အောင်ကိုဦး
ပြင်ဦးလွင်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ သစ်တောမြေများကို ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင် စိုက်ခင်းဧကကြီးများ ဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် ပုဂ္ဂလိကသို့ ဧကများစွာချထားပေးခဲ့ပြီး ဥပဒေမဲ့ အကွက် ရိုက်ရောင်းချနေခြင်းနှင့် လွှဲပြောင်းရောင်းနေချခြင်းများကို ထိရောက်စွာအရေးယူပေးရန်အဆိုအား ဒုတိယအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ၊မဲဆန္ဒနယ် အမှတ်(၁)မှ ဦးအောင်မင်းက စက်တင်ဘာလ ၂၂ ရက်၊နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ် သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး (တတိယနေ့)တွင် တင်သွင်း ခဲ့ခြင်း ဖြစ်သည်။
အဆိုတင်သွင်းသူ ဦးအောင်မင်းက ပြင်ဦးလွင်မြို့နယ်တွင် မြေဧက ၄၈၈၇၀၀ ကျော်ရှိသည့်အနက် ၄ ပုံ ၃ ပုံမှာ သစ် တောမြေများဖြစ်ပြီး ယင်းဧရိယာထဲမှ ဧက ၅ သောင်းကျော်အား ကော်ဖီ၊ ပိုးဇာများ စိုက်ပျိုးရန် နေရာချထားပေးခြင်း၊ ကျန်သစ်တော ဧရိယာများအား မြေလွတ်၊ မြေသန့်၊ မြေရိုင်း စည်းမျဉ်း ဥပဒေများနှင့်အညီ ကော်ဖီ၊ ပိုးဇာ၊ ရာဘာ၊ နှစ် ရှည်ပင် အစရှိသည်တို့အား ချထားပေးခဲ့ပြီး အဆိုပါ စိုက်ပျိုးရန်ချထားပေးသောမြေများအား ယခုလက်ရှိအချိန်ထိ စည်း မျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်းမရှိသည့်အပြင် ကွက်စိပ်ရိုက်ရောင်းဝယ်ခြင်း၊ လွဲပြောင်းရောင်းချခြင်းနှင့် လုံးဝစိုက် ပျိုးခြင်းများ မရှိသည်များကိုတွေ့ရှိရကြောင်း တင်ပြသည်။
ထို့အပြင် ဝင်ရာက်စိုက်ပျိုးလုပ်ကိုင်သော တောင်သူများအား တရားစွဲဆိုခြင်းများ ပြုလုပ်လျှက်ရှိသောကြောင့် တောင်သူ များအား တရားစွဲဆိုထားသော အမှုများကို ပိတ်သိမ်းပေးပါရန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီး သီး တွင် သစ်တောဦးစီးဌာနမှ ပုံသဏ္ဍန်အမျိုးမျိုးနှင့် စိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပေးသော ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင် စိုက် ခင်းဧကကြီးများ၏ ပြဌာန်းထားသော စိုက်ပျိုးဥပဒေ စည်းကမ်းများနှင့်အညီ စိုက်ပျိုးလုပ်ကိုင်မှု မရှိခြင်း၊ ဥပဒေမဲ့ အ ကွက် ရိုက်ရောင်းချခြင်း၊ လွဲပြောင်းရောင်းချခြင်းများ လုပ်ဆောင်နေမှုများကို လက်ရှိတည်ဆဲ သစ်တောဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်ပေးပါရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်း အဆိုကို ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ဒေါက်တာချစ်ကိုကိုက လက်ခံဆွေးနွေးသင့်သည်ဟု ထောက်ခံဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment