Thursday, September 22, 2016

နှစ်နိုင်ငံ ပြဿ နာများအား ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်က ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ်ထား

Asian News International

အမေရိကန်နိုင်ငံ နယူးယောက်တွင် ကျင်းပလျက်ရှိသော ၇၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပြင်ပန်း၌ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်အလှန်တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံပြဿနာကိစ္စရပ်အားလုံးအား အပြန်အလှန်ဆွေးနွေးပွဲများမှ တစ်ဆင့်ဖြေရှင်းသွားရန် သဘောတူခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက အိမ်နီးချင်းနှစ်နိုင်ငံကြား ဖြစ်တည်နေဆဲ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပြဿနာကိစ္စရပ်များအပေါ် ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြသည်ဟု ဝန်ကြီးချုပ် ဟာစီနာ၏ ပြန်ကြားရေးအတွင်းဝန် Ihsanul Karim က ပြောကြောင်း Dhaka Tribune သတင်းဌာနက ဖော်ပြသည်။

တွေ့ဆုံမှုအတွင်း ရိုဟင်ဂျာဆိုသူများ၏ ကိစ္စရပ်အပေါ်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်အား ကိုဖီအာနန် ဦးဆောင်စေခြင်းကို ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ကြိုဆိုလက်ခံကြောင်း ပြောသည်။

ဟာစီနာက ၎င်းအနေဖြင့် အကြမ်းဖက်ဝါဒကို လုံးလုံးလက်မခံကြောင်းနှင့် မည်သည့်နိုင်ငံကိုဖြစ်ပါစေ အစွန်းရောက်အကြမ်းဖက်မှုများ ဆန့်ကျင်တိုက်ခိုက်နေခြင်းများကို ဘင်္ဂလားဒေ့ရှ်မြေပေါ်တွင်ဘယ်တော့မှ ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်းလည်း ပြောခဲ့သည်။

အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်လုပ်ရပ်များ တိုက်ဖျက်ရေးတွင် အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထိရောက်စွာပူးပေါင်းဆောင်ရွက်နေကြောင်းကို ရှိတ်ဟာစီနာက ဥပမာပေး၍လည်း ပြောခဲ့သည်။

၎င်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သည်။

No comments: