Sunday, January 31, 2010

DVB သတင်းထောက် တဦးကို နှစ်ရှည် ထောင်ဒဏ်ချမှတ်

မင်းဆက်ခိုင်(နိရဉ္စရာ) ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာနမှ ပြည်တွင်း တီဗွီသတင်း ထောက်တဦးကို နအဖ တရားရုံး တခုမှ ထောင်ဒဏ် ၁၃နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ် ချမှတ်ခံရသူမှာ ကိုငွေစိုးလင်းဖြစ်ပြီး ယခုလ ၂၇ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင် အတွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကိုငွေစိုးလင်းအား အီလက်ထရွန်နစ် ဥပဒေ ပုဒ်မ ၃၃ (က)၊ လူဝင် မှုကြီးကြပ်ရေး အရေးပေါ် ပြဌာန်းချက် ဥပဒေ ပုဒ်မ ၁၃/၁ တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၁၃ နှစ် ချမှတ် ခဲ့ခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ် ဇွန်လ အတွင်းက ကိုငွေစိုးလင်းအား အင်တာနက်ဆိုင် တဆိုင်မှ အပြန်တွင် ဒေသခံ အာဏာပိုင်များက ဖမ်းဆီး ခဲ့ခြင်းပြီး အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခဲ့သည်။

၎င်းအပြင် ၂၀၀၉ခုနှစ် စက်တင်္ဘာလ အတွင်းက ဖမ်းဆီးခဲ့သော DVB သတင်းထောက် မလှလှဝင်း ကိုလည်း ယခုလ အစောပိုင်းက ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့သည်။

ကိုငွေစိုးလင်းသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော မိဘမဲ့ ကလေးငယ် များအကြောင်း မှတ်တမ်း ဗွီဒီယို ရိုက်ကူးခဲ့၍ ၂၀၀၉ ခုနှစ် Rory Peck Awards ဗီဒီယို ကင်မရာ သတင်းသမား ဆုကို ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၁၇၇ဦး ရှိနေပြီ ဖြစ်သည်ဟု ယမန်နေ့ ရက်စွဲဖြင့် AAPP - နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်းမှ ထုတ်ဝေသော နှစ်ပတ်လည် အစီရင်ခံစာ တွင် ဖေါ်ပြထားသည်။

သတင်းသမားများကို ဖမ်းဆီးထောင်ချပြီး ဖိနှိပ်ချုပ်ချယ်မှု နေရာတွင် မြန်မာနိုင်ငံသည် အဆိုးဆုံး ၅ နိုင်ငံ စာရင်းထဲတွင် ပါဝင်နေသည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ် ပေးရေးအဖွဲ့(CPJ) က ၂၀၀၉ခုနှစ် ဒီဇင်ဘာလဆန်းပိုင်း၌ ထုတ်ဖော်ပြောကြားခဲ့သည်။


ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာခရီးစဉ် အတွင်း ရခိုင်ပြည်နယ်သို့ သွားမည်

Narinjara News

မင်းဆက်ခိုင်(နိရဉ္စရာ) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တေးနားသည် လာမည့် ဖေဖေါ်ဝါရီလအတွင်း ပြုလုပ်မည့် သူ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက် လည်ပတ်မည်ဟု သိရသည်။

သူ၏ ခရီးစဉ်အား ဖေဖေါ်ဝါရီလ ၁၅ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ၂၀ရက်နေတွင် အဆုံးသတ်မည် ဖြစ်သည်။


မစ္စတာ ကင်တေးနားသည် ရခိုင်ပြည် ခရီးစဉ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်နေကြသော မူဆလင် ဘာသာဝင်များ၏ အခြေအနေများနှင့် လူအခွင့်အရေး အခြေအနေများကို သွားရောက် လေ့လာမည် ဖြစ်သည်။

မစ္စတာ ကင်တေးနားသည် သူ၏ ခရီးစဉ်အတွင်း နအဖ စစ်အစိုးရ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခွင့် ရရှိရန် စစ်အစိုးရအား တောင်းဆိုးထားသည်ဟု ဘီဘီစီနှင့် တွေ့ဆုံခန်း တခုတွင် သူက ပြောသည်။

ယခု ခရီးစဉ်၌ တွေ့ရှိချက်များကို လာမည့် မတ်လတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်မည့် လူ့အခွင့်အရေး ကောင်စီတွင် အစီရင်ခံသွားမည်ဟုလည်း သိရသည်။

မစ္စတာ ကင်တေးနားသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ခုနှစ်တွင် ခန့်အပ်ခံရပြီး ယမန်နှစ် ဖေဖေါ်ဝါရီလ အတွင်းက ဒုတိယအကြိမ် အဖြစ် မြန်မာနိုင်ငံသို့ သွားရောက် ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်သို့ သွားရောက် လည်ပတ်ခဲ့သည်။

ယမန်နှစ်က ကုလသမဂ္ဂထံ တင်သွင်းခဲ့သော မစ္စတာ ကင်တေးနား၏ အစီရင်ခံစာတွင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် လွှတ်ရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို လုပ်ဆောင်ရန် တောင်းဆို တင်ပြခဲ့သည်။

မြန်မာပြည်နှင့် ကြားခံနိုင်ငံသဘာဝ

အောင်ကျော်ခင် (ဝေဖန်သုံးသပ်ချက်)

ကမ္ဘာ့မြေပုံပေါ်မှာ (၁၉) ရာစုအစောပိုင်းက တည်ရှိခဲ့တဲ့ နိုင်ငံတွေထဲမှာ (၅၀) ရာခိုင်နှုန်းဟာ ယနေ့အထိ ဆက်လက် ရှင်သန်နေတာ တွေ့ရတယ်လို့ သုတေသီတွေကဆိုတယ်။ ကျန် (၅၀) ရာခိုင်နှုန်းမှာ ကွယ်ပျောက်သွားတာရှိသလို အသွင်ပြောင်းသွားတာလည်းရှိတယ်။


နိုင်ငံတော် ပျောက်ကွယ်သွားပေမယ့် တိုင်းသူပြည်သားကတော့ အနည်းနဲ့အများ ကျန်ရှိနေတယ်။ အုပ်ချုပ်ပုံစနစ် ပြောင်းလဲသွားတဲ့သဘောပဲ။ နိုင်ငံဟာ မိမိကံကြမ္မာကို မိမိဘာသာမဖန်တီးနိုင်တော့ဘဲ သူတပါးလက်အောက်ခံသဘောမျိုး ဖြစ်သွားရင် အဲဒီနိုင်ငံကို ပျောက်ကွယ်သွားပြီ (သို့မဟုတ်) သေဆုံးသွားပြီလို့ ယူဆတဲ့သဘောဖြစ်တယ်။

မြန်မာ့သမိုင်းမှာ (၂) ကြိမ်တိုင်တိုင် မြန်မာနိုင်ငံ ကွယ်ပျောက်သွားဖူးတယ်။ (၁၃) ရာစုမှာ တရုတ်နဲ့ ဆက်ဆံရေးအဆင်မပြေ ဖြစ်လာပြီး တရုတ်တပ်တွေ မြန်မာပြည်ထဲ ၀င်ရောက်တိုက်ခိုက်လို့ ပုဂံပြည့်ရှင် ‘နရသီဟပတေ့မင်း’ ထွက်ပြေးရပြီး ပုဂံနေပြည်တော် မွန်ဂိုတရုတ်တို့လက်အောက် ကျရောက်သွားတာကို လူသိများတယ်။ (၁၃) ရာစုနှောင်းပိုင်းမှာ ပုဂံနေပြည်တော်ကို တရုတ်ပိုင် ‘မြန်ချွန်’ ပြည်နယ်လို့ သတ်မှတ်တယ်။ ဒါပေမယ့် တရုတ်ဟာ မြန်ချွန်ပြည်နယ်ကို တိုက်ရိုက်မအုပ်ချုပ်ဘဲ သူတို့ကို သစ္စာခံတဲ့ မြန်မာမင်းတွေကတဆင့်သာ အုပ်ချုပ်ခဲ့တယ်။

(၁၈) ရာစုအလယ်ပိုင်းမှာ ကုန်းဘောင်မင်းဆက်က မြန်မာနိုင်ငံတော်ကို တည်ထောင်ပြန်တော့လည်း အနှစ်တရာကျော်သာခံပြီး (၁၉) ရာစုနှောင်းပိုင်းမှာ အင်္ဂလိပ်ကိုလိုနီဘ၀ရောက်သွားလို့ ပျက်စီးပျောက်ကွယ်သွားတယ်။ အင်အားကြီး ဥရောပနိုင်ငံတွေ ဖြစ်တဲ့ အင်္ဂလိပ်နဲ့ပြင်သစ်တို့ အာရှတောင်ပိုင်းမှာ အားပြိုင်ကြရာမှာ ကြားခံဒေသဖြစ်တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံခြားဆက်ဆံရေး မကျွမ်းကျင်တဲ့အတွက် အင်္ဂလိပ်သိမ်းပိုက်တာကို ခံလိုက်ရတယ်လို့ သုံးသပ်ကြတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ အကြားက နိုင်ငံလေးတွေဟာ မလိမ္မာရင် ရေရှည်မှာပျောက်ကွယ်ဖို့ အလားအလာများတာကို ဆိုလိုတာပါပဲ။

ကြားခံနိုင်ငံ (Buffer State) ဆိုတာဟာ ပြိုင်ဆိုင်နေတဲ့ အင်အားကြီးနိုင်ငံ (၂) ခုအကြားမှာ တည်ရှိနေတဲ့ အင်အားနည်းတဲ့ နိုင်ငံပဲဖြစ်တယ်။ တရုတ်နဲ့ရုရှကြားက မွန်ဂိုလီးယား၊ အိန္ဒိယနိုင်ငံနဲ့ တရုတ်အကြားက နီပေါ၊ ဘူတန်၊ စစ်ကမ်၊ မြန်မာ စတာတွေလည်း ကြားခံနိုင်ငံတွေဖြစ်တယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်ပိုင် မြန်မာ၊ မလေးရှားနဲ့ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားအကြားမှာ ထိုင်းနိုင်ငံဟာ ကြားခံအဖြစ် စခန်းသွားခဲ့ရတယ်။

အိန္ဒိယကို ဗြိတိသျှအစိုးရ အုပ်ချုပ်မင်းလုပ်ခဲ့စဉ်က တိဗက်ကို အိန္ဒိယနဲ့တရုတ်အကြားက လွတ်လပ်တဲ့ ကြားခံနယ်မြေအဖြစ် အင်္ဂလိပ်က သတ်မှတ်ထားတယ်။ အကြောင်းကတော့ တိဗက်ကို သိမ်းပိုက်ပြီး ကိုလိုနီလုပ်ဖို့ကိစ္စဟာ စီးပွားရေးအရ တွက်ခြေမကိုက်လို့ဘဲ။ တိဗက်မှာ တရုတ်သြဇာရှိထားကြောင်း အင်္ဂလိပ်က အသိအမှတ်ပြုထားပေမယ့် အိန္ဒိယမှာရှိတဲ့ အင်္ဂလိပ်ကို မနိုင်နိုင်တဲ့အတွက် တရုတ်ဟာ တိဗက်ကို မသိမ်းပိုက် နိုင်ဘူး။ ၁၉၄၇ မှာ အိန္ဒိယက အင်္ဂလိပ်ထွက်ခွာပြီး အင်အားကောင်းတဲ့ တရုတ်ကွန်မြူနစ် ၁၉၄၉ မှာ အာဏာရလာတာဟာ တိဗက်ရဲ့ လွတ်လပ်တဲ့ ကြားခံနိုင်ငံဘ၀ကို နိဂုံးချုပ်အောင် ဖန်တီးလိုက်တဲ့ အချက်နှစ်ချက်ပဲ။

နိုင်ငံတော်တွေ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းကို နယူးယောက်မြို့ ကိုလံဘီရာတက္ကသိုလ် အမျိုးသမီးပါမောက္ခ တာနီရှာဖေဇယ် (Tanisha Fazal) က ၂၀၀၇ မှာ စာအုပ်ထုတ်ဝေခဲ့တယ်။ ပထ၀ီအနေအထားနဲ့ နိုင်ငံခြားဆက်ဆံရေး အခြေအနေက နိုင်ငံတွေရဲ့ ကံကြမ္မာကို ဖန်တီးပုံ (၂၇၁) မျက်နှာ ရေးထားတဲ့စာအုပ်ဖြစ်တယ်။ ပြိုင်ဆိုင်နေတဲ့ အင်အားကြီး နိုင်ငံတွေအကြားမှာ တည်ရှိနေတဲ့ ကြားခံနိုင်ငံ (Buffer State) ဟာ ပျက်စီးပျောက်ကွယ်ဖို့ အလားအလာ အများဆုံး ဖြစ်နေတာကို သမိုင်းအထောက်အထားတွေ ဝေေ၀ဆာဆာနဲ့ တင်ပြထားတဲ့ စာအုပ်ဖြစ်တယ်။

လူဦးရေ သန်း (၅၀) ရှိတဲ့ မြန်မာနိုင်ငံဟာ လူဦးရေ သန်း (၁) ထောင်ကျော်စီရှိတဲ့ အိန္ဒိယနဲ့ တရုတ်အကြားက ကြားခံနိုင်ငံ (Buffer State) ဖြစ်နေတယ်။ အခုအထိတော့ အိန္ဒိယနဲ့တရုတ်ဟာ တိုင်းပြည်တိုးတက်ရေးကိုသာ အာရုံစိုက်နေလို့ ပြိုင်ဆိုင်ရေးကို ဦးစားမပေးနိုင်သေးဘူး။ လောလောဆယ်အနေချောင်ပေမယ့် တရုတ်/အိန္ဒိယပြိုင်ဆိုင်မှု ပြင်းထန်လာရင် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ကြားခံနိုင်ငံလေးဟာ ရေရှည်လွတ်လပ်ဖို့ အခက်အခဲရှိတယ်။

ဒါကြောင့် ဘက်မလိုက်တဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို ကျင့်သုံးပြီး ကြားခံနိုင်ငံတွေ ရပ်တည်လေ့ရှိတယ်။ ဒါပေမယ့် တရုတ်ဘက် ကိုချည်းလိုက်နေပြီး ကြားနေရေးလမ်းစဉ် ကျင့်သုံးတယ်လို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ အိန္ဒိယ-မြန်မာ ပူးပေါင်း ဆောင်ရွက်မှုကြောင့် တရုတ်အကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင် ဘေဂျင်းက လက်ခံမှာမဟုတ်ပါဘူး။ လောလောဆယ် မှာတော့ တရုတ်နဲ့အိန္ဒိယဟာ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ကိုသာ ဦးစားပေးနေတဲ့အတွက် မြန်မာစစ်အစိုးရဟာလည်း တရုတ်ရဲ့အကျိုးစီးပွားကို မထိခိုက်အောင် အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် သဘောရှိတယ်။

ကြားခံနိုင်ငံတွေထဲမှာ လုံးဝပျောက်ကွယ်သွားတာမျိုးရှိသလို ပြန်လည်ရှင်သန်လာတာမျိုးလည်း ရှိပါတယ်။ ကြားခံနိုင်ငံ (၂၁) နိုင်ငံကို ကိုလံဘီယာတက္ကသိုလ်ပါမောက္ခ တာနီရှာဖေဇယ် လေ့လာတဲ့အခါမှာ (၅) နိုင်ငံဟာ လုံးဝပျောက်ကွယ်သွားပြီး (၁၆) နိုင်ငံကတော့ ပြန်လည်ရှင်သန်လာတာ တွေ့ရတယ်တဲ့။ အဲဒီအထဲမှာ မြန်မာ၊ ကိုရီးယား၊ ပိုလန်၊ ကူဝိတ်နဲ့ ယူဂိုစလားဗားယား နိုင်ငံတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ယူဂိုစလားဗီးယား ဖက်ဒရေးရှင်းဟာ ၁၉၉၂ ခုနှစ်မှာ ကွယ်ပျောက်သွားပေမယ့် ပါဝင်သူတွေဟာ သီးခြားနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ကြတယ်။ ဖက်ဒရေးရှင်းကသာ ပြန်လည်ရှင်သန်စရာ အလားအလာ မရှိတော့တာပါ။

ဒုတိယကမ္ဘာစစ်ပြီးဆုံးလို့ နောက်စစ်မဖြစ်ရအောင် ကမ္ဘာ့ကုလသမဂ္ဂတည်ထောင်တဲ့အခါမှာ ကျူးကျော်တိုက်ခိုက်မှုကို လက်မခံနိုင်ကြောင်း ပဋိညာဉ်စာချုပ်မှာ ရေးထားတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေသဘောမျိုးဖြစ်လာတယ်။ ဒါကြောင့် ကျူးကျော်တိုက်ခိုက်တာမျိုးမလုပ်ဘဲ ကိုယ်လိုချင်တာကိုရအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားလာကြပါတယ်။ တိုင်းပြည်ကို မသိမ်းပိုက်ဘဲ ကိုယ်လိုချင်တဲ့အစိုးရ တက်လာအောင် အပြင်ကဆောင်ရွက်တဲ့နည်းဖြစ်တယ်။ ၁၈၁၆ က ၁၉၄၅ အထိ အစိုးရနဲ့ခေါင်းဆောင်ပိုင်း ပြောင်းလဲအောင် အပြင်က လုပ်ပေးနိုင်တဲ့ အကြိမ်ပေါင်း (၂၁) ကြိမ်ရှိပြီး ၁၉၄၅ နဲ့ ၁၉၉၈ အကြားမှာ (၁၄) ကြိမ်ရှိတယ်လို့ တာနီရှာဖေဇယ်က စာရင်းလုပ်ထားတယ်။

ကြားခံနိုင်ငံဟာ ၀င်ရောက်သိမ်းပိုက်ခံရမယ့် အန္တရာယ်ကိုရော၊ စွက်ဖက်ခံရမယ့်အန္တရာယ်ကိုရော အမြဲတမ်းရင်ဆိုင်နေရတယ်။ ဒါပေမယ့် ၁၉၄၅ နောက်ပိုင်းမှာတော့ ၀င်ရောက်စွက်ဖက်တာ ပိုများလာတယ်။ မြန်မာပြည်လို လောင်စာစွမ်းအင် တင်ပို့ရောင်းချတဲ့ ကြားခံနိုင်ငံမျိုးဟာ အိမ်နီးချင်းတွေနဲ့ မဟာမိတ်ဖြစ်သွားပေမယ့် ပြည်တွင်းရေးစွက်ဖက်မှု ပိုပြီးနက်ရှိုင်း လာတာကို ကြုံတွေ့ရနိုင်တယ်။ ကြားခံနိုင်ငံ (Buffer State) ရှင်သန်ရေးမှာ ဘက်မလိုက်တဲ့ ကြားနေရေးလမ်းစဉ် ကျင့်သုံးဖို့ လိုအပ်သလို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုဖို့လည်း လိုအပ်တယ်။ အပြည်ပြည်ဆိုင်ရာရဲ့ အသိအမှတ်ပြုမှု အတိုင်းအတာကို လိုက်ပြီးတော့လည်း ကြားခံနိုင်ငံဟာ ရှင်သန်နိုင်ပါတယ်။

ကြားခံနိုင်ငံဟာ အစိုးရအရည်အချင်းရှိဖို့ အလွန်အရေးကြီးတယ်။ အရည်အချင်းမရှိတဲ့ အစိုးရလက်ထက်မှာ ရပ်တည်နိုင်စွမ်း လျော့နည်းလာတယ်။ မြန်မာပြည်လွတ်လပ်ရေးဟာ အနှစ် (၆၀) ကျော်သွားပေမယ့် နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှု မရှိတဲ့အတွက် အားနည်းတဲ့နိုင်ငံဘ၀က မတက်နိုင်သေးဘူး။ မြန်မာ့သမိုင်းမှာ မင်းဆက်တွေ၊ နိုင်ငံတော်တွေ၊ ခေတ်တွေ ကွယ်ပျောက်သွားတာကိုကြည့်ရင် မြန်မာနိုင်ငံတော်ဆိုတာ အမြဲတမ်း တည်ရှိနိုင်တဲ့အရာမဟုတ်ကြောင်း သိနိုင်ပါတယ်။


မွန်လူထုအနေဖြင့် မွန်ခေါင်းဆောင်များ ဦးဆောင်မှုနောက်ကို လိုက်ရန် တိုက်တွန်း

ဖြိုးကြီး

မွန်ပြည် သူ လူထု အနေဖြင့် ပြည်သူလူထု အားလုံးအတွက် အရေးကြီးသည့် နိုင်ငံရေးအပြောင်းအလဲ ကာလတွင် မွန်ခေါင်းဆောင်များ၏ ဦးဆောင်မှု နောက်ကို ယုံယုံကြည်ကြည်လိုက်ပါကြရန် တိုက်တွန်းလိုက်သည်။

ယနေ့ကျရောက်သည့် (၆၃) နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေဌာနချုပ် အထွေထွေအတွင်းရေးမှူး နိုင်ဥဿာက ပြောဆိုခြင်း ဖြစ်သည်။


“မွန်ပြည်သူလူထုအနေနဲ့ကတော့ မွန်ခေါင်းဆောင်တွေ ရှိပါတယ်၊ စိတ်ချရတဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ လူတွေရှိတယ်၊ တခါ မွန်ပြည်သစ်ပါတီရှိတယ်၊ ဒီအဖွဲ့နှစ်ဖွဲ့ကလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ရပ်တည်ချက် တူနေတော့ သူတို့ရဲ့ ဦးဆောင်ချက်ကို ယုံယုံကြည်ကြည်အပြည့်ဝ လိုက်ပေးပါ၊ ဦးဆောင်မှုနောက်ကို ခံယူပါလို့ ပြောချင်တယ်” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံသည် တိုင်းရင်းသားများအတွက်သော်လည်းကောင်း၊ လူတဦးတယောက်ချင်းစီသော်လည်း၊ နိုင်ငံတော်အတွက်ပါ ကောင်းကျိုးမရှိဘဲ နအဖစစ်အုပ်စု ကောင်းစားရေးအတွက် ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် အဆိုပါဖွဲ့စည်းပုံကို အခြေခံထားသည့် ရွေးကောက်ပွဲကို ဝိုင်းဝန်းကန့်ကွက်ရန် လိုအပ်ကြောင်း နိုင်ဥဿာက ဆက်ပြောသည်။

နအဖအစိုးရ ဆက်လက်ရှင်သန်သွားဖို့ပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကို ဝိုင်းဝန်းကန့်ကွက်ကြဖို့၊ ကန့်ကွက်ကြဖို့ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲကြီးတခုလုံးကို ကန့်ကွက်ခိုင်းတာ၊ တခုလုံးထဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဆိုတာလည်း အစိတ်အပိုင်းတခုပဲ အဲဒီအစိတ်အပိုင်းကိုလည်း ချန်မထားပါဘူး၊ အားလုံးကို ကန့်ကွက်ကြပါ” ဟု ပြောသည်။

မွန်အမျိုးသားနေ့အခမ်းအနားကို ထိုင်း- မြန်မာနယ်စပ်တွင် (၅) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး မွန်ပြည်သူလူထုအတွက် အမျိုးသားရေးစိတ်ဓါတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အခမ်းအနားဦးဆောင်သူတဦးက ပြောသည်။

“ခုနက ကျနော်ပြောသလိုဘဲ အမျိုးသားစိတ်ဓါတ်နဲ့ အမျိုးသားရေးဆိုတာ မပျောက်ကွယ်သွားအောင် ဒီဥစ္စာကို ကျနော်တို့က ပြန်ပြီးတော့ စဉ်းစားထားလို့ လုပ်တာပါ၊ ဒီပွဲဖြစ်မြောက်ရေးအတွက် တနည်းပြောရရင် စုပေါင်းပြီးတော့ လုပ်တာပေါ့” ဟု ပြောသည်။

ယနေ့ကျင်းပသည့် မွန်အမျိုးသားနေ့အခမ်းအနားတွင် မွန်ရိုးရာအကများဖြင့်လည်း တင်ဆက်ဖျော်ဖြေခဲ့ပြီး ဧည့်ပရိတ်သတ် ၃၀၀ ခန့်တက်ရောက်ခဲ့သည်။

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - ၎


တပ်မတော်မှာ စီမံခန့်ခွဲမှုအာဏာ၊ လုပ်ပိုင်ခွင့်အာဏာ၊ တရားစီရင်မှုအာဏာ စတဲ့ ဆုံးဖြတ်နိုင်မှု အရှိဆုံး အဆင့်တွေအထဲမှာ အတော် အတန် အဆင့်ရှိလာပြီဖြစ်တဲ့ ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူးတွေရဲ့ ဆက်ဆံရေးနဲ့ ဓလေ့စရိုက်တွေကို ဆက်လက်တင်ပြသွားပါ့မယ်။


ဒုတပ်ရင်းမှူးနဲ့ တပ်ရင်းမှူးတွေဟာ စစ်ကြောင်းမှူးအဖြစ် ကိုင်တွယ်ရပြီး အထက်ဌာနတွေ ဖြစ်ကြတဲ့ ဗျူဟာရုံး၊ တပ်မတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေဆီ တိုက်ရိုက် ဆက်သွယ်တင်ပြရပါတယ်။ အထက်ဌာနရဲ့ ညွှန်ကြားချက်တွေကိုလည်း ထိရောက်စွာ အကောင်အထည် ဖော်ရသူတွေလည်း ဖြစ်ပါတယ်။ အနီးကပ် အကြီးအကဲက ဗျူဟာမှူးဖြစ်လို့ သူရဲ့ စစ်ဦးစီးမှူး ဒုတိယတန်း၊ တတိယတန်းတွေနဲ့ ဆက်ဆံ ဆောင်ရွက်ကြရပါတယ်။

စစ်ကြောင်းမှူး ဖြစ်လာတာနဲ့အညီ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်၊ အချိန်ကာလ၊ အုပ်ချုပ်မှုအတွက် ရိက္ခာထုတ်ယူမှု၊ လမ်းကြောင်း၊ နယ်မြေဒေသခံ လူမျိုးတွေနဲ့ ရွာတွေရဲ့ ဓလေ့စရိုက် စတာတွေကို လေ့လာဆောင်ရွက်ရပါတယ်။ ဒါ့အပြင် မိမိစစ်ဆင်ရေး ဧရိယာမှာရှိတဲ့ ရန်သူ့ခေါင်းဆောင်နဲ့ ရန်သူရဲ့ လှုပ်ရှားမှုတွေကိုလည်း လေ့လာစုံစမ်းရပါတယ်။ နယ်မြေခံ လူထုရဲ့ တပ်အပေါ်ထားရှိတဲ့ သဘောထားကို သက်ဆိုင်ရာ ရွာလူကြီး၊ ရွာခံဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ပြည်သူ့စစ်၊ ငြိမ်းချမ်းရေး ရယူထားတဲ့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေဆီကနေ ဆက်ဆံပေါင်းသင်း တီးခေါက်ကြည့်ရပါတယ်။

အထက်ဌာနက ပေါ်တာခေါ်ဖို့ ဝိနည်းလွတ် ခေါင်းရှောင်ကြပေမယ့် လက်အောက်ခံ လှုပ်ရှားနယ်မြေတွေမှာ တောင်တန်းမတ်စောက်ပြီး တနေ့မှာ မြေပုံတတောင် (မိုင် ၂ဝ ခန့်) သွားရမယ်ဆိုတဲ့ မူဝါဒနဲ့အညီ တကယ်သွားရရင် ဘယ်လိုနည်းနဲ့မှ မရောက်နိုင်တာမို့ ရိက္ခာသယ်ပို့နိုင်ရေးအတွက် ဒေသခံ ရွာလူကြီးတွေကို ပေါ်တာရရေး ဖိအားပေး ဆက်ဆံရပါတယ်။

တခါတရံ ငြိမ်းချမ်းရေး ရယူထားတဲ့ အပစ်ရပ်အဖွဲ့တွေဆီ ချဉ်းကပ်ပြီး သူတို့ရဲ့ ကူညီပံ့ပိုးမှုကို ရယူခဲ့ရပါတယ်။ ဝန်စည်စလွယ် ရိက္ခာတွေကို သူတို့က ပို့ဆောင်ပေးရေး၊ လူနာတွေနဲ့ ကလေးစစ်သားတွေ မလိုက်နိုင်ပါက သူတို့ရဲ့ စခန်းတွေမှာ ထားရှိရေးတို့ကို ညှိနှိုင်းဆောင်ရွက်ရပါတယ်။ ရွာလူကြီးက သဘောကောင်းပါက စေတနာ လုပ်အားပေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပေါ်တာစုရုံးကာ ရှေ့တန်းစခန်းမှာ ရိက္ခာ စုပုံနိုင်ရေးအတွက် နှစ်ပတ် တခါ၊ တလ တခါ ကူညီပေးရတာမျိုးလည်း ရှိပါတယ်။

ဒါ့ကြောင့် စစ်ကြောင်းမှူးတွေဟာ ရွာလူကြီးကို ဖိအားပေးချဉ်းကပ်ရသလို သယ်ဆောင်ပေးတဲ့ ရွာသားတွေကို ကျွေးမွေးရတဲ့ ဒုက္ခလည်း ရှိပါတယ်။ ယခင်က စစ်ကြောင်းမှူးဆိုရင် တောင်ဝှေးကိုင်ပြီး စမတ်ကျကျ လိုက်နိုင်သလောက် အခုခတ်မှာ ၄ လနဲ့ ကျောင်းဆင်းလာတဲ့ စစ်သည်တွေကို စိတ်မချရတော့လို့ စစ်ကြောင်းမှူးကိုယ်တိုင် ရန်သူရှင်းလင်းဖို့ ရှေ့ပြေး (Point) တပ်စိတ်မှာ ရှေ့ဆုံးကနေ တက်နေရပါတယ်။ ဒါ့အပြင် လက်အောက်ခံ တပ်ခွဲတွေကိုလည်း နယ်မြေ စစ်ဆင်ရေး ဧရိယာအလိုက် ဆက်စပ်လှုပ်ရှားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရပါတယ်။ နယ်နိမိတ်ချင်း ထိစပ်နေသော အခြားတပ်ရင်းတွေရဲ့ နယ်မြေ စစ်ဆင်ရေး ဧရိယာတွေမှာ ရန်သူ့သတင်း ဖလှယ်မှုနဲ့ ဟန်ချက်ညီ လှုပ်ရှားမှုတို့ကို ဆောင်ရွက်ရပါတယ်။

ဗျူဟာမှူးနဲ့ အထက်လူကြီးတွေ တပ်ရင်းတွေကို တပ်စစ်လာရင် “ဖား” ဖို့ ဆက်ဆံရေးအပိုင်းဟာ အရမ်းအရေးကြီးပါတယ်။ ယာဉ်တန်းကို ကြိုဆိုတာကအစ ကားပေါ်က အဆင်း၊ ဧည့်ခံကျွေးမွေးရေးနဲ့ Golf ပွဲ အပါအဝင် အိမ်သာတက်တာအဆုံး အစစအရာရာ လိုလေသေးမရှိအောင် ဝတ်ကြီးဝတ်ငယ် အရှင်သခင်သဖွယ် “သတိ” ကို မတ်နေအောင်ဆွဲကာ ပြုစုရတဲ့ ဒုက္ခဟာ ကြီးမားလှပါတယ်။ အရာရှိကြီးကတော် ဈေးဝယ်လိုက်တာကအစ အလိုမကျလို့ ငြူစူငေါက်ငမ်းသွားတာမျိုးလည်း ကြုံတွေ့ရပါတယ်။

တဖန် တပ်ရင်းမှူးတွေဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေကို နားလည်တာ၊ မလည်တာ အပထားလို့ အထက်ဌာနရဲ့ ညွှန်ကြားချက်အတိုင်း အကောင်အထည် ဖော်ရာမှာ မြို့နယ် စိုက်ပျိုးမွေးမြူရေးဌာန ဝန်ထမ်းတွေနဲ့ တိုင်ပင်ညှိနှိုင်း ဆက်ဆံရတဲ့ ဒုက္ခနဲ့လည်း ကြုံတွေ့ရပါတယ်။ ရှေ့တန်းမှာ တာဝန်ကျေပွန်ပြီး နောက်တန်းမှာ နားချင်နေတဲ့ ရဲဘော်တွေရဲ့ ဆန္ဒကို ချိုးဖျက်ကာ အမိန့်အာဏာသုံးပြီး လယ်ကွက်ထဲဆီ အတင်း ဆင်းခိုင်းနေရပါတယ်။ တချို့တပ်ရင်းမှူးတွေကတော့ မိမိရဲဘော် အနားရရေးအတွက် နီးစပ်ရာ လယ်သမားတွေကို ငှားရမ်းကာ သီးစားခ အချိုးအစားအတိုင်း ပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြပါတယ်။

ဒါ့အပြင် တပ်နယ်မှူးရုံးက ခေါ်ယူတဲ့အစည်းအဝေး၊ မြို့နယ် မယက၊ ကြံ့ဖွတ်၊ မိခင်နဲ့ ကလေး၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ခေါ်ယူတဲ့ အစည်းအဝေးတွေကို တက်ရောက်ရပြီး သူတို့တောင်းခံတဲ့ အလှူငွေ ထည့်ဝင်ရခြင်းနဲ့ စစ်သည်တွေကို အခမဲ့ လုပ်အားပေးခိုင်းခြင်း စတာတွေကို တပ်ရင်းမှူးဟာ မျက်နှာချိုသွေး ပြုံးပြကာ ဆက်ဆံလုပ်ကိုင်နေကြရပါတယ်။ အလှူငွေခွဲတမ်းတွေ ကျခံရတာမို့ အပိုငွေ ရရှိရေးအတွက် တပ်မှူးတွေက တရားဝင်တာရော၊ မဝင်တာရော ထောင်နှုတ်ခမ်းပေါ် လမ်းလျှောက်ကာ ငွေရေးကြေးရေး ရှာဖွေနေကြရပါတယ်။

တပ်သားသစ် စုဆောင်းရေးကို စစ်ရုံးနဲ့ တိုင်း၊ တပ်မတွေက ဖိအားပေးမှု ကြီးမားလာတာကြောင့် စစ်ဆင်ရေးသဖွယ် လုံးပန်းရှာဖွေရတဲ့ ဒုက္ခဟာလည်း ကြီးမားလှပါတယ်။ တပ်နယ်မှူးရုံးက အရေးပေါ် ရန်သူ့နယ်မြေ ရှင်းလင်းခိုင်းတာရယ်၊ လမ်းကင်း လုံခြုံရေး လုပ်ခိုင်းတာရယ် စတဲ့ အပိုတာဝန်တွေ စေခိုင်းလာတာမို့ အနားယူနေတဲ့ စစ်သည်တွေကို ထုတ်နုတ်ဆောင်ရွက်ပေးရတာတွေ ရှိပါတယ်။

စစ်သည်တွေဟာ အထက်ပါ တာဝန်မျိုးစုံကို နောက်တန်းမှာ ပင်ပန်းဆင်းရဲကြီးစွာ လုပ်ရတာမို့ တပ်မှာ မနေချင်ကြတော့ဘဲ မြို့ပေါ်က တပ်တွေမှာပဲ ထွက်ပြေးတဲ့၊ ခွင့်မဲ့ပျက်ကွက် စစ်သည် များစွာရှိတာ ကြုံတွေ့ရပါတယ်။ ဒါကြောင့် ပြန်တမ်းတွေကို လိမ်ညာ ပေးပို့နေရပြီး ထွက်ပြေးသွားတဲ့ စစ်သည်တွေကို သူတို့ရဲ့ ဇာတိချက်ကြွေ မြို့ရွာတွေဆီ လိုက်လံရှာဖွေကာ ချော့မော့ခေါ်ယူရတဲ့ ဒုက္ခတွေလည်း ရှိပါတယ်။ ရဲဘော်သစ် တယောက် ၁ သိန်းခွဲ ဈေးပေါက်ပါတယ်။ ဒါပေမဲ့ စုတိုင်းမရပါ။ ခွဲတမ်းမပြည့်ပါက တပ်ရင်းမှူးဟာ ဒဏ်ကြေးက တိုင်းစစ်ဌာနချုပ်ကို ရဲဘော်သစ်တယောက် အတွက် ၁ သိန်း ပေးရပါတယ်။ ခွင်မဲ့ပျက်ကွက် စစ်သည်တွေလာလို့ အရေးယူခံလိုက်ရတဲ့ တပ်ရင်းမှူး တဦးဟာ စစ်ဦးစီးတက္ကသိုလ် တက်နေရာမှ ပြန်လာရတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

ဒါ့အပြင် နောက်တန်းသို့ ပြန်နားပါက လေ့ကျင့်ရေး စံနှုန်းတွေနဲ့အညီ ပြန်လည်စုဖွဲ့မှု လေ့ကျင့်ခန်းတွေကိုလည်း တလသာ နားရတဲ့ အချိန်အတွင်း မြေပြင်မှာ ဖြစ်သလို ဆောင်ရွက်ရတာမို့ စာရွက်ပေါ်တွင် လိမ်ညာတင်ပြရတဲ့ ဒုက္ခလည်း ရှိပါတယ်။

ယခင်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတွေဟာ မိမိတို့တပ်အပေါ် သက်သာချောင်ချိရေးနဲ့ မိမိကိုယ်ကျိုးအတွက် မျှတအောင် ချိန်ဆပြီး လုပ်ပေးနိုင်ပေမယ့် ယခုခေတ် တပ်တွင်း သက်သာ ရန်ပုံငွေတွေ ဖျက်သိမ်းခံလိုက်ရပြီး နောက်ပိုင်းမှာ တပ်ရဲ့ ကောင်းရာကောင်းကြောင်းတွေကို မလုပ်ပေးနိုင်တော့ဘဲ တဆင့်မြင့် ရာထူးတိုးဖို့ သင်တန်းတွေကို အမြန် တက်ရောက်နိုင်ရေးနဲ့ နယ်ဘက်၊ အရပ်ဘက် ပြောင်းရွှေ့ရေးကိုသာ ကြိုးစားနေကြပါတော့တယ်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,31st,2010

( 20 )အဖွဲ့ချုပ် ဗဟိုဦးစီး ပြန်လည် ဖွဲ့စည်းရေး ဆောင်ရွက်

( 19 )ဒီဗီဘီ သတင်းထောက် ထောင်ကျခြင်းနှင့် ပတ်သက်ပြီး ဒီဗီဘီ၏ ပြောကြားချက်

( 18 )ရွှေးကောက်ပွဲ အရေး ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို

( 17 )(၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို နယ်စပ်ဒေသ၌ ကျင်းပ

( 16 )Burmese Refugee Hospitalized After Attack

( 15 )ယခုနှစ်သည် မြန်မာပြည်အတွက် အတိမ်းအစောင်း မခံသောနှစ်ဟု အီးယူ ကိုယ်စားလှယ်ပြော

( 14 )ပြည်ထဲရေးဝန်ကြီး ပြောကြားချက် မတရားဟု ဒေါ်စုပြောကြား

( 13 )Will Aung San Suu Kyi Should Reverse Her Policy on Economic Sanctions?

( 12 )နိုင်ငံရေး အကျဉ်းသားများကို နယ်ဝေးထောင်သို့ပို့

( 11 )Ethnic Women Expose Opium Fields in Junta Strongholds

( 10 )အစိုးရ ၀န်ထမ်း လစာတိုးပြီ သို့သော်........

( 9 )This year's elections in Myanmar won't be free and fair

( 8 )ပြည်သူထိခိုက်ရန် မိုင်းခွဲခြင်းမဟုတ် ဟု KNPP တုံ့ပြန်ချေပ

( 7 )Chinese Ambassador Meets Burmese Minister as Uncertainty Mounts on the Sino-Burmese Border

( 6 )နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သုံးသပ်

( 5 )Aussie Flint takes a step closer to ruling Myanmar Masters

( 4 )ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်

( 3 )Mission of Burma Defies Age in New York City

( 2 )၂၀၀၉ နိုင်ငံရေးအကျဉ်းသား အခြေအနေပိုဆိုး

( 1 )End of the Rogue

Saturday, January 30, 2010

စစ်တပ်မှ ၀က်သုံးကောင် ဖမ်းစားပြီး ရွာသားအား နှိပ်စက်

ပါးရယ်

ကရင်နီပြည် ရှားတောမြို့နယ်၌ တပ်စွဲထားသော မြန်မာစစ်အစိုးရတပ်များသည် ကရင်နီတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့၍ မကျေမနပ် ဖြစ်သောကြောင့် ဒေသခံကျေးရွာများ ပိုင်ဆိုင်သော အိမ်မွေးဝက်နှင့် ကြက်များအား ဖမ်းစားပြီး ရွာသားများကို ဖမ်းဆီးနှိပ်စက်သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီး ကျော်ဆန်း ခမရ ၉၉နှင့် ဗိုလ်မှူးကြီး ဇော်ဇော် ခမရ ၁၃၂တို့မှ ကြီးမှူးသည့် စစ်အစိုးရတပ်တို့သည် ဗိုလ်စုရယ် ဦးဆောင် သော ကရင်နီတပ်ဖွဲ့တို့နှင့် ရှားတောမြို့နယ် ဒေါယူးကျေးရွာဟောင်းတွင် ဇန်န၀ါရီလ ၂၄ ရက်နေ့က တိုက်ခိုက်ခဲ့ကြပြီး ရွာသားများအား လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ယင်းတိုက်ပွဲသည် မည်သည့်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသည်ကို မသိရချေ။ သို့သော် စစ်အစိုးရတပ်များသည် တိုက်ပွဲ ဖြစ်ပွားသည့် နေရာအနီးရှိ ဒေါတခုကျေးရွာကို ၀င်ရောက်ကာ ၀က် ၃ကောင်နှင့် ကြက်များကို လက်လွတ်စပယ် သတ်စားကာ အသက် ၂၁နှစ်ရှိ ရွာသား ဘူးရယ်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

၎င်းက “သူ့ကို တကယ် ဖမ်းဆီးနှိပ်စက်တယ်တဲ့။ သူ့ကို ရိုက်တယ်၊ နက်တယ်။ မီးအပူနဲ့ နှိပ်စက်တာတို့ လုပ်တယ်လို့ ပြောတယ်။ အဲဒါ ဗိုလ်မှူး ဇော်ဇော်က သူ့ကိုယ်တိုင် လုပ်တယ်တဲ့။ နောက်ပြီး ညအချိန်မှာ နားတော့ သူအဲမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောတယ်” ဟု ထွက်ပြေးလွတ်မြောက်သူ ပြောပြချက်အရ ပြန်လည် ပြောပြခြင်း ဖြစ်သည်။

ထိုအပြင် စစ်အစိုးရတပ်များသည် ကျေးရွာအတွင်းရှိ ဆိုင်ကို ဖောက်၍ ဆိုင်တွင်းရှိ အစားအသောက်များကို ယူစားကြောင်း၊ ရွာသား၏ မြင်းလေးကောင်ကိုလည်း ဖမ်းဆွဲသွားခဲ့ကြောင်း၊ သို့သော် မြင်းနှစ်ကောင်သည် ကျေးရွာသို့ ပြန်လာသည်ဟု ဆိုသည်။

စစ်အစိုးရတပ်များသည် ဒေသခံရွာသားများက ကရင်နီတပ်မတော်များကို အကူအညီ ပေးနေသည်ဟု ထင်မြင်သောကြောင့် ကရင်နီ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားလျှင် ဒေသခံကျေးရွာများအပေါ် လက်တုံ့ပြန်လေ့ ရှိကြောင်း ကရင်နီရှေ့တန်းတပ်မှူး တဦးက ပြောသည်။

“နအဖတပ်တွေက အဲလိုပဲ။ တနေရာရာမှာ ကရင်နီတပ်မတော်တွေနဲ့ သွားရောက်တွေ့ဆုံပစ်ကြပြီဆိုရင် သူတို့က ကရင်နီတပ်မတော် တွေကို မတွေ့မီတော့ ရွာသူ၊သားတွေကို ဖမ်းဆီးနှိပ်စက်လေ့ရှိတယ်။ ရွာသားတွေနဲ့ ဘာမှ မဆိုင်ဘူး။ ရွာသားတွေကို ကြောက်အောင် လုပ်မယ်။ နောက်ကျရင် သူတို့ မလုပ်ရဲဖို့လို့ သူတို့ တွေးနေတာ” ဟု ရှေ့တန်းတပ်မှူးက ပြောသည်။

အလားတူ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင်လည်း ဗိုလ်စိုးမင်း ဦးဆောင်သော ခမရ ၅၂၆နှင့် ဗိုလ်မယ်ရယ် ကြီးမှူးသည့် ကရင်နီတပ်ဖွဲ့ တို့သည် ရှားတောမြို့နယ် ဒေါတနောနှင့် ဒေါမူးလဲကျေးရွာအကြား၌ တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ် ၂ ဦး ကျဆုံးခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားပြီးသည့်နောက် စစ်အစိုးရတပ်သည်လည်း ဒေါမူးလဲကျေးရွာသို့ ၀င်ရောက်ပြီး ရွာသား ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အဖမ်းခံရသော ရွာသားများသည် ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း ရှိ၊ မရှိကို မသိရသေးဟု ဆိုသည်။

ကျွန်းပေါက်ဆင်ဦး ကျေးရွာသားများ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခံနေရ

Narinjara News

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ကျွန်းပေါက် ဆင်ဦးကျေးရွာသားများကို ကျေးရွာရယက ဥက္ကဌဟောင်းတဦးက ဒေသခံ နစက အရာရှိများနှင့် ပူးပေါင်းပြီး အတင်း အဓမ္မ လုပ်အားပေး စေခိုင်းနေသည်ဟု အဆိုပါ ကျေးရွာသား တဦးက ပြောသည်။


“ ကျွန်တော်တို့ရွာက ဆင်းရဲသားတွေကို ယခင် ရယက ဥက္ကဌဟောင်း ဦးမာမောက်ဆွေယုက နစက နယ်မြေ (၄) က အရာရှိတွေနဲ့ ပူးပေါင်းပြီး သစ်ထုတ်လုပ်တဲ့နေရာမှာ အတင်း အဓမ္မ စေခိုင်း နေပါတယ်။ ပိုက်ဆံလည်း မရပါဘူး။ မလုပ်ရင် ဖမ်းမယ် ဆီးမယ် ဆိုတာနဲ့ လူတွေက ကြောက်ပီး နေ့စဉ် နေ့တိုင်း သူတို့ သစ်မှောင်ခိုထုတ်တာမှာ သွားပီး လုပ်အားပေးနေရပါတယ်။”

ဥက္ကဌဟောင်း ဦးမာမောက်ဆွေယုမှာ ကျွန်းပေါက် ပြုစု ကျေးရွာအုပ်စုမှ ယခင် ရယက ဥက္ကဌ ဟောင်းဖြစ်ပြီး နစက နယ်မြေ ၄ လိပ်ရ စခန်းမှ အရာရှိများ အပါအ၀င် ဒေသဆိုင်ရာ အရာရှိများနှင့် အထူးရင်းနှီးသူ တဦးဖြစ်သည်။

“ အဲဒီ ဥက္ကဌဟောင်းက ကျွန်းပေါက် ပြုစု ကျေးရွာအနီးမှာ ရှိတဲ့ တောင်တွေက သစ်တွေကို အာဏာပိုင်တွေနဲ့ ခုတ်လှဲပြီး တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့ကို မှောင်ခိုပို့ပါတယ်။ အဲသလို သစ်တွေ ခုတ်လှဲတဲ့ အခါ အဲဒီ အုပ်စု အတွင်းမှာရှိတဲ့ ကျွန်းပေါက် တောင်ဦးကျေးရွာက ရွာသားတွေကို နေ့စဉ် ခေါ်ပြီး ပိုက်ဆံ မပေးဘဲ ခိုင်းပါတယ်။ တနေ့မဟုတ်ပါဘူး။ အဲသလို နေ့တိုင်းလိုလို ခိုင်းနေတဲ့အတွက် မိသားစု (၈) စုလောက်က ဘာအလုပ်မှ မလုပ်နိုင်တော့ အခု ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေးမယ်ဆိုပီး လုပ်နေတာ ရှိပါတယ်” ဟု သူက ဆက်ပြောသည်။

သို့သော်လည်း အဆိုပါ ကျေးရွာရှိ မူဆလင် ခေါင်းဆောင်များက လက်ရှိ ဘင်္ဂလာဒေခ်ျ့တွင် အခြေအနေမကောင်းကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိသွားပါကလည်း ပြန်လည် နှင်ထုတ်ခံရနိုင်ကြောင်း ပြောဆိုထား၍ ယခုအခါ ထွက်မပြေးဘဲ ရှိနေကြောင်း တခြား ကျေးရွာ ခေါင်းဆောင် တဦးကလည်း နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“သူတို့ မခံနိုင်လို့ ဟိုဘက်နိုင်ငံကို ထွက်ပြေးသွားရင် အခြေအနေက ဘင်္ဂလာမှာ ပိုဆိုး သွားနိုင် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ခုလုပ်အားပေးစေခိုင်းနေတာကို ရပ်တန့်အောင် လုပ်ပေးမယ် ထွက်မပြေးနဲ့ ဆိုပြီး ပြောထားပါတယ်။ ဒီကိစ္စ အထက်ကို တိုင်ရင်လည်း ဘာမှ လုပ်ပေးမှာ မဟုတ်တဲ့ အပြင် အရိုက်ခံရနိုင်တဲ့ အတွက် ကျွန်တော်တို့မှာ အခက်ကြုံနေရပါတယ်။”

ယခုကဲ့သို့ လုပ်အားပေး စေခိုင်းခံနေရမူကြောင့် ကျေးရွာသားများ အနေဖြင့် အခက်ကြုံနေရသဖြင့် အဆိုပါ ကိစ္စကို အထက်လူကြီးများ သိရှိအောင် ပြည်ပ မီဒီယာများမှ တဆင့် တင်ပြနိုင်ရန် စီစဉ် နေသည်ဟုလည်း သူက ဆက်ပြောသည်။

ယခုကဲ့သို့ အလုပ်မတရားခိုင်းစေမူကြောင့် ကျွန်းပေါက် တောင်ဦးကျေးရွာမှ ဦးနာဇူ (၄၀ နှစ်) မှာ ယခုလ ပထမအပတ်က သစ်ထုတ်လုပ်ရာတွင် သေဆုံးသွားခဲ့ပြီး ရဲကိုတိုင်ကြားထားသော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သူက ပြောသည်။

ယခုကဲ့သို့ နအဖ အရာရှိများနှင့် ပူးပေါင်းပြီး ကိုယ်ကျိုးရှာ မူဆလင် ခေါင်းဆောင် တချို့ကြောင့် ဒေသခံ မူဆလင် ဆင်းရဲသားများမှာ ကျေးရွာအများအပြားတွင် အခက်အခဲများနှင့် ကြုံတွေ့ နေကြရသည်ဟု သူက ဆက်ပြောသည်။


တပ်တွင်းရံပုံငွေ အုတ်ဖို ရေ၀င်၍ ရွာသားများဒဏ်ငွေပေးဆောင်ရ

သျှမ်းသံတော်ဆင့်

စစ်တပ်နွေစပါးစိုက်ပျိုးရေးအဖွဲ့ လယ်ရေသွင်းစဉ် ၎င်းတို့၏တပ်တွင်းရံပုံငွေ အုတ်ဖိုထဲရေ၀င်သွားသဖြင့် အနီး အနားရွာသားများထံမှ လျော်ကြေးပြန်တောင်းကြောင်း နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

အုတ်ဖိုလဲစစ်တပ်ရဲ့အုတ်ဖိုဘဲ၊ နွေစပါးလုပ်တာလဲသူတို့တွေဘဲ။ မဆီမဆိုင်နဲ့ ရွာသားတွေဆီက လျော်ကြေး တောင်း တယ်၊ အားလုံးပေါင်းစုပေါင်းပြီးတော့ ကျပ် ၅ သိန်းကျော် ပေးလိုက်ရတယ်။ လုံးဝမတရားဘူးဗျာ”- ဟုမိုင်းပြင်းမြို့ ခံတဦးကပြောပါသည်။

ယခုလ ဆန်းပိုင်း၌ မိုင်းပြင်းမြို့အခြေစိုက် ခမရ ၅၂၈ တပ်တွင်း ရန်ပုံငွေ အုတ်လုပ်ငန်းခွင်အနီး၊ နွေစပါး စိုက်ပျိုး ရေးအဖွဲ့က လယ်ရေဖြည့်စဉ် အုတ်ဖိုအတွင်း ရေလျှံဝင်သွား၍ အုတ်ခဲအလုံး ၁၅၀ ကျော် (ကာလတန်ဖိုး ၇၅၀၀ ကျပ်) ပျက်ဆီးဆုံးရှုံးသွားခြင်းအပေါ်လျော်ကြေးအဖြစ် ဒေသခံများထံ တအိမ်ထောင်ကျပ် ၁၅၀၀ သုံးရက်အတွင်းပေးသွင်းရန် ဆင့်ဆိုသည်။

“ကျနော်တို့အုပ်စုက ၁၃ ရွာရှိတယ်။ တချို့ရွာက ၁၀ အိမ် ၁၅ အိမ်၊ အကြီးဆုံးရွာက ဟောင်ကန်ရွာမ အိမ်ခြေ ၁၀၀ ကျော်တယ်။ အိမ်ခြေ ၆၀ လောက်ရှိတဲ့ ယန်းပြင်းရွာက ဒုတိယအကြီးဆုံး၊ တအိမ် ၁၅၀၀ ကျပ် မပေးမနေ ရဆိုတော့ ဒီလ ၃ ရက်နေ့ကတည်းက အားလုံးစုပေးလိုက်ပြီ” - တာချီလိတ်ရောက် မိုင်းပြင်းဒေသခံဟောင်ကန်ရွာသားတဦး ကပြောပါသည်။

ခမရ ၅၂၈ တပ်၏တပ်တွင်းရံပုံငွေ အုတ်လုပ်ငန်း၊ နွေစပါး/မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် လယ် နှင့် မြေနေရာအား ဒေသခံများထံမှသိမ်းယူထားခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိုင်းပြင်းလေယာဉ်ကွင်းအတွက် လယ်မြေဧကပေါင်း ၁၀၀ ကျော်လည်း ဒေသခံများ၏ လယ်များကိုသိမ်းယူထားခြင်းဖြစ်ကြောင်း၊ လေယာဉ် ပြေးလမ်းအတွက်ကျောက်ကြမ်း ခင်းထားသည်မှာ ၃ နှစ်ရှိပြီဖြစ်သော်လည်း ယခုထိလေယဉ်ဆင်းတက်ခြင်း မရှိကြောင်း - မြို့ခံများကပြော၏။

မိုင်းပြင်းမြို့ မြောက်ဘက် တမိုင်အကွာ ဟောင်ကန် ကျေးရွာအုပ်စုတွင် ယန်းပြင်းရွာ၊ ယန်းခေ၊ ၀မ့်မွန်း၊ ၀မ့်ကန်၊ စံပြရွာ(၀မ့်ကောင်းမိုက်ခီ့)၊ ၀မ့်မက်၊ လွန်းစိုင်း(ဟောင်ကန်ရွာမ)၊ ဟိုခို၊ ဟွေ့စင်း၊ ၀မ့်မိုင်(၀မ့်ကောင်း) ၀မ်နောင်နှင့် ၀မ့်မိုင်နှိုင်းယုံ့ ဟူ၍ရှိ၏။ ဒေသခံများမှာလယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုကြသည်။


အကြံပိုင်သော ချိုကုပ်

ရန်ကုန်သားတာတေ

ချင်းမိုင် ရောက်နေသော ချိုကုပ် ဒူးကြီးက ၉ နဝင်း ကြေရန်ဟု ဆိုကာ ညကလပ် ၉ ခု၊ ၃၇ မင်းအား ရည်ရွယ်၍ အနှိပ်ခန်း ၃၇ ခန်းနှင့် ၁၁ မီးငြိမ်းရန်ဟု ဆိုကာ ရေချိုးခန်း ၁၁ ခန်းကို တညတည်း အပြီး သွားချင်သည် ဆိုသောကြာင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ လိုက်ပို့ နေရသဖြင့် မောပန်း နေကြသည်။ ချင်းမိုင်တွင် ရေချိုးခန်းက ၁၁ ခန်း မပြည့် သောကြောင့် ရှိသမျှ အပေါင်း အသင်းများ၏ အိမ်ဂေဟာ များမှ ရေချိုးခန်းများ ကိုပါ လိုက်ပို့ရသေးသည်။

ချိုကုပ်။ ။ ဟတ် … ဟတ် … ဟတ် … ဟတ်ချိုး ...။ အခန်းပြန်ရအောင် ဖိုးရှုပ်ရေ။

ဖိုးရှုပ်။ ။ (ရေချိုးကန်ထဲမှ ချက်ချင်း ခုန်ထွက်လာပြီး ချမ်းလွန်းသဖြင့် မေးရိုက်သံဖြင့်) ဂတ် ဂတ် ဂတ် ဂတ် ... ပြန် … ပြန် သင့်ပြီပေါ့ ချိုကုပ်ဒူးကြီးရယ်။

ကြွက်စုတ်ဆီက ဘာအသံမှ မထွက်နိုင်တော့။ ထိုစဉ် သူတို့ရှေ့တွင် တစုံတခု ဘွားခနဲ ပေါ်လာသည်။ “ဟာ … ဦးရုက္ခစိုးကြီး” ဆိုသည့်အသံ သုံးယောက်လုံးထံမှ ထွက်လာသည်။

ရုက္ခစိုး။ ။ မင်းတို့ ပျောက်လို့လိုက်ရှာနေတာ ငါဖြင့် ဖတ်ဖတ်ကို မောနေတာပဲ။

ကြွက်စုတ်။ ။ ကျနော်တို့လည်း ချိုကုပ်ဒူးကြီးနှိပ်စက်လို့ ဖတ်ဖတ်ကို မောနေတာပဲ။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးက ဘယ်လိုဖြစ်ပြီး ချင်းမိုင်ရောက်နေတာလဲ ကျုပ်တောင် မသိလိုက်ရပါလား။

ချိုကုပ်။ ။ ဒီကိစ္စက ဦးရုက္ခစိုးကြီး သိစရာမလိုဘူးလေ။ ဒီနှစ်ယောက်နဲ့တင် ပြီးတယ်။ ကျုပ်ကို ဗေဒင်ဆရာက ချင်းမိုင်သွား ယတြာချေရမယ် ဆိုလို့ ရောက်နေတာ။ ဒီညတော့ ကိစ္စပြီးပါပြီ။

ရုက္ခစိုး။ ။ ဘာလုပ်ဖို့ ယတြာချေရပြန်တာလဲ။

ချိုကုပ်။ ။ ယတြာချေရင် အညံ့မှန်သမျှပျောက်မယ်၊ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်မယ် ဆိုလို့လေ။ တိုက်လေယာဉ်တစင်းကလည်း ပျက်ကျထားတယ် မဟုတ်လား။

ကြွက်စုတ်။ ။ ဒါကတော့ တရုတ်က သံစည်ပိုင်းပြတ်ထုပြီး လုပ်ပေးလိုက်တဲ့ လေယာဉ်ပျံကိုး။ ပျက်ကျမှာပေါ့။

ချိုကုပ်။ ။ တော်သေးတယ်၊ ကျုပ်မြေး ဖိုးလောက်လန်းက တက်စီးမယ်တကဲကဲ လုပ်နေတာ။ ကျုပ်ကနေဦး၊ တယောက် ယောက် အရင်စီးခိုင်းကြည့်ပြီး ပျက်မကျမှ စီးပါလို့ တောင်းပန်လိုက်လို့။ အောင်မလေး … ခုထိ ရင်တုန်တုန်းပဲ။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးက ချင်းမိုင်ရောက်နေတော့ တိုင်းရေးပြည်ရေး ကိစ္စတွေကို ဘယ်သူလုပ်မလဲဗျ။

ဦးရုက္ခစိုး မေးခွန်းထုတ်အပြီးတွင် ကြွက်စုတ်တို့ နှစ်ဦးသားမှာ ရေချိုးခန်းတန်ခိုးဖြင့် ဟတ်ချိုးချေနေကြသည်။ စာမျက်နှာ အခက်အခဲကြောင့်ကော၊ စာဖတ်သူ မျက်စိရှုပ်သွားမည် စိုးသောကြောင့်ပါ ထည့်မရေးတော့ပါ။

ချိုကုပ်။ ။ မှာစရာရှိတာ အကုန် ပြည်ထဲရေးဝန် မောင်ပြူးကို မှာခဲ့တယ်လေ။ မောင်ပြူးက စိတ်ချရတယ်။ ကျုပ် မှာတဲ့အတိုင်း တလွဲမသွေဘဲ။

ရုက္ခစိုး။ ။ ဒါနဲ့ နိုဝင်ဘာလမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာလို့ ချိုကုပ်မောင်ပြူးက ကြံ့ဖွံ့တွေကို ပြောသွားတယ်နော်။ အဲဒါ တကယ်လား။

ချိုကုပ်။ ။ အဲဒါလည်း ယတြာချေတာပဲဗျ။ ဟဲဟဲ။

ရုက္ခစိုး။ ။ တကယ်က နိုဝင်ဘာဆို သူလွတ်ရမယ့် အချိန်ပဲ မဟုတ်ဘူးလား။

ချိုကုပ်။ ။ ဟုတ်တယ်လေ။ ဗေဒင်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါမယ်လို့ ပြောရမယ်တဲ့။ အဲဒါကြောင့် သူလွတ်ရမယ့်အချိန်မှာ လွှတ်မယ်လို့ ပြောလိုက်တယ်။

ကြွက်စုတ်။ ။ သြော် တော်တော့်ကို စေတနာ ဗရပွနဲ့ပါလား။

ဖိုးရှုပ်က နှာချေရပ်သွားသည့် ခဏတွင် “ဒါဆို ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာမှ တကယ်လွတ်ပြီပေါ့နော်” ဟု အတင်းဝင် မေးသည်။ သူက သတင်းထောက်ဆိုတော့ ထိုကိစ္စ ချိုကုပ်ဒူးကြီးပြောသည် ဆိုပြီး သတင်းလုပ်ရန်ဖြစ်သည်။

ကြွက်စုတ်။ ။ မင်းကလည်း အမှတ်မရှိ မေးပြန်ပြီ။ ကဗျာဆရာစောဝေတောင် လွတ်ရက်စေ့ပေမယ့် လွှတ်တာမှ မဟုတ်တာ။

ရုက္ခစိုး။ ။ လွှတ်မယ် ပြောထားတော့ တခုခုတော့ လုပ်မှဖြစ်မှာပေါ့။ မဟုတ်ရင် ခင်ဗျားကတိမတည်ဘူးလို့ အပြောခံရမယ်။

ချိုကုပ်။ ။ အာ … ကျုပ်က ကတိပေးတာမှ မဟုတ်ဘဲ။ မောင်ပြူး အရူးထပြီး လျှောက်ပြောတာပါလို့ ပြောလိုက်မှာပေါ့။

ကြွက်စုတ်။ ။ NLD က ရွေးကောက်ပွဲ ဝင်ချင်ဝင်မှာ ဆိုပြီး ပြောသေးတယ်နော်။ အဲဒါလည်း ယတြာပဲလား။

ချိုကုပ်။ ။ ဒါကတော့ ယတြာမဟုတ်ပါဘူး။ တကယ်ပြောတာပါ။ သူတို့ ထပ်တိုးတဲ့ စီအီးစီတွေ ကြည့်ပြီး အေးအေး ဆေးဆေး နိုင်တော့မယ်ဆိုတာ သိလို့ ဝဲလ်ကမ်းမင်း လုပ်သလိုလို ဘာလိုလို ရောချလိုက်တာ။

ဖိုးရှုပ်။ ။ လျှော့တွက်တဲ့သဘောလား၊ ၉၀ ရွေးကောက်ပွဲတုန်းကလည်း မဆလ က NLD ကို အဲဒီလို လျှော့တွက်ခဲ့လို့ ခံရပြီးပြီနော်၊ မမှတ်သေးဘူးလား။

ချိုကုပ်။ ။ လျှော့မတွက်ပါဘူး။ သူတို့ ရွေးကောက်ပွဲ ဝင်ချင်ဝင်လိမ့်မယ်လို့သာ ခန့်မှန်းတာ။ ဝင်ခွင့်ပေးဖို့ မပေးဖို့ဆိုတာ ကျုပ်အပေါ် မူတည်တယ်လေ။ အနားကပ်မှ အခြေအနေမဟန်ရင် ဒါလည်း မောင်ပြူး အရူးထပြီး အာချောင်ခဲ့တာပါလို့ လုပ်မှာပေါ့။

ရုက္ခစိုး။ ။ ဒါဆို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ကိစ္စ နည်းနည်းမှ မစဉ်းစားတော့ဘူးပေါ့ ဟုတ်လား။

ချိုကုပ်။ ။ အဲဒီလိုလည်း မဟုတ်ပါဘူးဗျာ၊ ကျုပ်က ဒီလောက်စေတနာတရား ခေါင်းပါးတဲ့သူ မဟုတ်ပါဘူး။

ဖိုးရှုပ်။ ။ ထင်ပါတယ်။ ချိုကုပ်ဒူးကြီး ကြည့်ရတာ တော်တော်လေး စေတနာရှိပုံ ပေါက်ပါတယ်။

ဖိုးရှုပ်စကားကြောင့် ကြွက်စုတ်က “အနှိပ်ခန်း အခမဲ့ပို့ပေးထားတဲ့ မျက်နှာနဲ့ ပြောနေပြန်ပြီ။ သတင်းထောက် ဆိုတာ အဂတိ မလိုက်စားရဘူးကွ” ဟု တွယ်လိုက်သည်ကို “ဟတ်ချိုး” တချက်ထချေလိုက်သော ဖိုးရှုပ် မကြားလိုက်ပေ။

ချိုကုပ်။ ။ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လွှတ်မှာဗျ။ တကယ်ကိုလွှတ်မှာ။ ကျုပ်မညာပါဘူးဗျာ။

ဖိုးရှုပ်။ ။ သာဓုဗျာ သာဓု ...။ ရွေးကောက်ပွဲ မတိုင်ခင်လွှတ်မယ်ဆိုရင်တော့ သာဓု နောက်တခွန်း ထပ်ခေါ်မယ်။

ချိုကုပ်။ ။ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်လိုက်လို့ ဒီသူငယ်မက ပေါက်ကရတွေ လျှောက်ပြောရင် ငါ့ရဲ့ Road Map ကြီး ဗရုတ်ဗရက် ဖြစ်သွားမှာ စိုးရသေးတယ်ကွာ ...။

ရုက္ခစိုး။ ။ ဒါဆို ရွေးကောက်ပွဲ မတိုင်ခင် မလွှတ်ဘူး ဆိုတဲ့သဘောပေါ့ ဟုတ်လား။

ချိုကုပ်။ ။ နေဦး၊ နေဦး။ ကဲဗျာ … ခင်ဗျားတို့ ပြောသလို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်မယ်။ လွှတ်မယ့်ရက်မတိုင်ခင် တလအလိုမှာ ကြေညာပေးမယ်။ ဟုတ်ပြီလား။

ဖိုးရှုပ်။ ။ ဟာ … တကယ်လား … ဒါဆို နောက်ထပ်တခါ … သာ …..

“သာ” ပြီး မ “ဓု” ရသေးခင် ချိုကုပ်ဒူးကြီး ဖြတ်ပြောလိုက်သော “အဲဒီတလအတွင်း ရေကူးချန်ပီယံ ဝက်ထော ကို ဗီဇာ ပေးလိုက်မယ်” ဆိုသည့် စကားကြောင့် ရည်းစားစကား ပြောထားသည့်ကောင်မလေးက အဖြေပေးမည်ဆိုသည့် နေ့တွင် လင်နောက်လိုက်သွားသလို ဖိုးရှုပ် ဆန့်တငင်ငင် ဖြစ်သွားရတော့သည်။

“ဟတ်ချိုး” “ဟတ်ချိုး” “ဟတ်ချိုး”

သူဟာ အဖြူဆို ကိုယ်ကအမည်း

ဟန်လေး

ဝ တပ်ဖွဲ့ ရုံးအနီးတွင် ဗုံး တွေ့ရှိဟု ဆို

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း ) မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက် အတွင်းရှိ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ဆက်ဆံရေးရုံးအနီး၌ ဇန္န၀ါရီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း ဒေသခံများအပြော အရသိရ သည်။

အဆိုပါဗုံးမှာ မပေါက်ကွဲသေးသော ချိန်ကိုက်ဗုံးဖြစ်ကြောင်း သတင်းဖြစ်ပေါ်ခဲ့သဖြင့် မြို့ခံများအထိတ်တလန့် ဖြစ်ခဲ့ရသည်ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ၀ အဖွဲ့ကပိုင်တဲ့ အိမ်မဟုတ်ဘူး ဒါပေမဲ့ အဲဒီအိမ်ရဲ့ ဘေးက ၀င်းနားလေးမှာပေါ့နော် ၀ ဆက်ဆံရေးရုံးရဲ့ အိမ် ချင်းကပ်လျှက်မှာ မိုင်းဗုံးတွေ့တာပေါ့နော် ချိန်ကိုက်ဗုံးလို့ပြောကြတယ် စနက်တံ ၃ ခုဆိုလားမသိဘူး ရှိတယ် လို့ ပြောတယ် ကျနှော်တော့ နားမလည်ဘူး ချွတ်ယွင်းလို့ မိုင်းက မကွဲဘူးလို့ပြောတယ် ” လို့ သူ ကဆိုသည်။

ယခုဗုံးတွေ့သည်မှာ မှန်ကန်သော်လည်း ဂျပန်ခေတ်က လေယာဉ်ပေါ်မှ ကျဲချသည့် ဗုံးအဟောင်းဖြစ်ကြောင်း နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။

“မဟုတ်ပါဘူးဘယ်သူက သတင်းပေးလိုက်လည်းမသိဘူး သူတို့ဟာသူတို့ထားပြီး သတင်းပေးလိုက်တာလား မသိ ခြောက်လှန့်တဲ့ သဘောမျိုးဖြစ်မယ်ထင်တယ် BE တပ်က လာကြည့်တယ် ဗုံးအဟောင်းပေါ့ ကွဲပြီးသားဗုံးအဟောင်း ပေါ့ ” လို့ သူက ဆိုသည်။

ဥပဒေရေးရာကိစ္စများကို ဆောင်ရွက်နေသည့် ပြည်ပအခြေဆိုက် မြန်မာရှေ့နေများကောင်စီ (BLC) ကို ဖေါက်ခွဲ ရေး လုပ်ငန်းများနှင့် ဆက်စပ်သည်ဟု နအဖပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့ပိုင် သတင်းစာမှ ယခုလ ၂၇ ရက် နေ့တွင် စွပ်စွဲရေးသားခဲ့သည်။

မြန်မာရှေ့နေများကောင်စီက ပြည်ထဲရေး၏ အဆိုပါ စွပ်စွဲရေးသားချက်သည် အခြေအမြစ် မရှိကြောင်း တုန့်ပြန် လိုက်သည်။

ယခုမူဆယ်တွင်ဗုံးတွေ့သည်ဆိုခြင်းမှာလုပ်ကြံဖန်တီးမှုတစ်ခုသာဖြစ်သည်ဟု ဒေသခံများက ယူဆလျှက်ရှိသည်။

ရန်ဖြစ်သူများနှင့် တညနေ

နေညွှန်း

၂၀၁၀ ဇန်နဝါရီလ ၁၇ ရက်နေ့သည် မြန်မာ နေရှင်နယ်လိဒ် (MNL) ချန်ပီယံ ဖလားအတွက် နောက်ဆုံးပွဲစဉ် ဖြစ်သော ရန်ကုန် ယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့ ကစားကြမည့်နေ့ ဖြစ်သည်။ သူငယ်ချင်းက ဝင်ကြည့်ရအောင်ဆိုသဖြင့် ကားပေါ်ကဆင်းပြီး လူအုပ်ကြားထဲ တိုးဝင်စီးမျောခဲ့ရတော့သည်။

လက်မှတ်ကို တရားဝင် ဘယ်နားမှာ ဝယ်ရမလဲဆိုတာ ကျနော်တို့ ၂ ယောက်စလုံး မသိကြ။ မှောင်ခို ရောင်းသူ များကတော့ “ဟိုမှာ ဝယ်လို့ မရတော့ဘူး အစ်ကိုတို့၊ ကုန်နေပြီ၊ အထူးတန်း ၂၀၀၀ နဲ့ရမယ်” ဆိုသဖြင့် နီးစပ်ရာ မှောင်ခိုပဲ အားပေး လိုက်ကြသည်။

တကယ် တရားဝင် ရောင်းဈေးက အထူးတန်း တစောင် ၁၀၀၀ ကျပ်ပဲ ဖြစ်သည်။ ကန်မည့် အချိန်က ညနေ ၄ နာရီ။ နံနက် ၁၁ နာရီ ကတည်းက လက်မှတ်ကုန်ပြီဟု ဆိုသည်။ လက်မှတ် စရောင်းသည့် လွန်ခဲ့တဲ့ ၂ ရက် ကတည်းက စောင်ရေ ၂ သောင်း ရောင်းထွက် ပြီးသား ဟုလည်း သိရသည်။

ကွင်းထဲကိုလည်း ပေးမဝင်သေးသဖြင့် အိမ်တစ်ခေါက်ပြန်မည်ဟု ပြောသည်ကို ကြားသွားသည့် ရန်ကုန်ယူနိုက်တက် ပရိတ်သတ်တဦးက “နေ့လယ် ၁ နာရီလောက်ဆို ပေးဝင်တော့မှာ။ အဲဒီ အချိန်ကတည်းက တိုးထားမှဖြစ်မှာနော်။ မဟုတ်ရင် အပေါ်မှာ ထိုင်စရာနေရာမရဘဲ နေမယ်” ဟု အကြံပေးပြန်သဖြင့် ကျနော်တို့ မပြန်ရဲတော့။

ကျနော်တို့ အသင်းတိုက် မှတ်တိုင်နားက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း မြင်ရသမျှမှာ စိမ်းပြာရောင် အင်္ကျီများဝတ်ထားသည့် ရန်ကုန်ယူနိုက်တက် ပရိတ်သတ်များ ဖြစ်သည်။ နှစ်ဘက်အသင်း ပရိသတ်များမှာ ကွင်းထဲ စဝင်ကတည်းက တပေါက်စီ၊ တခြမ်းစီ ခွဲဝင်ကြရသည်။

ဘတ်စ်ကားများ ပြေးလွှားနေသော လမ်းမဘေးမှာကိုပဲ “ရန်ကုန် ရန်ကုန်” ဟု အော်ဟစ်နေကြသည့် လူငယ်အစုအဝေးများကို တွေ့ရသည်။ ဘောလုံးပွဲကို အားပေးချင်သည်လား သို့မဟုတ် သူတို့၏မွန်းကျပ်မှုများကို လာရောက်ဖောက်ခွဲ အန်ချပစ် ချင်ကြသည်လားမသိ။

နေ့လယ် ၁ နာရီခွဲမှာ ကျွန်တော်တို့ ၂ ယောက် သုဝဏ္ဏ ကွင်းကြီးထဲ ဝင်ဖို့အတွက် ဝင်ပေါက်ဆီကို လာခဲ့သည်။ လူတွေ အများကြီး နေပူကျဲကျဲအောက်မှာ စုပြုံတိုးဝှေ့နေကြ၏။ ကျနော့် သူငယ်ချင်းက ဟိုဘက်မှာ ဝင်ပေါက်ရှိသေးတယ် ပြောသဖြင့် ကွင်း၏ပင်မ ဝင်ပေါက်ကြီး ဘက်ကို လျှောက်သွားကြသေးသည်။ သို့သော် ထိုဝင်ပေါက်က ရတနာပုံပရိသတ်များ သီးသန့်ဝင်ရသည့် အပေါက် ဖြစ်သဖြင့် မူလ ဘေးဝင်ပေါက်ဘက်ကိုပဲ ပြန်လာပြီး တိုးဝှေ့ရတော့သည်။

ရတနာပုံ ဝင်ပေါက်ဘက်တွင် ယောက်ျားလေးများ ဝင်ရန်က လိုင်း ၃ လိုင်း၊ မိန်းကလေးဝင်ရန် လိုင်း ၁ လိုင်း သတ်မှတ်ပေး ထားသဖြင့် တိုးဝှေ့ခြင်း သိပ်မရှိဘဲ စနစ်တကျ တန်းစီပြီး ဝင်ကြသည်။ ရန်ကုန်ဘက်တွင်တော့ ပရိတ်သတ်အင်အားက များပြီး ဝင်ပေါက်က ခပ်ကျဉ်းကျဉ်း ၁ ခုတည်းသာ ထားသဖြင့် ကြန့်ကြာပြီး အလုပ်မဖြစ်ဘဲ ရှိနေသည်။ ရဲများစောင့်ကျပ်ပြီး လက်မှတ်ကို စစ်၏။ တစ်ယောက်ချင်းစီကို ခန္ဓာကိုယ်ပေါ်ကိုလည်း စစ်ဆေးပြီး အိတ်များကိုလည်း ဖွင့်စစ်သည်။ တကယ်တော့ ဝင်ပေါက်မှာ လူများကို လက်မှတ်သာစစ်ပြီး ဝင်စေလျက် စစ်ဆေးစရာရှိသည်များကို ဂိတ်ကျဉ်းလေးကျော်မှ လူအင်အား များများဖြင့် စစ်ဆေးလိုက်လျှင် ပိုအလုပ်တွင်မည်ဟု ကျနော်ကတော့ ထင်သည်။

တိုးကြကြိတ်ကြဖြင့် တချို့စိတ်မရှည်သူများ ဝင်းထရံကျော်တက်ကုန်သည်။ စောင့်ကျပ်နေသော ရဲများက ဟန့်တားသည်။ ပြန်ဆွဲချသည်၊ မရမကကျော်သူတွေကိုတော့ ဘာမှမတတ်နိုင်။ သူတို့ ဒီဘက်မှာ ဟန့်လိုက် ဟိုဘက်ခြမ်းကကျော်လိုက်၊ သူတို့ ဟိုဘက် ရောက်သွားလိုက် ဒီဘက်က စုပြုံတိုးတက်လိုက်ဖြစ်နေသည်။ ဒီကြားထဲ ကာထားသည့် စည်းရိုးပေါ်ရောက်ကာမှ သံဆူးနှင့်အင်္ကျီငြိနေသဖြင့် ဟိုဘက်လည်းဆင်းမရ ဒီဘက်လည်းဆင်းမရဖြစ်နေသူများကို အင်္ကျီတက်ဖြုတ်ပေးရသေးသည်။ “ကူညီပါရစေ” အစစ်ပါပဲလို့ ကျနော့် သူငယ်ချင်းက ရေရွတ်နေသဖြင့် အနားကကြားသည့် သူများ ဝိုင်းရယ်ကြသေးသည်။

၁ နာရီကတည်းက အပေါက်ဝမှာ တွန်းထိုး ကျပ်ညပ်ပြီး ၃ နာရီမှ ကျနော်တို့ ပွဲကြည့်စင်ပေါ်သို့ရောက်သည်။ ဘောလုံးပွဲက မကြည့်ရသေး။ လူက ချွေးတလုံးလုံးဖြင့် ရေလည်းငတ်လှပြီ။ ဗိုက်လည်းအတော်ဟာသွားသည်။ ခြေထောက်တက်နင်းခံရသည်က အကြိမ်ကြိမ်။ ကွင်းထဲမဝင်ခင် အပြင်မှာ ရောင်းသော မာမီးဆီချက်ခေါက်ဆွဲတွေ ဝယ်စားကြသေး၏။

လေးထောင့်ဖော့ဘူးသေးလေး ၃ ဘူးကို ကျပ် ၁ ထောင်ပေးရသည်။ ကျနော်တို့ ၂ ဦး ၃ ဘူး မျှစားသော်လည်း ဗိုက်မပြည့်ချင်။ ရေကတော့ Life ရေသန့်များကို ကြွပ်ကြွပ်အိတ်ထုပ်များဖြင့် ဖောက်ထည့်ရောင်းသည်ကို တထုပ် ကျပ် ၅၀၀ ပေးဝယ်ရသည်။

ပွဲစရန် ၁ နာရီလိုသေးသော်လည်း နှစ်ဘက်ပရိသတ်ကတော့ ဆူညံစွာ အော်ဟစ်နေကြသည်။ တစ်ဘက်နှင့်တစ်ဘက်လည်း မခံသာအောင် သံချပ်များထိုးကြ ဆဲကြဖြင့် မီးကုန်ယမ်းကုန်ပင် ထိုးနှက်နေကြသည်မှာ စစ်တလင်းရောက်နေသလားပင် ထင်ရ၏။

တကယ်တမ်းပြောရလျှင် ဒီပွဲစဉ်က နောက်ဆုံးပွဲစဉ်၊ ရတနာပုံ ယူနိုက်တက်က ဒီပွဲကို တာဝန်အရသာ ကန်ရန်လိုအပ်သော်လည်း ရှုံးရှုံးနိုင်နိုင် ချန်ပီယံဖြစ်ပြီးသားပင်။

ယခု MNL ဖလားတွင် ရတနာပုံယူနိုက်တက်၏ တကယ့်ပြိုင်ဘက်က ဒဲလ်တာ ယူနိုက်တက်ဖြစ်သည်။ ဒဲလ်တာယူနိုက်တက်က ပွဲစဉ် တဝက်ကျော်လောက် ကတည်းက ရတနာပုံကို အမှတ်ပြတ်ကျန်ခဲ့ပြီးဖြစ်သည်။ ဒဲလ်တာက ဒီနှစ် ဒုတိယ ဆုယူရမည်။

ရန်ကုန်ပရိသတ်ကတော့ မြို့စွဲကြောင့်ကော ယခင် မန္တလေးပွဲတုန်းက ရတနာပုံ ပရိသတ်၏ လက်စွမ်းပြချက် များကြောင့်ပါ ရတနာပုံယူနိုက်တက်ကို အခဲမကျေဖြစ်နေခြင်း ဖြစ်သည်။

ဘောလုံးပွဲစတော့ ဘယ်သူမှ နေရာမှာ ထိုင်မကြည့်ကြ။ မိုးတိုးမတ်တတ်ရပ်ကြပြီး လက်သီးလက်မောင်းတန်းလျက် အော်ဟစ် အားပေးကြသည်။ ပွဲစပြီး ၃ မိနစ်လောက်သာ ကြာမည် ရန်ကုန်အသင်းဘက်က အဖွင့်ဂိုးရသွားသည်။ ရန်ကုန် ပရိတ်သတ်များ ဆူညံစွာအော်ဟစ်ကြ၏။ တဆက်တည်းပင် ရန်ကုန်ပရိသတ်က “ရတနာပုံ” ဟု တချို့ကတိုင်လျက် ကျန်သူများက ဆဲရေး ကြသည့် ပုံဖြင့် သံချပ်ထိုးကြပြန်သည်။ မကျေပွဲနွှဲခြင်းပဲ ဖြစ်မည်။

ယခုပွဲစဉ်မှာ ကွင်းလယ်ဒိုင်အဖြစ်ရော စည်းကျပ်ဒိုင်အဖြစ်ပါ ဆောင်ရွက်သူများက ထိုင်းနိုင်ငံက ငှားရမ်းထားသည်ဟု သိရသည်။ ဒိုင်တွေက ရတနာပုံဘက်ကို နည်းနည်းပို၍ အလေးပေးနေသည်ဟု ထင်မြင်ကြသည်။ ထိုအခါ ဒိုင်ကိုလည်း ဆဲဆိုကြသည်။

ထောင့်ကန်ဘော ကန်ရန်အတွက် ကွင်းထောင့်နားကို တဘက် ဘောလုံးသမားများ လာလျှင် ပရိသတ်က ကြုံရာဖြင့် ပစ်ပေါက်တတ်ကြတော့ ရန်ဖြစ်မလိုဖြစ်ကာ ခဏခဏ ပွဲရပ်နားရ၏။ ပွဲပျက်တော့မလားဟုပင် ထင်ရသောအခြေအနေများထိ ဖြစ်လာတတ်သေးသည်။ ပရိသတ်များ အများဆုံးပစ်ကြသည်ကတော့ ရေထည့်ထားသော ကြွပ်ကြွပ်အိတ်ထုပ်များနှင့် မာမီးခေါက်ဆွဲက ဝေပေးသည့် စက္ကူယပ်တောင် အဝိုင်းလေးတွေဖြစ်သည်။ ဘောလုံးသမားများကိုယ်တိုင် ပရိတ်သတ်များ အနားလာပြီး တောင်းပန်ကြရ၏။

ပထမပိုင်းမှာပင် ရန်ကုန်က ၂ ဂိုးသွင်းယူသွားခဲ့သည်။ ပွဲပြီးရလဒ်ကလည်း ၂ ဂိုး သုည ဖြစ်သည်။ ရတနာပုံက တမင်ပဲ လျှော့ကန်သည်နေသလား ထင်ရသည်။

အပြန်မှာတော့ ဘတ်စ်ကားများရော အငှားကားများရော အပြည့်အကျပ်ဖြစ်နေသည်။ ကျနော်တို့ ကားငှားအပြီး ကားပေါ်အတက်တွင် မှတ်တိုင်နားမှာ ရုတ်ရုတ်သဲသဲဖြင့် ပရိသတ်ချင်း ရန်ဖြစ်နေကြပြန်သည်။

ကျနော်ကတော့ စာရေး ဆရာမ ဂျူး၏ ဘောလုံးပွဲတွင် စိတ်ခံစားချက်များ ဖွင့်ဟဖောက်ထုတ်သည့် အကြောင်း ရေးထားသော “ဆဲတတ်သူများနှင့် တညနေ”ဆိုသည့် ဝတ္တုတိုလေးကိုသာ သတိရနေမိသည်။

ဒီနှစ်မှာလည်း ချန်ပီယံဖလားကြီးကို ရတနာပုံ အသင်းက ရသွားခဲ့ပြီဖြစ်သည်။ ။

မြန်မာစစ်တပ်က နာ့ဖော့-ပါဂျောင် တောင်တန်းမှာ တရုတ်တွေ ဘိန်းခင်းလုပ်ဖို့ ခွင့်ပြု

ကေအင်ဂျီ

မြန်မာစစ်တပ်က ထိန်းချူပ်ထားတဲ့ ကချင်ပြည်နယ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချူပ် ဟောင်း နာ့ဖော့-ပါဂျောင် တောင်တန်းတွေမှာ တရုတ်လူမျိုးတွေသီးသန့်ပဲ ဘိန်းခင်းတွေလုပ်ဖို့ အလှည့်ကျ အခြေစိုက် မြန်မာတပ်ရင်းများက အခွင့်အရေးပေးနေ ကြောင်း ဒေသခံတွေကပြောပါတယ်။

အခု ဘိန်းခင်းဧကရာချီကို ကချင်ပြည်နယ် နဲ့ တရုတ်နိုင်ငံယူနန်ပြည်က တရုတ်အမျိုးသား စီးပွားရေးသမား များ သို့မဟုတ် အဖွဲ့ ၃၀ ကျော်တာဝန်ယူပြီး အဲဒီတောင်တန်းတွေနဲ့ အခြေစိုက်မြန်မာစစ်တပ်စခန်းအနီး တ၀ိုက်တွေမှာ ဘိန်းပင်တွေ စိုက်ပျိုးထားပြီးဖြစ်တယ်လို့ ဘိန်းခင်းအလုပ်သမားတွေက ပြောပါတယ်။

အများစု ဘိန်းခင်းပိုင်ရှင်တရုတ် စီးပွားရေးသမားတွေထဲမှာ ဖားကန့်၊ နမ့်ဆန်ယန်၊ တရုတ်လိုင်ဇာနဲ့ ယူနန်ပြည်ထဲက ဖြစ်ကြပါတယ်။
အခုဘိန်းပင်တွေက အပွင့်ပွင့်နေပြီဖြစ်တဲ့အတွက် လာမဲ့ ဖေဖေါ်ဝါရီလမှာတော့ ဘိန်းခြစ်မဲ့အချိန်ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီတောင်တန်းတွေဟာ မြန်မာစစ်တပ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်နယ်မြေလည်းဖြစ်သလို သုံး၊ လေးလတွင် တကြိမ် တပ်ရင်း အပြောင်းအလဲပြုလုပ်တာလည်းဖြစ်ပါတယ်။

မြန်မာစစ်တပ် တပ်ချနေစဉ်အတွင်းမှာ ဘိန်းခင်းပိုင်ရှင်တွေထံတောင်းတဲ့ ဘိန်းခွန် စုစုပေါင်းပမာဏကတော့ ကျပ် သိန်း ၄၀ ကနေ သိန်း ၁၅၀ ကြား ရှိပြီး အခုချိန်မှာလည်း ဘိန်းခင်းပိုင်ရှင်တွေအားလုံး သိန်း ၁၅၀ ကို စုပြီးလာဆောင်ဖို့ အမိန့်ထုတ်ထားပါတယ်။

အခုချိန် နာ့ဖော့-ပါဂျောင်မှာ အလှည့်ကျတပ်ချနေတဲ့ မြန်မာတပ်ရင်းကတော့ ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန် နယ်မြေခံတပ်ရင်း ဒု-ဗိုလ်မှူးကြီး ခင်မောင်ဝင်း ဦးဆောင်တဲ့ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၁၄၂ ဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ ဘိန်းစစိုက်ပျိုးချိန်ကတော့ နမ္မတီးနယ်မြေခံတပ်ရင်း ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၃၈၂ အခြေစိုက်ပါတယ်။

လွန်ခဲ့တဲ့အချိန်မှာတော့ ဒီဒေသကနေတဆင့် တရုတ်နယ်စပ်ကို တင်ပို့နေတဲ့ သစ်ကုန်သည်တွေဆီက အခွန်ကောက်ယူနေတာ ဖြစ်ပေမယ့် အခုချိန် သစ်ကားဖြတ်တာတွေမရှိတော့တဲ့အတွက် လက်ရှိ ငွေရနိုင်မဲ့ တရုတ်တွေကို ဘိန်းခင်းလုပ်ဖို့အခွင့်အရေးပေးပြီး အခုလို အခွန်ကောက်ခံနေတာ ဖြစ်တယ်လို့ နယ်စပ် စီးပွားရေးသများတွေက ဆိုပါတယ်။

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ (အပိုင်း ၃)


တပ်ခွဲမှူးရာထူးမှာ အရာရှိအဆင့်တွေကတော့ ဗိုလ်ကြီးအဆင့်၊ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) လစာစား ဗိုလ်ကြီးအဆင့်နဲ့ တပ်ခွဲမှူး ဗိုလ်မှူး အဆင့်ဆိုပြီး ၃ မျိုး ၃ စား ရှိပါတယ်။ အခုနောက်ပိုင်းမှာ တပ်တတပ်ရဲ့ ဖွဲ့စည်းပုံအင်အား မပြည့်တဲ့အတွက် တပ်ခွဲမှူးတွေကို ဗိုလ်အဆင့်တွေက တာဝန်ယူကြရပါတယ်။ တပ်ခွဲမှူးဖြစ်လာသူ အရာရှိတွေဟာ ဆရာကြီး၊ ဆရာ၊ ရဲဘော်တွေရဲ့ ချစ်ကြောက်ရိုသေလေးစားမှု၊ ယုံကြည်မှုအား တည်ဆောက် ရရှိပြီးသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်ခွဲတစ်ခွဲမှာ လစာကြပ်နဲ့ တပ်ကြပ်ကြီးစာရေး၊ လက်နက်တိုက် တာဝန်ခံ၊ အကူရဲဘော်တွေ ပါဝင်ပြီး တပ်ခွဲ၊ ရုံးအဖွဲ့၊ လက်နက်တိုက်ရုံးခန်း၊ အိမ်ထောင်သည်လိုင်းခန်း စသဖြင့် သီးခြားစီ စနစ်တကျ စုဖွဲ့ထားတဲ့ တပ်မတော်ရဲ့ အခြေခံအကျဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။ တခြားအဆင့် ဆရာ၊ ရဲဘော်တွေရဲ့ ရာထူးတိုးမြှင့်ခွင့် အပိုင်းမှာ တပ်ခွဲမှူးရဲ့ ထောက်ခံတင်ပြချက်ဟာ အရေးပါလို့ တပ်ရင်းမှူးက တပ်ခွဲမှူးကို မေးမြန်းတိုင်ပင်ပြီးမှ တိုးပေးလေ့ ရှိပါတယ်။ တပ်ခွဲမှူးတွေဟာ စစ်ဆင်ရေး ကိစ္စရပ်တွေမှာ တိုက်ခိုက်ရေး တပ်မှူးငယ်တွေအဖြစ် အားထားရလို့ တပ်ရင်းမှူးရဲ့ လက်ရုံးသဖွယ် ယုံကြည်အားကိုးခြင်း ခံရပါတယ်။

တချို့ (IO) စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိငယ်တွေဟာ အထက်ဌာနနဲ့ ပြောဆိုဆက်ဆံရာမှာ ဆက်သွယ်ရေးစက် အတိုအဝှက်တွေကို ကျွမ်းကျင်စွာ မသုံးတတ်လို့ ရှေ့တန်းမှာ အထက်ဌာနတွေနဲ့ ပြဿနာ မတက်စေရေးအတွက် တပ်ရင်းမှူးရဲ့ (IO) စစ်ဦးစီးအရာရှိအဖြစ် လုပ်သက်ရင့် တပ်ခွဲမှူးကိုပဲ အစားထိုး ခိုင်းစေတာမျိုးလည်း ရှိပါတယ်။

တပ်ခွဲမှူးဟာ ကိုယ်ပိုင်လက်နှိပ်စက်ရုံးခန်း၊ စာရင်းဇယား၊ စာအုပ်စာတမ်း၊ လယ်ဂျာတွေနဲ့တကွ ဖွဲ့စည်းပုံတွေကို စနစ်တကျ ထားရှိရပြီး ရုံးလုပ်ငန်း ဦးစီးတာဝန်ကိုလည်း ကျွမ်းကျင်ရပါတယ်။ ရိက္ခာစားအင်အား လချုပ်လုပ်ပေးရပြီး တပ်ရင်းရုံးကို လစဉ် ပြန်တမ်းတွေအဖြစ် အချိန်မီ ပေးပို့နိုင်ရေး စီမံဆောင်ရွက်ရပါတယ်။ တပ်ခွဲမှူးဟာ လစာကြပ်နဲ့ လက်နက်တိုက်တာဝန်ခံ အကြပ်တို့ကို ဒုအရာခံဗိုလ်နဲ့ တပ်ခွဲ တပ်ကြပ်ကြီးတို့ကတဆင့် ခိုင်းစေရသလို ငွေကြေးရေးရာ ကိုင်တွယ်မှု မှန်၊မမှန်ကို စိစစ်ရတာလည်း ရှိပါတယ်။

ဒါ့အပြင် တပ်ခွဲမှူးတွေဟာ ခွင့်မဲ့ပျက်ကွက်စစ်သည် (AWL) တွေကို လိုအပ်သလို ထိန်းချုပ်ရပြီး လိုက်လံရှာဖွေရတာမျိုး အဆက်အသွယ်မရရင် ဒီစစ်သည်ရဲ့ လစာငွေနဲ့ ရိက္ခာတွေကို ပြန်တမ်းနဲ့ညှိပြီး အကြံအဖန်လုပ်ကာ စီမံရပါတယ်။ တကယ်လို့ ခွင့်မဲ့စစ်သည် ပြန်ရောက်လာရင် အကြံအဖန်လုပ်ထားတဲ့ လစာ၊ ရိက္ခာငွေတွေကို ပြန်ရှင်းပေးရတာလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ တပ်ခွဲမှူး ခေါင်းအကိုက်ရဆုံး မကြာခဏဖြစ်တဲ့ ပြဿနာဟာ ခွင့်မဲ့ပျက်ကွက် စစ်သည်တွေရဲ့ လစဉ်ပြန်တမ်းတွေကို လိမ်ညာဖန်တီးပေးရခြင်းပဲ ဖြစ်ပါတယ်။ စာရင်းစစ်အဖွဲ့တွေလာရင် ကျွေးမွေးဧည့်ခံရတဲ့ ကုန်ကျစရိတ်တွေကို ဒီခွင့်မဲ့ပျက်ကွက် စစ်သည်တွေရဲ့ လစာ၊ ရိက္ခာတွေနဲ့ ဖြည့်ဆည်းပေးရပါတယ်။

တပ်ခွဲမှူးဟာ ဝန်ထမ်းရိက္ခာတွေကို လိုအပ်သလို ကစားပြီး ရောင်းရတဲ့ငွေတွေနဲ့ တပ်ခွဲအတွက် လိုအပ်တဲ့ စာရေးကိရိယာတွေနဲ့ သက်သာချောင်ချိရေးတို့ကို ဖြည့်ဆည်းပေးရပါတယ်။ အလားတူ ပေါ်တာဝန်ထမ်းခ ငွေတွေကိုလည်း တပ်ရင်းရုံးကနေ ချပေးတဲ့ ခွဲတမ်းအတိုင်း ကျေနပ်ရယူသုံးစွဲရပါတယ်။ ပေါ်တာဝန်ထမ်းတွေကို နီးစပ်ရာရွာတွေက ဆန်နဲ့ ဆေးလိပ်ကို တောင်းယူကျွေးမွေးခြင်းဖြင့် ဝန်ထမ်းရိက္ခာနဲ့ ဝန်ထမ်းငွေတွေ ရယူပြီး လှည့်ပတ်သုံးစွဲရပါတယ်။

တပ်ခွဲမှူးတွေ ဖြစ်ရတဲ့ အဓိက ဆက်ဆံရေးပြဿနာမှာ တပ်ရေးဗိုလ်ကြီးနဲ့ဖြစ်ပြီး ဝန်ထမ်းခငွေ၊ ဝန်ထမ်းရိက္ခာ၊ ရိက္ခာစိုငွေတွေ ထုတ်ပေးမှုတို့ကြောင့် ဖြစ်ရပါတယ်။ ဒါ့အပြင် သာရေး၊ နာရေး ထည့်ဝင်မှုငွေ အချိုးကျစရိတ်တွေကို တပ်ခွဲမှူးတွေအပေါ် တပ်ရေးဗိုလ်ကြီးက မတရား တောင်းခံမှု ကိစ္စမှာလည်း မကြာခဏ စကားများကြရပါတယ်။ တပ်ရေးဗိုလ်ကြီး ကိုယ်တိုင်က တပ်ရင်းမှူးရဲ့ တပည့်ပီပီ နိုင်ထက်စီးနင်း လုပ်တတ်မှုအပေါ် တပ်ခွဲမှူး အများစုက ကျေနပ်မှု မရှိခဲ့ကြောင်း တွေ့ရပါတယ်။

အဆိုးဆုံး ပြဿနာကတော့ အထက်အဆင့်ဆင့်က ရဲဘော်သစ် ခွဲတမ်းချ စုဆောင်းရေးကိစ္စမှာ အောက်ဆုံး အဆင့်ဖြစ်တဲ့ တပ်ခွဲအဆင့်မှာ တပ်ခွဲမှူးက တလမှာ တပ်ခွဲမှူးအတွက် တဦး၊ တပ်စုမှူး တဦးစီရှိတိုင်း တဦးစီ၊ တပ်ခွဲကိုယ်စား တဦး အနည်းဆုံး စုစုပေါင်း ၃ ဦး အပ်နှံဖို့ ရှိလေရာ မိမိတာဝန်ကျေ စုဆောင်းပေးရမယ့် ရဲဘော်သစ် အရေအတွက် ပြည့်မီရေးကိစ္စပဲ ဖြစ်ပါတယ်။

တပ်ခွဲမှူးက အထက်ညွှန်ကြားချက်အရ မိမိတပ်ခွဲရှိ စစ်သည်တို့ကို ခေါ်ယူတွေ့ဆုံပြီး သူတို့ လိုလားချက်အတိုင်း သာမန်ခွင့် တလ ပေးမှာ ဖြစ်တယ်။ ဒါပေမဲ့ ခွင့်လိုချင်ရင် မိမိနေထိုင်ရာ ဇာတိမြေမှ ရဲဘော်သစ်တဦး မဖြစ်မနေ ခေါ်ဆောင်လာရမယ်လို့ ဖိအားပေး စေလွှတ်ခိုင်းခဲ့ရပါတယ်။ တချို့ ရဲဘော်တွေမှာ ခွင့်ပြန်ချိန်မှာ မိဘဆွေမျိုးတွေနဲ့ အေးဆေးစွာ တွေ့လိုပေမယ့် အခုလို ဆန္ဒမပါဘဲ ရဲဘော်သစ် စုဆောင်းရေးကို ခက်ခဲစွာ လုပ်ဆောင်ရတာမို့ အဆင်မပြေတော့လို့ ရဲဘော်သစ်အစား ဒဏ်ငွေ ပိုက်ဆံ ကျပ် ၄ သောင်း ပေးသွင်းရပါတယ်။ တချို့ရဲဘော်တွေမှာ ခွင့်ပြန်မလာတော့ဘဲ ခွင့်မဲ့ပျက်ကွက် ထွက်ပြေးတဲ့အဆင့်ထိ ကြုံတွေ့ရပါတယ်။

တဖန် တပ်ခွဲရှိ လုပ်သက်ပြည့် တချို့ရဲဘော်တွေကို တပ်ကနေထွက်ခွင့် ရဖို့ဆိုရင် ရဲဘော်သစ် ၄ ဦး စုဆောင်းပေးရမယ်ဆိုတဲ့ အထက်ဌာန ညွှန်ကြားချက်နဲ့ တပ်ခွဲမှူးက ကိုင်တွယ်တာမို့ တပ်ကနေ ထွက်ချင်တဲ့ ရဲဘော်တွေ ပိတ်မိနေကြရပါတယ်။

စစ်သားစုဆောင်းရေးကို စစ်ဆင်ရေးသဖွယ် မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက် အမိန့်အာဏာတွေကြောင့် တပ်ခွဲမှူးတွေက နောက်ဆုံး ကြံရာမရဖြစ်ပြီး ကျေးရွာ၊ ရပ်ကွက်တွေအတွင်း လှည့်ကင်းစေလွှတ်ကာ စစ်သားစုဆောင်းရေး တပ်ဖွဲ့တွေအသွင် ဆောင်ရွက်ကြရပါတယ်။ ကလေးစစ်သားတွေကို အတင်းအဓမ္မ စုဆောင်းပြီး စစ်သားစုဆောင်းရေး တပ်တွေသို့ ငွေကြေး လာဘ်ထိုးခြင်းဖြင့် တပ်သားသစ် စုဆောင်းရေးအတွက် တာဝန်ကျေအောင် ဆောင်ရွက်ကြရပါတော့တယ်။

ရှေ့တန်း တိုက်ခိုက်ရေး (စစ်ထွက်) အင်အား ပြည့်မီရေးအတွက် တပ်ခွဲမှူးနဲ့ တပ်ရင်းမှူးတို့ မကြာခဏ အငြင်းအခုန်ဖြစ်ရတဲ့ ကိစ္စတရပ်ကတော့ ဆေးကျသူ၊ ဒဏ်ရာရနေသူ၊ သုံးမရသူ၊ ကလေးစစ်သားတွေကို တပ်ခွဲမှူးတွေက ရှေ့တန်းဆီ ဝန်ပိမှာစိုးလို့ မခေါ်ချင်ပေမယ့် တပ်ရင်းတရင်းမှာ ရှိရမယ့် အနည်းဆုံး တိုက်ခိုက်ရေး အင်အား ၂ဝဝ ဦး ပြည့်မီရေးအတွက် ခေါ်သွားဖို့ ဖိအားပေး ခံနေရပါတယ်။

ရှေ့တန်းမှာ ရည်မှန်းချက်နဲ့ အချိန်ကန့်သတ်ချက်အရ မရပ်မနား ခရီးရှည် ထိုးဖောက်ရလေ့ရှိရာ အဲဒီ ရဲဘော်တွေ မလိုက်နိုင်တော့လို့ ပြတ်ကျန်ခဲ့ရတဲ့အပေါ် တပ်ရင်းမှူးက တပ်ခွဲမှူးတွေကို ဆဲဆိုကြိမ်းမောင်းတဲ့ဒဏ် မကြာခဏ ခံနေရပါတယ်။ ရှေ့တန်း ထွက်မယ်ဆိုရင် ကြုံတွေ့ရမယ့် ဝန်စည်စလွယ် လက်နက်ခဲယမ်း၊ ရိက္ခာတွေကို သယ်ဆောင်ပေးရမယ့် ပေါ်တာဝန်ထမ်း အရေအတွက်နဲ့ လား၊ မြင်းတွေ လိုအပ်သလောက်ကို စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိ (IO) နဲ့ ရေးထောက်အရာရှိ (AQ) တို့က မပေးနိုင်တဲ့အပေါ်မှာ တပ်ခွဲမှူးတွေနဲ့ အချေအတင် စကားများကြမှု ရှိကြပါတယ်။

အထူးသဖြင့် စစ်ကြောင်းရုံးတွေက အထက်ရုံးပီပီ ဗိုလ်ကျကာ အနိုင်ကျင့်ပြီး ပေါ်တာဝန်ထမ်းတွေကို အများဆုံး ရယူထားတာမို့ တပ်ခွဲမှူးတွေက ပစ္စည်းတွေကို မတန်တဆ ထမ်းပေးရတဲ့အပေါ် မကျေနပ်ကြခြင်း ဖြစ်ပါတယ်။ စီနီယာ လုပ်သက်ရင့် ဗိုလ်ကြီးတွေ ဖြစ်လာပြီဆိုရင် ခြေလျင်တပ်တွေမှာ နေလို့မရတော့ဘဲ သင်တန်းတွေ တက်ပြီးပါက ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာနချုပ်၊ တပ်မ/စကခ စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွေမှာ စစ်ဦးစီးမှူး (တတိယတန်း) တွေနဲ့ ကိုယ်ရေးအရာရှိတွေ၊ လုံခြုံရေးတပ်ခွဲမှူးနဲ့ လုံခြုံရေးတပ်စုမှူးတွေအဖြစ် အရေးကြီး အဆင့်မြင့်တာဝန်တွေကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီ စစ်ဌာနချုပ်တွေမှာတော့ စစ်ဦးစီး အရာရှိတွေ၊ ကိုယ်ရေးအရာရှိတွေဟာ ရုံးအုပ် အရာခံဗိုလ်တွေနဲ့ တပ်ကြပ်ကြီး စာရေးတွေကို ဆက်သွယ်ပေါင်းသင်း ဆက်ဆံကြရပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,30th,2010

( 29 )ဗဟိုဦးစီးအဖွဲ့ဝင် စာရင်း ပေးပို့ရန် NLD ဥက္ကဋ္ဌ ညွှန်ကြား

( 28 )Burma's opposition leaders locked up

( 27 )တန်းတူရေး လက်ခံလျှင် တော်လှန်ရေး စွန့်မည်ဟု KIO ထပ်ပြော

( 26 )Indian tourists to visit Burma on land route

( 25 )အိန္ဒိယအစိုးရ မူဝါဒ ပြောင်းလဲရန် သတင်းထောက်များ တိုက်တွန်း

( 24 )Myanmar accuses insurgents of planning to disrupt 2010 polls

( 23 )ဆန္ဒပြ မြန်မာအလုပ်သမားများ တောင်းဆိုချက် အလုပ်ရှင်လိုက်လျော

( 22 )Regime influencing case

( 21 )ဒေါ်အောင်ဆန်းစုကြည်လွှတ်ဖို့ အမေရိကန်တို့ လိုလား

( 20 )Akhmal stays three behind leader in Myanmar Masters

( 19 )၂၀၀၉ နိုင်ငံရေးအကျဉ်းသား အခြေအနေပိုဆိုး

( 18 )Flint holds advantage at Myanmar Masters

( 17 )တန်းတူရေး လက်ခံလျှင် တော်လှန်ရေး စွန့်မည်ဟု KIO ထပ်ပြော

( 16 )အင်ဂွမ်းလမှ မြစ်ကြီးနားအဆင်း စက်လှေမှောက်ပြီး လူ ၈ ယောက်သေ

( 15 )Burma junta and KIO meet to resolve standoff over Border Guard Force

( 14 )ဖိနပ်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာများ လုပ်ခတိုးရပြီ

( 13 )ကျန်းမာရေး မကောင်းသူ နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦးရှိ

( 12 )လူငယ်များ တိုးတက်ရေးအတွက် ဆရာဖေမြင့် ဟောပြောမည်

( 11 ) How Myanmar's opium grows

( 10 )မိုင်းလား ဒေသတွင် မတည်ငြိမ်မူများ ဆက်တိုက်ဖြစ်

( 9 )Transcript of VOA Interview with Secretary of State Clinton

( 8 )ကုလ အထူးကိုယ်စားလှယ် မြန်မာပြည်သို့ သွားမည်

( 7 )Freedom But Not Free In Burma

( 6 )ကရင် စစ်ပြေး ဒုက္ခသည်များကို ပြန်ပို့မည့် အစီအစဉ် စတင်နေပြီ

( 5 )Drug Politics of Burma

( 4 )ရန်ပွဲကြောင့် ဘင်္ဂလား-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပိတ်

( 3 )Burmese Christians Walk by Faith, Amid Persecution

( 2 )ရဲအရာရှိတဦး ထိုင်းနယ်စပ် ထွက်ပြေးလာ

( 1 )A ray of hope for Burma

Friday, January 29, 2010

ပြည်မြို့တွင် ကာရာအိုကေနှင့်အနှိပ်ခန်းများ စည်ကား

အောင်ထက်/ ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ

ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့ပေါ်၌ Beauty Saloon အမည်ခံ အနှိပ်ခန်း (မာဆတ်ခန်း) များ၊ KTV ခန်းများ၊ ပြည့်တန်ဆာ နေအိမ်များ တစစဖြင့် များပြားလာနေကြောင်း ပြည်မြို့ခံတို့က ပြောသည်။

“ပြည်မြို့၊ အဝေးပြေးကားဂိတ်အနီး၊ မြို့သစ်ရပ်ကွက်မှာ အနှိပ်ခန်းအသစ်တွေ တိုးလာတယ်။ NARCISSUS တို့၊ Sea Gulls တို့၊ Princess တို့ပေါ့။ ရွှေကြည်သာတို့၊ ရွှေချယ်ရီတို့က ပြီးခဲ့တဲ့ နှစ်တွေကတည်းကရှိနေတာ။ အဲဒီ မာဆတ်ခန်းတွေရှေ့မှာ ဆိုင်ကယ်တ၀ီဝီ၊ မိန်းကလေးတရုန်းရုန်းနဲ့ မြင်မကောင်းဘူး” ဟု မြို့သစ်ရပ်ကွက်သူတဦးက ပြောသည်။

ထို့ပြင် အဆိုပါမြို့သစ်ရပ်ကွက်တွင် မိန်းကလေး (၁၀) ဦးခန့် လုပ်ကိုင်နေသည့် ပြည့်တန်ဆာ အိမ်တအိမ်လည်း တိုးလာသည်ဟု သိရသည်။

ဘီယာစတေရှင် ပိုင်ရှင်တဦးကမူ ကာရာအိုကေနှင့် အနှိပ်ခန်းများသည် ၎င်းတို့ကဲ့သို့ တရားဝင်ဖွင့်ခွင့်မရသည့်အတွက် အခွန်မပေးရသောကြောင့် များပြားလာခြင်းဖြစ်သည်ဟု ပြောသည်။

၎င်းက “KTV မာဆတ်ခန်းတွေဆိုတာ တရားဝင်ဖွင့်လှစ်ခွင့်ရတာ မဟုတ်တော့ အခွန်ငြိမ်းတယ်။ လိုင်စင်ကြေးမရှိဘူး။ ဒေသအာဏာပိုင်တွေနဲ့ နားလည်မှု ရယူပြီးဖွင့်နေရတာ။ အရင်းအနှီး နည်းတယ်။ အကျိုးအမြတ်များတယ်။ ဒါကြောင့် ပြည်မြို့ပေါ်မှာ ဒါတွေ တိုးလာနေတာ” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ပြည်မြို့၊ မြို့သစ်ရပ်ကွက်၊ မြို့ပတ်လမ်းပေါ်တွင် BMP Intertainment အမည်ခံ KTV မာဆတ်ခန်းတခု တခမ်းတနား ဖွင့်လှစ်ခဲ့သည်။

အဆိုပါအနှိပ်ခန်းကို သိန်း (၈၀၀) ခန့် အကုန်အကျခံ တည်ဆောက်မွမ်းမံခဲ့ပြီး ပိုင်ရှင်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး၊
အနောက်ပိုင်းတိုင်းခွဲ၊ ပဲခူးတိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်စိန်မြင့်၏ ကိုယ်ရေးအရာရှိ (PSO) တာဝန်ယူခဲ့ဖူးသူ ဗိုလ်ကြီး နေအေးဝင်း ဖြစ်သည်ဟု မြို့ခံတို့က ပြောသည်။

၎င်းပိုင် BMP Intertainment အနှိပ်ခန်းသို့ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေသန်း၏တပည့် ရဲအရာရှိတဦးက
မူးယစ်သောက်စားလာကာ BMP ၀န်ထမ်းတဦးကို ပါးရိုက်မှုဖြစ်ပွားရာမှ အဆိုပါအနှိပ်ခန်း ပိတ်လိုက်ရသည်။

“အနှိပ်ခန်းဝန်ထမ်း မိန်းကလေးလုကြရင်း စကားများ ရန်ဖြစ်ကြတာ။ အဲလိုနဲ့ အာဏာပိုင် လူကြီးချင်း စကားပြောကြပြီး ၂၀၀၉ နိုဝင်ဘာမှာ BMP အပါအ၀င် မာဆတ်ခန်းအကုန် ပိတ်ပစ်လိုက်တယ်။ ခုတော့ ပြန်ဖွင့်လာလိုက်ကြတာ အရင်ထက်တောင် ပိုများလာတယ်” ဟု ပြည်မြို့ခံတဦးက ပြောသည်။

ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့၊ ကိုးသောင်းရပ်ကွက်အတွင်း အနှိပ်ခန်း၊ KTV ၊ ပြည့်တန်ဆာခန်း အများဆုံးရှိပြီး (၁၀) ခုထက်မနည်း ရှိနိုင်ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာရဲအရာရှိတဦး

ရဲရင့်/ ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ကြီးနိုင်ငယ်ညှဉ်း မတရားဖိနှိပ်မှုဒဏ်များကို မခံနိုင်တော့သဖြင့် ကရင်ပြည်နယ်မှ ရဲအရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည်။

ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည့် အဆိုပါ ဒု-ရဲအုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စစ်အာဏာပိုင်များ၏ စေခိုင်းချက်အတိုင်း လှုပ်ရှားနေရပြီး ရဲတပ်ဖွဲ့အတွင်း၌လည်း အထက်မှ အောက်ခြေတပ်ဖွဲ့ဝင်များကို နေ့စဉ်ဖိအားပေးမှုများရှိနေသည့်အတွက် တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းနေသည်ဟု ပြောသည်။

၎င်းက “ရဲဆိုတာက ဥပဒေကြောင်းအရ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ အထက်အမိန့်အတိုင်းပဲ။ ရဲတပ်ဖွဲ့ဆိုတာက စစ်ဘက်အာဏာပိုင် တွေကို ကြောက်ရတယ်။ သူတို့ကဖမ်းဆိုရင် ဖမ်း၊ တားဆိုရင် တားပဲ။ ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိဘူး” ဟု ပြောသည်။

တဘက်နိုင်ငံသို့ခိုးထုတ်မည့် မြန်မာရှေးဟောင်းဘုရား ဆင်းတုတော်များ အပြည့်တင်ဆောင်လာသည့် ကားတစီးကို စစ်ဆေးတွေ့ရှိခဲ့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်တဦး၏ အမိန့်ကြောင့် ပြန်လွှတ်ပေးခဲ့ရသည်ဟုလည်း အဆိုပါ ဒု-ရဲအုပ်ဖြစ်သူက ပြောသည်။

“ဒေသဆိုင်ရာစစ်ဘက်က ဖိအားပေးရာမှာ ကျနော်ဘားအံက သံလွင်တံတားထိပ်မှာ တာဝန်ကျတော့ အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုရဲ့ ညီမကားနဲ့ ထိုင်းဘက်ပို့မယ်လို့ ယူဆရတဲ့ ရှေးဟောင်းဘုရား ဆင်းတုတော် (၄၇) ဆူ ဖမ်းမိတယ်။ အဲဒါကိုအထက်က မင်းတို့ဘာမှမလုပ်နဲ့ ပြန်လွှတ်ပေးလိုက်ဆိုတာနဲ့ ကားကိုပြန်လွှတ်ပေးလိုက်ရတယ်” ဟု ပြောသည်။

အမှုရင်ဆိုင်နေရသည့် တရားခံများကို ဥပဒေအရ အရေးယူထိုက်သော်ငြားလည်း ဒေသဆိုင်ရာ အာဏာပိုင်များ၏အမိန့်ကြောင့် ပြန်လွှတ်ပေးရမှုများလည်း ရှိသည်ဟု သိရသည်။

ရဲဝန်ထမ်းလစာနည်းပါးသဖြင့် အောက်ခြေရဲဝန်ထမ်း မိသားစုဝင်အများစုမှာ တရားမ၀င်လောင်းကစားဒိုင်များမှ ပေးသည့် လစဉ်ကြေးများဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဒုရဲအုပ်က လစာကျပ် (၃၃,၀၀၀) ပဲရတယ်။ အများထင်သလို အောက်ဆိုက်တွေ ဘာတွေ ရတယ်ဆိုတာက လူတိုင်း မဟုတ်ပါဘူး။ ရုံးမှာတာဝန်ကျတဲ့လူဆိုရင် ပိုဆိုးပါတယ်။ အောက်ခြေရဲတွေရဲ့ မိသားစုတွေကတော့ (၂) လုံးထီ၊ (၃) လုံးထီ၊ (၁) လုံးထီ ဒိုင်တွေကရတဲ့ အကောက်တွေနဲ့ပဲ ရပ်တည်နေကြရတယ်။ တပ်ဖွဲ့ဝင်အင်အားနည်းတော့ ညဘက်ဆိုရင် စခန်းမှာ ရဲဝတ်စုံဝတ်ပြီး ရဲသား မိန်းမတွေ ညကင်းစောင့်ကြရတယ်” ဟု ထိုရဲအရာရှိက ပြောသည်။

စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျပါက ငြိမ်းချမ်းရေးအဖွဲ့ပိုင်ကားများနှင့် မကြာခဏပြဿနာများ ဖြစ်ပွားကြောင်း၊ ပြဿနာ ဖြစ်ပါက ရဲတပ်ဖွဲ့ဝင်များသာ အရေးယူခံရကြောင်း၊ အလားတူဖိနှိပ်မှုဒဏ်များကို ဆက်၍ သီးမခံနိုင်တော့သဖြင့် ထွက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဒု-ရဲအုပ်က တတိယနိုင်ငံသို့ ထွက်ခွာမည်မဟုတ်ဘဲ မိမိတတ်နိုင်သည့်အင်အားဖြင့် မြန်မာပြည် လွတ်မြောက်ရေးအတွက် ပူးပေါင်းကူညီသွားမည်ဟု ပြောသည်။

မူဆယ်မြို့ ဝတပ်ဖွဲ့ ဆက်ဆံရေးရုံးအနီး ဗုံး (၁) လုံး တွေ့ရှိ

ခိုင်လင်း / ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမုလုံရပ်ကွက်ရှိ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ခေါ် ဝတပ်ဖွဲ့၏ ဆက်ဆံရေး ရုံး အနီးတွင် မပေါက်ကွဲသေးသည့် ဗုံး (၁) လုံးကို ယမန်နေ့က တွေ့ရှိခဲ့သည်။

မူဆယ်မြို့၊ ကောင်းမုလုံရပ်ကွက်၊ ရွှေနဂါးဟိုတည်အနီး လမ်းကြားတွင်တွေ့ရှိခဲ့ပြီး လမ်းများပိတ်ကာ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ လာရောက်ကာ အချိန်အတော်ကြာ ဖြုတ်ယူသိမ်းဆည်းခဲ့သည်ဟု မူဆယ်မြို့ခံတဦးက ပြောသည်။

၎င်းက “ညနေ (၂) နာရီခွဲကျော်လောက်မှာ တွေ့တာ။ အရပ်သားတွေ တွေ့တာကနေ ရဲတွေခေါ်၊ နောက်တော့ လမ်းကို ဟိုဘက် ဒီဘက်ပိတ်၊ ကြိုးတွေတားလိုက်ပေါ့။ နောက် ဘီအီးတပ် (စစ်အင်ဂျင်နီယာတပ်) က ရောက်လာပြီး လာဖြုတ်သွားတယ်။ ညနေပိုင်းလောက်မှ ပြီးသွားတယ်” ဟု ပြောသည်။

ယခုဗုံးတွေ့ရှိရာနေရာသည် နအဖနှင့် အပစ်ခတ်ရပ်ထားသည့် ဝတပ်ဖွဲ့၊ ရှမ်းအဖွဲ့ စသည့်ငြိမ်းချမ်းရေး ရယူထားသည့် အဖွဲ့အစည်းများ၏ ရုံးများနှင့် မိသားစုဝင်များ နေထိုင်သည့် ရပ်ကွက်ဖြစ်သည်ဟု အဆိုပါမူဆယ်မြို့ခံက ပြောသည်။

ထိုသို့ ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက နယ်ခြားစောင့်တပ် လက်မခံသေးသည့် အပစ်ခတ်ရပ်အဖွဲ့များအတွင်း နအဖက အခြေအနေရှုပ်ထွေးစေရန် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ပြောဆိုသည်။

၎င်းက “ဝတို့၊ မိုင်းလားတို့ကိုကျတော့ ကိုးကန့်လို စစ်တိုက်တဲ့ အကြမ်းနည်း သွားလုပ်လို့မရတော့ အခြေအနေ ရှုပ်ထွေးအောင် တမင်ဖန်တီးလုပ်ပြီး ကွဲလာရင် ကောက်စားမယ်၊ ရေနှောက်အောင် လုပ်ပြီး ငါးဖမ်းမယ်ပေါ့ဗျာ။ တနေ့က ဖြစ်သွားတဲ့ ကိုမင်းအိမ် လုပ်ကြံခံရတဲ့ကိစ္စဆို အဖွဲ့မှာ ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်လုပ်တတ်တဲ့ သူကို လုပ်သွားတာ။ အခုလည်း ငြိမ်းအဖွဲ့တွေနေတဲ့ ရပ်ကွက်မှာ ဗုံးတွေ့တယ်ဆိုတာ အချင်းချင်းကြား သွေးကွဲပြီး မယုံသင်္ကာဖြစ်အောင်လုပ်တဲ့ကိစ္စဘဲ။ နအဖ လက်ချက်လို့ပဲ ယူဆလို့ရပါတယ်” ဟု ပြောသည်။

ယခုလ (၂၇) ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူး ဦးမင်းအိမ်သည် မိုင်းလားမြို့အတွင်း သေနတ်ပစ် လုပ်ကြံခံလိုက်ရပြီး ယနေ့အချိန်ထိ လူသတ်တရားခံ ရှာမတွေ့သေးပေ။

ကေအိုင်အေ စစ်သင်တန်းဆရာတစ်ဦး မုန်းဆိုင်ယန် စခန်းမှ ထွက်ပြေး

ကေအင်ဂျီ

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ) ရဲ့ စစ်သင်တန်းစခန်းက စစ်သင်တန်းဆရာ တစ်ယောက်ဟာ ပြီးခဲ့တဲ့အပတ် ဇန်န၀ါရီလ ၂၀ ရက်နေ့က သေနတ် နှစ်လက်နဲ့အတူ ထွက်ပြေး လွတ်မြောက် သွားကြောင်း ကေအိုင်အေ သတင်းရပ်ကွက်က သိရပါတယ်။

တပ်ကြပ်အဆင့်ရှိတဲ့ ဗမာအမျိုးသားသင်တန်းဆရာမှာ ကေအိုင်အို/အေ (ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့) ဌာနချူပ် လိုင်ဇာမြို့အနီး မုန်းဆိုင်ယန် စစ်သင်တန်းစခန်းကနေ ကေအိုင်အေ တပ်ဆင်ထားတဲ့ စက်သေနတ်နှစ်လက်ကိုယူပြီး ပြေးသွားတာဖြစ်ပါတယ်။

ကေအိုင်အေ ဖက်က ရှာဖွေစုံစမ်းနေပေမယ့် မတွေ့သေးတဲ့အတွက် အခု ထွက်ပြေးသွားသူဟာ မြန်မာ စစ်တပ်က အထူးလူလွှတ် စုံစမ်းခိုင်းတဲ့ သူဖြစ်ပြီး လွှတ်မြောက်သွားအောင်လည်း လိုင်ဇာဝင်ထွက် တံခါးဖြစ်တဲ့ လဂျားယန်ရွာကနေ မြန်မာစစ်သားတွေ စောင့်ကြိုပြီး ခေါ်ထုတ်သွားတာဖြစ်တယ်လို့ ကေအိုင်အေက ယူဆထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ကေအိုင်အို/အေ ဟာ မြန်မာစစ်အစိုးရဖိအားပေးနေတဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းဖို့ကို ခုချိန်ထိ လက်ခံခြင်းမရှိပါဘူး။

တဖက်မှာလည်း ဖြေရှင်းလို့မရတဲ့ နယ်ခြားစောင့်တပ် ပြဿနာကြောင့် နှစ်ဖက်ကြား စစ်ရေးအရ အပြိုင်ဆိုင် ပြင်ဆင်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးပြောကြားချက် ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်

NEJ/ ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ

ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည်ဟု နအဖပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က မတရားသည့် ပြောဆိုချက်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။

ယမန်နေ့က ရှေ့နေကြီး ဦးဉာဏ်ဝင်းနှင့် နေအိမ်တွင်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “နိုဝင်ဘာမှာ ဒေါ်စုကိုလွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားတာနဲ့ပတ်သက်ပြီး ဒေါ်စုက ဒါမတရားတဲ့ ပြောကြားချက်ပဲတဲ့။ ဘာလို့လည်းဆိုတော့ သူ့ကိုအပြစ်ချထားတဲ့ ပြစ်မှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်တရားရုံးချုပ်က အမိန့်မချရသေးဘူး၊ မပြီးပြတ်သေးဘူး၊ မပြီးပြတ်ခင်အတွင်းမှာ ဒီလိုပြောတာဟာ တရားရုံးရဲ့ လုပ်ငန်းကို လွှမ်းမိုးပြောဆိုရာ ရောက်တယ်လို့ အဲလိုပြောပါတယ်” ဟု ပြောသည်။

ယခုလ (၂၁) ရက်တွင် ကျောက်ပန်းတောင်းမြို့၌ မြို့ခံအစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံစကားပြောကြားရာတွင် နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအခြေအနေတွင် နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်ခံထားရပြီး အင်းစိန်အထူးတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့မှုအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံကို ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေများက ဇန်န၀ါရီ (၁၈) ရက်တွင် နိုင်ငံတော် ဗဟိုတရားရုံးချုပ်၌ တင်သွင်းထားပြီး အမိန့်ထွက်မည့်ရက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ယမန်နှစ် မေလတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့မှုကြောင့် စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးနောက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူုးကြီး သန်းရွှေ၏ အမိန့်စာဖြင့် ထိုချမှတ်သည့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်ထားခြင်းဖြစ်သည်။

ယင်းသို့ ပြစ်ဒဏ်တ၀က်ကျခံနေရစဉ်အတွင်း ကောင်းမွန်စွာနေထိုင်မည်ဆိုပါက အကျယ်ချုပ်သက်တမ်းကာလမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးကောင်း လွှတ်ပေးမည့်သဘောလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်စာတွင် ပါရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏စာအပေါ် လွှမ်းမိုးရာရောက်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဗိုလ်ချုပ်သန်းရွှေထုတ်တဲ့စာရဲ့ အဓိပ္ပာယ်ကိုလည်း နားလည်မှုလွဲစေတယ်တဲ့။ အဲဒီစာပေါ်မှာလည်း လွှမ်းမိုးရာ ရောက်တယ်တဲ့” ဟု ပြောကြားသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကမူ ယင်းသို့ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည့် ပြောကြားချက်သည် ဘာမှမထူးခြားကြောင်း ပြောသည်။

“ဒေါ်စုကို နိုဝင်ဘာမှာ လွှတ်ပေးမယ်ဆိုတာ နိုင်ငံရေးပြက်လုံးပဲ။ အစိုးရမှာ တာဝန်ရှိသူ ၀န်ကြီးတယောက်ကနေပြီးတော့ ပြောလိုက်တာဟာ ပြက်လုံးလို ဖြစ်နေတယ်။ သူ့လွတ်ရက် နိုဝင်ဘာမှာ လွှတ်မယ်လို့ပြောတာဟာ ဘာမှ မထူးခြားဘူး။ ဒါ့အပြင် ဒီနိုဝင်ဘာမှ လွတ်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဝင်နိုင်မယ် ဆိုတာကလည်း ရွေးကောက်ပွဲက အောက်တိုဘာတောင် ကျင်းပမယ်ဆိုပြီးဖြစ်နေတော့ ဒီစကားမျိုးပြောတာ နိုင်ငံရေးပျက်လုံးလို ဖြစ်နေတယ်” ဟု ပြောသည်။

ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာတွင် လွှတ်မည်ဆိုခြင်းသည် နိုဝင်ဘာမတိုင်ခင် မလွှတ်ဘူးဆိုသည့် သဘောမျိုးလည်း အဓိပ္ပာယ်ကောက်ယူနိုင်သည့်အတွက် ယင်းစကားသည် ဆိုးဝါးသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။

“ဒီလို ၀န်ကြီးကိုယ်တိုင်က နိုဝင်ဘာထက် စောမလွှတ်ဘူးဆိုတဲ့ အဓိပ္ပယ်ကောက်လို့ရတဲ့ စကားကိုပြောတယ်ဆိုရင် တရားရုံးမှာ စစ်နေတဲ့ တရားသူကြီးအပေါ်မှာလည်း အလွန်ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်နိုင်တယ်။ တရားသူကြီးတွေ ကလည်း အခုလာမယ့်အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ဖို့တို့၊ ဆက်ချုပ်ထားဖို့တို့ပဲ ဆုံးဖြတ်မယ်လို့ ယူဆနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာမတိုင်ခင် စောပြီးလွှတ်သင့်ကြောင်း၊ ယင်းသို့လွှတ်သည့်အပေါ်အကြောင်းပြုပြီး နအဖအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများကို စီစဉ်လက်ခံသင့်ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “ဒီလိုစကားပြောတာကို ၀မ်းသာပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ကျေနပ်ပါတယ်။ လွှတ်မယ်ဆိုတဲ့အသံထွက်တာ ကောင်းတယ်လို့ ယူဆပါတယ်။ သို့သော် အဲလိုစကားမျိုးပြောနေမယ့်အစား လွှတ်လိုက်ပါ။ စောစောလွှတ်လိုက်ပါ။ လွှတ်ပြီးရင် ကျနော်တို့တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ ကိစ္စမျိုးကို မဖြစ်မနေလုပ်ပါ။ ဘာလို့လည်းဆိုတော့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်က လာပြီးတော့တွေ့တယ်တို့ဆိုတာ ဆက်သားအဆင့်လောက်ပဲ သတင်းစကားပို့နေရတဲ့ အလုပ်လုပ်နေရတော့ ဘာမှလည်း အကျိုးသက်ရောက်မှုမရှိဘူး” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် လွန်ခဲ့သည့် အနှစ် (၂၀) ကျော်ကတည်းက တွေ့ဆုံဆွေးနွေးရန် တောင်းဆိုလာခဲ့ပြီး နအဖစစ်အစိုးရအနေဖြင့် ယခုတိုင် လက်ခံခြင်းမရှိသေးသည့်အပြင် ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည်ဆိုပါက အန်အယ်လ်ဒီအနေဖြင့် ဆွေးနွေးရန်အကြောင်းရှိမည် မထင်ဟုလည်း ဦးဝင်းတင်က ပြောသည်။

စစ်အစိုးရက ပြုလုပ်မည့်ရွေးကောက်ပွဲသည် ယခုနှစ် အောက်တိုဘာလထဲတွင် ဖြစ်နိုင်သည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ရွေးကောက်ပွဲအလွန်ကျမှ ဒေါ်စုနဲ့ ဆွေးနွေးမယ်ဆိုလည်း ဘာမှဖြစ်နိုင်ချေမရှိဘူး။ လိုမှမလိုတော့ဘဲ။ သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲ လုပ်ပြီးမှတော့ ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ အကြောင်းမရှိဘူးလို့ ကျနော်တို့ ထင်တယ်။ ဆွေးနွေးရင်လည်း ကျနော်တို့ဘက်က ပြန်ကြည့်တော့ ဘာမှအဓိပ္ပာယ်မရှိဘူး။ အခြေခံဥပဒေ ပြဿနာတွေ၊ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေ စတဲ့ ပြဿနာ အားလုံးကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဖို့တောင်းနေတာကို အကြိုကာလမှာ မတွေ့ဆုံဘဲ ရွေးကောက်ပွဲအလွန်ကာလမှ တွေ့ရင်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး” ဟု ပြောကြားသည်။

ဗန်းမော်မှ ဆန်များ တရုတ်ပြည်ပို့ခွင့် ပိတ်ထားသော်လည်း မြစ်ကြီးနားက တင်ပို့ခွင့်ရ

သတင်းနှင့်မီဒီယာ ကွန်ယက်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မှတဆင့် တရုတ်ပြည် အတွင်းသို့ ဆန်တင်ပို့ မှုများကို ဖမ်းဆီးနေသော်လည်း မြစ်ကြီးနား-လိုင်ဇာလမ်းမှတဆင့် ဆန်တင်ပို့ခွင့်ပြုထားသည်။

ဗန်းမော်မှ လွယ်ဂျယ်သို့ ဆန်တင်ပို့မှုကို အခုလလယ်ပိုင်းက ဗန်းမော်-လွယ်ဂျယ် လမ်းပေါ်ရှိ စိန်လုံ ကျေးရွာတွင် ဖမ်းဆီးမှုမှုများပြုလုပ်ပြီးနောက်ပိုင်း ဆန်များကို ဖမ်းဆီးနေသဖြင့် ဆန်တင်မပို့နိုင်သည့်အချိန်တွင် မြစ်ကြီးနား ဘက်မှ ဆန်ကားများ နေ့စဉ် လိုင်ဇာသို့ တင်ပို့နေသည်ဟု ဗန်းမော်ဒေသခံ ဆန်ကုန်သည် တဦးက ပြောသည်။

“ဒီဗန်းမော်ကတော့ ဆန်သယ်လို့ မရတော့ဘူးဗျာ။ မြစ်ကြီးနားကကျတော့ ဆယ်ဘီး၊ ဆယ့်နှစ်ဘီး ကားတွေ နေ့စဉ် သွားနေတာ။ ဆန်အိတ် သုံး-လေးထောင်လောက် သွားနေတာ။ မြစ်ကြီးနားကဆိုရင် လဂျားယန်နားမှာ စစ်တပ် စခန်းရှိတယ်။ အဲဒီစစ်တပ်က ဖြတ်ပြီး သွားလို့ရတယ်။ ကျနော်တို့ကျတော့ လွယ်ဂျယ်လမ်းက ဖမ်းနေတယ်၊ လိုင်ဇာဘက်ကျ တော့လည်း မုံလွှဲတံတားရဲဂိတ်က ဖြတ်ခွင့် မရှိဘူး။ ဘယ်လို မူဝါဒချမှတ်ထားသလဲဆိုတာ သဘော မပေါက်နိုင်ဘဲ ဖြစ်နေကြတယ်။”

မြန်မာပြည်မှ ဆန်များကို တရုတ်ပြည်ဘက်တွင် အရက်နှင့် ခေါက်ဆွဲပြုလုပ်ရာတွင် လည်းကောင်း၊ တိရိစ္ဆာန် အစာ ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုရန်အတွက် ဝယ်ယူ နေကြခြင်းဖြစ်သည်။

ယခုလို လွယ်ဂျယ်လမ်းမှတဆင့် ဆန်များတင်ပို့ခွင့်မရသည့်အတွက် ကားသမားများနှင့် ဆန်ကုန်သည် များပါ လုပ်ငန်းရပ်နားထားရသဖြင့် မကျေမနပ်ဖြစ်နေကြသည်။

ပလောင်ဒေသတွင် ဘိန်းစိုက်နှုန်း၅ဆကျော် တိုးမြှင့်

ခွန်အောင်မြတ်။

မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ဒေသတွင်းရှိ မန်တုန်နှင့်နမ်းခမ်းမြို့နယ်များတွင် သုံးနှစ်အတွင်း ဘိန်းစိုက် ပျိုးမှု ငါးဆကျော် တိုးတက်လာပြီး မူးယစ်ဆေးဝါး သုံးစွဲသူ ပိုမိုများပြားလာသည်ဟု ပလောင်အမျိုးသမီး အစည်း အရုံးက ပြောသည်။


ပလောင်ဒေသတွင်း ဘိန်းစိုက်ပျိုးမှု များပြားလာသည့်အကြောင်း မူးယစ်ဆေးဝါး သုံးစွဲမှု မြှင်မားလာသည့် အ ကြောင်းကို ပြည်ပအခြေအစိုက် ပလောင်အမျိုးသမီးအစည်းအရုံးက ရေးသားထားသည့် အဆိပ်သင့်တောင်တန်း များ အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့ ထုတ်လိုက်ခြင်း ဖြစ်သည်။

မန်တုံနှင့် နမ့်ခမ်းမြို့နယ်ဒေသရှိ ဘိန်းစိုက်ပျိုးနှုန်းသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ငါးဆခန့် တိုးတက် လာသည်ဟု ယင်းအစီရင်ခံစာကို ဦးဆောင် သုတေသနပြုစုသူ လိုည်းနွေနှောင်းက ပြောသည်။

“၂၀၀၆-၂၀၀၇ မှာဆိုရင်တော့ ကျမတို့ရဲ့ တွေ့ဆုံမေးမြန်းချက်အရဆိုရင် ၉၆၃ ဟက်တာ ကျမတို့ တွေ့ရှိရတယ်။ဒါပေမယ့် ၂၀၀၇ - ၂၀၀၈ မှာဆိုရင်တော့နည်းနည်းတက်သွားတယ်။ ၁၄၅၈ ဟက်တာ ကျမတို့တွေ့ရှိရတာပေါ့နော်။ ပြီးတော့ ဒီ ၂၀၀၈- ၂၀၀၉ ဆိုရင်တော့ ဘိန်းစိုက်ပျိုးတဲ့နေရာရော၊ ဒီ ဒေသတွေရော ဘိန်းစိုက်ပျိုးနှုန်းက ဘယ်လောက်ရှိ သွားလဲဆိုတော့ ၄၅၄၅ အထိ များပြားလာတာကို ကျမတို့ တွေ့ရှိရတယ်။ ကျေးရွာတွေလည်း အရင်တုန်းက မစိုက်ဖူးတဲ့နေရာတွေဆို အခုစိုက်လာတာ ကျမတို့တွေ့ရှိရတယ်။”

အဆိပ်သင့်တောင်တန်းများ အစီရင်ခံစာကို ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ၄င်းက ယခုလို ဆက်လက်ပြော သည်။

“ဘာကြောင့် ပလောင်ဒေသမှာ ဘိန်းစိုက်ရတာလဲဆိုတဲ့ဟာကို ကျမတို့ မြန်မာပြည်သူ လူထုရော နိုင် ငံတကာမှာရောက်တဲ့ မြန်မာပြည်သူလူထုတွေရယ် ပြီးတော့ နိုင်ငံတကာမှာရှိတဲ့ ပြည်သူလူထုကို ကျမ တို့က အသိပေးချင်တယ်။ နောက် တချက်ကတော့ ဘိန်းထုတ်လုပ်ခြင်းအားဖြင့် သူ့ရဲ့အကျိုးသက် ရောက်မှုက ဘာတွေရှိလဲ ဆိုတာကို ကျမတို့ ပြည်သူပြည်သားတွေကို အသိပေးချင်တယ်။ နောက်ဆုံး တချက်ကျတော့ ကျမတို့ရဲ့ အခြေအနေတွေကို မီးမောင်းထိုးပြခြင်းအားဖြင့် ကျမတို့နိုင်ငံမှာရှိတဲ့ ဒီ မူးယစ်ဆေးဝါး ပပျောက်ရေးပြီးတော့အခြားအဖွဲ့တွေကိုပါ ဒီဘိန်းထုတ်လုပ်မှုဟာ တကယ်ပဲ တိုးတက် များပြား ရှိနေတာကို အသိပေးချင်တာပေါ့နော်။ ဒီရည်ရွယ်ချက်ငါးချက်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါ တယ်။”

ဘိန်းစိုက်ပျိုးမှုနှုန်းများပြားလာသည့်နှင့်အမျှ မူးယစ်ဆေးဝါး သုံးစွဲသူ ယခင်က ၇၅ ရာခိုင် နှုန်း ရှိရာ ယခု ၈၅ ရာ ခိုင်နှုန်း မြှင့်တက်လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသက် ၁၅ နှစ်အထက် လူငယ်နှင့် အမျိုးသားများ အများ အပြားသုံးစွဲသည့်အပြင် အမျိုးသမီးများပါ သုံးစွဲလာကြသည်ဟု လိုည်းနွေနှောင်းက ပြောသည်။

“မန်တုန်မြို့နယ်မှာရှိတဲ့ ကျေးရွာတရွာမှာဆိုရင်တော့ ခပ်များများအမျိုးသမီးတွေက သုံးစွဲတာကို ကျမ တို့တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အမျိုးသားတွေကသုံးတော့ သူတို့လည်းသီးမခံနိုင်ဘူး ။ ဒီလိုမျိုး ခံစားမှုတွေ ရှိလာတယ်ဆိုရင်တော့ ဘယ်လိုပြောမလဲ သူတို့လည်း ခံစားရတာကိုး ရိုက်နှက် တာတို့ ဘာတို့ ပိုက်ဆံမရှိရင်။ ဟား အတူတူပဲ ဘ၀အတူတူပဲဆိုရင်တော့ ဘ၀အတူတူပဲ ဖြတ်သန်း ရအောင် ဆိုပြီးတော့ သူတို့ ဘိန်းသုံးစွဲလာတဲ့ဟာတွေလည်း ကျမတို့ တွေ့ရှိရတယ်။ နမ့်ခမ်းမြို့နယ် လည်း ဒီလိုပဲ။ အစတုန်းကဆိုရင် သူက မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့အဖွဲ့ပေါ့။ သူလိုက်လိုက်ရင်းနဲ့ ဘိန်းဖြတ်တာကိုး ဘိန်းဖြတ်တော့ ဘိန်းတွေရရှိတော့ သူတို့တွေကိုယ်တိုင်လည်း သုံးစွဲလာ တာကို လည်း ကျမတို့ တွေ့ရှိရတယ်။ ဒါတွေကိုလည်း မေးမြန်းခဲ့တယ်။”

ယင်းဒေသသည် မြန်မာစစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း မူးယစ်နှိမ်နင်း ရေးအဖွဲ့များက ဘိန်း ခင်းများကို ဖျက်ဆီးရမည့်အစား ဘိန်းတောင်သူများထံ အခကြေးငွေ ယူကာ အပေါ်ယံများသာ ဖျက်ဆီးပေး သည်။ စစ်အစိုးရ ကျောထောက်နောက်ခံအဖွဲ့များ ကလည်း အခွန်ငွေ ကောက်ယူကြသည်ဟု ယင်းအစီရင်ခံစာ တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ ပြည်တွင်းစစ် ပြေနိုင်မည်ဖြစ်ပြီး၊ မူးယစ်ဆေးဝါး ပြဿနာ ကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် လိုအပ်နေသည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။


ပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပွဲ လူအားရာချီနှင့်ဆန်များဆင့်ဆို

သျှမ်းသံတော်ဆင့်

ယခုလကုန်ပိုင်း၌ ကျင်းပမည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် လားဟူပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲအတွက် လူထုရာနှင့်ချီဆင့်ခေါ်သည့်အပြင် ဒေသခံများထံမှလည်း ပွဲဧည့်ခံကျွေးမွေးရန် ဆန်ပါကောက်ခံ သည်ဟု နယ်စပ်သတင်းရပ်ကွက်ကပြောပါသည်။

“ဧည့်ခံကျွေးမွေးဖို့ စားဝတ်နေရေးဖူလုံတဲ့အိမ်ကို ဆန်တင်းတစ်ဝက် (၈ ပြည်) ကနေ ၄ တင်းအထိ ကောက်ခံ တယ်။ အိမ်တိုင်းတော့မကောက်ဘူး”- ဟု အမည်မဖေါ်လိုသည့် နားကောင်းမူးဒေခံ တဦးက ပြောပြပါသည်။

မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာအုပ်စုအခြေစိုက် ဂျပီးကွယ်ဦးဆောင်သည့် လားဟူပြည်သူ့စစ် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းပွဲ ပွဲတက်ရောက်ရန် မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင် (မြို့နယ်ခွဲ) ဒေသခံများ တမြို့နယ် အယောက် ၄၀၀ ထက်မနည်း နအဖဒေသခံစစ်တပ်က ဆင့်ခေါ်ထားသည်ဟုဆိုပါသည်။

“ပွဲက အခုလကုန် ဂျန္န၀ါရီ ၃၁ ရက်နေ့လုပ်မှာ၊ ပွဲတက်ဖို့ သုံးမြို့နယ်ဆိုအယောက် ၁၂၀၀ ဖြစ်နေပြီ၊ ဒါတောင် ဗမာ စစ်တပ်မိသားစုနဲ့ ဒေသခံမပါသေးဘူး၊ ပရိတ်သတ်တွေကို အိမ်ရှင် နားကောင်းမူးကျေးရွာအုပ်စုက ဧည့်ခံကျွေးမွေး ရေးတာဝန်ယူဖို့ ကျေးရွာဥက္ကဌကို ညွှန်ကြားထားတယ်လို့သိရတယ်” - ဟု နားကောင်းမူးဒေသခံ နောက် တဦးက သျှမ်းသံတော်ဆင့်သို့ ပြော၏။

နားကောင်းမူးကျေးရွာအုပ်စု ၅ ရွာထံမှလည်း ဆန်အပြင် လူအားတရွာ အယောက် ၁၀၀ ထက်မနည်း ပွဲတက်ရောက်ရ မည်ဟု နားကောင်းမူး အခြေစိုက် ခလရ ၆၅ က ဆင့်ဆိုထားကြောင်း ဆက်ပြော၏။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းမည့် မိုင်းတုံ မိုင်းဆတ်နှစ်မြို့နယ်အတွင်း လားဟူပြည်သူ့စစ်တပ်ဖွဲ့ အင်အား ၈၀၀ ခန့်ရှိပြီး တြိဂံတိုင်းမှူးက ၃၀ ရက်နေ့၊ နေပြည်တော် အဆင့်မြင့်အရာရှိများ ၃၁ ရက်နေ့အသွင်ပြောင်းပွဲသို့ရောက် မည် ဖြစ်ကြောင်း လားဟူအမျိုးသားတဦးက ပြောပါသည်။

မိုင်းတုံအခြေစိုက် လားဟူပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ဂျပီးကွယ်အား နယ်ခြားစောင့်တပ် တပ်ရင်းမှူးအဆင့်တိုးမြှင့် ပေးမည်ဖြစ်ပြီး နအဖ စစ်တပ် တပ်ရင်းမှူးရာထူးနှင့်ညီသည့် ခံစားခွင့် ရမည်ဟုဆိုသည်။ မိုင်းဆတ် မြို့နယ်အတွက်လည်း လားဟူနယ်ခြားစောင့်တပ် တပ်ရင်းတစ်ခု တပြိုင်တည်းဖွဲ့စည်းဖွယ်ရှိသည်ဟု အဆိုပါ လားဟူအမျိုးသားကပြော၏။

“အရင်တုန်းက တင်ဝင်းကို တပ်ရင်းမှူးရာထူးပေးမယ်ကြားရပေမယ့် သူ့ကိုတာဆန်းဘက် ပို့ထားလိုက်ပြီ၊ တင်ဝင်းက ၀ နဲ့ ဆက်ရေးမှာ လိမ္မာပါးနပ်မှုမရှိဘူးလို့ကြားတယ်” - ဟု လားဟူပြည်သူ့စစ် အဖွဲ့ဝင်တဦးက ပြောပါသည်။

မြန်မာစစ်အစိုးရတပ်တွင် ရဲဘော်တဦး လစာ ၂၂,၀၀၀ ကျပ် ခံစားရပြီး၊ တပ်ရင်းမှူးတာဝန် ရာထူး ဒုဗိုလ်မှူးကြီး အဆင့် လစာ မှာ ၁၈၀,၀၀၀ ကျပ် ရှိ၏။ ထိုင်းနိုင်ငံသား သျှမ်းအမျိုးသားတဦးက - “ကျနော့်သား ထိုင်းရဲ ဘော်တဦး လစာက ဘတ်ငွေ ၈,၂၀၀ ရတယ်၊ ဒေါ် ၂၀၀ ကျော်နဲ့ညီတယ်။ ဗမာစစ်သားရဲ့ ရဲဘော်တဦး လစာက ဒေါ်လာ၂၀ ကျော်ကျော် လောက်ဘဲရတယ်။ ဘယ်လောက်မလဲဗျာ” - ဟု ပြော၏။

နယ်ခြားစောင့်တပ်ရင်းပြောင်းလဲခြင်းခံရသည့် လားဟူပြည်သူ့စစ်များမှာလည်း စစ်အစိုးရပေးသည့်လစာ လောက်ငှ မည်မဟုတ်။ သို့သော် စစ်သား ရာနှုန်းပြည့်မဟုတ်သောကြောင့် နယ်စပ်တ၀ိုက် လုပ်ကိုင် စားသောက်ခွင့်အပြည့်အ၀ ရှိကြောင်း၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် အပစ်ရပ်တပ်ဖွဲ့များ ဖိအားပေးခံနေရချိန် ပြည်သူ့တပ်ဖွဲ့များ ပိုမိုအခွင့်ထူးများရရှိနေကြောင်း၊ ၀ တပ်ဖွဲ့ပင် ကူးသန်းရောင်းဝယ်ရေး အတွက်လားပြည်သူ့စစ်တပ်ဖွဲ့ကိုငှားရမ်းရ ကြောင်း - သျှမ်းပြည် မူးယစ်စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

Burma, Bombs and Boxes

စပေ့စ် (Space)


စပေ့စ် (သို့မဟုတ်) ခွင် ဟူသော စကားလုံးသည် ယခုအခါ တွင်ကျယ်လာပါသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲအပြီးတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအရ နိုင်ငံရေးလှုပ်ရှားမှုများကို လွတ်လပ်စွာ လုပ်ခွင့် ရှိလာလိမ့်မည် (သို့မဟုတ်) နိုင်ငံရေးခွင် ကျယ်လာလိမ့်မည်၊ ထိုအခါကျမှ စစ်မှန်သော ဒီမိုကရေစီ ရရှိအောင် ဆက်လက်ရုန်းကန်ကြမည် ဟူသော အယူအဆသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပတွင် ခေတ်စားနေသည်မှာ မည်သို့မှ မဆန်းပါ။

၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်မလာမီကပင် အမျိုးသားညီလာခံ တက်နေကြသည့် အဖွဲ့ချုပ် ကိုယ်စားလှယ်အချို့တွင် ဤအယူအဆ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ G -7 ဟု ခေါ်ခဲ့သည့် အုပ်စု၏ အခြေခံအယူအဆမှာ ဤသို့ဖြစ်သည်။ ထိုမှတဆင့် တဖြည်းဖြည်းနှင့် အဖွဲ့ချုပ်က ထုတ်ပစ်ရပြီး၊ အဖွဲ့ချုပ်ကို ဆန့်ကျင်သူများ ဖြစ်သွားခဲ့ကြသည်။

ထိုသို့ဖြင့် အဖွဲ့ချုပ်သည် ပြောနေကြသည့် နိုင်ငံရေးခွင် (political space) ဆိုသည်ကို မဟာဗျူဟာအရရော၊ နည်းဗျူဟာအဖြစ်ပါ ပယ်ခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိနေခဲ့ပါပြီ။ အဖွဲ့ချုပ် တည်ထောင်ချိန်ကတည်းက ချမှတ်ခဲ့သည့် မူဝါဒများနှင့် မကိုက်ညီသောကြောင့် လက်မခံနိုင်ခြင်းဟု အကြောင်းပြခဲ့သော်လည်း သဘောတရား (ideology) သက်သက်ကြောင့်သာ မဟုတ်ပါ၊ လက်တွေ့ဖြစ်ရပ်များကိုပါ ထည့်၍ စဉ်းစားကြည့်နိုင်ပါသည်။

၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် တပ်မတော်ဦးဆောင်မှုဆိုသော စကားတလုံးမှ မပါပါ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ-ဆ-လ) ၏ ဖွဲ့စည်းပုံ စည်းမျဉ်းမှာလည်း စစ်မှုထမ်းဖူးမှ CEC ဖြစ်ရမည်ဟု မပါပါ။ သို့သော် မဆလပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံးသည် စစ်ဗိုလ်ဟောင်း၊ စစ်ဗိုလ်လက်ရှိတွေချည်း ဖြစ်သည့်အပြင် ပြည်သူ့လွှတ်တော်ကောင်စီ အဆင့်ဆင့်တွင် စစ်ဗိုလ်နှင့် စစ်ဗိုလ်လူထွက်များက အများစု ဖြစ်ခဲ့သည်။ ကောင်စီအဆင့်ဆင့်တွင် ပါနေသည့် အရပ်သားအားလုံးသည် မည်သို့သဘောထား၊ ခံယူချက်များ ရှိသည်ဖြစ်စေ နောက်ဆုံးတွင် စစ်တပ်ခိုင်းသမျှ လုပ်ရသည့် အခြေအနေကို ရောက်ခဲ့ရပါသည်။

ထိုသို့ဖြစ်ခဲ့ပြီးမှ လွှတ်တော်အရပ်ရပ်တွင် ၂၅ ရာခိုင်နှုန်း ရယူမည်၊ စစ်ရေးအမြင်ရှိမှ သမ္မတလုပ်ရမည်၊ အရေးကြီးသည့် ဝန်ကြီးအားလုံးကို တပ်ချုပ်က ခန့်အပ်မည် စသည်ဖြင့် ဗြောင်ရေးထားသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအောက်တွင် ရွေးကောက်ခံထားသည့် အမတ်များသည် လွှတ်တော်အဆင့်ဆင့်၌ လွတ်လပ်စွာ လှုပ်ရှားခွင့် ရရှိမည်ဟု မျှော်လင့်သူများသည် အကောင်းမြင်လွန်နေပြီဟုသာ ယဉ်ကျေးစွာ ခေါ်ရပါမည်။

အချို့က ဆိုကြပါသည်။ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံသားများ၏ ရပိုင်ခွင့်များကို အကာအကွယ်ပေးနိုင်ရန် လွှတ်တော်များတွင် ဒီမိုကရေစီဘက်တော်သားများ ရှိထားရန် လိုအပ်သည်၊ ထို့ကြောင့် ရွေးကောက်ပွဲဝင်ရမည်ဟုလည်းကောင်း အစိုးရအပြင်က စပေ့စ်ကို ကာကွယ်ရန် အတွင်းကိုဝင်ပြီး အပေးအယူလုပ် ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်းကောင်း စသည်ဖြင့်။ ဤဆင်ခြေများသည်လည်း ခေတ်သစ် သမိုင်းအရ ကြည့်လျှင် လက်ခံစရာမရှိပါ။

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်သည် စေတနာမှန် အခြေခံပြီး မည်သူနှင့် မည်မျှ အပေးအယူ အလျှော့အတင်း လုပ်ခဲ့ပါသနည်း။ သူတို့နှင့် ပူးပေါင်းခဲ့သည့် ကျောင်းသားခေါင်းဆောင် တချို့မှစ၍ ပမညတများ၊ ဖဆပလများအလယ် တိုင်းရင်းသားခေါင်းဆောင် အဆုံး၊ မည်သူက ပြည်သူလူထု၏ စပေ့စ်ကို ကျယ်အောင် လုပ်နိုင်ခဲ့ပါသနည်း။ ဝန်ထမ်းဘဝမှာဝင်ပြီး တဖြည်းဖြည်း ကျဉ်းလာသော စပေ့စ် (space) ကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့သော ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်၊ ဦးဝင်းတင်တို့ မည်သို့ဖြစ်သွားကြသနည်း။ ၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်က ဤဒေသတွင် လွတ်လပ်မှုအရှိဆုံး နိုင်ငံတခုဘဝမှ ယခုအခြေအနေသို့ ရောက်လာခြင်းသည် ပြည်သူလူထုက ငုတ်တုတ်၊ ငုံ့ခံနေ၍ ဖြစ်ရခြင်း မဟုတ်ပါ။ မဆလ ခေတ်တလျှောက်လုံး ယုံကြည်ရာကို လုပ်ခဲ့၍ ထောင်ကျခံ၊ အသတ်ခံ၊ အသေခံသူများ၏ သတ္တိသည် ယခုလှုပ်ရှားနေသူများထက် မညံ့ပါ။

ယခု စပေ့စ် (space) အကြောင်း ပြောနေသူများထဲတွင် ထိုခေတ်က ရုန်းကန်လှုပ်ရှားခဲ့ကြသူများ အများကြီး ပါပါသည်။ ထို့ကြောင့် ခွင် (space) အကြောင်း ပြောသူတိုင်းကို သစ္စာဖောက်သွားသူများဟု ပြော၍မဖြစ်ပါ။ မမှတ်သေးဘူးလားဟုလည်း မမေးလိုပါ။ သို့သော် တခုတော့ ပြောချင်သည်။ သူတို့တတွေ မဆလအောက်တွင် ရုန်းကန်လှုပ်ရှားရင်း သေကြကြေကြတုန်းက နိုင်ငံခြားက သိရှိရန် ဝေးလို့ မြန်မာပြည်သူများကပင် ကောင်းစွာ မသိခဲ့ကြခြင်းမှာ မဆလ အစိုးရသည် တရားဝင် ရပ်တည်မှု (legitimacy) ကို တစုံတရာ အတိုင်းအတာထိ ရခဲ့၍ ဖြစ်သည်။ အတွင်းကနေ ပူးသတ်မည်ဟူသော လူများကြောင့် စစ်တပ်က ထိုရပ်တည်မှုကို ရရှိသည်ဟုဆိုလျှင် ငြင်းလိမ့်မည်မထင်ပါ။ အခုတခါ ပူးသတ်ရန် ကြံလျှင် ဤသမိုင်းသင်ခန်းစာကို သတိရပါဟု တောင်းပန်ပါရစေ။

စပေ့စ် (space) ဆိုသည်မှာ လွှတ်တော်အထဲမှာမှ ရှိတာမဟုတ်ပါ။ အပြင်မှာလည်း ရှိပါသည်။ အပြင်က စပေ့စ် (space) ကို မည်သို့ ကျယ်အောင်လုပ်မလဲ၊ မည်သို့ သုံးမလဲဆိုတာကလည်း အရေးပိုကြီးသည်ဟု ထင်ပါသည်။ NGO များ၊ Civil Society များအကြောင်း ပြောခြင်း မဟုတ်ပါ။ အရင်တုန်းကလည်း စာအုပ်အဟောင်းရောင်းရင်း၊ ရှေ့နေလိုက်ရင်း၊ ကျူရှင်ပေးရင်း လုပ်ခဲ့ကြတာပဲ၊ ဒီလိုပဲ လုပ်ကြတာပေါ့ ဟူ၍လည်း ပြော၍မရတော့ပါ။ နိုင်ငံတွင်းက ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့သည် သိသာစွာ ပြောင်းလဲသွားပြီ၊ ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာပါ တစုံတရာ အတိုင်းအတာအထိ ရွှေ့လာခဲ့ပြီးပြီ၊ ပြည်ပက အခြေအနေများသည်လည်း ယခင်ကနှင့် လုံးဝ မတူတော့ပါ။

ထိုအချက်များကို ထည့်စဉ်းစားပြီးမှ စပေ့စ် (Space) အကြောင်း ပြောကြပါ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,29th,2010

( 41 )နအဖ စွတ်စွဲချက် မမှန်ဟု ကေအန်ယူနှင့် ရှေ့နေကောင်စီ ငြင်းဆို

( 40 )Despite Discomfort, Suu Kyi Stays Busy

( 39 )ဖုန်းလျှောက်သော်လည်း မရ ၊ ဖုန်းတစ်လုံး ၁၀ သိန်းပေး ၀ယ်ရ

( 38 )Jailed 88 Generation Activist Calls for Blanket Amnesty

( 37 )ကိုရီးယား သဘောင်္နစ်ရာတွင် မြန်မာ သဘောင်္သား ၂ ဦး ပျောက်းဆုံးနေ

( 36 )Myanmar's Suu Kyi criticizes release date remarks

( 35 )ကားတင်သွင်းခွင့်အခွန် ထက်ဝက်ကျော်တိုးမြှင့်

( 34 )Release of Political Prisoners and National Reconciliation Urgent

( 33 )ငွေကြေးဖောင်းပွမှု လျော့ကျဟု ကုန်သည်စက်မှုအသင်း ပြောကြား

( 32 )Regime influencing court case

( 31 )တရားမျှတသည့် ရွေးကောက်ပွဲလုပ်ရန် တိဘက် တိုက်တွန်း

( 30 )မြန်မာပြည်ကို ကူညီရန် ကမ္ဘာ့ဘဏ် စဉ်းစားနေ

( 29 )Mongla looking for white sedan

( 28 )တီဗီ သတင်းထောက်ကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်

( 27 )ဒုရဲအုပ်တဦး ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာ

( 26 )Falam Township NLD Chairman dies

( 25 )အိမ်ဖော်အလုပ်သမား အခွင့်အရေး လမ်းညွှန်စာအုပ် ထုတ်ဝေ

( 24 )ရွေးကောက်ပွဲ ဖျက်ရန် ဗုံးခွဲနေဟု စစ်အစိုးရဆို

( 23 )Burma has Nuclear Ambitions, Says US Think Tank

( 22 )စစ်တွေမြို့က စက်မူလုပ်ငန်းများကို စက်မူဇုံ အသစ်သို့ ပြောင်းရွှေ့ခိုင်း

( 21 )Myanmar Regime Trying to Influence Court Case

( 20 )အဝေးရောက် တိဗက် အစိုးရကို မြန်မာလူငယ်များ သွားရောက်လေ့လာ

( 19 )Myanmar journalist jailed for 13 years

( 18 )World Bank renews its links with Burma

( 17 )ကိုငွေစိုးလင်းကို ထောင်ဒဏ် ၁၃ နှစ် ပစ်ဒဏ် ချမှတ်

( 16 )မိုင်းလား အဖွဲ့ခေါင်းဆောင် လုပ်ကြံ သတ်ဖြတ်ခံရ

( 15 )ရန်ကုန် ဆင်မလိုက်ဈေးကို ပြောင်းရွှေ့

( 14 )ပြည်ထဲရေးဝန်ကြီးရဲ့ ပြောကြားချက် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

( 13 )Yunnan a reluctant refuge for desperate Myanmar traders

( 12 )EU အထူးသံ မြန်မာ့အရေး အမေရိကန်နဲ့ ဆွေးနွေး

( 11 )Myanmar's Suu Kyi rejects minister's release comment

( 10 )မြန်မာ နျူကလီးယားကိစ္စ ပြည်တွင်းအထောက်အထား မခိုင်လုံသေး

( 9 )Film screening will show issues of Burma area

( 8 )ဝန်ကြီးပြောဆိုချက် တရားရုံး လုပ်ပိုင်ခွင့်ကို ထိပါးဟု ဒေါ်စု ပြော

( 7 )Pertilla, Burmese in front at Myanmar Masters

( 6 )ဒုက္ခသည် ပြန်ပို့လျှင် လုံခြုံရေး တာဝန်မယူဟု DKBA ပြော

( 5 )Indian activists to brainstorm Burmese junta’s intentions

( 4 )ဒေါ်စု အိမ်ပြင်ဆင်မှု ရှေ့နေအဖွဲ့နဲ့ ဆွေးနွေး

( 3 )Lawyer Says "No National Reconciliation" If Suu Kyi Released After Elections

( 2 )အကြမ်းဖက် ဗုံးခွဲဖို့ ကြံစည်ဟု စစ်အစိုးရ စွပ်စွဲချက် KNU နဲ့ BLC ငြင်းဆို

( 1 )Burma activists reject rumours of Suu Kyi's early release

Thursday, January 28, 2010

အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များ စတင်ဖွဲ့စည်း

စိုးမိုး/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ရင်းများသည် အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီး လက်နက်စုဆောင်း မှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စက်တင်ဘာသံဃာ့လှုပ်ရှားမှုတွင် အဓိကရုဏ်းနှိမ်နင်းရေးတပ်များ အသုံးမပြုဘဲ စစ်သားများ အသုံးပြုပစ်ခတ်ခဲ့ပြီး နိုင်ငံတကာမှ ၀ိုင်းဝန်းရှုတ်ချမှုများ ရှိခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ပြောဆိုထားသည့် ယခုနှစ်တွင် ရဲတပ်ဖွဲ့ကို အဓိကရုဏ်း နှိမ်နင်းရေးတပ်များ ဖွဲ့စည်းထားရန် ပြည်ထဲရေးဝန်ကြီးဌာနက ယခုလ (၁၄) ရက်နေ့၌ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ညွှန်ကြားလွှာတွင် အဆိုပါအဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တခုတွင် ရဲမှူး (၁) ဦး၊ ဒုရဲမှူး (၁) ဦး၊ ရဲအုပ် သို့မဟုတ် ဒုရဲအုပ် (၂) ဦး၊ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ်၊ ဒုရဲတပ်ကြပ် (၆) ဦးစီနှင့် ရဲတပ်သား (၇၈) ဦးပါဝင် ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်။

လက်နက်များအနေဖြင့် တပ်ဖွဲတဖွဲ့လျှင် မီးခိုးဗုံး (၂) လုံးစီနှင့် ပစ္စတို (၄) လက်၊ ရိုင်ဖယ် (၁၂) လက်၊ အမ် (၇၉) လောင်ချာ (၄) လက်၊ ရှဲဂန်း (၂) လက်စီ စီစဉ်ပေးထားပြီး ရဲတပ်သားများအနေဖြင့် တုတ်၊ ဒိုင်းနှင့် လေးခွများကို အဓိကအသုံးပြုရန် ညွှန်ကြားထားသည်။

“ရဲတပ်ကြပ်က စပြီးတော့ အောက်ခြေ ရဲဝန်ထမ်းအားလုံး လေးခွ (၁) လက်စီနဲ့ လောက်စာလုံး (၁၀၀) စီ အဆင်သင့်ရှိထားဖို့ ညွှန်ကြားတယ်။ ဘုန်းကြီးတွေတုန်းက ရဲနှိမ်နင်းရေး တပ်မရှိလို့ စစ်တပ်က ဆင်းပြီး လုပ်ချသွားတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ရင်းမှ ရဲတပ်သားတဦးက ပြောသည်။

သို့သော် ယခု ဖွဲ့စည်းနေသည့် အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့များတွင် လူထုလှုပ်ရှားမှုများတွင် ပါဝင်လာမည့် အမျိုးသမီးများကို ထိန်းသိမ်းရန် အမျိုးသမီးရဲတပ်သားများ မပါဝင်သေးကြောင်း ဒု-ရဲအုပ်တဦးက ပြောကြားသည်။

“စစ်တပ်က နိုင်ငံတော်ကို ဘေးရန်က ကာကွယ်ဖို့၊ နိုင်ငံတကာက ထိပါးမှုကို ကာကွယ်ဖို့ပဲ။ ပြည်တွင်း ပြည်သူလူထု လှုပ်ရှားမှုတွေကို ထိန်းသိမ်းပေးဖို့က တကယ်က မြို့ပြရဲတွေ အလုပ်။ ဒါပေမယ့် အခု ရဲမှူးလောက်အဆင့်က စစ်တပ်က ဗိုလ်ကြီးလောက် အဆင့်တောင် မရှိသလို ဖြစ်နေတယ်။ ၀န်ကြီးကိုယ်တိုင်က စစ်သားပဲလေ” ဟု ၎င်းက ပြောသည်။

လက်ရှိ အနေအထားအရ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့များ ဖွဲ့စည်းရန် ရဲတပ်သား အင်အားနည်းပါးနေသည့်အတွက် လိုအပ်ပါက ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားသူများကို ခေါ်ယူအသုံးပြုဖွယ်ရှိကြောင်းလည်း အဆိုပါ ဒု-ရဲအုပ်က ပြောကြားသည်။

ဖောက်ခွဲရေးသမား (၁၁) ဦးကို ဖမ်းဆီးကြောင်း စစ်အစိုးရ ကြေညာ

စိုးမိုး/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ပြည်တွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်အစိုးရက ဖောက်ခွဲရေးပစ္စည်းများဖြင့် လူ (၁၁) ယောက်ကို ဖမ်းဆီးရမိကြောင်း ယနေ့ နိုင်ငံပိုင် သတင်းစာများတွင် ကြေညာချက်ထုတ်ပြန်သည်။

စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် ယခုနှစ်စတွင် နိုင်ငံအနှံ့ ဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့က ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် (၁) ဦး လုပ်ကြံခံရအပြီး ယခု ထပ်မံ၍ နိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရန် လုပ်ဆောင်နေသူများ ဆိုသူ (၁၁) ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ယခု ဖမ်းဆီးရမိသူများသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း စက်မှုဇုန်အတွင်း ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) ၏ ကုန်သိုလှောင်ရုံ အပါအ၀င် နေရာ (၇) ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားသည်။

ယခု ဇန်န၀ါရီလ (၂၂) ရက်မှ (၂၄) ရက်အတွင်း ခေါင်းဆောင်ဖြစ်သူဟု စွပ်စွဲခံရသူ ကိုကျော်ဇေလင်း အပါအ၀င် (၁၁) ဦးနှင့် လက်လုပ်မိုင်း (၃) လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်း (၅) လုံး၊ ဒီတိုနေတာ (၄၃) ခု၊ စပိန်နိုင်ငံလုပ် Astra MOD 3000 အမျိုးအစား ဒဿမ (၃၂) ပစ္စတိုတလက်၊ ကျည်ကတ်တခု၊ ကျည် (၃၃) တောင့်၊ ဂြိုဟ်တုဖုန်း (၁) လုံး၊ ၀ိုင်ယာကြိုးခွေ (၂) ခွေ၊ ဖြတ်စ (၆) စည်း၊ ယမ်းကြိုး (၃) ခွေနှင့် အဝေးထိန်းစနစ်သုံး ပစ္စည်းများကို သိမ်းဆည်းရမိသည်ဟုလည်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ဆက်လက်လုပ်ကိုင်ရန် ကြံစည်နေသူဟု စွပ်စွဲခံရသူ ကိုကျော်ဇေလင်း (ခေါ်) ကိုဆိုင်းမှာ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်လ်စီ) ထောက်ပံ့မှုဖြင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ယင်းသို့ ဖော်ပြမှုနှင့်ပတ်သက်ပြီး စစ်အစိုးရ စွပ်စွဲပြောဆိုနေသော သူမှာ ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ငြင်းဆိုသည်။

“နိုင်ငံရေးအရ ကျနော်တို့ကို တိုက်ခိုက်တာပဲလေ။ ကျနော်တို့ကို မတရားအသင်းကြေညာတယ်။ အဲဒါတွေက ကျနော်တို့က သူတို့ကို အိုင်စီစီ (နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး) တင်တဲ့ကိစ္စတွေ၊ နောက် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ တင်တာနဲ့ပတ်သက်ပြီး တုံ့ပြန်တာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏ ဥပဒေအထောက်အကူပြုဌာန တာဝန်ခံ ဦးသန်းနိုင်ထွေးက ပြောကြားသည်။

ပြည်သူများ ဘီအယ်လ်စီအပေါ်တွင် အမြင်လွဲမှားစေရန် ယခုကဲ့သို့ စွပ်စွဲပြောဆိုသော်လည်း ပြည်သူက အမှန်တရားကို သိရှိနားလည်ပြီးဖြစ်ကြောင်း၊ ဘီအယ်လ်စီအနေဖြင့် ယခုကဲ့သို့ စွပ်စွဲမှုကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်အစိုးရကမူ လက်လုပ်မိုင်း ( ၈) လုံးခန့်နှင့် ဒီတိုနေတာ မိုင်းလုပ်စနက်တံ (၄၃) ခု၊ ပစ္စတို (၁) လက်ပိုင်ဆိုင်ထားသော အဆိုပါ ဖောက်ခွဲရေးသမားများမှာ စစ်တပ်၊ ရဲတပ်ရင်းများ၊ စက်မှုဇုန်များနှင့် အငှားယာဉ်များကို တိုက်ခိုက်ရန် စီမံကိန်းများ ရှိနေသည်ဟု ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ၂၀၀၉ ခုနှစ် စက်တင်ဘာလ (၁၆) ရက် ညပိုင်း သန်းခေါင်ယံအချိန်တွင် အဆိုပါအဖွဲ့က ဖောက်ခွဲခဲ့သည်ဆိုသည့် မင်္ဂလာဒုံနှင့် ရွှေပေါက္ကံ စက်မှုဇုန်တို့တွင် မိနစ်ပိုင်းစီခြား ဗုံး (၇) လုံး ပေါက်ကွဲခဲ့သော်လည်း လူအသေအပျောက်မရှိခဲ့ဘဲ စက်ရုံ အလုပ်ရုံများလည်း အလုပ်မပျက်ခဲ့ကြောင်း မင်္ဂလာဒုံစက်မှုဇုန်မှ အလုပ်သမားတဦးက ပြောသည်။

စက်မှုဇုန်အတွင်း နေထိုင်သူများကမူ ယင်းအချိန်က ဗုံးပေါက်သည်ဆိုသည်သာ သိရှိရပြီး မည်သို့ ဗုံးပေါက်ကွဲသည်၊ မည်သည့်နေရာတွင် ပေါက်ကွဲသည်ကိုမူ ယနေ့ထုတ် သတင်းစာက ဖော်ပြမှသာ သိရှိရသည်ဟု ဆိုသည်။


ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့မည်

ခိုင်လင်း/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မနက်ြဖန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တွေ့ဆုံရန်ရှိသည်။

အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အဓိကတာဝန်ယူထားသူ ဒု- ဗိုလ်ချုပ်ကြီး ရဲမြင့်အား ဥက္ကဋ္ဌ ဦးဇောင်းဟရားအပါအဝင် ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့က မနက်ဖြန်တွင် မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တွင် တွေ့ဆုံရန်ရှိသည်ဟု ကေအိုင်အို ခေါင်းဆောင်များနှင့်နီးစပ်သူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

၎င်းက “မြစ်ကြီးနားမှာ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ ရောက်နေပြီ။ ဥက္ကဋ္ဌ ဦးဇောင်းဟရားလည်း လိုက်လာတယ်။ နယ်ခြားစောင့်ကိစ္စပဲလို့ ယေဘုယျ ခန့်မှန်းလို့ရတာပေါ့။ နောက်ဆုံးတွေ့တုန်းက ကေအိုင်အိုက တောင်းဆိုမယ့်အချက်တွေ တရားဝင် စာရေးတင်ပြဖို့ မြန်မာအစိုးရဘက်က ကမ်းလှမ်းထားတာရှိတယ်။ အဲဒါကို ဗိုလ်ချုပ်ရဲမြင့်က လာပြီးတီးခေါက်တာလည်း ဖြစ်နိုင်တယ်လေ။ နောက်တခုက အခု ကေအိုင်အို တော်လှန်ရေးပွဲလုပ်ဖို့ ပွဲမိန့်က မကျလာသေးဘူး။ အဲဒါကိုလည်း ကေအိုင်အိုဘက်က ဆွေးနွေးမယ့်ပုံရှိတယ်” ဟု ပြောသည်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို နအဖအနေဖြင့် သဘောတူလက်ခံပါက နယ်ခြားစောင့်တပ်ကိုပင်လျှင် မဖွဲ့တော့ဘဲ လက်နက်ကိုင်တော်လှန်ရေးအား စွန့်လွှတ်သွားမည်ဟု ကေအိုင်အိုအဖွဲ့က နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပြီးခဲ့သည့်နှစ် အောက်တိုဘာအတွင်းက စာရေးတင်ပြခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ (၂၉) ရက်က မပခတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အို ကိုယ်စားလှယ်တို့၏ (၁ဝ) ကြိမ် မြောက်တွေ့ဆုံမှုအတွင်း ပင်လုံသဘောတူညီချက်အရ တန်းတူညီမျှရေးဆိုင်ရာ ကချင်တိုင်းရင်းသားတို့၏ တောင်းဆို လိုလားချက်များကို တရားဝင် စာရေးတင်ပြရန် နအဖဘက်က ကမ်းလှမ်းထားခဲ့ရာ ကေအိုင်အိုအနေဖြင့် အဆိုပါ လိုလားချက်များအား စာရေးတင်ပြရန်လည်း ရှိနေသည်။

ဖေဖော်ဝါရီ (၅) ရက်တွင် ကျရောက်မည့် ကေအိုင်အိုတော်လှန်ရေးပွဲအား မြစ်ကြီးနားမြို့နယ်အတွင်းရှိ နမ္မတီးချောင်းဖျားဒေသရှိ ကေအိုင်အေ တပ်ရင်း (၁၁) တွင် လည်းကောင်း၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကေအိုင်အေ တပ်မဟာ (၁) နယ်မြေတွင်လည်းကောင်း၊ ကချင်ဒေသခံလူထုများပါ ပါဝင်နိုင်မည့် မနောပွဲနှင့် တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပရန် ကေအိုင်အိုအဖွဲ့က စီစဉ်နေရာ ယခုအချိန်အထိ ပွဲကျင်းပခွင့် ခွင့်ပြုမိန့် မကျသေးကြောင်း ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။

ကေအိုင်အိုအနေဖြင့် ကချင်တိုင်းရင်းသားများအတွက်သာမကဘဲ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားတို့၏ နိုင်ငံရေး၊ စီးပွား၊ လူမှုရေးစသည့် ကဏ္ဍများအလိုက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို လေးလေးနက်နက် စဉ်းစား တောင်းဆိုသင့်သည်ဟု မြစ်ကြီးနားမြို့ခံ ကချင်လူငယ်တဦးက ပြောသည်။

၎င်းက “ဒီကိစ္စက သားစဉ်မြေးဆက်အထိ ပါသွားမှာမို့ ပေါ့ပေါ့လုပ်လို့မရဘူး။ တန်းတူညီမျှရေးဆိုတာ တကယ့်လက်တွေ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍနယ်ပယ်အလိုက် တန်းတူအခွင့်အရေးရရမယ်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့် အနေအထားရှိရမယ်။ ဥပမာ ကချင်ပြည်နယ်ထဲက ရွှေတွင်း၊ ကျောက်တွင်းတွေကို စစ်ဗိုလ်ချုပ် သားသမီးတွေနဲ့ သူနဲ့ နီးစပ်သူတွေကပဲ လုပ်နေတာမျိုးမဖြစ်သင့်ဘူး။ မြစ်ဆုံရေကာတာ ဆောက်တဲ့ကိစ္စဆို ကချင်လူထု၊ ပြည်နယ်လူထုရဲ့ဆန္ဒကို ကောက်ခံသင့်တယ်” ဟု ပြောသည်။


စစ်အစိုးရ စွပ်စွဲချက်သည် သိက္ခာချလိုခြင်းသာဖြစ်သည်ဟု ပြော

ဖြိုးကြီး Thursday, 28 January 2010

စစ် အစိုးရက ပြည်ပ အခြေစိုက် မြန်မာ နိုင်ငံ ရှေ့နေများ ကောင်စီ(BLC) ကို ဖောက်ခွဲရေး လုပ်ငန်း များတွင် ပတ်သက်မှု ရှိနေကြောင်း စွပ်စွဲချက်သည် အခြေ အမြစ်မရှိကြောင်း အဖွဲ့ဥက္ကဌက တုန့်ပြန် ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇) ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ဖောက်ခွဲရေးသမားများသည် (BLC) မှ စေလွှတ်ထားသူများဟု ဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေများကောင်စီဥက္ကဌ ဦးသိန်းဦးက တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ (BLC) က ဒီအလုပ်တွေလုပ်တာ မဟုတ်ပါဘူး၊ ကျနော်တို့ အလုပ်ကိုက တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေတွေကို ဆန်းစစ်သုံးသပ် လေ့လာပြီးတော့ သတင်းထုတ်ပြန်တဲ့အဖွဲ့ပဲ ဖြစ်ပါတယ်၊ စစ်အာဏာရှင်တွေက တရားဥပဒေစိုးမိုးမှု မရှိဘူး၊ ကျူးလွန်တဲ့ပြစ်မှုတွေကို အရေးယူနိုင်ခြင်းမရှိလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှာ တရားစွဲဆိုဖို့ လုပ်နေတဲ့အချိန်မှာ ဒီလိုသတင်းအမှားကို ထုတ်ပြန်လိုက်တာပါ” ဟု ပြောသည်။

ယခုလ (၂၂) ရက်နေ့က ကျော်ဇေလင်း (ခ) ကိုဆိုင်းဆိုသူနှင့် အပေါင်းအပါ (၁၁) ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းမိခဲ့ကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ကျော်ဇေလင်းသည် ယခင်က မြန်မာနိုင်ငံရှေ့နေများကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းကို ဆက်လက်ဖော်ပြထားသည်။

ယင်းသို့ နအဖစစ်အစိုးရ၏ စွပ်စွဲချက်သည် မြန်မာနိုင်ငံ ရှေ့နေများကောင်စီအား နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် သိက္ခာချလိုသည့်အတွက် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဦးသိန်းဦးက ပြောသည်။

“ကျနော်တို့က အခု နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ကို လှုံ့ဆော်မှုတွေ လုပ်နေပါတယ်၊ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းသွားမှာဖြစ်တယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာတိုင်း အတိုက်အခံ ဒီမိုကရေစီအင်အားစုများကို စွပ်စွဲမှုများ ပြုလုပ်နေလျက်ရှိပြီး ပြီးခဲ့သည့် ကရင်နှစ်သစ်ကူးနေ့က ဗုံးပေါက်ကွဲမှုကိုလည်း ကရင်အမျိုးသားအစည်းအရုံး၏ လက်ချက်ဟု ၎င်းတို့ပိုင် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သေးသည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက မတရားသင်းအဖြစ် ကြေညာထားခဲ့ပြီး ယခုအခါ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် စွပ်စွဲခဲ့ခြင်းဖြစ်သည်။