏ်အပ်နှံငွေ ပြန်ထုတ်မှုတွေ ရှိခဲ့


မဲဆွယ်ရန် ရက်ပေါင်း ၆၀၊ စက်တင်ဘာ ၈ မှ နိုဝင်ဘာ ၆ ဖြစ်သည်ဟု အကြောင်းကြားထား

မဇ္ဈိမ

နိုဝင်ဘာရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှစ ၍ဆောင်ရွက်နိုင်ပြီ ဟုပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ကနိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအား အကြောင်းကြားထားသည်ဟု သိရသည်။

မဲဆွယ်ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုထားသောကြောင့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေနှင့် နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ မဲဆွယ်နိုင်မည် ဟုပြန်ကြားရေးဝန်ကြီး ဌာနက သတင်းဖော်ပြသည်။ ကိုယ်စားလှယ်လောင်းများသည် ကိုယ်ရေးအချက်အလက်၊ စွမ်းဆောင်ရည်နှင့် မူဝါဒ၊ လုပ်ငန်းစဉ်များအား ပိုစတာများ စိုက်ထူ/ချိတ်ဆွဲ/ ကြောငြာခြင်း ပြုလုပ်လိုပါကမူ သက်ဆိုင်ရာ မြို့တော်စည်ပင် သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီများ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိသည်ဟု သိရသည်။

ထို့ပြင် သတ်မှတ်ထားသည့် 'ဥပဒေ၊ နည်းဥပဒေ၊ စည်းမျည်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ' နှင့်လည်း ညီညွတ်ရမည်ဟု ဆိုသည်။ ကော်မရှင်က သတ်မှတ်ထားသည့် မဲဆွယ်စည်းရုံးခွင့် ကာလအတွင်း၌သာ ကြော်ငြာ/ ပိုစတာ စိုက်ထူ/ချိတ်ဆွဲခြင်းကို ဆောင်ရွက်ခွင့်ရှိပြီး နောက်ဆုံးရက် နိုဝင်ဘာ ၆ ရက် ည (၁၂) နာရီနောက်ဆုံးထား ၍ မဖြုတ်သိမ်းပါက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့နယ် စည်ပင်သာယာရေးကော်မတီ များနှင့်ညှိနှိုင်း ၍ဖြုတ်သိမ်း သွားစေမည်ဟု သိရသည်။

ယင်းသို့ ဖြုတ်သိမ်းခြင်းအတွက် ကုန်ကျစရိတ်အား သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းမှ ပြန်ပေးချေရမည်ဟု အကြောင်းကြားစာ ၌ဖော်ပြထားကြောင်းပြန်ကြားရေး ၀န်ကြီးဌာန ကဖော်ပြ သည်။ ထို့အပြင် ၂၀၁၅ ခုနှစ် ဇွန် ၂၆ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများအတွက် ကျင့်ဝတ် (Code of Conduct for political parties and candidates) ကို စောင့်ထိန်းလိုက်နာကြ ရန် လိုအပ်သည်ဟုလည်း ဆိုသည်။ လွှတ်တော်အသီးသီးအတွက် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲများဖြစ်စေရန် နိုင်ငံရေးပါတီ များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရာတွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ကြရမည်ဟု သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် အင်တာနက်စာမျက်နှာ၌မူ ယင်းနှင့်ပတ်သက်၍ သြဂုတ် ၁၈ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အထိ တစ်စုံတစ်ရာဖော်ပြထားသည်ကို မတွေ့ရပါ။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှု အခြေအနေမှာလည်း သြဂုတ်လ ၁၃ ရက်နေ့အထိသာ တွေ့ရှိရသည်။

ဒေါ်လာဈေးနဲ့ ဘဏ်တချို့ ကောလဟာလ ဂယက်ကြောင့် ရွှေဈေး မြင့်တက်


အမျိုးသားလွှတ်တော် ရပ်နားဖို့ မဲခွဲဆုံးဖြတ်


လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်း ဥပဒေကြမ်း ဆိုင်းငံ့

DVB

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြပြီးတဲ့နောက် ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ဥပဒေကြမ်းနဲ့ပတ်သက်လို့ ကိုယ်စားလှယ်၁၅ ဦးက ဆွေးနွေးခဲ့ကြပြီး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ ဆိုင်းထားဖို့ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက် ၂၃၅ မဲကြားနေ ၁၂ မဲရှိခဲ့ပြီး ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

လွှတ်တော်ထဲ မဲခွဲအပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-ထောက်ခံဆန္ဒမဲ များတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆက်လက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာပါတယ်”လို့ အသိပေး ပြောကြားသွားခဲ့ပါတယ်။

လွှတ်တော်တွင်း ဥပဒေကြမ်းနဲ့ပတ်သက်လို့ ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ကြရာမှာ တပ်ကိုယ်စားလှယ်တဦးနဲ့ မကွေးတိုင်းအမတ် ဦးလှဆွေတို့ နှစ်ဦးကပဲ ဥပဒေအတည်ပြုသင့်တယ်လို့ ဆွေးနွေးခဲ့ကြပြီး ကျန်ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြတယ်လို့ သီပေါအမတ် ဦးရဲထွန်းက ပြောပါတယ်။

“ဒီဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းသင့်ပါတယ်လို့ ထောက်ခံဆွေးနွေးတာက မကွေးတိုင်း မဲဆန္ဒနယ်အမှတ် ၁၂ က ဦးလှဆွေတို့၊ နောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းတို့ အဲ့ဒီလောက်ပဲ ပါပါတယ်။ ကျန်တဲ့ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အန်အယ်လ်ဒီက လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြီးတော့မှ ဒါကို ဆွေးနွေးဆောင်ရွက်သင့်တယ်ဆိုပြီးတော့ ဆွေးနွေးသွားကြပါတယ်။”

ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ သဘောထားအတိုင်း ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ ထောက်ခံသူများလို့ ဆိုင်းငံ့လိုက်တာလို့ ပြောပါတယ်။

အဓိကအားဖြင့် မဲဆန္ဒနယ်ရှိ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက ကန့်ကွက်တိုင်ကြားရင် ကော်မရှင်က စိစစ်အရေးယူနိုင်ဆိုတဲ့အချက်ကို ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာလ်ညး အလားတူ ၁ ရာခိုင်နှုန်းက ကန့်ကွက်ရင်လို့ သတ်မှတ်ထားတဲ့အတွက် ဒီဥပဒေကြမ်းအတည်ဖြစ်ဖို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။

ဥပဒေကြမ်းကို လွှတ်တော်ထံ ပြုစုတင်ပြခဲ့တဲ့ ကော်မရှင်အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ဒီတကြိမ်လွှတ်တော်မှာ ဥပဒေကြမ်းထပ်တင်ဖို့ အခွင့်အလမ်းကတော့ နည်းသွားပြီ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်ခွင့်ရှိသူ ၆၃၂ ဦး ရှိတဲ့အနက် ၅၂၄ ဦး တက်ရောက်ခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၈၂ ဒသမ ၉၁ ရာနှုန်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေရာက ဦးရွှေမန်းကို ဖယ်ရှားခဲ့တဲ့နေ့မှာပဲ ပြုစုတင်ပြတဲ့ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ထံ ၄ ကြိမ်မြောက် ပေးပို့ခဲ့တာ ဖြစ်ပြီး ကော်မရှင်ထံ တိုင်တန်းထားတဲ့ ကိုယ်စားလှယ်တွေထဲ ဦးရွှေမန်းလည်း ပါပါတယ်။

တပ်ပိုင်မြေ ကျော်နင်းမှုနဲ့ မစုစုနွေးကို ထောင်ဒဏ် ၁၅ ရက် ချမှတ်


အမျိုးသားလွှတ်တော် ရပ်နား၊ ပြည်သူ့လွှတ်တော် ဆက်ကျင်းပတဲ့ အခြေအနေ


ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ပြည်သူကို အသိပေးပြောကြားမှုမှာ ဘာတွေပြောလဲ

မဇ္ဈိမ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား..

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိစ္စရပ်နှင့် စပ်လျဉ်းပြီး ပြည်သူများ စိုးရိမ်ပူပန်မှု ရှိနေကြတာ အမှန်ပဲဖြစ်ပါတယ်။ အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကို လွှတ်တော်အတွင်း ယူဆောင်လာခြင်း မပြုစေလိုပါကြောင်း ပြောကြားလိုပါတယ်။ သို့ရာတွင် ကျွန်တော်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အလှည့်ကျ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်သလို ဤကိစ္စအတွက်လည်း တိုက်ရိုက် သက်ဆိုင်နေသည့်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို လိုအပ်သလောက်သာ အသိပေးရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။ ဤကိစ္စကြောင့် ထပ်မံပြီး ပြဿနာဖြစ် လာအောင်၊ ပြဿနာကို ပိုကြီးထွားအောင် မဖြစ်စေလိုပါ။ နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို တည်ငြိမ်ချောမွေ့စွာ ကူးပြောင်းအောင်မြင်ရေးအတွက် အထောက်အကူပြုနိုင်ရန်ကိုသာ ကျွန်တော့်အနေဖြင့် လိုလားပါသည်။ ဒီအတွက် ယခုလို ရှင်းလင်းတင်ပြရခြင်းဖြစ်ပါကြောင်း ပဏာမ ပြောကြားရပါတယ်။

ပည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား.. ဦးဌေးဦး နှင့် ကျွန်တော့်ထံသို့ လိပ်မူ၍ စာတစ်စောင် ရေးသားပေးပို့လာပါတယ်။ ထိုစာတွင် “ယခုအခါ ပါတီထိပ်ပိုင်းခေါင်းဆောင်များအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်နေခြင်း၊ ပါတီ တွင်း ဒီမိုကရေစီကျင့်သုံးမှုကို မျက်ကွယ်ပြု၍ ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန် ထမ်းဆောင်သူ တစ်ဦးတည်း၏ ဆန္ဒအရသာ ဆုံးဖြတ်ပြုလုပ်နေခြင်း၊ ပါတီ၏ရန်ပုံငွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲနေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာမှုမရှိခြင်း၊ မူလမဲဆန္ဒရှင်အချို့က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားခြင်းတို့ကြောင့် ပါတီ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်ကျဆင်းစေလျက်ရှိပြီး မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးကိုပါ ထိခိုက်လာနိုင်သဖြင့်” ဟူ၍ဖော်ပြရေးသားထားပါတယ်။ ထိုဖော်ပြချက်ပါ အကြောင်းအရာ၊ အခြေအနေမျိုး ပေါ်ပေါက်စေရန် မိမိအနေဖြင့် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း အလျဉ်းမရှိပါကြောင်း ရိုးသားစွာ တင်ပြလိုပါတယ်။ ထိုကဲ့သို့ ရေးသားဖော်ပြထားသောစာအား ကျွန်တော့်အနေဖြင့် (၁၃-၈-၂၀၁၅) ရက်နေ့က လက်ခံရရှိခဲ့ပါတယ်။ အဆိုပါစာအား စတင်လက်ခံရရှိချိန်မှစ၍ ယခု စာရေးသားချိန် အထိဖော်ပြ ပါအချက်များ ရေးသားပေးပို့မှုအပေါ်တွင် စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ဒီအတိုင်းသာထားလိုက်ပြီး နောင်မှသာ လိုအပ်ပါက ရင်ဆိုင်ဖြေရှင်းဆွေးနွေးသွားကြ မည်ဟု သဘောထားခဲ့ပါတယ်။ သို့ပါသော်လည်း ဤအတိုင်းထားလိုက်ပါက ဥပဒေသဘောအရ ဆိတ်ဆိတ် နေခြင်းသည် ဝန်ခံရာရောက်နိုင်သဖြင့် ကျွန်တော်တို့တစ်တွေ အမှားအမှန်၊ အကောင်းအဆိုးကို သုံးသပ် ဆင်ခြင်၍ ပြည်သူတွေ စိုးရိမ်သောကပူပန်မှုများဖြစ်ရခြင်း၊ တိုင်းပြည်အတွက်လည်း ရင်မအေးဖွယ်ဖြစ်ရခြင်းတို့မှ ကင်းဝေးစေပြီး၊ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် စဉ်းစား သုံးသပ် ဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟု ယူဆပါ၍ ယခုလို တင်ပြရခြင်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့ညက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်တွင် ဖြစ်ခဲ့သည့် အကြောင်းအရာကိစ္စများကို သိရှိပြီးဖြစ်ကြ၍ အထူးရှင်းလင်း တင်ပြရန် မပြုလိုပါ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား.. ကျွန်တော်တို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုရှိရေးနှင့် ပြည်သူများကလည်း နိုင်ငံတော်အပေါ် ယုံကြည်မှုရှိစေရေးအတွက် အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ရန် လိုအပ်ချိန်ဖြစ်ပါတယ်။ ဤကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်အနေဖြင့် မည်သည့်ပြဿနာမှ ပေါ်ပေါက်စေလိုသောဆန္ဒမရှိဘဲ နိုင်ငံတော်တည်ငြိမ်ပြီး နိုင်ငံသူနိုင်ငံသားများ စိတ်အေးချမ်းစွာ ရှိနေမှုကိုသာ လိုလားပါတယ်။ သို့ပါ၍ သက်ဆိုင်သူများနှင့် တာဝန်ရှိသူ များမှ နိုင်ငံအပေါ် မေတ္တာစေတနာထားပြီး ပြည်သူများ ယုံကြည်စိတ်ချစွာနှင့် တရားဥပဒေ၏ အကာအကွယ်ရရှိနေကြောင်းကို လက်တွေ့ပြသမှုဖြင့် အုပ်ချုပ်ရေးအစိုးရ၊ တရားရေးမဏ္ဍိုင်နှင့် ဥပဒေပြုလွှတ်တော်တို့မှ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်စားလှယ်များမှတဆင့် အသိပေး တင်ပြခြင်းသာ ဖြစ်ပါတယ်။ သတင်းမီဒီယာများမှလည်း ဤကိစ္စအတွက် အထူးစိတ်ဝင်စားခြင်း၊ စိုးရိမ်ပူပန်မှုများ ရှိခြင်းကြောင့် ကျွန်တော့်အား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးရန် တောင်းဆိုလာမှုကိုလည်း ကြိုဆိုအလေးထားပါတယ်။ ယခုလိုရှင်းလင်းတင်ပြခြင်းသည် ဤအချိန်ဤကာလအတွက် ထိုက်သင့်သော ရှင်းလင်းချက်ဖြစ်ကြောင်းကို နားလည်လက်ခံပေးကြမည်ဟု ယုံကြည်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ။

အပစ်ရပ်စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် ၅ဖွဲ့ လက်မှတ်ထိုးဖို့ ကြေညာထား


မြစ်ရေတင် စီမံကိန်းကြောင့် ဆုံးရှုံးလယ်မြေတွေ နစ်နာကြေးအတွက် ဆန္ဒထုတ်ဖော်


ဦးရွှေမန်း ကျဆုံးခန်းနှင့် အတိတ်က အရိပ်များ

အောင်ဇော်

မန်မာနိုင်ငံတွင် စစ်အစိုးရ လက်ထက်က ရှိခဲ့ဖူးသော နိုင်ငံရေးအရ အာဏာမှ ဖယ်ရှားမှုမျိုး သြဂုတ်လ ၁၂ ရက်နေ့ညက နေပြည်တော်တွင် ပြန်လည် ဖြစ်ပွားခဲ့သည်။ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပါတီ၏ ထိပ်တန်းရာထူးနေရာမှ ဖယ်ထုတ်ရန် စနစ်တကျ စီစဉ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခင် စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံတွင် တတိယမြောက် အာဏာ အကြီးဆုံးအဖြစ် အများက သတ်မှတ်ခြင်း ခံခဲ့ရသော ဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌနေရာမှ ဖယ်ရှားရာတွင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သော အငြိမ်းစား ဗိုလ်ချုပ်ကြီးများ ပါဝင်သည်ဟု ယူဆရပါသည်။

သြဂုတ်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်များ စုဝေးနေကြသော နေပြည်တော်ရှိ ပါတီရုံးချုပ် အဆောက်အဦးသို့ လုံခြုံရေး ရဲတပ်ဖွဲ့များ ၀င်ရောက်ခြင်းမှနေ၍ ယခုဖြစ်ရပ် စတင်ပေါ်ပေါက်ခဲ့သည်။

အခမ်းအနား မပါဘဲ ရာထူးမှ ဆင်းပေးခဲ့ရသည့် ဦးရွှေမန်းနှင့်အတူ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကဲ့သို့ နီးကပ်သော မဟာမိတ်များလည်း ဖယ်ရှားခံခဲ့ရသည်။

သွေးစွန်းခြင်းမရှိသော မြန်မာ့နည်းမြန်မာ့ဟန် အာဏာသိမ်းပွဲက ဦးရွှေမန်း၏ သမ္မတရာထူး မျှော်လင့်ချက်များကို အဆုံးသတ်သွားစေမည့် အသွင်ရှိနေသည်။ ကိုယ်စားလှယ်လောင်း အမည်စာရင်း နောက်ဆုံး တင်သွင်းရမည့် သြဂုတ်လ ၁၄ ရက်နေ့ မတိုင်မီ ကိုယ်စားလှယ်လောင်း စာရင်းကို အပြီးသတ်နိုင်ရန် နိုင်ငံရေးပါတီများက လုပ်ဆောင်နေသည့် အချိန်တွင် ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများက အရှိန်မြင့်တက်စေခဲ့သည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း အသစ်များကို ကြိုဆိုသော အခမ်းအနားတခုကို နေပြည်တော်ရှိ ၎င်းတို့ပါတီ ဌာနချုပ်တွင် ကျင်းပခဲ့သည်။ ကိုယ်စားလှယ် အသစ်များထဲတွင် နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ယှဉ်ပြိုင်ရန် ရောက်ရှိလာကြသည့် စစ်ဘက်အရာရှိ ၅၀ ကျော်လည်း ပါဝင်သည်။ စစ်တပ်က ကြံခိုင်ရေးပါတီမှာ ယှဉ်ပြိုင်ရန် အရာရှိ ၁၄၃ ဦး ပါဝင်သည့် စာရင်းကို ပေးပို့ခဲ့သော်လည်း ဦးရွှေမန်းက ၅၀ ကျော်ကိုသာ ရွေးချယ်ခဲ့သည်။

ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲသို့ တခြားပါတီ ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည့် ဦးရွှေမန်းအတွက် ထိုကိစ္စကြောင့် ကံဆိုးသွားစေခဲ့တော့သည်။ သို့သော်လည်း ကံဆိုးမှုသည် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းတော့ မဟုတ်ပါ။

လက်မှတ်ရေးထိုး ကန့်ကွက်သည့် လှုပ်ရှားမှုတခုနှင့်လည်း ဇူလိုင်လအတွင်းက ဦးရွှေမန်း ရင်ဆိုင်ခဲ့ရသေးသည်။ သူ၏ နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်မှ လက်မှတ် ၁၇၀၀ ခန့် စုဆောင်းကောက်ယူ၍ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်သည်။ လွှတ်တော်အတွင်း စစ်တပ် အခန်းကဏ္ဍကို ထိခိုက်စေရေး ဦးရွှေမန်းက ဥပဒေကို ချိုးဖောက် လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

ရည်မှန်းချက်ကြီးပြီး သမ္မတဖြစ်လိုကြောင်း ထပ်တလဲလဲ ပြောခဲ့သည့် ဦးရွှေမန်းသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တရားမ၀င် မဟာမိတ်ဖွဲ့နိုင်ရန် လုပ်ဆောင်နေပြီး လာမည့်ရွေးကောက်ပွဲတွင် အလားအလာကောင်းသူဟု အများက ထင်ကြေးပေးခြင်းခံရသူလည်း ဖြစ်သည်။

နိုင်ငံရေးအရ ကွဲပြားသူများကြားမှ ရှားရှားပါးပါး ပူးပေါင်းမှုက မြန်မာနိုင်ငံ၏ စစ်ဘက်နှင့် ခေါင်းဆောင်ပိုင်း အဆင့်ဆင့်တွင် စိုးရိမ်မှုများ ပေါ်ပေါက်စေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် သူတို့ ဘေးရောက်သွားမည်ကို ထိပ်တန်းပုဂ္ဂိုလ်များက စိုးရိမ်နေကြသည်။

ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ နိုင်ငံရေးအရ ပူးပေါင်းမှုနှင့် နားလည်မှု သဘောသဘာဝကို မည်သူမျှ အတိအကျ မသိကြပါ။ သို့သော်လည်း အစိုးရ ဘက်တော်သားများ အတွက်မူ လာမည့်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အများစု အနိုင်ရရှိ သွားလျှင် မည်သို့ဖြစ်မည်နည်း၊ ကြံ့ခိုင်ရေးပါတီ၏ စည်းလုံးမှု သို့မဟုတ် နိုင်ငံရေးမှ စစ်တပ်၏ အခန်းကဏ္ဍ အပေါ် မည်သို့ သက်ရောက်မည်နည်း စသဖြင့် စဉ်းစားရန် ဖြစ်လာခဲ့သည်။

၂၀၁၂ ခုနှစ်မှစ၍ ဦးသိန်းစိန်၏ ဂိုဏ်းနှင့် ဦးရွှေမန်း၏ ဂိုဏ်း ကြားတွင် အာဏာပြိုင်ဆိုင်မှု အရိပ်အယောင်များ တိုးလာခဲ့သည်။ ထို့ကြောင့် ထိပ်ပိုင်း ခေါင်းဆောင်များက ၀င်ရောက်စွက်ဖက်ရန် ဆန္ဒရှိခဲ့ကြောင်း ယခုအခါ ပေါ်လွင်လာသည်။

လွန်ခဲ့သော ၁၀ နှစ် ကျော်ခန့်က သူ၏ အမိန့်ဖြင့် တည်ထောင်ခဲ့သည့် နေပြည်တော်မှ ထွက်ခွာခဲလှသော စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံရေးအခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့သည်ဟုလည်း ယုံကြည်ရပါသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ ကျန်းမာဆဲဖြစ်ပြီး နိုင်ငံရေးတွင်လည်း စိတ်ဝင်စားဆဲဖြစ်ကြောင်း ပြသရန်အတွက် မတ်လ အတွင်းက ပြုလုပ်သည့် တပ်မတော်နေ့တွင် စစ်အစိုးရ ဗိုလ်ချုပ်ကြီးဟောင်းများကို သူ၏ နေအိမ်တွင် တွေ့ဆုံခဲ့သည်။

အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းပေးရန် ၂၀၁၀ ပြည့်နှစ်က သူကိုယ်တိုင် ပြုလုပ်ခဲ့သော အစီအစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်အနှောင့်အယှက် ဖြစ်နေပြီး ဒုတိယအစီအစဉ် (Plan B) တခု ရှိနေသည်ဟုလည်း ဆိုကြသည်။ အဆိုပါ အစီအစဉ်တွင် ဦးရွှေမန်းအဖွဲ့ကို ဖယ်ရှားရေးနှင့် အာဏာရပါတီနှင့် စစ်တပ်၏ နောက်တွင် အာဏာကို တခုတည်းအဖြစ် ပြန်လည် ပေါင်းစည်းနိုင်ရေးတို့ ပါဝင်သည်။

အဖွဲ့ ၂ ခုကြား တင်းမာမှုများ တိုးလာသည်နှင့်အမျှ ပါတီတွင်း အကွဲအပြဲ ဖြစ်လာမည်ကို စိုးရိမ်မှုများလည်း မြင့်တက်လာသည်။ ထို့ကြောင့် မလွှဲမရှောင်သာသည့် ၀င်ရောက်စွက်ဖက်မှုတခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ထောက်ခံမှုဖြင့် ပေါ်ပေါက်လာခဲ့သည်ဟု ယုံကြည်ရသည်။

လေ့ကျင့်ထားသည့် စစ်သားများသည် ၎င်းတို့၏ ရန်သူများ အင်အားနည်းလာသည်အထိ လှုပ်ရှားမှု မပြုဘဲ အမြဲ စောင့်ဆိုင်းကြသည်။ ဦးရွှေမန်း၏ မဟာမိတ်ဖြစ်သော ကြံ့ခိုင်ရေးပါတီမှ အယူအဆ တင်းမာသူတဦးလည်း ဖြစ်သည့် ဦးအောင်သောင်း ယခင်လက စင်ကာပူနိုင်ငံတွင် ကွယ်လွန်သွားခဲ့ပြီး များမကြာမီမှာပင် ဦးရွှေမန်း ဖယ်ရှား ခံလိုက်ရခြင်းသည် ထိုနည်းအတိုင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အတိုက်အခံပါတီသည်လည်း အာဏာရပါတီ မတည်မငြိမ်ဖြစ်ပွားခြင်းမှ အကျိုးအမြတ် ရရှိနိုင်သည့် အခြေအနေတွင် မရှိဘဲ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် ရွေးချယ်ရာမှ ပေါ်ပေါက်လာသည့် စိတ်ဝမ်းကွဲပြားမှုများနှင့်သာ ရင်ဆိုင်ရုန်းကန်နေရသည်။

လူ ၁၀၉၀ ပါဝင်ပြီး ထပ်မံဖြည့်စွက်မည့် သူများလည်း ရှိမည်ဟု မျှော်လင့်ရသည့် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း စာရင်းတွင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးကိုကိုကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း စသည့် ပုဂ္ဂိုလ် အများအပြား ပါဝင်လာခြင်း မရှိသည့်အတွက် NLD ပါတီဝင် အဆင့်ဆင့်တွင် လည်းကောင်း၊ ပြည်သူများကလည်းကောင်း ကန့်ကွက်ပြောဆိုမှုများ ပေါ်ပေါက်ခဲ့ရသည်။

လတ်တလော၌ မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး ရေလွှမ်းမိုးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် သမ္မတ ဦးသိန်းစိန် အပါအ၀င် နိုင်ငံရေးသမားများက ရေဘေးသင့် ဒေသများသို့ သွားရောက်ခဲ့ကြသည်။ ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် လူထု၏ အားပေးမှုကို ရရှိရန်လည်း ဖြစ်ကြောင်း သံသယရှိစရာ မလိုပါ။ ဧရာဝတီတိုင်း ဟင်္သာတသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် သမ္မတက ဦးဌေးဦး အပါအ၀င် ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။ ဦးဌေးဦးသည် ယခုအခါ ကြံ့ခိုင်ရေး ပါတီ၏ ဥက္ကဋ္ဌအဖြစ် ပူးတွဲ ခန့်အပ်ခြင်းခံရသူလည်း ဖြစ်သည်။

ဦးရွှေမန်းထံမှ ပါတီဥက္ကဋ္ဌ နေရာကို သိမ်းယူခြင်းကို ကိုယ်စားလှယ်လောင်း အမည်စာရင်း နောက်ဆုံး တင်သွင်းရမည့် သြဂုတ်လ ၁၄ ရက်နေ့ မတိုင်မီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန်က စစ်တပ်၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သော ယခုကိစ္စသည် လာမည့် ရွေးကောက်ပွဲမတိုင်မီ အာဏာကို ပြန်လည် စုစည်းယူလိုက်သည့် လုပ်ရပ်တခုလည်း ဖြစ်ပါသည်။

သံတွဲမြို့နယ် တောင်ဘက်မှာ ရေဘေးကြောင့် လူသေဆုံးမှု ရှိခဲ့


အာရှလမ်းမကြီးသစ်မှာ မိုးရွာသွန်းနေချိန် လမ်းချော်ထိခိုက်မှုတွေ ရှိနေ


ရေလွှမ်းမိုးခံရတဲ့ ကျေးရွာအချို့တွေမှာ တုပ်ကွေးရောဂါ ဖြစ်ပွား


ကြံ့ခိုင်ရေးပါတီကိစ္စ လွှတ်တော်ထဲသယ်မလာဖို့ ဦးရွှေမန်းသတိပေး

မဇ္ဈိမ

လတ်တလော လူအများစိတ်ဝင်စားနေသည့် အာဏာရပါတီ၏ရာထူး အပြောင်းအလဲများ ကိစ္စအပေါ် လွှတ်တော်တွင်းသို့ သယ်မလာရန် ပါတီ၏ ပူတွဲဥက္ကဌတာဝန်မှ ဖယ်ရှားခံရသည့် သူရဦးရွှေမန်းက ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သတိပေးလိုက်သည်။

`ဒီကိစ္စကြောင့် ထပ်မံပြီး ပြဿနာဖြစ်လာအောင် ပြဿနာကို ပိုမိုကြီးထွားအောင် မဖြစ်စေလိုပါ´ ဟု သူရဦးရွှေမန်းက ပြောသည်။


၂၀၁၅ ရွေးကောက်ပွဲ ပြင်ဆင်မှု ယခင်ထက်ပိုမိုကောင်းမွန်ဟု ကာတာစင်တာ ထုတ်ပြန်

DVB

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုနဲ့ ပွင့်လင်းမြင်သာမှုဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေထက် ပိုမိုကောင်းမွန်လာပေမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကျန်ရှိနေသေးတယ်လို့ ကာတာစင်တာ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

မြန်မာ့ရွေးကောက်ပွဲကို တရားဝင် စောင့်ကြည့်လေ့လာခွင့် ရထားတဲ့ အမေရိကန် အခြေစိုက် ကာတာစင်တာက မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိ အကြံပြုချက်တွေကို သြဂုတ် ၁၉ ရက်က ဒုတိယအကြိမ် အစီရင်ခံစာ ထုတ်ပြန် သုံးသပ်ထားတာပါ။

ဒါပေမယ့် ရွေးကောက်ပွဲလုံခြုံရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေဟာ ပွင့်လင်းမြင်သာမှု မရှိသလို မဲရုံတွေကို လုံခြုံရေးပေးမယ့် အရန်ရဲတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍဟာလည်း စိုးရိမ်စရာဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ နိုင်ငံရေးပါတီတွေအားလုံး လွတ်လပ်စွာ တန်းတူညီမျှ မဲဆွယ် စည်းရုံးနိုင်ဖို့ ဗျူရိုကရေစီနဲ့ အုပ်ချုပ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို လျှော့ပေးဖို့၊ သတင်းသမားတွေ ရွေးကောက်ပွဲကို လွတ်လပ်စွာ သတင်းယူ ရေးသားနိုင်ရန် အသရေဖျက်မှုနဲ့ တခြား ဥပဒေကြောင်းအရ အရေးယူမှုတွေကို ရှောင်ကြဉ်ဖို့ အကြံပြုပါတယ်။

ဒါ့ပြင် ယာယီသက်သေခံလက်မှတ်တွေကို ဖျက်သိမ်းတာဟာ ယခင်က မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ မဲပေးခွင့် ဆုံးရှုံးခြင်းမျိုး မဖြစ်အောင် နိုင်ငံသားစိစစ် လုပ်ငန်းစဉ်တွေကို အချိန်မီ လုပ်ဆောင်ဖို့နဲ့ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ ဆန္ဒမဲပေးခွင့် ဆုံးရှုံးမှု မဖြစ်ရေး လုပ်ဆောင်ပေးဖို့လည်း အစိုးရကို တိုက်တွန်းပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း ရွေးကောက်ပွဲဖြစ်စဉ်ပေါ်မှာ အများပြည်သူ ယုံကြည်စိတ်ချမှု တိုးလာအောင်ဆောင်ရွက်ဖို့၊ မဲစာရင်းတွေရဲ့ အရည်အသွေးအပေါ် ယုံကြည်မှု မြှင့်တင်ဆောင်ရွက်ဖို့နဲ့ စစ်တပ်အပါအ၀င် ကြိုတင်မဲတွေအားလုံးကို အပြည့်အဝ လေ့လာစောင့်ကြည့်နိုင်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။

ဒါ့ပြင် ရွေးကောက်ပွဲအလွန်ကာလ အငြင်းပွားမှုတွေအတွက် ရွေးကောက်ပွဲခုံအဖွဲ့တွေ ဖွဲ့စည်းရာမှာ လွတ်လပ် အမှီအခိုကင်းတဲ့ ပညာရှင်တွေ ခန့်အပ်ဖို့နဲ့ ရွေးကောက်ပွဲဖြစ်စဉ် အဆင့်တိုင်းကို အနှောင့်အယှက်မရှိ လေ့လာစောင့်ကြည့်နိုင်ရေး အာမခံပေးဖို့ ကော်မရှင်ကို အကြံပြုထားပါတယ်။

နိုင်ငံရေးပါတီတွေ အနေနဲ့လည်း နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းမှာ ပါဝင်တဲ့ ကတိက၀တ် စည်းကမ်းတွေကို လေးစားလိုက်နာဖို့နဲ့ ဘာသာရေးနဲ့ လူမျိုးရေးအရ ခွဲခြားဆက်ဆံတဲ့ အသုံးအနှုန်းတွေကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ဖို့ ကာတာစင်တာက တောင်းဆိုပါတယ်။

ဒီအစီရင်ခံစာကို ၂၀၁၅ ခုနှစ် မေလမှ ဇူလိုင်လအထိ ချင်း၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ တွေ့ဆုံမေးမြန်း ကွင်းဆင်းလေ့လာချက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကလည်း အလားတူ ပထမအကြိမ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးပါတယ်။

ကာတာစင်တာကို အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနဲ့ ဇနီး ရိုဇလင်းတို့က ကမ္ဘာတ၀န်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ကျန်းမာရေးမြှင့်တင်ဖို့ ၁၉၈၂ ခုနှစ်ကတည်းက ထူထောင်ထားတာ ဖြစ်ပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ August, 21st,2015

( 20 )အမျိုးသား လွှတ်တော် အစည်းအဝေး ရပ်နားပေးရန် အရေးကြီး အဆိုတင်၊ လက်ခံဆွေးနွေးရန် အတည်ပြု

( 19 )IFC to help Myanmar Oriental Bank expand financing

( 18 )သဘာဝဘေး အန္တရာယ်အတွက် ကျပ်ငွေ ၃၉ ဘီလီယံကျော် သုံးစွဲခဲ့ပြီးဖြစ်

( 17 )Myanmar parliament decides to suspend discussion on bill recalling representatives

( 16 )ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးခန့်အပ်၊ တပ်မတော်နှင့်ပြည်ခိုင်ဖြိုး အပြောင်းအလဲများ

( 15 )Burmese solider killed by roadside bomb

( 14 )NCA လက်မှတ်ထိုးရေး မထိုးရေးအတွက် ကချင်လူထု၏ သဘောထားများ အမြင်များ ရယူရန်ဆွေးနွေး

( 13 )Burmese Filmmaker Honored at Asean Youth Competition

( 12 )ပြည်ခိုင်ဖြိုးပါတီ ဖြစ်ရပ်သည် ပါတီခေါင်းဆောင်မှု ပြောင်းလဲခြင်းသာဖြစ်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်

( 11 )Mercy Malaysia needs RM1mil for Myanmar operations

( 10 )နေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်မကုန်ဆုံးမီ၌ပင် ဆောက်သမ်းအသင်း ချန်ပီယံဖြစ်လာ

( 9 )Who next to lead Myanmar?

( 8 )NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ကြောင်း KNU ၊ DKBA ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ နှင့် RCSS ထုတ်ပြန်

( 7 )Myanmar Embassy in Bangkok warns citizens to avoid 10 areas of the city

( 6 )ကျောင်းသားတပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ NCA ထိုးနိုင်ရန် ကြိုးပမ်းမည်

( 5 )Martial law extended in Kokang

( 4 )တောင်​သမန်​အင်း​စောင်းရှိ မယ်​ဇယ်​ပင်​များခုတ်​ယူမှု ​မြို့ခံများ​ဝေဖန်

( 3 )Myanmar central bank refutes rumors about bank closure

( 2 )မတ္တရာတွင် တစ်​ဦးတည်းပိုင်​ လယ်​ ၁၄ ဧက​ကျော်​ ပြန်​ရ​ရေး ထွန်​တုံး တိုက်​ပွဲပြုလုပ်

( 1 )Myanmar central bank refutes rumors about bank closure

Thursday, August 20, 2015

လိပ်ကျွန်း လူသတ်မှုတွင် မြန်မာလူငယ် ၂ ဦးပေါ် ဒီအန်အေ စစ်ဆေးချက် လုပ်ထုံးလုပ်နည်းမညီ

နန်းမြနဒီ


ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း ခေါ် ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကော့စမွေခရိုင်တရားရုံးက အမှုစစ်ဆေးနေတာမှာ တရားလိုပြ သက်သေ ထွက်ဆိုချက်အရ ဒီအန်အေစစ်ဆေးချက်က လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ မြန်မာသံရုံး အတိုင်ပင်ခံရှေ့နေက ပြောပါတယ်။

သြဂုတ် ၁၈ ရက်နေ့က တရားရုံးရဲ့ တတိယအကြိမ်မြောက် ပထမနေ့ စစ်ဆေးချက်ကို ပါဝင်ကြားနားခဲ့ပြီးတဲ့နောက် မြန်မာသံရုံး အထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ခုလို သုံးသပ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“မနေ့က ရဲတပ်ကြပ်ကြီးရော၊ ရဲမှူးကြီးပါ အားလုံး ရဲဝန်ထမ်း ၄ ယောက်ကိုစစ်တယ်။ သူတို့က ကြိုတင်ညှိထားတဲ့ ပုံစံတွေနဲ့ ထွက်ဆိုတယ်။ အဓိကက ဒီအန်အေစစ်တဲ့ကိစ္စ။ ဒါပေမယ့် စစ်ထားတာက လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ တွေ့ရပါတယ်။ ဥပမာ ကလေး ၂ ယောက်ကို ဒီအန်အေစစ်မယ်ဆိုရင် သူတို့လက်မှတ်ပါရမယ်၊ ရဲလက်မှတ်လည်း ပါရမယ်။ အဲဒါ လက်မှတ်လည်း ထိုးမထားဘူး။ ပြီးတော့ သူတို့တင်ပြတဲ့ ရက်စွဲတွေမှာ စဉ်းစားစရာတွေ အများကြီး ရှိနေတယ်။”

ရဲတွေက ဒီအန်အေစစ်ဆေးချက်ကို ၂၀၁၄ စက်တင်ဘာ ၁၆ ရက်နေ့ကနေ အောက်တိုဘာ ၃ ရက်နေ့ထိ စစ်ခွင့်ရှိတဲ့အတွက် ၁၆ ရက်နေ့ နောက်ပိုင်းကတည်းက ကလေးတွေကို ခနခနခေါ်ပြီး ဒီအန်အေယူထားကြောင်း၊ ရဲမှူးကြီးက ဒီအန်အေကို ၂-၁၀-၂၀၁၄ က ပို့လာတယ်လို့ ပြောတဲ့အတွက် တရားခံတွေကို ဖမ်းပြီးမှ ဒီအန်အေပို့တယ်ဆိုတာ ပေါ်လွင်ကြောင်း၊ ဒါကြောင့် သူတို့ဟာ မြန်မာလူငယ် ၂ ဦးဆီကရတဲ့ ဒီအန်အေကို သေသူဆီမှာ သွားသုတ်လိမ်းထားရင် ရသလို နောက်တချက်က ဒီအန်အေ ၂ ခုခွဲပြီး သေသူဆီ သွားထည့်လို့လည်း ရတယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။

မနေ့က ထိုင်းတရားရေးဝန်ကြီးဌာန လက်အောက်ခံ မှုခင်းဆေးသိပ္ပံ ဦးစီးဌာနက ၀န်ထမ်းတွေရောက်လာပြီး လူငယ် ၂ ဦးရဲ့ ဒီအန်အေကို ပြန်ယူသွားတယ်လို့ ဦးအောင်မျိုးသန့်က ဆက်ပြောပါတယ်။

ဒီတကြိမ် ဒီအန်အေစစ်ဆေးမှုကိုတော့ ထိုင်းမှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာဖွန်းထစ်ကိုယ်တိုင် စစ်ဆေးမယ်လို့ ဆိုပါတယ်။

အခုတကြိမ် တရားလိုပြသက်သေ စစ်ဆေးမှုကို သြဂုတ် ၁၈ ရက်ကနေ ၂၁ ရက်နေ့ထိ ၄ ရက်တာ ပြုလုပ်ဖို့ ရှိနေပါတယ်။

ထိုင်းစစ်တပ်ဘက်က တရားလိုလုပ်ပြီး စွဲဆိုထားတဲ့ ဒီလူသတ်မှုမှာ တရားလိုပြသက်သေပေါင်း ၆၅ ဦး အမည်စာရင်း တင်သွင်းထားပြီး ၁၅ ဦးကို စစ်ဆေးသွားပြီးဖြစ်ပါတယ်။

စစ်ဆေးပြီးစီးချက်တွေထဲမှာ လူငယ် ၂ ဦး လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံကို မပြနိုင်သေးတဲ့အပြင် လွဲချော်မှုတွေပါ ရှိနေတယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ August, 20th,2015

( 10 )မင်းပြားမြို့ မြစ်ကမ်းဘေးတွင် ပြိုကျသွားသည့် နေအိမ်များကို အခြားနေရာတွင် ပြန်ဆောင်ပေးမည်ဟု ရခိုင်ဝန်ကြီးချုပ်ဆို

( 9 )‘Democracy is Not Going to be Achieved Fully in the November Elections’

( 8 )ကန့်ဘလူမြို့နယ်တွင် ပျက်စီးသွားသော မိုးစပါးစိုက်ခင်း၊ ပျိုးခင်များအတွက် ကျပ်သန်းပေါင်း ၁၀၁ ဒဿမ ၅၁၄ သန်းထောက်ပံ့ပေးအပ်

( 7 )Myanmar Buddhists Not So Peaceful: Ethnic Cleansing of Rohingya Muslims

( 6 )သူရဦးရွှေမန်းကို ကိုယ်စားလှယ် အဖြစ်ကနေ ဖြုတ်ချဖို့ တိုင်တန်း ထားကြောင်း အတည်ပြုပြော

( 5 )Myanmar guard shift

( 4 )ဟားခါး မြေအနေအထား ပညာရှင်အဖွဲ့ လေ့လာမည်

( 3 )'Purge' of Speaker throws Myanmar's presidential race into turmoil

( 2 )ကိုယ်စားလှယ် ရုပ်သိမ်း ဥပဒေ တင်ရင် NLD လက်မခံ

( 1 )Suu Kyi raises fears for crucial November polls

Wednesday, August 19, 2015

ဟင်္သာတခရိုင်မှာ ကလေးသူငယ်တွေ သွေးလွန်တုပ်ကွေး အဖြစ်များ


သူရရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ အီးမေးလ်များကို ဖောက်ထွင်းဟု ဟက်ကာအဖွဲ့ဆို

မဇ္ဈိမသတင်းဌာန

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၅၂၉ဦးတို့ အသုံးပြုနေသည့် အီးမေးလ်အကောင့်များကို မျိုးဆက်သစ်လူငယ်များအဖွဲ့ (New Generation Wave Group) မှ ဟက်ကာများက ဖောက်ထွင်း ခိုးယူထားကြောင်း သြဂုတ် ၁၇ရက်က ထုတ်ပြန်ထားသည်။

လွှတ်တော်အမတ်များ မီဒီယာ ဆက်သွယ်မှုများ ပြုလုပ်နိုင်ရန် ပြည်သူလွှတ်တော်ရုံးက တည်ဆောက်ထားတဲ့ mail.Pyithuhluttaw.gov.mm/mail ကို Hacker အဖွဲ့တစ်ဖွဲ့က ထိုးဖောက်ဝင်ရောက်ကာ ခိုးယူရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် အဆိုပါသတင်း နှင့် ပတ်သက်၍ ထိုအီးမေးလ်များသည် လွှတ်တော်ကိုယ်စားလှယ်များ အမှန်တကယ် အသုံးပြုမှု ရှိမရှိကိုမူ လွှတ်တော်ရုံးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ အတည်ပြုချက်ကိုမူ မဇ္ဈိမ မရယူနိုင်သေးပေ။

ဟက်ကာများက လွှတ်တော်အမတ်များ၏ ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းပေးထားပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် emailပေးပို့များ၊ လွှတ်တော်၏ အတွင်းရေးသတင်းများကို အများပြည်သူသိအောင် မကြာမီ ဖော်ထုတ်သွားမည်ဟု ထိုင်းနိုင်ငံအခြေစိုက် ဟက်ကာ တစ်ဦးက ဆိုကြောင်း New Generation Waveက ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ရေဘေးသင့် တိရိစ္ဆာန်တွေ အခက်အခဲ ဖြစ်နေ


အမေရိကန် သံအမတ် နှင့် ၈၈မျိုးဆက်အဖွဲ့ တွေ့ဆုံ

မဇ္ဈိမ

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် နှင့် အမေရိကန်သံရုံး နိုင်ငံရေးဆိုင်ရာအရာရှိ Mr.David Galbraith တို့ သြဂုတ်လ ၁၇ရက် နေ့လည်ပိုင်းက လာရောက်တွေ့ဆုံကာ လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ ဆွေးနွေးခဲ့သည်ဟု ၈၈မျိုးဆက်အဖွဲ့က ထုတ်ပြန်ထားသည်။

တွေ့ဆုံမှုတွင် လက်ရှိ မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေသည့် ရေဘေးသင့် ဒေသများ၏ အခြေအနေများ နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့သည်။

ပြည်တွင်းဘဏ် ကောလာဟလ ဂယက် နောက်ဆက်တွဲ ရွှေဈေး ဒေါ်လာဈေး


လိပ်ကျွန်း လူသတ်မှု တရားလိုဘက်မှ သက်သေထွက်ဆိုချက်များ အားနည်း

ခင်ဦးသာ


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သည့် တရားလိုပြ သက်သေ ၁၅ ဦး မြောက်အထိ စစ်ဆေးပြီးသည့်တိုင် ၎င်းတို့၏ ထွက်ဆိုချက်များသည် အထောက်အထား ခိုင်လုံမှု ပိုမိုအားနည်လာကြောင်း သိရသည်။

တရားလိုပြ သက်သေများအား ဇူလိုင် ၈ ရက်နေ့က စတင်၍ စစ်ဆေးလျှက်ရှိရာ ယနေ့အထိ ၁၅ ဦး ထွက်ဆိုပြီး ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံ ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ နှစ်ဦး၏ တံတွေးများကို ရယူခဲ့သည့် ရဲတပ်ကြပ်ကြီး တဦးနှင့် ရဲမှူး တဦးတို့က ထွက်ဆိုကြရာ ၎င်းတို့၏ ထွက်ဆိုချက်များသည်လည်း ခိုင်လုံမှု မရှိကြောင်း အမှုအား ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောသည်။

၎င်းက“တရားလိုဘက်က အခု ထွက်ဆိုနေသူတွေဟာ အရေးကြီးတဲ့ သက်သေတွေပါ၊ သူတို့ ပြောချင်တာက ဒီအမှုဟာ မှန်ကန်ပါတယ်၊ အထောက်အထား ခိုင်လုံပါတယ်ဆိုတာ ပြောချင်တာပါ၊ ဒါပေမယ့် အခု အဲဒီ အရေးကြီးတဲ့ သက်သေ ၁၅ ဦးရဲ့ ထွက်ဆိုချက် အားလုံးနီးပါးဟာ မှတ်တမ်းနဲ့ ကွဲလွဲနေသလို ဥပဒေကြောင်းအရ ခိုင်လုံမှု အားနည်းလာတာကို တွေ့နေရပါတယ်” ဟု ပြောသည်။

လိပ်ကျွန်း ခေါ် ကော့တောင်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ၆၅ ဦး ထွက်ဆိုရန် တင်ပြထားပြီး၊ ယင်း အထဲမှ အဓိကကျသည့် သက်သေများအား ဦးစားပေး စစ်ဆေးနေခြင်းဖြစ်သည်။

တရားလိုပြ သက်သေ ၆၅ ဦးတွင် ၁၅ ဦး ထွက်ဆိုထားပြီး ဖြစ်ကာ ကျန်ရှိသူများထဲက အများစုကို ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း၊ နောက်ထပ် ထွက်ဆိုမည့် သက်သေများသည် လက်ရှိ ထွက်ဆိုပြီးသူများထက်ပင် သက်သေ ခိုင်မာမှု အားနည်းသွားနိုင်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သက်သေ ၁၅ ဦး၏ ထွက်ဆိုမှုများသည် ရဲမှတ်တမ်းပါ အချက်အလက်များနှင့် ကွဲလွဲနေခြင်း၊ ဥပဒေကြောင်းအရ ခိုင်လုံမှု မရှိခြင်း စသည့် အနေအထားများကြောင့် စွပ်စွဲ ဖမ်းဆီးခံ ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ဖွယ် ရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။ သက်သေထွက်ဆိုမှုများနှင့် ပတ်သက်၍ တရားခံဘက်မှ ရှေ့နေများက ပြန်လှန် မေးခွန်းထုတ်မှုများကိုလည်း တိကျစွာ ပြန်လည် တုံ့ပြန် ဖြေဆိုနိုင်ခြင်း မရှိကြဟု သိရသည်။

ဦးအောင်မျိုးသန့်က “ဒီနေ့ထွက်ဆိုတဲ့ ရဲနှစ်ဦးရဲ့ ထွက်ဆိုချက်ဟာ မှတ်တမ်းနဲ့ မကိုက်ညီသလိုဘဲ၊ တံတွေးကို ရယူတာကလည်းပဲ ဖမ်းပြီးမှ ရယူတာကို တွေ့ရတယ်၊ ဒါဟာ ဥပဒေအရ ဆိုရင် အကျုံးမ၀င်ပါဘူး၊ တကယ်တော့ DNA ဆိုတာ အမှုနဲ့ပတ်သက်ပြီး သံသယရှိ တယ်ဆိုရင် မဖမ်းခင် စစ်ရတာပါ၊ စစ်ဆေးလို့ DNA တူပါတယ်ဆိုမှ ဖမ်းလို့ရတာပါ” ဟု ဆိုသည်။

လိပ်ကျွန်း လူသတ်မှုအား ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ ရှေ့နေကြီးများက လိုက်ပါ ဆောင်ရွက်ပေးနေကြပြီး ဘန်ကောက်ရှိ မြန်မာသံရုံးက ဖွဲ့စည်းပေးထားသည့် သံရုံး အထူးအဖွဲ့တို့က ကူညီ ဆောင်ရွက်ပေးနေကြခြင်း ဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံ၏ မှုခင်း ဆရာဝန်မကြီး ဒေါက်တာ ဖွန်ထစ်ကလည်း တရားခံများဘက်က သက်သေထွက်ဆိုခွင့် ပေးရန် တောင်းဆိုထားရာ စင်တင်ဘာလ ၁၁ ရက်နေ့တွင် ခွင့်ပြုထားကြောင်း၊ ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ DNA ကိုလည်း ပြန်လည် ရယူ၍ နှစ်ဘက် သက်သေများရှေ့တွင် ကျွမ်းကျင်သည့် မှုခင်းဆရာဝန်ကြီးများက ပြန်လည် စစ်ဆေး သွားရန် ရှိကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။

တရားခံဘက်မှ ထွက်ဆိုမည့် သက်သေ ၃၁ ဦးကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်စစ်ဆေး မည်ဖြစ်ပြီး စက်တင်ဘာလ အတွင်း စီရင်ချက် ချမှတ်ပေးမည်ဟု ကော့စမွေခရိုင် တရားရုံးက ပြောဆိုထားသည်။ လိပ်ကျွန်း လူသတ်မှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဖြစ်ပွားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဥပဒေအပေါ် သူတို့ပြောစကား


ပဲခူးတိုင်း ရေဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရက ဆန်များ လှူဒါန်း

မဇ္ဈိမ

ပဲခူးတိုင်း ရှိရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရန် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရက လှူဒါန်းသည့် ၂၅ ကီလိုဂရမ် ဆန်အိတ် ၂,၀၀၀ (တန် ၅၀) သြဂုတ် ၁၆ ရက်တွင် ပဲခူးမြို့သို့ ရောက်ရှိပြီဖြစ်သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ပို့ဆောင်ရေးနှင့် လမ်းကြောင်း ရှင်းလင်းရေးဆပ်ကော်မတီ၏ အစီအစဉ်ဖြင့် မန္တလေးမြို့ဟောင်းဘူတာမှ ရထားဖြင့်ပို့ဆောင်ခြင်းဖြစ်သည်။

ယင်းဆန်များကို ပဲခူးတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၂ ဘီးတပ် ထရပ်ယာဉ် ၃ စင်း ဖြင့် ပဲခူးမြို့ သာသနာ့ဗိမာန်သို့ ပို့ဆောင်ထားပြီး ပဲခူးတိုင်းအစိုးရ၏ အစီအစဉ်ဖြင့်ရေဘေး သင့်ဒေသမျာသို့ ခွဲဝေသွားမည်ဟု သိရသည်။

ကေအိုင်အိုက ရေဘေး မြေပြိုဒဏ်ခံနေရတဲ့ ချင်းပြည်သူတွေအတွက် သိန်းတထောင် လှူဒါန်း


ကြံ့ခိုင်ရေး၏သန်းခေါင်ယံ အပြောင်းအလဲကြောင့် မိတ်ဆွေစစ် ဆက်ဆံရေး ပိုခိုင်မာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် (ကြံ့ခိုင်ရေး) သြဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံ ဖြစ်ပွားသော ခေါင်းဆောင် ပိုင်းအပြောင်းအလဲသည် ဒီမိုကရေစီနည်းလမ်းမကျဘဲ ယင်းအပြောင်းအလဲသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အတွက် မဟာမိတ် ဆုံးရှုံး ခြင်းမဟုတ်ကြောင်း၊ မိတ်ဆွေစစ်များနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာပေါ်လွင် လာစေကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ယနေ့ပြောဆိုလိုက်သည်။

သြဂုတ်လ ၁၈ ရက်နေ့ နေပြည်တော် လွှတ်တော်အဆောက်အအုံတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် သြဂုတ်လ ၁၇ ရက်နေ့ တွေ့ဆုံခဲ့မှုကို အတည်ပြု ပြောဆိုသည်။

“ညသန်းခေါင်ယံချိန်မှာ ဖြစ်ပျက်သွားတာတွေ ဒီမိုကရေစီမှာ ကျမတို့ မျှော်လင့်ထားတာမျိုးမဟုတ်ပါဘူး။ ဘယ်သူက ဒီအချိန်မှာ မိတ်ဆွေစစ်သလဲဆိုတာ ပေါ်လာတာဆိုတော့ မိတ်ဆွေများ အချင်းချင်းကြားမှာ ပိုပြီးတော့ ခိုင်ခန့် သွားဖို့ပဲ ရှိတာပေါ့။ (သူရဦးရွှေမန်းနှင့်) ဘာတွေဆွေးနွေးတယ်ဆိုတာ ထုတ်ပြန် ကြေညာလေ့မရှိဘူး။ ပုံမှန်ပေါ့။ လွှတ်တော်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ပါတီကိစ္စတွေပေါ။ နိုင်ငံရေးကိစ္စတွေပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုရက်ပိုင်း လွှတ်တော်အစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တောင်းဆို နေသော လွှတ်တော်ကိုယ်စားလှယ် တာဝန် မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကိုလည်း NLD ကန့်ကွက်ကြောင်း၊ ယင်းဥပဒေတွင် မဲဆန္ဒရှင် ပြည်သူ ၁ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးတောင်းဆိုလျှင် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ လွှတ် တော်ကိုယ်စားလှယ်ကို ပြန်လည်ရုပ်သိမ်းနိုင်ရေး စုံစမ်းစစ်ဆေးရမည်ဆိုသော အချက်သည်လည်း အဓိပ္ပာယ်မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျမတို့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဥပဒေကို ကန့်ကွက်ပါတယ်။ အဲဒီဥပဒေမှာတဲ့ ၁ ရာခိုင်နှုန်း ဆိုတာက နည်းလွန်းပါတယ်။ စစ်ကိုင်းတိုင်းမှာဆိုရင် ကျမတို့ ရဲ့ လွှတ်တော်ကိုယ်စားလှယ်က ၉၂ ရာခိုင်နှုန်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ၁ ရာခိုင်နှုန်းသော မဲဆန္ဒရှင်တွေက လက်မှတ်ထိုးလို့ လွှတ်တော် ကိုယ်စားလှယ်တာဝန်က ပြန်ရုပ်သိမ်းဖို့ဆိုတာကတော့ အဓိပ္ပာယ်မရှိဘူး။ ကျမတို့ ဒါကိုလည်း ကန့်ကွက်ပါတယ်။ ၁ ရာခိုင်နှုန်း ဆိုတာက အဓိပ္ပာယ်မရှိပါဘူး။ ကျမတို့က ၁ ရာခိုင်နှုန်းဆိုတာကို ကန့်ကွက်တယ်။ ၂၀ ရာခိုင်နှုန်း ပြင်ပေးဖို့ ကျမ တို့ တင်ပြထားပါတယ်။ ဒါအစပဲရှိသေးတယ်။ ၁ ရာခိုင်နှုန်းက လက်မှတ်ထိုးလို့ရှိရင် လုပ်ရမယ့် ကိစ္စတွေ အများ ကြီးပဲ။ လွှတ်တော်တခုအတွင်းမှာ အခြားအလုပ်တောင်လုပ်ဖို့ အချိန်မရှိတော့ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ကြံ့ခိုင်ရေးပါတီအတွင်း အပြောင်းအလဲသည် ရွေးကောက်ပွဲကို ထိခိုက်မှု မရှိသင့်ကြောင်း၊ ရှိလာမည်ဆိုလျှင်လည်း ဒီမိုကရေစီ နည်းလမ်းမကျကြောင်း၊ ရွေးကောက်ပွဲတွင် NLD ပါတီက ၁၀၀ ရာခိုင်နှုန်း အပြည့်အနိုင်ရရေး အရေးကြီး ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုသည်။

အမျိုးသားလွှတ်တော် ရပ်နားပေးရေး အဆုံးအဖြတ် တိုက်ရိုက် မေးမြန်းချက်


Samsung Galaxy Note 5 သြဂုတ် ၂၃ တွင်မြန်မာနိုင်ငံတွင် ၀ယ်ယူနိုင်မည်

မဇ္ဈိမ

Samsung ၏ နောက်ဆုံးထုတ်ကုန် Galaxy Note 5 ကို ပြည်တွင်းတွင် သြဂုတ် ၁၇ ရက်က မိတ်ဆက်လိုက်ပြီး သြဂုတ် ၂၃ ရက်မှ စတင်ပြီး မြန်မာနိုင်ငံတွင် ၀ယ်ယူနိုင်မည် ဖြစ်သည်။

Samsung Galaxy Note 5 ကို သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ Novotel Hotel Yangon တွင် မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၀ယ်ယူနိုင်မည့် အချိန်၌ အနက်ရောင် (Black Sapphire) နှင့် ရွှေရောင် (Gold Platinum) တို့ကို 32GB storage အရွယ်အစားနှင့် ရရှိနိုင်မည်ဖြစ်သည်။

စတင်ရောင်းချမည့် သြဂုတ် ၂၃ ရက် တစ်ရက်ထဲတွင် ရောင်းချမည့် အထူးဈေးနှုန်းမှာ ၈၅၀၀၀၀ ကျပ် ဖြစ်ပြီး ငွေကျပ် ၁၅၀၀၀၀ ထပ်ဆောင်း အပိုပစ္စည်းများရရှိနိုင်မည်ဟုလည်း Samsung က ထုတ်ပြန် သည်။

သြဂုတ် ၂၃ ရက် နောက်ပိုင်း ဈေးနှုန်းမှာ ၈၈၀၀၀၀ ကျပ် ဖြစ်သည်။ Samsung Galaxy Note 5 သည် ၅.၇ လက်မ ရှိသော Quad HD Super AMOLED မျက်နှာပြင်ဖြင့် ဖြစ်ပြီး S Pen လည်းပါဝင် မည်ဖြစ်သည်။

ထိုင်းကြက်ခြေနီ က မြန်မာရေဘေးအတွက် ဆေးဝါးတွေ ထောက်ပံ့


သပိတ်မှောက် ကျောင်းသားတွေကို စွဲဆိုထားတဲ့အမှု တရားမ၀င်ဟု ရှေ့နေလျှောက်ထား

နော်နိုရင်း

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်စဉ် ရိုက်နှက်ဖမ်းဆီး တရားစွဲခံကြရတဲ့ ကျောင်းသား တွေနဲ့ ၀န်းရံပြည်သူတွေကို ပဲခူးတိုင်း သာယာဝတီမြို့နယ်တရားရုံးမှာ ဒီနေ့ထပ်မံ ရုံးထုတ် စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ ရဲမှူးဘုန်းမြင့်ကို စစ်ဆေးရာမှာ လက်ရှိကျောင်းသားတွေကို စွဲဆိုထားတဲ့အမှု ဟာ တရားမ၀င်ဘဲ မူလကနေ ပျက်ပြယ်တဲ့နေတဲ့ တရားစွဲဆိုမှုတရပ်ဖြစ်ကြောင်း ကျောင်းသားတွေရဲ့ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

“ဒီကနေ့ တရားလို ရဲမှူး ဦးဘုန်းမြင့်ကို မေးတဲ့အခါကျတော့ သူတို့သည် ပင်မသပိတ်ကို ဖြိုခွင်း ခြင်းသည် ဥပဒေနဲ့မညီဘူး။ ဘာလို့မညီလဲဆိုတဲ့အခါကျတော့ လက်ပံတန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟရဲ့ အမိန့်စာအရ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၂၇၊ ၁၂၈ အရ အမိန့်ပေးလို့ သူက ဖြိုခွင်းခြင်းဖြစ်တယ်လို့ ပြောတယ်။ အဲတော့ အဲဒီအမိန့်သည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထံမှာ အပ်နှင်းထားတဲ့ အာဏာမရှိဘူး။ ဒု-ရဲအုပ်အဆင့်နဲ့ တရားသူကြီးအဆင့်ကိုသာ အပ်နှင်း ထားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို အပ်နှင်းထားခြင်း မရှိဘူး။ အဲတော့ အပ်နှင်းထားခြင်း မရှိတဲ့အာဏာကို အသုံးပြုပြီးတော့ အမိန့်ထုတ်ခြင်းသည် မူလကပင် ပျက်ပြယ်နေတဲ့ အမိန့်ဖြစ်တယ်။”


ဒါ့အပြင် ကလေးသူငယ်ကို လူကြီးတွေက ဖမ်းဆီးပြီး တရားစွဲဆိုတာဟာလည်း ကလေးသူငယ် ဥပဒေဖောက်ဖျက်တာဖြစ်တဲ့အတွက် ဒါဟာ ပြစ်မှုမြောက်တဲ့အချက်ဖြစ်တယ်လို့လည်း ဦးလှမျိုးမြင့်က ပြောပါတယ်။

“ဒီဟာနဲ့ပတ်သက်ပြီးတော့ တရားစွဲဆိုမှုကလည်း ဥပဒေနဲ့မညီတဲ့အတွက်ကြောင် တရားစွဲဆိုမှု တရပ်လုံးက မူလကပင် ပျက်ပြယ်နေတယ်။ ဒါကြောင့် မူလကပင်ပျက်ပြယ်နေသောတရားစွဲဆိုမှု ဖြစ်တယ်ဆိုတာကျနော်လျှောက်လွှာတင်ခဲ့တယ်။ အဲတော့ တရားစီရင်ရေးအဖွဲ့ကနေ မြို့နယ် တရားသူကြီးကနေပြီး ခရိုင်တရားသူကြီးကိုတင်ပါ၊ ခရိုင်တရားသူကြီးကနေ တိုင်းဒေသကြီး ကိုတင်ပေးပါလို့ ပြောလို့ ကျနော်လျှောက်လွှာတင်ခဲ့ပါတယ်။”

ဒီလျှောက်လွှာနဲ့ပတ်သက်ပြီး လာမယ့်အပတ် ရုံးချိန်းမှာ လျှောက်လဲချက်ပေးရမှာဖြစ်ပြီး လျှောက်လဲချက်နောက်ပိုင်း အမိန့်ချမှတ်ရမှာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း အကြမ်းဖက်ဖမ်းဆီး တရားစွဲခံရသူ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၅၅ ဦး သာယာဝတီထောင်တွင်း ကျန်ရှိပြီး အချို့ဟာ ဖမ်းဆီးစဉ်က ရဲတွေက ရိုက်နှက်တဲ့ဒဏ်ကြောင့် အတွင်းဒဏ်ရာတွေ ရရှိနေကြပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ သွားရောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ဖခင် ဒေါက်တာနေ၀င်းက “ကျန်းမာရေးမကောင်းတာက သံလျှင်က ၀န်းရံပြည်သူ ကိုထင်လင်းအောင် တော်တော်မကောင်းဘူးဖြစ်ပြီးတော့ မူးပြီးချွေးစေးတွေပြန်နေတယ်။ ကျနော်တို့က သူ့ကို အပြင်မှာ ၀ိုင်းကြည့်နေတဲ့ အချိန်မှာ ရဲမှူးတယောက်က သူ့ကိုလာခေါ်ပြီး ဆေးရုံကားပေါ်မှာ သွေးပေါင်ချိန်တိုင်းတယ်။ သွေးပေါင်ချိန်တိုင်းတာ အပေါ်သွေး ၁၆၀ နဲ့ အောက်သွေး ၁၀၀ ဖြစ်နေတယ်။ ထောင်ထဲရောက်ရင်တော့ ကောင်းမကောင်း မသိဘူး။ အရိုက်ခံရတဲ့ ဒဏ်ရာတွေ ကလည်း ကိုက်ခဲတုန်းနာနေတုန်းပဲ”လို့ ပြောပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်ကြောင့် သာယာဝတီအကျဉ်းထောင်၊ အင်းစိန်နဲ့မြင်းခြံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရပါတယ်။

ရေဘေးသင့်ဒေသတွေအတွက် ဂီတဖြင့်အလှူခံခြင်း


ရှမ်းတိုင်းရင်းသားပါတီများ၏ အဓိကပြိုင်ဘက် မှာပြည်ခိုင်ဖြိုးသာဖြစ်

ဇော်ခမ်းဟိန်း

၂၀၁၅ ရွှေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရှမ်းပါတီကြီးနှစ်ခု အနေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှလွဲ၍ ကျန်နယ်မြေများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စိုးရိမ်စရာမရှိဟု ဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-(ကျားခေါင်း) က လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၅၈ ဦး စာရင်းပေးသွင်းထားပြီး လားရှိုးမြို့ပေါ်တွင် ပြည်ခိုင်ဖြိုးနှင့် NLD အားယှဉ်ပြိုင် ရမည်ဖြစ်သော်လည်း ကျန်မဲဆန္ဒနယ်များတွင် NLD အား စိုးရိမ်စရာမရှိဟု ၄င်းပါတီပြန်ကြားရေး ဦးစိုင်းလိတ်ကပြောသည်။

''လားရှိုးမှာတော့ ပြည်ခိုင်ဖြိုးနဲ့ NLD ပေါ့။ ကျန်နယ်တွေမှာ NLD ကို ရင်ခုန်စရာ မရှိပါဘူး။'' ဟု ၄င်းကဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ကလည်း စုစုပေါင်း ကိုယ်စားလှယ် ၂၁၀ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲဆန္ဒနယ်အများစုမှာ ပြည်ခိုင်ဖြိုးနှင့်သာ အဓိကယှဉ်ပြိုင်ရမှာဖြစ်ပြီး NLD နှင့် အဓိကပြိုင်ရမည်မဟုတ်ဟု ပါတီပြန်ကြားရေး ဦးစိုင်းမောင်တင့်က မဇ္ဈိမသို့ ပြောသည်။

တချို့မဲဆန္ဒနယ်များတွင်မူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) နှင့်ယှဉ်ပြိုင်ရမည် ဟု ဆိုသည်။

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီမှာ ရှမ်း/မြောက်တွင် စုစုပေါင်း ၆ ဦးဝင်ပြိုင်မည်ဖြစ်ကာ ယင်းပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သည်ဟု လားရှိုးမြို့မှ သုံးသပ်မှုများရှိနေသည်။

ရေဘေးသင့် ဒေသ ကျွဲနွားအစာရေစာအတွက် အထက်တန်း ကျောင်းသားတွေ အလှူခံ


ပါတီမူဝါဒ အပြောင်းအလဲမရှိဟု ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပြောဆို

အေးနိုင်


ပြည်ထောင်စုကြံ့ခိုင်ရေးပါတီရဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ အကောင်အထည်ဖော်တဲ့ လုပ်ငန်းလမ်းစဉ်တွေ အပြောင်းအလဲမရှိဘူးလို့ လွန်ခဲ့တဲ့သီတင်းပတ်က ပါတီဥက္ကဌတာဝန် ပူးတွဲထမ်းဆောင်ဖို့ ခန့်အပ်ခံရသူ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေး ရပ်နားချိန် သတင်းထောက်တွေမေးမြန်းချက်ကို ဖြေဆိုခဲ့တာပါ။

ဦးဌေးဦးက “ကျနော်တို့ မပြောင်းဘူး။ ဘာဖြစ်လို့မပြောင်းလဲဆိုတော့ ဒီနေ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ရောက်အောင် ကျနော်တို့ တော်တော်များများလုပ်ရတယ်။ ကျနော်တို့လုပ်ခဲ့တာ၊ ကျနော်တို့လုပ်ခဲ့တာ။ ကျန်တဲ့လူလည်း ပါပါတယ်။ ကျန်တဲ့လူတွေလည်း ပါတယ်။ အနှောင့်အယှက်တွေ အများကြီးပဲ။ အဲဒီလို အနှောင့်အယှက် များစွာထဲက ကြိုးစားထားတဲ့ဟာကို ဒီဥစ္စာတော့ မလုပ်တော့ဘူး၊ နောက်တခု သွားမယ်ဆိုတာ ဘယ်ဖြစ်ပါ့မလဲဗျာ၊ ၄ နှစ်ပဲ ရှိသေးတယ်” လို့ ပြောပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့ညက နေပြည်တော်က ပြည်ခိုင်ဖြိုးရုံးချုပ်မှာကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးမတိုင်ခင်ကတည်းက ပါတီဥက္ကဋ္ဌတာဝန်ကို သမ္မတဦးသိန်းစိန်က သူ့ကို လွှဲပြောင်း ပေးခဲ့တယ်လို့ ဦးဌေးဦးက ရှင်းပြပါတယ်။

ပါတီဥက္ကဌတာဝန်ပူးတွဲထမ်းဆောင်တဲ့ သူရဦးရွှေမန်းကို ဘာကြောင့်အစည်းအဝေးမဖိတ်သလဲ၊ ဘာကြောင့် ဒီအရေးကြီးတဲ့အစည်းအဝေးမှာ သူ့ကိုဘာကြောင့်ချန်ခဲ့ရပါသလဲလို့ မေးမြန်းချက်ကို ဖြေဆိုရာမှာ ဦးဌေးဦးက “တစ်အချက်ကတော့ လွှဲပြောင်းတာက အရင်ဗျ။ လွှဲပြောင်းတာက အရင်လေ၊ လွှဲပြောင်းပြီးပြီဆိုရင် စီအီးစီအစည်းအဝေးမှာ မရှိတော့ဘူးလေ။ ဒါပဲပေါ့။ လွှဲပြောင်းတာက နောက်မှမှ မဟုတ်တာပဲ။ လွှဲပြောင်းတယ်ဆိုတာက အရင်လာတာကိုး။ လွှဲပြောင်းတဲ့ဥစ္စာပြီးတော့မှ ကျနော်က ပူးတွဲဥက္ကဋ္ဌ ဖြစ်လာတဲ့အချိန်၊ ပူးတွဲဥက္ကဋ္ဌကနေမှ ဆောင်ရွက်ပါဆိုတော့ အဲဒီအချိန်မှာ စီအီးစီအဟောင်းပေါ့ လွှဲပြောင်းတော့ ကျနော်ဖြစ်နေတယ်။ ဖြစ်တော့ စီအီးစီအဟောင်းနဲ့ ကျနော်လုပ်တယ်။ လုပ်တော့ စီအီးစီအဟောင်းထဲကလူတွေက ‘ပြောင်းလဲဖွဲ့စည်းပါ၊ လူငယ်တွေရော၊ လူကြီးတွေရော၊ လူလတ်တွေရော ပြောင်းလဲဖွဲ့စည်းပါလို့ စီအီးစီအဟောင်းက ဆုံးဖြတ်တယ်။ စီအီးစီအဟောင်းကပဲ ဘယ်သူတွေနဲ့ဖွဲ့မလဲဆိုတာ သုံးသပ်တယ်။

ဦးဌေးဦးအနေနဲ့ သူရ ဦးရွှေမန်းနဲ့ ဦးဌေးဦးနဲ့ ရာထူးအပြောင်းအလဲလုပ်မယ်ဆိုတာကို ကြိုသိထားပါသလားလို့ အသေးစိတ် မေးမြန်းရာမှာ ဦးဌေးဦးက “ကျနော်တော့မသိဘူး။ မသိဘူး။ သိစရာလည်း မလိုဘူး။ မသိစရာလည်း မလိုဘူး” လို့ ဖြေပါတယ်။

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲဟာ ရွေးကောက်ပွဲအပေါ် သက်ရောက်နိုင်ခြေ ရှိမရှိမေးမြန်းရာမှာ သူက “ရွေးကောက်ပွဲကတော့ဗျာ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း သွားမှာပေါ့။ ဘာမှလည်း ပြောင်းလဲမှာ မဟုတ်ဘူး။ ကော်မရှင်က ချမှတ်ထားတဲ့ဥစ္စာပဲ၊ ကျနော်တို့ကလည်း မူတွေလည်းမပြောင်းဘူး။ ကိုယ်စားလှယ်လည်း မပြောင်းဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ချထားတဲ့လမ်းကြောင်းတွေလည်း မပြောင်းဘူးဆိုတော့ ဘာမှ ပြောင်းလဲမှု မရှိဘူး” လို့ ပြောပါတယ်။

ပါတီကနေ သူရဦးရွှေမန်းကို အရေးယူဖို့ဆောင်ရွက်နေတယ်လို့ ကောလာဟလပျံ့နှံ့မှုနဲ့ ပတ်သက်လို့ ဆောင်ရွက်မှု မရှိဘူးလို့ ဦးဌေးဦးက ယတိပြတ်ငြင်းဆိုပါတယ်။

သူရဦးရွှေမန်းဟာ လက်ရှိမှာ အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဝင်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်နာယက၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီဝင်၊ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့ ပါတီထုတ်ပြန်ချက်မှာ ‘ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန် သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အချိန်ပြည့် ထမ်းဆောင်နေရသူဖြစ်ပြီး အခုအခါ ပါတီလုပ်ငန်းတွေကို ပိုမို၍ ဖိဖိစီးစီးဆောင်ရွက်ရန် လိုအပ်တဲ့အတွက် ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆိုပါပူးတွဲတာဝန်ကို ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးထံသို့ (၁၂-၈-၂၀၁၅) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့တယ်” လို့ ပါရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ တာဝန်က ရုတ်သိမ်းခြင်းဥပဒေကြမ်းNLD လက်မခံ


ပါတီ၏ ပူးတွဲဥက္ကဌ ရာထူးက ရပ်ဆဲခံရသည့် သူရဦးရွှေမန်း ရေဘေးသင့်ပြည်သူများသို့ အလှူငွေပေးအပ်ပွဲ တက်ရောက်

ဦးလွင်

သြဂုတ် ၁၂ ရက်က ပါတီ၏ ပူးတွဲဥက္ကဌ ရာထူးမှ ရပ်ဆဲခံခဲ့ရသည့် သူရဦးရွှေမန်းသည် လွှတ်တော် ကိုယ်စားလှယ်၊ ၀န်ထမ်းများ၏ ရေဘေးသင့်ပြည် သူများအား အလှုပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

သူရဦးရွှေမန်းသည် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ပထမဦးဆုံးအကြိမ် အများပြည်သူရှေ့ ထွက်ပေါ်ပြီး တက်ရောက်ခဲ့သည့် ပွဲလည်းဖြစ်ကာ နေပြည်တော်ရှိ လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာ ချထားရေးဝန် ကြီး ဌာန တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ အပါဝင် ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော်ရုံး ၀န်ထမ်းများက ရေဘေး သင့်ပြည်သူများသို့ အလှူငွေနှင့်ပစ္စည်းလှူဒါန်းခြင်းဖြစ်သည်။

အဆိုပါပွဲတွင် အလှူငွေ သိန်းလေးရာကျော် လှူဒါန်းခဲ့ပြီး သူရဦးရွှေမန်းက ၄င်းအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ စုစည်းမှုများ ကိုဖော်ဆောင်ရင်းပြည်သူများ ၏ဘေးဒုက္ခကို ၀င်ရောက် ကာကွယ်နိုင်ရန် အလှူငွေ ကောက်ခံခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲကို နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနရုံး အပေါ်ထပ် ခန်းမဆောင်တွင်ကျင်းပခြင်းဖြစ်သည်။

သူရဦးရွှေမန်းက `` မိမိအနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီအနေနဲ့ ပါတီရဲ့ Image (ပုံရိပ်)၊ ပါတီရဲ့စုစည်းမှုအားကို ဖော်ဆောင်ရင်း တစ်ဖက်က ပြည်သူများရဲ့ဘေးဒုက္ခကို ၀င်ရောက် ကာကွယ် ဖို့ ကယ်တင်နိုင်ဖို့အတွက် အလှူငွေများ ကောက်ခံခဲ့တာရှိပါတယ်။ မူလရည်မှန်းချက် ကတော့ သိန်း သောင်းဂဏန်း၊သိန်းထောင် ဂဏန်းရမယ်လို့ ရည်မှန်ထားပါတယ်`` ဟု ပြောသည်။

ယင်းအပြင် ၄င်းက ဆက်လက်ပြီး ၄င်းအနေဖြင့် ဧရာဝတီတိုင်းမှုး တာဝန်ယူစဉ်တွင် ကယ်ဆယ်ရေး နှင့်လှူ ဒါန်းရေးထက် တာများ မကျိုးပေါက်ရေး၊ တာများ ရေမကျော်ရေးအတွက် ပဲခူးတိုင်း အနောက်ခြမ်းနှင့်၊ ဧရာဝတီ တိုင်း ဟင်္သာတခရိုင်၊မအူပင်ခရိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

သူရဦးရွှေမန်းကို သြဂုတ် ၁၂ ရက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲ ဥက္ကဌ ရာထူးမှ ဖယ်ရှားခဲ့ပြီး ဦးဌေးဦးကို ယင်းရာထူးပေးအပ်ခဲ့သည်။

-ရေကြီးရေလျံမှုများနှင့်လိုအပ်နေဆဲ အကူအညီများရုပ်သံ


ပုဂ္ဂလိကဘဏ်များ ပိတ်သိမ်းရန် အစီအစဉ်မရှိဟု ဗဟိုဘဏ် ကြေညာ

မြတ်နိုးအောင်

ပည်တွင်းပုဂ္ဂလိကဘဏ်တချို့ကို ပိတ်သိမ်းဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ လက်ရှိထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီကနေ့ တရားဝင် ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံတွင်းဘဏ်တွေဟာ ဗဟိုဘဏ်ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်နဲ့ အချိုးတွေအတွင်းမှာ တည်ရှိပြီး ဘဏ်လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်နေတဲ့ အတွက်ကြောင့် အခုလတ်တလော ထွက်ပေါ်နေတဲ့ ဘဏ်တွေနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ကောလာဟလတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်ကလည်း နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ “မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ ဘယ်ဘဏ်ကိုမှ ပိတ်သိမ်းဖို့ စီစဉ်ထားတာ မရှိပါဘူး။ ဘဏ်တွေအနေနဲ့ ငွေကြေးအကျပ်အတည်းဖြစ်လာရင် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုရှိနေစေဖို့ ဗဟိုဘဏ်က လိုအပ်တဲ့ ငွေကြေးအကူအညီတွေကို ဥပဒေနဲ့အညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ အားလုံးက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ကြီးကြပ်စိစစ်မှု အောက်မှာရှိပြီး ဗဟိုဘဏ်က ပြဋ္ဌာန်းထာတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဘဏ်လုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။” လို့ ပြောပါတယ်။

တရုတ်က ငွေတန်းဖိုးလျှော့ချလိုက်တဲ့ဂယက် မြန်မာငွေအပေါ်မှာလည်း ရိုက်ခတ်မှုရှိပြီး မြန်မာကျပ်ငွေတန်ဖိုး အများကြီး ကျမသွားအောင် ဈေးကွက်ထဲကို ဒေါ်လာငွေ ရောင်းပေးနေတယ်လို့လည်း ဗဟိုဘဏ် တာဝန်ရှိသူက ပြောပါတယ်။

ပြည်တွင်းပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ “ဘာမှ မပိတ်သိမ်းပါဘူး။ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ပြောပြီးပြီပဲ။ တခု ငွေကြေးအခက်အခဲဖြစ်ရင် သူတို့ ၁၀၀ ရာခိုင်နှုန်း ကူညီမယ်ဆိုတာ ပြောသွားပြီပဲ။ ဘာမှ ဘာမှပြဿ နာမဖြစ်ဘဲနဲ့ ကောလာဟလကိုပဲ သွားရှင်းနေရတာ အဓိပ္ပါယ်မရှိဘူးလေ။ ဘဏ်ကလည်း ဘာမှမဖြစ်ဘူးလေ။ ဘယ်ဘဏ်မှ ဘာမှမဖြစ်တာလေ။ အကုန်လုံးက ငြိမ်ငြိမ်သက်သက်ပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်ပေါ်ပြီး နိုင်ငံရေး မငြိမ်မသက်မှုတွေ ဖြစ်နေချိန်မှာ စီးပွားရေး လောကမှာလည်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေသလို ဘဏ်တချို့ ပိတ်သိမ်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

ရေဘေးအတွက်အစိုးရ၏ဆောင်ရွက်ချက်အပေါ်သူတို့ပြောစကား


Myanmar National Airlines ၏ ၂၂ နှစ်တာကာလအတွင်း ပထမဆုံးနိုင်ငံခြားခရီးစဉ်စတင်

မဇ္ဈိမ

နိုင်ငံပိုင်လေကြောင်း Myanmar National Airlines-MNA က ၄င်း၏ ၂၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်အဖြစ် ရန်ကုန်-စင်္ကာပူ ကိုစတင်ပျံသန်းတော့မည်ဖြစ်သည်။

ပထမဆုံးနိုင်ငံတကာခရီးစဉ်အဖြစ် စတင်ပျံသန်းမည့် ရန်ကုန်-စင်ကာပူ ခရီးစဉ်အသစ် ဖွင့်ပွဲအခမ်းအနားကိုလည်း သြဂုတ် ၁၇ ရက် နံနက်တွင် ကျင်းပခဲ့သည်။

စင်ကာပူနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသည့် ရန်ကုန်အကြား ပျံသန်းခြင်းမှသည် ကမ္ဘာ့လှည့်ခရီးသည်များ အနေနှင့် မြန်မာနိုင်ငံကို စူးစမ်းရှာဖွေရန် အခွင့်အလမ်းရှိလာမည်ဟု MNA က သြဂုတ် ၁၇ တွင် ထုတ်ပြန်သည်။

MNA ၏ အမှုဆောင်အရာရှိချုပ် ကပ္ပတိန် ဦးသန်းထွန်း က “ကျွန်တော်တို့ရဲ့နောက်ဆုံးပေါ် Boeing 737-800NG လေယာဉ်အသစ်နဲ့အတူ ရန်ကုန်နဲ့ ဒေသတွင်းက သွားရောက်လည်ပတ်မှု အများဆုံးဖြစ်တဲ့ စင်ကာပူနိုင်ငံကို ပျံသန်းကြပြီးလေယာဉ်တွင်းအဆင့်မြင့်ဆုံး ဝန်ဆောင်မှုတွေကို ပေးအပ်ရတာကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။” ဟု ပြောသည်။

အဆင်ပြေချောမွေ့သည့် ခရီးသွားဝန်ဆောင်မှုများကိုလည်း ပေးအပ်သွားမည်ဟု MNA အနေနှင့် ကတိကဝတ်ပြုသည် ဟုလည်းဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Changi အပြည်ပြည်ဆိုင်ရာ လေဆိပ် ဂိတ်အမှတ် (၃) တို့မှ စနေနေ့မှအပ နေ့စဉ် ပျံသန်းပြေးဆွဲမည်။

ရန်ကုန် မှ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး စင်္ကာပူသို့ ညနေ ၂ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်။ စင်္ကာပူမှ ညနေ ၄ နာရီတွင် ပြန်လည်ထွက်ခွာ မည်ဖြစ်ပြီး ရန်ကုန်သို့ ညနေ ၅ နာရီခွဲတွင် ဆိုက်ရောက်မည်။

ခရီးစဉ်အသစ်စတင်ခြင်း အထိမ်းအမှတ်အနေဖြင့် MNA မှ လက်မှတ်များကို စင်ကာပူ-ရန်ကုန်-စင်ကာပူ အသွားအပြန် ခရီးစဉ်အတွက် စင်ကာပူဒေါ်လာ ၂၈၉၊ ရန်ကုန်-စင်ကာပူ-ရန်ကုန် အသွားအပြန် ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၂၃၉ အသီးသီးကျသင့်မည်။

MNA သည် မြန်မာပြည်တွင်း ၂၆ မြို့သို့ ချိတ်ဆက်ထားပြီး ခရီးစဉ်အများဆုံး ချိတ်ဆက်ပျံသန်းနေသော လေကြောင်းလိုင်းလည်းဖြစ်သည်။

နိုင်ငံတကာခရီးစဉ်ကွန်ယက်မှတစ်ဆင့် ၂၀၁၆ အစောပိုင်းတွင် အာရှပစိဖိတ်ဒေသ အတွင်းနောက်ထပ်လေးမြို့သို့ ပျံသန်းပြေးဆွဲနိုင်မည်ဟု သိရသည်။

MNA သည် ကြိုတင်လက်မှတ် မှာယူခြင်းနှင့် ထွက်ခွာစီစစ်ရေးလုပ်ငန်းစဉ်များ တွင်နောက်ဆုံးပေါ် ကွန်ပျူတာဖြင့် စီမံထားပြီး အွန်လိုင်းမှ ကြိုတင်လက်မှတ်ဝယ်ယူခြင်း၊ ငွေပေးချေခြင်းနှင့် ထိုင်ခုံနေရာ
ရွေးချယ်ခြင်းများ ပြုလုပ်နိုင်ရန်အတွက်လည်း website အသစ်တစ်ခုကို လွှင့်တင်ထားသည်။

လေယာဉ်လက်မှတ်များဝယ်ယူခြင်း၊ ကြိုတင်လက်မှတ်များမှယူခြင်းများနှင့်ဆိုင်သော အသေးစိတ်အချက်အလက်များကို www.flymna.com ၊ အီးမေးလ်လိပ်စာ reservations@flymna.com၊ ဖုန်းနံပါတ် +၉၅ ၁ ၃၇၈၆၀၃ နှင့် +၉၅ ၁ ၃၇၇ ၈၄၀ များသို့ ဆက်သွယ်စုံးစမ်းနိုင်ပါသည်။ ထို့အပြင် MNA လက်မှတ်အရောင်းဌာနရှိရာ အမှတ် ၁၀၄၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင်လည်း
ဝင်ရောက်မေးမြန်း စုံးစမ်းနိုင်ပါသည်။

MNA ၏ တရားဝင် facebook ဖြစ်သည့် www.facebook.com/myanmarnationalairlines တွင်လည်း လေ့လာနိုင်ပါသည်။ လေယာဉ်လက်မှတ်များကို တရားဝင်ခွင့်ပြုချက်ရှိသည့် ခရီးသွားလက်မှတ် အရောင်း ကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

လက်မံတန်းရေးဘေး စာနာထောက်ထားအနုပညာရှင်များ သွားလှူဒါန်း


လွှတ်တော်ရပ်ဆိုင်းဖို့ အရေးကြီးအဆို သူရဦးရွှေမန်း ပယ်ချ

နော်နိုရင်း

နိုင်ငံတ၀န်း သဘာဝရေဘေးဒဏ်ကြောင့် ခေတ္တရပ်နားထားတဲ့ လွှတ်တော်အရပ်ရပ် ပုံမှန်အစည်းအဝေးတွေကို ဒီကနေ့ သြဂုတ် ၁၈ ရက်နေ့ နေပြည်တော်မှာ ပြန်လည် စတင်ကျင်းပပါတယ်။

ဒီနေ့ ပြန်လည်စတင်တဲ့ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ရေဘေးသင့်တဲ့ ပြည်သူတွေရဲ့ဘ၀ ပြန်လည်ထူထောင်ရေးလုပ်နိုင်ဖို့ ပြည်သူ့လွှတ်တော် ရပ်ဆိုင်းပေးဖို့ ကျောင်းကုန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက အရေးကြီးအဆို တင်သွင်းခဲ့ ပါတယ်။

“၂၀၁၅ ခု ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လများတွင် တိုင်းဒေသကြီးပြည်နယ်များအတွင်း သဘာဝ ရေဘေးအန္တရာယ်ကျရောက်မှုများနှင့် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြင်ဆင်ရမယ့် အချိန်အလွန်နီးကပ်နေခြင်းတို့ကြောင့် ၁၂ ကြိမ်မြောက် လွှတ်တော်ကိုအစည်းအဝေးများကို ရပ်ဆိုင်းပေးပါရန် အရေးကြီးအဆိုကို ဥက္ကဋ္ဌကြီးမှတဆင့် လွှတ်တော်သို့လေးစားစွာဖြင့် တင်သွင်းအပ်ပါသည်။”

ဒီအဆိုကို မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ထောက်ခံ ဆွေးနွေးပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ ဒီအဆိုကို ကြိုဆိုပေမယ့် လွှတ်တော်ရပ်နားမှာ မဟုတ်ပဲ ရေဘေး ဒေသတွေက ကိုယ်စားလှယ်တွေအနေနဲ့ ခွင့်ယူနိုင်တယ်လို့ ပြောကြား သွားပါတယ်။

“ဒီအဆိုတင်လိုက်လို့ ဒီလွှတ်တော်ကြီးကို ရပ်နားပေးမှာမဟုတ်ဘူးဆိုတာ နားလည်ဖို့လိုတယ်။ သို့ရာတွင် မိမိတို့ဟာ မိမိတို့ ဒေသမှာ ရေဘေးကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်တယ်လို့ ယူဆတယ်ဆိုရင် ခွင့်ယူသွားလို့ရပါတယ်။ ထိုနည်းတူစွာပဲ လာမယ့် ရွေးကောက်ပွဲမှာ မိမိတို့က လွှတ်တော်ကိုယ်စားလှယ်သွားရောက်ပြီးတော့ ကိုယ်စားလှယ် လောင်းအဖြစ် စာရင်းတင်သွင်းထားလို့ရှိရင် နေရာတွေမှာ သွားရောက်ဖို့ လိုတယ်ဆိုလို့ရှိရင် ခွင့်ယူသွားလို့ရတယ်။ အဲတော့ ပြန်ပြီးတော့ သုံးသပ်တင်ပြ ရမယ်ဆိုရင် အခုတင်ပြချက် ကြိုဆိုတယ်။ သို့ရာတွင် ဥက္ကဋ္ဌတယောက်အနေနဲ့ နာယက တယောက်အနေနဲ့ မိမိတို့ နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားအတွက် ဆောင်ရွက်ရမယ့် ဥပဒေများ၊ ထိုနည်းတူစွာပဲ လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များ ဦးစားပေးပြီးတော့ အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း တင်ပြတဲ့တင်ပြချက်၊ တင်ပြသူများနဲ့ ထောက်ခံသူများ၊ လွှတ်တော်ကိုယ်စားလှယ်များကနေတဆင့် တိုင်းပြည်ကို သိပေးတင်ပြ အပ်ပါတယ်။ ”

ခေတ္တရပ်နားခဲ့တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွေကို မူလက သြဂုတ်လ ၁၀ ရက်မှာ ပြန်စဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ရေဘေးကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ညနေပိုင်းပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ၄ ကြိမ်တိုင် ပေးပို့ တိုက်တွန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကို ရှင်းပြဖို့ရှိနေ ပါတယ်။

ပြည်ထောင်စုလွှတ်တော် အပြီးမှာတော့ လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် တွေနဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီတို့ တွေ့ဆုံညှိနှိုင်းကြဖို့ရှိတယ်လို့ သီပေါအမတ် ဦးရဲထွန်း က ဒီဗွီဘီကို ပြောပါတယ်။

ဦးရွှေမန်းကို ဖယ်ရှားခြင်း မဟုတ်၊ အလှည့်ကျ တာဝန်ထမ်းဆောင်တာလို့ ဦးဌေးဦး ပြော


ပါတီတွင်း စည်းလုံးမှုရှိဖို့ ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲ လုပ်ခြင်းဖြစ်ဟု USDP ဆို

မင်းမင်း

ထိပ်ပိုင်းခေါင်းဆောင်များအား ပြောင်းလဲလိုက်ခြင်းမှာ ပါတီတွင်းစည်းလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အသစ်ဖွဲ့စည်းလိုက်သော ဗဟိုအတွင်းရေးမှူးအဖွဲ့က ပြောဆိုလိုက်သည်။

ဗဟိုအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်မောင်ဌေးက “ပါတီတွင်းမှာ ဒီမိုကရေစီအခွင့် အရေးတွေမရှိဘူးဆိုပြီးတော့ ဝေဖန်ပြောဆိုတာတွေရှိပါတယ်။ ကျွန်တော်တို့က ပါတီတွင်း ဒီမိုကရေစီ ပိုမိုရှင် သန်ရေးနဲ့ ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် အခု ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်တာ” ဟု ပြောသည်။

နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပါတီဝင်အမတ်လောင်းများနှင့် အသစ်ဖွဲ့စည်းလိုက်သည့် အလုပ်အမှုဆောင် ဗဟိုကော်မတီတို့ ဩဂုတ် ၁၇က တွေ့ဆုံမှုအပြီးပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပါတီ၏ ဥက္ကဌဖြစ်သူ ဦးသိန်းစိန်လည်း တက်ရောက်ခဲ့ပြီး ပါတီဝင်အမတ်လောင်းများကို လာရောက်နှုတ်ဆက်သည်ဟု ဗဟိုအတွင်းရေးမှူးအဖွဲ့က သတင်းစာရှင်းလင်းပွဲ တွင်ပြောဆို သွားသည်။

အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပါတီဝင် အမတ်လောင်းများ ကြိုဆိုတွေ့ဆုံပွဲပြုလုပ်သည့် ဩဂုတ် ၁၂တွင် ညတွင်းချင်း ရုတ်ချည်း ပြောင်းလဲကာ ပါတီ၏ ပူးတွဲ ဥက္ကဌအဖြစ်တာဝန်ပေးထားသော သူရဦးရွှေမန်းအပါအ၀င် ဗဟိုကော်မတီအဖွဲ့ဝင်အများစုကို ဖယ်ရှားခဲ့သည်။

အန်အယ်လ်ဒီအနေနဲ့ စောင့်ကြည့်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


MNA လေကြောင်းလိုင်း စင်္ကာပူသို့ စတင် ပြေးဆွဲ

မေစိုးစံ

Myanmar National Airlines(MNA) လေကြောင်းလိုင်းက ပထမဆုံး ရန်ကုန်-စင်္ကာပူ ခရီးစဉ်သစ်ကို သြဂုတ်လ ၁၇ ရက်တွင် စတင် ပျံသန်း ပြေးဆွဲ ကြောင်း သိရသည်။

“Boeing 737-800NG လေယာဉ်သစ်နဲ့အတူ ရန်ကုန်နဲ့ ဒေသတွင်း သွားရောက်လည်ပတ်မှု အများဆုံးဖြစ်တဲ့ စင်္ကာပူနိုင်ငံကို ပျံသန်း ပြီး လေယာဉ်တွင်း အဆင့်မြင့် ၀န်ဆောင်မှုတွေ ပေးသွားမယ်”ဟု MNA လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ် ကပ္ပတိန် ဦးသန်းထွန်းက သြဂုတ် ၁၇ ရက် သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ယင်း ရန်ကုန်-စင်္ကာပူ ခရီးစဉ်သစ် ဖွင့်ပွဲကိုလည်း သြဂုတ် ၁၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ MNA လေကြောင်းလိုင်းက လက်မှတ်ဈေးနှုန်းများမှာ စင်္ကာပူ-ရန်ကုန်-စင်္ကာပူ အသွားအပြန် ခရီးစဉ် အတွက် စင်္ကာပူဒေါ်လာ ၂၈၉ (အမေရိကန် ဒေါ်လာ ၂၀၅.၄၃ ခန့်)၊ ရန်ကုန်-စင်္ကာပူ-ရန်ကုန် အသွားအပြန် ခရီးစဉ်အတွက် အမေရိကန် ဒေါ်လာ ၂၃၉ ဒေါ်လာ သတ်မှတ်၍ အထူး ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ပါရှိသည်။

MNA လေကြောင်းလိုင်းသည် အစိုးရပိုင် လေကြောင်းလိုင်း ဖြစ်ပြီး ၁၉၄၈ ခုနှစ်က စတင်၍ Union of Burma Airways အမည်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၈၉ ခုနှစ်တွင် Myanmar Airways အမည်သို့ ပြောင်းလဲ ပျံသန်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် MNA အမည်သို့ ပြောင်းလဲ၍ ပြည်တွင်းစတင် ပျံသန်း ပြေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းလေကြောင်းလိုင်းသည် သက်တမ်း ၆၇ နှစ်ကျော် ရှိကြောင်း သိရသည်။

MNA သည် နှစ်ပေါင်း ၂၂ နှစ် အတွင်း ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ် စင်္ကာပူသို့ စတင် ပျံသန်းပြေးဆွဲခြင်း ဖြစ်ပြီး မြန်မာ အစိုးရ၏ ဦးဆောင်မှုမှ ပထမဆုံး Corporatize (လွတ်လပ်သည့် စီးပွားရေးလုပ်ငန်း) အသွင်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည့် လေကြောင်းလိုင်း တခု ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MNA အနေဖြင့် မြန်မာပြည်တွင်း လေယဉ်ခရီးစဉ်များအဖြစ် မြို့ကြီး ၂၆ မြို့သို့ ချိတ်ဆက်ပျံသန်းလျက် ရှိကြောင်းနှင့် တိုးချဲ့လိုက် သည့် နိုင်ငံတကာ ခရီးစဉ်ကွန်ရက်ကို လာမည့် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် အာရှပစိဖိတ် ဒေသတွင်း မြို့ကြီး ၄ မြို့သို့ ထပ်မံပျံသန်း ပြေးဆွဲမည်ဟု သိရသည်။

MNA လေကြောင်းလိုင်းသည် နိုင်ငံတကာ ခရီးစဉ်များ ပျံသန်းပြေးဆွဲရန် အမေရိကန် ထိပ်တန်း ကုမ္ပဏီကြီး General Electric ၏ လုပ်ငန်းခွဲ တခုဖြစ်သည့် General Electric Capital Aviation Services (GECAS) ထံမှ ဆီယက်တဲလ်မြို့ ဘိုရင်း လေယာဉ် စက်ရုံထုတ် ဘိုရင်း 737 ခရီးသည်တင် လေယာဉ်တစီးကို ပြီးခဲ့သည့် ဇွန်လပိုင်းက လွှဲပြောင်းရယူခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တကယ့်အစစ်အမှန်က သူက အာဏာသိမ်းတာ လို့ ဦးလှဆွေ ပြော


ပါတီတွင်း စည်းလုံးမှုရှိဖို့ ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲ လုပ်ခြင်းဖြစ်ဟု USDP ဆို

မင်းမင်း

ထိပ်ပိုင်းခေါင်းဆောင်များအား ပြောင်းလဲလိုက်ခြင်းမှာ ပါတီတွင်းစည်းလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အသစ်ဖွဲ့စည်းလိုက်သော ဗဟိုအတွင်းရေးမှူးအဖွဲ့က ပြောဆိုလိုက်သည်။

ဗဟိုအတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်မောင်ဌေးက “ပါတီတွင်းမှာ ဒီမိုကရေစီအခွင့် အရေးတွေမရှိဘူးဆိုပြီးတော့ ဝေဖန်ပြောဆိုတာတွေရှိပါတယ်။ ကျွန်တော်တို့က ပါတီတွင်း ဒီမိုကရေစီ ပိုမိုရှင် သန်ရေးနဲ့ ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် အခု ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်တာ” ဟု ပြောသည်။

နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပါတီဝင်အမတ်လောင်းများနှင့် အသစ်ဖွဲ့စည်းလိုက်သည့် အလုပ်အမှုဆောင် ဗဟိုကော်မတီတို့ ဩဂုတ် ၁၇က တွေ့ဆုံမှုအပြီးပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပါတီ၏ ဥက္ကဌဖြစ်သူ ဦးသိန်းစိန်လည်း တက်ရောက်ခဲ့ပြီး ပါတီဝင်အမတ်လောင်းများကို လာရောက်နှုတ်ဆက်သည်ဟု ဗဟိုအတွင်းရေးမှူးအဖွဲ့က သတင်းစာရှင်းလင်းပွဲ တွင်ပြောဆို သွားသည်။

အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပါတီဝင် အမတ်လောင်းများ ကြိုဆိုတွေ့ဆုံပွဲပြုလုပ်သည့် ဩဂုတ် ၁၂တွင် ညတွင်းချင်း ရုတ်ချည်း ပြောင်းလဲကာ ပါတီ၏ ပူးတွဲ ဥက္ကဌအဖြစ်တာဝန်ပေးထားသော သူရဦးရွှေမန်းအပါအ၀င် ဗဟိုကော်မတီအဖွဲ့ဝင်အများစုကို ဖယ်ရှားခဲ့သည်။

အမျိုးသားနိုင်င်ငံရေးမဟာမိတ်များအဖွဲ့ချုပ်


ဇေကမ္ဘာဝင်းက ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ ပိုင်ရှင်သိပြီ၊ သို့သော် ဖမ်းမမိသေး

နန်းဆိုင်နွမ်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန် ဇေကမ္ဘာဝင်း လမ်းမပေါ်တွင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိထားသည့် အရေအတွက် သန်းချီရှိသော စိတ်ကြွဆေးပြားများ ပိုင်ရှင်သည် ရန်ကုန် အခြေစိုက် Kaladan Delta Development ကုမ္ပဏီဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောသည်။

Kaladan Delta Development ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ပါဝင်နေကြောင်း၊ လက်ရှိတွင် ထိုသူများ ထွက်ပြေး တိမ်းရှောင်နေကြောင်း မူးယစ်ဆေးဝါး တားဆီ နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မြင့်သိန်း က ဧရာဝတီကို ပြောပြသည်။

ဖမ်းဆီးခဲ့သည့် ယာဉ်များ၏ ယာဉ်ပိုင်ရှင် အမည်ပါ လိပ်စာများအား စစ်ဆေးဖော်ထုတ်ခဲ့ရာ မြောက်ဒဂုံ မြို့နယ် (၄၃) ရပ်ကွက် ဇွဲကပင် လမ်း အမှတ် (၁၁၁၃) နေအိမ်တွင် ယင်းကုမ္ပဏီနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို သိမ်းဆည်းမိခဲ့သည်ဟုလည်း သြဂုတ်လ ၁၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

“ကျနော်တို့က ဆက်စပ်တဲ့ တရားခံ ၈ ဦး ဖော်ထုတ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ ဖမ်းမမိသေးဘူး။ သူတို့ တိမ်းရှောင်နေတယ်။ မမိသေးတဲ့အတွက် မိအောင် ကြိုးစားနေတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်”ဟု ရဲမှူးကြီး မြင့် သိန်း က ဆိုသည်။

ထိုမူးယစ်ဆေးဝါး အမှု၌ ပါဝင်ပတ်သက်နေသော ၈ ဦးသည် ကုမ္ပဏီ မန်းနေဂျင်း ဒါရိုက်တာ မင်းဦးခိုင်၊ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်သည့် ကျော်အေးလှိုင်၊ ဝင်းလှိုင်၊ လှမောင်၊ အေးသန်း၊ သန်းမြင့်၊ ရွှေသီးမောင်နှင့် သန်းထွန်းတို့ဖြစ်သည်ဟုလည်း ဆိုသည်။

Kaladan Delta Development ကုမ္ပဏီသည် ရေလုပ်ငန်းများကို အဓိကလုပ်ဆောင်၍ ပြည်ပသို့ တင်ပို့နေသည်ဟုလည်း သိရ သည်။

အမှုတွင် ပါဝင်ပတ်သက်နေသူ ၈ ဦးကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူ ထားကြောင်းနှင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိသူများ ဖမ်းဆီးရေးအတွက် ပိတ်ဆို့ရှာဖွေခြင်း၊ ရေဆိပ်၊ လေဆိပ်များ၊ နယ်စပ်ဝင်/ ထွက်ပေါက်များတွင်ရှာဖွေခြင်း အိမ်နီးချင်းနိုင်ငံများနှင့် သတင်းဖလှယ်စုံစမ်း ရှာဖွေမှုများ ပြုလုပ်နေကြောင်း သြဂုတ် ၁၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် ပါရှိသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးချုပ် ကျော်ဝင်းက“လူတွေရရင်တော့ အစဆွဲထုတ်လို့ရပြီ။ ကျူးလွန်တဲ့သူတွေက အခွင့်အရေးရှိတယ်လေ။ အားသာတာပေါ့။ ပြေးတဲ့သူထဲက တယောက်ရရင် ရပြီ။ သူတို့ ပြေးနိုင်တဲ့ နိုင်ငံတွေကိုလည်း ချိတ်ဆက် ထားပြီးသွားပြီ”ဟု ပြောဆိုသည်။

ဇူလိုင် ၂၆ ရက်က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ၀င်း၌ ရပ်ထားသည့် KIA BONGO အမျိုးအစား ကွန်တိန်နာ ဘောက်စ် အဖြူရောင် ယာဉ်ပေါ်တွင် တန်ဖိုးငွေကျပ် ၁၃၃ ဒသမ ၅ ဘီလီယံရှိ စိတ်ကြွဆေးပြားပေါင်း ၂၆ ဒသမ ၇ သိန်း ထုတ်ပိုးထားသည့် အထုပ်များနှင့် သြဂုတ်လ ၃ ရက်က မြောက်ဒဂုံမြို့နယ်၌ တန်ဖိုးငွေ ကျပ် ၇ ဒသမ ၅ ဘီလီယံရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၅ သန်းကို ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားပြီး ဆက်စပ်၍ မြောက် ဒဂုံ တွင် ဖမ်းဆီးရမိသည့် ဖြစ်စဉ်ကိုလည်း ပြစ်မှုဆိုင်ရာ မပ(ပ)၁၅/၂၀၁၅၊ ပုဒ်မ ၁၉(က)/၂၀ အရ အမှုဖွင့်ထားကြောင်း သိရသည်။

ပြည်သူလွှတ်တော်ဥက္ကဌ၊ ပြည်ခိုင်ဖြိုးဥက္ကဌဟောင်း သူရဦးရွှေမန်း ရုပ်သံ


ချယ်ရီ အက်ဖ်အမ် အခြေအနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေဟုဆို

မဇ္ဈိမ

ထုတ်လွှင့်ခွင့် ခေတ္တရပ်နားထားသည့် ချယ်ရီ FM အခြေအနေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသည်ဟု အဆိုပါ FM ၏ အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်က မဇ္ဈိမကို ပြောသည်။

၎င်းက ‘အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်’ ဟု ဆိုလိုက်ပြီး အခြား တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိသေးဟုလည်း မဇ္ဈိမကိုပြောသည်။

သြဂုတ် ၁၇ ရက်တွင် ချယ်ရီ FM ထုတ်လွှင့်မှုနှင့် ပတ်သက်ပြီး နေပြည်တော်တွင် ဆွေးနွေးပြီးနောက် သူရဦးရွေမန်း၏ သား ဦးတိုးနိုင်မန်းက ‘ ကျွန်တော်တို့ အကောင်းဆုံး အဖြေတစ်ခု ရရှိရန်
ဆွေးနွေးပြီးဖြစ်ပါသည် ။ ရွှင်းလန်းချမ်းမြေ့ပါစေဗျာ ။ ချယ်ရီ အတွက် အဆင်ပြေမယ်ဟု ယုံကြည် ပါ သည် ‘ ဟုလည်း သူ၏ဖေ့စ်ဘွတ် စာမျက်နှာ တွင်ရေးသားထားသည်။

နိုင်ငံရေးအခြေအနေအရလည်းကောင်း၊ စာချုပ်နှင့် ကျင့်ဝတ်အရလည်းကောင်း နှစ်ဦးနှစ်ဖက် နစ်နာမှုများ ရှိနိုင်သောကြောင့် Cherry FM ထုတ်လွှင့်မှုကို အချိန်သုံးလကြာရပ်နားရန် နှစ်ဦးနှစ်ဖက် သဘောတူ ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက မဇ္ဈိမကို ပြောထားသည်။

ချယ်ရီ FMသည် ပြီးခဲ့သည့် ရက်ပိုင်းက အာဏာရပါတီ၏ ဥက္ကဌရာထူးမှ ဖြုတ်ချခံလိုက်ရသည့် သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ် ဦးဆောင်လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ခရီးသွားပန်းစကား ခရီ - ၉ (ရန်ကုန်မြို့)


အိမ်ပြန်ချိန် မျှော်လင့်နေဆဲ မလေးရှား ထိန်းသိမ်းရေးစခန်းထဲက မြန်မာများ

ခင်ဦးသာ

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့ကြုံတွေ့နေရသော နေထိုင် စားသောက်ရေး အခက်အခဲများကြောင့် ဇာတိရပ်ရွာသို့ ပြန်လိုကြသော်လည်း မပြန်နိုင်ကြသေးပေ။

ထိန်းသိမ်းခံထားရသူများသည် မလေးရှားနိုင်ငံ၌ တရားမ၀င် နေထိုင်ခြင်း အပါအ၀င် ဥပဒေတခုခု ငြိစွန်း၍ ဖမ်းဆီးထောင်ချ ခံခဲ့ရပြီး နောက် ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြပြီး မိခင်နိုင်ငံသို့ ပြန်လိုပါက မြန်မာနိုင်ငံသားဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထားများနှင့် ခရီးစရိတ်ရှိရန် လိုအပ်နေသည်။

အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေးစခန်း ရောက်လာသူများအား မြန်မာနိုင်ငံသား ဟုတ်မဟုတ် ဆိုသည်ကို မြန်မာသံရုံး တာဝန်ရှိသူများက တွေ့ဆုံစစ်ဆေးပြီး ဟုတ်မှန်သည် ဆိုပါက ၎င်းတို့၏ မှတ်တမ်းကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြ၍ အတည်ပြုချက် ရယူကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ ဒုတိယ အတွင်းဝန် ဦးသီဟဟိန်းက ဧရာဝတီ ကို ပြောသည်။

မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပြီးသူများသည် မိမိနိုင်ငံသို့ ပြန်လိုပါက ခရီးစရိတ် အပါအ၀င် လူဝင်မှု ကြီးကြပ်ရေးဌာနတွင် ပေးဆောင်ရသည့် အခွန်ကြေး၊ ဒဏ်ကြေး၊ လိုအပ်သည့် အ၀တ်အစား စသည်တို့ အတွက် မလေးရှား ရင်းဂစ်ငွေ ၆၅၀ ကို ပေး ဆောင်ရကြောင်း ဦးသီဟဟိန်းက ဆက်ပြောသည်။

“ရင်းဂစ် ၆၅၀ ဆိုပေမယ့် လုံးဝမပေးနိုင်သူ၊ အထူးသဖြင့် ကျန်းမာရေးအရ မြန်မာနိုင်ငံကို အရေးပေါ်ပြန်ဖို့ လိုအပ်နေတယ် ဆိုရင်တော့ မလေးမှာရှိတဲ့ လူမှုအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ကူညီပေးပါတယ်”ဟု ၎င်းက ပြောပြသည်။

မလေးရှား နိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၂ ခု၌ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီးသူ ၂၀၀၀ ၀န်းကျင် ရှိကြောင်း၊ မိခင်နိုင်ငံသို့ ပြန်လိုသူများကို စိစစ်ပြီး အမြန်ဆုံး ပြန်နိုင်ရန် စီစဉ်ပေးနေကြောင်း၊ စိစစ်မှုများကိုလည်း လေးငါးလအတွင်း ပြီးစီးရန် ဆောင်ရွက် ပေး နေကြောင်းလည်း ဦးသီဟဟိန်းက ပြောသည်။

ထိန်းသိမ်းရေး စခန်းများထဲရှိ မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များသည် လိုအပ်သည်ထက် ကြာမြင့်နေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၌ အတည်ပြုချက် ရယူရာတွင် အချိန်ကြာမြင့်ကြောင်း၊ ထိုသို့ အချိန်ကြာမြင့်မှုများကြောင့် ကျန်းမာ ရေး မကောင်းသူများသည် ကျန်းမာရေး ပိုမိုဆိုးဝါးသွားကာ အသက်သေဆုံးသူ တချို့ပင် ရှိနေကြောင်း မလေးရောက် မြန်မာနိုင်ငံ သား များက ပြောဆိုကြသည်။

“ထိန်းသိမ်းရေး စခန်းတွေမှာ နေရတာ ကြာလာတော့ နေထိုင်စားသောက်ရေး အခက်အခဲတွေ ရှိလာတော့ တချို့က ကျန်းမာရေး ချို့တဲ့လာတယ်။ တချို့ဆို သေသွားတယ်။ ပြီးခဲ့တဲ့လကဆိုရင် လူ ၃ ဦးရဲ့ အလောင်းကို ကျနော်တို့ နာရေးအသင်းက သင်္ဂြိုဟ်ပေး ခဲ့ရတယ်။ သေသူ အများစုဟာ လင်းခေးစခန်းကပါ”ဟု ကပုန်းဒေသရှိ ၇ ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်း က ဧရာဝတီကို ပြောသည်။

မိမိနိုင်ငံသို့ ပြန်ရမည့် အချိန်ကို စောင့်ဆိုင်းနေရင်း နေထိုင်စားသောက်ရေး အခက်အခဲများကြောင့် ကျန်းမာရေး ချို့တဲ့လာသူများအား မြန်မာသံရုံး အပါအ၀င် လူမှုအဖွဲ့အစည်းများက ဆေးရုံပို့၍ ဆေးကုသမှု ခံယူနိုင်ရန် ကူညီပေးကြကြောင်း၊ အထူးသဖြင့် လင်း ခေး ထိန်းသိမ်းရေး စခန်း၌ ကျန်မာရေးချို့တဲ့သူများပြားကြောင်း၊ ယခုလ အနည်းငယ်တွင် သင်္ဂြိုဟ်ပေးသည့် အလောင်း ၇ လောင်း ရှိပြီဖြစ်ကြောင်းလည်း ဦးဆန်းဝင်းက ဆိုသည်။

ထိန်းသိမ်းရေး စခန်းထဲ ရောက်နေသူများအနက် တချို့သည် မလေးရှားနိုင်ငံ ဥပဒေအရ ထိန်းသိမ်းရေး စခန်း၌ ၃ လသာ နေထိုင် ရမည် ဖြစ်သော်လည်း၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်များ ကြန့်ကြာမှုကြောင့် တနှစ်ကျော်အထိ နေထိုင်ရသူများ ရှိနေကြောင်း သိရသည်။

ထိန်းသိမ်းရေး စခန်းထဲ၌ နှစ်ချီကြာမြင့်စွာ နေထိုင်နေရသူများသည် ဥပဒေတခုခု ချိုးဖောက်၍ ပြစ်မှုအရ နေထိုင်သူများ သို့မဟုတ် UNHCR ကတ် (ဒုက္ခသည်ကတ်) ရရှိရေးအတွက် နေထိုင်သူများသာ ဖြစ်ကြောင်း မြန်မာသံရုံး ဒုတိယ အတွင်းဝန် ဦးသီဟဟိန်းက ရှင်းပြသည်။

“မြန်မာနိုင်ငံကို ပြန်ချင်သူများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်တာကတော့ အများဆုံး ကြာရင် ၅ လ ပါပဲ။ အများစုကတော့ ၃ လ၊ ၄ လ ပဲ ကြာပါတယ်။ အဲဒီလို မကြာရအောင်၊ အမြန်ဆုံး ပြန်နိုင်ဖို့ အတွက်လည်း ကျနော်တို့ ဆောင်ရွက် ပေးနေပါတယ်”ဟု ၎င်းက ဆိုသည်။

ထိန်းသိမ်းရေး စခန်းထဲ ရောက်နေသူများအနက် မြန်မာနိုင်ငံသို့ ပြန်လိုသူများသည် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား(CI) လျှောက်ထားရန် လိုအပ်ကြောင်း၊ CI လျှောက်ရာတွင် ပတ်စ်ပို့၊ သန်းခေါင်စာရင်း မိတ္တူ၊ မှတ်ပုံတင် မူရင်းနှင့်မလေးရှား ရင်းဂစ်ငွေ ၆၅၀ အား သံရုံးက တာဝန်ပေးထားသည့် အလုပ်သမား အေဂျင်စီများထံ ပေးရကြောင်း သိရသည်။

သို့ရာတွင် လိုအပ်သည့် အထောက်အထား အပြည့်အစုံဖြင့် လျှောက်ထားကြသော်လည်း CI မရသေးသူ အများအပြား ထိန်းသိမ်း ရေး စခန်းများ၌ ရှိနေကြောင်း၊ ၎င်းတို့၏ ဆွေမျိုးမိတ်ဆွေ တချို့သည်လည်း ထိန်းသိမ်းရေး စခန်း၌ ရှိနေကြကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ နေထိုင်သူ မြန်မာတဦးက ပြောသည်။

“တချို့ဆိုရင် လျှောက်ထားတာ လေးငါးလ ရှိနေပြီ။ ဒါပေမယ့် CI မရသေးသူတွေ အများကြီး ရှိနေတယ်၊ အဓိကတော့ သံရုံးက တာဝန်ရှိသူတွေရဲ့နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေတာကြောင့်ပါ၊ တချို့လည်း CI စောင့်ရင်း သေသွားသူတွေ၊ ရူးသွားသူတွေတောင် ရှိတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

မြန်မာသံရုံး ဒုတိယ အတွင်းဝန် ဦးသီဟဟိန်းကမူ ထိန်းသိမ်းရေး စခန်းတွင် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူ အနည်းငယ်သာ ရှိကြောင်း၊ ထိုသို့ ဖြစ်ရခြင်းသည်လည်း စခန်းထဲရောက်မှ မဟုတ်ဘဲ ယခင်ကပင် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသူများ ဖြစ်နိုင်ကြောင်း ပြော သည်။

စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူများနှင့် ပတ်သက်ပြီး မြန်မာသံရုံး၏ အင်တာနက် စာမျက်နှာ၌ ထိန်းသိမ်းခံထားရ သူများတွင် အသက် မပြည့်သေးသည့် ကလေးများ၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူများ၊ ကျန်းမာရေး မကောင်းသူများ ပါဝင်ကြသည် ဟု ဖော်ပြထား သည်။

ထိန်းသိမ်းရေး စခန်းများအနက် Semenyih ထိန်းသိမ်းရေး စခန်း၌ မြန်မာနိုင်ငံသား ၄၉၃ ဦးတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သူတချို့အပြင် အသက်မပြည့်သေးသည့် လူငယ် ၁၃ ဦး ရှိကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။


အသက် မပြည့်သေး သူများသည် မိဘများအား ဖမ်းဆီးရာတွင် မိဘများနှင့်အတူ ပါလာသူများလည်းဖြစ်ကြောင်း သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများသည် ထိန်းသိမ်းရေး စခန်းထဲသို့ မည်သည့် အကြောင်းအရာကြောင့် ရောက်ရှိနေသည် ဖြစ် စေ၊ ၎င်းတို့ ရင်ဆိုင်နေရသည့် နေထိုင်စားသောက်မှု အခက်အခဲများ၊ ကျန်းမာရေး ချို့တဲ့နေသူများ၊ အိမ်ပြန်လိုသူများ အဆင်ပြေ လည်စေရေး အတွက် ဖြေရှင်းပေးနိုင်ရန်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံး၊ မြန်မာလူမှု အဖွဲ့အစည်းများ၏ ၀ိုင်းဝန်း ကူညီမှုအပြင် မြန်မာနိုင်ငံ အစိုးရ၏ တာဝန်ယူ ဖြေရှင်းပေးမှုသည်သာ အထိရောက်ဆုံး ဖြစ်ပေသည်။

မလေးရှား နိုင်ငံ၌ တရားဝင် နေထိုင်သူနှင့် တရားမ၀င် နေထိုင်သူ မြန်မာနိုင်ငံသား စုစုပေါင်း ၆ သိန်း ၀န်းကျင် ရှိကြောင်း သိရ သည်။