Friday, September 23, 2016

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ရှေ့နေ ဦးရောဘတ်စန်းအောင်က တရားစွဲမည်

ဇေယျာမော်

ဆယ်ကျော်သက် အိမ်အကူ အမျိုးသမီးနှစ်ဦးကို ညှင်းပန်းနှိပ်စက်ခံခဲ့ရမှုတွင် လျော်ကြေး သိန်းငါးဆယ်ပေးကာ ကြေ အေးရန်ကြားဝင် ညှိနှိုင်းပေးခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က မှူခင်းထိမ်ချန်မှုဖြင့် တရားစွဲဆို သွားရန် ပြင်ဆင်နေကြောင်း ပြောသည်။

"ဥပဒေရဲ့အတိမ်အနက်ကို သိစေချင်လို့ပါ မှူခင်းထိမ်ချန်မှုနဲ့ စွဲမှာ"ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတထံ တရားစွဲဆို ခွင့်ပြုမိန့်တောင်းခံထားပြီး ရရှိပါက မိမိကိုယ်တိုင် တရားလိုပြုလုပ်ကာ အ မြန်ဆုံး စွဲဆိုသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင် ဆယ်ကျော်သက် အိမ်အကူ အမျိုးသမီးနှစ်ဦးကို ညှင်း ပန်းနှိပ်စက်မှု ပြုလုပ်ခြင်း ခံနေရသည်ကို မြန်မာနောင်း (Myanmar Now) သတင်းအေဂျင်စီမှ သတင်း ထောက် ချုပ် ကိုဆွေဝင်းက စုံစမ်းသိရှိခဲ့ပြီး ကျောက်တံတားရဲစခန်းတွင် အမှု ဖွင့် တိုင်ကြားခဲ့ပြီးနောက် လူ့အခွင့်အရေးကော်မရှင်က ကြားဝင်ညှိနှိုင်း ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ၀င်ရောက်ညှိနှိုင်းပေးမှုဖြင့် စက်တင်ဘာ ၁၅ ရက်နေ့တွင် လက်ချောင်း ဆယ် ချောင်းလုံး ကျိုးသွားသူ မစန်းကေခိုင်အတွက် လပေါင်းများစွာ မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး သိန်း ၄ဝ၊ ကတ်ကြေးဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိခဲ့သည့် မသဇင်အတွက် မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး ၁ဝ သိန်း ပေးအပ် ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးကလည်း စက်တင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်မှု အခြေအနေများကိုလည်း လေ့လာ လျက်ရှိသည့်အပြင် ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို အလေးထား စောင့်ကြည့်လျက်ရှိကြောင်း သတင်း ထုတ် ပြန်ခဲ့သည်။

ထို့ပြင် ကော်မရှင်မှ လူအချို့ကို ထိရောက်စွာအရေးယူရန် ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးဌေးဝင်း အောင်(ခ) ဦးပြုံးချိုက ပြည်သူ့လွှတ်တော်တွင် စက်တင်ဘာ ၂၂ ရက်နေ့က အရေးကြီး အဆိုတင်သွင်းခဲ့ပြီး လွှတ်တော် ဥက္ကဌမှ ဆက်လက်ဆွေးနွေးရန် လက်ခံခဲ့ပြီး စက်တင်ဘာလ ၂၃ရက်နေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်။

ယခုလက်ရှိတွင် အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်များကို ကျောက်တံတားရဲစခန်းတွင် ဖမ်းဆီးရမိထားပြီး လူကုန်ကူးတားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေ ရာချထားရေးဝန်ကြီးဌာနက ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည်။

No comments: