( 42 )လေဘေး အကူအညီ မသမာမူကြောင့် ကျေးရွာသားများ စိတ်ဝမ်းကွဲပြား
( 41 )ဟားခါးပြည်သူများ သင်္ချိုင်းကုန်းအသစ်အသုံးပြုရန် စည်ပင်ကအမိန့်ထုတ်
( 40 )ရခိုင်တွင် ကဏန်းမဖမ်းရဇုန် သတ်မှတ်
( 39 )တသီးပုဂ္ဂလများ လက်တွဲရန် ဒေါ်စု တိုက်တွန်း
( 38 )Suu Kyi unhappy with Indian investment
( 37 )အမေရိကန် ကိုယ်စားလှယ် အရွေးခံပါတီသစ်များနှင့် ဆွေးနွေး
( 36 )Border gate reopens after 3-year closure
( 35 )အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ
( 34 )စိုင်းစိုင်းခမ်းလှိုင်တို့ စတိတ်ရှိုးပွဲပျက်
( 33 )Myanmar junta accuses Suu Kyi of "cheap stunt
( 32 )မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ သားငယ် မြန်မာပြည်မှ ပြန်လည်ထွက်ခွာ
( 31 )ဒေါ်စုဆွဲ ပန်းချီပို့စ်ကဒ်များ ရန်ပုံငွေအတွက် ရောင်းချ
( 30 )Burma claims 76% voter turnout
( 29 )တသက်တာစာပေဆု ဒေါက်တာခင်မောင်ညွန့်ရရှိ
( 27 )Respect the monk
( 26 )ကချင်မနောပွဲတော် ကေအိုင်အို မပါရ
( 25 )US concerned over Suu Kyi’s safety
( 24 )မြန်မာ့အရေး ပိုမိုအားပေးရန် အိန္ဒိယကို ဒေါ်စု တိုက်တွန်း
( 23 )Myanmar junta chief urged to buy Man Utd
( 22 )အမေရိကန်အမတ် ဒေါ်စုကို ဖုန်းဆက်ဂုဏ်ပြု
( 21 )'Suu Kyi must remain free'
( 20 )အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ၄ ရက်ကြာ မြန်မာနိုင်ငံခရီး စတင်
( 19 )Suu Kyi urges aid to boost civil society in Europe message
( 18 )Divided Heart ဇာတ်ကားမှာ ဒေါ်စုအဖြစ် မီရှဲလ်ယိုး သရုပ်ဆောင်
( 17 )SA ambassador meets Suu Kyi
( 16 )၀ီကီလိခ်- မန်ယူအသင်းကို မြန်မာစစ်ခေါင်းဆောင် ၀ယ်ယူဖို့ စဉ်းစားမှုအပေါ် အားကစားလောက အမြင်
( 15 )not China's best friend anymore?
( 14 )တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တချို့နဲ့ ဒေါ်စုတွေ့ဆုံ
( 13 )War looms for Kachin as junta ceasefire crumbles
( 12 )ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်
( 11 )3.9 Million Kyat Donation from Daw Aung San Suu Kyi Distributed in Cyclone-Affected Area
( 10 )နအဖနှင့် ဒီကေဘီအေ တိုက်ပွဲ ပိုမို ပြင်းထန်၊ နအဖ တပ်အင်အား တိုးချဲ့
( 9 )India shows gesture to Burma
( 8 )မြန်မာနှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးတို့ တာချီလိတ်တွင် တွေ့ဆုံ
( 7 )War looms for Kachin as junta ceasefire crumbles
( 6 )ရှမ်းနှစ်သစ်ကူးပွဲ ချင်းမိုင်တွင် ကျင်းပ
( 5 )Yeoh wants Suu Kyi role
( 4 )နအဖနှင့် ဒီကေဘီအေ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
( 3 )Myanmar Junta mulled Man. U takeover
( 2 )စစ်မှန်တဲ့ ဆွေးနွေးပွဲဖြစ်ရေး အမေရိကန် ကိုယ်စားလှယ် မြန်မာပြည်ကိုသွား
( 1 )US Diplomat in Burma to Meet Leaders, Suu Kyi
Wednesday, December 8, 2010
Tuesday, December 7, 2010
မယ်လစခန်းတွင် ဆယ်ကျော်သက် အရွယ် မုဒိမ်းမှုတခု ဖြစ်ပွား
(ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယမန်နေ့က ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဆယ်ကျော်သက်လူငယ်က ကျူးလွန်သည့် မုဒိမ်းမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မယ်လစခန်း ဇုံဘီ၊ ရပ်ကွက်(၃)တွင် နေထိုင်သူ အဆိုပါမိန်းကလေးကို ယမန်နေ့ မနက် ၉နာရီကျော်အချိန်တွင် စခန်းအပြင်နား တွင် ဟင်းသီးဟင်းရွက် ရှာနေစဉ် ထိုရပ်ကွက်နေ အသက်(၁၄)နှစ်အရွယ် ယောက်ျားလေးတစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည် ဟု ဇုံဘီ ကရင်အမျိုးသမီးအစည်းအရုံး (KWO)မှ တာဝန်ရှိသူတဦးက ပြောသည်။
သူမက “ကလေးမရဲ့ အဖေအမေတွေ ပြောတာက ကလေးမက သူ့ သူငယ်ချင်းတယောက်နဲ့အတူ ဇုံဘီရဲ့ ကားလမ်းမကြီးတဖက် မှာ ဟင်းသီးဟင်းရွက် ရှာနေတဲ့အချိန်။ ကောင်လေးက အဲဒီမှာ သူ့မိဘ ခြံလုပ်တယ်လေ။ အဲဒါ သူတို့တွေ့ကြတော့ ကောင်လေး က ကလေးမရဲ့ သူငယ်ချင်းကို ပိုက်ဆံပေးပြီး မုန့်သွားဝယ်ခိုင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ ကလေးမကို အဓမ္မပြုကျင့်တာလို့ ပြော တယ်။”ဟု ကေအိုင်စီကို ပြောသည်။
အခင်းဖြစ်ပွားပြီးနောက် ကျူးလွန်သူ ယောက်ျားလေးကို စခန်းလုံခြုံရေးများက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ကျူးလွန်ခံရသူကို လက် ရှိအချိန်တွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်ချက်ခံယူနေကြောင်း သိရသည်။
အဆိုပါ မိန်းကလေးသည် မယ်လစခန်းထဲတွင် တတိယတန်း ကျောင်းသူလေးအဖြစ် ပညာသင်ကြားလျှက်ရှိပြီး ယခုလို ဖြစ်ရသည့် အတွက် စိတ်ထိခိုက်ရကြောင်း သူမကို အုပ်ထိန်းနေသည့် အစ်မဖြစ်သူက ကေအိုင်စီကို ပြောသည်။
“ကျမညီမက ကလေးစိတ်ပဲ ရှိသေးတယ်။ ဘာအပျိုလူပျိုစိတ်မှ မရှိဘူး။ အိမ်မှာလည်း တူ၊ တူမတွေကို ၀ိုင်းကြည့်ပေးတယ်။ အဲဒီ နေရာက အရင်က သူ သွားနေကျပဲလေ။ မနေ့က ကျောင်းပိတ်လို့ သူငယ်ချင်းနဲ့ သွားတာ။ ဒီလိုကြုံရမယ်လို့ တခါမှ မထင်မိခဲ့ဘူး။ သူ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရတယ်။”ဟု ပြောသည်။
မယ်လစခန်း လူမှုရေးတာဝန်ခံ နော်ဒေးဒေးဖိုးက “လောလောဆယ်တော့ ကျူးလွန်တဲ့ လူငယ်ကို ထွက်မပြေးရအောင် စခန်းအ ချုပ်ခန်းမှာ ယာယီ ထိန်းသိမ်းထားတယ်။ ဒီလို ရာဇ၀တ်မှုမြောက်တာဆိုရင် စခန်းအနေနဲ့က ထိုင်းလက်ထဲကိုအပ်ပြီး ထိုင်းဥပဒေနဲ့ ပဲ ဖြေရှင်းစေတယ်လေ။ အသက်မပြည့်သေးပေမဲ့လည်း မုဒိမ်းမှု၊ လူသတ်မှု ကျူးလွန်သူတွေလည်း ရှိနေတော့ ထိုင်းနိုင်ငံရဲ့ ကလေးဥပဒေနဲ့ သူတို့ ဖြေရှင်းသွားမှာပဲလေ။ ဒါပေမဲ့ ရာဇ၀တ်မှုတစ်ခုရဲ့ ဖြစ်ပျက်ပုံကိုတော့ စခန်းစည်းကမ်းအရ ပြောဆိုပိုင်ခွင့် မရှိဘူး။”ဟု ကေအိုင်စီကို ပြောသည်။
စခန်းအတွင်း ကျန်းမာရေးပညာပေးလုပ်ငန်း လုပ်ဆောင်နေသည့် IRC လက်အောက်မှ GBV-Gender Base Violence အဖွဲ့က လည်း ၎င်းတို့ပညာပေးနေသည့်ကြားမှ ယခုလို အသက်မပြည့်လူငယ်များအကြား မုဒိမ်းမှုများ ဖြစ်ပွားနေရသည့် အကြောင်းရင်းကို စစ်တမ်းကောက်ခံမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။
လူဦးရေ ငါးသောင်းခန့် နေထိုင်သည့် မယ်လဒုက္ခသည်စခန်းတွင် အလားတူ မုဒိမ်းမှုမျိုးအပြင် ခိုးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု များလည်း ယခင်က မကြာခဏ ဖြစ်ပွားခဲ့သည်။

ချင်းပြည်နယ် ပယကဥက္ကဌဗိုလ်မှူးချူပ်ဟုန်းငိုင်က မယကဥက္ကဌကို ကိုယ်ထိလက်ရောက်စော်ကား
ခိုနူမ်းထုန်သတင်း၊ ၇ ဒီဇင်ဘာ ၂၀၁၀
ချင်းပြည်နယ် ပြည်နယ်ဥက္ကဌ ဗိုလ်မှူးချူပ်ဟုန်းငိုင်က ဟားခါးမြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (မယက) ဥက္ကဌ ဦး ဆွန်ခန့်ထန်ကို ယခုရပ်ပိုင်းက ကိုယ်ထိ လက်ရောက်စော်ကားခဲ့ကြောင်းသိရသည်။
ဟားခါးမြို့တွင် ယခုလ ၄ ရက်နေ့က နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိတဲ့ ဒီဇင်ဘာလမ်းလျှောက်ပွဲ၌ လာရောက်သူ လူဦး ရေအလွန် နည်းပါး လွန်းသည့် အတွက်ကြောင့် ဗိုလ်မှူးချူပ်ဟုန်းငိုင်က စိတ်ဆိုးဒေါသထွက်သဖြင့် မယကဥက္ကဌကို အများ ပြည်သူရှေ့မှောက်တွင် သူ့မျက်နှာကို လက်သီးနဲ့ထိုးကြိတ်ခဲ့သည်ဟု ဟားခါးမြို့ခံတဦးကပြောသည်။
မယက ဥက္ကဌ ဦး ဆွန်ခန့်ထန်သည် ပြင်းထန်သည့်ဗိုလ်မှူးချူပ်၏လက်သီးဒဏ်ကြောင့် မြေပြင်ပေါ်သို့လဲကျ သွားခဲ့သည် ဟုသိရသည်။
ယခုလ ၄ ရက် စနေနေ့က ကျင်းပခဲ့သည့် အဆိုပါဒီဇင်ဘာလမ်းလျှောက်ပွဲတွင် အစိုးရ၀န်ထမ်း စုစုပေါင်း ၂၀ ခန့်သာတက်ရောက် လာခဲ့ကြောင်းသိရသည်။ ယင်းကိစ္စနဲ့ပတ် သက်ပြီး မယကဥက္ကဌကို ဌါနဆိုင်ရာများလည်း အုပ်ချူပ်နိုင် ခြင်းမရှိဘူးဟုဆိုကာ ယခုကဲ့သို့ ထိုးကြိတ်ခဲ့ခြင်းဖြစ်ဟုသိရသည်။
ဗိုလ်မှူးချူပ်ဟုန်းငိုင်၏ လက်သီးဒဏ်ချက်ကြောင့် မယကဥက္ကဌ မြေပြင်ပေါ်သို့လဲကျသွားသည်ကို တွေ့မြင်ခဲ့ကြသည့် ဒီဇင်ဘာလမ်း လျှောက်ပွဲကိုတက်ရောက်လာကြသော ၀န်ထမ်းများက အတော်လေးစိတ်မကောင်းဖြစ်နေကြသည်ဟုဟား ခါးဒေသခံတဦးကပြောသည်။ သို့ သော် မယက ဥက္ကဌ ဦး ဆွန်ခန့်ထန်သည် ပြင်းထန်သည့်ဒဏ်ရာ ဒဏ်ချက်ရရှိခြင်းမရှိကြောင်းသိရသည်။
ဗိုလ်မှူးချုပ်ဟုန်းငိုင်သည် ပြီးခဲ့သည့် နိုဝင်ဘာလ (၇)ရက်နေ့  မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် မင်းတပ်မြို့မဲဆန္ဒနယ်(၂)တွင် ၀င်အရွေးခံခဲ့ပြီး ကြိုတင်မဲကြောင့်အနိုင်ရရှိခဲ့သည်။
ချင်းပြည်နယ်တွင် လွှတ်တော်အမတ်နေရာ ၃၉ နေရာရှိသည့်အနက် (၁၈)နေရာသာကြံ့ဖွံ့ပါတီကရရှိခဲ့သည်။ အထူးသဖြင့် ဗိုလ်မှူးချုပ်ရုံးစိုက်ရာ မြို့ တော်ဟားခါးတွင် ချင်းအမျိုးသားပါတီနှင့် ဖလမ်းမြို့ နယ်တွင် ချင်းတိုးတက်ရေးပါတီတို့ က အပြတ်အသတ်အနိုင်ရရှိခြင်းအပေါ်မကြေမနပ်ဖြစ်ကြောင်းသိရသည်။
ယင်းသို့ ကြံ့ဖွံ့ ပါတီရှုံးနိမ့်သည့်အပေါ် အစိုးရ၀န်ထမ်းထဲမှ ကြံ့ဖွံ့ ပါတီ ကန့် ကွတ်မဲ ပေးသူများကို သက်ဆိုင်ရာ တာဝန်ရှိသူ များအား နိုဝင်ဘာလ (၁၂)ရက်နေ့ မှ ပြန်လည်စီစစ်ခိုင်း ကြောင်း၊ ထိုအချိန်မှစပြီး အစိုးရ၀န်ထမ်းများအပေါ် မကြေမနပ်ဖြစ် နေပြီးဖြစ်ကြောင်း သိရသည်။
ဟားခါးဒေသခံက” ဒီလမ်းလျှောက်ပွဲမှာ ၀န်ထမ်းတွေ ပါဝင်မှုနည်းတာနဲ့ ပတ်သက်ပြီး ပယက ဥက္ကဌမကြေမနပ်ဖြစ်တာ ကတော့မှန်တယ်လေ၊ ဒါပေမဲ့သူ့ ပါတီပေါ့ (ကြံ့ဖွံ့ ပါ တီ) ချင်းပြည်နယ်မှာ ရှုံးဆုံးတာလည်း သူ့ သမိုင်းမှာ မကောင်းဘူး ဆိုတော့ အခုလိုမယက ဥက္ကဌအပေါ် လက်လွန်ခဲ့တာ အထူးအဆန်းတော့မဟုတ်ဘူး” ဟုသုံးသပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ရခိုင်လေဘေးအတွက် ကူညီသော ကျပ် ၃၉ သိန်းကို အတွင်းရေးမှူး ဦးသိန်းလိုင်နှင့် တွေ့ဆုံ မေးမြန်းချက်
နိရဉ္စရာ။ ။ အခု ကိုသိန်းလိုင်တို့က ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ လှူဒါန်းတဲ့ ကျပ် ၃၉ သိန်းကို ဘယ်မြို့နယ်တွေကို သွားရောက်လှူဒါန်းခဲ့ပါသလဲ ခင်ဗျား။ဖြေ။ ။ ကျနော်တို့ နိုဝင်ဘာ ၂၄ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်က ကျပ် ၃၉ သိန်း လွဲအပ်ပါတယ်။ ကျပ် ၃၉ သိန်းအပြင် ကျနော်တို့ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းထွန်းက ကျပ်ငွေ ၅ သောင်း ရှမ်းပြည်နယ်က ဒေါ်ခင်မိုးမိုး၊ ဒေါ်သန်းငွေ၊ ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်တို့လည်းဘဲ အဝတ် အထည်တွေကို ထည့်ပေးလိုက်ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ကျနော်တို့ စထွက်တယ်။ နိုဝင်ဘာ ၃၀ ရက်နေ့က စပြီးတော့ ဒီဇင်ဘာ ၂ ရက်နေ့ထိ မြေပုံနဲ့ ပေါက်တော မြို့နယ်တွေက ရွာပေါင်း ၆ ရွာကို သွားရောက် လှူဒါန်း ခဲ့ပါ တယ် ခင်ဗျား။ အဲဒီရွာတွေကတော့ ပေါက်တော မြို့နယ်မှာ သဲတွေ၊ ကင်းရွှေ၊ ကွမ်းချိုင် ရွာရယ်၊ နောက်ပီး မြေပုံမြို့နယ်က အမျှက်ထွက်၊ သဲချောင်း ရွာဟောင်း၊ သဲချောင်းရွာသစ် တို့ ဖြစ်ပါတယ်။ အဲဒီလို လှူတဲ့နေရာမှာ ကျနော်တို့ တအိမ်ထောင်ကို ငွေ ငါးထောင်နဲ့ ဆန် ငါးပြည် ကျစီ လှူခဲ့ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ဆေး၊ ရေသန့်ဆေးပြား၊ အဝတ်တို့ လည်း လှူနိုင်ခဲ့ပါတယ်။ လှူတဲ့ နေရာမှာ ကျနော်တို့က ကျေးရွာသားတွေကို ခေါ်လိုက်တယ်။ ခေါ်လိုက်ပြီးတော့ အဲဒီမှာရှိတဲ့ နယ်မြေဒေသခံ တပ်မတော်သားတွေ ရှိတယ်၊ ရယကတွေရှိတယ်။ အကုန်လုံး အိမ်ထောင်စု စာရင်းတွေ တောင်းတယ်။ ညှိနိုင်းပြီး လူတွေခေါ်တယ်။ ခေါ်ပြီးတော့ ကျနော်တို့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လာတာဖြစ်တယ်။ ဒီအလှူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လှူတဲ့အလှူတွေ ဖြစ်တယ် ဆိုပြီးတော့ ကျနော်တို့ အသိပေးပါတယ် ခင်ဗျား။ ပေးတဲ့အခါမှာ လူတွေကလည်း တော်တော်ပျော်ရွင်ကြတယ်။ ဒေါ်စုကိုယ်တိုင် လှူတယ်ဆိုတဲ့ အသိလေးဟာ သူတို့ကို ပိုပြီး ပီတိဖြစ်စေတယ်။ အဲဒီလို လုပ်ပြီးတဲ့ အခါမှာ တအိမ်ထောင်စီကို ကျနော်တို့ က စာရင်းဇယားနဲ့ တဦးချင်း လက်မှတ်ထိုးပြီးတော့ ကျနော်တို့ လှူတယ်။ လှူပြီးတဲ့အခါမှာ ကျေးရွာရယက လူကြီးတွေကိုလည်း မှန်ကန်ကြောင်း ထပ်ဆင့် လှက်မှတ်ထိုးပြီးတော့မှ ကျနော်တို့က စနစ်တကျ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
နိရဉ္စရာ။ ။ လေဘေးသင့် ဒေသတွေကို ကိုယ်တိုင် သွားရောက် အကူညီပေးခဲ့တယ်ဆိုတော့ လေဘေးသင့် လူထုတွေရဲ့ နောက်ဆုံး အနေထားကို ဘယ်လို တွေ့ခဲ့ရပါလဲ။
ဖြေ။ ။ လက်ရှိအနေထားအရတော့ အရေးပေါ်အခြေအနေမှာဘဲ ရှိနေသေးတယ်။ မြို့ပေါ်ရပ်ကွက်နဲ့ သွားလာရေး အဆင်ပြေတဲ့ နေရာတွေမှာ စားရေးသောက်ရေး အဆင်ပြေတယ် ဆိုရပေမယ့်လို့ ကျနော်တို့ ရွာအတော်များများပေါ့လေ-- ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော မြို့နယ်က အဲဒီ ရွာ အတော်များများမှာ တော့ တနေ့ စာဘဲ ဆန်ရှိတာ တွေ့ရပါတယ်။ ကျနော်တို့ ဆီမှာလည် လာတောင်းကြတဲ့ ရွာတွေ မနည်း ဘူး ခင်ဗျား။ ထမင်းငတ်နေတဲ့ ကြားထဲက တချို့ ရွာတွေဆို သောက်သုံးရေ လုံးဝ မရှိတဲ့ ရွာတွေလည်း ရှိတယ်။ အဲဒီ ရွာတွေကတော့ မြေပုံမြို့နယ်မှာ ဆိုရင် ရေနီကြီး၊ သင်းပေါင်းချောင်း၊ ဝါးဘော်ကြီး အဲဒီ ရွာတွေဖြစ်တယ်။ မုန်တိုင်းကြောင့် စာသင်ကျောင်းတွေလည်း ပျက်စီးသွားလို့ ဒီနေ့ထိ စာမသင်ရတဲ့ ရွာတွေလည်း တွေ့ရတယ်။ တချို့ရွာတွေမှာ ကျတော့ တဲထိုးပြီး တော့ ကလေးတွေ စာသင်နေတာကို တွေ့ရတယ်။ နောက်တခုက မုန်တိုင်းရဲ့ နောက်ဆက်တွဲ ပြသာနာ ဖြစ်တဲ့ စီးပွားရေး အဆင်မပြေမှုတွေကြောင့် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေဟာ ကျောင်းမတက်ဘဲ ကျောင်းက ထွက်လိုက်ရတာလည်း တွေ့ခဲ့ရပါတယ်။ နောက်တခုက ဝမ်းရောဂါ ဖြစ်ပွားနေတာလည်း ကျနော်တို့ တွေ့ခဲ့ရတယ်။ အထူးသဖြင့် ကျောက်ဖြူ မြို့နယ်နဲ့ မြေပုံမြို့နယ်မှာ ပြင်းထန်လာတာကို တွေ့ရတယ်။ သေဆုံးမှုတွေ ရှိတယ်လို့လည်း သိရတယ်။ နောက်တခါ လုံးဝ ကျနော်တို့ တွေ့ခဲ့ရတဲ့ ရွာတွေရှိသေးတယ်။ အဲဒါက ဘယ်မီဒီယာ မှ သတိမထားမိတဲ့ အချက်လေးပေါ့ ခင်ဗျာ။ အမ်းမြို့နယ်မှာ ရွာတော်တော်များများလည်း ပျက်စီးနေတာကို ကျနော်တို့ တွေ့ခဲ့ရတယ်။ လာပြီးတော့ အကူညီ တောင်းခံတာလည်း တွေ့ခဲ့ရပါတယ်။
နိရဉ္စရာ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဘယ်အတိုင်းအတာထိ လေဘေးသင့် ပြည်သူတွေကို လူဒါန်း ကူညီတာ ရှိပါသလဲ။ အဓိက အားဖြင့် ဘယ်ပစ္စည်းတွေကို လှူဒါန်းခဲ့ပါသလဲ။
ဖြေ။ ။ ကျနော်တို့က ၂၀၁၀ နိုဝင်ဘာလ ၂ ရက် နေ့မှာ ရခိုင်ပြည်နယ် အဖွဲ့ချုပ်က နေပြီးတော့ မုန်တိုင်းသင့် ပြည်သူတွေ ကူညီကယ်ဆယ်ရေး ယာယီကော်မတီကို အဖွဲ့ဝင် ၁၅ ဦး ပါပြီးတော့ ဖွဲ့စည်း ခဲ့ပါတယ်။ အဲဒီက စပြီး ကျနော်တို့ နိုင်ဝင်ဘာလ ၂ ရက် ၃ ရက်နေ့မှာ ကျောက်ဖြူ မြို့နယ်မှာ ကျနော်တို့ ရွာ ၆ ရွာကို သွားရောက်ပြီး မုန်တိုင်းသင့် ပြည်သူတွေကို ဆန်အိတ် ၁၀၀ လှူခဲ့ပါတယ်။ အဲဒီရွာတွေက တောင်ရင်း၊ ဆားပြင်ကွင်း၊ ဥက္ကာသိမ်၊ လောဒတ်၊ အဆိုင်းကြီး၊ တန်းခရုတ် ရွာတွေဖြစ်တယ်။ ကျနော်တို့ ကော်မတီကဘဲ ဒုတိယ အကြိမ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ မြေပုံမြို့နယ်မှာ ရွာ ၄ ရွာ ဆန်အိတ် ၁၀၀ နီးပါး နဲ့ အဝတ် ၅ ထုတ် လှူခဲ့တယ်။ အဲဒီရွာတွေကတော့ ငပသုန်၊ ရေနီကြီး၊ သင်းပေါင်းချောင်း၊ ဝါးဘော်ကြီး ရွာတွေဖြစ်တယ် ခင်ဗျား။ ဒီလှူဒါန်းတဲ့ နေရာမှာ ထူးခြားတာကတော့ တောင်ကုတ်မြို့နယ် ဘုရွှေမော် ရွာကနေပြီးတော့ ဆန်အိတ် ၂၀ နဲ့ ကြိုကိုင်း ရွာက ဆန် ခြောက်အိတ်နဲ့ အဝတ် ၅ ထုတ်ကို ကျနော်တို့နဲ့ အတူလာပြီးတော့ မုန်တိုင်းသင့် ပြည်သူတွေ အတွက် တပါတည်း လာလှူ ပါတယ် ခင်ဗျား။
နိရဉ္စရာ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သွားရောက်လှူဒါန်းတဲ့ အခါမှာ သက်ဆိုင်ရာ အာဏာပိုင်တွေတို့၊ စစ်တပ်နဲ့ ရယကတို့က ဘယ်လို တုန့် ပြန်မှုတွေ ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေရယ်၊ တပ်မတော်သားတွေရယ်၊ ရယက အဖွဲ့ဝင်တွေနဲ့ ဂေါပက အဖွဲ့တွေက ဘာမှ ဟန့်တား နှောင့်ယှက်မှုမျိုး မရှိပါဘူး။ မြို့ပေါ် နေရာတွေ ဖြစ်တဲ့ ကျောက်ဖြူမြို့နဲ့ မြေပုံမြို့တို့မှာတော့ စောင့်ကြည့်တဲ့ သဘောတော့ ရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂိုလ်တွေတော့ စောင့်ကြည့်တာရှိတယ်။ နယ်တွေမှာ သွားလှူတဲ့ အခါမှာတော့ ဘာမှ အနှောင့်အယှက် မရှိပါဘူး။
နိရဉ္စရာ။ ။ ဂီရိသင့် ပြည်သူတွေကိုကော စစ်အစိုးရဘက်က ဘာတွေ ကူညီပေးနေတာတွေ ရှိနေသလဲ။ မျက်မြင် ဘယ်လို တွေ့ခဲ့ရတယ်ဆိုတာ ပြောပြပေးပါလား။
ဖြေ။ ။ ကျနော်တို့ မြင်ရတာက အလှူရှင်တွေ အနေနဲ့ မြို့ပေါ်နဲ့ သွားလာရ လွယ်ကူတဲ့ နေရာတွေမှာဘဲ တွေ့ရတယ်။ NGO တွေကလည်း မြို့မှာ ရုံးစိုက်ထားတာ တွေ့ပါတယ်။ ဒါပေမဲ့ နယ်တွေမှာ အထူးသဖြင့် မြေပုံမြို့နယ်မှာ ဆိုရင် ကျနော်တို့ ကယ်ဆည်ရေး အဖွဲ့တွေဟာ မော်တော်နဲ့သွားရင် မြစ်ပြင်မှာ မော်တော်ဘုတ်တွေကို ရပ်ထားပြီး ချောင်းထဲကို ကျဉ်းကျဉ်းကျပ်ကျပ် လှေတွေနဲ့ ဝင်ပြီးတော့ ရွာတွေကို တနာရီလောက် သွားပြီးတော့ ကူရတာရှိတယ်။ ကျနော်တို့ဆိုရင် ပေါက်တောကို အသွားမှာ ကျောက်တန်း တစ်ခုပေါ်ကို ဖြတ်မိတဲ့ အတွက်မို့လို့ မော်တော် တစီးလုံး ပျက်စီးပြီး လူတွေ သေမယ့် အနေထားမျိုးထိ ကျနော်တို့ ရင်ဆိုင်ခဲ့ရတယ်။ ဒီလို အခက်ခဲမျိုးတွေ ရှိနေတဲ့ အတွက်မိုလို့လည်း ကျေးလက် တောရွာတွေမှာ အကူအညီတွေ မရောက်ရှိတာဖြစ်ပါတယ်။ မရောက်တဲ့ အခါမှာ အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေနဲ့ သံဃာတော်တွေ အပါအဝင် သူတို့က မြို့တွေကို သွားပြီးတော့ တနေ့ကို ဆန်နို့ဆီ ၂ လုံး ၃လုံး ရဖို့အတွက် လုပ်ပေးနေတာတွေ၊ ကူညီ တောင်းပေးနေရတာတွေ ရှိပါ တယ်။ တခြားကယ်ဆယ်ရေး လုပ်ငန်းနဲ့ ပတ်သတ်လို့တော့ မကြား ရပါဘူး။ သူတို့ ပြောတဲ့ အတိုင်းဘဲ ကျနော် ပြန်ပြောတာပါ။
နိရဉ္စရာ။ ။ လေဘေးသင့် ပြည်သူတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ရခိုင် ပြည်နယ်) အနေနဲ့ နောက်ထပ် သွားလှူမည့် အစီစဉ်များရှိပါသလား။
ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်တို့ ဆက်တိုက် သွားလှူမှာပါ။ ကျနော်တို့ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကိုက ကျနော်တို့ဟာ ပံ့ပိုး ကူညီမဲ့သူတွေဖြစ်တယ်။ ကိုယ်တိုင် သွားလှူမယ့် အလှူရှင်တွေလည်း ရှာဖွေမယ်။ နောက်ပြီးတော့ ပြည်တွင်း ပြည်ပက လာလှူတဲ့ အလှူရှင်တွေကိုလည်း သူတို့ကိုယ်တိုင်သွားရင်လည်း ကျနော်တို့က လိုက်ပါကူညီဆောင်ရွက်ပေးမယ်။ ကျနော်တို့ အဖွဲ့ချုပ် ဗဟိုကဖြစ်စေ၊ ကျနော်တို့ ပြည်နယ်က ဖြစ်စေ လှူဒါန်းတဲ့ နေရာမှာလည်းကျနော်တို့ စနစ်တကျ လုပ်မေးမယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်တဲ့ အတွက်ကြောင်း ကျနော်တို့ တစိုက်မတ်မတ် ပြန်လည်ထူထောင်ရေးကာလ ပြီးဆုံးတဲ့ အထိ ကျနော်တို့ ကူညီပံ့ပိုးသွားမှာ ဖြစ်ပါတယ်။
နိရဉ္စရာ။ ။ အခု အကူညီတွေကို ဘယ်လို နာမည် အဖွဲ့ကို သုံးပီး လှူဒါန်းနေတာပါလဲ ။
ဖြေ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( ရခိုင်ပြည်နယ်) ဂီရိမုန်တိုင်းသင့် ပြည်သူများ ကယ်ဆည်ရေးနဲ့ ပြန်လည် ထူထောင်ရေး ကူညီပေးရေး ကော်မတီ ဆိုပြီးတော့ ကျနော်တို့ ဖွဲ့ထားတာ ရှိပါတယ်။ အဲဒီနာမည်နဲ့ သွားရောက် ကူညီပေးနေတာ ဖြစ်ပါတယ်။
နိရဉ္စရာ။ ။ ပြည်နယ် အဆင့်နဲ့ ဖွဲ့စည်းထားတာလား။ တနိုင်ငံလုံး အတိုင်းတာရ ဖွဲ့စည်းထားတာပါလား။
ဖြေ။ ။ ကျနော်တို့က ပြည်နယ်စည်း အနေနဲ့ ရခိုင်ပြည်နယ် ကနေပြီးတော့ ဒေါ်စု မလွတ်ခင်ကတည်းက နိုဝင်ဘာ ၂ ရက်နေ့မှာ ကိုယ်ပြည်နယ် အတိုင်းတာရ ဖွဲ့ထားတာဖြစ်ပါတယ်။
နိရဉ္စရာ။ ။ နောက်ဆုံး အနေနဲ့ ဒေါ်စုက လေဘေးသင့် ရခိုင်ပြည်သူတွေနဲ့ ပတ်သက်ပြီး ထုတ်ဖေါ် ပြောကြားတာများ ရှိပါသလား၊ ရှိရင် နည်းနည်း ပြောပြပေးပါလား။
ဖြေ။ ။ ဒေါ်စုကို ကျနော်တို့က မေတ္တာရပ်ခံတာ ရှိပါတယ် ခင်ဗျား။ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကျနော်တို့ ဒေါ်စုနဲ့ ပြည်နယ်စည်းနဲ့ တွေ့တဲ့ အခါမှာ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဂီရိမုန်တိုင်းသင့် ပြည်သူတွေ ဒုက္ခရောက်နေတာကို ကယ်တင်ဖို့အတွက် နိုင်ငံတကာ အဖွဲ့စည်းတွေ၊ နိုင်ငံတကာ အစိုးရ သံတမန်တွေကို ဒီထက် အလှူဒါန်းတွေ ပိုလှူဒါန်းပေးဖို့ မေတ္တာရပ်ခံပေးပါလို့ ကျနော်တို့ဘက်က တောင်းဆိုခဲ့တာ ရှိပါတယ်။ အဲသလို တောင်းဆိုတဲ့ အခါမှာ ဒေါ်စုက ကျမအနေနဲ့ တတ်နိုင်သမျှကို တာဝန်ယူ ဆောင်ရွက်ပေးမယ်။ ကျမ ကိုင်တွယ်ထားဖို့ အတွက် သေချာတဲ့ အချက်လက်တွေကို ပြုစုပေးကြပါဆိုလို့ ကျနော်တို့က အိမ်အပျက်စီး စာရင်းတွေကို တင်ပြပေးခဲ့ပါတယ်။ နောက်ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွက် ကျနော်တို့ ငါးဖမ်းပိုက်တွေ၊ စက်လှေတွေ၊ လူအသေပျောက် စာရင်းတွေ၊ နောက်ပီးတော့ ဆည်မြောင်း၊ တာတမံ ကျိုးပေါက်တာတွေ စသဖြင့် ကျန်တဲ့ အဆောက်ဦး အပျက်စီးတွေအကုန်လုံးကို ကျနော်တို့ အသေးစိတ် စာရင်း ပြုစုနေပါတယ်။
ဒါ့အပြင် ဒေါ်စုက မုန်တိုင်းသင့် ရခိုင်ပြည်သူတွေကို ကိုယ်နဲ့ ထပ်တူ ကိုယ်ချင်းစာ တယ်လို့ ပြောပါတယ်။ နိုင်ငံတကာက အကူအညီ ရရှိရေးကိုလည်း ကြိုးစား ဆောင်ရွက်ပေးမယ်ဆိုပီး ပြောသလို မုန်တိုင်းသင့် ရခိုင်ပြည်သူတွေ ဘ၀ တစ်ခုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည် ထူထောင်နိုင်အောင် ကြိုးစားပေးမယ်လို့ ပြောပါတယ်။ ရခိုင် ပြည်သူတွေကို နိုင်ငံရေး အရလည်း အထူးကျေးဇူးတင်တယ်လို့ ပြောပါတယ်။
ကမ္ဘာကျော် မင်းသမီး မီရှဲလ်ယိုး နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ရန်ပိုင် Tuesday, 07 December 2010
ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက“မနက်ကတည်းက ရောက်တာအချိန်အကြာကြီး ဒေါ်စုနဲ့နေတယ်၊ တနေ့လုံးလိုလိုပဲ ညစာစားပြီးမှ ပြန်တယ်”ဟု ပြောသည်။
မင်းသမီး မီရှဲလ်ယိုးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မကြာသေးမီကမှ နာမည်ကြီး ပြင်သစ်လူမျိုး ဒါရိုက်တာ Luc Besson ရိုက်ကူးနေသည့် “Divided Heart”ဟု ယာယီ အမည် ပေးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ တစိတ်တပိုင်းကို သရုပ်ဖော် ထားသည့် ရုပ်ရှင် ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည် ဇာတ်ရုပ် နေရာမှ ပါဝင် သရုပ်ဆောင် ထားသည်။
ယင်း ဇာတ်ကားမှ ဇာတ်ဝင်ခန်း တချို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်တချို့အား မီရှဲလ်ယိုးက ပြသခဲ့သည် ဟုလည်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောပြသည်။
“ဒေါ်စုနဲ့ အတော်တူတယ်၊ ရိုက်ထားတာ ကောင်းတယ်၊ ဟိုတုန်းက စည်းရုံးရေး ထွက်တာက အစ ပါတယ်”ဟု ၎င်းက ဆိုသည်။
နာမည်ကြီး ဂျိမ်းစဘွန်း ဇာတ်ကားဖြစ်သည့် Tomorrow Never Dies နှင့် ၂၀၀၀ ခုနှစ်တွင် ပြသခဲ့သည့် တရုတ်နန်းတွင်း ဇာတ်ကား Crouching Tiger, Hidden Dragon ဇာတ်ကားတို့သည် မီရှဲလ်ယိုး ၏ နာမည်ကြီး ရုပ်ရှင်များဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀တစိတ်တပိုင်းကို ဇာတ်အိမ် တည်ဆောက် ထားသည့် ယခု ရုပ်ရှင်တွင် NLD ပါတီခေါင်းဆောင် ဦးကြည်မောင်နေရာမှ သရုပ်ဆောင်သော ဦးသိန်းဝင်း ကလည်း “ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမှာ ပါဝင်ပြီးတဲ့ နောက်ပိုင်း မိသားစု တကွဲတပြား နေရတဲ့ ဘ၀လေးကို အဓိက သရုပ်ဖော် ထားတာပါ”ဟု ဧရာဝတီကို ပြောသည်။
၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် ကျန်းမာရေး ချို့ယွင်းလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ ပြန်လာခဲ့ချိန်မှ ၁၉၉၉ ခုနှစ် အချိန်ခန့် အထိ သရုပ်ဖော်ထားကြောင်းလည်း ဦးသိန်းဝင်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဘန်ကောက်မြို့ ရိုက်ကွင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ယောက်ဖြစ်သည့် သားကြီး ကိုမြင့်ဆန်းအောင်(ခေါ်) အလက် ဇန္ဒား အဲရစ္စ နှင့် သားငယ် ကိုထိန်လင်း(ခေါ်) ကင်မ် အဲရစ္စ တို့လည်း လာရောက် ကြည့်ရှု ကြောင်း ဦးသိန်းဝင်းက ဆက်လက်ပြောပြသည်။
ယင်းဇာတ်ကားတွင် မြန်မာ့နိုင်ငံရေး လောက၏ နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၊ NLDပါတီ ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဦးခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ လည်းပါဝင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ဧရာဝတီတိုင်း ဓနုဖြူမြို့သို့ သွားရောက် သည့် ပါတီခရီးစဉ်များလည်း ပါဝင်သည်။
ယခု ဇာတ်ကားတွင် ပါဝင်သော အဓိက သရုပ်ဆောင်များကို ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက် စသည့် မြို့များရှိ မြန်မာ လူမျိုးများမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လူစုလူဝေးဖြင့် ရိုက်ကူးရသည့် ဇာတ်ဝင်ခန်းများကို ထိုင်းကျောင်းသူ ကျောင်းသားများက သရုပ် ဆောင်ကြောင်း၊ မင်းသမီး မီရှဲလ်ယိုး မှာလည်း ရိုက်ရှင်မရိုက်မီ ၆ လခန့်ကတည်းက ပြင်သစ်ပြည်သို့ သွားရောက်ပြီး မြန်မာ စကား ကို လေ့ကျင့် သင်ကြားရကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းပါဝင်သည့် ဇာတ်ဝင်ခန်းများတွင် ဂျပန်သံအမတ်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံခန်း၊ အာဏာ ရှင်ဟောင်း ဦးနေ၀င်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ခေါ်ယူပြီးဆူသည့် အခန်းတို့ ပါဝင်ကြောင်း ဗိုလ်ချုပ်မှူးကြီး နေရာမှ သရုပ် ဆောင်သည့် ဦးအဂ္ဂက ပြောသည်။
“တိုင်းမ် မဂ္ဂဇင်းကို ဦးနေ၀င်းကဖတ်ပြီး ဒီအမျိုးသမီးက နိုဗဲလ်ဆုရလိမ့် ငါထင်တယ်၊ ဒါကြောင့် သတိထား ဆက်ဆံ ဆိုပြီး ပြောတော့ ဗိုလ်ချုပ်မှူးကြီးက ငြိမ်ပြီး နားထောင်နေရတဲ့ အခန်းရိုက်တယ်”ဟု ၎င်းကဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါဝင်သည့် ဇာတ်ဝင်ခန်းများမှာ မပြီးပြတ်သေးကြောင်း၊ ပြင်သစ်နိုင်ငံသို့ ဇန်န၀ါရီလတွင် သွားရောက်ရိုက် ကူးရဦးမည် ဖြစ်ကြောင်း ဦးအဂ္ဂက ဆက်လက် ပြောဆိုသည်။
ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက“မနက်ကတည်းက ရောက်တာအချိန်အကြာကြီး ဒေါ်စုနဲ့နေတယ်၊ တနေ့လုံးလိုလိုပဲ ညစာစားပြီးမှ ပြန်တယ်”ဟု ပြောသည်။
မင်းသမီး မီရှဲလ်ယိုးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မကြာသေးမီကမှ နာမည်ကြီး ပြင်သစ်လူမျိုး ဒါရိုက်တာ Luc Besson ရိုက်ကူးနေသည့် “Divided Heart”ဟု ယာယီ အမည် ပေးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ တစိတ်တပိုင်းကို သရုပ်ဖော် ထားသည့် ရုပ်ရှင် ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည် ဇာတ်ရုပ် နေရာမှ ပါဝင် သရုပ်ဆောင် ထားသည်။
ယင်း ဇာတ်ကားမှ ဇာတ်ဝင်ခန်း တချို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်တချို့အား မီရှဲလ်ယိုးက ပြသခဲ့သည် ဟုလည်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောပြသည်။
“ဒေါ်စုနဲ့ အတော်တူတယ်၊ ရိုက်ထားတာ ကောင်းတယ်၊ ဟိုတုန်းက စည်းရုံးရေး ထွက်တာက အစ ပါတယ်”ဟု ၎င်းက ဆိုသည်။
နာမည်ကြီး ဂျိမ်းစဘွန်း ဇာတ်ကားဖြစ်သည့် Tomorrow Never Dies နှင့် ၂၀၀၀ ခုနှစ်တွင် ပြသခဲ့သည့် တရုတ်နန်းတွင်း ဇာတ်ကား Crouching Tiger, Hidden Dragon ဇာတ်ကားတို့သည် မီရှဲလ်ယိုး ၏ နာမည်ကြီး ရုပ်ရှင်များဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀တစိတ်တပိုင်းကို ဇာတ်အိမ် တည်ဆောက် ထားသည့် ယခု ရုပ်ရှင်တွင် NLD ပါတီခေါင်းဆောင် ဦးကြည်မောင်နေရာမှ သရုပ်ဆောင်သော ဦးသိန်းဝင်း ကလည်း “ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမှာ ပါဝင်ပြီးတဲ့ နောက်ပိုင်း မိသားစု တကွဲတပြား နေရတဲ့ ဘ၀လေးကို အဓိက သရုပ်ဖော် ထားတာပါ”ဟု ဧရာဝတီကို ပြောသည်။
၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် ကျန်းမာရေး ချို့ယွင်းလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ ပြန်လာခဲ့ချိန်မှ ၁၉၉၉ ခုနှစ် အချိန်ခန့် အထိ သရုပ်ဖော်ထားကြောင်းလည်း ဦးသိန်းဝင်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဘန်ကောက်မြို့ ရိုက်ကွင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ယောက်ဖြစ်သည့် သားကြီး ကိုမြင့်ဆန်းအောင်(ခေါ်) အလက် ဇန္ဒား အဲရစ္စ နှင့် သားငယ် ကိုထိန်လင်း(ခေါ်) ကင်မ် အဲရစ္စ တို့လည်း လာရောက် ကြည့်ရှု ကြောင်း ဦးသိန်းဝင်းက ဆက်လက်ပြောပြသည်။
ယင်းဇာတ်ကားတွင် မြန်မာ့နိုင်ငံရေး လောက၏ နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၊ NLDပါတီ ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဦးခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ လည်းပါဝင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ဧရာဝတီတိုင်း ဓနုဖြူမြို့သို့ သွားရောက် သည့် ပါတီခရီးစဉ်များလည်း ပါဝင်သည်။
ယခု ဇာတ်ကားတွင် ပါဝင်သော အဓိက သရုပ်ဆောင်များကို ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက် စသည့် မြို့များရှိ မြန်မာ လူမျိုးများမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လူစုလူဝေးဖြင့် ရိုက်ကူးရသည့် ဇာတ်ဝင်ခန်းများကို ထိုင်းကျောင်းသူ ကျောင်းသားများက သရုပ် ဆောင်ကြောင်း၊ မင်းသမီး မီရှဲလ်ယိုး မှာလည်း ရိုက်ရှင်မရိုက်မီ ၆ လခန့်ကတည်းက ပြင်သစ်ပြည်သို့ သွားရောက်ပြီး မြန်မာ စကား ကို လေ့ကျင့် သင်ကြားရကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းပါဝင်သည့် ဇာတ်ဝင်ခန်းများတွင် ဂျပန်သံအမတ်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံခန်း၊ အာဏာ ရှင်ဟောင်း ဦးနေ၀င်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ခေါ်ယူပြီးဆူသည့် အခန်းတို့ ပါဝင်ကြောင်း ဗိုလ်ချုပ်မှူးကြီး နေရာမှ သရုပ် ဆောင်သည့် ဦးအဂ္ဂက ပြောသည်။
“တိုင်းမ် မဂ္ဂဇင်းကို ဦးနေ၀င်းကဖတ်ပြီး ဒီအမျိုးသမီးက နိုဗဲလ်ဆုရလိမ့် ငါထင်တယ်၊ ဒါကြောင့် သတိထား ဆက်ဆံ ဆိုပြီး ပြောတော့ ဗိုလ်ချုပ်မှူးကြီးက ငြိမ်ပြီး နားထောင်နေရတဲ့ အခန်းရိုက်တယ်”ဟု ၎င်းကဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါဝင်သည့် ဇာတ်ဝင်ခန်းများမှာ မပြီးပြတ်သေးကြောင်း၊ ပြင်သစ်နိုင်ငံသို့ ဇန်န၀ါရီလတွင် သွားရောက်ရိုက် ကူးရဦးမည် ဖြစ်ကြောင်း ဦးအဂ္ဂက ဆက်လက် ပြောဆိုသည်။
အကြမ်းမဖက်နည်းဖြင့် နိုင်ငံရေးအဖြေရှာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဧရာဝတီ Tuesday, 07 December 2010
မြန်မာ့ နိုင်ငံရေး ပြဿနာများကို အဖြေရှာရာတွင် အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သာမက နောင်တက်လာမည့် ဆုံးဖြတ်ချက်ပေးနိုင်သော နိုင်ငံ့ခေါင်းဆောင်များနှင့်ပါ ငြိမ်းချမ်းသော နည်းလမ်း ဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
ရန်ကုန် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းများ ဖြစ်ကြသည့် တောင်ဥက္ကလာပ မြို့နယ်မှ ဦးကောင်းမြင့်ထွဋ်၊ ဒေါက်တာစောနိုင်၊ လေးမျက်နှာ မြို့နယ်မှ ဦးဇော်မင်းသိန်းတို့နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သော နည်းလမ်းများဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းပါက တိုင်းပြည် အနာအရ ဖြစ်ကာ အနာကျက်ရန်လည်း မလွယ်ကူကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။
“နိုင်ငံရေး ပြဿနာတွေကို အကြမ်းဖက်တဲ့ နည်းသုံးပြီး ဖြေရှင်းတဲ့ အခါမှာ အပြောင်းအလဲ မြန်တယ်လို့ ထင်ရပေမယ့် အကြမ်းဖက်မှုကြောင့် ထိခိုက်ရတဲ့ အနာတွေ ပြန်ကျက်ဖို့ အချိန် တော်တော် ကြာကြာယူရတယ်။ အကြမ်းမဖက်တဲ့ နည်းလမ်း သုံးတော့ အချိန်ကြာတယ်၊ လူတွေက အားမရကြဘူး။ မပြောင်းလဲ သေးဘူးလား ဆိုပြီး အားမလို အားမရ ဖြစ်ကြတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်သော နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မြန်မာ့ နိုင်ငံရေးတွင် အစဉ်အလာတခုသဖွယ် ဖြစ်နေကြောင်း၊ မြန်မာ့နိုင်ငံရေးအတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် အဖြေရှာသည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်း ပေါ်ပေါက်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းများကို ပြောခဲ့သည်။
မြန်မာပြည်သူများ အနေနှင့် မြန်မာ့ဒီမိုကရေစီ အရေးကိစ္စများ ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ၏ ဥပမာကို ယူသင့်ကြောင်း၊ အိန္ဒိယနိုင်ငံသည် လူမျိုးရေး၊ ဘာသာစကား အပါအ၀င် ကွဲပြားမှုများ ရှိနေသော်လည်း မဟတ္တမ ဂန္ဒီ အပါအ၀င် အိန္ဒိယ နိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများက အကြမ်းမဖက်သော နည်းလမ်းဖြင့် ဒီမိုကရေစီရရှိအောင် ဆောင်ရွက်ခဲ့သည့် အတွက် ယခုအချိန်အထိ အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ရပ်တည်နေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု သိရသည်။
ယနေ့ ၂၁ ရာစု၏ နိုင်ငံရေးပုံစံသည် ယခင်တော်လှန်ရေး ခေတ်များကဲ့သို့ မဟုတ်တော့ဘဲ လူထုအကျိုးကို မည်မျှ လုပ်ဆောင် ပေးနိုင်သည် ဆိုသည့်အပေါ် အခြေခံလာကြောင်း၊ ပြည်သူအများစုကလည်း မိမိတို့ အကျိုးကို မည်မျှ ဆောင်ရွက် ပေးနိုင်မည် နည်း ဆိုသည့် မေးခွန်းကို အခြေပြုကာ နိုင်ငံရေး သမားများကို ထောက်ခံကြကြောင်း၊ ပြည်သူကို လှည့်စားသော နိုင်ငံရေး သမားများသည် ကျဆုံးခန်းရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း တဦးက “လူမှုရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဖို့၊ ကွန်ရက်တွေဖွဲ့စည်းဖို့၊ ပြည်သူ့ အကျိုးအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က အရှိန်အဟုန်မြှင့်လုပ်ဖို့၊ အဓိက လူငယ် တွေက နိုင်ငံရေးပါတီထက် ပြည်သူ့အကျိုးပြုတဲ့သူ၊ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်တဲ့သူကို ထောက်ခံကြတယ် ဆိုတာ မမေ့ဖို့၊ လူမှုရေး လုပ်ငန်းတွေကို ပို တိုးတိုးပြီး ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တယ်” ဟု ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှု များနှင့်ပတ်သက်သော အစီအရင်ခံစာ ထုတ်ပြန်ရန် ရှိပြီး ရှုံးနိမ်ခဲ့သော အမတ်လောင်းများနှင့် နိုင်ငံရေးပါတီများ အနေနှင့် စိတ်ဓာတ်မကျဘဲ ဒီမိုကရေစီ ပန်းတိုင်ရောက်ရှိသည်အထိ ပူးပေါင်း အကောင်အထည် ဖော်သွားကြရန် ပြောဆိုခဲ့သည်ဟု သိရသည်။
တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း ဒေါက်တာစောနိုင်က လူမှုရေး လုပ်ငန်းများအတွက် အခမဲ့ ဆေးခန်းဖွင့်လှစ်ခြင်း၊ အခမဲ့ ဆေးကုသပေးခြင်း လုပ်ငန်းများအပါအ၀င် လူထုဖွံ့ဖြိုးရေး လုပ်ငန်းများကို NLD နှင့်အတူ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟု ပြောသည်။
ဒေါက်တာစောနိုင်သည် ရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု တောင်ဥက္ကလာပ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ၍ သိရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့သော်လည်း အနိုင်ရစာရင်း ထွက်လာသည့်အခါတွင် ၎င်း၏ အမည် ပါမလာခဲ့ဘဲ ရှုံးနိမ့်ခဲ့ရသူ ဖြစ်သည်။
မြန်မာ့ နိုင်ငံရေး ပြဿနာများကို အဖြေရှာရာတွင် အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သာမက နောင်တက်လာမည့် ဆုံးဖြတ်ချက်ပေးနိုင်သော နိုင်ငံ့ခေါင်းဆောင်များနှင့်ပါ ငြိမ်းချမ်းသော နည်းလမ်း ဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။ရန်ကုန် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းများ ဖြစ်ကြသည့် တောင်ဥက္ကလာပ မြို့နယ်မှ ဦးကောင်းမြင့်ထွဋ်၊ ဒေါက်တာစောနိုင်၊ လေးမျက်နှာ မြို့နယ်မှ ဦးဇော်မင်းသိန်းတို့နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သော နည်းလမ်းများဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းပါက တိုင်းပြည် အနာအရ ဖြစ်ကာ အနာကျက်ရန်လည်း မလွယ်ကူကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။
“နိုင်ငံရေး ပြဿနာတွေကို အကြမ်းဖက်တဲ့ နည်းသုံးပြီး ဖြေရှင်းတဲ့ အခါမှာ အပြောင်းအလဲ မြန်တယ်လို့ ထင်ရပေမယ့် အကြမ်းဖက်မှုကြောင့် ထိခိုက်ရတဲ့ အနာတွေ ပြန်ကျက်ဖို့ အချိန် တော်တော် ကြာကြာယူရတယ်။ အကြမ်းမဖက်တဲ့ နည်းလမ်း သုံးတော့ အချိန်ကြာတယ်၊ လူတွေက အားမရကြဘူး။ မပြောင်းလဲ သေးဘူးလား ဆိုပြီး အားမလို အားမရ ဖြစ်ကြတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်သော နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မြန်မာ့ နိုင်ငံရေးတွင် အစဉ်အလာတခုသဖွယ် ဖြစ်နေကြောင်း၊ မြန်မာ့နိုင်ငံရေးအတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် အဖြေရှာသည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်း ပေါ်ပေါက်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းများကို ပြောခဲ့သည်။
မြန်မာပြည်သူများ အနေနှင့် မြန်မာ့ဒီမိုကရေစီ အရေးကိစ္စများ ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ၏ ဥပမာကို ယူသင့်ကြောင်း၊ အိန္ဒိယနိုင်ငံသည် လူမျိုးရေး၊ ဘာသာစကား အပါအ၀င် ကွဲပြားမှုများ ရှိနေသော်လည်း မဟတ္တမ ဂန္ဒီ အပါအ၀င် အိန္ဒိယ နိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများက အကြမ်းမဖက်သော နည်းလမ်းဖြင့် ဒီမိုကရေစီရရှိအောင် ဆောင်ရွက်ခဲ့သည့် အတွက် ယခုအချိန်အထိ အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ရပ်တည်နေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု သိရသည်။
ယနေ့ ၂၁ ရာစု၏ နိုင်ငံရေးပုံစံသည် ယခင်တော်လှန်ရေး ခေတ်များကဲ့သို့ မဟုတ်တော့ဘဲ လူထုအကျိုးကို မည်မျှ လုပ်ဆောင် ပေးနိုင်သည် ဆိုသည့်အပေါ် အခြေခံလာကြောင်း၊ ပြည်သူအများစုကလည်း မိမိတို့ အကျိုးကို မည်မျှ ဆောင်ရွက် ပေးနိုင်မည် နည်း ဆိုသည့် မေးခွန်းကို အခြေပြုကာ နိုင်ငံရေး သမားများကို ထောက်ခံကြကြောင်း၊ ပြည်သူကို လှည့်စားသော နိုင်ငံရေး သမားများသည် ကျဆုံးခန်းရောက်ရှိမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း တဦးက “လူမှုရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဖို့၊ ကွန်ရက်တွေဖွဲ့စည်းဖို့၊ ပြည်သူ့ အကျိုးအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က အရှိန်အဟုန်မြှင့်လုပ်ဖို့၊ အဓိက လူငယ် တွေက နိုင်ငံရေးပါတီထက် ပြည်သူ့အကျိုးပြုတဲ့သူ၊ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်တဲ့သူကို ထောက်ခံကြတယ် ဆိုတာ မမေ့ဖို့၊ လူမှုရေး လုပ်ငန်းတွေကို ပို တိုးတိုးပြီး ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တယ်” ဟု ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှု များနှင့်ပတ်သက်သော အစီအရင်ခံစာ ထုတ်ပြန်ရန် ရှိပြီး ရှုံးနိမ်ခဲ့သော အမတ်လောင်းများနှင့် နိုင်ငံရေးပါတီများ အနေနှင့် စိတ်ဓာတ်မကျဘဲ ဒီမိုကရေစီ ပန်းတိုင်ရောက်ရှိသည်အထိ ပူးပေါင်း အကောင်အထည် ဖော်သွားကြရန် ပြောဆိုခဲ့သည်ဟု သိရသည်။
တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း ဒေါက်တာစောနိုင်က လူမှုရေး လုပ်ငန်းများအတွက် အခမဲ့ ဆေးခန်းဖွင့်လှစ်ခြင်း၊ အခမဲ့ ဆေးကုသပေးခြင်း လုပ်ငန်းများအပါအ၀င် လူထုဖွံ့ဖြိုးရေး လုပ်ငန်းများကို NLD နှင့်အတူ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟု ပြောသည်။
ဒေါက်တာစောနိုင်သည် ရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု တောင်ဥက္ကလာပ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ၍ သိရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့သော်လည်း အနိုင်ရစာရင်း ထွက်လာသည့်အခါတွင် ၎င်း၏ အမည် ပါမလာခဲ့ဘဲ ရှုံးနိမ့်ခဲ့ရသူ ဖြစ်သည်။
တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ထပ်မံတိမ်းရှောင်
သန်းထိုက်ဦး Tuesday, 07 December 2010
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသတွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုး သား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံ ရွာသား ၇၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း သိရှိရသည်။
တိမ်းရှောင် လာသော စစ်ပြေး ဒုက္ခသည်များကို မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအ၀င် ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) နှင့် မယ်တော် ဆေးခန်း (MTC) အဖွဲ့ အစည်းတို့က အကူအညီများ ထောက်ပံ့ပေး ထားကြောင်း MTC အဖွဲ့မှ ဆေးမှူး စောနေဦးက ဧရာဝတီ သို့ ပြောသည်။
ယင်း ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်းနယ်ခြားစောင့် စခန်းဝင်း အတွင်း စောင့်ရှောက် ထားသည်ဟုဆို သည်။
နောက်ဆုံး သတင်းများ အရ မြ၀တီမြို့နယ် မင်းလက်ပံရွာ အနီး မေတ္တာလင်းမြိုင် ဒေသ တိုက်ပွဲ များကြောင့် ပြီးခဲ့သည့် တပတ် သောကြာနေ့မှ စတင်၍ ထိုင်းနိုင်ငံ မဲဆောက် မြို့နယ် ဘက်သို့ ထွက်ပြေးလာသူ ဒုက္ခသည် ၁၀၀၀ ကျော်ကို ထိုင်း အာဏာပိုင်များက မြန်မာ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ပို့လိုက် ကြောင်းလည်း သိရသည်။
ယင်းစစ်ပြေး ဒုက္ခသည်များသည် ထွက်ပြေးတိမ်းရှောင်လာလိုက်၊ ပြန်လည် အပို့ခံရလိုက်နှင့် ပင်ပေါင် ဘောလုံးကဲ့သို့ ကြုံတွေ့နေကြရသည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) က ပြောဆိုသည်။
ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသော ဒုက္ခ သည်များကို အချိန်မတန်သေးဘဲ ပြန်မပို့ရန် HRW အဖွဲ့က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်း ဆိုထားသည်ဟုလည်း သိရသည်။
နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်း ဖြစ်သည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသတွင်လည်း နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်း အရုံး(KNU) တပ်ဖွဲ့ဝင်များ တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ် ဘက်မှ ၄ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း KNU အသိုင်းအ၀ိုင်းက ပြောသည်။
ယင်း မာနယ်ပလော ဒေသ တိုက်ပွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နအဖ၏ ခြေ မြန်တပ် ရင်း (ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
နအဖ တပ်များက မာနယ်ပလော ဒေသ၌ လှုပ်ရှားနေစဉ် KNLA က ပြောက်ကျား စနစ်ဖြင့် ခြုံခို တိုက်ခိုက်ခဲ့သော ကြောင့် ယခုကဲ့သို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောသည်။
“KNU က ခြုံခို တိုက်ခိုက်တဲ့ အခါမှာ ပြောက်ကျား တိုက်တော့ ၄ ယောက် သေတယ်၊ တယောက် ဒဏ်ရာရတယ်”ဟု ၎င်းက ဆိုသည်။
မာနယ်ပလော ဒေသရှိ ကြယ်ပြောင်ကုန်း အခြေစိုက် နအဖ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ အမှတ် (၉၁၃)မှ တပ်ဖွဲ့ဝင် ၃ ဦး လည်း မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ပြီး စက်ဆီတင် (၆) ဘီးကား တစီးကို ဖျက်ဆီးနိုင် ခဲ့ကြောင်း KNU အသိုင်းအ၀ိုင်းမှ သိရသည်။
ထို့အပြင် လွန်ခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း နအဖ လက်အောက် ကျရောက် ခဲ့ရသည့် မာနယ်ပလော ဌာနချုပ်ကို ယခုအခါ KNU တပ်ဖွဲ့ဝင်များက ယခင်ကထက် ပို၍ ပြန်လည် လှုပ်ရှားခွင့် ရထားကြောင်း ဆိုသည်။
ဗိုလ်မှူး စောလှငွေက “မာနယ်ပလော ဌာနချုပ်နဲ့ ပတ်သက်တဲ့ အဲဒီ သောင်ရင်းကနေ မြစ်ဆုံအထိ ဒီအတော အတွင်းမှာ KNU ရဲ့လှုပ်ရှားမှုဟာ ပြန်ပြီးတော့ အားကောင်း လာတယ်”ဟု ပြောသည်။
သို့သော် KNUဘက်က တဆင့်တက်ပြီး ပြောက်ကျား အခြေချမှုနှင့် နေရာယူမှုက မာနယ်ပလောခွင်ကို တောက် လျှောက် ပြန်လည် စိုးမိုးနိုင်ထားကြောင်း ဗိုလ်မှူး စောလှငွေက ဆက်ပြောသည်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးကမူ“KNU တပ်တွေက မာနယ်ပလော ဒေသကို ပြန်လည် သိမ်းပိုက် လိုက်ပြီ ဆိုတော့ အဲဒီ ဒေသကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်"ဟု ၎င်းက ဆိုသည်။
တိုက်ပွဲများကြောင့် သောင်ရင်းမြစ်နှင့် သံလွင်မြစ်ခြားသည့် ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင် နယ်စပ် မြစ်ရိုး တလျှောက်တွင်လည်း ထိုင်း လုံခြုံရေးတပ်ဖွဲ့အင်အား တိုးမြှင့်ချထားကြောင်း ထိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ပြော သည်။
KNU ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောကို ၁၉၉၄ ခုနှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ခွဲထွက် DKBA နှင့် နအဖ ပူးပေါင်း တပ်များ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ၁၉၉၅ ခုနှစ်ဖေ ဖေါ်ဝါရီလတွင် နအဖ လက်အောက်သို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသတွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုး သား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံ ရွာသား ၇၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း သိရှိရသည်။တိမ်းရှောင် လာသော စစ်ပြေး ဒုက္ခသည်များကို မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအ၀င် ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) နှင့် မယ်တော် ဆေးခန်း (MTC) အဖွဲ့ အစည်းတို့က အကူအညီများ ထောက်ပံ့ပေး ထားကြောင်း MTC အဖွဲ့မှ ဆေးမှူး စောနေဦးက ဧရာဝတီ သို့ ပြောသည်။
ယင်း ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်းနယ်ခြားစောင့် စခန်းဝင်း အတွင်း စောင့်ရှောက် ထားသည်ဟုဆို သည်။
နောက်ဆုံး သတင်းများ အရ မြ၀တီမြို့နယ် မင်းလက်ပံရွာ အနီး မေတ္တာလင်းမြိုင် ဒေသ တိုက်ပွဲ များကြောင့် ပြီးခဲ့သည့် တပတ် သောကြာနေ့မှ စတင်၍ ထိုင်းနိုင်ငံ မဲဆောက် မြို့နယ် ဘက်သို့ ထွက်ပြေးလာသူ ဒုက္ခသည် ၁၀၀၀ ကျော်ကို ထိုင်း အာဏာပိုင်များက မြန်မာ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ပို့လိုက် ကြောင်းလည်း သိရသည်။
ယင်းစစ်ပြေး ဒုက္ခသည်များသည် ထွက်ပြေးတိမ်းရှောင်လာလိုက်၊ ပြန်လည် အပို့ခံရလိုက်နှင့် ပင်ပေါင် ဘောလုံးကဲ့သို့ ကြုံတွေ့နေကြရသည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) က ပြောဆိုသည်။
ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသော ဒုက္ခ သည်များကို အချိန်မတန်သေးဘဲ ပြန်မပို့ရန် HRW အဖွဲ့က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်း ဆိုထားသည်ဟုလည်း သိရသည်။
နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်း ဖြစ်သည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသတွင်လည်း နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်း အရုံး(KNU) တပ်ဖွဲ့ဝင်များ တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ် ဘက်မှ ၄ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း KNU အသိုင်းအ၀ိုင်းက ပြောသည်။
ယင်း မာနယ်ပလော ဒေသ တိုက်ပွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နအဖ၏ ခြေ မြန်တပ် ရင်း (ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
နအဖ တပ်များက မာနယ်ပလော ဒေသ၌ လှုပ်ရှားနေစဉ် KNLA က ပြောက်ကျား စနစ်ဖြင့် ခြုံခို တိုက်ခိုက်ခဲ့သော ကြောင့် ယခုကဲ့သို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောသည်။
“KNU က ခြုံခို တိုက်ခိုက်တဲ့ အခါမှာ ပြောက်ကျား တိုက်တော့ ၄ ယောက် သေတယ်၊ တယောက် ဒဏ်ရာရတယ်”ဟု ၎င်းက ဆိုသည်။
မာနယ်ပလော ဒေသရှိ ကြယ်ပြောင်ကုန်း အခြေစိုက် နအဖ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ အမှတ် (၉၁၃)မှ တပ်ဖွဲ့ဝင် ၃ ဦး လည်း မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ပြီး စက်ဆီတင် (၆) ဘီးကား တစီးကို ဖျက်ဆီးနိုင် ခဲ့ကြောင်း KNU အသိုင်းအ၀ိုင်းမှ သိရသည်။
ထို့အပြင် လွန်ခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း နအဖ လက်အောက် ကျရောက် ခဲ့ရသည့် မာနယ်ပလော ဌာနချုပ်ကို ယခုအခါ KNU တပ်ဖွဲ့ဝင်များက ယခင်ကထက် ပို၍ ပြန်လည် လှုပ်ရှားခွင့် ရထားကြောင်း ဆိုသည်။
ဗိုလ်မှူး စောလှငွေက “မာနယ်ပလော ဌာနချုပ်နဲ့ ပတ်သက်တဲ့ အဲဒီ သောင်ရင်းကနေ မြစ်ဆုံအထိ ဒီအတော အတွင်းမှာ KNU ရဲ့လှုပ်ရှားမှုဟာ ပြန်ပြီးတော့ အားကောင်း လာတယ်”ဟု ပြောသည်။
သို့သော် KNUဘက်က တဆင့်တက်ပြီး ပြောက်ကျား အခြေချမှုနှင့် နေရာယူမှုက မာနယ်ပလောခွင်ကို တောက် လျှောက် ပြန်လည် စိုးမိုးနိုင်ထားကြောင်း ဗိုလ်မှူး စောလှငွေက ဆက်ပြောသည်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးကမူ“KNU တပ်တွေက မာနယ်ပလော ဒေသကို ပြန်လည် သိမ်းပိုက် လိုက်ပြီ ဆိုတော့ အဲဒီ ဒေသကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်"ဟု ၎င်းက ဆိုသည်။
တိုက်ပွဲများကြောင့် သောင်ရင်းမြစ်နှင့် သံလွင်မြစ်ခြားသည့် ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင် နယ်စပ် မြစ်ရိုး တလျှောက်တွင်လည်း ထိုင်း လုံခြုံရေးတပ်ဖွဲ့အင်အား တိုးမြှင့်ချထားကြောင်း ထိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ပြော သည်။
KNU ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောကို ၁၉၉၄ ခုနှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ခွဲထွက် DKBA နှင့် နအဖ ပူးပေါင်း တပ်များ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ၁၉၉၅ ခုနှစ်ဖေ ဖေါ်ဝါရီလတွင် နအဖ လက်အောက်သို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။
တပ်မဟာ ၇ အား ပြည်သူ့စစ်လုပ်လျှင် တစိုက်မတ်မတ်လုပ်ရန် တိုင်းမှူးညွှန်ကြား
မွေခေါဝ်
ပြည်သူ့စစ်အသွင်ပြောင်းရေးလက်ခံထားသော သျှမ်းပြည်တပ်မတော် တပ်မဟာ ၇ အား ပြည်သူ့စစ် လုပ်လျှင်လည်း တစိုက်မတ်မတ် လုပ်ဆောင်ရန် တောင်ကြီးတိုင်းမှူးက တွေ့ဆုံသတိပေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
တပ်မဟာ ၇ က ပြည်သူ့စစ်ပြောင်းဖို့ ဧပြီလနှောင်းပိုင်းက လက်ခံခဲ့ပြီးပြီ။ ဒါကြောင့် ပြည်သူ့စစ်လုပ်ရင်လဲ တစိုက် မတ်မတ်လုပ်ဖို့။ ပြည်သူ့စစ်လိုလို အပစ်ရပ်လိုလို ရီးတီးယားတားမလုပ်နဲ့။ စစ်ဆင်ရေးထွက်ရင်လဲ လိုက်ထွက်ရမယ်။ အထက်ကညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ရမယ်လို့ တိုင်းမှူးကပြောသွားတယ်” ဟု ပြည်သူ့စစ်အသိုင်းအ၀ိုင်းတစ်ဦး ကပြောပါသည်။
နေပြည်တော်မှ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်နှင့် တောင်ကြီးတိုင်းမှူး ဗိုလ်မှူးချုပ်ဆန်းဦး တို့ နိုဝင်ဘာ ၃၀ ရက် မိုင်းဇန်နှင့်ကာလိတို့၌ တပ်စခန်းတည်ဆောက်ရန် နေရာသစ်လာရောက်ကြည့်ရှုစစ်ဆေးစဉ် ထိုကဲ့သို့ညွှန်ကြားခဲ့ သည်ဟုဆို၏။
ပြည်သူ့စစ်မလုပ်လိုလျှင်လည်း တပ်မဟာ ၁ နဲ့ သွားပေါင်းနိုင်ကြောင်း၊ ပြည်သူ့စစ်လုပ်လိုသောသူများ အဆင်သင့် ရှိနေသောကြောင့် အလွယ်တကူအစားထိုးနိုင်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲဖွဲ့ရန် ငြင်းဆန်ထားသော အပစ်ရပ်အဖွဲ့များသည် ဥပဒေဘောင်ပြင်ပအဖွဲ့ မတရားအသင်းများသာဖြစ်ပြီး အပစ်ရပ်အဖွဲ့ ဆိုသည်မှာ မရှိတော့ကြောင်း ပြောဆိုသည်ဟု ၎င်းကဆက်လက်ပြောပါသည်။
ဂျူလိုင် ၂၇ ရက် လားရှိုးတိုင်းမှူးဟောင်း ဗိုလ်ချုပ်အောင်သန်းထွဋ်က ဦးလွယ်မောဝ်းအား ဗိုလ်ချုပ်ပန်ဖှကို အသွင် ပြောင်းရန်လက်ခံလာသည်အထိ သွားရောက်စည်းရုံးသိမ်းသွင်းခိုင်းသော်လည်း ၎င်းကသွားရောက်ခဲ့ခြင်း မရှိပေ။ သြဂတ် ၁၁ ရက် တပ်မဟာ ၃ က မူလ SSA ၀တ်စုံချွတ်ပြီး ပြည်သူ့စစ်တံဆိပ်ပြောင်းထည့်သော်လည်း တပ်မဟာ ၇ က ပြောင်းထည့်ခြင်းမရှိပေ။ ထို့ကြောင့်ဤကဲ့သို့ခေါ်ယူသတိပေးခြင်းဖြစ်နိုင်သည်ဟု ဝါရင့်နယ်စပ်စောင့်ကြည့်သူ တစ်ဦးက ပြောပါသည်။
“နအဖက မိုင်းရှုးမြို့နယ် မိုင်းဇန် နဲ့ ကွန်ဟိန်းမြို့နယ် ကာလိမှာ တပ်စခန်းသစ်ဆောက်မယ်ဆိုတာ သျှမ်းပြည် တပ်မတော်နဲ့ ၀ တပ်ဖွဲ့ UWSA တို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ပစ်ချင်သလို တပ်မဟာ ၁ နဲ့ တပ်မဟာ ၇ ကိုလဲ ဖြတ်တောက်ပစ်ချင်တဲ့ ရည်ရွယ်ချက်ဘဲ” ဟု သျှမ်းခေါင်းဆောင်တစ်ဦးက ပြောပါသည်။
ဦးလွယ်မောဝ်းနှင့်အဖွဲ့သည် ဧပြီ ၂၂ ရက်၌ ပြည်သူ့စစ်အသွင်ပြောင်းရန် သဘောတူလိုက်ခံလိုက်ပြီး ဧပြီ ၂၅ ရက် ဌါနချုပ်တပ်ဖွဲ့နှင့် တပ်မဟာ ၃ တို့ကလည်းကောင်း၊ ဧပြီ ၂၇ ရက် တပ်မဟာ ၇ ကလည်းကောင်း လူသူလက်နက်အင် အား စာရင်းအား နအဖထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။

တပ်ရင်းမှူးမှ ပြည်သူ့ဆိုင်ကယ် ဖျက်ဆီး
လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အခြေစိုက် မြန်မာတပ်ရင်းမှူးမှ မော်တော်ဆိုင်ကယ်ထား သည့်နေရာ၌ ပြည်သူတို့၏ ဆိုင်ကယ်ကို သံပိုက်လုံးဖြင့် ရိုက်ချိုးဖျက်ဆီးခဲ့သည့်အတွက် ပြည်သူများနှင့် အစိုးရဝန်ထမ်းအချို့တို့က မကျေမနပ်ဖြစ်နေကြသည်။
သုံးဆူမြို့မှ အစိုးရဝန်ထမ်းတို့က သုံးဆူရှိ ခလရ ၂၈၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးမှ ပြည်သူများအပေါ် ယခုကဲ့သို့ အနိုင်ကျင့်ခြင်းကို လက်မခံနိုင်ကြောင်း၊ ဒုဗိုလ်မှူးကြီး၏လုပ်ရပ်အတွက် အထက်သို့ အစီရင်ခံ တင်ပြထားပြီးဖြစ်သည်ဟု အစိုးရဝန်ထမ်းနှင့် နီးစပ်သူတို့က ပြောသည်။
ဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးသည် နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ထိုင်း မြန်မာနယ်စပ်ဖြတ်ဂိတ်ရှိ မြန်မာဘက်ကမ်းတွင် ရပ်နားထားသည့် ဆိုင်ကယ် ၂၇ စီးခန့် ရိုက်ချိုးဖျက်ဆီးခဲ့သည်မှာ “လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်” ဟု ဝန်ထမ်းအသိုင်းအဝိုင်းတို့က ပြောဆိုနေကြသည်။
ဒီဇင်ဘာလ ၄ ရက်နေ့မှာ သုံးဆူမြို့ရှိ ထိုင်းဘက်ကမ်းတွင် ထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ် ဈေးပွဲတော်ကျင်းပခဲ့သည့်အတွက် သုံးဆူမှ ပြည်သူများသည် မြန်မာအစိုးရတို့မှ ပိတ်ထားသည့် နယ်စပ်ဖြတ်ဂိတ်တွင် ၄င်းတို့မော်တော်ဆိုင်ကယ်အား ရပ်နားထားပြီး ဈေးပွဲတော်သို့ သွားရောက်လှည့်လည် ကြသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရပ်နားထားသည့် ဆိုင်ကယ်များလှသည့်အတွက် ဒုဗိုလ်မှူးကြီးက သံပိုက်လုံးဖြင့် ဆိုင်ကယ်များကို ရိုက်ချိုးခဲ့သည်။ ဆိုင်ကယ်အချို့မှာ ဦးခေါင်းပိုင်း ကြေမွသွားပြီး အချို့မှာ ပြန်လည်ပြင်ဆင်ခ ၃၀၀၀- ၄၀၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းနေကြသည်။
အဖွဲ့အစည်းတို့နှင့် နီးစပ်မှုမရှိသည့် ပြည်သူများသည် မြန်မာစစ်တပ် တပ်ရင်းမှူး၏လုပ်ရပ်ကို မကျေနပ်ကြောင်းကို မပြောရဲသော်လည်း အာဏာပိုင်တို့နှင့် နီးစပ်သူတို့က သက်ဆိုင်ရာသို့ တင်ပြထားသည်။
ပြည်သူများမှာ ခါတိုင်းရက်များတွင် ထိုကဲ့သို့ ရပ်နားထားသော်လည်း အာဏာပိုင်တို့မှ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသည့်အတွက် ယခင်ထားမြဲနေရာတွင် ရပ်နားထားခဲ့သည်။ သို့သော် ဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးမှ ဆိုင်ကယ်များကို သံလုံးဖြင့် ရိုက်ပြီးနောက်ပိုင်းတွင် နယ်စပ်ဖြတ်သည့်အဓိကဂိတ်တွင် ဆိုင်ကယ်ရပ်နားရန် မဝံ့သည့်အပြင် ဖြတ်သန်းမသွားလာရဲပါ။
သို့သော် ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျင်းပသည့် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏မွေးနေ့အတွက် ပြည်သူများ ဖြတ်သန်းသွားလာရန်အတွက် နယ်စပ်ဖြတ်သည့်အဓိကဂိတ်အား ဖွင့်ရန် ထိုင်းအာဏာပိုင်တို့က တောင်းဆိုပြီးနောက် မြန်မာအာဏာပိုင်တို့က ယနေ့ တရက်တာ ပြည်သူများ လည်ပတ်ရန် ခွင့်ပြုပေးခဲ့သည်။
ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အခြေစိုက် မြန်မာတပ်ရင်းမှူးမှ မော်တော်ဆိုင်ကယ်ထား သည့်နေရာ၌ ပြည်သူတို့၏ ဆိုင်ကယ်ကို သံပိုက်လုံးဖြင့် ရိုက်ချိုးဖျက်ဆီးခဲ့သည့်အတွက် ပြည်သူများနှင့် အစိုးရဝန်ထမ်းအချို့တို့က မကျေမနပ်ဖြစ်နေကြသည်။သုံးဆူမြို့မှ အစိုးရဝန်ထမ်းတို့က သုံးဆူရှိ ခလရ ၂၈၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးမှ ပြည်သူများအပေါ် ယခုကဲ့သို့ အနိုင်ကျင့်ခြင်းကို လက်မခံနိုင်ကြောင်း၊ ဒုဗိုလ်မှူးကြီး၏လုပ်ရပ်အတွက် အထက်သို့ အစီရင်ခံ တင်ပြထားပြီးဖြစ်သည်ဟု အစိုးရဝန်ထမ်းနှင့် နီးစပ်သူတို့က ပြောသည်။
ဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးသည် နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ထိုင်း မြန်မာနယ်စပ်ဖြတ်ဂိတ်ရှိ မြန်မာဘက်ကမ်းတွင် ရပ်နားထားသည့် ဆိုင်ကယ် ၂၇ စီးခန့် ရိုက်ချိုးဖျက်ဆီးခဲ့သည်မှာ “လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်” ဟု ဝန်ထမ်းအသိုင်းအဝိုင်းတို့က ပြောဆိုနေကြသည်။
ဒီဇင်ဘာလ ၄ ရက်နေ့မှာ သုံးဆူမြို့ရှိ ထိုင်းဘက်ကမ်းတွင် ထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ် ဈေးပွဲတော်ကျင်းပခဲ့သည့်အတွက် သုံးဆူမှ ပြည်သူများသည် မြန်မာအစိုးရတို့မှ ပိတ်ထားသည့် နယ်စပ်ဖြတ်ဂိတ်တွင် ၄င်းတို့မော်တော်ဆိုင်ကယ်အား ရပ်နားထားပြီး ဈေးပွဲတော်သို့ သွားရောက်လှည့်လည် ကြသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရပ်နားထားသည့် ဆိုင်ကယ်များလှသည့်အတွက် ဒုဗိုလ်မှူးကြီးက သံပိုက်လုံးဖြင့် ဆိုင်ကယ်များကို ရိုက်ချိုးခဲ့သည်။ ဆိုင်ကယ်အချို့မှာ ဦးခေါင်းပိုင်း ကြေမွသွားပြီး အချို့မှာ ပြန်လည်ပြင်ဆင်ခ ၃၀၀၀- ၄၀၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းနေကြသည်။
အဖွဲ့အစည်းတို့နှင့် နီးစပ်မှုမရှိသည့် ပြည်သူများသည် မြန်မာစစ်တပ် တပ်ရင်းမှူး၏လုပ်ရပ်ကို မကျေနပ်ကြောင်းကို မပြောရဲသော်လည်း အာဏာပိုင်တို့နှင့် နီးစပ်သူတို့က သက်ဆိုင်ရာသို့ တင်ပြထားသည်။
ပြည်သူများမှာ ခါတိုင်းရက်များတွင် ထိုကဲ့သို့ ရပ်နားထားသော်လည်း အာဏာပိုင်တို့မှ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသည့်အတွက် ယခင်ထားမြဲနေရာတွင် ရပ်နားထားခဲ့သည်။ သို့သော် ဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးမှ ဆိုင်ကယ်များကို သံလုံးဖြင့် ရိုက်ပြီးနောက်ပိုင်းတွင် နယ်စပ်ဖြတ်သည့်အဓိကဂိတ်တွင် ဆိုင်ကယ်ရပ်နားရန် မဝံ့သည့်အပြင် ဖြတ်သန်းမသွားလာရဲပါ။
သို့သော် ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျင်းပသည့် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏မွေးနေ့အတွက် ပြည်သူများ ဖြတ်သန်းသွားလာရန်အတွက် နယ်စပ်ဖြတ်သည့်အဓိကဂိတ်အား ဖွင့်ရန် ထိုင်းအာဏာပိုင်တို့က တောင်းဆိုပြီးနောက် မြန်မာအာဏာပိုင်တို့က ယနေ့ တရက်တာ ပြည်သူများ လည်ပတ်ရန် ခွင့်ပြုပေးခဲ့သည်။
ကေအိုင်အေတပ် စခန်းကို နအဖစစ်တပ်က ပစ်ခတ်
သျှမ်းသံတော်ဆင့်
ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီးရှိ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းတစ်ခုကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မြန်မာစစ်တပ်က စတင်ပစ်ခတ်ရာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
လွယ်ဂျယ်မြို့နှင့် မိုင်ဂျာယန် အကြား ကောင်းဆာရွာအနီးရှိ ကေအိုင်အေ တပ်ရင်း ၁၆ လက်အောက်ခံ တပ်စခန်း တစ်ခု ကို မြန်မာစစ်တပ်၏ ခလရ ၂၃၆ တပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ကေအိုင်အေ တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များက ကောင်းဆာရွာ အတွင်း ၀င်ရောက်၍ တပ်သားသစ်စုဆောင်းနေရာမှ ယခု ပစ် ခတ်မှု စတင်ခဲ့ပြီး နအဖဘက်မှ ထိုးစစ်ဆင်သည့် အနေအထား မဟုတ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
စုဆောင်းရေးဆွဲရာကနေ စဖြစ်တာ ကေအိုင်အေက ကောင်းဆာရွာမှာလူလာဖမ်းတာ မူးယစ်ဆေးဝါးနှိမ်နှင်းရေး လည်း လုပ်နေတယ်ဆိုတော့ ဘယ်လို ဖမ်းလဲမသိဘူး အဲဒီရွာက ကေအိုင်အေစခန်းနဲ့နီးနီးလေးပဲ ကေအိုင်အေ အဖွဲ့ စခန်းပေါ် တက်ပြေးတော့ နအဖကစခန်းကိုပစ်တာ နှစ်ဘက် အပြန်အလှန်ပစ်ကြတာပေါ့ ” - ဟု ဒေသခံ တစ်ဦးက ပြောသည်။
ထိုနေ့က မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင် လွယ်ဂျယ်မြို့သို့ ရောက်ရှိနေရာ နှစ်ဘက်တပ်များ လုံခြုံရေးတိုးမြှင့်ထားချိန်နှင့်တိုက်ဆိုင်နေကြောင်းသိရသည်။
ယခု ပစ်ခတ်မှုအတွင်း နှစ်ဘက်အကျအဆုံးမရှိကြောင်း ကေအိုင်အို သတင်းရပ်ကွက်က ပြောသည်။
စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ကေအိုင်အို ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့သို့ နအဖ စစ်ရဟတ်ယာဉ် တစ်စီးနယ်ကျော်ဝင်ရောက်ခဲ့ရာ ကေအိုင်အိုဘက်မှ ပစ်ခတ်သတိပေးခဲ့ရကြောင်း သိရသည်။
လတ်တလော မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဘက်မှ ကုန်ကားများ လိုင်ဇာသို့ သွားလာမှုကို ပိတ်ပင်ထားသဖြင့် လိုင်ဇာမြို့၌ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ ဦးအောင်ဝါက ပြောသည်။
နယ်ခြားစောင့်တပ်ငြင်းဆန်နေသည့် ကေအိုင်အိုနှင့် နအဖတို့ အကြား စစ်ရေးတင်းမာနေရာ လွန်ခဲ့သည့်လက ကချင်ပြည် နယ်အတွင်း ဖွင့်လှစ်ထားသော ကေအိုင်အိုဆက်ဆံရေးရုံးများကို ပိတ်ပစ်ရန် နအဖက ကေအိုင်အိုကို အကြောင်းကြား ခဲ့ပြီး ယခုလဆန်းပိုင်းက ကချင်ပြည်နယ်အတွင်း နအဖတပ်များ စစ်အင်အားဖြည့်တင်းနေ ကြောင်း သိရသည်။
ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီးရှိ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းတစ်ခုကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မြန်မာစစ်တပ်က စတင်ပစ်ခတ်ရာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။လွယ်ဂျယ်မြို့နှင့် မိုင်ဂျာယန် အကြား ကောင်းဆာရွာအနီးရှိ ကေအိုင်အေ တပ်ရင်း ၁၆ လက်အောက်ခံ တပ်စခန်း တစ်ခု ကို မြန်မာစစ်တပ်၏ ခလရ ၂၃၆ တပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ကေအိုင်အေ တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များက ကောင်းဆာရွာ အတွင်း ၀င်ရောက်၍ တပ်သားသစ်စုဆောင်းနေရာမှ ယခု ပစ် ခတ်မှု စတင်ခဲ့ပြီး နအဖဘက်မှ ထိုးစစ်ဆင်သည့် အနေအထား မဟုတ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
စုဆောင်းရေးဆွဲရာကနေ စဖြစ်တာ ကေအိုင်အေက ကောင်းဆာရွာမှာလူလာဖမ်းတာ မူးယစ်ဆေးဝါးနှိမ်နှင်းရေး လည်း လုပ်နေတယ်ဆိုတော့ ဘယ်လို ဖမ်းလဲမသိဘူး အဲဒီရွာက ကေအိုင်အေစခန်းနဲ့နီးနီးလေးပဲ ကေအိုင်အေ အဖွဲ့ စခန်းပေါ် တက်ပြေးတော့ နအဖကစခန်းကိုပစ်တာ နှစ်ဘက် အပြန်အလှန်ပစ်ကြတာပေါ့ ” - ဟု ဒေသခံ တစ်ဦးက ပြောသည်။
ထိုနေ့က မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင် လွယ်ဂျယ်မြို့သို့ ရောက်ရှိနေရာ နှစ်ဘက်တပ်များ လုံခြုံရေးတိုးမြှင့်ထားချိန်နှင့်တိုက်ဆိုင်နေကြောင်းသိရသည်။
ယခု ပစ်ခတ်မှုအတွင်း နှစ်ဘက်အကျအဆုံးမရှိကြောင်း ကေအိုင်အို သတင်းရပ်ကွက်က ပြောသည်။
စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ကေအိုင်အို ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့သို့ နအဖ စစ်ရဟတ်ယာဉ် တစ်စီးနယ်ကျော်ဝင်ရောက်ခဲ့ရာ ကေအိုင်အိုဘက်မှ ပစ်ခတ်သတိပေးခဲ့ရကြောင်း သိရသည်။
လတ်တလော မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဘက်မှ ကုန်ကားများ လိုင်ဇာသို့ သွားလာမှုကို ပိတ်ပင်ထားသဖြင့် လိုင်ဇာမြို့၌ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ ဦးအောင်ဝါက ပြောသည်။
နယ်ခြားစောင့်တပ်ငြင်းဆန်နေသည့် ကေအိုင်အိုနှင့် နအဖတို့ အကြား စစ်ရေးတင်းမာနေရာ လွန်ခဲ့သည့်လက ကချင်ပြည် နယ်အတွင်း ဖွင့်လှစ်ထားသော ကေအိုင်အိုဆက်ဆံရေးရုံးများကို ပိတ်ပစ်ရန် နအဖက ကေအိုင်အိုကို အကြောင်းကြား ခဲ့ပြီး ယခုလဆန်းပိုင်းက ကချင်ပြည်နယ်အတွင်း နအဖတပ်များ စစ်အင်အားဖြည့်တင်းနေ ကြောင်း သိရသည်။
မပြယ်သောမေတ္တာပန်း
မဇ္ဈိမသတင်းဌာန
ကင်မရာ ချောင်းကြည့်ပေါက် (view finder)မှ ကြည့်နေသော ကျနော့မျက်ဝန်းတွင် မျက်ရည်များ ဝေ့သီလာသည်။ ကျနော်သာ ကျနော့်အမေနှင့် ၁ဝနှစ်ကျော်ကြာ ခွဲခွာဝေးနေခဲ့ရလျှင်၊ ကျနော့်အမေသာ သူ့သားကျနော်နှင့်၁ဝ နှစ်ကျော်ကြာ ရှင်ကွဲ ခွဲနေခဲ့ရလျှင် ကျနော်တို့ သားအမိ မည်သို့ ခံစားရမလဲဆိုသည့် အတွေးနှင့် အမျိုးအမည် ဖော်ပြမတတ်နိုင်သော ဝေဒနာတရပ် ရင်ထဲတွင် ဆို့နစ်လာသဖြင့် မျက်ရည်စို့လာသည်။
ထိုသို့ ဆို့နစ်စရာအတွေး ပေါ်လာစေသည့် မြင်ကွင်းကတော့ အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့သားငယ် ကိုထိန်လင်းတို့ ရန်ကုန်လေဆိပ်၌ ပြန်ဆုံကြသည့်နေ့က ဖြစ်သည်။ သားငယ်ကို လာကြိုမည်ဆိုသည့် သတင်းကြားရသဖြင့် ရန်ကုန်လေဆိပ်သို့ မနက်စောကတည်းက ကျနော်တို့ သတင်းသမားများ ရောက်နေခဲ့ကြသည်။ နံနက် ၇နာရီခွဲခန့် အမေစု ရောက်လာချိန်တွင် ဓာတ်ပုံ အလုအယက် ရိုက်ကြသည့် တရုန်းရုန်းနှင့် သတင်းသမားများကြောင့် ရန်ကုန်လေဆိပ်တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
“ကျမဘယ်နားက ကြိုရမှာလဲဟင်”ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမေးကို “အမေဒီနားမှာ ခဏ ထိုင်စောင့်ပေးပါ ခင်ဗျာ”ဟု လေဆိပ် လုံခြုံရေး ဝန်ထမ်းတဦးက တလေးတစား ပြောသံကို တွေ့မြင်ကြားခဲ့ရသည်။ တအောင့်အကြာ အခြား လုံခြုံရေး ဝန်ထမ်းတဦးက လေဆိပ်အတွင်းပိုင်းထိ ဝင်ကြိုနိုင်ပါကြောင်း တလေးတစား လာခေါ်လေသည်။
“အထဲထိ ဝင်ရမှာဆို မှတ်ပုံတင် လိုမှာပေါ့နော်၊ ဒုက္ခဘဲကျမ မှတ်ပုံတင် မေ့လာခဲ့တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောလျှင် လာခေါ်သည့် လုံခြုံရေးဝန်ထမ်းက မလိုပါကြောင်း ဝင်ခွင့် လုံခြုံရေးကတ် လုပ်ပေးထားပါသည်ဆိုပြီး ကတ်ထုတ်ပေးကာ ချိတ်ဆွဲရန်ပြောပြီး အတွင်းသို့ ဦးဆောင် ခေါ်သွားခဲ့သည်။ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေး ကောင်တာနှင့် မလှမ်းမကမ်း၌ ထိုင်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ကာ သူချစ်သော သူ့ကိုချစ်သော ပြည်သူတို့၏ အမျိုးမျိုး မှတ်ချက်ပြုသံများက-
“ကျက်သရေ ရှိလိုက်တာနော် ကျန်းကျန်းမာမာဘဲ”
“ဒေါ်စုကတော့ ပန်းပန်လျက်ပါဘဲကွာ”
(အမေစုသည် ထိုနေ့က ပန်းရောင်နှင့် အဝါရောင် နှင်းဆီပန်း ရှစ်ပွင့်ကို နောက်တွဲဆံထုံး ဘေးပတ်လည် ပန်လာခဲ့သည်။)
“နှစ်ရှည်လများ ကွဲကွာနေတဲ့ သားကို လာကြိုတာတောင် တည်တည်ငြိမ်ငြိမ်နဲ့
နေနိုင်တာ ချီးကျူးစရာပါဘဲကွာ”
သတင်းဓာတ်ပုံများ ရရှိရေး တဖျတ်ဖျတ် ရိုက်နေကြသော သတင်းသမားများကို ကြည့်ကာလည်း-
“ဂျာနယ်တွေကတော့ သတင်းတွေ ဓာတ်ပုံတွေ ဖော်ပြနိုင်အောင် ကြိုးစားပမ်းစား လုပ်နေကြတာဘဲ ပြီးရင် သူတို့ ဂျာနယ်တွေဘဲ အပိတ်ခံကြရတာ”
သတင်းဓာတ်ပုံ ရိုက်နေကြသော ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူများကို လေဆိပ် လုံခြုံရေးများ၊ အရပ်ဝတ် ထောက်လှမ်းရေးများ၊ အထူးစုံစမ်းရေးရဲများက
ဓာတ်ပုံ ဗီဒီယိုရိုက် မှတ်တမ်း ယူနေသည်ကိုလည်း ပြည်သူတဦးက-
“အမလေး အမေစုကို မမြင်တာကြာလို့ ပြန်ထွက်လာပြီးမှ မတွေ့ဖူးသေးလို့ လမ်းကြုံတွေ့တုန်း ကြည့်မိတာပါတော် အမှုတော့ မလုပ်ပါနဲ့” ဆိုကာ ထွက်သွားခဲ့၏။
လေဆိပ်တွင်း တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများလည်း ဒေါ်အောင်ဆန်းစုကြည်လာသည်ကို တွေ့မြင်ကြရကာ ဝမ်းသာကြည်နူးကြပုံများ အထင်းသား တွေ့ခဲ့ရသည်။ ဝန်ထမ်း ယူနီဖောင်းနှင့် တာဝန်ချိန်အတွင်းဆိုသည့် အသိက သူတို့ကို အဟန့်အတား ဖြစ်နေစေခဲ့သည်ကို နားလည်ပေသည်။ အနီးနားထိ လာမကြည့်ရဲဘဲ အဝေးမှသာ လှမ်းကြည့်ကာ အမျိုးမျိုး ဝေဖန်မှတ်ချက် ပြုနေသည်ကို တွေ့ခဲ့ရသည်။ ခဏအကြာ ကြောက်စိတ်ကင်း ရဲတင်းလာသော အချို့ ဝန်ထမ်းများက သူတို့တွင်ရှိသော ဟန်းဖုန်း ကင်မရာများဖြင့် ဝမ်းသာအားရ အမှတ်တရပုံ လှမ်းရိုက်ကြသည်ကိုလည်း မြင်ခဲ့ရ၏။
၇နာရီ ၄၅မိနစ်တွင် ကိုထိန်လင်း လိုက်လာသော MAI လေယာဉ် ဆိုက်လာကာ လူဝင်မှုကြီးကြပ်ရေး ကောင်တာတွင် လိုအပ်သော စစ်ဆေးမှုများအပြီး တာဝန်ရှိသူများက သူ့အမေရှိရာ ခေါ်လာပေးသည်။ သားအမိနှစ်ဦး ဝမ်းသာအားရ တွေ့ဆုံ ပွေ့ဖက်အပြီး ကိုထိန်လင်းက အပေါ်အင်္ကျီချွတ်ကာ သူ့လက်မောင်းတွင် ထိုးလာခဲ့သော NLD အလံ ဆေးမှင်ကြောင်ကို ပြလေသည်။
လေဆိပ်အတွင်းပိုင်း ကာထားသည့် မှန်ကိုဖြတ်ကာ အပြင်မှ ကြည့်နေကြသူများလည်း သူ့တို့သားအမိ၏ အပျော်အပြုံး ကြည်နူးမှုများကို ထပ်တူ ခံစားခဲ့ကြရမည်ကို အတတ် ပြောနိုင်ပေသည်။
သားငယ်ကို ကြိုအပြီး ပြန်ထွက်လာသော ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို သားငယ်နှင့် တွေ့ဆုံရ၍ အထူးဝမ်းသာ ပျော်ရွှင်မိကြောင်း၊ သားငယ်ကို ပြည်ဝင်ခွင့်ပြုသည့် တာဝန်ရှိ အကြီးအကဲများကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း ပြောသွားခဲ့လေသည်။ ၈နာရီ ဆယ်မိနစ်ကျော်တွင် ဒေါ်စုနှင့်သားငယ်တို့ တက္ကသိုလ်ရိပ်သာလမ်းအိမ်သို့ ထွက်သွားလေသည်။
(၂)
နောက်တနေ့မနက် ရွှေတိဂုံဘုရား တက်ဖူးမည်ဆိုသည့် သတင်းရသဖြင့် မနက်အစောထကာ ဘုရားတက်ပြီး သူ့မွေးနံ အင်္ဂါထောင့်ရှိရာတောင်ဘက်မုခ်တွင် စောင့်နေခဲ့သည်။ မြောက်ဖက်မုခ်က တက်ဖြစ်မည်ဆိုသည့် ဖုန်းသတင်း ဝင်လာချိန် မြောက်ဖက်မုခ် ပြေးစောင့်ရပြန်သည်။
မြောက်ဖက် ဓာတ်လှေကား အဝင်တွင် ပြည်တွင်းပြည်ပ သတင်းသမားများ စုရုံးရောက်လာကြကာ တဖြေးဖြေး စည်ကားလာသည်။ နံနက် ၇နာရီခွဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ သားငယ် ကိုထိန်လင်း၊ ဒေါ်ခင်ခင်ဝင်း၊ မဖြူဖြူသင်း၊ ဒေါ်စုအိမ်ကို ပြင်ပေးနေသော ဆရာကြီး မင်းသုဝဏ်သား ဆရာဒလဘန်းနှင့် ဦးလွင်သမီးတို့ ဇနီးမောင်နှံ၊ NLD လူငယ်အဖွဲ့ လုံခြုံရေးများ ခြံရံသော ဘုရားဖူးအဖွဲ့ မြောက်ဖက်စောင်းတန်းအတိုင်း တက်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဘုရားလာဖူးသည်ကို သိသွားကြသော စောင်းတန်းမှ ပန်းသည်များက ဘုရားပန်းများ ဓမ္မဒါန ပေးနိုင်ရန် တန်းစီစောင့်နေကြလေသည်။ ဘုရားပန်း လက်ဆောင်များကို ကျေးဇူး အထူးတင်ကြောင်း ပြောကာ ဒေါ်စုက လက်ခံယူလေသည်။ မြောက်ဖက် စောင်းတန်းမှ အထွက် ရင်ပြင်ပေါ်အရောက် ဘုရားဖူး အမျိုးသမီးကြီးနှစ်ဦးက လုံခြုံရေးအကာကို အတင်းဖြတ်ကာ ဒေါ်အောင်ဆန်းစုကြည်ထံ အရောက်လာပြီး သူတို့တဘက်ခြုံထည်များကို ဒေါ်စုဘုရားဖူးကန်တော့ရန် ကိုယ်တိုင် ခြုံပေးကာ ဓမ္မလက်ဆောင် ပေးပြန်လေသည်။
ဘုရားကို ပတ်ဖူးနေစဉ် ရင်ပြင်တော် တနေရာအရောက် အမျိုးသမီးကြီးတဦး ဝင်လာကာ ဒေါ်စုလက်ကိုဆွဲလျက် မမစု အကျဉ်းအကြပ်ခံနေရစဉ်က အမြန် လွတ်မြောက်ပါစေကြောင်း ရည်ရွယ်ကာ ရွှေပေါ်ကျွန်း သာသနာ့ နယ်မြေတွင် ဆရာတော်ဘုရားကို သိက္ခာထပ်ပေးခဲ့ကြောင်း၊ ကုသိုလ် ကောင်းမှုများပြုကာ အမြန် လွတ်မြောက်ပါစေရန် အမြဲ ဆုတောင်းပေးကြောင်း၊ ထိုကုသိုလ်များကို သာဓုခေါ်နိုင်ပါရန် အမျှဝေပါကြောင်းပြောရာ ဒေါ်အောင်ဆန်းစုကြည်က သာဓုခေါ်ခဲ့လေသည်။ ဝမ်းသာဝမ်းနည်း ခံစားနေရသော ထိုအမျိုးသမီးကြီးက အမြဲ ကျန်းကျန်းမာမာနေနိုင်ကာ တိုင်းပြည်နှင့် ပြည်သူအကျိုး ဆောင်ရွက်နိုင်ပါစေ၊ အခက်အခဲများ အောင်မြင် ကျော်လွှားနိုင်ပါစေ ဆုတောင်းပေးပြန်ရာ ဒေါ်စုက ပေးတဲ့ဆုနဲ့ ပြည့်ပါရစေနော်ဟု ပြန်ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူးလာသည်ကို သိသွားကြသော ဘုရားဖူး ပရိသတ်လည်း အနောက်မှ တကောက်ကောက် လိုက်လာကြရာ ကျနော်တို့ သတင်းသမားများနှင့် တရုန်းရုန်း ဖြစ်ကုန်တော့သည်။ “သတင်းထောက်တွေ ဘုရားဖူးတွေကို မထိခိုက်ပါစေနဲ့နော် သတိထားကြပါ။ကျမတို့ကြောင့် သူများတွေ စိတ်အနှောက်အယှက်ဖြစ်ရင် မကောင်းဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သေးသည်။ ကျနော်တို့ သတင်းသမားများနှင့်အတူ ဘုရားဖူး ပြည်သူများကလည်း သူတို့ပါလာသော ကင်မရာများ၊ ဖုန်းကင်မရာများဖြင့် အမှတ်တရ ဝင်ရိုက်လေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနံအင်္ဂါထောင့်တွင် သားအမိနှစ်ဦးနှင့် အတူ ဒေါ်ခင်ခင်ဝင်းတို့ ဘုရားကန်တော့ကာ ပန်းကပ် ပူဇော်ကြလေသည်။ ထို့နောက်ဗိုလ်ချုပ်နှင့် သားငယ် ကိုထိန်လင်းတို့၏ မွေးနံ စနေထောင့်တွင် ဘုရားကန်တော့ပန်း ကပ်ပြန်သည်။ ကိုထိန်လင်းကဂြိုဟ်တိုင် ဘုရားကို ရေသပ္ပာယ်ခဲ့သည်။ သားငယ် ရေသပ္ပာယ်သည်ကို စောင့်ကြည့်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားထိုင် ကန်တော့ပြီးသူ တစ်ဦးက “အမေစု ကျန်းမာရေး ကောင်းပါလား” ဟု လက်အုပ်ချီ် နှုတ်ဆက်လေသည်။ ဒေါ်စုကလည်း ကောင်းပါကြောင်းနှင့် ထိုလူ့ ရင်ခွင်ထဲမှ ကလေးငယ်ကို ကြည့်၍ “သမီးလေးလား ဘယ်နှနှစ်ရပြီလဲ”ဟု ခွန်းတုံ့ပြန်ခဲ့သည်။ ခဏအကြာ ကလေးငယ်က သူ့အမေကို တမ်းတကာ အဖေကို “မေမေရောမေမေရော” မေးရာ ထိုလူက- “ဟိုမှာ မေမေဘဲ အဲဒါ ဖေဖေတို့ အားလုံးရဲ့ မေမေဘဲ”ဟု ဒေါ်အောင်ဆန်းစုကြည်ကို ညွှန်ပြကာ သူ့သမီးငယ်ကို ပြောပြနေသံကို ဝိုင်းကြည့်နေသော ဘုရားဖူးများနှင့် သတင်းထောက်များ ဆက်ဆက် ကြားခဲ့ရလေသည်။ အားလုံးမျက်နှာထက်တွင် ပီတိအပြုံးများ ပွင့်နေခဲ့သည်။
ဘုရားရင်ပြင်ပေါ် လှည့်လည် ကြည်ညိုကန်တော့နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားဖူးများက ဝမ်းသာအားရ နှုတ်ဆက်ကြလေသည်။ ကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ ပြည်သူ့အကျိုး သယ်ပိုးနိုင်ပါစေ၊ အခက်အခဲများ ကျော်လွှား အောင်မြင်နိုင်ပါစေဟု ဆုအမျိုးမျိုး တောင်းပေးကြသံများ ဝေစည်နေလေသည်။ဘုရားဖူးလာ ပြည်သူများထဲမှ အသက်ကြီးကြီး အမျိုးသမီးကြီး တစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသမီးနှစ်ဦးတို့ ဒေါ်စုလက်ကို တဖက်တချက်ဆီမှ ဆွဲကိုင်၍ အပြုံးမျက်နှာတွင် မျက်ရည်တွေဝေလျက် စိတ်လှုပ်ရှားစွာနှင့်-
“ခုလို ကျန်းကျန်းမာမာနဲ့ တွေ့ရတာ အရမ်းဝမ်းသာတာဘဲ ခုလို တွေ့ရတာ အရမ်းဝမ်းသာတာဘဲ”နှင့် ထပ်တလဲလဲ ပြောတော့သည်။ထိုမြင်ကွင်းများက သူတို့နည်းတူ ကျန်လူများကိုလည်း ဝမ်းသာ လှိုက်မောစေခဲ့ပေသည်။ ရွှေတိဂုံဘုရား လာကြသော နိုင်ငံခြားသား ဧည့်သည်များလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဘုရားဖူး ပရိသတ် အပြန်အလှန် နှုတ်ဆက်ပြောဆိုနေကြပုံများကို မှတ်တမ်း ယူကြလေသည်။
ဘုရားဖူး ပရိသတ်ကပေးသော ဘုရားပန်းကို ရာဟုထောင့် ဂြိုလ်တိုင်တွင် လှုမည့် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့တည့်တည့်မှ သတင်းဗီဒီယို ရိုက်ယူနေသော သတင်းထောက်တယောက် နောက်လှည့်မကြည့်မိဘဲ ရိုက်ရာ ဘုရားကန်တော့နေသည့် စုံတွဲပေါ် တက်နင်းမိလေတော့သည်။ ဘုရားဖူးနေကြသူများကို အထိအခိုက် အနှောက်အယှက် မဖြစ်ကြစေရန် ထပ်သတိပေးပြီး ထိုစုံတွဲကို တောင်းပန်စကား လှမ်းပြောရင်း ဒေါ်အောင်ဆန်းစုကြည်ခမျာ ဘုရားပန်းကိုအမြန်ကပ်လှူ ပူဇော်ကာ သူ့ပါတီအဖွဲ့ဝင်များကို-
“ခုနဘုရားဖူးတွေကို ရှာပေးပါ၊ ကျမတောင်းပန်ချင်တယ်.. သေချာတောင်းပန်ရမယ် လိုက်ရှာကြပါအုံး”ဟု ပြောလေရာ မလှမ်းမကမ်းတွင် ရပ်ကြည့်နေသော အဆိုပါ စုံတွဲကိုတွေ့ရ၍ အန်တီက တောင်းပန်ချင်ကြောင်း ပြောနေစဉ် ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး “ကျမတောင်းပန်ပါတယ်နော်.. ကျမကြောင့် ခုလို ဖြစ်သွားရတာ စိတ်မကောင်းပါဘူး၊ ကျမတောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ”ဟု စိတ်လိုလက်ရ တောင်းပန်စကားဆိုရာ စုံတွဲကပြုံးရွှင်စွာဖြင့်ကိစ္စမရှိပါကြောင်း ပြန်ပြောသံကို မြင်ကြားခဲ့ရလေသည်။
ထို့နောက် သတင်းသမားများအတွက် ရွှေတိဂုံဘုရားနောက်ခံနှင့် ဓာတ်ပုံ အရိုက်ခံပေးကာ မြောက်ဖက် စောင်းတန်းမှ ပြန်ဆင်းသွားခဲ့သည်။ လမ်းတလျှောက် ဝိုင်းဝန်း နှုတ်ဆက်ကြသော ဘုရားဖူး ပရိသတ်များကိုလည်း အပြုံးမပျက် ပြန်လည် နှုတ်ခွန်းဆက်လျက် ဖြေးဖြေးချင်း ဆင်းလာခဲ့သည်။ ဘုရားမှာ ဘာဆုတွေ တောင်းခဲ့ပါသလဲဟု အေအက်ဖ်ပီသတင်းဌာနမှ မလှလှဌေးအမေးကို ဒေါ်အောင်ဆန်းစုကြည်က “ဒါတော့ ဘယ်ပြောလို့ ဖြစ်မလဲ”ဟု ပြုံးရွှင်စွာဖြင့် ပြန်ပြောလိုက်ရာ ဘေးမှ လိုက်ပါနေသူများ ဝိုင်းကြည့်နေသူများ၏ ရယ်သံများ ဝေစည်သွားခဲ့သည်။ ထို့နောက် မြောက်ဖက်စောင်းတန်း အတက်တွင် ဓာတ်ပုံ ထပ်အရိုက်ခံပေးကာ အားလုံးကို နှုတ်ဆက်ပြီး နံနက်၈နာရီကျော်တွင် အိမ်ပြန်သွားခဲ့လေသည်။
အမေစု ဘုရားဖူးချိန် တလျှောက်လုံး ဘေးမှ ကပ်လိုက်ကာ သတင်းဓာတ်ပုံ ရိုက်ယူနေသော ကျနော် ထိုအချိန်ကျမှ အသက်ဝဝ ရှုနိုင်ကာ တကိုယ်လုံး စိုရွှဲနေသော ချွေးတို့ကို သုတ်ရင်း ဘုရားအတက် စောင်းတန်း အုတ်လှေခါးတွင် ထိုင်အမောဖြေနေစဉ်-
“ညီလေးခုနက ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူး လာသွားတယ်ဆို အမေစု လာသွားတယ်ဆို ညီလေး ဓာတ်ပုံ လိုက်ရိုက်လာတာလား ခဏ ပေးပြပါကွာ”ဟု ဆိုလာသူကို ကျနော်ရိုက်လာသော ဓာတ်ပုံများကို စိတ်လိုလက်ရ ပြန်ပြစဉ် ဦးဇင်းတပါးနှင့် အခြား ဘုရားဖူးများပါ ဝိုင်းလာကြည့်ပြီး-
“ကျက်သရေ ရှိလိုက်တာ၊ နုသေးတယ်နော်၊ ကျန်းမာရေး ကောင်းနေပုံဘဲ၊ ကျန်းကျန်းမာမာနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး အခက်အခဲများ ကျော်လွှား ဆောင်ရွက်နိုင်ပါစေ” ဆိုသည့် အသံများ ဝေဝေစည်စည် ကြားခဲ့ရပြန်၏။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ အပြင်သို့ ပြန်ထွက်လာသည့် အချိန်တလျှောက် သူ့အပေါ်ထားရှိသော ပြည်သူတို့ မေတ္တာကို မျက်မြင်တွေ့ခဲ့ရပြီးပြီ။ မိသားစုအရေးထက် မြန်မာပြည်သူများအရေး အလေးထား ဆောင်ရွက်နေသော သူ့မိခင်အပေါ် ကိုထိန်လင်းတယောက် အပြစ်မမြင်မေတ္တာသက်ဝင် ချစ်ခင်လေးစားမြဲ ရှိပုံကိုလည်း တွေ့ခဲ့ရပြီ။ အမေစုအပေါ် ပြည်သူတို့ ယုံကြည်ကိုးစား အလေးထားကာ လှိုက်လှိုက်လှဲလှဲ မေတ္တာသက်ဝင် ချစ်ခင်လျက် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလျက် ရှိနေကြသည်ကိုလည်း တွေ့မြင် ခံစားခဲ့ရပေ၏။ ထိုမပြယ်သော မေတ္တာ၏ အထုအထည်သည် ဓမ္မ၏ အင်အားတရပ်ပင်၊ ဓမ္မသည် အဓမ္မကို အောင်နိုင်မြဲဖြစ်ရာ ဤမေတ္တာတရားများ အမြဲတည်ရှိကာ ဆက်လက် ပြန့်ပွားနိုင်ပါစေဟု ဆန္ဒပြုရပေသည်။
ကင်မရာ ချောင်းကြည့်ပေါက် (view finder)မှ ကြည့်နေသော ကျနော့မျက်ဝန်းတွင် မျက်ရည်များ ဝေ့သီလာသည်။ ကျနော်သာ ကျနော့်အမေနှင့် ၁ဝနှစ်ကျော်ကြာ ခွဲခွာဝေးနေခဲ့ရလျှင်၊ ကျနော့်အမေသာ သူ့သားကျနော်နှင့်၁ဝ နှစ်ကျော်ကြာ ရှင်ကွဲ ခွဲနေခဲ့ရလျှင် ကျနော်တို့ သားအမိ မည်သို့ ခံစားရမလဲဆိုသည့် အတွေးနှင့် အမျိုးအမည် ဖော်ပြမတတ်နိုင်သော ဝေဒနာတရပ် ရင်ထဲတွင် ဆို့နစ်လာသဖြင့် မျက်ရည်စို့လာသည်။ထိုသို့ ဆို့နစ်စရာအတွေး ပေါ်လာစေသည့် မြင်ကွင်းကတော့ အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့သားငယ် ကိုထိန်လင်းတို့ ရန်ကုန်လေဆိပ်၌ ပြန်ဆုံကြသည့်နေ့က ဖြစ်သည်။ သားငယ်ကို လာကြိုမည်ဆိုသည့် သတင်းကြားရသဖြင့် ရန်ကုန်လေဆိပ်သို့ မနက်စောကတည်းက ကျနော်တို့ သတင်းသမားများ ရောက်နေခဲ့ကြသည်။ နံနက် ၇နာရီခွဲခန့် အမေစု ရောက်လာချိန်တွင် ဓာတ်ပုံ အလုအယက် ရိုက်ကြသည့် တရုန်းရုန်းနှင့် သတင်းသမားများကြောင့် ရန်ကုန်လေဆိပ်တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,7th,2010
( 36 )Thai and Burmese FM hold secret talks
( 35 )နအဖ လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများ အရည်အသွေးပိုကောင်းလာ
( 34 )India Delivers Heavy Machinery for Burmese Army
( 33 )နောင်အနာဂတ် သျှမ်းပြည် ဖွဲ့စည်းပုံ ပြောင်းလဲဖွယ်ရှိ
( 32 )Burmese dictator’s United link
( 31 )ချင်းပြည်နယ် အဲန်အယ်ဒီလူငယ်အဖွဲ့ လာမည့်နှစ်သစ်တွင် ဖွဲ့စည်းနိုင်မည်ဟုမျှော်လင့်
( 30 )Burmese junta wanted to buy Manchester United for $1bn
( 29 )ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးခွဲများ မြို့နယ် လေးမြို့နယ်တွင် တိုးချဲ့ ဖွင့်လှစ်မည်
( 28 )Aung San Suu Kyi farewells son
( 27 )ဘင်္ဂလာ ရိုင်ဖယ် တပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ခုတ်၍ မူဆလင် ဒုက္ခသည် တဦး ဖမ်းဆီးခံရ
( 26 )Myanmar gem fair nets record $1.4 bln - govt official
( 25 )မြဝတီနှင့် ရွှေသံလွင်ပေါင်း၍ အခပေးရုပ်သံလိုင်းများ လွှင့်မည်
( 24 )U.S. high official visits Myanmar
( 23 )မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး အာဏာပိုင်တွေ တာဝန်ကျေဖို့လို
( 22 )Michelle Yeoh to play Myanmar's Suu Kyi in film?
( 21 )မန်ယူကိုဝယ်ဖို့ ဗိုလ်ချုပ်မှူးကြီး စဉ်းစားခဲ့သလား
( 20 )US envoy in Burma for talks with Suu Kyi
( 19 )၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးအလားအလာ
( 18 )Suddenly, football in our hearts
( 17 )ပါတီတွေရဲ့ ရွေးကောက်ပွဲလွန်ပြင်ဆင်မှု
( 16 )Burmese military junta chief thought of buying Man U
( 15 )မြန်မာ့အရေး ပိုမိုအားပေးရန် အိန္ဒိယကို ဒေါ်စု တိုက်တွန်း
( 14 )Actress Yeoh Meets Myanmar's Suu Kyi to Discuss Film
( 13 )မြန်မာ့လေကြောင်း ရန်ကုန်လေဆိပ်တွင် လမ်းချော်
( 12 )U.S. official arrives in Myanmar to meet Suu Kyi, MPs
( 11 )ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်းချီကား ပို့စ်ကတ်များ ရောင်းပြီး လူမှုရေးတွင် သုံးမည်
( 10 )Burma must free political prisoners
( 9 )ဒေါက်တာစင်သီယာမောင် မွေးနေ့ပွဲ ကျင်းပ
( 8 )အိန္ဒိယစစ်တပ်က မြန်မာကို ယာဉ်များ ကူညီ
( 7 )Senior US Diplomat to Visit Burma This Week
( 6 )အမေရိကန် ထိပ်တန်းသံတမန် မြန်မာနိုင်ငံကို ဒီသီတင်းပတ် သွားရောက်မည်
( 5 )Student army to join Karen fighting
( 4 )DKBA နဲ့ တိုက်ပွဲတွေကြား မြန်မာစစ်တပ် ရွာသားတွေကို ပေါ်တာဆွဲ
( 3 )President Obama join the mine ban treaty
( 2 )ပြည်တွင်း သတင်းထောက်အုပ်စု HIV/AIDS ဝေဒနာရှင်တွေအတွက် ငွေလှူဒါန်း
( 1 )The Risky World of Burma's Football Gamblers

Monday, December 6, 2010
စစ်အစိုးရနှင့် DKBA တိုက်ပွဲ ဆက်ဖြစ်
သန်းထိုက်ဦး Monday, 06 December 2010
စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ မြ၀တီမြို့နယ် အတွင်းရှိ မေတ္တာလင်းမြိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။ မေတ္တာလင်းမြိုင်ဒေသ၌ ယနေ့ နံနက် ၅နာရီခန့်တွင် နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် ကြောင်း ယင်းကျေးရွာအနီးရှိ ဒေသခံများက ဆိုသည်။
ယနေ့တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများ မရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့မှ စတင်၍ ထွက်ပြေးလာသူ လူဦးရေ ၁၀၀၀ ကျော် ရှိနေသေးကြောင်း၊ ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင် များက ထိုင်းနယ်ခြားစောင့် စခန်းဝန်းအတွင်း စောင့်ရှောက်ထားကြောင်း သိရသည်။
ယင်း ဒုက္ခသည်များကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များ ထားရှိရာသို့ လာရောက်ကြည့်ရှုခဲ့ပြီး အလျင်စလို ပြန်ပို့ရန် မလိုအပ်သေးကြောင်းနှင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်သည့် အခြေအနေ ရှိနေသေးကြောင်း ပြောသွားသည်ဟု သိရသည်။
ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ လူ့အခွင့်အရေး လှုပ်ရှားနေသော NGO အဖွဲ့ အစည်း တချို့က အစားအသောက်များ ကူညီထောက်ပံ့ပေးထားသည်ဟု မဲဆောက်မြို့ခံများက ဆိုသည်။
ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပေးရောက်ရှိလာသော ဒုက္ခသည် များကို အချိန်မတန်သေးဘဲ ပြန်မပို့ရန် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး (HRW) အဖွဲ့က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားသည်ဟု သိရသည်။
HRWမှ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဆိုဖီ ရစ်ချတ်ဒ်ဆန်က “မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အရပ်သားတွေကို ထိခိုက်မှု မရှိအောင် နှစ်ဘက်လုံးက အလေးထားတာမျိုး မပြခဲ့ဘူး”ဟု ဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်း ဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားကြောင်း သိရသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက သင်္ကန်းညီနောင်၊ ဖလူး၊ မယ်သဝေါနှင့် မာနယ်ပလောဒေသ တလျှောက်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရန်သူ (နအဖ တပ်တွေ) က အဲဒီဘက်တွေမှာ မထိန်းနိုင်တော့ဘူး။ DKBA ကလည်း မညီညွတ်တော့ဘူး ဆိုတော့ ကျနော်တို့
ဘက်က ပျောက်ကျားစနစ်နဲ့ လစ်တာနဲ့ ထတိုက်မှာပဲ” ဟု သူက ဆက်ပြောသည်။
ပျောက်ကျား တပ်များကို အဆိုပါဒေသများသို့ ထပ်မံ တိုးချဲ့ရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အပြင် KNU လက်အောက်ခံတပ်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅)၊ တပ်မဟာ (၇) လက် အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း(၂၂) တပ်များပူးပေါင်းကာ လှုပ်ရှားနေကြောင်းလည်း KNLA အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး၏ တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူ သောကြောင့် ခွဲထွက်ခဲ့သည်။
ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ဖြစ်သည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ မြ၀တီမြို့နယ် အတွင်းရှိ မေတ္တာလင်းမြိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။ မေတ္တာလင်းမြိုင်ဒေသ၌ ယနေ့ နံနက် ၅နာရီခန့်တွင် နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် ကြောင်း ယင်းကျေးရွာအနီးရှိ ဒေသခံများက ဆိုသည်။ ယနေ့တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများ မရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့မှ စတင်၍ ထွက်ပြေးလာသူ လူဦးရေ ၁၀၀၀ ကျော် ရှိနေသေးကြောင်း၊ ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင် များက ထိုင်းနယ်ခြားစောင့် စခန်းဝန်းအတွင်း စောင့်ရှောက်ထားကြောင်း သိရသည်။
ယင်း ဒုက္ခသည်များကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များ ထားရှိရာသို့ လာရောက်ကြည့်ရှုခဲ့ပြီး အလျင်စလို ပြန်ပို့ရန် မလိုအပ်သေးကြောင်းနှင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်သည့် အခြေအနေ ရှိနေသေးကြောင်း ပြောသွားသည်ဟု သိရသည်။
ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ လူ့အခွင့်အရေး လှုပ်ရှားနေသော NGO အဖွဲ့ အစည်း တချို့က အစားအသောက်များ ကူညီထောက်ပံ့ပေးထားသည်ဟု မဲဆောက်မြို့ခံများက ဆိုသည်။
ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပေးရောက်ရှိလာသော ဒုက္ခသည် များကို အချိန်မတန်သေးဘဲ ပြန်မပို့ရန် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး (HRW) အဖွဲ့က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားသည်ဟု သိရသည်။
HRWမှ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး ဆိုဖီ ရစ်ချတ်ဒ်ဆန်က “မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အရပ်သားတွေကို ထိခိုက်မှု မရှိအောင် နှစ်ဘက်လုံးက အလေးထားတာမျိုး မပြခဲ့ဘူး”ဟု ဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်း ဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားကြောင်း သိရသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက သင်္ကန်းညီနောင်၊ ဖလူး၊ မယ်သဝေါနှင့် မာနယ်ပလောဒေသ တလျှောက်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရန်သူ (နအဖ တပ်တွေ) က အဲဒီဘက်တွေမှာ မထိန်းနိုင်တော့ဘူး။ DKBA ကလည်း မညီညွတ်တော့ဘူး ဆိုတော့ ကျနော်တို့
ဘက်က ပျောက်ကျားစနစ်နဲ့ လစ်တာနဲ့ ထတိုက်မှာပဲ” ဟု သူက ဆက်ပြောသည်။
ပျောက်ကျား တပ်များကို အဆိုပါဒေသများသို့ ထပ်မံ တိုးချဲ့ရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အပြင် KNU လက်အောက်ခံတပ်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅)၊ တပ်မဟာ (၇) လက် အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း(၂၂) တပ်များပူးပေါင်းကာ လှုပ်ရှားနေကြောင်းလည်း KNLA အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး၏ တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူ သောကြောင့် ခွဲထွက်ခဲ့သည်။
ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ဖြစ်သည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်း ဗုံးပေါက်ကွဲ
သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ မြို့မတောင် ရပ်ကွက်၌ လက်သည်မသိ ဗုံးပေါက်ကွဲမှုတခု ပြီးခဲ့သည့်သောကြာနေ့က ဖြစ်ပွား ခဲ့ကြာင်း စုံစမ်း သိရှိရပါသည်။
လင်းခေး ဝမ့်တိုက်ရပ်ကွက်- ရပ်ကွက် ဥက္ကဌဟောင်း လုံးတာယရဲ့အိမ်ရှေ့မှာဗုံးပေါက်ကွဲတာဖြစ်တယ်။ ပြီးခဲ့တဲ့ သောကြာညမှာဖြစ်တာ။ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ ညအချိန်ဆိုတော့ အသံကြားရလဲ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး” - ဟု တောင်ရွာရပ်ကွက် ဒေသခံ တဦးက ပြောသည်။
လက်သည်မသိ၊ အကြောင်းရင်းမသိရသော်လည်း အဆိုပါ လုံးတာယ ရပ်ကွက် ဥက္ကဌတာဝန်မှ အနားမယူမီက ဥက္ကဌ အာဏာသုံးပြီး ဒေသခံရွာသားများထံ ပိုက်ဆံကောက်ခြင်း၊ နအဖ စစ်အာဏာပိုင် ဆန္ဒအတိုင်းအကျိုးဆောင်လုပ်ပေး လေ့ရှိခြင်းကြောင့်ဖြစ်သည်ဟု လင်းခေးဒေသခံ တဦးက ဤကဲ့သို့ပြောပြသည်။
“ ဦးတာယ က (မြို့မတောင်ရပ်ကွက်ဥက္ကဌ ဟောင်း) အသက် ၅၅ နှစ်လောက်ရှိတယ်။ သူဥက္ကဌလုပ်တုန်းက အာဏာတအားသုံးတယ်။ ရွာသားတွေဆီက ပိုက်ဆံကောက်တယ်။ သူ့အိမ်မှာဖုန်းတပ်ဖို့။ နောက်ပြီး သူသုံးဖို့ ဆိုင်ကယ်တစီးဝယ်ဖို့။ ထိုင်းကို အလုပ်သွားလုပ်တဲ့ သားသမီးတွေရှိတဲ့အိမ်ဆို ၂ ဆကောက် တယ်။ သူအလုပ်က ထွက်ရင် တက်လာတဲ့ ဥက္ကဌသစ်ကို အဲဒီပစ္စည်းတွေ လွှဲပေးမယ်ဆိုဘဲ။ အခုဥက္ကဌသစ်တက်လာလဲ လွှဲမပေးသေးဘူး” - ဟု ဆိုသည်။
ယခုနှစ်များအတွင်း အဆိုပါလုပ်ရပ်မျိုး လင်းခေးမြို့ရပ်ကွက်ဥက္ကဌတို့ ကျင့်သုံးလာကြသဖြင့်ရွာသားများငြီးငြူ နေကြသည်ဟု ၎င်းကပြော ပြသည်။
“လင်းခေးမှာအိမ်တိုင်းနီးပါး ထိုင်းကိုသွားအလုပ်လုပ်ကြတယ်လေ။ သူတို့ပိုက်ဆံကောက်မယ်ဆိုရင် ထိုင်းအလုပ်သွား လုပ်တဲ့အိမ်ဆိုရင် ၂ ဆ ထည့်ရမယ်ဆိုတာဖြစ်လာတယ်။ သာမာန်အားဖြင့်က ဟိုကြေးဒီကြေးအရမ်းကိုများနေပြီ။ ၂ ဆ ထည့်ရမယ်လို့ လုပ်လိုက်ပြန်တော့ လူတွေက မခံနိုင်ကြတော့ဘူး”- ဟု အမည်မဖော်လိုသည့်ကျောင်းဆရာမ တဦးက ပြောသည်။
ယခုနှစ်ဆန်းပိုင်း လုံးတာယ ရပ်ကွက်ဥက္ကဌ အလုပ်မှနှုတ်ထွက်ပြီးနောက်ပိုင်း အတွင်းရေးမှူး စိုင်းစိန္တာက ရပ်ကွက် ဥက္ကဌရာထူးဆက်ခံလာ သည်ဟုလည်း သိရသည်။

BGF တပ်ဖွဲ့ဝင် ၁၇ဦး ကေအဲန်ယူထံ ထွက်ပြေးရောက်ရှိလာ
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် မြ၀တီခရိုင်၊ ဖလူးကျေးနယ်တွင် လှုပ်ရှားလျှက်ရှိသော ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၂၂)မှ တပ်ခွဲမှူးတဦး အပါအ၀င် ၁၇ဦးသည် ဒီဇင်ဘာလ ၃ရက်နေ့က ကေအဲန်ယူထံ ထွက်ပြေးရောက်ရှိလာသည်ဟု သိရသည်။
ထိုနေ့ညနေတွင် ဖလူးကျေးရွာ အခြေစိုက် ဗိုလ်မှူးစောမုတ်သုန် ဦးစီးသည့် BGF (၁၀၂၂)တပ်ရင်းမှ တပ်ခွဲ(၁)မှူး ဗိုလ်ကြီး စောသိန်းမြိုင် (ခေါ်) ဗိုလ်ခေါင်းဖြူ ဦးဆောင်သည့်အဖွဲ့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ဆက်လက် လုပ်လိုစိတ် မရှိတော့သဖြင့် မိမိတို့တပ်စခန်းမှ ထွက်ပြေးသွားခဲ့ပြီး ကေအဲန်ယူတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ ရောက်ရှိလာခြင်းဖြစ် ကြောင်း တပ်ခွဲမှူး ဗိုလ်ကြီးစောသိန်းမြိုင်က ပြောသည်။
“ကျနော်တို့ နယ်ခြားစောင့်တပ် လုပ်နေပေမယ့် စိတ်မှမပါတာ။ အဲဒါကြောင့် တယောက်နဲ့ တယောက်တိုင်ပင်ပြီးတော့ ညနေ ၆နာရီကျော်မှာ စခန်းကနေ ထွက်ပြေးခဲ့လိုက်တယ်။ ပြီးမှ ကေအဲန်ယူနဲ့ ဆက်သွယ်လိုက်တာပါ။”ဟု ပြောသည်။
ထွက်ပြေးခဲ့သည့် အဆိုပါ BGF တပ်ဖွဲ့ဝင်များထဲတွင် တပ်ခွဲမှူး၊ ဒုခွဲမှူး၊ ဒုဗိုလ်၊ ဒုအရာခံဗိုလ်၊ တပ်ကြပ်ကြီးနှင့် တပ်သား ၁၂ ဦးတို့ ပါရှိပြီး ၎င်းတို့၏ လက်နက် ၁၉လက်နှင့် ခဲယမ်းအချို့မှာ ကေအဲန်ယူနှင့် မချိတ်ဆက်မိခင် လမ်းခုလတ်တွင် ရွာသားတစ် ဦး၏ ဖြားယောင်းမှုကြောင့် အကြောင်းမဲ့ ဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်ကြီးစောသိန်းမြိုင်က ပြောသည်။
သူက “ကျနော်တို့ထွက်လာတော့ လမ်းမှာ ရွာသားတယောက်နဲ့ဆုံတယ်။ သူက မင်းတို့တွေ အဲလိုထွက်ပြေးလာတော့ လုံခြုံ ရေး စိတ်မချရဘူးတဲ့။ ဒါကြောင့် လက်နက်တွေကို သူ တာဝန်ယူပေးမယ်ဆိုလို့ ကျနော်တို့က ပေးလိုက်မိတာ လူရော၊ လက် နက်ပါ မတွေ့တော့ဘူး။”ဟု ဆိုသည်။
၎င်းတို့၏ ပြောဆိုချက်အရ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အများစုမှာ မိမိတို့၏ တပ်ရင်းနံပါတ်ကိုပင် မသိရှိဘဲ တပ်ရင်းမှူးအမည် ကိုသာ မှတ်သားထားကြောင်း သိရသည်။
ယင်းသို့ ကေအဲန်ယူထံသို့ ထွက်ပြေးရောက်ရှိလာသည့် အဆိုပါ BGF တပ်ဖွဲ့ဝင်များကို ကေအဲန်ယူမှ ကောင်းမွန်စွာ ကြိုဆို လက်ခံခဲ့သည့်အပြင် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးထားကြောင်း ကေအဲန်အယ်လ်အေ (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဖောဒိုက ပြောသည်။
တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန် ဦးဆောင်သည့် BGF အမှတ်(၁၀၂၂)တပ်ရင်းသည် ယခင် ဒီကေဘီအေအဖြစ် ရပ်တည်ခဲ့ စဉ်က ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်ခံ (၉၀၇)တပ်ရင်းဖြစ်သည်။

လေဘေးသင့် ဒေသမှ ရယက ဥက္ကဌတစ်ဦးကို စစ်ဗိုလ် တစ်ဦးမှ ကိုယ်ထိ လက်ရောက် စော်ကား
နိရဉ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငရဗချိုင် ကျေးရွာမှ ရယက ဥက္ကဌ တစ်ဦးကို နအဖ စစ်ဗိုလ် တစ်ဦးမှ ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် ရိုက်ပုတ် စော်ကားသော ဖြစ်စဉ် တစ်ခု ယခုလ ၂ ရက်နေ့က ဖြစ်ပွား ခဲ့သည်။
ဒီဇင်္ဘာလ ၂ ရက်နေ့ ညနေ ရ နာရီ ၃၀ မိနစ် အချိန်တွင် လေဘေးဒဏ်ကို အဓိက ခံခဲ့ရသော ပေါက်တောမြို့နယ် ဗျိုင်းသစ်ကျေးရွာ အုပ်စု ငရဗချိုင် ကျေးရွာ ဥက္ကဌ ဦးစိန်လှကျော်အား လေဘေး ကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်နေသော ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ မှ ဗိုလ်ကျော်ကျော်အောင်မှ သူတည်းခိုရာ နေရာသို့ ခေါ်ယူပြီး ပြင်းပြင်း ထန်ထန် ရိုက်နက် ကန်ကျောက်မူများ ပြုလုပ်ခဲ့သည်။
ဒီဇင်္ဘာလ ၂ ရက် နံနက် ၇ နာရီတွင် ပြင်ဖြူချိုင် ကျေးရွာသို့ သွားရောက်လိုသဖြင့် စက်လှေ စီစဉ်ပေးရန် ဗိုလ်ကျော်ကျော်အောင်မှ ပြောသည်ကို တစ်နာရီ နောက်ကျပြီး နံနက် ၈နာရီတွင် စီစဉ်ပေးခဲ့သည့် အပေါ် မကျေနပ်ရာမှ ပြင်ဖြူချိုင် ကျေးရွာမှ ပြန်အရောက် ညနေ ရ နာရီတွင် ဥက္ကဌ ဦးစိန်လှကျော်အား သူတည်းခိုရာ နေရာသို့ ခေါ်ယူပြီး အရက် သောက်စားထားသော ဗိုလ် ကျော်ကျော်အောင်မှ ခေါ်ယူရိုက်ပုတ် နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။
စက်လှေများမှာ လေဘေးဒဏ်ကြောင့် ယိုယွင်းပျက်စီးနေပြီး စက်များကို ကုန်းပေါ်တင်ထားရာမှ စက်ကို ပြန်တပ်ရသဖြင့် အချိန် တစ်နာရီ ကြာမြှင့်ခဲ့သည့် အပေါ် မကျေနပ်ရာမှ ယခုကဲ့သို့ ရိုက်ပုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်း တပ်စွဲထားသော ဗမာ စစ်တပ်သည် ယခုကဲ့သို့ ကျေးရွာ လူကြီး ရယက ဥက္ကဌများကိုပင် မထင်ရင် မထင်သလို ကိုယ်ထိ လက်ရောက် ရိုက်ပုတ် စော်ကား တတ်သဖြင့် သာမန် ရခိုင် ပြည်သူများ အခြေအနေမှာ ဖက်ဆစ် ဂျပန် လက်အောက်ကို ရောက်ရှိနေသော အခြေ အနေထက် ဆိုးရွားနေကြောင်း ဒေသခံ ရခိုင်ပြည်သူများထံမှ ပေးပို့သော စာတွင် ဖေါ်ပြသည်။
( ဖြစ်စဉ် အသေးစိတ်နှင့် ဥက္ကဌ ဦးစိန်လှကျော်မှ အထက်သို့ တိုင်ကြားစာအား အောက်တွင် ဖတ်ရှု့နိုင်ပါသည်။)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငရဗချိုင် ကျေးရွာမှ ရယက ဥက္ကဌ တစ်ဦးကို နအဖ စစ်ဗိုလ် တစ်ဦးမှ ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် ရိုက်ပုတ် စော်ကားသော ဖြစ်စဉ် တစ်ခု ယခုလ ၂ ရက်နေ့က ဖြစ်ပွား ခဲ့သည်။ဒီဇင်္ဘာလ ၂ ရက်နေ့ ညနေ ရ နာရီ ၃၀ မိနစ် အချိန်တွင် လေဘေးဒဏ်ကို အဓိက ခံခဲ့ရသော ပေါက်တောမြို့နယ် ဗျိုင်းသစ်ကျေးရွာ အုပ်စု ငရဗချိုင် ကျေးရွာ ဥက္ကဌ ဦးစိန်လှကျော်အား လေဘေး ကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်နေသော ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ မှ ဗိုလ်ကျော်ကျော်အောင်မှ သူတည်းခိုရာ နေရာသို့ ခေါ်ယူပြီး ပြင်းပြင်း ထန်ထန် ရိုက်နက် ကန်ကျောက်မူများ ပြုလုပ်ခဲ့သည်။
ဒီဇင်္ဘာလ ၂ ရက် နံနက် ၇ နာရီတွင် ပြင်ဖြူချိုင် ကျေးရွာသို့ သွားရောက်လိုသဖြင့် စက်လှေ စီစဉ်ပေးရန် ဗိုလ်ကျော်ကျော်အောင်မှ ပြောသည်ကို တစ်နာရီ နောက်ကျပြီး နံနက် ၈နာရီတွင် စီစဉ်ပေးခဲ့သည့် အပေါ် မကျေနပ်ရာမှ ပြင်ဖြူချိုင် ကျေးရွာမှ ပြန်အရောက် ညနေ ရ နာရီတွင် ဥက္ကဌ ဦးစိန်လှကျော်အား သူတည်းခိုရာ နေရာသို့ ခေါ်ယူပြီး အရက် သောက်စားထားသော ဗိုလ် ကျော်ကျော်အောင်မှ ခေါ်ယူရိုက်ပုတ် နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။
စက်လှေများမှာ လေဘေးဒဏ်ကြောင့် ယိုယွင်းပျက်စီးနေပြီး စက်များကို ကုန်းပေါ်တင်ထားရာမှ စက်ကို ပြန်တပ်ရသဖြင့် အချိန် တစ်နာရီ ကြာမြှင့်ခဲ့သည့် အပေါ် မကျေနပ်ရာမှ ယခုကဲ့သို့ ရိုက်ပုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်း တပ်စွဲထားသော ဗမာ စစ်တပ်သည် ယခုကဲ့သို့ ကျေးရွာ လူကြီး ရယက ဥက္ကဌများကိုပင် မထင်ရင် မထင်သလို ကိုယ်ထိ လက်ရောက် ရိုက်ပုတ် စော်ကား တတ်သဖြင့် သာမန် ရခိုင် ပြည်သူများ အခြေအနေမှာ ဖက်ဆစ် ဂျပန် လက်အောက်ကို ရောက်ရှိနေသော အခြေ အနေထက် ဆိုးရွားနေကြောင်း ဒေသခံ ရခိုင်ပြည်သူများထံမှ ပေးပို့သော စာတွင် ဖေါ်ပြသည်။
( ဖြစ်စဉ် အသေးစိတ်နှင့် ဥက္ကဌ ဦးစိန်လှကျော်မှ အထက်သို့ တိုင်ကြားစာအား အောက်တွင် ဖတ်ရှု့နိုင်ပါသည်။)
အခွန်မတရားကောက်ခံခြင်းကြောင့် လောင်စာဆီဈေးကို တိုးမြှင့်ရောင်းချနေရ
ခိုနူမ်းထုန်သတင်း၊ ၆ ဒီဇင်ဘာလ ၂၀၁၀
မြန်မာနိုင်ငံချင်းပြည်နယ်တွင်လောင်စာဆီရောင်းချနေသူများထံ သက်ဆိုင်ရာမြို့နယ်စည်ပင် သာယာ ရေးဌါနကအခွန်မတ ရားကောက်ခံခြင်းကြောင့် လောင်စာဆီများကို ဈေးနှုန်းတိုးမြှင့်ပြီး ရောင်းချနေရ သည်ဟု လောင်စာဆီအရောင်းပိုင်ရှင်များ ကပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ တွင် ဓါတ်ဆီ အရောင်းဆိုင်များထံ တနှစ်အတွက် စည်ပင်သာယာ ရေး က ကျပ်ငွေ နှစ်သောင်း(၂၀၀၀၀) ကောက်ခံနေပြီး ယင်းသို့ကောက်ခံနေခြင်းကြောင့် ဓာတ်ဆီအရောင်းဆိုင်များကလည်း ဈေးမြှင့်ပြီး ရောင်းချနေကြရခြင်းဖြစ်ကြောင်းဖလမ်းမြို့မှ အမည်မဖော်လိုတဲ့ဓာတ်ဆီအရောင်းဆိုင်ပိုင်ရှင်တဦးကပြောသည်။
“ ကျတော်တို့  ဓါတ်ဆီ တစ်ပီပါကို တစ်သိန်းရှစ် သောင်းနဲ့  ကလေး(ဒါမှမဟုတ်) ဟားခါးမြို့ တွေကနေ ၀ယ်ယူ ကြ တယ် သယ်ယူ ခက တစ်သောင်းပေးတယ်၊ အခွန်မကောက်ဘူးဆိုရင် ကျတော်တို့ နည်းနည်း လျှော့ရောင်းလို့ ရတာ ပေါ့၊ အခွန်နဲ့ ဆိုရင် တစ်ဂါလံကို ၄၃၀၀ ကျပ်နဲ့ ရောင်းမှ ကျနော်တို့အတွက်ကိုက်တော့တာ” ဟုပြောသည်။
မြို့နယ်စည်ပင်သာယာရေးဌါနမှ လက်ရှိကောက်ခံနေသည့် လောင်စာဆီအခွန်ဈေးနှုန်းကို လျော့ချပေးပါက ဓာတ်ဆီအ ရောင်းဆိုင်များအနေဖြင့်လည်း ဓာတ်ဆီကို အနည်းအကျဉ်းလျော့ပြီးရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် သုံးစွဲသူ ပြည်သူများအတွက်လည်း ပိုသက်သာမည်ဖြစ်ကြောင်းသူကဆက်ပြောသည်။
စစ်အစိုးရက ယခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ လောင်စာဆီ ဖြန့်ဖြူးရောင်းချရေးကို ပုဂ္ဂလိကသို့ ပြောင်းလဲ လုပ်ပိုင်ခွင့်ပြု ခဲ့သည်။ ထို သို့ ခွင့်ပြုသည်နှင့်အညီ စစ်အစိုးရက တဂါလန်လျှင် ကျပ်ငွေ ၂၃၅၀ နှုန်းဖြင့် ပုဂ္ဂလိက စက်သုံးဆီ အရောင်း ဆိုင်များသို့ ချပေးပြီး ဈေးနှုန်းကို ၂၅၀၀ ကျပ် ထက်မပိုဘဲ ပြန်လည်ရောင်းချပေးရမည်ဟု ကန့်သတ် ထားသည်။
သို့ သော် လက်ရှိ မန္တလေးမြို့ ပြင်ပလောင်စာဆီဈေးကွက်တွင် ဓာတ်ဆီတဂါလန်လျှင် ၃၂၀၀ ကျပ် ဈေးပေါက်လျက်ရှိပြီး ချင်းပြည်နယ်မြောက်ပိုင်းတွင် ကျပ်ငွေ ၄၃၀၀နှင့် ချင်းပြည်တောင်ပိုင်း မတူပီမြို့ တွင် ကျပ်ငွေ ၆၀၀၀ အထိ ရောင်းချ လျက်ရှိကြောင်း သိရသည်။
မတူပီမြို့ ဒေသခံတဦးက “ဒီအစိုးရကတော့ လက်တွေ့ မကျတာတွေ လိုက်လုပ်နေတာပါ။ ဈေးနှုန်းက ဘယ်လောက်ဘဲ ကန့် သတ်ကန့် သတ် ကုန်တင်ခ၊ အခွန်တို့ လည်းရှိသေးတယ်ဆိုတော့ ၆၀၀၀ ကျပ်နဲ့  မရောင်းရင် မဖြစ်နိုင်တဲ့ အခြေ အနေဘဲ၊ ဒါအပြင်ဓါတ်ဆီဆိုင်တွေ ဘက်ကကြည့်ရင် မှန်တာပေါ့” ဟုဆို သည်။
မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးအခက်ခဲဆုံးဖြစ်သည့် ချင်းပြည်နယ်တွင် အခြားဒေသနှင့်မတူဘဲ လောင်စာဆီ ဈေးနှုန်း နှစ်ဆနီးပါးတက်လာသည်နှင့်အညီ ကုန်ပစ္စည်းဈေးနှုန်းများလည်း အဆမတန် တက်လာ သည်ကိုတွေ့ ရသည်။
စစ်အစိုးရက လောင်စာဆီ ဖြန့်ဖြူးရေးကို ဦးတေဇ (ထူး ထရေးဒင်း)၊ ဦးဇော်ဇော် (မက်စ်မြန်မာ ကုမ္ပဏီ)၊ ဦးကျော်ဝင်း (ရွှေသံလွင် ထရေးဒင်း)၊ ဦးဌေးမြင့် (ယုဇန ကုမ္ပဏီ)၊ အဏ္ဏ၀ါလွှမ်း ကုမ္ပဏီ၊ နီလာရိုးမ ကုမ္ပဏီ၊ Fisheries & Marine Product 2000 Limited၊ ဦးနေအောင်၊ ဦးအောင်သက်မန်း (ဧရာရွှေဝါ)၊ ဂရင်းအေးရှား၊ ဦးခင်မောင်အေး (ကေတုမတီ)၊ ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ ဦးဝင်းအောင် (ဒဂုံ အင်တာနေရှင်နယ်)၊ ကောင်းဇော်ဟိန်း ကုမ္ပဏီ၊ မြန်မာ နိုင်ဂရု (ပ်)၊ ဦးချစ်ခိုင် (ဧဒင်)၊ မြတ်မေတ္တာမွန် စသည့် ကုမ္ပဏီကြီးများအား ပေးထားပြီး ၄င်းတို့ မှလက်ဝါးကြီးအုပ်ထားသည်။

ထိုင်းနယ်မြေသို့ဝင်ရောက်လာသည့်မြန်မာစစ်အရာရှိနှစ်ဦး ဂတုံး(ခေါင်းတုံး)တုန်းအပြစ်ပေးခံ
မင်းချမ်း၊ ကောင်းဝါ
ဘုရားသုံးဆူ၊ ထိုင်းနယ်မြေကိုဝင်ရောက်လာသော မြန်မာစစ်အရာရှိနှစ်ဦးတို့သည် ဗျူဟာမှူးသတင်းသိရှိသွားသဖြင့် ပြန်လည်ခေါ်ယူပြီးဂတုံးတုန်းရိပ်ကာ အပြစ်ပေးအပ်ခဲ့ကြောင်း အဆိုပါဖြစ်ရပ်တွင် ပါဝင်ခဲ့သူအမည်မဖေါ်လိုသူတစ်ဦး ပြောသည်။
ဖြစ်စဉ်မှာ ဘုရားသုံးဆူမြို့နယ်စပ်အနီး ဘုရင့်နောင်ကုန်းတွင် စခန်းချလျှက်ရှိသော ခမရ ၄၁၀ စစ်ကြောင်း ၂ မှူးဖြစ်သူ ဒုရင်းမှူးဗိုလ်မှူးမျိုးမင်းထွန်းနှင့် ၄င်းတပ်ဖွဲ့မှဗိုလ်ကြီးတစ်ဦးတို့သည် ယခုလ ၃ ရက်နေ့၊ နေ့လည်ပိုင်းတွင် ထိုင်းနယ်မြေဘုရားသုံးဆူသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
“ဗျူဟာမှူးသိသိချင်း ဒေသခံထိုင်းအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရယူပြီး ဒီအရာရှိတွေမြန်မာပြည်ဖက်ကို ပြန်ခေါ်ခဲ့တာဖြစ်တယ်၊ ဒီရောက်တော့ ထိပ်တုန်းခတ် ဂတုံးတုန်းရိပ်အပြစ်ပေးလိုက်တယ်” ဟု အမည်မဖေါ်လိုသူက ဆက်ပြောသည်။
အဆိုပါမြန်မာအရာရှိနှစ်ဦး ထိုင်းနယ်မြေသို့ရောက်ရှိလာပြီး ၄င်းတို့အရာရှိပြန်ခေါ်သွားသည်မှာမှန်ကန်ကြောင်း ဒေသခံထိုင်းအာဏာပိုင်တစ်ဦးက အတည်ပြုပြောကြားသည်။
ထို့နောက် ခမရ ၄၁၀ စစ်ကြောင်း ၂ ကို ထိုင်းနယ်စပ်နှင့်ဝေးရာ ဘုရားသုံးဆူမြို့အပြင်ဖက် ရွာသစ်နှင့်ကျုံကွီးရွာဖက်တွင် ဗျူဟာမှူးဗိုလ်မှူးကြီးသိန်းဇော်က အမိန့်ပေးပြောင်းရွေ့လိုက်ကြောင်း ဒေသအတွင်း မြန်မာတပ်ဖွဲ့များလှုပ်ရှားမှုကိုထောက်လှန်းနေသူ ကေအဲန်ယူတပ်မဟာ ၆ ပြောခွင့်ရဗဒိုစောထဲနေက ပြောသည်။
ထိုဖြစ်စဉ်တွင် ထိုင်းနယ်မြေသို့လိုက်ပါပို့ဆောင်ရွက်ပေးခဲ့သူ ဒီကေဘီအေတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးအပြောအရ ဗျူဟာမှူးနဲ့အထက်အရာရှိများထံသတင်းပေါက်ကြားခဲ့သည့်အတွက် အဆိုပါမြန်မာစစ်အရာရှိနှစ်ဦး ထိုင်းနိုင်ငံအတွင်းပိုင်းသို့ တနည်းနည်းဖြင့်ထွက်ပြေးရန်ကြိုးစားနေစဉ် မအောင်မြင်ဖြစ်ခဲ့သည်ဟု သိရသည်။
ထိုင်းနယ်စပ်ရောက် မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်တို့မှာ ထိုင်းနိုင်ငံအတွင်းသို့ တပ်ပြေးဝင်ရောက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း၊ ယခုအခါ မဟာချိုင်ဒေသတွင် မြန်မာတပ်ပြေးများ ထောင်ဂဏန်းအထိပင်ရှိနေကြောင်း သတင်းများတွင်ရေးသားဖေါ်ပြကြသည်။

လက်နက်ချနိုင်ရှောင်းအဖွဲ့ စစ်အစိုးရတပ်နှင့်အတူစစ်ဆင်ရေးလှုပ်ရှားရန်သဘောတူ
မင်းထက်အောင်၊ ကောင်းဝါ
လက်နက်ချနိုင်ရှောင်းအဖွဲ့သည် ရေးမြို့နယ်တောင်ပိုင်းဒေသ၌ မြန်မာစစ်အစိုးရတပ်ဖွဲ့နှင့်အတူ စစ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်သွားရန် လွန်ခဲ့သည့်ရက်ပိုင်းတွင် သဘောတူညီမှုရရှိခဲ့ကြောင်း အဆိုပါမွန်လက်နက်ချအဖွဲ့မှ အမည်မဖေါ်လိုသူ ထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
“အစိုးရတပ်ဖွဲ့တွေနဲ့ ပေါင်းပြီးလှုပ်ရှားသွားမယ်၊ သူတို့လက်နက်ထုတ်ပေးမယ်၊ ဒါပေမယ့် အဲဒီက ကျနော်တို့တပ်ဖွဲ့ကို ဘယ်သူဦးစီးမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး” ဟု အဆိုပါထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးက ဆက်ပြောသည်။
၎င်းပုဂ္ဂိုလ်အပြောအရ မွန်လက်နက်ချအဖွဲ့မှ တပ်စိပ် ၃ စိပ်၊ အင်အား ၂၀ ယောက်ဝန်းကျင်ခန့် အဆိုပါစစ်ရေးလှုပ်ရှားမှုတွင်ပါဝင်ဆောင်ရွက်သွားရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ သဘောတူညီခဲ့သည်ဟု သိရသည်။
ရေးမြို့နယ်တောင်ပိုင်းဒေသတဝိုက် ခေါဇာမြို့နယ်ခွဲတွင် ခလရ ၃၁ တပ်ရင်းဌာနချုပ်တည်ရှိနေပြီး တပ်ပြေးအင်အားများပြားနေကြောင်း၊ ယခုအခါအဆိုပါတပ်ရင်းတစ်ရင်းလုံး၌ စစ်သည်အင်အား ၇၀ ယောက်ပင်မပြည့်နိုင်သောကြောင့် နယ်မြေစိုးမိုးရေးအတွက် အခက်ကြုံလာရသဖြင့် မွန်လက်နက်ချအဖွဲ့ကို အသုံးချရခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦး သုံးသပ်ပြောဆိုသည်။
“နိုင်ရှောင်းတို့အဖွဲ့ကိုစိတ်ချလက်ချအယုံအကြည်ရှိတာတော့မဟုတ်သေးဘူး၊ ဒါပေမယ့်အစမ်းသဘောအနေနဲ့ ထုတ်သုံးကြည့်တာ၊ အမိန့်ဘယ်လောက်အထိနာခံမလဲပေါ့” ဟု အဆိုပါစစ်ရေးလေ့လာသူက ဆက်ပြောသည်။
ယင်းဒေသတဝိုက်တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့အား လက်ရှိတိုက်ခိုက်နေသည့် အခြားမွန်လက်နက်ကိုင် အဖွဲ့ငယ်အချို့လည်း လှုပ်ရှားလျှက်ရှိနေကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
ရေးတောင်ပိုင်းဒေသသည် ယခင်ကမွန်ပြည်သစ်ပါတီအမာခံဒေသဖြစ်ခဲ့ပြီး ၁၉၉၅ ခုနှစ် မြန်မာစစ်အစိုးရနှင့်အပစ်ရပ်ပြီးနောက်ပိုင်း သဘောတူညီချက်အတိုင်း ထိုနယ်မြေမှမွန်ပြည်သစ်ပါတီတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရသည်ဟု မှတ်တမ်းများအရသိရသည်။
၎င်းဒေသခံများသည် မြန်မာစစ်အစိုးရတပ်ဖွဲ့၏နှိပ်စက်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်လာသည့်အတွက် နောက်ပိုင်းတွင် လက်နက်ကိုင်မွန်တပ်ဖွဲ့ငယ်များပေါ်ပေါက်လာပြီး စစ်အစိုးရအားခုခံတိုက်ခိုက်လျှက်ရှိရာ အခြားမွန်ဒေသများကဲ့သို့ နယ်မြေအေးချမ်းမှုမရှိကြောင်း ဒေသခံများထံမှသိရသည်။
“ငါးကြင်းဆီနဲ့ငါးကြင်းကျော်တဲ့နည်းပဲ၊ မွန်ဒေသကျေးရွာတွေမှာ မွန်တွေအချင်းချင်းတိုက်ခိုက်ကြဖို့ ဒီလက်နက်ချတဲ့အဖွဲ့ကို ပုဆိန်ရိုးလိုအသုံးပြုသွားဖို့ပဲ” ဟု ရေးတောင်ပိုင်းမှ မွန်ဆရာတော်တပါးက သုံးသပ်ပြောဆိုသည်။
နိုင်ရှောင်းနှင့်အဖွဲ့သည် လွန်ခဲ့သည့်အောက်တိုဘာလ ၂၆ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ လက်နက်အပ်နှံပွဲပြုလုပ်ခဲ့သည်ကို ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
တဖန် ယခုလ ၃ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ပေါက်(ကော့ဘိန်းအနီး)ရွာတွင်လည်း လက်ကျန်နောက်လိုက်အင်အား ၅၀ ခန့် ဒုတိယအကြိမ်လက်နက်အပ်နှံပွဲ အခမ်းအနားတစ်ရပ်ထပ်မံပြုလုပ်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီအရာရှိတဦးပြောကြားခဲ့သော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပေ။
အဆိုပါအခမ်းအနားသို့ တပ်မတော်အင်အားဖြည့်တင်းရေးညွန်မှုး ဗိုလ်ချုပ်ငွေသိန်းနှင့် ကရင်ပြည်နယ်ဥက္ကဌဖြစ်သူအရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းတက်ရောက်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
ဗိုလ်မှူးကြီးနိုင်ရှောင်းသည် အသက်ကြီးရင့်လာသဖြင့်မွန်ပြည်သစ်ပါတီမှအနားယူပြီးနောက် စစ်အစိုးရအားပြန်လည်တိုက်ခိုက်ရန် ရာမညတပ်ဖွဲ့အားဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင်သူ၏အဖွဲ့သားများ ပြန်ပေးဆွဲငွေတောင်းခံသည့်လုပ်ရပ်များပြုလုပ်လာသည့်အတွက် အခြေအနေမဟန်သဖြင့် ယမန်နှစ်တွင်စစ်အစိုးရထံ ဝင်ရောက်လက်နက်ချခဲ့ကြောင်း ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီးဖြစ်သည်။

မသင်္ကာသည့် အရပ်သားများအား KIO ဌာနချုပ် လိုင်ဇာမြို့မှ ပြန်ခိုင်းနေ
ဇော်ကြီး။
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့ပေါ်ရှိ စစ်အစိုးရနှင့် ပတ်သက်ဆက်နွယ် မှုရှိသည်ဟု ယူဆခံထားရသည့် အရပ်သားများကို KIO က နေရပ်သို့ ပြန်ခိုင်း နေသည်ဟု သတင်းရရှိသည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံငြင်းဆန်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်ဆက်ဆံရေးတင်းမာလာခဲ့ရာမှ တရုတ် မြန်မာ နယ်စပ်လိုင်ဇာမြို့တွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် သင်္ကာ မကင်းသူများကို နေရပ်သို့ပြန်ရန် KIO က သတိပေးပြောဆိုခဲ့သည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။
“လောလောဆယ်တော့ ပညာပေးစကားပြော အခြေအနေကိုရှင်းပြပြီးတော့ ပြန်ကြလို့ အဲလိုပဲပြော တာ။ နောက်ဟိုဖက်ကအလုပ်တွေ မလုပ်ဖို့။ ဒီမှာလာပြီးမှ မရှုပ်ထွေးဖို့ပေါ့လေ။ ရှုပ်ထွေးမှုမဖြစ်အောင် ပေါ့။”
၎င်းတို့မှာ KIO မှစောင့်ကြည့်ခံထားရသူများဖြစ်ပြီး ဆက်လက်နေထိုင်ပါက ဖမ်းဆီးခံရနိုင်သည်ဟု ဆက်ပြော သည်။
“သူတို့စောင့်ကြည့်ထားတာကြာပြီ။ အဲဒီထဲမှာ ခြေလှမ်းမမှန်တဲ့၊ မူမမှန်တဲ့ ပုဂ္ဂိုလ်တွေပေါ့။ အဲတာက တော့ လူမျိုးဘာသာ မခွဲပါဘူး။ သူတို့ ကြည့်ပြီးမှ ဖယ်ရှားသွားမယ်ပေါ့။ ပထမအဆင့်၊ ဒုတိယ အဆင့်ဆိုပြီး လုပ်လို့မှ ဒီကောင်တွေ မပြန်တတ်ဖူးဆိုရင်တော့ ဖမ်းတော့မှာ။”
လိုင်ဇာမြို့ပေါ်တွင် ဗမာများကို ပြန်ခိုင်းနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လူမျိုးရေးအရ ခွဲခြား ပြောဆိုခြင်းမဟုတ်ဟု “ဒါပေမယ့် ဗမာတွေ ပြန်ပါဆိုတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ လူမျိုးခွဲပြီးလုပ်တာမ ဟုတ်ဖူး။ လူကိုကြည့်ပြီးလုပ်တာ။ ကချင်လည်းပါချင်ပါမယ်၊ ရှမ်းလည်းပါချင် ပါမယ်ပေါ့။” ဟု ဆက် ပြောသည်။
ယင်းကိစ္စမှန်ကန်ကြောင်းနှင့် လွန်ခဲ့တဲ့ နှစ်ရက်ခန့်မှစ၍ ပြန်ခိုင်းနေခြင်းဖြစ်သည်ဟု အမည်မဖော် လိုသည့် KIA အရာရှိတစ်ဦးက ယခုလိုအတည်ပြုပြောဆိုသည်။
“မသင်္ကာတဲ့လူတွေပါ။ သတင်းပေးမှာစိုးလို့၊ သုံးဘီးမောင်းတဲ့သူ ကုန်တင်ကုန်ချလုပ်တဲ့ မသင်္ကာစရာ ရှိတဲ့လူတွေကို အကုန်လုံးပြန်မောင်းထုတ် လိုက်တာပေါ့။”
KIO အနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ခဲ့သည့်အပေါ် နှစ်ဖက် ဆက်ဆံရေး တင်းမာ လာခဲ့ပြီး လွန်ခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက KIO ၏မြို့ပေါ် ဆက်ဆံရေး ရုံးများပြန်လည်ရုတ်သိမ်းခဲ့သလို ဒေသတွင်း နှစ်ဖက်စစ်ရေးပြင်ဆင်မှုများ ရှိခဲ့သည်။
ထို့အပြင် KIO ဌာနချုပ် အခြေစိုက်ရာလိုင်ဇာမြို့မှတဆင့် ဗန်းမော်နှင့် မြစ်ကြီးနားမြို့များသို့ တင်သွင်းသည့် ကုန် ပစ္စည်းများကိုလည်း ၀င်ခွင့်မပေးဘဲ ပိတ်ပင်ထားခဲ့သည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက တပ်မတော်ကြည်းရေလေ ညှိနိုင်းကွပ်ကဲရေးမှူး ဒု- ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးဆောင်၍ စစ်ဆင်ရေးအထူးအဖွဲ့မှူးများ၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိများနှင့် ကချင်ပြည်နယ် တိုင်းမှူး ဟောင်းဗိုလ်ချုပ်စိုးဝင်းတို့ ကချင်ပြည်နယ်အတွင်းရောက်ရှိနေသည့်အပေါ် KIO အား ထိုးစစ်ဆင်လာနိုင်သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင့် ရောက်လာသည်ကို မသိရသေးသော်လည်း အပိုင်းနှစ်ပိုင်း ဖြစ်နိုင်သည်ဟု ကချင်ပြည်နယ်အရေး စောင့်ကြည့်လေ့လာနေသူ ဦးအောင်ဝါက ယခုလိုခန့်မှန်းပြောဆိုသည်။
“သူတို့ ceasefire ကိုယူထားတဲ့အပိုင်းတွေလည်း အခုထိ တရားဝင်ဖျက်သိမ်းတဲ့အပိုင်း စာရွက် စာ တမ်းနဲ့ အခုထိမရှိသေးဘူး။ ဒီဟာကိုလည်း ဆက်လက်ပြီးတော့မှ လုပ်ဆောင်သွားနိုင်တယ်။ နောက် တခုက သူတို့(စစ်အစိုးရ) တကယ်လို့များစစ်ဆင်ရေးလုပ်ခဲ့ရင် သက်ဆိုင်ရာ တပ်မှူးတွေ ဗိုလ်ချုပ်တွေ အကုန်လုံးညှိနိုင်းဆောင်ရွက်ပြီးတော့မှ လုပ်သွားရင်လည်း လုပ်သွားနိုင်တာပေါ့နော်။”
လတ်တလောအခြေအနေအရ မြစ်ကြီးနားမှလိုင်ဇာသို့သွားရာ လမ်းကြောင်းတလျောက်တွင် စစ်အစိုးရတပ်က လုံခြုံရေးတိုးမြှင့်ချထားသလို လိုင်ဇာမြို့ပေါ်တွင် KIO အနေနှင့် ယခင်ကထက် လုံခြုံရေးပိုမိုတင်းကြပ်ထား ကြောင်း သိရသည်။

မျှော်လင့်ချက်နဲ့ လာခဲ့တဲ့ ခရီးကြမ်း
ဆလိုင်းထွန်း
နယူးဒေလီ (မဇ္ဈိမ)။ ။ HIV နဲ့ အတူနေသူ အသက် ၄ဝ နှစ်အရွယ် ဒေါ်မိငယ် (အမည်ရင်းမဟုတ်) က “ဆေးမကုသနိုင်ဘဲ မြန်မာပြည်နေတုန်းက တအား စိတ်ဓာတ်ကျတယ်၊ စိတ်ဆင်းရဲတယ်။ ဒါပေမဲ့ ဒီရောက်ပြီး ဆေးကုသနိုင်တော့ ကိုယ့်ကိုယ်ကို အားတက်လာတယ်။ မျှော်လင့်ချက်လည်း ရှိလာတယ်’’ လို့ ပြောပါတယ်။
သူဟာ ကလေးနှစ်ယောက် မိခင်ပါ။ စစ်ကိုင်းတိုင်း ကလေးမြို့မှာ နေရင်းကနေ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲက Churachandpur မြို့မှာ အခမဲ့ ပြုစုစောင့်ရှောက်နေတဲ့ Happiness အမည်ရ အိမ်လေးဆီ ရောက်လာသူပါ။
တရက်မှာ ကလေးမြို့က ထွက်၊ တမူးမှာ တညအိပ်ပြီးနောက် နယ်ခြားတဖက် မိုရေးမြို့ကနေ Happiness ရှိရာ Churachandpur ဆီ ခရီးဆက်ခဲ့ပါတော့တယ်။
“ကျမတို့အတွက် ART ဆေးစားရင်
CHURACHANDPUR မြို့ တည်ရှိရာ
နေကောင်းမယ် ပေါ့နော်။ ကိုယ့်မှာ သားသမီးတွေ ရှိတယ်။ သားသမီးတွေက အသက်ငယ်သေးတယ်ဆိုတော့ သူတို့အတွက် မျှော်လင့်ချက်ရှိအောင် ဒီဆေးက မှန်မှန်စားဖို့ လိုတယ်။ ဆရာဝန်တွေကလည်း ညွှန်ကြားထားတယ်။ ဆေးကို မပြတ်အောင်စားပြီးမှ အချိန်နဲ့ မှန်မှန်စားရင် ဒီရောဂါက ဘာမှ ကြောက်စရာ မလိုဘူးဆိုပြီး ကျမတို့ကို အားပေးတယ်”
မဏိပူပြည်နယ်က စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို ထိစပ်နေတာ။ ဒီပြည်နယ်ထဲကမှ Churachandpur ကို ရောက်ဖို့ မိုရေးကနေ ၆ နာရီလောက် ကားစီးရတာ။ နိုင်ငံခြားသားမို့ အလွယ်တကူ ဖြတ်သန်းသွားလာခွင့် မပြုပါဘူး။
“စစ်သားတွေနဲ့ တွေ့ရင် မြန်မာပြည်က လူမှန်းသိရင် ပြန်ခိုင်းတယ်။ ပြန်ရင် လမ်းစရိတ်က ကားလက်မှတ်ဖြတ်ထားတဲ့ ၃၅ဝ က အလကားရှုံးတယ်။ မြန်မာနိုင်ငံသားအတွက် တအားအခက်အခဲရှိတယ်။ နေမကောင်းတဲ့ သူအတွက်တော့ မိုးလေးကနေ စထွက်ကတည်းက နှလုံးခုန်တွေတောင် တအားမြန်လွန်းလို့ တကယ်ကြောက်စရာကောင်းတယ်။ မိန်းကလေးအနေနဲ့ တအားပင်ပန်းတယ်။ စစ်သားတွေက မိန်းကလေးတွေကို တကိုယ်လုံး စစ်ဆေးရှာတာ။ တအား စိတ်ပင်ပန်းတာ”
Happiness မှာ ဒေါ်မိငယ်လိုပဲ HIV နဲ့ အတူနေသူတွေနဲ့ AIDS ဝေဒနာသည် မြန်မာနိုင်ငံသား ၅ဝ လောက်လောက် ရှိပါတယ်။ ဒီထဲကမှ ၁၅ ယောက်က ၁၃ နှစ်အောက် ဝေဒနာသည် ကလေးငယ်တွေပါ။ ဒါ့အပြင် နောက်ထပ် ၁ဝ ယောက်လောက်ကတော့ HIV/AIDS နဲ့ပဲ မိဘတွေက ဆုံးပါးသွားလို့ တွယ်ရာမဲ့ ကလေးတွေ။
ချင်းပြည်နယ် ဒေသတချို့အပြင် စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးမြို့နယ်ကနေ ရောက်လာသူက အများစုပါ။
’’ဒီကိုလာတဲ့ မြန်မာပြည်သား ဝေဒနာသည်တွေက အုတ်ခဲစက်ရုံမှာလည်း အလုပ်လုပ်တယ်။ နန့်ဖာလုံဈေးကနေ ငါးတို့၊ အဝတ်အထည်တို့ ယူရောင်းကြတဲ့လူလည်း ရှိတယ်။ ကောက်စိုက်တဲ့အချိန် ကောက်ဝင်စိုက်။ စပါးရိတ်ချိန်ကျတော့ စပါးရိတ်ပေါ့။ ကြုံရာကျပမ်း လုပ်ကြတာပါပဲ’’ လို့ HIV နဲ့ အတူနေသူဖြစ်တဲ့ ကိုစွမ်းမောင် (အမည်ရင်းမဟုတ်) က ရှင်းပြပါတယ်။
ကိုစွမ်းမောင်က စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းဒေသခံတယောက် ဖြစ်ပါတယ်။
’’ဒီမှာ ဆေးကုတာ တအားကောင်းပါတယ်။ ဆရာဝန်တွေလည်း ပြောစရာမလိုဘူး။ သူနာပြုတွေဆိုလည်း ဂရုစိုက်ကြတယ်။ ကျနော့်မှာ ဒီရောဂါရှိမှန်း သိတာက ၅ နှစ်ကျော်ပြီ’’
Happiness ဂေဟာက စောင့်ရှောက်မှုပေးနေတဲ့ ခရစ်ယာန် တရားဟောဆရာ Rama က “ဒီမှာ ဆေးကုရင် စစ်ဆေးတယ်၊ ဆေးစားတယ်၊ စာထုတ်တာနဲ့ အနည်းဆုံး ၆ လ နေရတယ်။ အခြေအနေ နည်းနည်းကောင်းလာရင် ၁ လ၊ ၂ လခြား ဆေးထုတ်လို့ ရတယ်ဆိုတော့ ပြန်သွားကြတယ်။ သူတို့ရဲ့ ဆေးတွေကို ရတဲ့အချိန်မှာ သွားထုတ်ပေးတယ်၊ သူတို့ရဲ့ နေရပ်ရင်းသို့ ပို့ပေးတယ်” လို့ ရှင်းပြပါတယ်။
Happiness ကို ကူညီနေတဲ့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ဝင် ဒေါ်သီတာဦးက “မြန်မာပြည်ကလာတဲ့ သူတွေက တည်းစရာခိုစရာလည်း မရှိဘူး။ အဲဒါကို တရားဟောဆရာက သူ့ရဲ့ နေအလွတ်မှာ ဖြစ်သလိုလေး ဆောက်ပေးတယ်။ အခုတော့ မဆိုးပါဘူး၊ Happiness ကို ကူညီသူတွေများလို့ ကောင်းကောင်းမွန်မွန် နေလို့ရတယ်” လို့ ပြောပါတယ်။
“လူမျိုးတွေကတော့ ချင်းတိုင်းရင်းသားတွေ များတယ်။ ဗမာတွေကတော့ ဒီဘက်လာရတာ စကားလည်း မတတ်၊ ကြောက်တာနဲ့ သိပ်မလာရဲကြသေးဘူး”
ပုဂ္ဂလိက စေတနာရှင်တွေကလည်း လှူတန်းတာတွေရှိပါတယ်။ အလှူငွေ၊ ဆန်၊ ဆီ ရိက္ခာတွေ၊ အဝတ်အစား၊ တခါသုံးအပ်တွေကိုပေါ့။ ၁၃ နှစ်အောက် ကလေးငယ်တွေကို ပညာသင်ပေးတာရှိတော့ စာရေးကိရိယာတွေ ပေးလှူပါသေးတယ်။ ဝေဒနာသည်တချို့ကလည်း လက်မှုလုပ်ငန်းတွေနဲ့ တဖက်တလမ်းကနေ ဝင်ငွေရှာပါသေးတယ်။ ဒါ့အပြင် Churachandpur ဆေးရုံနဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း MSF ကလည်း ဆေးဝါးထောက်ပံ့ပါတယ်။
မြန်မာဘက်ခြမ်းကနေ ART ဆေးကို တလတကြိမ်ဆိုသလို လာယူသူတွေရှိသလို၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ၂ လ၊ ၃ လ တကြိမ်မျိုး လာထုတ်သူတွေလည်း ရှိပါတယ်။
ဒီကနေ့လို ကမ္ဘာ့ AIDS နေ့မျိုးဆို ဟောပြောပွဲရှိတတ်လို့ မြန်မာနယ်စပ်နေ ဒေသခံတွေ လာနားထောင်တတ်ပါတယ်။
ရဲဌာန၊ ခရိုင်ကော်မရှင်ရုံးနဲ့ ဥပဒေထိန်းချုပ်ရေး အရာရှိရုံး တာဝန်ရှိသူတွေ၊ ဆရာဝန်တွေနဲ့ ဆေးရုံဝန်ထမ်းတွေ၊ အစိုးရမဟုတ်တဲ့ NGO တွေ၊ ခရစ်ယာန်အသင်းတော် လူကြီးတွေ၊ Happiness ဝေဒနာသည်တွေ အပါအဝင်နဲ့ လူပေါင်း ၁ဝဝဝ လောက်ဟာ ကသည်းလူငယ်အသင်း ဌာနချုပ် ခန်းမမှာ ဒီကနေ့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ဟောပြောပွဲနဲ့ ပညာပေး အစီအစဉ်တွေ ကျင်းပခဲ့ပါတယ်။
မဏိပူပြည်နယ်မှ မဟုတ်ပါဘူး။ HIV/AIDS ဝေဒနာသည်တွေကို လူသားချင်းစာနာတဲ့ စောင့်ရှောက်မှုကို မီဇိုရမ် ပြည်နယ်မှာပါ ပေးနေတာပါ။
“အခု အိုက်ဇော (ပြည်နယ်မြို့တော်) ပြည်သူ့ဆေးရုံမှာ (အောအာရ်တီ) ဆေးဝါးတွေကို အခမဲ့ပေးနေပါတယ်။ ဗမာပြည်သားတွေလည်း ရတယ်။ လူမျိုးရေး မခွဲခြားဘူး။ ရောဂါရှိရင် ဘယ်လိုဆေးဝါးယူရမယ်ဆိုတာကို ပြောတယ်” လို့ ကျန်းမာရေးလုပ်သား မမီးမီးက မဇ္ဈိမကို ပြောပြပါတယ်။
ဒါပေမယ့် မြန်မာပြည်သားတွေနဲ့ ဒေသခံတွေကို အခမဲ့ ကုသပေးတဲ့ အသင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ရန်ပုံငွေ ပြတ်လပ်လာလို့ ရပ်ဆိုင်းလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“အရင်ကတော့ အိုင်ဇောမှာ စနေအသင်းရယ်၊ ဒွတ်တလန်း ဆေးရုံနဲ့ ဘာသာရေးအသင်းတွေ ရှိတယ်။ သူတို့ကနေ HIV ကူးစက်ခံရတဲ့ လူနာတွေကို အခမဲ့ ကုပေးတယ်။ စနေအသင်းမှာဆိုရင် လူနာတွေအတွက် သီးသန့်ဆေးခန်း ရှိခဲ့တယ်။ အခု ဘတ်ဂျက်တွေ မရှိတာကြောင့် ရပ်သွားပြီ။ ပညာပေး အဖွဲ့တွေလောက်ပဲ ရှိတော့တယ်” ဟု မမီးမီးက ပြောပါတယ်။
မီဇိုရမ်ပြည်နယ် AIDS ထိန်းချုပ်ရေးအဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ဖော်ပြချက်အရ လူဦးရေ ၃၃၃၃ ကို သွေးစစ်ကြည့်ရာမှာ ၉၄ ယောက်ဟာ HIV နဲ့ နေထိုင်သူ၊ ၁၆ ယောက်က AIDS ရှိသူအဖြစ် တွေ့ရှိထားပါတယ်။
’’ပြည်တွင်းထဲမှာ ပိုက်ဆံမရှိလို့ မကုသနိုင်တဲ့လူတွေ အများကြီးရှိနေပါတယ်။ အဲဒီအကြောင်းပြောရင် ဝမ်းနည်းလွန်းလို့ ကြက်သီးတောင် ထမိတယ်။ ပိုက်ဆံမရှိဘဲနဲ့ ဒီကိုလာတာ။ တပတ်နှစ်ပတ်လောက် အလုပ်လုပ်ပြီး ဆေးကုတယ်။ ကိုယ်ထူကိုယ်ထ ဝမ်းစာရှာပြီး ဆေးကုရတာပေါ့နော်။ အခုဆို ဆောင်းတွင်းဝင်ပြီ။ အနွေးထည်တွေ၊ စောင်တွေမရှိတဲ့ ဝေဒနာသည်တွေ အများကြီးရှိတယ်’’ လို့ ကိုစွမ်းမောင်က လတ်တလော လိုအပ်ချက်ကို ဆိုလာပါတယ်။
ဒေါ်မိငယ်ကတော့ “ကျမတို့လို့ မြန်မာပြည်ထဲမှာ ရောဂါသည်တွေ အများကြီးရှိတယ်။ ကိုယ့်နယ်မှာ ဒီလိုမျိုးရှိရင် ရောဂါသည်တွေအတွက် သိပ်ကောင်းမှာ။ လူဆိုတာ တနေ့နေ့ သေမယ့်လူတွေကြီးပဲ။ ဒီကမ္ဘာမှာ ဘယ်သူမှ မသေမယ့်လူ မရှိဘူး။ ဒါပေမဲ့ ဒီရောဂါက အချိန်မှန်၊ စနစ်တကျနဲ့ မျှော်လင့်ချက်ရှိအောင် ကုသနိုင်ရင်တော့ သိပ်ကောင်းမှာပဲလို့ မြန်မာပြည်က လူတွေအတွက် တွေးမိတယ်” လို့ ပြောရင်း အသံတိုးဝင်သွားပါတော့တယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,6th,2010
( 26 )Student army to join Karen fighting
( 25 )Karen villagers pressed to relocate
( 24 )Fuel price cap sparks imbalance
( 23 )ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်းချီကား ပို့စ်ကတ်များ ရောင်းပြီး လူမှုရေးတွင် သုံးမည်
( 22 )Myanmar drug trafficker shot dead
( 21 )ကြံ့ဖွံ့ပါတီ၏ “ပြည်သူများသို့ကျေးဇူးတင်လွှာ” ကို နိုင်ငံရေးပါတီများ ဝေဖန်
( 20 )US official en route to Burma
( 19 )China may ‘re-calibrate’ pariah relations: US
( 18 )ပြည်တွင်းသတင်းထောက်များ HIV ဝေဒနာသည်များအား လှူဒါန်း
( 17 )Senior US diplomat to visit Myanmar this week
( 16 )အိန္ဒိယက မြန်မာကို စစ်သုံး ပစ္စည်းများပေးအပ်
( 15 )Refugees treated like ‘ping pong balls’
`
( 14 )လက်နက်ကိုင် ပဋိပက္ခကြား အရပ်သားတွေ ကာကွယ်ဖို့ HRW တောင်းဆို
( 14 )US official expected to visit Myanmar, meet Aung San Suu Kyi
( 13 )အိန္ဒိယ လူမှုအဖွဲ့အစည်းက ဒေါ်စုကို ဒီမိုကရေစီ ဧကရီဆု ချီးမြှင့်
( 12 )Political change in Myanmar
( 11 )Thailand’s refugee treatment slammed
( 10 )ပြည်တွင်း သတင်းထောက်များက AIDS ပြုစုစောင့်ရှောက်ရေး ဂေဟာကို ငွေလှူ
( 9 )Makeover in Myanmar
( 8 )မြ၀တီ မြို့နယ် ကရင်စုရွာကို အတင်း အဓမ္မပြောင်းခိုင်းနေ
( 7 )Suu Kyi Set Free but Media Still Held Captive in Burma
( 6 )နအဖ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်၏ အသံဖိုင်ပါ ဗွီဒီယို မှတ်တမ်းထွက်ပြီ
( 5 )New wave of refugees flees Burma
( 4 )အိန္ဒိယ လူမှုအဖွဲ့အစည်းက ဒေါ်စုကို ဒီမိုကရေစီ ဧကရီဆု ချီးမြှင့်
( 3 )Burma off Security Council agenda
( 2 )မြေမြှုပ်မိုင်းစာချုပ် အမေရိကန်လက်မှတ်ထိုးဖို့ တိုက်တွန်းတဲ့ထဲ ဒေါ်စုပါဝင်
( 1 )Is Chrysler ready to stick its neck out for another prisoner?

မြ၀တီမြို့နယ်တွင် ရာနှင့်ချီသော ဒုက္ခသည်များ ထပ်မံ ထွက်ပြေး
ခွန်အောင်မြတ်။
မြ၀တီမြို့နယ်အတွင်းရှိ မိလက်ပံကျေးရွာတွင် ယနေ့နံနက်မှ၍ လက်နက်ကြီးကျည်များကျ လာသဖြင့် စစ်ပြေး ဒုက္ခသည် ရာနှင့်ချီ ထိုင်းနယ်မြေတွင်းသို့ ထပ်မံထွက်ပြေးလာခဲ့ကြသည်။
ယနေ့နံ ခြောက်နာရီအချိန်တွင် မိလက်ပံကျေးရွာအနီးသို့လက်နက်ကြီးကျည်များ ကျရောက်လာသည်ဟု ကျေး ရွာ သားတဦးဖြစ်သူ ဦးအောင်မြင့်က ယခုလိုပြောသည်။
“ဒီမနက်က ခြောက်နာရီထိုးပြီးလောက်မှာ ကျနော်တောင်မှ မီးလှုံနေတယ်။ မီးလှုံနေတဲ့အချိန်မှာမှ သူ တို့ပစ်ကြတယ်။ လေးငါးရှစ်လုံးလောက်ပဲ ပစ်ပြီးတော့ အသံရပ်သွားတယ်။ အခု နေ့လည်မှ ထပ် ပြီးတော့ ထပ်ဖြစ်တယ်။ နေ့လည်မှာ ဆယ့်ငါးကျော်ကျော်လောက်ရှိတယ်။ အခုပစ်နေတာနဲ့ ဆိုလို့ ရှိရင် အလုံး နှစ်ဆယ်ကျော်သွားပြီ။ ကျနော့်မိသားကို ဒီဘက်ကမ်းပို့ထားပြီးမှ ရေကူးရင်းနဲ့ သွားလေ့ လာရင်းနဲ့ ပြန်ပြီးတော့ ကြည့်တာပေါ့။ အိမ်မှာလည်း ကြက်ဝက်တွေရှိတော့ အခြေအနေ ထူးရင် ထူးသလို ပြန်ဝင်ကြည့်ရတာပေါ့။”
ထိုင်းနယ်မြေတွင်းသို့ ထွက်ပြေးလာကြသည့် ဒုက္ခသည်မှာ ယနေ့နံနက်တွင် (၈၀၀)ကျော် ထပ်မံရောက် ရှိ သည်ဟု စစ်ပြေးဒုက္ခသည်ကို ကူညီစောင့်ရှောက်ထားသည့်စခန်းတွင် အကူအညီပေး နေသည့် မြန်မာနိုင်ငံသား ကိုစိုင်းစိုင်းက ပြောသည်။
“ပထမလူဟောင်းက ငါးရာကျော်ရှိတယ်ခင်ဗျား။ အခုနောက်လူက ရှစ်ရာကျော်ရှိတယ်ခင်ဗျာ။ အား လုံးပေါင်း တထောင်ကျော်သွားပြီး တထောင့်ငါးရာပြည့်တော့မယ်။ များသောအားဖြင့် သုံးပုံပုံရင်တော့ အမျိုးသမီးကတော့ တပုံခွဲပေါ့။ ကလေးလေးက သုံးတပုံတပုံရှိတယ်။ (ထပ်လာဖို့) ရှိနေတုန်းပဲ။ အခု ကျနော်တို့ သွားခေါ်ဖို့လုပ်နေတယ်ခင်ဗျ။”
စစ်ပြေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်က နေရာချထားရေးနှင့် လုံခြုံရေးတာဝန်ယူပေးပြီး အစား အသောက်၊ အ၀တ်အစားနှင့် နေယာထိုင်ခင်း အစရှိသည်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို မယ်တော်ဆေးခန်းက တာဝန်ယူသည့်အပြင် အခြား အဖွဲ့အစည်းများလည်း ပါဝင်ကူညီပေးကြသည်။
ထိုင်းဘက်ကမ်းသို့ သောင်းရင်းမြစ်ကို ဖြတ်ပြီးကူးလာသည့် မိလက်ပံကျေးရွာမှ ထွက်ပြေးလာသူများကို သွား ရောက်ကြိုပြီး ကူညီပေးသည့်အဖွဲ့မှ မြန်မာပြည်သား ဦးမိုးကြိုးက ယခုလို ပြောသည်။
“အခုပဲ အဲဘက်ကထွက်ပြေးလာတဲ့အုပ်စုနောက်ကို ကျနော်တို့ လိုက်လာတယ်။ တော်တော်သွားရ တာဗျ။ ရွာထဲကနေ ဟိုး သုံးကီလိုလောက်ကို အတွင်းထဲကို တော်တော်ဝင်လိုက်ရတယ်။ ကွင်းရချိုးရ မယ့်နေရာကို မရောက်ပဲနဲ့ သောင်ရင်းမြစ်ဘေးနားရောက်သွားမှ ဒုက္ခသည်တွေကို လှမ်းမြင်ပြီးတော့
မေးပြီးတော့ ရလာတာ။ သူတို့နောက် ပြန်လိုက်လာတာ။ ပြေးလာတဲ့လူတွေကတော့ ဆယ်ဂဏန်းပဲ ရှိပါတယ်။ ဒါပေမယ့် လူတွေအကုန်လုံး ဟိုမှာ ဆယ်ဂဏန်း၊ ဟိုမှာ ရာဂဏန်း အဲလိုမျိုး ဖြန့်ခွဲပြီး နေကြတာပေါ့။ အခုလာတာတွေကတော့ လူငါးဆယ်လောက်ရှိတဲ့ အုပ်ကို ကျနော်တို့ လိုက်လာတာ။”
ရွာပြင်တွင် စိုက်ပျိုးထားသည့် တောင်ယာစပါးများကို မရိတ်သိမ်းရဲသည့်အပြင် ရွာထဲရှိ အိမ်မွေး တိရိစ္ဆာန် များကိုလည်း ထားခဲ့ပြီး ထွက်ပြေးခဲ့ရသည်ဟု မိလက်ပံရွာသား ဦးသိန်းဝင်းက ပြောသည်။
“တချို့တွေဆိုရင် ပဲတွေ ရိတ်ထားတယ်။ ဒီအတိုင်းပဲ ရိတ်ပြီးထားထားတော့ ပဲတွေတောင် ကျွမ်းကုန် ပြီ။ ဒီအတိုင်းပဲ ထားထားတယ်။ ဘယ်သူ့မှသွားမယူရဲဘူ။ ဒီအတိုင်းပဲ ထားထားတယ်။ သူတို့နဲ့ နီးစပ်မှု ရှိတဲ့နေရာတွေမှာ သွားလုပ်ထားတဲ့သူတွေက တပုံကြီး။ အများကြီး ရိတ်ပြီးသားကြီး ကြိတ် တော့မယ့် ဆဲဆဲမှာ သွားမယူရဲကြဘူး။ တော်တော်ကို ဒုက္ခရောက်နေတယ်ဒီမှာ။ ကြက်တွေရော၊ ၀က် တွေရော၊ ဘဲတွေရော ဒီအတိုင်းပဲ လွှတ်ထားတာ။ သွား စားချင်တဲ့သူစား ယူချင်တဲ့သူယူ အဲလိုပုံစံမျိုး ဖြစ်နေ တယ်။”
ဖလူးလေး၊ ဖလူးကြီး၊ ရသေ့ဂူ စသည့် ကျေးရွာများတွင် ယနေ့ထိ မြန်မာစစ်အစိုးရနှင့် ကရင် လက်နက် ကိုင်တပ်ဖွဲ့တို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက် နေကြဆဲ ဖြစ်သဖြင့် ယင်း ကျေးရွာရှိ စစ်ပြေး ဒုက္ခသည် တထောင်ကျော်ကို ထိုင်းနယ်ခြားစောင့်တပ်က တာဝန်ယူ စောင့်ရှောက် ပေးထားသည်ဟု နယ်လှည့် ကျောပိုးအိတ် ကျန်မာရေးစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ဆရာမန်းမန်း က ပြောသည်။
ထိုင်းနယ်မြေ ဖုဖရမြို့နယ်အတွင်းရှိ ဒုက္ခသည်များမှာ နေရပ်ရင်းဖြစ်သည့် ဝေါ်လေဒေသသို့ နေ့ခင်းပိုင်း တောင် ယာစပါးများ ပြန်ရိတ်သိမ်းကြပြီး ညဘက်တွင် ထိုင်းနယ်မြေတွင်းသို့ ၀င်ရောက် ခိုလှုံနေကြရသည်ဟု ဒေသခံ များက ပြောသည်။
ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ ရေလမ်းခရီးကို ပြေးဆွဲနေသည့် ခရီးသည်တင်စက်လှေများ ကို မြန်မာ အာဏာပိုင်ဘက်က ယခုရပ်ပိုင်းအတွင်း သွားလာခွင့်မပြုတော့ဟု ဒေသခံများကပြောသည်။ ယင်းမြို့နှစ်မြို့ ကြားရှိ ကြိမ်ချောင်းကျေးရွာ အနီးတွင် မြန်မာစစ်အစိုးရတပ်နှင့် ကရင်လက်နက် ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအရ ပိတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ယင်းဒေသအခြေအနေကို စောင့် ကြည့်လေ့လာသူများက ပြောသည်။

Sunday, December 5, 2010
စစ်ပြေးဒုက္ခသည်များ ထိုင်းနယ်မြေအတွင်း ခိုလှုံနေဆဲ
ခွန်အောင်မြတ်။
မြန်မာစစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ်ကို လက်မခံသည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် မတော်တို့ တိုက်ပွဲများဆက်လက် ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည် တထောင်ကျော် ထိုင်းနယ် စပ်သို့ ထွက်ပြေးခိုလှုံနေဆဲဖြစ်သည်။
ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ ဝေါ်လေဒေသနှင့် ဖလူးကျေးရွာရှိ ဒုက္ခသည်များသည် ယမန်နေ့က နေ ရပ်သို့ ပြန်သွားကြသော်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားသဖြင့် ထိုင်းနယ်မြေအတွင်း သို့ ပြန်လည်ဝင် ရောက် ခြင်းဖြစ်သည်ဟု စစ်ပြေးဒုက္ခသည်ကို စားနပ်ရိက္ခာများ သွားရောက် ကူညီပေးနေသည့် စောဗွေဒို့က ပြောသည်။
“အခုက နေရာက နှစ်ခုရှိတယ်။ ဖလူးဘက်မှာတော့ သုံးရက်ကြာပြီပေါ့။ ဒီနေ့ လက်နက်ကြီး သံတွေ ကြားသေးတယ်။ သူတို့ပစ်တယ်။ နားပြီးပြန်ပစ် အဲလိုပဲ။ ဝေါ်လေဘက်မှာ လက်နက်ကြီး ကျည်သုံး လုံး ပြန်လာပစ်တယ်။ ဒီကေဘီအေက လာပစ်တာ။ သူတို့နေရာကို ပြန်တက်လာတာပေါ့။ ဒီဘက်(ထိုင်း)ကမ်းမှာ ရွာသူရွာသားတွေ ထွက်ပြေးလာတာ အများကြီးပဲ။ အခု ဒီကယ်ဆယ်ရေးအဖွဲ့ တွေရှိ တယ်လေ။ သူတို့စာရင်းတွေ ယူထားပြီးတော့ ရိက္ခာတွေ ပို့ပေးတယ်။”
ဝေါ်လေဒေသမှ ထွက်ပြေးလာသည့်ဒုက္ခသည်ငါးရာကျော်မှာ ထိုင်းနယ်မြေတွင်းသို့ နေရာအနှံ့တွင် ပုန်းအောင်း နေကြရပြီး ဖလူးကျေးရွာမှ ကျေးရွာသားတထောင်ကျော်က မဲဆောက်မြို့အနီးရှိ ကျေးရွာ များနှင့် ဘုန်းကြီး ကျောင်းတွင် ခိုလှုံနေကြရသည်။
ထိုင်းနယ်မြေအတွင်းသို့ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်တဦးက “အလုပ်လည်း မပြီးသေးဘူး။ ပြောင်း ဖူးလည်းမပြီး၊ ပဲ၊ စပါးလည်း အလုပ်လည်း လုပ်နေဆဲအချိန်ပေါ့။ နောက် ကျနော်တို့လည်း ရွာမှာ လည်း ပြေးရတာ ပစ္စည်းတွေ ဘာတွေ ကျန်ခဲ့တာ ဘာမှယူလာလို့ မရဘူးလေ။ ဒီတိုက်ပွဲတော့ ဆက် ဖြစ်အုံးမှာပဲ။” ဟု ပြောသည်။
ယမန်နေ့က တိုက်ပွဲသံဆဲသွားသဖြင့် စစ်ပြေးဒုက္ခသည်အချို့ကို ထိုင်းအာဏာပိုင်က နေရပ်သို့ ပြန်ပို့သော် လည်း ညနေပိုင်းတွင် လက်နက်ကြီးသံ ထပ်မံကြားရသဖြင့် ဒုက္ခသည်များ ထိုင်းဘက်ခြမ်း သို့ ပြန်လည်ထွက် ပြေးလာခဲ့ကြသည်။
စစ်ပြေးဒုက္ခသည်များကို ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ကူညီစောင့်ရှောက်ထားပြီး လိုအပ်သည့် စားနပ် ရိက္ခာများ ကို မဲဆောက်ရှိသည့် အဖွဲ့ပေါင်းစုံမှ ဖွဲ့စည်းထားသည့် စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့က ကူညီထောက် ပံ့ပေးသည်ဟု စောဗွေဒို့က ပြောသည်။
“ခုန ကျနော် သွားယူတာက CDC ဘက်မှာလည်း ရတယ်။ အလှူပေါ့နော်။ နောက် မယ်တော် ဆေး ခန်းမှာလည်း ရတယ်။ ဒီအဖွဲ့မှာနည်းနည်း ဟိုအဖွဲ့မှာနည်းနည်းပေါ့ သူတို့ထောက်ပံ့တယ်။ ဒါပေမယ့် သူးမွဲခီးမှာပဲ သူတို့ ဗဟိုစခန်းလုပ်ထားတယ်ပေါ့။ ရိက္ခာတွေ ဒီမှာပဲ ထားပြီးတော့ ဟိုမှာ အခြေအနေ ကြည့်ပြီးတော့ သွားပို့ပေးတာပေါ့။ ဆန်တွေ၊ ငါးပိ၊ ဖျာ၊ စောင်၊ ခြင်ထောင်၊ ဆီ၊ ခေါက်ဆွဲ တွေ ပါတယ်။”
မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့သည် တိုက်ပွဲများ ထပ်မံဖြစ်ပွားရန်ရှိပြီး ထောင်နှင့် ချီသည့် ဒုက္ခ သည်များလည်း ထိုင်းနယ်မြေအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေကြသည် ဟု နယ်စပ်အရေး လေ့လာစောင့်ကြည့်နေသူများက သုံးသပ်ကြသည်။
ယမန်နေ့နံနက် ၂ နာရီကျော်၌ မြ၀တီမြို့အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်သဖြင့် မြို့သူမြို့ သားများ အထိတ်တလန့်ဖြစ်ခဲ့ကြသည်။
မြ၀တီမြို့အတွင်းသို့ ရွေးကောက်ပွဲအလွန် နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် သောင်းနှင့်ချီသည့် စစ်ပြေးဒုက္ခသည်များ ထိုင်းနိုင်ငံဘက်သို့ ထွက် ပြေးတိမ်းရှောင်ခဲ့ရသည်။

Subscribe to:
Posts (Atom)