Thursday, April 2, 2015

အပစ်ရပ်စာချုပ်မူကြမ်းသဘောတူညီချက် ကုလနှင့်အမေရိကန်ကြိုဆို

DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုး လိုက်နိုင်ခြင်းဟာ သမိုင်းဝင်ထင်ရှားတဲ့ အောင်မြင်မှုဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားက ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့လည်း ၀မ်းမြောက်စွာကြိုဆိုကြောင်းနဲ့ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့မှတ်တိုင်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ရခဲ့တဲ့ သဘောတူညီချက်ဟာ အရင်က ရန်သူဟောင်းတွေအကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်ရောက်လာတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ နမ်ဘီးယားဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တရုတ်သံတမန်တွေနဲ့အတူ လေ့လာသူအဖြစ် တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

အလားတူ အမေရိကန်အစိုးရကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုးလိုက်နိုင်ခြင်းအပေါ် ကြိုဆိုကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက မတ် ၃၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ်သဘောတူညီမှုဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြိုးပမ်းမရဖြစ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်ဖို့ သမိုင်းဝင်ခြေလှမ်း ဖြစ်လာနိုင်ချေရှိတယ်လို့ ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) စာချုပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့အကြား မနေ့က ရန်ကုန်မှာ သမ္မတရှေ့မှောက် နှစ်ဖက် သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

အခု မူကြမ်းကို တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို တင်ပြပြီး သဘောတူ တယ်ဆိုရင်တော့ တနိုင်ငံလုံး အပစ်ရပ်စဲရေးသဘောတူ စာချူပ်ကို လက်မှတ်ရေးထိုးနိုင်ပါမယ်။

မနေ့က စာချူပ်မူကြမ်း လက်မှတ်ရေးထိုးပွဲမှာ သမ္မတဦးသိန်းစိန် ပြောခဲ့တဲ့မိန့်ခွန်းထဲမှာတော့ ဧပြီလအတွင်းမှာ လက်မှတ်ရေးထိုးဖို့ သေချာပေါက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ April, 2nd,2015

( 40 )တပ်မတော်မူ ၂ ချက်ကြောင့် အခက်တွေ့နိုင်ကြောင်း NCCT ခေါင်းဆောင်ပြော

( 39 )Rockslide at Burma Jade Mine Kills 9, Around 20 Missing

( 38 )ဖားကန့်မြေပြို ၉ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

( 37 )Myanmar MP speaks highly of China-advocated "Belt and Road" initiative

( 36 )ဒေါ်အောင်ဆန်းစုကြည်နဲ့ နန်စီ ပလိုစီ တွေ့ဆုံ

( 35 )In Presence of Dutch Queen, Govt Launches Strategy to Expand Microcredit

( 34 )ရွေးကောက်ပွဲကော်မရှင် ကြားနေမှုအလားအလာ Carter Center စိုးရိမ်

( 33 )Myanmar collects temporary ID cards from Rohingya

( 32 )စီမံကိန်းငွေကြေး မမှန်မကန်သုံးစွဲ မှု အရေးယူဖို့အဆို လွှတ်တော် အတည်ပြု

( 31 )Status of thousands unclear as white cards expire

( 30 )သမ္မတအိမ်တော် ပုံမှန်သတင်းစာရှင်းလင်းပွဲ နေပြည်တော်မှာစတင်

( 29 )Home Affairs Ministry to Overhaul Burmese Passports

( 28 )ရခိုင်ပြည်နယ်မှာ ၀ှိုက်ကဒ်တွေ စတင်သိမ်းဆည်း

( 27 )Wielding the red pen in China’s favour

( 26 )ကန်လွှတ်တော်အမတ်များ မြန်မာသမ္မတနဲ့တွေ့ဆုံ

( 25 )Nine dead in jade mine landslide

( 24 )ရွေးကောက်ပွဲကာလ သတင်းမီဒီယာနဲ့ ပါတီတွေ ပူးပေါင်းရေး ဆွေးနွေး

( 23 )Ministry Denies Evicting Disabled Woman over Student Protests

( 22 )ဖမ်းဆီးခံကျောင်းသားတွေကို တရားရုံးပြောင်းရွှေ့ စစ်ဆေးမည်

( 21 )Toshiba wins hydropower turbine contract

( 20 )မြန်မာကို ကုလဆက်စောင့်ကြည့်ဖို့ လှုပ်ရှားသူတွေ တိုက်တွန်း

( 19 )Ceasefire draft greeted with cautious optimism

( 18 )အပစ်ရပ်မူကြမ်းသဘောတူညီမှု ကုလနဲ့ အမေရိကန်ကြိုဆို

( 17 )Disagreements Signal Long Road Ahead for Nationwide Peace

( 16 )ကျောင်းသားသပိတ်ကူညီသူ ၅ ယောက်ကို မြင်းခြံရဲက ဝရမ်းထုတ်ထား

( 15 )Eni signs two PSCs in Myanmar

( 14 )နယ်သာလန်မိဖုရား မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အကြံပေး

( 13 )Parents of jailed ‘Buddha bar’ manager fear for his health

( 12 )မဲစာရင်းကြေညာချက် လူ့အခွင့်ရေးအဖွဲ့ ကြိုဆို

( 11 )Nine dead in landslide at Myanmar jade mine: State media

( 10 )ရေနံလုပ်ကွက်တွေ ထပ်မံချပေး

( 9 )Myanmar government and rebels reach ceasefire deal

( 8 )ဖမ်းဆီးကျောင်းသားပြန်လွှတ် ဖို့ မြန်မာငြိမ်းချမ်းရေးစင်တာရှေ့ မှာ ဆန္ဒပြ

( 7 ) EC pledges transparency in advance voting

( 6 )ကိုထင်ကျော်ကို ရာဇဝတ်သားတွေ နဲ့ ပြန်ခွဲထုတ်ပေး

( 5 )Online ‘support Myanmar students’ campaign grows

( 4 )အပစ်ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုးနိုင်မှု ကုလနဲ့ အမေရိကန် ချီးကျူးကြိုဆို

( 3 )US govt welcomes draft ceasefire deal

( 2 )မြို့တော်ခန်းမရှေ့ အကြမ်းဖက်မှု စုံစမ်းရေးအစီရင်ခံစာ သမ္မတထံ တင်သွင်းမည်

( 1 )Myanmar police, EU in firing line over crackdowns

Wednesday, April 1, 2015

တိုက်ပွဲ ဖြစ်ပွားနေဆဲ အဖွဲ့များနှင့် မညှိနှိုင်းလျှင် NCA အပြီးသတ် လက်မှတ်မထိုးနိုင်

နန်းလွင်နှင်းပွင့်

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) မူကြမ်းကို သဘောတူလိုက်ပြီး ဖြစ်သော်လည်း အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားနေဆဲ တိုင်းရင်းသား အဖွဲ့များနှင့် ညှိနှိုင်းမှုမရှိပါက NCA အပြီးသတ် လက်မှတ်ထိုးရန် ဖြစ်နိုင်မည် မဟုတ်ကြောင်း သိရသည်။

“စာချုပ်ကို သဘောတူတာနဲ့ ထိုးလို့ မရဘူး။ တနိုင်ငံလုံး အပစ်ရပ်ရေး(NCA- Nation Wide Ceasefire Agreement) ဆိုတော့ တနိုင်ငံလုံး တည်ငြိမ်မှုနဲ့ တကယ်ပဲ ပဋိပက္ခ ချုပ်ငြိမ်းမှ အဓိပ္ပာယ်ရှိမှာပါ၊ ကိုးကန့်မှာ တိုက်ပွဲဖြစ်နေရင် လက်မှတ်ထိုးလို့ မရဘူး၊ ပြည် တွင်းမှာ တိုင်းရင်းသား အဖွဲ့တွေနဲ့ တိုက်ပွဲ လုံးဝမဖြစ်တော့မှ NCA ကို လက်မှတ်ထိုးလို့ ရမယ်”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် မတ်လ ၂၇ ရက်မှ ယနေ့အထိ တပ်မတော်နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ထိုတိုက်ပွဲတွင် NCCT အဖွဲ့ဝင်များ ဖြစ်သော ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA )နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ကိုးကန့်တပ်ဖွဲ့ကို ကူညီပြီး တိုက် ပွဲ ၀င်နေကြောင်း သိရသည်။

MNDAA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက “NCCT ကတော့ အားလုံး ပါဝင် လက်မှတ်ထိုးမှ အဓိပ္ပာယ်ရှိမယ်လို့ ပြောပါတယ်၊ ကျနော်တို့ကလည်း ငြိမ်းချမ်းရေး လက်မှတ်ကို ထိုးချင်ပါတယ်၊ တဖက်က ကျနော်တို့ကို အသိအမှတ် မပြုဘူးဆိုတော့ ကျနော် တို့လည်း မတတ်နိုင်ဘူး။ ဒါက တပ်မတော် အပေါ်မှာ မူတည်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

MNDAA အနေဖြင့် တပ်မတော်ဘက်က ထိုးစစ်ဆင်မှု ရှိနေလျှင် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ပြီး အစိုးရဘက်က လက်မှတ် ထိုးရန် ဖိတ်ခေါ်မှု မရှိပါက လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်းလည်း ဦးထွန်းမြတ်လင်းက ဆက်ပြောသည်။

ထို့အပြင် MNDAA ကို ကူညီတိုက်ပေးနေသည့် ရခိုင် AA တပ်ဖွဲ့ဝင်တချို့နှင့် အစိုးရတပ်မတော် တို့သည်လည်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်က စတင်၍ ပထမဆုံး အကြိမ် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ထို AA တပ်ဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်း လိုင်ဇာတွင် အခြေစိုက်ထားသော တပ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင် အင်အားကြီး အဖွဲ့တဖွဲ့ ဖြစ်သည့် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုလည်း အစိုးရ တပ်မတော်က ကိုးကန့်တိုက်ပွဲတွင် ၀င်ရောက် ကူညီနေသည်ဟု စွပ်စွဲထားပြီး ကိုးကန့်တပ်ဖွဲ့ကို လက်နက် အကူအညီမပေးရန် ခေါ်ယူပြောဆိုမှု ပြုလုပ်ခဲ့သည်။

ထိုသို့ ပြောဆိုမှုကို မကျေမလည် ဖြစ်ပြီး ယခုကျင်းပသည့် ၇ ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို UWSA က တက်ရောက်ခြင်း မရှိကြောင်းလည်း သိရသည်။

“တချို့ဒေသတွေမှာ အပစ်ရပ်ပြီး တချို့ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် တနိုင်ငံလုံး အပစ်ရပ်စဲတယ် ဆိုတာ အဓိပ္ပာယ် ရှိမှာ မဟုတ်ပါဘူး၊ တနိုင်ငံလုံး အပစ်ရပ် ပီပြင်ဖို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးဖို့ လိုပါတယ်” ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ၇ ကြိမ်မြောက် ဆွေးနွေးပွဲ နိဂုံးချုပ် မိန့်ခွန်းတွင် ပြောဆိုထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှု၌ မပါဝင်ဘဲ တိုက်ပွဲများ ဖြစ်ပွားနေဆဲ တိုင်းရင်းသား အဖွဲ့များကို NCA တွင် လက်မှတ် ရေးထိုးနိုင်ရန် ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်သွားမည်ဟုလည်း နိုင်ဟံသာက ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ဘဲ တိုက်ပွဲများ ဖြစ်ပွားနေသည့် တိုင်းရင်းသား အဖွဲ့များနှင့် ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)က ညှိနှိုင်းဆောင်ရွက် သွားမည်ဟု ပြောဆိုသည်။

NCA စာချုပ်မူကြမ်း ပြီးစီးကြောင်းကို အစိုးရ၏ UPWC နှင့် တိုင်းရင်းသားများဘက်က NCCT အဖွဲ့များ အကြား မတ်လ ၃၁ ရက် တွင် လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။

NCA စာချုပ်ကို အပြီးသတ် သဘောတူ လက်မှတ်ထိုးမည့်သူများမှာ အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) နှင့် တိုင်းရင်းသားများဘက်က ထိပ်သီး ခေါင်းဆောင်များ ဖြစ်ကြပြီး ၎င်းတို့ အနေဖြင့် UPWC နှင့် NCCT တို့ ရေးဆွဲထားသည့် NCA ၌ လက်မှတ်ရေးထိုးရန် သင့် မသင့်ကို ညီလာခံများ ခေါ်ယူ၍ ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်မည် ဖြစ်ကြောင်း
သိရသည်။

အစိုးရက တနိုင်ငံလုံး အပစ်ရပ် စာချုပ်ကို NCCT တွင် ပါဝင်သည့် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ နှင့်သာ ချုပ်ဆိုသွားရန် ရည်ရွယ်ထား သည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက သတင်းမီဒီယာများကို ပြောသည်။

အစိုးရနှင့် ဆွေးနွေးနေသည့် NCCT တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (SSA/RCSS)၊ ကူကီး အမျိုးသား အစည်းအရုံး မြန်မာပြည် (KNO-B) ၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) ၊“၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) တို့ ပါဝင်ခြင်း မရှိပေ။

မြေဧက ၃၀၀ ကျော်ကို ပိုင်ရှင်အား အသိမပေးဘဲ မြေသိမ်းမိန့်ဖြင့် အာဏာပိုင်များ အကွက်ရိုက်ရောင်းချ

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း

တာင်ကြီးမြို့ အေးသာယာ စက်မှုဇုန်ရှိ လယ်သမား ၆၀ ကျော်ပိုင်ဆိုင်သော မြေဧက ရာနှင့်ချီအား စက်မှုဇုန် ၃ ဖော်ဆောင်ရန် အာဏာပိုင်များက မြေကွက် ရိုက်ရောင်း နေသဖြင့် လယ်ယာ မြေပိုင် ရှင်များ နစ်နာမှုများစွာ ကြုံတွေ့ ရနေကြောင်း ပြောဆိုနေပါသည်။

အးသာယာစက်မှုဇုန် (၁၂) ရပ်ကွက်၌ ဒေသခံတောင်သူများပိုင် မြေယာဧက ၃၀၀ ကျော်အား အာဏာပိုင် များက ပုံစံ (၁၀၅) ၊ အနှစ်သုံးဆယ်ဂရမ်များဖြင့် ရောင်းချခြင်းဖြစ်ပါသည်။ အဆိုပါ စီမံကိန်းဖော်ဆောင်မှုမှာ လယ်သမားများအတွက် နှစ်နာမှုများစွာရှိနေသည်ဟု လယ်ပိုင်ရှင် ၆၀ ကျော်က ပြောဆိုသည့်အပေါ် ယာယီ မြေသိမ်းမိန့်များရရှိထားပြီးဖြစ်သဖြင့် လယ်သိမ်းခြင်းဖြစ်ကြောင်း အာဏာပိုင် များ က ပြောသည်ဟု ဒေသခံ တောင်သူဦးတင်ရွှေ ကပြောသည် ။

" ဒီစက်မှုဇုန်တွေမပေါ်ခင်ကတည်းက ကျနော်တို့ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလာတာ။ ခုကျနော်တို့ စိုက်ပျိုးမြေ တွေကို သက်ဆိုင်ရာက ဘယ်လိုပုံစံနဲ့သိမ်းသွားသလဲ ဘယ်တုန်းက သိမ်းသွားသလဲ ကျနော်တို့တောင် မသိ လိုက်ဘူး။ ကျနော်တို့ကိုလည်းအကြောင်းမကြားဘူး။ ကျနော်တို့တောင်သူ တွေအနေနဲ့တော့ လယ်ယာမြေ တွေအသိမ်းခံရင် ဘဝသေသွားတာပဲ။ ဘာမှအဓိပါယ်မရှိတော့ဘူး "ဟု ၄င်းကဆက်လက်ရှင်းပြသည် ။

ယင်းမြေဧက ၃၀၀ ကျော်မှာ သာယာကုန်း ၊မုံတဝ ၊ နမ့်ကွတ်၊ စင့်ဟယ် ၊အောင်သပြေ၊ နောင်အင် ၊ ထနော့ ရွာများရှိ တောင်သူများက ပိုင်ဆိုင်ပြီး ပြောင်းဖူး၊ ပဲစင်းငုံ၊ ပန်းနှမ်း၊ ကြံတို့ကို ရာသီအလိုက် စိုက်ပျိုးကြ ကြပါသည်။

" မြေသိမ်းတာလည်းသူတို့ ပဲ ၊စုံစမ်းစစ်ဆေးရေးတွေလုပ်မှာလည်းသူတို့ပဲ၊ စီမံကိန်းတွေလာလုပ်မှာလည်း သူတို့ပဲ၊ ဆုံးဖြတ်ချက်ချမှာလည်းသူတို့ပဲ ဖြစ်နေ တော့တိုင်သမျှ အရာမထင်ဘူးဖြစ်နေ တယ် "ဟု ဦးတင်ရွှေမှ ထပ်လောင်းပြောကြား သည်။

တာင်သူများမှ ၄င်းတို့ပိုင်သောမြေယာများအား ကာလပေါက်ဈေးနှင့်အညီလျော် ကြေးပေးရန် စက်မှုဇုန်ဥက္ကဌ နှင့်ညှိနှိုင်းဖူးသော်လည်း ယနေ့အထိအကြောင်း ပြန်ခြင်းမရှိသေးကြောင်း တောင်သူများကဆိုသည်။

အလားတူသျှမ်းပြည်နယ် အစိုးရအဖွဲ့၊ နေပြည်တော်ရှိ မြေယာစီမံခန့်ခွဲရေးကော်မတီ နှင့်မြေယာစုံစမ်းစစ် ဆေးရေး ကော်မရှင်အဖွဲ့သို့ထံလည်း ၂၀၁၂ ခုနှစ်မှ ၂၀၁၅ အထိ တိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိသေး ကြောင်း ဒေသခံတောင်သူများကရှင်းပြသည်။

ယင်းမြေယာကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရအဖွဲ့အား တောင်ကြီးမြို့ပေါ်တွင် နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြခဲ့ဖူးကြောင်းလည်းသိရှိရပါသည်။

သင်္ဘောသားလစာ အခက်အခဲဖြေရှင်းပေးရာမှာ အားနည်း


မိဘပြည်သူများ ခင်ဗျာဟု ဧပရယ်ဖူး နေ့တွင် သမ္မတ မခေါ်နိုင်

Mizzima

နိုင်ငံတော် အခြေပြမိန့်ခွန်းများ၊ နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို လစဉ် ၁ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရေဒီယိုမှတစ်ဆင့် ပြောကြားနေကျ ဖြစ်သော်လည်း ယနေ့ ကျရောက်သည့် ဧပြီ တစ်ရက်နေ့တွင်မူ မိန့်ခွန်း မပြောကြားဖြစ်တော့ပေ။

သမ္မတ မိန့်ခွန်းကို ဧပြီ ၂ ရက်တွင်မှ ထုတ်လွှင့်မည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ဆိုသော်လည်း မည်သည့်အကြောင်းကြောင့် ဟူသည်ကို ပြောဆိုခြင်းမရှိပေ။

သမ္မတ၏ လစဉ်ရေဒီယိုမိန့်ခွန်းများတွင် "မိဘပြည်သူများ ခင်ဗျာ" ဟု အစချီလျက် မိန့်ခွန်းပြောလေ့ရှိရာ "မိဘ ပြည်သူများ ခင်ဗျာ" ဟု ပြောဆိုသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

မတ်လအတွင်း လက်ပံတန်းတွင် ပေါ်ပေါက်ခဲ့သည့် ကျောင်းသားများ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ဝင်တို့က အကြမ်းဖက် ဖြိုခွင်းပြီးနောက် ယင်းကဲ့သို့ ဝေဖန်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။

လက်ပံတန်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် မတ်လ ၁၂ ရက်က ကျင်းပသည့် ကျာင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှု ရှုတ်ချပွဲသို့ အများကြည်ညိုလေးစားပြီး ဓမ္မစာပေများ ရေးသားနေသည့် အရှင်ဆန္ဒာဓိက သဝဏ်လွှာပေးပို့ရာတွင် ဝေဖန်ခဲ့သည်ကို တွေ့ရသည်။

အရှင်ဆန္ဒာဓိက လက်ပံတန်း ဖြစ်စဉ်ကို ရည်ညွှန်းလျက် သမ္မတ ဦးသိန်းစိန် အစချီပြောဆိုလေ့ရှိသည့် "မိဘပြည်သူများ ခင်ဗျာ" ဟူသည့် နှုတ်ဆက်စကားသည် ဟန်ပြသာဖြစ်ပြီး ရင်ထဲက မပါသည့် နှုတ်ဆက်စကားဟု သဝဏ်လွှာတွင် ရေးသားထားသည်။

"နှုတ်ခွန်းဆက် စကားကို ရင်ထဲက မပါတဲ့လေသံနဲ့ အပေါ်ယံဟန်ပြ မပြောဆိုသင့်သလို သားသမီးကျောင်းသား၊ ကျောင်းသူတို့ရေ ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို မိဘကောင်း တစ်ယောက်ရဲ့ စစ်မှန်တဲ့ မေတ္တာ နှလုံးသားနဲ့ ကရုဏာသံပြည့်ဝစွာ နွေးနွေးထွေးထွေး ပြောဆိုနိုင်ဖို့ကိုလည်း လုံးဝန် ဝန်မလေးသင့်ပါဘူး" ဟု အရှင်ဆန္ဒာဓိက တိုက်တွန်းခဲ့သည်။

မတ်လ ၁၀ ရက်တွင် ပေါ်ပေါက်ခဲ့သည့် လက်ပံတန်း ပဋိပက္ခတွင် ကျောင်းသားနှင့် ပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဆိုပါ လုပ်ရပ်သည် "အာဏာရှင် လူထွက်တွေရဲ့ သရုပ်သကန်ကို အမှန်အတိုင်း ထုတ်ဖေါ်ဝန်ခံလိုက်တာပါပဲ" ဟု အရှင်ဆန္ဒာဓိက ၏ သဝဏ်လွှာတွင် ပါရှိခဲ့သည်။

ယူ ၂၃ အာရှခြေစစ်ပွဲ သြစတြေးလျကို မြန်မာရှုံး

DVB

တိုင်ပေမှာ ကျင်းပနေတဲ့ အာရှ အသက် ၂၃ နှစ်အောက် ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု(စ) တတိယပွဲစဉ် အဖြစ် မြန်မာက သြစတြေးလျ အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

ပထမပိုင်း ၁၀ မိနစ်နဲ့ ၁၄ မိနစ်တွေမှာ သြစတြေးလျ က ၂ ဂိုးသွင်းယူပြီး ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ သြစတြေးလျအသင်းက ၃ ဂိုး ထပ်မံသွင်းယူခဲ့သလို မြန်မာအသင်း ကတော့ နှစ်သိမ့်ဂိုး တဂိုး ရရှိခဲ့ပါတယ်။

သြစတြေးလျအသင်းက မြန်မာအသင်းကို နိုင်လိုက်တဲ့ အတွက် ၃ ပွဲကစား ၃ပွဲနိုင်နဲ့ အာရှ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်သွားပြီ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဟောင်ကောင်ကို ၂ ဂိုး ၁ဂိုး၊ တိုင်ပေကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် သြစတြေးလျကို ရှုံးနိမ့်သွားတဲ့အတွက် အုပ်စု ဒုတိယနဲ့ ကျေနပ်ခဲ့ရပါတယ်။

အုပ်စု ၁၀ ခုက ပထမရတဲ့အသင်း ၁၀ သင်းနဲ့ ဒုတိယရတဲအသင်းထဲက အကောင်းဆုံး အသင်း ၅ သင်း ခြေစစ်ပွဲ အောင်မှာ ဖြစ်ပါတယ်။ ယူ ၂၃ အာရှ ခြေစစ်ပွဲကို အသင်း ၄၃ သင်းက အုပ်စု ၁၀ စုခွဲပြီး ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အောက် ချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ အိမ်ရှင် အပါအ၀င် အသင်း ၁၆ သင်းယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ကွယ်လွန်


Emperor ဂီတအဖွဲ့က သင်္ကြန် ရန်ကုန်မှာ မရှိ၍ သင်္ကြန်အကြိုပွဲ ဧပြီ ၁၁ ရက်တွင် MCC တွင် ပြုလုပ်မည်

ပန်းမြတ်ဇော်

Emperor Music Group (EMG) မှ စီစဉ်သည့် Emperor သင်္ကြန်အကြို ဖျော်ဖြေပွဲကို ဧပြီ ၁၁ ရက် ညနေ ၄ နာရီမှ ၇ နာရီအထိ MCC ခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ မတ်လ ၃၀ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်းရှိ P3 Fusion Food ၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် Emperor တေးဂီတ အဖွဲ့မှ မာန်နေဂျာ ကိုသန့်ဇော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

Emperor သင်္ကြန် ပျော်ပွဲရွှင်ပွဲတွင် Emperor တေးဂီတအဖွဲ့နှင့် အတူ အဆိုတော် ရင်ဂို ၊ ရဲသွင်၊ ဘိုဘို၊ ဝေလ၊ ထူးအယ်လင်း၊ လိမ္မော်သီး နှင့်အတူ မော်ဒယ်နှင့် သရုပ်ဆောင် ဆန်းသစ်လနှင့် ဝါဆိုမိုးဦး တို့ကလည်း ပါဝင်သီဆိုဖျော်ဖြေမည်ဖြစ်ပြီး တေးဂီတအဖွဲ့သစ်များလည်း ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။

"ဒီနှစ် သင်္ကြန်က ရန်ကုန်မှာ မတီးဖြစ်ဘူး ဆိုတော့ ရန်ကုန်က ပရိသတ် အတွက် ရန်ကုန်မှာ ပွဲကြီး တစ်ပွဲလုပ်ချင်တာနဲ့ သင်္ကြန်အကြိုလုပ်လိုက်ရင် ပိုကောင်းမယ်။ ဒီပွဲပြီးရင် သင်္ကြန်ကျပြီ ဆိုပြီး ဒီပွဲကို စီစဉ်ပြီး လုပ်ဖြစ်သွားတာပါ" ဟု Emperor တေးဂီတ အဖွဲ့မှ မန်နေဂျာ ကိုသန့်ဇော်က ပြော သည်။

ထိုဖျော်ဖြေပွဲတွင် အဆိုတော်များမှ သင်္ကြန်သီချင်းများ၊ ကိုယ်ပိုင်သံစဉ်များဖြင့် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ကာ ဖျော်ဖြေကြ မည် ဖြစ်သည်။ ဖျော်ဖြေပွဲအပြင် ဈေးဆိုင်များ ဖွင့်လှစ်ပေးမည် အပြင် ကလေးများ ရေဆော့ကစားရန်အတွက်လည်း စီစဉ်ပေးထားမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖျော်ဖြေပွဲအတွက် ဝင်ကြေး ကျပ် ၃၀၀၀ (သို့) ကျပ် ၄၀၀၀ ဖြင့် သတ်မှတ် ရောင်းချမည်ဖြစ်ပြီး ဧပြီ ၅ ရက်တွင် မန်းသီရိ တေးသံသွင်း၊ City Mark တို့တွင် စတင်ရောင်းချပေးသွားမည် ဖြစ်သည်။

Emperor တေးဂီတအဖွဲ့သည့် ၂၀၁၄ ခုနှစ်က သင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့ရှိ မြိုင်ဟေဝန်ပန်းခြံတွင် တီးခတ်ဖျော်ဖြေခဲ့ပြီး ယခုနှစ် သင်္ကြန်တွင် ချောင်းသာတွင် အဆိုတော် လင်းလင်း၊ ဂျီလတ်၊ ဘိုဘို၊ ဆန်းသစ်လနှင့် ချစ်သုဝေတို့နှင့်အတူ ဖျော်ဖြေမည် ဖြစ်သည်။

Emperor တေးဂီတအဖွဲ့ အနေဖြင့် မနှစ်က သင်္ကြန်၌ ရန်ကုန်မြို့ရှိ မြိုင်ဟေဝန်ပန်းခြံတွင် တီးခတ် ဖျော်ဖြေခဲ့ပြီး ယခုနှစ် သင်္ကြန်ကိုတော့ Emperor အဖွဲ့သည် ချောင်းသာတွင် အဆိုတော် လင်းလင်း၊ ဂျီလတ်၊ ဘိုဘို၊ ဆန်းသစ်လ၊ ချစ်သုဝေ တို့ဖြင့် ဖျော်ဖြေ ကြမည် ဖြစ်သည်။

ကျောင်းသားသပိတ် အစိုးရအကြမ်းဖက်မှု ကယားပါတီများရှုံ့ချ

ကယားထဲ

ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲက အကြမ်းဖက် ရိုက်နှက် ဖြိုခွင်းသည့် လုပ်ရပ်သည် ဥပဒေနှင့် မကိုက်ညီကြောင်း ကယား နိုင်ငံရေး ပါတီများက ရှုံ့ချ ပြောဆိုသည်။

လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) ဥက္ကဌဦးဖိုးရယ် က “ကျောင်းသားတွေ အပေါ် အကြမ်းဖက် နှိမ်နင်းတာကိုတော့ ကျနော် သဘော မတူဘူး။ ဥပဒေနဲ့လည်း မကိုက်ညီဘူး။ ကျောင်းသားတွေက အေးအေး ဆေးဆေး ဆန္ဒပြပြီး သူလိုချင်တဲ့ ပညာရေးစနစ်ကိုပဲ တောင်းဆိုတာပါ” ဟု ပြောသည်။

အစိုးရ မတရားကြာင်း၊ အခြေခံ ဥပဒေအရ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို လျစ်လျူရှူ၍ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကြည့်မကောင်း ရှူမကောင်း ဖြစ်နေကြောင်း ကယန်းအမျိုးသားပါတီ အတွင်းရေးမှူးဦးနန်းရီ က ပြောသည်။

“စိတ်တော့ မကောင်းဘူး။ ရဲဖက်က အရမ်း အကြမ်းဖက်တယ်။ ဘာမှမဆိုင်ဘဲ ရိုက်တယ်။ ဒီမိုကရေစီ ကျင့်စဉ် အရဆိုရင် ကြည့်မကောင်း ရှုမကောင်း ဖြစ်သွားတယ်” ဟု ၄င်းက ဝေဖန် ပြောဆိုသည်။

ပြည်သူများ၏ အသံကို အစိုးရက နားထောင်၍ တိုင်းပြည်အတွက် အကျိုးရှိ၊ မရှိသည့် သေချာချပြ ရှင်းလင်း ရမည် ဖြစ်ကြောင်း၊ အကျိုးသင့် အကြောင်းသင့် ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း၊ ဂတိဂဝတ်ပြုပြီး ယခုကဲ့သို့ အကြမ်းဖက်ခြင်းသည် မသင့်လျော်ကြောင်း ဦးနန်းရီ က ဆက်ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်ရှိ တိုင်းရင်းသား ပါတီများ အနေဖြင့် ကျောင်းသားသပိတ် စစ်ကြောင်းအား လက်ပတန်းတွင် အကြမ်းဖက် ဖြိုခွင်းသည့် အစိုးရ လုပ်ရပ်ကို ရှုံ့ချကြောင်း၊ ၄င်းလုပ်ရပ်သည် ဥပဒေနှင့် မညီညွတ်ကြောင်း ဦးဖိုးရယ် က ပြောသည်။

စက်မှုဇုန်ထုတ်ယာဉ်တွေကို ရွေ့လျားယာဉ်ကြံ့ခိုင်မှုစက်တွေနဲ့ စတင်စစ်ဆေး


Miss Myanmar World 2015 ပြိုင်ပွဲ တွင်နိုင်ငံခြား ခရီးစဉ် သွားရောက်ရမည့် လှုပ်ရှားမှုများ ပါဝင်မည်

ပန်းမြတ်ဇော်

Miss Myanmar World 2015 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့်ရမည့် ဆန်ခါတင် အလှမယ် အယောက်၂၀ သည် Miss Myanmar World အဖွဲ့အစည်းနှင့် အ တူနိုင်ငံခြားသို့ သွားရောက်နိုင် မည့်ခရီးစဉ် လှုပ်ရှားမှု များလည်း ပါဝင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲအတွက် ဆန်ခါတင်ရွေးချယ်ခံ ရသည့် အလှမယ် အယောက် ၂၀ သည် စခန်းသွင်းလေ့ကျင့် လှုပ်ရှား မှုများ၊ သင်တန်းများကို Miss Myanmar World အဖွဲ့အစည်းနှင့်အတူ တစ်လခွဲတိတိ လုပ်ဆောင်ရ မည်ဖြစ် ပြီးနိုင်ငံခြားသို့ သွားရောက်နိုင်မည့် ခရီးစဉ် လှုပ်ရှားမှု များတွင်လည်း ပါဝင်ခွင့် ရမည်ဖြစ် သည်။

Miss Myanmar World 2015 ပြိုင်ပွဲ အတွက်လျှောက်လွှာများကို မတ်လ ၂၇ ရက်တွင် စတင်လက်ခံခဲ့ပြီး မတ်လ ၃၀ ရက် အထိဖောင်များကို လက်ခံသွား မည်ဖြစ်သည်။ ယခု တစ်ခေါက် တွင်လျှောက်လွှာများကို ရန်ကုန်မြို့အပြင် မန္တလေး၊ တောင်ကြီးမြို့များတွင်လည်း လျှောက်လွှာများကို လက်ခံသွား မည်ဖြစ် သည်။

ပြိုင်ပွဲအတွက် လူရွေးပွဲကို ဧပြီ ၂၄ ရက်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး Miss Myanmar World 2015နောက်ဆုံး ပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်တွင် ကျင်းပ မည်ဖြစ်သည်။ ပြိုင်ပွဲတွင် Winner အဖြစ်ရွေးချယ်ခံ ရသူသည် Miss World 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင် ရမည်ဖြစ် သည်။

Miss Myanmar World 2015 ပြိုင်ပွဲတွင် Winner ဆု ရရှိသူ ကိုငွေကျပ် သိန်း ၁၀၀၊ 1st Runner Up ရရှိသူကို ကျပ် သိန်း ၅၀၊ 2nd Runner Up ရရှိ သူ ကိုငွေကျပ် သိန်း ၃၀ ချီးမြှင့် မည်ဖြစ်သည်။

ကမ္ဘာ့အလှမယ် ပြိုင်ပွဲများတွင် အကြီးကျယ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည့် မယ်ကမ္ဘာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် နိုင်ငံကိုယ်စားပြု အလှမယ်ရွေးချယ်ပွဲ (Miss Myanmar World) ကို ပထမ ဆုံးအကြိမ် အဖြစ် Forever BEC-Tero က ၂၀၁၄ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။

Miss World 2014 အလှမယ်ပြိုင်ပွဲကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံ အသီးသီးမှ အလှမယ် ၁၂၁ ယောက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ယခုနှစ်တွင် Miss World 2015 ပြိုင်ပွဲကို စက်တင်ဘာလ၌ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ် မည်ဖြစ်သည်။

အစိုးရသက်တမ်း၎နှစ်အတွင်း အိမ်ရာပိုင်ဆိုင်မှု ပိုမိုအလှမ်းဝေးနေဆဲ


အခုနှစ် ရန်ကုန်သင်္ကြန် ဘယ်မဏ္ဍပ်မှာ ထိုင်ကြမလဲ

မေစစ်ပိုင်

၂၀၁၅ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ရန်ကုန်မှာ ရေကစားကြမယ့် မဏ္ဍပ်တွေကတော့ ထုံးစံအတိုင်း ပြည်လမ်းမကြီး နဲ့ ကမ္ဘာအေး ဘုရား လမ်းမကြီးပေါ်မှာ အများဆုံးရှိနေမှာပါ။

မဏ္ဍပ်မှာ ထိုင်ပြီး သင်္ကြန်အလည်အပတ်ကားတွေကို ကြည့်ချင်သူတွေ၊ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ အတူ ရေပက်ကစားချင်သူ အများစုကတော့ မဏ္ဍပ်ထိုင်ဖို့ကိုပဲ ရွေးချယ်ကြပါတယ်။

“ကလေးတွေအတွက် Kid Zone ဆိုတာ လုပ်ပေးထားတယ်။ မိဘတွေကလည်း ကလေးတွေနဲ့ အတူ ရေကစားချင်တာမျိုးရှိမှာဆိုတော့လေ။ လုံခြုံရေးအင်အားလည်း အများကြီးချထားပေးတယ်။ Water Cooling system တွေလည်း ပါမယ်။ ဒီနှစ်မှာ ကား တွေ က အရမ်းများလာတော့ လုံးဝမရွေ့တော့ဘဲ ကျပ်နေမှာ စိုးရိမ်တယ်။ မဏ္ဍပ်လုပ်ရတာ မနှစ်ကထက် သစ်၊ အလုပ်သမားဈေးနှုန်း တွေကအစ အများကြီးတက်သွားတယ်ဆိုတော့ ခက်ခဲတာတွေရှိတယ်”လို့ ရွှေပိတောက် မဏ္ဍပ် စီစဉ်သူ မော်ဒယ်လ် သရုပ်ဆောင် စမိုင်းလ် က ဧရာဝတီကို ပြောပါတယ်။

ဗဟန်းမြို့နယ် ဆရာစံလမ်းမကြီးပေါ်မှာ တည်ရှိမယ့် ရွှေပိတောက် ရေကစားမဏ္ဍပ်မှာ ဒီဂျေ အစီအစဉ်တွေအပြင် အဆိုတော် အများအပြားရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ ၄ ရက်စာ ရိုးရိုးဈေးနှုန်း ၆၀၀၀၀ ကျပ်နဲ့ VIP လက်မှတ်ကတော့ ကျပ် ၁ သိန်းဖြစ်ပါတယ်။ VIP လက်မှတ်အတွက်ကတော့ ဘီယာ အကန့်အသတ်မရှိ သောက်သုံးနိုင်ပြီး အရက်ကိုတော့ Gold Label အထိ သောက်ခွင့်ပေးမှာဖြစ်သလို သီးသန့်နေရာကနေ ရေကစားခွင့်ရမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဆောက်လုပ်မယ့် မဏ္ဍပ်စီစဉ်သူ အများအပြားကတော့ ဒီနှစ်မှာ ပါမစ်လျှောက်ထားခြင်း၊ အလုပ်သမားငှားရမ်းခြင်း နဲ့ မဏ္ဍပ်ဆောက်လုပ်ခြင်း စတဲ့ကိစ္စအများအပြားမှာ ဈေးနှုန်းတွေတက်နေတာကြောင့် အခက်အခဲတွေ ကြုံနေရပေမယ့် မဏ္ဍပ် ဈေးနှုန်း ကတော့ မနှစ်ကနဲ့ ကွာခြားမှု အနည်းငယ်သာရှိတယ်လို့ ပြောဆိုကြပါတယ်။

ပေ ၁၂၀ ရှည်ပြီး လူ ၁၅၀ဝ ခန့် ရေကစားနိုင်သည့် မဏ္ဍပ်တခု၏ ကုန်ကျစရိတ် က ကျပ် သိန်း ၆၀ဝ ခန့်ရှိပြီး မဏ္ဍပ် အလှအပ ဆင်ယင်မှု၊ လုံခြုံရေး ကင်မရာတွေနဲ့ လုံခြုံရေး အစောင့်တွေအတွက် ကုန်ကျစရိတ် မပါဝင်ပါ။ မဏ္ဍပ်ကြီး တခု တည်ဆောက်ဖို့ အချိန် ၅ ရက်က ၈ ရက်အထိ ကြာမြင့်နိုင်ပြီး မဏ္ဍပ်ဦးစီးပြုလုပ်သူက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို စပေါ်ငွေ ကျပ် သိန်း ၁၀၀ တင်ရပါတယ်။

ညနေ ၆နာရီထက် ကျော်လွန်ရေကစားခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်းနဲ့ သစ်ပင်ပန်းမန်များ ထိခိုက်ပျက်စီးခြင်း စတဲ့ ဥပဒေ ချိုးဖောက်မှုတွေ တွေ့ရှိခဲ့ရင်တော့ အဲဒီ စပေါ်ငွေ ပြန်ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မဏ္ဍပ်စီစဉ်သူတချို့ကလည်း သူတို့ရဲ့ မဏ္ဍပ်မှာ လာရောက်ကစားသူများပြားဖို့ အတွက် ပြည်ပက ဒီဂျေပညာရှင်တချို့ ခေါ်ယူ အသုံးပြုကြမယ်လို့ ဆိုပါတယ်။

“လုံခြုံရေးအင်အားကိုတော့ မနှစ်ကထက် တိုးမြှင့်ထားတယ်။ ပါမစ်လျှောက်ရတာ ခက်သလို ဈေးတွေကတော့ အကုန်တက်တယ်။ ဒါပေမယ့် မနှစ်ကနဲ့ ဒီနှစ် လက်မှတ်ဈေးနှုန်းက သိပ်မကွာဘူး။ လက်မှတ်အရောင်းကိုလည်း မနှစ်ကထက် လျှော့ထားတယ်။ Project X မှာ ဒီနှစ် Lucky Draw အစီအစဉ်ပါမယ်။ ဒီဂျေ အစီအစဉ်တွေရှိမယ်။ ၁၂ ရက်နေ့ ညမှာလည်း ပါတီရှိမယ်။ ၁၀ စောင် ဝယ်ရင် ၁ စောင် လက်ဆောင်ပေးတာမျိုးလည်း လုပ်ထားတယ်”လို့ Project X မဏ္ဍပ် စီစဉ်သူတဦးဖြစ်တဲ့ မဆုပြည့်အောင်က ရှင်း ပြပါတယ်။

ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ တည်ရှိမယ့် Project X မဏ္ဍပ်ဈေးနှုန်းတွေကတော့ ၄ ရက်စာ လက်မှတ်အတွက် ၄၀၀၀၀ ကျပ်၊ သင်္ကြန်အကျနေ့ အတွက် ၁၈၀၀၀ ကျပ်၊ အကြတ်နေ့အတွက် ၂၂၀၀၀ ကျပ် နဲ့ အတက်နေ့အတွက် ၃၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ဒီဈေးနှုန်းတွေက မတ်လ ၃၁ ရက်နေ့အထိဖြစ်ပြီး ဧပြီလ ၁ ရက် က စလို့ ဈေးနှုန်း အပြောင်းအလဲရှိမယ်လို့ သိရပါတယ်။

ဒီနှစ် မဏ္ဍပ်လက်မှတ် ဈေးနှုန်းတွေက ၄ ရက်စာအတွက် ဈေးနှုန်း ၅၀၀၀၀ ကျပ် မှ ၇၀၀၀၀ ကျပ် ဝန်းကျင်၊ တနေ့ချင်း အတွက် ဈေးနှုန်းတွေကတော့ ကျပ် ၁၅၀၀၀ ကနေ ၃၅၀၀၀ ဝန်းကျင်မှာ ရှိတယ်လို့ မဏ္ဍပ်စီစဉ်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မဏ္ဍပ် နေရာချထားရေး ကော်မတီရဲ့ ပြောဆိုချက်အရ မတ်လ ၃၀ ရက်အထိ ရေကစား မဏ္ဍပ် အကြီး ၃၄ ခု နဲ့ အလတ် ၂ ခု ချထားပေးပြီးဖြစ်ကြောင်း၊ ကိုယ်ပိုင်မဏ္ဍပ်နေရာတွေ ထပ်မံ လျှောက်ထားလိုသူတွေ အတွက်လည်း စိစစ်ပြီး ချထားပေးဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။

“မဏ္ဍပ်ဆောက်မယ့်သူတွေအတွက် လျှောက်လွှာတွေ ဝယ်ကတည်းက စည်းကမ်းချက် ၄၄ ချက် ကို ထည့်ပြောပြပြီးသားဖြစ် တယ်။ လောလောဆယ်တော့ မဏ္ဍပ်အကြီး နဲ့ အလတ် က ၃၆ ခုရှိပြီ။ နောက်ထပ် ကိုယ်ပိုင်မဏ္ဍပ်နေရာ လျှောက်ထား လာ တဲ့ အပေါ်မှာလည်း စိစစ်ပြီး ချထားပေးဖို့ရှိမယ်”လို့ မဏ္ဍပ်နေရာချထားရေးကော်မတီ တာဝန်ရှိသူ တဦးက ဧရာဝတီကိုပြောပါတယ်။

လူငယ်အများစုကတော့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ မဏ္ဍပ်ထိုင် ရေကစားဖို့ အဝတ်အစား၊ ဆံပင်အပြင်အဆင်တွေကအစ ပြင်ဆင်နေကြပြီလို့ ပြောဆိုကြပါတယ်။

“’သူငယ်ချင်းတွေ စီစဉ်ထားတဲ့ မဏ္ဍပ်မှာ ဒီနှစ်ကစားမယ်။ ဒီဂျေတီးလုံး မြူးမြူးကြွကြွတွေကြားမှာ စည်းချက်လိုက် ကရင်းနဲ့ ရေ ပက်ကစားရတာကို ပျော်တယ်။ မဏ္ဍပ်ထိုင်တာ ဒီနှစ်ပါမယ်ဆို ၃နှစ်ရှိပြီ။ အခုကတည်းက ရင်တွေခုန်နေပြီ”လို့ အသက် ၂၁ နှစ် အရွယ် မသဲဇာမျိုး က ပြောပြပါတယ်။

၂၀၁၅ ခုနှစ်အတွက် မဏ္ဍပ်နေရာချထားရေးကော်မတီက မတ်လ အတွင်း ချထားပေးခဲ့တဲ့ မဏ္ဍပ်တွေကတော့ ရွှေပိတောက်၊ ပိတောက်ချစ်သူ၊ သင်္ကြန်ချစ်သူ၊ ရန်ကုန်သင်္ကြန် ၂၀၁၅၊ နွေဦးသင်္ကြန်၊ နှစ်သစ်ပိတောက်၊ ဟန်နွေဦး၊ တန်ခူးရေ၊ တန်ခူးလေပြေ၊ ပိတောက်ဝါ၊ အားသစ်မာန်၊ နွေရာသီပွဲတော် ၂၀၁၅ အပါအဝင် မဏ္ဍပ် ၃၆ ခု ရှိပြီဖြစ်ပါတယ်။

တိုင်းရင်းဆေးရုံဆောက်ဖို့ သချိင်္ုင်းရွှေ့ခိုင်းလို့ ချင်း ခေါင်းဆောင်တွေ ကန့်ကွက်


အထူးစီးပွားရေး ဇုန်စီမံကိန်းများကြောင့် နိုင်ငံတကာ အထည်ချုပ်လုပ်ငန်း ရင်းနှီးမြုပ်နှံမှုများ ဆက်လက်အားကောင်းမည်

နိုင်နိုင်ဇော်

အထူးစီးပွားရေးဇုန် စီမံကိန်းများနှင့် အထူးအခွန်ကင်းလွတ်ခွင့်များကြောင့် လာမည်နှစ်အတွင်း နိုင်ငံတကာ အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က ပြောသည်။

မတ်လ ၃၀ ရက် Green Hill ဟိုတယ်၌ ပြုလုပ်သည့် အာရှချည်မျှင်နှင့် အထည်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲတွင်မီဒီယာများအား ပြည်ထောင်စုဝန်ကြီးက ပြောဆိုခြင်းဖြစ်သည်။

“အထူးစီးပွားရေးဇုန်တွေ အကောင်ထည်ဖော်သလို အီးယူရဲ့စီးပွားရေး အထူးအခွန်ကင်းလွတ်ခွင့် (GSP) လည်း ရထားတော့နိုင်ငံတကာ အထည်ချုပ်တွေ လာရင်းနှီးဖို့ စိတ်ဝင်စားနေတယ်၊ ၂၀၁၄ နှစ်ကုန်ဆိုရင် ထိုင်းကို အီး ယူကပေးတဲ့ GSP သက်တမ်းကုန်ပြီဆိုတော့ သူနိုင်ငံမှာရင်းနှီးနေတဲ့ လုပ်ငန်းတွေ ကျွန်တော်တို့နိုင်ငံကို ရောက်လာတော့မှာပါ” ဟု ၎င်းက ပြောသည်။

လက်ရှိ အထူးစီးပွားရေးဇုန်များ၏ ကနဦးရင်းနှီးမြုပ်နှံမှုတွင် ဟောင်ကောင် အထည်ချုပ်လုပ်ငန်းများ ဆက်တိုက် ဝင်ရောက်နေပြီဟုလည်း ဝန်ကြီးက ထပ်မံပြောဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်စာရင်းများနှင့် အထည်ချုပ်လုပ်ငန်းရှင် အသင်းပြောဆိုမှုအရ ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်းအထည်ချုပ်ရင်းနှီးမြုပ်နှံမှုတွင် နိုင်ငံခြားသားများ၏ ဝင်ရောက်လုပ်ကိုင်မှုမှာ ၉၀ ရာခိုင်နှုန်း အထိမြင့်တက်နေခြင်း ဖြစ်သည်။

နိုင်ငံတွင်းလူဦးရေ၏ ထက်ဝက်နီးပါးမှာ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်များဖြစ်နေခြင်းကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်း တိုးတက်ရေး အားသာချက်တစ်ခုဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာ့ အထည်ချုပ် လုပ်ငန်းအတွင် ၀င်ရောက်လုပ်ကိုင်သည့် နိုင်ငံများတွင် ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူနိုင်ငံတို့မှ အထည်ချုပ်လုပ်ငန်းများ ဆက်တိုက်ဝင်ရောက်နေသည်ဟု အထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကပြောသည်။

အလုပ်ရှင်အလုပ်သမား ပြဿနာများပြေလည်သွားပါက မြန်မာ့ အထည်ချုပ်လုပ်ငန်း ပိုမိုတိုးတက်လာမည်ဟုလည်း ယင်းတာဝန်ရှိသူများက ပြောဆိုသည်။

ဈေးဝယ်ဖောက်သည် လုရာမှ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွါး

သျှမ်းသံတော်ဆင့်/ စိုင်းလုံ

တရုတ်ပြည် ထုန့်မော(၀်)ဒေသ ရွှေလီမြို့ အနီး သျှမ်းလူမျိုးစု အများဆုံး နေထိုင်သည့် နောင်ငင်း ရွာ၌ ၀က်သား ဈေးဝယ် ဖောက်သည် လုရာမှ သုံးလောင်းပြိုင် လူသတ်မှု ဖြစ် ပွားခဲ့ကြောင်း ဒေသတွင်း သတင်းမှ စုံစမ်းသိရသည်။

မတ်ခ်ျလ ၂၉ ရက် နံနက်ပိုင်းက နောင်ငင်းရွာဈေးအတွင်း ၀က်သားသည် နှစ်သည်သည် ဈေးဝယ်ဖောက်သည် လုရာမှအချင်းချင်းစကားများပြီး လူသတ်မှုဖြစ်ခဲ့ရ ခြင်းဖြစ်ကြောင်း၊ လူသတ်မှုတရားခံမှာ ၀က်သားသည် လင်မယား နှစ်ဦးဖြစ်ပြီး အသတ်ခံရသောသူမှာလည်း ၀က်သားသည် မောင်နှမသုံးဦးဖြစ်ကြောင်း ကိုယ်တိုင်မြင် တွေ့ရသူ တရုတ်ပြည်ရောက် နမ့်ခမ်းသားတစ်ဦး ကဆိုသည်။

“ကျနော့်ရှေ့မှာပဲ ဖြစ်တာလေ။ ဟိုးဘက်အသည်ကို ဒီဘက်ကလင်မယားသတ်တာလေ။ သူ့ယောက်ကျားက ရိုက်နှက်ပြီး ဖမ်းဖိထားတယ်။ သူ့မိန်းမက ၀က်သားခုတ် ဓါးနဲ့ ဂုတ်ကို သုံးချက် ခုတ်လိုက်တာ ၊ အဲ့အချိန်မှာ အသတ်ခံရသူရဲ့ ညီက ပြေးလာတယ်။ သူပါတစ်ခါတည်း ခုတ်သတ်ခံလိုက်ရတယ်။ ပွဲချင်းပြီးဘဲ ” ဟုနမ့်ခမ်းသားကပြောသည်။

ထိုစဉ် မောင် ၂ ဦးအသတ်ခံရမှုကို အနီးမှ ရပ်ကြည့်နေသော အမဖြစ်သူ၏ ခေါင်းနှင့်လည်ပင်းကို ဓါးမဖြင့် ထပ်မံခုတ်ဖြတ်ရာ ဆေးရုံတင်လိုက်ရကြောင်း၊ ဆေးရုံတွင်ပင် အကြီးအဆုံးအမဖြစ်သူ သေဆုံးသွားကြောင်း သျှမ်းသံတော်ဆင့် အားပြောပြသည်။

ထိုသို့ခုတ်သတ်ကြပြီးနောက် ၀က်သားသည် ယောက်ကျားမှာဆိုင်ကယ်ဖြင့်ထွက်ပြေးကြောင်း၊ လူသတ်သည့် မိန်းမဖြစ်သူကိုဈေးသည်များဝိုင်းဝန်းရိုက်နှက်ဖမ်းချုပ်ထားပြီး တရုတ်ရဲများက လာရောက်ဖမ်းဆီးသွားကြောင်း၊ နာရီဝက်ခန့်အကြာမှသာ ထွက်ပြေးသူယောက်ကျားဖြစ်သူအား အာဏာပိုင်များက ဖမ်းဆီးရမိကြောင်း အခင်း ဖြစ်ပွားမှုအနီး တွင်ရှိသော နောင်ငင်းရွာသား စိုင်းအိုက်ကျော် ကဆိုသည်။

လူသတ်သမားလင်မယားနှစ်ဦးနှင့် အသတ်ခံရသောသူများသည် တရုတ်လူမျိုးများဖြစ်ကြပြီး အသတ်ခံရ ၀က်သားသည် မောင်နှမသုံးဦးမှာ အသက် ၃၀ နှစ်အောက် အိမ်ထောင်မရှိသေးသူလူလွှတ်များဖြစ်ကြကြောင်း ဒေသခံများ ထံသိရသည်

နယ်စပ်မှာ တရားမ၀င် ၀င်ရောက်လာတဲ့ အီရတ်နိုင်ငံသားကို စစ်ဆေး


အပစ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးမှု ကုလ နှင့် အမေရိကန် ကြိုဆို

မဇ္ဈိမ

အရေးပါသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘော တူညီချက် (Nationwide Ceasefire Agreement- NCA) မူကြမ်းကို လက်မှတ်ရေး ထိုးနိုင်ခဲ့ သည့်အတွက် ၀မ်းမြောက် ကြိုဆိုပါကြောင်း ကုလသမဂ္ဂ နှင့် အမေရိကန် သံရုံးတို့ ကကြေငြာချက်များ ထုတ်ပြန်ခဲ့သည်။

အစိုးရ ၏ပြည်ထောင် စုငြိမ်းချမ်း မှုဖော်ဆောင်ရေး အလုပ်ကော်မတီ (Union Peace-Making Work Committee-UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ တစ်နိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းမှုအဖွဲ့ (Nationwide Ceasefire Coordination Team- NCCT)တို့ကြားယခုကဲ့သို့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘော တူညီချက်ကို လက်မှတ်ရေး ထိုးနိုင်ခြင်းမှာ အားလုံးပါဝင် ဟန်ချက် ညီသောမြန်မာ့ အနာဂတ် အတွက် လင်းခင်းပေးမည့် ပိုမိုကြီး မားသောနိုင်ငံရေး စစ်ရေးဆွေးနွေးပွဲဆီသို့သွားရောက်မည့် ပထမခြေလှမ်းပင်ဖြစ်သည်ဟု ကုလသမဂ္ဂ၏ကြေညာချက်တွင် UNအထူးအကြံပေး ဘီဂျေ နမ်ဘီယားကိုယ် စားပြော ကြားခဲ့သည်။

သို့ရာတွင် စာမျက်နှာ သစ်ကို မဖွင့်လှစ်မီ မဖြစ် မနေဖြတ်ကျော် ရမည့် အဆုံးအဖြတ် ကျသည့် အဆင့်အခြေ တစ်ရပ်ပင်ဖြစ်သည် ဟုလည်းကြေ ညာချက်တွင် သတိပေး ထားသည်။

မြန်မာမှာ အသွင် ကူးပြောင်းမှုတွင် အလား အလာများနှင့် ကကြီးရေက အဆင့်မှာသာ ရှိသေးပြီး ယနေ့သဘော တူညီချက်မှာ ယခင်က ရန်သူတော် များကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်နိုင်ခြေအလားအလာကို မီးစိမ်းပြလိုက်ခြင်းသာဖြစ်သောကြောင့် မြန်မာပြည် တွင်ပြောင်းလဲမှု၏ အစေ့အဆန်များ မှာ စတင်အညှောင့်ပေါက်လာပြီ ဟုမျှော်လင့်ရကြောင်း လည်းကြေညာ ချက်တွင်ပြေားကြား ထားသည်။

၁၇လကြာ ဆွေးနွေး ခဲ့ရသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မူ ကြမ်းပါ အချက်အားလုံးကို မတ်လ ၃၀ရက်က နှစ်ဖက် သဘော တူညီမှု ရရှိ ခဲ့ခြင်းဖြစ်ပြီး မတ်လ ၃၁ရက်က သမ္မတ ဦးသိန်းစိန်ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြရာတွင် UPWC နှင့် NCCT တို့မှ ၅ဦးစီ၊ ဦးအောင်မင်းနှင့် ဦးနိုင်ဟန်သာတို့ ပါဝင် ခဲ့သည်။

Nancy Pelosi ဦးဆောင်သော အမေရိကန်အဖွဲ့ ဧပြီလ ၁ ရက်နေ့ မြန်မာပြည် ရောက်မည်

ဧရာဝတီ

အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် Nancy Pelosi ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး နေပြည်တော်တွင် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ် မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့ပြင် လူမှု အဖွဲ့ အစည်း များနှင့်လည်း တွေ့ဆုံရန် ရှိကြောင်း သိရှိရသည်။

ယခု ခရီးသည် Sasakawa Foundation က ယခင်အပတ်က ဦးစီးကျင်းပခဲ့သော ၀ါရှင်တန်ဒီစီ မြန်မာ့အရေး ဆွေးနွေးပွဲ အပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အဆို ပါဆွေးနွေး ပွဲသို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ၊ မြန်မာ့အရေးကျွမ်းကျင်သူ David Steinberg အပါအ၀င် မြန်မာအစိုးရ လိုလားသော အဖွဲ့အစည်း များ တက်ရောက်ခဲ့သည်။

အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ပြုပြင်ပြောင်းလဲမှု မပီပြင်ချိန် မြန်မာအပေါ် ထားရှိသော အမေရိကန်အစိုးရ၏ မူဝါဒ သဘောထား အကြီးအကျယ် ပြောင်းလဲဖွယ်ရှိသည်ဟု ဝေဖန် သုံးသပ်မှု များလည်းရှိနေသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် လူမှုအဖွဲ့အစည်းများဖြစ်သည့် ပေါင်းကူးမှ ဒေါက်တာကျော်သူ၊ မေစံပယ်ဖြူ တို့နှင့် သာမက မီဒီယာသမားများဖြစ်သည့် ဦးသီဟစော၊ ဦးသောင်စုငြိမ်းတို့ အပါအ၀င် လူမှုအဖွဲ့အစည်းပေါင်းစုံမှ တက်ကြွလှုပ်ရှား သူတချို့နှင့်တွေ့ဆုံရန် ရှိကြောင်း သိရှိရသည်။

“ကျမတို့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ၊ အမျိုးသမီး အခွင့်အရေး၊ အလုပ်သမား အခွင့် အရေးနဲ့ ဘာသာခြားနည်းစုတွေရဲ့ အခွင့်အရေး အပါအ၀င် လူအခွင့်အရေး တွေနဲ့ပတ်သက်လို့ ဆွေးနွေး ပူးပေါင်း ဆောင် ရွက်ဖို့ ရှိတဲ့အပြင် မြန်မာ့ဖွံ့ဖြိုးရေး အထောက်အကူပြုမယ့် ကုန်သွယ်ရေး တိုးမြှင့်ဖို့ လည်း ဆွေးနွေးဖို့ရှိပါတယ်” ဟု Nancy Pelosi က ခရီးစဉ်နှင့်ပတ်သက်သော ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားသည်။

Nancy Pelosi နှင့်အတူ အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ်များဖြစ်သည့် Charlie Rangel ၊ Sander Levin, Anna Eshoo ၊ Zoe Lofgren ၊ Mike Thompson ၊ Doris Matsui ၊ Mike Fitzpatrick ၊ Dan Kildee နှင့် Mark Takaiတို့ လိုက်ပါမည်ဖြစ်ပြီး မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်းကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကိုပါ သွားရောက်ရန် ရှိကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးကဏ္ဍမှာ လူငယ်တွေက အရေးကြီး


တိုင်းရင်းသားအဖွဲ့များ အားလုံးပါဝင်းခြင်း ရှိမရှိက အပစ်အခတ် ရပ်စဲစာချုပ် လက်မှတ်ရေးထိုးရေး ကြီးမားသောစိန်ခေါ် မှုဖြစ်လာနိုင်

ကေဇူး၊ ဟိန်းကိုစိုး

တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း ကိုနှစ်ဖက် သဘော တူညီစွာ အပြီးသတ်ရေး ဆွဲနိုင် ခဲ့ပြီးဖြစ်သော်လည်း လက်မှတ်ရေးထိုးရာတွင် ပါဝင်လာမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အရေအတွက်သည် လက်မှတ်ထိုးရေး အတွက် ကြီးမားသော စိန်ခေါ် ချက်ဖြစ်သည် ဟု NCCT ပထမခေါင်းဆောင် ဦးနိုင်ဟံသာ ကပြောကြား လိုက်သည်။

ပြည်ထောင်စုအစိုးရဘက်က NCCTတွင်ပါဝင်သည့် အဖွဲ့ဆယ့်ခြောက်ဖွဲ့သာ အပစ်ရပ်လက်မှတ်ရေးထိုးရန် ဆန္ဒရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက မူ တိုင်းရင်းသားအဖွဲ့ ၂၂ ပါဝင်လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေသည်။

"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာ တစ်ဖွဲ့မှ ကျန်ခဲ့လို့မရပါဘူး။ ဒါကို ပြန်အစိုးရ နဲ့ပြန်ညှိရမယ်။ မညှိနိုင်ရင်တော့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ အတွက် ကြီးမားတဲ့ အခက်အခဲဖြစ်နိုင်ပါတယ်"ဟု ဦးနိုင်ဟံသာက မဇ္ဈိမကိုပြောသည်။

တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို မူကြမ်းကို မတ်လ ၃၁ ရက်တွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ကြား အပစ်ရပ်စာချုပ်မူကြမ်းကို လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) က ဥက္ကဋ္ဌ ဦးအောင်မင်းက "ဆွေးနွေးပွဲ စတင်ဆောင်ရွက်တဲ့ အခါမှာ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ ရှိပါတယ်။


ပထမအဆင့်အနေနဲ့တော့ ဒီဆယ့်ခြေက်ဖွဲ့နဲ့ ပဲလက်မှတ်ရေးထိုးနိုင်မှာဖြစ်ပါတယ်၊ ထပ်တိုးလာရင် ထပ်ဆွေးရရင် ပိုပြီးကြနေမယ်။ ကျွန်တော်တို့ အစိုးရ လက် ထက်မှာအမှီနိုင်ဘူး ခင်ဗျ၊ ဒါကြောင့်ကျွန်တော်တို့က ဆယ့်ခြောက်ဖွဲ့နဲ့ပဲ ဆောင်ရွက်ပါမယ်၊ အချိန်ရရင်တော့ ရသလောက် ကျွန်တော်တို့ ဆက်ပြီးဆောင်ရွက် သွားပါမယ်"ဟု ဆိုသည်။

စာချုပ်ပါ အချက်များကို ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC)ဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (UPCC)ကို တင်ပြရဦး မည်ဖြစ်သည်။

ထို့အတူ NCCT ဘက်ကလည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကိုပြန် လည်တင်ပြ ရဦးမည်ဖြစ်သည်။ ထိုသို့တင်ပြရာတွင် NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကိုလည်းဆွေးနွေး ဦးမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ် ကျေးလက်ရန်ပုံငွေအတွက် တရုတ်ကုမ္ပဏီမှ ကျပ်ငွေသိန်းပေါင်းတစ်သောင်းငါးထောင် လှူဒါန်း

ဇော်ဝင်း

တရုတ်နိုင်ငံမှ အကြီးမားဆုံး ကုမ္ပဏီတစ်ခုဖြစ်သော CITIC Group (the China International Trust and Investment Corporation) မှ ကျောက်ဖြူမြို့နယ် ကျေးလက်ရန်ပုံ ငွေတည်ထောင်ရေး အတွက် ကျပ်သိန်းပေါင်း ၁၅၀၀၀ လှူဒါန်းလိုက်သည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်မှ ကျေးရွာပေါင်း ၅၀ကို ကျေးရွာတစ်ရွာလျှင် ကျပ်ငွေသိန်း ၃၀၀ နုန်းဖြင့် စုစုပေါင်း ကျပ်ငွေသိန်းပေါင်း ၁၅၀၀၀ ကို ရန်ပုံငွေ အဖြစ် မတည်ပေးခြင်း ဖြစ်ကြောင်း ကျေးလက် ရန် ပုံငွေ တည်ထောင်ပေးသူ အထူးအရာရှိ ယင်း Group ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ Mr. Ma Chuanfu က ပြောသည်။

ယင်းမတည် ကျေးလက် ရန်ပုံငွေဖြင် စီမံကိန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းအထဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအခါ ယင်း မတည်ငွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘဏ်အကောင့်ထဲကို လွဲပြောင်း ထည့်ပေးလိုက်ပြီဖြစ်ကြောင်း အထူးအရာရှိ Mr. Ma Chuanfu ဆက်လက် ပြောဆိုသည်။

၎င်းစီမံကိန်းနှင့်ပတ်သက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးအားမေးမြန်းခဲ့ရာ မကြာခင် ချေးငွေများ ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောသည်။

“ ကျေးလက်ရန်ပုံငွေ တည်ထောင်ရေး စီမံကိန်းအတွက် ကျေးရွာ တစ်ရွာကို ကော်မတီ ၁၁ဦးဖွဲ့ထားတယ်။ ဘဏ်ကော်မတီ ၃ဦးဖြစ်ပြီး ကျန် ၈ဦးကအဖွဲ့ဝင်ဖြစ်တယ်။ ချေးငွေကို စနစ်တကျ စီမံ ခန့်ခွဲတတ်ရန် အတွက် တစ်ရွာကို လူ ၆ ယောက်နှုန်းနဲ့ ရွာပေါင်း ၂၅ ရွာကို သင်တန်းပေးပြီးပြီ ဖြစ်တယ်။ ဘယ်လုပ်ငန်းအတွက် ငွေချေးမယ်ဆိုတာကို လျှောက်လွှာဖြည့်ပြီး ကျေးရွာကော်မတီထံကနေ ငွေ ထုတ်ယူရမှာဖြစ်ပါတယ်” ဟု ယင်းက ပြောသည်။

Mr. Ma Chuanfu က ကျေးလက်ရန်ပုံငွေကို စီမံကိန်းကို တည်ထောင်ပြီး ချေးငွေ ထုတ်ပေးရခြင်းမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဆင်းရဲမွဲတေမှု လျှော့ချရေးကို တစ်ဖက်တစ်လမ်းက ကူညီပေးခြင်း ဖြစ်ကြောင်း၊ ယခုလုပ်ရပ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးသော သဘောဖြစ်ကြောင်း၊ ချက်ချင်းလက်ငင်း အများကြီး အကျိုးခံစားခွင့်ရမည် မဟုတ်သော်လည်း နောက်ဆိုရင် တဖြည်းဖြည်းဖြင့် သားစဉ်မြေးဆက်ခံစားရလာမည်ဟု မျှော်လင့်၍ ရကြောင်း၊ လူထုနှင့် တွေ့ဆုံစဉ် စကားပြန်မှ တဆင့် ပြေကြားသည်။

ကျောက်ဖြူမြို့နယ်မှာ ကျေးရွာပေါင်း၂၄၀ ကျော်ရှိပြီး ယင်းအထဲမှ ကျေးရွာ ၅၀ ကိုသာ ရွေးချယ်ပြီး ရန်ပုံငွေ ထူထောင်ပေးခြင်းမှာ ကျေးရွာသားများ အကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေသည်ဟု ချေးငွေမရသည့် ကျေး ရွာတစ်ခုမှ ရွာသားတစ်ဦးက ပြောသည်။

“ ကျေးရွာအုပ်စု တစ်အုပ်စုထဲမှာ ငွေရတဲ့ရွာကရပြီး တစ်ချို့ရွာက မရဘူးဆိုတော့ အချင်းချင်း စိတ်ဝမ်းကွဲကုန်တာပေါ့” ဟု ပြောသည်။

Mr. Ma Chuanfu က ယခု စီမံကိန်း အောင်မြင်ပါက အစိုးရနှင့် တိုင်ပင်ပြီး နောက်ထပ်ကျေးရွာများကိုလည်း တိုးချဲ့ပြီး လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ အောင်မြင်သွားသော ကျေးရွာများ ကို စံပြကျေးရွာအဖြစ် သတ်မှတ် ထားပြီး နောက်ထပ် ဆက်လက် ဆောင်ရွက်ရန် အတွက် တစ်ခြားကုမ္ပဏီတွေကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း၊ သူတို့ ကုမ္ပဏီ တစ်ခုတည်းဖြင့် ငွေကြေးအများအပြားကိုလည်း မတတ်နိုင်ကြောင်း ပြောဆိုကြောင်း သိရသည်။

CITIC Group ၏ နှစ်စဉ် ဘဏ္ဍာဝင်ငွေမှာ အမေရိကန်ဒေါ်လာ၂၂ ဘီလီယံရှိခဲ့ပြီး ၊ ကမ္ဘာ့(၄၁၅)ခုမြောက် အကြီးမားဆုံးစီးပွားရေး ကော်ပိုရေးရှင်းတစ်ခု ဖြစ်ကြောင်း သိရသည်။ ပြောသည်။ ယင်း ကုမ္ပဏီသည် ရမ်းဗြဲမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် စစ်တွေမြို့နယ်မှ ရွာတစ်ရွာစီတွင် ယခင်ကလည်း ကျေးလက်ရန်ပုံငွေ မတည် ထုတ်ချေးဖူးခဲ့ကြောင်း သိရသည်။

စလင်းမြို့ ပြည်သူဆေးရုံက အခက်အခဲတွေအပေါ် သူတို့ပြောစကား


ကာချုပ်၏ ငြိမ်းချမ်းရေးမူ ၆ချက် နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း လက်ခံမည်မဟုတ်ဟု NCCTပြော

ဟိန်းကိုစိုး၊ ကေဇူး

တပ်မတော်က ထုတ်ပြန်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ ၆ ချက် ကိုနိုင်ငံရေးဆွေးနွေး ပွဲများတွင် လက်ခံမည် မဟုတ်ကြောင်း တစ်နိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင်များ ကပြောသည်။

"ကာချုပ် ငြိမ်းချမ်းရေးမူ ၆ချက်က NCA မှာ မူလပုံစံအတိုင်းမလာပါဘူး၊ တစ်ချို့က ကွေ့ဝိုက်ပြီးလာတယ်၊နောက်ဆုံးအချက် ၂ချက်လည်း မပါပါဘူး။ အဲဒါတွေ ကိုတိုင်းရင်း သားတွေ ဖက်က လက်မခံထားဘူး" ဟု NCCT ခေါင်းဆောင်နိုင် ဟံသာက မဇ္ဈိမ ကိုပြောသည်။

နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒများကို လိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥ ပဒေဖြင့် ဒီမိုကရေစီကို လျောက်လှမ်းမှုတွင် လိုက်ပါ လုပ်ဆောင်ရန် ဟူသည့် အချက် ၂ချက်ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ချက်ကို တိုင်းရင်း သားများက လက်ခံထားခြင်းမရှိသည့် အပြင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင်လည်း ထည့်သွင်းမည် မဟုတ်ကြောင်း NCCT မှသိရသည်။

"သဘောထား ရပ်တည် ချက်ဖြစ်လို့ ဘယ်ဟာ ကတော့ ဘယ်လို ဆိုတာကို အသေး စိတ်ဆွေးနွေး တာတော့မပါပါဘူး၊ လိုက်နာရင်တော့ ထာဝရ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် ထုတ်ပြန်ထားပါတယ်။ အဲဒီအချက်ကိုတော့ အမြဲတမ်းစွဲကိုင်ထားမှာပါ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက မဇ္ဈိမကိုပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့သည့် ၂၀၁၁ခုနှစ် သြဂုတ်လ ၈ရက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီးနောက် မူကြမ်းတစ်ရပ် ပေါ်ထွက်ရေးကို လပေါင်း ၁၇ လ တိုင် ဆွေးနွေးခဲ့ရသည်။ ယင်းနောက် သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း လေးနှစ်ပြည့်သည့် မတ်လ ၃၁ရက်တွင် NCA မူကြမ်းကို သဘောတူညီမှု ရရှိ ခဲ့ခြင်းဖြစ်သည်။

"သူတို့ မူသဘောထားကို ကိုင်ထားလို့ရတယ်၊ နိုင်ငံရေး ဆွေးနွေးပွဲမှာလည်း အသုံးချလို့မရဘူး၊ ဒါကိုလက်မခံပါဘူး" ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က မဇ္ဈိမကိုပြောသည်။

NCA မူကြမ်းကို တိုင်းရင်းသား အဖွဲ့များ ကိုယ်စား ၂၀၁၃ခုနှစ်နိုဝင်ဘာ တွင်းကျင်းပ သည့် လိုင်ဇာ တိုင်းရင်းသား ညီလာခံမှ ဖွဲ့စည်း ခဲ့သော NCCT က ဦးဆောင်ဆွေးနွေးကာ သဘောတူညီထားမှုများကို အဖွဲ့ဝင်များ မဟုတ်သည့် အဖွဲ့များအပါအ၀င် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၂ ဖွဲ့သို့ ရှင်း လင်းကာ အစိုးရနှင့် ပြန်လည်ညှိနှိုင်းရန် ကျန်ရှိနေသေးသည်။

တပ်မတော် မူ ၆ချက်မပါဝင်သည့် NCA မူကြမ်းကို မေလအတွင်း နေပြည်တော်တွင် အတည်ပြု လက်မှတ်ရေးထိုးနိုင်ရန် သမ္မတ ဦးသိန်းစိန်က ဆန္ဒရှိကြောင်း မူကြမ်းပါအချက်များ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အဖွင့်မိန့်ခွန်းတွင် ဆိုခဲ့သည်။

လက်ရှိတွင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ဖွဲ့နှင့် ပမာဏအပစ်ရပ် လက်မှတ်ရေး ထိုးထားပြီးဖြစ်သည်။

၁၇လ ကြာဆွေးနွေးကာ အစိုးရ နှင့် အန်စီစီတီ တို့ကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် သဘော တူညီမှု ရရှိခဲ့သည့် အတွက်မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးက ကြိုဆိုကြောင်း မတ်လ ၃၁ရက်က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။