Friday, May 27, 2016

SSPP/SSA ခြေကုပ်တပ်စခန်းများအား အစိုးရတပ်မတော် အပြင်းအထန်တိုက်ခိုက် – ဒေသခံ ၅၀၀ ကျော် စစ်ဘေးရှောင်

SHAN


သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ခြေကုပ်ထား သည့် တပ်စခန်းများအား အစိုးရ တပ်မတော် မှ လေကြောင်းဖြင့် ယနေ့ အပြင်းအထန်တိုက်ခိုက် သောကြောင့် ဒေသခံ ၅၀၀ ကျော် နေရပ်မှ တိမ်းရှောင်နေရသည်ဟု သတင်းရရှိသည် ။

ကျောက်မဲမြို့ အနောက်တောင်ဘက် ပုံဝိုး – ဟိုင်းကွီကျေးရွာအုပ်စု ဘက် ပန်လော့ ၊ နမ့်ဝိုင် ၊ အက်ကြီး ၊ ဟိုမိန်း နှင့် နောင်ကန် ကျေးရွာ အနီးရှိတောင်တန်း တောင်ကုန်းများပေါ် ၌ ယာယီနေထိုင်သည့် တပ်စခန်း များအား တိုက်ပွဲဝင် အမ်အိုင် ၃၅ အမျိုးအစား တိုက်လေယာဉ်ဖြင့် မေ ၁၃ ရက် နေ့က အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်သည်ဟု သျှမ်းပြည်တပ်မတော် တပ်မှူး က ပြောသည် ။

“ ကျနော်တို့နဲ့ ဒီ ဟိုင်းကွေ မြောက်ဘက်ပိုင်းဒေသ မှာ ၃ ရက်နေ့ ၊ ၆ ရက်နေ့ ၊ ၁၂ ရက်နေ့ တုန်းက ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တယ် ။ ဒီနေ့တော့ ကျနော်တို့ လူတွေကို လားရှိုးဘက်က လာတဲ့ ရဟတ်ယာဉ် နှစ်စီးနဲ့ လာတိုက်တယ် ။ မွန်းလွဲပိုင်းကနေ ညမိုးချုပ်လောက်အထိ တိုက်နေတုန်း ” – ဟု SSPP/SSA ဌာနချုပ် ပြန်ကြားရေး အရှိ တဦးက ပြောသည် ။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ တပ်မတော် အကြားဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော် သည် နောင်ပိန် ဘက်သော်လည်းကောင်း ၊ ကျောက်မဲမြို့သို့သော်လည်းကောင်း မိမိကျေးရွာနှင့် နီးစပ်သည့်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု အသက် ၄၀ နောင်ပိန်အုပ်စုသား စိုင်းအိုက်လောင်း က ပြောသည် ။

သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ဝမ့်ဟိုင်းဌာနချုပ် အရှေ့မြောက်ဘက် ၊ သံလွင်မြစ်အနောက်ခြမ်း တွင် တင်းမာနေသည့် စစ်ရေးကိစ္စများမှာမူ နှစ်ဘက်တပ် ညှိနှိုင်းမှု ပြေလည်သွားသော ကြောင့် တိုက်ပွဲ ဖြစ်ပွားမည့် အလားအလာ မရှိတော့ ကြောင်း အဆိုပါ ဌာနချုပ် ပြန်ကြားရေး တာဝန်ရှိ အရှိတဦး က ဤကဲ့သို့ပြောသည် ။

“ တန့်ယန်းအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နေလင်းအောင် နဲ့ ဒေသ အတွင်း တပ်ရင်းမှူး သုံးဦး နဲ့ ကျနော်တို့ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းဆု တို့ နဲ့ မနေ့က အတူ ကွင်းဆင်းတယ် ။ လုံခြုံရေးကတော့ ကျနော်တို့ဘဲ ယူပေးတယ် ။ အဲဒီ့ဘက်ကတော့ ဆိတ်ငြိမ်သွားပြီ ။ တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေတဲ့ စစ်ဘေးရှောင် ဒေသခံ တွေလဲ နေရပ်ပြန်ခိုင်းလိုက်ပြီ ” – ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

တန့်ယန်းမြို့နယ် တောင်ဘက် လွယ်စေး၊ လွယ်လန်းတောင်ကြောရှိ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများအား ဧပြီ ၂၂ ရက်နေ့က တကြိမ် ၊ ၂၇ ရက်နေ့တကြိမ် တပ်များဖယ်ရှားဖို့ တပ်စခန်း ၀င်ရောက်စစ်ဆေးဖို့ လားရှိုးအခြေစိုက် တိုင်းမှူးက ညွှန်ကြားသည် ။

No comments: