Wednesday, August 31, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေစိစစ်ရေး ထိပ်တိုက်တွေ

ကျော်ခ

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်တွင်း ဂျာနယ်တစောင်အတွက် ပထမဆုံးသော ကိုယ်တိုင်ရေး ဆောင်းပါးတပုဒ် ရေးသားပေးပို့အပြီး ဆောင်းပါးမှ စာပိုဒ် အချို့ကို ဖြုတ် ပစ်ရန် စာပေ စိစစ်ရေးမှ အကြောင်း ပြန်ခဲ့ ခြင်းကြောင့် ဒေါ်စုနှင့် စိစစ်ရေးတို့ ထိပ်တိုက် ကြုံရတော့သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆောင်းပါးပါ စာပိုဒ် အချို့ကို ဖြုတ်ပစ်ရပါက ဆောင်းပါးကို ဂျာနယ်တွင် မဖေါ်ပြရန် တုံ့ပြန်လာကြောင်း ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသက မဇ္ဈိမကို ပြောသည်။

“စာပေစိစစ်ရေးကတော့ ထုံးစံအတိုင်းပေါ့။ ဒါတွေ ဒါတွေ ဖြုတ်ပေးပါလို့ ပြောတယ်။ ကျနော်တို့စာမူ ဆိုရင်တော့
ဖြုတ်ပေးလိုက်တာပေါ့ဗျာ။ ဒါပေမယ့် ဒေါ်စု စာမူဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပြရတာပေါ့ဗျာ။ အဲတော့ ဒေါ်စုက အဲဒါတွေ ဖြုတ်ရမယ် ဆိုလို့ရှိရင် သူဆောင်းပါး မထည့်ပါနဲ့လို့ ပြောတယ်” ဟု မောင်ဝံသ ကပြောသည်။

နိုင်ငံရေး သတင်းဆောင်းပါးများ အသားပေး ဖေါ်ပြပေးနေသည့် ရန်ကုန်အခြေစိုက် ပြည်သူ့ခေတ် ဂျာနယ်အတွက်ဒေါ်အောင်ဆန်း စုကြည်မှ ဂျာနယ် စာမျက်နှာ တမျက်နှာစာရှိ ပုဂံခရီးစဉ်အကြောင်း ခရီးသွား ဆောင်းပါးတပုဒ်ကိုပေးအပ် ခဲ့ခြင်း ဖြစ်သည်။

"စာပေကင်ပေတိုင်" ဟု စာပေလောကသားများအကြား လူသိများသည့် စိစစ်ရေးမှ ဖြတ်ခိုင်းသည့် စာပိုဒ်များတွင် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကိုမူ မောင်ဝံသက ပြောဆိုခြင်း မပြုပေ။ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က အဆိုပါ ဆောင်းပါးကို အပြည့်စုံ ဖေါ်ပြခွင့်ရရန် စာပေ စိစစ်ရေးဌာနသို့ ထပ်မံ တင်ပြသွားဦးမည်ဟုလည်း ဆိုသည်။

“စိစစ်ရေးကို မေးမြန်းပြီး ထပ်တင်ကြည့်ဦးမယ်ဗျာ။ အနေအထားတွေ တိုးတက်ပြောင်းလဲ လို့ရှိရင်တော့ အဆင်ပြေချင်လည်း ပြေမှာပေါ့ဗျာ” ဟု ဦးဖေမြင့် က မဇ္ဈိမကို ပြောသည်။

ပြည်တွင်း၌ ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါး စိစစ်ရေးနှင့် ရင်ဆိုင်နေရသော်လည်း အင်္ဂလိပ်ဘာသာဖြင့် ပုဂံခရီးစဉ်အကြောင်း ရေးသားထားသည့် ဆောင်းပါးတပုဒ်မှာ ဂျပန်နိုင်ငံထုတ် မိုင်နိချိ သတင်းစာတွင်
ဖေါ်ပြခံခဲ့ရသည်။

စာပေစိစစ်ရေး ဘက်မှလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးကို ဖေါ်ပြခွင့် မပြုရန် ‘လုံးဝ’ ပိတ်ပင်လိုက်ခြင်း မဟုတ်ဘဲ လတ်တလောတွင် ဆိုင်းငံ့ အနေအထားမှာပင်ရှိပြီး ၂ဝဝ၈ အခြေခံဥပဒေ၌ စာပေစိစစ်ရေး မူဝါဒ ၄ ချက်တွင် ပါဝင်သည့် လွတ်လပ်စွာ စာပေပုံနှိပ်ထုတ်ဝေခွင့် ဥပဒေအရ အချိန်ကာလ တခုအတွင် ထုတ်ပေးနိုင်မည့် အနေအထား ဖြစ်လာနိုင်ကြောင်း စိစစ်ရေးဌာန တာဝန်ရှိသူ တဦးကပြောသည်။

“ဥပမာ သတင်းက ၆ ပိုဒ် ပါတယ်။ ၄ ပိုဒ်လောက်က ကျနော်တို့ စီစစ်ရေးမူဝါဒတို့ ဘာတို့နဲ့ ငြိတယ်ဆိုတော့ အဲဒီ
၂ ပိုဒ်ထဲ လွှတ်လိုက်ရုံနဲ့ ဘာမှမထူးတဲ့အခါကျတော့ တပုဒ်လုံး ပယ်ရတာမျိုးတွေ ရှိပါတယ်။ အခု ဒီဆောင်းပါး ဟာလည်း ဆိုင်းငံ့နေတဲ့ အနေအထားမျိုးပဲ ဖြစ်တယ်။ လုံးဝပိတ်လိုက်တဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။
ပြန်ကောင်း လာနိုင်ပါတယ်။ အခုလည်း ကျနော်တို့ ဒီဆောင်းပါးကို ဖတ်ပြီးစစ်နေပါတယ်” ဟု သူက မဇ္ဈိမကို
ပြောသည်။

အစိုးရသစ် သမ္မတဦးသိန်းစိန် ၏ ပထမဆုံး မိန့်ခွန်းတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းများ၏ အခန်းကဏ္ဍ
ကို အလေးထားရန် လိုအပ်ကြောင်းနှင့် စာနယ်ဇင်းများမှတဆင့် ပြည်သူများ သိသင့်သည့် အချက်များကို အသိပေးသွားဖို့ လိုသလို ထိုစာနယ်ဇင်းများ၏ အပြုသဘောဆောင်သည့် အကြံပြုချက်များကိုလည်း အလေးထား
ဖို့ လိုအပ်ကြောင်း ပြောဆိုထားသည်။

အလားတူ မီဒီယာ လွတ်လပ်ခွင့်ကို ရှေးရှုသည့် ခြေလှမ်းတရပ် အနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
က သတင်းမီဒီယာများ၏ ဝေဖန်အကြံပြုမှုကို ခံယူသွားမှာဖြစ်ကြောင်း သြဂုတ်လ ၂၂ ရက်နေ့ ပြန်လည် စတင်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယ ပုံမှန် အစည်း အဝေးတွင် ပြောသွားသည်။ ထိုနေ့ လွှတ်တော် အစည်းအဝေးများတွင် သတင်းမီဒီယာများကို ပထမဆုံး အကြိမ် အဖြစ် စတင်သတင်းယူခွင့် ပြုခဲ့သည်။

ထိုကဲ့သို့ မီဒီယာများကို သတင်းယူခွင့် ပြုထားသော်လည်း ပြန်လည်ရေးသား ထုတ်ပြန်ရာတွင် အစိုးရသစ်၏ မူဝါဒနှင့်ပတ်သက်သည့် ထောက်ပြချက်၊ ဝေဖန်ချက်များကို စာပေစိစစ်ရေးက ဖြတ်တောက်ပစ်ခဲ့သည်ဟု လွှတ်တော်သတင်း သွားရောက်ယူခဲ့သည့် ပြည်တွင်း အပတ်စဉ် သတင်းထောက်များက မဇ္ဈိမကိုပြောသည်။

KIA ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာစစ်သား ၃ ဦးသေ

KNG

သြဂုတ် ၃၀၊ ၂၀၁၁ အင်္ဂါနေ့ ညနေ ၆ နာရီကျော်တွင် ဗန်းမော်ခရိုင်၊ ဒေါ့ဖွမ်းယန်မြို့နယ်တွင် မြန်မာအစိုးရစစ်သားများအား KIA က ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ်သား ၃ ဦး သေဆုံးကာ၊ အချို့ဒဏ်ရာရရှိကြသည်ဟု KIA အရာရှိများ အပြောသည်။

သေကြေဒဏ်ရာရသူများမှာ ဒေါ့ဖွမ်းယန်အခြေစိုက် ခလရ (၁၄၂)မှ မြန်မာ စစ်သားများဖြစ်သည်ဟု သိရသည်။

မုန်လိုင်ခ(Munglai Hka) ချောင်း အနီး တိန်လုံ (Tinglung) ကျေးရွာ အနီးတွင် မြန်မာအစိုးရတပ်များနှင့် KIA တပ်မဟာ (၅) တို့ မိနစ် (၂၀) ကြာ တိုက်ခိုက်ကြခြင်းဖြစ်သည်ဟု သိရသည်။


KNUခေါင်းဆောင် မန်းငြိမ်းမောင်ကို အစိုးရ ဖမ်းမိ

သန်းထိုက်ဦး Wednesday, 31 August 2011

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်း ငြိမ်းမောင်ကို တရုတ် အာဏာ ပိုင်များက မြန်မာ နိုင်ငံသို့ ပို့ဆောင် လိုက်သဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံနေ ရကြောင်း မိသားစု ၀င်များ၊ လုပ်ဖော် ကိုင်ဖက် များက ပြောသည်။

မန်းငြိမ်းမောင်သည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့် မပြုဘဲ တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း၊ တရုတ်အာဏာပိုင်များက သူ့ကို ကူမင်းလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယခင်လက ရန်ကုန်သွားမည့် လေယာဉ်တစီးဖြင့် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မန်းငြိမ်းမောင်၏ သားကြီးဖြစ်သူက “အဖေ့ သတင်းကြားရတာ သိပ်မကောင်းဘူး၊ ကျနော်တို့ နောက်ဆုံးသိရတဲ့ သတင်းက အဖေ မြန်မာထောက်လှမ်းရေးလက်ထဲ ရောက်သွားပြီလို့ ကြားသိရတယ်” ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောသည်။

မန်းငြိမ်းမောင်သည် ထိုင်းမြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက မန်းငြိမ်းမောင်သည် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့သေးကြောင်း စစ်ရေး လေ့လာသူများ အဆိုအရ သိရသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

KNU တာဝန်ရှိသူများကလည်း မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သည့် သူ့မိသားစုဝင်များက ပြောသည်။

မန်းငြိမ်းမောင် မြန်မာပြည်တွင် အဖမ်းခံရပါက သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အကြီးအကျယ် နှိပ်စက်ခံရဖွယ်ရှိသည်ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဆိုသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။

ကိုကိုးကျွန်းအကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့သည်။ သို့သော်လည်း ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်း ကိုဆန်၍ ပင်လယ် ကိုဖြတ် သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသား ဖော်ပြ ထားသည်။

ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံရေး ၈၈ ခေါင်းဆောင်တို့ တိုက်တွန်း

လင်းသန့် Wednesday, 31 August 2011

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ဆက်လက် ၀န်းရံပေးကြရန် အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက တိုက်တွန်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရသစ်၏ အသုံးချခံမဖြစ်ရေးအတွက် ဂရုစိုက်ရန် သတိပေး လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအခြေအနေ အချိန်အခါမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင် ဖြစ်တယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အခု ဆောင်ရွက်နေတာတွေကို ပိုပြီးအဆင်ပြေ ချောမွေ့စေဖို့အတွက် ဒီမိုကရေစီ အင်အားစု အားလုံးကို ဆက်လက် ထောက်ခံဖို့ တိုက်တွန်းတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က အမှာစကား ပါးလိုက်ကြောင်း သူ၏ ယောက်ဖ ကိုဖြိုးမင်းသိန်းက ဧရာဝတီကို ယနေ့ ပြောပြသည်။

ကိုဖြိုးမင်းသိန်းသည် မကြာသေးမီက ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက် တွေ့ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်၊ မိုင်းဆတ် အကျဉ်းထောင်ရှိ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသော ပြောဆိုမှုများသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် ပထမခြေလှမ်းဟု မှတ်ယူပြီး သတိနှင့် ကြိုဆိုလိုက်သည်ဟု သိရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအတွက် ထားရှိသည့် ရိုးသားသည့် စေတနာကို အစိုးရသစ်က အသုံးချခြင်း မပြုနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သတိရှိသင့်ကြောင်း ကိုကိုကြီးက တိုက်တွန်းလိုသည်ဟု မိုင်းဆတ်အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

၁၉၈၈ လူထုလှုပ်ရှားမှုကာလ ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချို (ကိုဌေးဝင်းအောင်)၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုဉာဏ်လင်းမင်းနှင့် ကိုအောင်နိုင် တို့သည် ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးများ မြင့်တက်မှုကြောင့် ဆန္ဒပြခဲ့သည့် အတွက် ယခင်စစ်အစိုးရက ဖမ်းဆီးခဲ့သည်။

နောက်ပိုင်းတွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ စီ ချမှတ်ခြင်း ခံရပြီး နိုင်ငံ အစွန်အဖျားရှိ ရာသီဥတု ဆိုးရွားသောထောင်များ အပါအ၀င် နယ်ဘက် အကျဉ်းထောင်များသို့ ရောက်ရှိသွားသည်။

ယခုအခါ မိသားစု ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ခက်ခဲခြင်း၊ ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု သိရသည်။

ယခုအခါ ၎င်းတို့ကို ဖမ်းဆီးထောင်ချခဲ့သော စစ်အစိုးရဟူ၍ မရှိတော့ဘဲ အရပ်သားအစိုးရ ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့ကြသည့် ၈၈ မျိုးဆက် ခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ကြောင်း မိသားစုဝင်များက ပြောသည်။

လွှတ်တော်ထဲမှ စိတ်ဝင်စားဖွယ်ရာ အမေးအဖြေ တခု

နိရဉ္စရာ

လက်ရှိ အစိုးရမှ ကျင်းပနေသော ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇာယာဒ်ရော်မံ (ခ) ဦးဌေးဝင်းက ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် နေထိုင်သော မွတ်ဆလင်များ အပေါ် ခရီးသွားလာခွင့် ပိတ်ပင်ထားသဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ ၂၉ ရက်နေ့က လွှတ်တော်တွင် မေးမြန်းခဲ့သည်။ လွှတ်တော် အမတ် ဦးဌေးဝင်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့၏ အမေးအဖြေမှာ စိတ်ဝင်စားဖွယ် ကောင်းသဖြင့် အောင်တွင် ဖေါ်ပြပေးလိုက်ပါသည်။

ဦးဌေးဝင်း။ ။ ။ " ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ပြည်ထောင်စုဖွား ဒေသခံ မြန်မာ မူဆလင် မဲဆန္ဒရှင်များသည် လွတ်လပ်စွာ ခရီးသွားလာနိုင်ခြင်း မရှိကြပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းတွင် သော်လည်းကောင်း၊ ရခိုင်ပြည်နယ်ပြင်ပ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်းကောင်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စတစ်ခုခုအတွက် ခရီးသွားလိုလျှင် (န-စ-က)၏ ဒေသန္တရ အမိန့်အရ (လ-ဝ-က) မှ ပုံစံ (၄)ယူပြီး အကန့်အသတ်ဖြင့်သာ သွားရသဖြင့် လူမှု စီးပွားရေး ဘဝတွင် လွန်စွာ အခက်အခဲများနှင့် ရင်ဆိုင်နေရပါကြောင်း၊ ယင်းအခက်အခဲကို ပြေလည်အောင် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ ကူညီ ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါတယ်" မေးမြန်းသည်။

ဦးခင်ရီ။ ။ မြန်မာမူဆလင်ဟု သုံးနှုန်းသွားသူများသည် ရခိုင်ပြည်နယ် မောင်တော ဒေသ အတွင်းမှာ နေထိုင်ကြသည့် ဘင်္ဂါလီ လူမျိုးများကို ရည်ညွှန်း ပြောဆိုခြင်းဟု ယူဆပါကြောင်း၊ ရခိုင်ပြည်နယ် မောင်တော ဒေသသည် တဖက် နိုင်ငံနှင့် (၁၅၂)မိုင်ခန့် နယ်နိမိတ်ထိစပ်မှု ရှိနေသကဲ့သို့ မောင်တော ခရိုင် အတွင်း၌ နေထိုင်ကြသည့် ဘင်္ဂါလီ လူမျိုးများသည် တစ်ဖက်နိုင်ငံတွင် နေထိုင်သည့် ဘင်္ဂါလီ လူမျိုးများနှင့် ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ရုပ်ရည်သွင်ပြင်၊ ဘာသာ စကားမှစပြီး တူညီနေကြသဖြင့် ရှေးအစဉ်အဆက် ကာလများကပင် နှစ်နိုင်ငံအကြား အပြန်အလှန် ကူးလူး၊ သွားလာ ဆက်ဆံ ပေါင်းသင်းမှုများ ရှိခဲ့ကြပါကြောင်း၊ ထိုအချက်များအပေါ် အခြေခံကာ တစ်ဖက် နိုင်ငံတွင် ရှိသည့် ဘင်္ဂါလီလူမျိုးများသည် ရေမြေ သယံဇာတပိုမိုကောင်းမွန်ကြွယ်ဝသည့် မိမိတို့နိုင်ငံ အတွင်းသို့ တရားမဝင် ထိုးဖောက်ဝင်ရောက်မှုများ ရှိလာခဲ့ရာမှ မိမိနိုင်ငံအတွင်းရှိ ဘင်္ဂါလီ လူမျိုးစု များနှင့် အပြန်အလှန် အိမ်ထောင် ပြုခြင်းများ ရှိလာခဲ့ပြီး မိမိတို့ နိုင်ငံအတွင်းမှာ လူဦးရေ ရောထွေး နေထိုင်မှုများ ရှိလာခဲ့ပါကြောင်း။ ကာလရှည်ကြာ မြန်မာနိုင်ငံအတွင်းသို့ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက် နေထိုင်သူများ အများအပြား ရှိလာသည့်အတွက် ၁၉၇၈ ခုနှစ်အတွင်းတွင် နယ်မြေ ဒေသလုံခြုံရေးနှင့် အမျိုးသားရေး လိုအပ်ချက်အရ နဂါးမင်း စစ်ဆင်ရေး၊ ဟင်္သာ စီမံချက်တို့ဖြင့် စိစစ်ဆောင်ရွက်ပြီး လူဦးရေ(၁၈၀ဝ၀ဝ) ကျော်ကို ပြန်လည် လက်ခံခြင်း ပြုခဲ့ပါကြောင်း၊ ၁၉၉၂ ခုနှစ် စက်တင်ဘာ၂၂ ရက်မှစ၍ နှစ်နိုင်ငံသဘော တူညီချက်ဖြင့်လည်း ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ၂၀ဝ၅ ခုနှစ် ဇူလိုင်လအထိ လူဦးရေ (၂၃၀ဝ၀ဝ) ကျော် လက်ခံ ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုနောက်ပိုင်းယနေ့တိုင် လက်ခံစခန်း ဖွင့်ထားသော်လည်း တရားဝင် ပြန်လည် ဝင်ရောက်လာသူ မရှိတော့ဘဲ တရားမဝင် ခိုးဝင်မှုများမှာမူ ယနေ့တိုင် ရှိနေဆဲ ဖြစ်ပါကြောင်း၊ ထိုသို့ တရားမဝင် ထိုးဖောက် ဝင်ရောက်နေထိုင်မှုများသည် ဆက်စပ်နေသည့် နယ်စပ်ဒေသသာမက နိုင်ငံအတွင်းပိုင်းနေရာများသို့ပါ ရောက်ရှိ ပျံ့နှံ့နေမှုများ ရှိလာခဲ့ပါကြောင်း။

သို့ဖြစ်ပါ၍ ယင်းဖြစ်စဉ်များအရ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားရေး တာဝန်အရ လတ်တလော ခွဲခြားရန် ခက်ခဲသည့်အတွက် ခရီးသွားလာခွင့် ပုံစံ(၄)ကို အသုံးပြု ခရီးသွားလာစေသည့် နည်းဖြင့် စိစစ်ဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း။

ခရီးသွားလာခွင့်ပုံစံ(၄)ကို အသုံးပြုခြင်းသည် ခရီး သွားလာခွင့် ပိတ်ပင်ခြင်း မဟုတ်ဘဲ စနစ်တကျ စစ်ဆေးခွင့်ပြုသည့် စနစ်ကို ကျင့်သုံးခြင်းသာ ဖြစ်ပါကြောင်း၊ မြို့နယ် အတွင်း ဆိုလျှင် တစ်ရွာနှင့် တစ်ရွာသာမက နေရာတိုင်းကို ခွင့်ပြုချက်မလိုဘဲ သွားလိုရာကို လွတ်လပ်စွာ သွားလာ နိုင်ခွင့် ရှိပါကြောင်း၊ ပြည်နယ်အတွင်း မြို့နယ်ကျော်သွားလာမည်ဆိုပါက မြို့နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ ပြည်နယ် ဦးစီးဌာနမှူးများထံ ခွင့်ပြုချက်ရယူ၍ လျှောက်ထားသွားလာနိုင်ပြီး ပြည်နယ်ကျော် သွားလာမည်ဆိုပါက ပြည်နယ်မှူး၏ ထောက်ခံမှုဖြင့် ဒေသအာဏာပိုင် အဖွဲ့သို့ တင်ပြခွင့်ပြုချက်ဖြင့် ခွင့်ပြုပေးလျက် ရှိနေပါကြောင်း၊ လက်ရှိ အခြေအနေအထိ သတ်မှတ်ချက်နှင့် ပြည့်စုံသည့် ခရီး သွားလာခွင့် အားလုံးကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေး၊ လူမှုရေး စသည်ဖြင့် လိုအပ်ချက်အပေါ် မူတည်ပြီး ထပ်တိုးခွင့် ပြုခြင်းများလည်း ပြုလုပ် ပေးလျက် ရှိပါကြောင်း၊ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၁၁ ခုနှစ် ဩဂုတ် ၂၈ ရက်အထိ ရန်ကုန်မြို့သို့ သွားလာခွင့် ပြုပေး ခဲ့သူ ၃၆၀ ကျော်ရှိနေပါကြောင်း၊ လိုအပ်ချက်အရ ထပ်တိုးနေထိုင်မှုများလည်း အရေအတွက် များစွာ ခွင့်ပြုပေးခဲ့ပါကြောင်း၊ ပညာသင်ကြားရေး အပိုင်းတွင်လည်း ၂၀၁၁ ခုနှစ် ဇူလိုင် ၁ရက်မှ ၂၀၁၁ ခုနှစ် ဩဂုတ် ၂၈ ရက်အထိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားရန် ထပ်တိုး ခွင့်ပြု ချက်များ အပါအဝင် ပညာ သင်နှစ်များ တစ်လျှောက် နေထိုင်ခွင့်များပြုခဲ့ရာ လောလောဆယ် တွင် ၂၃ ဦး ရှိနေပါကြောင်း။

၎င်းပြင် ၀န်ကြီးက တရားမဝင် ၀င်ရောက်နေထိုင်မူများ ရှိနေကြောင်း ယခုလို ဆက်ပြောသည်ဟု သိရသည်။

၂၀ဝ၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သူ တစ်ဖက် နိုင်ငံသား ၂၅၈ ဦးကို နေရာအနှံ့တွင် စိစစ်ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ဖမ်းမိသော်လည်း အရေးယူမှုမရှိဘဲ လာရာလမ်းအတိုင်း ပြန်လည်စေလွှတ်ပေးခဲ့သည့် တရားမဝင် ခိုးဝင် လာသူ အရေအတွက်မှာလည်း ရာဂဏန်း အထိပင် ရှိနေခဲ့သည့်အတွက် စနစ်တကျ စိစစ် စစ်ဆေးခွင့်ပြုရန် အမှန်တကယ် လိုအပ်နေဆဲဖြစ်သည်ကို ဖော်ညွှန်းပြသနေပါကြောင်း။ သို့ ဖြစ်ပါ၍ လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း တစ်ဖက်နိုင်ငံနေ ဘင်္ဂါလီ လူမျိုးများ၏ တရားမဝင် ဝင်ရောက် ရောထွေး နေထိုင်မှုများကြာင့် လတ်တလော ခွဲခြားရန် ခက်ခဲသည့် အခြေအနေများတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားရေး လိုအပ်ချက်အရ ခရီး သွားလာခွင့် ပုံစံ(၄)ဖြင့် စနစ်တကျ စိစစ်ခွင့်ပြုရခြင်းသာ ဖြစ်ပါကြောင်းဖြင့် ဖြေကြားခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်မှ စစ်ပြေးဒုက္ခသည်များ ဆေးဝါးနှင့် မိုးကာ အကူအညီများ လိုအပ်နေ

နှောင်းလှိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်နှင့် မြန်မာအစိုးရ စစ်တပ် တိုက်ပွဲဖြစ်ပွားရာ ဒေသမှ စစ်ပြေးဒုက္ခသည်များ အနေဖြင့် ယခု မိုးတွင်းအချိန်တွင် မိုးကာ၊ ရိက္ခာနှင့် ဆေးဝါးများ အဓိက လိုအပ်နေသည်ဟု သိရသည်။

ဒုက္ခသည်အချို့ ငှက်ဖျားရောဂါနှင့် ၀မ်းလျှောရောဂါဖြစ်ပွားနေရာ ဆေးဝါးအကူအညီ မပေးနိုင်သဖြင့် ယခုအချိန်ထိ သေဆုံးသူ ဦးရေ ၃၀ ကျော်သွားပြီဟု စစ်ပြေးဒုက္ခသည်များအား အကူညီပေးနေသည့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း -SWAN မှ ယိင်းဟန်ဖှက ပြောသည်။

“အခုတောထဲမှာ ၀ါးရွက်တွေ၊ ငှက်ပျောရွက်တွေနဲ့ ကာပြီး နေနေကြရတယ်။ အစားအသောက်လည်း ခက်ခဲတယ်။ ဆေးဝါးမရှိတော့ ငှက်ဖျားရောဂါ ဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်မှ စတင်ပြီး အစိုးရစစ်တပ်နှင့် ရှမ်းပြည်တပ်မတော် SSA ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် SSA ၀မ့်ဟိုင်းဌာနချုပ်အနီး မြို့နယ် ကိုးမြို့နယ်တွင် တောထဲတောင်ထဲသို့ ထွက်ပြေး ပုန်းအောင်းနေရသော စစ်ပြေးဒုက္ခသည်များ သုံးသောင်းကျော် ရှိနေသည်။ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ယခု ရက်ပိုင်းအတွင်း စစ်ပြေးဒုက္ခသည် ၈၀၀ ကျော် ထပ်မံ တိုးလာသည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တောထဲ၌ ပုန်းခိုနေသော ရွာသားသုံးဦးသည် ရိက္ခာ ပြတ်လပ်သွားသည့် အတွက် နေရပ်ရင်း ရွာထဲသို့ ဆန်များ ပြန်သယ်ရာ မြန်မာစစ်တပ်နှင့် လမ်းတွင် တွေ့ဆုံပြီး သတ်ဖြတ်ခံခဲ့ရသည်။ ထိုကဲ့သို့ ပြဿနာများ ဖြစ်ပွားနေသည့်အတွက် ပြည်တွင်းမှ အကူညီပေးနေသည့် စေတနာ့ဝန်ထမ်းများသည်လည်း ရိက္ခာ၊ ဆေးဝါးများအား ဒုက္ခသည်များ ပုန်းခိုရာ နေရာအနှံ့ဖြန့်ဝေရန် အခက်အခဲများ ရှိနေသည်ဟု ယိင်းဟန်ဖှကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ငြိမ်းချမ်းရေး ဆွေးနွေးလိုပါက သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် အချိန်မရွေးဆွေးနွေးနိုင်သည်ဟု အစိုးရက ကြေငြာထားသော်လည်း တိုင်းရင်းသား ဒေသတချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု ရှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက ပြောသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်တလျှောက်တွင် အခြေစိုက်သည့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း-SWAN၊ ရှမ်းလူ့အခွင့်အရေး မဏ္ဌိုင်-SHRF၊ ရှမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ-SRDC၊ ရှမ်းပြည်တောင်ပိုင်း ကော်မတီ- SSC၊ ရှမ်းပြည် ပညာရေး ကော်မတီ-SEC အစရှိသည့်အဖွဲ့ ၇ ဖွဲ့တို့မှ ဒုက္ခသည်များအတွက် အလှူငွေများ ကောက်ခံပေးနေပြီး၊ ပြည်တွင်းမှာ ရှိသည့် ရှမ်းပြည်မြောက်ပိုင်း ကယ်ဆယ်ရေး ကော်မတီ-NSSRC အဖွဲ့က စစ်ပြေးဒုက္ခသည်များအား ဆေးဝါး၊ စားနပ်ရိက္ခာနှင့် မိုးကာများကို အဓိက လိုက်လံကူညီပေးနေသည်။

ဂီရိဒေသ ပြည်သူများ အသုံးပြုသော ချောင်းကို စစ်တပ်က သိမ်းပြီး သက်သာ ရံပုံငွေရှာ

နိရဉ္စရာ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ်မှ ဂီရိဒဏ်ကို ဆိုးဆိုး ရွားရွား ခံခဲ့ရသော မစရိုင်းချောင်း ကျွန်းတွင် ပြည်သူများ အသက်မွေး ၀မ်း ကျောင်းမူ ပြုလုပ် နေသော ချောင်းတချောင်းအား တပ်သက်သာ ရံပုံငွေအတွက် စစ်တပ်က သိမ်းယူ သွားသဖြင့် ဒေသခံ ပြည်သူ များမှာ အထူး အခက် အခဲ ကျရောက် ဖြစ်ပေါ်လျှက် ရှိကြောင်း သိရသည်။

မစရိုင်းချောင်းကျွန်းပေါ်ရှိ ချောင်းကြီးဖျား၊ ရွှေညိုမနှင့် ရွာသစ်ကေ ကျေးရွာမှ မိသားစုပေါင်း ၂၅၀ ကျော်၊ လူဦးရေ အားဖြင့် ၁၁၀၀ ကျော်ခန့်မှာ ယခုကဲ့သို့ ကျောက်ဖြူ အခြေစိုက် ခလရ ၃၄ တပ်ရင်းမှ သူတို့ လုပ်စားနေသောချောင်းကို မောင်ပိုင် စီးသွားသဖြင့် ဘ၀ ၀မ်းကျောင်းရာတွင် အခက်အခဲ ကျရောက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

သူတို့ရွာသားများ ကြုံတွေ့နေရသော အခက်အခဲများကို ဒေသခံ ကျောင်းဆရာ တစ်ဦးက ယခုလို ပြောသည်။

" ကျွန်တော်တို့ မစရိုင်းချောင်းကျွန်းဟာ ဂီရိဒဏ်ကို အကြီးကျယ်ဆုံး ခံခဲ့ရတဲ့ ကျောက်ဖြူမြို့နယ်က ဒေသ တစ်ခု ဖြစ်ပါတယ်။ မုန်တိုင်းတုန်းက တာတမံတွေလည်း အများကြီး ကျိုးပျက်သွားတဲ့ အတွက် ဒီနှစ်မှာလည်း စပါး မစိုက်ပျိုးနိုင် ဖြစ်နေပါတယ်။ ဒါကြောင့် ရွာသားတွေဟာ ရေလုပ်ငန်းကို အဓိက မှီခိုပြီး လုပ်ကိုင် စားသောက် နေကြရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျောက်ဖြူ အခြေစိုက် ခလရ ၃၄ က တပ်ရင်း သက်သာချောင်ချိရေး ရံပုံငွေအတွက် ဆိုပြီး ရွာသားတွေ လုပ်ကိုင် စားသောက်နေတဲ့ ချောင်းရှည်ချောင်းကို သိမ်းပြီး ဘယ်ရွာသားကိုမှ ချောင်းထဲမှာ ငါးရှာ ဟင်းခူးဖို့ ခွင့်မပြုတော့ပါဘူး။ ချောင်းထဲကို လှေနဲ့ ၀င်မိရင်လည်း ရိုက်တာ ပုတ်တာ ဆဲဆို ကြိမ်းမောင်းတာကို ခံကြရပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ စစ်တပ်က အဆိုပါ ချောင်းကို သိမ်းပြီး တပ်ရင်း သက်သာအတွက် အလုပ် လုပ်ကိုင်နေသည်မှာ ဇွန်လကုန်- ဇူလိုင်လ လဆန်းပိုင်းက စပြီး ဖြစ်ကြောင်း သူက ပြောသည်။

" ရက်ကတော့ မမှတ်မိတော့ပါဘူး။ ဇွန်လကုန်ပိုင်းမှာ ပို ဖြစ်ဖို့များပါတယ်။ ခလရ ၃၄ က တပ်ကြပ်ကြီး ဦးသိန်းဟန်က ဦးစီးပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ချောင်းကတော့ မိုင်အားဖြင့် မသိဘူး။ လက်လံအားဖြင့် ၁၄၀၀ ကျော်ရှိပါတယ်။ ကျွန်းပေါ်က ငါးအများဆုံး နေတဲ့ချောင်း ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

စစ်တပ်က ချောင်းကို သိမ်းပြီး တစ်ဦးတည်းပိုင် လုပ်ကိုင်နေသဖြင့် ငါးရှာ ဟင်းခူသူ ကျေးရွာသားများနှင့် ပြဿနာများလည်း မကြာခဏ ဖြစ်ပွားမူများ ရှိသဖြင့် ကျေးရွာသားများက ကျောက်ဖြူ မြို့နယ်နှင့် ခရိုင် တာဝန်ရှိသူများသို့ တိုင်ကြားသော်လည်း စစ်တပ်ကို မည်သူမျှ ကျော်လွန်၍ မရဘဲ ဖြစ်နေကြောင်း တခြား ဒေသခံ တစ်ဦးက ပြောသည်။

" ကျွန်တော်တို့ တိုင်တဲ့ အတွက် ကျောက်ဖြူက ငါးလုပ်ငန်း၊ မြေစာရင်း၊ ဆည်မြောင်းစတဲ့ ဌာနတွေက တာဝန်ရှိသူတွေ လာရောက် စစ်ဆေးပါတယ်။ သူတို့က စစ်တပ် အနေနဲ့ ဒီလို မလုပ်ဖို့ စစ်တပ်နဲ့ ညှိနိုင်းပါတယ်။ ဒါပေမယ့် စစ်တပ်က လက်မခံတဲ့ အတွက် ဖြေရှင်းလို့ မရခဲ့ပါဘူး။ အခု ရွာသားတွေကိုပါ ဒီချောင်းကိစ္စ ပြဿနာ လုပ်ရင် အပြစ်ပေးမယ်လို့ စစ်သားတွေက ကြိမ်းမောင်းထားတဲ့ အတွက် ရွာသားတွေက ဘယ်သူကိုမှ မပြောရဲ မတိုင်ရဲဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။

မစရိုင်းချောင်းကျွန်းပေါ်တွင် ရွှေညိုမ၊ ချောင်းကြီးဖျားနှင့် ရွာသစ်ကေ အပါအ၀င် ရွာပေါင်း (၆) ရွာ တည်ရှိပြီး ယမန်နှစ်က တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင်း အိမ်များ၊ စာသင်ကျောင်းများ ပျက်စီးသွားပြီး တာတမံများလည်း ပြိုပျက်သွားခဲ့သည်။ ကျိုးပျက်သွားသော တာတမံကို ကျေးရွာသားများမှ Save The Children အန်ဂျီအို နှင့် ပေါင်းကူးလူယ်ငယ်များ အဖွဲ့ (ကျောက်ဖြူ) အကူအညီဖြင့် တာတမံများကို ပြန်လည် ဆည်ဖို့ခဲ့သည်။

သို့သော်လည်း ယခုနှစ် ဇူလိုင်လက မိုးကြီးပြီး ဒီရေလိုင်များ တက်လာသဖြင့် တာတမံများမှာ ပြန်လည် ကျိုးပျက်သွားခဲ့သည်။ သို့အတွက် ရွာသားများမှာ ယခုနှစ်တွင် စပါး မစိုက်ပျိုးနိုင်တော့ဘဲ ကြုံသလို ကျဘမ်း လုပ်ကိုင်ပြီး နေထိုင် စားသောက်နေကြရသည်။

ယခုကဲ့သို့ လေဘေးသင့် ပြည်သူများ အခက်အခဲများနှင့် စားစရာ မရှိ၊ ၀တ်စရာ မရှိ၊ နေစရာ မရှိ ဒုက္ခပင်လယ်ဝေနေချိန်တွင် စစ်တပ်မှ တခါလာပြီး တပ်ရင်း သက်သာ အတွက် သူတို့ လုပ်ကိုင် စားသောက်နေသော ချောင်းကို သိမ်းကာ ငါးရှာခွင့် ပိတ်လိုက်သဖြင့် အဆိုပါ ဒေသများ ပြည်သူများမှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင် ဖြစ်ပေါ်နေကြရခြင်း ဖြစ်သည်။

ဒေါ်စု နေအိမ်ပြင်မှု အယူခံ နောက်ဆုံးအဆင့် အမိန့်ချတော့မည်

မျိုးသန့်


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးမှ တားဝရမ်း လျှောက်ထားခြင်းကို ရန်ကုန်တိုင်း တရားရုံးမှ ပယ်ချခဲ့အပြီး ယင်းအမိန့်ကို ဦးအောင်ဆန်းဦးမှ တရားရုံးချုပ်တွင် ထပ်မံ အယူခံဝင်သည့် အမှုသည် နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ကာ မကြာခင် အမိန့်ချရန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“နောက်ဆုံးအမိန့်ချမယ့် အဆင့်ကို ရောက်သွားပါပြီ သူက တရားလွှတ်တော်ဆိုတော့ ကြိုပြီးတော့ မသိရဘူး သူအဆင်သင့် ဖြစ်တဲ့နေ့ကို အမိန့်ချမှာပါ မကြာတော့ပါဘူး” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အမှုအတွက် နှစ်ဘက်ရှေ့နေများ ဖြစ်သည့် ဦးအောင်ဆန်းဦးဘက်မှ ဦးဟန်တိုးနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဦးဉာဏ်ဝင်းတို့ အင်္ဂါနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်း တရားရုံးချုပ်သို့ သွားရောက် လျှောက်လဲမှု အပြီး မကြာခင် အမိန့်ချရန်ရှိကြောင်း ဦးဉာဏ်ဝင်းက ဆိုခြင်း ဖြစ်သည်။

တက္ကသိုလ် ရိပ်သာလမ်း အမှတ် ၅၄/၅၆ ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သည် ၂၀၀၈ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အိမ်အမိုး ပျက်စီးခဲ့ခြင်းကြောင့် ရန်ကုန်စည်ပင်မှ ယင်းနှစ် နိုဝင်ဘာလ အတွင်းမှ ၂ဝ၁ဝ ဧပြီလအတွင်း ပြုပြင်ခွင့် ပြုခဲ့သည်။

အမွေဆိုင် အငြင်းပွားနေသည့် နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်၏ အကိုရင်း ဦးအောင်ဆန်းဦးမှ သူ၏ ခွင့်ပြုချက် မပါဘဲ ပြုလုပ်သဖြင့် ပြင်ဆင်မှုကို ရပ်ဆိုင်းပေးရန် ရန်ကုန်တိုင်း တရားရုံးသို့ ၂ဝ၁ဝ ဇန်နဝါရီလအတွင်း
လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဦးအောင်ဆန်းဦး၏ ထိုလျှောက်ထားချက်ကို တိုင်းတရားရုံးမှ ၂၀၁၀ ဧပြီလအတွင်း ပယ်ချခဲ့ရာ ဦးအောင်ဆန်းဦးမှ ရန်ကုန်တိုင်း တရားရုံးချုပ်သို့ ယင်းနှစ် မေလ ၁၃ ရက်နေ့တွင် ထပ်မံ၍အယူခံ ဝင်ခဲ့ခြင်း
ဖြစ်သည်။ ယခု ထိုအယူခံသည် နောက်ဆုံးအဆင့်ကို အမိန့်ချရန် ရှိနေခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် မြန်မာသံအမတ်အဖြစ် အမှုထမ်းဆောင်နေစဉ်တွင်
ထိုအချိန်က ဝန်ကြီးချုပ် ဦးနုက ထိုနေအိမ်ကို ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်
ကတည်းက ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ယခုနေအိမ်၌ပင် နေထိုင်ခဲ့သည်။

ဦးအောင်ဆန်းဦးသည် အမွေဘုံပစ္စည်း စီမံခန့်ခွဲမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၁ ခုနှစ်အတွင်းက တရားစွဲဆို ခဲ့သေးသည်။ ယင်းအပြင် မပြီးပြတ်သေးသည့် အိမ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြည်တွင်းထုတ် မော်နီတာ ဂျာနယ်နှင့် ဦးအောင်ဆန်းဦး တွေ့ဆုံ မေးမြန်းခြင်းတွင် အိမ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဦးအောင်ဆန်းဦးမှ မိမိနိုင်ပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်မှ ဦးအောင်ဆန်းဦးကို တရားရုံးအား မထေမဲ့မြင် ပြောကြားမှု၊ ထိုပြောကြားချက်ကို ဖေါ်ပြသည့် မော်နီတာ ဂျာနယ်မှ ထုတ်ဝေသူ ဦးလှမြင့်ဆွေ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့ကို ယခုလ ၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သေးသည်။

ယင်းအမှုကို တိုင်းတရားရုံးမှ လက်ခံပြီးဖြစ်ကြောင်းလည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ မဇ္ဈိမကို ပြောဆိုခဲ့သည်။

စစ်ယာဉ်တန်း ဗုံးခွဲခံရပြီးနောက် ကွတ်ခိုင်ဗျူဟာမှူး ပြောင်းရွေ့

သျှမ်းသံတော်ဆင့်

ယခုလ ၂၅ ရက်နေ့က မူစယ် - မန္တလေးလမ်း နမ့်အွန်ရွာအနီးတွင် အစိုးရစစ်ယာဉ်တန်းတိုက်ခိုက် ခံရ ပြီးနောက် ယမန်နေ့ က ကွတ်ခိုင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးကျော်သူကို နေရာပြောင်းရွေ့လိုက်ပြီး ၎င်းနေရာ၌ ကွန်လုံစစ်ဗျူ ဟာမှူးဖြင့် အစားထိုး လိုက်ကြောင်း စစ်ဘက်သတင်းရပ်ကွက် အဆိုအရ သိရသည်။

မူစယ်မြို့နှင့် ကွတ်ခိုင်မြို့အကြားတွင် ယခုလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များက အစိုးရတပ်ဖွဲ့များ နှစ်ကြိမ်တိုင်တိုင် တိုက် ခိုက်ခံခဲ့ခြင်း ဖြစ်သည်။

စစ်ဘက်နှင့်နီးစပ်သူတစ်ဦးက “ ကွတ်ခိုင်ဗျူဟာ ကွပ်ကဲမှုနယ်မြေထဲမှာ နှစ်ရက်ဆက်တိုက် အတိုက်ခံရလို့ဗျူဟာ မှူး ကို နေရာ ပြောင်းလိုက်ပြီ ဘယ်နေရာပြောင်းလည်းတော့ မသိဘူး သူ့နေရာမှာ ကွန်လုံဗျူဟာမှူးဝင် လာတယ်” ဟု ဆိုသည်။

အလားတူ ကွန်လုံစစ်ဗျူဟာလက်အောက်ခံ တပ်ရင်းတချို့လည်း ကွတ်ခိုင်စစ်နယ်မြေအတွင်းသို့ အင်အားထပ်မံ ဖြည့် တင်းလိုက်ကြောင်း သိရသည်။

ယခုအခါ တရုတ်လုပ်စစ်ကားများ နယ်စပ်ရွှေလီမြို့သို့ ထပ်မံရောက်ရှိလာရာ ၄င်းကားများ သယ်ယူရန် မြန်မာ စစ်သား ၃၀ ကျော်ခန့် တရုတ်ပြည် ရွှေလီမြို့တွင်းသို့ ယနေ့နံနက်ပိုင်းက ၀င်ရောက်လာကြောင်း မျက်မြင်များက ပြောသည်။

တရားမဝင်ကားလုပ်ငန်း ထိပ်တန်းအာဏာပိုင်များ ပတ်သက်နေ

ဧရာဝတီ

တရားမ၀င် လိုင်စင်မဲ့ ကားများတင်သွင်းပြီး တရားဝင်ကားအဖြစ် လိုင်စင်ချထားပေးသော လုပ်ငန်းအဆင့်ဆင့်တွင် စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးများ၊ အစိုးရ၀န်ကြီးများနှင့် ဌာနဆိုင်ရာ ညွှန်ချုပ်များ အထိ ပါဝင်ပတ်သက်နေကြောင်း သတင်း ရရှိသည်။

ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ဝန်ကြီး ဦးလှထွန်း၊ စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အပါအ၀င် အစိုးရအရာရှိများနှင့် စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်များ၏ မိသားစုဝင်များ၊ ဆွေမျိုးများသည် လိုင်စင်မဲ့ကား တင်သွင်းရောင်းချ လိုင်စင်ဝင်သည့် လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေကြောင်း အစိုးရ၀န်ထမ်း အသိုင်းအ၀န်းနှင့် ကားထုတ်လုပ်ရေးကုမ္ပဏီများမှ သိရသည်။

“ပြည်တွင်းကို ကားတွေ တရားမ၀င် သွင်းလာတာ ၀န်ကြီးတွေ၊ ညွှန်ချုပ်တွေ အားလုံး သိပါတယ်။ သူတို့က လာဘ်ပေး လာဘ်ယူကိစ္စကို တိုက်ရိုက် မပတ်သက်သလို နေတယ်။ ညွှန်ကြားရေးမှူးတွေက တာဝန်ယူ ပိုက်ဆံရှာ၊ အချိန်တန်ရင် ၀န်ကြီးတွေ၊ ညွှန်ချုပ်တွေကို ရလာတဲ့ ဝေစုထဲကနေ သွားကန်တော့တဲ့ ပုံစံမျိုးနဲ့ လာဘ်ပေးလာဘ်ယူ လုပ်နေတာ။ လိုင်စင်မဲ့ကားတွေ လိုင်စင်ရဖို့ဆိုတာ ကလည်း နောက်ဆုံး ၀န်ကြီးနဲ့ ညွှန်ချုပ်တွေလက်မှတ်ထိုးပြီးမှ တရားဝင်တာ” ဟု နေပြည်တော်အခြေစိုက် အမည်မဖော်လိုသော အစိုးရအရာရှိကြီးတဦးက ပြောသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးဦးလှထွန်းသည် အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် ၎င်း၏ လူယုံဖြစ်သော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးထွန်းသိန်းကို ညွှန်ကြားရေးမှူးချုပ် အဖြစ် ယခုနှစ် မေလ ကုန်တွင် အစားထိုးခန့်အပ်ခဲ့သည်။ ယခင် ညွှန်ကြားရေးမှူးချုပ် ဦးစံသောင်းကိုမူ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့ပြီး ဦးစံသောင်းလက်ထက်က အကောက်ခွန်ဦးစီးဌာနအတွင်း ဖြစ်ပေါ်ခဲ့သော အကျင့်ပျက် ခြစားမှုများကို တစုံတရာအရေးယူ ဆောင်ရွက်ခြင်းမရှိခဲ့ဟု သိရှိရသည်။

“ရုံးအဖွဲ့မှူးကို ညွှန်ချုပ်ရာထူးပေးတဲ့ အစဉ်အလာ မရှိသလောက် နည်းတယ်။ ဦးလှထွန်းကတော့ သူရဲ့လက်ရင်းတပည့်ကို ချက်ချင်း ညွှန်ချုပ်အဆင့် တိုးပေးခဲ့တယ်။ ဦးထွန်းသိန်းလက်ထက် မှာလည်း ဌာနတွင်း အကျင့်ပျက်ခြစားမှုတွေ ထိုးတက် လာတယ်။ ဦးစံသောင်း လက်ထက်မှာလည်း ခြစားမှုတွေ တောက်လျှောက် ဖြစ်ခဲ့တာပဲ” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

အမှတ် ၂ စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးစိုးသိန်းသည် ကားထုတ်လုပ်ရေး ကုမ္ပဏီ မှတ်ပုံတင်ခွင့်နှင့် ထုတ်လုပ်ခွင့်ပြုသည့် ကားအရေအတွက် စသည့် အရေးပါသော လုပ်ပိုင်ခွင့်များ ချထားပေးနိုင်သည့် အခွင့်အာဏာ ရှိပြီး နိုင်ငံခြားဖြစ် ကားများကို စက်မှုဇုန်ထုတ် ကားအဖြစ် လာဘ်ငွေယူကာ အများအပြားခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

“သာမန်ဝပ်ရှော့အဆင့်လောက်ပဲ ရှိတဲ့ အလုပ်ရုံတွေကိုလည်း ကားထုတ်လုပ်ရေး ကုမ္ပဏီပိုင် စက်ရုံဆိုပြီး နာမည်တပ်ခွင့် ပြုတယ်။ တရားမ၀င်ကားတွေကို ဇုန်ထုတ်ကားတွေအဖြစ် ခွင့်ပြုခဲ့တာလည်း စက်မှု ၂ ၀န်ကြီး ဌာနပဲ။ နိုင်ငံခြားဖြစ် ကားတွေမှန်း သိရက်နဲ့ စက်မှုဇုန်ကားပါဆိုပြီး အသိအမှတ်ပြု ပေးခဲ့တယ်။ အားလုံးက နောက်ကြောင်း ပြန်လိုက်လို့ ရပါတယ်။ တကယ်ခုံရုံးဖွဲ့ စစ်မယ်ဆိုရင် တမှုချင်း ဖော်လို့ရတယ်။ အကောက်ခွန်၊ စက်မှု ၂ ၊ ကညန၊ ကားထုတ်လုပ်ရေး ကုမ္ပဏီ အားလုံးပဲ” ဟု ရန်ကုန်စီးပွားရေးသမား တဦးက ပြောသည်။

ယခုအခါ စက်မှု ၂ ၀န်ကြီးဌာနသည် စက်မှုဇုန်ကားအဖြစ် အမည်ခံထားသော Hi-Ace ကားများ လိုင်စင်ဝင်ပါက တစီးလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၃၀၀၀ မှ ၂၀၀၀၀ အထိ ဒဏ်ရိုက်နေပြီး ထိုသို့ ဒဏ်ရိုက်ခြင်းမှာလည်း ၀န်ကြီးဌာနများ အားလုံး ပတ်သက် ဆက်နွှယ်နေသော အကျင့်ပျက်ခြစားမှုများ မပေါ်ပေါက်စေရန် အချိန်မီ ဆောင်ရွက်သည့် လုပ်ဆောင်ချက် တခုဖြစ်သည်ဟု ယင်းဌာနများနှင့် နီးစပ်သူများက ဆိုသည်။

ကားလိုင်စင်နှင့် နံပါတ် ထုတ်ပေးရသည့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် အကျင့်ပျက်ခြစားမှုများနှင့် ဆက်နွှယ်လျက်ရှိကြောင်း၊ ကားထုတ်လုပ်ရေး ကုမ္ပဏီများသည် စစ်ဗိုလ်ချုပ်များ၏ မိသားစုဆွေမျိုးများနှင့် ပတ်သက်ဆက်နွှယ်မှုရှိပြီး ကုမ္ပဏီ များကလည်း အစိုးရထိပ်တန်း အကြီးအကဲများ၏ အမည်ကို အသုံးချကာ ကားများတင်သွင်းခဲ့ကြကြောင်း သိရှိရသည်။

“ကားထုတ်တဲ့ ကုမ္ပဏီတွေက စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း သားတွေနဲ့ ပိုင်တယ်၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ဒုတိယ သမ္မတ) သားနဲ့ပိုင်တယ်ဆိုပြီး နာမည်တွေသုံး ကားတွေသွင်းတယ်။ နာမည်လည်းသုံးတယ်၊
လာဘ်ငွေလည်း ပေးတယ်။ ကားထုတ်တဲ့ ကုမ္ပဏီတွေအားလုံးက ဒီနည်းလမ်း နှစ်ခုကို သုံးပြီး ကားတွေသွင်းခဲ့ကြတာ။ တကယ်တော့ ပြည်တွင်းမှာ အဆင့်တန်းမီတဲ့ ကားထုတ်နိုင်တဲ့ အခြေအနေမရှိသေးပါဘူး။ သူများနိုင်ငံက ခိုးသွင်းတာတွေ ဆင်ပြီး ပြန်ရောင်းတဲ့ အဆင့်မှာပဲရှိပါတယ်” ဟု ရန်ကုန် အခြေစိုက် စီးပွားရေးသမားက ဆိုသည်။

စက်မှု ၂ ၀န်ကြီးဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ကားထုတ်လုပ်ရေး ကုမ္ပဏီများကို စက်မှုဇုန်ထုတ်ကား ၉၈၈၈၄ စီးထုတ်လုပ်ခွင့် ပြုခဲ့ပြီး ယခုနှစ် တွင် ၉၅၇၇ စီး ထုတ်လုပ်ခွင့်ပြုထားသည်ဟု သိရသည်။

ရှမ်းမြောက် KIA တပ်မဟာ ၄ နယ်မြေသို့ မြန်မာအစိုးရတပ် တိုးချ

KNG

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေသို့ မြန်မာအစိုးရတပ်အင်အား တိုးမြှင့်တပ်ချလာသည်ဟု ဒေသခံများ ပြောသည်။

ယခုအခါ ကွတ်ခိုင်အနီး လွယ်ကန်အခြေစိုက် တပ်မဟာ (၄) ဌာနချုပ်အနီးသို့ အစိုးရသစ္စာခံ ပြည်သူ့စစ်များ ပိုမိုလှုပ်ရှားလာသကဲ့သို့ ကွတ်ခိုင်-မူဆယ် တရုတ်နယ်စပ်ကုန်သွယ်လမ်းမ၏ ဘယ်ညာဘက်တွင် အခြေစိုက်သော KIA တပ်ရင်း(၈)နှင့် တပ်ရင်း(၉) နယ်မြေသို့လည်း အစိုးရစစ်အင်အား တိုးမြှင့်ချထားသည်ဟု ဒေသခံများဆိုသည်။

ကွတ်ခိုင်-မူဆယ် ကားလမ်းလုံခြုံရေးအတွက် ကောင်းခါး အခြေစိုက် မထုနော်ဦးဆောင်သော ကချင်ပြည်သူ့စစ်အဖွဲ့ဝင်များကို တာဝန်ပေးထားသည်ဟု ဆိုသည်။

ယခင် ကချင်ကာကွယ်ရေးအဖွဲ့ (Kachin Defense Army) ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ စစ်အင်အား ၈၀ ကျော်အား ယင်း ကားလမ်း လုံခြုံရေးအတွက် သြဂုတ် ၂၈၊ တနင်္ဂနွေနေ့က နေရာချထားပြီးပြီ ဖြစ်ကြောင်း KDA နှင့်နီးစပ်သူများပြောသည်။

ဇွန်လ ကတည်းက ၎င်းမြန်မာ ပြည်၏ အကြီးဆုံး နယ်စပ် ကုန်သွယ်ရေး လမ်းမပေါ် မြန်မာ အစိုးရ တပ်များအား KIA ကခြုံခို တိုက်ခိုက် မှုများ ရှိနေ သဖြင့် ယခု ကဲ့သို့ KDA ပြည်သူ့ စစ်တပ်ဖွဲ့ ၀င်များအား လမ်းမ လုံခြုံရေး တာဝန် ပေးခြင်း ဖြစ်သည်။


သား ရွှေအိုးထမ်းမယ့် ကိန်းလား

ဧရာဝတီ

လတ်တလော နိုင်ငံရေးနှင့် စီးပွားရေးကိစ္စ အပြောင်းအလဲများကို ကြည့်၍ မြန်မာအစိုးရသစ် အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လိုသည့် ဆန္ဒ ရှိနေပြီဟု ယူဆနိုင်သည်။

ယနေ့ နေပြည်တော်သို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်၍ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံသည် ဆိုခြင်းကလည်း အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများဘက်က အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုခြင်းကို လက်တွေ့ပြသလိုက်ပြီဟု ယူဆရမည်။

ထို့အပြင် ပြည်တွင်း သတင်းမီဒီယာများနှင့် တွေ့ဆုံသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းထဲ၌ ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများအား ပြန်လည် ဖိတ်ခေါ်ခြင်း၊ နိုင်ငံပိုင် သတင်းစာ များထဲတွင် ဖော်ပြနေကျ ပြည်ပ မီဒီယာများအား တိုက်ခိုက်သည့် ဆောင်ပုဒ်များကို ဖြုတ်ပယ်ခြင်း၊ စီးပွားရေး မူဝါဒများအား ပြုပြင် လာခြင်း၊ ငြိမ်းချမ်းရေး ကမ်းလှမ်းသည့် ကြေညာချက် ထုတ်ခြင်း စသည်တို့ကို အစိုးရဘက်က ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့သည်။

ရှစ်လေးလုံးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလ အပါအဝင် အနှစ် ၂၀ ကျော်အတွင်း ယခုကဲ့သို့သော တိုးတက်မှုများကို ထောက်ချင့်၍ စစ်ဗိုလ်ချုပ်များ အနေဖြင့် ပထမဆုံး ပျော့ပြောင်းလာခြင်းဟု ဆိုရမည်။

သို့ရာတွင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အခြေခံကျသည့် လုပ်ဆောင်ချက် များစွာ ကျန်ရှိနေပါသေးသည်။

အရေးကြီးသည့် အချက်မှာ တိုင်းရင်းသား လက်နက်ကိုင်များအား ငြိမ်းချမ်းရေးကမ်းလှမ်းသည့် ကြေညာချက်ကို ထုတ်ပြန် ခဲ့သော်လည်း အစိုးရအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားသည်ဆိုပါက နယ်စပ် ဒေသများရှိ ပြည်သူလူထုကို ပေါ်တာဆွဲခြင်း၊ မတရား ညှဉ်းပမ်းနှိပ်စက်ခြင်းမှ စ၍ စစ်တပ်အင်အား သုံးကာ ထိုးစစ်ဆင်နေမှုများအား လုံးဝရပ်ဆိုင်းရန် လိုအပ်သည်။ ၎င်းနောက် တိုင်းရင်းသားလက်နက်ကိုင်များ တောင်းဆိုထားသည့် တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်ဆဲရေးကို လက်ခံ ဆောင်ရွက်သင့်ပေသည်။

သို့မှသာ တိုင်းရင်းသား ခေါင်းဆောင်များက အစိုးရအပေါ် ယုံကြည်စိတ်ချ၍ ငြိမ်းချမ်းရေးတည်ဆောက်ရန် လက်ခံ လုပ်ဆောင် လာပေလိမ့်မည်။

အရေးအကြီးဆုံး အချက်မှာ ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးထားသည့် မြန်မာနိုင်ငံ အရပ်ရပ် အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် ဖြစ်သည်။ ၎င်းနောက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို တရားဝင် ကြေညာရမည်။

ပြည်ပတွင် အကြောင်းအမျိုးမျိုးဖြင့် နှစ်ရှည်လများ နေထိုင်နေရသူများ၊ အထူးသဖြင့် နယ်စပ်ဒေသများတွင် ဒုက္ခခံကာ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံရေး အပြောင်းအလဲ အစစ်အမှန်ကို စောင့်ဆိုင်းနေသူများ၊ နယ်စပ်ဒေသ တိုက်ပွဲများကြောင့် တောထဲတွင် ပြေးရှောင်ပုန်းနေရသူများ၊ ဒုက္ခသည်စခန်းများတွင် နှစ်ရှည်လများ နေထိုင်နေရသူများ အနေဖြင့်လည်း မိမိဒေသရင်း၊ ရပ်ရွာဇာတိ၊ မွေးရပ်မြေသို့ ပြန်လိုကြသူချည်းပင်။

သမ္မတမိန့်ခွန်းကြောင့် ပြည်တွင်းပြန်လိုသူ အသီးသီးမှာ ခေါင်းထောင်ထ၍ နားစွင့်မိကြ ပေလိမ့်မည်။ မိဘ၊ ဆွေမျိုး မိသင်္ဂဟ များနှင့် နှစ်ရှည်လများ ခွဲခွာနေရသူများ ဖြစ်သောကြောင့်လည်း မျှော်လင့်တကြီး ပြန်လည်တွေ့ဆုံလိုကြပေမည်။

မြန်မာပြည်၏ စီးပွားရေး၊ ပညာရေး စသည်ဖြင့် အခြေအနေအရပ်ရပ်သည် တခြားတပါးသော နိုင်ငံများထက် နောက်ကျ ကျန်ရစ်နေပြီဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ပြောဆိုခဲ့ပြီးဖြစ်သည်။

၎င်း ပြောကြားချက်အတိုင်း မြန်မာပြည်ကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် ရည်ရွယ် ဆုံးဖြတ်ပြီးပြီ ဆိုပါက ခိုင်မာသည့် လုပ်ဆောင်ချက်များကို ဆက်လက် လုပ်ဆောင်ရန်သာ ရှိတော့သည်။

မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး၏ ယုံကြည်ကိုးစားမှုကို ခံယူလိုသည် ဆိုပါက ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက လာမည့် လွှတ်တော်တွင် မလိုလားအပ်သော ဥပဒေများကို ပြင်ဆင် ဖြုတ်ပယ်သည့် ကိစ္စရပ်များအား ဦးစားပေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရပေမည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်တို့ သုံးပွင့်ဆိုင် ညီညွတ်ပြီဆိုလျှင် အနာဂတ်မြန်မာပြည်တွင် သားရွှေအိုးထမ်းသည့်ကိန်း ဆိုက်နိုင်မည်ဟု ယုံကြည်ပါသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,31st,2011

( 41 )မြောက်ဦးမြို့ရှိ မိသူဇာ စေတီ မိုးကြိုးပစ်ခံရ၍ ပျက်စီး

( 40 )Russian gas giant eyeing Burma

( 39 )ဒုက္ခသည် ပြန်လက်ခံရေးကို အစိုးရပိုင် မြန်မာ သတင်းစာများက မဖေါ်ပြ

( 38 )Behind Burma’s Rising FDI

( 37 )အုတ်ဖုတ်လုပ်ငန်း ၁၇၀ ကျော် ပိတ်ရမည်

( 36 )Protest to call for release of Burma VJ, other political prisoners

( 35 )ထိုင်းနိုင်ငံတဝှမ်း လောင်စာဆီဈေးကျ

( 34 )ဆည် ၄ ခု ဖောက်ချ၊ ၁၄ ရွာခန့် ရေမြုပ်

( 33 )China Hands KNU Leader over to Burma

( 32 )လယ်သိမ်းခံရသူများ နေပြည်တော်သွား

( 31 )Burma's Tortured Prisoners Can't Wait

( 30 )ကျောက်ဆည် ရေဘေး လူ ၂၀၀၀ ခန့် ရွှေ့ပြောင်းရ

( 29 )အရေးပေါ်စီမံချက်ဥပဒေ ရုပ်သိမ်းရေးအဆို ရှုံးနိမ့်

( 28 )Indian People's win inspires Burmese Activists

( 27 )မကွေးတွင် ဆည်ရေလွှတ်၍ ရေကြီးပြီး ပျက်စီးဆုံးရှုံးမှုများ

( 26 )ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး ဖေါ်ပြခွင့်မရသေး

( 26 )Prisons Act Reform Proposal Rejected By Home Minister

( 25 )ထိုင်း ကရင်လူမျိုးစုကွန်ရက် ၄၅ ဖွဲ့  ဆန္ဒပြ

( 24 )ထိုင်းနိုင်ငံ ဖန်ငါ့ ဒေသရှိ မြန်မာ ၁၂၀ ကျော် ရေဘေးဒဏ် ကြုံတွေ

( 23 )Burma must face reality on currency regime

( 22 )လုံခြုံရေးဥပဒေ ဖျက်သိမ်းရေး အဆိုရှုံးနိမ့်

( 21 )မြန်မာနေရှင်နယ် ရုပ်မြင်သံကြား မကြာမီစတင်ထုတ်လွှင့်မည်

( 20 )Some banned Web sites now accessible in Burma

( 19 )ကလေးစစ်သား ပြန်ခေါ်ဖို့ မိဘတွေကြိုးပမ်း

( 18 )Burma at a crossroad: to ponder ethnic proposal for peace-talks

( 17 )အက်စ်အက်စ်အေနှင့် အစိုးရတပ် တိုက်ပွဲ၊ ရွာကိုလက်နက်ကြီးကျည်သင့်

( 16 )စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ဥရောပ အမတ်တွေ တိုက်တွန်း

( 15 )Don’t Leave Ethnics Out of 'Win-Win' Deal

( 14 )မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှု ကင်တားနား မတွေ့ရသေး

( 13 )Putting Burma on the Road to Reconciliation

( 12 )ဒေါ်အောင်ဆန်းစုကြည် အိမ်မြေအမှု နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက်တင်

( 11 )Burmese expanding in Kachin state

( 10 )KNU ခေါင်းဆောင်တဦး မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ

( 9 )Suu Kyi article suppressed by Burma’s censorship board

( 8 )၀ အဖွဲ့ကို ငြိမ်းချမ်းရေး စကားပြောဖို့ ကြားလူက တဆင့် ကမ်းလှမ်း

( 7 )Burmese writers organize to protect works of prolific writer Paragu

( 6 )အကျဉ်းထောင် ပြုပြင်ရေး ဥပဒေမူကြမ်း လွှတ်တော်မှာ တင်ပြပေမဲ့ ဆက်လက် မဆွေးနွေး

( 5 )Myanmar sentences ex-army captain to 10 years for sending information to dissident groups

( 4 )Gtalk က တဆင့် ပါဠိ- မြန်မာ - အင်္ဂလိပ် အဘိဓာန် အလွယ်တကူ ကြည့်ရှုနိုင်ပြီ

( 3 )UN envoy speaks out on Burma's lack of human rights progress

( 2 )တဖွဲ့ချင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုင်းရင်းသားများ လက်မခံ

( 1 )ABFSU to restart political activity in Burma to test new government

Tuesday, August 30, 2011

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

မောင်ရမ္မာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရသည်။

မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာတွင် တပ်စွဲထားသော ရေတပ်စခန်းမှ အဆိုပါ စခန်း၏ ရေတပ် သင်္ဘောများ လှည့်လည် သွားလာနေသော ရေပြင်တွင် လာရောက် ငါးဖမ်းသော လှေများမှ ထိုကဲ့သို့ ဆက်ကြေးများ ကောက်ခံနေခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ရဲကျွန်းနဲ့တိုက်ကျွန်း အကြား ပင်လယ်ပြင်မှာ ငါးဖမ်းဖို့အတွက် မာန်အောင် မျှော်တော်ဦး ရေတပ် စခန်းကို အရင် လတွေကဆိုရင် တစ်လကို ကျပ်ငွေ ၁၀၀၀၀ စီ ပေးသွင်းရပါ တယ်။ အခုလမှာဆိုရင် တစ်လကို ကျပ်ငွေ ၁၅၀၀၀ ပေးသွင်းရပါတယ်။ သူတို့တောင်းတဲ့ငွေကို မပေးဘူးဆို ရင် ပင်လယ်ပြင်မှာ လိုက်ဖမ်းဆီးမယ်လို့ ပြောပါတယ်" ဟု အဆိုပါ ဒေသတွင် ငါးဖမ်းနေသော ရမ်းဗြဲ မြို့နယ် ကျောက်နီမော်မှ ငါးဖမ်းစက်လှေ ပိုင်ရှင် တဦးက ပြောသည်။

ငါးဖမ်းစက်လှေ တစီးအနေဖြင့် တစ်လကို ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ ခွဲထိ ပေးသွင်းရန်ကို မျှော်တော်ဦး ရေတပ် စခန်းမှ ဗိုလ်မှူး အောင်ငွေမှ အမိန့်ထုတ်ထားသည်ဟု မျှော်တော်ဦး ရွာသား တဦးက ပြောသည်။

" ကျွန်တော်တို့မာန်အောင်ကျွန်းက ငါးဖမ်းသမားတွေကို မျှော်တော်ဦး ရေတပ် စခန်းမှူး အောင်ငွေက ခင်ဗျားတို့ ရမ်းဗြဲ- မာန်အောင် ရေလက်ကြားထဲမှာ ငါးဖမ်းမယ်ဆိုရင် တစ်လကို တစ်သောင်းခွဲ ပေးရမယ်။ မပေးဘူးဆိုရင် ဘယ်သူမှ ငါးမဖမ်းရဘူး။ ငွေမပေးပဲ ဖမ်းတဲ့ ငါးဖမ်းသမား တွေကို တွေ့ရင် လူကိုလည်းဖမ်း၊ လှေကိုလည်း သိမ်းယူမယ်ဆိုပြီးတော့ အဲသလို အမိန့် ထုတ်ထား ပါတယ်" ဟု ပြောသည်။

ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းအကြား ပင်လယ်ပြင်တွင် ငါးပေါများသဖြင့် ရခိုင်ပြည်နယ် အနှံ့အပြားက လာရောက် ငါးဖမ်းကြသည်ဟု သိရသည်။ ထိုအထဲတွင် ရမ်းဗြဲမြို့နယ်မှ ကျောက်နီမော်၊ ဦးက၊ အောင်လှပြင် ကျေးရွာနှင့် မာန်အောင် မြို့နယ်မှ ခအုံးမော်၊ ကုန်တန်း၊ ဇရပ်ကုန်းခင်၊ ပြားကြီး၊ မျှော်တော်ဦး၊ သစ်ပုံကျေးရွာများ ဖြစ်ကြသည်။

ယခုလို ဒေသခံ ငါးဖမ်းသမားများမှ ကောက်ခံနေသော ငွေများမှာ နိုင်ငံတော် အခွန်ဘဏ္ဍာ အတွက် မဟုတ်ဘဲ သူတို့၏ ကိုယ်ကျိုး အတွက် ဖြစ်ကြောင်း ကျောက်နီမော် ငါးဖမ်း စက်လှေပိုင်ရှင်က ပြောသည်။

" ကျွန်တော်တို့က စက်လှေ အတွက်ရော ငါးဖမ်းခွင့် အတွက်ပါ ငါးလုပ်ငန်း ဦးစီးဌာနကို ကျွန်တော်တို့က အခွန် ဆောင်ထားပြီးပါပြီ။ အခု ရေတပ်က ကောက်ခံတာက သူတို့ ကိုယ်ကျိုး အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကတော့ အကြောင်းအမျိုးမျိုးပြပါဘဲ။ ခင်ဗျားတို့ ငါးဖမ်းလှေတွေ ပြဿနာ မပေါ်ရအောင် စောင့်ရှောက်ဖို့ စက်သုံးဆီးတွေ ၀ယ်ဖို့လိုတယ်။ ဘာညာနဲ့ ပြောပြီး ယူနေတာ ဖြစ်ပါတယ်။"

ယခုကဲ့သို့ ရခိုင် ငါဖမ်းစက်လှေများမှ ရေတပ် တခုသာ မဟုတ်ဘဲ နီးစပ်ရာ ရဲစခန်းများမှလည်း ငွေကောက်နေကြောင်း သိရသည်။

မာန်အောင်မြိ့နယ် တောင်ပိုင်းတွင် ရှိသော ဇီးတော၊ ကျူ၊ မကွေး၊ ကအိ၊ ကမား ကျေးရွာများရှိ ငါးဖမ်းသမား များထံမှလည်း ရဲမိသားစု ရံပုံငွေဟုဆိုကာ ကမားရဲစခန်းမှ ငါးဖမ်းဘုတ်တစီးကို တစ်လလျှင် ကျပ်ငွေ ၁၂၀၀၀၊ ငါးဖမ်းလှေတစီးကို ကျပ်ငွေ ၅၀၀၀ စီကောက်ခံနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာတွင် ငါးဖမ်းစက်လှေများမှ ငွေလက်ခံ ရရှိကြောင်း ငွေရ ပြေစာ မပေးဘဲ လိုင်စင်ကြေးဟုဆိုကာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်းစက်လှေ တစ်စီးကို ကျပ်ငွေ ၂၅၀၀၀ ကောက်ယူ နေသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ပြည်သူများ ဆင်းရဲ မွဲတည်နေကြရခြင်း၏ အဓိက အကြောင်း အရင်းမှာ ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ်၊ ရေတပ်နှင့် ရဲတပ်ဖွဲ့များ တရားမ၀င် အကောက်များကို အကြောင်း အမျိုးမျိုးပြပြီး ကောက်ယူနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

လက်ရှိ တိုင်းပြည် အာဏာကို ရယူထားသော သမ္မတ ဦးသိန်းစိန် အစိုးရသစ် အနေဖြင့် ရခိုင်ပြည်နယ်၏ ဆင်းရဲ မွဲတည်မူကို လျှော့ချလိုလျှင် လက်နက်ကိုင်တပ်ဖွဲ့များ၏ မတရားသဖြင့် အနိုင်ကျင့်ပြီး အခွန်အကောက် ကောက်ခံနေမူကို အမြန်ဆုံး ရပ်တန့်လိုကြောင်း ရခိုင်ပြည်သူများက ထင်မြင် ယူဆ ပြောဆိုလျှက် ရှိကြောင်း သိရသည်။

၉၀ ​ရွေး​ကောက်ပွဲရလဒ်နှင့်​အတူ အ​ရွေး​ချယ်ခံများ​၏ကဏ္ဍ ပျက်ပြယ်ပြီဟုဆို

အံ့ဘုန်းမြတ်

၁၉၉၀ ပြည့်​နှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ရလဒ်နဲ့​ ​ရွေး​ကောက်ခံရတဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေရဲ့​ အခန်း​ကဏ္ဍ ပျက်ပြယ်သွား​ပြီလို့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်က ​ပြောပါတယ်။

ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​ကိုယ်စား​ အဖွဲ့​ဝင် ဦး​မြင့်​နိုင်က ဒီ​နေ့​ကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော်ပုံမှန်အစည်း​အ​ဝေး​မှာ ​ပြောကြား​ လိုက်တာပါ။

၁၉၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲမှာ အနိုင်ရရှိခဲ့​ကြတဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​ လှယ် ၁၂၀ နဲ့​ပတ်သက်ပြီး​ ဘယ်လိုစဉ်း​စား​ထား​လဲလို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​ရဲ့​ ​မေး​ခွန်း​ကို အဲဒီလိုရှင်း​လင်း​ဖြေကြား​သွား​တာလို့​ ​မြေပုံမဲဆန္ဒနယ်က ဦး​ဖေသန်း​က ​ပြောပြပါတယ်။

“၁၉၉၀ ခုနှစ် ပါတီစုံ​ရွေး​ကောက်ပွဲဥပ​ဒေကို အခု​ရွေး​ကောက်ပွဲမှာ ဒီ​ကော်မရှင် ဥပ​ဒေနဲ့​ ​ပြောင်း​လိုက်ပြီလို့​ ​ပြောလိုက်တဲ့​အတွက် အဲဒီ ၁၂၀ ရဲ့​ ပြဿနာက ဘာမှ မဆိုင်​တော့​ဘူး​ပေါ့​။ လက်ရှိဥပ​ဒေနဲ့​ ဖျက်သိမ်း​လိုက်ပြီဖြစ်တယ်လို့​ ​ပြောလိုက်တာ​ကြောင့်​ ၁၉၉၀ ခုနှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲဥပ​ဒေဟာ အလိုလို ပျက်ပြယ်ပြီး​သား​ဖြစ် တယ်။ အဲဒီအတွက် ၁၂၀ ဟာလည်း​ အလိုလို ပျက်ပြယ်ပြီး​ဖြစ်တယ်လို့​ ​ရွေး​ကောက် ပွဲ ​ကော်မရှင်ကိုယ်စား​ ​ကော်မရှင်အဖွဲ့​ဝင် ဦး​မြင့်​နိုင်က ​ပြောကြား​သွား​တာ။”

၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​ပြု​ကော်မတီ (စီအာပီပီ) အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က​တော့​ “​ရွေး​ကောက်ပွဲတခုကို ကျင်း​ပထား​ပြီး​တော့​ ဒီ​ရွေး​ကောက်ပွဲရဲ့​ ရလဒ်ကို တစုံတရာ အ​ကောင်အထည်မ​ဖော်ဘဲနဲ့​ လက်လွတ်စပယ် ​ပြောတယ်လုပ်တယ် ဆိုတာ​တော့​ နိုင်ငံအတွက်​ကော သမိုင်း​မှာ​ကော မ​ကောင်း​တဲ့​ လက္ခဏာတခုပဲ”လို့​ ​ဝေဖန် ​ပြောကြား​ပါတယ်။

“အန်အယ်ဒီအပါအဝင် အန်ကယ်တို့​ ရခိုင်ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ၉၀ ​ရွေး​ကောက် ပွဲ​ကြောင့်​ ပြည်သူ​တွေက တာဝန်​ပေး​တဲ့​အတိုင်း​ နိုင်ငံ​ရေး​ပါတီ​တွေဖြစ်တယ်၊​ နိုင်ငံ​ရေး​သ မား​တွေဖြစ်တယ်။ ဒီအ​ခြေခံကို အ​ကြောင်း​ပြုပြီး​တော့​ အန်အယ်လ်ဒီအပါအဝင် အန်ကယ် တို့​ပါတီ​တွေက ရပ်တည်​နေတာဖြစ်တယ်။

“နဝတ၊​ နအဖက ​ပြောင်း​လိုက်တဲ့​ သမ္မတ ဦး​သိန်း​စိန်အစိုး​ရလည်း​ ပြည်​ထောင်စု အစိုး​ရသစ်လို့​ပဲ ​ခေါ်​ခေါ် ဒီအစိုး​ရနဲ့​က​တော့​ တမျိုး​သား​လုံး​အတွက် ​ရှေ့​ဆက်သွား​မယ့်​ အ​ရေး​ကြီး​တဲ့​ အမျိုး​သား​ရေး​ ကိစ္စ​တွေ၊​ တနည်း​အား​ဖြင့်​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ ကိစ္စ​တွေကို ​ဆွေး​နွေး​တဲ့​အခါမှာ ဒီလိုအချက်အလက်​တွေကို တနည်း​နည်း​ဖြင့်​ အသိအ မှတ်ပြုဖို့​၊​ အ​ကောင်အထည်​ဖော်ဖို့​၊​ အ​ကောင်အထည်​ဖော်ဖို့​ ဆိုတဲ့​နေရာမှာ အာဏာလွှဲဖို့​ အစိုး​ရဖွဲ့​ပေး​ဖို့​ ဒီလို​ပြောတာမဟုတ်ဘူး​၊​ တိုင်း​ပြည်အတွက်​ရော၊​ လုပ်ခဲ့​တဲ့​နိုင်ငံ​ရေး​ သမား​တွေအတွက်​ရော တာဝန်ရှိတဲ့​ ပုဂ္ဂိုလ်​တွေ​ကော အသီး​သီး​ကို အသိအမှတ်ပြုဖို့​ လိုမယ်လို့​ ယူဆပါတယ်။”

၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က ပါတီမှတ်ပုံမတင်ခဲ့​တဲ့​ ၁၉၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲ အနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ပါတီအပါဝင် တိုင်း​ရင်း​သား​ပါတီ​တွေဟာ တရား​ဝင် ပါတီရပ်တည်မှု ပျက်ပြယ်ပြီလို့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်က ​ကြေ ညာခဲ့​ပါတယ်။

နယ်မြေခံ စစ်တပ်က ရခိုင် ကွမ်းသီး ခြံပိုင်ရှင်များထံမှ ငွေကောက်

ခိုင်သိန်း

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အခြေစိုက် ခမရ ၃၇၀ တပ်ရင်းက အနီးအနားရှိ ကွမ်းသီးခင်း ပိုင်ရှင်များထံမှ ငွေကောက်ခံနေသည်ဟု သတင်းရရှိသည်။

ကွမ်းသီးခင်းပိုင်ရှင်များထံမှ ငွေကောက်ခံခဲ့သည့် တပ်ရင်းမှာ မြောက်ဦးအခြေစိုက် ခမရ ၃၇၀ ဖြစ်ပြီး တပ်ရင်း ဗိုလ်ကြီး စန်းလွင် ဦးဆောင်ပြီး ကောက်ခံနေသည်ဟု ငပကွ ကျေးရွာသား တဦးက နိရဉ္စရာသို့ ပြောသည်။

" ခမရ ၃၇၀ တပ်က ဗိုလ်ကြီး စန်းလွင်က ကျွန်တော်တို့ရွာကို လာပြီး ကွမ်းသီးခင်းတဧကကို ကျပ်ငွေ ၅၀၀၀ ကျစီ ယခုလ ၁၈ ရက်ကနေ ၂၀ ထိ ကာက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ ဒေသမှာက အဓိက ကွမ်းသီးခင်း လုပ်ကိုင် စားသောက်သူတွေများ ပါတယ်။ တချို့မှာဆိုရင် ကွမ်း သီးခင်း ဧက ၂၀ ကျော်ထိရှိကြပါတယ်။ သူတို့ဆီမှာလည်း ဧကအရေအတွက် အလိုက် ငွေကောက်ခံ နေပါ တယ်။ အယင်တုန်းက ဒီလို ကောက်ခံတာ မရှိပါဘူး။ အခု အရပ်သား အစိုးရလက်ထက်ကျမှ ကောက်ခံလာ တာ ဖြစ်ပါတယ်။"

ငွေကောက် ခံနေရသော ကျေးရွာများမှာ မြောက်ဦးမြို့မှ ၁၂ မိုင်အကွာတွင်ရှိသော လေးမြို့စားရွာ၊ ခမောင်း တောရွာ၊ လက်သန်းချေရွာ၊ ကြက်မကျီရွာ၊ တန်းပျက်ကြီးရွာ၊ ပါးတော်ရွာ၊ ငမဲပြင်ရွာ၊ ငပကွရွာနှင့် ကျွဲတဲရွာများ ဖြစ်သည်။

၎င်းအပြင် စစ်တပ်မှ သိမ်းယူထားသော မြေကွက်လပ်များတွင် ကွမ်းသီးပင် စိုက်ပျိုးရန်အတွက် ကွမ်းသီး ပျိုးပငများကို ဈေးနှိမ်ပြီး မရောင်းမနေရ ခြိမ်းခြောက်ပြီး ၀ယ်ယူနေသည်ဟုလည်း သူက ပြောသည်။

" ကွမ်းသီးပျိုးပင် တစ်ပင်ကို အပြင်မှာ ကျပ်ငွေ ၁၅၀ ရှိပါတယ်။ ဗိုလ်ကြီး စန်းလွင်ဦးဆောင်တဲ့အဖွဲ့က သူတို့ စစ်တပ်က သိမ်းထားတဲ့ မြေကွက်တွေမှာ စိုက်ပျိုးဖို့ဆိုပြီးတော့ တရွာဝင်တရွာထွက် ကွမ်းသီးပျိုးပင် တပင်ကို ကျပ် ၁၀၀ စီပေးပြီး အတင်းလိုက်ဝယ်နေပါတယ်။ ပိုင်ရှင်တွေက မရောင်းဘူးဆိုရင် ရေနဲ့မြေဆိုတာ အစိုးရက ပိုင်တယ်။ ခင်ဗျားတို့ ကွမ်းသီးခင်းတွေအားလုံးကို သိမ်းပစ်လို့ရတယ် ဆိုပြီး ခြိမ်းခြောက်တော့ တပင်ကို ကျပ် ငွေ ၁၀၀ စီနဲ့ ရောင်းနေကြရပါတယ်။"

ယခုကဲ့သို့ ကွမ်းသီးခြံ ပိုင်ရှင်များထံမှ ကွမ်းသီးခင်းတဧကကို ကျပ်ငွေ ၅၀၀၀ စီကောက်ခံသည်ကို မကြေနပ်၍ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် အာဏာပိုင်များကို တိုင်ကြားသော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ်၊ ရေတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက သူတို့ဌာန ရံပုံငွေ ရရှိရေးကို အကြောင်းပြပြီး ပြည်သူများ လုပ်ကိုင်စားသောက်နေကြသော ပင်လယ်ပြင်နှင့် လယ်ယာ၊ ဥယျာဉ်ခြံမြေများကို လျော်ကြေးတစုံတရာ မပေးဘဲ သိမ်းယူသည့်အပြင် ဒေသခံများ တပိုင်တနိုင် လုပ်ကိုင် စားသောက်နေကြသော ပင်လယ် ငါးဖမ်းလုပ်ငန်း၊ ဥယျာဉ်ခြံမြေ လုပ်ငန်းများတွင်လည်း ယခုကဲ့သို့ အခွန်များ ကောက်ခံနေကြသဖြင့် ဒေသခံ ရခိုင်ပြည်သူများမှာ ယခင်ကထက် ပိုမို၍ ဆင်းရဲ ကျပ်တည်းလာကြသည်ဟု စုံစမ်းသိရှိရသည်။

ဝါတွင်းဥပုသ်နေ့၌ သျှမ်းရွာနှင့် ဘုန်းကြီးကျောင်း အား မြန်မာစစ်တပ် ဗုံးကျဲတိုက်ခိုက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ကျေးသီး မြို့နယ် သျှမ်းပြည် တပ်မတော် ထိန်းချုပ် နယ်မြေ အနီး ကျေးရွာအား မြန်မာ စစ်တပ်က ဝါခေါင် လကွယ် ဥပုသ်နေ့၌ ၈၁ မမ၊ ၈၂ မမ ၂၅ လုံးထက် မနည်း ပစ်ခတ် တိုက်ခိုက် ခဲ့သည် ဟု ဒေသတွင်း သတင်း ရပ်ကွက်မှ သိရပါသည်။

“အဲဒီ အနားမှာ သျှမ်းစစ်သား တွေမ ရှိဘူး၊ တိုက်ပွဲ လဲမဖြစ်တာ ကြာတော့ ဘုန်းကြီး ကျောင်းတက် ဥပုသ်စောင့် တဲ့လူ တွေနဲ့ ပြန်စည် လာတယ်။ စာသင်ကျောင်း ဝင်းထဲလဲ တလုံး ကျတယ်လေ။ ကျောင်းသား တွေမရှိလို့ တော် သေး တာပေါ့။” - ဟု မိုင်းရှူးရောက် ဒေသခံ တဦးက ပြောပါသည်။

ဩဂတ်စ် ၂၈ ရက် ဝါခေါင်လကွယ်နေ့ ဒေသခံများ ဥပုသ် သီလ စောင့် နေချိန် ဝမ့်ဟိုင်းဌာနချုပ်အနီး ၅ မိုင် ကျော်အကွာ ဝမ့်မိတ်ရွာ ကောင်းမူးမကျိန် တောင်ကုန်းပေါ် စခန်းချနေသည့် မြန်မာစစ်တပ် ခလရ ၂၂၊ ခမရ ၅၀၄၊ ၅၀၅ ပူးပေါင်းတပ်က သျှမ်းပြည်တပ်မတော် ထိမ်းချုပ်နယ်မြေ ခီခပ်ရွာ နှင့် ဘုန်းကြီးကျောင်း စေတီ ပုထိုးများအတွင်းသို့ ၈၁ မမ၊ ၈၂ မမ ၂၅ လုံး ပစ်ချခြင်းဖြစ်ကြောင်း သျှမ်းပြည် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြောပါသည်။

“ဘုန်းကြီးကျောင်းတွေ လူနေအိမ်တွေကိုတော့ အလုံးလိုက်ထိမှန်တာ့မရှိဘူး၊ ကျေးရွာနားက လယ်ကွင်းထဲ ၊ နေအိမ်ခြံဝန်းထဲ၊ စာသင်ကျောင်းဝန်းထဲ၊ ဘုရားပုရဝုဏ်တွေထဲ သွားကျတယ်။ ကလေးတွေ ကျောင်းတက် နေရင်တော့ ထိမှာဘဲ။ စစ်ဘေးစစ်ဒဏ်ခံရမှာစိုးလို့ ကျောင်းလဲမဖွင့်ရဲသေးဘူးလေ။ ဥပုသ်နေ့လဲဟုတ်တယ်။ ဥပုသ်သည်တွေနေတဲ့ ဇရပ်တို့ ဘုန်းကြီးကျောင်းတို့တော့ မထိဘူး။ အခု စိုက်ပျိုးခင်း ဝါးရုံတော နဲ့ နေအိမ် တချို့ ဗုံးစ နည်းပါးပါးထိမှန်တာဘဲရှိတယ်”


ကျိုင်းလိန်ကျေးရွာအုပ်စု ခီ့ခပ်ရွာနေ လုံးဆန်ကျန် အိမ် ဗုံးစ ထိမှန်၊ လုံးဆန်ပေါက် နေအိမ်ခြံဝန်းအတွင်း ဗုံးတလုံး ၊ လုံးဇော ဆီစက်ဝန်းအတွင်း တစ်လုံး၊ (ခီခပ့်မူလတန်းကျောင်း ) စာသင်ဆောင်မြောက်ဘက် အတွင်း ၄ လုံးကျသည်ဟုဆို၏။ ကျိုင်းလိန်စေတီတော် ဘုန်းကြီးကျောင်းအတွင်း နှင့် ဝမ့်ကျိုင်းလိန်ရွာ၊ ဝမ့်ခီ့ခပ်ရွာ မိုင်းရယ် - ဝမ့်ဟိုင်း - မိုင်းရှူး လမ်းပေါ်ရှိ အဆိုပါကျေးရွာနှစ်ရွာတွင် အိမ်ခြေ ၇၈ လုံး လူဦးရေ ၂၈၀ ယောက် ရှိသည်ဟု သိရပါသည်။

ဩဂတ်စ် ၂၇ ရက်နေ့ မနက် ၀၉ : ၄၀ - ၀၉ : ၅၅ နာရီအထိ သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ လုံခြုံရေး တပ်ဖွဲ့ နှင့် အမှတ် ၉ မြို့နယ် လုံခြုံရေး တပ်ဖွဲ့ ပူးပေါင်း အင်အား ၁၉ ယောက်က သီပေါ်မြို့နယ် ဝမ့်ပန်း ကျေးရွာအုပ်စုဝင် နားမွန် ရွာနှင့် နားပျဲန်ရွာ (အကြား) ဘက်လှုပ်ရှားနေသည့် မြန်မာအစိုးရတပ် (နောင်ချို အခြေ စိုက်) ခမရ ၁၇ နှင့် နမ့်လန်အခြေစိုက် ခမရ ၅၀၅ ပူးပေါင်းအင်အား ၇၂ ယောက်ရှိ စစ်ကြောင်း တကြောင်း အား ခြုံခိုတိုက်ခိုက်ခဲ့သေး သည်ဟု သတင်းရရှိသော်လည်း နှစ်ဘက်အသေပျောက်စာရင်းကိုမူ မသိရှိရသေးဟု ဗိုလ်မှူး စိုင်းလ ကပြောပါသည်။

KIA မိုင်းကြောင့် မြန်မာစစ်သား ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

KNG

ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင်၊ မံစီမြို့နယ်၊ မိုင်းခေါင် (မုံးခေါင်) ဒေသတွင် KIA တပ်ရင်း (၂၇) ထောင်ထားသော မိုင်းကြောင့် သြဂုတ် (၂၇) ရက်တွင် မြန်မာအစိုးရစစ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရသည်ဟု ဒေသခံများပြောသည်။

ဖြစ်ပွားရာနေရာသည် မိုင်းခေါင်ရွာအနီး လမ်းမပေါ်တွင်ဖြစ်ပြီး သေဆုံး ထိခိုက်ဒါဏ်ရာရရှိသော စစ်သားများသည် မိုင်းခေါင်နယ်မြေတွင် ရောက်ရှိနေသည့် ဆားမှော် နယ်မြေခံတပ်ရင်း ခလရ (၁၀၅)မှ ဖြစ်သည်။

ထိုတပ်ရင်းသည် ဇူလိုင်လ ကတည်းက မန်ဂျေမြို့နယ်တွင် စစ်ကြောင်း ၂ ကြောင်းခွဲကာ စစ်ရေးလှုပ်ရှားမှု လာရာ သြဂုတ်လ (၁၁) ရက်နေ့တွင် တုန်ပုလွေရွာသား အပြစ်မဲ့ မောင်ထွန်းစိန် (အသက် ၁၅ နှစ်) ကို ပစ်သတ်ခဲ့သည်။

ထားဝယ်ရေနက် စီမံကိန်းနယ်မြေမှ ကျေးရွာ ၅ ရွာ၊ ပြောင်းရွှေ့ရန် ပြင်ဆင်နေ

ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ

ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်တည်ဆောက်မည့်နေရာ အနီးမှ ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၁၄၀၀ ကို စတင် ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ ပထမဆုံး ပြောင်းရွှေ့ရမည့် အဆိုပါ ကျေးရွာများမှာ မူးဒူး၊ ပရဒတ်၊ မယင်းကြီး၊ ထိန်ကြီးနှင့် ခိုင်ကြီးကျေးရွာ တို့ဖြစ်ကြသည်။

“နဘုလည်တဝိုက်က ရွာတွေပေါ့။ လောလောဆယ်မှာတော့ မပြောင်းရသေးဘူး၊ ဒါပေမယ့် ပြောင်းရွှေ့ရမယ် ဆိုတာကိုတော့ ရွာခံတွေကို အသိပေးထားပြီးပြီ” ဟု ရွာပြောင်းရွှေ့ရမည့် ဒေသခံများနှင့် တွေ့ဆုံခဲ့သူ ထားဝယ်မြို့ခံတဦးက ပြောသည်။ သို့သော် ပြောင်းရွှေ့ရမည့် အချိန်ကိုမူ အသိပေးခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မတ်စ်မြန်မာကုမ္မဏီ (Max Myanmar Company) မှ တာဝန်ရှိသူတို့က လာရောက်စဉ် ထိုသို့ အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အိမ်များကို နံပါတ်ပြားများကပ်ခြင်း၊ ခြံများရှိ သစ်ပင် အရေ အတွက်ကို စာရင်း ကောက်ခြင်း၊ ခြံမြေ အကျယ် အ၀န်း တိုင်းထွားခြင်း များလည်း ပြုလုပ်သွား သည်ဟု အဆိုပါ ထားဝယ်မြို့ခံက ပြောသည်။

ပြောင်းရွှေ့ရမည့်နေရွာတွင် ပထမအဆင့် အာစီ သွပ်မိုး၊ ဒုတိယ အလယ်လတ်အဆင့်နှင့် တတိယ ပျဉ်ထောင်အိမ်များ တည်ဆောက်ပေးမည်ဟု ရွာသားများအား ကုမ္မဏီက ပြောကြားခဲ့သည်။

စီမံကိန်းနယ်မြေထဲရှိ ပြောင်းရွှေ့ရန်သတ်မှတ်ထားသည့် ကျေးရွာ ၃၀ ခန့်ရှိသည့်အနက် ယခု ပထမအသုတ် ပြောင်းရွှေ့မည့် ကျေးရွာ ၅ ရွာသည် ထားဝယ်ရေနက်ဆိမ်းကမ်း၏ အဓိက စီမံကိန်းတည်ဆောက်ရာ နေရာအတွင်း ကျရောက်နေသည်။ ထိုရွာ ၅ ရွာကို ဘာဝကမ်းခြေနှင့် ဘာဝကျေးရွာကြား နေရပ်တခုတည်းတွင် တစုတစည်းတည်း နေရာချပေးရန် မတ်စ်မြန်မာကုမ္မဏီက စီစဉ်နေသည်။

အထက်ဖော်ပြပါ ထားဝယ်မြို့ခံက “ရွာသားတွေကတော့ မပြောင်းချင်ကြဘူး၊ ပြောင်းပြီးရင် ဘာလုပ်စားရမှန်း မသိတာကို စိုးရိမ်နေကြတယ်။ ကုမ္မဏီကလည်း ဘာမှ စီစဉ်ပေးတာ မရှိသေးဘူး” ဟု ပြောသည်။

သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကုမ္မဏီ တာဝန်ရှိသူများက ပြောင်းရွှေ့ရမည့် ကျေးရွာများအား လျော်ကြေးပေးမည်ဟု ပြောထားသော်လည်း လက်တွေ့မှာ ဘာမျှ မရရှိသေးကြောင်း ထားဝယ်ဒေသခံ သတင်းထောက် စောအယ်နာက ပြောသည်။

“ကုမ္ပဏီတွေက ရွာသားတွေဆီ စာရင်းလာကောက်တဲ့အခါ လျော်ကြေးတွေ ပေးမယ်လို့ ပြောပေမယ့် ဘယ်အချိန် ပေးမလဲ၊ ဘယ်လောက်ပေးမယ်ဆိုတာ ပြောမသွားသလို ခုထိ ပေးတာလည်း မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

ထားဝယ်ရေနက်ဆိမ်းကမ်းစီမံကိန်းတည်ဆောက်မည့် နယ်မြေတ၀ိုက်ရှိ ကျေးရွာများမှ ဒေသခံများသည် အများအားဖြင့် ဓနိ၊ ထန်း၊ နာနတ်စသည့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး၊ ရေလုပ်ငန်း လုပ်သူများလည်း ရှိသည်။

နှစ်နိုင်ငံရဲချုပ်တွေ့ဆုံပြီးနောက် သျှမ်းအရှေ့ရှိ မြောင့်လူမျိုးရွာအား မြန်မာစစ်တပ်မီးရှို

သျှမ်းသံတော်ဆင့်

ထိုင်း နိုင်ငံ ရဲချုပ် နှင့်မြန်မာ နိုင်ငံ ရဲချုပ် အပြန် အလှန် လည်ပတ်ပြီး မကြာမှီ ထိုင်း - သျှမ်းနယ်စပ်(သျှမ်းပြည် ဘက်ခြမ်း) တွင်နေ ထိုင်သည့် မြောင်ဇီး ခေါ် မြောင့် ခေါ် မုန့်လူမျိုး ကျေးရွာ တရွာ အဓမ္မ ပြောင်းရွှေ့ခိုင်း ခြင်း ခံရကြောင်း ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။

“ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကလေ မြောင့်လူမျိုး ရွာကို ပြောင်းခိုင်းတာ။ ရွာကိုပါ မီးရှို့ လိုက်တယ်။ အရင်က ဝတပ်ဖွဲ့က သူတို့ကို လက်ခံ ထားတာလေ။ အခုက ဝ တပ်ဖွဲ့က သူတို့ကို ကျောထောက် နောက်ခံပြု ပေးတာတွေ မရှိတော့လို့ ဗမာ တပ်က သူတို့ကို မောင်းထုတ် လိုက်တာ” - ဟု ဒေသခံ သျှမ်း အမျိုးသား တဦးက ပြောပါသည်။

မူးယစ် ဆေးဝါးများ အဓိက ကူးသန်း ရောင်းဝယ် သည်ဟု ယူဆ ရသည့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းယွန်း ကျေးရွာ အုပ်စု ဝမ့်ခယ်ဖိတ်ရွာ (ခေါ်) ဝမ့်တာ့ကုတ် ရွာနေ (ထိုင်းနိုင်ငံ မယ်အိုင်း၊ တာတွန်း မှတဆင့် စက်လေဖြင့် နမ့်ကုတ် ချောင်းအတိုင်း အထက်သို့ တစ်နာရီ ခရီးရှိ) မြောင့်လူမျိုး ရွာတရွာအား (၃)ရက် အတွင်း အပြီး ပြောင်းရွှေ့ရန် တာချီလိတ် အခြေစိုက် မြန်မာ အစိုးရ တပ် ခမရ ၅၂၉ မှ ဩဂတ်စ် ၂၅ ရက် က ညွှန်ကြား ကြောင်း၊ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် အဆိုပါ ရွာအား ပျဲန်းခမ်းရွာ တပ်စ ခန်းချ ခမရ ၅၂၉ က မီးရှို့ လိုက်ကြောင်း ဒေသခံ နောက်တဦးက ဤကဲ့သို့ ပြောပြ ပါသည်။

“ဝမ့်တာ့ကုတ်ရွာက အိမ်ခြေ ၁၂၀ ကျော်တယ်။ လူဦးရေ ရာဂဏန်းရှိတယ်။ သူတို့တွေက ဒီဇာတိမဟုတ်ဘူး။ တခြားက ပြောင်းရွှေ့လာတယ်။ သူတို့ရွာကို မီးလာရှို့ချိန်က ရွာသူရွာသားတွေ တယောက်မှမရှိတော့ဘူး၊ ကျေးရွာအကြီးအကဲ ၄ ယောက်ကို ဗမာစစ်တပ်ကဖမ်းသွားတယ်။ ရွာကိုမီးမရှို့ခင်မှာဘဲ ဝ တပ်ဖွဲ့ဆီကိုပြန်လွှဲအပ် ပေးလိုက်ပြီလို့ကြားရတယ်” - ဟု ဆို၏။

အဆိုပါ ကျေးရွာ၌နေထိုင်သည့် မြောင်ဇီး (ခေါ်) မြောင့် (မုန့်) လူမျိုးများသည် မြောက်ပိုင်း သျှမ်းပြည်နှင့် ဝ နယ် အ ပြင် ထိုင်းနိုင်ငံ၌လည်း နေထိုင်ကြကြောင်း၊ ၎င်းတို့သည် လောဝ်၊ တရုတ် နိုင်ငံတို့မှ ပြောင်းရွှေ့လာကြ ကြောင်း၊ ကူး သန်းရောင်းဝယ်ရေးတွင် ကျွမ်းကျင်ပြီး ဘိန်းခြံလုပ်ငန်း အဓိကလုပ်ကိုင်ကြောင်း၊ ဝမ့်တာ့ကုတ်သို့ ပြောင်းရွှေ့နေထိုင် သည်မှာ ၅ နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ ကနဦးက ဝ တပ်ဖွဲ့က ၎င်းတို့ အားလက်ခံထားသော် လည်း ယခုတွင် မူးယစ်ဆေး ဝါးမှုကြောင့် ဝ တပ်ဖွဲ့ နာမည် အပျက်မခံ နိုင်သည့် အခြေအနေကြောင့်ဖြစ်ကြောင်း ဒေသခံများပြောပြ ပါသည်။

“ထိုင်းဘက်ကနေ သွားရောက်နေထိုင် စီးပွားရေးလုပ်ကိုင်နေတဲ့ မုန့်လူမျိုးတွေလဲ အများကြီးရှိတယ်။ ကျ နော်တို့ နိုင် ငံက ထုတ်ပေးတဲ့ သက်သေအထောက်အထား ကဒ်တခုခု ရှိရင်တော့ ကျနော်တို့နိုင်ငံထဲ ပြန်လာနေ ခွင့်ရှိ ပါတယ်” - ဟု ထိုင်းနယ်စပ်လုံခြုံရေးအရာရှိတဦးက ပြောပါသည်။

မြောင့်(မုန့်) လူမျိုးနွယ်စုများသည် မြန်မာနိုင်ငံ သျှမ်းပြည်အရှေ့ပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်း၊ လောဝ် နိုင်ငံ၊ ထိုင်း နိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းတို့တွင် အများအပြားပျံ့နှံ့နေထိုင်သည်။

နှစ်နိုင်ငံမှုခင်းများ ပူးပေါင်းတိုက်ဖျက်ရန် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ချုပ် ဝိချိန်း ဖို့ဒ်ဖိုးဆီ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ချုပ် ကျော်ကျော်ထွန်းတို့ ယခုလအတွင်း နှစ်နိုင်ငံအပြန်အလှန် လည်ပတ်ခဲ့ကြသည်။

မျှော်လင့်ချက်များစွာ

ကြည်ဝေ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ရုပ်မြင်သံကြား ည ၈ နာရီ သတင်းတွင် နှစ်ညဆက်တိုက် တွေ့လိုက်ရပြီး ကတည်းက မခင်ထားတို့ မိသားစု စကားဝိုင်းအတွင်း နိုင်ငံရေးစကားများသာ ပြောဖြစ်နေကြသည်ဟု ဆိုသည်။

“ဒေါ်စုကို ဦးသိန်းစိန်နဲ့ တီဗီထဲ ပါတာကို စတွေ့တာက အငယ်မ။ အဲဒီမှာ အစ်မရေ လာပါဦး၊ အစ်မရေ လာပါဦးနဲ့ နင်းအော်တာနဲ့ အားလုံး ထွက်ကြည့်တော့တာပဲ” ဟု မခင်ထားက ပြောပြခဲ့သည်။

သြဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီ ရုပ်မြင်သံကြား သတင်းတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကို ထုတ်လွှင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြောပြနေခြင်း ဖြစ်သည်။

“ပြည်သူ့ အကျိုးစီးပွားအတွက် ပူးပေါင်းမယ်ဆိုတာ ထူးခြားတယ်ပေါ့။ တကယ်ပဲ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီကို ပေးတော့မယ်လို့ကို မျှော်လင့်လိုက်တာ” ဟု မခင်ထား၏ မိခင်ဖြစ်သူ အသက် ၆၈ နှစ်အရွယ် ဒေါ်နုအေးကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ အကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း အကြောင်းမထူးလှသောကြောင့် 
စိတ်ပျက်နေရာမှ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံကြသည်ကို မမျှော်လင့်ဘဲ ရုပ်မြင်သံကြားမှ တွေ့လိုက်၊ ကြားလိုက်ရသည်နှင့်ပင် ၀မ်းသာကျေနပ်မိကြောင်း သူက ဆိုသည်။

ဒေါ်နုအေးကြည်၏ ပြောဆိုပုံနှင့် အမူအရာများကို သဘောကျစွာ ပြုံးကြည့်နေသည့် ခင်ပွန်းဖြစ်သူ စစ်မှုထမ်းဟောင်း ဒုတိယ အရာခံ ဗိုလ်ကြီး လှဦး ကလည်း ထိုနေ့သတင်းထဲ၌ သမ္မတ အိမ်တော်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ၏ ဓာတ်ပုံများ ချိတ်ထားသည်ကို တွေ့ရသောကြောင်း၊ ၀မ်းသာမိကြောင်း ပြောသည်။

“ထင်ကို မထင်ထားတာ။ ဗိုလ်ချုပ်သမီးကို ဗိုလ်ချုပ်ဓာတ်ပုံ ရှေ့မှာရပ်ပြီး စကားပြောတာ၊ ဓာတ်ပုံရိုက်ကြတာ၊ ပြည်သူတွေကိုလည်း ထုတ်လွှင့်ပြတာ ဆိုတော့ ကောင်းပြီလို့ ထင်တယ်” ဟု အသက် ၇၄ နှစ်အရွယ် အငြိမ်းစား ဒုအရာခံဗိုလ်ကြီးက ဆိုသည်။

အငြိမ်းစား တပ်မတော်သားဟောင်း တဦးအနေဖြင့် တပ်မတော်အစိုးရ လက်ထက်က တပ်မတော်၏ လုပ်ရပ်တချို့ကြောင့် ရှက်မိခဲ့ကြောင်း၊ တပ်မတော်၏ သမိုင်းကြောင်းကို ကောင်းစေချင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာပြည်၏ အထင် ကရ ပုဂ္ဂိုလ်ကြီး၏ သမီးနှင့် အစိုးရ အဆင်ပြေ ပူးပေါင်းလုပ်ဆောင်မည်ကို သဘောကျ ကျေနပ်ကြောင်း ပြောသည်။

ထိုသတင်းကြားပြီးနောက် သူတို့နေထိုင်ရာ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ မိသားစုတိုင်းနီးပါး စိတ်ဝင်စားလျက် ရှိနေကြပြီး ဒီမိုကရေစီ ရရှိတော့မည်ဟု မျှော်လင့်နေကြကြောင်း မခင်ထား၏ မိခင်က ဆိုသည်။

“အန်တီတို့လည်း ထူးပြီဆိုပြီး ၀မ်းသာ၊ မျက်နှာချင်းဆိုင်အခန်းက လူတွေလည်း သတင်းပြီးတော့ အကုန် ထွက်လာပြီး ပြောကြတာ။ မိုးလင်းတော့လည်း ဈေးထဲမှာပြောနေတာပဲ။ ဒီမိုကရေစီ အစစ် ရတော့မှာဆိုပြီး ပြောနေကြတယ်” ဟု
သူက ပြောသည်။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီး ပြည်သူ့အကျိုးအတွက်ပူပေါင်းဆောင်ရွက်မည်ဆိုသော ထိုသတင်းမှာ မြန်မာပြည်သူလူထု တရပ်လုံးအတွက် ၀မ်းမြောက်ဖွယ်ကောင်းပြီး ထူးခြားလေးနက်သော သတင်းကြီး ဖြစ်ကြောင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှ ဒေါ်လှလေးငယ်က ဆိုသည်။

“နောက်နေ့လည်း တအိမ်လုံး စောင့်ကြည့်တယ် ပြောရမှာပဲ။ အန်တီစုက မြန်မာအင်္ကျီ အ၀ါရောင်လေးနဲ့ ရှေ့ဆုံးတန်းမှာ အစိုးရ လူကြီးတွေနဲ့ အတူတူထိုင်ပြီး အစည်းအဝေးပွဲ တက်နေတာ တွေ့တော့ တအိမ်လုံးက လက်ခုပ်ဝိုင်းတီး လိုက်ကြတာ။
ကျမတို့ အဒေါ်ဆို ၀မ်းသာလွန်းလို့ မျက်ရည်တွေ ကျကုန်ရောပဲ” ဟု သြဂုတ်လ ၂၀ ရက်နေ့က တွေ့ခဲ့ရသည့် သတင်းနှင့် ပတ်သက်၍ သူက ဆက်ပြောသည်။

ဒေါ်လှလေးငယ်တို့ မိသားစုသည် လက်ရှိ နိုင်ငံရေးအခြေအနေကို နားမလည်လှသော်လည်း ရှေ့လျှောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ပါက ကောင်းလာမည်ဟု ယုံကြည်ထားကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍအား ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်ခွင့်ပေးလိမ့်မည်ဟု ပါးစပ်သတင်းများ ကြားနေရကြောင်း ဒေါ်လှလေးငယ်က ဆိုသည်။

“ဟုတ်မဟုတ်တော့ မသိဘူးပေါ့။ ကျမတို့ မြို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍကို တာဝန်ယူချင်တယ်လို့ ပြောတယ်ဆိုပြီး သတင်းထွက်နေတာပဲ။ ကြားရတဲ့ သူတိုင်းက ၀မ်းသာလွန်းလို့ သာဓုတွေ ခေါ်နေကြတယ်” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် မေလ ၂၅ ရက်နေ့တွင် ပထမအကြိမ် ရန်ကုန် စိမ်းလဲ့ကန်သာတွင် တွေ့ဆုံခဲ့ကြပြီးနောက် သြဂုတ်လ ၁၂ ရက်နေ့က ၀န်ကြီး ဦးအောင်ကြည်နှင့် ဒုတိယအကြိမ် တွေ့ဆုံခဲ့ရာ တရားဥပဒေ စိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး၊ အများပြည်သူ
အကျိုးဖြစ်ထွန်းရေး စသည့် ကိစ္စရပ်တို့အား အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် စတင် ထွက်ရှိခဲ့သော ပဲခူးခရီးစဉ် အောင်မြင်ပြီးနောက် နိုင်ငံတော်သမ္မတက နေပြည်တော်သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။

သမ္မတ မိန့်ခွန်းထဲ၌ ပြည်ပရောက် နိုင်ငံသားများအား ကြိုဆိုသည့်သဘော ပြောခြင်း၊ နိုင်ငံခြား ၀င်ငွေအမျိုးအစား အားလုံး၏ အခွန်ပေးဆောင်မှုအား ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ ၆ လ လျှော့ချပေးခြင်း၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအား ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း စသည်တို့ကို ဆောင်ရွက်နေသည့်အတွက် ကျေနပ်မိကြောင်း၊ ထို့အပြင် နိုင်ငံရေး အကျဉ်းသားများကိုပါ လွတ်လပ်ခွင့် ပေးမည်ဆိုပါက ပို၍ ပြည်သူလူထု၏ ယုံကြည်လေးစားမှုကို ရရှိနိုင်ကြောင်း စစ်မှုထမ်းဟောင်း ဦးလှဦးက ပြောသည်။

“ကျနော်တို့ ပြည်သူတွေအတွက်ကတော့ ဒါ သတင်းကောင်းပဲ။ မင်္ဂလာရှိသော သတင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ကြပြီ၊ ဆွေးနွေးကြပြီဆိုတော့ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အနာဂတ်လည်း လှပတော့မယ်လို့ပဲ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,30th,2011

( 25 )ထားဝယ်ဆိပ်ကမ်း စီမံကိန်းကြောင့် ရွာ ၅ရွာ အရင်ဆုံး ပြောင်းရွှေ့ရမည်

( 24 )Democratic Party–Myanmar to help people abused by authorities

( 23 )သံဖြူဇရပ် ရဲစခန်း အပစ်ခံရ၊ ထိခိုက်သူမရှိ

( 22 )Burma-Bangladesh border dispute set for UN hearing

( 21 )အလုပ်သမား အဖွဲ့အဖွဲ့များ ဖွဲ့စည်းနိုင်ရေး အမျိုးသားလွှတ်တော် အတည်ပြု

( 20 )Exiles put forward ‘benchmarks’ for Burma’s government

( 19 )တ​ဒေါ်လာ ကျပ် ၉၀၀ နှင့်​ ၁၀၀၀ ကြား​ သတ်မှတ်ရန်ရှိဟုဆို

( 18 )လွှတ်တော်များ ပြည်သူ့အကျိုး မဖော်ဆောင်နိုင်သေးဟု FTUB ဝေဖန်

( 17 )SSA-DKBA met in strategic summit

( 16 )ဖွင့်​မရခဲ့​သည့်​ အင်တာနက်ဝက်ဘ်ဆိုက်အချို့​ ဖွင့်​၍ရလာ

( 15 )မန္တလေး ဗြဟ္မစိုရ်အသင်း ရေဘေးကူညီ

( 14 )Work on Sino-Burma railway could start in December

( 13 )အကျဉ်း​ထောင်ဥပ​ဒေ ပြင်ဆင်​ရေး​အဆိုကို လွှတ်​တော်က အတည်မပြု

( 12 )ကလေးစစ်သား ပြန်ခေါ်ဖို့ ILO ကို တိုင်ကြား

( 11 )Ex-army captain sentenced to 10 years

( 10 )မူဆယ်- ​ကျောက်ဖြူ လျှပ်စစ်ရထား​လမ်း​ နှစ်ကုန်မှာ ​ဖောက်မည်

( 9 )အလုပ်သမားအဖွဲ့အစည်း ဥပဒေမူကြမ်း အတည်ပြု

( 8 )European film festival goes in Burma

( 7 )ဗုံး​ခွဲမှုနှင့်​ စွပ်စွဲခံရသူ၏ တရား​ခွင်ကို နား​ထောင်ခွင့်​ရရန် ဇနီး​တောင်း​ဆို

( 5 )ဘတ်ဂျက်စစ်ဆေးရေး ဖွဲ့စည်းဖို့အဆို လွှတ်တော်မှာ ပယ်ချ

( 4 )MP calls for prisoner amnesty amidst govt denials

( 3 )အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး အဆို ပြန်ရုပ်သိမ်းရ

( 2 )Construction of China-Myanmar railway could start in December

( 1 )ပြည်တွင်းမှ ပိတ်ထားသည့် ၀က်ဘ်ဆိုက်တချို့ ကြည့်ခွင့်ရ

Monday, August 29, 2011

ကေအိုင်​အေနယ်​မြေထဲ အစိုး​ရတပ်အင်အား​တိုး​ချဲ့

နေသွင်

ကချင်ပြည်နယ်ထဲက အစိုး​ရတပ်​တွေ အင်အား​တိုး​ချဲ့​ထား​ပြီး​ တိုက်ပွဲငယ်​တွေ ဆက်ဖြစ်​နေတယ်လို့​ ကချင်ပြည်လွတ်​မြောက်​ရေး​အဖွဲ့​ (​ကေအိုင်အို) က ​ပြောပါတယ်။

ကချင်ပြည်နယ် မိုး​မောက်မြို့​နယ်မှာ မ​နေ့​က ဖြစ်သွား​တဲ့​ ရင်ဆိုင်တိုက်ပွဲ အ​ကြောင်း​ ​ကေအိုင်အို တွဲဖက်အတွင်း​ရေး​မှူး​ ဦး​လနန်း​က အခုလို ​ပြောပါတယ်။

“သူတို့​ စစ်​ကြောင်း​တွေ ဝင်လာတဲ့​အခါမှာ ကျ​နော်တို့​ အဖွဲ့​တွေနဲ့​ ​တွေ့​ကြပြီး​ ပစ်ခတ်ကြတာပါ။ သူတို့​က​တော့​ တပ်ဖွဲ့​ဝင် တရာ​ကျော်၊​ နှစ်ရာနီး​ပါး​နဲ့​ စစ်​ကြောင်း​ ထွက်လာတာမျိုး​ရှိတယ်။ သူတို့​နောက်ပိုင်း​ လှုပ်ရှား​လာတာ​တော့​ တပ်အင်အား​က ရာဂဏန်း​ပေါ့​။ အင်အား​အပြည့်​နဲ့​ လှုပ်ရှား​ကြတာ။ အရင်တုန်း​က​တော့​ ငါး​ဆယ်၊​ ​ခြောက်ဆယ်ပဲ။ အရင်တုန်း​က အများ​ဆုံး​ အဲဒီ​လောက်ပါပဲ။”

ကေအိုင်​အေနှင့်​ အစိုး​ရတပ်တို့​ ဇွန်လဆန်း​ပိုင်း​စလို့​ တိုက်ပွဲ​တွေ ပြန်စခဲ့​ပြီး​ ဇွန်လကုန်နဲ့​ ဩဂုတ်လဆန်း​ပိုင်း​က အပစ်ခတ်ရပ်စဲ​ရေး​အတွက် ​ဆွေး​နွေး​ခဲ့​ပေမယ့်​ သ​ဘောတူညီချက် အဆင့်​ကို မ​ရောက်ရှိ ဖြစ်ခဲ့​ပါတယ်။

အခုရက်ပိုင်း​မှာ​တော့​ အစိုး​ရစစ်တပ်ရဲ့​ စစ်​ရေး​လှုပ်ရှား​မှု​တွေ ပြန်စိပ်လာတယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

“စစ်​ရေး​က​တော့​ သူတို့​က အခုတ​လော လှုပ်ရှား​မှု​တွေ နည်း​နည်း​စိပ်လာတယ်။ ဗမာပြည်​အောက်ပိုင်း​က တပ်​တွေလည်း​ ​ရောက်လာတာ ရှိတယ်။ ​ရှေ့​တန်း​က ရဲ​ဘော်​တွေက ဘယ်တပ်ရင်း​ ဘယ်တပ်မ ဆိုတာ မခွဲခြား​တတ်​ပေမယ့်​ သူတို့​ တံဆိပ်မှာ​တော့​ ​နေကြာတံဆိပ်ကပ်ထား​တယ် ​ပြောတယ်။ ​မြောက်ပိုင်း​တိုင်း​မှာ အဲဒီတံဆိပ် တပ်ထား​တာ မရှိဘူး​လေ။ အဲဒါ​တွေက ဗန်း​မော်ခရိုင် မိုး​မောက်မြို့​နယ်အတွင်း​မှာ သူတို့​တွေ ​တော်​တော်​လေး​ လှုပ်ရှား​လာတာ ရှိတယ်။ မြစ်​ကြောင်း​က​နေ တဆင့်​တက်လာတဲ့​ အဖွဲ့​တွေ။”

ကေအိုင်အိုရဲ့​ လက်နက်ကိုင်တပ်ဖြစ်တဲ့​ (​ကေအိုင်​အေ)ကို အစိုး​ရဘက်က နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ခိုင်း​မှု​ကြောင့်​ တင်း​မာ​နေရာက ဇွန်လဆန်း​ပိုင်း​က စလို့​ ​နေ့​စဉ်လိုလို ပစ်ခတ်မှု​တွေဖြစ်ပြီး​ ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ တရုတ်-မြန်မာနယ်စပ်ကို ထွက်​ပြေး​ ခိုလှုံ​နေကြပါတယ်။

ဩဂုတ် ၂၇ ရက်​နေ့​က မြစ်ကြီး​နား​မြို့​မှာလုပ်တဲ့​ လူထုရှင်း​လင်း​ပွဲမှာ ပြည်နယ်ဝန်ကြီး​ချုပ် ဦး​လဂျွန်ငန်ဆိုင်း​က ​ကေအိုင်အိုနဲ့​ အစိုး​ရကြား​ ဖြစ်​နေတဲ့​ ပြဿနာ​တွေနဲ့​ ပတ်သက်လို့​ ​ကေအိုင်အိုကို အပြစ်ဖို့​ခဲ့​တယ်လို့​ အစည်း​အ​ဝေး​တက်​ရောက်ခဲ့​တဲ့​ ​ဒေသခံတ​ယောက်က ​ပြောပါတယ်။

“သတင်း​စာ ရှင်း​လင်း​ပွဲပုံစံမျိုး​ ပြည်သူလူထုကို ရှင်း​လင်း​တဲ့​ အစည်း​အ​ဝေး​ပွဲ​ပေါ့​။ ​ကေအိုင်​အေစစ်တပ်က မီး​ရှို့​သွား​တာမျိုး​ မဖြစ်သင့်​ဘူး​ပေါ့​။ အဲဒါမျိုး​တွေ​ခေါ်ပြီး​ ​ပြောပြသွား​တယ်။ သူတို့​ရည်ရွယ်ချက်က ​ကေအိုင်​အေကို သူတို့​က အခွင့်​အ​ရေး​ပေး​၊​ အ​လျှော့​ပေး​ပြီး​မှ အမျိုး​မျိုး​ဆွေး​နွေး​တာကို လက်မခံချင်ဘူး​ ဆိုတာကို ပုံ​ဖော်ချင်တဲ့​သ​ဘော ​ရောက်တယ်။ ”

ကချင်ပြည်နယ်ဝန်ကြီး​ချုပ် စွပ်စွဲသွား​တဲ့​ အိမ်​ခြေ ၂၀ ကို ​ကေအိုင်​အေက မီး​ရှို့​သွား​တယ်ဆိုတာနဲ့​ပတ်သက်ပြီး​ ​လော​လောဆယ်သိထား​သ​လောက်က​တော့​ စစ်အစိုး​ရတပ်​တွေ စခန်း​ချသွား​တဲ့​ စစ်တန်း​လျား​ကို မီး​ရှို့​တာဖြစ်ပြီး​ အ​သေး​စိတ်ကို စုံစမ်း​နေဆဲဖြစ်တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

ဩဂုတ် ၁၂ ရက်​နေ့​က ​နေပြည်​တော်မှာလုပ်တဲ့​ အစိုး​ရသစ်ရဲ့​ ပထမဆုံး​ သတင်း​စာရှင်း​လင်း​ပွဲမှာ အစိုး​ရ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ကျော်ဆန်း​က ငြိမ်း​ချမ်း​ရေး​သ​ဘောတူညီချက်​တွေကို ​ကေအိုင်အိုက ချိုး​ဖောက်တယ်လို့​ စွပ်စွဲခဲ့​ပါတယ်။

ဒီစွပ်စွဲချက်အ​ပေါ် ​ကေအိုင်အို ဘက်ကလည်း​ အစိုး​ရဆီမှာ တိုင်း​ရင်း​သား​ပြဿနာကို နိုင်ငံ​ရေး​ နည်း​လမ်း​ဖြင့်​ ​ဖြေရှင်း​ချင်တဲ့​ဆန္ဒမရှိဘူး​လို့​ ပြန်လည် စွပ်စွဲထား​ပါတယ်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်ချက် နည်းနေသေး

ခင်ဦးသာ Monday, 29 August 2011

အထွေထွေ လွတ်ငြိမ်း ချမ်းသာ ခွင့်နှင့် ပတ်သက် သော အဆို တခုအား လွှတ်တော်တွင် အတည်ပြု ဆွေးနွေး ခဲ့သော်လည်း သမ္မတ ဦးသိန်းစိန် မှတဆင့် နိုင်ငံတော် ကာကွယ် ရေးနှင့် လုံခြုံရေး ကောင်စီ၌ ထပ်မံ ဆွေးနွေးမည့် ကိစ္စ အပေါ် မျှော်လင့်ချက် နည်းပါးကြောင်း ကိုယ်စားလှယ် တချို့က ပြောကြသည်။

“လွှတ်တော် ဥက္ကဋ္ဌက သမ္မတဆီကို တင်ပေးဖို့အတွက် လက်ခံတာက ပြည်တွင်း ပြည်ပက ဖိအားတွေ၊ တောင်းဆိုမှုတွေ ဆက်တိုက် လုပ်နေကြတာကြောင့်လို့ ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို တကယ် ပြန်လွှတ်ဖို့ ကာလတခုကြာ ဦးမယ်လို့ ထင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။

“အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန် စေရေးအတွက် နိုင်ငံတော်သမ္မတအား ဤလွှတ်တော်က မေတ္တာ ရပ်ခံကြောင်း” အဆိုကို သြဂုတ်လ ၂၆ ရက်နေ့ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဦးသိန်းညွန့်က တင်သွင်းရာ စစ်တပ် ကိုယ်စား လှယ်များ အပါအ၀င် အများစု၏ ထောက်ခံမှုဖြင့် အတည်ပြု ခဲ့ကြသည်။

အဆိုတင်သွင်းခဲ့သူ ဦးသိန်းညွန့်က “လွတ်ငြိမ်းချမ်းသာခွင့်ကို လွှတ်တော်က အတည်ပြုပြီးပြီဆိုတော့ ချက်ချင်း အမိန့် မထုတ်ရင်လည်း ထုတ်တဲ့အချိန်အထိတော့ စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။

ဦးသိန်းညွန့်၏ အဆိုအား စစ်တပ် ကိုယ်စားလှယ်များက ထောက်ခံသည့်အတွက် နေအိမ်အကျယ်ချုပ် ကျခံနေရသော ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပါအဝင် ထောင်ဒဏ်များ ကျခံနေရသော စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များနှင့် ပတ်သက်၍ လူအများက စိတ်ဝင်စားနေကြသည်။

“ထောင်ဒဏ် ကျခံနေတဲ့သူတွေ ပြန်လွှတ်ပေးသင့်တယ်လို့ စစ်တပ်ကိုယ်စားလှယ် ပြောတယ်ဆိုတာက ထောက်လှမ်းရေး အဖွဲ့ကို ရည်ညွှန်းတယ်လို့ ထင်တယ်။ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို လက်ညှိုးထောင်၊ ခေါင်းညိတ်တဲ့ အဆင့်ပဲ ထင်ထားတာ” ဟု ပြည်ပအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က ဆိုသည်။

အစိုးရသစ် လက်ထက်တွင် ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များကသာ လုပ်ပိုင်ခွင့်များရနေပြီး စစ်တိုင်းမှူးက အာဏာမရှိတော့ ကြောင်း၊ လွှတ်တော်၌ စစ်တပ် ကိုယ်စားလှယ်များ ကိုယ်တိုင် ပါဝင်ဆွေးနွေးလာခြင်းသည် စစ်တပ်နှင့် လွှတ်တော်တို့အကြား အားပြိုင်မှုပုံစံမျိုး ဖြစ်လာကြောင်း ဦးဌေးအောင်က ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီမကျပေမယ့် စီမံခန့်ခွဲမှု လုပ်တဲ့နေရာမှာ အစိုးရအဖွဲ့၊ ဥပဒေပြုလွှတ်တော်နဲ့ ပါတီတွေကြားမှာ
check and balance ဖြစ်အောင် ညှိထားပေးတဲ့ သဘောတွေ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

လွှတ်တော်၌ ၂၅ ရာခိုင်နှုန်း ပါဝင်သော စစ်တပ် ကိုယ်စားလှယ်များထဲမှ ဗိုလ်မှူးကြီးအဆင့်ရှိ ကိုယ်စားလှယ် ၂ ဦးက ပါဝင် ဆွေးနွေးရာ၌ တပ်မတော်သားများသည် အကြောင်းကြောင်းကြောင့် အရပ်ဘက် တရားရုံး၏ ပြစ်ဒဏ်ပေးခြင်းကို ခံထာ ရကြောင်း၊ ထိုသူများသည် နိုင်ငံအတွက် အလုပ်လုပ်ခဲ့ သူများဖြစ်၍ ၎င်းတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောသည်။

ထိုအဆိုအား ပထမအကြိမ်ပြုလုပ်သော အစည်အဝေးများ၌ တင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ခရီးစဉ်အတွင်း မြန်မာအစိုးရ၏ တာဝန်ရှိသူများ၊ လွှတ်တော်ဥက္ကဋ္ဌ များနှင့် ဆွေးနွေးရာ၌ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စကို ထပ်မံ တိုက်တွန်းခဲ့သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တန်ပြန် ပြောဆိုခဲ့သည်။

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုတော့ကြောင်း သေချာသည့်အချိန်တွင်မှ အကျဉ်းသားများအား လွှတ်ပေးရန်ရှိကြောင်း ပြောဆိုခဲ့သည်။

ယနေ့ လွှတ်တော် အစည်း အဝေးတွင် ဦးသိန်းညွန့်က အကျဉ်းထောင် ဥပဒေများ ပြင်ဆင်ရန် အဆို တရပ် တင်သွင်းခဲ့ရာ အတည်ပြု နိုင်ခဲ့ပြီး အဆိုပါ အကြောင်း အရာကို ဆက်လက် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ယာဉ်တန်းကို KIA ခြုံခိုတိုက်ခိုက်

သန်းထိုက်ဦး Monday, 29 August 2011

အစိုးရတပ် စစ်ယာဉ်တန်းကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့များက ယခင်အပတ်အတွင်း ခြုံခိုတိုက်ခိုက် ခဲ့သောကြောင့် ယာဉ်မောင်းတဦး ကျဆုံးပြီး ကားတစီး မီးလောင် ပျက်စီးသွားသည်။

တရုတ်နိုင်ငံမှ ၀ယ်ယူထားသော စစ်ထရပ်ကားများဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှ တဆင့် မန္တလေးသို့ မောင်းနှင် သွားနေစဉ် လမ်းခုလတ် တနေရာ၌ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

“အစီး ၁၀၀ လောက် ဆင်းသွား ကြပြီ။ ကျနော်တို့ ဘက်ကလည်း အားလုံးတော့ မလုပ်နိုင်ဘူးလေ။ နှောင့်ယှက်တဲ့ သဘော နဲ့ပဲ နောက်ဆုံး ကျန်တဲ့ ၁၀ စီးထဲက တစီးကို ပစ်ခတ်ခဲ့ တာပါ” ဟု ၎င်းက ဆိုသည်။

အစိုးရယာဉ်တန်းကို KIA တပ်ရင်း ၉ မှ တပ်ဖွဲ့ဝင် တချို့က လှမ်း၍ ပခုံးထမ်းလောင်ချာ (RPG) နှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သူတို့ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ကျနော်တို့ ဖြစ်နိုင်သလောက် လိုက်ပြီးတော့ ဟန့်တားတာမျိုး၊ အနှောင့်အယှက် ပေးတာမျိုး လုပ်သွားမယ်” ဟု ဦးလနန်က ယခင်တပတ်က ပြောခဲ့သည်။

တိုက်ခိုက်ခံရသော အစိုးရတပ်ကို မသိရသေးကြောင်း ဦးလနန်က ဆိုသည်။

ထိုယာဉ်တန်းကို မတိုက်ခိုက်မီ တရက်ကလည်း ကားလမ်းမ တလျှောက် လုံခြုံရေး ယူထားသော အစိုးရတပ်နှင့် KIA တပ်ဖွဲ့ ၀င်များအကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သေးသည်။

ထိုသို့ တိုက်ပွဲငယ်များ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသော်လည်း ကချင် ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ထားမှု အခြေအနေ ရှင်းလင်း တင်ပြခြင်းနှင့် ပြည်သူ့ ဆန္ဒ သဘောထားများ မေးမြန်း တင်ပြချက်များ အပေါ် ဖြေကြားခြင်း အခမ်းအနားကို မြစ်ကြီးနား မြို့တော်ခန်းမတွင် ယခုလ ၂၇ ရက်နေ့က ကျင်းပခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ယင်းအခမ်းအနားကို ဘာသာရေး အသင်းအဖွဲ့များ၊ အစိုးရအာဏာပိုင်များ၊ တိုင်းရင်းသားများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာနယ်ဇင်းများ၊ NGO၊ INGO အဖွဲ့များ တက်ရောက်ခဲ့သည်ဟု သတင်းစာက ဆိုသည်။

ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၀၀၀၀ ကျော် ရှိကြောင်း၊ ထွက်ပြေးလာသည့် ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ် ဒေသများ တွင် ခိုလှုံနေကြကြောင်း သိရသည်။

ထို့အပြင် တချို့ဒုက္ခသည်များမှာ မြစ်ကြီးနား၊ ၀ိုင်းမော်မြို့တို့တွင်ရှိသော ဆွေမျိုးများထံ သွားရောက်နေထိုင်နေကြပြီး ဘာ သာရေး အဆောက်အအုံများတွင် အများစု ခိုလှုံနေထိုင်ကြရသည်ဟု ကချင် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

ကချင် ဒုက္ခသည်များကို KIA အပါအ၀င် ဒေသခံ ဘုရားကျောင်းများနှင့် အဖွဲ့အစည်းတချို့တို့မှ ကောက်ခံရရှိထားသော အလှူငွေများဖြင့် ထောက်ပံ့ပေးထားရကြောင်း သိရသည်။

သံဖြူဇရပ် ရဲစခန်းကို အမည် မသိ သေနတ်သမား ၂ဦး ပစ်ခတ်

(ကေအိုင်စီ)

မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်ရှိ မြို့မရဲစခန်းကို အမည်မသိ သေနတ်သမားနှစ်ဦးက ယနေ့ နေ့လည် ၁၁နာရီ ဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

ဆိုင်ကယ်စီးလာသည့် ထိုသေနတ်သမား ၂ဦးသည် မြို့လယ်ရှိ ရဲစခန်းကို ၄၀-မမဖြင့် ပစ်ခတ်သွားရာ စခန်းခြံစည်းရိုးထိကာ ပေါက်ကွဲမှုမရှိသည့်အတွက် တစုံတရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

“အရပ်သားဝတ်စုံနဲ့ပဲ ၂ယောက် ဆိုင်ကယ်စီးရင်းနဲ့ ပစ်သွားတာ။ နောက်က စီးတဲ့လူက ပစ်တယ်။ စခန်းဝင်းကိုတော့ ထိသွား တယ်။ ဒါပေမယ့် ဘာထိခိုက်မှုမှ မရှိဘူး။”ဟု သံဖြူဇရပ်မှ ရဲအရာရှိတဦးက ပြောသည်။

ထိုသေနတ်သမားနှစ်ဦးသည် မော်လမြိုင်ဘက်မှ လာသည့်လမ်းအတိုင်း ဝင်လာပြီး ရဲစခန်းကို ပစ်ခတ်ကာ ပငသွားရာလမ်းဘက် သို့ ဆိုင်ကယ်ဖြင့် ထွက်ပြေးမောင်းနှင်သွားကြောင်း မြို့ခံများက ပြောသည်။

အဆိုပါရဲစခန်းကို ဝင်ပစ်သွားသည့် သေနတ်သမားနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကို အာဏာပိုင် များက ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

သံဖြူဇရပ် မြို့ခံတစ်ဦးက “စခန်းကို ပစ်သွားပြီးတော့ ပငသွားတဲ့လမ်းဘက်ကို မောင်းပြေးသွားတာကြားတယ်၊ အသေးစိတ်ကို တော့ ဘာမှမသိရသေးဘူး။”ဟု ပြောသည်။

ရဲစခန်းဝင်ပစ်သွားသည့် ထိုသေနတ်သမားနှစ်ဦးကို မြို့ပေါ်ရှိ တာဝန်ရှိရဲများနှင့် စစ်တပ်များတို့က လိုက်လံရှာဖွေနေဆဲဖြစ်သည်ဟု ၎င်းမြို့ခံက ပြောသည်။

၂၀၁၀ ခုနှစ်၊ မေလက သံဖြူဇရပ် မြို့မရဲစခန်းအတွင်း ဗုံးတလုံးပေါက်ကွဲခဲ့သော်လည်း ယခုဖြစ်စဉ်လိုပင် တစုံတရာ ထိခိုက်ပျက် စီးမှု မရှိခဲ့ပေ။

အလားတူ ၂၀၁၁ခုနှစ်၊ ဇွန်လတွင်လည်း သံဖြူဇရပ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်အနီး၌ ဗုံးတလုံးပေါက်ကွဲခဲ့ရာ အုတ်တံတိုင်း ပြို ကျတာသည်မှလွဲ၍ ပျက်စီးဆုံးရှုံးမှု မရှိသလို ထိုဗုံးပေါက်ကွဲမှုမှာလည်း မည်သူ့လက်ချက်ဖြစ်သည်ကို အာဏာပိုင်တို့က ဖော်ထုတ် နိုင်ခြင်း မရှိခဲ့ပေ။

တောင်ယာစောင့် ရွာသား ၃ ဦးအား မြန်မာစစ်တပ်ပေါ်တာဆွဲ ချောက်ထဲ၌သတ်ပစ်

သျှမ်းသံတော်ဆင့်

မြန်မာ စစ်တပ် ချောဆွဲ သွားစဉ် ကတည်းက ပျောက်ဆုံး နေသော ရွာသား ၃ ယောက်အား ၎င်းတို့ တပ်ဆုတ် ပြန်ပြီး နောက်ပိုင်း ဆွေမျိုးများ သွားရောက် ရှာဖွေရာ ချောက်ထဲ၌ အရိုးစုများ တွေ့ရှိ ခဲ့ကြောင်း သျှမ်းပြည် အလယ်ပိုင်း မှလာသော သတင်း အရ သိရသည်။

“ကျိန်းလိန်အုပ်စုက ရွာသား ၂ ယောက်နဲ့ ဝမ့်ဝပ်အုပ်စုက ရွာသား ၁ ယောက်ကို ခမရ ၅၁၃ ၊ ခလရ ၂၈၆ နဲ့ ၆၄ တို့ ပူး ပေါင်းစစ်ကြောင်း က ချောဆွဲသွားတာ။ အဲ့ကတည်းကစပြီး ရွာသား ၃ ယောက် ပေါ်မလာ တော့ဘူး။ ဆွေမျိုးတွေလဲ လိုက်မမေးရဲကြဘူး။ ဗမာတွေစခန်းရုပ်ပြန်သွားမှ သွားရှာကြတာ စခန်းနဲ့ ကိုက် ၁၀၀ လောက် အကွာ ချောက်ထဲမှာ သူတို့ ၃ ယောက်ရဲ့ အရိုးစုတွေတွေ့ရတယ်” ဟု ကျေးသီး မြို့ကကုန်သည်တဦးကပြော သည်။

ဂျူလိုင်လ ၁၈ ရက်က ကျေးသီးမြို့နယ် ကျိန်းလိန် အုပ်စု ဝမ့်နမ့် မော်ရွာ မြောက်ဖက် လွယ်ဆုန်းမတ်မိုက်ဟုန်း ဖက် တပ် စခန်းချသော မြန်မာစ စ်တပ် ခမရ ၅၁၃ က ကျိန်းလိန်အုပ်စု နမ့်မော်ရွာ သား ဆန်လုံ ( အသက် ၄၈ နှစ်) ၊ ဆန်ထွန်း (အသက် ၄၉ နှစ်) နှင့် ဝမ့်ဝပ် အုပ်စု နမ့်တက် ရွာသား လုံးလုံစွန်း (အသက် ၅၄ နှစ်)အား ချောဆွဲ ခေါ်ယူသွားရာ သတ်ဖြတ် ၍ ချောက်ထဲသို့တွန်းချ ထားခြင်း ဖြစ်ကြောင်း သေဆုံးသူ တဦး၏ အသိုင်း အဝိုင်း ကဤ ကဲ့သို့ ပြောပြသည်။

“ ကျနော်တို့အကို ယာသွားစောင့်ရင်းနဲ့ ချောဆွဲခံရတာ ဂျူလိုင်လကတည်းကဘဲ။ ပြန်မလာတော့လဲလိုက်မရှာ ရဲကြဘူး။ ဗမာစစ်တပ်တွေက အဲဒီဘက်မှာရှိနေတယ်လေ။ ဒီလ ၂၅ ရက် ကြာသပတေးနေ့တုန်းက သူတို့ စခန်းဖြုတ်တပ်ဆုပ်သွား ပြီးပြီးချင်း ကျနော်တို့ သွားရှာကြတယ်။ ဟိုးချောက်ထဲမှာ အလောင်း ၃ လောင်းရဲ့ အရိုးစုတွေ။ သူတို့စီးထားတဲ့ ဖိနပ် တောင် မကျွတ် မပျက်သေးဘူး” ဟု သျှမ်းသံတော်ဆင့်သို့ ပြန်လည်ပြော ပြသည်။

အဆိုပါ လွယ်ဆုန်းမတ်မိုက်ဟုန်း ရှိ မြန်မာတပ်စခန်းမှာ ကျိန်းလိန်အုပ်စု ဝမ့်နမ့်မော်ရွာနှင့် ၂ မိုင်ခန့်အကွာ တွင်ရှိ ပြီး ၎င်း အရိုးစု ၃ ယောက်မှာ လွယ်ဆုန်းမတ်မိုက်ဟုန်း တပ်စခန်း၏ အရှေ့ဖက် ကိုက် ၁၀၀ ခန့်အကွာ ချောက်ထဲ၌တွေ့ရကြောင်း ၎င်းက ပြောသည်။

အဆိုပါ တပ် ၃ တပ်နှင့်ပါတ်သက်၍ ကျိန်းလိန်ဒေသခံတဦးကလည်း “ ဒီ ၃ တပ်ရဲ့ဆိုးမှု မိုက်မှုကတော့ ထိပ်ဆုံး ကဘဲ။ တပတ်ထဲမှာဘဲ ကျနော်တို့ရွာက နွား ၂ ကောင် ပစ်စားတယ်။ ရွာထဲဝင်ပြီဟေ့ ဆိုရင် တွေ့တာ ယူတော့ တာ။ တကယ်ပြော တာ။ မိန်းခလေးတွေရဲ့ ထမီတောင် နဲနဲသစ်သစ်လွင်လွင်ရှိရင် ယူတာ။ ဘာမှ မချန်ဘူး” ဟု ပြော၏။

၎င်းနှင့်ပတ်သက်၍လည်း ရပ်ရွာအကြီးအကဲတဦးက - ပင်လုံအခြေစိုက် ခမရ ၅၁၃ က တာ့ဆမ်ပူး၊ ကုန်းနင်၊ မိုင်းခန်၊ တူယားရွာများ သားများ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို လုယက်ဓါးပြတိုက်ယူခြင်း ၊ မိုင်းနောင် ခလရ ၂၈၆ က မိုင်းနောင်မြို့ နယ်ခွဲတွင် ကျေးလက် ရွာသူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ ကျွဲနွားများသတ်စားခြင်း၊ လဲချား ခလရ ၆၄ ကမူ လဲချား ဈေးအတွင်း ရွာသားအားထိုးကြိတ် ရိုက်နက်စစ်ဆေးသောကြောင့် အဆိုပါတပ်များအား ရွားသားများက ကြောက်လန့်နေ ကြသည်ဟု ပြောပါသည်။

ကုလားနှင့်ဗမာ ထိုးကြိတ်ရာမှ မကျေနပ်သည့် ဒေသခံများနှင့် အာဏာပိုင်များထိပ်တိုက်တွေ

ရိုးမ ၃

ကုလားနှင့်ဗမာ ထိုးကြိတ်ရာမှ မကျေနပ်သည့် ဒေသခံများ ရာချီစုရုံးလာသည့်အတွက် ရဲအာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေလျှက်ရှိသည်။

ယမန်နေ့ည ၉ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ပေါ်တွင် ဗမာတဦးအား ကုလားငါးဦးက ဝိုင်းရိုက်ခဲ့ရာ ဒါဏ်ရာအပြင်းအထန်ရရှိသွားပြီး မကျေနပ်သည့် ဒေသခံ ၇၀၀ ကျော်က ပလီရှေ့ကို ဝိုင်းထားပြီး ရဲအင်အား ၄၀ ခန့်က စောင့်ကြပ်နေလျှက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

“ဖြစ်တာက ညတုန်းက ၉ နာရီလောက်မှာ မြို့လယ်ခေါင်က ဒေါ်စု စက်သုံးဆီဆိုင်ရှေ့မှာ ဖြစ်တာ၊ ကုလားတွေက ဝိုင်းရိုက်တော့ အရိုက်ခံရသူက တကိုယ်လုံးဖူးယောင်ပြီး ဒါဏ်ရာ တော်တော်ပြင်းတယ်၊ လောလောဆယ် ဆေးရုံကြီးမှာ အတွင်းလူနာဖြစ်နေတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ရိုက်နှိက်ထွက်ပြေးသွားသည့် ကုလားများအား ပလီထဲတွင် ဝှက်ထားသည့်အတွက် ဒေသခံများက ပလီရှေ့က စောင့်နေသည့်အပြင် ကုလားသချိုင်္ိင်းအနီးတွင်လည်း လူအင်အား ထောင်နှင့်ချီဝိုင်းအုံလာပြီး ရဲအင်အားများလည်းထပ်မံ တိုးချဲ့လိုက်ကြောင်း ဒေသခံများက ဆက်ပြောသည်။

“ည ၁၁ နာရီလောက်ကြတော့ ကုလားသင်္ချိင်းနားမှာ လူတထောင်လောက်ထပ်တိုးလာတော့ ရဲတွေလည်း ၁၀၀ လောက်ထပ်ပြီး စောင့်ကြပ်နေတာတွေ ပြုလုပ်နေတယ်၊ ရဲတွေကတော့ ဝိုင်းလာတဲ့လူတွေကို အိမ်ကို အတင်းပြန်ခိုင်းတယ်” ဟု ဆက်ပြောသည်။

အရိုက်ခံရသည့် ကိုစိုးဝင်းသည် အသက် ၄၅ နှစ်ခန့်ရှိပြီး ဝိုင်းရိုက်သည့် ကုလားများမှာ ကြည်ကြည်ဝင်းရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြောင်း ဒေသခံက ပြောသည်။

မကြာသေးခင်ကလဲ မန္တလေးမြို့ကျောက်ဝိုင်းတွင် နိုင်ငံခြားသား တရုတ်လူမျိုးများ ဝိုင်းရိုက်နှက်ထိုးကျိတ်မှုကြောင့် ဗမာတဦး ဒါဏ်ရာရရှိခဲ့ပြီး ယင်းကဲ့သို့ ပြုမူမှုကို မကျေနပ်သည့် ဒေသခံများက သောင်းနှင့်ချီပါလာပြီး အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။

ရာဇဝင်ထဲက ဘုရင်မကို အကွက်ရွှေ့မှားသည့်အခါ

သွင်အောင်

ကျနော်တို့ငယ်ငယ်က မိုးဝေကဗျာခေတ်ဆိုတာ ရှိခဲ့ဖူးတယ်လို့ အသက်ကြီးလာတဲ့အခါ ပြန်ကြားခဲ့ဖူး ပါတယ်။ အဲဒီ မိုးဝေ ကဗျာခေတ် ဆိုပြီး မိုးဝေမဂ္ဂဇင်းမှာ ကဗျာဆရာတွေရေးခဲ့တဲ့ ကဗျာတွေက ဖိနှိပ်မှုတွေကို ဆန့်ကျင်တော်လှန်တဲ့ သက်ရောက်မှုတွေနဲ့ ရေးခဲ့ကြတာလို့ဆိုပါတယ်။

အဲတုန်းက ကဗျာတပုဒ်ကို အဲဒီခေတ်ကို ကိုယ်တွေ့ဖြတ်သန်းခဲ့ဖူးတဲ့ နောင်တော် တယောက်ကပြန် ပြောပြလို့ သိခဲ့ပါတယ်။ အဲဒီကဗျာကတော့ ဆရာမောင်လေးအောင်ရဲ့ “နစ်ဆင်နှင့် စစ်တုရင်ထိုးခြင်း” ပါပဲ။ ကဗျာကတော့ ၁၉၆ဝ ကျော် ၇ဝ ကာလများက ဖြစ်ခဲ့တဲ့ အမေရိကန်-ဗီယက်နမ် စစ်ပွဲရဲ့ နောက်ခံ အကြောင်းအရာကို ကဗျာဆရာက စိတ်ကူးဉာဏ် ကွန့်ပြီးတော့ စပ်ထားခဲ့တာ ဖြစ်ပါတယ်။

နှစ်ပိုင်းကွဲနေတဲ့ ဗီယက်နမ်နိုင်ငံမှာ မြောက်ပိုင်းက ကွန်မြူနစ်နိုင်ငံ ဖြစ်နေပြီး၊ တောင်ပိုင်းကတော့ အမေရိကန်ရဲ့
ကျောကန်ပေးထားမှုနဲ့ ကွန်မြူနစ်ဆန့်ကျင်တဲ့ နိုင်ငံဖြစ်နေတာပါ။ တနိုင်ငံလုံးကို ပေါင်းစည်းပြီး ကွန်မြူနစ်
နိုင်ငံတော် တည်ထောင်ဖို့ မြောက်ပိုင်းက ကြိုးစားလာတဲ့အခါမှာ အမေရိကန်တို့က ကွန်မြူနစ်ဝါဒ မပြန့်ပွားစေဖို့
တောင်ပိုင်းကနေကူတိုက်ဖို့ ပြင်ဆင်နေကြချိန် ဖြစ်ပါတယ်။

တောင်ဗီယက်နမ်က ပြည်သူတွေထဲမှာ မြောက်ဗီယက်နမ် ကို ထောက်ခံတဲ့ မြေအောက် တော်လှန်ရေးသမားတွေ ရှိနေ၊လှုပ်ရှားနေပြီ ဖြစ်ပေမယ့် တောင်ဗီယက်နမ် ပြည်သူ
တွေက တခဲနက်ထောက်ခံပြီး အစကထက် မြောက်ဗီယက်နမ် ရဲ့ ပေါင်းစည်းရေးလှုပ်ရှားမှုအတွက် ပိုမိုတက်ကြွစွာ လှုပ်ရှား လာစေခဲ့တဲ့ အဖြစ်အပျက်လေး တခုဟာ တောင်ဗီယက်နမ်ရဲ့ မြို့တော် ဆိုင်ဂုံမှာ ဖြစ်ပျက်ခဲ့ပါတယ်။

ကွန်မြူနစ်ဆန့်ကျင်ရေး မူဝါဒအရ အမေရိကန်ရဲ့ လွမ်းမိုးမှု ကိုခံနေရတဲ့ တောင်ဗီယက်နမ်က လူငယ် အချို့ဟာ အမေရိကန် လွှမ်းမိုးမှုအောက်က လွတ်မြောက်ပြီး ကွန်မြူနစ်ဝါဒကျင်သုံးတဲ့ ဗီယက်နမ်တနိုင်ငံတည်း ဖြစ်စေဖို့ ဗီယက်ကောင်း (Vietcong) လို့ခေါ်တဲ့ အမျိုးသား လွတ်မြောက်ရေး တပ်ဦးနဲ့ ဆက်သွယ်ပြီး မြေအောက် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

အဲဒီအထဲက လူငယ်တယောက်ဖြစ်တဲ့ ငုယင်ဗန်ထျွိင်းဟာ အသက် ၁၇ နှစ်သာရှိသေးပြီး သူဟာ တောင်ဗီယက်နမ်
ကို ၁၉၆၃ ခု မေလအတွင်း အလည်အပတ် လာရောက်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်မဂ္ဂနာမာရား
ကို လုပ်ကြံဖို့ကြိုးစားမှုနဲ့ တောင်ဗီယက်နမ် အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ သူ့ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

၁၉၆၄ ခုအောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ ချီဟို (Chi Hoa) အကျဉ်းထောင်အတွင်း သတင်းထောက်များ
ရှေ့မှောက်မှာ သေနတ်နဲ့ပစ်သတ်ပြီး သူ့ကိုကွပ်မျက်ခဲ့ပါတယ်။ အခြားမြေအောက် တော်လှန်ရေးသမားတွေ
ကြောက်လန့်သွားအောင် သင်ခန်းစာပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းထောက်အများရှေ့မှာ ကွပ်မျက်ဖို့ အမေရိကန်ရဲ့ အကြံပေးချက်အရ တောင်ဗီယက်နမ်အစိုးရဟာ စဉ်းစားလုပ်ကိုင်ခဲ့တာလို့ ယူဆခဲ့ကြပါတယ်။

သူ့ပြည်သူတွေကို ဘယ်လောက်ချစ်ကြောင်း၊ သူ့တိုင်းပြည်ကို ဘယ်လောက်ချစ်ကြောင်း သတင်းထောက်တွေ
ကို ရဲရဲဝံ့ဝံ့ အော်ပြောရင်း ကိုယ်ထဲကို သေနတ်ကျည်ဆန် ဖောက်ဝင်သွားတဲ့အချိန်မှာတောင် အဖ ဗီယက်နမ် နိင်ငံတော် အဓွန့်ရှည်ပါစေလို့ နောက်ဆုံးထွက်သက်အထိ ရဲရင့်စွာ ပြည်သူတွေအတွက် ကြွေးကြော်သွားခဲ့တဲ့ ငုယင်ဗန်ထျွိင်းဟာ အမေရိကန်နဲ့ တောင်ဗီယက်နမ် အစိုးရတို့ရဲ့ ရည်ရွယ်ချက်ကို မှန်းချက်နဲ့ နှမ်းထွက်မကိုက်
စေခဲ့ပါဘူး။

သူ့ရဲ့ ရဲရင့်တဲ့ ရုပ်ပုံလွှာဟာ မြင်ရ၊ကြားရသူ တောင်ဗီယက်နမ် ပြည်သူတိုင်း၊ လူငယ်တိုင်းကို ဗီယက်နမ်
နိုင်ငံတော်အတွက် နိုးထဖို့ စေ့ဆော်ပေးနိုင်ခဲ့ပါပြီ။ အဲလိုနဲ့ တောင်ဗီယက်နမ်ပြည်သူတွေဟာ အမေရိကန်
ဆန့်ကျင်ရေး၊ ဗီယက်နမ်နိုင်ငံ တခုတည်း ထူထောင်ရေးတို့မှာ ရှေ့တန်းက စွန့်စွန့်စားစား တိုက်ပွဲဝင်လာခဲ့ကြပြီး
ကမ္ဘာ့ စူပါပါဝါ အမေရိကန်တပ်တွေ နောက်ဆုံးတော့ ဗီယက်နမ်ကနေ အကွဲကွဲ အပြဲပြဲ ပြန်ဆုတ်ပေးရတဲ့ အထိ
ဖြစ်ခဲ့ရပါတယ်။

အဲဒီအဖြစ်လေးကို ကဗျာဆရာမောင်လေးအောင် က “နစ်ဆင်နှင့် စစ်တုရင်ထိုးခြင်း" ဆိုပြီး ကဗျာဉာဏ် ကွန့်မြူးလို့
ရေးခဲ့တဲ့ မိုးဝေခေတ် ကဗျာလေးတပုဒ်ကို ကျနော်သိခွင့်ရခဲ့တာပါ။

ဆရာမောင်လေးအောင်က အဲဒီ အချိန်က အမေရိကန်သမ္မတဖြစ်တဲ့ နစ်ဆင်ဟာ ငုယင်ဗန်ထျွိင်းရဲ့ ကိစ္စကို အခြား
တော်လှန်ရေးသမားတွေ ကြောက်သွားအောင် သတင်းသမားတွေရှေ့မှာ သင်ခန်းစာအဖြစ် ကွပ်မျက်ခိုင်းလိုက်တာ
ဟာ စစ်တုရင်ပွဲတခုမှာ အကွက်ရွှေ့မှားသွားတာမျိုးပဲဖြစ်ပြီး အဲဒါကြောင့်လဲ တပွဲလုံးရှုံးသွားရသလို စစ်ရှုံးသွားရတာ လို့ နှိုင်းယှဉ်ပြီး စိတ်ကူးဉာဏ် ကွန့်မြူးရေးထားတဲ့ ကဗျာလေးပါ။

အချိန်တွေကြာလာတော့ အဲဒီကဗျာလေးကို မေ့တောင်နေပါပြီ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီလို အဖြစ်အပျက်လေးတခု အခုဖြစ်နေပြီလို့ ခံစားလိုက်ရလို့ ကဗျာလေးကို ကျနော်ပြန် အမှတ်ရ လာမိပါတယ်။

အခုတကြိမ် အကွက်ရွှေ့မှားသွားတာကတော့ မြန်မာပြည်က မျက်နှာဖုံး အမျိုးမျိုးပြောင်းတပ်နေတဲ့ စစ်ဗိုလ်ချုပ် တစုပဲ ဖြစ်ပါတယ်။ သူတို့ဟာ တော်ရုံ အကွက်မှားရွှေ့တာ မဟုတ်ပါဘူး။ တဘက်က ဘုရင်မကြီးကို အပိုင်ဆိုပြီး သွားချက်(Chess Mate) လိုက်ကာမှ ကိုယ့်ဘုရင်ကြီးကို အစားခံရမယ့်အကွက် (တခါတည်းရှုံး မယ့်အကွက်) ပွင့်ထွက် သွားရတာပါ။ တကွက်တည်းနဲ့ မဟုတ်တောင် နောက်နှစ်ကွက်၊ သုံးကွက်ထက် မပိုတော့ပါ။ ရှုံးကွက် ပွင့်သွားခဲ့ရပါပြီ။

သူတို့အပိုင်ဆိုပြီးသွား ချက်လိုက်တဲ့ ဘုရင်မကြီးကတော့မြန်မာပြည်က ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီမြစ်ကြီး ပဲ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီး မွေးဖွားရာ မြစ်ဆုံအရပ်မှာ ဆည်ကြီးဆောက်ပြီး လျှပ်စစ်ဓါတ်အားတွေထုတ်ဖို့ တရုတ်
နိုင်ငံနဲ့ သဘောတူခဲ့တာပါပဲ။ တကယ်တော့ အဲဒီလုပ်ရပ်ဟာ ရိုးရိုးအမှားတခုတင် မဟုတ်ပါဘူး။

အမေရိကန် နိုင်ငံသားတွေဟာ မစ္စစပီမြစ်ကြီးအတွက် ဂုဏ်ယူကြပါတယ်။ အီဂျစ်တွေကလဲ နိုင်းလ် မြစ်ကြီး
ကြောင့် ဂုဏ်ယူပါတယ်။ တရုတ်ပြည်သားတွေကလဲ ယန်စီမြစ်ကြီးကြောင့်ပေါ့။ နိုင်ငံသားတိုင်းဟာ သူတို့
နိုင်ငံတွေရဲ့ အဓိက မြစ်ကြီးတွေကြောင့် ဂုဏ်ယူ ဝင့်ကြွား ကြပါတယ်။ ကိုရီးယားသားတွေကလဲ ဟန်မြစ်ကြီးပေါ့။
မြစ်ကြီးတွေနဲ့ ပတ်သက်ပြီး အိပ်ရာဝင်ပုံပြင်တွေလဲ အများကြီး မွေးဖွားခဲ့ကြပါတယ်။ နိုင်ငံရဲ့ ယဉ်ကျေးမှု တခု အနေနဲ့လည်း တန်ဖိုးထားကြပါတယ်။

ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကိုပြညွှန်းနေရာ သက်ရှိပြတိုက်ကြီး တခုပါပဲ။ ဧရာဝတီမြစ်ဟာ
မြန်မာပြည်ရဲ့ အသက်သွေးကြော ဆိုတာကိုလဲ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာ ကြီးတဲ့သူတိုင်း သိကြပါတယ်။
မြစ်ကြီးကိုမှီပြီး ရေလုပ်ငန်း လုပ်ကိုင် စားသောက်နေကြရတယ်။ လယ်ယာ စိုက်ပျိုး လုပ်ကိုင်နေကြရတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေ ဖြောင့်ဖြူးနေကြရတယ်။သဘာဝပတ်ဝန်းကျင် စိမ်းလန်းနေကြရတယ်။ ရာသီဥတုတွေ မှန်ကန်နေကြရတယ်။ ပတ်ဝန်းကျင်ဂေဟ စနစ်တွေ မျှတနေရတယ်။ တိရစ္ဆာန်မျိုးစိတ်တွေ ရှင်သန်နေကြရတယ်။

မြစ်ဆုံဆိုတာ အားလုံးသိကြတဲ့အတိုင်း မေခနဲ့မလိခ မြစ်နှစ်သွယ်ပေါင်းပြီး ဧရာဝတီမြစ်ဆိုတာ စတင်ဖြစ်ပေါ်ရတဲ့
နေရာပါ။ အဲဒီ ဧရာဝတီမြစ်ကြီးကြောင့်လည်း အထက်ကပြောခဲ့သလို အကျိုးကျေးဇူးတွေရနေ ကြရတာပါ။ မြစ်ဆုံမှာ အခုတော့ စင်္ကာပူနိုင်ငံ အကျယ်အဝန်းထက် ကြီးတဲ့ဆည်ကြီးတခု ဆောက်တော့မယ်လို့ စစ်အုပ်စုက လုပ်နေကြပါပြီ။ အဲ့လိုလုပ်လို့ ပြည်သူတွေဘာဖြစ်မလဲ တချက်ကြည့်ကြည့်ရအောင်။

အရင်ဆုံးတော့ ဆည်ဆောက်မယ်ဆိုတဲ့ နေရာကကျေးရွာပေါင်း ၅ဝ နီးပါးနဲ့ ကျေးရွာနေလူထု ၂ သောင်းကျော်က သူတို့မွေးရပ်နေရာဒေသတွေကို စွန့်ခွာပြီး ရွှေ့ပြောင်းပေးကြရမှာပါ။ ဘိုးစဉ်ဘောင်ဆက် နေလာခဲ့တဲ့နေရာတွေကို ရုတ်တရက်စွန့်ခွာပြီး နေရာစိမ်းမှာ ဘဝတခုကိုချက်ချင်း တည်ဆောက်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။ ဒါက ပထမဆုံး ဒုက္ခရောက်ကြရမယ့် ဘဝတွေပါ။

နောက်တခုကတော့ မြစ်ကြောင်းတလျှောက်က လူထုရဲ့ကံကြမ္မာပါပဲ။ ဆည်ကြီးက ရေတွေကိုထိန်း လိုက်ပြီဆိုတော့
မြစ်ရဲ့ရေစီးရေလာက ဆည်ကြီးက ရေလွတ်ပေးမှုပေါ်ကိုပဲ တည်သွားမှာပါ။ အဲ့တော့ တခါတလေရေစီးမယ်။ တခါတလေ ရေမရှိဘဲနေမယ်။ တခါတလေ ရေတွေတလဟောထိုးစီးမယ်။ စီးလာမယ့်ရေက ဆည်ထဲကလှောင်ရေ
တွေမို့ သန့်ရှင်းမှာ မဟုတ်ပါ။

အဲ့တော့ ရေကြောင်းသွားလာရေးပျက်မယ်။ ရေတွေကြီးမယ်။ မြစ်ကိုမှီပြီးနေတဲ့ တိရစ္ဆာန်တွေ သေကြေမယ်။ ရေလုပ်ငန်း လုပ်နေတဲ့သူတွေ ထမင်းငတ်မယ်။ မြစ်ထဲမှာ ရေမရှိလို့
မြစ်ဝကျွန်းပေါ်မှာ ပင်လယ်ရေတွေ ဝင်လာမယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေ ပျက်ကုန်မယ်။ ရောဂါဘယတွေ ထူပြောမယ်။
မြစ်ရေနဲ့ပေါက်တဲ့ ဒီရေတောတွေ သေမယ်။ မြစ်ကိုမှီနေရတဲ့ သစ်တောတွေ သေကြေမယ်။ ရာသီဥတုဖောက်ပြန်မယ်။
နောက်ထပ် "နာဂစ်"တွေ အများကြီး ရောက်လာဦးမယ်။

အဓိက,ကတော့ မြန်မာပြည်သူတွေရဲ့ အသဲနှလုံးကို ရင်ထဲ
က ဆွဲထုတ်သွားတာပါပဲ။ ဒီလိုတွေ ဖြစ်လာရင်တော့ နိင်ငံ ဂုဏ်ဆောင်မြစ်ကြီး ကောရတော့မှာပါ။ သေဆုံးရတော့မှာ
ပါ။ မြစ်ကြီးနဲ့အတူ မွေးဖွားလာတဲ့ ဧရာဝတီ ပုံပြင်တွေ၊ သီချင်းတွေ၊ ကဗျာတွေဟာ မြစ်ကြီးနဲ့ အတူ သေဆုံး သွားရတော့မှာပါ။

ဒီနေရာမှာ တချိန်ကတော့ ဧရာဝတီဆိုတဲ့ မြစ်ကြီးတစင်း ရှိခဲ့ဖူးတယ်ပြောတာပဲ ဆိုတဲ့ စကားလေးပဲ ကျန်ခဲ့တော့
မှာပါ။ ဘဝတွေ၊ အသက်တွေ၊ တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားရတော့မှာပါ။ တိုင်းပြည်ရဲ့ စပါးကျီကို တွန်းလှဲ ခံကြရတော့မှာပါ။ မြန်မာပြည်သားတွေ ဂုဏ်ယူခဲ့ရတဲ့ ယဉ်ကျေးမှုကို ကွပ်မျက်ပစ်ကြတော့မှာပါ။ ဧရာဝတီ
သေဆုံးရတော့မှာပါ။

စစ်အုပ်စုက အဲဒီမြစ်ကြီး မွေးဖွားရာအရပ်မှာ မြစ်ကိုသင်းသတ်ဖို့ ကြံနေကြပါပြီ။ အဲဒီဆည်ကရမယ့် လျှပ်စစ်ဓါတ်အား ကိုလည်း တရုတ်ပြည်ကိုပဲ တင်ပို့ရောင်းချမှာပါ။ ရရှိမယ့်အကျိုးဆက် ဓါတ်အားတွေက မြန်မာပြည်သူတွေ အတွက်
ဖြစ်ဦး၊ ဒီလိုကိုယ့်အိမ်ခေါင် ကိုယ်မီးနဲ့ရှို့မယ့် အလုပ်ကိုတော့ ဘယ်သူမှ အားပေးမှာမဟုတ်။ အခုတော့ ရရှိမယ့် အကျိုးရလဒ်ကလည်း သူများဆီသွားဦးမည်တဲ့။ ဗိုလ်ချုပ်တွေ အိတ်ထဲတော့ မြိုးမြိုးမျက်မျက် ဝင်မှာပေါ့။ ဒီကိစ္စကို စစ်အုပ်စုက အပိုင်ဆိုပြီး လုပ်နေကြပြီ။

အပိုင်တွက် လုပ်ပေမယ့် သူတို့ရှုံးရတော့မှာကို တဘက်က ထင်ရှားစွာပြနေလေပြီ။ ပြည်သူက ငြိမ်မနေတော့။ တခြားဟာဆို ကြောက်လို့ပဲဖြစ်ဖြစ်၊ စိတ်ကုန်လွန်းနေလို့ပဲဖြစ်ဖြစ် ရေငုံနေ၊ မျက်စိပိတ်နေချင်နေကြမည်။ ဒါကို
တော့ ဆွံအမနေကြတော့။ အသံတွေက ကျယ်လောင်လာကြပြီ။ ဆင်းရဲသည့်ဒါဏ်ကို ခါးစည်းခံနေကြရပေမယ့် အတတ်နိုင်ဆုံး ငြိမ်နေခဲ့ကြသည်။

စစ်ဘေးစစ်ဒါဏ်တွေကို ဆိုးရွားစွာ ခံနေကြရပေမယ့် ဥပက္ခာ ထား၍ ခေါင်းငုံ့နေခဲ့ကြသည်။ ချစ်သောသူများ ကြက်ကလေး၊ ငှက်ကလေးလို သေကြေ နေကြရသည်ကို မျက်ရည်ဝဲလျက် အံကြိတ်ခံနေခဲ့ကြသည်။ ယခုကတော့ နောက်ဆုံးခံတပ်ကို
ထိပါးလာနေသည်ကို အားလုံးခံစားအသိနှင့် သိနေကြပါပြီ။ ဒုက္ခတွင်းထဲ တွန်းချထားရုံ အားမရသေးဘဲ တသက်လုံးပြန် မတက်နိုင်အောင် လုပ်နေသည်ကို ငြိမ်နေ၍ မရတော့မှန်း သိနေကြပါပြီ။ လူကိုဒုက္ခပေးယုံနဲ့ အားမရဘဲ ရင်ဘတ်ထဲ
အထိ ဒုက္ခပေးရန်လုပ်နေကြတာကို မြင်နေကြပြီ။ အလွှာစုံက တုံ့ပြန်ကြတော့မယ်။

ပြည်သူတွေ လုပ်သင့်တာကို လုပ်နေကြပါပြီ။ တရုတ်နိုင်ငံကိုယ်တိုင်ပင် ဧရာဝတီမြစ်ဆုံဆည် ဆောက်ရန်ကိစ္စကို ပြည်သူတွေ ဤမျှလောက် အသံထွက်၍ ကန့်ကွက်လာလိမ့်မည် မထင်ခဲ့။ ယခုမျက်မြင်တွေ့ရချိန်တွင် အံအား သင့်သွားကြလေပြီ။ ဧရာဝတီကို အကြောင်းပြု၍ ပြည်သူတွေ မိမိတို့မှာရှိနေတဲ့ မေ့လျော့နေကြတဲ့ အားတွေကို
ပြန်လည် အမှတ်ရ၊ သိရှိခံစားမိလာကြပါတော့မယ်။

၁၉၈၈ တုန်းက ပြည်သူ့အင်အားတွေ၊ အစွန်းကုန် ရက်စက်တဲ့ အာဏာရှင်တွေကို ရော်ဝါရွက်ခြွေသလို ခြွေပစ်ခဲ့တဲ့ မိမိတို့အားတွေ အပြည့်ရှိနေသေးတာကို ဉာဏ် အလင်းရသလို သိရှိလာကြတော့မယ်။ ဒါဆိုလျှင် ဧရာဝတီကိုရေမစီးနိုင်အောင် လုပ်နေသူတွေကို ဧရာဝတီရေစီးတွင် မျှောပစ်နိုင်ရန် မဝေးတော့ပါပြီ။ ပြည်သူများမှ မိမိတို့အားကို မိမိတို့ ယုံယုံကြည်ကြည်နှင့် နောက်အကွက်များ ဆက်ရွှေ့ရန်သာ လိုပါတော့တယ်။ စစ်အုပ်စု၏ အကွက်ရွှေ့ အမှားကား စစ်အာဏာရှင်တို့၏ နေ့ရက်များကို ကုန်ဆုံးစေတော့မည်မှာ အမှန်မလွဲပင် ဖြစ်နေပါပြီဟု လေးစားစွာ တင်ပြလိုက်ရပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Aug,29th,2011

( 35 )မန္တ​လေး​၊​ အင်း​လေး​ဒေသနှင့်​ ​တောင်တွင်း​ကြီး​တို့​၌ ​ရေကြီး​နေ

( 34 )ရခိုင်တွင် လျှပ်စစ်မီတာခ အဆမတန် ​ဈေး​ကြီး

( 33 )Pregnant mother, infant son electrocuted in Myanmar

( 32 )ဗကသ တရား​ဝင်ရပ်တည်ခွင့်​ရ​ရေး​ လုပ်​ဆောင်မည်

( 31 )Rome festival falls for Suu Kyi love tale

( 28 )အစိုးရကို စမ်းသပ်သော နိုင်ငံရေး လှုပ်ရှားမှု လုပ်မည်ဟု ဗကသပြော

( 29 )Can optimism on Myanmar bear fruit?

( 28 )KIO အဖွဲ့တွင်း နိုင်ငံရေးရှင်းလင်းပွဲ ပြုလုပ်

( 27 )Myanmar MPs propose prisoner amnesty, says report

( 26 )အာဏာပိုင်နှင့် လုပ်ငန်းရှင်များ အနိုင့်အထက်ပြုလျှင် DPM ကူညီမည်

( 25 )သံဖြူဇရပ်ရဲစခန်းကို နေ့ခင်းပိုင်းတွင် ပစ်ခတ်

( 24 )Burma-Bangladesh border dispute set for UN hearing

( 23 )ပြန်ပေးဆွဲခံရသည့် ရွာသားနှစ်ဦးပြန်လွတ်လာ

( 22 )Rejecting Panglong Agreement could reignite extreme type of self-determination

( 21 )မြန်မာနိုင်ငံမှာ အင်တာနက် အတန်အသင့် ပွင့်လာ

( 20 )Burma Govt Offers Peace Talks to KNU

( 19 )The Lady ရုပ်ရှင်ကား ပြသတော့မည်

( 18 )Work on Sino-Burma railway could start in December

( 17 )ဧရာဝတီဂျာနယ် ထွက်မည်

( 16 )Burma’s war in Kachin State continues as bilateral talks unproductive

( 15 )ကျပ်ငွေဈေးချရန် တရားမဝင်ကားများ ဒေါ်လာဖြင့်ဒဏ်တပ်မည်

( 14 )European film festival goes in Burma

( 13 )မြစ်ဆုံအရေး လက်မှတ်ထိုး တောင်းဆိုကြမည်

( 12 )Shocking jail term indicates ‘business as usual’ for Burmese political prisoners

( 11 )ဟင်္သာတမြို့မှာ တင်းမာမှု ဖြစ်ပေါ်ခြင်းကို သံဃာတော်များ ကြားဝင် ဖြန်ဖြေပေးခဲ့

( 10 )Burmese nights

( 9 )ဒီမိုကရေစီ မိခင်ကြီးစာအုပ် မဲဆောက်မြို့မှာ စတင်ဖြန့်ချိ

( 8 )Burma tests its last brinksmanship

( 7 )အ​မေရိကား​ရောက် မြန်မာများ​ ဟာရီကိန်း​မုန်တိုင်း​ကြောင့်​ ​ဘေး​လွတ်ရာကို ​ရှောင်တိမ်း​နေ

( 6 )The other side of Suu Kyi's life

( 5 )ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပုံနှိပ်ဖော်ပြခွင့် မရသေး

( 4 )Modifications in Burma's state-run newspaper suggest change

( 3 )ရေကာတာတည်ဆောက်မှု ရပ်တန့်ရေး စုပေါင်း လက်မှတ်ထိုးနေကြ

( 2 )Quirky 'Buena-Save' signs play off old Burma-Shave theme

( 1 )ငြိမ်းချမ်းရေးကမ်းလှမ်းပေမဲ့ ဆွေးနွေးမှုတွေ မဖြစ်သေး