Saturday, November 27, 2010

လေဘေး အကူအညီများ ကိုယ်ကျိုးအတွက် အသုံးပြုမူ များနေ

ထွန်းထွန်း

လေဘေးသင့် ဒေသ အများအပြားတွင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အပါအ၀င် ရပ်ရွာ လူကြီးများမှ လေဘေး အကူအညီများကို ကိုယ်ကျိုး အတွက် အသုံးပြုနေကြသဖြင့် အမှန်တကယ် ထိခိုက်ခံစားနေရသော ပြည်သူများ အနေဖြင့် လေဘေး အကူအညီများ မရရှိဘဲ ဖြစ်နေကြောင်း သတင်းများ ရရှိသည်။

ကျောက်ဖြူမှ လူမူရေး အကျိုးဆောင်ရွက်နေသူ လူငယ် တစ်ဦးက “ ခုလို ဖြစ်နေတာက ဒေသ အတော်များများမှာ ဖြစ်ပွားနေတာပါ။ အဲသလို ဖြစ်နေတာကို ဘယ်သူကမှလည်း ဟန့်တား ဆောင်ရွက်တာ မရှိတဲ့ အတွက် ကျေးလက်နေ လေဘေးသင့် ပြည်သူတွေက အထူး အခက်ကြုံ နေကြရပါတယ်” ဟု ပြောသည်။

သူကိုယ်တိုင် ကျောက်ဖြူမြို့နယ်နှင့် မိုင် ၂၀ ခန့်တွင်တည်ရှိသော ကျေးရွာ တရွာသို့ ဆန်အိတ်များ သွားရောက်လှူဒါန်းစဉ် ထိုသို့ ပြုလုပ်ခဲ့သည်ကို မြင်ခဲ့ရသည်ဟု ပြောသည်။


“ မနေ့က ကယ်ဆယ်ရေးအဖွဲ့က ဆန်အိတ် ၆၂ အိတ် နဲ့ ကျောက်ဖြူ လူငယ်အဖွဲ့မှ လှူဒါန်းတဲ့ ဆန်အိတ် ၅ အိတ်၊ စုစုပေါင်း ဆန် ၆၇ အိတ်ကို ကျောက်ဖြူမြို့ အရှေ့မြောက်ဘက်က လေဘေး ဒုက္ခသည်တွေ သွားကူတာမှာ အဲဒီ အထဲက ဆန်အိတ် ၁၀ အိတ်ကို ရပ်ရွာအတွင်းက လူကြီး တဦးက သူဆောင်ရွက်ပေးတာဆိုပီး ကိုယ်ကျိုးအတွက် ယူထား လိုက်ပါတယ်။”

တချို့ ကျေးရွာများတွင် ဒေသ အာဏာပိုင်များနှင့် စီးပွားရေး သမားများသည် လေဘေး ဒုက္ခသည်များအား ကယ်ဆည်ရေး ဆန်များကို ထုတ်ပေးပြီး သူတို့ပိုင်သော ပုဇွန်ကန်များကို ဆည်ဖို့ ခိုင်းနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက် ဖြတ်လမ်း (၅) တွင်နေထိုင်သော ပုန်ဇွန် ကန်ပိုင်ရှင်တဦးသည် ကယ်ဆယ်ရေး ဆန်များကို မသမာသောနည်းဖြင့် ရယူထားရှိပြီး အဆိုပါ ဆန်များဖြင့် ဆင်းရဲသူ လေဘေး ဒုက္ခသည်များကို ပုဇွန်ကန်များကို ဆည်ဖို့ ခိုင်းနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် အရှေ့မြောက်ဘက်တွင် တည်ရှိ သော ရွှေညိုမကျေးရွာ၊ မကျေးရွာ၊ လဟာကြီး၊ ချောင်းကြီးဖျားကျေးရွာနှင့် ရွာသစ်ကေကျေးရွာတို့တွင်လည်း ကယ်ဆယ်ရေး ဆန်များကို ရပ်ကွက်လူကြီး၊ ကြံ့ဖွတ်၊ ဒေသအာဏာပိုင်နှင့် ပုဂ္ဂလိသဌေးများ ကိုယ်ရ သူရ ဖြတ်စား နေပြီး ထိုဆန်များဖြင့် လေဘေးဒုက္ခသည်များကို လုပ်အားပေးခိုင်း နေသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး

စောသိန်းမြင့် (ကေအိုင်စီ)

မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် နအဖနှင့် နယ်ခြားစောင့်တပ်တို့ ပိုမိုရောက်ရှိလာသည့်အတွက် နယ်မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဝေါ်လေဒေသရှိ ဖလူးကျေးရွာမှ ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။

နအဖစစ်တပ်မှ ခလရ(၆၂)နှင့် နယ်ခြားစောင့်တပ်(BGF)များ ပူးပေါင်းသည့် တပ်အင်အား ၁၀၀ကျော်ရှိ တပ်ဖွဲ့သည် ကနဲ လေး၊ ဘုရင့်နောင်ကုန်း စသည့်နေရာများသို့ တက်လာရန် စီစဉ်နေသည်ဟု ဖလူးကျေးရွာတွင် တာဝန်ကျနေသော ကေအဲန် အယ်လ်အေ ဆေးမှူးတဦးက ပြောသည်။

“တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေမှာဆိုတော့ လောလောဆယ် ရွာသားတွေကို ထိုင်းဘက်ခြမ်းကို ရှောင်ခိုင်းထားတယ်။ အထူး သဖြင့် အမျိုးသမီးနဲ့ ကလေးတွေပေါ့နော်။ ရွာမှာဆို အမျိုးသားတွေ တစ်ယောက်တစ်လေပဲ ကျန်တော့တယ်။”ဟု ပြောသည်။

ယင်းသို့ ဒေသခံပြည်သူများ ထွက်ပြေးရခြင်းမှာ နအဖတပ်နှင့် BGF တပ်ဖွဲ့များ တက်လာမည့် လမ်းကြောင်းတလျှောက်တွင် ဒီကေဘီအေနှင့် ကေအဲန်အယ်လ်တပ်ဖွဲ့ဝင်တို့ တပ်အင်အား အများအပြားဖြင့် စောင့်ကြိုထားသောကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေတွင်ရှိသည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ယခုလို မိမိကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားသော ဖလူးရွာသားများသည် ထိုင်းနိုင်ငံ ဖို့ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာတွင် ခိုလှုံနေကြပြီး လောလောဆယ်တွင် ထိုင်းဘက်ခြမ်းရှိ လူမှုကူညီရေးအဖွဲ့တို့မှ လိုအပ် သည်များကို စီစဉ်ဆောင်ရွက်ပေးသည်ဟု မော်လီချိုင်းရွာသားများက ပြောသည်။


ယမန်နေ့ညနှင့် ယနေ့မနက်ပိုင်းတွင် မြ၀တီတောင်ဘက်ခြမ်း၊ မဲ့ထော်သလေးရွာဘက်မှ လက်နက်ကြီးပစ်ခတ်သံများ အနည်း ငယ်ကြားခဲ့ရသော်လည်း မည်သို့ဖြစ်ပွားသည်ကို မသိရှိရကြောင်း မြ၀တီမြို့ခံအချို့က ပြောဆိုနေကြသည်။

ချင်းမိုင် ရုက္ခစိုးနှင့် လူထု စစ်ဆင်ရေးပုံစံသစ်

ရန်ကုန်သားတာတေ

“ထိန်း … ထိန်း … ဒိုင်း ... ဒိုင်း … ဝုန်း … ဗြုန်း”
ယမ်းညှော်နံ့များ လွှမ်းနေသော်လည်း … စစ်ဖြစ်နေခြင်း မဟုတ်ပါ။ ချင်းမိုင်မြို့က နာမည်ကျော် လွိုင်ကထုံပွဲ အတွင်း ဦးရုက္ခစိုး၊ ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ မီးရှူးမီးပန်းများ၊ ဗြောက်အိုးများ ပစ်ဖောက်နေသော ကြောင့်လည်း တထိန်းထိန်းနှင့် ဆူညံနေသည်။

လမ်းလျှောက်ရလွန်း၍ ညောင်းလာသောကြောင့် မြစ်ကမ်းဘေး လူရှင်းသည့် နေရာတွင် သူတို့သုံးဦး ခေတ္တ အပန်းဖြေသည့် အနေဖြင့် ထိုင်လိုက်ကြသည်။

ဖိုးရှုပ်။ ။ ဗြောက်ဖောက်သံတွေက ဆူညံ၊ ယမ်းနံ့တွေက လှိုင်လို့၊ အင်း … တို့ မြန်မာပြည်က တန်ဆောင်တိုင်ကော ဘယ်လိုများ နေလဲ မသိဘူးနော်။

ကြွက်စုတ်။ ။ မြန်မာပြည်မှာတော့ ဗြောက်အိုးဖောက် ထောင်သုံးနှစ်၊ မီးရှုးမီးပန်း မရောင်းရ၊ ဖယောင်းတိုင်ဈေးကြီး၊ လျှပ်စစ်မီး မလာဆိုတော့ … တန်ဆောင်မုန်းလပြည့် လရောင်လေးနဲ့ အော်ရီဂျင်နယ် တန်ဆောင်တိုင် စစ်စစ်ကို ကျင်းပ နေကြမှာပေါ့ကွာ။

“ရှူး …. ဒိုင်း” ဆိုသော မြည်သံနှင့်အတူ ဖြာထွက်သွားသော မီးရှူး မီးပန်းကိုကြည့်ရင်း ဖိုးရှုပ်က “နိဗ္ဗာန်ဈေးတွေလည်း မစည်တော့ဘူးလို့ ကြားတယ်” ဟု ပြောလိုက်သည်။

ရုက္ခစိုး။ ။ မင်းတို့ကလည်း … အကောင်းဘက်က တွေးစမ်းပါကွာ။ နိဗ္ဗာန်ဈေး မစည်တာ လူတွေ ခြွေတာကြလို့ နေမှာပေါ့၊ မီးရှူး မီးပန်းမလွှတ်ရ တော့ကော ဘာဖြစ်လဲ … ပိုက်ဆံကုန် သက်သာတာပေါ့၊ ဗြောက်မဖောက်တော့ နားမညည်းဘူးပေါ့။ မီးမလာတော့ မီတာခ မကုန်တော့ဘူးပေါ့။

ဖိုးရှုပ်။ ။ လုပ်ပြီ … ဦးရုက္ခစိုးကြီးကတော့။ မတွေ့တာကြာလို့ စကားအကောင်း ပြောမလား မှတ်တယ်၊ ကလန့်က တိုက်ပြီ။

ဖိုးရှုပ်စကား အဆုံးသတ်ခါစတွင် သူတို့ နှာခေါင်းက အလွန်ဆိုးရွားလှစွာသော အနံ့ကြီးတခုကို ရလိုက်သည်။ ထိုအနံ့က မည်မျှ ဆိုးရွားသည်မှာ ဆိုဖွယ်မရှိပေ ...။ ချင်းမိုင် ပင်း မြစ်ကမ်းတလျှောက် ထွက်ပေါ်နေသော ယမ်းနံ့ကိုပင် ကျော်လွန်၍ ထွက်လာသည့် အနံ့ဖြစ်သည်။

ကြွက်စုတ်။ ။ ဖိုးရှုပ် … မင်းကတော့ လုပ်ပြီ။ လူထူထူဆို လေလည်ချင်တဲ့ အကျင့်က အခုထိ မဖျောက်သေးဘူးလား။ အောင်မလေး နံလိုက်တာ။ အသက်ရှူတောင် အောင့်ထားရတယ်။

ဖိုးရှုပ်။ ။ မင်းသာ မနက်က ပဲဟင်းတွေ ပိုတယ်ဆိုပြီး စွတ်သောက်ထားလို့ လေလည်တာ ဖြစ်မှာ။ မင်းဟာလေ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် တော်တော်လုပ်တယ်။ နအဖ ကျနေတာပဲ။

ရုက္ခစိုး။ ။ တော်ကြစမ်းပါကွာ။ ဒီအနံ့ကို ခွဲခြမ်းစိတ်ဖြာကြည့်ရရင် … ဒါ … လတ်လတ်ဆတ်ဆတ် ပေါက်လိုက်တဲ့ အီးနံ့ မဟုတ်ဘူးကွ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးက အီးကျမ်း တယ်ကျေပါလား။

ရုက္ခစိုး။ ။ ကျေဆို အရည်ကြိုသောက် … အာ … ယောင်ကုန်ပြီ။ ငါက အတွေ့အကြုံအရ ပြောတာပါကွ။

သူတို့စကားပြောနေစဉ် ဆိုးရွားလှသည့် အနံ့ကြီးက ပိုနံလာသည်။ ထိုသို့သော အနံ့ဆိုးကြီးနှင့်အတူ သူတို့ နားသို့ လူနှစ်ဦး မျက်နှာပုပ်သိုးသိုးဖြင့် ရောက်လာသည်ကို တွေ့လိုက်ရသည်။

ကြွက်စုတ်။ ။ ဟင် … ပြန်ကြားရေး ဝန်ကြီးဆော်ကြမ်းနဲ့ ဝန်ကြီးချုပ် ဦးသိန်းဂိန် ...။ လွိုင်ကထုံကို လာလည်ကြတာလား။

ဆော်ကြမ်း။ ။ လာလည်တာမဟုတ်ဘူး ...။ စတေး လာရှောင်တာ။

ဖိုးရှုပ်။ ။ ဒါ … ဒါနဲ့ … ဒီ အနံ့ဆိုးကြီးက ဦးသိန်းဂိန်တို့ ဆီက ထွက်နေတာပေါ့ ဟုတ်လား။ အောင်မလေး နံလိုက်တာဗျာ။

သိန်းဂိန်။ ။ ပြော … မပြောချင်ပါဘူးဗျာ။ ကျုပ်တို့ကို ချီးထုပ်တွေနဲ့ ဝိုင်းပေါက်လို့ ဒီဘက်ကို စတေးရှောင်ဖို့ ထွက်လာရတာ။

ဆော်ကြမ်း။ ။ ရေတော့ ချိုးလာပါတယ်။ ဒါပေမယ့် ဘယ်လို ချိုးချိုး အနံ့ မပျောက်တာက ဆိုးတယ်။ အဲဒါ ဒင်းကြောင့်။

ရုက္ခစိုး။ ။ ဘယ် ဒင်းကြောင့်လဲ ဦးဆော်ကြမ်းရဲ့။

ဆော်ကြမ်း။ ။ ချိုကုပ်ဒူးကြီး လွှတ်ပေးလိုက်တဲ့ ဒင်းကြောင့်ပေါ့။ သူ လုပ်တာနဲ့ အကုန် ရှုပ်ကုန်တာ။

ဖိုးရှုပ်။ ။ မဆိုင်ပါဘူး ဦးဆော်ကြမ်းရဲ့။ သူက သူ့ဘာသာ သားအငယ် ရောက်လာလို့ ဘုရားသွား ကျောင်းတက် လုပ်နေတာပဲဟာ။

ဆော်ကြမ်း။ ။ ဘာလို့ မဆိုင်ရမှာလဲ … ဆိုင်တယ်။ သူ့ကြောင့် အခုဆို ဂျာနယ် ၉ စောင်လည်း အပိတ်ခံရတယ်။

ကြွက်စုတ်။ ။ အာ အဲဒါက ဝန်ကြီးပဲ ပိတ်လိုက်တာ မဟုတ်ဘူးလား။

ဆော်ကြမ်း။ ။ ဟုတ်တော့ ဟုတ်တယ်လေ။ ဒါပေမယ့် သူက စတဲ့ ဇာတ်လမ်းပဲ။ သူ့ဓာတ်ပုံကို ဂျာနယ်တွေက ပျော်ရွှင်ပြီး ထည့်ကြတော့ ပိတ်ရတာပေါ့။ ဆိုင်ဆိုင် မဆိုင်ဆိုင် သူ့ကြောင့်ပဲဗျာ။ အဲဒီ ၉ စောင်ကို ပိတ်လို့ ဆိုပြီး လူတွေက ကျုပ်ကို ချီးထုပ်နဲ့ ပေါက်တာလည်း ခံရတယ်။

ရုက္ခစိုး။ ။ ဒါဆို ဝန်ကြီးချုပ်ကကော ဘယ်လိုဖြစ်ပြီး ခုလို ….။

သိန်းဂိန်။ ။ ကျုပ်ကတော့ တမျိုးဗျ။ ဂီရိ ဒုက္ခသည်တွေက ပေါက်လွှတ်လိုက်တာ။

ဖိုးရှုပ်။ ။ ဝန်ကြီးချုပ်က ဒုက္ခသည်တွေကို ဘာသွားပြောလဲမှ မသိဘဲ။

သိန်းဂိန်။ ။ တခုလေးပဲ ပြောမိတာပါဗျာ။ ကူညီကယ်ဆယ်ရေးထက် အရေးကြီးတာတွေ ရှိတယ်၊ ခင်ဗျားတို့ ဒုက္ခသည်တွေ ဆီက အလှူခံပါတယ်လို့ ပြောမိတာ။ ရစရာမရှိအောင် ပေါက်လွှတ်တယ်ဗျာ။

ကြွက်စုတ်။ ။ ကူညီ ကယ်ဆယ်ရေးထက် အရေးကြီးတယ်ဆိုတာ ဘာများလဲ ဦးသိန်းဂိန်ရဲ့။

ဖိုးရှုပ်။ ။ အင်းလေ … ဒုက္ခသည်တွေ ဆီကတောင် ပြန်အလှူခံတယ်ဆိုတော့ ဘာပါလိမ့်။

သိန်းဂိန်။ ။ စွမ်းအားရှင်တွေကို တိုက်ဖို့ အရက်ဖိုးလေးပါဗျာ။ ဒေါ်အောင်ဆန်းစုကြည် နောက်ကနေ လိုက်ကြည့်ခိုင်းမယ့် စွမ်းအားရှင်က နည်းနည်း များတယ်လေ။ အရက်ချည်းပဲ တနေ့ကို ရာဝင်အိုးနဲ့ ၁၀ အိုးလောက် လိုတယ်။

ရုက္ခစိုး။ ။ ဂီရိ ဒုက္ခသည်တွေက သောက်သုံးရေ အခက်အခဲဖြစ်နေတာဆို။

သိန်းဂိန်။ ။ သူတို့ ရေငတ်တာ ဘာအရေးလဲ။ စွမ်းအားရှင်တွေ အရက်ငတ်ရင် ကျုပ်တို့အားလုံး ထိခိုက်သွားနိုင်တယ်လေ။ အဲဒါ ဒင်းကြောင့်ပေါ့။ ဒင်း လွတ်လာလို့ အရက်ဖိုးက လိုလာတာ။

ဖိုးရှုပ်။ ။ အင်း … ကျနော့် အတွေ့အကြုံအရ ပြောရရင်တော့ အတင်းကို ဆွဲစေ့နေသလိုပဲနော်။ ညောင်ဦး ကမ်းပါပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးရသလိုတော့ ဖြစ်နေပြီ။

ဆော်ကြမ်း။ ။ ဆွဲစေ့သင့်ရင်လည်း စေ့ရမှာပဲလေ။ မြို့တော်ဝန် အောင်သိန်းပျင်းလည်း တလောက ချီးထုပ်နဲ့ အပေါက်ခံ ရသေးတယ်။ အဲဒါလည်း ဒင်းကြောင့်ပဲ မဟုတ်ဘူးလား။

ကြွက်စုတ်။ ။ ကျနော်သိသလောက်တော့ အဲဒီတုန်းက သူက ပြန်တောင် မလွတ်သေးဘူးနော်။ ဘယ်လိုလုပ် သူ့ကြောင့် ဖြစ်မှာလဲ။

ဆော်ကြမ်း။ ။ ခက်ပါလား။ ဘာမှ မသိရင် ဝင်မပြောနဲ့။ သူ မလွတ်သေးလို့ အပေါက်ခံရတာပေါ့။ အဲဒီအချိန်က သူသာ လွတ်နေရင် လူတွေက အောင်သိန်းပျင်းကို ဘယ်လိုလုပ် စိတ်ဝင်စားပါ့မလဲ။

ရုက္ခစိုး။ ။ သူ ပြောတော့လည်း ဟုတ်တုတ်တုတ်ပါလား။

သိန်းဂိန်။ ။ ကျုပ်တို့ ချိုကုပ်ဒူးကြီးက ဘယ်လို အကြံနဲ့ ဒင်းကို လွှတ်ပေးထားလဲ မသိဘူးဗျာ။ လောလောဆယ်တော့ လူတွေက ကျုပ်တို့ကို တွေ့တာနဲ့ ချီးထုပ်နဲ့ ပေါက်မယ် ဆိုတာချည်းပဲ ဖြစ်နေပြီ။

ဖိုးရှုပ်။ ။ အဲဒါကော ဘာဆိုင်လို့လဲ။ သူ့ဘာသာ လွတ်လွတ်လပ်လပ် သွားလာနေတာနဲ့ ဝန်ကြီးချုပ်တို့ကို လူတွေက ချီးထုပ်နဲ့ ပေါက်ကရောလား။

သိန်းဂိန်။ ။ ဆိုင်ပြီလားဗျာ။ သူ့ကို လူတွေက ချစ်လေ၊ ကျုပ်တို့ကို သောက်ညင်ကပ်လေ ဖြစ်ပြီး ပေါက်ကြတာလေ။

ကြွက်စုတ်။ ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။

ဆော်ကြမ်း။ ။ ကျန်သေးတယ်လေ ဝန်ကြီးချုပ်၊ ဒင်းကြောင့် HIV ဝေဒနာ သည်တွေလည်း ဒုက္ခရောက်ရတယ်။

ဖိုးရှုပ်။ ။ ဒါတော့ လွန်ပြီ ထင်တယ်ဗျာ။ HIV ဝေဒနာသည်တွေကို ရွှေ့ပြောင်းခိုင်းတာက ခင်ဗျားတို့ ချိုကုပ်ဒူးကြီး မဟုတ်ဘူးလား။

သိန်းဂိန်။ ။ ဟုတ်တယ်လေ။ သူ အဲဒီကို သွားလို့ ဖြစ်ရတာပေါ့။ မသွားရင် ဒီလို ကိစ္စတွေ ဘယ်ဖြစ်ပါ့မလဲ။

ဆော်ကြမ်း။ ။ နောက်တော့ … သူ့ကြောင့် သတင်းစာ လွတ်လပ်ခွင့်လည်း မရတော့ဘူး။

ရုက္ခစိုး။ ။ ရှင်းစမ်းပါဦးဗျာ။

ဆော်ကြမ်း။ ။ သတင်းစာ လွတ်လပ်ခွင့် ပေးလိုက်ရင် သူ့သတင်းတွေချည်းပဲ ရေးကြတော့မှာလေ။ အဲဒီအခါကျတော့ သတင်းက ဘက်ညီမှာ မဟုတ်တော့ဘူး။ သူ့အကြောင်း အကောင်းတွေရေး၊ ကျုပ်တို့အကြောင်း မကောင်းတွေရေး လုပ်ကြတော့မှာ။

ဖိုးရှုပ်။ ။ ဝန်ကြီးတို့အကြောင်းက အကောင်းရေးချင်လို့ ရှာတာတောင် ရေးစရာက ရှိမှ မရှိဘဲဗျ။

ဆော်ကြမ်း။ ။ အဲဒါကြောင့် ပြောတာလေ။ ကျုပ်တို့ အကြောင်း အကောင်း ရေးစရာ မရှိမယ့်အတူတူ အားလုံး ပိတ်ထားလိုက်တော့ အေးရော မဟုတ်လား။

ကြွက်စုတ်။ ။ အဲဒီတော့ ချီးထုပ်နဲ့ အပေါက်ခံရရော မဟုတ်လား။ ထွီ … နံလိုက်တာဗျာ။

သိန်းဂိန်။ ။ ကြင်နာကြပါဗျာ။ မြန်မာပြည်လည်း မပြန်ရဲသေးဘူး။ လူတွေ ချီးထုပ်စစ်ဆင်ရေး လုပ်မယ်လို့ ပြောနေကြတယ်။

ဆော်ကြမ်း။ ။ ဟုတ်တယ်ဗျ ...။ ချီးထုပ်ကို ဈေးကောင်းပေး ဝယ်နေကြတယ်လို့ ကြားတယ်။ ကြံ့ဖွံ့တွေ့ရင် ပေါက်ဖို့တဲ့။

သိန်းဂိန်။ ။ အဲဒါကြောင့် လောလောဆယ်။ ကျုပ်တို့ ၂ ယောက်ကို တင်ကျွေးထားဖို့ တောင်းပန်ပါတယ်ဗျာ။

ဖိုးရှုပ်။ ။ တင်ကျွေးထားတာက ရတယ်။ ဒီ အနံ့ကြီးတွေ မခံနိုင်တာက ဆိုးတယ်ဗျ။ ကြွက်စုတ် … မင်း ခေါ်ထားလိုက်။

ကြွက်စုတ်။ ။ အာ … ဒီလောက်နံတဲ့ ချီးထုပ်ကြီးတွေကို ငါလည်း လက်မခံနိုင်ဘူး။ မင်းပဲ ခေါ်ထားလိုက်။

ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ သူခေါ်ထား၊ ငါခေါ်ထားနှင့် အငြင်းပွားနေကြစဉ် ဦးရုက္ခစိုးက နတ်တို့တန်ခိုးဖြင့် ကိုယ်ယောင်ဖျောက် ရှောင်ထွက်သွားပြီ ဖြစ်သည်။ ထိုစဉ် သူတို့နံဘေးမှ “ဝုန်း” ခနဲ ပေါက်ကွဲသံကြီးနှင့်အတူ မီးရှူး မီးပန်းကြီးတခု လွှတ်တင် လိုက်သည်ကို အခွင့်ကောင်းယူ၍ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ လွိုင်ကထုံ လူအုပ်ကြီးကြားထဲ အတင်း တိုးဝင် ပြေးပုန်းကြ သောကြောင့် ချီးထုပ် ၂ ယောက်သာ ငေါင်စင်းစင်းနှင့် ကျန်ရစ်ခဲ့ကြလေတော့၏။

မော်တော်ပီကယ်အားရိုက်သတ်ခဲ့သည့် စစ်သားအား အရှေ့တောင်တိုင်းမှ ခေါ်ထုတ်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မော်လမြိုင်မြို့မှ ပြန်လာသည့် မော်တော်ပီကယ် တစ်ဦးအား အရပ်သားအထင်ဖြင့် သတ်၍ ပစ္စည်းလုယူသွားခဲ့သည့် စစ်သားတစ်ဦးအား အရှေ့တောင်တိုင်းမှ ပြန်လည် ခေါ်ဆောင်သွား ခဲ့သည်ဟု မော်လမြိုင်မြို့ရှိ မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေးအသိုင်းအဝိုင်းက ပြောသည်။

၎င်းမော်တော်ပီကယ်မှာ မုဒုံဇာတိဖြစ်ပြီး မြန်မာစစ်သားမှ မော်တော်ပီကယ်အား မော်လမြိုင် – မုဒုံကားလမ်းရှိ တာပသွန်ကျေးရွာအနီး တံတားအနီးတွင် ညအချိန်၌ သေအောင်ရိုက်ပြီး တံတားအောက်တွင် စွန့်ပစ်ခဲ့ကာ ဆိုင်ကယ်နှင့် ပစ္စည်းများကို ယူဆောင်သွားသည်ဟု ၄င်းအလှူအိမ်သွားခဲ့သူတစ်ဦးက ပြောသည်။

“အရှေ့တောင်တိုင်းက မော်လမြိုင်မှာ အချုပ်ကျနေတဲ့စစ်သားကို လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်တုန်းကပဲ သူတို့ ပြန်ခေါ်ထုတ်သွားတယ်” ဟု မော်လမြိုင်မှ ဆိုင်ကယ်ရောင်းဝယ်သူတစ်ဦးက ပြောသည်။

ဆိုင်ကယ်ရောင်းဝယ်သည့် ပွဲစားတစ်ဦးက ၄င်းစစ်သားသည် မော်လမြိုင်မြို့သို့ လုယူထားသည့်ဆိုင်ကယ် လာရောက်ရောင်းချရာ ထိုဆိုင်ကယ်ကို မှတ်မိသွားသဖြင့် ၄င်းပွဲစားမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးနောက် ရဲမှ ၄င်းစစ်သားအား ခေါ်ဆောင်သွားခဲ့သည်။ ၄င်းနောက် အဖမ်းခံရသောစစ်သားလည်း မော်တော်ပီကယ်အား ၄င်းနှင့် အခြားသူတစ်ဦးက သတ်မိကြောင်းဝန်ခံသဖြင့် ၄င်းအား အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်ဟု ပွဲစားနှင့်နီးစပ်သူက ပြောသည်။

အချုပ်ထဲတွင် ဖမ်းဆီးထားသည့် စစ်သားအား အရှေ့တောင်တိုင်းမှ ပြန်ခေါ်သွားပြီး ၄င်းအမှုကို ရဲမှ စီရင်ခွင့်မရသည့်အတွက် ရဲများ မကျေမနပ် ဖြစ်သည်ဟု ၄င်းနီးစပ်သူက ပြောသည်။

“သူတို့က လူကို သာမန်အရပ်သားလောက်ပဲ ထင်ပြီး ရိုက်တာ ပစ္စည်းလုယူတာလောက်ပဲပေါ့။ ဒါပေမယ့် ရိုက်ပြီးတော့မှ မော်တော်ပီကယ်မှန်သိတော့ သေအောင်ရိုက်ပြီးတော့ တံတားအောက်မှာ ပစ်ထားတယ်။ နှစ်ရက်လောက်မှ အလောင်းကို ပြန်တွေ့တယ်” ဟု အမှုစစ်ရာမှ ထွက်ဆိုချက်ကို ကိုးကား၍ ၄င်းနီးစပ်သူက ပြောသည်။

အသတ်ခံရသည့် မော်တော်ပီကယ်အတွက် ကျန်ရစ်သူမိသားစုတို့မှ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ၄င်းအတွက်ဆွမ်းကျွေးခဲ့ကြောင်း သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။

နယူးယောက်တိုင်းမ်စ် သတင်း ဒေါ်အောင်ဆန်းစုကြည်ငြင်း

ဧရာဝတီ

စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် တရားစွဲဆိုရေး ဆောင်ရွက်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဟု နယူးယောက်တိုင်းမ်စ် သတင်းတွင် ရေးသား ထားသည်မှာ မှားယွင်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းစာပိုဒ်ကို နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်စ် သတင်းစာတွင် “မြန်မာ့ အတိုက်အခံ ခေါင်းဆောင် နှင့် သားငယ် ပြည်လည် တွေ့ဆုံ” ဟူသော သတင်းတွင် ထည့်သွင်း ရေးသားခဲ့သည်။

“လူသားမျိုးနွယ် အပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှု များအတွက် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် တရားစွဲ ဆိုရန် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ပြည်ပရောက် အဖွဲ့အစည်းများ၏ ကြိုးပမ်းချက်ကို ဒေါ်အောင်ဆန်း စုကြည်က မထောက်ခံဟု ပြောသည်” ဟူသော စာပိုဒ်သည် မှားယွင်းကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လုံးဝ မပြောတဲ့ စကားကို ရေးထားတာ။ အဲဒီ စာပိုဒ် တပိုဒ်လုံး ဒေါ်အောင်ဆန်းစုကြည် လုံးဝ မပြောခဲ့ဘူး။ အင်တာဗျုးလုပ်တဲ့ အချိန်မှာ ကျနော်တို့ အနားမှာ အကုန်လုံးရှိနေတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

နယူးယောက်တိုင်းမ်စ် သတင်းစာသို့ ယင်းကိစ္စအတွက် စာရေးသား ပေးပို့မည်ဖြစ်ကြောင်း၊ လိုအပ်သည် များကို လည်း ဆက်လက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအငြင်းပွားဖွယ်ရာ အရေးအသားကြောင့် ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများ အံ့သြကြရ ကြောင်းလည်း သိရသည်။

သို့သော်လည်း ယင်းစာပိုဒ်အောက်ရှိ “စစ်အစိုးရကို နိုင်ငံတကာ တရားရုံးကို ပို့ဆောင်ဖို့ ကျမ ဘယ်တုန်းကမှ မပြော ခဲ့ဘူး။ ဗိုလ်ချုပ်တွေအနေနဲ့ သူတို့တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အကြောင်းတရား ခိုင်ခိုင်မာမာရှိတယ်လို့ မထင် ပါဘူး။ ကျမတို့ ပုဂ္ဂိုလ်ရေး အရ လုပ်ဆောင်နေတာ မဟုတ်ဘူး။ ကျမက သူတို့ အပေါ်မှာ မကောင်းတဲ့ စိတ်စေတနာ မရှိတာကတော့ သေချာပါတယ်” ဟူသော ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်မှာမူ မှန်ကန်သည်ဟု ဦးဉာဏ်ဝင်း က ဆက်ပြောသည်။

ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည် နောက်တခု ပြောတာက ကိုယ် ထောက်ခံတဲ့သူတွေ တစုံတရာ ဆောင်ရွက် နေတာရှိရင် အဲဒီဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးတော့ ကိုယ့် တဦးတည်း သဘောနဲ့ ထောက်ခံတယ်၊ မထောက်ခံဘူး ဘယ်တော့ မှ မပြောဘူးတဲ့” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေး အတွက် အနောက်နိုင်ငံ လွှတ်တော် အမတ်များထံသို့ စာရေးသား ပေးပို့ခဲ့ခြင်းကိုမူ ဒေါ်အောင်ဆန်း စုကြည်က ထောက်ခံသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဆက်လက်၍ ၎င်းက စုံစမ်းစစ်ဆေး ဖော်ထုတ်မှသာလျှင် စစ်အစိုးရအနေနှင့် ရာဇဝတ်မှုများ အမှန်တကယ် ကျူးလွန်ခြင်း ရှိ၊ မရှိကို သိနိုင်မည်ဟု ဆိုသည်။

CoI ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းခဲ့သူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာဖြစ်ပြီး ယခုအခါတွင် အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံ၏ ထောက်ခံချက် ကိုလည်း ရရှိထားပြီ ဖြစ်သည်။

ရေဘေးဒုက္ခသည်ကို ကူညီရန် မယက ပိုက်ဆံကောက်

ဟောင်းဒိန်

ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် ဂီရိ မုန်းတိုင်ကြောင့် ရေဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ပေးရန်ဟု အကြောင်းပြကာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ဥက္ကဋ္ဌများက ငွေကြေးတောင်းခံနေသည်။

မြို့နယ်အလိုက် မယကတို့သည် လွန်ခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့စမှ ကျေးရွာရယကများအား ၄င်းရန်ပုံငွေ ကောက်ခံပေးရန် ညွှန်ကြားထားပြီး နိုဝင်ဘာ ၂၄ ရက်နေ့အထိ မယကဥက္ကဋ္ဌတို့ သတ်မှတ်ထားသည့် ငွေကြေးပမာဏကို နောက်ဆုံးထားကာ မယကဥက္ကဋ္ဌသို့ ပေးသွင်းရသည်။

မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အိမ်ခြေအနည်းများအလိုက် ရွာကြီးလျှင် ကျပ် တစ်သိန်း၊ ရှစ်သောင်းနှင့် အိမ်ခြေနည်းသည့် ကျေးရွာများတွင် ကျပ် ငါးသောင်းဟု၍ သုံးမျိုးသုံးစား ခွဲပြီး တောင်းခံထားသည်။

“ကျနော်တို့ရွာမှာတော့ တစ်အိမ်ကို တစ်ထောင်နှုန်းနဲ့ ကောက်တယ်၊ ပြောတာက ရေဘေးဒုက္ခသည်တွေကို ကူညီဖို့လို့တော့ ပြောတာပဲ” ဟု မုဒုံမြို့နယ်အတွင်းရှိ ရွာခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ် အစရှိသည့် မြို့နယ်အတော်များများမှာ ကောက်ခံနေကြောင်း ၄င်းဒေသခံက ပြောသည်။

“ဒုက္ခရောက်တဲ့လူတွေကိုသာ တကယ်ကူညီရင်တော့ ကောင်းတာပေါ့၊ ကျနော်တို့လည်း ပေးလို့ ပျော်ပါတယ်၊ ဒုက္ခရောက်သူတွေကို ကူညီတာပဲ။ ဒါပေမယ့် တခုက ဒီကောက်ထားတဲ့ပိုက်ဆံတွေကို ဒုက္ခရောက်တဲ့လူတွေဆီမရောက်မှာကိုဘဲ စိုးရိမ်တယ်၊ ဥပမာဆို တမြို့နယ်မှာဆို အများကြီးရတယ်လေ၊ တဝက်လောက်မှ ဒုက္ခသည်တွေဆီရောက်နိုင်ပါ့မလား” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာလ နှောင်းပိုင်းက ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ဂီရိမုန်တိုင်းကြောင့် လူဦးရေ သိန်းချီ အိုးအိမ်မဲ့ဖြစ်ရသည်။

ဂီရိဆိုင်ကလုံးမုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နှင့် ကျောက်ဖြူမြို့နယ်များတွင် အပြင်းထန်ဆုံး တိုက်ခတ်ခံခဲ့ရကာ မုန်တိုင်းကြောင့် အိမ်ခြေနှစ်သောင်းကျော် ပျက်ဆီးခဲ့ရပြီး လူဦးရေ နှစ်သိန်း ခြောက်သောင်းကျော် အတိဒုက္ခရောက်ကြရသည်။

မြန်မာနိုင်ငံမှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် မေလတုန်းကလည်း ဧရာဝတီတိုင်းအတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူသိန်းချီသေဆုံးခဲ့သည်။

သာကေတတွင်မီးလောင်၊ အိမ် ၁၅ လုံး မီးထဲပါသွား

မိုးယံ

မနေ့ ညနေက ရန်ကုန်တိုင်း သာကေတမြို့နယ် ၁၂ ရပ်ကွက် သလ္လာဝတီ ၁ လမ်း အိမ်အမှတ် ၇၁၄ ရှိ မီးအားမြှင့်စက်မှ စတင် မီးလောင်ကျွမ်းသဖြင့် ဘေးပတ်ဝန်းကျင်ရှိ အိမ် ၁၄ လုံးကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ကျနော်တို့ အတည်ပြုတာကတော့ ၂ နာရီ ၅၅ လောက်မှာ မီးစလောင်တယ်၊ ၃ နာရီကျော်တော့ မီးတောက်ငြိမ်းသွားတယ်၊ အခုထိ (၄နာရီခွဲ) တော့ တငွေ့ငွေ့နဲ့ လောင်နေတာတွေကို ၀ိုင်းငြှိမ်းနေရတယ်” ဟု ၎င်းကဆိုသည်။

မီးစတင်လောင်ကျွမ်းစဉ် ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက ၀ိုင်းဝန်း ငြှိမ်းသတ် ပေးခဲ့ရကြောင်း သိရသည်။

“သူ့တို့က မီးကိုကြိတ်သတ်နေတာ။ မီးတောက်ကကြီးလာပြီး ကျမတို့ အိမ်ကို ကူးလာရော။ ဘာပစ္စည်းမှလည်း ယူချိန်မရဘူး။ မီးကူးတာ အရမ်းမြန်တယ်” ဟု မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပါသွားသူ အမျိုးသမီးတဦးက ပြောသည်။

ယင်း မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသူ အနည်းငယ်သာ ရှိပြီး မီးဘေးဒုက္ခသည်များကို အမှတ် ၄၆ အခြေခံပညာ မူလတန်းကျောင်း အတွင်း ကယ်ဆယ်ရေးဖွင့်လှစ် ထားရှိသည်။

မီးခိုးလုံးကြီးက မည်းပြီးတက်လာတော့ လန့်ပြီး အိမ်ပေါ်ကပြေးဆင်းတာ။ အိမ်က ပစ္စည်းတွေ သယ်မယ့် လူတွေကလည်း အလုပ်သွားကြတော့ ဘာမှမရလိုက်ဘူး” ဟု မီးအတွင်း နေအိမ်ပါသွားသူ အသက် ၇၀ ကျော်အရွယ် အဘွားအိုတဦးက ပြောသည်။

မီးလာရောက် ငြှိမ်းသတ်သည့် မီးသတ်ကားတစီးသည် လမ်းကျဉ်းတွင် မောင်းလာရသောကြောင့် ဘီးချော်ကာ တိမ်းမှောက် သွားသေးကြောင်း ဒေသခံတဦးက ဆိုသည်။

မီးလောင်ကျွမ်းခဲ့သော ရပ်ကွက်သည် ဆင်ခြေဖုန်းရပ်ကွက်များဖြစ်ပြီး ဓနိမိုး၊ ထရံကာ အိမ်များပြားသောကြောင့် မီးလောင်ကျွမ်းမှုဖြစ်လျှင် ဘေးအိမ်များသို့ မီးကူးစက်မှု မြန်ဆန်စေကြောင်း သာကေတမြို့နယ် ၁၂ ရပ်ကွက်မှ ရယက အတွင်းရေးမှူးတဦးက ပြောသည်။

ယင်းမီးလောင်မှုကို သာကေတမြို့နယ် အမှတ်၂ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီးလောင်ကျွမ်းမှု၏ ဆုံးရူံးမှုတန်ဖိုးကိုမူ မသိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်ကော စစ်အစိုးရပါ အပြောင်းအလဲ မရှိ

ထက်အောင်

မြန်မာ့ နိုင်ငံရေး မြင်ကွင်းကနေ ၇ နှစ်ကြာ ပျောက်ကွယ်ခဲ့ ပြီးတဲ့နောက် သူ့ကို ထောက်ခံတဲ့ လူအုပ်ကြီးက စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် ၀မ်းသာအားရ ကြိုဆိုမှုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လူထုအကြား ပြန်လည် ပေါ်ထွက် လာပါတယ်။

ပထမဆုံး လူထုနဲ့ တွေ့ဆုံ မိန့်ခွန်းပြောရာမှာ ရရှိလိုက်တဲ့ ပြည်သူတွေရဲ့ သူ့အပေါ် လေးစား တန်ဖိုးထားမှုက ဒေါ်အောင်ဆန်း စုကြည်ဟာ မျက်နှာပေါ်က ဇရာရဲ့ အရေးအကြောင်းတွေမှတပါး ဘယ်အရာမှ အပြောင်းအလဲ မရှိခဲ့ဘူး ဆိုတာကို ပြသ လိုက်တာပဲ ဖြစ်ပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲ မသမာမှု မျိုးစုံ ကျူးလွန်ခဲ့တဲ့ စစ်အစိုးရက သူ့ ကို နေအိမ်မှာ ချုပ်နှောင် ထားစဉ်ကာလ အတွင်း မြို့တော်ကို နေပြည်တော်ဆီ ပြောင်းရွှေ့လိုက်ရုံကလွဲပြီး စစ်ဗိုလ်ချုပ်ကြီးများ ဘက်ကလည်း ဘာမှ အပြောင်းအလဲ မရှိဘူးဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၁ နှစ်တာ ကာလအတွင်း နေအိမ်မှာ ၁၅ နှစ်ကြာ အကျယ်ချုပ် ကျခံခဲ့ရပေမယ့် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့ရဲ့ သြဇာလွမ်းမိုးမှုကို ထိန်းထား နိုင်စွမ်းရှိနေခဲ့တယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက် ပြယုဂ် တခုအဖြစ် ရှိနေသေးတယ်ဆိုတာ ရှင်းလင်းတဲ့အချက် ဖြစ်ပါတယ်။ ဖိနှိပ်အုပ်ချုပ်တဲ့ စစ်အစိုးရရဲ့ လက်အောက်မှာ တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတခု အဖြစ် ပြောင်းလဲရေးအတွက် ဆယ်စုနှစ် နှစ်ခုအကြာ သူ့ရဲ့ကြိုးပမ်းမှုတွေအပေါ် မြန်မာပြည်သူတွေရဲ့ထောက်ခံမှုဟာ လျော့ကျ မသွားခဲ့ပါဘူး။

အသက် ၆၅ နှစ် အရွယ် ရောက်လာပြီဖြစ်တဲ့ ဒီမိုကရေစီခေါင်းဆောင်ရဲ့ နိုင်ငံရေး ကျော်ကြားမှုဟာ သူ့ ပြည်သူတွေရဲ့ စိတ်ပါဝင် စားမှုကို ဆွဲဆောင်ထားဆဲ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း သူပြောသလို နာခံဖို့ လိုလိုလားလား အသင့် ရှိနေကြပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ ဒီလိုအခြေအနေကို သူတို့ရဲ့ အာဏာကို ချိန်းခြောက်မှုအဖြစ် သေခြာပေါက် ရှုမြင်ပါလိမ့်မယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နိုင်ငံရေးမိန့်ခွန်းက ၂၀၀၃ ခုနှစ်မှာ သူ့ကို နေအိမ် အကျယ်ချုပ်ဘ၀ ရောက်စေခဲ့တဲ့ သူ့ရဲ့ မပြီးပြတ်သေးတဲ့ နိုင်ငံရေးပုံသဏ္ဍာန်ကို ခင်းကျင်းပြသလိုက်တာပဲ ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ ပါဝင်မှုမရှိဘဲနဲ့ အပြောင်းအလဲ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုခဲ့ပါတယ်။ ဒါ ကြောင့် ပြည်သူတွေ ပါဝင်လာမယ့် သူ့ရဲ့ နိုင်ငံရေး မဟာဗျူဟာကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အဲဒါကတော့ မပြီးပြတ်သေး တဲ့ အကြမ်းမဖက် ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးကို ဆက်လက် အကောင်အထည်ဖော်ဖို့ “လူထုကွန်ယက်” ကြီးတခု ဖွဲ့စည်းသွားဖို့ပဲဖြစ်ပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ သူ့ကိုထောက်ခံသူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာအောင် စည်းရုံးတဲ့ လူထုကြားထဲ တိုးဝင်မယ့် သူ့ရဲ့ မဟာဗျူဟာက ၂၀၀၃ ခုနှစ်အတွင်းက နိုင်ငံအနှံ့ စည်းရုံးရေး ခရီးထွက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် ကျင့်သုံးခဲ့တဲ့ နည်းစနစ်နဲ့ အတူတူ ဖြစ်ပါတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် မြောက်ဖျားပိုင်း ကချင်ပြည်နယ် ကစလို့ လူထုကွန်ယက်တခု စဖွဲ့ခဲ့ရာမှာ မြန်မာပြည် အလယ်ပိုင်းအထိ ဆင်းလာခဲ့ပြီး စစ်ကိုင်းတိုင်း ဒီပဲယင်းအနီး သူရဲ့ယာဉ်တန်းဟာ အကြမ်းဖက် အတိုက်အခိုက် ခံလိုက်ရပါတယ်။ အဲဒီနေရာမှာပဲ သူပြန်လည် ဖမ်းဆီးခံခဲ့ရသလို သူ့ကိုထောက်ခံသူ လူပေါင်း ၁၀၀ ခန့်ဟာလည်း တိုက်ခိုက်သတ်ဖြတ်တာ ခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က BBC အသံလွှင့်ဌာနနဲ့ မေးမြန်းခန်းမှာ “အကြမ်းမဖက်တော်လှန်ရေး” တခု ဖော်ဆောင်ဖို့ လိုလားကြောင်း ဒေါ် အောင်ဆန်းစုကြည်က သူ့ရဲ့ နိုင်ငံရေး စာမျက်နှာကို ဖွင့်ခဲ့ပါတယ်။ အကြမ်းမဖက် တော်လှန်ရေးဆိုတာ “အခြေခံကျကျ ပြောင်းလဲ ခြင်း” ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကောင်အထည်ဖော်တာကို ဆိုလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “သိသာ ထင်ရှားတဲ့အပြောင်းအလဲတခု” “အကောင်းဘက်ကို ဦးတည်တဲ့ ကြီးမားတဲ့ အပြောင်းအလဲ တခု” လို့လည်း သူက ပြောခဲ့ပါတယ်။

ဒီအချက်က နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်မှုနဲ့ သွားတဲ့ စစ်အစိုးရရဲ့ “ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်” တည်ဆောက်ရေး မျှော်မှန်းချက်နဲ့ အများကြီး ကွာခြားနေပါတယ်။ ဒီနေရာမှာ မေးစရာ ပေါ်လာတာက နောက်ထပ် ဒီပဲယင်း ဖြစ်ရပ်ဆိုးမျိုး မပေါ်ပေါက်အောင် ရှောင်ရှားရင်း အကြမ်းမဖက် တော်လှန်ရေးကို ဖော်ဆောင်တဲ့နေရာမှာ လူထုကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဖွဲ့စည်းမလဲ ဆိုတာပါပဲ။

စစ်ဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပေမယ့် ရွေးကောက်ပွဲမှာ အတင်းအဓမ္မ မဲမသမာမှုတွေ ကျူးလွန်ခဲ့ တဲ့အချက်က လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကြားက ရှိခဲ့တဲ့ စစ်ခေါင်းဆောင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်ရေး စိတ်ဓာတ်က အပြောင်းအလဲမရှိ ဘူး၊ သူတို့ရဲ့ အာဏာကို နည်းနည်းလေးမှ အဆုံးရှုံးမခံဘူးဆိုတာကို ပြသလိုက်တာပါပဲ။

စစ်အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့အဓိကရန်သူအဖြစ် ထည့်သွင်းထား နေဆဲပါ။ သူ့ နိုင်ငံရေး လမ်းကြောင်းရဲ့ ရည်ရွယ်ချက်ဟာ အမြဲတမ်းလိုလို စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးပဲ ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်ရေး မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောကြားခဲ့ပေမယ့် သူ လွတ်မြောက်လာပြီး ပထမဆုံး ပြောကြားခဲ့တဲ့ လူထုမိန့်ခွန်းကတော့ နောက်ထပ် ထိပ်တိုက်ရင်ဆိုင်မှု တခုဆီ ဦးတည်သွားနိုင်ပါတယ်။

မဝေးလှတဲ့ အနာဂတ်မှာ စစ်အစိုးရဟာ သူတို့ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံ ၇ ဆင့်ရဲ့ နောက်ဆုံး ၂ ဆင့်ကို ဆက်လက် အကောင်အထည် ဖော်ပါလိမ့်မယ်။ အဲဒါတွေကတော့ ရပ်ပေါင်း ၉၀ အတွင်းမှာ လွှတ်တော်အသစ်ကို ပထမဆုံး ခေါ်ယူကျင်းပခြင်း နဲ့ နောက်ဆက်တွဲ သမ္မတရွေးချယ်ပွဲ ကျင်းပပြီး အစိုးရသစ်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေရေး အဆောက်အအုံတွေကို ဖွဲ့စည်း ခြင်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဖြစ်စဉ် တခုလုံးကနေ ထုတ်ပယ်ထားပြီး သူ့ရဲ့ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့အတွက် မပါဝင်ဖို့ဆုံးဖြတ်ထားခဲ့တော့ လာမယ့်အနာဂတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အဆောက်အုံသစ်ထဲမှာ သူရော၊ သူ့ပါတီပါ ပါဝင်ခွင့် ရရှိမှာ မဟုတ်ပါဘူး။

အဲ့ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဗိုလ်ချုပ်တွေအကြားဆက်ဆံရေးကနေ အပြုသဘောဆောင်တဲ့ အပြောင်း အလဲတခု ပေါ်ထွက်လာတာကို တွေ့မြင်ရဖို့ ခက်ခဲပါလိမ့်မယ်။ ထို့အတွက်ကြောင့် အရင်ကအတိုင်း စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်နေမှုဟာ မျဉ်းနှစ်ကြောင်း ဆန့်ကျင်ဘက် လားရာဆီ ဦးတည်နေသလို ရှိနေပါလိမ့်မယ်။

စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပိုပြီးဖြစ်လာမှာ ဖြစ်သလို့ တချိန်ထဲမှာပဲ အဲဒီ အပြောင်းအလဲတွေက မပြောင်းလဲတဲ့ သဘောကို ဆောင်နေပါလိမ့်မယ်။

ထက်အောင်၏ 'The Lady' Hasn't Changed, But Neither Has the Junta ကို ဆီလျှော်အောင် ပြန်ဆိုသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,27th,2010

( 29 )ဒေါ်စု၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဂျပန် အမတ်ကြိုဆို

( 28 )Complainants Against Railroad Examined by Authority

( 27 )နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေဆဲ

( 26 )Two Elected Ministers Meet with RNDP Delegates

( 25 )Senior UN official meets with Suu Kyi

( 24 )ရွေးကောက်ပွဲဆန့်ကျင်သူ ဦးအုံးသန်းကို ထောင်ပြောင်း

( 23 )On last day, Myanmar win 2 gold at Asian Games

( 22 )UN chief of staff visits Burma for post-election assessment

( 21 )ပစ်ခတ်မှုနောက်ပိုင်း မြ၀တီတွင် စားသုံးကုန်ဈေးနှုန်းတက်လာ

( 20 )Aung San Suu Kyi may be free, but Burma is not.

( 19 )နယ်ခြားစောင့်တပ်မှ ပိုးကရင် အဆိုတော် ဗိုလ်ထူ့လွီးအွာအား တပည့်ဖြစ်သူက ပစ်သတ်ခဲ့

( 18 )ဒေါ်အောင်ဆန်းစုကြည်နှင့် CRPP တွေ့ဆုံဆွေးနွေး

( 17 )Border residents’ mobile phones seized by junta

( 16 )မြန်မာပရိသတ် အားပေးသည့် ကိုရီးယားမင်းသား ရန်ကုန်ရောက်နေ

( 15 )SPDC asks for donations for Arakan State Cyclone Giri victims

( 14 )နယူးယောက်တိုင်းမ် သတင်းစာ မှားယွင်းဖော်ပြဟု အန်အယ်ဒီ ပြော

( 13 )ချင်းတောင်တန်း ကားမှောက်၊ ၁၄ ဦး သေဆုံး

( 12 )မဲဆောက် မီးပန်းဖောက်မှု မြဝတီလန့်

( 11 )Suspension of Yangon Airways Part of Regime Plan?

( 10 )ကုလအရာရှိ မြန်မာနိုင်ငံသို့ အလည်အပတ် သွားမည်

( 9 )Suu Kyi calls for compromise with junta

( 8 )ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရောက်မည်

( 7 )Suu Kyi tells captives: 'Keep strong'

( 6 )ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်းမည်

( 5 )Meth soaring as UN expert urges regulation

( 4 )တီးတိန်အနီး ကားမှောက် ၁၆ ဦးသေ

( 3 )Myanmar blocks airline linked to ethnic militia

( 2 )Yangon Airway လေကြောင်း ရပ်နားလို့ ခရီးသွားလုပ်ငန်းတွေ အခက်ကြုံ

( 1 )UN official to meet Suu Kyi

Friday, November 26, 2010

နယ်စပ်တ၀ိုက်သုံး ထိုင်းလက်ကိုင်ဖုန်းများကို နအဖအာဏာပိုင်တို့သိမ်း

သျှမ်းသံတော်ဆင့်

ယခင်အပတ်မှစ၍ သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်မြို့နယ်ခွဲ ဒေသခံများထံမှ ထိုင်းလက်ကိုင်ဖုန်းအလုံး ၆၀ ကျော်ကို အာဏာပိုင်များဖမ်းဆီး သိမ်းယူသည်ဟု နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။

“ရွေးကောက်ပွဲလောက်ကစပြီး အခြေအနေက ကြပ်နေတာ။ ပြည်ပကိုသတင်းတွေရောက်မှာ စိုးလို့နေမှာပေါ့။ အလုံးပေါင်း ၆၀ လောက်သိမ်းယူသွားတယ်။ စင်းမ်းကဒ်တွေရောဘဲ။ တချို့တော့ ဖုန်းဘဲယူသွားတယ်။ တချို့ကို တော့ လူပါ ခေါ်မေးတယ့် ” - နယ်စပ်ရောက် မိုင်းတုံဒေသခံတဦးကပြောသည်။

နယ်စပ်ဒေသတ၀ိုက် ပြည်ပလက်ကိုင်ဖုန်းများအသုံးပြုလာကြသည်မှာ မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင်ဒေသများ သာမဟုတ်။ သျှမ်း ပြည် အရှေ့ပိုင်းတွင်မိုင်းဖြတ်၊ တာလေ၊မိုင်းဖုန်း၊ တာချီလိတ် တို့၌လည်းကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေ၏။

သျှမ်းပြည်မြောက်ပိုင်းတလွှား မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရှူး မြို့နယ်များနှင့်အရှေ့ပိုင်း NDAA-ESS မိုင်းလား၊ UWSA ၀ ထိန်းချုပ်နယ်မြေတို့တွင် တရုတ်အိမ်ဖုန်း၊ လက်ကိုင်ဖုန်း များတွင်တွင်ကြီးအသုံးပြုခဲ့ကြ သည်မှာ ၁၀ နှစ်ကျော်ခန့်ရှိပြီဖြစ်၏။

“ ပြည်ပလက်ကိုင်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးနေတာဟာ ဒေသခံလူထုအတွက်သာမက အာဏာပိုင်တွေ အတွက်ပါ အကျိုးရှိ တာဘဲ။ နေရာတိုင်း မြို့နယ်တိုင်းမှာ အာဏာပိုင်တွေ၊ အရာရှိတွေကိုယ်တိုင်က သုံးနေတာ။ အစိုးရထုတ်ပေးတဲ့ဖုန်းထက်သုံး လွယ်တယ်။ ဈေးလည်းပေါတယ်လေ” - ဟု နယ်စပ်နေ အသက် ၅၀ ကျော် ပုဂ္ဂိုလ်တဦးကပြောသည်။

ပုံပါကျင် လက်ကိုင်ဖုန်းသိမ်းယူမှုသည် ၁- ရွေးကောက်ပွဲသတင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုသတင်းများ အဆက်မပြတ် ထွက်ပေါ်နေခြင်းကို ပိတ်ပင်လိုခြင်း၊ ၂- ပြည်ပလက်ကိုင်ဖုန်းများ ပေါ်ထင်တွင်ကျယ်စွာပြန့်ပွါး လာမှုကိုတားမြစ်လိုခြင်း အပြင် ၃- ရိုက်စားလာဘ်ထိုးငွေ တိုးမြှင့်ရယူလိုခြင်းတို့ကြောင့်ဖြစ်သည်ဟုဆို၏။

“လာဘ်ထိုးငွေ တိုးရချင်တယ် ဆိုတာက - ကားလိုင်စင်လုပ်ပေးသလိုပေါ့။ ဘာမှကြိုတင်အသိပေးအကြောင်းကြား တာမဟုတ်ဘဲ လုပ်ပေးလိုက်ရပ်လိုက်။ နောက်ပိုင်း လိုင်စင်မဲ့ ကားတွေဖမ်းလိုက်။ ကားပိုင်ရှင်တွေလဲ အဖမ်း မခံရအောင် လာဘ်ထိုးတယ်။ ခွံ့ကျွေးတယ်။ အခုလဲ အဲလိုဘဲ။ လက်ကိုင်ဖုန်းတွေဖမ်း တာလဲ အတူတူအနူနူဘဲ” ပြည်ပလက်ကိုင်ဖုန်းကိုင်ဆောင်အသုံးပြုနေသည်မှာ သျှမ်းပြည်မှတင်မက တနင်္သာရီတိုင်း၊ ကယားပြည်၊ ကရင်ပြည်၊မွန်ပြည်၊ ရခိုင်ပြည်နှင့် ကချင်ပြည် နယ်စပ်မြို့များ၌လည်း ထိုင်း၊ တရုတ်၊ အိန္ဒိယလက်ကိုင်းဖုန်း အများအပြား အသုံးပြုနေသည်ကို တွေ့ရှိရသည်။

အမျိုးသမီးအား အကြမ်းမဖက်က တိုင်းပြည်တိုးတက်မည်ဆိုသည့် အချက်က ဗုဒ္ဓတရားတော်နှင့် ကိုက်ညီ

မွေခေါဝ်

ဖွံ့ဖြိုးတိုးတက်မှုလိုလားသည့် ယဉ်ကျေးသော တိုင်းပြည်တပြည်အဖို့ အမျိုးသမီးများအပေါ် အနိုင်ကျင့် အကြမ်းဖက်မှု များ လုံးဝရှောင်ကြဉ်သင့်ကြောင်း ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ဆုံးမသွန်သင်ခဲ့ကြောင်း နိုင်ငံတကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနား၌ သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင် ဥက္ကဋ္ဌ ဦးခင်းဆာယီက ပြောပါသည်။

“အမျိုးသမီးတွေအပေါ် အနိုင်ကျင့်တာတွေ အတင်းအဓမ္မအကြမ်းဖက်တာတွေ မပြုလုပ်ဖို့ ဆုံးမသွန်သင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဗုဒ္ဓကလဲအပါအ၀င်ပါဘဲ။ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းတဲ့နိုင်ငံဆိုပြီး နအဖစစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုတတ်ကြတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူဆိုရင် ဗုဒ္ဓစကားကို နားထောင်သင့် တယ်” ဟု ဦးခင်းဆာယီက ပြောပါသည်။

ဗုဒ္ဓမြတ်စွာက ဘာသာရေးနှင့်မဆိုင်သော လူမှုရေးစကားများ ကိုလည်း အများအပြားသွန်သင်ဆုံးမခဲ့ကြောင်း၊ အပရိယ ဟာနိယဓမ္မ ခေါ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအခြေခံတရား ၇ ချက်၌ အချက် ၅ မှာ အမျိုးသမီးအရေး အလေးထားထောက်ပြ ကြောင်း ထောက်ပြပါသည်။

၁။ အစည်းအဝေးမှန်မှန်ပြုလုပ်ခြင်း
၂။ ညီညီညွှတ်ညွှတ်ဆုံးဖြတ်ချက်ချမှတ်ခြင်း
၃။ ဆုံးဖြတ်ချက်ကို ညီညီညွတ်ညွှတ်အကောင်အထည်ဖော်ခြင်း
၎။ သက်ကြီးရွယ်အိုများကို အရိုအသေပြုခြင်း
၅။ အမျိုးသမီးများအပေါ် အနိုင်ကျင့်မှု အတင်းအဓမ္မသားမယားပြုလုပ်မှု လုံးဝရှောင်ကြဉ်ခြင်း
၆။ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ ထိန်သိမ်းစောင့်ရှောက်ခြင်း
၇။ ပညာရှိပုဂ္ဂိုလ်များအား ရိုသေလေးစား၍ ၎င်းတို့စကားကို နာယူခြင်း-တို့ဖြစ်ကြသည်။

“အမျိုးသမီးတွေနဲ့ ပတ်သက်လို့ နံပါတ် ၅ မှာ ထင်ထင်ရှားရှားသွန်သင်ဆုံးမထားတယ်။ ဒါကြောင့်ဒီ ၇ ချက်ဟာ လက်နက်သဖွယ်ဖြစ်ပြီး မှန်မှန်ကန်ကန်လိုက်နာကျင့်သုံးမယ်ဆိုရင် တိုင်းပြည်လုံးဝဆုတ်ယုတ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက် မှာအမှန်ဘဲ” ဟု ဦးခင်းဆာယီက ပြောပါသည်။

နိုဝင်ဘာ ၂၅ ရက် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား ကို ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထိုင်းနယ်စပ်တစ်နေရာ၌ဦးစီးကျင်းပ ခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုမျာအားလုံး ပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကို လက်မှတ်ထိုးထားသည့် နအဖစစ်အစိုးရမှာမူ မြန်မာနိုင်ငံသူ အမျိုးသမီးများအပေါ် အစီအစဉ်ရှိရှိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိနေဆဲပင်ဖြစ်သည်ဟု ထိုနေ့၌ WLB မှ ထုတ်ပြန် သော ကြေငြာချက်၌ ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးမိသားစု စိန်အများဆုံး စုဆောင်း

ဧရာဝတီ Friday, 26 November 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် တန်ဖိုးကြီးစိန် ဝယ်ယူ စုဆောင်းမှု အများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၆ နှစ်တာ အတွင်း ဝယ်ယူသော စိန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ထက် မနည်းကြောင်း ရန်ကုန်မြို့ရှိ စိန်ကုန်သည်ကြီး တဦး က ခန့်မှန်း ပြောဆိုလိုက်သည်။

စိန် တန်ဖိုး ဒေါ်လာ သန်း၂၀၀ ဆိုတာက ၂၀၀၄ ခုနှစ်လောက်ကနေ ၂၀၁၀ အထိ ၀ယ်ခဲ့တဲ့ ပမာဏကိုပဲ ခန့်မှန်းတာပါ။ ၂၀၀၄ မတိုင်ခင်တုန်းက အခြေအနေကိုတော့ မသိဘူး”ဟု ယင်းကုန်သည်က ရှင်းပြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် “စိန်” ကို အလွန် နှစ်ခြိုက်သူများ ဖြစ်ကြပြီး စိန် လက်ဝတ် ရတနာများကို ဦးစားပေး ၀ယ်ကြကြောင်း၊ တလုံးလျှင် ဒေါ်လာ ၅ သိန်း ခန့်(ကျပ် သိန်း ၅၀၀၀ ခန့်)တန် စိန်များဖြင့် စီခြယ်ထားသော လည်ဆွဲ ဘယက် တခုကို မကြာသေးမီက ၀ယ်ယူခဲ့ကြောင်း၊ စိန် လက်ဝတ်ရတနာ အပြင် အရည်အသွေးကောင်း စိန် များကိုလည်း တလုံးချင်း ၀ယ်ယူစုဆောင်းလေ့ ရှိကြောင်း ရန်ကုန်မြို့ စိန်ကုန်သည် အသိုင်းအ၀န်း က ပြောဆိုကြသည်။

“ဗိုလ်ချုပ် မိသားစုတွေထဲမှာ စိန် အများဆုံး ၀ယ်တာက ဗိုလ်ချုပ်မှူးကြီး မိသားစုပဲ။ နှစ်လ၊ သုံးလခြား စိန် ၀ယ်တယ်။ စိန် ၀ယ် ယူတဲ့ နေရာမှာ ၀ယ်မယ့် တန်ဖိုးကို ကြိုတင် အကြောင်းကြားပြီး ပစ္စည်း ရှာခိုင်းတယ်”ဟု အထက်ပါ ရန်ကုန် စိန်ကုန်သည် က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် စိန် ၀ယ်ယူရာတွင် ဗေဒင် ယတြာများ ဆောင်ရွက်ပြီး နေ့ကောင်းရက်မြတ် ရွေးကာ ၀ယ်ယူကြောင်း သိရှိရသည်။

“စိန် တန်ဖိုး ဘယ်လောက်ဝယ်မယ်၊ ဒါ တည်မြဲနိုင်သလား၊ ၀ယ်သင့်သလား၊ ၀ယ်သင့်ရင်လည်း ဘယ်လိုအချိန်၊ ဘယ်လို နက္ခတ် မျိုး ပေါ်တဲ့အချိန်မှာ ၀ယ်သင့်သလဲ ဆိုတာမျိုးပေါ့။ အခါတော်ပေးတွေကို မေးတယ်။ နောက်ပြီး အိမ်တိုင်ရာရောက် စိန် လာပေးမယ့် စိန် ကုန်သည်ကိုလည်း အ၀တ်အစား ဘယ်လိုမျိုး ၀တ်လာရမယ်ဆိုတာ ညွှန်ကြားလေ့ရှိတယ်”ဟု စိန် ကုန် သည်ကြီး တဦးကလည်း ပြောပြသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအတွက် နာမည်ခံ စီးပွားရှာ ပေးနေရပြီး အဆိုပါ စီးပွားရေးလုပ်ငန်းမှနေ၍ ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် လစဉ် အမေရိကန် ဒေါ်လာ သန်းချီ၍ ပုံမှန် ၀င်ငွေရရှိနေကြောင်း၊ ပြည်သူပိုင် ရေနံနှင့် သဘ၀ဓာတ်ငွေ့ ရောင်းချခြင်းမှ ရရှိသော ၀င်ငွေများကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ဦးကသာ အဓိက စီမံခန့်ခွဲ ကိုင်တွယ်ကြကြောင်း နေပြည်တော် စစ်ဘက် အသိုင်း အ၀န်း၌ ပြောဆိုနေကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအပြင် ၎င်း၏ ကိုယ်ရေးအရာရှိများ ဖြစ်ကြသည့် ဗိုလ်ချုပ် နေ၀င်း နှင့် ဗိုလ်မှူးချုပ် စိုးရှိန် တို့မှာ လည်း အများဆုံး စိန် ၀ယ်စုသူများ ဖြစ်သည်ဟု စိန်ကုန်သည် အသိုင်းအ၀န်းမှ သိရှိရသည်။

ယခင် ကိုယ်ရေးအရာရှိဖြစ်ခဲ့သော ဗိုလ်ချုပ်နေ၀င်းသည် ကျောက်ကပ် ရောဂါခံစားနေရသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သဘောကျ ချစ်ခင်မှုကိုခံရသဖြင့် ယခုအချိန်အထိ နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းတွင် သြဇာအာဏာ ကြီးသော ဗိုလ်ချုပ် တဦး အဖြစ် ရပ်တည်နေပြီး ဗိုလ်ချုပ်မှူးကြီး၏ လူယုံတဦးအဖြစ်လည်း ဆက်လက် တာဝန်ထမ်းဆောင်လျက် ရှိသည် ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းက ဆိုသည်။

ယခု လက်ရှိ ကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ် စိုးရှိန်မှာမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် ဆက်စပ်သော စီးပွားရေး လုပ်ငန်း များ အားလုံးတွင် အစုရှယ်ယာရှင် တဦးဖြစ်သည်ဟု သိရသည်။

ကေအိုင်အို အခြေစိုက်ရာ လိုင်ဇာဂိတ်မှ တရုတ်ကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်

ဇော်ကြီး။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့မှတဆင့် တရုတ် ကုန်ပစ္စည်းများ တင် သွင်းခွင့်ကို ယနေ့နံနက်ကစတင်၍ စစ်အစိုးရက ပိတ်ပင်လိုက်ပြီး ဖမ်းဆီးမှုများ ရှိနေသည်ဟု နယ်စပ်သတင်း များအရ သိရသည်။

ယင်းတရုတ်ကုန်များကို လိုင်ဇာမှတဆင့် မြစ်ကြီးနားနှင့် ဗန်းမော်မြို့များသို့ တင်ပို့နေခြင်းဖြစ်ကာ ယနေ့တင်သွင်း ခွင့် ပိတ်ပင်လိုက်သည့်အကြောင်းကို လိုင်ဇာကားဂိတ်မှ တာဝန်ကျ အမျိုးသမီး တဦးက ယခုလိုပြောသည်။

“ခရီးသည်တော့ သွားလို့ရတယ်။ ကုန်ကားတွေ သွားလို့မရဘူး။ ကုန်ကနည်းနည်းမှ မတင်ခိုင်း ဘူးတဲ့။ လိုင်ဇာကပစ္စည်း နည်းနည်းမှမတင်ခဲ့ပါနဲ့တဲ့။ မနေ့တုန်းကဆိုရင် ပစ္စည်းတင်တဲ့ကား ခြောက်စီး၊ ခုနှစ် စီးလောက်ဖမ်းလိုက်တယ်လို့ကြားတယ်။ ဗမာဂိတ်ပေါ့။ နေပြည်တော်ကနေ လာဖမ်းတယ်လို့ ကြားတာ ပဲ။”

လိုင်ဇာမြို့ခံ ကုန်သည်တဦးကလည်း ယင်းကိစ္စမှန်ကန်ကြောင်းနှင့် စားသောက်ကုန်အပါအ၀င် အထည်အလိပ် နှင့် စက်ပစ္စည်းများသာမက မည်သည့်ပစ္စည်းမျှတင်သွင်းခွင့်မရှိတော့ဟု ယခုလို ပြောသည်။

“တရုတ်ပစ္စည်းမှန်သမျှအကုန်လုံးပိတ်တယ်လို့ပြောတယ်။ဘာမှကိုမသယ်ခိုင်းတာတဲ့။တနိုင်စာလောက် တော့ ရမယ်ထင်ပါတယ်။ အဲလိုမျိုး ကားအစီးလိုက်ကြီးတွေသယ်တာတော့ မရတော့ဘူး။”

နယ်စပ်လိုင်ဇာမြို့မှ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များသို့သွားရာလမ်း၌ လဂျားယန်နှင့် ရွှေညောင်ပင် ဌာနပေါင်း စုံဂိတ်ကြီး နှစ်ခုရှိပြီး ယင်းဂိတ်နှစ်ခုကြားတွင် ရံဖန်ရံခါ အရေးပေါ်ဂိတ်ငယ်လေးများဖွင့်၍ စစ်ဆေးမှုများပြုလုပ် လေ့ရှိသည်။

KIO အနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ထားသည့်အပြင် လက်ရှိ စစ်အစိုးရအား တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ရေး မဟာမိတ် ပြုလုပ်ခဲ့သည့်နောက် မကြာခင်က မြို့ပေါ်ဆက်ဆံရေးရုံးများ ပြန်လည် ရုတ်သိမ်းခဲ့ရ သည်ဟု KIO ဌာနချုပ်မှ အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။

ယခုလိုပိတ်ပင်ခြင်းသည် စစ်အစိုးရက နိုင်ငံရေး၊ စစ်ရေးအပြင် စီးပွားရေး နည်းလမ်းအရ ဖိအားပေးခြင်း ဖြစ်နိုင် သလို တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအား ကန်ဗိုက်တီး ဖက်သို့ ပြောင်းလဲလို၍ ဖြစ်နိုင်သည် ဟု ထိုအရာရှိက ယခုလိုသုံးသပ်ပြောဆိုသည်။

“ဒီတော့ လိုင်ဇာလမ်းကို သူတို့ကပြန်ပိတ်ချင်တာပေါ့။ တခုရှိတာက ဒီလိုင်ဇာလမ်းက ကုန်တွေ အ၀င် အထွက်များနေလို့ရှိရင် ကျနော်တို့လည်း အခွန်တွေဘာတွေကောက်ဆိုတော့ စီးပွားရေး အခြေအနေ တွေ ဘဏ္ဍာရေး အခြေအနေတွေ အဆင်ပြေနေတဲ့အပေါ်မှာသူတို့က အဲတာကိုလည်း နည်းနည်း ကြပ် ချင်တဲ့သဘောရှိတယ်။”

ကန်ဗိုက်တီးဒေသသည် လက်ရှိ KIO ထိန်းချုပ်ရာဒေသ၏ မြောက်ဖက်တွင်ရှိပြီး နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ကိုလက်ခံထားသည့် ကချင်အပစ်ရပ်တပ်ဖွဲ့တခု ထိန်းချုပ်နယ်မြေဖြစ်၍ ယင်း လမ်းကြောင်းကို လွန်ခဲ့သည့် (၂)နှစ် ခန့်ကစတင်ဖွင့်လှစ်ခဲ့သည်။

သို့သော် ယင်းလမ်းသည်တောင်တက်လမ်းဖြစ်သည့်အပြင် လမ်းကြမ်းသည့်အတွက် ကုန်သည် များ သွားလာမှု နည်းပါးပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်က ယင်းလမ်းကြောင်းအား သွားရောက်စစ်ဆေးခဲ့သည်ဟု သတင်း ရသည်။

တရုတ်မြန်မာနယ်စပ် လွယ်ကျယ်မှဗန်းမော်၊ လိုင်ဇာမှ မြစ်ကြီးနားနှင့် ဗန်းမော်အပြင် ကန်ဗိုက်တီးမှ မြစ်ကြီး နားမြို့များသို့ ကုန်သွယ်ရေးလမ်းကြောင်းသုံးခုရှိသည်။

ထောက်ခံမဲမပေးသည့် ဒေသများတွင် ဖွံ့ ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ပေးမည်မဟုတ်ဟု USDP ကပြော

ခိုနူမ်းထုန်သတင်း၊

မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များက နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီကို မဲမပေးသော ကျေးရွာအုပ်စုများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးမည်မဟုတ်ကြောင်း ပြောဆိုသည်ဟုသိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့ နယ် ကြံ့ဖွံ့ ပါတီ တာဝန်ရှိသူများက ရွေးကောက်ပွဲ၌ ဖလမ်းမြို့ နယ် မဲဆန္ဒနယ် (၅)နေရာတွင် ချင်း တိုးတက်ရေးပါတီက အပြတ်အသတ်အနိုင်ရရှိကာ ကြံ့ဖွံ့ ပါတီမရှုမလှရှုံးနိမ့်သောကြောင့် ယခုကဲ့သို့  ပြော ကြားခြင်း ဖြစ် သည်ဟု ဖလမ်းမြို့ မှ ဒေသခံတဦးကဆိုသည်။

အဆိုပါဒေသခံက” ကြံ့ဖွံ့ ပါတီ ခေါင်းဆောင်တွေက ပြောကြတယ်- ဖလမ်းမြို့ နယ်မှာကျတော်တို့ ကြံ့ဖွံ့ ပါတီရှုံးပေမဲ့လည်း နိုင်ငံတ၀န်းမှာ ကြံ့ဖွံ့ ပါတီက ရွေးကောက်ပွဲအနိုင်ရလာတော့ အာဏာဟာ ကျတော်တို့ လက်ထက်ထဲမှာဘဲရှိတာဘဲတဲ့ ချင်းတိုးတက်ရေးပါတီဟာ ဘာမှအာဏာမရှိပါဘူး ကျတော်တို့ ကြိုက်သလို လုပ်လို့ ရတယ် လို့ ပြောကြတယ်” ဟုဆို သည်။

ယခု ကြံ့ဖွံ့ ပါတီက နောက်နောင် ရွေးကောက်ပွဲပြုလုပ်လာလျင် ကြံ့ဖွံ့ ပါတီကို ပြည်သူက မဖြစ်မနေမဲများပေးနိုင်ရန် ပညာ ပေးသည့်အနေဖြင့် နိုဝင်ဘာလတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲမပေးသော ဒေသများကို ဒဏ်ခတ်သည့်အနေဖြင့် မည်သည့် ဖွံ့ ဖြိုးရေးလုပ်ငန်းမှ လုပ်ဆောင်ပေးမည်မထင်ကြောင်း ပြည်တွင်းမှ ကျေးရွာတာဝန်ရှိသူတဦးက ဆိုသည်။

ရွေးကောက်ပွဲမတိုင်မီ ဖလမ်းမြို့ နယ် ကြံ့ဖွံ့ ပါတီ အမတ်လောင်း U Kawl Luai သည် ဖလမ်းမြို့ နယ်ကျေးရွာအသီးသီးသို့  မဲစွယ်စည်းရုံးမှုပြုလုပ်ခဲ့ရာမှာ ယခုရွေးကောက်ပွဲတွင် ကြံ့ဖွံ့ ပါတီက အနိုင်ရမည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့ ပါတီ ထောက်ခံမဲ မပေးပါက မည်သည့်ဖွံ့ ဖြိုးရေးလုပ်ငန်းမှ လုပ်ပေးမည်မဟုတ်ကြောင်း ဒေသခံလူထုထံ ကြိုတင်ပြောကြားပြီးဖြစ်သည် ဟု သိရသည်။

တချို့ အစိုးရ၀န်ထမ်း၊ ကုန်သည်နှင့် အခြားစီးပွါးရေးလုပ်ငန်းရှင်များသည် ၄င်းတို့ လုပ်ငန်းထိခိုက်မည်ကို စိုးရိမ်ကြသော ကြောင့် ကြံ့ဖွံ့ ပါတီကို မဲပေးခြင်းဖြစ်ကြောင်း သိရသည်။

“ကျတော်တို့ ကို ကြံ့ဖွံ့ ပါတီက လူထုကိုစည်းရုံးခိုင်းတယ်။ အမှန်မှာတော့ ဒီအစိုးရရဲ့ အခြေအနေကို သိပြီးသားပါ။ သူတို့  လက်ထက်မှာ ဘယ်လိုဘဲ နိုင်ငံရေးကစားကစား သူတို့ အကျိုးအမြတ်အတွက် မရရတဲ့နည်းနဲ့ လုပ်သွားမယ်ဆိုတာ အကုန်သိကြတာဘဲ။ တဘက်မှာ အဲလိုအစိုးရကြိုက်သလို မလုပ်ပေးဘူးဆိုရင် ကျတော်တို့ ဘဲပြန်နစ်နာမည်ဆိုတာ သိပြီး ဆိုတော့ သူတို့ ကြိုက်တဲ့အတိုင်းလုပ်ပေးဘဲ လုပ်ပေးတာဘဲ” ဟု ကားပိုင်ရှင်တဦးက ခိုနူမ်းထုန်သတင်းဌာနကို ပြောပြခဲ့ သည်။

ကြံ့ဖွံ့ ပါတီသည် ၂၀၁၀ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရေးအတွက် ချင်းပြည်နယ် ဖလမ်းမြို့ နယ် ကျေးရွာ အသီးသီးရှိ အိမ်ထောင်စုတခုတွင် ကြံ့ဖွံ့ ပါတီ မ၀င်မနေရ အမိန့် ထုတ်ကာ အဖွဲ့ ဝင်အဖြစ်အတင်း လက်မှတ် ရေးထိုးခိုင်းသော်လည်း ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီက အနိုင်ရရှိသည်။

ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အမတ်နေရာ (၃၉)ရှိသည့်အနက် ကြံ့ဖွံ့ ပါတီက (၁၈)နေရာ၊ ချင်းတိုးတက်ရေးပါတီမှ (၁၁)နေရာ၊ ချင်းအမျိုးသားပါတီမှ (၉)နေရာနှင့် Ethnic National Development Party မှတစ်နေရာ အသီးသီးရရှိခဲ့ကြ သည်။

ချင်းပြည်နယ် မြို့ နယ်အသီးသီး၌ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များသည် မိမိတို့ပါတီကို ထောက်ခံမဲမပေးသော ကျေးရွာ အုပ်စုများကို မည်သည့်ဖွံ့ ဖြိုးရေးလုပ်ငန်းမှ လုပ်ပေးမည်မဟုတ်ကြောင်း ပြောကြားနေသည့်အပြင် ချင်းအမည် ခံပါတီများ ကိုလည်း ရှုတ်ချပြောဆိုနေသည်ဟု သိရသည်။

မိဘ နှစ်ပါးအားပစ်သတ်၍ အသက် ၁၆ နှစ်ကလေးမအား နအဖ စစ်သားမုဒိန်းကျင့်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးကနောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကိုပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ပြီးခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။

“စနေနေ့ကလေ ဗမာစစ်သားက ကောင်မလေးကိုဆွဲခေါ်သွားတော့ မိဘတွေဝင်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက် စလုံး ကိုသေနတ်နဲ့ ပစ်တော့ပွဲချင်းပြီးသေတာ။ ကောင်မလေးကိုဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်းကောင်မလေးက ထွက်ပြေးပြီးရွာလူကြီးတွေဆီ ငိုကြီးချက်မနဲ့သွား တိုင်တယ်” - ဟု လင်းခေး ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။

နိုဝင်ဘာ ၂၁ ရက် လင်းခေးမြို့ပြင် (မိုင်းပန်အထွက်လမ်း) နမ့်အွန်ရွာ အခြေစိုက် ခမရ ၅၇၈ ရဲဘော်တဦး ဟွေ့ဆင်မ် ကျေးရွာနေ ဦးအာရိယ နှင့် ဒေါ်ခမ်းတို့၏အိမ်ပေါ် ညအချိန်အတင်းတိုးဝင်၍ သမီး (အမည်မဖေါ်လို) ဖြစ်သူအား အဓမ္မပြုကျင့် ရန် ကြံစည်စဉ် ဖခင်က၀င်တားရာ ဖခင်အားဦးစွာပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် မိန်းခ လေးငယ်အား အိမ်ပေါ်မှဆွဲခေါ်သဖြင့် မိခင်ဖြစ်သူက လိုက်ဆွဲရာ အိမ်အနီးချောင်းဘေးတွင် မိခင်ကိုပါ ထပ်မံ ပစ်သတ်ခဲ့ကြောင်း လင်းခေး ဒေသခံများက ပြောပြပါသည်။

“အခု အဲ့ဒီ့ကလေးမ ရွာမှာရှိတဲ့ သူ့အဒေါ်အိမ်မှာဘဲရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်နေတယ်။ တပ်ဘက်သတင်း အရ အဲဒီ ဗမာစစ်သားက စိတ်မနှံ့ဘူးတဲ့။ နောက်ပြီးတော့ သူ့ကို သတ်ပစ်လိုက်ပြီ လို့လဲ ဆိုပြီး နအဖတပ်ကအရပ်ထဲ သတင်း လွှင့်ထားတယ်” - အမည်မဖေါ်လိုသည့် လင်းခေးဈေးသည်တဦးက ပြောပါသည်။

နိုဝင်ဘာ ၂၂ ရက် တွင်(ယခင်လင်းခေးဗျူဟာမှူးဟောင်း) မိုင်းပန် စကခ (၁၇) မှူး ဗိုလ်မှူးချုပ်တင်ရွှေကသတင်းမပေါက် ကြား ရန် နစ်နာကြေး နှင့် အတူ နှုတ်ပိတ်ခ ကျပ် ငွေသိန်း ၂ ပေးသွားကြောင်း နီးစပ်သည့်သူ တဦးက ပြောပြပါသည်။ ထို့အတူရွာသားများ လင်းခေး ဈေးဆင်းဝယ်မှုကိုလည်း ပိတ်ပင်တားမြစ်ထားကြောင်း လင်းခေး ဒေသခံများက ပြောပြသည်။

မိန်းခလေး၏ ကျန်းမာရေးနှင့်ပတ်သက်၍ လင်းခေးမြို့ ဆေးရုံဆရာဝန်တဦးနှင့် ဆက်သွယ်မေးမြန်းရာတစုံတရာမှတ်ချက် ပေးပိုင်ခွင့်မရှိဟုဆိုကာ ဖုန်းချသွားခဲ့ပါသည်။

အဆိုပါကလေးမ၏ မိဘနှစ်ပါးရုပ်အလောင်းအား ၂၃ ရက်နေ့က ဟွေ့ဆင်မ် ကျေးရွာသင်္ချိုင်း၌ မီးသဂြိုဟ် လိုက်ပြီဖြစ်ပြီး မုဒိန်းကျင့်ခံရသူ မိန်းခလေးမှာလည်း မိဘအတွက်ရက်လည်ဆွမ်းသွတ်ရန် ဆေးရုံမှဆင်းကာ ဆွေမျိုးများထံသွားရောက် ခိုလှုံနေကြောင်း နီးစပ်သည့်အသိုင်းဝိုင်းက ပြောပြပါသည်။

အခုဖြစ်စဉ်သည် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲအပြီး တလမပြည့်မှီ ဒုတိယအကြိမ် မုဒိန်းကျင့်မှုဖြစ်သည်။

ကေအိုင်အိုဋ္ဌာနချုပ် လိုင်ဇာမြို့ ကုန်ကားအ၀င်ပိတ်ပြီ

သျှမ်းသံတော်ဆင့်

နယ်ခြားစောင့်တပ် လက်မခံသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့သို့ ကုန်တင်ယာဉ်များ သွားလာမှုကို နိုဝင်္ဘာ ၂၃ ရက်နေ့က စ၍ နအဖစစ်တပ်က ပိတ်လိုက်ကြောင်း သိရသည်။

ထိုသို့ ကုန်ကား အသွားအလာ ပိတ်လိုက်သဖြင့် ယခုအခါ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များမှ ကုန်ကားများ လိုင်ဇာမြို့သို့ လာရောက်မှု မရှိတော့ကြောင်း လိုင်ဇာမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လောလောဆယ် ကုန်ကားအ၀င်အထွက်က မရှိဘူး ပိတ်ထားတယ် မ၀င်ဘူးဖြစ်နေတာ ကုန်ပဲပိတ်တာပါ လူစီးတွေ က တော့ သွားနေတုန်းပဲ လူစီးလည်း ကျဲသွားတာပေါ့ ဗန်းမော်ကားသိပ်မရှိဘူး တစ်နေကုန်နေမှ တစ်စီးနှစ်စီးတောင်မရှိဘူး ကုန်ကားကတော့ ကြိုကြားကြိုကြားကယ်ရီကဲ့တဲ့ ကားပဲရှိတော့တယ်” ဟု မြို့ခံက ပြောသည်။

ကားအ၀င်ပိတ်ရသည့် အကြောင်းအရင်းကို အတိအကျမသိရသော်လည်း ယနေ့လိုင်ဇာမြို့၌ ကေအိုင်အိုအဖွဲ့ ကရာချီရှိသည့် ဧည့်သည်များနှင့်အတူ လက်ဆုံကောက်သစ်စားပွဲကျင်းပနေရာ ထိုကိစ္စကြောင့် ပိတ်ခြင်းဖြစ် နိုင်ကြောင်း ဒေသခံ များက ယူဆနေသည်။
“ကေအိုင်အိုက ဧည့်သည်တွေ အများကြီး ဖိတ်ပြီးကောက်သစ်စားပွဲလုပ်နေတယ် အဲဒါကြောင့် နအဖဘက် ကနေ ပိတ်လိုက်တာပေါ့ ဒါပြီးရင်ပြန်ဖွင့်ပေးမလား မသိဘူး” ဟု သူက ဆက်ပြောသည်။

နအဖ၏နယ်ခြားစောင့်တပ် အဆိုကို ကေအိုင်အိုက ငြင်းဆန်ပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖတို့ အကြား ဆက်ဆံရေး တစ်စတစ်စ တင်းမာလာနေရာ ယခုအခါ နှစ်ဘက်ဆက်သွယ်ရေး ပြတ်တောက်သည် အထိ တင်းမာလျှက်ရှိသည်။

ယခင် နှစ်ဘက်ဆက်ဆံရေးကောင်းမွန်စဉ်က တရုတ်နယ်စပ် လိုင်ဇာမြို့သည် ကုန်စည်ကူးသန်းမှု ကောင်းမွန်ပြီး မြစ်ကြီး နားနှင့် ဗန်းမော်မြို့များမှ နေ့စဉ် လာရောက်သည့် ကုန်ကားအစီးရေ ၅၀ ခန့်ရှိကြောင်း သိရသည်။

လယ်ပိုင်းခန့်မှစ၍ ကချင်ပြည်နယ်အတွင်း နအဖစစ်တပ်များ၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုတွေ့မြင်လာရပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် ဖွင့်လှစ်ထားသော ကေအိုင်အို ဆက်ဆံရေးရုံးများကို နအဖက ရုပ်သိမ်းရန် ညွန်ကြားခဲ့သည်။

မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်

မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ

မေတ္တာရှင် – ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း – ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် – အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း – အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။
မေတ္တာရှင် – မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -


၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။ ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း – အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် – ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း – တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် – အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။
~~~
၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ – ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး

Suu Kyi release could boost tourism

SSA တောင်ပိုင်းနှင့် စစ်အစိုးရ တိုက်ပွဲဖြစ်၊ ၂ ဦး ကျဆုံး

သန်းထိုက်ဦး

နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ယခုတပတ် အင်္ဂါနေ့ မနက်က တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ နအဖ ဘက်က တပ်ကြပ်ကြီးအဆင့် အပါအ၀င် ၂ ဦး ကျဆုံး၍ ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ဒေသ တ၀ိုက်တွင် နအဖ၏ ခြေလျင်တပ် ရင်း (ခလရ) ၆၅ တပ် ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

SSA-S တပ်သားများသည် ယင်း ဒေသ တ၀ိုက်တွင် ကင်းလှည့်နေစဉ် နအဖ တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ခန့် အကြာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA-S ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲတွင် နအဖ ဘက်မှ ၂ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ SSA-S တပ်သား ၁ ဦး ထိခိုက် ဒဏ်ရာ၍ သေဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။

ယင်း တိုက်ပွဲဖြစ်ပွားခဲ့သော ဒေသသည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်စပ်မှ ခန့်မှန်းခြေ ၈ မိုင်ခန့် အကွာအဝေး တွင် ရှိကြောင်း သိရသည်။ သို့သော် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ ဘက်ကမ်းသို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုကို မသိရှိရသေးပေ။

ထို့အပြင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှ မိုင်းလားသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ခွင့် မပြုရန် စစ်အစိုးရဘက်က ယခု ရက်ပိုင်း အတွင်း ညွန်ကြားထားကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“မိုင်းလားနဲ့ ကျိုင်းတုံကြား ဆက်သွယ်ထားတဲ့ နမ့်လွေချောင်းကူး တံတားမှာ နယ်စပ်ဂိတ်ရှိတယ်၊ နအဖ ထိန်းချုပ်နယ်မြေနဲ့ မိုင်းလား ထိန်းချုပ်နယ်မြေ နယ်ခြား၊ အဲဒီ အ၀င်အထွက်ကို စားသောက်ကုန် ပစ္စည်းတွေ တင်တဲ့ ကုန်တင်ကားတွေဆို ၀င်ခွင့် မပေးဘူး၊ ခရီးသည်တင်ကားတွေ မပါဘူး”ဟု ၎င်းက ဆိုသည်။

ကုန်ပစ္စည်း တင်ပို့ခွင့် ပိတ်ထားခြင်းသည် မိုင်းလားအဖွဲ့ကို စစ်ရေးအရ ဖိအားပေးရန် စစ်အစိုးရဘက်က အစပျိုးလိုက်ခြင်း ဖြစ် သည်ဟု စစ်ရေးလေ့လာသူ တချို့က သုံးသပ် ပြောဆိုကြသည်။

SSA-S ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းကမူ“နယ်ခြားစောင့်တပ် အဖွဲ့ လက်မခံတဲ့ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို သူတို့ က(နအဖ) တရားဝင် အနေနဲ့ မတရားအသင်းဆိုပြီးတော့ ထုတ်ပြန်ကြေညာတာ မရှိပေမယ့် သူတို့ စိတ်ထဲမှာတော့ အပစ် အခတ် ရပ်စဲရေး ယူထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို သူတို့က တရားမ၀င်တော့ဘူးလို့ပဲ သဘောထားတော့မယ် ထင် တယ်။ ဒါကြောင့်မို့ သူတို့ကလည်း နည်းလမ်း အမျိုးမျိုးကို သုံးပြီးတော့ ဖိအားပေးတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်လျက်ရှိသည့် မိုင်းလားမြို့သည် အပစ်ရပ် အဖွဲ့တဖွဲ့ဖြစ်သော မိုင်းလား တပ်ဖွဲ့ (NDAA) အထူးဒေသ (၄) အခြေစိုက်ရာ မြို့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန် ထားကြပြီး လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ် ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်းကြောင်းတွင် ခြေကုပ်ယူထား

စောသိန်းမြင့် (ကေအိုင်စီ)

အင်အား ၁၀၀နီးပါးရှိ နအဖ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသရှိ နယ်မြေခံတပ်များအား လစာလာ ပေးရန်အတွက် ယနေ့မနက် ရောက်ရှိလာရာ ၎င်းတို့လာရာ လမ်းကြောင်းများကို ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့များက ခြေ ကုပ်နေရာယူထားသောကြောင့် နအဖစစ်တပ်များ တက်လာရန် အခက်ကြုံနေရသည်ဟု သိရသည်။

ဒီကေဘီအေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစတီးက “အခု သူတို့ (နအဖ)ဖလူးရွာကို ရောက်ပြီးလို့ သိရတယ်။ တပ်ရင်းတစ် ရင်းပဲတဲ့။ အင်အား (၇၀-၈၀)ကျော်လောက် ရှိတယ်။ အခုသူတို့ လာမယ့်လမ်းကြောင်းတလျှောက်မှာ ကျနော်တို့လူတွေ အကုန် လုံး စောင့်နေတယ်ဆိုတော့ တက်လာဖို့ အခက်တွေ့နေတယ်။ ကျနော်တို့နယ်မြေထဲကို ၀င်လာရင်တော့ ထိပ်တိုက်ပဲ။ လမ်းအခြေ အနေကို ကြည့်ရင်းလာရတယ်ဆိုတော့ ဒီည သူတို့တပ်တွေ ရှိတဲ့နေရာကို ရောက်ချင်မှ ရောက်မယ်။”ဟု ပြောသည်။

ဝေါ်လေဒေသရှိ နအဖစစ်တပ် စကခ(၈)လက်အောက်ခံတပ်ရင်းများနှင့် တိုင်းတပ်များအား ထုံးစံအတိုင်း လမကုန်ခင် လစာလာ ပေးရန်အတွက် တနင်္သာရီတိုင်းအခြေစိုက် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းသည် ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြ၀တီသို့ ယမန်နေ့က ရောက်ရှိလာပြီး ယနေ့မနက်တွင် မြ၀တီမှတဆင့် ဝေါ်လေဒေသ ဖလူးကျေးရွာသို့ စစ်ကား ၃စီးဖြင့် ရောက် ရှိလာသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နအဖစစ်တပ်များ တက်လာနိုင်မည့်လမ်းကြောင်းများဖြစ်သော ပလောတပို၊ တခေါ်ထူ၊ ကျောက်ခက်၊ ဘလယ်ဒို၊ သေဘောဘိုး၊ လေးဝေါ်၊ ဆုံဆည်းမြိုင်၊ အူကလေ့ထာ့စသည့်နေရာများတွင် ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ၀င်ရောက်နေရာယူထားပြီးဖြစ်ကြောင်း သိရသည်။

ဝေါ်လေဒေသတွင် နအဖစစ်တပ်မှ လှုပ်ရှားတပ်များဖြစ်ကြသော စကခ(၈)လက်အောက်ခံ ခမရ(၄၀၁)၊ (၄၀၄)၊ (၄၀၉)တပ်ရင်း များနှင့် တိုင်းတပ်မှ ခလရ(၉၇)တပ်ရင်းတို့သည် ယခုလို ၀င်ရောက်လာသော ခလရ(၆၂)တပ်ရင်းအတွက် လုံခြုံရေးယူပေးနိုင်ခြင်း မရှိကြောင်း ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ တပ်ကြပ်ကြီး စောထီးခုက ယခုလို ပြောသည်။

“ဒီမှာရှိ နအဖ လှုပ်ရှားတဲ့တပ်တွေက လှုပ်ရှားတပ်ပဲ အမည်ခံပဲဖြစ်နေတယ်။ တချိန်လုံး စခန်းထဲမှာပဲ ပုန်းအောင်းနေတယ်။ သူတို့ အတွက်လည်း သူတို့က လုံခြုံရေးယူထားရတယ်ဆိုတော့ အခု တက်လာတဲ့ တပ်ရင်းကို ဘယ်လိုလုပ်လာပြီးတော့ လုံခြုံရေးလာ ယူပေးနိုင်မှာလဲ။”ဟု ကေအိုင်စီကို ပြောသည်။

ဝေါ်လေဒေသ ဘုရင့်နောင်ကုန်း၊ ကနဲလေး၊ မောခီးတို့တွင် လှုပ်ရှားနေသော နအဖ စကခ(၈)နှင့် တိုင်းတပ်မှ တပ်ရင်းများသည် ယခုလဆန်းပိုင်းက နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထီးတပလယ်ကျေးရွာ တောင်ကုန်းရှိ ခလရ(၉၇)တပ်ရင်းသည် ရိက္ခာပြတ်လပ်မည့် အခြေအနေတွင် ရှိသည်ဟုလည်း သိရသည်။

တိုင်းရင်းသားပါတီများ ကြံ့ဖွံ့နှင့်ပူးပေါင်းမည် မဟုတ်

ခင်ဦးသာ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲ၌ အနိုင်ရထားသော တိုင်းရင်းသားပါတီ ကိုယ်စားလှယ် များအား ၎င်းတို့နှင့် ပူးပေါင်းရန် လိုက်လံ စည်းရုံးနေ သော်လည်း အယုံအကြည် မရှိ၍ ပူးပေါင်းရန် ဆန္ဒမရှိ ကြောင်း ပြောသည်။

ထို့အပြင် လွှတ်တော်ထဲတွင် အတိုက်အခံအဖြစ်သာ ရပ်တည်သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် ယခုလတ်တလော ကာလ၌ သက်ဆိုင်ရာ ဒေသအသီးသီးတွင် အနိုင်ရထားသည့် တိုင်းရင်းသားပါတီများကို ၎င်းတို့နှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရန် စည်းရုံးလျက် ရှိရာ ဒီမိုကရေစီ မကျသဖြင့် မပူးပေါင်းနိုင်ကြောင်း ချင်း တိုးတက်ရေးပါတီ (CPP) ၏ ဥက္ကဋ္ဌ ဦးလုံစီက ဧရာဝတီကို ပြောသည်။

“သူတို့နဲ့ ပူးပေါင်းစရာ အကြောင်းမရှိပါဘူး။ အတိုက်အခံပဲ လုပ်သွားမယ်။ သူတို့က ဒီမိုကရေစီမှ မကျတာ။ ကျနော်တို့က ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတာပါ” ဟု သူက ဆိုသည်။

ချင်းပြည်နယ်တွင် အနိုင်ရထားသော ကြံ့ဖွံ့ကိုယ်စားလှယ်များက ချင်းပါတီမှ ကိုယ်စားလှယ် တချို့ကို စည်းရုံးခဲ့
သော်လည်း စနစ်တကျ တွေ့ဆုံဆွေးနွေးခြင်း မရှိသေးဟု ၎င်းကဆိုသည်။

ကြံ့ဖွံ့ပါတီ ခေါင်းဆောင် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ၀န်ကြီးတချို့သည် နိုဝင်ဘာလ ၂၂ ရက်နေ့မှ စ၍ ရခိုင် ပြည်နယ်အတွင်း မဲဆန္ဒနယ် အများစု၌ အနိုင်ရထားသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ကိုယ်စားလှယ် များကို အလွတ်သဘော လှည့်လည်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ကျနော်တို့က ပူးပေါင်းဖို့ သဘောတူတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပူးပေါင်း လုပ်မယ်ဆိုရင်တော့ မူအားဖြင့် လက်ခံပါတယ်။ ပါတီအတွက်ရော၊ ရခိုင်ဒေသ၊ ရခိုင်ပြည်သူတွေ အတွက်ပါ ထိခိုက်စေမယ့် အရာတွေကိုတော့ ကန့်ကွက်သွားမှာပါ။ နိုင်ငံရေးအရတော့ ပူးပေါင်းဖို့ မရှိပါဘူး” ဟု RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

RNDP မှ အနိုင်ရ ကိုယ်စားလှယ်များအား ကြံ့ဖွံ့ပါတီမှ အနိုင်ရထားသော ကိုယ်စားလှယ်များ ဖြစ်ကြသည့် အမှတ် (၁) စက်မှု ၀န်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေတို့သည် နိုဝင်ဘာလ ၂၃ ရက်နေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

“သူတို့နဲ့ မတွေ့ခင် ကျနော်တို့ကို ကော်မရှင်က ပြောပါတယ်။ သူတို့ကို ကြံ့ဖွံ့ပါတီက အနိုင်ရ ကိုယ်စားလှယ်တွေလို့ သဘော မထားဘဲ လက်ရှိ နိုင်ငံ့တာဝန် ယူထားတဲ့ လူတွေလို့ မြင်ပြီး ဆွေးနွေးဖို့ ပြောဆိုပါတယ်” ဟု RNDP မှ ကိုယ်စားလှယ် တဦးက ပြောသည်။

RNDP ပါတီသည် တိုင်းရင်းသား ပါတီများအနက် ရာခိုင်နှုန်းအများဆုံး အနိုင်ရထားသည့် နိုင်ငံရေးပါတီ တခုဖြစ်သည်။ တိုင်းရင်းသား ပါတီများထဲ၌ ရခိုင်၊ ရှမ်း၊ မွန်၊ ချင်း စသည့် ပါတီများသည် ၎င်းတို့ ဒေသများ၌ ကြံ့ဖွံ့ပါတီအား အနိုင်ရထားသည့် ပါတီများဖြစ်သည်။

ထိုသို့ အနိုင်ရထားသည့် ပါတီများအား ကြံ့ဖွံ့ပါတီမှ လိုက်လံ စည်းရုံးနေခြင်းသည် ပါတီတွင်း ပြိုကွဲရေး၊ တိုင်းရင်းသားများ အချင်းချင်း သွေးကွဲစေရေးအတွက် အစီအစဉ်များသာ ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ အနေဖြင့် စည်းရုံးမှု ရှိရေးနှင့် စစ်အစိုးရကျောထောက် နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်ကို သတိထား စောင့်ကြည့်ရန် အရေးကြီးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

“သူတို့က ပူးပေါင်းမယ်ဆိုတာ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်တာပါ။ မပူးပေါင်းပါဘူး၊ ဒါပေမယ့် ဒီမိုကရေစီ ရရေးအတွက် တူတာလေးတွေ ရှိရင်တော့ ပူးပေါင်းလုပ်သွားမှာပါ၊ ယုံတော့ သိပ်မယုံဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။ မွန်အနိုင်ရ ကိုယ်စားလှယ်များကိုမူ လာရောက် စည်းရုံးခြင်း မရှိသေးကြောင်းလည်းသူက ဆိုသည်။

ကရင်ပြည်နယ်တွင် အနိုင်ရထားသည့် ကရင်တိုင်းရင်းသား ပါတီများကိုလည်း ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့က ပြီးခဲ့သည့်သီတင်းပတ်အတွင်း တောင်ကလေး ဆရာတော်မှ တဆင့် သွားရောက် ဆွေးနွေးခဲ့ကြောင်း၊ သို့သော် ပူးပေါင်းရန်အတွက် သဘောတူညီမှု မရခဲ့ကြောင်း သိရသည်။

တောင်ကလေး ဆရာတော် အရှင်ဦးပညာသာမိသည် ကရင်နိုင်ငံရေးပါတီများအား အကြံပေးနေသော ဆရာတော်တပါး ဖြစ်ကြောင်း သိရသည်။

“ပါတီချင်းပူးပေါင်းဖို့ အစီအစဉ်တော့ မရှိပါဘူး။ ဒါပေမယ့် အုပ်ချုပ်ရေး ပိုင်းကိုတော့ ပူးပေါင်း လုပ်သွားရမှာပါ။ ဒေသခံ တိုင်းရင်းသားတွေ တိုးတက်မယ့် ကိစ္စတချို့ဆိုရင်တော့ ပေါင်းလုပ်ရမယ် ထင်တယ်” ဟု ကရင် တိုင်းရင်းသား ပါတီတခုဖြစ်သည့် ဖလုံ - စဝေါ် ဒီမိုကရက်တစ် ပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ်ကျားဖြူပါတီ (SNDP ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ကလည်း၎င်းတို့ပါတီ အနေဖြင့် မည်သည့် ပါတီနှင့်မှ မပူးပေါင်းဟု ဆိုသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီ အများစုသည် ကြံ့ဖွံ့ပါတီနှင့် ပူးပေါင်းရန် ဆန္ဒမရှိဟု ပြောဆိုကြသော်လည်း တိုင်းရင်းသားပါတီအချင်းချင်း၊ ဒီမိုကရက်တစ်အင်အားစု များနှင့်မူ ဒီမိုကရေစီအရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်ကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များ က ပြောကြသည်။

ကြံ့ဖွံ့ပါတီအနေဖြင့် ရွေးကောက်ပွဲ၌ မဲမသမာမှုပေါင်း များစွာကို အသုံးပြုကာ အနိုင်ယူခဲ့၍ ဒီမိုကရက်တစ် အင်အားစုများက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုကြောင်း ပြောဆိုနေသဖြင့် တိုင်းရင်းသားတို့၏ ထောက်ခံမှု ရရှိရေးအတွက် ယခုကဲ့သို့ အရေးတကြီး လိုက်လံစည်းရုံးနေခြင်း ဖြစ်နိုင်ကြောင်း၊ တိုင်းရင်းသားများအား စည်းရုံး၍ မရပါက ဖိအားပေး အကျပ်ကိုင်မှုများ ဆက်လက် လုပ်ဆောင်လာ နိုင်ကြောင်း နိုင်ငံရေး အကဲခတ်သူ တချို့က ပြောသည်။

ကြံ့ဖွံ့ပါတီသည် ပေါ်ပေါက်လာမည့် လွှတ်တော်၌ နေရာ အများဆုံး ရရှိထား၍ ၎င်းတို့၏ အာဏာ ဆက်လက်ကြီးထွား လာဦးမည်ဖြစ်၍ စုပေါင်းကာကွယ်ရန် အရေးကြီးကြောင်း ပါတီ ခေါင်းဆောင်များက ဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များသည် လွှတ်တော်ထဲ၌ တိုင်းရင်းသားအရေး၊ မြန်မာပြည်သူများ အားလုံး ဒီမိုကရေစီရရှိရေး တို့ကို ပြောဆိုသွားမည့် အပြင် ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးကိုလည်း အလေးထား လုပ်ဆောင် သွားကြ မည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း၍ အမျိုးသား ရင်ကြားစေ့ရေးကို ဆောင်ရွက်သွားမည်ဟု ဆိုကြသည်။

ညီညွတ်ရေးကိုတည်ဆောက် ရှေ့ခြေလှမ်းကိုပြင်

ရဲဘော်ဖိုးသံချောင်း

နအဖရဲ့၂ဝ၁ဝရွေးကောက်ပွဲဟာ အများတွက်ထားတဲ့အတိုင်း အဆုံးသတ်သွားတဲ့အတွက် ဘာမှ စိတ်ဝင်စားစရာ မကောင်းလို့ မဆိုနိုင်ပါဘူး။ အကြောင်းက နအဖဗိုလ်ချုပ်တွေက ဘယ်သူမှတွက်မထားတဲ့ ညစ်နည်းတွေကို အသုံးပြု သွားလို့ပါပဲ။ ကြိုတင်မဲ၊ ပြည်ပရောက်မဲတွေနဲ့ ညစ်လို့ရတယ်၊ ညစ်ခဲ့တယ်ဆိုတာ အနိုင်နိုင်ငံသမိုင်းမှာတော့ မတွေ့ဖူး သလောက်ဖြစ်ပါတယ်။ သေချာတာက နအဖဟာ အာဏာရှင်တို့ရဲ့ လက်နက်တိုက်ထဲကို လက်နက်သစ်တွေ ဖြည့်ဆည်း လိုက်တယ်ဆိုတာပါပဲ။ ဒီအတွက် အနိုင်နိုင်ငံက အာဏာရှင်တွေက သူတို့ကို ကျေးဇူးတင်ကြပါလိမ့်မယ်။

ဒီလိုနဲ့တကောင်ထဲ ပြေးတဲ့မြင်းပွဲမှာ စိတ်ဝင်စားစရာလေးတွေ တွေ့ခဲ့ရသလို လာမဲ့အစိုးရဖွဲ့မှုဟာလဲ သူတို့ချည်း ဖြစ်မှာသေချာပေမယ့် စိတ်ဝင်စားစရာတွေ တွေ့ရမှာ သေချာပါတယ်။ စီစဉ်ပြီးသားတော့ စီစဉ်ပြီးသားချည်းပါ။ ဒါပေမဲ့ မျက်လှည့်ဆရာရဲ့အမည်းရောင် အိတ်ကြီးထဲက ဘာတွေထွက်လာမလဲဆိုတာကို စောင့်ကြည့်ကြရသလို ညာမှန်းသိပေမယ့် စိတ်ဝင်စားစရာတွေ၊ အံ့သြစရာတွေ တွေ့ရတတ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပတဲ့ နေရာမှာတောင် သူ့လူတွေနိုင်ပါတယ်လို့ အဖြေထွက်အောင် လုပ်နိုင်တဲ့ စစ်အုပ်စုဟာ ကမ္ဘာကို တခြားအံ့ဘနန်းတွေ လုပ်ပြအုံးမှာ သေချာပါတယ်။

ဗမာပြည်ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအလွန်နိုင်ငံရေးဟာ အဲဒီလို အလိမ်အညာ ညစ်ပတ်မှုတွေနဲ့ အစချီလိုက်ပါပြီ။ တပါ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်က လွှတ်လိုက်တာဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားပါတယ်။ ဒါ့အပြင် ဒီရွေးကောက်ပွဲ ကျမှ ဖွတ်ထွက်မှန်း သိတယ်ဆိုသူတွေရဲ့ ရင်ဖွင့်ပွဲတွေ၊ အံထုတ်ပွဲတွေနဲ့ နည်းနည်းတောင် မြိုင်မြိုင်ဆိုင် ဖြစ်နေတယ်လို့ ဆိုရမလားပါပဲ။ ဒီကြားထဲမှာ မြဝတီဘက်က သေနတ်သံ မြည်လာတာဟာ ဆင်ဖိုနီ တီးဝိုင်းကြီးရဲ့ တီးလုံးကို ဗုံသံတွေ ဖြည့် လိုက်သလို ဖြစ်သွားပါတယ်။

မှန်တာပြောရရင် ထိုင်နေရင် အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိဆိုသလို ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲကြောင့် နလံမထူဖြစ်နေတဲ့ နအဖစစ်အစိုးရဟာ ဒေါ်စုကို မတတ်သာလို့ လွှတ်ပေးလိုက်တော့ ကြမ္မာ ပိုငင်စရာ ဖြစ်လာပါတယ်။ ဒါတွေနဲ့တဆက်ထဲမှာပဲ နိုင်ငံရေး အမြင်မျိုးစုံ၊ လုပ်ငန်း အစီအစဉ်မျိုးစုံကို ကြားနေ ဖတ်နေရပါတယ်။ မီဒီယာတွေက မေး၊ အမေးခံရသူကဖြေ ပြည်သူလူထုအဖို့ ဦးဏှောက် လှုပ်ရှားစရာတွေ အများကြီး ရနေတယ်လို့ဆိုနိုင်ပါတယ်။ အဓိက အားဖြင့်တော့ ရှေ့ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာကို စိတ်အဝင်စားကြဆုံးပါပဲ။

ပြည်သူလူထုကြီးရဲ့မျှော်လင့်ချက်ဟာ ကြံ့ဖွံ့အပေါ်မှာ ထားတာမဟုတ်ကြောင်း ထင်ရှားလှပါတယ်။ ဗမာပြည် ပြည်သူလူထုကြီးရဲ့ နိုင်ငံရေးအသိ၊ နိုင်ငံရေး စိတ်ဓာတ်ဟာ အမြဲနိုးကြား တက်ကြွနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

ဒီရွေးကောက်ပွဲမှာ ပေါ်ထွက်လာတဲ့ အမှန်တရားတခုက နအဖအနေနဲ့ ကိစ္စ(ကြီး) တခု အကောင်အထည် ဖော်လိုက်တိုင်း နိုင်ငံရေး အင်အားစုတွေထဲမှာ ခိုဝင်နေတဲ့ ကိုယ်ကျိုးသမားတွေ ပွင့်ကျလာပြီး တဖက်မှာတော့ နအဖရဲ့ မရိုးသားမှုတွေ ပွင့်ကျလာ၊ အတိုက်အခံတွေဘက်မှာ အင်အားတွေ တိုးလာတယ် ဆိုတာပါပဲ။ နောက်ပြီး ဒီလိုအချိန်တိုင်းမှာ ဗမာပြည် ပြည်သူတွေရဲ့ရပ်တည်ချက်ဟာ မယိမ်းယိုင်ဘူး၊ ခိုင်မာတယ်ဆိုတာလဲ အမြဲတွေ့ရပါတယ်။ အမှန်ပြောရရင် စစ်အုပ်စုရဲ့ ဒီလိုခြေလှမ်းတွေဟာ ပြည်သူတွေကို စမ်းသပ်တာ မဟုတ်ဘူး၊ နိုင်ငံရေးသမားတွေကို စမ်းသပ်တာဖြစ်တယ်လို့ မြင်ရပါမယ်။ နဝတနအဖတို့ရဲ့ ညောင်နှစ်ပင် ညီလာခံဖြစ်စဉ်ကြီးကိုပဲ ပြန်ကြည့်လိုက်ပါ။ နောက်ပြီး ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုပွဲနဲ့ အခု ဒီရွေးကောက်ပွဲ။ သူတို့တလှမ်း လှမ်းလိုက်တိုင်း ပြည်သူတွေဘက်မှာ အင်အားတွေ တိုးလာတာပဲ မဟုတ်ပါလား။ ဒါ့အပြင် သူ့တပ်ထဲမှာပါ ဂယက်ရိုက်တာဟာ တရားတခုလိုတောင် ဖြစ်နေပါပြီ။

ပြောရရင်တော့ ဒီလိုအခြေအနေမျိုးဟာ နိုင်ငံရေး အင်အားစုတွေ အမြော်အမြင်ရှိရှိနဲ့ အမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုတာက နအဖစစ်အစိုးရရဲ့ မရိုးသားမှု၊ ညစ် ပတ်မှုတွေ ပြည်တွင်းပြည်ပမှာ ဘောလောပေါ်ပြီး ကမ္ဘာအနှံ့က ရှုတ်ချနေကြချိန်၊ ဗမာပြည် ပြည်သူများရဲ့ နိုင်ငံရေး နိုးကြားမှုအရှိန်အဟုန်မြင့်မားနေချိန်၊ စည်းလုံးညီညွတ်ဖို့အထူးလိုအပ်ကြောင်း အားလုံးက သဘောပေါက်လက်ခံနေကြ ချိန်ကို ဆိုလိုတာဖြစ်ပါတယ်။

ဗမာပြည်သမိုင်းကိုပြန်ကြည့်လိုက်ရင် ဒီလိုအခြေအနေမျိုးတွေမှာ ဗမာ့နိုင်ငံရေးကို တဆင့်တွန်းတင်ခဲ့တာတွေ တွေ့ကြရမှာပါ။ တပါထဲမှာ ဒီလိုအခွင့်အရေးမျိုးဟာ အချိန်တိုင်း၊ ဒါမှမဟုတ် မကြာခဏ ပေါ်တတ်တာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။ အခွင့်အရေးကို မယူလိုက်နိုင်ရင် သမိုင်းတကွေ့ ပြန်စောင့်ရတဲ့ အထိဖြစ်သွားတတ်ပါတယ်။ ဘုံရည်မှန်းချက်ရှိရင် ဘုံလုပ်ငန်းစဉ်ဆိုတာ ချမှတ်လို့ရနိုင်ပါတယ်။ တဖက်နဲ့ တဖက် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်၊ အပေးအယူရှိရှိနဲ့ လုပ်သွားကြဖို့ပဲလိုတာပါ။ ဒါပေမဲ့ နည်းနာတော့ကြွယ်ဝဖို့ လိုပါတယ်။ လှေကြီးထိုးနည်းတမျိုးထဲနဲ့တော့ မပြီးဘူးဆိုတာ နှလုံးပိုက်ရပါမယ်။ နအဖကိုယ်တိုင်က အထက်လမ်းရော အောက်လမ်း ပါလုပ်နေချိန်မှာ ကိုယ်က စင်းစင်းကြီး လုပ်နေလို့ မဖြစ်ပါဘူး။ ဘက်ပေါင်းစုံ ညစ်ပတ်အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရာမှာ သူ့လို ညစ်ပတ်တာ မလုပ်ပေမယ့် နည်းနာမျိုးစုံတော့ကျင့်သုံးရပါမယ်။

ဒါပေမဲ့ ဒီအချိန်မှာကိုယ့်အစီအစဉ်တွေကို အကုန်ဖွင့်ပြောတာကိုတော့ သတိထားရပါလိမ့်မယ်။ နိုင်ငံရေးပါတီတခု အနေနဲ့ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်လုပ်ငန်းစဉ်၊ ကိုယ့်လမ်းစဉ်တွေကို မကွယ်မဝှက် ထုတ်ပြောတာကို လုပ်ရပါမယ်။ ဒါပေမဲ့ ဒါတွေကို ဘယ်လိုဘယ်နည်းနဲ့ အကောင်အထည်ဖော်မယ်ဆိုတဲ့ အသေးစိပ်တွေကိုတော့ ပြောသင့်မှပြောရပါမယ်။ ကိုယ့် ကိုယ်ကို ခြေချုပ်မိနေစေမယ့် အပြောတွေကို သတိထားရပါမယ်။ ကိုယ်က အာဏာမဲ့ဆိုတော့ နိုင်ငံရေး မိုးလေဝသကို အကဲခတ်တတ်ဖို့ သိပ်လိုပါတယ်။ အထူးသဖြင့် ဒီနေ့လို ယုတ်မာကောက်ကျစ်လှတဲ့ စစ်အာဏာရှင်တွေကြီးစိုးနေတဲ့ အချိန်မျိုးမှာဖြစ်ပါတယ်။ နအဖရဲ့ ဖွဲ့စည်းပုံ ဥပဒေထဲမှာ စစ်တပ်ကို အာဏာသိမ်းခွင့်ပေး ထားတယ်ဆိုတာကို မမေ့သင့်ပါဘူး။ ရှစ်ခေါဘဏီတပ်ကြီးကို ကိုင်ထားပြီး အာဏာသိမ်းခွင့်ရှိကြောင်း တကြိမ်းထဲ ကြိမ်းနေသူတွေကို လက်ကမ်းတာ တခုထဲနဲ့တော့ မပြီးသေးဘူးထင်ပါတယ်။ တခြားလုပ်စရာရှိတာတွေလဲ လုပ်ရမှာပါ။

ဒီလိုအချိန်မှာ နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အင်အားစုတွေကို အင်တာဗျူးတကာမှာ ပြောချင်တာ ပြောခွင့်တွေ ပေးထားပြီး ကိုယ်တိုင်ကတော့ ဘာတခွန်းမှ မပြောသေးတာဟာ သိပ်ထူးဆန်းနေပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကို လွှတ်ပေးတာနဲ့ တချိန်ထဲမှာ ဘာလုပ်မယ်ဆိုတာကို သူတို့စဉ်းစား ကြံစည်ပြီး ဖြစ်တယ်လို့ သူတို့ အကျင့်ကိုသိနေတဲ့ လူတိုင်းက တွက်ချက်သိနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ နအဖဟာ ငြိမ်ချက်သား သိပ်ကောင်းနေပါတယ်။ ဘာမှမပြော၊ ဘာမှမတုန့်ပြန်၊ ဘာမှမလုပ်ပဲ နေသလိုပါပဲ။ ဒီအခြေအနေကို နာမည်ကျော်စုံထောက်ကြီး ရှားလော့ခ်ဟုမ်း ဇာတ်လမ်းတွေထဲက လူအကိုးကားဆုံးစာပိုဒ်လေးတခုနဲ့ယှဉ်ပြလိုက်ချင်ပါတယ်။

“ပိတ်ပိတ်ပိန်းမှောင်မည်းနေတဲ့တညမှာပါ-
ရှားလော့ခ်ဟုမ်း- “ထူးတော့ထူးဆန်းတာအမှန်ပဲ ဒေါက်တာဝတ်ဆန်။”
ဒေါက်တာဝတ်ဆန်- “ဘာထူးဆန်းလို့လဲ၊ ခွေးလဲမဟောင်ပါလား။”
ရှားလော့ခ်ဟုမ်း- “ခွေးမဟောင်တာထူးဆန်းတာပေါ့ဗျ။”

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,26th,2010

( 45 )ရခိုင်ပါတီနှင့် ပူးပေါင်းလိုကြောင်း ဝန်ကြီးနှစ်ဦး ပြော

( 44 )လိုင်ဇာက ကုန်မသယ်ရ

( 43 )ဆူဇူကီးဖလား ပြိုင်ပွဲ မြန်မာ့ လက်ရွေးစင်အသင်း ယှဉ်ပြိုင်မည်

( 42 )Fake POW pleads guilty to fraud

( 41 )ဒေါ်စု လွတ်မြောက်မှုကြောင့် မြန်မာပြည်ကို ခရီးသွားတွေ ပိုလာနိုင်

( 40 )Nation Channel gets access to Suu Kyi's party HQ

( 39 )တောင်ဒဂုံက HIV ဝေဒနာရှင်များ ဧည့်စာရင်း တိုင်ခွင့်ရ

( 38 )China border trade route closed

( 37 )မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံရေး ဆိုင်ရာ အထူးအကြံပေး မြန်မာနိုင်ငံသွားမည်

( 36 )Burma blocks Wa army-linked airline

( 35 )အဖွဲ့ချုပ် ပါတီရပ်တည်ရေး ဒေါ်စု ဆက်လက်လုပ်ဆောင်သွားမည်

( 34 )EU asks India, China to stop supporting Myanmar junta

( 33 )စစ်အစိုးရက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေ

( 32 )Aung San Suu Kyi and democracy in Burma

( 31 )မြန်မာနိုင်ငံသားဟု ယူဆရသူ သုံးဦးကို ထိုင်းအာဏာပိုင် အသေဖမ်းမိ

( 30 )Private Myanmar domestic airline to suspend flying

( 31 )တရုတ်၊ မြန်မာ နယ်စပ်ဂိတ်တခုပိတ်

( 30 )Australian supplier to Burmese Government may lose millions

( 29 )ကူညီရေးလုပ်ငန်း အတူလုပ်ဖို့ ဒေါ်စုနဲ့ ဒီမိုကရက်တစ်ပါတီ သဘောတူ

( 28 )Burmese citizens flock to Turkey to seek safe haven

( 27 ) မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြန်မာ တိုးမြင့်လာ

( 26 )ကေအိုင်အို ရုံးပိတ်ရန် ဗဟိုက ညွန်ကြားပြီးနောက် နယ်စပ် လမ်းတစ်ချို့ပိတ်

( 25 )Myanmar allows HIV shelter to stay

( 24 )ဒေါ်စုနှင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတစ်ချို့ ပူးပေါင်း

( 23 )Unconscionable attempt to oust AIDS hospice residents

( 22 )Junta 'must' reach out to Suu Kyi

( 21 )သျှမ်းပြည် (မြောက်ပိုင်း) တွင် လူမျိုးအလိုက် ပြည်သူ့စစ်ကောက်

( 20 )Beijing's Unlikely Ally in Burma?

( 19 )လိုင်ဇာ လူငယ်ကောက်သစ်စားပွဲတော် KIO ကြီးမှူးကျင်းပ

( 18 )Carramar counsellor campaigns to free Burma

( 17 )ရွေးကောက်ပွဲအပြီးမြို့နယ်အချို့၏သျှမ်းနှစ်သစ်ကူးအနေအထားကွဲပြား

( 16 )Experts debate nuclear intentions

( 15 )လွပ်လပ်သောနယ်မြေတွင် အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကျင်းပ

( 14 )Investment tops $30bn as S Korea climbs

( 13 )ရွေးကောက်ပွဲအတွင်း အမျိုးသမီးနှင့် ကလေးများ ဒုက္ခရောက်ရကြောင်း WLB က ပြောဆို

( 12 )China eyes major SE Asia rail network

( 11 )တောင်ဒဂုံ ဂေဟာ ဝေဒနာရှင်များ နေထိုင်ခွင့်ဆက်တိုးပေး

( 10 )DVB broadcasts into Wa state

( 9 )Thailand blames DKBA for damaged trade

( 8 )အဲရန်ကုန် မရေမရာ အကြောင်းပြချက်ဖြင့် နားရ

( 7 )Suu Kyi to appeal in party dissolution case

( 6 )အမျိုးသား ပြန်လည်သင့်မြတ်ရေး တစည လိုလား

( 5 )Yangon Airways Suspends Services

( 4 )ဦးသုဝေတို့က ဒေါ်စုနှင့် ကျန်းမာ၊ ပညာ ပူးပေါင်းမည်

( 3 )KIO to Close Liaison Offices

( 2 )မြန်မာအစိုးရ လူသတ်မိုင်း သုံးဆဲ

( 1 )Freed Burmese democracy icon prays with son at sacred Buddhist site

Thursday, November 25, 2010

မဲမသမာမှုအတွက် ပါတီ ၂ ခု ရဲစခန်းတွင် အမှုဖွင့်

မင်းနိုင်သူ Thursday, 25 November 2010

ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းများအတွင်း မမှန်မကန် လုပ်ရပ်များနှင့် စပ်လျဉ်း၍ ပါတီ ၂ ခု က သက်ဆိုင်ရာ ရဲစခန်းများတွင် ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲဆို နေပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် (UMFNP) နှင့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီတို့က ယခု သတင်းပတ်အတွင်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားခဲ့ရာ ယမန်နေ့မှစတင်၍ အမှုကို လက်ခံစစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

“ပေါက်ခေါင်း၊ ပြည်၊ ရွှေတောင်၊ အင်းမ ရဲစခန်းတွေမှာ တင်ထားတဲ့ အမှုတွေကို မနေ့က စတင် စစ်ဆေးနေပါပြီ။ ကျနော်တို့ တင်ပြတဲ့ သက်သေတွေကို စ စစ်ပါတယ်” ဟု UMFNP ပါတီခေါင်းဆောင် ဦးအေးလွင်က ပြောသည်။

ရန်ကုန်တိုင်း သုံးခွ၊ ခရမ်းနှင့် ကိုကိုးကျွန်း စသည့် ၃ မြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် NDFပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ရှေ့နေ ဦးသိန်းဇော်ညွန့်၏ တိုင်တန်း ချက်ကိုလည်း သုံးခွမြို့နယ် ရဲစခန်းက ယမန်နေ့က စတင်စစ်ဆေးနေကြောင်း သိရသည်။

NDFပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက “ဦးသိန်းဇော်ညွန့် တင်ထားတဲ့ အမှုတွေကို စစ်ဆေးနေပါပြီ။ ကျနော်တို့ ပါတီရဲ့ တခြား လွှတ်တော် ကိုယ်စားလှယ် လောင်းတွေလည်း သူတို့ ဆန္ဒသဘောအရ ရဲစခန်းမှာ အမှုဖွင့်ချင်တယ်ဆိုရင် ရုံးချုပ်ကနေ ဥပဒေ အကြံပေးမှုတွေ ပြုလုပ်ပေးဖို့ ရှိပါတယ်” ဟု ဆိုသည်။

NDF ပါတီ၏ တခြားသော လွှတ်တော် ကိုယ်စားလှယ်လောင်း ၅ ဦး ခန့်ကလည်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ကြမည့် အလားအလာ ရှိနေကြာင်း သိရသည်။

ယခုပါတီ ၂ ခုက ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပါ ပြစ်မှုပုဒ်မခွဲ ၅၉၊ ပုဒ်မခွဲ ၆၄ တို့အရ အမှုဖွင့်နေ ကြခြင်းဖြစ်သည်။ ပြစ်မှု ထင်ရှားပါက မသမာမှုပြုလုပ်ခဲ့သူများအနေနှင့် ၁ နှစ်ထက်မပိုသော ထောင်ဒဏ် (သို့မဟုတ်) ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ် (သို့မဟုတ်) ဒဏ် ၂ ရပ်စလုံး ချမှတ်ခံရမည်ဖြစ်သည်။

သို့သော် အဆိုပါ ဥပဒေများဖြင့် အမှုဖွင့် တိုင်ကြားပါက ရွေးကောက်ပွဲ ကျင်းပနေစဉ်နှင့် ကျင်းပအပြီး ၁၅ ရက် အတွင်း၌သာ တိုင်တန်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ မတရား မှုများနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပအပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ငွေ ၁၀ သိန်းတင်၍ ကန့်ကွက်လွှာ တင်နိုင်ကြောင်း ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၅ တွင် ဖော်ပြထားသည်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် အများစုက ယင်းနည်းလမ်းကို ဆောင်ရွက်လိုခြင်း မရှိကြပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲဝင်ပါတီ ခေါင်းဆောင်များ တွေ့ဆုံ

ရန်ပိုင် Thursday, 25 November 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ခေါင်းဆောင်များ ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်တွင် တွေ့ဆုံ ဆွေးနွေးကြောင်း သိရ သည်။

ထိုသို့တွေ့ဆုံရာတွင် ခိုင်မာသည့် ဒီမိုကရေစီ နိုင်ငံအဖြစ် ပေါ်ထွန်းလာရန် NLDပါတီတခုတည်း လုပ်ဆောင်၍ မဖြစ်နိုင်ကြောင်း၊ဒီမိုကရေစီ ကွန်ရက်အသွင်ဖြင့် နိုင်ငံရေးပါတီအားလုံး အတူလက်တွဲ ဆောင်ရွက်ရမည်ဆိုသည့် အခြေခံပေါ်တွင် ဆွေးနွေးကြ ကြောင်း NLDပါတီ ဗဟို အလုပ်အမှုဆောင် တဦး ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

“ဒီမိုကရေစီဆိုတာ အဓိကကတော့ ပြည်သူလူထုပဲ၊ အဲ့ဒီ သဘောတရားတွေ ပြည့်ဝမှ ခိုင်မာတဲ့ ဒီမိုကရေစီ နိုင်ငံပေါ် လာမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ၎င်းက ဆိုသည်။

လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု နယ်ပယ်များမှ စတင်ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ ကြ ကြောင်း ဦးအုန်းကြိုင်ကပြောပြသည်။

ဆွေးနွေးပွဲသို့ NLD ပါတီမှ ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ် ၀င်း၊ ဦးအုန်းကြိုင်၊ ဗိုလ်ကြီး ၀င်းထိန်တို့ တက်ရောက်ပြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေ၊ အတွင်းရေးမှူး များဖြစ် သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ၊ ဦးနေဖူးဘဆွေ တို့ ပါဝင်ကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ခေါင်းဆောင်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှုများကို သဘောတူကြောင်း၊ ရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြည်သူလူထု လက်ရှိဖြစ်ပေါ်ခံစားနေရသည့် အခက်အခဲ အနေအထားကို သဘော ပေါက်ကြောင်း ပြောသည်ဟု ဦးအုန်းကြိုင်က ဆက်လက်ပြောဆိုသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနုကလည်း“ပူးပေါင်းဆောင်ရွက်ရေးမှာ လွယ်ကူတဲ့နည်းလမ်းတွေက စဖို့ ဆွေးနွေးတယ်၊ ပြီးရင်ကျမတို့က ပါတီမှာ ချပြမယ်၊ ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ဆီကို အကြောင်းပြန်မယ်”ဟု ဆိုသည်

မြန်မာနိုင်ငံတွင် ပညာရေး၊ လူမှုရေးပိုင်းတွင် နိမ့်ကျနေသည့်အပြင် စာပေ၊ ယဉ်ကျေးမှုများ ပျောက်ကွယ်နေကြောင်း၊ ရှင်သန်စေ ရန် ပြန်လည် လုပ်ဆောင်ရေး ဆွေးနွေးကြောင်း၊ ထို့အပြင် လူငယ်များ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း ၎င်းကပြော သည်။

ရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်၍မူ အများသိပြီးသော ကိစ္စရပ်များ ဖြစ်၍ ပါတီနှစ်ရပ်စလုံး အနေဖြင့် အသေးစိတ် ဆွေး နွေးခြင်းမရှိဘဲ ယေဘုယျ အားဖြင့်သာ ဆွေးနွေးကြောင်း ဒေါ်သန်းသန်းနုက ဆက်ပြောသည်။

မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးသည် နိုင်ငံရေးသမားများ အားလုံး၊ ပါတီများအားလုံး စုစည်းညီညွတ်ရမည်ဖြစ်သည် ကို သဘောတူကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မည်နည်း ဆို သည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းကလည်း ဆိုသည်။

“အားလုံးက ၀ိုင်းဝန်းလုပ်ဆောင်ဖို့၊ အကြံဉာဏ်ပေးဖို့၊ နိုင်ငံရေးသမားတွေကို ပြည်သူတွေက အားကိုးတယ်ဆိုတဲ့ အကြောင်း လည်း ဆိုတယ်”ဟု ၎င်းကပြောသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လွှတ်တော် သုံးရပ်တွင် ၄၇ နေရာဝင်ရောက် ယှဉ်ပြိုင်ရာ ၃ နေရာသာ အနိုင်ရရှိခဲ့သည်။

ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေတို့၏ ဖခင်များသည် တချိန်က မြန်မာ့လွတ်လပ်ရေးတွင် ဒေါ်အောင်ဆန်း စုကြည် ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ကြိုးပမ်းဆောင်ရွက်ခဲ့သူများ ဖြစ်သည်။ ထိုအမျိုးသမီး ၃ ဦးသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း စစ်အာဏာ မသိမ်းခင်အထိ နိုင်ငံရေးလောကတွင် ၀န်ကြီးချုပ်၊ ဒု ၀န်ကြီးချုပ် လုပ်ခဲ့သည့် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့၏ သမီးများဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် မီဒီယာများက“မင်းသမီး သုံးပါး”ဟု တင်စားဖော်ပြခဲ့သည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ရာတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)အပြင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ၊ ကိုတင်မောင်အေး၊ ၈၈ မျိုးဆက်ကျောင်းသားများ အင်အားစုမှ ကိုမြတ်စံ၊ ကိုတိုးကျော်လှိုင်၊ ကိုကျော်ထွေး တို့ လည်း လာရောက် ဆွေးနွေးကြ ကြောင်း သိရသည်။