နန်းမြနဒီ
မြန်မာ့တပ်မတော် စစ်ကြောင်းတွေက ကေအိုင်အေထိန်းချုပ်ဒေသဘက် တက်လာပြီး ထိုးစစ်ဆ င်တိုက်ခိုက်နေဆဲဘဲဖြစ်ပါတယ်။
မနေ့ စက်တင်ဘာလ ၂၁ ရက်မှာဆိုရင် ၀ိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနားဗန်းမော်ကား လမ်း အရှေ့ဘက် အင်ခမ်ဘွမ်ဆိုတဲ့ တောင်ကြောမှာ တိုက်ပွဲဖြစ်ပြီး တပ်မတော်ဘက်က မြေပြင်မှာ ထိုးစစ်ဆစ်ဆင် တိုက်ခိုက်သလို အဝေးကနေလည်း လက်နက်ကြီးနဲ့ ကူတိုက်နေ တယ်လို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ဒီဗွီဘီကို ပြောပါတယ်။
“နေ့တိုင်းလို တိုက်ပွဲဖြစ်နေတဲ့ ဒီအင်ခမ်ဘွမ်ဆိုတဲ့နေရမှာ မနေ့ကလည်း မနက် ၇ နာရီကနေ ၈ နာရီကျော်အထိ ပစ်ခတ်ကြတယ်၊ ကျနော်တို့ဘက်က လှုပ်ရှားတပ် တပ်ရင်း ၂၅၂ ၊ အစိုးရတပ်က မြစ်ကြီးနားဘက်က လာတယ်ပေါ့၊ လက်နက်က အကြီးအငယ်အားလုံးသုံးတယ်၊ မြေပြင်မှာလည်း တိုက်ပွဲဖြစ်တယ်၊ နောက် လက်နက်ကြီးနဲ့လည်း ပစ်တယ်၊ လက်နက်ကြီး ဆိုတဲ့နေရာမှာ ၆၀ တို့ ၈၀ တို့ ၁၂၀ အထိ သူတို့ပစ်တယ် ”
ပစ်ခတ်မှုကြောင့် ထိခိုက်ကျဆုံးမှုတွေတော့ မသိရပါဘူး။
အဲဒီနေရာဟာ တောထဲမှာဖြစ်တဲ့အတွက် ကျေးရွာတွေ၊ လူထုတွေတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
တပ်မတော်ဟာ ၂၁ ရာစု ပင်လုံ / ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပြီးတဲ့နောက် သူတို့ ဘက်ကို ပိုမိုထိုးစစ်ဆင်လာတာ တွေ့ရပြီး ဘာကြောင့်ဆိုတာကိုတော့ မှန်းဆလို့မရကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နဲ့ တပ်မတော်သားတွေဟာ ငြိမ်းချမ်းရေးလိုလားသူတွေ မဟုတ်တာကြောင့် ခုလိုပြုမူနတာလို့ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသွားပါတယ်။
ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့သေးပါဘူး ။
ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက တနိုင်းဘက်မှာ တရားမ၀င် ရွှေခိုးတူးသူတွေကို တပ်မတော်မှ ၀င်ရောက်ဖမ်းဆီးခဲ့ပြီးတဲ့နောက် တပ်မတော်နဲ့ ကေအိုင်အေကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာပါ။

No comments:
Post a Comment