ဇေယျာမော်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ပြည်နယ်လွှတ်တော်အနေနဲ့ အသိအမှတ်မပြုကြောင်း အရေးကြီး အဆိုကို အမတ် ၁၄ ဦးက ၀ိုင်းဝန်းဆွေးနွေးခဲ့ကာ ကန့်ကွက်သူမရှိပဲ အတည်ပြုကြောင်း သိရသည်။
"ကျွန်တော်တို့ ဆွေးနွေးခဲ့သူ စုစုပေါင်း ၁၄ဦး ဆွေးနွေးခဲ့ပြီး ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု အမတ် ၁၂ ဦး ဆွေး နွေး ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တစ်ဦး ၊ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဆွေးနွေးခဲ့ပြီး အကုန်လုံးက ထောက်ခံဆွေးနွေးခဲ့ပါတယ်" ဟု အဆိုတင်သွင်းခဲ့သူ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရခိုင်အမျိုး သားပါတီ ကိုယ်စားလှယ် ဦးကျော်ဇောဦးက မဇ္ဈိမသို့ပြောသည်။
ဦးကျော်ဇောဦးသည် စက်တင်ဘာ ၁၂ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင် ကို ကန့်ကွက်ကြောင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုကို စက်တင်ဘာလ ၁၄ရက်နေ့ က ဆွေးနွေး အတည် ပြုခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်လွှတ်တော်က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ကန့်ကွက်ခြင်းကြောင့် ကော်မရှင်ရဲ့ ဆုံးဖြတ် နိုင် စွမ်းဟာ တန်ဖိုးလျော့ကျသွားနိုင်ကြောင်းလည်း ဦးကျော်ဇောဦးက မဇ္ဈိမသို့ပြောသည်။
"ရခိုင်ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ရခိုင်ပြည်နယ်လွှတ်တော်က အသိအမှတ်မပြုဘူး ၊ လွှတ်တော်ကလည်း လက်မခံဘူး ၊ တခြားလူတွေကလည်း လက်မခံဘူး အဲ့ကြားထဲက သူတို့လုပ်ခဲ့ရင် ကျွန်တော်တို့ ပြောရေးဆိုခွင့် လျော့တယ်ဆိုတာထက် အဲ့ဒီကော်မရှင်ရဲ့ သတင်းအချက်အလက်စုံလင်မှု ယထာဘူယျ ကျကျ ဆုံးဖြတ်နိုင်မှုက တန်ဖိုးအများကြီး လျော့သွားပါတယ် " ဟု ဦးကျော်ဇောဦး ကပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပေးခဲ့သည်။
အဆိုပါကော်မရှင်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်ဆုရှင် မစ္စတာကိုဖီအာနန်က ဥက္ကဌအဖြစ်ဆောင် ရွက်ပြီး ပြည်တွင်းက တတ်သိပညာရှင် ခြောက်ဦး ၊ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင် သုံးဦး စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့ စည်းထားသည်။
No comments:
Post a Comment