Thursday, September 1, 2016

မန္တလေးမြို့တွင် အလုံပိတ်တဲများအား စည်ပင်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

အောင်ကိုဦး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊၂၂လမ်း၊ ၅၈လမ်းနှင့် ၅၉ လမ်းကြား၊ အနှိပ်တော် ရပ်ကွက်ရှိ ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုံပိတ်တဲများ တည်ဆောက်ကာ အအေးဆိုင်နှင့် စားသောက်ဆိုင်များဖွင့်လှစ်ထားသည့် ဆိုင်၎ ဆိုင်ကို သြ ဂုတ်လ ၃၁ ရက်၊နံနက် ၉ နာရီက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)၊ တပ်ဖွဲ့မှူး ရဲမှူး ငြိမ်း ချမ်းအောင်က မဇ္ဈိမ ကိုပြောသည်။

ဖမ်းဆီးခဲ့သော ဆိုင်များမှာ ကျူးပစ်၊ ထူခြား၊ ကဖေး ၅၈ နှင့် ဆုံနေကြ ဆိုင်များဖြစ်ပြီး ၎င်းဆိုင်များမှ ပိုင်ရှင်နှင့် တာဝန်ခံ တို့ကို စည်ပင်သာယာ ဥပဒေ ပုဒ်မ-၁၁၈ ဖြင့် စည်ပင်သာယာ အထူးတရားရုံးမှ တစ်ဆိုင်ကို ဒဏ်ငွေ လေးသိန်းပြစ်ဒဏ် ချမှတ်လိုက်သည်ဟု ရဲမှူး ငြိမ်းချမ်းအောင်က ဆိုသည်။

"အခု အရေးယူပြီးပြီ ဆက်မဖွင့်ဖို့လိုတယ်။ ဆက်ဖွင့်ရင် ဆက်ပြီး အရေးယူပါမယ်။ ဆက်လက်ပြီးလည်း ရှာဖွေဖမ်း ဆီး မှာပါ " ဟု ရဲမှူး ငြိမ်းချမ်းအောင်က ပြောသည်။

တရားမဝင် အလုံပိတ်တဲများ တည်ဆောက်ဖွင့်လှစ်မှုများကို ၂၀၁၅ခုနှစ်မှ စတင်အရေးယူခဲ့ပြီး ယခုဖမ်းဆီး အရေးယူမှု အပါအဝင် ဆိုင်ပေါင်း ၃၀ ကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)မှ သိရသည်။

No comments: